Going Against The Wind (Myanm...

By Eri1485EXOL

292K 37.5K 1.6K

This is just a translation. Original work is 逆风而行 by Author 蓝淋. So, I own neither the content nor the cover. ... More

Summary
Chapter-1 (Part 1)
Chapter -1 (Part 2)
Chapter-2 (Part 1)
Chapter-2 (Part 2)
Chapter-3 (Part 1)
Chapter-3 (Part 2)
Chapter-4 (Part 1)
Chapter -4 (Part 2)
Chapter-5 (Part 1)
Chapter-5 (Part 2)
Chapter - 6 (Part 1)
Chapter - 6 (Part 2)
Chapter - 7 (Part 1)
Chapter -7 (Part 2)
Chapter - 8 (Part 1)
Chapter - 8 (Part 2)
Chapter - 9 (Part 1)
Chapter - 9 (Part 2)
Chapter - 9 (Part 3)
Chapter - 9 (Part 4)
Chapter - 10 (Part 1)
Chapter - 10 (Part 2)
Chapter - 10 (Part 3)
Chapter - 10 (Part 4)
Chapter-11 ( Part 1)
Chapter-11 (Part 2)
Chapter-11 ( Part 3)
Chapter-11 (Part 4)
Chapter-12 (Part 1)
Chapter-12 (Part 2)
Chapter-12 (Part 3)
Chapter-13 (Part 1)
Chapter-13 (Part 2)
Chapter-13 (Part 3)
Chapter -13 (Part 4)
Chapter -14 (Part 1)
Chapter -14 (Part 2)
Chapter-14 (Part 3)
Volume 2 Summary
Chapter -15 (Part 1)
Chapter -15 (Part 2)
Chapter -15 (Part 3)
Chapter - 16 (Part 1)
Chapter - 16 (Part 2)
Chapter -16 (Part 3)
Chapter - 17 (Part 1)
Chapter - 17 (Part 2)
Chapter - 17 (Part 3)
Chapter - 18 (Part 1)
Chapter - 18 (Part 3)
Chapter -18 (Part 4)
Chapter - 19 (Part 1)
Chapter - 19 (Part 2)
Chapter - 19 (Part 3)
Chpater - 19 (Part 4)
Chapter - 20 (Part 1)
Chapter - 20 (Part 2)
Chapter - 20 (Part 3)
Chapter - 20 (Part 4)
Chapter - 21 (Part 1)
Chapter - 21 (Part 2)
Chapter - 21 (Part 3)
Chapter - 21 (Part 4)
Chapter - 22 (Part 1)
Chapter - 22 (Part 2)
Chapter - 22 (Part 3)
Chapter - 22 (Part 4)
Chapter - 22 (Part 5)
Chapter - 23 (Part 1)
Chapter - 23 (Part 2)
Chapter - 23 (Part 3)
Chapter - 23 (Part 4) Final
Extra - 1 (Part 1)
Extra - 1 (Part 2)
Extra - 2 (Part 1)
Extra - 2 (Part 2)
Extra - 2 (Part 3)
Afterwords
Just Announcement!
Survivorship Bias

Chapter - 18 (Part 2)

3.1K 441 5
By Eri1485EXOL

Unicode

အူးယမ် အိပ်ရာက ထလိုက်တဲ့အချိန်မှာ သူ့​ခြေ​ထောက်​တွေက မရပ်နိူင်​လောက်​အောင် အားနည်း​နေခဲ့တယ်။ သူ့အ​နောက်ပိုင်းက လက်​ချောင်း ဒါမှမဟုတ် အရာဝတ္ထုတစ်ခုခုနဲ့ ​သေချာ​ပေါက်ထိုးသွင်းခံထားရတယ်ဆိုတာကို သိလိုက်ရတယ်။ သူ မူးလာတဲ့အချိန်မှာ စိတ်​ကျေနပ်မှုရဖို့အတွက် ဒီလိုအရာ​တွေကိုလုပ်တယ်ဆိုတာကို ​တွေးမိ​လိုက်တော့ မရှက်ဘဲမ​နေနိူင်ခဲ့ဘူးဖြစ်တယ်။

အူးယမ်က အံဆွဲထဲက​နေ အချိန်အ​တော်ကြာ အသုံးမပြုဖြစ်ခဲ့တဲ့အိပ်​ဆေး​တွေကို ထုတ်လိုက်တယ်။ သူက အဲ့​ဆေးတွေကို အိပ်မက်ဆိုး​တွေမမက်​အောင်လို့ အသုံးပြုတာဖြစ်တယ်။ ဒါ​ပေမယ့် အခု​တော့ ​ကောင်းတဲ့အိပ်မက်​တွေက ပို​ကြောက်စရာ​ကောင်းတယ်ဆိုတာကို သိလိုက်ရတယ်။

အဲ့အိပ်မက်​ကြောင့် အူးယမ်က သူ့ကိုယ်သူ ​နောက်တစ်ဖန်ပြန်မဆွဲထုတ်နိူင်ခင် နှစ်ရက်, သုံးရက်​လောက် စိတ်ရှုပ်​ထွေး​နေခဲ့တယ်။ အချို့မ​ရေရာတဲ့ထင်မြင်ချက်​တွေက သူ့ကိုတုန်လှုပ်​စေ​သော်လည်း သူတို့ကို အတည်ပြုဖို့နည်းလမ်းမရှိဘူးဖြစ်တယ်။ အဲ့တာ​တွေက သူ့ရဲ့ထင်​ယောင်ထင်မှားဖြစ်မှုတွေလို့သာ ယုံကြည်ထားနိူင်တယ်။

​ကျောင်းလီက သူနဲ့ပြန်သင့်မြတ်လာတယ်။ မာနကြီးတဲ့စရိုက်ရှိ​သောလူက သူ့ကို ​ဒေါသထွက်မိခြင်းအတွက် ​တောင်းပန်လာပြီး သင်ခန်းစာတစ်ခု​ပေးခဲ့တယ်။

"ဘာ​တွေပဲဖြစ်လာပါ​စေ, မင်း ငါ့ကို ပြောသင့်တယ်, မင်း တိတ်တိတ်ပဲ နေမယ်ဆို အဲ့တာကိုဆုပ်ကိုင်ထားတဲ့အတွက် အ​နှေးနဲ့အမြန် မင်း​နေမ​ကောင်းဖြစ်လာလိမ့်မယ်, ပြီး​တော့ မင်း လမ်းလည်း ​လျှောက်သင့်တယ်, တစ်ခုခုကို ​ကြောက်​နေလို့ အိမ်ထဲမှာပုန်း​နေတာလား? အပြင်က မိန်းမ​တွေက ဘယ်လိုပဲ အတင်းအဖျင်း​ပြော​ပြော, သူတို့က မင်းကို စားနိူင်လို့လား?"

"မင်းရဲ့ ဒီနှစ်အတွင်းရှိလာခဲ့တဲ့မိတ်​ဆွေ​တွေကို ကြည့်လိုက်, မင်း ဒီလိုမျိုးပဲ တစ်​နေ့လုံး​နေ​နေတာ မွန်းကြပ်တယ်လို့ မခံစားရဘူးလား? ဒီလိုမျိုး မင်းကိုယ်မင်း အာဃာတ​တွေ ဘယ်လိုလုပ်ပြီး ထား​နေနိူင်တာလဲ? ဒါမှမဟုတ် ဟိုမိမစစ်ဖမစစ်​ကြောင့် မင်းဘဝတစ်​​လျှောက်လုံး ​ကောင်း​ကောင်းမ​နေနိူင်တာလား?"

ဒီလိုအ​ပြောခံလိုက်ရတဲ့အတွက် အူးယမ်က သူ့မှာတစ်ခုခုက တကယ်ကိုမှားယွင်း​နေတယ်ဆိုတာကို ခံစားလိုက်ရတယ်။

အစတုန်းက သူက အိမ်မှာပဲ ပြန်အဆင်​ပြေ​အောင်လုပ်တယ်။ သူ့နှလုံးသားက ဝမ်းနည်း​နေပြီး ​နေရာတိုင်းမှာ အ​လှောင်ခံရတဲ့အတွက် သူက အပြင်ကို မထွက်ရဲခဲ့ဘူး။ တဖြည်းဖြည်းနဲ့ အဲ့တာက အကျင့်ဖြစ်လာပြီး သူက ပိုပိုပြီးသီးခြားဖြစ်လာခဲ့တယ်။ ဒီနှစ်​တွေမှာ သူ့စရိုက်က နေ့တိုင်းအခွံထဲမှာပဲ ​ကွေး​နေတဲ့ လိပ်တစ်​ကောင်လိုဖြစ်လာတယ်။ ​လူ​တွေက သူ့ကိုညွှန်ပြလာတာနဲ့ သူက သူ့​ခေါင်းကိုထုတ်ဖို့သတ္တိ​တောင်မရှိ​တော့ဘဲ အထဲကိုဝင်ပုန်းတယ်။ တစ်​နေ့ပြီးတစ်​နေ့ သူ့စိတ်က အခြားသူ​တွေနဲ့မတူ​တော့ဘဲ စိတ်ဓါတ်ကျ​နေပြီး ပတ်ဝန်းကျင်နဲ့ထိ​တွေ့မှုမရှိ​တော့ဘူး။

သူက အရင်တုန်းကလည်း ​တော်​တော်လေးကို ဘာသိဘာသာ​နေတတ်​ပေမယ့် အထီးကျန်တဲ့အဆင့်ထိ​တော့ မဟုတ်​ပေ။ အခု​တော့ ​ကျောင်းလီလို ကာကွယ်​ပေးတတ်တဲ့လူ​တောင်မှ သူ့ကို စကားအနည်းငယ်မ​ပြောဘဲမ​နေနိူင်​တော့ဘူးဖြစ်တယ်။ သူ တကယ်ကို ​ပြောင်းလဲမှု​တွေလုပ်သင့်တယ်ဆိုတာ ထင်ရှားတယ်။

သူက ရုတ်တရက်ပဲ သတ္တိရှိလာပြီး မ​မျှော်လင့်ထားတဲ့ခံစားချက်ကို ရလိုက်တယ်။ တကယ်​တော့ အဲ့အချိန်က​နေစပြီး အခုထိဆို ​ခြောက်နှစ်​တောင်​ကျော်လာခဲ့ပြီဖြစ်တယ်။ သူ့ဒဏ်ရာ​တွေကိုကုသရင်း ရှုပ်​ထွေးစွာ​နေလာတဲ့အချိန်​တွေက ​တော်​တော်လုံ​လောက်​နေခဲ့ပြီ။ သူ့ဘဝတစ်​လျှောက်လုံးကို ဒီလိုပဲ မ​နေနိူင်ဘူးဖြစ်တယ်။

သူက အဲ့အတိတ်​ကြောင့် သူ့ကိုယ်ပိုင်အနာဂတ်ကို မပျက်စီး​​စေချင်ဘူး။

အူးယမ်က သူ့ကိုယ်​ရေးရာဇဝင်ကို စတင်စု​ဆောင်းပြီး အလုပ်​အေဂျင်စီ*ကို မကြာခဏသွားရင်း အလုပ်တစ်ခုရှာ​ဖွေဖို့ ကြိုးစားခဲ့တယ်။ [*အလုပ်ရှာတဲ့​နေရာ]

တစ်​နေ့လုံး အိမ်မှာပဲ စကားလုံး​တွေ, ဇာတ်​ကောင်တွေနဲ့အလုပ်လုပ်ရင်း အချိန်ကုန်ဆုံးတာက တကယ်​တော့ သိပ်မ​ကောင်းဘူး။ ​ကျောင်းတစ်​ကျောင်းက သူ့ကို လက်ခံဖို့ ဆန္ဒရှိ​နေသ​ရွေ့ အူးယမ်က ဆရာတစ်​ယောက်အဖြစ် တကယ်ကို ဆက်ရှိချင်​​နေသေးတာဖြစ်တယ်။

အဲ့လူ​ကြောင့် သူက သူ့ရဲ့ရှားပါးတဲ့ဆရာအလုပ်ကို ဆုံးရှုံးခဲ့ရ​ပြီး အရုပ်ဆိုးတဲ့အစက်အ​ပြောက်ဖြစ်လာခဲ့​ပေမယ့် တစ်​နေ့​တော့ သူ အဲ့တာကို ရင်ဆိုင်ရမှာဖြစ်တယ်။

အချိန်အ​တော်ကြာသွားပြီဖြစ်တဲ့အတွက် အဲ့နှစ်က ​"ကျောင်းသားလေးကို လိင်ပိုင်းဆိုင်ရာ​နှောင့်ယှက်မှုလုပ်တယ်" ဆိုတဲ့ ​ကောလဟာလ​တွေက ​မှေးမှိန်ကုန်ပြီဖြစ်တယ်။ သူသ​ဘောကျတဲ့အလုပ်ကို ​နောက်တစ်ကြိမ်ပြန်ရှာလို့ ရနိူင်တယ်။

ဖိုင်ထဲမှာ​တော့ အဲ့မှတ်တမ်းရှိ​နေတယ်။ အထက်တန်း​ကျောင်းနဲ့ အရွယ်မ​ရောက်​သေးတဲ့သူ​တွေရှိတဲ့​နေရာက​တော့ သူ့ကိုလက်ခံမှာမဟုတ်ဘူး။ ​မျှော်လင့်ချက်က အရမ်းကိုမှုန်ဝါးလွန်း​ပေမယ့် စာသင်နိူင်ဖို့အတွက် သူက တက္ကသိုလ်တစ်ခုမှာအလုပ်ရဖို့ ကြိုးစားဆဲဖြစ်တယ်။ သူ့ရဲ့ပညာ​ရေး​နောက်ခံနဲ့ အလုပ်အ​တွေ့အကြုံက မထူးချွန်​နေ​ပေမယ့် သူက အိမ်မှာ ​ခြောက်နှစ်​လောက် အချိန်ဖြုန်းရင်း စာတမ်းအများကြီး​ရေးခဲ့ပြီး​တော့ လုံ​လောက်တဲ့ဗဟုသုတကို နှံ့နှံ့စပ်စပ်ရရှိခဲ့တယ်။ သူ့မှာ လုံ​လောက်တဲ့အရည်အချင်း​တွေရှိတယ်။

ကြိုးစားခြင်းမှာ ထိခိုက်မှုမရှိဘူးဆိုတဲ့စိတ်နဲ့ အူးယမ်က ​ကျောင်း​တော်​တော်များများကို ​လျှောက်ခဲ့ပြီး သူလက်လှမ်းမမီနိူင်တဲ့ထိပ်တန်း​ကျောင်း​တွေကို​တောင်မှ သူ့သတ္တိကိုစု​ဆောင်းပြီး ​လျှောက်ထားခဲ့တယ်။

သူတို့လိုအသက်သုံးဆယ်အရွယ်လူ​တွေက အနှစ်သုံးဆယ်​နဲ့ညီတဲ့အရည်အချင်းတွေရှိသင့်တယ်။

မကြာခင်မှာ သူက ပြန်စာရရှိခဲ့တယ်။ ​တစ်ချိန်တည်းမှာပဲ ကျောင်း​တော်​တော်များများက ယဥ်​ကျေးတဲ့တုံ့ပြန်မှုကို​ပေးတယ်။ အူးယမ်က သူစိတ်အဝင်စားဆုံးဖြစ်တဲ့​ကျောင်းကစာကို စ​ဖွင့်လိုက်ပြီး အသက်ကိုရှူရင်း ဖြည်းဖြည်းချင်းကြည့်လိုက်တယ်။ ဒါ​ပေမယ့် ပထမဆုံးဖြတ်ခနဲကြည့်လိုက်စဥ်မှာပဲ "အလွန်စိတ်မ​ကောင်းပါဘူး" ဆိုတဲ့စကားလုံး​တွေကို မြင်လိုက်ရတယ်။

​မျှော်လင့်ထားသလိုပဲ သူ ငြင်းပယ်ခံလိုက်ရတယ်။ အ​ကြောင်းပြချက်က​တော့ ပါရဂူဘွဲ့ဒီဂရီနဲ့ အဲ့အထက်က လူ​တွေကိုသာ စဥ်းစားတာ​ကြောင့်ဖြစ်တယ်။ အူးယမ်က အနည်းငယ်စိတ်ပျက်သွားပြီး စာ​တွေကို ဆက်ဖွင့်တယ်။ သူက နည်းပညာ​ကောလိပ်နှစ်ခုရဲ့အင်တာဗျူးအ​ကြောင်းကြားစာကို ရလိုက်ပြီး ​နောက်ဆုံး​တော့ အနည်းငယ်စိတ်သက်သာသွားရတယ်။

အူးယမ်က T တက္ကသိုလ်ကစာကို ​နောက်ဆုံးမှဖွင့်ဖို့ ချန်ထားတယ်။ အဲ့တစ်ခုက သူလုံးဝကို မ​မျှော်လင့်ရဲတာဖြစ်တယ်။ T တက္ကသိုလ်က သူ့ရဲ့အမိတက္ကသိုလ်ဖြစ်ပြီး အဲ့နှစ်​တွေမှာ အဆင့်​ကောင်း​တွေရှိခဲ့တဲ့သူ့ကို နေဖို့အခွင့်အ​ရေးမ​ပေးခဲ့ဘူး။ အဲ့အပြင် သူ ​နေနိူင်ရင်​တောင်မှ စင်​​​ပေါ်တက်သင်ရမှာမဟုတ်ဘဲ အုပ်ချုပ်​ရေး ဒါမှမဟုတ် ​ကျောင်းတွင်းထုတ်​ဝေတဲ့​အပိုင်းမှာသာ လုပ်ရလိမ့်မယ်။

အဲ့လို​ကျော်ကြားတဲ့​ကျောင်းမှာ ​ခြေကုပ်ရနိူင်ဖို့အတွက် အရည်အချင်းတစ်ခုပဲလိုအပ်တာမဟုတ်ဘဲ လုံ​လောက်တဲ့အဆက်အသွယ်​တွေပါ ရှိဖို့လိုအပ်တယ်။ သာမာန်လူ​တွေက ဘယ်လိုလုပ်ပြီး အဲ့လိုဟာ​တွေရှိနိူင်မလဲ?

သူက ဝန်ခွင့်စာကို ရလိုက်တဲ့အချိန်မှာ T တက္ကသိုလ်ရဲ့တံဆိပ်​ခေါင်းပါတဲ့ တရားဝင်စာတစ်​စောင်ကိုသာ မြင်လိုက်ရတာဖြစ်တယ်။ သူ အဲ့တာကို လက်ထဲ ကိုင်လိုက်တဲ့အချိန်မှာ အတိတ်ကိုလွမ်းဆွတ်တာကို ခံစားလိုက်ရတယ်။ အူးယမ်က အဲ့တာကို အကြမ်းဖျင်းကြည့်ပြီး ဖွင့်လိုက်တယ်။ သူ့​ဦး​နှောက်က ချက်ချင်းကို "ဝမ်း*" ဆိုတဲ့အသံမြည်လာပြီး သူ့မျက်နှာကလည်း တဖြည်းဖြည်းနီရဲလာခဲ့တယ်။ [*တဝီဝီမြည်တာ]

အဲ့တာက အင်တာဗျူးအ​ကြောင်းကြားစာဖြစ်တယ်။ အူးယမ်ရဲ့ဦး​နှောက်က ​ပေါက်ထွက်ချင်လာတယ်။ သူ အမှားလုပ်ခဲ့တယ်ဆိုတဲ့အ​ကြောက်တရားနဲ့ သူက အမည်, လက်မှတ်နဲ့ စာအ​ကြောင်းအရာ​တွေကို အကြိမ်ကြိမ်ပြန်ကြည့်ပြီး ဒါက သူ့ကို ဟာသလုပ်တဲ့အတုအ​ယောင်မဟုတ်တဲ့အ​ကြောင်း အတည်ပြုလိုက်ရတယ်။ အဲ့​နောက် သူက ​လေးလံစွာထိုင်ချလိုက်ပြီး အဲ့တာကို ပြန်မ​ခေါက်ဘဲ ထပ်ခါတလဲလဲကြည့်ရင်း ​ပျော်ရွှင်​လေးစားမှုက လွှမ်းမိုး​နေခဲ့တယ်။

ဒီအင်တာဗျူးကို လုံးဝလျစ်လျူရှုလို့မရနိူင်ဘူး။ အစမ်းသင်ကြားမှုအတွက် လိုအပ်တဲ့ပစ္စည်း​တွေကို အားစိုက်ထုတ်ပြီးပြင်ဆင်တာအပြင် အူးယမ်က သူ့အသွင်အပြင်ကိုလည်း သပ်ရပ်​အောင် ပြင်ဆင်ရမယ်။

သူ့မှာ အဝတ်အစားက ​တော်​တော်နည်းတယ်။ တစ်နှစ်ပြီးတစ်နှစ်မှာ ကုန်​ခြောက်ဝယ်တာအပြင် အပြင်ထွက်ဖို့ မလိုဘူးဖြစ်တယ်။ သူက အဝတ်အစား​ဟောင်းတွေကိုသာ အများဆုံးဝတ်ဆင်တယ်။ အင်တာဗျူးအတွက်သွားမယ်ဆိုရင် သူ့မှာ ပိုပြီး​တော့ သင့်တင့်​လျောက်ပတ်တဲ့အဝတ်အစား​တွေ ရှိရမယ်။

အူးယမ်က သူ Nan High မှာ အလုပ်လုပ်တုန်းက ဝယ်ခဲ့တဲ့ဝတ်စုံကို ပြန်ရှာ​ဖွေရင်း သူ့အဝတ်ဗီရိုကို သေသပ်​အောင် ဂရုတစိုက်ပြုလုပ်လိုက်တယ်။ အဲ့ဝတ်စုံက ​စတိုင်လ်ဟောင်း​နေ​ပေမယ့် အသစ်အတိုင်းထိန်းသိမ်းထားတာဖြစ်တယ်။

အိပ်ရာဘေးက အံဆွဲထဲမှာ ​နှစ်အ​တော်ကြာအသုံးပြုခဲ့တဲ့, တော်​တော်​​စျေးကြီးတဲ့, အမျိုးမျိုး​သော အဆင်တန်ဆာ​တွေကိုသိမ်းထား​သော ရှားပါးတဲ့​သေတ္တာတစ်လုံးရှိတယ်။ ​သေတ္တာထဲမှာ ​ကျောင်းလီ သူ့ကို ပထမဆုံးအလုပ်လုပ်တဲ့​နေ့တုန်းက ​ဝယ်​ပေးထားတဲ့ နက်ခ်တိုင်မှာတပ်တဲ့ကလစ်ရှိတယ်။ သူက အဲ့တာကို အသုံးပြုခဲတဲ့အတွက် အခု​ အဲ့တာက လုံးဝကို အသစ်အတိုင်းရှိ​နေသင့်တာဖြစ်တယ်။

အူးယမ်က ​သေတ္တာကို အပြင်ထုတ်ယူလိုက်ပြီး သူ့​ခြေ​ထောက်​ပေါ်တင်ဖွင့်ကာ ရှာဖို့ပြင်ဆင်လိုက်တယ်။သူ့အမြင်အာရုံထဲကိုခုန်ဝင်လာတဲ့ ပထမဆုံးအရာက နက်ခ်တိုင်မှာတပ်တဲ့ကလစ်မဟုတ်သလို, ကြိုးအနီနဲ့ ​ကျောက်စိမ်းဘုရားငယ်လည်းမဟုတ်ဘဲ နာရီတစ်လုံးဖြစ်​နေခဲ့တယ်။ ​သေသပ်တိကျစွာ ဒီဇိုင်းဆင်ထားတာက တော်​တော်​လေး​​ကြော့ရှင်းပြီး အချိန်ကာလမ​ရွေးဝတ်နိူင်တဲ့ပုံစံဖြစ်တယ်။ ဒီဇိုင်နာထုတ်, ကုန်​​ပစ္စည်းတွေရဲ့အရည်အ​သွေးက မတူညီဘူး။ အခုထိ နာရီလက်တံက မ​နှေးမမြန်​ရွေ့လျား​နေတုန်းပဲ။

အူးယမ်ရဲ့ဦး​နှောက်က အတိတ်ကအသံ​တွေနဲ့ မြည်ဟီး​နေဆဲဖြစ်တယ်။ ဒီနာရီက သူ လွန်ခဲ့တဲ့အချိန်​အ​တော်ကြာတုန်းက ​ပျောက်ဆုံးခဲ့တာ။ ဒါ​ပေမယ့် အဲ့တာက သူ့မျက်စိ​ရှေ့ကို သရဲတစ်​ကောင်လိုပဲ ​ပေါ်ထွက်လာခဲ့တယ်။ ဒီမှာ ဘယ်လိုလုပ်ပြီး ရှိ​နေတာလဲ?

​ခြောက်နှစ်တာက အလွန်ကြာ​ညောင်းလွန်းတယ်။ အခု သူက ​ရှောင်ရွှမ်းနဲ့ပတ်သက်တဲ့အရာအားလုံးကို လွှတ်ပစ်ခဲ့သလား, ဒါမှမဟုတ် သူက အဲ့တာကို မလွှတ်ပစ်နိူင်ဘဲ ​သေတ္တာထဲမှာ လျှို့ဝှက်စွာသိမ်းထားခဲ့တာလားဆိုတာကို ရှင်းရှင်းလင်းလင်းမမှတ်မိနိူင်​တော့ဘူး။

သူ့​ခေါင်းက တုတ်နဲ့အရိုက်ခံထားရသလိုမျိုး အူးယမ်က လုံးဝကို ရှုပ်​ထွေး​နေတယ်။ သူက အဲ့တာကို အမှိုက်ပုံးထဲ ​နောက်တစ်ကြိမ် ပြန်ထည့်သင့်လား, ဒါမှမဟုတ် ​သေတ္တာထဲကို ပြန်ထည့်ရမလားဆိုတာကို မသိ​တော့ဘူး။


T/N - ​နောက်ကျသွားတဲ့အတွက် gomen😐❤




Zawgyi

အူးယမ္ အိပ္ရာက ထလိုက္တဲ့အခ်ိန္မွာ သူ႕​ေျခ​ေထာက္​ေတြက မရပ္ႏိူင္​ေလာက္​ေအာင္ အားနည္း​ေနခဲ့တယ္။ သူ႕အ​ေနာက္ပိုင္းက လက္​ေခ်ာင္း ဒါမွမဟုတ္ အရာဝတၳဳတစ္ခုခုနဲ႔ ​ေသခ်ာ​ေပါက္ထိုးသြင္းခံထားရတယ္ဆိုတာကို သိလိုက္ရတယ္။ သူ မူးလာတဲ့အခ်ိန္မွာ စိတ္​ေက်နပ္မႈရဖို႔အတြက္ ဒီလိုအရာ​ေတြကိုလုပ္တယ္ဆိုတာကို ​ေတြးမိ​လိုက္ေတာ့ မ႐ွက္ဘဲမ​ေနႏိူင္ခဲ့ဘူးျဖစ္တယ္။

အူးယမ္က အံဆြဲထဲက​ေန အခ်ိန္အ​ေတာ္ၾကာ အသုံးမျပဳျဖစ္ခဲ့တဲ့အိပ္​ေဆး​ေတြကို ထုတ္လိုက္တယ္။ သူက အဲ့​ေဆးေတြကို အိပ္မက္ဆိုး​ေတြမမက္​ေအာင္လို႔ အသုံးျပဳတာျဖစ္တယ္။ ဒါ​ေပမယ့္ အခု​ေတာ့ ​ေကာင္းတဲ့အိပ္မက္​ေတြက ပို​ေၾကာက္စရာ​ေကာင္းတယ္ဆိုတာကို သိလိုက္ရတယ္။

အဲ့အိပ္မက္​ေၾကာင့္ အူးယမ္က သူ႕ကိုယ္သူ ​ေနာက္တစ္ဖန္ျပန္မဆြဲထုတ္ႏိူင္ခင္ ႏွစ္ရက္, သုံးရက္​ေလာက္ စိတ္႐ႈပ္​ေထြး​ေနခဲ့တယ္။ အခ်ိဳ႕မ​ေရရာတဲ့ထင္ျမင္ခ်က္​ေတြက သူ႕ကိုတုန္လႈပ္​ေစ​ေသာ္လည္း သူတို႔ကို အတည္ျပဳဖို႔နည္းလမ္းမ႐ွိဘူးျဖစ္တယ္။ အဲ့တာ​ေတြက သူ႕ရဲ႕ထင္​ေယာင္ထင္မွားျဖစ္မႈေတြလို႔သာ ယုံၾကည္ထားႏိူင္တယ္။

​ေက်ာင္းလီက သူနဲ႔ျပန္သင့္ျမတ္လာတယ္။ မာနႀကီးတဲ့စ႐ိုက္႐ွိ​ေသာလူက သူ႕ကို ​ေဒါသထြက္မိျခင္းအတြက္ ​ေတာင္းပန္လာၿပီး သင္ခန္းစာတစ္ခု​ေပးခဲ့တယ္။

"ဘာ​ေတြပဲျဖစ္လာပါ​ေစ, မင္း ငါ့ကို ေျပာသင့္တယ္, မင္း တိတ္တိတ္ပဲ ေနမယ္ဆို အဲ့တာကိုဆုပ္ကိုင္ထားတဲ့အတြက္ အ​ေႏွးနဲ႔အျမန္ မင္း​ေနမ​ေကာင္းျဖစ္လာလိမ့္မယ္, ၿပီး​ေတာ့ မင္း လမ္းလည္း ​ေလွ်ာက္သင့္တယ္, တစ္ခုခုကို ​ေၾကာက္​ေနလို႔ အိမ္ထဲမွာပုန္း​ေနတာလား? အျပင္က မိန္းမ​ေတြက ဘယ္လိုပဲ အတင္းအဖ်င္း​ေျပာ​ေျပာ, သူတို႔က မင္းကို စားႏိူင္လို႔လား?"

"မင္းရဲ႕ ဒီႏွစ္အတြင္း႐ွိလာခဲ့တဲ့မိတ္​ေဆြ​ေတြကို ၾကည့္လိုက္, မင္း ဒီလိုမ်ိဳးပဲ တစ္​ေန႔လုံး​ေန​ေနတာ မြန္းၾကပ္တယ္လို႔ မခံစားရဘူးလား? ဒီလိုမ်ိဳး မင္းကိုယ္မင္း အာဃာတ​ေတြ ဘယ္လိုလုပ္ၿပီး ထား​ေနႏိူင္တာလဲ? ဒါမွမဟုတ္ ဟိုမိမစစ္ဖမစစ္​ေၾကာင့္ မင္းဘဝတစ္​​ေလွ်ာက္လုံး ​ေကာင္း​ေကာင္းမ​ေနႏိူင္တာလား?"

ဒီလိုအ​ေျပာခံလိုက္ရတဲ့အတြက္ အူးယမ္က သူ႕မွာတစ္ခုခုက တကယ္ကိုမွားယြင္း​ေနတယ္ဆိုတာကို ခံစားလိုက္ရတယ္။

အစတုန္းက သူက အိမ္မွာပဲ ျပန္အဆင္​ေျပ​ေအာင္လုပ္တယ္။ သူ႕ႏွလုံးသားက ဝမ္းနည္း​ေနၿပီး ​ေနရာတိုင္းမွာ အ​ေလွာင္ခံရတဲ့အတြက္ သူက အျပင္ကို မထြက္ရဲခဲ့ဘူး။ တျဖည္းျဖည္းနဲ႔ အဲ့တာက အက်င့္ျဖစ္လာၿပီး သူက ပိုပိုၿပီးသီးျခားျဖစ္လာခဲ့တယ္။ ဒီႏွစ္​ေတြမွာ သူ႕စ႐ိုက္က ေန႔တိုင္းအခြံထဲမွာပဲ ​ေကြး​ေနတဲ့ လိပ္တစ္​ေကာင္လိုျဖစ္လာတယ္။ ​လူ​ေတြက သူ႕ကိုၫႊန္ျပလာတာနဲ႔ သူက သူ႕​ေခါင္းကိုထုတ္ဖို႔သတၱိ​ေတာင္မ႐ွိ​ေတာ့ဘဲ အထဲကိုဝင္ပုန္းတယ္။ တစ္​ေန႔ၿပီးတစ္​ေန႔ သူ႕စိတ္က အျခားသူ​ေတြနဲ႔မတူ​ေတာ့ဘဲ စိတ္ဓါတ္က်​ေနၿပီး ပတ္ဝန္းက်င္နဲ႔ထိ​ေတြ႕မႈမ႐ွိ​ေတာ့ဘူး။

သူက အရင္တုန္းကလည္း ​ေတာ္​ေတာ္ေလးကို ဘာသိဘာသာ​ေနတတ္​ေပမယ့္ အထီးက်န္တဲ့အဆင့္ထိ​ေတာ့ မဟုတ္​ေပ။ အခု​ေတာ့ ​ေက်ာင္းလီလို ကာကြယ္​ေပးတတ္တဲ့လူ​ေတာင္မွ သူ႕ကို စကားအနည္းငယ္မ​ေျပာဘဲမ​ေနႏိူင္​ေတာ့ဘူးျဖစ္တယ္။ သူ တကယ္ကို ​ေျပာင္းလဲမႈ​ေတြလုပ္သင့္တယ္ဆိုတာ ထင္႐ွားတယ္။

သူက ႐ုတ္တရက္ပဲ သတၱိ႐ွိလာၿပီး မ​ေမွ်ာ္လင့္ထားတဲ့ခံစားခ်က္ကို ရလိုက္တယ္။ တကယ္​ေတာ့ အဲ့အခ်ိန္က​ေနစၿပီး အခုထိဆို ​ေျခာက္ႏွစ္​ေတာင္​ေက်ာ္လာခဲ့ၿပီျဖစ္တယ္။ သူ႕ဒဏ္ရာ​ေတြကိုကုသရင္း ႐ႈပ္​ေထြးစြာ​ေနလာတဲ့အခ်ိန္​ေတြက ​ေတာ္​ေတာ္လုံ​ေလာက္​ေနခဲ့ၿပီ။ သူ႕ဘဝတစ္​ေလွ်ာက္လုံးကို ဒီလိုပဲ မ​ေနႏိူင္ဘူးျဖစ္တယ္။

သူက အဲ့အတိတ္​ေၾကာင့္ သူ႕ကိုယ္ပိုင္အနာဂတ္ကို မပ်က္စီး​​ေစခ်င္ဘူး။

အူးယမ္က သူ႕ကိုယ္​ေရးရာဇဝင္ကို စတင္စု​ေဆာင္းၿပီး အလုပ္​ေအဂ်င္စီ*ကို မၾကာခဏသြားရင္း အလုပ္တစ္ခု႐ွာ​ေဖြဖို႔ ႀကိဳးစားခဲ့တယ္။ [*အလုပ္႐ွာတဲ့​ေနရာ]

တစ္​ေန႔လုံး အိမ္မွာပဲ စကားလုံး​ေတြ, ဇာတ္​ေကာင္ေတြနဲ႔အလုပ္လုပ္ရင္း အခ်ိန္ကုန္ဆုံးတာက တကယ္​ေတာ့ သိပ္မ​ေကာင္းဘူး။ ​ေက်ာင္းတစ္​ေက်ာင္းက သူ႕ကို လက္ခံဖို႔ ဆႏၵ႐ွိ​ေနသ​ေ႐ြ႕ အူးယမ္က ဆရာတစ္​ေယာက္အျဖစ္ တကယ္ကို ဆက္႐ွိခ်င္​​ေနေသးတာျဖစ္တယ္။

အဲ့လူ​ေၾကာင့္ သူက သူ႕ရဲ႕႐ွားပါးတဲ့ဆရာအလုပ္ကို ဆုံး႐ႈံးခဲ့ရ​ၿပီး အ႐ုပ္ဆိုးတဲ့အစက္အ​ေျပာက္ျဖစ္လာခဲ့​ေပမယ့္ တစ္​ေန႔​ေတာ့ သူ အဲ့တာကို ရင္ဆိုင္ရမွာျဖစ္တယ္။

အခ်ိန္အ​ေတာ္ၾကာသြားၿပီျဖစ္တဲ့အတြက္ အဲ့ႏွစ္က ​"ေက်ာင္းသားေလးကို လိင္ပိုင္းဆိုင္ရာ​ေႏွာင့္ယွက္မႈလုပ္တယ္" ဆိုတဲ့ ​ေကာလဟာလ​ေတြက ​ေမွးမွိန္ကုန္ၿပီျဖစ္တယ္။ သူသ​ေဘာက်တဲ့အလုပ္ကို ​ေနာက္တစ္ႀကိမ္ျပန္႐ွာလို႔ ရႏိူင္တယ္။

ဖိုင္ထဲမွာ​ေတာ့ အဲ့မွတ္တမ္း႐ွိ​ေနတယ္။ အထက္တန္း​ေက်ာင္းနဲ႔ အ႐ြယ္မ​ေရာက္​ေသးတဲ့သူ​ေတြ႐ွိတဲ့​ေနရာက​ေတာ့ သူ႕ကိုလက္ခံမွာမဟုတ္ဘူး။ ​ေမွ်ာ္လင့္ခ်က္က အရမ္းကိုမႈန္ဝါးလြန္း​ေပမယ့္ စာသင္ႏိူင္ဖို႔အတြက္ သူက တကၠသိုလ္တစ္ခုမွာအလုပ္ရဖို႔ ႀကိဳးစားဆဲျဖစ္တယ္။ သူ႕ရဲ႕ပညာ​ေရး​ေနာက္ခံနဲ႔ အလုပ္အ​ေတြ႕အၾကဳံက မထူးခြၽန္​ေန​ေပမယ့္ သူက အိမ္မွာ ​ေျခာက္ႏွစ္​ေလာက္ အခ်ိန္ျဖဳန္းရင္း စာတမ္းအမ်ားႀကီး​ေရးခဲ့ၿပီး​ေတာ့ လုံ​ေလာက္တဲ့ဗဟုသုတကို ႏွံ႔ႏွံ႔စပ္စပ္ရ႐ွိခဲ့တယ္။ သူ႕မွာ လုံ​ေလာက္တဲ့အရည္အခ်င္း​ေတြ႐ွိတယ္။

ႀကိဳးစားျခင္းမွာ ထိခိုက္မႈမ႐ွိဘူးဆိုတဲ့စိတ္နဲ႔ အူးယမ္က ​ေက်ာင္း​ေတာ္​ေတာ္မ်ားမ်ားကို ​ေလွ်ာက္ခဲ့ၿပီး သူလက္လွမ္းမမီႏိူင္တဲ့ထိပ္တန္း​ေက်ာင္း​ေတြကို​ေတာင္မွ သူ႕သတၱိကိုစု​ေဆာင္းၿပီး ​ေလွ်ာက္ထားခဲ့တယ္။

သူတို႔လိုအသက္သုံးဆယ္အ႐ြယ္လူ​ေတြက အႏွစ္သုံးဆယ္​နဲ႔ညီတဲ့အရည္အခ်င္းေတြ႐ွိသင့္တယ္။

မၾကာခင္မွာ သူက ျပန္စာရ႐ွိခဲ့တယ္။ ​တစ္ခ်ိန္တည္းမွာပဲ ေက်ာင္း​ေတာ္​ေတာ္မ်ားမ်ားက ယဥ္​ေက်းတဲ့တုံ႔ျပန္မႈကို​ေပးတယ္။ အူးယမ္က သူစိတ္အဝင္စားဆုံးျဖစ္တဲ့​ေက်ာင္းကစာကို စ​ဖြင့္လိုက္ၿပီး အသက္ကို႐ွဴရင္း ျဖည္းျဖည္းခ်င္းၾကည့္လိုက္တယ္။ ဒါ​ေပမယ့္ ပထမဆုံးျဖတ္ခနဲၾကည့္လိုက္စဥ္မွာပဲ "အလြန္စိတ္မ​ေကာင္းပါဘူး" ဆိုတဲ့စကားလုံး​ေတြကို ျမင္လိုက္ရတယ္။

​ေမွ်ာ္လင့္ထားသလိုပဲ သူ ျငင္းပယ္ခံလိုက္ရတယ္။ အ​ေၾကာင္းျပခ်က္က​ေတာ့ ပါရဂူဘြဲ႕ဒီဂရီနဲ႔ အဲ့အထက္က လူ​ေတြကိုသာ စဥ္းစားတာ​ေၾကာင့္ျဖစ္တယ္။ အူးယမ္က အနည္းငယ္စိတ္ပ်က္သြားၿပီး စာ​ေတြကို ဆက္ဖြင့္တယ္။ သူက နည္းပညာ​ေကာလိပ္ႏွစ္ခုရဲ႕အင္တာဗ်ဴးအ​ေၾကာင္းၾကားစာကို ရလိုက္ၿပီး ​ေနာက္ဆုံး​ေတာ့ အနည္းငယ္စိတ္သက္သာသြားရတယ္။

အူးယမ္က T တကၠသိုလ္ကစာကို ​ေနာက္ဆုံးမွဖြင့္ဖို႔ ခ်န္ထားတယ္။ အဲ့တစ္ခုက သူလုံးဝကို မ​ေမွ်ာ္လင့္ရဲတာျဖစ္တယ္။ T တကၠသိုလ္က သူ႕ရဲ႕အမိတကၠသိုလ္ျဖစ္ၿပီး အဲ့ႏွစ္​ေတြမွာ အဆင့္​ေကာင္း​ေတြ႐ွိခဲ့တဲ့သူ႕ကို ေနဖို႔အခြင့္အ​ေရးမ​ေပးခဲ့ဘူး။ အဲ့အျပင္ သူ ​ေနႏိူင္ရင္​ေတာင္မွ စင္​​​ေပၚတက္သင္ရမွာမဟုတ္ဘဲ အုပ္ခ်ဳပ္​ေရး ဒါမွမဟုတ္ ​ေက်ာင္းတြင္းထုတ္​ေဝတဲ့​အပိုင္းမွာသာ လုပ္ရလိမ့္မယ္။

အဲ့လို​ေက်ာ္ၾကားတဲ့​ေက်ာင္းမွာ ​ေျခကုပ္ရႏိူင္ဖို႔အတြက္ အရည္အခ်င္းတစ္ခုပဲလိုအပ္တာမဟုတ္ဘဲ လုံ​ေလာက္တဲ့အဆက္အသြယ္​ေတြပါ ႐ွိဖို႔လိုအပ္တယ္။ သာမာန္လူ​ေတြက ဘယ္လိုလုပ္ၿပီး အဲ့လိုဟာ​ေတြ႐ွိႏိူင္မလဲ?

သူက ဝန္ခြင့္စာကို ရလိုက္တဲ့အခ်ိန္မွာ T တကၠသိုလ္ရဲ႕တံဆိပ္​ေခါင္းပါတဲ့ တရားဝင္စာတစ္​ေစာင္ကိုသာ ျမင္လိုက္ရတာျဖစ္တယ္။ သူ အဲ့တာကို လက္ထဲ ကိုင္လိုက္တဲ့အခ်ိန္မွာ အတိတ္ကိုလြမ္းဆြတ္တာကို ခံစားလိုက္ရတယ္။ အူးယမ္က အဲ့တာကို အၾကမ္းဖ်င္းၾကည့္ၿပီး ဖြင့္လိုက္တယ္။ သူ႕​ဦး​ေႏွာက္က ခ်က္ခ်င္းကို "ဝမ္း*" ဆိုတဲ့အသံျမည္လာၿပီး သူ႕မ်က္ႏွာကလည္း တျဖည္းျဖည္းနီရဲလာခဲ့တယ္။ [*တဝီဝီျမည္တာ]

အဲ့တာက အင္တာဗ်ဴးအ​ေၾကာင္းၾကားစာျဖစ္တယ္။ အူးယမ္ရဲ႕ဦး​ေႏွာက္က ​ေပါက္ထြက္ခ်င္လာတယ္။ သူ အမွားလုပ္ခဲ့တယ္ဆိုတဲ့အ​ေၾကာက္တရားနဲ႔ သူက အမည္, လက္မွတ္နဲ႔ စာအ​ေၾကာင္းအရာ​ေတြကို အႀကိမ္ႀကိမ္ျပန္ၾကည့္ၿပီး ဒါက သူ႕ကို ဟာသလုပ္တဲ့အတုအ​ေယာင္မဟုတ္တဲ့အ​ေၾကာင္း အတည္ျပဳလိုက္ရတယ္။ အဲ့​ေနာက္ သူက ​ေလးလံစြာထိုင္ခ်လိုက္ၿပီး အဲ့တာကို ျပန္မ​ေခါက္ဘဲ ထပ္ခါတလဲလဲၾကည့္ရင္း ​ေပ်ာ္႐ႊင္​ေလးစားမႈက လႊမ္းမိုး​ေနခဲ့တယ္။

ဒီအင္တာဗ်ဴးကို လုံးဝလ်စ္လ်ဴ႐ႈလို႔မရႏိူင္ဘူး။ အစမ္းသင္ၾကားမႈအတြက္ လိုအပ္တဲ့ပစၥည္း​ေတြကို အားစိုက္ထုတ္ၿပီးျပင္ဆင္တာအျပင္ အူးယမ္က သူ႕အသြင္အျပင္ကိုလည္း သပ္ရပ္​ေအာင္ ျပင္ဆင္ရမယ္။

သူ႕မွာ အဝတ္အစားက ​ေတာ္​ေတာ္နည္းတယ္။ တစ္ႏွစ္ၿပီးတစ္ႏွစ္မွာ ကုန္​ေျခာက္ဝယ္တာအျပင္ အျပင္ထြက္ဖို႔ မလိုဘူးျဖစ္တယ္။ သူက အဝတ္အစား​ေဟာင္းေတြကိုသာ အမ်ားဆုံးဝတ္ဆင္တယ္။ အင္တာဗ်ဴးအတြက္သြားမယ္ဆိုရင္ သူ႕မွာ ပိုၿပီး​ေတာ့ သင့္တင့္​ေလ်ာက္ပတ္တဲ့အဝတ္အစား​ေတြ ႐ွိရမယ္။

အူးယမ္က သူ Nan High မွာ အလုပ္လုပ္တုန္းက ဝယ္ခဲ့တဲ့ဝတ္စုံကို ျပန္႐ွာ​ေဖြရင္း သူ႕အဝတ္ဗီ႐ိုကို ေသသပ္​ေအာင္ ဂ႐ုတစိုက္ျပဳလုပ္လိုက္တယ္။ အဲ့ဝတ္စုံက ​စတိုင္လ္ေဟာင္း​ေန​ေပမယ့္ အသစ္အတိုင္းထိန္းသိမ္းထားတာျဖစ္တယ္။

အိပ္ရာေဘးက အံဆြဲထဲမွာ ​ႏွစ္အ​ေတာ္ၾကာအသုံးျပဳခဲ့တဲ့, ေတာ္​ေတာ္​​ေစ်းႀကီးတဲ့, အမ်ိဳးမ်ိဳး​ေသာ အဆင္တန္ဆာ​ေတြကိုသိမ္းထား​ေသာ ႐ွားပါးတဲ့​ေသတၱာတစ္လုံး႐ွိတယ္။ ​ေသတၱာထဲမွာ ​ေက်ာင္းလီ သူ႕ကို ပထမဆုံးအလုပ္လုပ္တဲ့​ေန႔တုန္းက ​ဝယ္​ေပးထားတဲ့ နက္ခ္တိုင္မွာတပ္တဲ့ကလစ္႐ွိတယ္။ သူက အဲ့တာကို အသုံးျပဳခဲတဲ့အတြက္ အခု​ အဲ့တာက လုံးဝကို အသစ္အတိုင္း႐ွိ​ေနသင့္တာျဖစ္တယ္။

အူးယမ္က ​ေသတၱာကို အျပင္ထုတ္ယူလိုက္ၿပီး သူ႕​ေျခ​ေထာက္​ေပၚတင္ဖြင့္ကာ ႐ွာဖို႔ျပင္ဆင္လိုက္တယ္။သူ႕အျမင္အာ႐ုံထဲကိုခုန္ဝင္လာတဲ့ ပထမဆုံးအရာက နက္ခ္တိုင္မွာတပ္တဲ့ကလစ္မဟုတ္သလို, ႀကိဳးအနီနဲ႔ ​ေက်ာက္စိမ္းဘုရားငယ္လည္းမဟုတ္ဘဲ နာရီတစ္လုံးျဖစ္​ေနခဲ့တယ္။ ​ေသသပ္တိက်စြာ ဒီဇိုင္းဆင္ထားတာက ေတာ္​ေတာ္​ေလး​​ေၾကာ့႐ွင္းၿပီး အခ်ိန္ကာလမ​ေ႐ြးဝတ္ႏိူင္တဲ့ပုံစံျဖစ္တယ္။ ဒီဇိုင္နာထုတ္, ကုန္​​ပစၥည္းေတြရဲ႕အရည္အ​ေသြးက မတူညီဘူး။ အခုထိ နာရီလက္တံက မ​ေႏွးမျမန္​ေ႐ြ႕လ်ား​ေနတုန္းပဲ။

အူးယမ္ရဲ႕ဦး​ေႏွာက္က အတိတ္ကအသံ​ေတြနဲ႔ ျမည္ဟီး​ေနဆဲျဖစ္တယ္။ ဒီနာရီက သူ လြန္ခဲ့တဲ့အခ်ိန္​အ​ေတာ္ၾကာတုန္းက ​ေပ်ာက္ဆုံးခဲ့တာ။ ဒါ​ေပမယ့္ အဲ့တာက သူ႕မ်က္စိ​ေ႐ွ႕ကို သရဲတစ္​ေကာင္လိုပဲ ​ေပၚထြက္လာခဲ့တယ္။ ဒီမွာ ဘယ္လိုလုပ္ၿပီး ႐ွိ​ေနတာလဲ?

​ေျခာက္ႏွစ္တာက အလြန္ၾကာ​ေညာင္းလြန္းတယ္။ အခု သူက ​ေ႐ွာင္႐ႊမ္းနဲ႔ပတ္သက္တဲ့အရာအားလုံးကို လႊတ္ပစ္ခဲ့သလား, ဒါမွမဟုတ္ သူက အဲ့တာကို မလႊတ္ပစ္ႏိူင္ဘဲ ​ေသတၱာထဲမွာ လွ်ိဳ႕ဝွက္စြာသိမ္းထားခဲ့တာလားဆိုတာကို ႐ွင္း႐ွင္းလင္းလင္းမမွတ္မိႏိူင္​ေတာ့ဘူး။

သူ႕​ေခါင္းက တုတ္နဲ႔အ႐ိုက္ခံထားရသလိုမ်ိဳး အူးယမ္က လုံးဝကို ႐ႈပ္​ေထြး​ေနတယ္။ သူက အဲ့တာကို အမိႈက္ပုံးထဲ ​ေနာက္တစ္ႀကိမ္ ျပန္ထည့္သင့္လား, ဒါမွမဟုတ္ ​ေသတၱာထဲကို ျပန္ထည့္ရမလားဆိုတာကို မသိ​ေတာ့ဘူး။


T/N - ​ေနာက္က်သြားတဲ့အတြက္ gomen😐❤



Continue Reading

You'll Also Like

1.2M 131K 141
Type : Web Novel Title :SAYE (Run Freely) Author : WuZhe Chapter - 145+ 5 extras Status -on going Main Lead -Jiang Cheng(ကျန်ချန်) Main Lead -Gu Fe...
6.6M 431K 94
Hanary Victor + Loon Tar Nay San
456K 84.8K 120
Title -[ Flame Armor ] Original Author - Chapters - 196 chapters + 4 extras " 3 , 10 , 2020 " -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆ...
260K 10.8K 37
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...