Unicode
အူးယမ်နဲ့လင်ကျင်းဟာ တကယ်ကို ပိုပြီးတော့ ရင်းနှီးလာခဲ့တယ်။
ဒီလိုကောင်လေးမျိုးကို သဘောမကျဖို့က ခက်ခဲတယ်။ ကောလဟာလတွေ သိပ်နားမထောင်တတ်တဲ့ အူးယမ်တောင်မှ လင်ကျင်းဟာ ဘယ်ပဲသွားသွား လူသိများပြီးတော့ ပရိသတ်တွေရလာတယ်ဆိုတာကို သိတယ်။ အတန်းထဲမှာဆို သူ့ဘေးပတ်လည်မှာ အခြားဌာနတွေကကောင်မလေးတွေက အမြဲလာထိုင်နေကြပြီး သူစားဖို့ပစ္စည်းတွေတောင်မှ ယူဆောင်လာကြတယ်။
ပြီးတော့ လင်ကျင်းက အပြုံးတွေနဲ့အတူ, လူတိုင်းနဲ့အဆင်ပြေစွာပေါင်းသင်းပြီး အားလုံးနဲ့ လိုက်လျောညီထွေဖြစ်စေတယ်။ ဒီနှစ်တွေမှာ ကလေးတွေအားလုံးက ဂိမ်းကစားရတာကို သဘောကျလာကြပုံပဲ။
ဒါပေမယ့် ကျောင်းလီရဲ့စိုးရိမ်မှုက မလိုအပ်ဘူးဖြစ်တယ်။ လင်ကျင်းက ဘယ်လောက်ပဲနှစ်သက်စရာကောင်းနေပါစေ, အူးယမ်က ဘယ်လောက်ပဲ တစ်ကိုယ်တည်းဖြစ်နေပါစေ, သူက မလွယ်ကူဘူး။ အခြားလူတွေရဲ့ဆွဲဆောင်မှုက သူနဲ့ဘာမှမဆိုင်ဘူးဖြစ်တယ်။ သူက တစ်ခုခုကို ကောင်းတယ်လို့ လွယ်လွယ်ကူကူ ညွတ်တတ်တဲ့စိတ်ရှိပေမယ့် မရေရာတဲ့ဦးတည်ချက်*ဆီကိုတော့ သွားမှာမဟုတ်ဘူး။ [*ချစ်သူရည်းစားဆက်ဆံရေးရဲ့အစောပိုင်းအဆင့်တွေကို အထူးသဖြင့်ဆိုလိုချင်တာ, နှစ်ဖက်စလုံးက တစ်ယောက်ကို တစ်ယောက် ကလူကျီစယ်(flirt)ပြီး စမ်းသပ်နေကြတယ်, ဒါပေမယ့် ဘာကိုမှ တကယ်ထုတ်မပြကြဘူး]
သူ့ဘဝမှာ တစ်ကြိမ်တစ်ခါသာပဲ သူချစ်ချင်လာတဲ့အတွက် စစ်မှန်စွာလှုပ်ရှားခဲ့ဖူးတယ်။
"ရှီဝမ်..."
ရင်းနှီးနေတဲ့အသံကိုကြားလိုက်တော့ အူးယမ်က သူ့ဖတ်စာအုပ်ကို သိမ်းလိုက်ပြီး ခေါင်းလှည့်လိုက်တယ်, "မင်း ငါ့ကို ဆရာလို့ ခေါ်ရမှာလေ"
"ပါးစပ်ဟလိုက်"
"အာ?"
တစ်စုံတစ်ခုက သူ့ပါးစပ်ထဲရောက်လာပြီး အူးယမ်ကို ကြောက်သွားစေခဲ့တယ်။ သူက ပြန်ထွေးထုတ်ဖို့ အလျှင်အမြန်ကြိုးစားလိုက်ပေမယ့် သူ့လျှာက ထူပြီးချိုတဲ့အရသာကို ခံစားလိုက်ရပြီး ချောကလက်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာကို သူသိလိုက်တယ်။
"ဟား ဟား, အရသာရှိတယ်မလား? ကျွန်တော် ရှီဝမ့်အတွက် တစ်ဘူးယူလာတယ်"
အူးယမ်က ရှားပါးတဲ့တစ်ခုခုကို ထုတ်ပြထားသလိုမျိုး ဖွင့်ထားတဲ့, လင်ကျင်းရဲ့ ကျောပိုးအိတ်ကို ကြည့်လိုက်တယ်။ ကောလိပ်ကျောင်းသားတွေရဲ့အိတ်ထဲမှာ ပါရှိတဲ့အရာတွေက အထက်တန်းကျောင်းသားတွေထက် ပိုများပြီး အရာအားလုံးက အထဲမှာရှိတယ်။
"မင်းစာအုပ်တွေ ဘယ်မှာလဲ?"
အခြားဟာတွေထက်စာရင် သူတို့က စာအုပ်သယ်လာဖို့တော့ မေ့လျော့ကြတယ်။
လင်ကျင်းက ချစ်စရာကောင်းစွာပြုံးရင်း ခေါင်းကုတ်လိုက်တယ်။ ဒါကြောင့် တစ်ဖက်လူကို သူ့အပေါ် မရက်စက်စေနိူင်ဘူးဖြစ်တယ်, "ကျွန်တော်က ရှီဝမ့်အတွက် သကြားလုံးယူလာဖို့ကိုပဲ အစွမ်းကုန်တွေးနေခဲ့တာ"
အခုဆို အတန်းပြီးတာနဲ့ လင်ကျင်းက သူ့ကို မကြာခဏလာရှာပြီး အူးယမ်အတွက်လည်း အကျိုးရှိလာတယ်။ သူ့မှာ သကြားလုံးနဲ့ စားဖို့ကိတ်မုန့်တွေ မကြာခဏရှိလာပေမယ့် သူကတော့ လင်ကျင်းက သူ့ကိုမေးဖို့ အိမ်စာတွေယူလာတာကို မျှော်လင့်မိတယ်။
"ရှီဝမ်, ပြီးရင် ဘယ်မှာ သွားစားမှာလဲ?"
အူးယမ်က သူ့အခေါ်အဝေါ်ကို ပြန်ပြင်ပေးဖို့ လက်လျှော့လိုက်တယ်, "အစောကြီးရှိသေးတယ်, ငါ ခဏလောက် စာသွားဖတ်မလို့"
"အာ, ဒါဆို ကျွန်တော်လည်း လိုက်မယ်"
"ငါ စာကြည့်တိုက်ကိုသွားမှာ"
"ဘာလို့လဲ? ဘာလို့ နေရာတစ်ခုကို မပြောင်းတာလဲ...?" လင်ကျင်းက ခက်ခက်ခဲခဲ အသနားခံတယ်, "စာကြည့်တိုက်လိုနေရာသွားမယ်ဆိုရင် ရှီဝမ်အိပ်ချင်လာလိမ့်မယ်, ပြီးတော့ ကျွန်တော်က စာအုပ်စင်နဲ့ မျက်နှာချင်းဆိုင်လိုက်တာနဲ့ တကယ်ကို ဆီးသွားချင်လာတာ"
"..."
"အရင်တစ်ခါနေ့လည်တုန်းက လက်ဖက်ရည်ဆိုင်က တော်တော်သန့်ရှင်းပြီး စိတ်အေးလက်အေးရှိတယ်လေ, ပြီးတော့ အဲ့မှာ စားဖို့အချိုပွဲတွေလည်း ရှိတယ်"
အူးယမ်က ခေါင်းယမ်းလိုက်ပြီး, "မင်းက ဘာလို့ ပိုက်ဆံကုန်ကျတဲ့နေရာတွေကိုပဲ အမြဲသွားချင်နေရတာလဲ?" အဲ့အပြင် ပထမဆုံးထုတ်ဝေတဲ့စာအုပ်တစ်အုပ်*အပေါ် ချောကလက်အနှစ် စီးကျတာက သူ့ကို တော်တော်လေး စိတ်ဆင်းရဲစေတယ်။ [*ပထမဆုံးအကြိမ်ထုတ်ဝေတဲ့စာအုပ်တွေကိုစုတာက အရာတစ်ခုဖြစ်ကြောင်း ထင်ရှားပါတယ်]
"စာကြည့်တိုက်ကို မသွားပါနဲ့" လင်ကျင်းက သနားစရာကောင်းစွာ အော်ငိုတယ်, "ကျွန်တော် ဝင်သွားလိုက်တာနဲ့ ချက်ချင်းကို ဆီးသွားချင်လာလိမ့်မယ်..."
"..." အူးယမ်က သူ့ကို အချေအတင်မငြင်းနိုင်တော့ဘူး, "အိုကေ, ဒါဆို ပိုက်ဆံယူဖို့ ငါ့ကို စောင့်ဦး"
လင်ကျင်းက သူ့ကို ပြန်ဆွဲထားပြီး, "မလိုပါဘူး, ကျွန်တော် ပေးမယ်"
"မလုပ်ပါနဲ့" အူးယမ်က တစ်စုံတစ်ခုကိုချက်ချင်းတွေးမိသွားပြီး ခေါင်းလှည့်ကာ သူ့ကို လေးနက်စွာကြည့်လိုက်တယ်, "မင်း ဒီလိုမျိုးဖြစ်နေတယ်ဆိုရင်တောင်မှ ငါ မင်းကို အတန်းအလယ်ပိုင်း စာမေးပွဲမေးခွန်းတွေ ထုတ်ပြမှာမဟုတ်ဘူး"
လင်ကျင်းက စိတ်မကောင်းစွာနဲ့ နှုတ်ခမ်းကိုက်လိုက်ပြီး, "ရှီဝမ်, အတွေးမှားနေပြီ"
အူးယမ်က အနည်းငယ်အားနာသွားပြီး သံသယဖြစ်တယ်လို့ ဆိုလိုတာမဟုတ်ခဲ့ဘူး။ အထက်တန်းကျောင်းကဆရာတွေထက်စာရင် တက္ကသိုလ်ဆရာတွေက ကျောင်းသားတွေနဲ့ အဆက်အသွယ်နည်းကြတယ်။ ပြီးတော့ သူက ကျောင်းသားတွေ မိတ်ဆွေဖွဲ့ဖို့ ရွေးချယ်ချင်တဲ့ပုံစံမျိုးမဟုတ်ဘူး။ အရင်က သူနဲ့ရင်းနှီးခဲ့တဲ့လူအများစုက စကားနှစ်ခွန်း, ဒါမှမဟုတ် သုံးခွန်းလောက်ပြောပြီးတာနဲ့ အကြောင်းအရာက စာမေးပွဲမေးခွန်းတွေဆီပြောင်းသွားတယ်။
ဘာအကြောင်းအရင်းမှမရှိဘဲနဲ့ သူ့အပေါ် ကြင်နာတဲ့ လင်ကျင်းကလည်း သူ့ကို ရှက်ရွံ့စေခဲ့တယ်။ ကံကောင်းစွာနဲ့ ဒါက တစ်ခုခုသောက်ရုံသာဖြစ်တယ်။ စျေးနှုန်းကလည်း အဆင်ပြေတယ်လို့ ယူဆလို့ရပြီး အကြိမ်များစွာအတွက် အဲ့တာက လုံးဝကို ပိုက်ဆံမပေးရဘူး။ အူးယမ်က လင်ကျင်းကို အခုထိလူငယ်တွေဖတ်နေတုန်းဖြစ်တဲ့, ပထမဆုံးအကြိမ်ထုတ်ဝေသော အရောင်းရဆုံးခေတ်ပေါ်ဝတ္ထုတွေလိုမျိုး, အသုံးဝင်တဲ့အရာအချို့ကို လက်ဆောင်အဖြစ်ပေးဖို့ တွေးခဲ့တယ်။
လူနှစ်ယောက်ဟာ လက်ဖက်ရည်ဆိုင်ထဲမှာ စာအုပ်ဖတ်ရင်း လက်ဖက်ရည်ထိုင်သောက်နေကြတယ်။
အူးယမ်က ပတ်ဝန်းကျင်ဟာ အများကြီးပိုတိတ်ဆိတ်သွားတယ်ဆိုတာကို မသိခင်အချိန်အထိ အခန်းနှစ်ခုဖတ်ပြီးဖို့ကိုသာ အာရုံစိုက်ထားခဲ့တယ်။ အဲဒီ့စကားများနေတဲ့ကောင်လေးက မမျှော်လင့်စွာဘဲ မဆူညံတော့ဘူးဖြစ်တယ်။ သူ(အူးယမ်)ခေါင်းမော့ကြည့်လိုက်တဲ့အခါ လင်ကျင်းက အူးယမ်ငှားထားတဲ့စာအုပ်ကို ဖက်ထားပြီးတော့ ခေါင်းအုံးတစ်လုံးလိုမျိုးမှီထားပြီး သူ့အရှေ့မှာ အိပ်ပျော်နေတာကို သိလိုက်ရတယ်။
အူးယမ်က နောက်ကျနေတာကိုမြင်လိုက်ပြီး ထမင်းစားဖို့ အိမ်ပြန်သင့်တဲ့အတွက် အိပ်ပျော်နေတဲ့ကောင်လေးကို လှုပ်နှိုးလိုက်တယ်။
လင်ကျင်းက အနည်းငယ်မိန်းမောနေတုန်းဖြစ်တယ်။ တစ်ခဏလောက် စိတ်ရှုပ်ထွေးနေပြီး သန်းဝါးနေခဲ့တယ်။
အူးယမ်က သက်ပြင်းချလိုက်ပြီး, "မင်း စာဖတ်ရတာမကြိုက်ရင် ငါ့နောက်လိုက်ဖို့ မင်းကိုယ်မင်းတွန်းအားပေးစရာမလိုပါဘူး"
လင်ကျင်းက နိုးလာပြီး မြန်မြန်ပြောတယ်, "မဟုတ်ပါဘူး, ကျွန်တော် ကြိုက်ပါတယ်"
"..." အူးယမ်က သူ့ပါးပေါ်က စာအုပ်နဲ့ဖိမိထားတဲ့ ရယ်စရာကောင်းတဲ့အမှတ်အသားကို ကြည့်လိုက်ပြီး, "ကောင်းပြီ, မင်း ငါ့ကို ပြောစရာတစ်ခုခုရှိတယ်ဆိုရင် တိုက်ရိုက်သာပြောလိုက်ပါ"
လင်ကျင်းရဲ့မျက်လုံးကြီးတွေက မျက်တောင်ခပ်လိုက်တယ်။ သူ့ရဲ့ကြည့်ကောင်းတဲ့မျက်နှာမှာ ဆွဲဆောင်မှုရှိတဲ့အပြုံးတစ်ခုနဲ့အတူ, သူက မတ်တပ်ရပ်လိုက်ပြီး ပိုနီးကပ်အောင်ထိုင်လိုက်တယ်။
"ရှီဝမ်"
"အင်း?"
"ကျွန်တော်တို့ ချိန်းတွေ့ဖို့ ကြိုးစားကြည့်သင့်လား?"
"..." အူးယမ်က လန့်သွားတယ်။ သူ့စာအုပ်တောင် ပြုတ်ကျသွားပြီး ပါးစပ်ဟလျက်သားနဲ့ စိုက်ကြည့်နေခဲ့တယ်, "ငါ...မင်း..."
"ရှီဝမ်က ယောကျ်ားတွေကို သဘောကျတယ်ဆိုတာ ကျွန်တော်သိတယ်, ကျွန်တော်လည်း ရှီဝမ်နဲ့ အတူတူပဲ, ကျွန်တော်တို့က ပုံစံတူတယ်လေ, အဲ့တော့ ရှီဝမ် ကြောက်စရာမလိုပါဘူး"
ဒါက အဓိကအချက်မဟုတ်ဘူး!
လက်လှမ်းလာတဲ့သူ့ကို မြင်တော့ အူးယမ်က မြန်မြန်ပြောလိုက်တယ်, "ဆောရီး, ငါတို့က ချိန်းတွေ့စရာ ဘာအခြေအနေမှမရှိဘူးလို့ ငါထင်တယ်"
လင်ကျင်းက သူ့ကိုဖက်ဖို့ လှုပ်ရှားလိုက်တယ်, "ဒါပေမယ့် ရှီဝမ်က ကျွန်တော်သဘောကျတဲ့ပုံစံပါ"
အူးယမ်ရဲ့ကျောက ထုံသွားပြီး နောက်ကို ပြန်ဆုတ်လိုက်တယ်, "မဟုတ်ဘူး, ငါတို့က မသင့်တော်ဘူး, ငါက အသက်ကြီးလွန်းနေပြီ"
"ကျွန်တော် အဲ့တာကို သဘောကျတယ်, ရှီဝမ်လို အသက်သုံးဆယ်အရွယ်ယောကျ်ားတွေက ဆွဲဆောင်မှုအရှိဆုံးပဲ, ပြီးတော့ ရှီဝမ်က ကြင်နာပြီး ယဥ်ကျေးသိမ်မွေ့တယ်..." လင်ကျင်းက စကားပြောရင်း သူ့ကို ဖိလိုက်တယ်။
အူးယမ်က ရုတ်တရက် ထရပ်လိုက်ပြီး ပြေးထွက်သွားတယ်။ လင်ကျင်းကလည်း လေကိုသာ ဖမ်းမိလိုက်တယ်။
"ဟေး, ရှီဝမ်, မပြေးနဲ့လေ...မကြောက်ပါနဲ့!"
အူးယမ်က ပိုက်ဆံချေဖို့တောင်မေ့သွားပြီး သူ့စာအုပ်ကိုကိုင်ကာ ကြောက်လန့်စွာနဲ့ ထွက်ပြေးသွားတယ်။
သူ့အခြေအနေအရ လင်ကျင်းဟာ တကယ်ကို အရမ်းကောင်းမွန်တဲ့ကောင်လေးဖြစ်ပြီး သူ့စရိုက်ကလည်း ချစ်စရာကောင်းတယ်။ ဒါပေမယ့် အခု သူပြောလိုက်တဲ့, အသက်ပိုကြီးတဲ့ယောကျာ်းတွေကို လေးနက်စွာသဘောကျတယ်ဆိုသောအကြောင်းအရာမျိုးကို အူးယမ်က ယုံကြည်တယ်ဆိုရင်တောင်မှ သူက မြွေတစ်ခါအကိုက်ခံရပြီးပြီဖြစ်တယ်။ သူက ဒီလိုမျိုး ဆိုးသွမ်းပြီးကလေးဆန်တဲ့လက်တွဲဖော်မျိုးနဲ့ ဘယ်တော့မှ ချိန်းမတွေ့ရဲတော့ဘူး။
"ရှီဝမ်, ရှီဝမ်..."
အူးယမ်က စိတ်ရှုပ်ထွေးပြီး ဘာလုပ်ရမယ်ဆိုတာမသိတော့ဘဲ ကိုးယို့ကားရားဖြစ်နေတယ်။ သူက တကယ်ကို အိမ်မြန်မြန်ပြန်ချင်တယ်။ ဒါပေမယ့် လင်ကျင်းက အနောက်ကနေ သူ့ကို အဆက်မပြတ်ခေါ်နေတာကို ကြားရတဲ့အခါမှာတော့ သူက နားမကြားတစ်ယောက်လိုဟန်ဆောင်ရမှာကို အရမ်းရှက်ရွံ့သွားခဲ့တယ်။ သူက ရပ်ပြီးသာ စောင့်နေလိုက်တယ်။
"ကျွန်တော့်ကို မကြောက်ပါနဲ့" လင်ကျင်းက သူ့ကို လှမ်းဖမ်းလိုက်တယ်။ သူက လက်လှမ်းလိုက်ပြီး အူးယမ်ကို ခါးကနေ ဖက်ထားတယ်။
သူက ချစ်စရာကောင်းစွာပြုမူနေတဲ့ ကလေးတစ်ယောက်လိုပဲ။ ဒါပေမယ့် အဲ့တာက အလေးအနက်မထားဘဲ သိက္ခာမဲ့တယ်လို့ မခံစားရစေတဲ့အတွက် တစ်ဖက်လူက တင်းမာတဲ့နှလုံးသား တကယ်ကို မရှိနေဘူးဖြစ်တယ်။ အူးယမ်က သူ့ကို တကယ်မရိုက်နိူင်ဘဲ ပြစ်တင်ရှုံ့ချ၍သာ ပြောလိုက်တယ်, "လိုက်ရှုပ်နေတာ ရပ်တော့"
"ကျွန်တော် လိုက်ရှုပ်နေတာ မဟုတ်ပါဘူး, ချိန်းတွေ့တယ်ဆိုတာက အရမ်းကိုလေးနက်တဲ့ကိစ္စပါ"
"အဓိပ္ပါယ်မရှိတာတွေ ပြောနေတုန်းပဲ!"
လူနှစ်ယောက်က အရှုပ်အထွေးဖြစ်နေစဥ် အသံတစ်ခုက ရုတ်တရက် တောင့်တင်းစွာနဲ့ ကြားဖြတ်ဝင်လာတယ်, "ဆရာအူးယမ်"
အူးယမ်က အေးခဲသွားပြီး သူ့ကျောက ရုတ်တရက် အေးစက်လာကာ တစ်ခဏလောက် နောက်လှည့်မကြည့်ရဲခဲ့ဘူး။ အဲ့အစား လင်ကျင်းက အဲ့လူကို ခဏလောက် နီးကပ်စွာကြည့်လိုက်ပြီး အံ့သြမှုနဲ့ပြောတယ်, "အာ, မင်းက ရှောင်ရွှမ်းလား?"
T/N - ဟီး...နောက်ကျသွားတဲ့အတွက် တကယ် sorry ပါနော်, တစ်နေ့တစ်ပိုင်းတော့ ပုံမှန် update ပေးမှာပါ, စိတ်ချ😅
Zawgyi
အူးယမ္နဲ႔လင္က်င္းဟာ တကယ္ကို ပိုၿပီးေတာ့ ရင္းႏွီးလာခဲ့တယ္။
ဒီလိုေကာင္ေလးမ်ိဳးကို သေဘာမက်ဖို႔က ခက္ခဲတယ္။ ေကာလဟာလေတြ သိပ္နားမေထာင္တတ္တဲ့ အူးယမ္ေတာင္မွ လင္က်င္းဟာ ဘယ္ပဲသြားသြား လူသိမ်ားၿပီးေတာ့ ပရိသတ္ေတြရလာတယ္ဆိုတာကို သိတယ္။ အတန္းထဲမွာဆို သူ႕ေဘးပတ္လည္မွာ အျခားဌာနေတြကေကာင္မေလးေတြက အၿမဲလာထိုင္ေနၾကၿပီး သူစားဖို႔ပစၥည္းေတြေတာင္မွ ယူေဆာင္လာၾကတယ္။
ၿပီးေတာ့ လင္က်င္းက အျပဳံးေတြနဲ႔အတူ, လူတိုင္းနဲ႔အဆင္ေျပစြာေပါင္းသင္းၿပီး အားလုံးနဲ႔ လိုက္ေလ်ာညီေထြျဖစ္ေစတယ္။ ဒီႏွစ္ေတြမွာ ကေလးေတြအားလုံးက ဂိမ္းကစားရတာကို သေဘာက်လာၾကပုံပဲ။
ဒါေပမယ့္ ေက်ာင္းလီရဲ႕စိုးရိမ္မႈက မလိုအပ္ဘူးျဖစ္တယ္။ လင္က်င္းက ဘယ္ေလာက္ပဲႏွစ္သက္စရာေကာင္းေနပါေစ, အူးယမ္က ဘယ္ေလာက္ပဲ တစ္ကိုယ္တည္းျဖစ္ေနပါေစ, သူက မလြယ္ကူဘူး။ အျခားလူေတြရဲ႕ဆြဲေဆာင္မႈက သူနဲ႔ဘာမွမဆိုင္ဘူးျဖစ္တယ္။ သူက တစ္ခုခုကို ေကာင္းတယ္လို႔ လြယ္လြယ္ကူကူ ၫြတ္တတ္တဲ့စိတ္႐ွိေပမယ့္ မေရရာတဲ့ဦးတည္ခ်က္*ဆီကိုေတာ့ သြားမွာမဟုတ္ဘူး။ [*ခ်စ္သူရည္းစားဆက္ဆံေရးရဲ႕အေစာပိုင္းအဆင့္ေတြကို အထူးသျဖင့္ဆိုလိုခ်င္တာ, ႏွစ္ဖက္စလုံးက တစ္ေယာက္ကို တစ္ေယာက္ ကလူက်ီစယ္(flirt)ၿပီး စမ္းသပ္ေနၾကတယ္, ဒါေပမယ့္ ဘာကိုမွ တကယ္ထုတ္မျပၾကဘူး]
သူ႕ဘဝမွာ တစ္ႀကိမ္တစ္ခါသာပဲ သူခ်စ္ခ်င္လာတဲ့အတြက္ စစ္မွန္စြာလႈပ္႐ွားခဲ့ဖူးတယ္။
"႐ွီဝမ္..."
ရင္းႏွီးေနတဲ့အသံကိုၾကားလိုက္ေတာ့ အူးယမ္က သူ႕ဖတ္စာအုပ္ကို သိမ္းလိုက္ၿပီး ေခါင္းလွည့္လိုက္တယ္, "မင္း ငါ့ကို ဆရာလို႔ ေခၚရမွာေလ"
"ပါးစပ္ဟလိုက္"
"အာ?"
တစ္စုံတစ္ခုက သူ႕ပါးစပ္ထဲေရာက္လာၿပီး အူးယမ္ကို ေၾကာက္သြားေစခဲ့တယ္။ သူက ျပန္ေထြးထုတ္ဖို႔ အလွ်င္အျမန္ႀကိဳးစားလိုက္ေပမယ့္ သူ႕လွ်ာက ထူၿပီးခ်ိဳတဲ့အရသာကို ခံစားလိုက္ရၿပီး ေခ်ာကလက္အပိုင္းတစ္ခုျဖစ္တယ္ဆိုတာကို သူသိလိုက္တယ္။
"ဟား ဟား, အရသာ႐ွိတယ္မလား? ကြၽန္ေတာ္ ႐ွီဝမ့္အတြက္ တစ္ဘူးယူလာတယ္"
အူးယမ္က ႐ွားပါးတဲ့တစ္ခုခုကို ထုတ္ျပထားသလိုမ်ိဳး ဖြင့္ထားတဲ့, လင္က်င္းရဲ႕ ေက်ာပိုးအိတ္ကို ၾကည့္လိုက္တယ္။ ေကာလိပ္ေက်ာင္းသားေတြရဲ႕အိတ္ထဲမွာ ပါ႐ွိတဲ့အရာေတြက အထက္တန္းေက်ာင္းသားေတြထက္ ပိုမ်ားၿပီး အရာအားလုံးက အထဲမွာ႐ွိတယ္။
"မင္းစာအုပ္ေတြ ဘယ္မွာလဲ?"
အျခားဟာေတြထက္စာရင္ သူတို႔က စာအုပ္သယ္လာဖို႔ေတာ့ ေမ့ေလ်ာ့ၾကတယ္။
လင္က်င္းက ခ်စ္စရာေကာင္းစြာျပဳံးရင္း ေခါင္းကုတ္လိုက္တယ္။ ဒါေၾကာင့္ တစ္ဖက္လူကို သူ႕အေပၚ မရက္စက္ေစႏိူင္ဘူးျဖစ္တယ္, "ကြၽန္ေတာ္က ႐ွီဝမ့္အတြက္ သၾကားလုံးယူလာဖို႔ကိုပဲ အစြမ္းကုန္ေတြးေနခဲ့တာ"
အခုဆို အတန္းၿပီးတာနဲ႔ လင္က်င္းက သူ႕ကို မၾကာခဏလာ႐ွာၿပီး အူးယမ္အတြက္လည္း အက်ိဳး႐ွိလာတယ္။ သူ႕မွာ သၾကားလုံးနဲ႔ စားဖို႔ကိတ္မုန္႔ေတြ မၾကာခဏ႐ွိလာေပမယ့္ သူကေတာ့ လင္က်င္းက သူ႕ကိုေမးဖို႔ အိမ္စာေတြယူလာတာကို ေမွ်ာ္လင့္မိတယ္။
"႐ွီဝမ္, ၿပီးရင္ ဘယ္မွာ သြားစားမွာလဲ?"
အူးယမ္က သူ႕အေခၚအေဝၚကို ျပန္ျပင္ေပးဖို႔ လက္ေလွ်ာ့လိုက္တယ္, "အေစာႀကီး႐ွိေသးတယ္, ငါ ခဏေလာက္ စာသြားဖတ္မလို႔"
"အာ, ဒါဆို ကြၽန္ေတာ္လည္း လိုက္မယ္"
"ငါ စာၾကည့္တိုက္ကိုသြားမွာ"
"ဘာလို႔လဲ? ဘာလို႔ ေနရာတစ္ခုကို မေျပာင္းတာလဲ...?" လင္က်င္းက ခက္ခက္ခဲခဲ အသနားခံတယ္, "စာၾကည့္တိုက္လိုေနရာသြားမယ္ဆိုရင္ ႐ွီဝမ္အိပ္ခ်င္လာလိမ့္မယ္, ၿပီးေတာ့ ကြၽန္ေတာ္က စာအုပ္စင္နဲ႔ မ်က္ႏွာခ်င္းဆိုင္လိုက္တာနဲ႔ တကယ္ကို ဆီးသြားခ်င္လာတာ"
"..."
"အရင္တစ္ခါေန႔လည္တုန္းက လက္ဖက္ရည္ဆိုင္က ေတာ္ေတာ္သန္႔႐ွင္းၿပီး စိတ္ေအးလက္ေအး႐ွိတယ္ေလ, ၿပီးေတာ့ အဲ့မွာ စားဖို႔အခ်ိဳပြဲေတြလည္း ႐ွိတယ္"
အူးယမ္က ေခါင္းယမ္းလိုက္ၿပီး, "မင္းက ဘာလို႔ ပိုက္ဆံကုန္က်တဲ့ေနရာေတြကိုပဲ အၿမဲသြားခ်င္ေနရတာလဲ?" အဲ့အျပင္ ပထမဆုံးထုတ္ေဝတဲ့စာအုပ္တစ္အုပ္*အေပၚ ေခ်ာကလက္အႏွစ္ စီးက်တာက သူ႕ကို ေတာ္ေတာ္ေလး စိတ္ဆင္းရဲေစတယ္။ [*ပထမဆုံးအႀကိမ္ထုတ္ေဝတဲ့စာအုပ္ေတြကိုစုတာက အရာတစ္ခုျဖစ္ေၾကာင္း ထင္႐ွားပါတယ္]
"စာၾကည့္တိုက္ကို မသြားပါနဲ႔" လင္က်င္းက သနားစရာေကာင္းစြာ ေအာ္ငိုတယ္, "ကြၽန္ေတာ္ ဝင္သြားလိုက္တာနဲ႔ ခ်က္ခ်င္းကို ဆီးသြားခ်င္လာလိမ့္မယ္..."
"..." အူးယမ္က သူ႕ကို အေခ်အတင္မျငင္းႏိုင္ေတာ့ဘူး, "အိုေက, ဒါဆို ပိုက္ဆံယူဖို႔ ငါ့ကို ေစာင့္ဦး"
လင္က်င္းက သူ႕ကို ျပန္ဆြဲထားၿပီး, "မလိုပါဘူး, ကြၽန္ေတာ္ ေပးမယ္"
"မလုပ္ပါနဲ႔" အူးယမ္က တစ္စုံတစ္ခုကိုခ်က္ခ်င္းေတြးမိသြားၿပီး ေခါင္းလွည့္ကာ သူ႕ကို ေလးနက္စြာၾကည့္လိုက္တယ္, "မင္း ဒီလိုမ်ိဳးျဖစ္ေနတယ္ဆိုရင္ေတာင္မွ ငါ မင္းကို အတန္းအလယ္ပိုင္း စာေမးပြဲေမးခြန္းေတြ ထုတ္ျပမွာမဟုတ္ဘူး"
လင္က်င္းက စိတ္မေကာင္းစြာနဲ႔ ႏႈတ္ခမ္းကိုက္လိုက္ၿပီး, "႐ွီဝမ္, အေတြးမွားေနၿပီ"
အူးယမ္က အနည္းငယ္အားနာသြားၿပီး သံသယျဖစ္တယ္လို႔ ဆိုလိုတာမဟုတ္ခဲ့ဘူး။ အထက္တန္းေက်ာင္းကဆရာေတြထက္စာရင္ တကၠသိုလ္ဆရာေတြက ေက်ာင္းသားေတြနဲ႔ အဆက္အသြယ္နည္းၾကတယ္။ ၿပီးေတာ့ သူက ေက်ာင္းသားေတြ မိတ္ေဆြဖြဲ႕ဖို႔ ေ႐ြးခ်ယ္ခ်င္တဲ့ပုံစံမ်ိဳးမဟုတ္ဘူး။ အရင္က သူနဲ႔ရင္းႏွီးခဲ့တဲ့လူအမ်ားစုက စကားႏွစ္ခြန္း, ဒါမွမဟုတ္ သုံးခြန္းေလာက္ေျပာၿပီးတာနဲ႔ အေၾကာင္းအရာက စာေမးပြဲေမးခြန္းေတြဆီေျပာင္းသြားတယ္။
ဘာအေၾကာင္းအရင္းမွမ႐ွိဘဲနဲ႔ သူ႕အေပၚ ၾကင္နာတဲ့ လင္က်င္းကလည္း သူ႕ကို ႐ွက္႐ြံ႕ေစခဲ့တယ္။ ကံေကာင္းစြာနဲ႔ ဒါက တစ္ခုခုေသာက္႐ုံသာျဖစ္တယ္။ ေစ်းႏႈန္းကလည္း အဆင္ေျပတယ္လို႔ ယူဆလို႔ရၿပီး အႀကိမ္မ်ားစြာအတြက္ အဲ့တာက လုံးဝကို ပိုက္ဆံမေပးရဘူး။ အူးယမ္က လင္က်င္းကို အခုထိလူငယ္ေတြဖတ္ေနတုန္းျဖစ္တဲ့, ပထမဆုံးအႀကိမ္ထုတ္ေဝေသာ အေရာင္းရဆုံးေခတ္ေပၚဝတၳဳေတြလိုမ်ိဳး, အသုံးဝင္တဲ့အရာအခ်ိဳ႕ကို လက္ေဆာင္အျဖစ္ေပးဖို႔ ေတြးခဲ့တယ္။
လူႏွစ္ေယာက္ဟာ လက္ဖက္ရည္ဆိုင္ထဲမွာ စာအုပ္ဖတ္ရင္း လက္ဖက္ရည္ထိုင္ေသာက္ေနၾကတယ္။
အူးယမ္က ပတ္ဝန္းက်င္ဟာ အမ်ားႀကီးပိုတိတ္ဆိတ္သြားတယ္ဆိုတာကို မသိခင္အခ်ိန္အထိ အခန္းႏွစ္ခုဖတ္ၿပီးဖို႔ကိုသာ အာ႐ုံစိုက္ထားခဲ့တယ္။ အဲဒီ့စကားမ်ားေနတဲ့ေကာင္ေလးက မေမွ်ာ္လင့္စြာဘဲ မဆူညံေတာ့ဘူးျဖစ္တယ္။ သူ(အူးယမ္)ေခါင္းေမာ့ၾကည့္လိုက္တဲ့အခါ လင္က်င္းက အူးယမ္ငွားထားတဲ့စာအုပ္ကို ဖက္ထားၿပီးေတာ့ ေခါင္းအုံးတစ္လုံးလိုမ်ိဳးမွီထားၿပီး သူ႕အေ႐ွ႕မွာ အိပ္ေပ်ာ္ေနတာကို သိလိုက္ရတယ္။
အူးယမ္က ေနာက္က်ေနတာကိုျမင္လိုက္ၿပီး ထမင္းစားဖို႔ အိမ္ျပန္သင့္တဲ့အတြက္ အိပ္ေပ်ာ္ေနတဲ့ေကာင္ေလးကို လႈပ္ႏိႈးလိုက္တယ္။
လင္က်င္းက အနည္းငယ္မိန္းေမာေနတုန္းျဖစ္တယ္။ တစ္ခဏေလာက္ စိတ္႐ႈပ္ေထြးေနၿပီး သန္းဝါးေနခဲ့တယ္။
အူးယမ္က သက္ျပင္းခ်လိုက္ၿပီး, "မင္း စာဖတ္ရတာမႀကိဳက္ရင္ ငါ့ေနာက္လိုက္ဖို႔ မင္းကိုယ္မင္းတြန္းအားေပးစရာမလိုပါဘူး"
လင္က်င္းက ႏိုးလာၿပီး ျမန္ျမန္ေျပာတယ္, "မဟုတ္ပါဘူး, ကြၽန္ေတာ္ ႀကိဳက္ပါတယ္"
"..." အူးယမ္က သူ႕ပါးေပၚက စာအုပ္နဲ႔ဖိမိထားတဲ့ ရယ္စရာေကာင္းတဲ့အမွတ္အသားကို ၾကည့္လိုက္ၿပီး, "ေကာင္းၿပီ, မင္း ငါ့ကို ေျပာစရာတစ္ခုခု႐ွိတယ္ဆိုရင္ တိုက္႐ိုက္သာေျပာလိုက္ပါ"
လင္က်င္းရဲ႕မ်က္လုံးႀကီးေတြက မ်က္ေတာင္ခပ္လိုက္တယ္။ သူ႕ရဲ႕ၾကည့္ေကာင္းတဲ့မ်က္ႏွာမွာ ဆြဲေဆာင္မႈ႐ွိတဲ့အျပဳံးတစ္ခုနဲ႔အတူ, သူက မတ္တပ္ရပ္လိုက္ၿပီး ပိုနီးကပ္ေအာင္ထိုင္လိုက္တယ္။
"႐ွီဝမ္"
"အင္း?"
"ကြၽန္ေတာ္တို႔ ခ်ိန္းေတြ႕ဖို႔ ႀကိဳးစားၾကည့္သင့္လား?"
"..." အူးယမ္က လန္႔သြားတယ္။ သူ႕စာအုပ္ေတာင္ ျပဳတ္က်သြားၿပီး ပါးစပ္ဟလ်က္သားနဲ႔ စိုက္ၾကည့္ေနခဲ့တယ္, "ငါ...မင္း..."
"႐ွီဝမ္က ေယာက်္ားေတြကို သေဘာက်တယ္ဆိုတာ ကြၽန္ေတာ္သိတယ္, ကြၽန္ေတာ္လည္း ႐ွီဝမ္နဲ႔ အတူတူပဲ, ကြၽန္ေတာ္တို႔က ပုံစံတူတယ္ေလ, အဲ့ေတာ့ ႐ွီဝမ္ ေၾကာက္စရာမလိုပါဘူး"
ဒါက အဓိကအခ်က္မဟုတ္ဘူး!
လက္လွမ္းလာတဲ့သူ႕ကို ျမင္ေတာ့ အူးယမ္က ျမန္ျမန္ေျပာလိုက္တယ္, "ေဆာရီး, ငါတို႔က ခ်ိန္းေတြ႕စရာ ဘာအေျခအေနမွမ႐ွိဘူးလို႔ ငါထင္တယ္"
လင္က်င္းက သူ႕ကိုဖက္ဖို႔ လႈပ္႐ွားလိုက္တယ္, "ဒါေပမယ့္ ႐ွီဝမ္က ကြၽန္ေတာ္သေဘာက်တဲ့ပုံစံပါ"
အူးယမ္ရဲ႕ေက်ာက ထုံသြားၿပီး ေနာက္ကို ျပန္ဆုတ္လိုက္တယ္, "မဟုတ္ဘူး, ငါတို႔က မသင့္ေတာ္ဘူး, ငါက အသက္ႀကီးလြန္းေနၿပီ"
"ကြၽန္ေတာ္ အဲ့တာကို သေဘာက်တယ္, ႐ွီဝမ္လို အသက္သုံးဆယ္အ႐ြယ္ေယာက်္ားေတြက ဆြဲေဆာင္မႈအ႐ွိဆုံးပဲ, ၿပီးေတာ့ ႐ွီဝမ္က ၾကင္နာၿပီး ယဥ္ေက်းသိမ္ေမြ႕တယ္..." လင္က်င္းက စကားေျပာရင္း သူ႕ကို ဖိလိုက္တယ္။
အူးယမ္က ႐ုတ္တရက္ ထရပ္လိုက္ၿပီး ေျပးထြက္သြားတယ္။ လင္က်င္းကလည္း ေလကိုသာ ဖမ္းမိလိုက္တယ္။
"ေဟး, ႐ွီဝမ္, မေျပးနဲ႔ေလ...မေၾကာက္ပါနဲ႔!"
အူးယမ္က ပိုက္ဆံေခ်ဖို႔ေတာင္ေမ့သြားၿပီး သူ႕စာအုပ္ကိုကိုင္ကာ ေၾကာက္လန္႔စြာနဲ႔ ထြက္ေျပးသြားတယ္။
သူ႕အေျခအေနအရ လင္က်င္းဟာ တကယ္ကို အရမ္းေကာင္းမြန္တဲ့ေကာင္ေလးျဖစ္ၿပီး သူ႕စ႐ိုက္ကလည္း ခ်စ္စရာေကာင္းတယ္။ ဒါေပမယ့္ အခု သူေျပာလိုက္တဲ့, အသက္ပိုႀကီးတဲ့ေယာက်ာ္းေတြကို ေလးနက္စြာသေဘာက်တယ္ဆိုေသာအေၾကာင္းအရာမ်ိဳးကို အူးယမ္က ယုံၾကည္တယ္ဆိုရင္ေတာင္မွ သူက ေႁမြတစ္ခါအကိုက္ခံရၿပီးၿပီျဖစ္တယ္။ သူက ဒီလိုမ်ိဳး ဆိုးသြမ္းၿပီးကေလးဆန္တဲ့လက္တြဲေဖာ္မ်ိဳးနဲ႔ ဘယ္ေတာ့မွ ခ်ိန္းမေတြ႕ရဲေတာ့ဘူး။
"႐ွီဝမ္, ႐ွီဝမ္..."
အူးယမ္က စိတ္႐ႈပ္ေထြးၿပီး ဘာလုပ္ရမယ္ဆိုတာမသိေတာ့ဘဲ ကိုးယို႔ကားရားျဖစ္ေနတယ္။ သူက တကယ္ကို အိမ္ျမန္ျမန္ျပန္ခ်င္တယ္။ ဒါေပမယ့္ လင္က်င္းက အေနာက္ကေန သူ႕ကို အဆက္မျပတ္ေခၚေနတာကို ၾကားရတဲ့အခါမွာေတာ့ သူက နားမၾကားတစ္ေယာက္လိုဟန္ေဆာင္ရမွာကို အရမ္း႐ွက္႐ြံ႕သြားခဲ့တယ္။ သူက ရပ္ၿပီးသာ ေစာင့္ေနလိုက္တယ္။
"ကြၽန္ေတာ္႕ကို မေၾကာက္ပါနဲ႔" လင္က်င္းက သူ႕ကို လွမ္းဖမ္းလိုက္တယ္။ သူက လက္လွမ္းလိုက္ၿပီး အူးယမ္ကို ခါးကေန ဖက္ထားတယ္။
သူက ခ်စ္စရာေကာင္းစြာျပဳမူေနတဲ့ ကေလးတစ္ေယာက္လိုပဲ။ ဒါေပမယ့္ အဲ့တာက အေလးအနက္မထားဘဲ သိကၡာမဲ့တယ္လို႔ မခံစားရေစတဲ့အတြက္ တစ္ဖက္လူက တင္းမာတဲ့ႏွလုံးသား တကယ္ကို မ႐ွိေနဘူးျဖစ္တယ္။ အူးယမ္က သူ႕ကို တကယ္မ႐ိုက္ႏိူင္ဘဲ ျပစ္တင္႐ႈံ႕ခ်၍သာ ေျပာလိုက္တယ္, "လိုက္႐ႈပ္ေနတာ ရပ္ေတာ့"
"ကြၽန္ေတာ္ လိုက္႐ႈပ္ေနတာ မဟုတ္ပါဘူး, ခ်ိန္းေတြ႕တယ္ဆိုတာက အရမ္းကိုေလးနက္တဲ့ကိစၥပါ"
"အဓိပၸါယ္မ႐ွိတာေတြ ေျပာေနတုန္းပဲ!"
လူႏွစ္ေယာက္က အ႐ႈပ္အေထြးျဖစ္ေနစဥ္ အသံတစ္ခုက ႐ုတ္တရက္ ေတာင့္တင္းစြာနဲ႔ ၾကားျဖတ္ဝင္လာတယ္, "ဆရာအူးယမ္"
အူးယမ္က ေအးခဲသြားၿပီး သူ႕ေက်ာက ႐ုတ္တရက္ ေအးစက္လာကာ တစ္ခဏေလာက္ ေနာက္လွည့္မၾကည့္ရဲခဲ့ဘူး။ အဲ့အစား လင္က်င္းက အဲ့လူကို ခဏေလာက္ နီးကပ္စြာၾကည့္လိုက္ၿပီး အံ့ၾသမႈနဲ႔ေျပာတယ္, "အာ, မင္းက ေ႐ွာင္႐ႊမ္းလား?"
T/N - ဟီး...ေနာက္က်သြားတဲ့အတြက္ တကယ္ sorry ပါေနာ္, တစ္ေန႔တစ္ပိုင္းေတာ့ ပုံမွန္ update ေပးမွာပါ, စိတ္ခ်😅