Lop_Eared Guard (နားရွက်ကျလေး...

Oleh Wine-Y

64.8K 5.4K 421

ငါ အိမ်ပြန်တိုင်း နှင်းဆီပန်းလေးတစ်ပွင့် အမြဲယူသွားတယ်။.... ငါ့ရဲ့ Alphaက ငါ့ကိုတစ်ချက်လောက် စောင်းငဲ့ကြည့်မယ... Lebih Banyak

Lop_Eared Guard
အခန်း(၁) uni
အခန်း(၁)Zawgyi
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)

အခန်း(၅)

2.2K 345 40
Oleh Wine-Y

စားသောက်ပွဲကျင်းပနေသည့် အလင်းမှိန်ဖျော့ဖျော့သာရှိသောအခန်းထဲ၌ ချိုမြပြီး ညှို့ယူဖမ်းစားနိုင်စွမ်းရှိသော အိုမီဂါ၏ ဟော်လ်မုန်းရနံ့များနှင့် သန်မာသော အယ်လ်ဖာတစ်ချို့၏ရနံ့တို့ ရောနှောယှက်နွယ်နေသည်။ ဤသို့သော သူငယ်ချင်းများနှင့် အတူနေပြီး အေးအေးလူလူစည်းစိမ်ခံစားဖို့ အပြင်ထွက်ခြင်းမှာ လုရှန်းကျင်အတွက် ရှားပါးသောဖြစ်စဉ်တစ်ခုဖြစ်ပေသည်။

ငယ်ရွယ်တဲ့ အယ်လ်ဖာတစ်ယောက်က ချောမောလှပတဲ့အိုမီဂါနှစ်ယောက်ကို ဘယ်တစ်ဖက် ညာတစ်ဖက် ဖက်ထားကာ လုရှန်းကျင်၏မျက်နှာချင်းဆိုင်ခုံတွင် ထိုင်နေသည်။ သူက ခေါင်းကိုငုံ့လိုက်ရင်း ဘေးနားကအိုမီဂါကိုယ်တိုင် တိုက်တဲ့ရှန်ပိန်ကို တစ်ငုံချင်းစီသောက်နေပြီး လုရှန်းကျင်ရဲ့ ပုခုံးကိုလည်း လက်နဲ့ပုတ်ကာ စကားပြောနေသည်။

"အကိုလု ကျွန်တော့်မှာ အကို့အတွက်လက်ဆောင်ရှိတယ်။ အကိုမြင်ရင် သေချာပေါက်သဘောကျမှာမို့လို့ ကျွန်တော့်ကို ကျေးဇူးတင်ထားလိုက်တော့"

"ဘာမို့လို့လဲ"

လုရှန်းကျင်က နည်းနည်းလေးတောင် စိတ်ဝင်စားမှုမရှိတာကြောင့် ပေါ့ပျက်ပျက်ပင် ပြန်ဖြေလိုက်သည်။

"အဲ့တာက ကျိုအန်းမြို့က အပိုင်းအစလေးပါ..."

ပြီးနောက် ထိုငယ်ရွယ်တဲ့အယ်လ်ဖာက ဆေးလိပ်ငွေ့တွေကိုမှုတ်ထုတ်လိုက်ပြီး ကျေကျေနပ်နပ်ကြီးပြုံးလိုက်ကာ လက်ခုပ်တီးလိုက်သည်။ ထိုအခါ အခန်းတံခါးအပြင်ဘက်မှာ ရှိနေတဲ့ အိုမီဂါငယ်ငယ်လေးတစ်ယောက် အထဲသို့ ဝင်လာခဲ့သည်။ အခန်းထဲဝင်ဝင်ချင်းမှာပင် ထိုအိုမီဂါ၏ နူးညံ့ပြီး တစ်မူထူးခြားမှုရှိတဲ့ ဟော်လ်မုန်းရနံ့တွေက လုရှန်းကျင်ရဲ့ နှာဖျားတွင်းသို့ တိုးဝင်ကျီစယ်သွားကြသည်။ လေထုထဲမှာ ဟိုတစ်စု ဒီတစ်စုရှိနေတဲ့ ဂလင်းရနံ့တွေလည်း သူ့ရဲ့ဟော်လ်မုန်းကြောင့် နှိုးဆွမှုတစ်ခုရလိုက်သလို တုန်ခါမှုဖြစ်သွားသည်။ လုရှန်းကျင်က ထိုင်နေရာမှ ရုတ်တရက်မတ်တပ်ရပ်လိုက်ပြီး ထိုလှုပ်ရှားမှုကြောင့် တစ်ဖက်မှာရပ်နေတဲ့ အိုမီဂါပါ ထိတ်လန့်မှုဖြစ်သွားသည်။ သူက အနောက်သို့ ခြေတစ်လှမ်းဆုပ်လိုက်ပြီး သူ့ရဲ့ နူးညံ့တဲ့ အမြှီးကို ကုပ်ထားရင်း အခန်းအပြင်ပြန်ပြေးထွက်ဖို့လည်းမဝံ့ရဲဘဲ ရပ်မြဲနေရာတွင်သာ ကြိုးစားရပ်နေကာ လုရှန်းကျင်ကို မျက်လုံးပြူးပြီး စိုက်ကြည့်နေခဲ့သည်။

တမူထူးခြားပြီး တုံ့ပြန်မှုရှိတဲ့ ဂလင်းဆဲလ်တွေနဲ့ ထိုမြီးတိုပါးတွဲကြွက် မျိုးစိတ် (hamster) အိုမီဂါ၏ ဟော်မုန်းတွေက မလိုင်ကဲ့သို့ ချိုအီသော ရေမွှေးရနံ့လို ဖြစ်နေသည်။

လုရှန်းကျင်က ထိုအိုမီဂါနား ဖြည်းဖြည်းချင်းလျှောက်သွားပြီး သူ့လက်ကိုမြှောက်ကာ ချောမွတ်နေတဲ့ ပါးပြင်ကို ပွတ်သပ်၍ စူးစိုက်ကြည့်နေသည်။

'အခုအခြေအနေအရ ဒီမြီးတိုပါးတွဲကြွက်မျိုးစိတ် အိုမီဂါရဲ့ ဟော်လ်မုန်းတွေက သူ့နဲ့ ကောင်းမွန်စွာ ကိုက်ညီမှုရှိကြောင်း သိသာနေသည်။ အနည်းဆုံး ၉၅ ရာခိုင်နှုန်းမျှကိုက်ညီနေမည့် ဒီလိုရနံ့မျိုးကြားမှာ လုရှန်းကျင်က ထိန်းချုပ်မှုတွေ ကင်းမဲ့သွားတော့မည်ပင်။

တခမ်းတနားဖြစ်လွန်းသည့်မီးရောင်တွေက ညသန်းခေါင်ချိန်က ကြယ်များကဲ့သို့ တောက်ပနေပြီး ချောမောလှပတဲ့ ဒီအစိမ်းရောင် မြီးတိုပါးတွဲကြွက် မျိုးစိတ် အိုမီဂါအပေါ် ဖြာကျနေသည်။ ပြတင်းပေါက်အပြင်ဘက် ညကောင်းကင်တွင် တိမ်မဲတွေက ဟိုဒီစုဝေးတည်ရှိနေပြီး တောက်ပတဲ့လမင်းကြီးက မြူခိုးတွေရဲ့ အနောက်ခိုဝင်ကာ ထိန်ထိန်သာနေသည်။

အခုနေ ထိုအိုမီဂါဝတ်ဆင်ထားတဲ့ အဖြူရောင်ရှပ်အင်္ကျီအစား ကိုယ်နှင့်ကွက်တိကျနေမည့် ကျည်ကာဝတ်စုံကိုပြောင်းဝတ်ပြီး လက်ထဲကိုင်ထားတဲ့ ရှန်ပိန်ခွက်အစား ယူဇီသေနတ်နှစ်လက်ကိုသာ ကျောနောက်လွယ်ထားမယ်ဆိုရင် သိပ်ကိုပြီးပြည့်စုံနေလိမ့်မည်။

လုရှန်းကျင်ကိုယ်တိုင်က နှလုံးသားထဲကနေ ထွက်ပေါ်လာတဲ့ ကြိုက်နှစ်သက်' သည် ဟူသော ခံစားချက်ကို ခံစားသိရှိနေပြီ ဖြစ်သည်။ သူက တိတိကျကျကို ပြုံးလိုက်ပြီး ဆက်စပ်မှုမရှိ ပြောလာသည်။

"ယန်ယန်"

"...."

ထို မြီးတိုပါးတွဲမျိုးစိတ် အိုမီဂါက လုရှန်းကျင်ရဲ့ နားမလည်နိုင်သောစကားတစ်ခွန်းကြောင့် တအံ့တဩပြန်မော့ကြည့်လိုက်သည်။

"ဆရာ .... ကျွန်တော့် နာမည်က ..."

"အကိုလုက မင်းကို နာမည်ပေးတာ "

ငယ်ရွယ်တဲ့အယ်လ်ဖာက အိုမီဂါရဲ့ သူ့ကိုယ်သူမိတ်ဆက်နေမှုကို ကြားဖြတ်ပြီး ချောင်းဟန့်ကာ ဝင်ပြောလိုက်သည်။ သူက လုရှန်းကျင်ဘက်လှည့်ပြီး တစ်စုံတစ်ရာကို မေးလိုက်သေးသလို လုရှန်းကျင်နဲ့ပတ်သတ်လို့ အဆင်ပြေပြေဖြစ်သွားဖို့ကိုလည်း သေချာပေါက် မျှော်လင့်နေသည်။

မြီးတိုပါးတွဲကြွက်မျိုးစိတ် အိုမီဂါလည်း ဘာမှထပ်မပြောတော့ဘဲ သူ့ရဲ့နာမည်အသစ်ကို လက်ခံလိုက်သည်။

"ဂလင်းတွေယူဖို့ သူ့ကို ခေါ်သွားလိုက်"

လုရှန်းကျင်၏နောက်ထပ်ပြောလာသော စကားက အခန်းထဲမှာရှိတဲ့ လူအားလုံးကို တုန်လှုပ်သွားစေပြီး မြီးတိုပါးတွဲမျိုးစိတ် အိုမီဂါသည်ပင် မျက်လုံးတို့ ပြူးကျယ်သွားခဲ့သည်။ သူက ကြောက်လန့်မှုကြောင့် အခန်းထောင့်မှာ ပုန်းခိုကပ်နေပြီး ကြောက်မက်ဖွယ်ကောင်းအောင် အော်ဟစ်နေခဲ့သည်။

"မလုပ်ပါနဲ့ .... ဆရာ "

****

'ဟက်ချိုး'

ဆေးရုံခန်းထဲရှိ ယန်ယိမှ နှာချေလိုက်ခြင်း ဖြစ်သည်။ တုန်ရီနေသည့် ယုန်နားရွက်တွေက နောက်ဆုံးမှာ ငြိမ်ကျသွားပြီး ကုတင်ရှေ့မှာ ထိုင်ကာ ပန်းသီးအခွံကို ဆက်နွှာနေခဲ့သည်။

အတွင်းလူနာကုသဆောင်အခန်းထဲတွင် အိုမီဂါနှစ်ယောက်တည်းသာ ရှိနေသည်။ ယွမ်မိရဲ့ ခြေထောက်က ကျောက်ပတ်တီးစည်းလိုက်ရပြီး သူက တုန်ရီစွာနဲ့ ပါးစပ်ဟကာ ယန်ယိကမ်းပေးလာတဲ့ ပန်းသီးစိတ်တွေကို စားနေသည်။ တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ သူ့ရဲ့ မျက်ဝန်းတွေက ယန်ယိအပေါ်၌သာ ရှိနေပြီး ရုတ်တရက်လွင့်ထွက်သွားသည်အထိ အကန်ခံလိုက်ရသည့် အဖြစ်ကို ပြန်တွေးကာ ကြောက်လန့်နေသည်။

'လက်သီးတစ်ချက် ဖြစ်ဖြစ် ၊ ကန်ချက်တစ်ချက်ပဲ ဖြစ်ဖြစ် သူ့ကို ကောင်းကင်ထဲ လွင့်ပျံသွားအောင် လုပ်နိုင်သည်။'

ဘာစကားမှမပြောဘဲ တိတ်ဆိတ်စွာဖြင့် အသီးကိုသာ ခွဲနေမြဲဖြစ်တဲ့ ယန်ယိကိုကြည့်ပြီး သူကသာ စကားစလိုက်သည်။

"အကိုကျင်မှာ တခြား ဘယ်သူမှ မရှိဘူးလား။ ဘာလို့ ဆေးရုံစောင့်ဖို့ကို မင်းကို ခိုင်းလိုက်တာလဲ"

အကယ်၍ လုရှန်းကျင်ရဲ့ ကျန်းကုန်း မိန်းမပျိုက နူးညံ့ပြီး အလျော့ပေးတတ်တဲ့ စိတ်ထားရှိတယ်ဆိုရင် ဒီယွမ်မိဆိုတဲ့ တစ်ယောက်ကတော့ ရေပြင်ညီလို အကျင့်စရိုက်မျိုး ရှိပေသည်။ တတိယလူအဖြစ်နဲ့ ခြေထောက်အောက်ရောက်နေရရင်တောင် သဝန်တိုစိတ် မဖြစ်တဲ့သူမျိုး။

သို့ပေမယ့် သူ့ဘက်က တကယ်လက်မခံနိုင်တဲ့ အရာကတော့ ရှိပါသေးသည်။

"ငါက လူတွေကို ဂရုစိုက်တတ်တယ်။ မင်းကိုလည်း ပြန်ကောင်းလာတဲ့အထိ ဂရုစိုက်ပေးမယ်။ ဒါက စိတ်မထိန်းနိုင်ဘဲ လုပ်လိုက်မိတဲ့အတွက် ငါ မင်းကို တောင်းပန်တာပဲ"

ယန်ယိက ယွမ်မိကို ပြန်မော့ကြည့်ပြီး အပြုံးတစ်ခုဖြင့် နူးညံ့စွာ ပြန်ဖြေလိုက်သည်။ ထိုစကားတွေက အကျိုးသင့်အကြောင်းသင့်ရှိပြီး တိကျလွန်းတာကြောင့် ဒါကိုဖြိုဖျက်ပြီး စိတ်ပျက်သွားအောင်လုပ်ဖို့အတွက် ယွမ်မိတွင် အခွင့်အရေးမရှိခဲ့ချေ။

"ထားလိုက်ပါတော့ .... ၊ အကိုကျင်က မင်းကို ဒီအတိုင်းပဲ ဆက်ဆံတာလား။ ဒဏ္ဍာရီလာအပြောတွေကို ငါမယုံဘူး။ "

"ဟုတ်တယ် ဒီလိုပဲ ဆက်ဆံတယ်။ သူ ငါ့ကို ထားခဲ့တာလေ ... လွန်ခဲ့တဲ့ သုံးနှစ်က သူ ငါ့ကို ထားသွားခဲ့တာ..."

အသီးခွဲဓားကို ကိုင်ထားရင်း ယန်ယိက အေးဆေးတည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ ထိုကဲ့သို့သော အေးဆေးတည်ငြိမ်မှုနဲ့ အဖြေစကားကိုကြားတဲ့အခါ ယွမ်မိက အံ့ဩမှုတွေနဲ့ ယန်ယိကို ပြန်ကြည့်လိုက်ပြီး သူ့အကြည့်တွေကို ပြန်လွှဲလိုက်သည်။

လှောင်အိမ်ထဲအချုပ်ခံထားရတဲ့ ကြက်တစ်ကောင်ကဲ့သို့ ရက်အနည်းငယ်ကြာသည်အထိ ကိုယ်လက်သန့်စင်ခြင်းမပြုရသေးတဲ့ မာနကြီးကြီး သရုပ်ဆောင်ကြယ်ပွင့်တစ်ယောက်က မိတ်ကပ်မပါတဲ့ မျက်နှာနဲ့ ဆေးရုံခေါင်းအုံးပေါ် မှီရင်း ကုတင်ပေါ် ထိုင်နေသည်။

"မင်းနဲ့ သူနဲ့ ကိုက်ညီမှုရှိသေးရဲ့လား"

ထိုမေးခွန်းအတွက် ယန်ယိခံစားမိသည်က ရူးကြောင်ကြောင် နိုင်ခြင်းသာ။ ဒီ ' ယွမ်မိ' သူ့ရဲ့ ကလင်းဆဲလ်တွေက တုံ့ပြန်မှုမရှိဘဲ မထူးခြားရုံသာမက ဦးနှောက်ဆဲလ်တွေပါ အလုံးစုံပျက်စီးနေသည်။

'တုံးလိုက်တဲ့ လူသား'

"ကိုက်ညီမှုက တော်တော်နည်းတာ"

ယန်ယိက လိမ္မော်သီးအခွံကို ပျင်းရိပျင်းတွဲနွှာပြီး သာမန်လေသံဖြင့် ပြန်ဖြေလိုက်သည်။

ထိုအဖြေကိုတော့ ယွမ်မိ အံ့ဩမနေတော့။

"ကိုက်ညီမှုက အကိုကျင်အပေါ် သက်ရောက်မှုမရှိဘူး။ မင်းတို့ လမ်းခွဲရတဲ့အကြောင်းကလည်း ဟော်လ်မုန်းမကိုက်တာကြောင့်နဲ့ ဘာမှမဆိုင်လောက်ဘူး။ အကြောင်းပြချက်တစ်ခုကို ကိုယ့်ဘာသာကိုယ် ရှာကြည့်သင့်တယ်။"

ယန်ယိက ယွမ်မိဘက်လှည့်ကာ အကြင်နာမျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ အခု သူတို့နှစ်ယောက်က ရုပ်ရှင်ဇာတ်လမ်းတွဲထဲက ရုပ်ဆိုးဆိုးမောင်းမနှစ်ယောက် အပြန်အလှန်အားပေးစကားဆိုနေကြသလို ဖြစ်နေသည်။ "ကိစ္စမရှိဘူး .... နင်က ရုပ်ဆိုးပေမယ့် မင်းကြီးက ရုပ်ဆိုးတာတွေ ကြိုက်တာမို့ ဘာမှမဖြစ်ဘူး။ " ဟူ၍

သို့မဟုတ် တခြားတစ်နည်းနဲ့ ပြောရရင် ... အတန်းထဲက ဘိတ်ချေးရဲ့ အပေါ်က ကျောင်းသားက သူ့အောက်က ဘိတ်ချေးအတန်းဖော်ကို စာပြန်ပြပေးသလိုပင်။ တစ်ယောက်ကလည်း စာပြရဲပြီး တစ်ယောက်ကလည်း နာခံရဲသည်။ ' ဘယ်လောက်တောင်မှ ကြောက်စရာ ကောင်းလိုက်သလဲ '

"ငါ နဲ့ အကိုကျင်က ကိုက်ညီမှု ၈၉ ရာခိုင်နှုန်းရှိတယ်။ အဲ့တာကို ယုံလား။"

ယွမ်မိက မျက်ခုံးကြုပ်ကာ ပြောလိုက်သည်။ ထိုအခါ ယန်ယိကလည်း နားရွက်တွေပါ ထောင်ကာ နားထောင်လိုက်ပြီး ချင်းဟိုင်တိဘက်လွင်ပြင်မှာ ကြက်တူရွေးတွေ သီချင်းဆိုနေတယ် ' ဆိုသည့် စကားကို ကြားလိုက်ရသလို ယုတ္တိမတန်လိုက်လေခြင်း ဟူသော အကြည့်ဖြင့် ကြည့်လိုက်သည်။

'၈၉ ရာခိုင်နှုန်းတောင် ကိုက်ညီတယ်'

ဒါက ရုပ်ရှင်ဖန်သားပြင်ပေါ်က အချစ်တစ်ခုကို ခန့်မှန်းနိုင်တဲ့ နံပါတ်တစ်ခုသာ ဖြစ်သင့်သည်။ လုရှန်းကျင် ကြီးပြင်ခဲ့တဲ့ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး သူ့ရဲ့အကျင့်စရိုက်က အေးစက်နေသလို သူ့ကိုဆွဲဆောင်ချင်နေတဲ့ မတူညီတဲ့ပတ်ဝန်းကျင်က အိုမီဂါများစွာလည်း ရှိပေသည်။ ထိုအရာတွေက လုရှန်းကျင်ကို ပိုပြီး မောက်မာဝင့်ကြွားစေကာ ၈၉ရာခိုင်နှုန်းလောက်ကိုက်ညီတဲ့ အိုမီဂါကိုလည်း အလွယ်တကူထားပစ်ခဲ့နိုင်သည်။

ယန်ယိကတော့ စိတ်သက်သာရာ ရပြီးခဲ့ပြီ။ ဘယ်ရော ညာရောက ပြည့်စုံစွာ မကောင်းမွန်မှန်း နားလည်နေခဲ့ပြီး ၇၅ရာခိုင်နှုန်းသော ကိုက်ညီမှုဖြင့် လုရှန်းကျင်နဲ့အတူ နှစ်ပေါင်းများစွာအတူနေခဲ့ပြီးနောက်မှာ ..... အကျိုးဆက်တွေပိုင်ဆိုင်ရဖို့ ရှိပြီထင်ရသည်။

ယွမ်မိက စားပွဲဘေးက စာအုပ်တစ်အုပ်ကိုဆွဲယူလိုက်ပြီး ဟိုဟိုဒီဒီဖတ်ကြည့်နေသည်။ ကြည့်ရတာ သူနာပြုက ကုသမှုတစ်ခုကို ကြော်ငြာဖို့ ပြင်ဆင်နေသည်ထင်သည်။ သူက ဆေးပညာရဲ့ ကုသမှုနည်းလမ်းတွေနဲ့ ကုထုံးအကြောင်း မဂ္ဂဇင်းကို အခန်းထဲ ထားသွားခဲ့သည်။

ယွမ်မိက အသစ်ထုတ်လုပ်ထားတဲ့ ဆေးတွေနဲ့ ကုသမှုအကြောင်းသာပါတဲ့ ထိုဆေးပညာမဂ္ဂဇင်းစာအုပ်ကို သူ့ရဲ့ကိုယ်ပိုင်ကြော်ငြာပုံတွေပါနေသည့်အလား စိတ်ဝင်စားမှုအပြည့်ဖြင့် ဟန်ဆောင်ကြည့်နေခဲ့သည်။ ထို့နောက် သူက စိတ်ပျက်သွားသလို ပုံစံဖြင့် စာအုပ်ကို ပြန်ပိတ်လိုက်ပြီး စားပွဲထုကာ ယန်ယိကို ကြည့်ရင်း အံ့အားသင့်စွာ ပြောလိုက်သည်။

"ဒါကို ကြည့်ကြည့် .... Almustine injection... Alkylation... Guanine... ၊ ထားလိုက်ပါတော့ အဲ့ဒီစာလုံးတွေကို ငါ မသိဘူး။ သူတို့က ကိုက်ညီမှုတိုးတက်အောင် လုပ်ပေးတဲ့ဆေးတွေတဲ့။ "

(သူ မသိသလို ဝိုင်လည်း မသိဘူး။ GG မှာရှာကြည့်ပေမယ့် ဘာမှမတွေ့ဘူး။ နောက်ဆုံးက Guanine ကတော့ မြေဩဇာအဖြစ်သုံးတဲ့ ပင်လယ်ငှက်ချေးနဲ့ ငါးအကြေးခွံမှာ တွေ့ရတဲ့ ဒြပ်ပေါင်းတစ်မျိုပါ။ နျူကလိယအက်ဆစ်ရဲ့အခြေခံ ပါဝင်ဒြပ်ပေါင်းလေးမျိုး လည်း ဖြစ်သလို DNA မှာပါဝင်တဲ့ သက်ရှိတစ်ရှူးတစ်မျိုးပါ ... )

"အဓိပ္ပါယ်မရှိတာ ... အဲ့လောက်ကောင်းတဲ့ဆေးမျိုး ရှိလို့လား။ သက်သက် စီးပွါးရှာနေတာပဲ ဖြစ်မယ် ... လာစမ်း ငါကြည့်ကြည့်မယ် ... ဒီအကြောင်းကို တိုင်လိုက်သင့်လား။ ဟေး ... ငါ ၃၁၅ ကိုခေါ်ပြီး လိမ်လည်မှုအတွက် မေးလိုက်ရမလား။ "

ယန်ယိက ဖုန်းပင်ဆက်နေပြီဖြစ်တဲ့ ယွမ်မိလက်ထဲက ဖုန်းကို ဆွဲယူပြီး ဖုန်းချပစ်လိုက်သည်။ ထို့နောက် မဂ္ဂဇင်းစာအုပ်ကို ယူပြီး ' ကိုက်ညီမှု တိုးခြင်း" ဟူသည့် စာလုံးငါးလုံးကို အခေါက်ခေါက်အပြန်ပြန် ဖတ်နေခဲ့သည်။

ယွမ်မိက သက်ပြင်းချလိုက်သည်။ ယန်ယိက ပထမအဆင့် ခွဲခြားနိုင်မှုရှိတဲ့ ရှားပါး အိုမီဂါတစ်ယောက်လို့ ဘယ်လိုပဲဆိုဆို ဟော်လ်မုန်းနဲ့ ပတ်သတ်လာရင် သူကိုယ်တိုင်လည်း လက်နက်ချ အရှုံးပေးရပေသည်။

"ဒါက လမ်းတကာမှာလိုက်ကပ်နေတဲ့ အောင်မြင်မှုသိပ်မရှိတဲ့ ကြေငြာချက်တွေပဲ။ မင်းက ယုံလို့လား။ မလုပ်နဲ့နော်"

"ကြော်ငြာက ဆွဲဆောင်နိုင်မှု ရှိနေလို့ပါ။ ငါ အယ်လ်ဖာမော်ဒယ်တစ်ချို့နဲ့ သိတယ် သူတို့နဲ့ မင်းကို မိတ်ဆက်ပေးမယ်။ ပုခုံးကျဉ်းကျဉ်း ခြေတံရှည်ရှည်နဲ့ ဒုတိယအဆင့် စေခိုင်းနိုင်မှု ကလင်းရှိတဲ့ အယ်လ်ဖာလောက် မသန်မာပေမယ့် မင်းအတွက် ချစ်ကျွမ်းဝင်ဖို့ လုံလောက်ပါတယ်။ အယ်လ်ဖာတွေက ဒီလောက်များတာ မင်းရဲ့ အခုလက်ရှိအခြေအနေပေါ်မူတည်ပြီး ကိုက်ညီမှုရှိတဲ့ တစ်ယောက်ကို ရှာလို့ရတယ်။ "

လုရှန်းကျင်ဆီကနေ ဒီနားရွက်ကျယုန်လေး အမြန်ဆုံးထွက်သွားဖို့ကို သူလိုချင်သည်။ ဒါမှ လုရှန်းကျင်ပိုင်ဆိုင်တာမှန်သမျှကို သူလက်ဝါးကြီးအုပ်နိုင်မှာ ဖြစ်သည်။

အမှန်အတိုင်းပြောရရင် ယွမ်မိရဲ့ လုရှန်းကျင်နဲ့ကိုက်ညီမှုနှုန်း မြင့်နေရခြင်းမှာလည်း ဆေးကြောင့်ဖြစ်သည်။ ဂရုစိုက်မှုမရှိတဲ့ အယ်လ်ဖာတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်ဖို့ ဟော်လ်မော်ကို အားကိုးနေရတာမျိုး သူကိုယ်တိုင်လည်း မလိုချင်ပေ။

"မင်း နားမလည်ပါဘူး။"

ယွမ်မိက သက်ပြင်းချကာ ပြန်ဖြေသည်။

"ဒါဆိုလည်း ဆေးသွားထိုးလိုက်လေ ... ပြီးတာနဲ့ မင်းလည်း သေပြီ"

မျက်လုံးကို တစ်ပတ်ပြည့်အောင်လှည့်ပြီး ပြောလာတဲ့ ယွမ်မိကိုကြည့်ပြီး ယန်ယိပြုံးလိုက်သည်။ သူက တကယ့်ကို ဒဲ့တိုး ပြောတတ်လွန်းတဲ့ စဉ်းစားဉာဏ်နိမ့်တဲ့ အိုမီဂါပင်။

သို့ပေမယ့် သရုပ်ဆောင်စွမ်းရည်ထူးချွန်သည်မှာတော့ တစ်ဖက်ကမ်းပင်ခက်သည်။

ဆေးရုံအခန်းရဲ့အပြင်ဘက်မှာ ယွမ်မိကို သတင်းမေးချင်နေတဲ့ သတင်းထောက်များပြည့်နေသည်။ ယွမ်မိက သူ့မျက်နှာကို ရေစိုတစ်ရှူးနဲ့ ပွတ်သုတ်လိုက်ပြီး အောက်ခံ bb ခရင်လ် ပါးပါးလေးလိမ်းလိုက်ကာ ခေါင်းအုံးအောက်က ဇာတ်ညွှန်းစာအုပ်ကို ထုတ်ပြီး သူ့ရဲ့ပေါင်ပေါ်တင်ထားလိုက်သည်။ ဘယ်ဟာကြည့်လို့ ကြည့်ရမှန်းမသိတဲ့ ယွမ်မိက စာမျက်နှာပေါ်က ရေးမှတ်ထားတာတွေကို ဟိုဒီလျှောက်ဖတ်နေခဲ့သည်။ သတင်းထောက်တွေဝင်လာတဲ့အချိန်မှာ ကွက်တိကျတဲ့ ပြင်ဆင်မှုလည်း ပြီးမြောက်သွားခဲ့ပြီး ပြီးပြည့်စုံတဲ့ လူနာတစ်ယောက်ရဲ့ လှပခြင်းနဲ့ ကင်မရာမြင်ကွင်းထဲ ထင်ဟပ်သွားစေကာ ပင်ပန်းနွမ်းနယ်စွာ ပြုံးပြလိုက်သည်။

"ဘာမှကြီးကြီးမားမား မဖြစ်ပါဘူး။ သိပ်မကြာခင် စတူဒီယိုကို ပြန်သွားနိုင်တော့မှာပါ..."

ရွှေတံဆပ်သုံးခုနဲ့ ဒီကြက် ကို ယန်ယိထပ်ပြီး ကြည့်မနေချင်တော့

****

ညနက်ရောက်တဲ့အခါ လုရှန်းကျင် ဗီလာသို့ ပြန်ရောက်လာသည်။ သူ့တစ်ကိုယ်လုံးက ဟော်လ်မုန်းနံ့နှင့် အရက်နံ့တို့ ရောထွေးနေပြီး သူ့မျက်နှာက အရက်မူးတာကြောင့်နီရဲရသည်ထက်ပိုကာ နီမြန်းနေသည်။

ဗီလာရှေ့ရောက်တဲ့အခါ အိမ်ထဲကအလင်းရောင်ကို သူမတွေ့ရပေ။ အရင်က သူ အိမ်ပြန်တာ အရမ်းနောက်ကျနေရင်တောင် အိမ်က အမြဲလင်းထိန်နေပြီး ယန်ယိကလည်း ဆိုဖာထောင့်မှာ ခွေခွေလေးအိပ်ကာ စောင့်နေတတ်ပေသည်။ သို့ပေမယ့် ဒီနေ့မှာ မဲမှောင်နေတဲ့ အိမ်ကြီးကသာ သူအပြန်အလာကို စောင့်ကြိုနေပုံရသည်။

'ထိုအကြောင်းအရာက လုရှန်းကျင်ကို အတော်မှ စိတ်မကောင်းဖြစ်သွားစေသည်။'

အိမ်ထဲ၌ ရေချိုးခန်းကလွဲလို့ တစ်အိမ်လုံးက မှောင်မိုက်နေသည်။ လုရှန်းကျင်က တံခါးဖွင့်လိုက်ပြီး ရေချိုးခန်းအတွင်းဘက်ကို ကြည့်လိုက်သည်။ သူတံခါးဖွင့်လိုက်သည်နှင့် တစ်စုံတစ်ခုက သူ့ရဲ့သားရေဖိနပ်နားသို့ လိပ်လာပြီး အေးစက်စက်အရည်တွေက သူ့ရဲ့ ဈေးကြီးလွန်းလှတဲ့ ဘောင်းဘီပေါ် လာစင်သည်။ ထို့နောက် ထွက်ပေါ်လာတဲ့ ဖန်ခွက်ကျကွဲသံက အိမ်ကြီးရဲ့ တိတ်ဆိတ်နေမှုကို ဖြိုခွင်းသွားခဲ့သည်။

ရေချိုးခန်းရဲ့ အတွင်းဘက်မှာ ယန်ယိက ကြမ်းပြင်ပေါ်လဲကျလျက်ရှိနေပြီး ကြီးမားနေတဲ့ မျက်ဆံနဲ့အတူ သူ့မျက်နှာက အဖြူရောင်နံရံနှင့်ပင် တသားတည်းဖြစ်နေသည်။ သူ့ရဲ့ဘေးနားမှာ ဘာတံဆိပ်အမှတ်အသားမှ မပါတဲ့ ဆေးပုလင်းနဲ့ ဆေးထိုးအပ်က သိပ်မဝေးတဲ့ နေရာတွင်ကျနေသည်။ ထိုအခြေအနေမှာ ယန်ယိရဲ့ လည်ပင်းနောက်ဘက်မှာရှိတဲ့ ကလင်းနေရာကလည်း နီရဲကာ ယောင်ယမ်းနေပြီး သူ့တစ်ကိုယ်လုံးက ကြွေထည်ကဲ့သို့ ဖြူဖျော့အားနည်းနေသည်။

"ယန်ယိ..."

အထိတ်တလန့်ဖြစ်မှုကြောင့် ပြူးကျယ်သွားသော မျက်ဝန်းတွေနဲ့ လုရှန်းကျင်က ယန်ယိကိုပွေ့ချီလိုက်ပြီး အိမ်ထဲမှအလျင်စလိုပြန်ထွက်လာကာ ကားနောက်ခန်းမှာ လှဲစေ၍ ကားစက်ပြန်နှိုးပြီး ဗီလာရှေ့မှ ဒုန်းဆိုင်းမောင်းထွက်သွားတော့သည်။

နွေးထွေးမှု အလျဉ်းပင်မရှိတော့တဲ့ ယန်ယိရဲ့ခန္ဓာကိုယ်က အေးစက်နေပြီး အရိုးမရှိတဲ့လူသေကောင်ကြီးကဲ့သို့ ပျော့ခွေနေသည်။ လုရှန်းကျင်က ဖုန်းခေါ်ဆိုမှုတစ်ခုကို ပြုလုပ်လိုက်သည်။ ဆယ်မိနစ်အတွင်းမှာတင် ဆေးရုံတစ်ခုလုံးမှာရှိတဲ့ ဆရာဝန်တွေအကုန်လုံးက တန်းစီစောင့်နေသည့် အဆင့်သင့်အနေအထားသို့ ရောက်သွားသည်။ မနက်သုံးနာရီအချိန်မှာ ဆေးရုံဝင်ပေါက်ရှေ့၌ အမဲရောင် BMW ကားတစ်စီး ရပ်တန့်သွားပြီး တုံ့ဆိုင်းမှုမရှိ မြန်ဆန်တဲ့ခြေလှမ်းတွေနဲ့ သူနာပြုတွေက ယန်ယိကို လူနာတင်ကုတင်ပေါ် တင်ကာ အရေးပေါ်ခွဲစိတ်ခန်းထဲသို့ အလျင်မြန်ဆုံးအရှိန်နှုန်းနဲ့ တွန်းသွားကြသည်။

ခွဲစိတ်ခန်း၏ အပြင်ဘက်တွင် လုရှန်းကျင်စောင့်နေပြီး ဆရာဝန်တစ်ချို့ရဲ့ ယန်ယိအခြေအနေနဲ့ပတ်သတ်ပြီး ရှင်းပြတာတွေကို နားထောင်နေသည်။ ထို့နောက် သိပ်မကြာလိုက်တဲ့အချိန်မှာပဲ အကြောင်းအရင်းကို စုံးစမ်းဖို့ခိုင်းစေခြင်းခံထားရတဲ့ ယန်ယိရဲ့ လက်ထောက်ဖြစ်သူပါ ဆေးရုံဟောအတွင်းသို့ ဝရုန်းသုန်းကားနှင့် ပြေးဝင်လာခဲ့သည်။

လုရှန်းကျင်ကို ယန်ယိရဲ့အခြေအနေနဲ့ပတ်သတ်ပြီး ဆွေးနွေးပြောပြနေသည့် ဆရာဝန်က ဘီတာဖြစ်ပြီး အေးစက်ခက်ထန်နေတဲ့ လူနာရှင်ကြောင့် သူ့မှာ ဒူးတင်သာမက တစ်ကိုယ်လုံးပင် တုန်ရီနေသည်။ ကလင်းဆဲလ်၏ ဒုတိယ အဆင့်ခိုင်းစေနိုင်မှုရှိတဲ့ ဟော်လ်မုန်းက သက်ရောက်မှုပြင်းထန်ပြီး ညှာတာမှုလည်း ကင်းမဲ့သည်။ ဘီတာ ဆရာဝန်၏အသံက တုန်တုန်ရီရီဖြစ်နေပြီး လေသံလေးဖြင့်သာ ယန်ယိရဲ့အခြေအနေအားလုံး တင်ပြနေသည်။ တကယ့်တကယ် ကြောက်လန့်မှုနဲ့ရင်ဆိုင်နေရသည့် အခြေအနေက ခွဲစိတ်ခန်းထဲ၌ပင်။

"လူနာက အမည်မရှိတဲ့ ဆေးတစ်ခုကို သူ့ကလင်းထဲ ထိုးသွင်းထားတယ်။ ဆေးက ကိုက်ညီမှုမရှိတော့ ကလင်းကလည်း ပေါင်းစပ်သွားဖို့လက်မခံလဲ အထိန်းအချုပ်ကင်းမဲ့သွားသည်။ အခြေအနေက အခုထိ သေချာမသိရသေးတဲ့ အနေအထားမှာပဲ ရှိနေသေးတယ်။ ကျွန်တော်တို့အားလုံး အကောင်းဆုံးကြိုးစားကြမှာမို့ မစ္စတာလုက နောက်ဆုံးရလဒ်ကို စိတ်ရှည်ရှည်နဲ့ စောင့်နေပေးပါ "

ဆေးရုံကိုရောက်လာတဲ့ လုရှန်းကျင်ရဲ့ လက်ထောက်က သူ့ရဲ့စုံစမ်းမှု ပြီးမြောက်သွားခြင်းကြောင့် ဖြစ်သည်။ လုရှန်းကျင်ရဲ့အရှေ့မှာရပ်ပြီး သူ့နဖူးပေါ်က ချွေးတို့ မသုတ်ခင်လေးမှာတင် လုရှန်းကျင်ရဲ့ သုန်မှုန်နေသော လေသံနိမ့်နိမ့်ကို ကြားလိုက်ရသည်။

"ဘာတွေ ဖြစ်သွားတာလဲ"

လုရှန်းကျင်ရဲ့ လက်ထောက်ကဖြင့် မျက်ရည်မထွက်ဘဲ ငိုနေလေပြီ။ စိတ်ထင်တိုင်း ဆိုးဆိုးဝါးဝါးတွေ လိုက်လုပ်တတ်တဲ့ ဒီနားရွက်ကျယုန်အတွက် ချွဲနွဲ့ပြီးတော့ဘဲ ရှင်းပြလိုက်သင့်သလား။

လုရှန်းကျင်ရဲ့ ဒေါသအရှိန်ကိုလည်း ကြောက်လန့်နေရပြီး သူ့မှာ အံ့ကိုကြိတ်ကာ ပြန်ဖြေလေသည်။

"ကျွန်တော် မသိခဲ့ရဘူး"

ထိုအဖြေအတွက် သတ္တိတွေသိပ်ကောင်းနေတာ မဟုတ်ပေမယ့် ဘာတစ်ခုမှ ထွေထွေထူးထူးကြားသိခဲ့ရတဲ့ သတင်းအချက်တွေ မရှိတဲ့အပေါ် သူ့မှာ ယန်ယိရဲ့ တစ်နေ့တာ လုပ်ငန်းစဉ်ကိုသာ အသည်းအသန်ပြန်စဉ်းစားနေနိုင်တော့သည်။

"သူ မစ္စတာ ယွမ်မိရဲ့ အခန်းထဲမှာ ဒီနေ့ အကြာကြီးနေခဲ့တယ်။ အခုအချိန်က မစ္စတာယွမ်မိလည်း အနားယူနေတာဆိုတော့ ကျွန်တော် မနက်ဖြန် သွားမေးပေးပါ့မယ်"

လက်ထောက်ဖြစ်သူက သူ့နဖူးသူ ပက်ကနဲ ရိုက်လိုက်ပြီး ပြန်ဖြေလိုက်သည်။

လုရှန်းကျင်က ဘာမှထပ်ပြောမနေတော့ဘဲ သူ့လက်ထောက်ကို တွန်းဖယ်ကာ ဓာတ်လှေကား အတွင်းသို့ တစ်ယောက်တည်း ဝင်သွားခဲ့သည်။ ဓာတ်လှေကားနံပါတ်က လုံခြုံရေးတင်းကြပ်မှုနှင့် ကောင်းမွန်တဲ့ ဂရုစိုက်မှုတွေ ဝန်ဆောင်မှုပေးတဲ့ ပထမထပ်မှာရပ်သွားသည်။

ငွေကြယ်ပွင့် သရုပ်ဆောင်က သူ့အခန်းထဲ တိတ်ဆိတ်စွာ အိပ်စက်နေချိန် ကျယ်လောက်တဲ့ တံခါးတွန်းဖွင့်သံကြောင့် လန့်နိုးသွားခဲ့သည်။ ဒုတိယအဆင့်အနေနဲ့ အခန်းရဲ့ မီးတွေလင်းထိန်သွားပြီး သူ့မှာ မျက်လုံးပင် ကောင်းကောင်းမဖွင့်နိုင်သေးတဲ့ ထိုအချိန်၌ သန်မာတဲ့ လက်တို့နဲ့ ရုတ်တရက်ဆွဲယူခြင်းခံလိုက်ရပြီး ကြမ်းပြင်ပေါ်သို့ ပစ်ချခြင်း ခံလိုက်ရသည်။

လုရှန်းကျင်က သူ့ရဲ့ ဝင့်ကြွားထည်ဝါတဲ့ ဂုဏ်ဒြပ်တွေနှင့်အညီ အေးစက်ခက်ထန်စွာ စိုကြည့်နေသည်။ ယွမ်မိဆီက ရှင်းပြချက်တွေ နားထောင်ပြီးပေမယ့် သူကတော့ စိတ်ဖြေလျော့နိုင်ခြင်း မရှိသေးတဲ့အပြင် ရက်စက်စွာဖြင့် ယွမ်မိရဲ့ ထိခိုက်လွယ်တဲ့ ဝမ်းဗိုက်ပေါ် ခြေထောက်ဖြင့် တက်နင်းထားလိုက်သည်။

ယွမ်မိခမျာ နာကျင်မှုကြောင့် ဘောလုံးတစ်လုံးကဲ့သို့ ပင် လူးလှိမ့်သွားသည်။ သူ့လည်ချောင်းဝထိပင် ရောက်လာသော သွေးတစ်ချို့နဲ့ သူ့မှာ လုရှန်းကျင်ရဲ့ ခြေထောက်အောက် အော်ဟစ်နေခဲ့သည်။

"ဘာလို့ ဒေါသထွက်နေတာလဲ ... ကျွန်တော့်ကို ဘာတွေ လုပ်နေတာလဲ။ အကို ကျင် ... ကျွန်တော် ဘာအမှားလုပ်မိလို့လဲ။ ကျွန်တော့်ကို စိတ်တိုနေတာလား .... ကျွန်တော် သူ့လက်ကို ဓားနဲ့ထိုးလိုက်တာ မှန်ပေမယ့် သူအဲ့လောက်ထိ ပြင်းပြင်းထန်ထန် မခံစားရပါဘူး ..."

အယ်လ်ဖာတစ်ယောက်က ၈၉ရာခိုင်နှုန်းပင် ကိုက်ညီမှုရှိတဲ့ အိုမီဂါတစ်ယောက်ကို ဖျက်စီးပစ်လိုက်လို့ သတင်းထဲတွင် ပါမလာနိုင်ပေ။ လုရှန်းကျင်ရဲ့ အစွဲအလမ်းကြီး ရူးသွပ်တဲ့စိတ်က အနည်မကျသေးသလို သူက ကြောက်မက်စရာကောင်းအောင် တိတ်ဆိတ်နေခဲ့သည်။

'လက်ကို ဓားနဲ့ ထိုးတယ်'

သူက ဘာအကြောင်းပြချက်မှမရှိဘဲ ယွမ်မိအပေါ် ယန်ယိတိုက်ခိုက်မှု လုပ်ခဲ့တာလို့ ထင်ခဲ့တာလေ'

ယွမ်မိက ဘုရင်းသခင်ထံ တောင်းပန်မှုပြုနေသကဲ့သလို့ လုရှန်းကျင်ရဲ့ သူ့အပေါ်တက်နင်းထားတဲ့ ခြေထောက်ကို ပွတ်သပ်နေခဲ့ပြီး ဘောင်းဘီစကိုဆွဲကာ တုံ့ပြန်ချက် အဖြေတစ်ခုကိုရဖို့ ကွဲအက်နေတဲ့ အသံနဲ့ မေးနေခဲ့သည်။

"အကိုကျင် ... ဘာလို့လဲ ... ကျွန်တော်တို့က ၈၉ ရာခိုင်နှုန်းတောင် ကိုက်ညီမှုရှိတာလေ ... ဘာလို့ ကျွန်တော့်ကို ထိုးနှက်နေတာလဲ "

_______________

Lop Eared Guard
Words-4135
Oct/6/2021
Wine.

_______________

For my lovely zawgyi readers.

_______________

စားေသာက္ပြဲက်င္းပေနသည့္ အလင္းမွိန္ေဖ်ာ့ေဖ်ာ့သာရွိေသာအခန္းထဲ၌ ခ်ိဳျမၿပီး ညွို႔ယူဖမ္းစားနိုင္စြမ္းရွိေသာ အိုမီဂါ၏ ေဟာ္လ္မုန္းရနံ႕မ်ားႏွင့္ သန္မာေသာ အယ္လ္ဖာတစ္ခ်ိဳ႕၏ရနံ႕တို႔ ေရာေႏွာယွက္ႏြယ္ေနသည္။ ဤသို႔ေသာ သူငယ္ခ်င္းမ်ားႏွင့္ အတူေနၿပီး ေအးေအးလူလူစည္းစိမ္ခံစားဖို႔ အျပင္ထြက္ျခင္းမွာ လုရွန္းက်င္အတြက္ ရွားပါးေသာျဖစ္စဥ္တစ္ခုျဖစ္ေပသည္။

ငယ္႐ြယ္တဲ့ အယ္လ္ဖာတစ္ေယာက္က ေခ်ာေမာလွပတဲ့အိုမီဂါႏွစ္ေယာက္ကို ဘယ္တစ္ဖက္ ညာတစ္ဖက္ ဖက္ထားကာ လုရွန္းက်င္၏မ်က္ႏွာခ်င္းဆိုင္ခုံတြင္ ထိုင္ေနသည္။ သူက ေခါင္းကိုငုံ႕လိုက္ရင္း ေဘးနားကအိုမီဂါကိုယ္တိုင္ တိုက္တဲ့ရွန္ပိန္ကို တစ္ငုံခ်င္းစီေသာက္ေနၿပီး လုရွန္းက်င္ရဲ႕ ပုခုံးကိုလည္း လက္နဲ႕ပုတ္ကာ စကားေျပာေနသည္။

"အကိုလု ကြၽန္ေတာ့္မွာ အကို႔အတြက္လက္ေဆာင္ရွိတယ္။ အကိုျမင္ရင္ ေသခ်ာေပါက္သေဘာက်မွာမို႔လို႔ ကြၽန္ေတာ့္ကို ေက်းဇူးတင္ထားလိုက္ေတာ့"

"ဘာမို႔လို႔လဲ"

လုရွန္းက်င္က နည္းနည္းေလးေတာင္ စိတ္ဝင္စားမႈမရွိတာေၾကာင့္ ေပါ့ပ်က္ပ်က္ပင္ ျပန္ေျဖလိုက္သည္။

"အဲ့တာက က်ိဳအန္းၿမိဳ႕က အပိုင္းအစေလးပါ..."

ၿပီးေနာက္ ထိုငယ္႐ြယ္တဲ့အယ္လ္ဖာက ေဆးလိပ္ေငြ႕ေတြကိုမႈတ္ထုတ္လိုက္ၿပီး ေက်ေက်နပ္နပ္ႀကီးၿပဳံးလိုက္ကာ လက္ခုပ္တီးလိုက္သည္။ ထိုအခါ အခန္းတံခါးအျပင္ဘက္မွာ ရွိေနတဲ့ အိုမီဂါငယ္ငယ္ေလးတစ္ေယာက္ အထဲသို႔ ဝင္လာခဲ့သည္။ အခန္းထဲဝင္ဝင္ခ်င္းမွာပင္ ထိုအိုမီဂါ၏ ႏူးညံ့ၿပီး တစ္မူထူးျခားမႈရွိတဲ့ ေဟာ္လ္မုန္းရနံ႕ေတြက လုရွန္းက်င္ရဲ႕ ႏွာဖ်ားတြင္းသို႔ တိုးဝင္က်ီစယ္သြားၾကသည္။ ေလထုထဲမွာ ဟိုတစ္စု ဒီတစ္စုရွိေနတဲ့ ဂလင္းရနံ႕ေတြလည္း သူ႕ရဲ႕ေဟာ္လ္မုန္းေၾကာင့္ ႏွိုးဆြမႈတစ္ခုရလိုက္သလို တုန္ခါမႈျဖစ္သြားသည္။ လုရွန္းက်င္က ထိုင္ေနရာမွ ႐ုတ္တရက္မတ္တပ္ရပ္လိုက္ၿပီး ထိုလႈပ္ရွားမႈေၾကာင့္ တစ္ဖက္မွာရပ္ေနတဲ့ အိုမီဂါပါ ထိတ္လန႔္မႈျဖစ္သြားသည္။ သူက အေနာက္သို႔ ေျခတစ္လွမ္းဆုပ္လိုက္ၿပီး သူ႕ရဲ႕ ႏူးညံ့တဲ့ အျမႇီးကို ကုပ္ထားရင္း အခန္းအျပင္ျပန္ေျပးထြက္ဖို႔လည္းမဝံ့ရဲဘဲ ရပ္ၿမဲေနရာတြင္သာ ႀကိဳးစားရပ္ေနကာ လုရွန္းက်င္ကို မ်က္လုံးျပဴးၿပီး စိုက္ၾကည့္ေနခဲ့သည္။

တမူထူးျခားၿပီး တုံ႕ျပန္မႈရွိတဲ့ ဂလင္းဆဲလ္ေတြနဲ႕ ထိုၿမီးတိုပါးတြဲႂကြက္ မ်ိဳးစိတ္ (hamster) အိုမီဂါ၏ ေဟာ္မုန္းေတြက မလိုင္ကဲ့သို႔ ခ်ိဳအီေသာ ေရေမႊးရနံ႕လို ျဖစ္ေနသည္။

လုရွန္းက်င္က ထိုအိုမီဂါနား ျဖည္းျဖည္းခ်င္းေလွ်ာက္သြားၿပီး သူ႕လက္ကိုျမႇောက္ကာ ေခ်ာမြတ္ေနတဲ့ ပါးျပင္ကို ပြတ္သပ္၍ စူးစိုက္ၾကည့္ေနသည္။

'အခုအေျခအေနအရ ဒီၿမီးတိုပါးတြဲႂကြက္မ်ိဳးစိတ္ အိုမီဂါရဲ႕ ေဟာ္လ္မုန္းေတြက သူ႕နဲ႕ ေကာင္းမြန္စြာ ကိုက္ညီမႈရွိေၾကာင္း သိသာေနသည္။ အနည္းဆုံး ၉၅ ရာခိုင္ႏႈန္းမွ်ကိုက္ညီေနမည့္ ဒီလိုရနံ႕မ်ိဳးၾကားမွာ လုရွန္းက်င္က ထိန္းခ်ဳပ္မႈေတြ ကင္းမဲ့သြားေတာ့မည္ပင္။

တခမ္းတနားျဖစ္လြန္းသည့္မီးေရာင္ေတြက ညသန္းေခါင္ခ်ိန္က ၾကယ္မ်ားကဲ့သို႔ ေတာက္ပေနၿပီး ေခ်ာေမာလွပတဲ့ ဒီအစိမ္းေရာင္ ၿမီးတိုပါးတြဲႂကြက္ မ်ိဳးစိတ္ အိုမီဂါအေပၚ ျဖာက်ေနသည္။ ျပတင္းေပါက္အျပင္ဘက္ ညေကာင္းကင္တြင္ တိမ္မဲေတြက ဟိုဒီစုေဝးတည္ရွိေနၿပီး ေတာက္ပတဲ့လမင္းႀကီးက ျမဴခိုးေတြရဲ႕ အေနာက္ခိုဝင္ကာ ထိန္ထိန္သာေနသည္။

အခုေန ထိုအိုမီဂါဝတ္ဆင္ထားတဲ့ အျဖဴေရာင္ရွပ္အကၤ်ီအစား ကိုယ္ႏွင့္ကြက္တိက်ေနမည့္ က်ည္ကာဝတ္စုံကိုေျပာင္းဝတ္ၿပီး လက္ထဲကိုင္ထားတဲ့ ရွန္ပိန္ခြက္အစား ယူဇီေသနတ္ႏွစ္လက္ကိုသာ ေက်ာေနာက္လြယ္ထားမယ္ဆိုရင္ သိပ္ကိုၿပီးျပည့္စုံေနလိမ့္မည္။

လုရွန္းက်င္ကိုယ္တိုင္က ႏွလုံးသားထဲကေန ထြက္ေပၚလာတဲ့ ႀကိဳက္ႏွစ္သက္' သည္ ဟူေသာ ခံစားခ်က္ကို ခံစားသိရွိေနၿပီ ျဖစ္သည္။ သူက တိတိက်က်ကိဳ ၿပဳံးလိုက္ၿပီး ဆက္စပ္မႈမရွိ ေျပာလာသည္။

"ယန္ယန္"

"...."

ထို ၿမီးတိုပါးတြဲမ်ိဳးစိတ္ အိုမီဂါက လုရွန္းက်င္ရဲ႕ နားမလည္နိုင္ေသာစကားတစ္ခြန္းေၾကာင့္ တအံ့တဩျပန္ေမာ့ၾကည့္လိုက္သည္။

"ဆရာ .... ကြၽန္ေတာ့္ နာမည္က ..."

"အကိုလုက မင္းကို နာမည္ေပးတာ "

ငယ္႐ြယ္တဲ့အယ္လ္ဖာက အိုမီဂါရဲ႕ သူ႕ကိုယ္သူမိတ္ဆက္ေနမႈကို ၾကားျဖတ္ၿပီး ေခ်ာင္းဟန႔္ကာ ဝင္ေျပာလိုက္သည္။ သူက လုရွန္းက်င္ဘက္လွည့္ၿပီး တစ္စုံတစ္ရာကို ေမးလိုက္ေသးသလို လုရွန္းက်င္နဲ႕ပတ္သတ္လို႔ အဆင္ေျပေျပျဖစ္သြားဖို႔ကိုလည္း ေသခ်ာေပါက္ ေမွ်ာ္လင့္ေနသည္။

ၿမီးတိုပါးတြဲႂကြက္မ်ိဳးစိတ္ အိုမီဂါလည္း ဘာမွထပ္မေျပာေတာ့ဘဲ သူ႕ရဲ႕နာမည္အသစ္ကို လက္ခံလိုက္သည္။

"ဂလင္းေတြယူဖို႔ သူ႕ကို ေခၚသြားလိုက္"

လုရွန္းက်င္၏ေနာက္ထပ္ေျပာလာေသာ စကားက အခန္းထဲမွာရွိတဲ့ လူအားလုံးကို တုန္လႈပ္သြားေစၿပီး ၿမီးတိုပါးတြဲမ်ိဳးစိတ္ အိုမီဂါသည္ပင္ မ်က္လုံးတို႔ ျပဴးက်ယ္သြားခဲ့သည္။ သူက ေၾကာက္လန႔္မႈေၾကာင့္ အခန္းေထာင့္မွာ ပုန္းခိုကပ္ေနၿပီး ေၾကာက္မက္ဖြယ္ေကာင္းေအာင္ ေအာ္ဟစ္ေနခဲ့သည္။

"မလုပ္ပါနဲ႕ .... ဆရာ "

****

'ဟက္ခ်ိဳး'

ေဆး႐ုံခန္းထဲရွိ ယန္ယိမွ ႏွာေခ်လိဳက္ျခင္း ျဖစ္သည္။ တုန္ရီေနသည့္ ယုန္နား႐ြက္ေတြက ေနာက္ဆုံးမွာ ၿငိမ္က်သြားၿပီး ကုတင္ေရွ႕မွာ ထိုင္ကာ ပန္းသီးအခြံကို ဆက္ႏႊာေနခဲ့သည္။

အတြင္းလူနာကုသေဆာင္အခန္းထဲတြင္ အိုမီဂါႏွစ္ေယာက္တည္းသာ ရွိေနသည္။ ယြမ္မိရဲ႕ ေျခေထာက္က ေက်ာက္ပတ္တီးစည္းလိုက္ရၿပီး သူက တုန္ရီစြာနဲ႕ ပါးစပ္ဟကာ ယန္ယိကမ္းေပးလာတဲ့ ပန္းသီးစိတ္ေတြကို စားေနသည္။ တိတ္ဆိတ္ေနတဲ့ အခန္းထဲမွာ သူ႕ရဲ႕ မ်က္ဝန္းေတြက ယန္ယိအေပၚ၌သာ ရွိေနၿပီး ႐ုတ္တရက္လြင့္ထြက္သြားသည္အထိ အကန္ခံလိုက္ရသည့္ အျဖစ္ကို ျပန္ေတြးကာ ေၾကာက္လန႔္ေနသည္။

'လက္သီးတစ္ခ်က္ ျဖစ္ျဖစ္ ၊ ကန္ခ်က္တစ္ခ်က္ပဲ ျဖစ္ျဖစ္ သူ႕ကို ေကာင္းကင္ထဲ လြင့္ပ်ံသြားေအာင္ လုပ္နိုင္သည္။'

ဘာစကားမွမေျပာဘဲ တိတ္ဆိတ္စြာျဖင့္ အသီးကိုသာ ခြဲေနၿမဲျဖစ္တဲ့ ယန္ယိကိုၾကည့္ၿပီး သူကသာ စကားစလိုက္သည္။

"အကိုက်င္မွာ တျခား ဘယ္သူမွ မရွိဘူးလား။ ဘာလို႔ ေဆး႐ုံေစာင့္ဖို႔ကို မင္းကို ခိုင္းလိုက္တာလဲ"

အကယ္၍ လုရွန္းက်င္ရဲ႕ က်န္းကုန္း မိန္းမပ်ိဳက ႏူးညံ့ၿပီး အေလ်ာ့ေပးတတ္တဲ့ စိတ္ထားရွိတယ္ဆိုရင္ ဒီယြမ္မိဆိုတဲ့ တစ္ေယာက္ကေတာ့ ေရျပင္ညီလို အက်င့္စရိုက္မ်ိဳး ရွိေပသည္။ တတိယလူအျဖစ္နဲ႕ ေျခေထာက္ေအာက္ေရာက္ေနရရင္ေတာင္ သဝန္တိုစိတ္ မျဖစ္တဲ့သူမ်ိဳး။

သို႔ေပမယ့္ သူ႕ဘက္က တကယ္လက္မခံနိုင္တဲ့ အရာကေတာ့ ရွိပါေသးသည္။

"ငါက လူေတြကို ဂ႐ုစိုက္တတ္တယ္။ မင္းကိုလည္း ျပန္ေကာင္းလာတဲ့အထိ ဂ႐ုစိုက္ေပးမယ္။ ဒါက စိတ္မထိန္းနိုင္ဘဲ လုပ္လိုက္မိတဲ့အတြက္ ငါ မင္းကို ေတာင္းပန္တာပဲ"

ယန္ယိက ယြမ္မိကို ျပန္ေမာ့ၾကည့္ၿပီး အၿပဳံးတစ္ခုျဖင့္ ႏူးညံ့စြာ ျပန္ေျဖလိုက္သည္။ ထိုစကားေတြက အက်ိဳးသင့္အေၾကာင္းသင့္ရွိၿပီး တိက်လြန္းတာေၾကာင့္ ဒါကိုၿဖိဳဖ်က္ၿပီး စိတ္ပ်က္သြားေအာင္လုပ္ဖို႔အတြက္ ယြမ္မိတြင္ အခြင့္အေရးမရွိခဲ့ေခ်။

"ထားလိုက္ပါေတာ့ .... ၊ အကိုက်င္က မင္းကို ဒီအတိုင္းပဲ ဆက္ဆံတာလား။ ဒ႑ာရီလာအေျပာေတြကို ငါမယုံဘူး။ "

"ဟုတ္တယ္ ဒီလိုပဲ ဆက္ဆံတယ္။ သူ ငါ့ကို ထားခဲ့တာေလ ... လြန္ခဲ့တဲ့ သုံးႏွစ္က သူ ငါ့ကို ထားသြားခဲ့တာ..."

အသီးခြဲဓားကို ကိုင္ထားရင္း ယန္ယိက ေအးေဆးတည္ၿငိမ္စြာ ျပန္ေျဖလိုက္သည္။ ထိုကဲ့သို႔ေသာ ေအးေဆးတည္ၿငိမ္မႈနဲ႕ အေျဖစကားကိုၾကားတဲ့အခါ ယြမ္မိက အံ့ဩမႈေတြနဲ႕ ယန္ယိကို ျပန္ၾကည့္လိုက္ၿပီး သူ႕အၾကည့္ေတြကို ျပန္လႊဲလိုက္သည္။

ေလွာင္အိမ္ထဲအခ်ဳပ္ခံထားရတဲ့ ၾကက္တစ္ေကာင္ကဲ့သို႔ ရက္အနည္းငယ္ၾကာသည္အထိ ကိုယ္လက္သန႔္စင္ျခင္းမျပဳရေသးတဲ့ မာနႀကီးႀကီး သ႐ုပ္ေဆာင္ၾကယ္ပြင့္တစ္ေယာက္က မိတ္ကပ္မပါတဲ့ မ်က္ႏွာနဲ႕ ေဆး႐ုံေခါင္းအုံးေပၚ မွီရင္း ကုတင္ေပၚ ထိုင္ေနသည္။

"မင္းနဲ႕ သူနဲ႕ ကိုက္ညီမႈရွိေသးရဲ႕လား"

ထိုေမးခြန္းအတြက္ ယန္ယိခံစားမိသည္က ႐ူးေၾကာင္ေၾကာင္ နိုင္ျခင္းသာ။ ဒီ ' ယြမ္မိ' သူ႕ရဲ႕ ကလင္းဆဲလ္ေတြက တုံ႕ျပန္မႈမရွိဘဲ မထူးျခား႐ုံသာမက ဦးေႏွာက္ဆဲလ္ေတြပါ အလုံးစုံပ်က္စီးေနသည္။

'တုံးလိုက္တဲ့ လူသား'

"ကိုက္ညီမႈက ေတာ္ေတာ္နည္းတာ"

ယန္ယိက လိေမၼာ္သီးအခြံကို ပ်င္းရိပ်င္းတြဲႏႊာၿပီး သာမန္ေလသံျဖင့္ ျပန္ေျဖလိုက္သည္။

ထိုအေျဖကိုေတာ့ ယြမ္မိ အံ့ဩမေနေတာ့။

"ကိုက္ညီမႈက အကိုက်င္အေပၚ သက္ေရာက္မႈမရွိဘူး။ မင္းတို႔ လမ္းခြဲရတဲ့အေၾကာင္းကလည္း ေဟာ္လ္မုန္းမကိုက္တာေၾကာင့္နဲ႕ ဘာမွမဆိုင္ေလာက္ဘူး။ အေၾကာင္းျပခ်က္တစ္ခုကို ကိုယ့္ဘာသာကိုယ္ ရွာၾကည့္သင့္တယ္။"

ယန္ယိက ယြမ္မိဘက္လွည့္ကာ အၾကင္နာမ်က္ဝန္းမ်ားျဖင့္ ၾကည့္လိုက္သည္။ အခု သူတို႔ႏွစ္ေယာက္က ႐ုပ္ရွင္ဇာတ္လမ္းတြဲထဲက ႐ုပ္ဆိုးဆိုးေမာင္းမႏွစ္ေယာက္ အျပန္အလွန္အားေပးစကားဆိုေနၾကသလို ျဖစ္ေနသည္။ "ကိစၥမရွိဘူး .... နင္က ႐ုပ္ဆိုးေပမယ့္ မင္းႀကီးက ႐ုပ္ဆိုးတာေတြ ႀကိဳက္တာမို႔ ဘာမွမျဖစ္ဘူး။ " ဟူ၍

သို႔မဟုတ္ တျခားတစ္နည္းနဲ႕ ေျပာရရင္ ... အတန္းထဲက ဘိတ္ေခ်းရဲ႕ အေပၚက ေက်ာင္းသားက သူ႕ေအာက္က ဘိတ္ေခ်းအတန္းေဖာ္ကို စာျပန္ျပေပးသလိုပင္။ တစ္ေယာက္ကလည္း စာျပရဲၿပီး တစ္ေယာက္ကလည္း နာခံရဲသည္။ ' ဘယ္ေလာက္ေတာင္မွ ေၾကာက္စရာ ေကာင္းလိုက္သလဲ '

"ငါ နဲ႕ အကိုက်င္က ကိုက္ညီမႈ ၈၉ ရာခိုင္ႏႈန္းရွိတယ္။ အဲ့တာကို ယုံလား။"

ယြမ္မိက မ်က္ခုံးၾကဳပ္ကာ ေျပာလိုက္သည္။ ထိုအခါ ယန္ယိကလည္း နား႐ြက္ေတြပါ ေထာင္ကာ နားေထာင္လိုက္ၿပီး ခ်င္းဟိုင္တိဘက္လြင္ျပင္မွာ ၾကက္တူေ႐ြးေတြ သီခ်င္းဆိုေနတယ္ ' ဆိုသည့္ စကားကို ၾကားလိုက္ရသလို ယုတၱိမတန္လိုက္ေလျခင္း ဟူေသာ အၾကည့္ျဖင့္ ၾကည့္လိုက္သည္။

'၈၉ ရာခိုင္ႏႈန္းေတာင္ ကိုက္ညီတယ္'

ဒါက ႐ုပ္ရွင္ဖန္သားျပင္ေပၚက အခ်စ္တစ္ခုကို ခန႔္မွန္းနိုင္တဲ့ နံပါတ္တစ္ခုသာ ျဖစ္သင့္သည္။ လုရွန္းက်င္ ႀကီးျပင္ခဲ့တဲ့ ပတ္ဝန္းက်င္ေပၚမူတည္ၿပီး သူ႕ရဲ႕အက်င့္စရိုက္က ေအးစက္ေနသလို သူ႕ကိုဆြဲေဆာင္ခ်င္ေနတဲ့ မတူညီတဲ့ပတ္ဝန္းက်င္က အိုမီဂါမ်ားစြာလည္း ရွိေပသည္။ ထိုအရာေတြက လုရွန္းက်င္ကို ပိုၿပီး ေမာက္မာဝင့္ႂကြားေစကာ ၈၉ရာခိုင္ႏႈန္းေလာက္ကိုက္ညီတဲ့ အိုမီဂါကိုလည္း အလြယ္တကူထားပစ္ခဲ့နိုင္သည္။

ယန္ယိကေတာ့ စိတ္သက္သာရာ ရၿပီးခဲ့ၿပီ။ ဘယ္ေရာ ညာေရာက ျပည့္စုံစြာ မေကာင္းမြန္မွန္း နားလည္ေနခဲ့ၿပီး ၇၅ရာခိုင္ႏႈန္းေသာ ကိုက္ညီမႈျဖင့္ လုရွန္းက်င္နဲ႕အတူ ႏွစ္ေပါင္းမ်ားစြာအတူေနခဲ့ၿပီးေနာက္မွာ ..... အက်ိဳးဆက္ေတြပိုင္ဆိုင္ရဖို႔ ရွိၿပီထင္ရသည္။

ယြမ္မိက စားပြဲေဘးက စာအုပ္တစ္အုပ္ကိုဆြဲယူလိုက္ၿပီး ဟိုဟိုဒီဒီဖတ္ၾကည့္ေနသည္။ ၾကည့္ရတာ သူနာျပဳက ကုသမႈတစ္ခုကို ေၾကာ္ျငာဖို႔ ျပင္ဆင္ေနသည္ထင္သည္။ သူက ေဆးပညာရဲ႕ ကုသမႈနည္းလမ္းေတြနဲ႕ ကုထုံးအေၾကာင္း မဂၢဇင္းကို အခန္းထဲ ထားသြားခဲ့သည္။

ယြမ္မိက အသစ္ထုတ္လုပ္ထားတဲ့ ေဆးေတြနဲ႕ ကုသမႈအေၾကာင္းသာပါတဲ့ ထိုေဆးပညာမဂၢဇင္းစာအုပ္ကို သူ႕ရဲ႕ကိုယ္ပိုင္ေၾကာ္ျငာပုံေတြပါေနသည့္အလား စိတ္ဝင္စားမႈအျပည့္ျဖင့္ ဟန္ေဆာင္ၾကည့္ေနခဲ့သည္။ ထို႔ေနာက္ သူက စိတ္ပ်က္သြားသလို ပုံစံျဖင့္ စာအုပ္ကို ျပန္ပိတ္လိုက္ၿပီး စားပြဲထုကာ ယန္ယိကို ၾကည့္ရင္း အံ့အားသင့္စြာ ေျပာလိုက္သည္။

"ဒါကို ၾကည့္ၾကည့္ .... Almustine injection... Alkylation... Guanine... ၊ ထားလိုက္ပါေတာ့ အဲ့ဒီစာလုံးေတြကို ငါ မသိဘူး။ သူတို႔က ကိုက္ညီမႈတိုးတက္ေအာင္ လုပ္ေပးတဲ့ေဆးေတြတဲ့။ "

(သူ မသိသလို ဝိုင္လည္း မသိဘူး။ GG မွာရွာၾကည့္ေပမယ့္ ဘာမွမေတြ႕ဘူး။ ေနာက္ဆုံးက Guanine ကေတာ့ ေျမဩဇာအျဖစ္သုံးတဲ့ ပင္လယ္ငွက္ေခ်းနဲ႕ ငါးအေၾကးခြံမွာ ေတြ႕ရတဲ့ ျဒပ္ေပါင္းတစ္မ်ိဳပါ။ န်ဴကလိယအက္ဆစ္ရဲ႕အေျခခံ ပါဝင္ျဒပ္ေပါင္းေလးမ်ိဳး လည္း ျဖစ္သလို DNA မွာပါဝင္တဲ့ သက္ရွိတစ္ရႉးတစ္မ်ိဳးပါ ... )

"အဓိပၸါယ္မရွိတာ ... အဲ့ေလာက္ေကာင္းတဲ့ေဆးမ်ိဳး ရွိလို႔လား။ သက္သက္ စီးပြါးရွာေနတာပဲ ျဖစ္မယ္ ... လာစမ္း ငါၾကည့္ၾကည့္မယ္ ... ဒီအေၾကာင္းကို တိုင္လိုက္သင့္လား။ ေဟး ... ငါ ၃၁၅ ကိုေခၚၿပီး လိမ္လည္မႈအတြက္ ေမးလိုက္ရမလား။ "

ယန္ယိက ဖုန္းပင္ဆက္ေနၿပီျဖစ္တဲ့ ယြမ္မိလက္ထဲက ဖုန္းကို ဆြဲယူၿပီး ဖုန္းခ်ပစ္လိုက္သည္။ ထို႔ေနာက္ မဂၢဇင္းစာအုပ္ကို ယူၿပီး ' ကိုက္ညီမႈ တိုးျခင္း" ဟူသည့္ စာလုံးငါးလုံးကို အေခါက္ေခါက္အျပန္ျပန္ ဖတ္ေနခဲ့သည္။

ယြမ္မိက သက္ျပင္းခ်လိဳက္သည္။ ယန္ယိက ပထမအဆင့္ ခြဲျခားနိုင္မႈရွိတဲ့ ရွားပါး အိုမီဂါတစ္ေယာက္လို႔ ဘယ္လိုပဲဆိုဆို ေဟာ္လ္မုန္းနဲ႕ ပတ္သတ္လာရင္ သူကိုယ္တိုင္လည္း လက္နက္ခ် အရႈံးေပးရေပသည္။

"ဒါက လမ္းတကာမွာလိုက္ကပ္ေနတဲ့ ေအာင္ျမင္မႈသိပ္မရွိတဲ့ ေၾကျငာခ်က္ေတြပဲ။ မင္းက ယုံလို႔လား။ မလုပ္နဲ႕ေနာ္"

"ေၾကာ္ျငာက ဆြဲေဆာင္နိုင္မႈ ရွိေနလို႔ပါ။ ငါ အယ္လ္ဖာေမာ္ဒယ္တစ္ခ်ိဳ႕နဲ႕ သိတယ္ သူတို႔နဲ႕ မင္းကို မိတ္ဆက္ေပးမယ္။ ပုခုံးက်ဥ္းက်ဥ္း ေျခတံရွည္ရွည္နဲ႕ ဒုတိယအဆင့္ ေစခိုင္းနိုင္မႈ ကလင္းရွိတဲ့ အယ္လ္ဖာေလာက္ မသန္မာေပမယ့္ မင္းအတြက္ ခ်စ္ကြၽမ္းဝင္ဖို႔ လုံေလာက္ပါတယ္။ အယ္လ္ဖာေတြက ဒီေလာက္မ်ားတာ မင္းရဲ႕ အခုလက္ရွိအေျခအေနေပၚမူတည္ၿပီး ကိုက္ညီမႈရွိတဲ့ တစ္ေယာက္ကို ရွာလို႔ရတယ္။ "

လုရွန္းက်င္ဆီကေန ဒီနား႐ြက္က်ယဳန္ေလး အျမန္ဆုံးထြက္သြားဖို႔ကို သူလိုခ်င္သည္။ ဒါမွ လုရွန္းက်င္ပိုင္ဆိုင္တာမွန္သမွ်ကို သူလက္ဝါးႀကီးအုပ္နိုင္မွာ ျဖစ္သည္။

အမွန္အတိုင္းေျပာရရင္ ယြမ္မိရဲ႕ လုရွန္းက်င္နဲ႕ကိုက္ညီမႈႏႈန္း ျမင့္ေနရျခင္းမွာလည္း ေဆးေၾကာင့္ျဖစ္သည္။ ဂ႐ုစိုက္မႈမရွိတဲ့ အယ္လ္ဖာတစ္ေယာက္နဲ႕ ခ်စ္ကြၽမ္းဝင္ဖို႔ ေဟာ္လ္ေမာ္ကို အားကိုးေနရတာမ်ိဳး သူကိုယ္တိုင္လည္း မလိုခ်င္ေပ။

"မင္း နားမလည္ပါဘူး။"

ယြမ္မိက သက္ျပင္းခ်ကာ ျပန္ေျဖသည္။

"ဒါဆိုလည္း ေဆးသြားထိုးလိုက္ေလ ... ၿပီးတာနဲ႕ မင္းလည္း ေသၿပီ"

မ်က္လုံးကို တစ္ပတ္ျပည့္ေအာင္လွည့္ၿပီး ေျပာလာတဲ့ ယြမ္မိကိုၾကည့္ၿပီး ယန္ယိၿပဳံးလိုက္သည္။ သူက တကယ့္ကို ဒဲ့တိုး ေျပာတတ္လြန္းတဲ့ စဥ္းစားဉာဏ္နိမ့္တဲ့ အိုမီဂါပင္။

သို႔ေပမယ့္ သ႐ုပ္ေဆာင္စြမ္းရည္ထူးခြၽန္သည္မွာေတာ့ တစ္ဖက္ကမ္းပင္ခက္သည္။

ေဆး႐ုံအခန္းရဲ႕အျပင္ဘက္မွာ ယြမ္မိကို သတင္းေမးခ်င္ေနတဲ့ သတင္းေထာက္မ်ားျပည့္ေနသည္။ ယြမ္မိက သူ႕မ်က္ႏွာကို ေရစိုတစ္ရႉးနဲ႕ ပြတ္သုတ္လိုက္ၿပီး ေအာက္ခံ bb ခရင္လ္ ပါးပါးေလးလိမ္းလိုက္ကာ ေခါင္းအုံးေအာက္က ဇာတ္ၫႊန္းစာအုပ္ကို ထုတ္ၿပီး သူ႕ရဲ႕ေပါင္ေပၚတင္ထားလိုက္သည္။ ဘယ္ဟာၾကည့္လို႔ ၾကည့္ရမွန္းမသိတဲ့ ယြမ္မိက စာမ်က္ႏွာေပၚက ေရးမွတ္ထားတာေတြကို ဟိုဒီေလွ်ာက္ဖတ္ေနခဲ့သည္။ သတင္းေထာက္ေတြဝင္လာတဲ့အခ်ိန္မွာ ကြက္တိက်တဲ့ ျပင္ဆင္မႈလည္း ၿပီးေျမာက္သြားခဲ့ၿပီး ၿပီးျပည့္စုံတဲ့ လူနာတစ္ေယာက္ရဲ႕ လွပျခင္းနဲ႕ ကင္မရာျမင္ကြင္းထဲ ထင္ဟပ္သြားေစကာ ပင္ပန္းႏြမ္းနယ္စြာ ၿပဳံးျပလိုက္သည္။

"ဘာမွႀကီးႀကီးမားမား မျဖစ္ပါဘူး။ သိပ္မၾကာခင္ စတူဒီယိုကို ျပန္သြားနိုင္ေတာ့မွာပါ..."

ေ႐ႊတံဆပ္သုံးခုနဲ႕ ဒီၾကက္ ကို ယန္ယိထပ္ၿပီး ၾကည့္မေနခ်င္ေတာ့

****

ညနက္ေရာက္တဲ့အခါ လုရွန္းက်င္ ဗီလာသို႔ ျပန္ေရာက္လာသည္။ သူ႕တစ္ကိုယ္လုံးက ေဟာ္လ္မုန္းနံ႕ႏွင့္ အရက္နံ႕တို႔ ေရာေထြးေနၿပီး သူ႕မ်က္ႏွာက အရက္မူးတာေၾကာင့္နီရဲရသည္ထက္ပိုကာ နီျမန္းေနသည္။

ဗီလာေရွ႕ေရာက္တဲ့အခါ အိမ္ထဲကအလင္းေရာင္ကို သူမေတြ႕ရေပ။ အရင္က သူ အိမ္ျပန္တာ အရမ္းေနာက္က်ေနရင္ေတာင္ အိမ္က အၿမဲလင္းထိန္ေနၿပီး ယန္ယိကလည္း ဆိုဖာေထာင့္မွာ ေခြေခြေလးအိပ္ကာ ေစာင့္ေနတတ္ေပသည္။ သို႔ေပမယ့္ ဒီေန႕မွာ မဲေမွာင္ေနတဲ့ အိမ္ႀကီးကသာ သူအျပန္အလာကို ေစာင့္ႀကိဳေနပုံရသည္။

'ထိုအေၾကာင္းအရာက လုရွန္းက်င္ကို အေတာ္မွ စိတ္မေကာင္းျဖစ္သြားေစသည္။'

အိမ္ထဲ၌ ေရခ်ိဳးခန္းကလြဲလို႔ တစ္အိမ္လုံးက ေမွာင္မိုက္ေနသည္။ လုရွန္းက်င္က တံခါးဖြင့္လိုက္ၿပီး ေရခ်ိဳးခန္းအတြင္းဘက္ကို ၾကည့္လိုက္သည္။ သူတံခါးဖြင့္လိုက္သည္ႏွင့္ တစ္စုံတစ္ခုက သူ႕ရဲ႕သားေရဖိနပ္နားသို႔ လိပ္လာၿပီး ေအးစက္စက္အရည္ေတြက သူ႕ရဲ႕ ေဈးႀကီးလြန္းလွတဲ့ ေဘာင္းဘီေပၚ လာစင္သည္။ ထို႔ေနာက္ ထြက္ေပၚလာတဲ့ ဖန္ခြက္က်ကြဲသံက အိမ္ႀကီးရဲ႕ တိတ္ဆိတ္ေနမႈကို ၿဖိဳခြင္းသြားခဲ့သည္။

ေရခ်ိဳးခန္းရဲ႕ အတြင္းဘက္မွာ ယန္ယိက ၾကမ္းျပင္ေပၚလဲက်လ်က္ရွိေနၿပီး ႀကီးမားေနတဲ့ မ်က္ဆံနဲ႕အတူ သူ႕မ်က္ႏွာက အျဖဴေရာင္နံရံႏွင့္ပင္ တသားတည္းျဖစ္ေနသည္။ သူ႕ရဲ႕ေဘးနားမွာ ဘာတံဆိပ္အမွတ္အသားမွ မပါတဲ့ ေဆးပုလင္းနဲ႕ ေဆးထိုးအပ္က သိပ္မေဝးတဲ့ ေနရာတြင္က်ေနသည္။ ထိုအေျခအေနမွာ ယန္ယိရဲ႕ လည္ပင္းေနာက္ဘက္မွာရွိတဲ့ ကလင္းေနရာကလည္း နီရဲကာ ေယာင္ယမ္းေနၿပီး သူ႕တစ္ကိုယ္လုံးက ေႂကြထည္ကဲ့သို႔ ျဖဴေဖ်ာ့အားနည္းေနသည္။

"ယန္ယိ..."

အထိတ္တလန႔္ျဖစ္မႈေၾကာင့္ ျပဴးက်ယ္သြားေသာ မ်က္ဝန္းေတြနဲ႕ လုရွန္းက်င္က ယန္ယိကိုေပြ႕ခ်ီလိုက္ၿပီး အိမ္ထဲမွအလ်င္စလိုျပန္ထြက္လာကာ ကားေနာက္ခန္းမွာ လွဲေစ၍ ကားစက္ျပန္ႏွိုးၿပီး ဗီလာေရွ႕မွ ဒုန္းဆိုင္းေမာင္းထြက္သြားေတာ့သည္။

ေႏြးေထြးမႈ အလ်ဥ္းပင္မရွိေတာ့တဲ့ ယန္ယိရဲ႕ခႏၶာကိုယ္က ေအးစက္ေနၿပီး အရိုးမရွိတဲ့လူေသေကာင္ႀကီးကဲ့သို႔ ေပ်ာ့ေခြေနသည္။ လုရွန္းက်င္က ဖုန္းေခၚဆိုမႈတစ္ခုကို ျပဳလုပ္လိုက္သည္။ ဆယ္မိနစ္အတြင္းမွာတင္ ေဆး႐ုံတစ္ခုလုံးမွာရွိတဲ့ ဆရာဝန္ေတြအကုန္လုံးက တန္းစီေစာင့္ေနသည့္ အဆင့္သင့္အေနအထားသို႔ ေရာက္သြားသည္။ မနက္သုံးနာရီအခ်ိန္မွာ ေဆး႐ုံဝင္ေပါက္ေရွ႕၌ အမဲေရာင္ BMW ကားတစ္စီး ရပ္တန႔္သြားၿပီး တုံ႕ဆိုင္းမႈမရွိ ျမန္ဆန္တဲ့ေျခလွမ္းေတြနဲ႕ သူနာျပဳေတြက ယန္ယိကို လူနာတင္ကုတင္ေပၚ တင္ကာ အေရးေပၚခြဲစိတ္ခန္းထဲသို႔ အလ်င္ျမန္ဆုံးအရွိန္ႏႈန္းနဲ႕ တြန္းသြားၾကသည္။

ခြဲစိတ္ခန္း၏ အျပင္ဘက္တြင္ လုရွန္းက်င္ေစာင့္ေနၿပီး ဆရာဝန္တစ္ခ်ိဳ႕ရဲ႕ ယန္ယိအေျခအေနနဲ႕ပတ္သတ္ၿပီး ရွင္းျပတာေတြကို နားေထာင္ေနသည္။ ထို႔ေနာက္ သိပ္မၾကာလိုက္တဲ့အခ်ိန္မွာပဲ အေၾကာင္းအရင္းကို စုံးစမ္းဖို႔ခိုင္းေစျခင္းခံထားရတဲ့ ယန္ယိရဲ႕ လက္ေထာက္ျဖစ္သူပါ ေဆး႐ုံေဟာအတြင္းသို႔ ဝ႐ုန္းသုန္းကားႏွင့္ ေျပးဝင္လာခဲ့သည္။

လုရွန္းက်င္ကို ယန္ယိရဲ႕အေျခအေနနဲ႕ပတ္သတ္ၿပီး ေဆြးေႏြးေျပာျပေနသည့္ ဆရာဝန္က ဘီတာျဖစ္ၿပီး ေအးစက္ခက္ထန္ေနတဲ့ လူနာရွင္ေၾကာင့္ သူ႕မွာ ဒူးတင္သာမက တစ္ကိုယ္လုံးပင္ တုန္ရီေနသည္။ ကလင္းဆဲလ္၏ ဒုတိယ အဆင့္ခိုင္းေစနိုင္မႈရွိတဲ့ ေဟာ္လ္မုန္းက သက္ေရာက္မႈျပင္းထန္ၿပီး ညွာတာမႈလည္း ကင္းမဲ့သည္။ ဘီတာ ဆရာဝန္၏အသံက တုန္တုန္ရီရီျဖစ္ေနၿပီး ေလသံေလးျဖင့္သာ ယန္ယိရဲ႕အေျခအေနအားလုံး တင္ျပေနသည္။ တကယ့္တကယ္ ေၾကာက္လန႔္မႈနဲ႕ရင္ဆိုင္ေနရသည့္ အေျခအေနက ခြဲစိတ္ခန္းထဲ၌ပင္။

"လူနာက အမည္မရွိတဲ့ ေဆးတစ္ခုကို သူ႕ကလင္းထဲ ထိုးသြင္းထားတယ္။ ေဆးက ကိုက္ညီမႈမရွိေတာ့ ကလင္းကလည္း ေပါင္းစပ္သြားဖို႔လက္မခံလဲ အထိန္းအခ်ဳပ္ကင္းမဲ့သြားသည္။ အေျခအေနက အခုထိ ေသခ်ာမသိရေသးတဲ့ အေနအထားမွာပဲ ရွိေနေသးတယ္။ ကြၽန္ေတာ္တို႔အားလုံး အေကာင္းဆုံးႀကိဳးစားၾကမွာမို႔ မစၥတာလုက ေနာက္ဆုံးရလဒ္ကို စိတ္ရွည္ရွည္နဲ႕ ေစာင့္ေနေပးပါ "

ေဆး႐ုံကိုေရာက္လာတဲ့ လုရွန္းက်င္ရဲ႕ လက္ေထာက္က သူ႕ရဲ႕စုံစမ္းမႈ ၿပီးေျမာက္သြားျခင္းေၾကာင့္ ျဖစ္သည္။ လုရွန္းက်င္ရဲ႕အေရွ႕မွာရပ္ၿပီး သူ႕နဖူးေပၚက ေခြၽးတို႔ မသုတ္ခင္ေလးမွာတင္ လုရွန္းက်င္ရဲ႕ သုန္မႈန္ေနေသာ ေလသံနိမ့္နိမ့္ကို ၾကားလိုက္ရသည္။

"ဘာေတြ ျဖစ္သြားတာလဲ"

လုရွန္းက်င္ရဲ႕ လက္ေထာက္ကျဖင့္ မ်က္ရည္မထြက္ဘဲ ငိုေနေလၿပီ။ စိတ္ထင္တိုင္း ဆိုးဆိုးဝါးဝါးေတြ လိုက္လုပ္တတ္တဲ့ ဒီနား႐ြက္က်ယဳန္အတြက္ ခြၽဲႏြဲ႕ၿပီးေတာ့ဘဲ ရွင္းျပလိုက္သင့္သလား။

လုရွန္းက်င္ရဲ႕ ေဒါသအရွိန္ကိုလည္း ေၾကာက္လန႔္ေနရၿပီး သူ႕မွာ အံ့ကိုႀကိတ္ကာ ျပန္ေျဖေလသည္။

"ကြၽန္ေတာ္ မသိခဲ့ရဘူး"

ထိုအေျဖအတြက္ သတၱိေတြသိပ္ေကာင္းေနတာ မဟုတ္ေပမယ့္ ဘာတစ္ခုမွ ေထြေထြထူးထူးၾကားသိခဲ့ရတဲ့ သတင္းအခ်က္ေတြ မရွိတဲ့အေပၚ သူ႕မွာ ယန္ယိရဲ႕ တစ္ေန႕တာ လုပ္ငန္းစဥ္ကိုသာ အသည္းအသန္ျပန္စဥ္းစားေနနိုင္ေတာ့သည္။

"သူ မစၥတာ ယြမ္မိရဲ႕ အခန္းထဲမွာ ဒီေန႕ အၾကာႀကီးေနခဲ့တယ္။ အခုအခ်ိန္က မစၥတာယြမ္မိလည္း အနားယူေနတာဆိုေတာ့ ကြၽန္ေတာ္ မနက္ျဖန္ သြားေမးေပးပါ့မယ္"

လက္ေထာက္ျဖစ္သူက သူ႕နဖူးသူ ပက္ကနဲ ရိုက္လိုက္ၿပီး ျပန္ေျဖလိုက္သည္။

လုရွန္းက်င္က ဘာမွထပ္ေျပာမေနေတာ့ဘဲ သူ႕လက္ေထာက္ကို တြန္းဖယ္ကာ ဓာတ္ေလွကား အတြင္းသို႔ တစ္ေယာက္တည္း ဝင္သြားခဲ့သည္။ ဓာတ္ေလွကားနံပါတ္က လုံၿခဳံေရးတင္းၾကပ္မႈႏွင့္ ေကာင္းမြန္တဲ့ ဂ႐ုစိုက္မႈေတြ ဝန္ေဆာင္မႈေပးတဲ့ ပထမထပ္မွာရပ္သြားသည္။

ေငြၾကယ္ပြင့္ သ႐ုပ္ေဆာင္က သူ႕အခန္းထဲ တိတ္ဆိတ္စြာ အိပ္စက္ေနခ်ိန္ က်ယ္ေလာက္တဲ့ တံခါးတြန္းဖြင့္သံေၾကာင့္ လန႔္နိုးသြားခဲ့သည္။ ဒုတိယအဆင့္အေနနဲ႕ အခန္းရဲ႕ မီးေတြလင္းထိန္သြားၿပီး သူ႕မွာ မ်က္လုံးပင္ ေကာင္းေကာင္းမဖြင့္နိုင္ေသးတဲ့ ထိုအခ်ိန္၌ သန္မာတဲ့ လက္တို႔နဲ႕ ႐ုတ္တရက္ဆြဲယူျခင္းခံလိုက္ရၿပီး ၾကမ္းျပင္ေပၚသို႔ ပစ္ခ်ျခင္း ခံလိုက္ရသည္။

လုရွန္းက်င္က သူ႕ရဲ႕ ဝင့္ႂကြားထည္ဝါတဲ့ ဂုဏ္ျဒပ္ေတြႏွင့္အညီ ေအးစက္ခက္ထန္စြာ စိုၾကည့္ေနသည္။ ယြမ္မိဆီက ရွင္းျပခ်က္ေတြ နားေထာင္ၿပီးေပမယ့္ သူကေတာ့ စိတ္ေျဖေလ်ာ့နိုင္ျခင္း မရွိေသးတဲ့အျပင္ ရက္စက္စြာျဖင့္ ယြမ္မိရဲ႕ ထိခိုက္လြယ္တဲ့ ဝမ္းဗိုက္ေပၚ ေျခေထာက္ျဖင့္ တက္နင္းထားလိုက္သည္။

ယြမ္မိခမ်ာ နာက်င္မႈေၾကာင့္ ေဘာလုံးတစ္လုံးကဲ့သို႔ ပင္ လူးလွိမ့္သြားသည္။ သူ႕လည္ေခ်ာင္းဝထိပင္ ေရာက္လာေသာ ေသြးတစ္ခ်ိဳ႕နဲ႕ သူ႕မွာ လုရွန္းက်င္ရဲ႕ ေျခေထာက္ေအာက္ ေအာ္ဟစ္ေနခဲ့သည္။

"ဘာလို႔ ေဒါသထြက္ေနတာလဲ ... ကြၽန္ေတာ့္ကို ဘာေတြ လုပ္ေနတာလဲ။ အကို က်င္ ... ကြၽန္ေတာ္ ဘာအမွားလုပ္မိလို႔လဲ။ ကြၽန္ေတာ့္ကို စိတ္တိုေနတာလား .... ကြၽန္ေတာ္ သူ႕လက္ကို ဓားနဲ႕ထိုးလိုက္တာ မွန္ေပမယ့္ သူအဲ့ေလာက္ထိ ျပင္းျပင္းထန္ထန္ မခံစားရပါဘူး ..."

အယ္လ္ဖာတစ္ေယာက္က ၈၉ရာခိုင္ႏႈန္းပင္ ကိုက္ညီမႈရွိတဲ့ အိုမီဂါတစ္ေယာက္ကို ဖ်က္စီးပစ္လိုက္လို႔ သတင္းထဲတြင္ ပါမလာနိုင္ေပ။ လုရွန္းက်င္ရဲ႕ အစြဲအလမ္းႀကီး ႐ူးသြပ္တဲ့စိတ္က အနည္မက်ေသးသလို သူက ေၾကာက္မက္စရာေကာင္းေအာင္ တိတ္ဆိတ္ေနခဲ့သည္။

'လက္ကို ဓားနဲ႕ ထိုးတယ္'

သူက ဘာအေၾကာင္းျပခ်က္မွမရွိဘဲ ယြမ္မိအေပၚ ယန္ယိတိုက္ခိုက္မႈ လုပ္ခဲ့တာလို႔ ထင္ခဲ့တာေလ'

ယြမ္မိက ဘုရင္းသခင္ထံ ေတာင္းပန္မႈျပဳေနသကဲ့သလို႔ လုရွန္းက်င္ရဲ႕ သူ႕အေပၚတက္နင္းထားတဲ့ ေျခေထာက္ကို ပြတ္သပ္ေနခဲ့ၿပီး ေဘာင္းဘီစကိုဆြဲကာ တုံ႕ျပန္ခ်က္ အေျဖတစ္ခုကိုရဖို႔ ကြဲအက္ေနတဲ့ အသံနဲ႕ ေမးေနခဲ့သည္။

"အကိုက်င္ ... ဘာလို႔လဲ ... ကြၽန္ေတာ္တို႔က ၈၉ ရာခိုင္ႏႈန္းေတာင္ ကိုက္ညီမႈရွိတာေလ ... ဘာလို႔ ကြၽန္ေတာ့္ကို ထိုးႏွက္ေနတာလဲ "

_______________

Lop Eared Guard
Words-4135
Oct/6/2021
Wine.

Lanjutkan Membaca

Kamu Akan Menyukai Ini

298K 15K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
444K 38.7K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
311K 17.4K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"