ငါတို့တစ်မိသားစုလုံးက ဗီလိန်...

By Kay_Wine

1.3M 202K 6.4K

Title - My Whole Family Are Villain (我们一家都是反派) Author - 咸鱼老人 Total Chapter - 100 Chapters + 2 extras Genre... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17.1
Chapter 17.2
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46.1
Chapter 46.2
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 97
Chapter 98
Chapter 99
Chapter 100
Extra - 1
Extra - 2

Chapter 96

8.8K 1.6K 68
By Kay_Wine


MWFV Ch 96

Are You Stupid?

Zawgyi Version

လင္းေရွာက္ခ်ီ စုေပရဲ႕ message ကို လက္ခံမရရွိေသးခင္မွာ သူ႔ခမ်ာ က်ဥ္းတည္းက်ပ္တည္းကို ေရာက္ေနခဲ့ရတယ္။ လူငယ္ေလးက မိုဘိုင္းဖုန္းကိုစိုက္ၾကည့္ၿပီး နက္နက္နဲနဲ ေတြးေတာေနမိတယ္။ ဒီေန႔ သူ႔ရဲ႕႐ုတ္တရက္ဆန္တဲ့ ဖြင့္ဟဝန္ခံမႈက စုေပကို မတရားလန႔္သြားေစခဲ့တာေၾကာင့္ လင္းေရွာက္ခ်ီက သူမရဲ႕စိတ္ခံစားမႈကို တည္ၿငိမ္ေအာင္လုပ္ေပးၿပီး သူမရဲ႕ထိတ္လန႔္တုန္လႈပ္မႈကို ေျဖေလွ်ာ့ေပးခ်င္ခဲ့တယ္။

ဒါေပမဲ့, သူဘာေျပာသင့္လဲ?

ဒီေန႔ သူသက္သက္စ,လိုက္တာလို႔ေျပာရမွာလား?

ဒါမွမဟုတ္ တစ္နည္းအားျဖင့္ : 'ကိုယ္ ဒီေန႔ အရမ္းစိတ္လိုက္မာန္ပါျဖစ္သြားမိတယ္, အဲ့တာေၾကာင့္ မင္း ကိုယ့္စကားေတြကို လ်စ္လ်ဴရႈလိုက္လို႔ရမလား'?

ဒါမွမဟုတ္ စုေပကိုပဲ : 'မင္း ကိုယ့္ကိုသေဘာမက်ဘူးဆိုရင္ အခုခ်ိန္ကစၿပီး ကိုယ္ မင္းနဲ႔ေဝးေဝးေနၿပီးေတာ့ မင္းကိုထပ္မေႏွာင့္ယွက္‌ေတာ့ပါဘူး'? လို႔ပဲေျပာလိုက္ရမလား?

႐ုတ္တရက္ ဖုန္းျမည္လာခဲ့တယ္။

[ညီမကိုဥ္းစားဖို႔အခ်ိန္ေပးပါ]

စုေပဆီက message ကိုျမင္လိုက္ရေတာ့ လင္းေရွာက္ခ်ီ အနည္းငယ္ မွင္တက္မိေနခဲ့တယ္ : သူက ဒါနဲ႔ပတ္သတ္ၿပီး စဥ္းစားခ်င္တယ္တဲ့လား? သူဘယ္လိုျငင္းရမလဲလို႔ ေတြးေနတာမ်ားလား? ဒါမွမဟုတ္ သူ(စုေပ)ျငင္းၿပီးသြားရင္ သူ(လင္းေရွာက္ခ်ီ)နဲ႔ ဘယ္လိုျပန္ရင္ဆိုင္ရမလဲဆိုတဲ့အေၾကာင္းလား?

'မ်က္လုံး‌ေရွ႕မွာပိတ္ကာထားတဲ့ သစ္႐ြက္တစ္႐ြက္' ဆိုတဲ့ ဆို႐ိုးစကားအတိုင္း ခ်စ္စိတ္မႊန္‌ေနၾကတဲ့လူေတြက သိမ္ငယ္မႈနဲ႔ ကိုယ့္ကိုယ္ကိုယ္မယုံၾကည္မႈေတြျဖစ္ေလ့ရွိတယ္။ အဲ့ဒါက အခုခ်ိန္မွာျဖစ္ေနတဲ့ လင္းေရွာက္ခ်ီရဲ႕အေျခအေန အတိအက်ပဲျဖစ္တယ္။

[T/N : အေပၚမွာသုံးထားတဲ့ ဆို႐ိုးစကားက တ႐ုတ္လိုဆိုရင္ 一叶障目, 不见泰山 (ယီယယ္က်န႔္မု, ပုက်န႔္ထိုက္ရွန္း) ျဖစ္ၿပီး မ်က္လုံးေရွ႕က သစ္႐ြက္တစ္႐ြက္က ထိုက္ရွန္း‌ေတာင္ကိုေတာင္ ပိတ္ကာထားႏိုင္တယ္လို႔ အဓိပၸါယ္ရပါတယ္။ ဆိုလိုခ်င္တာက အေသးအဖြဲကိစၥေလးတစ္ခုေၾကာင့္ လူတစ္ေယာက္ရဲ႕အျမင္က အေရးႀကီးတဲ့အရာ‌ေတြကိုပါ လႊမ္းမိုးခံလိုက္ရတယ္ဆိုတဲ့သ‌ေဘာပါပဲ]

[မင္းကိုအေႏွာင့္ယွက္ေပးမိတဲ့တြက္ ကိုယ္ေတာင္းန္ပါယ္]

လင္းေရွာက္ခ်ီ ျပန္စာ႐ိုက္လိုက္ေပမဲ့ အနည္းငယ္ ခ်ီတုံခ်တုံျဖစ္ၿပီးသြားတဲ့ေနာက္ သူ ေနာက္ဆုံးေတာ့ အဲ့ဒီစာေၾကာင္းကိုဖ်က္ၿပီး အဲ့ဒီအစား [ကိုယ္နားလည္ပါၿပီ] လို႔သာ ေပးပို႔လိုက္တယ္။

[လင္းေရွာက္ခ်ီ : ဉာဥ့္က္ေနၿပီ။ မင္းခုသြားအိပ္ေတာ့ေလ]

[စုေပ : အင္း။ Good night ပါေနာ္, အစ္ကိုလင္း]

---

စုေပ လင္းေရွာက္ခ်ီကို ဒီကိစၥနဲ႔ပတ္သတ္ၿပီး သူစဥ္းစားေပးမယ္လို႔ ကတိေပးၿပီးကတည္းက စုေပတစ္ေယာက္ သူတို႔ရဲ႕ဆက္ဆံေရးကို အေလးအနက္ စတင္တြက္ဆၾကည့္မိတယ္။ လင္းေရွာက္ခ်ီအေပၚ သူမရဲ႕ကိုယ္ပိုင္ခံစားခ်က္ေတြအျပင္ သူ႔ရဲ႕ဖြင့္ဟဝန္ခံမႈနဲ႔ပတ္သတ္ၿပီး သူမ ဘာကိုေတြးမိေနလဲဆိုတာကိုပါ ေစ့ေစ့စပ္စပ္ ေလ့လာဆန္းစစ္ၾကည့္ခဲ့တယ္။

Mr.ခ်င္ တစ္စုံတစ္ရာကို သတိထားမိသြားမွာကို စိုးရိမ္တာေၾကာင့္ စုေပ ေက်ာင္းဝင္းထဲသို႔ အျမန္ျပန္လာခဲ့လိုက္တယ္။

"နင္ xxx အေၾကာင္းစဥ္းစားေနတာလား?" စုေပ သူ႔ေဘာပင္ကိုကိုက္ထားရင္း ေငးငိုင္ေနပုံ‌ရတာကို ျမင္လိုက္ရေတာ့ လီေဖးက အနား‌ေရာက္လာၿပီး သူမရဲ႕ပါးကိုပုတ္လိုက္တယ္။

"စဥ္းစားေလ!"

"ဒါဆို ဘာလဲ? နင့္ၾကည့္ရတာ ဘာလို႔ဒီေလာက္စိတ္ရႈပ္ေနတဲ့ပုံ‌ေပါက္ေနရတာလဲ?" စုေပရဲ႕ပုံပန္းသြင္ျပင္ကိုၾကည့္ရင္း လီေဖး ေသခ်ာသြားတာက သူ ေက်ာင္းကိစၥနဲ႔ပတ္သတ္ၿပီး စဥ္းစားေနတာမဟုတ္ဘူးဆိုတာပဲ။

"အင္း..." စုေပ တုံ႔ဆိုင္းေနမိတယ္။ "အဲ့တာက ဒီတိုင္း... တစ္ေယာက္ေယာက္က ႐ုတ္တရက္ႀကီး နင့္ကိုလာဖြင့္ေျပာမယ္ဆိုရင္ ဘယ္လိုလုပ္မလဲ, ဒါေပမဲ့ အဲ့ဒီသူက ဒီလိုခံစားခ်က္မ်ိဳးရွိေနမယ္လို႔ နင္လုံးဝေတြးမထားဖူးခဲ့တဲ့သူဆိုရင္ေရာ..."

"ဥကၠ႒လင္းက နင့္ကိုဖြင့္ေျပာလာတယ္လို႔ ဆိုလိုခ်င္တာလား?" စု‌ေပ ေျပာၿပီးေအာင္ေတာင္ မေစာင့္ေတာ့ဘဲ လီေဖးတစ္ေယာက္ လုံးဝကို အံ့ဩမေနခဲ့သလို အေလာတႀကီး ေရွ႕ဆက္တိုးလာႏွင့္ၿပီးျဖစ္တယ္။ သူမက စုေပရဲ႕လက္ကို စိတ္လႈပ္ရွားစြာ ဆြဲထားၿပီး ေမးလာတယ္။ "သူ နင့္ကိုတကယ္ႀကီးဖြင့္ေျပာလာတယ္ေပါ့? ဘယ္တုန္းကလဲ? အဲ့ေန႔က မေတာ္တဆျဖစ္တဲ့ေနရာမွာပဲလား?

စုေပ : "..." ဒီေကာင္မေလးက သူေျပာလို႔မၿပီးေသးခင္မွာဘဲ အားလုံးနီးပါးကို တကယ္ႀကီး မွန္မွန္ကန္ကန္ မွန္းဆႏိုင္ခဲ့တယ္ေလ။

စုေပရဲ႕အံ့အားသင့္ေနတဲ့မ်က္ႏွာကိုၾကည့္ရင္း လီေဖးတစ္ေယာက္ အက်ယ္ႀကီးရယ္ခ်လိုက္မိတယ္ : "ဟားဟား, ငါဘယ္လိုမွန္ေအာင္ခန္႔မွန္းႏိုင္ခဲ့တာလဲလို႔ နင္ ငါ့ကိုေမးေတာ့မလို႔မလား?"

"မတရား သိသာေနတဲ့ဟာႀကီးကို။ နင္သိလား, ကားမေတာ္တဆမႈျဖစ္တဲ့ေန႔တုန္းက, အခင္းျဖစ္တဲ့ေနရာကို သူအေလာတႀကီးေျပးလာၿပီးေတာ့ ေနာက္ဆုံး နင္အဆင္ေျပတယ္ဆိုတာကို ေတြ႕သြားတဲ့အခ်ိန္တုန္းက နင့္အစ္ကိုလင္းရဲ႕မ်က္ႏွာေပၚက အၾကည့္ေတြက ေသခ်ာေပါက္ ပုံမွန္အစ္ကိုတစ္ေယာက္ရဲ႕ပုံစံနဲ႔ ေက်ာ္ေနတယ္ဆိုတာကိုေလ"

"ဟုတ္သားပဲ, တစ္ျခားဟာေတြလည္းရွိေသးတယ္... သူ နင့္ကိုေက်ာင္းဝင္းထဲျပန္လိုက္ပို႔ေပးတုန္းကလည္း ငါျမင္လိုက္ပါေသးတယ္။ အဲ့အခ်ိန္တုန္းကဆိုရင္ေလ, သူ နင့္ကိုၾကည့္တဲ့အၾကည့္ေတြက... ဘယ္လို‌ေျပာရမလဲဆိုေတာ့ဟာ?" လီေဖး ခဏေလာက္စဥ္းစားလိုက္တယ္။ "ႏူးညံ့သိမ္ေမြ႕၊ ခ်စ္စိတ္ျပင္းျပ၊ သည္းခံထိန္းခ်ဳပ္ထားၿပီး‌ေတာ့ ပိုင္စိုးလိုစိတ္အျပည့္နဲ႔‌ေပါ့ဟာ။ အဲ့တာက အခ်စ္မဟုတ္လို႔ ဘာႀကီးတုန္း? ငါ့မ်က္လုံးထဲမွာ ဥကၠ႒လင္းက သူ႔မ်က္ႏွာေပၚမွာ 'ကိုယ္မင္းကိုခ်စ္တယ္' ဆိုတဲ့စကားလုံးကို ေျပာင္ေျပာင္တင္းတင္းႀကီး ေရးထားသေလာက္နီးနီးပဲ" သူမ စုေပထံလွည့္ၾကည့္လိုက္တယ္။ "ဒီေလာက္သိသာေနတဲ့ သဲလြန္စေတြရွိေနတဲ့ဟာကို, နင္ လုံးဝသတိမထားမိဘူးလို႔ေတာ့ ငါ့ကိုမေျပာနဲ႔ေနာ္?"

စု‌ေပ ေခါင္းခါလိုက္တယ္ : သူ အဲ့ဒါေတြကို လုံးဝ သတိမထားခဲ့မိတာ။ ဒါမွမဟုတ္ သူမ မသိလိုက္မသိဘာသာနဲ႔ဘဲ လင္းေရွာက္ခ်ီကို အစ္ကိုႀကီးတစ္‌ေယာက္အျဖစ္ အၿမဲတေစ သတ္မွတ္ထားခဲ့တာေၾကာင့္ တစ္ျခားျဖစ္ႏိုင္ေခ်ေတြနဲ႔ပတ္သတ္ၿပီး လုံးဝ ေတြးမထားခဲ့မိတာမ်ိဳးလည္း ျဖစ္ေကာင္းျဖစ္ႏိုင္ပါလိမ့္မယ္။

"ေဟး, သူဖြင့္ေျပာတာကို နင္လက္ခံလိုက္ၿပီလား? အစ္ကိုႀကီးတစ္ေယာက္နဲ႔ ရည္းစားျဖစ္ရတာ ဘယ္လိုခံစားရလဲ?" လီေဖး သိခ်င္စိတ္ျပင္းျပစြာ ေမးလိုက္တယ္။

"ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ?" စုေပ လီေဖးကို ေငးေၾကာင္ေၾကာင္စိုက္ၾကည့္ေနရင္း "ငါစဥ္းစားဖို႔အခ်ိန္လိုေသးတယ္ေလ"

"ဘာအခ်ိန္ေတြလိုေသးတာလဲ? အဲ့တာ လင္းေရွာက္ခ်ီေလ! ဒီေန႔ရဲ႕ေပၚလြင္အထင္ရွားဆုံး လူငယ္စီးပြားေရးသမားတစ္ေယာက္ပဲကို။ ခ်မ္းသာတယ္၊ အရည္အခ်င္းရွိတယ္၊ ေခ်ာေမာခန္႔ညားၿပီးေတာ့ လုံးဝ အရႈပ္အရွင္းကင္းတယ္‌ေလ! အေရးအႀကီးဆုံးက သူ နင့္ကိုအရမ္းခ်စ္တာပဲဥစၥာ။ ဒီေလာက္ေကာင္းတဲ့သူကို, နင္ဘာလို႔ အဲ့ေနရာမွာတင္ လက္မခံလိုက္ရတာလဲ?!"

"ျပႆနာက နင္က နင့္အစ္ကိုႀကီးတစ္ေယာက္လို အၿမဲသတ္မွတ္ထားတဲ့သူနဲ႔ ခ်စ္ႀကိဳက္ရမွာကို ထူးဆန္းတယ္လို႔ ခံစားေနရတာမလား"

"နင္ အဲ့တာကို ထူးဆန္းတယ္လို႔ထင္ေနတာက ဘာလို႔လဲဆိုေတာ့ နင့္မသိစိတ္ထဲမွာ အဲ့ဒီလူရဲ႕အစ္ကိုႀကီးဆိုတဲ့ identity က နက္နက္ရႈိင္းရႈိင္းႀကီး စြဲထင္က်န္ေနတာေၾကာင့္ပဲ။ အမွန္ေတာ့ နင္အခ်ိန္ယူစဥ္းစားမယ္လို႔ ဆုံးျဖတ္လိုက္တဲ့အခ်ိန္ကတည္းက နင္က လင္းေရွာက္ခ်ီဖြင့္‌ေျပာတာကို မျငင္းဆန္ခ်င္တဲ့အျပင္ နင္ သူ႔ကိုခ်စ္သူတစ္‌ေယာက္လို သေဘာမက်တာမ်ိဳးမဟုတ္ဘူးဆိုတာကိုပါ သက္ေသျပေနတယ္ေလ"

"အဲ့လိုလား?" စုေပ မ်က္ခုံးပင့္လိုက္မိတယ္။

"ဒီကိစၥမွာေတာ့ ငါ့ရဲ႕သုံးသပ္ခ်က္ကိုယုံလိုက္စမ္းပါဟာ" လီေဖး စုေပရဲ႕ပုခုံးကိုပုတ္လိုက္တယ္။ "နင္က လင္းေရွာက္ခ်ီကို သေဘာမက်တာမ်ိဳးမွမဟုတ္တာ, ေနာက္ၿပီး သူနဲ႔ သမီးရည္းစားဆက္ဆံ‌ေရးတစ္ခုရွိမယ့္ ျဖစ္ႏိုင္ေခ်ကိုလည္း နင္ မႀကိဳက္တာမ်ိဳးမဟုတ္ဘူး‌ေလ။ အဲ့လိုဆိုမွေတာ့ ဒီလိုမ်ိဳး ကိုယ့္ကိုယ္ကိုယ္ စိတ္ရႈပ္ခံေနမွာထက္စာရင္ ဒီတိုင္း နင္ဘာလို႔မႀကိဳးစားၾကည့္တာလဲ? ဘာပဲျဖစ္ျဖစ္ နစ္နာစရာမွမရွိတာကို"

လီေဖးရဲ႕စကားေတြက စုေပအေပၚ သက္ေရာက္မႈအခ်ိဳ႕ရွိခဲ့တယ္။

အဲ့တာက ဒီတိုင္း...

စု‌ေပ လီေဖးထံ သကၤာမကင္းစြာ ၾကည့္လိုက္တယ္ : ဒီေကာင္မေလးက တကယ္ႀကီး တစ္ခါမွ ရည္းစားမထားခဲ့ဖူးတာေရာ ဟုတ္ရဲ႕လား?

လီေဖး : "နင္ ငါ့ကိုဘာလို႔ဒီလိုၾကည့္ေနရတာလဲ? ငါ နင့္ကိုေျပာျပလိုက္မယ္, ဒီေလာက္မ်ားတဲ့အႀကံဥာဏ္ေတြ ေပးႏိုင္တဲ့သူေတြက မ်ားေသာအားျဖင့္ single dog ေတြပဲဟ"

သူမ၏ single dog အခန္းေဖာ္မွ ဉာဏ္အလင္းဖြင့္ေပးမႈေက်းဇူးေၾကာင့္ စုေပ ေနာက္ဆုံးေတာ့ စိတ္ေအးသြားခဲ့တယ္။ သို႔ေသာ္ အေျခအေနက လင္းေရွာက္ခ်ီဘက္မွာေတာ့ လုံးဝကို ဆန႔္က်င္ဘက္အေနအထား ျဖစ္ေနခဲ့တယ္။

ဘား၌။

ဝမ္ခ်န္တစ္ေယာက္ ေခါင္းခဲစြာနဲ႔ပဲ သူ႔သူငယ္ခ်င္းကို တစ္ခ်က္ၾကည့္လိုက္တယ္—ဒါက ဒီတစ္ပတ္အတြင္းမွာ လင္းေရွာက္ခ်ီ သူ႔ကို 'အရက္ေသာက္ဖို႔' ေခၚတဲ့ တတိယအႀကိမ္ေျမာက္ျဖစ္တယ္။

အရင္အႀကိမ္ေတြတုန္းက စိတ္ဓာတ္က်တာ‌ေၾကာင့္ျဖစ္ႏိုင္တယ္ဆိုေပမဲ့ ဒီတစ္ေခါက္ကေရာ ဘာတဲ့လဲ?

ဝမ္ခ်န္ ေတြးဆၾကည့္မိတယ္။ သူတို႔သိကြၽမ္းခင္မင္လာခဲ့တဲ့ႏွစ္‌ေတြကို ျပန္လည္သုံးသပ္ၾကည့္လိုက္ရင္ လင္းေရွာက္ခ်ီက အေပၚယံမွာေတာ့ အဆင္ေျပတဲ့ပုံေပါက္တယ္ဆိုေပမဲ့ သူ အရက္စေသာက္ၿပီဆိုတာနဲ႔ အလြန္အကြၽံမူးလာၿပီဆိုကတည္းက သူ႔အေျခအေနက အေတာ္ေလး ျပင္းထန္တယ္ဆိုတဲ့အဓိပၸါယ္ပဲ။

"ဘာလဲ? မင္း အဲ့ေကာင္မေလးကို ဖြင့္ေျပာတာ အဆင္မေျပလို႔လား?" ဝမ္ခ်န္က ေပါ့ေပါ့ပါးပါးနဲ႔ ႐ႊတ္ေနာက္ေနာက္ေလသံကို ရည္႐ြယ္ခ်က္ရွိရွိသုံးၿပီး လင္းေရွာက္ခ်ီထံ ေမးခြန္းထုတ္လာခဲ့တယ္။

ဝိုင္ခြက္ေပၚမွ လင္းေရွာက္ခ်ီရဲ႕လက္က တုန္ခါသြားခဲ့ၿပီး သူ႔မ်က္လုံးထဲကေန ခါးသီးမႈတစ္ခုျဖတ္ေျပးသြားခဲ့တယ္။ "ဒီလိုပါပဲကြာ"

ဝမ္ခ်န္ : "မင္းဘာကိုဆိုလိုတာလဲ?" ဖြင့္ေျပာတာ အဆင္မေျပတာက ဒီဂရီေတြ ဘာေတြရွိေသးတာလားဟ?

ဝမ္ခ်န္ : "မင္း သူ႔ကိုတိုက္႐ိုက္ဖြင့္‌ေျပာလိုက္တာလား?"

လင္းေရွာက္ခ်ီ ေခါင္းညိတ္လိုက္တယ္။

"အာ့, အဲ့ေတာ့ သူကဘာျပန္ေျပာလဲ? လြတ္လြတ္လပ္လပ္ ကစားခ်င္တုန္းပါပဲ, ၿပီးေတာ့ ေလာေလာဆယ္ ရည္းစားမထားခ်င္ေသးဘူး ဆိုၿပီးေတာ့လား? ဒါမွမဟုတ္ သူက မင္းကို အစ္ကိုႀကီးတစ္‌‌ေယာက္လိုပဲ သေဘာထားၿပီး တစ္ျခားခံစားခ်က္ေတြ မရွိပါဘူးဆိုၿပီး‌ေတာ့လား?"

"မဟုတ္ဘူး, သူက ငါ့ကိုစဥ္းစားဖို႔အခ်ိန္ေတာင္းတာ"

"ဟမ္?" ဝမ္ခ်န္ရဲ႕မ်က္လုံးေတြခမ်ာ မ်က္လုံးအိမ္ေတြထဲက ထြက္က်လုမတတ္ပင္။

"လင္းေရွာက္ခ်ီ, မင္း႐ူး‌ေနလား?"

"သူ မင္းကိုျငင္းလိုက္တယ္လို႔ ဘယ္တုန္းကေျပာရေသးလို႔လဲ?!" လင္းေရွာက္ခ်ီရဲ႕ လုံးဝကို စိတ္ပ်က္အားေလ်ာ့ေနၿပီး ေမွ်ာ္လင့္ခ်က္ပ်က္သုဥ္းေနတဲ့ပုံကို ျမင္လိုက္ရေတာ့ သူ႔သူငယ္ခ်င္းေလးခမ်ာ ရက္ရက္စက္စက္ အျငင္းခံလိုက္ရၿပီလို႔ သူထင္လိုက္မိတာ။

"မင္းဘာကိုဆိုလိုတာလဲ?" လင္းေရွာက္ခ်ီ ဝမ္ခ်န႔္ကိုစိုက္ၾကည့္လိုက္တယ္။

ဝမ္ခ်န႔္မ်က္လုံးေတြထဲမွာ စာနာမႈအခ်ိဳ႕ရွိခဲ့တယ္။ "မင္းက ေသာက္ရမ္း႐ူးတာပဲ။ ေကာင္မေလးက သူစဥ္းစားခ်င္တယ္လို႔ ေျပာလာတယ္ဆိုကတည္းက ေသခ်ာေပါက္ မင္းဖြင့္ေျပာတာကို သူလက္ခံသင့္ မခံသင့္ စဥ္းစားေနတဲ့သေဘာပဲေပါ့။ အာ"

"ၿပီးေတာ့, ငါမင္းကိုမေျပာခဲ့ဘူးလား? မင္း ေကာက္ခါငင္ခါႀကီး ဖြင့္ေျပာလိုက္လို႔မရဘူးလို႔။ ေကာင္မေလးရဲ႕သေဘာထားကို စမ္းသပ္ၿပီးမွ သူ႔ကို ၾကားခံအခ်ိန္နည္းနည္းေပးရမွာ။ မင္းဘာလို႔သေဘာမေပါက္တာလဲ?" ဝမ္ခ်န္တစ္ေယာက္ အစက ထင္လိုက္မိတာက လင္းေရွာက္ခ်ီရဲ႕ IQ ျမင့္မားမႈနဲ႔ ႏွစ္ရွည္လမ်ား သူ႔ရဲ႕သည္းခံႏိုင္စြမ္း‌ေတြနဲ႔ဆိုရင္ စုေပကို တစ္ဆင့္ၿပီးတစ္ဆင့္လိုက္ဖို႔အတြက္ တိက်ေသခ်ာတဲ့ အစီအစဥ္တစ္ခု အနည္းဆုံးေတာ့ ထြက္လာလိမ့္မယ္လို႔ပဲ။ မေမွ်ာ္လင့္ဘဲ ဒီေကာင္က အစိုးရိမ္လြန္ၿပီး စိတ္မရွည္တတ္တဲ့‌ေကာင္ျဖစ္ေနခဲ့တယ္။

ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း, ဝမ္ခ်န္က စုေပနဲ႔ တစ္ခါမွမေတြ႕ဆုံဖူးေသာ္ျငား လင္းေရွာက္ခ်ီေၾကာင့္ပဲ သူ ဒီေကာင္မေလးအေပၚ အထင္အျမင္ေကာင္းေတြရွိေနခဲ့တယ္။ လင္းေရွာက္ခ်ီရဲ႕ရည္ၫႊန္းခ်က္ အေတာ္မ်ားမ်ားကေန ဝမ္ခ်န္ ယုံၾကည္ေနခဲ့တာက စုေပဆိုတာ ထက္ျမက္ၿပီး တိက်ျပတ္သားတဲ့ မိန္းကေလးတစ္‌ေယာက္ျဖစ္လိမ့္မယ္လို႔ပဲ။

အကယ္၍မ်ား ဒီလိုမိန္းကေလးမ်ိဳးက လင္းေရွာက္ခ်ီရဲ႕ဖြင့္ဟဝန္ခံမႈကို တကယ္ႀကီး လက္မခံႏိုင္ဘူးဆိုရင္ေတာ့ သူမက သူ႔ကို ေသခ်ာေပါက္ ျပတ္ျပတ္သားသားႀကီးကို ျငင္းဆန္လိုက္လိမ့္မယ္။ သူမက ဒီအေၾကာင္းနဲ႔ပတ္သတ္ၿပီး စဥ္းစားဖို႔ဆႏၵရွိတယ္ဆိုကတည္းက စုေပက လင္းေရွာက္ခ်ီရဲ႕ဖြင့္ဟဝန္ခံမႈကို အေလးအနက္ စဥ္းစားေနတယ္ဆိုတာကို ျပေနတာပဲေလ။

ဒါကိုၾကားလိုက္ရေတာ့ လင္းေရွာက္ခ်ီရဲ႕မ်က္ႏွာထားက ေတာက္ပသြားေတာ့တယ္။ "ဟုတ္လို႔လား?"

"ဘာကိုမဟုတ္ရမွာလဲ။ မင္းရဲ႕ဆြဲေဆာင္မႈကို မယုံဘူးဆိုရင္ေတာင္မွ ကိုယ့္မ်က္လုံးကိုယ္ယုံရမယ္ေလ။ စုေပက မိန္းမေကာင္းေလးတစ္ေယာက္ပါ" ဒီစကားကိုေျပာေနခ်ိန္မွာ ဝမ္ခ်န္ တကယ္ႀကီး သူ႔သူငယ္ခ်င္းကို နည္းနည္းေလး အားက်မိတယ္။

မင္းကိုရင္ခုန္ေအာင္လုပ္ႏိုင္တဲ့ တစ္‌စုံ‌တစ္ေယာက္ကို ရွာေတြ႕ဖို႔မလြယ္တဲ့အျပင္ အဲ့ဒီသူက မင္းအခ်စ္နဲ႔ထိုက္တန္တဲ့သူမ်ိဳးျဖစ္ဖို႔ကလည္း မလြယ္ဘူးေလ။

ဒါ့အျပင္ ဝမ္ခ်န႔္ဆီမွာ သူ ထုတ္မေျပာရဲတဲ့ ေနာက္ထပ္အေတြးတစ္ခုလည္း ရွိေနခဲ့တယ္ : ထူးခြၽန္တဲ့ စိတ္ပညာရွင္တစ္ဦးအေနနဲ႔ စုေပက လင္းေရွာက္ခ်ီရဲ႕ဖြင့္ဟဝန္ခံမႈကို လက္ခံလိမ့္မယ္ဆိုတဲ့ ခိုင္မာတဲ့ ထင္ေၾကးတစ္ခုရွိေနခဲ့တယ္။

"မင္းဘာလုပ္မလို႔လဲ?" လင္းေရွာက္ခ်ီ ႐ုတ္တရက္ မတ္တပ္ထရပ္လိုက္တာကိုျမင္ရေတာ့ ဝမ္ခ်န္ သူ႔ကို အျမန္ျပန္ဆြဲခ်လိုက္ရတယ္။

"B တကၠသိုလ္ကိုသြားမလို႔ေလ" စုေပဆီက အတည္ျပဳခ်က္ရဖို႔ လင္းေရွာက္ခ်ီ မေစာင့္ႏိုင္ေတာ့ဘူး။

"မင္း..." ဒီ‌ေသာက္က်ိဳးနည္း အ႐ူးေကာင္ကေတာ့ သူ႔ဦးေႏွာက္ထဲမွာ အရက္ေတြဆို႔သြားလို႔လား, ဒါမွမဟုတ္ သူက 'ခ်စ္စိတ္မႊန္ေနၾကတဲ့သူေတြအားလုံးမွာ ခပ္တုံးတုံး IQ ေတြပဲရွိတယ္' ဆိုတဲ့လမ္းစဥ္အတိုင္း တကယ္ႀကီး လိုက္ေတာ့မလို႔လား? လင္းေရွာက္ခ်ီလို ပုံမွန္အားျဖင့္ တည္ၿငိမ္ၿပီး ဆင္ျခင္တုံတရားရွိတဲ့ စီးပြားေရးသမား တစ္ေယာက္ေတာင္မွ ခံႏိုင္ရည္မရွိဘူးပဲ။

"အခု မနက္ ၁နာရီရွိေနၿပီဆိုတာကို ငါမင္းကိုသတိေပးရဦးမွာလား?" ဝမ္ခ်န္ ျဖည္းျဖည္းခ်င္းေျပာလာတယ္။ "ၿပီးေတာ့ မင္းအတည္ျပဳခ်င္တယ္ဆိုရင္ေတာင္ အမူးေျပသြားတဲ့အထိ ေစာင့္ပါဦးကြာ။ မင္း ဒီအေျခအေနနဲ႔သြားရင္ ဟိုက မင္းကိုတန္းၿပီး ျငင္းလိုက္မယ့္အျပင္ မင္းနာမည္ကိုပါ တစ္ခါတည္း blacklist သြင္းလိုက္မွာကို မင္းမေၾကာက္ဘူးလား?"

-----

လင္းေရွာက္ခ်ီ မေန႔ညတုန္းက အရက္အလြန္အကြၽံေသာက္မိခဲ့ၿပီး ေနာက္တစ္ေန႔ သူႏိုးလာခ်ိန္မွာ‌ေတာ့ မေန႔က သူ႔အျပဳအမူေတြကို တိတ္တဆိတ္ ျပန္စဥ္းစားၾကည့္ေနခဲ့တယ္။

လင္းေရွာက္ခ်ီ သူ႔လက္ထဲမွာ ဖုန္းကိုကိုင္ထားရင္း အခ်ိန္အေတာ္ၾကာ တုံ႔ဆိုင္းေနမိတယ္။

...

ေက်ာင္းဝင္းအေဆာင္ရွိ သူမရဲ႕အခန္းထဲမွာ စုေပတစ္‌ေယာက္ အိပ္ယာႏိုးႏိုးခ်င္း လင္းေရွာက္ခ်ီထံမွ ဖုန္းေခၚဆိုမႈတစ္ခု လက္ခံရရွိခဲ့တယ္။

"ကိုႀကီးလင္း?"

"အိပ္ေနတာလား?" Receiver ကေန ႏူးညံ့သိမ္ေမြ႕ၿပီး ညႇိဳ႕ဓာတ္ပါေနတဲ့အသံတစ္သံ ထြက္ေပၚလာခဲ့တာ‌က စုေပကို တခဏမွ် မွင္တက္သြားေစခဲ့ၿပီး သူမရဲ႕ႏွလုံးကို အနည္းငယ္မွ် ခုန္လႈပ္လာေစခဲ့တယ္။

လီေဖး ေျပာတဲ့အတိုင္းဆိုရင္ စုေပက သူတို႔ရဲ႕မူလဆက္ဆံေရးကို အလြန္တရာ တထစ္ခ်မွတ္ယူထားခဲ့တာေၾကာင့္ လင္းေရွာက္ခ်ီရဲ႕အျပဳအမူနဲ႔ပတ္သတ္ၿပီး ဘာထူးဆန္းတာကိုမွ သူမ သတိမျပဳခဲ့မိဘူး။ အတားအဆီးကို ဖယ္ရွားပစ္ၿပီးတဲ့ေနာက္ သူမ ျမင္လာရတာက သူမအေပၚ လင္းေရွာက္ခ်ီရဲ႕သေဘာထားေတြက ေမာင္ရင္းႏွမပုံစံကေန သိသိသာသာႀကီးကို ေက်ာ္လြန္ေနခဲ့တယ္ဆိုတာကိုပါပဲ။

"အင္း, အခုမွႏိုးတာ" စုေပ မသိမသာေလး သူ႔အသံကိုႏွိမ့္ေျပာလိုက္တယ္။

လင္းေရွာက္ခ်ီ : "ျပန္အိပ္ဦးမွာလား?"

စုေပ : "ဟင့္အင္း။ ထေတာ့မွာပါ"

လင္းေရွာက္ခ်ီ ခဏရပ္လိုက္ပုံရတယ္လို႔ စုေပ သတိထားမိလိုက္တယ္။ သူ ေနာက္ဆုံးေတာ့ ေျပာလာတယ္။ "အဲ့ေန႔တုန္းက ေရွာင္ေပ ကိုယ့္ကိုစဥ္းစားဖို႔အခ်ိန္လိုတယ္လို႔‌ေျပာတာကေလ ကိုယ္ဖြင့္ေျပာတာကို မင္းဘက္က လက္ခံသင့္ မခံသင့္ စဥ္းစားဖို႔လားဟင္?"

"ဟုတ္တယ္ေလ" မဟုတ္မွလြဲေရာ သူေျပာလိုက္တာနဲ႔ပတ္သတ္ၿပီး လင္းေရွာက္ခ်ီက ဘာေတြေတြးေနတာတုန္း?

စုေပ ႐ုတ္တရက္ ထရယ္လိုက္မိတယ္။ သူ႔ေခါင္းကို ေခါင္းအုံးေပၚျမႇဳပ္ထားၿပီး ဖုန္းျပန္ေျပာလိုက္တယ္။ "အစ္ကိုလင္း, ညီမ ဆုံးျဖတ္ၿပီးသြားၿပီ"

12.10.2021

Tuesday



___________________________________


MWFV Ch 96

Are You Stupid?

Unicode Version

လင်းရှောက်ချီ စုပေရဲ့ message ကို လက်ခံမရရှိသေးခင်မှာ သူ့ခမျာ ကျဥ်းတည်းကျပ်တည်းကို ရောက်နေခဲ့ရတယ်။ လူငယ်လေးက မိုဘိုင်းဖုန်းကိုစိုက်ကြည့်ပြီး နက်နက်နဲနဲ တွေးတောနေမိတယ်။ ဒီနေ့ သူ့ရဲ့ရုတ်တရက်ဆန်တဲ့ ဖွင့်ဟဝန်ခံမှုက စုပေကို မတရားလန့်သွားစေခဲ့တာကြောင့် လင်းရှောက်ချီက သူမရဲ့စိတ်ခံစားမှုကို တည်ငြိမ်အောင်လုပ်ပေးပြီး သူမရဲ့ထိတ်လန့်တုန်လှုပ်မှုကို ဖြေလျှော့ပေးချင်ခဲ့တယ်။

ဒါပေမဲ့, သူဘာပြောသင့်လဲ?

ဒီနေ့ သူသက်သက်စ,လိုက်တာလို့ပြောရမှာလား?

ဒါမှမဟုတ် တစ်နည်းအားဖြင့် : 'ကိုယ် ဒီနေ့ အရမ်းစိတ်လိုက်မာန်ပါဖြစ်သွားမိတယ်, အဲ့တာကြောင့် မင်း ကိုယ့်စကားတွေကို လျစ်လျူရှုလိုက်လို့ရမလား'?

ဒါမှမဟုတ် စုပေကိုပဲ : 'မင်း ကိုယ့်ကိုသဘောမကျဘူးဆိုရင် အခုချိန်ကစပြီး ကိုယ် မင်းနဲ့ဝေးဝေးနေပြီးတော့ မင်းကိုထပ်မနှောင့်ယှက်‌တော့ပါဘူး'? လို့ပဲပြောလိုက်ရမလား?

ရုတ်တရက် ဖုန်းမြည်လာခဲ့တယ်။

[ညီမကို စဉ်းစားဖို့အချိန်ပေးပါ]

စုပေဆီက message ကိုမြင်လိုက်ရတော့ လင်းရှောက်ချီ အနည်းငယ် မှင်တက်မိနေခဲ့တယ် : သူက ဒါနဲ့ပတ်သတ်ပြီး စဉ်းစားချင်တယ်တဲ့လား? သူဘယ်လိုငြင်းရမလဲလို့ တွေးနေတာများလား? ဒါမှမဟုတ် သူ(စုပေ)ငြင်းပြီးသွားရင် သူ(လင်းရှောက်ချီ)နဲ့ ဘယ်လိုပြန်ရင်ဆိုင်ရမလဲဆိုတဲ့အကြောင်းလား?

'မျက်လုံး‌ရှေ့မှာပိတ်ကာထားတဲ့ သစ်ရွက်တစ်ရွက်' ဆိုတဲ့ ဆိုရိုးစကားအတိုင်း ချစ်စိတ်မွှန်‌နေကြတဲ့လူတွေက သိမ်ငယ်မှုနဲ့ ကိုယ့်ကိုယ်ကိုယ်မယုံကြည်မှုတွေဖြစ်လေ့ရှိတယ်။ အဲ့ဒါက အခုချိန်မှာဖြစ်နေတဲ့ လင်းရှောက်ချီရဲ့အခြေအနေ အတိအကျပဲဖြစ်တယ်။

[T/N : အပေါ်မှာသုံးထားတဲ့ ဆိုရိုးစကားက တရုတ်လိုဆိုရင် 一叶障目, 不见泰山 (ယီယယ်ကျန့်မု, ပုကျန့်ထိုက်ရှန်း) ဖြစ်ပြီး မျက်လုံးရှေ့က သစ်ရွက်တစ်ရွက်က ထိုက်ရှန်း‌တောင်ကိုတောင် ပိတ်ကာထားနိုင်တယ်လို့ အဓိပ္ပါယ်ရပါတယ်။ ဆိုလိုချင်တာက အသေးအဖွဲကိစ္စလေးတစ်ခုကြောင့် လူတစ်ယောက်ရဲ့အမြင်က အရေးကြီးတဲ့အရာ‌တွေကိုပါ လွှမ်းမိုးခံလိုက်ရတယ်ဆိုတဲ့သ‌ဘောပါပဲ]

[မင်းကိုအနှောင့်အယှက်ပေးမိတဲ့အတွက် ကိုယ်တောင်းပန်ပါတယ်]

လင်းရှောက်ချီ ပြန်စာရိုက်လိုက်ပေမဲ့ အနည်းငယ် ချီတုံချတုံဖြစ်ပြီးသွားတဲ့နောက် သူ နောက်ဆုံးတော့ အဲ့ဒီစာကြောင်းကိုဖျက်ပြီး အဲ့ဒီအစား [ကိုယ်နားလည်ပါပြီ] လို့သာ ပေးပို့လိုက်တယ်။

[လင်းရှောက်ချီ : ဉာဉ့်နက်နေပြီ။ မင်း အခုသွားအိပ်တော့လေ]

[စုပေ : အင်း။ Good night ပါနော်, အစ်ကိုလင်း]

---

စုပေ လင်းရှောက်ချီကို ဒီကိစ္စနဲ့ပတ်သတ်ပြီး သူစဉ်းစားပေးမယ်လို့ ကတိပေးပြီးကတည်းက စုပေတစ်ယောက် သူတို့ရဲ့ဆက်ဆံရေးကို အလေးအနက် စတင်တွက်ဆကြည့်မိတယ်။ လင်းရှောက်ချီအပေါ် သူမရဲ့ကိုယ်ပိုင်ခံစားချက်တွေအပြင် သူ့ရဲ့ဖွင့်ဟဝန်ခံမှုနဲ့ပတ်သတ်ပြီး သူမ ဘာကိုတွေးမိနေလဲဆိုတာကိုပါ စေ့စေ့စပ်စပ် လေ့လာဆန်းစစ်ကြည့်ခဲ့တယ်။

Mr.ချင် တစ်စုံတစ်ရာကို သတိထားမိသွားမှာကို စိုးရိမ်တာကြောင့် စုပေ ကျောင်းဝင်းထဲသို့ အမြန်ပြန်လာခဲ့လိုက်တယ်။

"နင် xxx အကြောင်းစဉ်းစားနေတာလား?" စုပေ သူ့ဘောပင်ကိုကိုက်ထားရင်း ငေးငိုင်နေပုံ‌ရတာကို မြင်လိုက်ရတော့ လီဖေးက အနား‌ရောက်လာပြီး သူမရဲ့ပါးကိုပုတ်လိုက်တယ်။

"စဉ်းစားလေ!"

"ဒါဆို ဘာလဲ? နင့်ကြည့်ရတာ ဘာလို့ဒီလောက်စိတ်ရှုပ်နေတဲ့ပုံ‌ပေါက်နေရတာလဲ?" စုပေရဲ့ပုံပန်းသွင်ပြင်ကိုကြည့်ရင်း လီဖေး သေချာသွားတာက သူ ကျောင်းကိစ္စနဲ့ပတ်သတ်ပြီး စဉ်းစားနေတာမဟုတ်ဘူးဆိုတာပဲ။

"အင်း..." စုပေ တုံ့ဆိုင်းနေမိတယ်။ "အဲ့တာက ဒီတိုင်း... တစ်ယောက်ယောက်က ရုတ်တရက်ကြီး နင့်ကိုလာဖွင့်ပြောမယ်ဆိုရင် ဘယ်လိုလုပ်မလဲ, ဒါပေမဲ့ အဲ့ဒီသူက ဒီလိုခံစားချက်မျိုးရှိနေမယ်လို့ နင်လုံးဝတွေးမထားဖူးခဲ့တဲ့သူဆိုရင်ရော..."

"ဥက္ကဋ္ဌလင်းက နင့်ကိုဖွင့်ပြောလာတယ်လို့ ဆိုလိုချင်တာလား?" စု‌ပေ ပြောပြီးအောင်တောင် မစောင့်တော့ဘဲ လီဖေးတစ်ယောက် လုံးဝကို အံ့ဩမနေခဲ့သလို အလောတကြီး ရှေ့ဆက်တိုးလာနှင့်ပြီးဖြစ်တယ်။ သူမက စုပေရဲ့လက်ကို စိတ်လှုပ်ရှားစွာ ဆွဲထားပြီး မေးလာတယ်။ "သူ နင့်ကိုတကယ်ကြီးဖွင့်ပြောလာတယ်ပေါ့? ဘယ်တုန်းကလဲ? အဲ့နေ့က မတော်တဆဖြစ်တဲ့နေရာမှာပဲလား?

စုပေ : "..." ဒီကောင်မလေးက သူပြောလို့မပြီးသေးခင်မှာဘဲ အားလုံးနီးပါးကို တကယ်ကြီး မှန်မှန်ကန်ကန် မှန်းဆနိုင်ခဲ့တယ်လေ။

စုပေရဲ့အံ့အားသင့်နေတဲ့မျက်နှာကိုကြည့်ရင်း လီဖေးတစ်ယောက် အကျယ်ကြီးရယ်ချလိုက်မိတယ် : "ဟားဟား, ငါဘယ်လိုမှန်အောင်ခန့်မှန်းနိုင်ခဲ့တာလဲလို့ နင် ငါ့ကိုမေးတော့မလို့မလား?"

"မတရား သိသာနေတဲ့ဟာကြီးကို။ နင်သိလား, ကားမတော်တဆမှုဖြစ်တဲ့နေ့တုန်းက, အခင်းဖြစ်တဲ့နေရာကို သူအလောတကြီးပြေးလာပြီးတော့ နောက်ဆုံး နင်အဆင်ပြေတယ်ဆိုတာကို တွေ့သွားတဲ့အချိန်တုန်းက နင့်အစ်ကိုလင်းရဲ့မျက်နှာပေါ်က အကြည့်တွေက သေချာပေါက် ပုံမှန်အစ်ကိုတစ်ယောက်ရဲ့ပုံစံနဲ့ ကျော်နေတယ်ဆိုတာကိုလေ"

"ဟုတ်သားပဲ, တစ်ခြားဟာတွေလည်းရှိသေးတယ်... သူ နင့်ကိုကျောင်းဝင်းထဲပြန်လိုက်ပို့ပေးတုန်းကလည်း ငါမြင်လိုက်ပါသေးတယ်။ အဲ့အချိန်တုန်းကဆိုရင်လေ, သူ နင့်ကိုကြည့်တဲ့အကြည့်တွေက... ဘယ်လို‌ပြောရမလဲဆိုတော့ဟာ?" လီဖေး ခဏလောက်စဉ်းစားလိုက်တယ်။ "နူးညံ့သိမ်မွေ့၊ ချစ်စိတ်ပြင်းပြ၊ သည်းခံထိန်းချုပ်ထားပြီး‌တော့ ပိုင်စိုးလိုစိတ်အပြည့်နဲ့‌ပေါ့ဟာ။ အဲ့တာက အချစ်မဟုတ်လို့ ဘာကြီးတုန်း? ငါ့မျက်လုံးထဲမှာ ဥက္ကဋ္ဌလင်းက သူ့မျက်နှာပေါ်မှာ 'ကိုယ်မင်းကိုချစ်တယ်' ဆိုတဲ့စကားလုံးကို ပြောင်ပြောင်တင်းတင်းကြီး ရေးထားသလောက်နီးနီးပဲ" သူမ စုပေထံလှည့်ကြည့်လိုက်တယ်။ "ဒီလောက်သိသာနေတဲ့ သဲလွန်စတွေရှိနေတဲ့ဟာကို, နင် လုံးဝသတိမထားမိဘူးလို့တော့ ငါ့ကိုမပြောနဲ့နော်?"

စု‌ပေ ခေါင်းခါလိုက်တယ် : သူ အဲ့ဒါတွေကို လုံးဝ သတိမထားခဲ့မိတာ။ ဒါမှမဟုတ် သူမ မသိလိုက်မသိဘာသာနဲ့ဘဲ လင်းရှောက်ချီကို အစ်ကိုကြီးတစ်‌ယောက်အဖြစ် အမြဲတစေ သတ်မှတ်ထားခဲ့တာကြောင့် တစ်ခြားဖြစ်နိုင်ချေတွေနဲ့ပတ်သတ်ပြီး လုံးဝ တွေးမထားခဲ့မိတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။

"ဟေး, သူဖွင့်ပြောတာကို နင်လက်ခံလိုက်ပြီလား? အစ်ကိုကြီးတစ်ယောက်နဲ့ ရည်းစားဖြစ်ရတာ ဘယ်လိုခံစားရလဲ?" လီဖေး သိချင်စိတ်ပြင်းပြစွာ မေးလိုက်တယ်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?" စုပေ လီဖေးကို ငေးကြောင်ကြောင်စိုက်ကြည့်နေရင်း "ငါစဉ်းစားဖို့အချိန်လိုသေးတယ်လေ"

"ဘာအချိန်တွေလိုသေးတာလဲ? အဲ့တာ လင်းရှောက်ချီလေ! ဒီနေ့ရဲ့ပေါ်လွင်အထင်ရှားဆုံး လူငယ်စီးပွားရေးသမားတစ်ယောက်ပဲကို။ ချမ်းသာတယ်၊ အရည်အချင်းရှိတယ်၊ ချောမောခန့်ညားပြီးတော့ လုံးဝ အရှုပ်အရှင်းကင်းတယ်‌လေ! အရေးအကြီးဆုံးက သူ နင့်ကိုအရမ်းချစ်တာပဲဥစ္စာ။ ဒီလောက်ကောင်းတဲ့သူကို, နင်ဘာလို့ အဲ့နေရာမှာတင် လက်မခံလိုက်ရတာလဲ?!"

"ပြဿနာက နင်က နင့်အစ်ကိုကြီးတစ်ယောက်လို အမြဲသတ်မှတ်ထားတဲ့သူနဲ့ ချစ်ကြိုက်ရမှာကို ထူးဆန်းတယ်လို့ ခံစားနေရတာမလား"

"နင် အဲ့တာကို ထူးဆန်းတယ်လို့ထင်နေတာက ဘာလို့လဲဆိုတော့ နင့်မသိစိတ်ထဲမှာ အဲ့ဒီလူရဲ့အစ်ကိုကြီးဆိုတဲ့ identity က နက်နက်ရှိုင်းရှိုင်းကြီး စွဲထင်ကျန်နေတာကြောင့်ပဲ။ အမှန်တော့ နင်အချိန်ယူစဉ်းစားမယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်ကတည်းက နင်က လင်းရှောက်ချီဖွင့်‌ပြောတာကို မငြင်းဆန်ချင်တဲ့အပြင် နင် သူ့ကိုချစ်သူတစ်‌ယောက်လို သဘောမကျတာမျိုးမဟုတ်ဘူးဆိုတာကိုပါ သက်သေပြနေတယ်လေ"

"အဲ့လိုလား?" စုပေ မျက်ခုံးပင့်လိုက်မိတယ်။

"ဒီကိစ္စမှာတော့ ငါ့ရဲ့သုံးသပ်ချက်ကိုယုံလိုက်စမ်းပါဟာ" လီဖေး စုပေရဲ့ပုခုံးကိုပုတ်လိုက်တယ်။ "နင်က လင်းရှောက်ချီကို သဘောမကျတာမျိုးမှမဟုတ်တာ, နောက်ပြီး သူနဲ့ သမီးရည်းစားဆက်ဆံ‌ရေးတစ်ခုရှိမယ့် ဖြစ်နိုင်ချေကိုလည်း နင် မကြိုက်တာမျိုးမဟုတ်ဘူး‌လေ။ အဲ့လိုဆိုမှတော့ ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် စိတ်ရှုပ်ခံနေမှာထက်စာရင် ဒီတိုင်း နင်ဘာလို့မကြိုးစားကြည့်တာလဲ? ဘာပဲဖြစ်ဖြစ် နစ်နာစရာမှမရှိတာကို"

လီဖေးရဲ့စကားတွေက စုပေအပေါ် သက်ရောက်မှုအချို့ရှိခဲ့တယ်။

အဲ့တာက ဒီတိုင်း...

စု‌ပေ လီဖေးထံ သင်္ကာမကင်းစွာ ကြည့်လိုက်တယ် : ဒီကောင်မလေးက တကယ်ကြီး တစ်ခါမှ ရည်းစားမထားခဲ့ဖူးတာရော ဟုတ်ရဲ့လား?

လီဖေး : "နင် ငါ့ကိုဘာလို့ဒီလိုကြည့်နေရတာလဲ? ငါ နင့်ကိုပြောပြလိုက်မယ်, ဒီလောက်များတဲ့အကြံဥာဏ်တွေ ပေးနိုင်တဲ့သူတွေက များသောအားဖြင့် single dog တွေပဲဟ"

သူမ၏ single dog အခန်းဖော်မှ ဉာဏ်အလင်းဖွင့်ပေးမှုကျေးဇူးကြောင့် စုပေ နောက်ဆုံးတော့ စိတ်အေးသွားခဲ့တယ်။ သို့သော် အခြေအနေက လင်းရှောက်ချီဘက်မှာတော့ လုံးဝကို ဆန့်ကျင်ဘက်အနေအထား ဖြစ်နေခဲ့တယ်။

ဘား၌။

ဝမ်ချန်တစ်ယောက် ခေါင်းခဲစွာနဲ့ပဲ သူ့သူငယ်ချင်းကို တစ်ချက်ကြည့်လိုက်တယ်—ဒါက ဒီတစ်ပတ်အတွင်းမှာ လင်းရှောက်ချီ သူ့ကို 'အရက်သောက်ဖို့' ခေါ်တဲ့ တတိယအကြိမ်မြောက်ဖြစ်တယ်။

အရင်အကြိမ်တွေတုန်းက စိတ်ဓာတ်ကျတာ‌ကြောင့်ဖြစ်နိုင်တယ်ဆိုပေမဲ့ ဒီတစ်ခေါက်ကရော ဘာတဲ့လဲ?

ဝမ်ချန် တွေးဆကြည့်မိတယ်။ သူတို့သိကျွမ်းခင်မင်လာခဲ့တဲ့နှစ်‌တွေကို ပြန်လည်သုံးသပ်ကြည့်လိုက်ရင် လင်းရှောက်ချီက အပေါ်ယံမှာတော့ အဆင်ပြေတဲ့ပုံပေါက်တယ်ဆိုပေမဲ့ သူ အရက်စသောက်ပြီဆိုတာနဲ့ အလွန်အကျွံမူးလာပြီဆိုကတည်းက သူ့အခြေအနေက အတော်လေး ပြင်းထန်တယ်ဆိုတဲ့အဓိပ္ပါယ်ပဲ။

"ဘာလဲ? မင်း အဲ့ကောင်မလေးကို ဖွင့်ပြောတာ အဆင်မပြေလို့လား?" ဝမ်ချန်က ပေါ့ပေါ့ပါးပါးနဲ့ ရွှတ်နောက်နောက်လေသံကို ရည်ရွယ်ချက်ရှိရှိသုံးပြီး လင်းရှောက်ချီထံ မေးခွန်းထုတ်လာခဲ့တယ်။

ဝိုင်ခွက်ပေါ်မှ လင်းရှောက်ချီရဲ့လက်က တုန်ခါသွားခဲ့ပြီး သူ့မျက်လုံးထဲကနေ ခါးသီးမှုတစ်ခုဖြတ်ပြေးသွားခဲ့တယ်။ "ဒီလိုပါပဲကွာ"

ဝမ်ချန် : "မင်းဘာကိုဆိုလိုတာလဲ?" ဖွင့်ပြောတာ အဆင်မပြေတာက ဒီဂရီတွေ ဘာတွေရှိသေးတာလားဟ?

ဝမ်ချန် : "မင်း သူ့ကိုတိုက်ရိုက်ဖွင့်‌ပြောလိုက်တာလား?"

လင်းရှောက်ချီ ခေါင်းညိတ်လိုက်တယ်။

"အာ့, အဲ့တော့ သူကဘာပြန်ပြောလဲ? လွတ်လွတ်လပ်လပ် ကစားချင်တုန်းပါပဲ, ပြီးတော့ လောလောဆယ် ရည်းစားမထားချင်သေးဘူး ဆိုပြီးတော့လား? ဒါမှမဟုတ် သူက မင်းကို အစ်ကိုကြီးတစ်‌‌ယောက်လိုပဲ သဘောထားပြီး တစ်ခြားခံစားချက်တွေ မရှိပါဘူးဆိုပြီး‌တော့လား?"

"မဟုတ်ဘူး, သူက ငါ့ကိုစဉ်းစားဖို့အချိန်တောင်းတာ"

"ဟမ်?" ဝမ်ချန်ရဲ့မျက်လုံးတွေခမျာ မျက်လုံးအိမ်တွေထဲက ထွက်ကျလုမတတ်ပင်။

"လင်းရှောက်ချီ, မင်းရူး‌နေလား?"

"သူ မင်းကိုငြင်းလိုက်တယ်လို့ ဘယ်တုန်းကပြောရသေးလို့လဲ?!" လင်းရှောက်ချီရဲ့ လုံးဝကို စိတ်ပျက်အားလျော့နေပြီး မျှော်လင့်ချက်ပျက်သုဉ်းနေတဲ့ပုံကို မြင်လိုက်ရတော့ သူ့သူငယ်ချင်းလေးခမျာ ရက်ရက်စက်စက် အငြင်းခံလိုက်ရပြီလို့ သူထင်လိုက်မိတာ။

"မင်းဘာကိုဆိုလိုတာလဲ?" လင်းရှောက်ချီ ဝမ်ချန့်ကိုစိုက်ကြည့်လိုက်တယ်။

ဝမ်ချန့်မျက်လုံးတွေထဲမှာ စာနာမှုအချို့ရှိခဲ့တယ်။ "မင်းက သောက်ရမ်းရူးတာပဲ။ ကောင်မလေးက သူစဉ်းစားချင်တယ်လို့ ပြောလာတယ်ဆိုကတည်းက သေချာပေါက် မင်းဖွင့်ပြောတာကို သူလက်ခံသင့် မခံသင့် စဉ်းစားနေတဲ့သဘောပဲပေါ့။ အာ"

"ပြီးတော့, ငါမင်းကိုမပြောခဲ့ဘူးလား? မင်း ကောက်ခါငင်ခါကြီး ဖွင့်ပြောလိုက်လို့မရဘူးလို့။ ကောင်မလေးရဲ့သဘောထားကို စမ်းသပ်ပြီးမှ သူ့ကို ကြားခံအချိန်နည်းနည်းပေးရမှာ။ မင်းဘာလို့သဘောမပေါက်တာလဲ?" ဝမ်ချန်တစ်ယောက် အစက ထင်လိုက်မိတာက လင်းရှောက်ချီရဲ့ IQ မြင့်မားမှုနဲ့ နှစ်ရှည်လများ သူ့ရဲ့သည်းခံနိုင်စွမ်း‌တွေနဲ့ဆိုရင် စုပေကို တစ်ဆင့်ပြီးတစ်ဆင့်လိုက်ဖို့အတွက် တိကျသေချာတဲ့ အစီအစဉ်တစ်ခု အနည်းဆုံးတော့ ထွက်လာလိမ့်မယ်လို့ပဲ။ မမျှော်လင့်ဘဲ ဒီကောင်က အစိုးရိမ်လွန်ပြီး စိတ်မရှည်တတ်တဲ့‌ကောင်ဖြစ်နေခဲ့တယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း, ဝမ်ချန်က စုပေနဲ့ တစ်ခါမှမတွေ့ဆုံဖူးသော်ငြား လင်းရှောက်ချီကြောင့်ပဲ သူ ဒီကောင်မလေးအပေါ် အထင်အမြင်ကောင်းတွေရှိနေခဲ့တယ်။ လင်းရှောက်ချီရဲ့ရည်ညွှန်းချက် အတော်များများကနေ ဝမ်ချန် ယုံကြည်နေခဲ့တာက စုပေဆိုတာ ထက်မြက်ပြီး တိကျပြတ်သားတဲ့ မိန်းကလေးတစ်‌ယောက်ဖြစ်လိမ့်မယ်လို့ပဲ။

အကယ်၍များ ဒီလိုမိန်းကလေးမျိုးက လင်းရှောက်ချီရဲ့ဖွင့်ဟဝန်ခံမှုကို တကယ်ကြီး လက်မခံနိုင်ဘူးဆိုရင်တော့ သူမက သူ့ကို သေချာပေါက် ပြတ်ပြတ်သားသားကြီးကို ငြင်းဆန်လိုက်လိမ့်မယ်။ သူမက ဒီအကြောင်းနဲ့ပတ်သတ်ပြီး စဉ်းစားဖို့ဆန္ဒရှိတယ်ဆိုကတည်းက စုပေက လင်းရှောက်ချီရဲ့ဖွင့်ဟဝန်ခံမှုကို အလေးအနက် စဉ်းစားနေတယ်ဆိုတာကို ပြနေတာပဲလေ။

ဒါကိုကြားလိုက်ရတော့ လင်းရှောက်ချီရဲ့မျက်နှာထားက တောက်ပသွားတော့တယ်။ "ဟုတ်လို့လား?"

"ဘာကိုမဟုတ်ရမှာလဲ။ မင်းရဲ့ဆွဲဆောင်မှုကို မယုံဘူးဆိုရင်တောင်မှ ကိုယ့်မျက်လုံးကိုယ်ယုံရမယ်လေ။ စုပေက မိန်းမကောင်းလေးတစ်ယောက်ပါ" ဒီစကားကိုပြောနေချိန်မှာ ဝမ်ချန် တကယ်ကြီး သူ့သူငယ်ချင်းကို နည်းနည်းလေး အားကျမိတယ်။

မင်းကိုရင်ခုန်အောင်လုပ်နိုင်တဲ့ တစ်‌စုံ‌တစ်ယောက်ကို ရှာတွေ့ဖို့မလွယ်တဲ့အပြင် အဲ့ဒီသူက မင်းအချစ်နဲ့ထိုက်တန်တဲ့သူမျိုးဖြစ်ဖို့ကလည်း မလွယ်ဘူးလေ။

ဒါ့အပြင် ဝမ်ချန့်ဆီမှာ သူ ထုတ်မပြောရဲတဲ့ နောက်ထပ်အတွေးတစ်ခုလည်း ရှိနေခဲ့တယ် : ထူးချွန်တဲ့ စိတ်ပညာရှင်တစ်ဦးအနေနဲ့ စုပေက လင်းရှောက်ချီရဲ့ဖွင့်ဟဝန်ခံမှုကို လက်ခံလိမ့်မယ်ဆိုတဲ့ ခိုင်မာတဲ့ ထင်ကြေးတစ်ခုရှိနေခဲ့တယ်။

"မင်းဘာလုပ်မလို့လဲ?" လင်းရှောက်ချီ ရုတ်တရက် မတ်တပ်ထရပ်လိုက်တာကိုမြင်ရတော့ ဝမ်ချန် သူ့ကို အမြန်ပြန်ဆွဲချလိုက်ရတယ်။

"B တက္ကသိုလ်ကိုသွားမလို့လေ" စုပေဆီက အတည်ပြုချက်ရဖို့ လင်းရှောက်ချီ မစောင့်နိုင်တော့ဘူး။

"မင်း..." ဒီ‌သောက်ကျိုးနည်း အရူးကောင်ကတော့ သူ့ဦးနှောက်ထဲမှာ အရက်တွေဆို့သွားလို့လား, ဒါမှမဟုတ် သူက 'ချစ်စိတ်မွှန်နေကြတဲ့သူတွေအားလုံးမှာ ခပ်တုံးတုံး IQ တွေပဲရှိတယ်' ဆိုတဲ့လမ်းစဉ်အတိုင်း တကယ်ကြီး လိုက်တော့မလို့လား? လင်းရှောက်ချီလို ပုံမှန်အားဖြင့် တည်ငြိမ်ပြီး ဆင်ခြင်တုံတရားရှိတဲ့ စီးပွားရေးသမား တစ်ယောက်တောင်မှ ခံနိုင်ရည်မရှိဘူးပဲ။

"အခု မနက် ၁နာရီရှိနေပြီဆိုတာကို ငါမင်းကိုသတိပေးရဦးမှာလား?" ဝမ်ချန် ဖြည်းဖြည်းချင်းပြောလာတယ်။ "ပြီးတော့ မင်းအတည်ပြုချင်တယ်ဆိုရင်တောင် အမူးပြေသွားတဲ့အထိ စောင့်ပါဦးကွာ။ မင်း ဒီအခြေအနေနဲ့သွားရင် ဟိုက မင်းကိုတန်းပြီး ငြင်းလိုက်မယ့်အပြင် မင်းနာမည်ကိုပါ တစ်ခါတည်း blacklist သွင်းလိုက်မှာကို မင်းမကြောက်ဘူးလား?"

-----

လင်းရှောက်ချီ မနေ့ညတုန်းက အရက်အလွန်အကျွံသောက်မိခဲ့ပြီး နောက်တစ်နေ့ သူနိုးလာချိန်မှာ‌တော့ မနေ့က သူ့အပြုအမူတွေကို တိတ်တဆိတ် ပြန်စဥ်းစားကြည့်နေခဲ့တယ်။

လင်းရှောက်ချီ သူ့လက်ထဲမှာ ဖုန်းကိုကိုင်ထားရင်း အချိန်အတော်ကြာ တုံ့ဆိုင်းနေမိတယ်။

...

ကျောင်းဝင်းအဆောင်ရှိ သူမရဲ့အခန်းထဲမှာ စုပေတစ်‌ယောက် အိပ်ယာနိုးနိုးချင်း လင်းရှောက်ချီထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့တယ်။

"ကိုကြီးလင်း?"

"အိပ်နေတာလား?" Receiver ကနေ နူးညံ့သိမ်မွေ့ပြီး ညှို့ဓာတ်ပါနေတဲ့အသံတစ်သံ ထွက်ပေါ်လာခဲ့တာ‌က စုပေကို တခဏမျှ မှင်တက်သွားစေခဲ့ပြီး သူမရဲ့နှလုံးကို အနည်းငယ်မျှ ခုန်လှုပ်လာစေခဲ့တယ်။

လီဖေး ပြောတဲ့အတိုင်းဆိုရင် စုပေက သူတို့ရဲ့မူလဆက်ဆံရေးကို အလွန်တရာ တထစ်ချမှတ်ယူထားခဲ့တာကြောင့် လင်းရှောက်ချီရဲ့အပြုအမူနဲ့ပတ်သတ်ပြီး ဘာထူးဆန်းတာကိုမှ သူမ သတိမပြုခဲ့မိဘူး။ အတားအဆီးကို ဖယ်ရှားပစ်ပြီးတဲ့နောက် သူမ မြင်လာရတာက သူမအပေါ် လင်းရှောက်ချီရဲ့သဘောထားတွေက မောင်ရင်းနှမပုံစံကနေ သိသိသာသာကြီးကို ကျော်လွန်နေခဲ့တယ်ဆိုတာကိုပါပဲ။

"အင်း, အခုမှနိုးတာ" စုပေ မသိမသာလေး သူ့အသံကိုနှိမ့်ပြောလိုက်တယ်။

လင်းရှောက်ချီ : "ပြန်အိပ်ဦးမှာလား?"

စုပေ : "ဟင့်အင်း။ ထတော့မှာပါ"

လင်းရှောက်ချီ ခဏရပ်လိုက်ပုံရတယ်လို့ စုပေ သတိထားမိလိုက်တယ်။ သူ နောက်ဆုံးတော့ ပြောလာတယ်။ "အဲ့နေ့တုန်းက ရှောင်ပေ ကိုယ့်ကိုစဥ်းစားဖို့အချိန်လိုတယ်လို့‌ပြောတာကလေ ကိုယ်ဖွင့်ပြောတာကို မင်းဘက်က လက်ခံသင့် မခံသင့် စဉ်းစားဖို့လားဟင်?"

"ဟုတ်တယ်လေ" မဟုတ်မှလွဲရော သူပြောလိုက်တာနဲ့ပတ်သတ်ပြီး လင်းရှောက်ချီက ဘာတွေတွေးနေတာတုန်း?

စုပေ ရုတ်တရက် ထရယ်လိုက်မိတယ်။ သူ့ခေါင်းကို ခေါင်းအုံးပေါ်မြှုပ်ထားပြီး ဖုန်းပြန်ပြောလိုက်တယ်။ "အစ်ကိုလင်း, ညီမ ဆုံးဖြတ်ပြီးသွားပြီ"

12.10.2021

Tuesday

_____


Thanks 🌹




Continue Reading

You'll Also Like

696K 72.7K 99
Description လျောင်ချင်းချင်းနိုးလာတဲ့အခါနှစ်သက်ခြင်းမခံရတဲ့ဇနီးငယ်လေးအဖြစ်ကူးပြောင်းသွားတယ်။ အင်ပါယာနန်းတော်ထဲဝင်ပြီးနောက် မနှစ်သက်ခံရတဲ့လျန်ရိတစ်ယော...
293K 7.3K 75
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
47.7K 5K 184
Paid Groupဝင်ရန် m.me/swaefoxlove ရေးသူ စွဲ့ညို့
2.4M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...