အခန်း(၆)

2K 295 29
                                    

Wubidaya နှင်းတောင်လမ်း၊ နှင်းဖုံးနေသောမြေနေရာ၌ ကုန်းမြင့်ဘန်ကာ Moxin Na Gan စနိုက်ပါရိုင်ဖယ်ပေါ်ရှိ နှင်းမှုန်တွေကိုဖယ်ရှားနေသည့် သူတစ်ယောက်ရှိနေသည်။ သေနတ်ကိုယ်ထည်တစ်ခုလုံးက ဘေးပတ်ဝန်းကျင်တွင် နှင်းများဖုံးအုပ်နေသကဲ့သို့ တူညီစွာ နှင်းစက်နှင်းပြောက်များဖြင့် ပြည့်နေသည်။

သူက နားကြပ်ခလုတ်ကို နှိပ်လိုက်သည်။

"အကြောင်းပြန်"

နားကြပ်ထံမှ အရှိန်အဟုန်ဖြင့် ထိခတ်နေသောကျောက်သားသံများ ထွက်ပေါ်လာပြီး ထိုနောက်မှဆက်၍ ယန်ယိ၏ စကားသံတို့ကို ကြားရသည်။

"ငါ ဒီမှာ ရှိတယ် "

လုရှန်းကျင် က သူရရှိထားတဲ့အချက်အလက်တွေထဲမှ လူရမ်းကားတချို့ရဲ့ အကြောင်းအရာကိုကြည့်ပြီး ယန်ယိထံသို့ သတင်းစကားပါးလိုက်သည်။

"တစ်ခြားဖက်မှာ M2 အဆင့်ကွဲပြားမှုရှိတဲ့ လျှပ်စစ်ငါးရှဉ့် အယ်လ်ဖာရှိတယ်။ ( M2= Medium2 ၊ ဒုတိယအဆင့်၏ ကွဲပြားခြင်းအတွက် အတိုကောက်) ပြီးတော့ J1 အဆင့် ကွဲပြားခြင်း ရှိတဲ့ ခွေးအ အယ်လ်ဖာတွေလည်း ပါတယ်။ (J1=Junior 1၊ ပထမအဆင့် ကွဲပြားခြင်းအတွက် အတိုကောက်)။ ငါ အဲ့ဒီ လျှပ်စစ်အယ်လ်ဖာကို ဖြေရှင်းလိုက်မယ်။"

အယ်ဖာနဲ့ အိုမီဂါတို့ရဲ့ ကလင်း ဆဲလ်တွေက တစ်ချို့သော ဟော်လ်မုန်း လှုံ့ဆော်မှုအောက်တွင် နိုးထရန် အခွင့်အလမ်းရှိကြသည်။ နိုးထပြီးနောက်တွင် ဖြစ်ပေါ်သည့် မျိုးဗီဇပျံ့နှံ့မှုက တိရစ္ဆာန်၊ အပင်နဲ့ အင်းဆက်ပိုးမွှားတို့၏ ဇီဝဗေဒလက္ခဏာအတိုင်း ပျံ့နှံ့ နိုးထပြီးနောက် ဆဲလ်၏ ပြန်လည်လှုံ့ဆော်မှုအဆင့်သည်လည်း ဆဲလ် ကွဲပြားမှုအရ ကွဲပြားခြားနားသောစွမ်းရည်များစွာကို ခွဲထုတ်ပေးသည်။

လုရှန်းကျင်၏ကလင်းအမျိုးအစားက M2 အဆင့်ရှိတဲ့အမဲလိုက်သိမ်းငှက်အမျိုးအစားဖြစ်သည်။ (ဆိုလိုသည်မှာ၊ ဂလင်းဆဲလ်များ၏ဒုတိယအဆင့်ကွဲပြားခြင်းဖြစ်ပြီး နိုးကြားလာမှုဇီဝလက္ခဏာများက အမဲလိုက်သိမ်းငှက်အဖြစ်ဖော်ပြခြင်းဖြစ်သည်။ သိမ်းငှက်မျိုးနွယ် J1 ကွဲပြားမှုက "သာမန်ထက်လွန်ကဲသော အမြင်အာရုံစူးရှခြင်း' စွမ်းရည်ကိုပိုင်ဆိုင်ပြီး၊ M2 ကွဲပြားမှုက "တည်နေရာခြေရာခံခြင်း" စွမ်းရည်ကိုပိုင်ဆိုင်သည်။

Lop_Eared Guard (နားရွက်ကျလေးနဲ့ သက်တော်စောင့်)Donde viven las historias. Descúbrelo ahora