Unicode
အကောက်ခွန်အရာရှိက အမူအယာမဲ့စွာနဲ့ "ကျေးဇူးပြု၍ ကျွန်တော်တို့ အဲ့တာကို စစ်ဆေးပါရစေ" လို့ သူ့ကို သတိပေးလာတဲ့အချိန်မှာ သူက ဟိုအမျိုးသမီးကို ရှာဖို့လုပ်လိုက်တယ်။
ခရီးဆောင်အိတ်ပေါ်ကသော့ကို သူတို့ဖွင့်နေကြတာကိုစောင့်ကြည့်ရင်း အူးယမ်က ဘေးမှာရပ်နေခဲ့တယ်။ လေထုက တစ်ခဏလောက် အတန်ငယ်သိမ်မွေ့နေတယ်။ ကံကောင်းစွာနဲ့ ခရီးဆောင်အိတ်ကို ဖွင့်လိုက်တဲ့အချိန်မှာ သာမန်အဝတ်အစားတွေသာ ရှိနေခဲ့တယ်။
နှံ့နှံ့စပ်စပ်ရှာဖွေနေကြတဲ့သူတို့ကို ကြည့်ရတာက နိမိတ်အချို့ကို ခံစားရစေတယ်။
အဝတ်အစားအိတ်တွေထဲမှာ စက္ကူအိတ်နှစ်ထုပ်ကို တွေ့လိုက်ရတယ်။ အူးယမ်က လန့်ဖြန့်သွားပေမယ့် အဲ့တာကိုဖွင့်လိုက်တဲ့အခါ ဂျင်ဆင်းတွေဖြစ်နေခဲ့တယ်။ နောက်ဆုံးတော့ အူးယမ်က သက်တောင့်သက်သာ အသက်ရှူထုတ်လိုက်တယ်။ ဒါပေမယ့် တစ်ဖက်လူတွေက သူ့ကို ချက်ချင်း သွားခွင့်မပြုကြဘူး။
"အထဲမှာ တစ်ထပ်ရှိတယ်"
အူးယမ်ရဲ့ဦးနှောက်က ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားတယ်။ သူက ချက်ချင်းနားလည်သွားပြီး ကြည့်ဖို့ သူ့ခေါင်းကို မြန်မြန်လှည့်လိုက်တယ်။ ဒါပေမယ့် မျက်စိတစ်မှိတ်အတွင်းမှာပဲ အမျိုးသမီးက ပျောက်ကွယ်သွားခဲ့ပြီဖြစ်တယ်။
ခရီးဆောင်အိတ်ရဲ့အောက်ခြေကို ဖွင့်လိုက်တဲ့အခါ တင်းကျပ်စွာထုတ်ပိုးထားတဲ့အိတ်လေးတွေကို ကြီးကျယ်ခမ်းနားစွာ ထုတ်ဖော်ပြနေတဲ့, ဝှက်ထားသောအထပ်တစ်ခုက တကယ်ကိုရှိနေခဲ့တယ်။
အဲ့တာကို လက်ထဲကိုင်ကာ ညှစ်ကြည့်ပြီးနောက် ဂရုတစိုက်ဖွင့်လိုက်တာကို မြင်ရတဲ့အခါမှာတော့ အူးယမ်ရဲ့ကျောက အေးစက်သွားခဲ့တယ်။ အိတ်တွေထဲမှာ အဖြူရောင်သလင်းကျောက်လေးတွေရှိနေတယ်။ မူးယစ်ဆေးဝါးအစစ်တွေက ဘာနဲ့တူတယ်ဆိုတာကို သူ မမြင်ဖူးပေမယ့်လည်း ဒီတစ်ခါမှာတော့ အဲ့တာကို နားလည်အောင် ပြောပြစရာမလိုဘူးဖြစ်တယ်။
သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ကလည်း အံ့အားသင့်သွားပြီး တစ်ခဏလောက် စကားမပြောနိူင်ခဲ့ဘူး။ သူတို့နှစ်ယောက်စလုံးက ပညာတတ်ပုဂ္ဂိုလ်များသာ ဖြစ်ကြတယ်။ သူတို့က ဒီလိုအခြေအနေကို ဘယ်တုန်းက ကြုံခဲ့လို့လဲ?
"ဒါ, ဒါ ငါ့ဟာ မဟုတ်ဘူး, ငါ အဲ့တာကို အခြားတစ်ယောက်အတွက် ကိုင်လာပေးတာ" အူးယမ်က သူ့ကိုယ်သူ သက်သေပြဖို့ စကားလုံးတွေမရှာနိူင်တော့ဘဲ သူ့အသံက တုန်ရီနေတယ်။
"အခြားလူတွေအတွက် အထုတ်အပိုးတွေ သယ်ပေးမယ်ဆိုရင် အကောက်ခွန်ဌာနကို မင်း ကြေညာပေးရမယ်လေ, မသိဘူးလား?"
"အာ, ငါ - ငါက ဒီတိုင်း ကူညီရုံသက်သက်ပဲ..."
အကောက်ခွန်အရာရှိအချို့က ရှာတွေ့တဲ့ပစ္စည်းတွေကို အိတ်ထဲထည့်ပြီး ဖုန်းခေါ်ဆိုနေကြတယ်။ အူးယမ် ဘာပဲပြောပြော သူတို့က သူ့ကျောပေါ်မှာ လက်တွေကို ဖိကပ်ရင်း သူ့ကို တစ်ဖက်ခြမ်းသို့ ခေါ်ဆောင်သွားကြတယ်။
"ပါမောက္ခဟယ်, ခင်ဗျားကော မမြင်လိုက်ဘူးလား? ကျွန်တော် ဒါကို အမျိုးသမီးငယ်တစ်ယောက်အတွက် သယ်ပေးတာ"
အဘိုးကြီးဟာ အရမ်းစိတ်လှုပ်ရှားနေတဲ့အတွက် သူ့မျက်နှာက ဖြူရော်နေတယ်, "ဟုတ်တယ်, ဒါ သူ့ဟာ မဖြစ်သင့်ဘူး", ဒုက္ခရောက်မှာ ကြောက်တာနဲ့ သူက အူးယမ်ကို ချက်ချင်းမေးလိုက်တယ်, "မင်း အဲ့လူကို တကယ်မသိတာလား?"
စိတ်ကောင်းနှလုံးကောင်းနဲ့, အခြားလူတွေအတွက် ခရီးဆောင်အိတ်ကို မသယ်ပေးတာက အသုံးချခံရမှာကို စိုးရိမ်လို့ဖြစ်တယ်။ သူက ဒီလိုစကားကို ကြားဖူးပေမယ့် သူ အဲ့တာကို တကယ်ကြုံတွေ့ရတဲ့အချိန်မှာတော့ လုံးဝကို သတိကြီးကြီးထားမှာမဟုတ်ဘူး။
အူးယမ်က အံ့သြတုန်လှုပ်ပြီး နောင်တရနေကာ သူ့ဦးနှောက်ကလည်း ရှုပ်ထွေးနေတယ်။ မနှစ်မြို့ဖွယ်အခြေအနေကို မြင်ရသောအခါ အဲ့အမျိုးသမီးက ထွက်သွားပြီဖြစ်ပြီး ဘာကိုမှ သက်သေမပြနိူင်ဘူး။
သူ မသိခဲ့ဘူးလို့ အဆက်မပြတ် အခိုင်အမာပြောဆိုခြင်းကလွဲပြီး သူ့ကိုယ်သူကာကွယ်ဖို့ နည်းလမ်းမရှိဘူးဖြစ်တယ်။
မက်သာ 1500 ဂရမ်လောက်ရှိတယ်။ သူ ဘာပဲပြောပြော အသုံးမဝင်ခဲ့ဘူး။ အော်ဟစ်နေစဥ်မှာပဲ အရပ်ရှည်တဲ့ရဲသားတွေက သူ့ကို ချုပ်နှောင်ထားပြီဖြစ်ပြီး သူ့လက်ကောက်ဝတ်တွေကတော့ အေးစက်နေတဲ့လက်ထိတ်တွေရဲ့ ညှာတာမှုမရှိစွာပိတ်လှောင်ခြင်းကို ခံထားရတယ်။
သူက ဒီလိုအရာတွေကို TV မှာသာ မြင်ဖူးတယ်။ အဲ့တာတွေကို သူ့နဲ့ပတ်သက်ပြီး သုံးရမယ့်နေ့ရှိလာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ အူးယမ်က ဒီတိုင်းကြည့်နေရင်းနဲ့ပဲ သတိလွတ်နေခဲ့တယ်။
ဒါပေမယ့် သူ့ရဲ့အထိတ်တလန့်အခြေအနေမှာတော့ ဆင်ခြင်တုံတရားအနည်းငယ်ရှိနေသေးတယ်။ ဒါကြောင့် သူက သူ့ကိုတွန်းနေတဲ့ရဲကို တောင်းပန်လိုက်တယ်, "ကျေးဇူးပြု၍, ကျေးဇူးပြု၍ ဖုန်းတစ်ခါလောက် ဆက်ပါရစေ"
သူ့လက်နှစ်ဖက်စလုံးကို လက်ထိတ်ခတ်ထားတဲ့ရဲက ပထမတော့ သူ့ကို လျစ်လျူရှုတယ်။ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့သူတွေကို ယဥ်ကျေးဖို့ မလိုအပ်ဘူး။ ဒီလိုလူတွေအားလုံးက ပါးနပ်တဲ့လူလိမ်တွေဖြစ်ပြီး ပိုတောင်မှ ရိုးစင်းပြီး ရိုးသားပုံပေါက်တဲ့သူတွေဖြစ်တယ်။
ဒါပေမယ့် သူက သူ့ရဲ့သနားစဖွယ်တောင်းပန်မှုကို မခံနိူင်တာကြောင့် ယူဆောင်ထားပြီးသားဖုန်းကို သူ့ဆီ ခဏကမ်းပေးလိုက်တယ်။
အူးယမ်က အကူအညီပေးနိူင်တဲ့ သူ့အလုပ်ထဲက အဆက်အသွယ်တွေ, ရှေ့နေသူငယ်ချင်းတွေရှိမရှိဆိုတာကို ကြည့်ဖို့အတွက် ကျောင်းလီကို အသိပေးသင့်လားဆိုတာကို စဥ်းစားရင်း စိတ်ကို တည်ငြိမ်အောင်ထားလိုက်တယ်။ အကြံဥာဏ်တောင်းဖို့ တစ်စုံတစ်ယောက်ကို ရှာတာကလည်း ကောင်းလိမ့်မယ်။
သူဟာ နံပါတ်တစ်ခုကို နှိပ်ရင်း လက်ချောင်းတွေက တုန်ယင်နေတယ်။ သူက ကိုးယို့ကားယားနိူင်နေပေမယ့် အမှားကို ဆက်လုပ်တယ်။ ဖုန်းရဲ့ main menu ကို ပြန်ရောက်တဲ့အချိန်မှာ သူက ခေါ်ဆိုမှုစာရင်းထဲကနေ မတော်တဆ ဖုန်းခေါ်မိသွားတယ်။ ပထမဆုံးနံပါတ်က ရှောင်ရွှမ်းရဲ့ဟာဖြစ်တယ်။ ခေါ်ဆိုမှုချိတ်ဆက်ပြီး ဖုန်းမချလိုက်ခင်အချိန်အထိ အူးယမ်ရဲ့လှုပ်ရှားမှုတွေက နှေးကွေးသွားတယ်။
"ဆရာ?"
ဒီအကြိမ်တော့ အူးယမ်က အဲ့လူကို ရှောင်ဖယ်ဖို့ မေ့သွားခဲ့တယ်။ ရင်းနှီးကျွမ်းဝင်သူတိုင်းက ဘဝကယ်တင်ရှင်လိုဖြစ်နေပြီး သူက ဖုန်းကို သူ့နားဆီ အလိုလိုထားလိုက်တယ်။
"ဆရာ ပြန်ရောက်နေပြီမို့ ကျွန်တော့်ကို ဖုန်းခေါ်တာလား?" လူငယ်ရဲ့အသံက အတော်ပျော်နေပုံရတယ်, "ဆရာ့ကို ကျွန်တော်လာကြိုသင့်လား?"
"ရှောင်, ရှောင်ရွှမ်း..."
"ဘာလဲဟင်?"
အူးယမ်က ဘာဖြစ်ခဲ့တယ်ဆိုတာကို အဆက်အစပ်မရှိဘဲ အထစ်ထစ်အငေါ့ငေါ့ပြောပြလိုက်တယ်။
တစ်ဖက်ခြမ်းမှာ တိတ်ဆိတ်မှုတစ်ခုရှိနေပြီး, "ခဏစောင့်, ကျွန်တော် လာခဲ့မယ်, သတိလက်လွတ်မပြောမိဖို့ကို အရင်သတိရနော်"
"ရှောင်, ရှောင်ရွှမ်း..."
"ရပါတယ်, ကျွန်တော် ဒီမှာရှိတယ်နော်, ဆရာ ကြောက်စရာမလိုဘူး"
ဘာကြောင့်မှန်းမသိဘဲ, သူက ရှောင်ရွှမ်း အဲ့လိုပြောတာကို ကြားလိုက်ရတဲ့အခိုက်အတန့်မှာ အရမ်းလုံခြုံသွားတယ်လို့ခံစားရပြီး သူ့သွားတွေတောင်မှ ရိုက်ခတ်မနေတော့ဘူး။
ရှောင်ရွှမ်း မပေါ်လာခဲ့ပေမယ့် ရှေ့နေတစ်ယောက်က မကြာခင် ရောက်လာတယ်။ အရပ်ရှည်ရှည်နဲ့လူမှာ သက်တောင့်သက်သာခံစားရစေတဲ့မျက်နှာရှိတယ်။ သူက အလျင်စလို အပြေးအလွှားရောက်လာရတာတောင်မှ သူ့မျက်နှာပေါ်မှာ စေ့စပ်သေချာတဲ့အပြုံးက ရှိနေတုန်းပဲ။
"ဟယ်လို, ကျွန်တော့်နာမည်အစစာလုံးက ကျန့်(Zhan) ပါ, မစ္စတာရှောင်းက လာခိုင်းလိုက်လို့, စိတ်အေးအေးထားပါ, စိတ်ပူစရာမလိုဘူး"
အူးယမ်က သူ့အတွေးတွေကို ရှင်းထုတ်ဖို့ အတတ်နိူင်ဆုံးလုပ်ရင်း, အနည်းငယ်တည်ငြိမ်သွားတယ်လို့ ခံစားလိုက်ရတယ်။ ကျန့်လော်(Zhan Luo)ရဲ့ တွဲဖက်ကူညီမှုနဲ့အတူ သူက ကြေညာချက်တစ်ခုလုပ်လိုက်တယ်။
စစ်ဆေးမေးမြန်းမှုဟာ ညှင်းပန်းနှိပ်စက်မှုတစ်ခုဖြစ်မယ်ဆိုတာ သေချာတယ်။ ဒီမူးယစ်ဆေးတွေကို ကိုင်ဆောင်လာဖို့ ဘယ်သူက စေခိုင်းတာလဲ, အကောက်ခွန်ကို ဖြတ်သန်းပြီးတာနဲ့ အဲ့တာတွေကို ဘယ်သူ့လက်ထဲအပ်မှာလဲ? သူ့ရဲ့တိုတောင်းသော တုန့်ပြန်ချက်တွေမှာ ကွက်ကွက်ကွင်းကွင်းစူးစမ်းရှာဖွေနေရင်း မေးခွန်းတွေက တစ်ခုပြီးတစ်ခု လိုက်လာတယ်။ ဒါပေမယ့် သူကတော့ စိတ်ရှုပ်ထွေးနေတဲ့သိုးတစ်ယောက်ကဲ့လို့ ဘာကိုမှမဖြေဘူး။
အကောက်ခွန်အရာရှိတွေကို ကျန့်လော် ဘာပြောလိုက်တယ်ဆိုတာ သူမသိဘူး။ ဘာပဲဖြစ်ဖြစ်, စစ်ဆေးမေးမြန်းမှုပြီးတဲ့နောက်မှာ သူဟာ တင်းကြပ်သောအချုပ်အနှောင်ကြားရှိနေဆဲဆိုပေမယ့် သူတို့ရဲ့သဘောထားတွေကတော့ ပိုပြီး နူးညံ့သိမ်မွေ့လာခဲ့တယ်။
ကျန့်လော်က ဆက်ပြီးညှိနှိုင်းဆွေးနွေးဖို့ ကျန်ရှိနေခဲ့တယ်။ အူးယမ်ကိုတော့ အချုပ်ခန်းဆီ ပြန်ခေါ်သွားတယ်။
အချုပ်ခန်းက အထူးအခွင့်အရေးတစ်မျိုးလို့ ယူဆနိူင်ပေမယ့် သူကတော့ ဒီဟာကြောင့် မပျော်ရွှင်နိူင်ဘူး။ အူးယမ်က လက်ထိတ်ဝတ်ထားရင်း အေးစက်နေတဲ့ကြမ်းပြင်ပေါ်ကို ထိုင်ချလိုက်တယ်။ သူ့ခြေထောက်တွေက ပိုတောင်မှ မခံမရပ်နိူင်အောင် နာကျင်နေကာ အနည်းငယ်ချဲကားထားလိုက်ပြီး သူ့မျက်လုံးတွေ*ကတော့ မှေးမှိန်လာခဲ့တယ်။ [ *စာသားကို တိုက်ရိုက်ပြန်မယ်ဆိုရင် 'သူ့နှာခေါင်းတွေက ချဥ်လာတယ်' လို့ အဓိပ္ပါယ်ရပါတယ်, သူက ငိုဖို့ အဆင်သင့်အနေအထားကို ရောက်နေတယ်လို့ ဆိုလိုတာပါ]
သူဟာ စည်းကမ်းအကောင်းဆုံးအိမ်ထောင်စုမှာကြီးပြင်းခဲ့တဲ့ စည်းကမ်းအရှိဆုံးလူဖြစ်တယ်။ သူက ရိုးသားစွာ ရှက်ကြောက်တတ်သူဖြစ်ပြီး မီးနီရှေ့တောင်မှ ဖြတ်မပြေးခဲ့ဘူး။
တစ်ပါးသူကိုကူညီတတ်တာက သူ့ရဲ့အလေ့အကျင့်ဖြစ်တယ်။ သူက တစ်ခုခုကို ပြန်တောင်းဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဘူး။ ဒါပေမယ့် ဒီလိုဆုလာဘ်ကို လက်ခံရရှိတာကတော့ သူ့ကို အလိုလို ဝမ်းနည်းကာ ဦးနှောက်ခြောက်စေခဲ့တယ်။
များသောအားဖြင့် "ရည်ရွယ်ချက်ကောင်း" တွေကို လူတွေ ဆက်ဆံတဲ့ပုံစံက "အမြတ်ထုတ်ခြင်း" နဲ့ပဲ။
လွန်ခဲ့တဲ့အချိန်အတော်ကြာက သူ့ကို တစ်စုံတစ်ယောက်က ဒီစကားတွေပြောခဲ့တယ်ဆိုတာကို ဝိုးတဝါးသတိရလိုက်ပေမယ့် သင်ခန်းစာယူဖို့ကိုတော့ သူရှုံးနိမ့်ခဲ့တယ်။ မသင်ယူချင်ခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိူင်ပါတယ်။ သူက ကောင်းမွန်တဲ့နှလုံးသားဟာ မှန်ကန်ပြီး လူ့သဘာဝက ကောင်းမွန်တယ်ဆိုတာကို သက်သေပြချင်တယ်။ ဒါပေမယ့် ရလဒ်တွေကတော့ သူ့ကို အမြဲတမ်းရှုပ်ထွေးစေခဲ့တယ်။
ဒီတစ်ခါတော့ သူက ရှောင်ရွှမ်းကို စဥ်းစားမိဆဲဖြစ်တယ်။ သူ့ကို မယုံရဲပေမယ့် ရှောင်ရွှမ်းက သူ့ကို ကူညီရန်ဆန္ဒရှိတယ်ဆိုတာကို ယုံကြည်ဖို့ အလွန်စိတ်အားထက်သန်နေတုန်းပဲ။ "ကျွန်တော် ဒီမှာရှိတယ်, ဆရာ စိတ်ပူဖို့မလိုဘူး" ဆိုတဲ့ အဲ့စကားက ကောင်းကင်ကြီး ပြိုကျလာရင်တောင်မှ စိတ်ပူစရာမလိုဘူးလို့ ခံစားရစေတယ်။
ဒါပေမယ့် ဟိုအမျိုးသမီးက ထွက်ပြေးသွားခဲ့ပြီ။ ကိစ္စတွေကိုဖြေရှင်းဖို့ နည်းလမ်းမရှိဘူးဆိုရင် ဘာဖြစ်မယ်ဆိုတာ သူ မသိဘူး။ ထောင်ကျခြင်းရဲ့ ဘေးဒုက္ခက သူ့အတွက်တော့ အခြားကမ္ဘာက ဘေးဒုက္ခပဲ။
မူးယစ်ဆေးလိုအရာက သေးငယ်တဲ့ပမာဏဆိုရင်တောင် ကြီးလေးတဲ့ရာဇဝတ်မှုဖြစ်တယ်ဆိုတာကိုပဲ သူသိတယ်။ ခရီးဆောင်အိတ်က သူ့ဟာမဟုတ်ဘူးဆိုတာကို သက်သေပြပြီး စုံစမ်းရေးမှူးရဲ့စွဲချက်တင်တာကို ရှင်းလင်းနိူင်ရင်တောင်မှ သူ့ကို ဖမ်းမိတဲ့အချိန်မှာ သူက ပစ္စည်းတွေနဲ့အတူရှိနေတယ်။ လျှို့ဝှက်စွာ ပူးပေါင်းကြံစည်တဲ့ရာဇဝတ်မှုက သူ့အတွက် လုံလောက်နေခဲ့ပြီ။ အရမ်းများတဲ့မက်သာတွေအတွက် စွဲချက်တင်တာက ဘာဖြစ်မလဲ, အဲ့တာကို တွေးရုံနဲ့တင် သူ့ကို ကြောက်ရွံ့စေခဲ့တယ်။
သူ့ရဲ့အဖျားက ပိုတောင် မြင့်လာတယ်။ အူးယမ်မှာ အဲ့တာကို ဂရုတစိုက်စဥ်းစားဖို့ နည်းလမ်းမရှိဘူး။ သူက နဖူးနဲ့ နံရံကို ထိထားလိုက်တယ်။
အချိန်တွေက တဖြည်းဖြည်းကုန်ဆုံးလာပြီး အခြေအနေက တိုးတက်လာပုံမရဘူး။ ကျန့်လော်က ဘယ်လောက်တောင် စေ့စပ်ညှိနှိုင်းနေလဲဆိုတာ, သူ အဲ့မှာ ရှိနေသေးလား, ပြန်သွားပြီလားဆိုတာတွေ သူမသိဘူး။ ရှောင်ရွှမ်းက လာမှာလား, ဒါမှမဟုတ် ဒီတိုင်း အပြောသက်သက်လားဆိုတာကိုလည်း သူမသိဘူး။
သူက တကယ်ကို ဘယ်တော့မှ အပြင်ပြန်မထွက်နိူင်လောက်တော့ဘူးလို့တွေးရင်း, စိတ်ရှုပ်ထွေးကာ ကြောက်ရွံ့လာခဲ့တယ်။ ချည့်နဲ့စွာနဲ့ပဲ, သူက အမေရိကန်မှာရှိတဲ့သူ့မိဘတွေကို တွေ့ချင်လာတယ်, ပြီးတော့ ကျောင်းလီကိုကောပဲ။ ရှောင်ရွှမ်းကိုလည်း တွေ့ချင်ခဲ့တယ်။
သူ့ရဲ့ရိုးရှင်းတဲ့ဘဝမှာ အဲဒီ့လူအနည်းငယ်ကပဲ သူ့ကို အမှတ်အသားတစ်ခုနောက်မှာ ချန်ထားခဲ့တယ်။
တစ်ညတာ အထိန်းသိမ်းခံရပြီးတဲ့နောက် အူးယမ်ရဲ့အဖျားက ပိုဆိုးလာတယ်။ သူ အိပ်ပျော်နေရင်း, ချမ်းလာပြီးတော့ တစ်ကိုယ်လုံးပူနေကာ သူ့ခေါင်းက ချာချာလည်နေခဲ့တယ်။
သူ့လည်ချောင်းက ခြောက်သွေ့လုနီးပါးဖြစ်နေတယ်။ သူစိတ်ရှုပ်ထွေးနေစဥ်မှာပဲ အဲ့တာ(လည်ချောင်း)က အရမ်းခြောက်သွေ့လွန်းတဲ့အတွက် မီးထတောက်တော့မလို ထင်ယောင်ထင်မှားဖြစ်ခဲ့တယ်။ အူးယမ်က ရေသောက်ဖို့ ထချင်ပေမယ့် သူ့မျက်လုံးတွေက အရမ်းပူလွန်းလို့ မဖွင့်နိူင်ဘူးဖြစ်ပြီး သူ့ခြေထောက်တွေကိုလည်း လုံးဝ မ,မနိူင်ခဲ့ဘူး။ သူက တုန်ယင်ရင်း ကွေးပြီးတော့သာ နေနိူင်တယ်။
အဖျားဒဏ်ကြောင့် သူဟာ အသက်ရှူဖို့ တဖြည်းဖြည်းပိုခက်ခဲလာခဲ့တယ်။ သူ အိပ်ငိုက်နေသော်လည်း အိပ်မပျော်နိူင်ခဲ့ဘူး။ သူဟာ အပိုင်းပိုင်းဖြစ်နေတဲ့ အိပ်မက်ဆိုးတွေကြား ထပ်ခါတလဲလဲ ရှုပ်ထွေးဝင်ရောက်နေခဲ့ပြီး လူးလိမ့်ကာ နာကျင်နေရတယ်။ အဓိပ္ပါယ်မရှိတာတွေ ပြောရင်း, သူက နံရံနဲ့ နဖူးကို မရပ်မနား ကြမ်းတမ်းစွာ ဆောင့်နေခဲ့တယ်။
သည်းမခံနိူင်လောက်တဲ့ အမှောင်ထုနဲ့ အပူအအေးသံသရာမှာ သူ့ရဲ့ခန္ဓာကိုယ်က ရုတ်တရက် နွေးထွေးသွားပြီး တိုးလျတဲ့အသံတစ်ခုကို သူ့နားမှာ ကြားလိုက်ရတယ်။ အူးယမ်က အဲ့တာကို ဝေခွဲဖို့ အတတ်နိူင်ဆုံးကြိုးစားပေမယ့် အဲ့တာက ရုတ်တရက် ဝေးသွားလိုက်, ရုတ်တရက် နီးလာလိုက်နဲ့ မရှင်းလင်းဘဲ ခံစားလိုက်ရတယ်။ တဖြည်းဖြည်းနဲ့ သူ့အသိစိတ်က တိတ်ဆိတ်မှုဆီ ကျရောက်သွားတော့တယ်။
အချိန်တွေ ဘယ်လောက်ကုန်သွားတယ်ဆိုတာကို သူ မသိဘူး။ သူ့မျက်နှာကို ထိတွေ့နေတဲ့လက်တစ်ဖက်ရှိတယ်ဆိုတာကို ခံစားလိုက်ရပုံပေါ်ပြီး သူက ချက်ချင်းဆိုသလို အနည်းငယ်နိုးထလာခဲ့တယ်။ သူ့နှာခေါင်းဝမှာ အေးစက်ပြီးညစ်ညမ်းတဲ့လေက မရှိတော့ဘူး။ အနည်းငယ်နွေးထွေးနေတဲ့ရနံ့ကတော့ လူကို အရမ်းသက်တောင့်သက်သာဖြစ်စေခဲ့တယ်။
Zawgyi
အေကာက္ခြန္အရာ႐ွိက အမူအယာမဲ့စြာနဲ႔ "ေက်းဇူးျပဳ၍ ကြၽန္ေတာ္တို႔ အဲ့တာကို စစ္ေဆးပါရေစ" လို႔ သူ႕ကို သတိေပးလာတဲ့အခ်ိန္မွာ သူက ဟိုအမ်ိဳးသမီးကို ႐ွာဖို႔လုပ္လိုက္တယ္။
ခရီးေဆာင္အိတ္ေပၚကေသာ့ကို သူတို႔ဖြင့္ေနၾကတာကိုေစာင့္ၾကည့္ရင္း အူးယမ္က ေဘးမွာရပ္ေနခဲ့တယ္။ ေလထုက တစ္ခဏေလာက္ အတန္ငယ္သိမ္ေမြ႕ေနတယ္။ ကံေကာင္းစြာနဲ႔ ခရီးေဆာင္အိတ္ကို ဖြင့္လိုက္တဲ့အခ်ိန္မွာ သာမန္အဝတ္အစားေတြသာ ႐ွိေနခဲ့တယ္။
ႏွံ႔ႏွံ႔စပ္စပ္႐ွာေဖြေနၾကတဲ့သူတို႔ကို ၾကည့္ရတာက နိမိတ္အခ်ိဳ႕ကို ခံစားရေစတယ္။
အဝတ္အစားအိတ္ေတြထဲမွာ စကၠဴအိတ္ႏွစ္ထုပ္ကို ေတြ႕လိုက္ရတယ္။ အူးယမ္က လန္႔ျဖန္႔သြားေပမယ့္ အဲ့တာကိုဖြင့္လိုက္တဲ့အခါ ဂ်င္ဆင္းေတြျဖစ္ေနခဲ့တယ္။ ေနာက္ဆုံးေတာ့ အူးယမ္က သက္ေတာင့္သက္သာ အသက္႐ွဴထုတ္လိုက္တယ္။ ဒါေပမယ့္ တစ္ဖက္လူေတြက သူ႕ကို ခ်က္ခ်င္း သြားခြင့္မျပဳၾကဘူး။
"အထဲမွာ တစ္ထပ္႐ွိတယ္"
အူးယမ္ရဲ႕ဦးေႏွာက္က ႐ုတ္တရက္ ထိတ္လန္႔တုန္လႈပ္သြားတယ္။ သူက ခ်က္ခ်င္းနားလည္သြားၿပီး ၾကည့္ဖို႔ သူ႕ေခါင္းကို ျမန္ျမန္လွည့္လိုက္တယ္။ ဒါေပမယ့္ မ်က္စိတစ္မွိတ္အတြင္းမွာပဲ အမ်ိဳးသမီးက ေပ်ာက္ကြယ္သြားခဲ့ၿပီျဖစ္တယ္။
ခရီးေဆာင္အိတ္ရဲ႕ေအာက္ေျခကို ဖြင့္လိုက္တဲ့အခါ တင္းက်ပ္စြာထုတ္ပိုးထားတဲ့အိတ္ေလးေတြကို ႀကီးက်ယ္ခမ္းနားစြာ ထုတ္ေဖာ္ျပေနတဲ့, ဝွက္ထားေသာအထပ္တစ္ခုက တကယ္ကို႐ွိေနခဲ့တယ္။
အဲ့တာကို လက္ထဲကိုင္ကာ ညႇစ္ၾကည့္ၿပီးေနာက္ ဂ႐ုတစိုက္ဖြင့္လိုက္တာကို ျမင္ရတဲ့အခါမွာေတာ့ အူးယမ္ရဲ႕ေက်ာက ေအးစက္သြားခဲ့တယ္။ အိတ္ေတြထဲမွာ အျဖဴေရာင္သလင္းေက်ာက္ေလးေတြ႐ွိေနတယ္။ မူးယစ္ေဆးဝါးအစစ္ေတြက ဘာနဲ႔တူတယ္ဆိုတာကို သူ မျမင္ဖူးေပမယ့္လည္း ဒီတစ္ခါမွာေတာ့ အဲ့တာကို နားလည္ေအာင္ ေျပာျပစရာမလိုဘူးျဖစ္တယ္။
သူ႕ရဲ႕လုပ္ေဖာ္ကိုင္ဖက္ကလည္း အံ့အားသင့္သြားၿပီး တစ္ခဏေလာက္ စကားမေျပာႏိူင္ခဲ့ဘူး။ သူတို႔ႏွစ္ေယာက္စလုံးက ပညာတတ္ပုဂၢိဳလ္မ်ားသာ ျဖစ္ၾကတယ္။ သူတို႔က ဒီလိုအေျခအေနကို ဘယ္တုန္းက ၾကဳံခဲ့လို႔လဲ?
"ဒါ, ဒါ ငါ့ဟာ မဟုတ္ဘူး, ငါ အဲ့တာကို အျခားတစ္ေယာက္အတြက္ ကိုင္လာေပးတာ" အူးယမ္က သူ႕ကိုယ္သူ သက္ေသျပဖို႔ စကားလုံးေတြမ႐ွာႏိူင္ေတာ့ဘဲ သူ႕အသံက တုန္ရီေနတယ္။
"အျခားလူေတြအတြက္ အထုတ္အပိုးေတြ သယ္ေပးမယ္ဆိုရင္ အေကာက္ခြန္ဌာနကို မင္း ေၾကညာေပးရမယ္ေလ, မသိဘူးလား?"
"အာ, ငါ - ငါက ဒီတိုင္း ကူညီ႐ုံသက္သက္ပဲ..."
အေကာက္ခြန္အရာ႐ွိအခ်ိဳ႕က ႐ွာေတြ႕တဲ့ပစၥည္းေတြကို အိတ္ထဲထည့္ၿပီး ဖုန္းေခၚဆိုေနၾကတယ္။ အူးယမ္ ဘာပဲေျပာေျပာ သူတို႔က သူ႕ေက်ာေပၚမွာ လက္ေတြကို ဖိကပ္ရင္း သူ႕ကို တစ္ဖက္ျခမ္းသို႔ ေခၚေဆာင္သြားၾကတယ္။
"ပါေမာကၡဟယ္, ခင္ဗ်ားေကာ မျမင္လိုက္ဘူးလား? ကြၽန္ေတာ္ ဒါကို အမ်ိဳးသမီးငယ္တစ္ေယာက္အတြက္ သယ္ေပးတာ"
အဘိုးႀကီးဟာ အရမ္းစိတ္လႈပ္႐ွားေနတဲ့အတြက္ သူ႕မ်က္ႏွာက ျဖဴေရာ္ေနတယ္, "ဟုတ္တယ္, ဒါ သူ႕ဟာ မျဖစ္သင့္ဘူး", ဒုကၡေရာက္မွာ ေၾကာက္တာနဲ႔ သူက အူးယမ္ကို ခ်က္ခ်င္းေမးလိုက္တယ္, "မင္း အဲ့လူကို တကယ္မသိတာလား?"
စိတ္ေကာင္းႏွလုံးေကာင္းနဲ႔, အျခားလူေတြအတြက္ ခရီးေဆာင္အိတ္ကို မသယ္ေပးတာက အသုံးခ်ခံရမွာကို စိုးရိမ္လို႔ျဖစ္တယ္။ သူက ဒီလိုစကားကို ၾကားဖူးေပမယ့္ သူ အဲ့တာကို တကယ္ၾကဳံေတြ႕ရတဲ့အခ်ိန္မွာေတာ့ လုံးဝကို သတိႀကီးႀကီးထားမွာမဟုတ္ဘူး။
အူးယမ္က အံ့ၾသတုန္လႈပ္ၿပီး ေနာင္တရေနကာ သူ႕ဦးေႏွာက္ကလည္း ႐ႈပ္ေထြးေနတယ္။ မႏွစ္ၿမိဳ႕ဖြယ္အေျခအေနကို ျမင္ရေသာအခါ အဲ့အမ်ိဳးသမီးက ထြက္သြားၿပီျဖစ္ၿပီး ဘာကိုမွ သက္ေသမျပႏိူင္ဘူး။
သူ မသိခဲ့ဘူးလို႔ အဆက္မျပတ္ အခိုင္အမာေျပာဆိုျခင္းကလြဲၿပီး သူ႕ကိုယ္သူကာကြယ္ဖို႔ နည္းလမ္းမ႐ွိဘူးျဖစ္တယ္။
မက္သာ 1500 ဂရမ္ေလာက္႐ွိတယ္။ သူ ဘာပဲေျပာေျပာ အသုံးမဝင္ခဲ့ဘူး။ ေအာ္ဟစ္ေနစဥ္မွာပဲ အရပ္႐ွည္တဲ့ရဲသားေတြက သူ႕ကို ခ်ဳပ္ေႏွာင္ထားၿပီျဖစ္ၿပီး သူ႕လက္ေကာက္ဝတ္ေတြကေတာ့ ေအးစက္ေနတဲ့လက္ထိတ္ေတြရဲ႕ ညႇာတာမႈမ႐ွိစြာပိတ္ေလွာင္ျခင္းကို ခံထားရတယ္။
သူက ဒီလိုအရာေတြကို TV မွာသာ ျမင္ဖူးတယ္။ အဲ့တာေတြကို သူ႕နဲ႔ပတ္သက္ၿပီး သုံးရမယ့္ေန႔႐ွိလာလိမ့္မယ္လို႔ ထင္မထားခဲ့ဘူး။ အူးယမ္က ဒီတိုင္းၾကည့္ေနရင္းနဲ႔ပဲ သတိလြတ္ေနခဲ့တယ္။
ဒါေပမယ့္ သူ႕ရဲ႕အထိတ္တလန္႔အေျခအေနမွာေတာ့ ဆင္ျခင္တုံတရားအနည္းငယ္႐ွိေနေသးတယ္။ ဒါေၾကာင့္ သူက သူ႕ကိုတြန္းေနတဲ့ရဲကို ေတာင္းပန္လိုက္တယ္, "ေက်းဇူးျပဳ၍, ေက်းဇူးျပဳ၍ ဖုန္းတစ္ခါေလာက္ ဆက္ပါရေစ"
သူ႕လက္ႏွစ္ဖက္စလုံးကို လက္ထိတ္ခတ္ထားတဲ့ရဲက ပထမေတာ့ သူ႕ကို လ်စ္လ်ဴ႐ႈတယ္။ မူးယစ္ေဆးဝါးေရာင္းဝယ္တဲ့သူေတြကို ယဥ္ေက်းဖို႔ မလိုအပ္ဘူး။ ဒီလိုလူေတြအားလုံးက ပါးနပ္တဲ့လူလိမ္ေတြျဖစ္ၿပီး ပိုေတာင္မွ ႐ိုးစင္းၿပီး ႐ိုးသားပုံေပါက္တဲ့သူေတြျဖစ္တယ္။
ဒါေပမယ့္ သူက သူ႕ရဲ႕သနားစဖြယ္ေတာင္းပန္မႈကို မခံႏိူင္တာေၾကာင့္ ယူေဆာင္ထားၿပီးသားဖုန္းကို သူ႕ဆီ ခဏကမ္းေပးလိုက္တယ္။
အူးယမ္က အကူအညီေပးႏိူင္တဲ့ သူ႕အလုပ္ထဲက အဆက္အသြယ္ေတြ, ေ႐ွ႕ေနသူငယ္ခ်င္းေတြ႐ွိမ႐ွိဆိုတာကို ၾကည့္ဖို႔အတြက္ ေက်ာင္းလီကို အသိေပးသင့္လားဆိုတာကို စဥ္းစားရင္း စိတ္ကို တည္ၿငိမ္ေအာင္ထားလိုက္တယ္။ အၾကံဥာဏ္ေတာင္းဖို႔ တစ္စုံတစ္ေယာက္ကို ႐ွာတာကလည္း ေကာင္းလိမ့္မယ္။
သူဟာ နံပါတ္တစ္ခုကို ႏွိပ္ရင္း လက္ေခ်ာင္းေတြက တုန္ယင္ေနတယ္။ သူက ကိုးယို႔ကားယားႏိူင္ေနေပမယ့္ အမွားကို ဆက္လုပ္တယ္။ ဖုန္းရဲ႕ main menu ကို ျပန္ေရာက္တဲ့အခ်ိန္မွာ သူက ေခၚဆိုမႈစာရင္းထဲကေန မေတာ္တဆ ဖုန္းေခၚမိသြားတယ္။ ပထမဆုံးနံပါတ္က ေ႐ွာင္႐ႊမ္းရဲ႕ဟာျဖစ္တယ္။ ေခၚဆိုမႈခ်ိတ္ဆက္ၿပီး ဖုန္းမခ်လိုက္ခင္အခ်ိန္အထိ အူးယမ္ရဲ႕လႈပ္႐ွားမႈေတြက ေႏွးေကြးသြားတယ္။
"ဆရာ?"
ဒီအႀကိမ္ေတာ့ အူးယမ္က အဲ့လူကို ေ႐ွာင္ဖယ္ဖို႔ ေမ့သြားခဲ့တယ္။ ရင္းႏွီးကြၽမ္းဝင္သူတိုင္းက ဘဝကယ္တင္႐ွင္လိုျဖစ္ေနၿပီး သူက ဖုန္းကို သူ႕နားဆီ အလိုလိုထားလိုက္တယ္။
"ဆရာ ျပန္ေရာက္ေနၿပီမို႔ ကြၽန္ေတာ္႕ကို ဖုန္းေခၚတာလား?" လူငယ္ရဲ႕အသံက အေတာ္ေပ်ာ္ေနပုံရတယ္, "ဆရာ့ကို ကြၽန္ေတာ္လာႀကိဳသင့္လား?"
"ေ႐ွာင္, ေ႐ွာင္႐ႊမ္း..."
"ဘာလဲဟင္?"
အူးယမ္က ဘာျဖစ္ခဲ့တယ္ဆိုတာကို အဆက္အစပ္မ႐ွိဘဲ အထစ္ထစ္အေငါ့ေငါ့ေျပာျပလိုက္တယ္။
တစ္ဖက္ျခမ္းမွာ တိတ္ဆိတ္မႈတစ္ခု႐ွိေနၿပီး, "ခဏေစာင့္, ကြၽန္ေတာ္ လာခဲ့မယ္, သတိလက္လြတ္မေျပာမိဖို႔ကို အရင္သတိရေနာ္"
"ေ႐ွာင္, ေ႐ွာင္႐ႊမ္း..."
"ရပါတယ္, ကြၽန္ေတာ္ ဒီမွာ႐ွိတယ္ေနာ္, ဆရာ ေၾကာက္စရာမလိုဘူး"
ဘာေၾကာင့္မွန္းမသိဘဲ, သူက ေ႐ွာင္႐ႊမ္း အဲ့လိုေျပာတာကို ၾကားလိုက္ရတဲ့အခိုက္အတန္႔မွာ အရမ္းလုံျခဳံသြားတယ္လို႔ခံစားရၿပီး သူ႕သြားေတြေတာင္မွ ႐ိုက္ခတ္မေနေတာ့ဘူး။
ေ႐ွာင္႐ႊမ္း မေပၚလာခဲ့ေပမယ့္ ေ႐ွ႕ေနတစ္ေယာက္က မၾကာခင္ ေရာက္လာတယ္။ အရပ္႐ွည္႐ွည္နဲ႔လူမွာ သက္ေတာင့္သက္သာခံစားရေစတဲ့မ်က္ႏွာ႐ွိတယ္။ သူက အလ်င္စလို အေျပးအလႊားေရာက္လာရတာေတာင္မွ သူ႕မ်က္ႏွာေပၚမွာ ေစ့စပ္ေသခ်ာတဲ့အျပဳံးက ႐ွိေနတုန္းပဲ။
"ဟယ္လို, ကြၽန္ေတာ္႕နာမည္အစစာလုံးက က်န္႔(Zhan) ပါ, မစၥတာေ႐ွာင္းက လာခိုင္းလိုက္လို႔, စိတ္ေအးေအးထားပါ, စိတ္ပူစရာမလိုဘူး"
အူးယမ္က သူ႕အေတြးေတြကို ႐ွင္းထုတ္ဖို႔ အတတ္ႏိူင္ဆုံးလုပ္ရင္း, အနည္းငယ္တည္ၿငိမ္သြားတယ္လို႔ ခံစားလိုက္ရတယ္။ က်န္႔ေလာ္(Zhan Luo)ရဲ႕ တြဲဖက္ကူညီမႈနဲ႔အတူ သူက ေၾကညာခ်က္တစ္ခုလုပ္လိုက္တယ္။
စစ္ေဆးေမးျမန္းမႈဟာ ညႇင္းပန္းႏွိပ္စက္မႈတစ္ခုျဖစ္မယ္ဆိုတာ ေသခ်ာတယ္။ ဒီမူးယစ္ေဆးေတြကို ကိုင္ေဆာင္လာဖို႔ ဘယ္သူက ေစခိုင္းတာလဲ, အေကာက္ခြန္ကို ျဖတ္သန္းၿပီးတာနဲ႔ အဲ့တာေတြကို ဘယ္သူ႕လက္ထဲအပ္မွာလဲ? သူ႕ရဲ႕တိုေတာင္းေသာ တုန္႔ျပန္ခ်က္ေတြမွာ ကြက္ကြက္ကြင္းကြင္းစူးစမ္း႐ွာေဖြေနရင္း ေမးခြန္းေတြက တစ္ခုၿပီးတစ္ခု လိုက္လာတယ္။ ဒါေပမယ့္ သူကေတာ့ စိတ္႐ႈပ္ေထြးေနတဲ့သိုးတစ္ေယာက္ကဲ့လို႔ ဘာကိုမွမေျဖဘူး။
အေကာက္ခြန္အရာ႐ွိေတြကို က်န္႔ေလာ္ ဘာေျပာလိုက္တယ္ဆိုတာ သူမသိဘူး။ ဘာပဲျဖစ္ျဖစ္, စစ္ေဆးေမးျမန္းမႈၿပီးတဲ့ေနာက္မွာ သူဟာ တင္းၾကပ္ေသာအခ်ဳပ္အေႏွာင္ၾကား႐ွိေနဆဲဆိုေပမယ့္ သူတို႔ရဲ႕သေဘာထားေတြကေတာ့ ပိုၿပီး ႏူးညံ့သိမ္ေမြ႕လာခဲ့တယ္။
က်န္႔ေလာ္က ဆက္ၿပီးညႇိႏိႈင္းေဆြးေႏြးဖို႔ က်န္႐ွိေနခဲ့တယ္။ အူးယမ္ကိုေတာ့ အခ်ဳပ္ခန္းဆီ ျပန္ေခၚသြားတယ္။
အခ်ဳပ္ခန္းက အထူးအခြင့္အေရးတစ္မ်ိဳးလို႔ ယူဆႏိူင္ေပမယ့္ သူကေတာ့ ဒီဟာေၾကာင့္ မေပ်ာ္႐ႊင္ႏိူင္ဘူး။ အူးယမ္က လက္ထိတ္ဝတ္ထားရင္း ေအးစက္ေနတဲ့ၾကမ္းျပင္ေပၚကို ထိုင္ခ်လိုက္တယ္။ သူ႕ေျခေထာက္ေတြက ပိုေတာင္မွ မခံမရပ္ႏိူင္ေအာင္ နာက်င္ေနကာ အနည္းငယ္ခ်ဲကားထားလိုက္ၿပီး သူ႕မ်က္လုံးေတြ*ကေတာ့ ေမွးမွိန္လာခဲ့တယ္။ [ *စာသားကို တိုက္႐ိုက္ျပန္မယ္ဆိုရင္ 'သူ႕ႏွာေခါင္းေတြက ခ်ဥ္လာတယ္' လို႔ အဓိပၸါယ္ရပါတယ္, သူက ငိုဖို႔ အဆင္သင့္အေနအထားကို ေရာက္ေနတယ္လို႔ ဆိုလိုတာပါ]
သူဟာ စည္းကမ္းအေကာင္းဆုံးအိမ္ေထာင္စုမွာႀကီးျပင္းခဲ့တဲ့ စည္းကမ္းအ႐ွိဆုံးလူျဖစ္တယ္။ သူက ႐ိုးသားစြာ ႐ွက္ေၾကာက္တတ္သူျဖစ္ၿပီး မီးနီေ႐ွ႕ေတာင္မွ ျဖတ္မေျပးခဲ့ဘူး။
တစ္ပါးသူကိုကူညီတတ္တာက သူ႕ရဲ႕အေလ့အက်င့္ျဖစ္တယ္။ သူက တစ္ခုခုကို ျပန္ေတာင္းဖို႔ ဘယ္တုန္းကမွ မေတြးခဲ့ဘူး။ ဒါေပမယ့္ ဒီလိုဆုလာဘ္ကို လက္ခံရ႐ွိတာကေတာ့ သူ႕ကို အလိုလို ဝမ္းနည္းကာ ဦးေႏွာက္ေျခာက္ေစခဲ့တယ္။
မ်ားေသာအားျဖင့္ "ရည္႐ြယ္ခ်က္ေကာင္း" ေတြကို လူေတြ ဆက္ဆံတဲ့ပုံစံက "အျမတ္ထုတ္ျခင္း" နဲ႔ပဲ။
လြန္ခဲ့တဲ့အခ်ိန္အေတာ္ၾကာက သူ႕ကို တစ္စုံတစ္ေယာက္က ဒီစကားေတြေျပာခဲ့တယ္ဆိုတာကို ဝိုးတဝါးသတိရလိုက္ေပမယ့္ သင္ခန္းစာယူဖို႔ကိုေတာ့ သူ႐ႈံးနိမ့္ခဲ့တယ္။ မသင္ယူခ်င္ခဲ့တာလည္း ျဖစ္ေကာင္းျဖစ္ႏိူင္ပါတယ္။ သူက ေကာင္းမြန္တဲ့ႏွလုံးသားဟာ မွန္ကန္ၿပီး လူ႕သဘာဝက ေကာင္းမြန္တယ္ဆိုတာကို သက္ေသျပခ်င္တယ္။ ဒါေပမယ့္ ရလဒ္ေတြကေတာ့ သူ႕ကို အၿမဲတမ္း႐ႈပ္ေထြးေစခဲ့တယ္။
ဒီတစ္ခါေတာ့ သူက ေ႐ွာင္႐ႊမ္းကို စဥ္းစားမိဆဲျဖစ္တယ္။ သူ႕ကို မယုံရဲေပမယ့္ ေ႐ွာင္႐ႊမ္းက သူ႕ကို ကူညီရန္ဆႏၵ႐ွိတယ္ဆိုတာကို ယုံၾကည္ဖို႔ အလြန္စိတ္အားထက္သန္ေနတုန္းပဲ။ "ကြၽန္ေတာ္ ဒီမွာ႐ွိတယ္, ဆရာ စိတ္ပူဖို႔မလိုဘူး" ဆိုတဲ့ အဲ့စကားက ေကာင္းကင္ႀကီး ၿပိဳက်လာရင္ေတာင္မွ စိတ္ပူစရာမလိုဘူးလို႔ ခံစားရေစတယ္။
ဒါေပမယ့္ ဟိုအမ်ိဳးသမီးက ထြက္ေျပးသြားခဲ့ၿပီ။ ကိစၥေတြကိုေျဖ႐ွင္းဖို႔ နည္းလမ္းမ႐ွိဘူးဆိုရင္ ဘာျဖစ္မယ္ဆိုတာ သူ မသိဘူး။ ေထာင္က်ျခင္းရဲ႕ ေဘးဒုကၡက သူ႕အတြက္ေတာ့ အျခားကမ႓ာက ေဘးဒုကၡပဲ။
မူးယစ္ေဆးလိုအရာက ေသးငယ္တဲ့ပမာဏဆိုရင္ေတာင္ ႀကီးေလးတဲ့ရာဇဝတ္မႈျဖစ္တယ္ဆိုတာကိုပဲ သူသိတယ္။ ခရီးေဆာင္အိတ္က သူ႕ဟာမဟုတ္ဘူးဆိုတာကို သက္ေသျပၿပီး စုံစမ္းေရးမႉးရဲ႕စြဲခ်က္တင္တာကို ႐ွင္းလင္းႏိူင္ရင္ေတာင္မွ သူ႕ကို ဖမ္းမိတဲ့အခ်ိန္မွာ သူက ပစၥည္းေတြနဲ႔အတူ႐ွိေနတယ္။ လွ်ိဳ႕ဝွက္စြာ ပူးေပါင္းၾကံစည္တဲ့ရာဇဝတ္မႈက သူ႕အတြက္ လုံေလာက္ေနခဲ့ၿပီ။ အရမ္းမ်ားတဲ့မက္သာေတြအတြက္ စြဲခ်က္တင္တာက ဘာျဖစ္မလဲ, အဲ့တာကို ေတြး႐ုံနဲ႔တင္ သူ႕ကို ေၾကာက္႐ြံ႕ေစခဲ့တယ္။
သူ႕ရဲ႕အဖ်ားက ပိုေတာင္ ျမင့္လာတယ္။ အူးယမ္မွာ အဲ့တာကို ဂ႐ုတစိုက္စဥ္းစားဖို႔ နည္းလမ္းမ႐ွိဘူး။ သူက နဖူးနဲ႔ နံရံကို ထိထားလိုက္တယ္။
အခ်ိန္ေတြက တျဖည္းျဖည္းကုန္ဆုံးလာၿပီး အေျခအေနက တိုးတက္လာပုံမရဘူး။ က်န္႔ေလာ္က ဘယ္ေလာက္ေတာင္ ေစ့စပ္ညႇိႏိႈင္းေနလဲဆိုတာ, သူ အဲ့မွာ ႐ွိေနေသးလား, ျပန္သြားၿပီလားဆိုတာေတြ သူမသိဘူး။ ေ႐ွာင္႐ႊမ္းက လာမွာလား, ဒါမွမဟုတ္ ဒီတိုင္း အေျပာသက္သက္လားဆိုတာကိုလည္း သူမသိဘူး။
သူက တကယ္ကို ဘယ္ေတာ့မွ အျပင္ျပန္မထြက္ႏိူင္ေလာက္ေတာ့ဘူးလို႔ေတြးရင္း, စိတ္႐ႈပ္ေထြးကာ ေၾကာက္႐ြံ႕လာခဲ့တယ္။ ခ်ည့္နဲ႔စြာနဲ႔ပဲ, သူက အေမရိကန္မွာ႐ွိတဲ့သူ႕မိဘေတြကို ေတြ႕ခ်င္လာတယ္, ၿပီးေတာ့ ေက်ာင္းလီကိုေကာပဲ။ ေ႐ွာင္႐ႊမ္းကိုလည္း ေတြ႕ခ်င္ခဲ့တယ္။
သူ႕ရဲ႕႐ိုး႐ွင္းတဲ့ဘဝမွာ အဲဒီ့လူအနည္းငယ္ကပဲ သူ႕ကို အမွတ္အသားတစ္ခုေနာက္မွာ ခ်န္ထားခဲ့တယ္။
တစ္ညတာ အထိန္းသိမ္းခံရၿပီးတဲ့ေနာက္ အူးယမ္ရဲ႕အဖ်ားက ပိုဆိုးလာတယ္။ သူ အိပ္ေပ်ာ္ေနရင္း, ခ်မ္းလာၿပီးေတာ့ တစ္ကိုယ္လုံးပူေနကာ သူ႕ေခါင္းက ခ်ာခ်ာလည္ေနခဲ့တယ္။
သူ႕လည္ေခ်ာင္းက ေျခာက္ေသြ႕လုနီးပါးျဖစ္ေနတယ္။ သူစိတ္႐ႈပ္ေထြးေနစဥ္မွာပဲ အဲ့တာ(လည္ေခ်ာင္း)က အရမ္းေျခာက္ေသြ႕လြန္းတဲ့အတြက္ မီးထေတာက္ေတာ့မလို ထင္ေယာင္ထင္မွားျဖစ္ခဲ့တယ္။ အူးယမ္က ေရေသာက္ဖို႔ ထခ်င္ေပမယ့္ သူ႕မ်က္လုံးေတြက အရမ္းပူလြန္းလို႔ မဖြင့္ႏိူင္ဘူးျဖစ္ၿပီး သူ႕ေျခေထာက္ေတြကိုလည္း လုံးဝ မ,မႏိူင္ခဲ့ဘူး။ သူက တုန္ယင္ရင္း ေကြးၿပီးေတာ့သာ ေနႏိူင္တယ္။
အဖ်ားဒဏ္ေၾကာင့္ သူဟာ အသက္႐ွဴဖို႔ တျဖည္းျဖည္းပိုခက္ခဲလာခဲ့တယ္။ သူ အိပ္ငိုက္ေနေသာ္လည္း အိပ္မေပ်ာ္ႏိူင္ခဲ့ဘူး။ သူဟာ အပိုင္းပိုင္းျဖစ္ေနတဲ့ အိပ္မက္ဆိုးေတြၾကား ထပ္ခါတလဲလဲ ႐ႈပ္ေထြးဝင္ေရာက္ေနခဲ့ၿပီး လူးလိမ့္ကာ နာက်င္ေနရတယ္။ အဓိပၸါယ္မ႐ွိတာေတြ ေျပာရင္း, သူက နံရံနဲ႔ နဖူးကို မရပ္မနား ၾကမ္းတမ္းစြာ ေဆာင့္ေနခဲ့တယ္။
သည္းမခံႏိူင္ေလာက္တဲ့ အေမွာင္ထုနဲ႔ အပူအေအးသံသရာမွာ သူ႕ရဲ႕ခႏၶာကိုယ္က ႐ုတ္တရက္ ေႏြးေထြးသြားၿပီး တိုးလ်တဲ့အသံတစ္ခုကို သူ႕နားမွာ ၾကားလိုက္ရတယ္။ အူးယမ္က အဲ့တာကို ေဝခြဲဖို႔ အတတ္ႏိူင္ဆုံးႀကိဳးစားေပမယ့္ အဲ့တာက ႐ုတ္တရက္ ေဝးသြားလိုက္, ႐ုတ္တရက္ နီးလာလိုက္နဲ႔ မ႐ွင္းလင္းဘဲ ခံစားလိုက္ရတယ္။ တျဖည္းျဖည္းနဲ႔ သူ႕အသိစိတ္က တိတ္ဆိတ္မႈဆီ က်ေရာက္သြားေတာ့တယ္။
အခ်ိန္ေတြ ဘယ္ေလာက္ကုန္သြားတယ္ဆိုတာကို သူ မသိဘူး။ သူ႕မ်က္ႏွာကို ထိေတြ႕ေနတဲ့လက္တစ္ဖက္႐ွိတယ္ဆိုတာကို ခံစားလိုက္ရပုံေပၚၿပီး သူက ခ်က္ခ်င္းဆိုသလို အနည္းငယ္ႏိုးထလာခဲ့တယ္။ သူ႕ႏွာေခါင္းဝမွာ ေအးစက္ၿပီးညစ္ညမ္းတဲ့ေလက မ႐ွိေတာ့ဘူး။ အနည္းငယ္ေႏြးေထြးေနတဲ့ရနံ႔ကေတာ့ လူကို အရမ္းသက္ေတာင့္သက္သာျဖစ္ေစခဲ့တယ္။