Zawgyicode
>>မ်က္ေတာင္စိပ္စိပ္ေလးေတြကို ခ်စ္တယ္...
မ်က္လုံးဝိုင္းဝိုင္းေလးေတြကို ျမတ္ႏိုးတယ္...
ႏႈတ္ခမ္းပါးေလးကို အသည္းယားတယ္...
အကိုက တကယ္ၿပီးျပည့္စံုတဲ့ အလွနတ္ဘုရား တစ္ပါးပဲ...>>
အိပ္ေပ်ာ္ေနတဲ့ Jungkookကို ေငးၾကည့္ရင္း Yoongiစိတ္ထဲကေန ကဗ်ာေတြတန္းစီ ဆက္ေနမိသည္...စာေတြကဗ်ာေတြက ႏွလံုးသားနဲ႔ ရင္းေရးရတာမ်ိဳးဆိုတာ သူလက္ေတြ႔ ယံုရပါၿပီ...
အဖြဲ႔အႏြဲ႔ မကြၽမ္းက်င္လို႔ စာေမးပြဲေရာက္တိုင္း အခက္ေတြ႔ရတဲ့ သူက အခုေတာ့ အခ်စ္နဲ႔ေတြ႔မွ အခ်စ္အေၾကာင္းေတြ ကဗ်ာဖြဲ႔တတ္လာတာ...အကုိက သူ႔ရဲ႕အႀကီးမားဆံုးေသာ လပ္ကီးေလးပါ...
''အင္းးးး ''
လက္ႏွစ္ဖက္ကို အေပၚသို႔ေျမႇာက္လို႔ အပ်င္းေၾကာဆန္႔သည့္ အကိုက ဟိုလွိမ့္ဒီလွိမ့္လုပ္သည္...ကုတင္ေဘးမွာ ထိုင္ေနတဲ့ သူ႔ကိုလဲ ျမင္ပံုမေပၚ...အေၾကာေတြ ဆန္႔ထုတ္လို႔ဝမွ ထထိုင္လာသူက သူ႔ကိုျမင္ေတာ့သည္...
''ငယ္!...ဘယ္တုန္းက ေရာက္တာလဲ...''
''ခုနကမွပါ အကိုရဲ႕...ေန႔လည္ေန႔ခင္း အိမ္မွာအားေနလို႔ အကို႔ဆီလာတာ...အကိုအိပ္ေနလို႔...''
သူေျပာလိုက္ေတာ့ အကိုက မ်က္ေမွာင္ၾကဳတ္ၿပီး ကုတင္ေအာက္မွာ ထိုင္ေနတဲ့ သူ႔အား ဆြဲမကာ ဖက္လာတာေၾကာင့္ သူ႔မွာ အကို႔ရင္ခြင္ထဲ အင့္ခနဲရယ္...
''အဲ့ဒါမ်ား ႏိႈးတာမဟုတ္ပဲနဲ႔...''
''အကို အိပ္ေရးပ်က္မွာစိုးလို႔ေလ...အကို...လႊတ္ဦး...ငယ္အသက္႐ွဴက်ပ္လို႔...''
အားႀကီးနဲ႔ ဖက္ထားသည့္ အကိုေၾကာင့္ ခပ္ၿငီးၿငီး ေျပာလိုက္ေတာ့ အကိုကရယ္ၿပီး ဖယ္ေပးသည္...ထိုအစား သူ႔ကိုေ႐ွ႕သို႔ လွည့္ေစျပန္ကာ ေနာက္ကေနဖက္လို႔ ရင္ခြင္က်ယ္ထဲ ျမဳပ္ေစေလ၏...
စြပ္က်ယ္တစ္ထည္တည္း ဝတ္ထားတာမို႔ အကို႔ရင္အုပ္ႂကြက္သားေတြနဲ႔ သူ႔ေက်ာျပင္က ထိကပ္ေနရၿပီး သန္မာတဲ့ လက္ေမာင္းေတြကလည္း သူ႔တကိုယ္လံုးကို ခ်ဳပ္ထားသလို ျဖစ္ေနသည္...ေနရက်ပ္ေပမဲ့ ေႏြးလြန္းေတာ့ သေဘာက်သား...
''ငယ္...''
''ဗ်ာ...''
သူျပန္ထူးလိုက္ေသာ္လည္း အကိုက ေတာ္ေတာ္နဲ႔ စကားစမလာ...ထို႔ေၾကာင့္ အကို႔ပခံုးေပၚ ေနာက္ျပန္မွီခ်ရင္း အကို႔ကို ေမာ့ၾကည့္လိုက္ေတာ့ နမ္းခ်င္စရာ ေကာင္းေလာက္ေအာက္ ဆြဲေဆာင္မႈ႐ွိတဲ့ ေမး႐ိုးထင္းထင္းနဲ႔ ထိပ္တိုက္တိုးရဲ႕...
''ေျပာေလ အကို...မြ***''
တကယ္ပဲ မထိန္းႏိုင္စြာ ေမး႐ိုးကို လွမ္းနမ္းေတာ့ အကိုက ငံု႔ၾကည့္လို႔ျပံဳးၿပီး သူ႔နဖူးကို ဖိကပ္နမ္းလာသည္...မွိတ္က်သြားတဲ့ မ်က္ခြံထက္ကိုလည္း ဖိနမ္းလာေသးတာမို႔ သေဘာတက်ရယ္ေတာ့ အကိုက ႏွာေခါင္း႐ွံု႔လို႔ အသည္းယားဟန္ျပဳ၏...
''ဟို...ကိုယ္တို႔အေၾကာင္းေတြကိုေလ...Mediaက သိသြားၿပီ...''
''ဗ်ာ???''
သူအလန္႔တၾကား အကို႔ရင္ခြင္ထဲကထြက္ဖို႔ ျပင္လိုက္ေပမဲ့ အကိုက ျပန္ခ်ဳပ္ၿပီး ဒီအတိုင္း ေနခိုင္းသည္...ဆူညံေနတဲ့ အကို႔ရင္ခုန္သံေတြက သူ႔ေက်ာျပင္ကိုပင္ ႐ိုက္ခတ္ေနေသးတာ...
''ဒါမဲ့ မပူပါနဲ႔...ကိုယ့္Fanေတြက နားလည္မႈ႐ွိပါတယ္...ဘာမွမျဖစ္ဘူး...ေနာ္...''
သူ႔ကိုမစိုးရိမ္ဖို႔ ေျပာေနတဲ့ အကိုက ကိုယ္တိုင္ေတာ့ ေဝခြဲရခက္ေနတဲ့ပံု ေပၚတာမို႔ သူသက္ျပင္းခ်ၿပီး အကို႔ရင္ခြင္ထဲ ပိုလို႔တိုးဝင္ရင္း ခါးေပၚက လက္ေတြကို ျပန္လည္အုပ္ကိုင္လိုက္သည္...
''အကိုအဆင္ေျပရင္ ၿပီးေရာေလ...''
''အင္း...ေျပတယ္...ေျပတာမို႔လို႔ ကိုယ့္အနားမွာပဲ...''
Ring Ring Ring
ေျပာေနရင္းက စားပြဲေပၚမွ ျမည္ထြက္လာတဲ့ ဖုန္းသံက်ယ္က်ယ္ေလာင္ေလာင္ေၾကာင့္ အကို႔စကားေတြဟာ ရပ္တန္႔သြားသည္...
''ငယ္...ကိုယ္ေခါင္းေတြကိုက္ေနလို႔ သံပရာရည္ေလး ေဖ်ာ္ေပးမလား...''
ပါးကိုႏွာေခါင္းနစ္ဝင္ေအာင္ထိ နမ္း႐ိႈက္ျပီး ေျပာလာသူႀကီးအား ခိုင္းစားေနတာလားဆိုတဲ့ အၾကည့္တခ်က္ကို ၾကည့္ေပးခဲ့ရင္း သူထြက္လာခဲ့လိုက္သည္...
သို႔ေသာ္ မီးဖိုေခ်ာင္ထဲေရာက္မွ သူျပန္သတိရသည္က သူမွ သံပရာရည္ မေဖ်ာ္တတ္တာ...ထားလိုက္ေတာ့...အကို႔အတြက္ပဲဟာ...ေဖ်ာ္တတ္သလိုသာ ေဖ်ာ္သြားလိုက္ေတာ့မည္...
_ Offered
Hand _
''ဟုတ္...ေျပာပါ CEO...''
''သတင္းေတြကို ျမန္ျမန္ဖြင့္ၾကည့္ Jungkook...ၿပီးရင္ မင္းဘာဆက္လုပ္မလဲဆံုးျဖတ္...''
ခပ္ျပတ္ျပတ္ေျပာၿပီး က်သြားတဲ့ ဖုန္းလိုင္းေနာက္မွာ Jungkookလက္ေခ်ာင္းေလးေတြ တဆက္ဆက္ တုန္လာသည္...ႀကိဳေတြးၿပီးသားမို႔ အဆင္ေျပမယ္ ထင္ခဲ့ေပမ့ဲ လက္ေတြ႔ၾကံဳလာရေတာ့လည္း သူတကယ္အဆင္မေျပပါ...
စိတ္တိုလြန္းလို႔ ေက်ာင္းေနာက္ဆံုးရက္တုန္းက သူနဲ႔ငယ့္ပံုေတြကို ႐ိုက္ယူၿပီး ျဖန္႔ခဲ့တဲ့ ေကာင္မေလးတခ်ိဳ႕ကိုပင္ သြားသတ္ပစ္ခ်င္လာသည္...
သူ႔ကိုေျပာေနၾကတာဆိုရင္ေတာင္ ခံသာဦးမည္...အခုဟာက Netizenေတြအားလံုးနီးပါး ငယ့္ကိုပဲ ဝိုင္းေျပာထားၾကတာ...အထူးသျဖင့္ ငယ့္ေက်ာင္းေနဖက္ေတြ...
**ထင္သားပဲ...အဲ့ကေဝေကာင္ အဆိုေတာ္ Jungkookကို ျမဴစြယ္ထားတယ္ဆိုတာ...**
**အကိုJungkook Fanေတြကို သတိေပးထားမယ္ေနာ္...အဲ့ေကာင္နဲ႔ လံုးဝသေဘာမတူနဲ႔...အဲ့ကေလးလိုလို ဘာလိုလိုေကာင္က မေကာင္းဆိုးဝါး...**
**ငါက Jungkook Fanေတာ့ မဟုတ္ဘူး...ဒါေပမဲ့ Jungkookကို သတိေပးခ်င္တယ္...ငါဆို Min Yoongiနဲ႔ တခန္းတည္း ေနခဲ့ရတာမို႔ အဲ့မေကာင္းဆိုးဝါးအေၾကာင္း အကုန္သိတယ္...**
စတဲ့စတဲ့ ေဝဖန္စာေတြေၾကာင့္ သူေခါင္းေပါက္ထြက္မတတ္ အံုခဲလာရသည္...အဲ့ဒီဗ႐ုတ္သုတ္ခေတြ ေသြးထိုးလို႔ ငယ္နဲ႔သူ႔ကို သေဘာတူတဲ့ ပရိသတ္ေတြေတာင္ အခုသူ႔ကို ဆန္႔က်င္လာသည္...
**Jungkookie...သူ႔ကိုလမ္းခြဲလိုက္...**
**KookKook...ညီမတို႔ စိတ္မခ်ဘူးေနာ္...**
**ေယာက်ာ္းခ်င္းႀကီးေလ...ျပီးေတာ့ မေကာင္းဆိုးဝါးတဲ့...ရည္းစားမေတာ္စမ္းပါနဲ႔ Jeonnieရယ္...က်စ္...ဒီေခတ္မွာ ဒီလိုစိတ္ပ်က္စရာေတြ ႐ွိေသးတာပဲလား...**
''Tsk!!!"
ေတာက္ကို ဘယ္ေလာက္ပဲ ခပ္ျပင္းျပင္းေခါက္ေခါက္ ရင္ထဲက အစိုင္အခဲ ထုထည္ႀကီးက မျပယ္တာမို႔ ဖုန္းကို အေဝးသို႔ ပစ္ေပါက္ခြဲရင္း အိပ္ယာေပၚကေန သူထထြက္ခဲ့လိုက္သည္...
ဒီအခ်ိန္မွာ လိုအပ္ေနတာ ငယ့္ကိုပဲမို႔ ငယ္႐ွိရာကိုသာ လိုက္႐ွာေတာ့ မီးဖိုေခ်ာင္ထဲမွာ သံပရာရည္ေဖ်ာ္ဖို႔ အလုပ္႐ႈပ္ေနေလရဲ႕...
''ငယ္...''
အေနာက္ကေန သြားဖက္သည့္အခါ အလုပ္႐ႈပ္ေနသူေလးကိုယ္က ဆက္ခနဲတုန္သည္...ပါးအိအိကို နမ္း႐ႈိက္ေတာ့ ၫြတ္ေလသည့္ ႏႈတ္ခမ္းသားက ခ်စ္စဖြယ္အတိ...
''သံပရာရည္ ေဖ်ာ္ေနတယ္ေလဗ်...''
လႈပ္မရေအာင္ ခ်ဳပ္ဖက္ထားသည္အား ခပ္ေစာင့္ေစာင့္ေလး ေျပာလာတာမို႔ ခါးကိုဖက္ထားတာ ပိုတင္းေစကာ ေျမႇာက္လိုက္ေတာ့ ငယ္က တဟားဟား ေအာ္ရယ္ေလ၏...
''ကိုယ္ေဖ်ာ္မယ္...ငယ္မေဖ်ာ္တတ္ဖူးမလား...''
''အြန္း...ဒါမဲ့ ငယ့္ကိုသင္ေပးေလ...အဲ့လိုဆို ေနာက္ေန႔ေတြ အကိုေသာက္ခ်င္ရင္ ငယ္ေဖ်ာ္ေပးလို႔ ရတာေပါ့...''
ႏႈတ္ခမ္းတခြၽန္ခြၽန္နဲ႔ ေျပာလာသူေလးေၾကာင့္ သူႏွာေခါင္း႐ွံု႔ရင္း ငယ့္ကိုယ္ေလးကို ေနာက္တႀကိမ္ ရင္ခြင္ထဲ ျမဳပ္ေစလိုက္သည္...
''Okay...ကိုယ္ေဖ်ာ္ျပမယ္...ေသခ်ာၾကည့္ထား...''
ထိုအခါ ေခါင္းေလးၿငိမ့္တဲ့ ငယ္ေပါက္စက သူ႔ရင္ခြင္ထဲမွာ ၿငိမ္ေနရင္းသာ သူသံပရာရည္ ေဖ်ာ္တာကို ေသခ်ာလိုက္ၾကည့္ေနေလသည္...ခ်စ္ဖို႔ေကာင္းလြန္းလို႔ အႏွီးလူသားငယ္ေလးကို ဘယ္သူမွ မျမင္ေအာင္ ဖြက္ထားခ်င္လိုက္တာ...
''အယ္...ၿပီးသြားၿပီ...အရမ္းႀကီးလဲ မခက္ပါဘူး...ငယ္ဒါေလးေတာ့ လုပ္ႏိုင္မွာပါ...ေနာ့ အကို...ဟီးးး ''
သူ႔ရင္ဘတ္ေပၚ ေနာက္ျပန္ေလး မွီလာရင္း ေမာ့ၾကည့္လို႔ ရယ္ျပသည့္အခါ စိတ္အစဥ္က မထိန္းခ်ဳပ္ႏိုင္လွ...ထို႔ေၾကာင့္ လံုးထြက္ေနတဲ့ ႏွာေခါင္းေလးကို ကိုက္ဆြဲပစ္လိုက္သည္...
''အာ့...အကိုေနာ္...''
ႏွာထိပ္ေလးကို လက္နဲ႔ထိၿပီး စူပုပ္သြားတာေၾကာင့္ သူေအာ္ရယ္ရင္း ငယ့္မ်က္ႏွာနားေလးသို႔ ငံု႔မိုးက်ၿပီး ေမးဖ်ားကို ေ႐ွ႕တိုးေပးလိုက္ေတာ့ မအူမလည္ေလး ၾကည့္လာတဲ့ သူ႔ရဲ႕ငယ္...
''မေက်နပ္ဖူးမလား...ျပန္ကိုက္ေလ...''
သူ႔စကားအဆံုး မ်က္လံုးေလးေတြ ေမွးက်ဥ္းသြားတဲ့ ေကာင္ငယ္ေလးက တကယ္ႀကီးကို ေမးဖ်ားကို ဆြဲကိုက္ေတာ့သည္...ဘယ္ေလာက္ထိ သြားယားေနတယ္မသိ...အေတာ္ၾကာထိ လႊတ္မေပးတာေၾကာင့္ သြားေသးေသးေလးေတြက သူ႔အသားစိုင္ထဲမွာ စူးခနဲ နင့္ေန၏...
''တကယ္ကိုက္တယ္ဟ...Puppyေပါက္ေလးလား...''
''အကိုကိုက္ဆိုလို႔ေလ...''
''အင္းအင္း...ကိုက္ခိုင္းတိုင္းကိုက္တဲ့ Puppyေလးကို အရမ္းခ်စ္လို႔...''
ကိုယ္လံုးအိအိေလးကို ပိုတိုးဖက္ရင္းေျပာေတာ့ ပိုရန္ေကာဆိုၿပီး ၾကည့္လာသူေလး...သေဘာမက်တာလည္းမဟုတ္...မူေနသည့္ ေခြးေပါက္ေလးငယ့္ကို အသည္းတယားယား ဖ်စ္ညႇစ္ခ်င္စိတ္က အစိုးမရစြာနဲ႔ရယ္...
''ေတာ္ၿပီ ေတာ္ၿပီ...သံပရာရည္ ေသာက္မွာဆို...အရမ္းႀကီး ဖက္ထားရင္ အသက္႐ွဴၾကပ္တယ္...''
အတန္ငယ္႐ုန္းၿပီး ေျပာလာၿပီမို႔ ကိုယ္ငယ္ေလးကို လႊတ္ေပးၿပီး ပါးတဖက္ကို လက္နဲ႔လိမ္ဆြဲခဲ့ကာ သူသံပရာရည္ခြက္ကိုယူၿပီး ေျပးထြက္လာလိုက္ေတာ့သည္...မီးဖိုေခ်ာင္ထဲက ခပ္စူးစူး အသံေလးေၾကာင့္လဲ ေအာ္ရယ္ရင္းေပါ့...
''ပါးကိုလိမ္မဆြဲပါနဲ႔ဆိုေနာ္!!!"
_ Offered
Hand _
ဘာလုပ္ရမယ္ဆိုတဲ့ ဆံုးျဖတ္ခ်က္ကိုခ်ဖို႔ ေ႐ွ႕က ခပ္တည္တည္ထိုင္ေနသူရဲ႕ေ႐ွ႕မွာ ေတြးေတာရင္း အခ်ိန္ကုန္ေနခဲ့တာ ဆယ့္ငါးမိနစ္...သို႔ေသာ္ အခုထိလည္း အေျဖမထြက္ေသးပါ...
''ဆံုးျဖတ္တာ ၾကာလွခ်ည္လား Jungkook...ငါမင္းမို႔လို႔ ဒီေလာက္ထိ ေစာင့္ေပးေနတာေနာ္...''
တဖက္က အသံထြက္လာၿပီျဖစ္တဲ့အခါ သူ႔ရင္ထဲ ပိုလို႔႐ႈပ္ေထြးလာရေလ၏...အႏုပညာလုပ္ငန္းကို ဝါသနာပါလြန္းလို႔ ဘူဆန္ကေန ဆိုးလ္အထိ တက္လာခဲ့ရတာ...
Teamတခုထဲ ပါဝင္ခ်င္တာေတာင္ ဘယ္သူမွ လက္မခံလို႔ တေယာက္တည္း ႀကိတ္မွိတ္ႀကိဳးစားၿပီး Soloအေနနဲ႔ ရပ္တည္ခဲ့ရတာ...
အကိုအရင္း ျဖစ္ပါလ်က္ႏွင့္ ညီဆိုတဲ့ ဂ႐ုဏာေလး တခ်က္မ႐ွိပဲ ထူးခြၽန္တဲ့သူ ျဖစ္လာမွာ မဟုတ္ဖူးလို႔ လက္ညႇိဳးေငါက္ေငါက္ထိုးၿပီး သူ႔အကို Entertainment CEOဆီက အႏွိမ္ခံခဲ့ရတာ...
ျပန္ေတြးၾကည့္ေတာ့လည္း ရင္နာစရာေတြခ်ည္းပါပဲ...အဲ့လိုနာက်င္မႈေတြၾကားထဲက ေပ်ာ္ရႊင္မႈေလးတစ္ခုအျဖစ္နဲ႔ ငယ့္ကို႐ွာေတြ႔ခဲ့တာေလ...သူ႔ႏွလံုးသားက ဘယ္လိုခံစားခ်က္မ်ိဳးနဲ႔ ငယ့္ကိုလက္လႊတ္ဖို႔ ဆံုးျဖတ္ႏိုင္မွာလဲ...
''ကြၽန္ေတာ့္ကို ေနာက္ဆံုးအခြင့္အေရးေလးေပးပါ...ေနာက္တပတ္ စေနေန႔ကို ေနာက္ဆံုးConcertလုပ္ခြင့္ေပးပါ...''
''အင္း...ByeBye Stageေပါ့...မင္းတကယ္ပဲ ပရိသတ္ေတြကို စြန္႔လႊတ္လိုက္ၿပီေပါ့...''
ခနဲ႔သလို ေျပာလာတဲ့ Hyungကို သူေမာ့ၾကည့္လိုက္သည္...႐ုပ္ေလးနဲ႔မွ မလိုက္ေအာင္ အျပံဳးမဲ့မဲ့ ခ်ိတ္ဆြဲထားတဲ့ ထိုသူက သူ႔အကိုအရင္းမွ ဟုတ္ပါရဲ႕လား...
''ပရိသတ္ေတြကို စြန္႔လႊတ္လိုက္တာ မဟုတ္ဘူး Hyung...ကြၽန္ေတာ့္ေပ်ာ္ရႊင္မႈအတြက္ ဒီေလာကက ထြက္ခြာသြားတယ္ဆိုရင္ေတာင္ ကြၽန္ေတာ့္ပရိသတ္ေတြကို ကြၽန္ေတာ့္ရင္ထဲမွာ တသက္ေမ့မွာ မဟုတ္ဘူး...အဟင္း...Hyungကေတာ့ ဘယ္နားလည္မွာလဲ...Hyungမွာ ႏွလံုးသားမွ မ႐ွိဘဲ....ေပါ့ေပါ့ေလးပဲ ေတြးမွာေပါ့...''
တသက္နဲ႔တကိုယ္ Hyungနဲ႔ မ်က္လံုးခ်င္းဆံုေအာင္ၾကည့္ၿပီး ျပန္ခနဲ႔ဖူးတာဆိုလို႔ ဒါပထမဆံုးပါပင္...ထို႔အတြက္ေၾကာင့္ ျပန္ရတာကေတာ့ မ်က္ႏွာေပၚ ေရာက္လာတဲ့ စာရြက္ေတြေပါ့...
''ငါ့ကိုမင္းျပန္ခံေျပာစရာ မလိုဘူး Jeon JeongGuk!...''
''အဟက္...ဟုတ္ကဲ့...မေျပာရဲပါဘူး...ကြၽန္ေတာ္ေတာင္းဆိုတာေလးကိုေတာ့ သံုးႏွစ္သံုးမိုး ခင္ဗ်ားဆီမွာ ကြၽန္ခံခဲ့တဲ့ မ်က္ႏွာေလးေထာက္ၿပီး စဥ္းစားေပးေစခ်င္ပါတယ္...ဒါဆို ခြင့္ျပဳပါဦး Jeon Jiminshi...''
ဆက္ေနရင္လည္း စကားမ်ားရံုကလြဲၿပီး ေကာင္းတာမ႐ွိေတာ့သည္မို႔ ခပ္သြက္သြက္သာ ထြက္လာခဲ့လိုက္ေတာ့သည္...ဒီလို အသက္႐ွဴၾကပ္စရာေတြၾကားထဲက ျမန္ျမန္လြတ္သြားေတာ့လည္း ေကာင္းတာေပါ့...
_ Offered
Hand _
"Tsk!!!"
တစ္ေယာက္တည္း ပူေလာင္ေနရတဲ့ ဒုကၡက တကယ္မေသးဘူး...ညီျဖစ္သူ လမ္းမွားေရာက္မွာေၾကာက္လို႔ အျမဲထိန္းေက်ာင္းေပးေနခဲ့တာက ထိုေကာင္ေလးကို အျမင္ေစာင္းေစခဲ့သည္လား...
Jimin ထိုအခ်က္ကို မေတြးမိတာ အမွန္ပင္...ဒါပင္ကိုယ္စ႐ုိက္မို႔ ညီအကိုျဖစ္ေနလည္း ဒီပံုစံအတိုင္း ဆက္ဆံတာကို ထိုကေလးကေတာ့ သူ႔အေပၚ အထင္လြဲရက္သည္...
''ေနာက္တပတ္ စေနေန႔ Jungkook Final Showလုပ္မယ္...အဲ့ဒါ အခုေၾကျငာလိုက္ေတာ့...''
မန္ေနဂ်ာေတြကို မွာစရာ႐ွိတာ မွာၿပီးသည္ႏွင့္ ဆိုဖာေပၚ ထိုင္ခ်ရင္း မ်က္႐ိုးေၾကာေတြကို လက္နဲ႔ဖိႏွိပ္လိုက္သည္...ေျပာသြားလိုက္တာမ်ား...ဘူဆန္ကေန ဆိုးလ္ကိုတက္လာတဲ့အထိ ႐ွိရင္းစြဲ မအူမလည္ေလး JeongGuk မဟုတ္ေတာ့သလိုပဲ...အင္း...တကယ္လဲ ေျပာင္းလဲသြားပါျပီေလ...
''Min Yoongi...''
ထိုနာမည္ကို ေရရြတ္ရင္း သူ႔အေတြးထဲ ကေယာက္ကယက္ ျဖစ္လာရသည္...သူ႔ညီကို ဒီေလာက္ထိ စြဲလန္းသြားေအာင္ လုပ္ႏိုင္တဲ့ ထိုေကာင္ေလးအား အျပင္မွာ တခါေလာက္ ေတြ႔ဖူးခ်င္သည္...
အမ်ားေျပာသလို အဲ့ေကာင္ေလးက ကေဝအစစ္မ်ား ျဖစ္ေနမလား...ဒါအမွန္ဆိုရင္ေတာ့ JeongGukကို သူမရရေအာင္ တားရမွာပင္...႐ွိတာမွ ညီအကိုႏွစ္ေယာက္ထဲ...ညီငယ္ေလး ဒုကၡေရာက္မွာကိုေတာ့ Jeon Jiminတို႔ လက္ပိုက္ၾကည့္မေနႏိုင္ပါ...
''ဟယ္လို...မန္ေနဂ်ာကင္မ္...ငါ့ကို Min Yoongi ဖုန္းနံပါတ္ စံုစမ္းေပးစမ္းပါ...''
''...........''
''အင္း...ဒါပဲ...''
ဖုန္းခ်ၿပီးတာနဲ႔ အခန္းကို ကာရံထားတဲ့ မွန္နံရံေ႐ွ႕အား သြားရပ္လိုက္သည္...ေျပးလႊားေနတဲ့ ကားေတြကိုၾကည့္ၿပီး သူသင္ျပင္းခ်မိပါရဲ႕...
JeongGukေျပာခဲ့တဲ့ စကားေတြကိုလည္း အခုထိ နားထဲက မထြက္ႏိုင္ေသး...ႏွလံုးသားမ႐ွိတဲ့သူတဲ့လား ညီရယ္...
>>မင္းသိပ္ကာကြယ္ခ်င္ေနတဲ့ အဲ့ဒီအ႐ွင္က မင္းကို ဒုကၡေတြပဲ ေပးမဲ႔သူမို႔ ေက်းဇူးျပဳၿပီး မမိုက္စမ္းနဲ႔ Gukie...>>
Offered Hand_____________________________
အားမရဘူးလို႔...ဒါမဲ့လဲ ႀကိဳက္ေပးလို႔ ေက်းဇူးပါလို႔...Fightingလို႔...ခ်စ္တယ္လို႔😌...Love you all💜
Offered Hand_____________________________
Unicode
>>မျက်တောင်စိပ်စိပ်လေးတွေကို ချစ်တယ်...
မျက်လုံးဝိုင်းဝိုင်းလေးတွေကို မြတ်နိုးတယ်...
နှုတ်ခမ်းပါးလေးကို အသည်းယားတယ်...
အကိုက တကယ်ပြီးပြည့်စုံတဲ့ အလှနတ်ဘုရား တစ်ပါးပဲ...>>
အိပ်ပျော်နေတဲ့ Jungkookကို ငေးကြည့်ရင်း Yoongiစိတ်ထဲကနေ ကဗျာတွေတန်းစီ ဆက်နေမိသည်...စာတွေကဗျာတွေက နှလုံးသားနဲ့ ရင်းရေးရတာမျိုးဆိုတာ သူလက်တွေ့ ယုံရပါပြီ...
အဖွဲ့အနွဲ့ မကျွမ်းကျင်လို့ စာမေးပွဲရောက်တိုင်း အခက်တွေ့ရတဲ့ သူက အခုတော့ အချစ်နဲ့တွေ့မှ အချစ်အကြောင်းတွေ ကဗျာဖွဲ့တတ်လာတာ...အကိုက သူ့ရဲ့အကြီးမားဆုံးသော လပ်ကီးလေးပါ...
''အင်းးးး ''
လက်နှစ်ဖက်ကို အပေါ်သို့မြှောက်လို့ အပျင်းကြောဆန့်သည့် အကိုက ဟိုလှိမ့်ဒီလှိမ့်လုပ်သည်...ကုတင်ဘေးမှာ ထိုင်နေတဲ့ သူ့ကိုလဲ မြင်ပုံမပေါ်...အကြောတွေ ဆန့်ထုတ်လို့ဝမှ ထထိုင်လာသူက သူ့ကိုမြင်တော့သည်...
''ငယ်!...ဘယ်တုန်းက ရောက်တာလဲ...''
''ခုနကမှပါ အကိုရဲ့...နေ့လည်နေ့ခင်း အိမ်မှာအားနေလို့ အကို့ဆီလာတာ...အကိုအိပ်နေလို့...''
သူပြောလိုက်တော့ အကိုက မျက်မှောင်ကြုတ်ပြီး ကုတင်အောက်မှာ ထိုင်နေတဲ့ သူ့အား ဆွဲမကာ ဖက်လာတာကြောင့် သူ့မှာ အကို့ရင်ခွင်ထဲ အင့်ခနဲရယ်...
''အဲ့ဒါများ နှိုးတာမဟုတ်ပဲနဲ့...''
''အကို အိပ်ရေးပျက်မှာစိုးလို့လေ...အကို...လွှတ်ဦး...ငယ်အသက်ရှူကျပ်လို့...''
အားကြီးနဲ့ ဖက်ထားသည့် အကိုကြောင့် ခပ်ငြီးငြီး ပြောလိုက်တော့ အကိုကရယ်ပြီး ဖယ်ပေးသည်...ထိုအစား သူ့ကိုရှေ့သို့ လှည့်စေပြန်ကာ နောက်ကနေဖက်လို့ ရင်ခွင်ကျယ်ထဲ မြုပ်စေလေ၏...
စွပ်ကျယ်တစ်ထည်တည်း ဝတ်ထားတာမို့ အကို့ရင်အုပ်ကြွက်သားတွေနဲ့ သူ့ကျောပြင်က ထိကပ်နေရပြီး သန်မာတဲ့ လက်မောင်းတွေကလည်း သူ့တကိုယ်လုံးကို ချုပ်ထားသလို ဖြစ်နေသည်...နေရကျပ်ပေမဲ့ နွေးလွန်းတော့ သဘောကျသား...
''ငယ်...''
''ဗျာ...''
သူပြန်ထူးလိုက်သော်လည်း အကိုက တော်တော်နဲ့ စကားစမလာ...ထို့ကြောင့် အကို့ပခုံးပေါ် နောက်ပြန်မှီချရင်း အကို့ကို မော့ကြည့်လိုက်တော့ နမ်းချင်စရာ ကောင်းလောက်အောက် ဆွဲဆောင်မှုရှိတဲ့ မေးရိုးထင်းထင်းနဲ့ ထိပ်တိုက်တိုးရဲ့...
''ပြောလေ အကို...မွ***''
တကယ်ပဲ မထိန်းနိုင်စွာ မေးရိုးကို လှမ်းနမ်းတော့ အကိုက ငုံ့ကြည့်လို့ပြုံးပြီး သူ့နဖူးကို ဖိကပ်နမ်းလာသည်...မှိတ်ကျသွားတဲ့ မျက်ခွံထက်ကိုလည်း ဖိနမ်းလာသေးတာမို့ သဘောတကျရယ်တော့ အကိုက နှာခေါင်းရှုံ့လို့ အသည်းယားဟန်ပြု၏...
''ဟို...ကိုယ်တို့အကြောင်းတွေကိုလေ...Mediaက သိသွားပြီ...''
''ဗျာ???''
သူအလန့်တကြား အကို့ရင်ခွင်ထဲကထွက်ဖို့ ပြင်လိုက်ပေမဲ့ အကိုက ပြန်ချုပ်ပြီး ဒီအတိုင်း နေခိုင်းသည်...ဆူညံနေတဲ့ အကို့ရင်ခုန်သံတွေက သူ့ကျောပြင်ကိုပင် ရိုက်ခတ်နေသေးတာ...
''ဒါမဲ့ မပူပါနဲ့...ကိုယ့်Fanတွေက နားလည်မှုရှိပါတယ်...ဘာမှမဖြစ်ဘူး...နော်...''
သူ့ကိုမစိုးရိမ်ဖို့ ပြောနေတဲ့ အကိုက ကိုယ်တိုင်တော့ ဝေခွဲရခက်နေတဲ့ပုံ ပေါ်တာမို့ သူသက်ပြင်းချပြီး အကို့ရင်ခွင်ထဲ ပိုလို့တိုးဝင်ရင်း ခါးပေါ်က လက်တွေကို ပြန်လည်အုပ်ကိုင်လိုက်သည်...
''အကိုအဆင်ပြေရင် ပြီးရောလေ...''
''အင်း...ပြေတယ်...ပြေတာမို့လို့ ကိုယ့်အနားမှာပဲ...''
Ring Ring Ring
ပြောနေရင်းက စားပွဲပေါ်မှ မြည်ထွက်လာတဲ့ ဖုန်းသံကျယ်ကျယ်လောင်လောင်ကြောင့် အကို့စကားတွေဟာ ရပ်တန့်သွားသည်...
''ငယ်...ကိုယ်ခေါင်းတွေကိုက်နေလို့ သံပရာရည်လေး ဖျော်ပေးမလား...''
ပါးကိုနှာခေါင်းနစ်ဝင်အောင်ထိ နမ်းရှိုက်ပြီး ပြောလာသူကြီးအား ခိုင်းစားနေတာလားဆိုတဲ့ အကြည့်တချက်ကို ကြည့်ပေးခဲ့ရင်း သူထွက်လာခဲ့လိုက်သည်...
သို့သော် မီးဖိုချောင်ထဲရောက်မှ သူပြန်သတိရသည်က သူမှ သံပရာရည် မဖျော်တတ်တာ...ထားလိုက်တော့...အကို့အတွက်ပဲဟာ...ဖျော်တတ်သလိုသာ ဖျော်သွားလိုက်တော့မည်...
_ Offered
Hand _
''ဟုတ်...ပြောပါ CEO...''
''သတင်းတွေကို မြန်မြန်ဖွင့်ကြည့် Jungkook...ပြီးရင် မင်းဘာဆက်လုပ်မလဲဆုံးဖြတ်...''
ခပ်ပြတ်ပြတ်ပြောပြီး ကျသွားတဲ့ ဖုန်းလိုင်းနောက်မှာ Jungkookလက်ချောင်းလေးတွေ တဆက်ဆက် တုန်လာသည်...ကြိုတွေးပြီးသားမို့ အဆင်ပြေမယ် ထင်ခဲ့ပေမ့ဲ လက်တွေ့ကြုံလာရတော့လည်း သူတကယ်အဆင်မပြေပါ...
စိတ်တိုလွန်းလို့ ကျောင်းနောက်ဆုံးရက်တုန်းက သူနဲ့ငယ့်ပုံတွေကို ရိုက်ယူပြီး ဖြန့်ခဲ့တဲ့ ကောင်မလေးတချို့ကိုပင် သွားသတ်ပစ်ချင်လာသည်...
သူ့ကိုပြောနေကြတာဆိုရင်တောင် ခံသာဦးမည်...အခုဟာက Netizenတွေအားလုံးနီးပါး ငယ့်ကိုပဲ ဝိုင်းပြောထားကြတာ...အထူးသဖြင့် ငယ့်ကျောင်းနေဖက်တွေ...
**ထင်သားပဲ...အဲ့ကဝေကောင် အဆိုတော် Jungkookကို မြူစွယ်ထားတယ်ဆိုတာ...**
**အကိုJungkook Fanတွေကို သတိပေးထားမယ်နော်...အဲ့ကောင်နဲ့ လုံးဝသဘောမတူနဲ့...အဲ့ကလေးလိုလို ဘာလိုလိုကောင်က မကောင်းဆိုးဝါး...**
**ငါက Jungkook Fanတော့ မဟုတ်ဘူး...ဒါပေမဲ့ Jungkookကို သတိပေးချင်တယ်...ငါဆို Min Yoongiနဲ့ တခန်းတည်း နေခဲ့ရတာမို့ အဲ့မကောင်းဆိုးဝါးအကြောင်း အကုန်သိတယ်...**
စတဲ့စတဲ့ ဝေဖန်စာတွေကြောင့် သူခေါင်းပေါက်ထွက်မတတ် အုံခဲလာရသည်...အဲ့ဒီဗရုတ်သုတ်ခတွေ သွေးထိုးလို့ ငယ်နဲ့သူ့ကို သဘောတူတဲ့ ပရိသတ်တွေတောင် အခုသူ့ကို ဆန့်ကျင်လာသည်...
**Jungkookie...သူ့ကိုလမ်းခွဲလိုက်...**
**KookKook...ညီမတို့ စိတ်မချဘူးနော်...**
**ယောကျာ်းချင်းကြီးလေ...ပြီးတော့ မကောင်းဆိုးဝါးတဲ့...ရည်းစားမတော်စမ်းပါနဲ့ Jeonnieရယ်...ကျစ်...ဒီခေတ်မှာ ဒီလိုစိတ်ပျက်စရာတွေ ရှိသေးတာပဲလား...**
''Tsk!!!"
တောက်ကို ဘယ်လောက်ပဲ ခပ်ပြင်းပြင်းခေါက်ခေါက် ရင်ထဲက အစိုင်အခဲ ထုထည်ကြီးက မပြယ်တာမို့ ဖုန်းကို အဝေးသို့ ပစ်ပေါက်ခွဲရင်း အိပ်ယာပေါ်ကနေ သူထထွက်ခဲ့လိုက်သည်...
ဒီအချိန်မှာ လိုအပ်နေတာ ငယ့်ကိုပဲမို့ ငယ်ရှိရာကိုသာ လိုက်ရှာတော့ မီးဖိုချောင်ထဲမှာ သံပရာရည်ဖျော်ဖို့ အလုပ်ရှုပ်နေလေရဲ့...
''ငယ်...''
အနောက်ကနေ သွားဖက်သည့်အခါ အလုပ်ရှုပ်နေသူလေးကိုယ်က ဆက်ခနဲတုန်သည်...ပါးအိအိကို နမ်းရှိုက်တော့ ညွတ်လေသည့် နှုတ်ခမ်းသားက ချစ်စဖွယ်အတိ...
''သံပရာရည် ဖျော်နေတယ်လေဗျ...''
လှုပ်မရအောင် ချုပ်ဖက်ထားသည်အား ခပ်စောင့်စောင့်လေး ပြောလာတာမို့ ခါးကိုဖက်ထားတာ ပိုတင်းစေကာ မြှောက်လိုက်တော့ ငယ်က တဟားဟား အော်ရယ်လေ၏...
''ကိုယ်ဖျော်မယ်...ငယ်မဖျော်တတ်ဖူးမလား...''
''အွန်း...ဒါမဲ့ ငယ့်ကိုသင်ပေးလေ...အဲ့လိုဆို နောက်နေ့တွေ အကိုသောက်ချင်ရင် ငယ်ဖျော်ပေးလို့ ရတာပေါ့...''
နှုတ်ခမ်းတချွန်ချွန်နဲ့ ပြောလာသူလေးကြောင့် သူနှာခေါင်းရှုံ့ရင်း ငယ့်ကိုယ်လေးကို နောက်တကြိမ် ရင်ခွင်ထဲ မြုပ်စေလိုက်သည်...
''Okay...ကိုယ်ဖျော်ပြမယ်...သေချာကြည့်ထား...''
ထိုအခါ ခေါင်းလေးငြိမ့်တဲ့ ငယ်ပေါက်စက သူ့ရင်ခွင်ထဲမှာ ငြိမ်နေရင်းသာ သူသံပရာရည် ဖျော်တာကို သေချာလိုက်ကြည့်နေလေသည်...ချစ်ဖို့ကောင်းလွန်းလို့ အနှီးလူသားငယ်လေးကို ဘယ်သူမှ မမြင်အောင် ဖွက်ထားချင်လိုက်တာ...
''အယ်...ပြီးသွားပြီ...အရမ်းကြီးလဲ မခက်ပါဘူး...ငယ်ဒါလေးတော့ လုပ်နိုင်မှာပါ...နော့ အကို...ဟီးးး ''
သူ့ရင်ဘတ်ပေါ် နောက်ပြန်လေး မှီလာရင်း မော့ကြည့်လို့ ရယ်ပြသည့်အခါ စိတ်အစဉ်က မထိန်းချုပ်နိုင်လှ...ထို့ကြောင့် လုံးထွက်နေတဲ့ နှာခေါင်းလေးကို ကိုက်ဆွဲပစ်လိုက်သည်...
''အာ့...အကိုနော်...''
နှာထိပ်လေးကို လက်နဲ့ထိပြီး စူပုပ်သွားတာကြောင့် သူအော်ရယ်ရင်း ငယ့်မျက်နှာနားလေးသို့ ငုံ့မိုးကျပြီး မေးဖျားကို ရှေ့တိုးပေးလိုက်တော့ မအူမလည်လေး ကြည့်လာတဲ့ သူ့ရဲ့ငယ်...
''မကျေနပ်ဖူးမလား...ပြန်ကိုက်လေ...''
သူ့စကားအဆုံး မျက်လုံးလေးတွေ မှေးကျဉ်းသွားတဲ့ ကောင်ငယ်လေးက တကယ်ကြီးကို မေးဖျားကို ဆွဲကိုက်တော့သည်...ဘယ်လောက်ထိ သွားယားနေတယ်မသိ...အတော်ကြာထိ လွှတ်မပေးတာကြောင့် သွားသေးသေးလေးတွေက သူ့အသားစိုင်ထဲမှာ စူးခနဲ နင့်နေ၏...
''တကယ်ကိုက်တယ်ဟ...Puppyပေါက်လေးလား...''
''အကိုကိုက်ဆိုလို့လေ...''
''အင်းအင်း...ကိုက်ခိုင်းတိုင်းကိုက်တဲ့ Puppyလေးကို အရမ်းချစ်လို့...''
ကိုယ်လုံးအိအိလေးကို ပိုတိုးဖက်ရင်းပြောတော့ ပိုရန်ကောဆိုပြီး ကြည့်လာသူလေး...သဘောမကျတာလည်းမဟုတ်...မူနေသည့် ခွေးပေါက်လေးငယ့်ကို အသည်းတယားယား ဖျစ်ညှစ်ချင်စိတ်က အစိုးမရစွာနဲ့ရယ်...
''တော်ပြီ တော်ပြီ...သံပရာရည် သောက်မှာဆို...အရမ်းကြီး ဖက်ထားရင် အသက်ရှူကြပ်တယ်...''
အတန်ငယ်ရုန်းပြီး ပြောလာပြီမို့ ကိုယ်ငယ်လေးကို လွှတ်ပေးပြီး ပါးတဖက်ကို လက်နဲ့လိမ်ဆွဲခဲ့ကာ သူသံပရာရည်ခွက်ကိုယူပြီး ပြေးထွက်လာလိုက်တော့သည်...မီးဖိုချောင်ထဲက ခပ်စူးစူး အသံလေးကြောင့်လဲ အော်ရယ်ရင်းပေါ့...
''ပါးကိုလိမ်မဆွဲပါနဲ့ဆိုနော်!!!"
_ Offered
Hand _
ဘာလုပ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုချဖို့ ရှေ့က ခပ်တည်တည်ထိုင်နေသူရဲ့ရှေ့မှာ တွေးတောရင်း အချိန်ကုန်နေခဲ့တာ ဆယ့်ငါးမိနစ်...သို့သော် အခုထိလည်း အဖြေမထွက်သေးပါ...
''ဆုံးဖြတ်တာ ကြာလှချည်လား Jungkook...ငါမင်းမို့လို့ ဒီလောက်ထိ စောင့်ပေးနေတာနော်...''
တဖက်က အသံထွက်လာပြီဖြစ်တဲ့အခါ သူ့ရင်ထဲ ပိုလို့ရှုပ်ထွေးလာရလေ၏...အနုပညာလုပ်ငန်းကို ဝါသနာပါလွန်းလို့ ဘူဆန်ကနေ ဆိုးလ်အထိ တက်လာခဲ့ရတာ...
Teamတခုထဲ ပါဝင်ချင်တာတောင် ဘယ်သူမှ လက်မခံလို့ တယောက်တည်း ကြိတ်မှိတ်ကြိုးစားပြီး Soloအနေနဲ့ ရပ်တည်ခဲ့ရတာ...
အကိုအရင်း ဖြစ်ပါလျက်နှင့် ညီဆိုတဲ့ ဂရုဏာလေး တချက်မရှိပဲ ထူးချွန်တဲ့သူ ဖြစ်လာမှာ မဟုတ်ဖူးလို့ လက်ညှိုးငေါက်ငေါက်ထိုးပြီး သူ့အကို Entertainment CEOဆီက အနှိမ်ခံခဲ့ရတာ...
ပြန်တွေးကြည့်တော့လည်း ရင်နာစရာတွေချည်းပါပဲ...အဲ့လိုနာကျင်မှုတွေကြားထဲက ပျော်ရွှင်မှုလေးတစ်ခုအဖြစ်နဲ့ ငယ့်ကိုရှာတွေ့ခဲ့တာလေ...သူ့နှလုံးသားက ဘယ်လိုခံစားချက်မျိုးနဲ့ ငယ့်ကိုလက်လွှတ်ဖို့ ဆုံးဖြတ်နိုင်မှာလဲ...
''ကျွန်တော့်ကို နောက်ဆုံးအခွင့်အရေးလေးပေးပါ...နောက်တပတ် စနေနေ့ကို နောက်ဆုံးConcertလုပ်ခွင့်ပေးပါ...''
''အင်း...ByeBye Stageပေါ့...မင်းတကယ်ပဲ ပရိသတ်တွေကို စွန့်လွှတ်လိုက်ပြီပေါ့...''
ခနဲ့သလို ပြောလာတဲ့ Hyungကို သူမော့ကြည့်လိုက်သည်...ရုပ်လေးနဲ့မှ မလိုက်အောင် အပြုံးမဲ့မဲ့ ချိတ်ဆွဲထားတဲ့ ထိုသူက သူ့အကိုအရင်းမှ ဟုတ်ပါရဲ့လား...
''ပရိသတ်တွေကို စွန့်လွှတ်လိုက်တာ မဟုတ်ဘူး Hyung...ကျွန်တော့်ပျော်ရွှင်မှုအတွက် ဒီလောကက ထွက်ခွာသွားတယ်ဆိုရင်တောင် ကျွန်တော့်ပရိသတ်တွေကို ကျွန်တော့်ရင်ထဲမှာ တသက်မေ့မှာ မဟုတ်ဘူး...အဟင်း...Hyungကတော့ ဘယ်နားလည်မှာလဲ...Hyungမှာ နှလုံးသားမှ မရှိဘဲ....ပေါ့ပေါ့လေးပဲ တွေးမှာပေါ့...''
တသက်နဲ့တကိုယ် Hyungနဲ့ မျက်လုံးချင်းဆုံအောင်ကြည့်ပြီး ပြန်ခနဲ့ဖူးတာဆိုလို့ ဒါပထမဆုံးပါပင်...ထို့အတွက်ကြောင့် ပြန်ရတာကတော့ မျက်နှာပေါ် ရောက်လာတဲ့ စာရွက်တွေပေါ့...
''ငါ့ကိုမင်းပြန်ခံပြောစရာ မလိုဘူး Jeon JeongGuk!...''
''အဟက်...ဟုတ်ကဲ့...မပြောရဲပါဘူး...ကျွန်တော်တောင်းဆိုတာလေးကိုတော့ သုံးနှစ်သုံးမိုး ခင်ဗျားဆီမှာ ကျွန်ခံခဲ့တဲ့ မျက်နှာလေးထောက်ပြီး စဉ်းစားပေးစေချင်ပါတယ်...ဒါဆို ခွင့်ပြုပါဦး Jeon Jiminshi...''
ဆက်နေရင်လည်း စကားများရုံကလွဲပြီး ကောင်းတာမရှိတော့သည်မို့ ခပ်သွက်သွက်သာ ထွက်လာခဲ့လိုက်တော့သည်...ဒီလို အသက်ရှူကြပ်စရာတွေကြားထဲက မြန်မြန်လွတ်သွားတော့လည်း ကောင်းတာပေါ့...
_ Offered
Hand _
"Tsk!!!"
တစ်ယောက်တည်း ပူလောင်နေရတဲ့ ဒုက္ခက တကယ်မသေးဘူး...ညီဖြစ်သူ လမ်းမှားရောက်မှာကြောက်လို့ အမြဲထိန်းကျောင်းပေးနေခဲ့တာက ထိုကောင်လေးကို အမြင်စောင်းစေခဲ့သည်လား...
Jimin ထိုအချက်ကို မတွေးမိတာ အမှန်ပင်...ဒါပင်ကိုယ်စရိုက်မို့ ညီအကိုဖြစ်နေလည်း ဒီပုံစံအတိုင်း ဆက်ဆံတာကို ထိုကလေးကတော့ သူ့အပေါ် အထင်လွဲရက်သည်...
''နောက်တပတ် စနေနေ့ Jungkook Final Showလုပ်မယ်...အဲ့ဒါ အခုကြေငြာလိုက်တော့...''
မန်နေဂျာတွေကို မှာစရာရှိတာ မှာပြီးသည်နှင့် ဆိုဖာပေါ် ထိုင်ချရင်း မျက်ရိုးကြောတွေကို လက်နဲ့ဖိနှိပ်လိုက်သည်...ပြောသွားလိုက်တာများ...ဘူဆန်ကနေ ဆိုးလ်ကိုတက်လာတဲ့အထိ ရှိရင်းစွဲ မအူမလည်လေး JeongGuk မဟုတ်တော့သလိုပဲ...အင်း...တကယ်လဲ ပြောင်းလဲသွားပါပြီလေ...
''Min Yoongi...''
ထိုနာမည်ကို ရေရွတ်ရင်း သူ့အတွေးထဲ ကယောက်ကယက် ဖြစ်လာရသည်...သူ့ညီကို ဒီလောက်ထိ စွဲလန်းသွားအောင် လုပ်နိုင်တဲ့ ထိုကောင်လေးအား အပြင်မှာ တခါလောက် တွေ့ဖူးချင်သည်...
အများပြောသလို အဲ့ကောင်လေးက ကဝေအစစ်များ ဖြစ်နေမလား...ဒါအမှန်ဆိုရင်တော့ JeongGukကို သူမရရအောင် တားရမှာပင်...ရှိတာမှ ညီအကိုနှစ်ယောက်ထဲ...ညီငယ်လေး ဒုက္ခရောက်မှာကိုတော့ Jeon Jiminတို့ လက်ပိုက်ကြည့်မနေနိုင်ပါ...
''ဟယ်လို...မန်နေဂျာကင်မ်...ငါ့ကို Min Yoongi ဖုန်းနံပါတ် စုံစမ်းပေးစမ်းပါ...''
''...........''
''အင်း...ဒါပဲ...''
ဖုန်းချပြီးတာနဲ့ အခန်းကို ကာရံထားတဲ့ မှန်နံရံရှေ့အား သွားရပ်လိုက်သည်...ပြေးလွှားနေတဲ့ ကားတွေကိုကြည့်ပြီး သူသင်ပြင်းချမိပါရဲ့...
JeongGukပြောခဲ့တဲ့ စကားတွေကိုလည်း အခုထိ နားထဲက မထွက်နိုင်သေး...နှလုံးသားမရှိတဲ့သူတဲ့လား ညီရယ်...
>>မင်းသိပ်ကာကွယ်ချင်နေတဲ့ အဲ့ဒီအရှင်က မင်းကို ဒုက္ခတွေပဲ ပေးမဲ့သူမို့ ကျေးဇူးပြုပြီး မမိုက်စမ်းနဲ့ Gukie...>>
Offered Hand_____________________________
အားမရဘူးလို့...ဒါမဲ့လဲ ကြိုက်ပေးလို့ ကျေးဇူးပါလို့...Fightingလို့...ချစ်တယ်လို့😌...Love you all💜
Offered Hand_____________________________