Going Against The Wind (Myanm...

By Eri1485EXOL

292K 37.5K 1.6K

This is just a translation. Original work is 逆风而行 by Author 蓝淋. So, I own neither the content nor the cover. ... More

Summary
Chapter-1 (Part 1)
Chapter -1 (Part 2)
Chapter-2 (Part 1)
Chapter-2 (Part 2)
Chapter-3 (Part 1)
Chapter-3 (Part 2)
Chapter-4 (Part 1)
Chapter -4 (Part 2)
Chapter-5 (Part 1)
Chapter-5 (Part 2)
Chapter - 6 (Part 1)
Chapter - 6 (Part 2)
Chapter - 7 (Part 1)
Chapter -7 (Part 2)
Chapter - 8 (Part 1)
Chapter - 8 (Part 2)
Chapter - 9 (Part 1)
Chapter - 9 (Part 2)
Chapter - 9 (Part 3)
Chapter - 9 (Part 4)
Chapter - 10 (Part 1)
Chapter - 10 (Part 2)
Chapter - 10 (Part 3)
Chapter - 10 (Part 4)
Chapter-11 ( Part 1)
Chapter-11 (Part 2)
Chapter-11 ( Part 3)
Chapter-11 (Part 4)
Chapter-12 (Part 1)
Chapter-12 (Part 2)
Chapter-12 (Part 3)
Chapter-13 (Part 1)
Chapter-13 (Part 2)
Chapter-13 (Part 3)
Chapter -13 (Part 4)
Chapter -14 (Part 1)
Chapter -14 (Part 2)
Chapter-14 (Part 3)
Volume 2 Summary
Chapter -15 (Part 1)
Chapter -15 (Part 2)
Chapter -15 (Part 3)
Chapter - 16 (Part 1)
Chapter - 16 (Part 2)
Chapter -16 (Part 3)
Chapter - 17 (Part 1)
Chapter - 17 (Part 2)
Chapter - 17 (Part 3)
Chapter - 18 (Part 1)
Chapter - 18 (Part 2)
Chapter - 18 (Part 3)
Chapter -18 (Part 4)
Chapter - 19 (Part 1)
Chapter - 19 (Part 2)
Chapter - 19 (Part 3)
Chapter - 20 (Part 1)
Chapter - 20 (Part 2)
Chapter - 20 (Part 3)
Chapter - 20 (Part 4)
Chapter - 21 (Part 1)
Chapter - 21 (Part 2)
Chapter - 21 (Part 3)
Chapter - 21 (Part 4)
Chapter - 22 (Part 1)
Chapter - 22 (Part 2)
Chapter - 22 (Part 3)
Chapter - 22 (Part 4)
Chapter - 22 (Part 5)
Chapter - 23 (Part 1)
Chapter - 23 (Part 2)
Chapter - 23 (Part 3)
Chapter - 23 (Part 4) Final
Extra - 1 (Part 1)
Extra - 1 (Part 2)
Extra - 2 (Part 1)
Extra - 2 (Part 2)
Extra - 2 (Part 3)
Afterwords
Just Announcement!
Survivorship Bias

Chpater - 19 (Part 4)

3.1K 463 29
By Eri1485EXOL

Unicode

လင်ကျင်းက အူးယမ်ရဲ့ရှုပ်​ထွေး​နေတဲ့အကြည့်နဲ့ ​တွေ့ဆုံလိုက်ရတယ်။ သူ့မျက်နှာတစ်ခုလုံးက ချက်ချင်းနီရဲလာပြီး သူ့ရဲ့ပုံမှန်စကား​ပြော​ကောင်းခြင်းကလည်း ​ပျောက်ကွယ်သွားတယ်, "အာ! မဟုတ်ဘူး, သူ အဓိပ္ပါယ်မရှိတာ ​ပြော​နေတာ, ဆရာ, အထင်မလွဲပါနဲ့..."

အူးယမ်က တစ်ခဏ​လောက် ဘာ​ပြောရမှန်းမသိ ဖြစ်သွားခဲ့တယ်။ သူက တူကိုကိုင်ထားပြီး ထိုင်​နေတာဆို​ပေမယ့် ရုတ်တရက် ဘာမှထပ်မစားနိူင်​တော့ဘူး။

"​ဆောရီး, ငါ လုပ်စရာတစ်ခုရှိတယ်ဆိုတာ သတိရသွားလို့"

"ဆရာ?"

အူးယမ်က မတ်တပ်ရပ်လိုက်ပြီး ​ခေါင်းငုံ့ကာ သူ့စာအုပ်ကို​ကောက်ယူရင်း စားပွဲ​ပေါ်မှာ ပိုက်ဆံချန်ထားခဲ့တယ်, "ငါ, ငါ အရင်သွားမယ်"

"အာ, ရှီဝမ်! ​စောင့်ဦး!"

အူးယမ်က မြန်မြန်ထွက်ခွာသွားပြီး ပိုက်ဆံဖြုန်းတာကိုလည်း ဂရုမစိုက်​နိူင်တော့ဘူး။ သူက တက္ကစီတစ်စီးကို တားလိုက်ပြီး အထဲဝင်သွားခဲ့တယ်။

သူက တကယ်ကို ​တော်​တော်​လေး တုံးခဲ့တယ်။ အဲ့လူနှစ်​ယောက်က သူ့ရဲ့အပင်ပန်းခံထားတဲ့​တွေး​ခေါ်သုံးသပ်ချက်​တွေကို ဘယ်အချိန်တုန်းက အလိုရှိခဲ့ဖူးတာလဲ? သူတို့က တစ်​ယောက်ကို တစ်​​ယောက် အာရုံစိုက်မှုအနည်းငယ်သာရှိကြ​ပေမယ့် သူတို့ဆက်ဆံ​ရေးက ဘယ်လိုလုပ်ပြီး ဆိုးရွား​နေတာလဲ? သူက အဲ့တာကို ​တွေးရင်း မလိုအပ်စွာနဲ့ စိတ်ပူ​နေခဲ့တယ်။

သူက လူ​တွေရဲ့နှလုံးသားကို ဘယ်​တော့မှ နားလည်နိူင်မယ်မထင်ဘူး။ သူ့ကိုသ​ဘောကျတဲ့လူ​တွေကလည်း သူ့ကိုသ​ဘောမကျပုံရပြီး သူ့ကိုသ​ဘောမကျတဲ့လူ​တွေကလည်း သူ့ကိုသ​ဘောကျ​တယ်လို့ ဟန်​ဆောင်ကြတယ်။

သူ့မှာ လူငယ်​တွေရဲ့စိတ်ကို နားလည်နိူင်မယ့်နည်းလမ်း တကယ်ကိုမရှိဘူး။

ကံ​ကောင်းစွာနဲ့ သူက က​လေးတစ်​​ယောက်ရဲ့မ​ကောင်းမှုနဲ့ မရိုးသားတဲ့စကား​လုံး​*တွေကို တစ်ခါ​တွေ့ကြုံခဲ့ပြီးပြီဖြစ်တယ်။ [*လူတစ်​ယောက်ရဲ့စိတ်နဲ့ မကိုက်ညီတဲ့စကားလုံး​တွေ]

လင်ကျင်းက တစ်​နေ့လုံး မရပ်နားစွာနဲ့ "ကျွန်​တော် ဆရာ့ကို သ​ဘောကျတယ်" လို့​ပြောတာကို သူ မ​မျှော်လင့်ခဲ့ဘူး။ ဘာ​ကြောင့်လဲဆို​တော့ သူက သူ(လင်ကျင်း)နဲ့ပတ်သက်ပြီး တကယ်ကို အဲ့လို​မျိုးတွေးခဲ့လို့ပဲ (က​လေးတစ်​​ယောက်ရဲ့ မတည်ငြိမ်တဲ့စိတ်ကို နားလည်တာကို ဆိုလိုချင်တာ)။ သူက ဆရာ-​ကျောင်းသားရဲ့ ချစ်သူရည်းစားဆက်ဆံ​​ရေးကို ​တွေး​တောင်မ​တွေးရဲခဲ့ဘူး။ ပြီး​တော့ လင်ကျင်းရဲ့ဝန်ခံချက်က အ​ပျော်သက်သက်လို့ပဲ သူခန့်မှန်းထားခဲ့တာဖြစ်တယ်။

အနည်းဆုံး​တော့ သူက အဲ့တာကို ​လေး​လေးနက်နက်မထားဘူး။ ပြုတ်ကျ*ပြီးတဲ့​နောက် အဆုံးမှာ​တော့ သူက ပညာရရှိခဲ့တယ်။ [*​ချောက်ထဲပြုတ်ကျတာကို ဆိုလိုချင်တာ]

သူတို့စားတဲ့​နေရာက ​ကျောင်းနဲ့သိပ်မ​ဝေး​ပေမယ့် သူ့အိမ်နဲ့​တော့ ဦးတည်ရာဆန့်ကျင်ဘက်ဖြစ်တယ်။ သူ့အိမ်ကို တက္ကစီစီးသွားတာက တကယ်ကို ​စျေးအရမ်းကြီးတယ်။ အူးယမ်က လမ်းတစ်ဝက်မှာ ကား​ပေါ်ကဆင်းလိုက်ပြီး ​ကျောင်းနားက လမ်း​ဘေးဆိုင်မှာ ​စျေး​ပေါတဲ့​ခေါက်ဆွဲတစ်ပွဲကို စားပြီး​နောက် အများသုံးဘတ်စ်ကား​ပေါ် တက်ဖို့ ပြင်ဆင်လိုက်တယ်။

အစပြုစရာ ဘာမှမရှိဘူးဖြစ်တယ်။ လင်ကျင်းက အ​ပြောတစ်မျိုး, အလုပ်တစ်မျိုးဖြစ်​နေတဲ့အ​ပေါ် သူ စိတ်မဆိုးဘူး။ က​လေး​တွေအားလုံးက ဒီလိုပဲ, အ​ဆော့မက်ပြီး စကားတတ်တယ်။ ဒါကို အမှားကြီးတစ်ခုလို့ မယူဆနိူင်ဘူး။

သူ့ကို လင်ကျင်းက အခြားလူတစ်​​ယောက်ကို ​တွေး​စေမိရုံသက်သက်ပဲ။

အသက်တစ်ချက်ရှူတိုင်း "ဆရာ" နဲ့ "သ​ဘောကျတယ်" လို့ပြောပြီး​တော့ လိုက်ရှုပ်​နေတတ်တဲ့, တူညီတဲ့ချိုမြိန်မှုနဲ့ချစ်စရာ​ကောင်းမှု​တွေဖြစ်တယ်။

ဒါ​ပေမယ့် အဲ့အချိန်မှာ​တော့ သူက အ​လေးအနက်ဖြစ်ခဲ့တယ်။

မသိလိုက်စွာနဲ့ဘဲ သူ့မျက်မှန်​ရဲ့မှန်ဘီလူး​တွေက ​ဝေဝါးလာတယ်။ သူက ဘာလို့ ဒီလိုတုံးရတာလဲ? သူက ဘာလို့ အဲ့တာကို ရှင်းရှင်းလင်းလင်း မ​မေ့ပစ်နိူင်ရတာလဲ?

​​ရှောင်ရွှမ်းက ဘယ်​လောက်ပဲဆိုးပါ​စေ, သူက အရာအားလုံးကို လွှတ်ပစ်ခဲ့ပြီး သူလုပ်သင့်တဲ့အရာအားလုံးကို လုပ်ခဲ့တယ်ဆိုရင်​တောင်မှ သူ(အူးယမ်)က အဲ့လူရဲ့ငယ်ရွယ်နုပျိုတဲ့ ပုံပန်းသွင်ပြင်ကို တစ်ကြိမ်, ဒါမှမဟုတ် နှစ်ကြိမ်​လောက် အိပ်မက်,မက်​မိ​နေဆဲပဲ။

ရှက်ရွံ့စွာနဲ့ နှာ​ခေါင်းကို ညှစ်ပြီး​တဲ့နောက် အူးယမ်က ​ဝေဝါး​နေတဲ့ သူ့မျက်မှန်ရဲ့မှန်ဘီလူး​တွေကို သုတ်လိုက်ပြီး ပိုက်ဆံ​ပေးကာ အိမ်ပြန်ဖို့ ထရပ်လိုက်တယ်။ သူက လမ်း​လျှောက်​နေရင်း, ထပ်​ဝေဝါးလာတဲ့မျက်မှန်​တွေကို ချွတ်ပြီး ထပ်ခါတလဲလဲသုတ်လိုက်ရတယ်။

ဖြစ်​ကောင်းဖြစ်နိူင်တာက​တော့ သူက အဲ့လူကို ​တော်​တော်​လေးသ​ဘောကျ​နေလို့ပဲ။

"အဲ့လူနဲ့ မဆုံခဲ့ရရင် ​ကောင်းမယ်" လို့ သူ​တွေး​လေ့ရှိ​ပေမယ့် တကယ်​တော့ သူတို့အားလုံးက အလိမ်အညာ​တွေဖြစ်တယ်။

သူက ဒီဘဝမှာ ​ရှောင်ရွှမ်းနဲ့ဆုံ​တွေ့ရဖို့ အလွန်​ဆန္ဒရှိ​​နေတုန်းပဲ။ ​​သူ့အ​ပေါ် ရှောင်ရွှမ်းရဲ့ခံစားချက်​တွေသာ စစ်မှန်​နေခဲ့ရင်, ​နောက်ပိုင်းမှာ ဖြစ်သွားတဲ့အရာ​တွေသာ ဘယ်တုန်းကမှမရှိခဲ့ရင်​တော့, ​ကောင်းမှာပါပဲ။

ခံစားချက်​တွေက အတုအ​ယောင်​တွေဖြစ်​ပေမယ့် သူ့ရဲ့​ပျော်စရာ​ကောင်းတဲ့မှတ်ဥာဏ်​တွေက​တော့ စစ်မှန်​နေခဲ့တယ်။

အဲ့နှစ်မှာ ​ရှောင်ရွှမ်းက သူ့ကိုချစ်သလိုမျိုး ပြုမူခဲ့တယ်။ အသက်အားဖြင့် ဆယ့်နှစ်နှစ်ကွာခြားချက်ရှိတယ်ဆို​ပေမယ့် သူ အလွန်​ပျော်ခဲ့တယ်။ သူ့ဘဝတစ်​လျှောက်လုံးမှာ အဲ့အချိန်အ​တောအတွင်းက​ ကြုံ​တွေ့ရတာ​တွေထက် ပိုပြီးမ​ပျော်ရွှင်နိူင်တော့ဘူး။ သူက အဲ့နှစ်မှာသာ ထာဝရ​နေနိူင်မယ်ဆို အဲ့အတွက် ဘာမဆိုလဲလှယ်ဖို့ ဆန္ဒရှိတယ်။

ဒါက မိုက်မဲပြီး ရယ်စရာ​ကောင်းတဲ့ အိမ်မက်တစ်ခုဆိုတာကိုလည်း သူသိတယ်။

ဒီ​နေ့မှာ သူက ရုတ်တရက် အဲ့တာကို မခံစားနိူင်ဘူးဖြစ်သွားခဲ့တယ်။ အဲ့လူနဲ့ပတ်သက်ပြီး သူ့ရဲ့ခံစားချက်​တွေနဲ့ မျက်​ရည်​တွေကို မထိန်းထားနိူင်ခဲ့ဘူး။

"ဆရာ"

အူးယမ်က လန့်သွားပြီး မျက်မှန်ကို မြန်မြန်ပြန်တပ်ကာ သူ့ရဲ့ဖူး​​​ရောင်​​နေတဲ့မျက်လုံး​တွေကို ဖုံးကွယ်လိုက်တယ်။ (ငိုထားလို့ မျက်လုံး​​ရောင်ရမ်းတာ​နော်😅)

သူ့စိတ်မှာပြည့်​နှက်နေ​သောလူဟာ သူ့​ရှေ့က အရပ်ရှည်တဲ့လူဆိုတာကို မြင်​တဲ့အခါမှာ​တော့ အူးယမ်က ခဏ​တာ စိတ်ရှုပ်​ထွေးသွားတယ်။ သူက တစ်ခဏ​လောက် ဘာလုပ်ရမှန်းမသိဘဲ နှုတ်ဆက်တဲ့အ​နေနဲ့ ခေါင်းညိမ့်လိုက်ပြီး သူ့အနားကို သွားချင်ခဲ့တယ်။

"ဆရာ!" ​ရှောင်ရွှမ်းက သူ့လက်​မောင်းကို လှမ်းဆွဲလိုက်ပြီး သူ့ကို ​ခေါင်းငုံ့ပြီး ကြည့်လာတယ်, "ဘာဖြစ်တာလဲ? လင်ကျင်းက ဆရာ့ကို ဘာလုပ်လိုက်တာလဲ?"

အူးယမ်က ​အေးခဲသွားပြီး, "ဘာ?"

"သူ ဆရာ့အ​ပေါ် အားသုံးခဲ့တာလား?"

အူးယမ်က ရှက်ရွံ့ပြီး စိတ်ဆိုးလာကာ သူ့လက်ကို အားနဲ့ ခါထုတ်လိုက်တယ်, "ဘာမှမဖြစ်ဘူး!"

"ဒါမှမဟုတ် သူ ဆရာ့ကို ကစားခဲ့တာလား?"

"..." အူးယမ်ရဲ့မျက်နှာက ချက်ချင်းနီရဲလာတယ်။

​ရှောင်ရွှမ်းရဲ့​လေသံက အလွန်နူးညံ့လာပြီး, "သူက အမြဲတမ်း လှည့်စားတတ်တဲ့​ကောင်ဆိုတာ ကျွန်​တော်သိတယ်"

အူးယမ်ရဲ့ဦး​နှောက်က ပူလာတယ်, "လူတိုင်းက မင်းလိုမဟုတ်ဘူး"

​ရှောင်ရွှမ်းက ရပ်တန့်သွားပြီး မ​​မျှော်လင့်ဘဲ စကား​ပြောဖို့ အလွန်ရှက်သွားပုံ​ရတယ်။ တစ်ခဏ​လောက်ကြာပြီး​နောက် သူက ​ပြောတယ်, "ကျွန်​တော်က ဆရာ့အတွက် စိတ်ပူလို့ပါ"

ဒီလိုအ​​​​ယောင်​ဆောင်မှုမျိုးက အူးယမ်ကို ကြက်သီးထ​စေခဲ့တယ်။ သူက စိတ်ရှည်စွာ​ ပြောတယ်, "မင်း အရမ်း​တွေးစရာမလိုပါဘူး, ငါက အရင်​လို မမိုက်မဲ​တော့ဘူး"

"ဆရာ, လင်ကျင်းက ဆရာ့ကို ဘာမှမလုပ်ခဲ့ဘူး, ဟုတ်လား?"

"ဒါက သူနဲ့မဆိုင်ပါဘူး"

​ရှောင်ရွှမ်းက အရှုံးမ​ပေးဘဲ, "ဒါဆို ဆရာ ဘာလို့ ငိုတာလဲ?!"

"ဒါလည်း မင်းနဲ့မဆိုင်ဘူး!" သူ့​ရှေ့ကလူကို ​ကြောက်တယ်ဆိုရင်​တောင်မှ သူက ခက်ထန်စွာ ပြုမူရမှာဖြစ်တယ်။

​ရှောင်ရွှမ်းက သူ့လက်ကို ရုတ်တရက် လှမ်းဆွဲလိုက်ပြီး သူ့ကို အားနဲ့ ​ရှေ့ဆီ ဆွဲ​ခေါ်သွားတယ်, "ဆရာ, ကျွန်​တော် ဆရာနဲ့ စကား​ပြောချင်တယ်"

"ငါ့မှာ မင်းနဲ့​ပြောစရာ ဘာမှမရှိဘူး" အူးယမ်က ခက်ခက်ခဲခဲ ရုန်းကန်​ပေမယ့် သူ့ရဲ့သန်မာမှု​အောက်မှာ​တော့ သူက ​​ရှေ့ကိုသာ ဒယိမ်း​ဒယိုင်​လျှောက်နေနိူင်​တယ်။

လမ်းတစ်​​လျှောက်, သူတို့ကို ကြည့်သွားတဲ့လူ​တွေထဲမှာ ​ကျောင်းသား​တွေအများကြီးလည်း ပါတယ်။ အူးယမ်က အဲ့တာကို သည်းမခံနိူင်ဘဲ ရှက်ရွံ့ပြီး ​​ဒေါသထွက်လာခဲ့တယ်။ ကားထဲကို ဆွဲသွင်းခံရပြီးတဲ့​နောက် သူ့လက်​တွေက တုန်ရီ​နေဆဲဖြစ်ပြီး လွတ်​မြောက်ဖို့အတွက် ကားတံခါးကို ဖွင့်ဖို့ကြိုးစားတယ်။

"ဆရာ, ဒီလို မလုပ်ပါနဲ့, ကျွန်​တော် ဆရာ့ကို ဘာမှမလုပ်ဘူး, ကျွန်​တော်က ဆရာနဲ့ တစ်ခါလောက် စကား​ပြောချင်ရုံပါ"

"မဟုတ်ဘူး, မလိုဘူး" အူးယမ်က သူ့လက်​ချောင်း​တွေ ဖြူလာတဲ့အထိ ဆွဲ​ပေမယ့် တံခါးက လုံးဝကို အနည်းငယ်​တောင် မ​လှုပ်ဘူး။

"ဆရာ ကျွန်​တော့်ကို စကား​ပြောဖို့ အခွင့်အ​​ရေး​တောင် မ​​ပေးဘူး, ကျွန်​တော်က ဘယ်လိုလုပ်ပြီး ဆရာ့ကို အ​နှောင့်အယှက်​ပေးရမှာလဲ? ဒါမှမဟုတ် ကျွန်​တော် ဆရာ့ကို အ​နှောင့်အယှက်​ပေးမှာကို ဆရာက တကယ်​မျှော်လင့်​နေတာလား?"

အူးယမ်က ချက်ချင်းရပ်သွားတယ်။ အလွန်​ဒေါသထွက်​​နေတဲ့အတွက် သူ့နှုတ်ခမ်း​တွေက တုန်ရီ​နေခဲ့​ပေမယ့် ​နောက်ဆုံးမှာ​တော့ စကား​​ပြောမထွက်နိူင်​တော့ဘူး။

သူတို့က တစ်ခဏ​လောက်​မောင်းနှင်လာခဲ့ပြီး ရပ်တန့်သွားတယ်။ ​ရှောင်ရွှမ်းက ကားတံခါးကို ဖွင့်ရင်း ကား​ပေါ်က ဆင်းတယ်။ အူးယမ်က ​အေးခဲသွားပြီး လှုပ်ရှားဖို့ ငြင်းဆန်ခဲ့တယ်။

"ကျွန်​တော်တို့ ကားထဲမှာ စကား​ပြောလို့မရဘူး, အ​ပေါ်တက်ကြရ​အောင်"

"..."

"မ​ကြောက်ပါနဲ့, ကျွန်​တော် ဆရာ့ကို မရိုက်ပါဘူး"



T/N - (E translator ရဲ့ note ကို နားလည်သလို ဘာသာပြန်​ပေးမယ်​နော်) လင်ကျင်းနဲ့ပတ်သက်ပြီး အထင်လွဲတာ​လေး​တွေရှိနိူင်ပါတယ်, လင်ကျင်းက ဇာတ်လမ်းကို ပိုကြွ​အောင် ထည့်​ပေးထားတဲ့ အရံဇာတ်​ကောင်သက်သက်ပါ, OOC အ​နေနဲ့ ထည့်ထားတာဖြစ်နိူင်ပါတယ်တဲ့✌





Zawgyi

လင္က်င္းက အူးယမ္ရဲ႕႐ႈပ္​ေထြး​ေနတဲ့အၾကည့္နဲ႔ ​ေတြ႕ဆုံလိုက္ရတယ္။ သူ႕မ်က္ႏွာတစ္ခုလုံးက ခ်က္ခ်င္းနီရဲလာၿပီး သူ႕ရဲ႕ပုံမွန္စကား​ေျပာ​ေကာင္းျခင္းကလည္း ​ေပ်ာက္ကြယ္သြားတယ္, "အာ! မဟုတ္ဘူး, သူ အဓိပၸါယ္မ႐ွိတာ ​ေျပာ​ေနတာ, ဆရာ, အထင္မလြဲပါနဲ႔..."

အူးယမ္က တစ္ခဏ​ေလာက္ ဘာ​ေျပာရမွန္းမသိ ျဖစ္သြားခဲ့တယ္။  သူက တူကိုကိုင္ထားၿပီး ထိုင္​ေနတာဆို​ေပမယ့္ ႐ုတ္တရက္ ဘာမွထပ္မစားႏိူင္​ေတာ့ဘူး။

"​ေဆာရီး, ငါ လုပ္စရာတစ္ခု႐ွိတယ္ဆိုတာ သတိရသြားလို႔"

"ဆရာ?"

အူးယမ္က မတ္တပ္ရပ္လိုက္ၿပီး ​ေခါင္းငုံ႔ကာ သူ႕စာအုပ္ကို​ေကာက္ယူရင္း စားပြဲ​ေပၚမွာ ပိုက္ဆံခ်န္ထားခဲ့တယ္, "ငါ, ငါ အရင္သြားမယ္"

"အာ, ႐ွီဝမ္! ​ေစာင့္ဦး!"

အူးယမ္က ျမန္ျမန္ထြက္ခြာသြားၿပီး ပိုက္ဆံျဖဳန္းတာကိုလည္း ဂ႐ုမစိုက္​ႏိူင္ေတာ့ဘူး။ သူက တကၠစီတစ္စီးကို တားလိုက္ၿပီး အထဲဝင္သြားခဲ့တယ္။

သူက တကယ္ကို ​ေတာ္​ေတာ္​ေလး တုံးခဲ့တယ္။ အဲ့လူႏွစ္​ေယာက္က သူ႕ရဲ႕အပင္ပန္းခံထားတဲ့​ေတြး​ေခၚသုံးသပ္ခ်က္​ေတြကို ဘယ္အခ်ိန္တုန္းက အလို႐ွိခဲ့ဖူးတာလဲ? သူတို႔က တစ္​ေယာက္ကို တစ္​​ေယာက္ အာ႐ုံစိုက္မႈအနည္းငယ္သာ႐ွိၾက​ေပမယ့္ သူတို႔ဆက္ဆံ​ေရးက ဘယ္လိုလုပ္ၿပီး ဆိုး႐ြား​ေနတာလဲ? သူက အဲ့တာကို ​ေတြးရင္း မလိုအပ္စြာနဲ႔ စိတ္ပူ​ေနခဲ့တယ္။

သူက လူ​ေတြရဲ႕ႏွလုံးသားကို ဘယ္​ေတာ့မွ နားလည္ႏိူင္မယ္မထင္ဘူး။ သူ႕ကိုသ​ေဘာက်တဲ့လူ​ေတြကလည္း သူ႕ကိုသ​ေဘာမက်ပုံရၿပီး သူ႕ကိုသ​ေဘာမက်တဲ့လူ​ေတြကလည္း သူ႕ကိုသ​ေဘာက်​တယ္လို႔ ဟန္​ေဆာင္ၾကတယ္။

သူ႕မွာ လူငယ္​ေတြရဲ႕စိတ္ကို နားလည္ႏိူင္မယ့္နည္းလမ္း တကယ္ကိုမ႐ွိဘူး။

ကံ​ေကာင္းစြာနဲ႔ သူက က​ေလးတစ္​​ေယာက္ရဲ႕မ​ေကာင္းမႈနဲ႔ မ႐ိုးသားတဲ့စကား​လုံး​*ေတြကို တစ္ခါ​ေတြ႕ၾကဳံခဲ့ၿပီးၿပီျဖစ္တယ္။ [*လူတစ္​ေယာက္ရဲ႕စိတ္နဲ႔ မကိုက္ညီတဲ့စကားလုံး​ေတြ]

လင္က်င္းက တစ္​ေန႔လုံး မရပ္နားစြာနဲ႔ "ကြၽန္​ေတာ္ ဆရာ့ကို သ​ေဘာက်တယ္" လို႔​ေျပာတာကို သူ မ​ေမွ်ာ္လင့္ခဲ့ဘူး။ ဘာ​ေၾကာင့္လဲဆို​ေတာ့ သူက သူ(လင္က်င္း)နဲ႔ပတ္သက္ၿပီး တကယ္ကို အဲ့လို​မ်ိဳးေတြးခဲ့လို႔ပဲ (က​ေလးတစ္​​ေယာက္ရဲ႕ မတည္ၿငိမ္တဲ့စိတ္ကို နားလည္တာကို ဆိုလိုခ်င္တာ)။ သူက ဆရာ-​ေက်ာင္းသားရဲ႕ ခ်စ္သူရည္းစားဆက္ဆံ​​ေရးကို ​ေတြး​ေတာင္မ​ေတြးရဲခဲ့ဘူး။ ၿပီး​ေတာ့ လင္က်င္းရဲ႕ဝန္ခံခ်က္က အ​ေပ်ာ္သက္သက္လို႔ပဲ သူခန္႔မွန္းထားခဲ့တာျဖစ္တယ္။

အနည္းဆုံး​ေတာ့ သူက အဲ့တာကို ​ေလး​ေလးနက္နက္မထားဘူး။ ျပဳတ္က်*ၿပီးတဲ့​ေနာက္ အဆုံးမွာ​ေတာ့ သူက ပညာရ႐ွိခဲ့တယ္။ [*​ေခ်ာက္ထဲျပဳတ္က်တာကို ဆိုလိုခ်င္တာ]

သူတို႔စားတဲ့​ေနရာက ​ေက်ာင္းနဲ႔သိပ္မ​ေဝး​ေပမယ့္ သူ႕အိမ္နဲ႔​ေတာ့ ဦးတည္ရာဆန္႔က်င္ဘက္ျဖစ္တယ္။ သူ႕အိမ္ကို တကၠစီစီးသြားတာက တကယ္ကို ​ေစ်းအရမ္းႀကီးတယ္။ အူးယမ္က လမ္းတစ္ဝက္မွာ ကား​ေပၚကဆင္းလိုက္ၿပီး ​ေက်ာင္းနားက လမ္း​ေဘးဆိုင္မွာ ​ေစ်း​ေပါတဲ့​ေခါက္ဆြဲတစ္ပြဲကို စားၿပီး​ေနာက္ အမ်ားသုံးဘတ္စ္ကား​ေပၚ တက္ဖို႔ ျပင္ဆင္လိုက္တယ္။

အစျပဳစရာ ဘာမွမ႐ွိဘူးျဖစ္တယ္။ လင္က်င္းက အ​ေျပာတစ္မ်ိဳး, အလုပ္တစ္မ်ိဳးျဖစ္​ေနတဲ့အ​ေပၚ သူ စိတ္မဆိုးဘူး။ က​ေလး​ေတြအားလုံးက ဒီလိုပဲ, အ​ေဆာ့မက္ၿပီး စကားတတ္တယ္။ ဒါကို အမွားႀကီးတစ္ခုလို႔ မယူဆႏိူင္ဘူး။

သူ႕ကို လင္က်င္းက အျခားလူတစ္​​ေယာက္ကို ​ေတြး​ေစမိ႐ုံသက္သက္ပဲ။

အသက္တစ္ခ်က္႐ွဴတိုင္း "ဆရာ" နဲ႔ "သ​ေဘာက်တယ္" လို႔ေျပာၿပီး​ေတာ့ လိုက္႐ႈပ္​ေနတတ္တဲ့, တူညီတဲ့ခ်ိဳၿမိန္မႈနဲ႔ခ်စ္စရာ​ေကာင္းမႈ​ေတြျဖစ္တယ္။

ဒါ​ေပမယ့္ အဲ့အခ်ိန္မွာ​ေတာ့ သူက အ​ေလးအနက္ျဖစ္ခဲ့တယ္။

မသိလိုက္စြာနဲ႔ဘဲ သူ႕မ်က္မွန္​ရဲ႕မွန္ဘီလူး​ေတြက ​ေဝဝါးလာတယ္။ သူက ဘာလို႔ ဒီလိုတုံးရတာလဲ? သူက ဘာလို႔ အဲ့တာကို ႐ွင္း႐ွင္းလင္းလင္း မ​ေမ့ပစ္ႏိူင္ရတာလဲ?

​​ေ႐ွာင္႐ႊမ္းက ဘယ္​ေလာက္ပဲဆိုးပါ​ေစ, သူက အရာအားလုံးကို လႊတ္ပစ္ခဲ့ၿပီး သူလုပ္သင့္တဲ့အရာအားလုံးကို လုပ္ခဲ့တယ္ဆိုရင္​ေတာင္မွ သူ(အူးယမ္)က အဲ့လူရဲ႕ငယ္႐ြယ္ႏုပ်ိဳတဲ့ ပုံပန္းသြင္ျပင္ကို တစ္ႀကိမ္, ဒါမွမဟုတ္ ႏွစ္ႀကိမ္​ေလာက္ အိပ္မက္,မက္​မိ​ေနဆဲပဲ။

႐ွက္႐ြံ႕စြာနဲ႔ ႏွာ​ေခါင္းကို ညႇစ္ၿပီး​တဲ့ေနာက္ အူးယမ္က ​ေဝဝါး​ေနတဲ့ သူ႕မ်က္မွန္ရဲ႕မွန္ဘီလူး​ေတြကို သုတ္လိုက္ၿပီး ပိုက္ဆံ​ေပးကာ အိမ္ျပန္ဖို႔ ထရပ္လိုက္တယ္။ သူက လမ္း​ေလွ်ာက္​ေနရင္း, ထပ္​ေဝဝါးလာတဲ့မ်က္မွန္​ေတြကို ခြၽတ္ၿပီး ထပ္ခါတလဲလဲသုတ္လိုက္ရတယ္။

ျဖစ္​ေကာင္းျဖစ္ႏိူင္တာက​ေတာ့ သူက အဲ့လူကို ​ေတာ္​ေတာ္​ေလးသ​ေဘာက်​ေနလို႔ပဲ။

"အဲ့လူနဲ႔ မဆုံခဲ့ရရင္ ​ေကာင္းမယ္" လို႔ သူ​ေတြး​ေလ့႐ွိ​ေပမယ့္ တကယ္​ေတာ့ သူတို႔အားလုံးက အလိမ္အညာ​ေတြျဖစ္တယ္။

သူက ဒီဘဝမွာ ​ေ႐ွာင္႐ႊမ္းနဲ႔ဆုံ​ေတြ႕ရဖို႔ အလြန္​ဆႏၵ႐ွိ​​ေနတုန္းပဲ။ ​​သူ႕အ​ေပၚ  ေ႐ွာင္႐ႊမ္းရဲ႕ခံစားခ်က္​ေတြသာ စစ္မွန္​ေနခဲ့ရင္, ​ေနာက္ပိုင္းမွာ ျဖစ္သြားတဲ့အရာ​ေတြသာ ဘယ္တုန္းကမွမ႐ွိခဲ့ရင္​ေတာ့, ​ေကာင္းမွာပါပဲ။

ခံစားခ်က္​ေတြက အတုအ​ေယာင္​ေတြျဖစ္​ေပမယ့္ သူ႕ရဲ႕​ေပ်ာ္စရာ​ေကာင္းတဲ့မွတ္ဥာဏ္​ေတြက​ေတာ့ စစ္မွန္​ေနခဲ့တယ္။

အဲ့ႏွစ္မွာ ​ေ႐ွာင္႐ႊမ္းက သူ႕ကိုခ်စ္သလိုမ်ိဳး ျပဳမူခဲ့တယ္။ အသက္အားျဖင့္ ဆယ့္ႏွစ္ႏွစ္ကြာျခားခ်က္႐ွိတယ္ဆို​ေပမယ့္ သူ အလြန္​ေပ်ာ္ခဲ့တယ္။ သူ႕ဘဝတစ္​ေလွ်ာက္လုံးမွာ အဲ့အခ်ိန္အ​ေတာအတြင္းက​ ၾကဳံ​ေတြ႕ရတာ​ေတြထက္ ပိုၿပီးမ​ေပ်ာ္႐ႊင္ႏိူင္ေတာ့ဘူး။ သူက အဲ့ႏွစ္မွာသာ ထာဝရ​ေနႏိူင္မယ္ဆို အဲ့အတြက္ ဘာမဆိုလဲလွယ္ဖို႔ ဆႏၵ႐ွိတယ္။

ဒါက မိုက္မဲၿပီး ရယ္စရာ​ေကာင္းတဲ့ အိမ္မက္တစ္ခုဆိုတာကိုလည္း သူသိတယ္။

ဒီ​ေန႔မွာ သူက ႐ုတ္တရက္ အဲ့တာကို မခံစားႏိူင္ဘူးျဖစ္သြားခဲ့တယ္။ အဲ့လူနဲ႔ပတ္သက္ၿပီး သူ႕ရဲ႕ခံစားခ်က္​ေတြနဲ႔ မ်က္​ရည္​ေတြကို မထိန္းထားႏိူင္ခဲ့ဘူး။

"ဆရာ"

အူးယမ္က လန္႔သြားၿပီး မ်က္မွန္ကို ျမန္ျမန္ျပန္တပ္ကာ သူ႕ရဲ႕ဖူး​​​ေရာင္​​ေနတဲ့မ်က္လုံး​ေတြကို ဖုံးကြယ္လိုက္တယ္။ (ငိုထားလို႔ မ်က္လုံး​​ေရာင္ရမ္းတာ​ေနာ္😅)

သူ႕စိတ္မွာျပည့္​ႏွက္ေန​ေသာလူဟာ သူ႕​ေ႐ွ႕က အရပ္႐ွည္တဲ့လူဆိုတာကို ျမင္​တဲ့အခါမွာ​ေတာ့ အူးယမ္က ခဏ​တာ စိတ္႐ႈပ္​ေထြးသြားတယ္။ သူက တစ္ခဏ​ေလာက္ ဘာလုပ္ရမွန္းမသိဘဲ ႏႈတ္ဆက္တဲ့အ​ေနနဲ႔ ေခါင္းညိမ့္လိုက္ၿပီး သူ႕အနားကို သြားခ်င္ခဲ့တယ္။

"ဆရာ!" ​ေ႐ွာင္႐ႊမ္းက သူ႕လက္​ေမာင္းကို လွမ္းဆြဲလိုက္ၿပီး သူ႕ကို ​ေခါင္းငုံ႔ၿပီး ၾကည့္လာတယ္, "ဘာျဖစ္တာလဲ? လင္က်င္းက ဆရာ့ကို ဘာလုပ္လိုက္တာလဲ?"

အူးယမ္က ​ေအးခဲသြားၿပီး, "ဘာ?"

"သူ ဆရာ့အ​ေပၚ အားသုံးခဲ့တာလား?"

အူးယမ္က ႐ွက္႐ြံ႕ၿပီး စိတ္ဆိုးလာကာ သူ႕လက္ကို အားနဲ႔ ခါထုတ္လိုက္တယ္, "ဘာမွမျဖစ္ဘူး!"

"ဒါမွမဟုတ္ သူ ဆရာ့ကို ကစားခဲ့တာလား?"

"..." အူးယမ္ရဲ႕မ်က္ႏွာက ခ်က္ခ်င္းနီရဲလာတယ္။

​ေ႐ွာင္႐ႊမ္းရဲ႕​ေလသံက အလြန္ႏူးညံ့လာၿပီး, "သူက အၿမဲတမ္း လွည့္စားတတ္တဲ့​ေကာင္ဆိုတာ ကြၽန္​ေတာ္သိတယ္"

အူးယမ္ရဲ႕ဦး​ေႏွာက္က ပူလာတယ္, "လူတိုင္းက မင္းလိုမဟုတ္ဘူး"

​ေ႐ွာင္႐ႊမ္းက ရပ္တန္႔သြားၿပီး မ​​ေမွ်ာ္လင့္ဘဲ စကား​ေျပာဖို႔ အလြန္႐ွက္သြားပုံ​ရတယ္။ တစ္ခဏ​ေလာက္ၾကာၿပီး​ေနာက္ သူက ​ေျပာတယ္, "ကြၽန္​ေတာ္က ဆရာ့အတြက္ စိတ္ပူလို႔ပါ"

ဒီလိုအ​​​​ေယာင္​ေဆာင္မႈမ်ိဳးက အူးယမ္ကို ၾကက္သီးထ​ေစခဲ့တယ္။ သူက စိတ္႐ွည္စြာ​ ေျပာတယ္, "မင္း အရမ္း​ေတြးစရာမလိုပါဘူး, ငါက အရင္​လို မမိုက္မဲ​ေတာ့ဘူး"

"ဆရာ, လင္က်င္းက ဆရာ့ကို ဘာမွမလုပ္ခဲ့ဘူး, ဟုတ္လား?"

"ဒါက သူနဲ႔မဆိုင္ပါဘူး"

​ေ႐ွာင္႐ႊမ္းက အ႐ႈံးမ​ေပးဘဲ, "ဒါဆို ဆရာ ဘာလို႔ ငိုတာလဲ?!"

"ဒါလည္း မင္းနဲ႔မဆိုင္ဘူး!" သူ႕​ေ႐ွ႕ကလူကို ​ေၾကာက္တယ္ဆိုရင္​ေတာင္မွ သူက ခက္ထန္စြာ ျပဳမူရမွာျဖစ္တယ္။

​ေ႐ွာင္႐ႊမ္းက သူ႕လက္ကို ႐ုတ္တရက္ လွမ္းဆြဲလိုက္ၿပီး သူ႕ကို အားနဲ႔ ​ေ႐ွ႕ဆီ ဆြဲ​ေခၚသြားတယ္, "ဆရာ, ကြၽန္​ေတာ္ ဆရာနဲ႔ စကား​ေျပာခ်င္တယ္"

"ငါ့မွာ မင္းနဲ႔​ေျပာစရာ ဘာမွမ႐ွိဘူး" အူးယမ္က ခက္ခက္ခဲခဲ ႐ုန္းကန္​ေပမယ့္ သူ႕ရဲ႕သန္မာမႈ​ေအာက္မွာ​ေတာ့ သူက ​​ေ႐ွ႕ကိုသာ ဒယိမ္း​ဒယိုင္​ေလွ်ာက္ေနႏိူင္​တယ္။

လမ္းတစ္​​ေလွ်ာက္, သူတို႔ကို ၾကည့္သြားတဲ့လူ​ေတြထဲမွာ ​ေက်ာင္းသား​ေတြအမ်ားႀကီးလည္း ပါတယ္။ အူးယမ္က အဲ့တာကို သည္းမခံႏိူင္ဘဲ ႐ွက္႐ြံ႕ၿပီး ​​ေဒါသထြက္လာခဲ့တယ္။ ကားထဲကို ဆြဲသြင္းခံရၿပီးတဲ့​ေနာက္ သူ႕လက္​ေတြက တုန္ရီ​ေနဆဲျဖစ္ၿပီး လြတ္​ေျမာက္ဖို႔အတြက္ ကားတံခါးကို ဖြင့္ဖို႔ႀကိဳးစားတယ္။

"ဆရာ, ဒီလို မလုပ္ပါနဲ႔, ကြၽန္​ေတာ္ ဆရာ့ကို ဘာမွမလုပ္ဘူး, ကြၽန္​ေတာ္က ဆရာနဲ႔ တစ္ခါေလာက္ စကား​ေျပာခ်င္႐ုံပါ"

"မဟုတ္ဘူး, မလိုဘူး" အူးယမ္က သူ႕လက္​ေခ်ာင္း​ေတြ ျဖဴလာတဲ့အထိ ဆြဲ​ေပမယ့္ တံခါးက လုံးဝကို အနည္းငယ္​ေတာင္ မ​လႈပ္ဘူး။

"ဆရာ ကြၽန္​ေတာ္႕ကို စကား​ေျပာဖို႔ အခြင့္အ​​ေရး​ေတာင္ မ​​ေပးဘူး,  ကြၽန္​ေတာ္က ဘယ္လိုလုပ္ၿပီး ဆရာ့ကို အ​ေႏွာင့္အယွက္​ေပးရမွာလဲ? ဒါမွမဟုတ္ ကြၽန္​ေတာ္ ဆရာ့ကို အ​ေႏွာင့္အယွက္​ေပးမွာကို ဆရာက တကယ္​ေမွ်ာ္လင့္​ေနတာလား?"

အူးယမ္က ခ်က္ခ်င္းရပ္သြားတယ္။ အလြန္​ေဒါသထြက္​​ေနတဲ့အတြက္ သူ႕ႏႈတ္ခမ္း​ေတြက တုန္ရီ​ေနခဲ့​ေပမယ့္ ​ေနာက္ဆုံးမွာ​ေတာ့ စကား​​ေျပာမထြက္ႏိူင္​ေတာ့ဘူး။

သူတို႔က တစ္ခဏ​ေလာက္​ေမာင္းႏွင္လာခဲ့ၿပီး ရပ္တန္႔သြားတယ္။ ​ေ႐ွာင္႐ႊမ္းက ကားတံခါးကို ဖြင့္ရင္း ကား​ေပၚက ဆင္းတယ္။ အူးယမ္က ​ေအးခဲသြားၿပီး လႈပ္႐ွားဖို႔ ျငင္းဆန္ခဲ့တယ္။

"ကြၽန္​ေတာ္တို႔ ကားထဲမွာ စကား​ေျပာလို႔မရဘူး, အ​ေပၚတက္ၾကရ​ေအာင္"

"..."

"မ​ေၾကာက္ပါနဲ႔, ကြၽန္​ေတာ္ ဆရာ့ကို မ႐ိုက္ပါဘူး"



T/N - (E translator ရဲ႕ note ကို နားလည္သလို ဘာသာျပန္​ေပးမယ္​ေနာ္) လင္က်င္းနဲ႔ပတ္သက္ၿပီး အထင္လြဲတာ​ေလး​ေတြ႐ွိႏိူင္ပါတယ္, လင္က်င္းက ဇာတ္လမ္းကို ပိုႂကြ​ေအာင္ ထည့္​ေပးထားတဲ့ အရံဇာတ္​ေကာင္သက္သက္ပါ, OOC အ​ေနနဲ႔ ထည့္ထားတာျဖစ္ႏိူင္ပါတယ္တဲ့✌




Continue Reading

You'll Also Like

1.2M 131K 141
Type : Web Novel Title :SAYE (Run Freely) Author : WuZhe Chapter - 145+ 5 extras Status -on going Main Lead -Jiang Cheng(ကျန်ချန်) Main Lead -Gu Fe...
809K 51.7K 27
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 ၿမိဳ႔အုပ္မင္းကိုမွ ခ်စ္မိသြားတဲ့ ဓားျပေခါင္းေဆာင္ႀကီး🤓 1950 BL (Time travel) Unicode an...
42.4K 1.9K 10
#水千丞 #188男团 #188男团夏日限定 [ Zawgyi Version ] Original Author : Shui Qian Cheng • 水千丞 This is really a rough translation. I just want to read this for my...