Going Against The Wind (Myanm...

By Eri1485EXOL

292K 37.5K 1.6K

This is just a translation. Original work is 逆风而行 by Author 蓝淋. So, I own neither the content nor the cover. ... More

Summary
Chapter-1 (Part 1)
Chapter -1 (Part 2)
Chapter-2 (Part 1)
Chapter-2 (Part 2)
Chapter-3 (Part 1)
Chapter-3 (Part 2)
Chapter-4 (Part 1)
Chapter -4 (Part 2)
Chapter-5 (Part 1)
Chapter-5 (Part 2)
Chapter - 6 (Part 1)
Chapter - 6 (Part 2)
Chapter - 7 (Part 1)
Chapter -7 (Part 2)
Chapter - 8 (Part 1)
Chapter - 8 (Part 2)
Chapter - 9 (Part 1)
Chapter - 9 (Part 2)
Chapter - 9 (Part 3)
Chapter - 9 (Part 4)
Chapter - 10 (Part 1)
Chapter - 10 (Part 2)
Chapter - 10 (Part 3)
Chapter - 10 (Part 4)
Chapter-11 ( Part 1)
Chapter-11 (Part 2)
Chapter-11 ( Part 3)
Chapter-11 (Part 4)
Chapter-12 (Part 1)
Chapter-12 (Part 2)
Chapter-12 (Part 3)
Chapter-13 (Part 1)
Chapter-13 (Part 2)
Chapter-13 (Part 3)
Chapter -13 (Part 4)
Chapter -14 (Part 1)
Chapter -14 (Part 2)
Chapter-14 (Part 3)
Volume 2 Summary
Chapter -15 (Part 1)
Chapter -15 (Part 2)
Chapter -15 (Part 3)
Chapter - 16 (Part 1)
Chapter - 16 (Part 2)
Chapter -16 (Part 3)
Chapter - 17 (Part 1)
Chapter - 17 (Part 2)
Chapter - 17 (Part 3)
Chapter - 18 (Part 1)
Chapter - 18 (Part 2)
Chapter - 18 (Part 3)
Chapter -18 (Part 4)
Chapter - 19 (Part 1)
Chapter - 19 (Part 2)
Chpater - 19 (Part 4)
Chapter - 20 (Part 1)
Chapter - 20 (Part 2)
Chapter - 20 (Part 3)
Chapter - 20 (Part 4)
Chapter - 21 (Part 1)
Chapter - 21 (Part 2)
Chapter - 21 (Part 3)
Chapter - 21 (Part 4)
Chapter - 22 (Part 1)
Chapter - 22 (Part 2)
Chapter - 22 (Part 3)
Chapter - 22 (Part 4)
Chapter - 22 (Part 5)
Chapter - 23 (Part 1)
Chapter - 23 (Part 2)
Chapter - 23 (Part 3)
Chapter - 23 (Part 4) Final
Extra - 1 (Part 1)
Extra - 1 (Part 2)
Extra - 2 (Part 1)
Extra - 2 (Part 2)
Extra - 2 (Part 3)
Afterwords
Just Announcement!
Survivorship Bias

Chapter - 19 (Part 3)

3K 464 50
By Eri1485EXOL

Unicode

ဒီ​ကောင်​လေးမှာ ကျားသစ်တစ်​ကောင်လို သတ္တိရှိတဲ့အတွက် အခုလို​ဆော့ကစားနိူင်တာပဲ။

"အိုး! ရှီဝမ်, ရှီဝမ် နိုးလာပြီ" လင်ကျင်းက နီရဲ​နေတဲ့လက်နဲ့ လှမ်းဖမ်းခံလိုက်ရပြီး​တော့ အနည်းငယ်တုန်လှုပ်ကာ ရှက်ရွံ့​နေခဲ့တယ်။

က​လေးတစ်​ယောက်ရဲ့​ ဆော့ကစားတာကိုခံရတဲ့ ခံစားချက်က အူးယမ်ကို အလွန်စိတ်ဆိုး​စေတယ်။ သူက ရုတ်တရက် အားသုံးပြီး လင်ကျင်းကို တွန်းထုတ်လိုက်တယ်။ ပြီး​တော့ မတ်တပ်ရပ်ပြီး မျက်မှန်ကို တပ်ကာ, သူ့စာအုပ်ကို ​ကောက်ယူ၍ ထွက်သွားဖို့ တံခါးဖွင့်လိုက်တယ်။

"အာ, ကျွန်​တော် ​တောင်းပန်ပါတယ်, ရှီဝမ်အိပ်​နေတဲ့အချိန်တုန်းက ရှီဝမ်က ​ချစ်စရာ​ကောင်းတယ်လို့ ခံစားလိုက်ရလို့ပါ, ဒါ​ပေမယ့် ကျွန်​တော် ရှီဝမ့်ကို ဘာမှမလုပ်ခဲ့ပါဘူး, အာ ​ဟေး ​ဟေး, ရှီဝမ်, ကျွန်​တော် ရှင်းပြတာ နား​ထောင်ဦး​လေ..."

လင်ကျင်းက တစ်လမ်းလုံး​အော်ငိုပြီး သူ့​နောက်ကို ​ပြေးလိုက်တယ်။ အူးယမ်က ရပ်လိုက်ပြီး ပြန်လှည့်ကာ လမ်း​လျှောက်လာတယ်။ ပြီး​တော့ တံခါးကို စိတ်ဆိုးစွာနဲ့ မြန်မြန်ပိတ်လိုက်တယ်။ သူ့မျက်နှာတစ်ခုလုံးက နီရဲ​နေပြီး, "မင်း မင်းက လူတိုင်းကို ကြား​စေချင်တာလား?"

လင်ကျင်းက ချက်ချင်း သူ့အမြီးကို လှုပ်ယမ်းလိုက်ပြီး သူ့ပါးစပ်က ပျားရည်​တွေနဲ့ ပြည့်​နေသကဲ့သို့ သူ့စကားလုံး​တွေဟာ ချိုသာပြီး​ ချော​မွေ့​နေတယ်, "ရှီဝမ်, ကျွန်​တော် မှားပါတယ်, ကျွန်​တော် ​နောက်တစ်ခါ အဲ့လိုမလုပ်ရဲ​တော့ပါဘူး, ကျွန်​တော် ရှီဝမ့်ကို မ​လေးစားတာမဟုတ်ဘူးရယ်, ကျွန်တော် တကယ်ကို မတတ်နိူင်​တော့လို့, ဒါ​တွေအားလုံးက ကျွန်​တော် ရှီဝမ့်ကို အရမ်းသ​ဘောကျလွန်းလို့ပါ"

"အဓိပ္ပါယ်မရှိတာ​တွေ ​ပြော​နေတုန်းပဲ"

"ရှီဝမ်, ကျွန်​တော့်ကို လျစ်လျူမရှုပါနဲ့" အူးယမ်ရဲ့မျက်နှာက ​တောင့်တင်း​နေတုန်းဆိုတာကို မြင်တဲ့အခါမှာ​တော့ လင်ကျင်းက သူ့အ​ခေါ်အ​ဝေါ်ကို ချက်ချင်း​ပြောင်းလိုက်တယ်, "ဆရာ, ဆ...ဆရာ..."

အူးယမ်က အကူအညီမဲ့စွာခံစားလိုက်ရပြီး, "သွား​တော့, မင်း မသွားရင် ငါ မင်းကိုရိုက်မှာ"

လင်ကျင်းက ချက်ချင်းကို လိုက်​လျောစွာနဲ့ သူ့လက်ကို ဆန့်ထုတ်ပြီး လက်ဖဝါးဖြန့်လိုက်တယ်, "အဲ့ဒါဆို ကျွန်​တော့်ကို ရိုက်ပါ"

အူးယမ်က ကရုဏာမထားဘဲ မ​နေနိူင်ဘူးဖြစ်တဲ့အတွက် သူ့လက်ဖဝါးကို ဖြစ်ဖြစ်​မြောက်မြောက်မရှိစွာ နှစ်ကြိမ် ရိုက်လိုက်တယ်။

"အို့ အိုး, ဆရာ, အရမ်းနာတယ်"

"နာတယ်ဆို သွား​တော့"

"အဲ့ဒါဆို ကျွန်​တော် အနာပဲခံမယ်"

အူးယမ်က ရုတ်တရက် အနည်းငယ်စိတ်ပျံ့လွင့်သွားတယ်။ ဒီလိုတူညီတဲ့စကားဝိုင်းမျိုး အချိန်​အ​တော်ကြာက ရှိခဲ့ပုံရတယ်။ ဒါ​ပေမယ့် ဘယ်အချိန်ကလဲဆိုတာ သူ မမှတ်မိနိူင်​တော့ဘူး။

"ဆရာ ကျွန်​တော့်ကို စိတ်မဆိုး​တော့ဘူး​နော်, ဟုတ်လား?"

​သူ့မျက်လုံးအ​ရှေ့မှာ ကောင်​လေးရဲ့ချစ်စရာ​ကောင်းတဲ့မျက်နှာက ​ဝေဝါးလာပြီး အနည်းငယ်ထင်​ယောင်ထင်မှားဖြစ်သွားခဲ့တယ်။

"...အင်း"

"အာ...အဲ့တာ​ကောင်းတယ်, ကျွန်​တော် ဆရာ့ကို သ​ဘောအကျဆုံးပဲ"

"..."

"ဆရာ..."

​ကောင်လေးမှာ အနက်​​ရောင်မျက်လုံး​တွေ, ချစ်စရာ​ကောင်းတဲ့မျက်နှာနဲ့ သူပြုံးလိုက်တဲ့အခါ ​ကွေးညွတ်သွားတဲ့ နှုတ်ခမ်း​ထောင့်စွန်း​တွေရှိတယ်။ အူးယမ်က သူ့ကို ​မိန်း​မောရင်းသာ ​စိုက်ကြည့်​နေခဲ့တယ်။

​အူးယမ်သိလိုက်ရတဲ့ ​နောက်တစ်ခုက​တော့ သူ့နှုတ်ခမ်း​ပေါ်မှာ စိုစွတ်​နွေး​ထွေးတဲ့အရာတစ်ခု​​ရောက်လာပြီး အနမ်းခံလိုက်ရတာပဲဖြစ်တယ်။

အူးယမ်က သူ့စာအုပ်ကိုသယ်ရင်း အပြင်ကို ​လမ်းလျှောက်လာတဲ့အခါ စိတ်ရှုပ်​ထွေး​နေတုန်းဖြစ်တယ်။ လင်ကျင်းနဲ့အနမ်းက ဘာကိုဆိုလိုတာလဲ? သူက သမီးရည်းစားဆက်ဆံ​​ရေးတစ်ခုကို စတင်​နေတာ​လား?

လင်ကျင်းက အ​ပေးအယူတစ်ခုရထားသလိုမျိုး သူ့​ဘေးမှာ ပြုံး​နေတယ်။ အူးယမ်က​တော့ အနည်းငယ်ပျာယာခတ်​နေခဲ့တယ်။

​ကောလိပ်တံခါး​ရှေ့က ​လှေကားရဲ့​အောက်​ခြေမှာ မတ်တပ်ရပ်​နေတဲ့လူတစ်​ယောက်ရှိတယ်။ သူက အရပ်ရှည်ပြီး ပိန်ပါးတယ်။ ​ရေခဲမင်းသားတစ်​ယောက်လိုပုံစံမျိုးနဲ့ သူ့အသားအရည်က နှင်းလိုဖြူစွတ်ပြီး အမူအယာမဲ့စွာ အဲ့မှာ ရပ်​နေတယ်။ ဖြတ်သွားတဲ့​ကျောင်းသား​တွေက​တော့ သူ့ကို လေ့လာပြီး ရှုစားအားကျနေကြတယ်။

အဲ့လူက အရမ်းကို ​ပေါ်လွင်လွန်းတယ်။ သူတို့လည်း သူ့ကို မြင်လိုက်ပြီး လင်ကျင်းက ချက်ချင်း အံ့အားသင့်တဲ့အသံထွက်လာတယ်။

အူးယမ်ကလည်း သူ​က ​တော်​တော်​လေးရင်းနှီး​နေတယ်လို့ မ​ရေမရာခံစားလိုက်ရပြီး အကြိမ်အနည်းငယ်​လောက် သူ့ကို ထပ်ကြည့်လိုက်​တယ်။ ဒါ​ပေမယ့် အရမ်းကို ​မမျှော်လင့်စွာပဲဖြစ်သွားတယ်, "အာ...​ကျောင်းဝမ်ရန်?!"

လူငယ်က ပါးစပ်​ထောင့်စွန်းမှာ ခပ်ပြုံးပြုံးနဲ့ သူ့ကို ကြည့်လာပြီး, "ဆရာအူးယမ်, ဆရာ ဒီမှာ စာသင်​နေတယ်ကြားလို့ ကျွန်​တော် လာ​တွေ့တာ"

လွန်ခဲ့တဲ့နှစ်​ပေါင်းများစွာက သူ့ကို ဂုဏ်အယူရဆုံးဖြစ်​အောင်လုပ်ခဲ့တဲ့ အဲ့​ကျောင်းသားက အခုထိ သူ့ကို သတိရ​နေတုန်းဖြစ်တာ​ကြောင့် အူးယမ်က ဝမ်းသာပီတိဖြစ်မိသွားတယ်။ သူက သူ့(​ကျောင်းဝမ်ရန်)ပုခုံး​တွေကို လက်နှစ်ဖက်နဲ့ကိုင်လိုက်ပြီး သူ့နှလုံးသားက ခံစားချက်​တွေနဲ့ ပြည့်​နှက်နေတယ်။ သူတို့ မ​တွေ့ရတဲ့နှစ်​တွေမှာ သူ့​ကျောင်းသား​ဟောင်း​တွေအားလုံးက တကယ်ကို အရွယ်​ရောက်လာကြပြီဖြစ်တယ်။

"မင်းက ​တော်​တော်အရပ်ရှည်​နေပြီပဲ, ဒါ​ပေမယ့် ပိန်တယ်​ရော်" သူ့ကို ​တွေ့ရတာက သူ့သားတစ်​​ယောက်ကို ​တွေ့ရသလိုမျိုး ခံစားရတယ်, "အခု မင်း စာ​လေ့လာ​နေတုန်းပဲလား? ဒါမှမဟုတ် အလုပ်လုပ်​နေပြီလား?"

​ကျောင်းဝမ်ရန်က အနည်းငယ်ရယ်လိုက်ပြီး, "ကျွန်​တော် မာစတာဘွဲ့ထိ ပြီးသွားပြီ, ပြီး​တော့ အနားက ကုမ္ပဏီတစ်ခုမှာ ​လေ့ကျင့်​နေတယ်, ဒါ​ကြောင့် စာ​လေ့လာတဲ့အပိုင်းကို ​တော်​တော်အာရုံမစိုက်ဖြစ်ဘူး"

သူဟာ လွန်ခဲ့တဲ့နှစ်အ​တော်ကြာက အမြဲတမ်း​ ခေါင်းငုံ့ကာ "ဆရာ, ကျွန်​တော် ဒီတစ်ခါ စာ​မေးပွဲမှာ ​ကောင်း​ကောင်းမလုပ်နိူင်မှာကို ​ကြောက်တယ်" လို့​ပြော​ပေမယ့် မကြာခဏ အမှတ်ပြည့်​တွေရလာ​တဲ့, ​ကိုယ့်ကိုယ်ကို တော်​တော်​လေးစည်းကမ်းရှိ​​သော အထက်တန်းကျောင်းသားတစ်​ယောက်လို ဖြစ်​နေတုန်းပဲလို့ ထင်ရတယ်။

လင်ကျင်းက သူ့ရဲ့ မရိုသေ​သော အမူအယာကို ဖယ်ထုတ်ထားပြီဖြစ်တယ်။ ​ကျောင်းဝမ်ရန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူ့မျက်နှာက အမူအယာမဲ့​နေတုန်းပဲ, "မင်းက အတန်းမရှိရင် ဒီမှာ ဘာလုပ်​နေတာလဲ? ​လျှောက်သွားနေတာလား?"

"မင်း ငါ့အ​ကြောင်း ​ပြော​နေတာလား? ဒါဆို မင်းက​ကော?"

"ငါက ဒီ​ကို ဆရာအူးယမ်အတွက် လာတာ"

"ဘယ်လို​တောင် တိုက်ဆိုင်တာလဲ, ငါ​ကောပဲ" လင်ကျင်းက အူးယမ်ကို ဆွဲလိုက်တယ်, "ဆရာ, ညစာသွားစားကြမယ်"

​ကျောင်းဝမ်ရန်က သူ့မျက်​ခုံးတွေကို အနည်းငယ်ပင့်လိုက်ပြီး ရပ်တန့်လိုက်တယ်, "ငါလည်း သွားမှာ"

လင်ကျင်းက သူ့ကို စိုက်ကြည့်လိုက်ပြီး, "​ဟေး, မင်း အရမ်းအ​လေးအနက်မရှိလွန်းတာ မဟုတ်ဘူးလား?"

"ငါက ဒီ​နေ့ ဆရာ့ကို ​တွေ့ဖို့လာတာ, မင်းက​တော့ ဒုက္ခ​ပေးဖို့ပဲ သိတဲ့လူ​လေ"

အူးယမ်က ရုတ်တရက် လူတိုင်းရဲ့အချစ်​တော်ဖြစ်သွားတဲ့အ​ခြေအ​နေကို အရှုံး​ပေးလိုက်ရတယ်။ သူတို့က ဘယ်နဲ့ညာက ဆွဲထားတဲ့အတွက် သူ့မှာ စကား​ပြောဖို့ အခွင့်အရေးမရှိဘဲ ကားထဲကို ဆွဲသွင်းခံလိုက်ရတယ်။

အဆုံးမှာ​တော့ သူတို့သုံး​ယောက်လုံးက စား​သောက်ဆိုင်ထဲမှာ အတူထိုင်​နေကြတယ်။ သူ့​ဘေးမှာ ​ကျောင်းသားနှစ်​​​ယောက်ရှိ​နေတဲ့အတွက် အူးယမ်က လုံးဝကို တက်ကြွ​နေပြီး ​တော်​တော်ကြည်နူး​နေတယ်။ သူတို့ရဲ့ဆက်ဆံ​​​ရေးက အရမ်းကောင်းပုံမရတာတော့ သနားစရာပဲ။ သူတို့အတူရှိတဲ့အခါ သူတို့က လုံးဝကို သ​ဘောထားမတူညီကြဘူးဖြစ်တယ်။ ​ကျောင်းဝမ်ရန်က လင်ကျင်းရဲ့ဂရုမစိုက်ဟန်, ​တောင့်တင်း​နေတဲ့မျက်နှာကို တကယ်မခံနိူင်ဘူး။

​လေထုက အနည်းငယ်အဆင်မ​ပြေဖြစ်လာတယ်။ အူးယမ်က ဖျန်​ဖြေ​ပေးသူတစ်​ယောက်အ​နေနဲ့သာ လုပ်​ဆောင်နိူင်ပြီး ​ကြားလူတစ်​ယောက်အ​နေနဲ့ ပြောဖို့စကားလုံး​တွေရှာ​နေခဲ့တယ်။

"မင်းတို့ အရင်တုန်းက အတူထိုင်တဲ့သူ​တွေပဲ, အခုလည်း မကြာခဏ အဆက်အသွယ်ရှိကြတယ်ဆို​တော့ မင်းတို့က သူငယ်ချင်း​ကောင်း​တွေဖြစ်ရမယ်"

"..."

လူနှစ်​ယောက်ဟာ ပြီးပြည့်စုံစွာ ချိန်ညှိထားသလိုမျိုးပဲ မတူညီတဲ့ဦးတည်ရာ​တွေကိုကြည့်ဖို့အတွက် သူတို့​ခေါင်း​တွေကို လှည့်လိုက်ကြတယ်။

အူးယမ်က ​ပြောဖို့စကားလုံး​တွေကို ခက်ခဲစွာရှာရင်း ကျောင်းဝမ်ရန်ရဲ့ကြည့်​ကောင်းတဲ့ဘက်ကိုသာ မျက်နှာမူထားလိုက်တယ်, "စကားမစပ်, ဝမ်ရန်, ​ကောင်မ​လေးရှိလား? မင်းလို ကောင်းတဲ့​​​​ယောကျ်ားလေးက အရမ်းလူသိများမှာပဲ"

လင်ကျင်းက စိတ်​ကောက်လိုက်ပြီး, "သူက ဘယ်လိုလုပ်​ကောင်းတာလဲ?"

အူးယမ်က မြန်မြန်အပြစ်တင်လိုက်တယ်, "လင်ကျင်း!"

လင်ကျင်းက ပွစိပွစိ​ပြော​နေတုန်းပဲ,"အဖိုးအို​လေးကျ​နေတာပဲ"

သူက ငယ်ရွယ်နုပျိုတဲ့အလှကို ​လုံးဝပေါ်လွင်​နေ​စေတယ်။ (လူငယ်ဆန်ပြီး က​လေးလိုချစ်စရာ​ကောင်းနေတာကို ဆိုလိုတာဖြစ်မယ်)

"ငြီး​ငွေ့စရာ​ကောင်းပြီး လိုက်လျောညီ​​ထွေမှုမရှိဘူး"

"..."

"ပြီး​​တော့ ထစ်ခနဲရှိ မျက်စိရှက်, နားရှက်သလို ဟန်​ဆောင်တဲ့လူ"

​ကျောင်းဝမ်ရန်က တစ်လုံးမှ မ​ပြော​ပေမယ့် သူ့မှာ ​​ဒေါသထွက်​နေတဲ့အမူအယာ​တော့ ရှိ​နေတယ်။

အူးယမ်က စိုးရိမ်ပူပန်လာပြီး, "မင်းတို့မှာ ​ပြောစရာရှိတယ်ဆို ​ကောင်း​ကောင်း​ပြောပါ, မင်းတို့ရှင်းရှင်းလင်းလင်း​ ပြောချလိုက်မယ်ဆို မ​ကျေနပ်တာ​တွေ ရှိ​တော့မှာမဟုတ်ဘူး, မင်းတို့က ငယ်​သေးတယ်, ဘာကို မ​ဖြေရှင်းနိူင်ရမှာလဲ?"

အခု ​ကျောင်းဝမ်ရန်က ပါးစပ်ဟလာပြီး, "သူ့ကို စိတ်ထဲထားစရာမလိုဘူး, သူက လိုက်ရှုပ်ရတာကို သ​ဘောကျရုံသက်သက်ပဲ"

အူးယမ်က သိချင်စွာနဲ့ ​မေးလိုက်တယ်, "မင်း​ပြော​နေတဲ့ အဲဒီ့ "လိုက်ရှုပ်​တယ်" ဆိုတာက ဘာကို ရည်ညွှန်းတာလဲ?"

​ကျောင်းဝမ်ရန်က တိတ်ဆိတ်သွား​ပေမယ့် လင်ကျင်းက ကြားဖြတ်​ပြောတယ်, "သူမုန်း​နေတာက ကျွန်​တော်က သူ့ရဲ့ ..."

"မ​ပြောနဲ့!" ​ကျောင်းဝမ်ရန်က ​အော်လိုက်ပြီး သူ့ရဲ့ဖြူ​နေတဲ့မျက်နှာက ​ဒေါသ​ကြောင့် အနီ​ရောင်သမ်းလာတယ်, "မင်း ရူး​နေလား? မင်း ရိုင်းရိုင်းစိုင်းစိုင်းဆက်​ပြော​နေဦးမယ်ဆိုရင် မင်း အရင်ပြန်လိုက်သင့်တယ်!"

လင်ကျင်းက မလုံမလဲဖြစ်စွာနဲ့ ပါးစပ်ပိတ်လိုက်ပြီး ရှက်​ကိုးရှက်ကန်းပုံစံဖြစ်​နေတယ်။

အူးယမ်က ဘယ်​လောက်တုံးပါ​စေ, ထူးဆန်း​နေတာကို​တော့ ခံစားမိတုန်း​ဖြစ်တယ်, "ဝမ်ရန်, မင်းက သူ့အတွက် ဘာလဲ?"

​ကျောင်းဝမ်ရန်က လင်ကျင်းကို စိုက်ကြည့်လိုက်ပြီး သူ့သွား​တွေကို အတင်းစိထားပုံက ​​ဖောက်ထွင်းမြင်နိူင်​လောက်​အောင်ပါးလျတဲ့ သူ့ရဲ့အ​ရေပြား​အောက်မှာ လုံးဝကိုထင်ရှား​​နေတာဖြစ်တယ်။ သူက ​ဖြေးညှင်းစွာ​ပြောလာတယ်, "ကျွန်​တော်က သူ့​ကောင်​လေး"

အူးယမ်က ​အေးခဲသွားပြီး လင်ကျင်းကိုကြည့်ဖို့ ​ခေါင်းလှည့်လိုက်တယ်။



T/N - ​နောက်တစ်ပိုင်းအတွက် Spoil ရမယ်ဆိုရင်​တော့ နည်းနည်း​လေး ရင်နာရမယ်😐





Zawgyi

ဒီ​ေကာင္​ေလးမွာ က်ားသစ္တစ္​ေကာင္လို သတၱိ႐ွိတဲ့အတြက္ အခုလို​ေဆာ့ကစားႏိူင္တာပဲ။

"အိုး! ႐ွီဝမ္, ႐ွီဝမ္ ႏိုးလာၿပီ" လင္က်င္းက နီရဲ​ေနတဲ့လက္နဲ႔ လွမ္းဖမ္းခံလိုက္ရၿပီး​ေတာ့ အနည္းငယ္တုန္လႈပ္ကာ ႐ွက္႐ြံ႕​ေနခဲ့တယ္။

က​ေလးတစ္​ေယာက္ရဲ႕​ ေဆာ့ကစားတာကိုခံရတဲ့ ခံစားခ်က္က အူးယမ္ကို အလြန္စိတ္ဆိုး​ေစတယ္။ သူက ႐ုတ္တရက္ အားသုံးၿပီး လင္က်င္းကို တြန္းထုတ္လိုက္တယ္။ ၿပီး​ေတာ့ မတ္တပ္ရပ္ၿပီး မ်က္မွန္ကို တပ္ကာ, သူ႕စာအုပ္ကို ​ေကာက္ယူ၍ ထြက္သြားဖို႔ တံခါးဖြင့္လိုက္တယ္။

"အာ, ကြၽန္​ေတာ္ ​ေတာင္းပန္ပါတယ္, ႐ွီဝမ္အိပ္​ေနတဲ့အခ်ိန္တုန္းက ႐ွီဝမ္က ​ခ်စ္စရာ​ေကာင္းတယ္လို႔ ခံစားလိုက္ရလို႔ပါ, ဒါ​ေပမယ့္ ကြၽန္​ေတာ္ ႐ွီဝမ့္ကို ဘာမွမလုပ္ခဲ့ပါဘူး, အာ ​ေဟး ​ေဟး, ႐ွီဝမ္, ကြၽန္​ေတာ္ ႐ွင္းျပတာ နား​ေထာင္ဦး​ေလ..."

လင္က်င္းက တစ္လမ္းလုံး​ေအာ္ငိုၿပီး သူ႕​ေနာက္ကို ​ေျပးလိုက္တယ္။ အူးယမ္က ရပ္လိုက္ၿပီး ျပန္လွည့္ကာ လမ္း​ေလွ်ာက္လာတယ္။ ၿပီး​ေတာ့ တံခါးကို စိတ္ဆိုးစြာနဲ႔ ျမန္ျမန္ပိတ္လိုက္တယ္။ သူ႕မ်က္ႏွာတစ္ခုလုံးက နီရဲ​ေနၿပီး, "မင္း  မင္းက လူတိုင္းကို ၾကား​ေစခ်င္တာလား?"

လင္က်င္းက ခ်က္ခ်င္း သူ႕အၿမီးကို လႈပ္ယမ္းလိုက္ၿပီး သူ႕ပါးစပ္က ပ်ားရည္​ေတြနဲ႔ ျပည့္​ေနသကဲ့သို႔ သူ႕စကားလုံး​ေတြဟာ ခ်ိဳသာၿပီး​ ေခ်ာ​ေမြ႕​ေနတယ္, "႐ွီဝမ္, ကြၽန္​ေတာ္ မွားပါတယ္, ကြၽန္​ေတာ္ ​ေနာက္တစ္ခါ အဲ့လိုမလုပ္ရဲ​ေတာ့ပါဘူး, ကြၽန္​ေတာ္ ႐ွီဝမ့္ကို မ​ေလးစားတာမဟုတ္ဘူးရယ္, ကြၽန္ေတာ္ တကယ္ကို မတတ္ႏိူင္​ေတာ့လို႔, ဒါ​ေတြအားလုံးက ကြၽန္​ေတာ္ ႐ွီဝမ့္ကို အရမ္းသ​ေဘာက်လြန္းလို႔ပါ"

"အဓိပၸါယ္မ႐ွိတာ​ေတြ ​ေျပာ​ေနတုန္းပဲ"

"႐ွီဝမ္, ကြၽန္​ေတာ္႕ကို လ်စ္လ်ဴမ႐ႈပါနဲ႔" အူးယမ္ရဲ႕မ်က္ႏွာက ​ေတာင့္တင္း​ေနတုန္းဆိုတာကို ျမင္တဲ့အခါမွာ​ေတာ့ လင္က်င္းက သူ႕အ​ေခၚအ​ေဝၚကို ခ်က္ခ်င္း​ေျပာင္းလိုက္တယ္, "ဆရာ, ဆ...ဆရာ..."

အူးယမ္က အကူအညီမဲ့စြာခံစားလိုက္ရၿပီး, "သြား​ေတာ့, မင္း မသြားရင္ ငါ မင္းကို႐ိုက္မွာ"

လင္က်င္းက ခ်က္ခ်င္းကို လိုက္​ေလ်ာစြာနဲ႔ သူ႕လက္ကို ဆန္႔ထုတ္ၿပီး လက္ဖဝါးျဖန္႔လိုက္တယ္, "အဲ့ဒါဆို ကြၽန္​ေတာ္႕ကို ႐ိုက္ပါ"

အူးယမ္က က႐ုဏာမထားဘဲ မ​ေနႏိူင္ဘူးျဖစ္တဲ့အတြက္ သူ႕လက္ဖဝါးကို ျဖစ္ျဖစ္​ေျမာက္ေျမာက္မ႐ွိစြာ ႏွစ္ႀကိမ္ ႐ိုက္လိုက္တယ္။

"အို႔ အိုး, ဆရာ, အရမ္းနာတယ္"

"နာတယ္ဆို သြား​ေတာ့"

"အဲ့ဒါဆို ကြၽန္​ေတာ္ အနာပဲခံမယ္"

အူးယမ္က ႐ုတ္တရက္ အနည္းငယ္စိတ္ပ်ံ႕လြင့္သြားတယ္။ ဒီလိုတူညီတဲ့စကားဝိုင္းမ်ိဳး အခ်ိန္​အ​ေတာ္ၾကာက ႐ွိခဲ့ပုံရတယ္။ ဒါ​ေပမယ့္ ဘယ္အခ်ိန္ကလဲဆိုတာ သူ မမွတ္မိႏိူင္​ေတာ့ဘူး။

"ဆရာ ကြၽန္​ေတာ္႕ကို စိတ္မဆိုး​ေတာ့ဘူး​ေနာ္, ဟုတ္လား?"

​သူ႕မ်က္လုံးအ​ေ႐ွ႕မွာ ေကာင္​ေလးရဲ႕ခ်စ္စရာ​ေကာင္းတဲ့မ်က္ႏွာက ​ေဝဝါးလာၿပီး အနည္းငယ္ထင္​ေယာင္ထင္မွားျဖစ္သြားခဲ့တယ္။

"...အင္း"

"အာ...အဲ့တာ​ေကာင္းတယ္, ကြၽန္​ေတာ္ ဆရာ့ကို သ​ေဘာအက်ဆုံးပဲ"

"..."

"ဆရာ..."

​ေကာင္ေလးမွာ အနက္​​ေရာင္မ်က္လုံး​ေတြ, ခ်စ္စရာ​ေကာင္းတဲ့မ်က္ႏွာနဲ႔ သူျပဳံးလိုက္တဲ့အခါ ​ေကြးၫြတ္သြားတဲ့ ႏႈတ္ခမ္း​ေထာင့္စြန္း​ေတြ႐ွိတယ္။ အူးယမ္က သူ႕ကို ​မိန္း​ေမာရင္းသာ ​စိုက္ၾကည့္​ေနခဲ့တယ္။

​အူးယမ္သိလိုက္ရတဲ့ ​ေနာက္တစ္ခုက​ေတာ့ သူ႕ႏႈတ္ခမ္း​ေပၚမွာ စိုစြတ္​ေႏြး​ေထြးတဲ့အရာတစ္ခု​​ေရာက္လာၿပီး အနမ္းခံလိုက္ရတာပဲျဖစ္တယ္။

အူးယမ္က သူ႕စာအုပ္ကိုသယ္ရင္း အျပင္ကို ​လမ္းေလွ်ာက္လာတဲ့အခါ စိတ္႐ႈပ္​ေထြး​ေနတုန္းျဖစ္တယ္။ လင္က်င္းနဲ႔အနမ္းက ဘာကိုဆိုလိုတာလဲ? သူက သမီးရည္းစားဆက္ဆံ​​ေရးတစ္ခုကို စတင္​ေနတာ​လား?

လင္က်င္းက အ​ေပးအယူတစ္ခုရထားသလိုမ်ိဳး သူ႕​ေဘးမွာ ျပဳံး​ေနတယ္။ အူးယမ္က​ေတာ့ အနည္းငယ္ပ်ာယာခတ္​ေနခဲ့တယ္။

​ေကာလိပ္တံခါး​ေ႐ွ႕က ​ေလွကားရဲ႕​ေအာက္​ေျခမွာ မတ္တပ္ရပ္​ေနတဲ့လူတစ္​ေယာက္႐ွိတယ္။ သူက အရပ္႐ွည္ၿပီး ပိန္ပါးတယ္။ ​ေရခဲမင္းသားတစ္​ေယာက္လိုပုံစံမ်ိဳးနဲ႔ သူ႕အသားအရည္က ႏွင္းလိုျဖဴစြတ္ၿပီး အမူအယာမဲ့စြာ အဲ့မွာ ရပ္​ေနတယ္။ ျဖတ္သြားတဲ့​ေက်ာင္းသား​ေတြက​ေတာ့ သူ႕ကို ေလ့လာၿပီး ႐ႈစားအားက်ေနၾကတယ္။

အဲ့လူက အရမ္းကို ​ေပၚလြင္လြန္းတယ္။ သူတို႔လည္း သူ႕ကို ျမင္လိုက္ၿပီး လင္က်င္းက ခ်က္ခ်င္း အံ့အားသင့္တဲ့အသံထြက္လာတယ္။

အူးယမ္ကလည္း သူ​က ​ေတာ္​ေတာ္​ေလးရင္းႏွီး​ေနတယ္လို႔ မ​ေရမရာခံစားလိုက္ရၿပီး အႀကိမ္အနည္းငယ္​ေလာက္ သူ႕ကို ထပ္ၾကည့္လိုက္​တယ္။ ဒါ​ေပမယ့္ အရမ္းကို ​မေမွ်ာ္လင့္စြာပဲျဖစ္သြားတယ္, "အာ...​ေက်ာင္းဝမ္ရန္?!"

လူငယ္က ပါးစပ္​ေထာင့္စြန္းမွာ ခပ္ျပဳံးျပဳံးနဲ႔ သူ႕ကို ၾကည့္လာၿပီး, "ဆရာအူးယမ္, ဆရာ ဒီမွာ စာသင္​ေနတယ္ၾကားလို႔ ကြၽန္​ေတာ္ လာ​ေတြ႕တာ"

လြန္ခဲ့တဲ့ႏွစ္​ေပါင္းမ်ားစြာက သူ႕ကို ဂုဏ္အယူရဆုံးျဖစ္​ေအာင္လုပ္ခဲ့တဲ့ အဲ့​ေက်ာင္းသားက အခုထိ သူ႕ကို သတိရ​ေနတုန္းျဖစ္တာ​ေၾကာင့္ အူးယမ္က ဝမ္းသာပီတိျဖစ္မိသြားတယ္။ သူက သူ႕(​ေက်ာင္းဝမ္ရန္)ပုခုံး​ေတြကို လက္ႏွစ္ဖက္နဲ႔ကိုင္လိုက္ၿပီး သူ႕ႏွလုံးသားက ခံစားခ်က္​ေတြနဲ႔ ျပည့္​ႏွက္ေနတယ္။ သူတို႔ မ​ေတြ႕ရတဲ့ႏွစ္​ေတြမွာ သူ႕​ေက်ာင္းသား​ေဟာင္း​ေတြအားလုံးက တကယ္ကို အ႐ြယ္​ေရာက္လာၾကၿပီျဖစ္တယ္။

"မင္းက ​ေတာ္​ေတာ္အရပ္႐ွည္​ေနၿပီပဲ, ဒါ​ေပမယ့္ ပိန္တယ္​ေရာ္" သူ႕ကို ​ေတြ႕ရတာက သူ႕သားတစ္​​ေယာက္ကို ​ေတြ႕ရသလိုမ်ိဳး ခံစားရတယ္, "အခု မင္း စာ​ေလ့လာ​ေနတုန္းပဲလား? ဒါမွမဟုတ္ အလုပ္လုပ္​ေနၿပီလား?"

​ေက်ာင္းဝမ္ရန္က အနည္းငယ္ရယ္လိုက္ၿပီး, "ကြၽန္​ေတာ္ မာစတာဘြဲ႕ထိ ၿပီးသြားၿပီ, ၿပီး​ေတာ့ အနားက ကုမၸဏီတစ္ခုမွာ ​ေလ့က်င့္​ေနတယ္, ဒါ​ေၾကာင့္ စာ​ေလ့လာတဲ့အပိုင္းကို ​ေတာ္​ေတာ္အာ႐ုံမစိုက္ျဖစ္ဘူး"

သူဟာ လြန္ခဲ့တဲ့ႏွစ္အ​ေတာ္ၾကာက အၿမဲတမ္း​ ေခါင္းငုံ႔ကာ "ဆရာ, ကြၽန္​ေတာ္ ဒီတစ္ခါ စာ​ေမးပြဲမွာ ​ေကာင္း​ေကာင္းမလုပ္ႏိူင္မွာကို ​ေၾကာက္တယ္" လို႔​ေျပာ​ေပမယ့္ မၾကာခဏ အမွတ္ျပည့္​ေတြရလာ​တဲ့, ​ကိုယ့္ကိုယ္ကို ေတာ္​ေတာ္​ေလးစည္းကမ္း႐ွိ​​ေသာ အထက္တန္းေက်ာင္းသားတစ္​ေယာက္လို ျဖစ္​ေနတုန္းပဲလို႔ ထင္ရတယ္။

လင္က်င္းက သူ႕ရဲ႕ မ႐ိုေသ​ေသာ အမူအယာကို ဖယ္ထုတ္ထားၿပီျဖစ္တယ္။ ​ေက်ာင္းဝမ္ရန္က သူ႕ကို တစ္ခ်က္ၾကည့္လိုက္ၿပီး သူ႕မ်က္ႏွာက အမူအယာမဲ့​ေနတုန္းပဲ, "မင္းက အတန္းမ႐ွိရင္ ဒီမွာ ဘာလုပ္​ေနတာလဲ? ​ေလွ်ာက္သြားေနတာလား?"

"မင္း ငါ့အ​ေၾကာင္း ​ေျပာ​ေနတာလား? ဒါဆို မင္းက​ေကာ?"

"ငါက ဒီ​ကို ဆရာအူးယမ္အတြက္ လာတာ"

"ဘယ္လို​ေတာင္ တိုက္ဆိုင္တာလဲ, ငါ​ေကာပဲ" လင္က်င္းက အူးယမ္ကို ဆြဲလိုက္တယ္, "ဆရာ, ညစာသြားစားၾကမယ္"

​ေက်ာင္းဝမ္ရန္က သူ႕မ်က္​ခုံးေတြကို အနည္းငယ္ပင့္လိုက္ၿပီး ရပ္တန္႔လိုက္တယ္, "ငါလည္း သြားမွာ"

လင္က်င္းက သူ႕ကို စိုက္ၾကည့္လိုက္ၿပီး, "​ေဟး, မင္း အရမ္းအ​ေလးအနက္မ႐ွိလြန္းတာ မဟုတ္ဘူးလား?"

"ငါက ဒီ​ေန႔ ဆရာ့ကို ​ေတြ႕ဖို႔လာတာ, မင္းက​ေတာ့ ဒုကၡ​ေပးဖို႔ပဲ သိတဲ့လူ​ေလ"

အူးယမ္က ႐ုတ္တရက္ လူတိုင္းရဲ႕အခ်စ္​ေတာ္ျဖစ္သြားတဲ့အ​ေျခအ​ေနကို အ႐ႈံး​ေပးလိုက္ရတယ္။ သူတို႔က ဘယ္နဲ႔ညာက ဆြဲထားတဲ့အတြက္ သူ႕မွာ စကား​ေျပာဖို႔ အခြင့္အေရးမ႐ွိဘဲ ကားထဲကို ဆြဲသြင္းခံလိုက္ရတယ္။

အဆုံးမွာ​ေတာ့ သူတို႔သုံး​ေယာက္လုံးက စား​ေသာက္ဆိုင္ထဲမွာ အတူထိုင္​ေနၾကတယ္။ သူ႕​ေဘးမွာ ​ေက်ာင္းသားႏွစ္​​​ေယာက္႐ွိ​ေနတဲ့အတြက္ အူးယမ္က လုံးဝကို တက္ႂကြ​ေနၿပီး ​ေတာ္​ေတာ္ၾကည္ႏူး​ေနတယ္။ သူတို႔ရဲ႕ဆက္ဆံ​​​ေရးက အရမ္းေကာင္းပုံမရတာေတာ့ သနားစရာပဲ။ သူတို႔အတူ႐ွိတဲ့အခါ သူတို႔က လုံးဝကို သ​ေဘာထားမတူညီၾကဘူးျဖစ္တယ္။ ​ေက်ာင္းဝမ္ရန္က လင္က်င္းရဲ႕ဂ႐ုမစိုက္ဟန္, ​ေတာင့္တင္း​ေနတဲ့မ်က္ႏွာကို တကယ္မခံႏိူင္ဘူး။

​ေလထုက အနည္းငယ္အဆင္မ​ေျပျဖစ္လာတယ္။ အူးယမ္က ဖ်န္​ေျဖ​ေပးသူတစ္​ေယာက္အ​ေနနဲ႔သာ လုပ္​ေဆာင္ႏိူင္ၿပီး ​ၾကားလူတစ္​ေယာက္အ​ေနနဲ႔ ေျပာဖို႔စကားလုံး​ေတြ႐ွာ​ေနခဲ့တယ္။

"မင္းတို႔ အရင္တုန္းက အတူထိုင္တဲ့သူ​ေတြပဲ, အခုလည္း မၾကာခဏ အဆက္အသြယ္႐ွိၾကတယ္ဆို​ေတာ့ မင္းတို႔က သူငယ္ခ်င္း​ေကာင္း​ေတြျဖစ္ရမယ္"

"..."

လူႏွစ္​ေယာက္ဟာ ၿပီးျပည့္စုံစြာ ခ်ိန္ညႇိထားသလိုမ်ိဳးပဲ မတူညီတဲ့ဦးတည္ရာ​ေတြကိုၾကည့္ဖို႔အတြက္ သူတို႔​ေခါင္း​ေတြကို လွည့္လိုက္ၾကတယ္။

အူးယမ္က ​ေျပာဖို႔စကားလုံး​ေတြကို ခက္ခဲစြာ႐ွာရင္း ေက်ာင္းဝမ္ရန္ရဲ႕ၾကည့္​ေကာင္းတဲ့ဘက္ကိုသာ မ်က္ႏွာမူထားလိုက္တယ္, "စကားမစပ္, ဝမ္ရန္, ​ေကာင္မ​ေလး႐ွိလား? မင္းလို ေကာင္းတဲ့​​​​ေယာက်္ားေလးက အရမ္းလူသိမ်ားမွာပဲ"

လင္က်င္းက စိတ္​ေကာက္လိုက္ၿပီး, "သူက ဘယ္လိုလုပ္​ေကာင္းတာလဲ?"

အူးယမ္က ျမန္ျမန္အျပစ္တင္လိုက္တယ္, "လင္က်င္း!"

လင္က်င္းက ပြစိပြစိ​ေျပာ​ေနတုန္းပဲ,"အဖိုးအို​ေလးက်​ေနတာပဲ"

သူက ငယ္႐ြယ္ႏုပ်ိဳတဲ့အလွကို ​လုံးဝေပၚလြင္​ေန​ေစတယ္။ (လူငယ္ဆန္ၿပီး က​ေလးလိုခ်စ္စရာ​ေကာင္းေနတာကို ဆိုလိုတာျဖစ္မယ္)

"ၿငီး​ေငြ႕စရာ​ေကာင္းၿပီး လိုက္ေလ်ာညီ​​ေထြမႈမ႐ွိဘူး"

"..."

"ၿပီး​​ေတာ့ ထစ္ခနဲ႐ွိ မ်က္စိ႐ွက္, နား႐ွက္သလို ဟန္​ေဆာင္တဲ့လူ"

​ေက်ာင္းဝမ္ရန္က တစ္လုံးမွ မ​ေျပာ​ေပမယ့္ သူ႕မွာ ​​ေဒါသထြက္​ေနတဲ့အမူအယာ​ေတာ့ ႐ွိ​ေနတယ္။

အူးယမ္က စိုးရိမ္ပူပန္လာၿပီး, "မင္းတို႔မွာ ​ေျပာစရာ႐ွိတယ္ဆို ​ေကာင္း​ေကာင္း​ေျပာပါ, မင္းတို႔႐ွင္း႐ွင္းလင္းလင္း​ ေျပာခ်လိုက္မယ္ဆို မ​ေက်နပ္တာ​ေတြ ႐ွိ​ေတာ့မွာမဟုတ္ဘူး, မင္းတို႔က ငယ္​ေသးတယ္, ဘာကို မ​ေျဖ႐ွင္းႏိူင္ရမွာလဲ?"

အခု ​ေက်ာင္းဝမ္ရန္က ပါးစပ္ဟလာၿပီး, "သူ႕ကို စိတ္ထဲထားစရာမလိုဘူး, သူက လိုက္႐ႈပ္ရတာကို သ​ေဘာက်႐ုံသက္သက္ပဲ"

အူးယမ္က သိခ်င္စြာနဲ႔ ​ေမးလိုက္တယ္, "မင္း​ေျပာ​ေနတဲ့ အဲဒီ့ "လိုက္႐ႈပ္​တယ္" ဆိုတာက ဘာကို ရည္ၫႊန္းတာလဲ?"

​ေက်ာင္းဝမ္ရန္က တိတ္ဆိတ္သြား​ေပမယ့္ လင္က်င္းက ၾကားျဖတ္​ေျပာတယ္, "သူမုန္း​ေနတာက ကြၽန္​ေတာ္က သူ႕ရဲ႕ ..."

"မ​ေျပာနဲ႔!" ​ေက်ာင္းဝမ္ရန္က ​ေအာ္လိုက္ၿပီး သူ႕ရဲ႕ျဖဴ​ေနတဲ့မ်က္ႏွာက ​ေဒါသ​ေၾကာင့္ အနီ​ေရာင္သမ္းလာတယ္, "မင္း ႐ူး​ေနလား? မင္း ႐ိုင္း႐ိုင္းစိုင္းစိုင္းဆက္​ေျပာ​ေနဦးမယ္ဆိုရင္ မင္း အရင္ျပန္လိုက္သင့္တယ္!"

လင္က်င္းက မလုံမလဲျဖစ္စြာနဲ႔ ပါးစပ္ပိတ္လိုက္ၿပီး ႐ွက္​ကိုး႐ွက္ကန္းပုံစံျဖစ္​ေနတယ္။

အူးယမ္က ဘယ္​ေလာက္တုံးပါ​ေစ, ထူးဆန္း​ေနတာကို​ေတာ့ ခံစားမိတုန္း​ျဖစ္တယ္, "ဝမ္ရန္, မင္းက သူ႕အတြက္ ဘာလဲ?"

​ေက်ာင္းဝမ္ရန္က လင္က်င္းကို စိုက္ၾကည့္လိုက္ၿပီး သူ႕သြား​ေတြကို အတင္းစိထားပုံက ​​ေဖာက္ထြင္းျမင္ႏိူင္​ေလာက္​ေအာင္ပါးလ်တဲ့ သူ႕ရဲ႕အ​ေရျပား​ေအာက္မွာ လုံးဝကိုထင္႐ွား​​ေနတာျဖစ္တယ္။ သူက ​ေျဖးညႇင္းစြာ​ေျပာလာတယ္, "ကြၽန္​ေတာ္က သူ႕​ေကာင္​ေလး"

အူးယမ္က ​ေအးခဲသြားၿပီး လင္က်င္းကိုၾကည့္ဖို႔ ​ေခါင္းလွည့္လိုက္တယ္။



T/N - ​ေနာက္တစ္ပိုင္းအတြက္ Spoil ရမယ္ဆိုရင္​ေတာ့ နည္းနည္း​ေလး ရင္နာရမယ္😐




Continue Reading

You'll Also Like

922K 110K 64
F ယူနီဗာစီတီ ရဲ႕ စြဲ​ေဆာင္​မႈ အ႐ွိဆံုး ​ေယာက်ာ္​း ႏွစ္​​ေယာက္​.... ၀မ္​ကြမ္​းနင္​ နဲ႔ က်န္​းလင္​ရိ ထိုလူငယ္​ ႏွစ္​ဦးမွာ မည္​သည္​့ကိစၥတြင္​မဆို သူႏို...
42.3K 1.9K 10
#水千丞 #188男团 #188男团夏日限定 [ Zawgyi Version ] Original Author : Shui Qian Cheng • 水千丞 This is really a rough translation. I just want to read this for my...
6.6M 431K 94
Hanary Victor + Loon Tar Nay San
1M 78.5K 107
This is Book 1 and book2 is on my reading list You can read description in first episode oK Category-Fantasy,modern,boy's love Author-岛上 project So...