မာန၏ အျခားတစ္ဖက္ 🌟 မာန၏ အခြာ...

By phounix12

635K 41.5K 1.3K

ခ်စ္ျခင္းေမတၱာအေၾကာင္းေျပာတဲ့အခါ မာနေတြကို ထားခဲ့ပါ ။ ချစ်ခြင်းမေတ္တာအကြောင်းပြောတဲ့အခါ မာနတွေကို ထားခဲ့ပါ ။ More

မာန၏ အျခားတစ္ဖက္ 🌟 Intro
မာန၏ အျခားတစ္ဖက္ 🌟 Part - 1
မာန၏ အျခားတစ္ဖက္ 🌟 Part - 2
မာန၏ အျခားတစ္ဖက္ 🌟 Part - 3
မာန၏ အျခားတစ္ဖက္ ✨ Part - 4
မာန၏ အျခားတစ္ဖက္ ✨ Part - 5
မာန၏ အျခားတစ္ဖက္ ✨ Part - 6
မာန၏ အျခားတစ္ဖက္ ✨ Part - 7
မာန၏ အျခားတစ္ဖက္ 🌟 Part -8
မာန၏ အျခားတစ္ဖက္ 🌟 Part - 9
မာန၏ အျခားတစ္ဖက္ 🌟 Part -10
မာန၏ အျခားတစ္ဖက္ 🌟 Part -11
မာန၏ အျခားတစ္ဖက္ 🌟 Part - 12
မာန၏ အျခားတစ္ဖက္ 🌟 Part - 13
မာန၏ အျခားတစ္ဖက္ 🌟Part - 14 ❗
မာန၏ အျခားတစ္ဖက္ 🌟 Part - 15
မာန၏ အျခားတစ္ဖက္ 🌟 Part - 16
မာန၏ အျခားတစ္ဖက္ 🌟 Part - 17
မာန၏ အျခားတစ္ဖက္ 🌟 Part -18
မာန၏ အျခားတစ္ဖက္ 🌟 Part - 19 🚨
မာန၏ အျခားတစ္ဖက္ 🌟 Part - 20
မာန၏ အျခားတစ္ဖက္ 🌟 Part - 21 🚨
မာန၏ အျခားတစ္ဖက္ 🌟 Part -22
မာန၏ အျခားတစ္ဖက္ 🌟 Part - 23
မာန၏ အျခားတစ္ဖက္ 🌟 Part - 24
မာန၏ အျခားတစ္ဖက္ 🌟 Part - 25
မာန၏ အျခားတစ္ဖက္ 🌟 Part -26 🚨
မာန၏ အျခားတစ္ဖက္ 🌟 Part -27
မာန၏ အျခားတစ္ဖက္ 🌟Part -28
မာန၏ အျခားတစ္ဖက္ 🌟 Part -29
မာန၏ အျခားတစ္ဖက္ 🌟 Part - 30
မာန၏ အျခားတစ္ဖက္ 🌟 Part -31
မာန၏ အျခားတစ္ဖက္ 🌟 Part -32🚨
မာန၏ အျခားတစ္ဖက္ 🌟 Part -33
မာန၏ အျခားတစ္ဖက္ 🌟 Part - 34
မာန၏ အျခားတစ္ဖက္ 🌟 Part - 35
မာန၏ အျခားတစ္ဖက္ 🌟 Part - 36
မာန၏ အျခားတစ္ဖက္ 🌟 Part -37
မာန၏ အျခားတစ္ဖက္ 🌟 Part - 38
မာန၏ အျခားတစ္ဖက္ 🌟 Part - 39
မာန၏ အျခားတစ္ဖက္ 🌟 Part - 40
မာန၏ အျခားတစ္ဖက္ 🌟 Part - 41
မာန၏ အျခားတစ္ဖက္ 🌟 Part - 42
မာန၏ အျခားတစ္ဖက္ 🌟 Part - 43
မာန၏ အျခားတစ္ဖက္ 🌟 Part - 45
မာန၏ အျခားတစ္ဖက္ 🌟 Part - 46
မာန၏ အျခားတစ္ဖက္ # မာန၏ အခြားတစ်ဖက် (Extra)
bl

မာန၏ အျခားတစ္ဖက္ 🌟 Part - 44

14.4K 982 55
By phounix12

Part - 44

မာန၏ အျခားတစ္ဖက္

🌟🌟🌟🌟🌟🌟

" ကိုယ့္ကိုျမင္ၿပီး ငုတ္တုတ္ေမ့သြားတာမ်ားလား "

မ်က္မွန္ကို နဖူးေပၚပင့္တင္ၿပီး ေျပာလိုက္တဲ့စကား
ေၾကာင့္ လႊမ္း ေမးလိုက္မိတာက ----

" ဦးမာန္ က ဒီကိုဘာလာလုပ္တာလဲ "

" မင္းကို ေဆာင္းရိပ္ဖုန္းဆက္ထားတယ္မို႔လား "

" မမ ဖုန္းဆက္တဲ့ ဧည့္သည္က ဦးမာန္ေပါ့ "

" ဟုတ္တယ္ ဘာလဲ ငါလွည့္ျပန္ရမွာလား "

" လွည့္ျပန္ရင္ေတာ့ ေကာင္းတာေပါ့ "

" ႐ွင္လႊမ္းေနခ !!!! ငါ့ကိုျမင္တာနဲ႔ အခုလိုေတြေျပာ
ေနရမွ အဆင္ေျပမွာလား "

" ကြၽန္ေတာ္က ဦးမာန္လို႔ ထင္မထားဘူးေလ "

" ထင္မထားလဲ အခုေတြ႔ေနၿပီေလ .... အိမ္ထဲေတာင္ေပးမဝင္ခ်င္တာလား "

" အဲလိုမဟုတ္ပါဘူး .... ဝင္ခဲ့ပါ "

ကိုယ့္စကားေၾကာင့္ ဦးမာန္က အိမ္ထဲဝင္လာၿပီး
သစ္သားထိုင္ခုံေလးမွာ ဝင္ထိုင္လိုက္ပါတယ္ ။ ၿပီး
တာနဲ႔ အိမ္ကို ဟိုဟိုဒီဒီလွည့္ပတ္ၾကည့္ရင္း ----

" မင္း ဘယ္လိုလုပ္ၿပီး ဒီမွာေနေနရတာလဲ "

" ၿမိဳ႕ထဲကအိမ္ကို ေရာင္းလိုက္လို႔ပါ "

" ဘာလို႔ေရာင္းတာလဲ "

" အလုပ္အတြက္ အရင္းအႏွီးလိုလာလို႔ "

ကိုယ့္စကားေၾကာင့္ ဦးမာန္က သက္ျပင္းခ်လိုက္ရင္း -----

" အလုပ္ကေရာ အဆင္ေျပလား "

" ဟုတ္ကဲ့ အဆင္ေျပပါတယ္ .... တစ္ႏိုင္တစ္ပိုင္ေလးပါပဲ "

" အလုပ္က အဆင္ေျပမေျပေတာ့မသိဘူး .... လူကေတာ့ ျမင္ရတာအဆင္ေျပမေနဘူး .... စုတ္ျပတ္
သက္ေနတာပဲ "

" ကြၽန္ေတာ့္အလုပ္က ဦးမာန္လို႔ ကုမၼဏီCEO မဟုတ္ဘူး .... ပန္းစိုက္ေနရတာ .... ေက်ာ့ေကာ့ေနေအာင္ဝတ္စားထားလို႔မရဘူး ... ဒါနဲ႔ ဘာလို႔ရန္ကုန္
ကို ကိုယ့္ဘာသာမျပန္တာလဲ "

" ငါ့ဒ႐ိုက္ဘာက မအားလို႔ လာမေခၚႏိုင္ဘူး ....
ငါလဲ လိုင္းကားမစီးႏိုင္ဘူး "

" မယံုဘူး "

" မယံုလဲ မတက္ႏိုင္ဘူး "

ကိုယ္တစ္ခြန္းဆို သူကတစ္ခြန္း ။ အႀကီးျဖစ္ၿပီး
တစက္ေလးမွကို အေလ်ွာ့ေပးခ်င္စိတ္မ႐ွိတဲ့သူ ။
စကားဆက္ေျပာေနရင္လဲ ထသတ္ရေတာ့မွာ ေသ
ခ်ာေနၿပီမို႔ -----

" အဲဒါဆိုလဲ နားလိုက္ဦး .... ကြၽန္ေတာ့္ အခန္းမွာပဲ
ေနလိုက္ .... ကြၽန္ေတာ္ကေတာ့ ျခံထဲခဏျပန္ဆင္းရဦးမွာမို႔ "

" ဟုတ္ပါၿပီ "

ကိုယ့္ကို သူအခန္းထဲလိုက္ပို႔ၿပီးတာနဲ႔ ျခံထဲဆင္း
သြားတဲ့ေကာင္ေလး ။ အခန္းျပတင္းေပါက္ကိုဖြင့္
လိုက္တာနဲ႔ ျခံထဲကို အကုန္ျမင္ေနရတာမို႔ ပန္း
ပင္ေတြၾကား အလုပ္႐ႈပ္ေနတဲ့ လႊမ္းကို ျမင္ေနရပါတယ္ ။

အခန္းထဲၾကည့္လိုက္ေတာ့ ဘီဒိုေသးေသးေလးတစ္လံုးရယ္ ၊ ေနာက္ၿပိ္ီးတစ္ေယာက္အိပ္ သစ္သားကုတင္ေသးေသးေလး ။ ေဘးနားမွာေတာ့ ပန္ကာေလးတစ္လံုး ။ ေနာက္ၿပိ္ီးနံရံေလးမွာခ်ိတ္ထားတဲ့ ဂီတာေလးတစ္လက္ ။ အခန္းက က်ဥ္လြန္းေနေပမယ့္ ပစၥည္းေလးေတြက သပ္သပ္ရပ္ရပ္ ။

သြတ္မိုး ပ်ဥ္ကာသစ္သားအိမ္ေလးက ေတာ္ေတာ္ေလးက်ဥ္းတာမို႔ အခုခဏေလး ေနရတဲ့ကိုယ္ေတာင္ အသက္႐ွဴက်ပ္လာေတာ့သလိုလို ခံစားလိုက္ရပါတယ္ ။ ဒီအိမ္ထဲမွာ ကိုယ့္ကေလးေလး ဘယ္လိုေတြမ်ားေနေနပါလိမ့္ ။ ကိုယ္ကလဲ သံုးႏွစ္လံုးလံုး
လံုးဝကို အဆက္အသြယ္ျဖတ္ထားမိတာကိုး ။

ကိုယ္မင္းကို အခြင့္အေရးေပးခဲ့ၿပိ္ီးၿပီေနာ္ လႊမ္းငယ္
ေရ ။ သံုးႏွစ္ ၊ သံုးႏွစ္တိတိ မင္းကိုတစ္ေယာက္ထဲ
ထားေပးခဲ့ၿပီးၿပီ ။ အဲအခ်ိန္အတြင္းမွာ မင္းေနာက္ထပ္ဘဝအသစ္တစ္ခုကို ေရြးခ်ယ္ခ်င္ရင္လဲ ေရြးခ်ယ္
ဖို႔ ကိုယ္ အခ်ိန္တစ္ခုေစာင့္ေနေပးခဲ့တာ ။

အခုေတာ့ ကိုယ္လဲ အတိတ္ကိုေမ့လိုက္ၿပီ ။ မင္းကလဲ အရင္လို တစ္ေယာက္ထဲ ။ ဒါက မင္းစိတ္ထဲ
ကိုယ္႐ွ္ိေနေသးတာကိုျပတာပဲ ။ ဒီတစ္ခါေတာ့ ကိုယ္မင္းကို လက္မလႊတ္ေတာ့ဘူး ။ ဘယ္လိုပံုစံနဲ႔ျဖစ္ျဖစ္ မင္းကို ရေအာင္ျပန္ယူေတာ့မွာ ။ ႐ွင္လႊမ္းေနခက မုန္းမာန္ဝင့္ထည္ရဲ႕ ပိုင္ဆိုင္ရာေလးပဲ ။

တစ္ေယာက္ထဲအေတြးလြန္ေနရာကေန သတိရလို႔
ျခံထဲကိုၾကည့္လိုက္ေတာ့ လႊမ္းငယ္က ျခံစပ္မွာ႐ွိတဲ့ ေရအိုးထဲကေန ေရေတြကို တဗြမ္းဗြမ္းခပ္ခ်ိဳးလို႔ ။ ျခံက သြတ္ဆူးႀကိဳးေတြပဲကာထားတဲ့ဟာ ။

" ဒီေကာင္ေလးကြ! !!! ေရခ်ိဳးခန္းေလးဘာေလးကာမထားဘူး "

စိတ္ထဲမွာ အူတိုစိတ္နဲ႔အတူတူ ေနာက္တစ္ႀကိမ္ ထပ္ၾကည့္မိျပန္တယ္ ။ လႊမ္းငယ္က အရင္ကလို
ျဖဴျဖဴႏုႏုေလးမဟုတ္ေတာ့ဘူး ။ ေနပူထဲ အလုပ္လုပ္ထားမွန္းသိသာေအာင္ အသားေတြက ညိဳေနလို႔ ။
ကိုယ့္ကေလး ပင္ပန္းေနၿပီထင္ပါရဲ႕ ။

ကိုယ္က ကေလးတစ္ေယာက္လို အျမဲျမင္ေနမိတဲ့
လႊမ္းငယ္ေလးက အရင္ကထက္ေတာ့ လူေကာင္ကပိုထြားလာက ဆံပင္ေလးေတြကလည္း နီ
ေၾကာင္ေၾကာင္ေလးနဲ႔ ။ ျမင္လိုက္တာနဲ႔ အူယားစရာေလးျဖစ္ေနေတာ့တာ ။

ေဝးကြာခဲ့တဲ့ အခ်ိန္သံုးႏွစ္အတြင္းမွာ ကိုယ္တိုင္လဲ အစစအရာရာ ျပန္သံုးသပ္ျဖစ္ခဲ့တယ္ ။ စျဖစ္ခဲ့တဲ့
ျပႆနာရဲ႕အရင္းအျမစ္မွာ ကိုယ္ကခံခဲ့ရတဲ့သူမို႔ လက္တုန္႔ျပန္ဖို႔ ၾကိဳးစားခဲ့မိတာကိုေတာ့ ကိုယ့္အမွားရယ္လို႔ ဘယ္တုန္းကမွ မသတ္မွတ္ခဲ့ ။ ေနာက္ပိုင္း လႊမ္းငယ္ကို ခ်စ္မိသြားတဲ့အခ်ိန္ကစၿပီး ကိုယ္တိုင္က အမွားေတြက်ဴးလြန္ခဲ့မိလာတာ ။

ကိုယ့္အနားကေန လႊမ္းငယ္ကို အျခားသူေတြက ေခၚထုတ္သြားမွာေၾကာက္တဲ့စိတ္နဲ႔ အနီးစပ္ဆံုး အ
တူတူ႐ွ္ိေနတဲ့ ေဒါက္တာကို အသက္အႏၱရာယ္ျဖစ္ေစေလာက္တဲ့အထိ ရန္ျပဳခဲ့တာမ်ိဳး ။ အခုျပန္ေတြးမိရင္ေတာင္ အခုေနာင္တရမိပါတယ္ ။

ကိုယ္ မမွားတဲ့ အရာအတြက္ ဘယ္တုန္းကမွ ေနာင္တမရတက္သလို ကိုယ္က အမွားလုပ္ထားရင္ဝန္ခံရဲတဲ့သတိၱလည္း ႐ွိတဲ့သူမို႔ ဒီႏွစ္ထဲမွာပဲ လႊမ္း ရဲ႕သူငယ္ခ်င္းကေနတဆင့္ ေဒါက္တာကို ဆက္သြယ္ၿပီး ေတာင္းပန္ခဲ့ပါတယ္ ။

ေဒါက္တာကေတာ့ * အတိတ္မွာ ဘာေတြျဖစ္ခဲ့ ျဖစ္ခဲ့ ပစၥဳပၸန္ နဲ႔ အနာဂါတ္မွာ အေကာင္းဆံုးေနက်ရ
ေအာင္ * လို႔ သာေျပာၿပီး သူလည္း ဘာကိုမွေတးမွတ္မထားပါဘူးတဲ့ ။ ေနာက္ထပ္ေျပာသြားတာက
* လႊမ္းေလးက သူ႔အမ်ိဳးသားကို ေမ်ွာ္ေန႐ွာမွာ*
တဲ့ ။

ကိုယ္ သိရသေလာက္ကေတာ့ အခုေနာက္ပိုင္း
ေဒါက္တာနဲ႔ လႊမ္းငယ္သူငယ္ခ်င္းရိပ္ၿငိမ္က ထူးျခားတဲ့ဆက္ဆံေရးမ်ိဳး ။ ဘာပဲျဖစ္ျဖစ္ လႊမ္းငယ္နဲ႔ မပတ္သက္ေတာ့တာဟာ ကိုယ့္အတြက္ ကံေကာင္းျခင္းပဲေပါ့ ။

ဟိုဟ္ုိဒီဒီေတြးေနတုန္း အခန္းဝဆီကေနအသံၾကား
လိုက္လို႔ လွည့္ၾကည့္မိေတာ့ ေရခ်ိဳးၿပီး အိမ္ေပၚတက္လာတဲ့ လႊမ္းငယ္ ။ ပုဆိုးတိုတိုနဲ႔ အေပၚပိုင္းကို
တဘက္တစ္ထည္ျခံဳထားလို႔ ။ ကိုယ္လွည့္ၾကည့္
တာကိုေတြ႔တာနဲ႔ ----

" ကြၽန္ေတာ္္ အဝတ္အစားေတြယူခ်င္လို႔ "

" ဝင္ယူေလ "

ကိုယ့္စကားဆံုးတာနဲ႔ လႊမ္းငယ္ကအခန္းထဲဝင္လာ
ၿပီး ဗီဒိုထဲကေန အက်ႌ နဲ႔ ပုဆိုးကို ထုတ္လိုက္ပါတယ္ ။ ၿပီးတာနဲ႔ အခန္းအျပင္ကို ျပန္ထြက္ဖို႔ ျပင္ေနတာေၾကာင့္ ----

" အဝတ္အစားလဲတာ အခန္းထဲမွာလဲေလ .... အျပင္မွာက အကာအရံမ႐ွိပဲနဲ႔ .... ေနာက္ၿပီး ဧည့္ခန္းက
တံခါးမႀကီးနဲ႔ တန္းေနတာ "

" ဟို! !!! အျပင္မွာပဲ "

" ငါမင္းကို ၾကည့္မွာစိုးလို႔လား .... ၾကည့္မေနဘူး မဲမဲသဲသဲမီးေသြးခဲကို ..... ကိုယ့္ဘာသာ ဒီအခန္းထဲမွာလဲ ..... ငါတစ္ဖက္လွည့္ေနေပးမယ္ "

ဦးမာန္ကေတာ့ ေျပာၿပီးတာနဲ႔ တဖက္ကိုလွည့္သြားပါတယ္ ။ အရင္က ဘယ္လိုပဲေနခဲ့ေနခဲ့ သူနဲ႔မေတြ႔ရတာ သံုးႏွစ္႐ွိေနၿပီဆိုေတာ့ အခု သူ႔အေရွ ့အဝတ္လဲရမွာ ႐ွက္သလိုလို ႐ွိန္သလိုလို ။ ဒီၾကားထဲကိုယ့္ကို မီးေသြးခဲနဲ႔ႏႈိင္းသြားေသးတာ ။

အေျပာဆိုးတာကေတာ့ အရင္ကအတိုင္းမေျပာင္းလဲ ။ သူ႔အိမ္ေထာင္ဖက္ကသူ႔ကို ဘယ္လိုေတြ သည္းခံေနသလဲမသိ ။ ေျပာမယ့္သာေျပာရတာပါ ။ သူကလည္း ကိုယ့္တစ္ေယာက္ကိုပဲ စကားလံုးၾကမ္းၾကမ္းသံုးတာ ။ သူ႔အိမ္ေထာင္ဖက္ကိုေတာ့ ႏူးႏူးည့ံညံ႔ဆက္ဆံမွာေပါ့ ။

စိတ္ထဲကေန ေတြးခ်င္ရာေတြးေနၿပီး လက္ကလဲ အက်ႌနဲ႔ပုဆိုးကို အျမန္လဲလိုက္ပါတယ္ ။ ၿပီးတာနဲ႔ အေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့ ကုတင္ေပၚမွာကိုယ့္ကိုေနာက္ခိုင္းၿပီးထိုင္ေနတဲ့ ဦးမာန္ ။ သူမ်က္
ႏွာမူထားတဲ့ နံရံကိုၾကည့္မိလိုက္ေတာ့ အခန္းနံရံမွာ ကိုယ္ခ်ိတ္ထားတဲ့ ကိုယ္လံုးတစ္ဝက္ေလာက္ျမင္ရတဲ့ မွန္က ႐ွိေနတာ ။

ဦးမာန္ လူညစ္ပတ္ႀကီး မွန္ထဲကေနကိုယ့္ကိုၾကည့္
ေနတာေပါ့ေလ ။ ကိုယ္ နဲ႔သူ မွန္ထဲကေနတဆင့္
အၾကည့္ခ်င္းဆံုသြားခ်ိန္မွာေတာ့ ဦးမာန္မ်က္ႏွာက
ရီခ်င္ေနတဲ့မ်က္ႏွာႀကီးနဲ႔မို႔ -----

" ဦးမာန္ လူညစ္ပတ္ ခင္ဗ်ား က်ဳပ္ကို မွန္ထဲကေန
ၾကည့္ေနတာမို႔လား "

" ဟုတ္တယ္.... ဟား !!!!ဟား !!!! ဟား !!!"

" ခင္ဗ်ား တကယ္မေကာင္းတဲ့လူပဲ "

" ေရာ္!!! ငါက ဘာလုပ္မိလို႔လဲ ... ငါလဲ ေနာက္ခိုင္း
ေပးတာပဲေလ .... ငါ့မ်က္ႏွာတည့္တည့္မွာ မွန္႐ွိေနတာေတာ့ မတက္ႏိုင္ဘူး .... မစိုးရိမ္ပါနဲ႔ မဲမဲသဲသဲေတြကို ငါမႀကိဳက္ပါဘူး "

" ခင္ဗ်ားမႀကိဳက္လို႔ ေက်းဇူးတင္ပါတယ္ "

ေျပာၿပီးတာနဲ႔ လႊမ္း အခန္းထဲကေနထြက္လာလိုက္
ေတာ့တယ္ ။ မမကေတာ့ ဘယ္လိုစိတ္ကူးနဲ႔ ဒီလူ
ကို ကိုယ့္အိမ္လႊတ္လိုက္တယ္မသိဘူး ။ တကယ္
႐ူးခ်င္ေတာ့တာပါပဲ ။

ဘာပဲျဖစ္ျဖစ္ အခုခ်ိန္မွာ သူကအိမ္ေထာင္သည္ ။ အတက္ႏိုင္ဆံုး ကိုယ္ကအေနအထိုင္ဆင္ျခင္ရ
မယ္ ။ ကိုယ့္ဘဝေလးက အခုမွတည္ၿငိမ္ခါစမို႔ ဘာအေၾကာင္းနဲ႔မွ ျပန္ၿပီးစိတ္မဆင္းရဲခ်င္ေတာ့ပါဘူး ။ အထူးသျဖင့္ သူတို႔လို ေငြေရာ ဂုဏ္႐ွိန္ေက်ာ္ၾကားမႈေရာ ႐ွိေနတဲ့သူေတြနဲ႔ ပိုၿပီးမပတ္သက္ခ်င္ ။

အခုေလာေလာဆယ္ေတာ့ မပတ္သက္ခ်င္လဲ ကိုယ့္အိမ္ကိုလာတဲ့ ဧည့္သည္အေနနဲ႔ ညေနစာေကြၽးဖို႔ ျပင္ရျပန္တယ္ ။ ေရခဲသတၱာထဲ႐ွိေနတဲ့ ဟင္းေတြကို တစ္ခုစီျပန္ၿပီးေႏႊးေနတဲ့အခ်ိန္ လမ္းေလ်ွာက္
လာတဲ့အသံၾကားလို႔ လွည့္ၾကည့္လိုက္ေတာ့ ဦး
မာန္ ။

" ဒီအခန္းထဲ ဘာလာလုပ္တာလဲ "

" မင္း ဟင္းခ်က္တာ လာၾကည့္တာ ....ဟင္းျပန္ေႏႊး
ေနတာလား "

" ဟုတ္တယ္ "

စကားေျပာရင္းနဲ႔ ဦးမာန္က အနားကိုေရာက္လာၿပီး
ဟင္းေတြကို တစ္ခုစီလိုက္ၾကည့္ေနပါတယ္ ။ ကိုယ္
က အလုပ္မအားတာေၾကာင့္ ဟင္းဆိုအေၾကာ္အ
ေလွာ္ေတြလုပ္ၿပီး ျပန္ျပန္ေႏႊးစားတာ ။ တစ္ခါခ်က္
ထားရင္ အနည္းဆံုးသံုးရက္စာ ။

" မင္း ဟင္းေတြကို အျမဲအဲလိုေတြခ်က္ၿပီး ေႏႊးစား
ေနတာလား "

" ဟုတ္တယ္ "

" အဲဒါ က်န္းမာေရးအတြက္မေကာင္းဘူးေနာ္ "

" ဘာမွမျဖစ္ဘူး "

" ဘာမွမျဖစ္ပဲေနမလား .... အစားအေသာက္ေတာ့ ပူပူေႏြးေႏြးခ်က္စားသင့္တာေလ "

မီးဖ္ုိခန္းထဲအထိ ဆရာႀကီးလာလုပ္ေနတဲ့ ဦးမာန္
ကိုစ္ိတ္မ႐ွည္လာတာနဲ႔ မ်က္ႏွာခ်င္းဆိုင္ လွည့္ရပ္
လိုက္ရင္း ----

" ကြၽန္ေတာ္ မနက္ေလးနာရီေလာက္ထၿပီး ပန္းခူးရတယ္ .... ေနာက္ၿပီး အဲပန္းေတြကို ေဖာက္သည္ေတြဆီပို႔ေပးရတယ္ .... ျပန္လာရင္ အပင္ေတြေရေလာင္းေပါင္းႏႈတ္နဲ႔ တစ္ေနကုန္မနားရဘူး .... အဲ
ေတာ့ ထမင္းပူဟင္းပူခ်က္စားဖို႔ အခ်ိန္မေပးႏိုင္ဘူး
....ေနာက္ၿပီး ဒီလိုစားယံုေလာက္နဲ႔ေတာ့ ကြၽန္ေတာ့္
က်န္းမာေရးက ပူပင္စရာမလိုဘူး .... အခ်ိန္မွန္အိပ္ အခ်ိန္မွန္စား အလုပ္ကလဲလုပ္ေနရေတာ့ .... ေခြၽးလဲအျမဲထြက္ေနတာ .... ကိုယ္ခံအားကေကာင္းၿပီးသား "

ကိုယ့္စကားဆံုးတာနဲ႔ ဦးမာန္က သူ႔ခါးကိုကိုင္းလိုက္ရင္း သူ႔မ်က္ႏွာကို ကိုယ့္မ်က္ႏွာနားတိုးလာကာ
-----

" ကိုယ္ - ခံ- အား - ေကာင္းတယ္ဆိုတာ တကယ္
လား "

ကိုယ့္ကို ရိသဲ့သဲ့ေလသံနဲ႔ ေပါက္ကရေတြ လာေမး
ေနတဲ့ ဦးမာန္ရင္ဘက္ကို လက္နဲ႔ ျပန္တြန္းထား
ရင္း ----

" ခင္ဗ်ားရဲ႕ ေပါက္ကရအေတြးေတြ လာမေျပာနဲ႔
ေနာ္ .... လူႀကီးျဖစ္ၿပီး "

" ေရာ္!!! ငါက ႐ိုး႐ိုးသားသားေမးေနတာကို ... ဘာ
ေတြ႐ွက္ေနရျပန္တာလဲ "

" မသိဘူး ခင္ဗ်ား အခန္းအျပင္ထြက္ေတာ့ "

" မထြက္ဘူး .... ဒီဟင္းေတြလဲ မင္းမစားရဘူး .... က်န္းမာေရးအတြက္ မေကာင္းလို႔ေျပာေနရင္ နားေထာင္မွေပါ့ .... ကိုယ္ခံအား တကယ္ေကာင္းမေကာင္းကေတာ့ .... ေနာက္မွ စမ္းသပ္ေတာ့မယ္ "

" ဦးမာန္! !!! ခင္ဗ်ား အိမ္ေထာင္သည္ေနာ္.... စကားေျပာတာ သတိထား ...လိုတာထက္ပိုမလာနဲ႔ "

" ငါက အိ္မ္ေထာင္သည္ဆိုေတာ့ .... မင္းက လူပ်ိဳေလးလား ..... သူစိမ္းေတြၾကားမွာ လူပ်ိဳေယာင္ေဆာင္ေနၿပီးေတာ့မ်ား ... ေနဦး အဲကိစၥကို ေနာက္မွဆက္မယ္ .... အခုေတာ့ ဟင္းကိစၥအရင္႐ွင္းမယ္ "

ေျပာၿပီးတာနဲ႔ ဦးမာန္က ကိုယ့္ကို ေဘးကိုတြန္းဖယ္လိုက္ရင္ အိုးထဲကေႏႊးလက္စဟင္းေရာ မေႏႊးရ
ေသးတဲ့ဟင္းေတြကိုပါ အကုန္ေရာထည့္လိုက္ကာ
အိုးလိုက္ႀကီး အမႈိက္ေတာင္းထဲ သြန္လိုက္ပါေတာ့တယ္ ။ ၿပီးတာနဲ႔ ကိုယ့္ဘက္ကို ျပန္လွည့္ၾကည့္လာရင္း -----

" ခ်က္မေနနဲ႔ ပင္ပန္းတယ္ .... ဆိုင္ကေနလွမ္းမွာေပးမယ္ "

ဒီလူႀကီးဟာေလ လြန္ခဲ့တဲ့သံုးႏွစ္ကအတိုင္း အရာရာကို သူ႔စိတ္သူ႔သေဘာအတိုင္း လုပ္ေနတုန္းပါလား ။ ေျပာျပန္ရင္လဲ သူသာသိ သာသာတက္ ။

လႊမ္းကေတာ့ ကိုယ္မျမင္ဖူးတဲ့ သူ႔အိမ္ေထာင္ဖက္
အေပၚ အားနာေနမိၿပီ ။ ေနာက္ဆံုးစကားေတြၿပိဳင္
မေျပာခ်င္တာနဲ႔ပဲ ဧည့္ခန္းထဲ ထြက္လာလိုက္ပါတယ္ ။

တကယ္လဲ အခ်ိန္တစ္နာရီေလာက္အၾကာမွာ ျခံ
ေ႐ွ႕ကို ကားတစ္စီးထိုးရပ္လာၿပီး လူတစ္ေယာက္
စားစရာေတြ လာပို႔ပါတယ္ ။ ထူးဆန္းတာက စားစ
ရာလာပို႔တဲ့သူက သိန္းေပါင္းေသာင္းခ်ီတန္တဲ့ ေနာက္ဆံုးေပၚကားနဲ႔ ။ ညေနစာအတူတူစားေတာ့လဲ
လႊမ္း သူ႔ကိုစကားမေျပာ ။ သူကလဲ သူ႔အိမ္သူ႔ယာအတိုင္း သက္ေတာင့္သက္သာပံုစံနဲ႔ ။ ႐ူးခ်င္တယ္။ ႏွစ္ညေတာင္ ဒီလူနဲ႔ ဘယ္လိုေနရမလဲသာမသိ ။

စားေသာက္ၿပီးတာနဲ႔ လႊမ္းလဲ မီးဖိုးခန္းထဲဝင္လာၿပီး
ပန္ကန္ေတြေဆးေနလိုက္ပါတယ္ ။ အေ႐ွ႕မွာအားရံုစိုက္ၿပီး ေဆးေနတုန္း လႊမ္း အေနာက္ဖက္ ကေန လူတစ္ေယာက္လာရပ္တာမို႔ လွည့္ၾကည့္လိုက္ေတာ့ ဦးမာန္ျဖစ္ေနတာနဲ႔ ----

" ဘာလိုခ်င္လို႔လဲ "

" ဘာမွမလိုခ်င္ပါဘူး မင္းကိုဝိုင္းကူေပးမလို႔ "

" ရတယ္ မလိုဘူး "

" မရပါဘူး ကူရမွာေပါ့ "

ေျပာေျပာဆိုဆို ဦးမာန္က ကိုယ္ဂ်ိဳင္းႏွစ္ဖက္ေအာက္ကေန သူ႔လက္ေတြကို လ်ဳိဝင္လာရင္ ပန္းကန္
ကိုက္ုိင္ထားတဲ့ ကိုယ္လက္ေတြမေပၚကေန သူ႔လက္ေတြက ထပ္ကိုင္လာပါတယ္ ။ ကိုယ့္ခႏၶာကိုယ္
တစ္ခုလံုးက သူ႔ရင္ခြင္ထဲနစ္ျမဳပ္လို႔ ။တဆက္ထဲ ကိုယ့္ရဲ႕ ဂုတ္သားဆီကခပ္ေႏြးေႏြးဝင္သက္ထြက္
သက္တစ္ခု ။ လႊမ္း စိတ္မ႐ွည္လာတာနဲ႔ ကိုယ့္တံေတာင္နဲ႔ သူဗိုက္ေနရာကို ေနာက္ျပန္ထိုးခ်လိုက္ပါေတာ့တယ္ ။

" အာ့! !!!! "

အ႐ွိန္ျပင္းတာမို႔ ဦးမာန္က ေနာက္ကို သံုးလွမ္းေလာက္ဆုတ္သြားကာ သူ႔ဗိုက္ကိုသူ လက္နဲ႔အုပ္လို႔ ။ လႊမ္း သူ႔ကို လက္ညႇိဳးနဲ႔ထိုးၿပီး ----

" ဒီမွာေနတဲ့ ႏွစ္ရက္အတြင္း ကြၽန္ေတာ္နဲ႔ေဝးေဝးေန .... ေဝးေဝးမေနႏိုင္ရင္ တည္းခိုးခန္းသြားတည္း ..
အခုလဲ အခန္းထဲကထြက္သြားေတာ့ "

ကိုယ္က ေဒါသနဲ႔ေျပာေနသေလာက္ ဦးမာန္မ်က္
ႏွာက ျပံဳးစိစိ ။ ဒီလူ ကိုယ့္ကို သက္သက္ႀကီး စိတ္
ဒုကၡလာေပးေနတာပါလား ။

" မီးေသြးခဲက ခ်စ္စရာေလး "

" ဘာ !!!! ခင္ဗ်ားဘာေျပာလိုက္တယ္ "

" ဘာမွမေျပာဘူး .... ေတာ္ၿပီေတာ္ၿပီ ကိုယ္တကယ္ဗိုက္ေအာင့္သြားလို႔ မစေတာ့ဘူး .... အေကာင္းမို႔လဲလာကူရေသးတယ္ .... ေမာင္တထမ္း မယ္တရြက္ဆိုတဲ့စကား မၾကားဘူးဖူးလား "

" ခင္ဗ်ား! !!! "

" ဆက္မေျပာေတာ့နဲ႔ မင္းေမာေနလိမ့္မယ္.... ကိုယ္
အခု အိပ္ခန္းထဲကေန သြားေစာင့္ေနေတာ့မယ္သိလား .... ျပီးရင္လာခဲ့ေနာ္ "

ေျပာခ်င္ရာေျပာၿပီး အခန္းထဲကေနလွစ္ကနဲ ထြက္
သြားတဲ့ ဦးမာန္ ။ ကိုယ့္မွာသာ ေဒါသေတြက တနင့္တပိုးနဲ႔ ။ တကယ္႐ူးခ်င္တာပါပဲ ။

<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>

ညေရာက္ေတာ့ ဟိုလူႀကီးကို ကိုယ့္ကုတင္ေပၚမွာ
သိပ္ရမွာမို႔ ကိုယ္က အိမ္ေ႐ွ႕ဘုရားေက်ာင္းေ႐ွ႕မွာ
အိပ္ဖို႔ ျပင္ေနတဲ့အခ်ိန္ ဦးမာန္က အခန္းထဲကေနထြက္လာၿပီး ----

" အခန္းထဲ လာအိပ္ေလ .... အျပင္မွာ အိပ္စရာလား "

" ရတယ္ .... ဦးမာန္ပဲ လြတ္လြတ္လပ္လပ္အိပ္ ....
ကြၽန္ေတာ္က ဒီမွာပဲအိပ္လိုက္မယ္ "

" နားေကာက္ေနျပန္ၿပီ .... အရင္ကလဲ ငါနဲ႔မအိပ္
ဘူးတာက်ေနတာပဲ "

" ဦးမာန္! !!! စကားေျပာတာ ဆင္ျခင္ေနာ္ "

" ဆင္ျခင္ေစခ်င္ရင္ အခန္းထဲလာအိပ္ေလ .... ကုတင္ေပၚမွာမအိပ္ခ်င္ရင္ ကုတင္ေအာက္ဖက္မွာအိပ္ .... ဒီအျပင္မွာအိပ္ေနရင္ ငါလာျပိီး ခ်ီေခၚမွာေနာ္
.... မင္းဒီမွာဆက္ၿပီအိပ္ေနရင္ .... ငါခ်ီေခၚတာကို ခံ
ခ်င္ေနလို႔ပဲ "

ေျပာၿပီးတာနဲ႔အခန္းထဲျပန္ဝင္သြားတဲ့ ဦးမာန္ကို မေက်မနပ္ၾကည့္လိုက္ရင္း အိပ္ယာေတြကိုစုျပံဳသယ္
လိုက္ရင္း အခန္းထဲဝင္လိုက္လာရပါေတာ့တယ္ ။
ဒီလူႀကီးက တကယ္လာခ်ီမယ့္႐ုပ္ ။

မာန္ကေတာ့ ကုတင္ေဘးနားမွာ စူပုတ္ပုတ္မ်က္ႏွာနဲ႔ အိပ္ဖို႔ျပင္ေနတဲ့ေကာင္ေလးကို မသိမသာ အကဲခတ္ေနမိတာ ။ ကိုယ့္အခ်ီခံရမွာကိုေၾကာက္လို႔ လိုက္လာရတဲ့ပံုစံနဲ႔ ။ ခဏအၾကာမွာေတာ့ လႊမ္းငယ္
က အသက္႐ႈသံသဲ့သဲ့ေလးနဲ႔အတူ အိပ္ေမာက်သြားပါေတာ့တယ္ ။

တစ္ေနကုန္ပင္ပင္ပန္းပန္း အလုပ္လုပ္ရေတာ့ ညဆို အေစာႀကီးအိပ္ေပ်ာ္တာေနမွာေပါ့ ။ လႊမ္းေလး အိပ္ေပ်ာ္ေနတာကို ခဏထိုင္ ၾကည့္ၿပီးမွ ကိုယ္လဲ အိပ္ဖို႔ျပင္လိုက္ပါတယ္ ။

<<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>

သစ္သားကုတင္နဲ႔အိပ္ေနမက်တဲ့ ခႏၶာကိုယ္က နာက်င္လာတာေၾကာင့္ တစ္ေရးႏိုးလာတဲ့အခ်ိန္ နာရီကိုၾကည့္လိုက္ေတာ့ ညတစ္နာရီေက်ာ္ ။ ေဘးနားမွာအိပ္ေနတဲ့ လႊမ္းကိုၾကည့္လိုက္ေတာ့ အိပ္ယာထဲမွာမေတြ႔ရေတာ့ ။ ကိုယ္လဲ အိပ္ယာေပၚကေနထလိုက္ၿပီး အခန္းအျပင္ကိုထြက္လာလိုက္တဲ့အခ်ိန္ အိမ္တံခါးကပြင့္ေနတာမို႔ သြားၾကည့္လိုက္ေတာ့
အိမ္ေ႐ွ႕ျခံထဲက ခံုေပၚမွာထိုင္ၿပီး ဂီတာတီးေနတဲ့ေကာင္ေလး ။

( 🎼 ရာသီ ေမွာင္ရီေနၿပီ ×× အလင္စက္တစ္ခ်ိဳ႕က အားနည္းသြားၿပီ ×× ေန႔ရက္တစ္ခုရဲ႕ နိဂံုးအဆံုးသတ္ 🎼

🎼 အခ်ိန္ ၾကာၿပီဆိုေပမယ့္×× အသစ္အေဟာင္းျဖစ္ဖို႔လြယ္ကူတယ္ ×× အေဟာင္းက အသစ္ျပန္ျဖစ္
ဖို႔ေတာ့မလြယ္ 🎼

🎼 အရာရာအားလံုး အေကာင္းတိုင္းပဲ ×× အို ×× အရာရာအားလံုးဘဲ မေျပာင္းလဲဘူး ×× ေနသားတ
က်ပဲ 🎼

🎼 အလြမ္း ×× အလြမ္းညေနခင္း ×× အျဖစ္အပ်က္တိုင္းဟာ မေန႔ကလိုပင္ ×× ငါ့အတြက္ အထီးက်န္ျခင္း နမိတ္ပံုေတြ ×× အလြမ္း ×× အလြမ္းညေနခင္း ×× အတိုင္းအဆမ႐ွိ ပူေဆြးျခင္းမ်ားသည္ ×× ေသာကမီး ××× ရင္မွာေလာင္ေနခဲ့ၿပီ 🎼) 2

🎼 အိုး အိုး အိုး .... အို ××× အရာရာအားလံုး အ
ေကာင္းတိုင္းပဲ ×× အရာရာအားလံုးဘဲ မေျပာင္းလဲဘူး ×× ေနသားတက်ပဲ 🎼

( 🎼 အလြမ္း ×× အလြမ္းညေနခင္း ×× အျဖစ္အပ်က္တိုင္းဟာ မေန႔ကလိုပင္ ×× ငါ့အတြက္ အထီးက်န္ျခင္း နမိတ္ပံုေတြ ×× အလြမ္း ×× အလြမ္းညေနခင္း ×× အတိုင္းအဆမ႐ွိ ပူေဆြးျခင္းမ်ားသည္ ×× ေသာကမီး ××× ရင္မွာေလာင္ေနခဲ့ၿပီ 🎼)2

သီခ်င္းဆံုးသြားတာေၾကာင့္ ဂီတာကို ေဘးနားမွာခ်လိုက္တဲ့အခ်ိန္ ----

" ေျဖာင္း! !! ေျဖာင္း! !! ေျဖာင္း! !!! "

အေနာက္ကေန လက္ခုတ္တီးလိုက္တဲ့အသံေၾကာင့္ လန္႔ၿပီးလွည့္ၾကည့္လိုက္ေတာ့ ဘယ္အခ်ိန္ထဲက
ကိုယ့္အေနာက္ကို ေရာက္ေနမွန္းမသိတဲ့ ဦးမာန္ ။

" အတူတူေနလာတာ .... ဒီေလာက္သီခ်င္းဆိုေကာင္းမွန္းမသိခဲ့ဖူး "

ကိုယ္သီခ်င္းဆိုေနတာကို ဒီလူႀကီးခိုးနားေထာင္ေ
နတာလား ။ လႊမ္း နည္းနည္းေတာ့႐ွက္သြားမိကာ----

" တစ္ေရးႏိုးလာတာလား ဦးမာန္က "

" ဟုတ္တယ္ .... တစ္ေရးႏိုးတဲ့အခ်ိန္ မင္းကိုမေတြ႔
လို႔ လိုက္႐ွာေနတာေလ "

" လိုက္႐ွာရေအာင္ ကြၽန္ေတာ္က ကေလးလား ...
ေနာက္ၿပီး ဒါက ကြၽန္ေတာ့္အိမ္ "

" စကားမ်ားလိုက္တာ "

ေျပာလဲေျပာ ဦးမာန္က ကိုယ့္ကိုဆက္ကနဲ ေပြ႔ခ်ီလိုက္တာမို႔ လန္႔သြားၿပီး -----

" ဦးမာန္! !!! ဘာလုပ္တာလဲ .... အခုေအာက္ျပန္
ခ်ေပး .... အခုခ်ေပးဆို ခ်ေပးေနာ္ "

" ငါ ပစ္ခ်လိုက္လို႔ ခါးက်ိဳးသြားမယ္ေနာ္ .... ၿငိမ္ၿငိမ္
ေနလိုက္ "

ဦးမာန္ဆိုတဲ့လူက စိတ္မထင္ရင္မထင္သလို တကယ္လုပ္တက္တာေၾကာင့္ လႊမ္း နည္းနည္းေတာ့လန္႔ ပါတယ္ ။ ဆက္႐ုန္းေနရင္ တကယ္ပစ္ခ်လိုက္မွာစိုး
တာေၾကာင့္ ၿငိမ္ေနလိုက္မိတုန္း ဦးမာန္ကေတာ့
ကိုယ့္ကိုခ်ီၿပီး အိပ္ခန္းထဲျပန္ေခၚလာၿပီး ကုတင္ေပၚကိုတင္လိုက္တာေၾကာင့္ ----

" ကြၽန္ေတာ္ ေအာက္မွာပဲ အိပ္မယ္ "

လႊမ္း ကုတင္ေပၚကေနထဖို႔ျပင္ေနတုန္းမွာပဲ ဦးမာန္
က ကိုယ့္ကို ဆြဲဖက္လိုက္ရင္း သူပါ ကိုယ့္ေဘးနား
ဝင္လွဲအိပ္လိုက္ပါတယ္ ။ သူ ဒီလိုႀကီးလုပ္ေနတာ လႊမ္းအတြက္ ဘယ္လိုမွအဆင္မေျပ ။

" ဦးမာန္! !!! ကိုယ့္ဘာသာအိပ္ေလ .... ကြၽန္ေတာ့္
ကို အခုလႊတ္ .... ဒီလိုေတြလုပ္ေနတာ မသင့္ေတာ္
ဘူးေနာ္ "

ကိုယ္ကအတင္း႐ုန္းေလ သူက အတင္းဆြဲဖက္ေလနဲ႔ ကိုယ့္ခႏၶာကိုယ္တစ္ခုလံုးက ဦးမာန္ရင္ခြင္ထဲ နစ္
ျမဳပ္လို႔ ။ ကိုယ့္ကို သူ႔လက္ေတြနဲ႔သိုင္းဖက္ထားတဲ့
အျပင္ လႊမ္းေျခေထာက္ေတြကိုပါ သူ႔ေျခေထာက္
ေတြနဲ႔ ခြၿပီးခ်ဳပ္ထားတာ ။ ၿပီးတာနဲ႔ လႊမ္း နားရြက္
ဖ်ားေလးဆီ ခပ္ေျဖးေျဖးတစ္ခ်က္ကိုက္လိုက္ရင္း ----

" ဒီတိုင္းအိပ္ရေအာင္ လႊမ္းငယ္ေလး .... မ႐ုန္းနဲ႔ေတာ့ .... ဒီည ကိုယ္ ကာေမသု မိစၦာ သီလကို
ခ်ိဳးေဖာက္မေဖာက္က .... လႊမ္းငယ္ ႐ုန္းေနလား
ၿငိမ္ေနလားေပၚမူတည္တယ္ .... ကိုယ္က အိမ္ေထာင္သည္ေနာ္ .... ကိုယ္ငရဲရေအာင္လာမလုပ္နဲ႔
..... ၿငိမ္ၿငိမ္ေလးအိပ္လိုက္ေတာ့ "

ၾကားလိုက္ရတဲ့စကားေၾကာင့္ လႊမ္းမွာ ေျပာစရာစကားေတာင္ ေပ်ာက္႐ွသြားရပါေတာ့တယ္ ။ ဒီလူဟာ စကားတက္တိုင္း ေျပာခ်င္ရာေတြေျပာေနေတာ့တာပဲ ။

သူကေျပာခ်င္ရာေျပာေပမယ့္ လႊမ္းက တကယ္မ႐ုန္းရဲေတာ့တာပါ ။ သူေျပာသလို ဒီတိုင္းအိပ္ရေအာင္လဲ သူ႔ဝင္သက္ထြက္သက္ေႏြးေႏြးက ကိုယ့္လည္တိုင္တေလ်ွာက္ ခဏခဏက်ေရာက္လာလို႔ ။

အဲလိုအခ်ိန္ေတြဆိုရင္ အလိုက္မသိတဲ့ရင္ဘက္ႀကီး
က ေပါက္ကြဲထြက္မတက္ ခုန္ေပါက္ေနေတာ့တာ ။႐ူးေတာ့မယ္ ဒီညမိုးမလင္းခင္ ကိုယ္တကယ္႐ူးရပါ
ေတာ့မယ္ ။

#Phoenix

Waiting for Part - 45
Thank you.

15.10.2021
A.M - 8:00

A/N - Comment ေတြကို Rp မျပန္တာ စိတ္မဆိုးက်ပါနဲ႔ေနာ္ ။ တစ္ေန႔ တစ္ပိုင္း Up ႏိုင္ဖို႔ေတာင္ ေတာ္ေတာ္ႀကိဳးစားေရးေနရလို႔ပါ ။

<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>

Part - 44

မာန၏ အခြားတစ်ဖက်

🌟🌟🌟🌟🌟🌟

" ကိုယ့်ကိုမြင်ပြီး ငုတ်တုတ်မေ့သွားတာများလား "

မျက်မှန်ကို နဖူးပေါ်ပင့်တင်ပြီး ပြောလိုက်တဲ့စကား
ကြောင့် လွှမ်း မေးလိုက်မိတာက ----

" ဦးမာန် က ဒီကိုဘာလာလုပ်တာလဲ "

" မင်းကို ဆောင်းရိပ်ဖုန်းဆက်ထားတယ်မို့လား "

" မမ ဖုန်းဆက်တဲ့ ဧည့်သည်က ဦးမာန်ပေါ့ "

" ဟုတ်တယ် ဘာလဲ ငါလှည့်ပြန်ရမှာလား "

" လှည့်ပြန်ရင်တော့ ကောင်းတာပေါ့ "

" ရှင်လွှမ်းနေခ !!!! ငါ့ကိုမြင်တာနဲ့ အခုလိုတွေပြော
နေရမှ အဆင်ပြေမှာလား "

" ကျွန်တော်က ဦးမာန်လို့ ထင်မထားဘူးလေ "

" ထင်မထားလဲ အခုတွေ့နေပြီလေ .... အိမ်ထဲတောင်ပေးမဝင်ချင်တာလား "

" အဲလိုမဟုတ်ပါဘူး .... ဝင်ခဲ့ပါ "

ကိုယ့်စကားကြောင့် ဦးမာန်က အိမ်ထဲဝင်လာပြီး
သစ်သားထိုင်ခုံလေးမှာ ဝင်ထိုင်လိုက်ပါတယ် ။ ပြီး
တာနဲ့ အိမ်ကို ဟိုဟိုဒီဒီလှည့်ပတ်ကြည့်ရင်း ----

" မင်း ဘယ်လိုလုပ်ပြီး ဒီမှာနေနေရတာလဲ "

" မြို့ထဲကအိမ်ကို ရောင်းလိုက်လို့ပါ "

" ဘာလို့ရောင်းတာလဲ "

" အလုပ်အတွက် အရင်းအနှီးလိုလာလို့ "

ကိုယ့်စကားကြောင့် ဦးမာန်က သက်ပြင်းချလိုက်ရင်း -----

" အလုပ်ကရော အဆင်ပြေလား "

" ဟုတ်ကဲ့ အဆင်ပြေပါတယ် .... တစ်နိုင်တစ်ပိုင်လေးပါပဲ "

" အလုပ်က အဆင်ပြေမပြေတော့မသိဘူး .... လူကတော့ မြင်ရတာအဆင်ပြေမနေဘူး .... စုတ်ပြတ်
သက်နေတာပဲ "

" ကျွန်တော့်အလုပ်က ဦးမာန်လို့ ကုမ္မဏီCEO မဟုတ်ဘူး .... ပန်းစိုက်နေရတာ .... ကျော့ကော့နေအောင်ဝတ်စားထားလို့မရဘူး ... ဒါနဲ့ ဘာလို့ရန်ကုန်
ကို ကိုယ့်ဘာသာမပြန်တာလဲ "

" ငါ့ဒရိုက်ဘာက မအားလို့ လာမခေါ်နိုင်ဘူး ....
ငါလဲ လိုင်းကားမစီးနိုင်ဘူး "

" မယုံဘူး "

" မယုံလဲ မတက်နိုင်ဘူး "

ကိုယ်တစ်ခွန်းဆို သူကတစ်ခွန်း ။ အကြီးဖြစ်ပြီး
တစက်လေးမှကို အလျှော့ပေးချင်စိတ်မရှိတဲ့သူ ။
စကားဆက်ပြောနေရင်လဲ ထသတ်ရတော့မှာ သေ
ချာနေပြီမို့ -----

" အဲဒါဆိုလဲ နားလိုက်ဦး .... ကျွန်တော့် အခန်းမှာပဲ
နေလိုက် .... ကျွန်တော်ကတော့ ခြံထဲခဏပြန်ဆင်းရဦးမှာမို့ "

" ဟုတ်ပါပြီ "

ကိုယ့်ကို သူအခန်းထဲလိုက်ပို့ပြီးတာနဲ့ ခြံထဲဆင်း
သွားတဲ့ကောင်လေး ။ အခန်းပြတင်းပေါက်ကိုဖွင့်
လိုက်တာနဲ့ ခြံထဲကို အကုန်မြင်နေရတာမို့ ပန်း
ပင်တွေကြား အလုပ်ရှုပ်နေတဲ့ လွှမ်းကို မြင်နေရပါတယ် ။

အခန်းထဲကြည့်လိုက်တော့ ဘီဒိုသေးသေးလေးတစ်လုံးရယ် ၊ နောက်ပြီးတစ်ယောက်အိပ် သစ်သားကုတင်သေးသေးလေး ။ ဘေးနားမှာတော့ ပန်ကာလေးတစ်လုံး ။ နောက်ပြီးနံရံလေးမှာချိတ်ထားတဲ့ ဂီတာလေးတစ်လက် ။ အခန်းက ကျဉ်လွန်းနေပေမယ့် ပစ္စည်းလေးတွေက သပ်သပ်ရပ်ရပ် ။

သွတ်မိုး ပျဉ်ကာသစ်သားအိမ်လေးက တော်တော်လေးကျဉ်းတာမို့ အခုခဏလေး နေရတဲ့ကိုယ်တောင် အသက်ရှူကျပ်လာတော့သလိုလို ခံစားလိုက်ရပါတယ် ။ ဒီအိမ်ထဲမှာ ကိုယ့်ကလေးလေး ဘယ်လိုတွေများနေနေပါလိမ့် ။ ကိုယ်ကလဲ သုံးနှစ်လုံးလုံး
လုံးဝကို အဆက်အသွယ်ဖြတ်ထားမိတာကိုး ။

ကိုယ်မင်းကို အခွင့်အရေးပေးခဲ့ပြီးပြီနော် လွှမ်းငယ်
ရေ ။ သုံးနှစ် ၊ သုံးနှစ်တိတိ မင်းကိုတစ်ယောက်ထဲ
ထားပေးခဲ့ပြီးပြီ ။ အဲအချိန်အတွင်းမှာ မင်းနောက်ထပ်ဘဝအသစ်တစ်ခုကို ရွေးချယ်ချင်ရင်လဲ ရွေးချယ်
ဖို့ ကိုယ် အချိန်တစ်ခုစောင့်နေပေးခဲ့တာ ။

အခုတော့ ကိုယ်လဲ အတိတ်ကိုမေ့လိုက်ပြီ ။ မင်းကလဲ အရင်လို တစ်ယောက်ထဲ ။ ဒါက မင်းစိတ်ထဲ
ကိုယ်ရှိနေသေးတာကိုပြတာပဲ ။ ဒီတစ်ခါတော့ ကိုယ်မင်းကို လက်မလွှတ်တော့ဘူး ။ ဘယ်လိုပုံစံနဲ့ဖြစ်ဖြစ် မင်းကို ရအောင်ပြန်ယူတော့မှာ ။ ရှင်လွှမ်းနေခက မုန်းမာန်ဝင့်ထည်ရဲ့ ပိုင်ဆိုင်ရာလေးပဲ ။

တစ်ယောက်ထဲအတွေးလွန်နေရာကနေ သတိရလို့
ခြံထဲကိုကြည့်လိုက်တော့ လွှမ်းငယ်က ခြံစပ်မှာရှိတဲ့ ရေအိုးထဲကနေ ရေတွေကို တဗွမ်းဗွမ်းခပ်ချိုးလို့ ။ ခြံက သွတ်ဆူးကြိုးတွေပဲကာထားတဲ့ဟာ ။

" ဒီကောင်လေးကွ! !!! ရေချိုးခန်းလေးဘာလေးကာမထားဘူး "

စိတ်ထဲမှာ အူတိုစိတ်နဲ့အတူတူ နောက်တစ်ကြိမ် ထပ်ကြည့်မိပြန်တယ် ။ လွှမ်းငယ်က အရင်ကလို
ဖြူဖြူနုနုလေးမဟုတ်တော့ဘူး ။ နေပူထဲ အလုပ်လုပ်ထားမှန်းသိသာအောင် အသားတွေက ညိုနေလို့ ။
ကိုယ့်ကလေး ပင်ပန်းနေပြီထင်ပါရဲ့ ။

ကိုယ်က ကလေးတစ်ယောက်လို အမြဲမြင်နေမိတဲ့
လွှမ်းငယ်လေးက အရင်ကထက်တော့ လူကောင်ကပိုထွားလာက ဆံပင်လေးတွေကလည်း နီ
ကြောင်ကြောင်လေးနဲ့ ။ မြင်လိုက်တာနဲ့ အူယားစရာလေးဖြစ်နေတော့တာ ။

ဝေးကွာခဲ့တဲ့ အချိန်သုံးနှစ်အတွင်းမှာ ကိုယ်တိုင်လဲ အစစအရာရာ ပြန်သုံးသပ်ဖြစ်ခဲ့တယ် ။ စဖြစ်ခဲ့တဲ့
ပြဿနာရဲ့အရင်းအမြစ်မှာ ကိုယ်ကခံခဲ့ရတဲ့သူမို့ လက်တုန့်ပြန်ဖို့ ကြိုးစားခဲ့မိတာကိုတော့ ကိုယ့်အမှားရယ်လို့ ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ ။ နောက်ပိုင်း လွှမ်းငယ်ကို ချစ်မိသွားတဲ့အချိန်ကစပြီး ကိုယ်တိုင်က အမှားတွေကျူးလွန်ခဲ့မိလာတာ ။

ကိုယ့်အနားကနေ လွှမ်းငယ်ကို အခြားသူတွေက ခေါ်ထုတ်သွားမှာကြောက်တဲ့စိတ်နဲ့ အနီးစပ်ဆုံး အ
တူတူရှိနေတဲ့ ဒေါက်တာကို အသက်အန္တရာယ်ဖြစ်စေလောက်တဲ့အထိ ရန်ပြုခဲ့တာမျိုး ။ အခုပြန်တွေးမိရင်တောင် အခုနောင်တရမိပါတယ် ။

ကိုယ် မမှားတဲ့ အရာအတွက် ဘယ်တုန်းကမှ နောင်တမရတက်သလို ကိုယ်က အမှားလုပ်ထားရင်ဝန်ခံရဲတဲ့သတ္တိလည်း ရှိတဲ့သူမို့ ဒီနှစ်ထဲမှာပဲ လွှမ်း ရဲ့သူငယ်ချင်းကနေတဆင့် ဒေါက်တာကို ဆက်သွယ်ပြီး တောင်းပန်ခဲ့ပါတယ် ။

ဒေါက်တာကတော့ * အတိတ်မှာ ဘာတွေဖြစ်ခဲ့ ဖြစ်ခဲ့ ပစ္စုပ္ပန် နဲ့ အနာဂါတ်မှာ အကောင်းဆုံးနေကျရ
အောင် * လို့ သာပြောပြီး သူလည်း ဘာကိုမှတေးမှတ်မထားပါဘူးတဲ့ ။ နောက်ထပ်ပြောသွားတာက
* လွှမ်းလေးက သူ့အမျိုးသားကို မျှော်နေရှာမှာ*
တဲ့ ။

ကိုယ် သိရသလောက်ကတော့ အခုနောက်ပိုင်း
ဒေါက်တာနဲ့ လွှမ်းငယ်သူငယ်ချင်းရိပ်ငြိမ်က ထူးခြားတဲ့ဆက်ဆံရေးမျိုး ။ ဘာပဲဖြစ်ဖြစ် လွှမ်းငယ်နဲ့ မပတ်သက်တော့တာဟာ ကိုယ့်အတွက် ကံကောင်းခြင်းပဲပေါ့ ။

ဟိုဟိုဒီဒီတွေးနေတုန်း အခန်းဝဆီကနေအသံကြား
လိုက်လို့ လှည့်ကြည့်မိတော့ ရေချိုးပြီး အိမ်ပေါ်တက်လာတဲ့ လွှမ်းငယ် ။ ပုဆိုးတိုတိုနဲ့ အပေါ်ပိုင်းကို
တဘက်တစ်ထည်ခြုံထားလို့ ။ ကိုယ်လှည့်ကြည့်
တာကိုတွေ့တာနဲ့ ----

" ကျွန်တော် အဝတ်အစားတွေယူချင်လို့ "

" ဝင်ယူလေ "

ကိုယ့်စကားဆုံးတာနဲ့ လွှမ်းငယ်ကအခန်းထဲဝင်လာ
ပြီး ဗီဒိုထဲကနေ အကျႌ နဲ့ ပုဆိုးကို ထုတ်လိုက်ပါတယ် ။ ပြီးတာနဲ့ အခန်းအပြင်ကို ပြန်ထွက်ဖို့ ပြင်နေတာကြောင့် ----

" အဝတ်အစားလဲတာ အခန်းထဲမှာလဲလေ .... အပြင်မှာက အကာအရံမရှိပဲနဲ့ .... နောက်ပြီး ဧည့်ခန်းက
တံခါးမကြီးနဲ့ တန်းနေတာ "

" ဟို! !!! အပြင်မှာပဲ "

" ငါမင်းကို ကြည့်မှာစိုးလို့လား .... ကြည့်မနေဘူး မဲမဲသဲသဲမီးသွေးခဲကို ..... ကိုယ့်ဘာသာ ဒီအခန်းထဲမှာလဲ ..... ငါတစ်ဖက်လှည့်နေပေးမယ် "

ဦးမာန်ကတော့ ပြောပြီးတာနဲ့ တဖက်ကိုလှည့်သွားပါတယ် ။ အရင်က ဘယ်လိုပဲနေခဲ့နေခဲ့ သူနဲ့မတွေ့ရတာ သုံးနှစ်ရှိနေပြီဆိုတော့ အခု သူ့အရှေ့အဝတ်လဲရမှာ ရှက်သလိုလို ရှိန်သလိုလို ။ ဒီကြားထဲကိုယ့်ကို မီးသွေးခဲနဲ့နှိုင်းသွားသေးတာ ။

အပြောဆိုးတာကတော့ အရင်ကအတိုင်းမပြောင်းလဲ ။ သူ့အိမ်ထောင်ဖက်ကသူ့ကို ဘယ်လိုတွေ သည်းခံနေသလဲမသိ ။ ပြောမယ့်သာပြောရတာပါ ။ သူကလည်း ကိုယ့်တစ်ယောက်ကိုပဲ စကားလုံးကြမ်းကြမ်းသုံးတာ ။ သူ့အိမ်ထောင်ဖက်ကိုတော့ နူးနူးညံ့ညံ့ဆက်ဆံမှာပေါ့ ။

စိတ်ထဲကနေ တွေးချင်ရာတွေးနေပြီး လက်ကလဲ အကျႌနဲ့ပုဆိုးကို အမြန်လဲလိုက်ပါတယ် ။ ပြီးတာနဲ့ အနောက်ကိုလှည့်ကြည့်လိုက်တော့ ကုတင်ပေါ်မှာကိုယ့်ကိုနောက်ခိုင်းပြီးထိုင်နေတဲ့ ဦးမာန် ။ သူမျက်
နှာမူထားတဲ့ နံရံကိုကြည့်မိလိုက်တော့ အခန်းနံရံမှာ ကိုယ်ချိတ်ထားတဲ့ ကိုယ်လုံးတစ်ဝက်လောက်မြင်ရတဲ့ မှန်က ရှိနေတာ ။

ဦးမာန် လူညစ်ပတ်ကြီး မှန်ထဲကနေကိုယ့်ကိုကြည့်
နေတာပေါ့လေ ။ ကိုယ် နဲ့သူ မှန်ထဲကနေတဆင့်
အကြည့်ချင်းဆုံသွားချိန်မှာတော့ ဦးမာန်မျက်နှာက
ရီချင်နေတဲ့မျက်နှာကြီးနဲ့မို့ -----

" ဦးမာန် လူညစ်ပတ် ခင်ဗျား ကျုပ်ကို မှန်ထဲကနေ
ကြည့်နေတာမို့လား "

" ဟုတ်တယ်.... ဟား !!!!ဟား !!!! ဟား !!!"

" ခင်ဗျား တကယ်မကောင်းတဲ့လူပဲ "

" ရော်!!! ငါက ဘာလုပ်မိလို့လဲ ... ငါလဲ နောက်ခိုင်း
ပေးတာပဲလေ .... ငါ့မျက်နှာတည့်တည့်မှာ မှန်ရှိနေတာတော့ မတက်နိုင်ဘူး .... မစိုးရိမ်ပါနဲ့ မဲမဲသဲသဲတွေကို ငါမကြိုက်ပါဘူး "

" ခင်ဗျားမကြိုက်လို့ ကျေးဇူးတင်ပါတယ် "

ပြောပြီးတာနဲ့ လွှမ်း အခန်းထဲကနေထွက်လာလိုက်
တော့တယ် ။ မမကတော့ ဘယ်လိုစိတ်ကူးနဲ့ ဒီလူ
ကို ကိုယ့်အိမ်လွှတ်လိုက်တယ်မသိဘူး ။ တကယ်
ရူးချင်တော့တာပါပဲ ။

ဘာပဲဖြစ်ဖြစ် အခုချိန်မှာ သူကအိမ်ထောင်သည် ။ အတက်နိုင်ဆုံး ကိုယ်ကအနေအထိုင်ဆင်ခြင်ရ
မယ် ။ ကိုယ့်ဘဝလေးက အခုမှတည်ငြိမ်ခါစမို့ ဘာအကြောင်းနဲ့မှ ပြန်ပြီးစိတ်မဆင်းရဲချင်တော့ပါဘူး ။ အထူးသဖြင့် သူတို့လို ငွေရော ဂုဏ်ရှိန်ကျော်ကြားမှုရော ရှိနေတဲ့သူတွေနဲ့ ပိုပြီးမပတ်သက်ချင် ။

အခုလောလောဆယ်တော့ မပတ်သက်ချင်လဲ ကိုယ့်အိမ်ကိုလာတဲ့ ဧည့်သည်အနေနဲ့ ညနေစာကျွေးဖို့ ပြင်ရပြန်တယ် ။ ရေခဲသတ္တာထဲရှိနေတဲ့ ဟင်းတွေကို တစ်ခုစီပြန်ပြီးနွှေးနေတဲ့အချိန် လမ်းလျှောက်
လာတဲ့အသံကြားလို့ လှည့်ကြည့်လိုက်တော့ ဦး
မာန် ။

" ဒီအခန်းထဲ ဘာလာလုပ်တာလဲ "

" မင်း ဟင်းချက်တာ လာကြည့်တာ ....ဟင်းပြန်နွှေး
နေတာလား "

" ဟုတ်တယ် "

စကားပြောရင်းနဲ့ ဦးမာန်က အနားကိုရောက်လာပြီး
ဟင်းတွေကို တစ်ခုစီလိုက်ကြည့်နေပါတယ် ။ ကိုယ်
က အလုပ်မအားတာကြောင့် ဟင်းဆိုအကြော်အ
လှော်တွေလုပ်ပြီး ပြန်ပြန်နွှေးစားတာ ။ တစ်ခါချက်
ထားရင် အနည်းဆုံးသုံးရက်စာ ။

" မင်း ဟင်းတွေကို အမြဲအဲလိုတွေချက်ပြီး နွှေးစား
နေတာလား "

" ဟုတ်တယ် "

" အဲဒါ ကျန်းမာရေးအတွက်မကောင်းဘူးနော် "

" ဘာမှမဖြစ်ဘူး "

" ဘာမှမဖြစ်ပဲနေမလား .... အစားအသောက်တော့ ပူပူနွေးနွေးချက်စားသင့်တာလေ "

မီးဖိုခန်းထဲအထိ ဆရာကြီးလာလုပ်နေတဲ့ ဦးမာန်
ကိုစိတ်မရှည်လာတာနဲ့ မျက်နှာချင်းဆိုင် လှည့်ရပ်
လိုက်ရင်း ----

" ကျွန်တော် မနက်လေးနာရီလောက်ထပြီး ပန်းခူးရတယ် .... နောက်ပြီး အဲပန်းတွေကို ဖောက်သည်တွေဆီပို့ပေးရတယ် .... ပြန်လာရင် အပင်တွေရေလောင်းပေါင်းနှုတ်နဲ့ တစ်နေကုန်မနားရဘူး .... အဲ
တော့ ထမင်းပူဟင်းပူချက်စားဖို့ အချိန်မပေးနိုင်ဘူး
....နောက်ပြီး ဒီလိုစားယုံလောက်နဲ့တော့ ကျွန်တော့်
ကျန်းမာရေးက ပူပင်စရာမလိုဘူး .... အချိန်မှန်အိပ် အချိန်မှန်စား အလုပ်ကလဲလုပ်နေရတော့ .... ချွေးလဲအမြဲထွက်နေတာ .... ကိုယ်ခံအားကကောင်းပြီးသား "

ကိုယ့်စကားဆုံးတာနဲ့ ဦးမာန်က သူ့ခါးကိုကိုင်းလိုက်ရင်း သူ့မျက်နှာကို ကိုယ့်မျက်နှာနားတိုးလာကာ
-----

" ကိုယ် - ခံ- အား - ကောင်းတယ်ဆိုတာ တကယ်
လား "

ကိုယ့်ကို ရိသဲ့သဲ့လေသံနဲ့ ပေါက်ကရတွေ လာမေး
နေတဲ့ ဦးမာန်ရင်ဘက်ကို လက်နဲ့ ပြန်တွန်းထား
ရင်း ----

" ခင်ဗျားရဲ့ ပေါက်ကရအတွေးတွေ လာမပြောနဲ့
နော် .... လူကြီးဖြစ်ပြီး "

" ရော်!!! ငါက ရိုးရိုးသားသားမေးနေတာကို ... ဘာ
တွေရှက်နေရပြန်တာလဲ "

" မသိဘူး ခင်ဗျား အခန်းအပြင်ထွက်တော့ "

" မထွက်ဘူး .... ဒီဟင်းတွေလဲ မင်းမစားရဘူး .... ကျန်းမာရေးအတွက် မကောင်းလို့ပြောနေရင် နားထောင်မှပေါ့ .... ကိုယ်ခံအား တကယ်ကောင်းမကောင်းကတော့ .... နောက်မှ စမ်းသပ်တော့မယ် "

" ဦးမာန်! !!! ခင်ဗျား အိမ်ထောင်သည်နော်.... စကားပြောတာ သတိထား ...လိုတာထက်ပိုမလာနဲ့ "

" ငါက အိမ်ထောင်သည်ဆိုတော့ .... မင်းက လူပျိုလေးလား ..... သူစိမ်းတွေကြားမှာ လူပျိုယောင်ဆောင်နေပြီးတော့များ ... နေဦး အဲကိစ္စကို နောက်မှဆက်မယ် .... အခုတော့ ဟင်းကိစ္စအရင်ရှင်းမယ် "

ပြောပြီးတာနဲ့ ဦးမာန်က ကိုယ့်ကို ဘေးကိုတွန်းဖယ်လိုက်ရင် အိုးထဲကနွှေးလက်စဟင်းရော မနွှေးရ
သေးတဲ့ဟင်းတွေကိုပါ အကုန်ရောထည့်လိုက်ကာ
အိုးလိုက်ကြီး အမှိုက်တောင်းထဲ သွန်လိုက်ပါတော့တယ် ။ ပြီးတာနဲ့ ကိုယ့်ဘက်ကို ပြန်လှည့်ကြည့်လာရင်း -----

" ချက်မနေနဲ့ ပင်ပန်းတယ် .... ဆိုင်ကနေလှမ်းမှာပေးမယ် "

ဒီလူကြီးဟာလေ လွန်ခဲ့တဲ့သုံးနှစ်ကအတိုင်း အရာရာကို သူ့စိတ်သူ့သဘောအတိုင်း လုပ်နေတုန်းပါလား ။ ပြောပြန်ရင်လဲ သူသာသိ သာသာတက် ။

လွှမ်းကတော့ ကိုယ်မမြင်ဖူးတဲ့ သူ့အိမ်ထောင်ဖက်
အပေါ် အားနာနေမိပြီ ။ နောက်ဆုံးစကားတွေပြိုင်
မပြောချင်တာနဲ့ပဲ ဧည့်ခန်းထဲ ထွက်လာလိုက်ပါတယ် ။

တကယ်လဲ အချိန်တစ်နာရီလောက်အကြာမှာ ခြံ
ရှေ့ကို ကားတစ်စီးထိုးရပ်လာပြီး လူတစ်ယောက်
စားစရာတွေ လာပို့ပါတယ် ။ ထူးဆန်းတာက စားစ
ရာလာပို့တဲ့သူက သိန်းပေါင်းသောင်းချီတန်တဲ့ နောက်ဆုံးပေါ်ကားနဲ့ ။ ညနေစာအတူတူစားတော့လဲ
လွှမ်း သူ့ကိုစကားမပြော ။ သူကလဲ သူ့အိမ်သူ့ယာအတိုင်း သက်တောင့်သက်သာပုံစံနဲ့ ။ ရူးချင်တယ်။ နှစ်ညတောင် ဒီလူနဲ့ ဘယ်လိုနေရမလဲသာမသိ ။

စားသောက်ပြီးတာနဲ့ လွှမ်းလဲ မီးဖိုးခန်းထဲဝင်လာပြီး
ပန်ကန်တွေဆေးနေလိုက်ပါတယ် ။ အရှေ့မှာအားရုံစိုက်ပြီး ဆေးနေတုန်း လွှမ်း အနောက်ဖက် ကနေ လူတစ်ယောက်လာရပ်တာမို့ လှည့်ကြည့်လိုက်တော့ ဦးမာန်ဖြစ်နေတာနဲ့ ----

" ဘာလိုချင်လို့လဲ "

" ဘာမှမလိုချင်ပါဘူး မင်းကိုဝိုင်းကူပေးမလို့ "

" ရတယ် မလိုဘူး "

" မရပါဘူး ကူရမှာပေါ့ "

ပြောပြောဆိုဆို ဦးမာန်က ကိုယ်ဂျိုင်းနှစ်ဖက်အောက်ကနေ သူ့လက်တွေကို လျိုဝင်လာရင် ပန်းကန်
ကိုကိုင်ထားတဲ့ ကိုယ်လက်တွေမပေါ်ကနေ သူ့လက်တွေက ထပ်ကိုင်လာပါတယ် ။ ကိုယ့်ခန္ဓာကိုယ်
တစ်ခုလုံးက သူ့ရင်ခွင်ထဲနစ်မြုပ်လို့ ။တဆက်ထဲ ကိုယ့်ရဲ့ ဂုတ်သားဆီကခပ်နွေးနွေးဝင်သက်ထွက်
သက်တစ်ခု ။ လွှမ်း စိတ်မရှည်လာတာနဲ့ ကိုယ့်တံတောင်နဲ့ သူဗိုက်နေရာကို နောက်ပြန်ထိုးချလိုက်ပါတော့တယ် ။

" အာ့! !!!! "

အရှိန်ပြင်းတာမို့ ဦးမာန်က နောက်ကို သုံးလှမ်းလောက်ဆုတ်သွားကာ သူ့ဗိုက်ကိုသူ လက်နဲ့အုပ်လို့ ။ လွှမ်း သူ့ကို လက်ညှိုးနဲ့ထိုးပြီး ----

" ဒီမှာနေတဲ့ နှစ်ရက်အတွင်း ကျွန်တော်နဲ့ဝေးဝေးနေ .... ဝေးဝေးမနေနိုင်ရင် တည်းခိုးခန်းသွားတည်း ..
အခုလဲ အခန်းထဲကထွက်သွားတော့ "

ကိုယ်က ဒေါသနဲ့ပြောနေသလောက် ဦးမာန်မျက်
နှာက ပြုံးစိစိ ။ ဒီလူ ကိုယ့်ကို သက်သက်ကြီး စိတ်
ဒုက္ခလာပေးနေတာပါလား ။

" မီးသွေးခဲက ချစ်စရာလေး "

" ဘာ !!!! ခင်ဗျားဘာပြောလိုက်တယ် "

" ဘာမှမပြောဘူး .... တော်ပြီတော်ပြီ ကိုယ်တကယ်ဗိုက်အောင့်သွားလို့ မစတော့ဘူး .... အကောင်းမို့လဲလာကူရသေးတယ် .... မောင်တထမ်း မယ်တရွက်ဆိုတဲ့စကား မကြားဘူးဖူးလား "

" ခင်ဗျား! !!! "

" ဆက်မပြောတော့နဲ့ မင်းမောနေလိမ့်မယ်.... ကိုယ်
အခု အိပ်ခန်းထဲကနေ သွားစောင့်နေတော့မယ်သိလား .... ပြီးရင်လာခဲ့နော် "

ပြောချင်ရာပြောပြီး အခန်းထဲကနေလှစ်ကနဲ ထွက်
သွားတဲ့ ဦးမာန် ။ ကိုယ့်မှာသာ ဒေါသတွေက တနင့်တပိုးနဲ့ ။ တကယ်ရူးချင်တာပါပဲ ။

<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>

ညရောက်တော့ ဟိုလူကြီးကို ကိုယ့်ကုတင်ပေါ်မှာ
သိပ်ရမှာမို့ ကိုယ်က အိမ်ရှေ့ဘုရားကျောင်းရှေ့မှာ
အိပ်ဖို့ ပြင်နေတဲ့အချိန် ဦးမာန်က အခန်းထဲကနေထွက်လာပြီး ----

" အခန်းထဲ လာအိပ်လေ .... အပြင်မှာ အိပ်စရာလား "

" ရတယ် .... ဦးမာန်ပဲ လွတ်လွတ်လပ်လပ်အိပ် ....
ကျွန်တော်က ဒီမှာပဲအိပ်လိုက်မယ် "

" နားကောက်နေပြန်ပြီ .... အရင်ကလဲ ငါနဲ့မအိပ်
ဘူးတာကျနေတာပဲ "

" ဦးမာန်! !!! စကားပြောတာ ဆင်ခြင်နော် "

" ဆင်ခြင်စေချင်ရင် အခန်းထဲလာအိပ်လေ .... ကုတင်ပေါ်မှာမအိပ်ချင်ရင် ကုတင်အောက်ဖက်မှာအိပ် .... ဒီအပြင်မှာအိပ်နေရင် ငါလာပြီး ချီခေါ်မှာနော်
.... မင်းဒီမှာဆက်ပြီအိပ်နေရင် .... ငါချီခေါ်တာကို ခံ
ချင်နေလို့ပဲ "

ပြောပြီးတာနဲ့အခန်းထဲပြန်ဝင်သွားတဲ့ ဦးမာန်ကို မကျေမနပ်ကြည့်လိုက်ရင်း အိပ်ယာတွေကိုစုပြုံသယ်
လိုက်ရင်း အခန်းထဲဝင်လိုက်လာရပါတော့တယ် ။
ဒီလူကြီးက တကယ်လာချီမယ့်ရုပ် ။

မာန်ကတော့ ကုတင်ဘေးနားမှာ စူပုတ်ပုတ်မျက်နှာနဲ့ အိပ်ဖို့ပြင်နေတဲ့ကောင်လေးကို မသိမသာ အကဲခတ်နေမိတာ ။ ကိုယ့်အချီခံရမှာကိုကြောက်လို့ လိုက်လာရတဲ့ပုံစံနဲ့ ။ ခဏအကြာမှာတော့ လွှမ်းငယ်
က အသက်ရှုသံသဲ့သဲ့လေးနဲ့အတူ အိပ်မောကျသွားပါတော့တယ် ။

တစ်နေကုန်ပင်ပင်ပန်းပန်း အလုပ်လုပ်ရတော့ ညဆို အစောကြီးအိပ်ပျော်တာနေမှာပေါ့ ။ လွှမ်းလေး အိပ်ပျော်နေတာကို ခဏထိုင် ကြည့်ပြီးမှ ကိုယ်လဲ အိပ်ဖို့ပြင်လိုက်ပါတယ် ။

<<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>

သစ်သားကုတင်နဲ့အိပ်နေမကျတဲ့ ခန္ဓာကိုယ်က နာကျင်လာတာကြောင့် တစ်ရေးနိုးလာတဲ့အချိန် နာရီကိုကြည့်လိုက်တော့ ညတစ်နာရီကျော် ။ ဘေးနားမှာအိပ်နေတဲ့ လွှမ်းကိုကြည့်လိုက်တော့ အိပ်ယာထဲမှာမတွေ့ရတော့ ။ ကိုယ်လဲ အိပ်ယာပေါ်ကနေထလိုက်ပြီး အခန်းအပြင်ကိုထွက်လာလိုက်တဲ့အချိန် အိမ်တံခါးကပွင့်နေတာမို့ သွားကြည့်လိုက်တော့
အိမ်ရှေ့ခြံထဲက ခုံပေါ်မှာထိုင်ပြီး ဂီတာတီးနေတဲ့ကောင်လေး ။

( 🎼 ရာသီ မှောင်ရီနေပြီ ×× အလင်စက်တစ်ချို့က အားနည်းသွားပြီ ×× နေ့ရက်တစ်ခုရဲ့ နိဂုံးအဆုံးသတ် 🎼

🎼 အချိန် ကြာပြီဆိုပေမယ့်×× အသစ်အဟောင်းဖြစ်ဖို့လွယ်ကူတယ် ×× အဟောင်းက အသစ်ပြန်ဖြစ်
ဖို့တော့မလွယ် 🎼

🎼 အရာရာအားလုံး အကောင်းတိုင်းပဲ ×× အို ×× အရာရာအားလုံးဘဲ မပြောင်းလဲဘူး ×× နေသားတ
ကျပဲ 🎼

🎼 အလွမ်း ×× အလွမ်းညနေခင်း ×× အဖြစ်အပျက်တိုင်းဟာ မနေ့ကလိုပင် ×× ငါ့အတွက် အထီးကျန်ခြင်း နမိတ်ပုံတွေ ×× အလွမ်း ×× အလွမ်းညနေခင်း ×× အတိုင်းအဆမရှိ ပူဆွေးခြင်းများသည် ×× သောကမီး ××× ရင်မှာလောင်နေခဲ့ပြီ 🎼) 2

🎼 အိုး အိုး အိုး .... အို ××× အရာရာအားလုံး အ
ကောင်းတိုင်းပဲ ×× အရာရာအားလုံးဘဲ မပြောင်းလဲဘူး ×× နေသားတကျပဲ 🎼

( 🎼 အလွမ်း ×× အလွမ်းညနေခင်း ×× အဖြစ်အပျက်တိုင်းဟာ မနေ့ကလိုပင် ×× ငါ့အတွက် အထီးကျန်ခြင်း နမိတ်ပုံတွေ ×× အလွမ်း ×× အလွမ်းညနေခင်း ×× အတိုင်းအဆမရှိ ပူဆွေးခြင်းများသည် ×× သောကမီး ××× ရင်မှာလောင်နေခဲ့ပြီ 🎼)2

သီချင်းဆုံးသွားတာကြောင့် ဂီတာကို ဘေးနားမှာချလိုက်တဲ့အချိန် ----

" ဖြောင်း! !! ဖြောင်း! !! ဖြောင်း! !!! "

အနောက်ကနေ လက်ခုတ်တီးလိုက်တဲ့အသံကြောင့် လန့်ပြီးလှည့်ကြည့်လိုက်တော့ ဘယ်အချိန်ထဲက
ကိုယ့်အနောက်ကို ရောက်နေမှန်းမသိတဲ့ ဦးမာန် ။

" အတူတူနေလာတာ .... ဒီလောက်သီချင်းဆိုကောင်းမှန်းမသိခဲ့ဖူး "

ကိုယ်သီချင်းဆိုနေတာကို ဒီလူကြီးခိုးနားထောင်ေ
နတာလား ။ လွှမ်း နည်းနည်းတော့ရှက်သွားမိကာ----

" တစ်ရေးနိုးလာတာလား ဦးမာန်က "

" ဟုတ်တယ် .... တစ်ရေးနိုးတဲ့အချိန် မင်းကိုမတွေ့
လို့ လိုက်ရှာနေတာလေ "

" လိုက်ရှာရအောင် ကျွန်တော်က ကလေးလား ...
နောက်ပြီး ဒါက ကျွန်တော့်အိမ် "

" စကားများလိုက်တာ "

ပြောလဲပြော ဦးမာန်က ကိုယ့်ကိုဆက်ကနဲ ပွေ့ချီလိုက်တာမို့ လန့်သွားပြီး -----

" ဦးမာန်! !!! ဘာလုပ်တာလဲ .... အခုအောက်ပြန်
ချပေး .... အခုချပေးဆို ချပေးနော် "

" ငါ ပစ်ချလိုက်လို့ ခါးကျိုးသွားမယ်နော် .... ငြိမ်ငြိမ်
နေလိုက် "

ဦးမာန်ဆိုတဲ့လူက စိတ်မထင်ရင်မထင်သလို တကယ်လုပ်တက်တာကြောင့် လွှမ်း နည်းနည်းတော့လန့် ပါတယ် ။ ဆက်ရုန်းနေရင် တကယ်ပစ်ချလိုက်မှာစိုး
တာကြောင့် ငြိမ်နေလိုက်မိတုန်း ဦးမာန်ကတော့
ကိုယ့်ကိုချီပြီး အိပ်ခန်းထဲပြန်ခေါ်လာပြီး ကုတင်ပေါ်ကိုတင်လိုက်တာကြောင့် ----

" ကျွန်တော် အောက်မှာပဲ အိပ်မယ် "

လွှမ်း ကုတင်ပေါ်ကနေထဖို့ပြင်နေတုန်းမှာပဲ ဦးမာန်
က ကိုယ့်ကို ဆွဲဖက်လိုက်ရင်း သူပါ ကိုယ့်ဘေးနား
ဝင်လှဲအိပ်လိုက်ပါတယ် ။ သူ ဒီလိုကြီးလုပ်နေတာ လွှမ်းအတွက် ဘယ်လိုမှအဆင်မပြေ ။

" ဦးမာန်! !!! ကိုယ့်ဘာသာအိပ်လေ .... ကျွန်တော့်
ကို အခုလွှတ် .... ဒီလိုတွေလုပ်နေတာ မသင့်တော်
ဘူးနော် "

ကိုယ်ကအတင်းရုန်းလေ သူက အတင်းဆွဲဖက်လေနဲ့ ကိုယ့်ခန္ဓာကိုယ်တစ်ခုလုံးက ဦးမာန်ရင်ခွင်ထဲ နစ်
မြုပ်လို့ ။ ကိုယ့်ကို သူ့လက်တွေနဲ့သိုင်းဖက်ထားတဲ့
အပြင် လွှမ်းခြေထောက်တွေကိုပါ သူ့ခြေထောက်
တွေနဲ့ ခွပြီးချုပ်ထားတာ ။ ပြီးတာနဲ့ လွှမ်း နားရွက်
ဖျားလေးဆီ ခပ်ဖြေးဖြေးတစ်ချက်ကိုက်လိုက်ရင်း ----

" ဒီတိုင်းအိပ်ရအောင် လွှမ်းငယ်လေး .... မရုန်းနဲ့တော့ .... ဒီည ကိုယ် ကာမေသု မိစ္ဆာ သီလကို
ချိုးဖောက်မဖောက်က .... လွှမ်းငယ် ရုန်းနေလား
ငြိမ်နေလားပေါ်မူတည်တယ် .... ကိုယ်က အိမ်ထောင်သည်နော် .... ကိုယ်ငရဲရအောင်လာမလုပ်နဲ့
..... ငြိမ်ငြိမ်လေးအိပ်လိုက်တော့ "

ကြားလိုက်ရတဲ့စကားကြောင့် လွှမ်းမှာ ပြောစရာစကားတောင် ပျောက်ရှသွားရပါတော့တယ် ။ ဒီလူဟာ စကားတက်တိုင်း ပြောချင်ရာတွေပြောနေတော့တာပဲ ။

သူကပြောချင်ရာပြောပေမယ့် လွှမ်းက တကယ်မရုန်းရဲတော့တာပါ ။ သူပြောသလို ဒီတိုင်းအိပ်ရအောင်လဲ သူ့ဝင်သက်ထွက်သက်နွေးနွေးက ကိုယ့်လည်တိုင်တလျှောက် ခဏခဏကျရောက်လာလို့ ။

အဲလိုအချိန်တွေဆိုရင် အလိုက်မသိတဲ့ရင်ဘက်ကြီး
က ပေါက်ကွဲထွက်မတက် ခုန်ပေါက်နေတော့တာ ။ရူးတော့မယ် ဒီညမိုးမလင်းခင် ကိုယ်တကယ်ရူးရပါ
တော့မယ် ။

#Phoenix

Waiting for Part - 45
Thank you.

15.10.2021
A.M - 8:00

A/N - Comment တွေကို Rp မပြန်တာ စိတ်မဆိုးကျပါနဲ့နော် ။ တစ်နေ့ တစ်ပိုင်း Up နိုင်ဖို့တောင် တော်တော်ကြိုးစားရေးနေရလို့ပါ ။

Continue Reading

You'll Also Like

50.9K 7.1K 29
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...
13.8K 2.2K 18
⚠BDSM ⚠dominance Love in a dark heart Sex can be intense, but we can't even imagine the love in that heart..🏳️‍🌈 〰️Please read this carefully〰️ ⚠...
529K 104K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!
106K 11.4K 57
"ខ្ញុំមិនចេះកើតទុក្ខនោះទេហើយខ្ញុំក៏មិនខ្វល់ដែរបើគាត់មិនស្រលាញ់ខ្ញុំខ្ញុំនឹងពង្វក់គាត់ដោយកែវភ្នែកដ៍ស្រស់ស្អាតនឹងភាពផ្អែមល្ហែមរបស់ខ្ញុំ"ថេហ្យុង ពួកគេកើ...