ကမ်းမဲ့လက်//ကမျးမဲ့လကျ(Comple...

Door YOonKOok-Layer

12.6K 1.6K 627

မင်းအတွက် လက်တစ်စုံကို ကမ်းလင့်ကြိုမယ်~ မြဲမြံအောင် ဆုပ်ကိုင်ထားပေးဖို့တော့ မမေ့ပါနဲ့~ OTP-YOONKOOK TOP-JEON... Meer

Prologue
I
II
III
IV
V
VII
VIII
IX
X
XI
XII
XIII
XIV
XV
Epilogue

VI

664 98 36
Door YOonKOok-Layer

Zawgyicode


''အကို!...ခစ်..ခစ်...''






''ဘာရယ်...မကြားရဘူး...''

မိုးကောင်းနေတာမို့ သေချာ​အော်ပြောပေးသည်အား မကြားချင်ယောင်ဆောင်လို့ နားကိုလက်နဲ့ ကာမေးသူလေးက အသည်းယားဖို့ ကောင်းမနေပေဘူးလား...



''ဘာကြီး...မကြာဘူး အကိုရ!..."

''ဒီကောင်လေး....''

''အားးး ကြောက်တယ်!..."










''အ...အကို...''


''Yoon...''





''အကို!?..."


ခံစားရသည်ကတော့ သူ့အင်္ကျီစကို ခပ်တင်းတင်း ဆွဲဆုပ်လေတဲ့ ကောင်လေးရဲ့ လက်ချောင်းလေးတွေကိုပေါ့...တဆက်တည်း...

ဝုန်း!!!







_ Offered

Hand _

''ဟပ်ချိုး***''





''အယ်....''


''Yoon!!!...ဟေးးး ရပ်ပါဦးကွ...''




''အာ့...''

''ဟော်...Yoonရေ...''




''အင်း...ရှက်နေတာပဲ...''


_ Offered

Hand _










''အားးးးး Jungkookieee...''



''လမ်းဖယ်ပေးပါ...လမ်း...''



''ဟမ်...Yoon!..."




''အီးဟီးးး အကို !!! ''





သူခပ်သွက်သွက်ပြေးရင်း ကျောင်းဆောင်နောက်ကို ဝင်လိုက်တော့ ဒေါသထွက်ဖွယ် တွေ့ရသည်က ခြံစည်းရိုးအုတ်တံတိုင်းပင် ကျွံထွက်မတတ် ထောင့်ကပ်ငိုနေတဲ့ ကောင်လေးနဲ့ ကောင်လေးအင်္ကျီတွေကို ဆွဲချွတ်နေသော အယုတ်တမာအချို့....

''ဟေ့ကောင်တွေ!!...ရပ်စမ်း!!..."




ခွပ်*

''သေတောင်မရဘူး!...''

ခွပ်*

''ငါက အကုန်သတ်မှာ!!!...."



''တြိဂံဂြိုလ်...''


''အာ့...!"

''အကို!..."













''ဒါပေမဲ့ ဘာဖြစ်လဲ...''







ခနအကြာမှာတော့...




Offered Hand_____________________________


Offered Hand_____________________________

Unicode

တသည်းသည်း ရွာနေတဲ့ မိုးစက်တွေကြား ပြေးလွှားရတာက သိပ်ကဗျာဆန်လို့ နေပါရဲ့...နာကျင်မှုတွေ ဝမ်းနည်းမှုတွေ ပူလောင်မှုတွေကို ဒီမိုးစက်တွေနဲ့ ပြေလျော့စေလိုပါသည်လေ...

''အကို!...ခစ်..ခစ်...''

တအုန်းအုန်း ပြိုကျနေတဲ့ မိုးရေစက်တွေကို လက်နဲ့ခံပြီး သူ့မျက်နှာသို့ လှမ်းလှမ်းပက်ကာ ကောင်ငယ်လေးဟာ ရယ်သည်...

မြူးထူးစွာ...ပေါ့ပါးစွာ...လွတ်လပ်စွာ ပြုံးနေတဲ့ ထိုအပြုံးတွေက ဘယ်လောက်အေးချမ်းလိုက်လဲ...

''Yoon...အအေးပတ်မယ်...ပြန်ကြရအောင်...''

သူခေါ်သော်လည်း လျှာထုတ်ပြောင်ပြီး ရှေ့ကိုပြေးထွက်သွားသူကြောင့် သက်ပြင်းချရင်းသာ လိုက်ရပြန်ပါသည်...မိုးရေထဲဆော့ချင်လို့ပါဆိုသည့် တောင်းဆိုချက်ကို လိုက်လျောမိတာ မှားပြီထင်ပါ၏...

''Yoon...များနေပြီနော်...ပြောတော့ ငါးမိနစ်ဆို...အခု မိနစ်နှစ်ဆယ်ရှိနေပြီ...ကြာရင်ဖျားမယ်...''

''ဘာရယ်...မကြားရဘူး...''

မိုးကောင်းနေတာမို့ သေချာ​အော်ပြောပေးသည်အား မကြားချင်ယောင်ဆောင်လို့ နားကိုလက်နဲ့ ကာမေးသူလေးက အသည်းယားဖု့ိ ကောင်းမနေပေဘူးလား...

ဒီကောင်လေးနဲ့မှ မိမိအိုင်ဒေါ Imageပျောက်ပြီး မိုးရေထဲ ကြွက်စုတ်လေးလို လျှောက်ပြေးနေရသည်လေ...          

''အအေးပတ်မယ်လို့ ပြောနေတယ်လေ...!!!"

''ဘာကြီး...မကြာဘူး အကိုရ!..."

''ဒီကောင်လေး....''

''အားးး ကြောက်တယ်!..."

အစောကထက် အရှိန်တင်ပြီး အနောက်က ပြေးလိုက်တော့ အော်ကြီးဟစ်ကျယ်နဲ့ ပြေးပြန်လေသော ကောင်ငယ်လေး...

လမ်းမကြီးအတိုင်း ပြေးနေရာက အနီးနား လမ်းထောင့်ကျဉ်းလေးထဲ ပြေးဝင်သွားတာမို့ သူလဲအမှီလိုက်ပြီး အနောက်က လှမ်းဆွဲကာ ချုပ်ပစ်လိုက်သည်...သိသိသာသာပါပဲ...မိုးလည်းအနည်းငယ် ကျဲသွားလေရဲ့...

''လျှောက်ပြေးနေတယ်...ဟုတ်လား...''

''ဟီးဟီး...ပျော်စရာကြီးကို အကိုကလဲ...ဟားဟား...Maskကြီးက မျက်နှာမှာ အရမ်းကပ်နေပြီ...''

ရုတ်တရက် မျက်နှာပေါ် ထိတွေ့လာတဲ့ လက်ချောင်းသေးသေးလေးတွေက သူ့Maskကို ဆွဲချသည်...ထို့နောက် သဘောတကျကို ရယ်နေ၏...

သူပြုံးလိုက်ပြီး ရှေ့က ကောင်လေးကို ငေးကြည့်မိသည်...လှုပ်ရှားလာတဲ့ လက်တွေကတော့ ကောင်​လေးရဲ့ ခါးဆီကို အလိုလို ရောက်သွားလေရဲ့...

တင်းနေအောင် ဆွဲဖက်မိတော့ အင့်ခနဲ ရင်ခွင်ထဲ ပစ်ဝင်လာတဲ့ ကိုယ်အိအိလေး...မျက်လုံးသေးသေးလေးတွေကလဲ သူ့ကို အလန့်တကြား မော့ကြည့်နေလေသည်...

ယောကျာ်းလေးတွေလှတာ ရှားပေမဲ့...သူ့လက်ထဲက အဖြူကောင်လေးဟာ ရူးလောက်အောင် လှသည်...ဟန်ပန်တွေက ချစ်ဖို့ကောင်းပြီး အပြုအမူတွေဟာ အသည်းယားဖွယ်ရာကောင်း၏...

တကယ်ပါ...စတွေ့ကတည်းက ဒီကောင်လေးကို သတိမထားခဲ့မိဘူးဆိုရင် သူလိမ်ရာကျသွားမှာပေါ့...

''အ...အကို...''

အသံ....ခပ်ရှရှ အဲ့ဒီအသံလေးကို သူအရမ်း စွဲလန်းခဲ့ရတာ...အထူးသဖြင့် သူ့အိပ်မက်ထဲက အရှင်ဆိုသူရဲ့ ခပ်ဝါးဝါး အသံယောင်နဲ့ တူနေခဲ့လို့...

''Yoon...''

တိုးလျလျခေါ်တော့ ဆက်ခနဲ တုန်သွားတဲ့ ခန္ဓာကိုယ်လေး...ခြေလှမ်းတွေကို အရှေ့တိုးတဲ့အချိန် နောက်ကို ဖြည်းဖြည်းချင်း ဆုတ်သွားသူက သူ့စိတ်တွေကို ခုန်ထွက်လာအောင် လုပ်နိုင်လွန်းသူပေါ့...

''ကိုယ်အခွင့်အရေးယူတာ မဟုတ်ဘူး...လိမ်တာညာတာလဲ မဟုတ်ဘူး...ရင်ထဲက စကားတစ်ခွန်းကိုပြောမယ်...''

ဝိုင်းနေရာက ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားတဲ့ မျက်တောင်လေးတွေအောက်က မျက်စံရောင် အနက်တောက်တောက်လေးတွေထဲကို သူစူးစိုက်ကြည့်လိုက်သည်...

''ကိုယ်မင်းကို ချစ်နေမိပြီထင်တယ်...အင်း...ချစ်နေခဲ့တာကြာပါပြီ....''

''အကို!?..."

တအံ့တသြ ဖြစ်သွားတဲ့ မျက်နှာငယ်လေးကို ငေးကြည့်ရင်း ရေစိုစိုဆံချောင်းတို့ ဖြာကျနေတဲ့ နဖူးပြင်ထက် သူနှုတ်ခမ်းနဲ့ ဖိကပ်ပစ်လိုက်သည်....

ခံစားရသည်ကတော့ သူ့အကျႌစကို ခပ်တင်းတင်း ဆွဲဆုပ်လေတဲ့ ကောင်လေးရဲ့ လက်ချောင်းလေးတွေကိုပေါ့...တဆက်တည်း...

ဝုန်း!!!

အစောကထက် ပိုမိုပြင်းပြတဲ့ မိုးချိန်းသံ...သိသိသာသာ အရှိန်ပြင်းလွန်းသည်မှာ သူတို့ခြေတင်ထားရာ မြေပြင်တောင် တုန်လှုပ်သွားလေသည်အထိ...

''အ...အကို...ကျွန်တော်ကြောက်တယ်...ဟင့်...ကြောက်တယ်...''

ပိုသည်းလာတဲ့ မိုးရေတွေ...တိုက်ခတ်လာတဲ့ လေပြင်းကြမ်းကြမ်း....အကျယ်လောင်ဆုံး မိုးချိန်းသံတို့ကြောင့် ကောင်ငယ်လေးက သူ့ရင်ခွင်ထဲ ပေါက်ထွက်ကျမတတ် လဲပြိုလာသည်...

ထို့ကြောင့် ထိုကလေးငယ်လေးကို ပွေ့ချီလိုက်ကာသာ ကားရှိရာသို့ ပြန်လာလိုက်တော့သည်...

အရှင်...အရှင်ဆိုတဲ့သူကိုတော့ စိတ်ထဲက အထပ်ထပ် တောင်းပန်နေမိလျက်ပေါ့....

>>မင်းလဲ သစ္စာမရှိဘူး Jeon...>>

_ Offered

Hand _

''ဟပ်ချိုး***''

ချေသွားတဲ့နှာကို လက်နဲ့ခပ်ပြင်းပြင်းပွတ်ပြီး သူပင့်သက်တို့ ရှိုက်ထုတ်လိုက်သည်...မိုးထဲရေထဲ လျှောက်ပတ်ပြေး...ရင်ထဲက ခံစားချက်တွေကို ဖွင့်ထုတ်ပြပြီးနောက်မှာ Yoonတစ်ယောက် သူ့ကို အတွေ့ပင် မခံတော့ပေ...

သူထင်ခဲ့တာ...Yoonလဲ သူ့အပေါ် ခံစားချက်ရှိမယ်ပေါ့...အခုတော့ ထိုကောင်လေးက သူ့ကို Fanတယောက်အပြင် ပိုခဲ့ပုံမပေါ်ပါ...

''ဟပ်...ဟပ်...ချိုး*** အော်...ဒီနှာခေါင်းကလဲ...''

တောက်လျှောက်ချေနေသည်ကြောင့် သူစိတ်တိုစွာ လက်နဲ့ထပ်မံ ပွတ်ပြစ်ရင်း မတ်တပ်ထရပ်လိုက်သည်...

''အယ်....''

နံရံက ပြက္ခဒိန်ဆီ အကြည့်ရောက်သွားတာမို့ သူမျက်လုံးပြူးရချေ၏...နောက်နှစ်ရက်ဆို စာမေးပွဲ ဖြေရတော့မှာပဲ...ဟိုကောင်လေး စာတွေရော လိုက်နိုင်ပါ့မလား...

''Yoon!!!...ဟေးးး ရပ်ပါဦးကွ...''

စာအုပ်ကြီးတွေပိုက်ပြီး တလှုပ်လှုပ်နဲ့ မပြေးရုံတမယ် သွားနေသူအား လှမ်းခေါ်သော်လည်း လှည့်မကြည့်တာကြောင့် သူပဲ နောက်ကပြေးဆွဲရတော့သည်...

''ဟေး...ဘာလို့ရှောင်နေတာတုန်း...မနက်ကလဲ ကိုယ့်မှာ စောင့်နေရတာ...မင်းက ကားနဲ့ထွက်သွားပြီတဲ့...အကြောင်းလေး ဘာလေးလဲမကြား....Yoon...Yoon...နေမကောင်းဘူးလား...''

သူကသာ တစ်ယောက်တည်း စကားတွေပြောနေရသည်အား ခေါင်းကို အောက်ပြုတ်ကျမတတ်ငုံ့ထားသူက တကိုယ်လုံးမှ ဖြူစွတ်စွတ် အသားရေတို့ဟာလည်း ရဲရဲနီနေတာကြောင့် လက်နဲ့နဖူးကိုစမ်းလိုက်သည်....

''အာ့...''

''ဟော်...Yoonရေ...''

အထိတ်ထိတ် အလန့်လန့် ဇွတ်အနောက်ကိုဆုတ်ပြီး အောက်သို့ထိုင်လျက် ကျသွားသေးတာကြောင့် သူခါးထောက်ပြီးတော့သာ မနိုင်သလို ကြည့်နေမိတော့သည်...

''နေ..နေကောင်းပါတယ်...စာမေးပွဲက အရေးကြီးလို့ပါ...သွား...သွားပြီ အကို...''

စာအုပ်တွေ ပြာပြာသလဲကောက်ပြီး ထွက်သွားသူလေးကို ငေးကြည့်ရင်းသာ Maskခံထားရာက သူပြုံးလိုက်သည်...

''အင်း...ရှက်နေတာပဲ...''

ဆက်ပြီးလိုက်ဖို့တော့ သူမစဉ်းစားမိ...ရှက်နေမှတော့လည်း ခနလွှတ်ထားပေးသင့်သည်လေ...တစ်ကျောင်းလုံးကလဲ သူ့ကိုဝိုင်းကြည့်နေတာမို့ မသိချင်ယောင် ဆောင်ရင်းသာ ထိုနားက ထွက်လာလိုက်တော့သည်...

_ Offered

Hand _

''နောက်ဆုံးရက်...နောက်ဆုံးရက်လေ...''

ကျောင်းဝရံတာဘောင်မှာ မေးတင်ရင်း သူခပ်တိုးတိုး ရေရွတ်မိသည်...စာမေးပွဲနောက်ဆုံးရက်...ဖြေလဲပြီးပြီ...ဒါပေမဲ့ Yoonပေါက်စက အခုထိ သူ့ကို ရှောင်နေတုန်း...

''ကိုကိုက Jungkookieမဟုတ်လားဟင်...Jeon JeongGukဆိုတဲ့ နာမည်ကြားကတည်းက MiMiက ဟုတ်ပါစေ ဆုတောင်းနေတာ...ကိုကို့ပုံစံက ကိုကိုKookနဲ့ တစ်ပုံစံတည်းပဲ...စတွေ့ကတည်းက စကားလာပြောချင်တာကို ကြောက်နေလို့....''

ကိုယ့်ဘာသာ စိတ်ညစ်နေတုန်း အနားသို့ ရောက်လာသည့် ကောင်မလေးက ခပ်ကျယ်ကျယ်အသံနဲ့ ဝမ်းသာအားရ ပြောလေတာမို့ သူလဲ အင်တင်တင်နဲ့သာ ပြုံးပြလိုက်ရသည်...

အင်းလေ...စာမေးပွဲလဲ ပြီးပြီဆိုတော့ သိသွားကြလည်း ဘာမှမဖြစ်ပါဘူး...ဘာမှမဖြစ်ဘူးဆိုပေမဲ့ တဖြည်းဖြည်း လူတွေက ပိုအုံလာတာကြောင့် သူ့မှာ ဒုက္ခရောက်ရချေပြီ...

ပါမောက္ခကြီး ကတိပေးထားတုန်းကတော့ သူ့ကို အနုပညာရှင်မှန်း အားလုံးသိသွားလည်း အနှောင့်အယှက် မဖြစ်စေရပါဘူးတဲ့...အခုတော့ ထိုပေါမောက္ခ၏ အရိပ်အယောင်တောင် မတွေ့ရပေ...

''ကိုကို...Maskလေး ချွတ်ပြပါနော်...နော်...''

''ဟုတ်တယ်...Maskချွတ်ပြပေးပါ Jungkookie...''

တစ်ယောက်တစ်ပေါက် တောင်းဆိုလာကြသူတွေကြောင့် သူလဲ သက်ပြင်းချရင်းသာ Maskကို ချွတ်ပြပေးလိုက်တော့သည်...

''အားးးးး Jungkookieee...''

ဆူညံသွားတဲ့ အဆောင်နဲ့အတူ အိပ်ကပ်ထဲက တုန်ခါနေတဲ့ ဖုန်းလေးကို သူခေတ္တ သတိမရ ဖြစ်သွားခဲ့သည်....

စုအုံ​နေတဲ့ လူတွေကြားထဲက တိုးထွက်၍လဲ မရတာကြောင့် သူ့ရဲ့ မန်နေဂျာ ဘော်ဒီဂတ်တွေ လာခေါ်မည့်အချိန်သာ စောင့်နေရတော့ာ၏...

''လမ်းဖယ်ပေးပါ...လမ်း...''

ခနအကြာမှာ ရောက်လာပြီဖြစ်တဲ့ မန်နေဂျာတွေကြောင့် သူစိတ်သက်သာရစွာ သက်ပြင်းချပြီး အပြင်သို့ ထွက်ခဲ့လိုက်သည်...

ဒါတောင် ကားပေါ်တက်တဲ့အထိ နောက်ကပါလာသေးသော ကောင်မလေးတစ်အုပ်ကြောင့် လက်ပြနှုတ်ဆက်ခဲ့ရင်းသာ ကားကိုထွက်ခိုင်းလိုက်တော့သည်...ထိုအခါမှ သတိထားမိသည်က သူ့အိပ်ကပ်ထဲက တုန်မြည်နေတဲ့ ဖုန်းလေး...

''ဟမ်...Yoon!..."

အခါငါးဆယ်ကျော်နေပြီဖြစ်တဲ့ ဖုန်းကောလ်အနီရောင်များစွာကြောင့် သူအထိတ်တလန့် ကိုင်လိုက်တော့ တဖက်က ထွက်လာတဲ့ အသံလေးက တုန်ယင်စွာနဲ့...

''အကို...ဟင့်...ကျွန်တော့်ကို ကယ်ပါဦးးး ''

''ဟေ့ကောင်...ဟိုချောင်ထဲမှာ!!!"

''အီးဟီးးး အကို !!! ''

တဖက်က အော်ဟစ်ငိုသံလေးကြောင့် သူ့ရင်တွေ တဆစ်ဆစ်နဲ့ ကျင်လာရသည်...ကားကိုမြန်မြန်ရပ်ခိုင်းလို့ ကျောင်းရှိရာသို့ သူတဖန် လှည့်ပြေးလာခဲ့လိုက်သည်....

Yoonကိုထိရင် တစ်ယောက်မကျန် အကုန်မြေလှန်သတ်မှာ...

"Min Yoongiကိုတွေ့လား...ဘယ်မှာလဲ...သူဘယ်မှာလဲလို့!..."

တစ်ယောက်စ နှစ်ယောက်စ ကျန်နေခဲ့တဲ့ Yoonတို့ အဆောင်က ကောင်မလေးတွေကို အော်မေးလိုက်တော့ အလန့်တကြား ကျောင်းဆောင်အနောက်ကို လက်ညှိုးထိုးပြလာသည်...

သူခပ်သွက်သွက်ပြေးရင်း ကျောင်းဆောင်နောက်ကို ဝင်လိုက်တော့ ဒေါသထွက်ဖွယ် တွေ့ရသည်က ခြံစည်းရိုးအုတ်တံတိုင်းပင် ကျွံထွက်မတတ် ထောင့်ကပ်ငိုနေတဲ့ ကောင်လေးနဲ့ ကောင်လေးအကျႌတွေကို ဆွဲချွတ်နေသော အယုတ်တမာအချို့....

''ဟေ့ကောင်တွေ!!...ရပ်စမ်း!!..."

အကျယ်ဆုံးအော်ရင်း ထိုနားမှာရှိသမျှ ကောင်တွေအကုန်လုံးကို သူသိမ်းကျုံးထိုးပစ်လိုက်သည်...

အများနဲ့တစ်ယောက်ဆိုသော်လည်း ဟိုဘက်ကကောင်တွေ အကုန်လုံးဟာ ဇမရှိတဲ့ အပေါစားလူမိုက်တွေ ဖြစ်နေတာမို့ သူ့အတွက် အားလုံးလဲဖို့ အလွယ်လေးပင်...

''ငါ့Yoonကို ထိချင်တယ်...ဟုတ်လား!...''

ခွပ်*

''သေတောင်မရဘူး!...''

ခွပ်*

''ငါက အကုန်သတ်မှာ!!!...."

Jungkookရဲ့ နက်နဲလှသော အော်သံအကျယ်ကြီးကြောင့် ငှက်တွေပင် လေထဲပျံဝဲသွားရသလို သစ်ရွက်ခြောက်တွေဟာလဲ အလုအယက် ယှက်ဖြာပွတ်တိုက် ဝေ့ဝဲကုန်ကြရရဲ့....

ဤသည်ကို အာရုံခံစားမိလိုက်လေသော မိန်းမတဦးဟာလဲ အထိတ်တလန့် မှိတ်ထားတဲ့ မျက်လုံးတွေကိုဖွင့်ပြီး တီးတိုးရေရွတ်လေသည်...

''တြိဂံဂြိုလ်...''

>>အရှင့်ကို အသက်နဲ့ရင်းပြီး ကာကွယ်ပေးမှာမို့...အဲ့ဒီပေါ်မှာ ဒီတိုင်းလေး...ဒီတိုင်းလေးပဲ ငြိမ်ငြိမ်လေး ထိုင်နေပေးပါ...>>

''အာ့...!"

''အကို!..."

ရုတ်တရက် စူးအောင့်လာတဲ့ ရင်ဘတ်ကြောင့် နောက်ထပ်ထိုးဖို့ ပြင်နေတဲ့ လက်သီးဆုပ်က လေပေါ်မှာပဲ တန့်သွားရသည်...

သူခွထိုင်ထားတဲ့ အောက်ကကောင်ကလဲ ဇွတ်တွန်းကန်ပြီး ပြေးထွက်သွားလေရဲ့...သူကတော့ စူးခနဲ ဖြစ်သွားတဲ့ ရင်ဘတ်ကို လက်နဲ့ဖိထားမိတုန်း...

''အကို...အကိုဘာဖြစ်တာလဲ...ဘယ်နားထိသွားတာလဲဟင်...''

အနားတိုးကပ်ပြီး စိုးရိမ်တကြီး မေးလာသည့် ကောင်လေးကြောင့် သူ့ရဲ့နာကျင်မှု တဝက်လောက်ကတော့ သိသိသာသာ လျော့ကျသွားရသည်...

ထို့ကြောင့် အသက်ကို ပြင်းပြင်းရှူရင်းသာ ဝတ်ထားတဲ့ Hoddieကို ချွတ်လိုက်ရင်း ကောင်ငယ်လေးကို လုံခြုံအောင် ဝတ်ပေးပြီး ပွေ့ချီလာလိုက်သည်...

''အကို...အကိုရင်ဘတ် နာနေတာမလား...ကျွန်တော်...''

စကားများနေတဲ့ ကောင်လေးကို ခပ်စူးစူးကြည့်ပေးလိုက်တော့ မျက်ရည်စလေးတွေနဲ့ မျက်ဝန်းအိမ်လေးမှာ နောက်ထပ်သော မျက်ရည်စတွေက ဝိုင်းခနဲ...

သူသက်ပြင်းချလိုက်သည်...အတင်းအကျပ် မလုပ်ချင်တာမို့ ဒီတိုင်းသာ ပြန်ချပေးလိုက်ပြီး ကောင်လေးပခုံးနှစ်ဖက်အား ဆုပ်ကိုင်လိုက်ကာ...

''ဘာလို့ရှောင်နေတာလဲ...ကိုယ်အနားမှာ မရှိလို့ အခုလို ဒုက္ခရောက်ရတာ တွေ့လား...ကိုယ်သာ အချိန်မှီ ရောက်မလာခဲ့ရင် မင်းဘဝ ဘယ်လိုဖြစ်သွားမယ်ထင်လဲ....ဟင်...''

ဒေါသသံနဲ့ပြောတာ မဟုတ်သော်လည်း မကျေနပ်သော အံကြိတ်သံတို့ ပါသွားလို့ ထင်ပါရဲ့...မျက်ရည်တွေ အလုံးလိုက် ပြိုကျရင်း ခေါင်းကိုအောက်ငုံ့သွားတာမို့ သူသက်ပြင်းချရင်းသာ ကောင်လေးကို ကျောခိုင်းလိုက်​တော့သည်...ထိုစဉ်...

''ကြောက်လို့...ကျွန်တော်ကြောက်လို့...ကျွန်တော့်အနားမှာ အကိုရှိနေရင် လုံခြုံတယ်လို့ ခံစားရတယ်...တကယ်လဲ လုံခြုံခဲ့ပါတယ်...ဒါပေမဲ့...''

စကားထစ်သွားတာကြောင့် သူကောင်လေးဘက်ကို ပြန်လှည့်ရင်း မေးငေါ့ပြလိုက်သည်...

''ဒါပေမဲ့ ဘာဖြစ်လဲ...''

ထိုအခါ မျက်လုံးအကြည့်တွေကို ဟိုဟိုဒီဒီလွှဲသွားသူလေးက သူ့ကိုရင်မဆိုင်ရဲသလို ခေါင်းကိုအောက်ငုံ့ချပြန်သည်...ပြီးမှ ဆိုလာတာက...

''ဒါပေမဲ့ အရင်လူတွေလို ကျွန်တော့်ကို ထားသွားမှာ...အင့်...''

ဆက်ပြောလာတဲ့ စကားမဆုံးခင် ရှေ့ကခန္ဓာသေးသေးလေးကို ဆွဲဖက်ရင်း သူ့ရင်ခွင်ထဲ မြုပ်စေလိုက်သည်...

တွန်းကန်တာလဲ မရှိသလို ပြန်ဖက်တွယ်တာမျိုးလဲ မရှိတာကြောင့် သူမျက်လုံးတွေကို မှိတ်ချလိုက်ပြီး ကောင်လေးဆံပင်တွေထဲ မျက်နှာအပ်လိုက်မိ၏...

''ကိုယ်ပြောပြီးသားပဲ...ထာဝရပါဆို...ကိုယ့်ကိုတော့ မင်းယုံလို့ရတယ်လေ ငယ်ရဲ့...''

အေးစက်သည်ထက် ​အေးစက်လာတဲ့ သူ့ရင်ဘတ်ပေါ်က လက်လေးတွေ...တဒိန်းဒိန်းနဲ့ ရင်ခုန်သံတွေဟာ သူ့ဆီကလား ကောင်လေးဆီကလား မသဲကွဲလှ...

ခနအကြာမှာတော့...

''အီးဟီးးး အကို့ကို အရမ်းချစ်တယ်... ''

ဝိုင်းစက်သွားရတဲ့ သူ့ရဲ့မျက်လုံးတွေနဲ့အတူ ရင်ဘတ်ထဲက ပရမ်းပတာ ခုန်မြည်နေတဲ့ အကောင်ငယ်ဟာလဲ အပြင်ကို ထွက်မကျမတတ် ဖြစ်ရချေသည်....ဒါအိပ်မက်လားလို့တောင် ကိုယ့်ကိုယ်ကို ပြန်မေးရတဲ့အထိပါပင်...

အရမ်းချစ်တယ်တဲ့လား ငယ်ရယ်...

Offered Hand_____________________________

ဘာရယ်မဟုတ်ပါဘူး...Ficရေးချင်စိတ်တွေ ကုန်ခမ်းနေလို့ပါ...Updateလေး သည်းခံပေးကြပါဦး...စိတ်စုစည်းရတဲ့နေ့ ကိုယ့်Wallထဲ Storyသစ်တွေတင်ဖို့လဲ ရှိနေပါတယ်...Love you all 💜

Offered Hand_____________________________

Ga verder met lezen

Dit interesseert je vast

12.5K 2.8K 44
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
55.1M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...
164K 3.8K 19
Cute and Submissive is all you can think about when you think younger. That's what they all thought as well when they figured out their feeling's f...
65.8K 17.1K 59
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥