This Mafia Fall In You [ ဒီမာ...

By _ShoYo_61

488K 39.9K 2.8K

ရုတ်ရင့်ကြမ်းတမ်းတဲ့ Mafia တစ်ယောက် အချစ်မှာ နစ်မြောသွားတဲ့အခါ ...( OC မဟုတ်ပါ OTP fiction ပါ ) Warning - Sex... More

စာအမြည်း
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄ [ Adult ]
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉ ( Adult )
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃ ( Adult )
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈ [ Adult ]
Bonus ( Gifts )
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁ [ Adult ]
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁ [ Final ]
Book Announcement 1

အပိုင်း ၂၂

10.3K 968 83
By _ShoYo_61

အပိုင်း ၂၂ [ Unicode Version ]

" မင်းအရင်ပြန်နှင့်လေ Yixing "

ပါမောက္ခ Round လှည့်တဲ့နောက်ကို Note မှတ်ဖို့ လိုက်ပြီးတဲ့အချိန် ကျောင်းကိုအတူပြန်ဖို့ စောင့်နေရှာတဲ့ Yixing ခမျာ Baekhyun စကားကြောင့် အကြောင်သားလေး ဖြစ်သွားရရှာတယ် ။

" မင်းကရော ? "

" သြ - ခြေကျင်းဝတ်က ပြန်နာလာသလိုတွေ့လို့ စီနီယာ့ဆီ ခဏဝင်ပြမလို့ "

သိပ်အသက်မပါလှတဲ့ အပြုံးတစ်ခုကိုပြုံးပြရင်း ပြောတဲ့ Baekhyun က သိသိသာသာကို အားအင်မရှိတဲ့ပုံပေါ်နေတယ် ။ ဒီလိုပုံစံကို Yixing ဘယ်လို တစ်ယောက်တည်း ထားခဲ့ရမလဲ ။

" ဒါဆိုလည်း ဝင်ပြလေ ၊ ငါစောင့်နေမယ် "

" နေ့လည်စာ စားဖို့နောက်ကျနေပါဦးမယ်
ပြန်နှင့်လိုက် "

Baekhyun ပုံစံက နည်းနည်း မသင်္ကာစရာကောင်းတယ် ။ တစ်မနက်လုံးလည်း အတွေးများသလို ဖြစ်နေတာကို Yixing သတိထားမိပါရဲ့ ။ ပါမောက္ခမေးတဲ့ မေးခွန်းတွေကိုတောင် အလွဲလွဲအချော်ချော်နဲ့ ။

" Baekhyun မင်းအဆင်ပြေရဲ့လား "

ကိုယ်တွေဘာတွေများ ပူနေသလားလို့ Yixing က နဖူးကို စမ်းလာတော့ Baekhyun သတိလေး ပိုကပ်သွားတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအကြောင်းကိုတော့ Yixing ကို အသိမခံနိုင်ဘူး ။

" တကယ်နေကောင်းပါတယ် ။
ပြီးရင် ငါစီနီယာ့ကို ကျောင်းအထိလိုက်ပို့ခိုင်းလိုက်မယ် ။
မင်းစိုးရိမ်မနေပဲ ပြန်နှင့် "

တစ်ယောက်တည်းထားခဲ့ဖို့ စိတ်မချတဲ့ Yixing က စီနီယာ ဟျိုဆော့ ကိုလိုက်ပို့ခိုင်းမယ်ဆိုတော့ နည်းနည်းစိတ်လျှော့လိုက်ပုံပဲ ။ သက်ပြင်းတစ်ချက်ချလာပြီး Baekhyun ကို မှာတယ် ။

" တစ်ယောက်တည်း ပြန်မလာနဲ့နော် ။
သေချာပေါက် လိုက်ပို့ခိုင်း "

" အင်းပါ "

" ဒါဆို ငါသွားပြီနော် "

" အင်း အင်း ၊ ဂရုစိုက်သွား "

နောက်ပြန်တစ်ခေါက်ပြန်လှည့်ကြည့်လို့ အထပ်ထပ်အခါခါ စစ်ဆေးပြီးမှ ကျောခိုင်းထွက်သွားတဲ့ Yixing မြင်ကွင်းရှေ့ကနေ ပျောက်သွားတော့မှ Baekhyun ပါးဖောင်းလို့ လေပူတွေ မှုတ်ထုတ်ပစ်လိုက်ရတယ် ။

အဲ့ဒါပြီးမှာတော့ များပြားလွန်းတဲ့ အတွေးတွေနဲ့အတူ စီနီယာဟျိုဆော့ရဲ့ ရုံးခန်းရှိရာဆီကို Baekhyun ခပ်ဖြည်းဖြည်း လျှောက်လာခဲ့လေရဲ့ ။

_______________________

" စီနီယာ ၊ ကျွန်တော်ဝင်လာလို့ရလား "

တံခါးဝကနေ အရင်အသံပေးပြီး ခွင့်တောင်းတော့ ဆေးစာရွက်တွေကြားထဲ အလုပ်ရှုပ်နေတဲ့ စီနီယာက ခေါင်းထောင်ကြည့်လာတယ် ။

" သြ ၊ Baekhyun ဝင်ခဲ့လေ "

Baekhyun ရိုသေသမှုနဲ့ တစ်ချက်ဦးညွှတ်လို့ ဝင်လာပြီးတဲ့နောက် အခန်းတံခါးကို အသေအချာပြန်စေ့ထားလိုက်တယ် ။ ပြီးတာနဲ့ စီနီယာ့အလုပ်စားပွဲရှေ့က ဆွေးနွေးဖို့အတွက် ချထားပေးတဲ့ ထိုင်ခုံမှာ ဝင်ထိုင်လိုက်တော့တာပဲ ။

" ကဲ ၊ ဘာတွေ မေးစရာရှိလို့လဲ ပြောပါဦး စာဂျပိုးရဲ့ "

ထုံးစံအတိုင်း နားမလည်တဲ့စာတွေ လာမေးတယ်အထင်နဲ့ စီနီယာက ဆေးစာရွက်တွေကို စားပွဲပေါ် စီထောက်နေရင်းကနေ Baekhyun ဆီကိုတောင် အကြည့်မရောက်ဘဲ ပေါ့ပေါ့ပါးပါး မေးလာလေရဲ့ ။

Baekhyun ဟာ ခဏအကြာထိ မဝံ့မရဲ ဖြစ်နေပြီးတဲ့နောက်မှာတော့ စိတ်ကို ဒုန်းဒုန်းချလိုက်တယ် ။ အသက်ကိုဖြည်းဖြည်းရှူလို့ သူ့အခြေအနေကို ပြောပြဖို့ ပြင်လိုက်တော့တယ် ။

" ဒီတစ်ခါ စီနီယာ့ဆီကို ကျွန်တော်လာတာ လူနာအနေနဲ့ပါ "

ရုတ်တရက် တိတ်ဆိတ်သွားတဲ့ အခန်းထဲမှာ စီနီယာဟျိုဆော့ဟာ လုပ်လက်စတွေ ရုတ်တရက် ရပ်တန့်သွားပြီး ခေတ္တကြောင်အ သွားရှာတယ် ။ အခြေအနေကို သဘောပေါက်ပြီးတဲ့နောက်မှာတော့ မျက်တောင် နှစ်ချက်မျှ ခတ်လို့ သူ့လုပ်လက်စ အလုပ်တွေ အားလုံး ရပ်ထားလိုက်ပြီး Baekhyun ဆီကိုပဲ အပြည့်အဝ အာရုံစိုက်လာလေရဲ့ ။

" ပြော Baekhyun
ဘာဖြစ်လို့လဲ "

Baekhyun ရဲ့ မျက်နှာထက်မှာ စိုးရိမ်မှု ခပ်ပါးပါးလေး ဖုံးလွှမ်းနေတာ အတိုင်းသားပဲ ။ ဒါပေမယ့် မပြောလို့မပြီးတဲ့ ကိစ္စမို့ သူအကြာကြီး အချိန်မဆွဲချင်ဘူး ။

" ကျွန်တော့်မှာ Symptom နည်းနည်း ပေါ်နေတယ် ။ ကျွန်တော့်ခန့်မှန်းရသလောက်တော့.. "

Baekhyun ဟာ ချထားတဲ့ မျက်လွှာတွေကိုပင့်လို့ အသက်ကိုရှိုက်ရင်း စီနီယာ့ မျက်လုံးတွေနဲ့အတူ အလေးအနက် အကြည့်ချင်းဆုံလိုက်တယ် ။

" ဦးနှောက်အကြိတ်တည်နေတယ်လို့ ထင်ပါတယ် "

ဆရာဝန်တစ်ယောက်ဖြစ်နေတဲ့ အလျောက် စီနီယာဟျိုဆော့က အထူးတလည် အံ့သြသွားတာမျိုးတော့ မရှိဘူး ။ အဲ့ဒီအစား အနည်းငယ် စဥ်းစဥ်းစားစား ဖြစ်သွားပုံနဲ့ မျက်လုံးတွေကို ဟိုဒီ ကစားရင်း ခေါင်းတငြိမ့်ငြိမ့် လုပ်နေရှာတယ် ။

" Symptom တွေကဘယ်ချိန်က စပေါ်တာလဲ "

ပြန်လည်မော့ကြည့်လို့ မေးလာတဲ့ စီနီယာကို Baekhyun အသေအချာပဲ တစ်ခုချင်းစီ ရှင်းပြလိုက်တယ် ။

" ခေါင်းကိုက်နေတာတော့ 2 ပတ်လောက်ရှိသွားပြီ ။ တစ်ခါတလေ တော်တော်ဆိုးဆိုးရွားရွား စူးကိုက်ပေမယ့် အိပ်ချိန်မလုံလောက်လို့ လို့ပဲ ထင်နေတာ ။ ခေါင်းကိုက်ပျောက်ဆေးတွေ သောက်လည်း မသက်သာဘူး ။ မနေ့က အစာမပါဘဲ အရည်တွေချည်း ပျို့ပျို့အန်တော့မှ သတိရမိတာ ။ သိပ်တော့ မသေချာပေမယ့် အဲ့လိုပဲ ဖြစ်မယ်ထင်တယ် "

သူ့ရဲ့ တည်တည်ငြိမ်ငြိမ် ရှင်းပြချက်အချို့ကို နားထောင်ပြီးတဲ့နောက် စီနီယာက သက်ပြင်းချလို့ စီစဥ်စရာ ရှိတာတွေ စီစဥ်ပေးလာတယ် ။

" အရင်ဆုံး CT ရိုက်ကြည့်ကြရအောင် ။
ခုပဲ ဝင်ပြီးရိုက်သွား ။ Result က တစ်ရက်စောင့်ပြီးရင် ထွက်လာလိမ့်မယ် ။ မနက်ဖြန် ကျောင်းဆင်းရင်ဝင်ခဲ့ ။ အဲ့တော့မှ Result ကြည့်ပြီး ဆက်ပြောကြတာပေါ့ "

" ဟုတ်ကဲ့ "

Baekhyun ခဏလောက် ငြိမ်သက်သွားတာကို မြင်တော့ စီနီယာက ပေါ့ပေါ့ပါးပါး ဖြစ်အောင် စကားပြောပေးလာတယ် ။

" အရမ်းကြီးလည်း စိတ်ထဲထားမနေနဲ့ ။ ဟုတ်ချင်မှ ဟုတ်မှာ ။ အကယ်၍ ဖြစ်လာခဲ့ရင်လည်း မင်းအသက်အရွယ်လေးနဲ့ ဘာမှစိုးရိမ်စရာမရှိဘူး ။ အကြိတ်က ခုမှ တည်စပဲ ရှိဦးမှာ အလွန်ဆုံးရှိ Stage 2 လောက်ပေါ့ "

" စီနီယာ "

" အေး "

Baekhyun က ဟျိုဆော့ပြောစကားထက် သူ့ဟာနဲ့သူ အတွေးများနေသလိုပဲ ။

" အကယ်၍ အကြိတ်တည်နေတယ်ဆို ခွဲထုတ်ရမှာမလား ။ စာမေးပွဲကဖြေဖို့ သုံးလပဲ လိုတော့တာ "

" အဲ့တာတွေ တွေးပူမနေပါနဲ့ကွာ ။ အောင်မှတ်လောက်ကတော့ မင်းအနေအထားနဲ့ အခုထဖြေရင်တောင် ရတယ် ။ ပြီးတော့ ဦးနှောက်အကြိတ်တည်တာက Stress ကြောင့် စတယ်ဆိုတာကို သိတယ်မလား ။ သိပ်စိတ်ဖိစီးမခံနဲ့ ။ ပေါ့ပေါ့ပါးပါးပဲနေ "

Baekhyun ခေါင်းသာညိတ်လိုက်ရပေမယ့် အာမမခံနိုင်ဘူး ။ နဂိုဗီဇကိုက Anxiety များတဲ့သူမျိုးမို့ ခုချိန်တောင် သူ့ဦးနှောက်ထဲမှာ ပူပန်စရာတွေ အများကြီးပဲ ။ 6 နှစ်တာ ကာလကို ဖြတ်ကျော်နိုင်ဖို့ 5 နှစ်နီးပါးကြိုးစားပြီးခါမှ ခုတော့ ကောက်ခါငင်ခါ ကျန်းမာရေး ပြသနာတွေ ပေါ်ပေါက်လာပြီ ။ ဒီနှစ်စာမေးပွဲကိုတော့ သူဘယ်လိုမှ လွဲချော်သွားလို့မဖြစ်ဘူး ။

_____________________________________

ကျောင်းဆင်းတော့ ထုံးစံအတိုင်း လာကြိုတဲ့ကားတွေက ကျောင်းရှေ့မှာ တန်းစီနေတယ် ။ စာမေးပွဲနီးလာပြီမို့ အနေအထိုင် ကန့်သတ်ခံထားရတဲ့ Chanyeol ခမျာ သူချစ်သူလေးကို အလွမ်းပြေတွေ့ရမယ့်အချိန်က ခုလို ကျောင်းသွားကျောင်းပြန် အချိန်လောက်ပဲ ရှိရှာတယ် ။

ဒီနေ့တော့ ကားထဲကို ဝင်လာလာချင်း သူ့ကို လာဖက်တွယ်ပြီး ရင်ခွင်ထဲ တိုးဝင်လာတဲ့ ကောင်လေးကြောင့် Chanyeol အလိုလိုပြုံးမိသွားရပြီး ဆံပင်ပျော့ပျော့လေးတွေကို ဆွဲဖွပစ်လိုက်လေရဲ့ ။ ဆေးနံ့သင်းသင်းပျံ့နေတဲ့ ကိုယ်လေးက ဒီနေ့တော့ ပိုပြီး နည်းနည်း နွမ်းနယ်နေသလိုပဲ ။

" စာတွေလုပ်ရလွန်းလို့ ပင်ပန်းနေပြီလား
မျက်နှာလေးတောင် ချောင်ကျသွားသလိုပဲ "

Baekhyun ကတော့ စကားတွေတုန့်ပြန်ပြောနေမယ့်အစား ပေါင်ပေါ်လှဲအိပ်လိုက်ပြီး Coat အင်္ကျီခွဲကြားထဲကနေ ခေါင်းတိုးဝင်လို့ မျက်နှာလေးကို အပ်ထားရှာတယ် ။ ရင်းနှီးနေတဲ့ ကိုယ်သင်းနံ့ကို ခပ်ဝဝ ရှူသွင်းပစ်လိုက်ရင် နည်းနည်းပဲဖြစ်ဖြစ် ခေါင်းကိုက်သက်သာသွားလောက်တယ်မလား ။

" ဘေဘီ ၊ အရမ်းပင်ပန်းနေလား
ဗိုက်ရော မဆာဘူးလား ၊ ကိုယ် ဘာဝင်ဝယ်ကျွေးရမလဲ ။
စားချင်တာမရှိဘူးလား "

Baekhyun ချစ်ရသူရဲ့ ဗိုက်သားထဲတိုးဝင်အပ်ထားတဲ့ မျက်နှာလေးကို ခပ်ဖြည်းဖြည်း ယမ်းခါပြလိုက်ရင်း အသံတ်ိုးတိုးလေးနဲ့ ပြန်ဖြေလိုက်တယ် ။

" အဲ့ဒီအစား ဒီနေ့ Chan အိမ်ကိုခေါ်သွားပေး ။
ပြီးရင် ဒီညကျွန်တော့်ကို ဖက်ပြီးသိပ် "

ဒီနေ့တစ်နေ့တော့ အနားကပ်ခွင့်ပေးတဲ့သဘောပေါ်နေတာမို့ Chanyeol ပါးချိုင့်ကြီးတစ်ဖက်ပေါ်အောင်ထိ ပြုံးမိလိုက်ပါရဲ့ ။ အသက်ရှူသံမှန်မှန်လေးနဲ့ ခဏမှေးဖို့ပြင်နေပုံပေါ်တဲ့ ကောင်လေးကြောင့် သူလည်း ဘာမှဆက်မပြောတော့ဘဲ ကျောပြင်လေးနဲ့ ခေါင်းလေးကို တစ်လှည့်စီ ပွတ်သပ်ပေးရင်း တိတ်တိတ်ဆိတ်ဆိတ် ခေါ်ဆောင်လာခဲ့တော့တယ် ။

________________

" Boss "

" ရှူး "

ခြံဝန်းထဲ ကားထိုးရပ်ပြီးတဲ့နောက် တစ်ခုခုလှည့်ပြောမယ်ပြင်လာတဲ့ ဂိုဏ်းသားကို Chanyeol နှုတ်ခမ်းပေါ်လက်တင်ပြီး တိုးတိုးနေခိုင်းလိုက်တယ် ။ ပြီးတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီဖြစ်တဲ့ ကိုယ်လုံးသေးသေးလေးကို မနိုးအောင် အသာအယာပွေ့ယူလို့ ခေါင်းလေးကို ရင်အုပ်ပေါ်ထက် ဖြည်းဖြည်းလေး မှေးမှီထားလိုက်စေတယ် ။

" ဒီနေ့ည ရှိတဲ့ Schedule တွေ အကုန်ဖျက်ထားလိုက်တော့ "

ဘာပြောမလဲဆိုတာ သိနေတာမို့ တစ်ခါတည်း အမိန့်ပေးလိုက်တော့ ရှေ့က ဂိုဏ်းသားက ခေါင်းတစ်ချက် ငြိမ့်ပြလို့ နာခံလာလေရဲ့ ။ မာဖီးယားခေါင်းဆောင်ကြီးကတော့ ရင်ခွင်ထဲက မျက်နှာသေးသေးလေးကလွဲ ဘာကိုမှ အာရုံထဲမရှိတော့သလို ပြုံးကြည့်ရင်း အိမ်ထဲချီသယ်သွားတော့တယ် ။

_______________________

အိပ်ယာပေါ်ကို ခပ်ဖြည်းဖြည်းလေးချပေးတဲ့အချိန် အနည်းငယ် လူးလွန့်လာတဲ့ ကိုယ်လေးကြောင့် Chanyeol အလျှင်အမြန် ရင်ဘတ်လေးကိုပုတ်ပေးရင်း ကလေးချော့သလို တကျွတ်ကျွတ် ချော့ရင်း သိပ်လိုက်တယ် ။ ဒါပေမယ့် အလုပ်မဖြစ်တဲ့ပုံပါပဲ ။ မှေးကျဥ်းကျဥ်း မျက်ဝန်းလေးတွေက ပွင့်ဟလာတော့တာမို့ နိုးမှာမကြောက်ရတော့တဲ့အဆုံး Chanyeol အသည်းယားစိတ်တွေကို ထိန်းချုပ်မထားတော့ဘဲ ပါးနုနုလေးထက်ကို ဖိနမ်းပစ်လိုက်လေရဲ့။

" အိပ်ချင်ရင် တစ်ခါတည်းအိပ်လိုက်တော့ ။
စာလုပ်ရမယ့်အချိန်ကျ ကိုယ်နှိုးပေးမယ် "

" ဟင့်အင်း ဒီနေ့စာမလုပ်ဘူး "

မပြောစဖူး ပြောလာတဲ့ စကားလေးကြောင့် Chanyeol အထူးတဆန် မျက်ခုံးတွေကိုကြုံ့လို့ ပြုံးတုံ့တုံ့နဲ့ နားထင်လေးတွေကို တဖွဖွ ထပ်နမ်းလိုက်တယ် ။

" ဘာလုပ်မှာလဲ ဒါဆို "

" ဒီတိုင်း Chan ရင်ခွင်ထဲမှာ အိပ်ချင်တာ ။
ဘာမှမတွေးဘဲ အကြာကြီး "

Chanyeol ဟာ ခပ်တိုးဖွဖွ ရယ်လိုက်ပြီးတဲ့နောက် ခါးကိုပြန်မတ်လိုက်ပြီး မသက်သာစေတဲ့ ကုတ်အင်္ကျီတွေ ၊ necktie တွေအပြင် ၊ ရှပ်အင်္ကျီကြယ်သီး သုံးလုံးလောက်ကိုပါ ဖြုတ်ပြီး မွေ့ရာထက် အတူဝင်လှဲလိုက်တော့တယ် ။ သူလှဲလိုက်တာနဲ့ကို ရင်ခွင်ထဲ တလှုပ်လှုပ်နဲ့ တိုးဝင်လာတဲ့ ကောင်လေးဟာ နေရာချပေးစရာ မလိုအောင်ကို ရင်ခွင်ထဲမှာ ကွေးကုပ်နေလေရဲ့ ။

တစ်ရက်လေးတော့ အပြည့်အဝနားပါစေလေဆိုတဲ့ စိတ်နဲ့ Chanyeol လည်း အရင်လို စစနောက်နောက် စကားတွေ ပြောမနေတော့ဘူး ။ ကျောလေးကို မှန်မှန်လေး ပုတ်ပေးပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်စေလိုက်တော့တယ် ။

အနုပညာဆိုတာ ဘာမှန်းမသိတဲ့ မာဖီးယားတစ်ယောက်ရဲ့ နှုတ်ဖျားကနေ ခေါင်းစဥ်အတည်တကျမရှိတဲ့ သံစဥ်လေးတစ်ခုကို လက်တန်းညည်းရင်းနဲ့ပေါ့ ။

___________________________

" စီနီယာ "

နေ့ခင်းဘက် အတန်းတစ်ချိန်ပျက်ခံပြီး ရောက်လာတဲ့ Baekhyun က စီနီယာဟျိုဆော့အခန်းထဲကို မဝင်ခင် ထုံးစံအတိုင်း တံခါးကို ခပ်သာသာဟလို့ အသံပေးလာတယ် ။

" သြ - ရောက်လာပြီလား Baekhyun
လာထိုင်လေ.. လာ "

အခြား စာတမ်းတစ်ခုကို စစ်နေပုံပေါ်တဲ့ စီနီယာက သူရောက်လာတော့ အခြားအလုပ်တွေကို ဘေးဖယ်ထားလိုက်ပြီး သီးသန့်ဖယ်ထားတဲ့ စက္ကူအိတ်တစ်ခုကို စာရင်းစာအုပ်အထပ်ပေါ်ကနေ လှမ်းယူလိုက်လေရဲ့ ။ ထိုင်ခုံပေါ်မှာ ထိုင်နေရပေမယ့် Baekhyun ခြေဖျားလေးတွေက မသိမသာ တုန်ယင်​နေတုန်းပဲ ။

စာအိတ်ထဲကနေ CT scan ကို ဆွဲထုတ်လိုက်ပြီး မျက်မှန်ကိုအောက်လျှောလို့ ကြည့်လိုက်တဲ့ စီနီယာက Result ကို သိထားပြီးပေမယ့် Baekhyun ကိုရှင်းပြဖို့ ပြင်နေတဲ့ပုံပဲ ။ ဒီလောက်နဲ့တင် Baekhyun အရိပ်အကဲ ဖမ်းမိပါတယ် ။

" ကဲ - အကြိတ်ကတော့ တကယ်တည်နေတယ် ။
အဲ့တော့ ကုသဖို့အကြောင်းပဲ ဆက်ဆွေးနွေးရတော့မှာပေါ့ ။
အဲ့မှာ scan ကိုကြည့်ကြည့် "

စီနီယာကမ်းပေးလာတဲ့ scan result ကို Baekhyun လှမ်းယူပြီး ကြည့်လိုက်တော့ ဦးနှောက် ရဲ့ ညာဘက်ခြမ်းမှာ အတော်အတန်အရွယ်စားရှိတဲ့ အစိုင်အခဲဖြူဖြူတစ်ခုကို တွေ့လိုက်ရလေရဲ့ ။

" အကြိတ်က အတော်အသင့်တော့ ကြီးနေပြီ ။ nerves တွေအပေါ်ပိနေပြီမို့ မင်းခေါင်းခဏခဏ ကိုက်လာတာ ။ ပြောရရင် Brain tumor stage 2 လောက်တော့ရှိမယ် ။ အဲ့တော့ နည်းလမ်းက တစ်ခုတည်းပဲ ။ ခွဲမယ် ၊ ရက်ရွေးလိုက် "

စီနီယာဟျိုဆော့ကတော့ ခပ်ပြတ်ပြတ်သမားပဲမို့ လိုအပ်တာတွေကိုပဲ သွယ်ဝိုက်နေခြင်း မရှိဘဲ တည့်တည့်ပြောချလာတယ် ။ ဒါပေမယ့် Baekhyun ဘက်မှာတော့ အဲ့လောက် မလွယ်ကူသေးတဲ့ အခြေအနေတွေ ရှိနေသေးတဲ့အတွက် ချက်ချင်းဆုံးဖြတ်လို့ မဖြစ်သေးဘူး ။

" နည်းနည်းနောက်ဆုတ်ထားလို့ ရမလား စီနီယာ "

စီနီယာဟျိုဆော့ကတော့ သူဘာကို တွေးပူနေမှန်းသိတာမို့ မတတ်သာသလို သက်ပြင်းချလာတယ် ။

" စာမေးပွဲက ဖြေဖို့သုံးလတောင်လိုသေးတာနော် "

" ကျွန်တော်သိပါတယ် ။ ဒါပေမယ့် ခွဲစိတ်မှုက ချက်ချင်းခွဲပြီး ချက်ချင်းအဆင်ပြေသွားမှာမျိုး မဟုတ်ဘူးလေ စီနီယာ ။ Side effect အနေနဲ့ memory loss တွေ ဘာတွေလည်း ဖြစ်နိုင်ချေရှိသေးတယ် ။ တစ်နှစ်လုံးကြိုးစားလာပြီးမှ နောက်ဆုံးမှာ လွဲချော်သွားတာမျိုး ကျွန်တော်မဖြစ်ချင်ဘူး "

" မင်းနဲ့လည်း တကယ်ခက်တယ် Baekhyun ရာ "

မဖြစ် ဖြစ်တဲ့နည်းနဲ့ ဖြောင့်ဖျချင်ပေမယ့် Baekhyun ရဲ့ ပူပန်စိတ်တွေက အလကားမဟုတ်တာ သိနေတာမို့ ဟျိုဆော့ဘယ်လို တိုက်တွန်းရမလဲတောင် သိမနေဘူး ။ နောက်ဆုံးတော့ သူ့ဘက်ကပဲ အလျှော့ပေးပြီး အကောင်းဆုံးဖြစ်အောင် စီစဥ်ပေးရတော့တယ် ။

" အကြိတ်ဆိုတာက တဖြည်းဖြည်းကြီးလာတတ်တာကို သိတယ်မလား "

" ကျွန်တော် သိပါတယ် "

" အေး အချိန်ဆွဲလေ ၊ အကြိတ်ကပိုကြီးလာပြီး အန္တရာယ်များလေပဲ ၊ ပြီးတော့ cancer ဟုတ်လား မဟုတ်လားလည်း မသိရဘူး ၊ အကြိတ်ကိုခွဲထုတ်ပြီးမှ အသားစ စစ်ရမှာ ။ ရိုးရိုးအကြိတ်ဆို ပြသနာမရှိပေမယ့် cancer အကြိတ်ဆို အမြစ်ပြန့်တာ ဘယ်လောက် အန္တရာယ်များသလဲ မင်းသိပါတယ် "

" ဟုတ်ကဲ့ "

ဆုံးဖြတ်ချက်ကို ပြင်မယ့်ပုံမရတဲ့ Baekhyun ကြောင့် ဟျိုဆော့ လုံးလုံးလက်လျှော့လိုက်ရတော့တာပါပဲ ။

" သောက်ဆေးတွေပေးလိုက်မယ် ။ စာမေးပွဲပြီးရင်တော့ အချိန်မဆွဲပဲ ချက်ချင်းလာခဲ့ ။ ဆေးကတော့ တစ်ပတ်စာစီ လာယူပြီး ငါ့ကိုပြန်လာပြ ။ လက္ခဏာတွေကတော့ မင်းသိတယ်မလား "

" ဟုတ် ၊ သိပါတယ် "

" နောက်ဆို အော့အန်တာတွေ ၊ ခေါင်းကိုက်တာတွေ ပိုအကြိမ်ရေ စိပ်လာလိမ့်မယ် ။ အမြင်အာရုံချို့ယွင်းတာရော ၊ သတိလည်း ခဏခဏမေ့လိမ့်မယ် ။ စိတ်အတက်အကျ မြန်မယ် ။ နဂို personality တွေပြောင်းလာတာမျိုးလည်း ဖြစ်ချင်ဖြစ်လိမ့်မယ် ။ သတိထားပြီးနေ ။ တစ်ယောက်တည်း မသွားမလာနဲ့ ။ အဖော်ခေါ် "

" ဟုတ် ကျွန်တော်နားလည်ပါတယ် "

" ဒါဆိုကောင်တာမှာ ဆေးထုတ်ပြီး စောင့်နေနှင့်လိုက် ။
ကျောင်းကို ငါလိုက်ပို့မယ် "

Baekhyun ခေါင်းလေးညိတ်ပြလို့ပြီးတော့ စီနီယာက သောက်ရမယ့်ဆေးနာမည်တွေကို ချရေးပေးနေလေရဲ့ ။ Baekhyun အရိပ်အချည်ကို ကြည့်လို့ ခပ်တိုးတိုးလေး ထပ်ခေါ်လိုက်တယ် ။

" စီနီယာ "

" အင်း "

" ဒီအကြောင်းကို Yixing ကိုမပြောလို့ဖြစ်မလား "

ဒီအခါမှာတော့ စီနီယာက သူ့ကိုမော့ကြည့်လာပြီး ဆူပူတော့မလိုဟန်ပြင်တော့တယ် ။ ဆူပူခွင့်မရခင်မှာဘဲ Baekhyun အလျင်စလိုနဲ့ သင့်တော်တဲ့ အကြောင်းပြချက်ကို ခပ်မြန်မြန် ထုတ်ပြောလိုက်ရရဲ့ ။

" စာမေးပွဲနီးပြီဆိုတော့ အာရုံမများစေချင်လို့ပါ "

သူ့အကြောင်းပြချက်က သင့်တော်နေတော့လည်း စီနီယာခမျာ ဘာမှပြန်ပြောခွင့်မရလိုက်ဘူး ။ အဲ့ဒီအစား Baekhyun ကိုပဲ မနိုင်သလိုကြည့်ရင်း ခေါင်းယမ်းလို့ သက်ပြင်းချလာတော့တယ် ။

" မင်းက ဘယ်လိုကောင်လေးမှန်းတောင် မသိတော့ဘူး
အကြောက်အလန့် ကင်းလွန်းတယ် "

စိတ်မပါတဲ့ အပြုံးလေးကို အားတင်းပြုံးပြလိုက်ရတဲ့ Baekhyun ကတော့ ခုချိန် သူ့ရင်ထဲမှာ ဘယ်လောက်လှုပ်ခတ်နေသလဲဆိုတာကို သူပဲသိလိမ့်မယ် ။ Chan ရော Yixing ရော သိရင် သူ့ဆုံးဖြတ်ချက်ကို ဘယ်သူမှ လက်မခံကြမှာ သိတာမို့ လျှို့ဝှက်ထားရုံအပြင် မရှိဘူး ။

အကယ်၍ အဲ့လို မပွင့်လင်းခြင်းတွေကပဲ အဖုအထစ်တွေ ဖြစ်လာစေမယ်မှန်းသာ Baekhyun ကြိုသိခဲ့ရင်လေ ။

___________________________________

စိတ်မကောင်းစရာက Shoyo ကလေးမချစ်တတ်ပါဘူး 🤒 I'm sorry if I let you down. And forgive me if I have something wrong with my medical facts. Cause that's not my subject.

အပိုင္း ၂၂ [ Zawgyi  Version ]

" မင္းအရင္ျပန္ႏွင့္ေလ Yixing "

ပါေမာကၡ Round လွည့္တဲ့ေနာက္ကို Note မွတ္ဖို႔ လိုက္ၿပီးတဲ့အခ်ိန္ ေက်ာင္းကိုအတူျပန္ဖို႔ ေစာင့္ေနရွာတဲ့ Yixing ခမ်ာ Baekhyun စကားေၾကာင့္ အေၾကာင္သားေလး ျဖစ္သြားရရွာတယ္ ။

" မင္းကေရာ ? "

" ၾသ - ေျခက်င္းဝတ္က ျပန္နာလာသလိုေတြ႕လို႔ စီနီယာ့ဆီ ခဏဝင္ျပမလို႔ "

သိပ္အသက္မပါလွတဲ့ အၿပဳံးတစ္ခုကိုၿပဳံးျပရင္း ေျပာတဲ့ Baekhyun က သိသိသာသာကို အားအင္မရွိတဲ့ပုံေပၚေနတယ္ ။ ဒီလိုပုံစံကို Yixing ဘယ္လို တစ္ေယာက္တည္း ထားခဲ့ရမလဲ ။

" ဒါဆိုလည္း ဝင္ျပေလ ၊ ငါေစာင့္ေနမယ္ "

" ေန႕လည္စာ စားဖို႔ေနာက္က်ေနပါဦးမယ္
ျပန္ႏွင့္လိုက္ "

Baekhyun ပုံစံက နည္းနည္း မသကၤာစရာေကာင္းတယ္ ။ တစ္မနက္လုံးလည္း အေတြးမ်ားသလို ျဖစ္ေနတာကို Yixing သတိထားမိပါရဲ႕ ။ ပါေမာကၡေမးတဲ့ ေမးခြန္းေတြကိုေတာင္ အလြဲလြဲအေခ်ာ္ေခ်ာ္နဲ႕ ။

" Baekhyun မင္းအဆင္ေျပရဲ႕လား "

ကိုယ္ေတြဘာေတြမ်ား ပူေနသလားလို႔ Yixing က နဖူးကို စမ္းလာေတာ့ Baekhyun သတိေလး ပိုကပ္သြားတယ္ ။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီအေၾကာင္းကိုေတာ့ Yixing ကို အသိမခံနိုင္ဘူး ။

" တကယ္ေနေကာင္းပါတယ္ ။
ၿပီးရင္ ငါစီနီယာ့ကို ေက်ာင္းအထိလိုက္ပို႔ခိုင္းလိုက္မယ္ ။
မင္းစိုးရိမ္မေနပဲ ျပန္ႏွင့္ "

တစ္ေယာက္တည္းထားခဲ့ဖို႔ စိတ္မခ်တဲ့ Yixing က စီနီယာ ဟ်ိဳေဆာ့ ကိုလိုက္ပို႔ခိုင္းမယ္ဆိုေတာ့ နည္းနည္းစိတ္ေလွ်ာ့လိုက္ပုံပဲ ။ သက္ျပင္းတစ္ခ်က္ခ်လာၿပီး Baekhyun ကို မွာတယ္ ။

" တစ္ေယာက္တည္း ျပန္မလာနဲ႕ေနာ္ ။
ေသခ်ာေပါက္ လိုက္ပို႔ခိုင္း "

" အင္းပါ "

" ဒါဆို ငါသြားၿပီေနာ္ "

" အင္း အင္း ၊ ဂ႐ုစိုက္သြား "

ေနာက္ျပန္တစ္ေခါက္ျပန္လွည့္ၾကည့္လို႔ အထပ္ထပ္အခါခါ စစ္ေဆးၿပီးမွ ေက်ာခိုင္းထြက္သြားတဲ့ Yixing ျမင္ကြင္းေရွ႕ကေန ေပ်ာက္သြားေတာ့မွ Baekhyun ပါးေဖာင္းလို႔ ေလပူေတြ မႈတ္ထုတ္ပစ္လိုက္ရတယ္ ။

အဲ့ဒါၿပီးမွာေတာ့ မ်ားျပားလြန္းတဲ့ အေတြးေတြနဲ႕အတူ စီနီယာဟ်ိဳေဆာ့ရဲ႕ ႐ုံးခန္းရွိရာဆီကို Baekhyun ခပ္ျဖည္းျဖည္း ေလွ်ာက္လာခဲ့ေလရဲ႕ ။

_______________________

" စီနီယာ ၊ ကြၽန္ေတာ္ဝင္လာလို႔ရလား "

တံခါးဝကေန အရင္အသံေပးၿပီး ခြင့္ေတာင္းေတာ့ ေဆးစာ႐ြက္ေတြၾကားထဲ အလုပ္ရႈပ္ေနတဲ့ စီနီယာက ေခါင္းေထာင္ၾကည့္လာတယ္ ။

" ၾသ ၊ Baekhyun ဝင္ခဲ့ေလ "

Baekhyun ရိုေသသမႈနဲ႕ တစ္ခ်က္ဦးၫႊတ္လို႔ ဝင္လာၿပီးတဲ့ေနာက္ အခန္းတံခါးကို အေသအခ်ာျပန္ေစ့ထားလိုက္တယ္ ။ ၿပီးတာနဲ႕ စီနီယာ့အလုပ္စားပြဲေရွ႕က ေဆြးႏြေးဖို႔အတြက္ ခ်ထားေပးတဲ့ ထိုင္ခုံမွာ ဝင္ထိုင္လိုက္ေတာ့တာပဲ ။

" ကဲ ၊ ဘာေတြ ေမးစရာရွိလို႔လဲ ေျပာပါဦး စာဂ်ပိဳးရဲ႕ "

ထုံးစံအတိုင္း နားမလည္တဲ့စာေတြ လာေမးတယ္အထင္နဲ႕ စီနီယာက ေဆးစာ႐ြက္ေတြကို စားပြဲေပၚ စီေထာက္ေနရင္းကေန Baekhyun ဆီကိုေတာင္ အၾကည့္မေရာက္ဘဲ ေပါ့ေပါ့ပါးပါး ေမးလာေလရဲ႕ ။

Baekhyun ဟာ ခဏအၾကာထိ မဝံ့မရဲ ျဖစ္ေနၿပီးတဲ့ေနာက္မွာေတာ့ စိတ္ကို ဒုန္းဒုန္းခ်လိဳက္တယ္ ။ အသက္ကိုျဖည္းျဖည္းရႉလို႔ သူ႕အေျခအေနကို ေျပာျပဖို႔ ျပင္လိုက္ေတာ့တယ္ ။

" ဒီတစ္ခါ စီနီယာ့ဆီကို ကြၽန္ေတာ္လာတာ လူနာအေနနဲ႕ပါ "

႐ုတ္တရက္ တိတ္ဆိတ္သြားတဲ့ အခန္းထဲမွာ စီနီယာဟ်ိဳေဆာ့ဟာ လုပ္လက္စေတြ ႐ုတ္တရက္ ရပ္တန့္သြားၿပီး ေခတၱေၾကာင္အ သြားရွာတယ္ ။ အေျခအေနကို သေဘာေပါက္ၿပီးတဲ့ေနာက္မွာေတာ့ မ်က္ေတာင္ ႏွစ္ခ်က္မွ် ခတ္လို႔ သူ႕လုပ္လက္စ အလုပ္ေတြ အားလုံး ရပ္ထားလိုက္ၿပီး Baekhyun ဆီကိုပဲ အျပည့္အဝ အာ႐ုံစိုက္လာေလရဲ႕ ။

" ေျပာ Baekhyun
ဘာျဖစ္လို႔လဲ "

Baekhyun ရဲ႕ မ်က္ႏွာထက္မွာ စိုးရိမ္မႈ ခပ္ပါးပါးေလး ဖုံးလႊမ္းေနတာ အတိုင္းသားပဲ ။ ဒါေပမယ့္ မေျပာလို႔မၿပီးတဲ့ ကိစၥမို႔ သူအၾကာႀကီး အခ်ိန္မဆြဲခ်င္ဘူး ။

" ကြၽန္ေတာ့္မွာ Symptom နည္းနည္း ေပၚေနတယ္ ။ ကြၽန္ေတာ့္ခန့္မွန္းရသေလာက္ေတာ့.. "

Baekhyun ဟာ ခ်ထားတဲ့ မ်က္လႊာေတြကိုပင့္လို႔ အသက္ကိုရွိုက္ရင္း စီနီယာ့ မ်က္လုံးေတြနဲ႕အတူ အေလးအနက္ အၾကည့္ခ်င္းဆုံလိုက္တယ္ ။

" ဦးႏွောက္အႀကိတ္တည္ေနတယ္လို႔ ထင္ပါတယ္ "

ဆရာဝန္တစ္ေယာက္ျဖစ္ေနတဲ့ အေလ်ာက္ စီနီယာဟ်ိဳေဆာ့က အထူးတလည္ အံ့ၾသသြားတာမ်ိဳးေတာ့ မရွိဘူး ။ အဲ့ဒီအစား အနည္းငယ္ စဥ္းစဥ္းစားစား ျဖစ္သြားပုံနဲ႕ မ်က္လုံးေတြကို ဟိုဒီ ကစားရင္း ေခါင္းတၿငိမ့္ၿငိမ့္ လုပ္ေနရွာတယ္ ။

" Symptom ေတြကဘယ္ခ်ိန္က စေပၚတာလဲ "

ျပန္လည္ေမာ့ၾကည့္လို႔ ေမးလာတဲ့ စီနီယာကို Baekhyun အေသအခ်ာပဲ တစ္ခုခ်င္းစီ ရွင္းျပလိုက္တယ္ ။

" ေခါင္းကိုက္ေနတာေတာ့ 2 ပတ္ေလာက္ရွိသြားၿပီ ။ တစ္ခါတေလ ေတာ္ေတာ္ဆိုးဆိုး႐ြား႐ြား စူးကိုက္ေပမယ့္ အိပ္ခ်ိန္မလုံေလာက္လို႔ လို႔ပဲ ထင္ေနတာ ။ ေခါင္းကိုက္ေပ်ာက္ေဆးေတြ ေသာက္လည္း မသက္သာဘူး ။ မေန႕က အစာမပါဘဲ အရည္ေတြခ်ည္း ပ်ိဳ႕ပ်ိဳ႕အန္ေတာ့မွ သတိရမိတာ ။ သိပ္ေတာ့ မေသခ်ာေပမယ့္ အဲ့လိုပဲ ျဖစ္မယ္ထင္တယ္ "

သူ႕ရဲ႕ တည္တည္ၿငိမ္ၿငိမ္ ရွင္းျပခ်က္အခ်ိဳ႕ကို နားေထာင္ၿပီးတဲ့ေနာက္ စီနီယာက သက္ျပင္းခ်လိဳ႕ စီစဥ္စရာ ရွိတာေတြ စီစဥ္ေပးလာတယ္ ။

" အရင္ဆုံး CT ရိုက္ၾကည့္ၾကရေအာင္ ။
ခုပဲ ဝင္ၿပီးရိုက္သြား ။ Result က တစ္ရက္ေစာင့္ၿပီးရင္ ထြက္လာလိမ့္မယ္ ။ မနက္ျဖန္ ေက်ာင္းဆင္းရင္ဝင္ခဲ့ ။ အဲ့ေတာ့မွ Result ၾကည့္ၿပီး ဆက္ေျပာၾကတာေပါ့ "

" ဟုတ္ကဲ့ "

Baekhyun ခဏေလာက္ ၿငိမ္သက္သြားတာကို ျမင္ေတာ့ စီနီယာက ေပါ့ေပါ့ပါးပါး ျဖစ္ေအာင္ စကားေျပာေပးလာတယ္ ။

" အရမ္းႀကီးလည္း စိတ္ထဲထားမေနနဲ႕ ။ ဟုတ္ခ်င္မွ ဟုတ္မွာ ။ အကယ္၍ ျဖစ္လာခဲ့ရင္လည္း မင္းအသက္အ႐ြယ္ေလးနဲ႕ ဘာမွစိုးရိမ္စရာမရွိဘူး ။ အႀကိတ္က ခုမွ တည္စပဲ ရွိဦးမွာ အလြန္ဆုံးရွိ Stage 2 ေလာက္ေပါ့ "

" စီနီယာ "

" ေအး "

Baekhyun က ဟ်ိဳေဆာ့ေျပာစကားထက္ သူ႕ဟာနဲ႕သူ အေတြးမ်ားေနသလိုပဲ ။

" အကယ္၍ အႀကိတ္တည္ေနတယ္ဆို ခြဲထုတ္ရမွာမလား ။ စာေမးပြဲကေျဖဖို႔ သုံးလပဲ လိုေတာ့တာ "

" အဲ့တာေတြ ေတြးပူမေနပါနဲ႕ကြာ ။ ေအာင္မွတ္ေလာက္ကေတာ့ မင္းအေနအထားနဲ႕ အခုထေျဖရင္ေတာင္ ရတယ္ ။ ၿပီးေတာ့ ဦးႏွောက္အႀကိတ္တည္တာက Stress ေၾကာင့္ စတယ္ဆိုတာကို သိတယ္မလား ။ သိပ္စိတ္ဖိစီးမခံနဲ႕ ။ ေပါ့ေပါ့ပါးပါးပဲေန "

Baekhyun ေခါင္းသာညိတ္လိုက္ရေပမယ့္ အာမမခံနိုင္ဘူး ။ နဂိုဗီဇကိုက Anxiety မ်ားတဲ့သူမ်ိဳးမို႔ ခုခ်ိန္ေတာင္ သူ႕ဦးႏွောက္ထဲမွာ ပူပန္စရာေတြ အမ်ားႀကီးပဲ ။ 6 ႏွစ္တာ ကာလကို ျဖတ္ေက်ာ္နိုင္ဖို႔ 5 ႏွစ္နီးပါးႀကိဳးစားၿပီးခါမွ ခုေတာ့ ေကာက္ခါငင္ခါ က်န္းမာေရး ျပသနာေတြ ေပၚေပါက္လာၿပီ ။ ဒီႏွစ္စာေမးပြဲကိုေတာ့ သူဘယ္လိုမွ လြဲေခ်ာ္သြားလို႔မျဖစ္ဘူး ။

_____________________________________

ေက်ာင္းဆင္းေတာ့ ထုံးစံအတိုင္း လာႀကိဳတဲ့ကားေတြက ေက်ာင္းေရွ႕မွာ တန္းစီေနတယ္ ။ စာေမးပြဲနီးလာၿပီမို႔ အေနအထိုင္ ကန့္သတ္ခံထားရတဲ့ Chanyeol ခမ်ာ သူခ်စ္သူေလးကို အလြမ္းေျပေတြ႕ရမယ့္အခ်ိန္က ခုလို ေက်ာင္းသြားေက်ာင္းျပန္ အခ်ိန္ေလာက္ပဲ ရွိရွာတယ္ ။

ဒီေန႕ေတာ့ ကားထဲကို ဝင္လာလာခ်င္း သူ႕ကို လာဖက္တြယ္ၿပီး ရင္ခြင္ထဲ တိုးဝင္လာတဲ့ ေကာင္ေလးေၾကာင့္ Chanyeol အလိုလိုၿပဳံးမိသြားရၿပီး ဆံပင္ေပ်ာ့ေပ်ာ့ေလးေတြကို ဆြဲဖြပစ္လိုက္ေလရဲ႕ ။ ေဆးနံ႕သင္းသင္းပ်ံ့ေနတဲ့ ကိုယ္ေလးက ဒီေန႕ေတာ့ ပိုၿပီး နည္းနည္း ႏြမ္းနယ္ေနသလိုပဲ ။

" စာေတြလုပ္ရလြန္းလို႔ ပင္ပန္းေနၿပီလား
မ်က္ႏွာေလးေတာင္ ေခ်ာင္က်သြားသလိုပဲ "

Baekhyun ကေတာ့ စကားေတြတုန့္ျပန္ေျပာေနမယ့္အစား ေပါင္ေပၚလွဲအိပ္လိုက္ၿပီး Coat အကၤ်ီခြဲၾကားထဲကေန ေခါင္းတိုးဝင္လို႔ မ်က္ႏွာေလးကို အပ္ထားရွာတယ္ ။ ရင္းႏွီးေနတဲ့ ကိုယ္သင္းနံ႕ကို ခပ္ဝဝ ရႉသြင္းပစ္လိုက္ရင္ နည္းနည္းပဲျဖစ္ျဖစ္ ေခါင္းကိုက္သက္သာသြားေလာက္တယ္မလား ။

" ေဘဘီ ၊ အရမ္းပင္ပန္းေနလား
ဗိုက္ေရာ မဆာဘူးလား ၊ ကိုယ္ ဘာဝင္ဝယ္ေကြၽးရမလဲ ။
စားခ်င္တာမရွိဘူးလား "

Baekhyun ခ်စ္ရသူရဲ႕ ဗိုက္သားထဲတိုးဝင္အပ္ထားတဲ့ မ်က္ႏွာေလးကို ခပ္ျဖည္းျဖည္း ယမ္းခါျပလိုက္ရင္း အသံတ်ိုးတိုးလေးနဲ့ ျပန္ေျဖလိုက္တယ္ ။

" အဲ့ဒီအစား ဒီေန႕ Chan အိမ္ကိုေခၚသြားေပး ။
ၿပီးရင္ ဒီညကြၽန္ေတာ့္ကို ဖက္ၿပီးသိပ္ "

ဒီေန႕တစ္ေန႕ေတာ့ အနားကပ္ခြင့္ေပးတဲ့သေဘာေပၚေနတာမို႔ Chanyeol ပါးခ်ိဳင့္ႀကီးတစ္ဖက္ေပၚေအာင္ထိ ၿပဳံးမိလိုက္ပါရဲ႕ ။ အသက္ရႉသံမွန္မွန္ေလးနဲ႕ ခဏေမွးဖို႔ျပင္ေနပုံေပၚတဲ့ ေကာင္ေလးေၾကာင့္ သူလည္း ဘာမွဆက္မေျပာေတာ့ဘဲ ေက်ာျပင္ေလးနဲ႕ ေခါင္းေလးကို တစ္လွည့္စီ ပြတ္သပ္ေပးရင္း တိတ္တိတ္ဆိတ္ဆိတ္ ေခၚေဆာင္လာခဲ့ေတာ့တယ္ ။

________________

" Boss "

" ရႉး "

ၿခံဝန္းထဲ ကားထိုးရပ္ၿပီးတဲ့ေနာက္ တစ္ခုခုလွည့္ေျပာမယ္ျပင္လာတဲ့ ဂိုဏ္းသားကို Chanyeol ႏႈတ္ခမ္းေပၚလက္တင္ၿပီး တိုးတိုးေနခိုင္းလိုက္တယ္ ။ ၿပီးေတာ့ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနၿပီျဖစ္တဲ့ ကိုယ္လုံးေသးေသးေလးကို မနိုးေအာင္ အသာအယာေပြ႕ယူလို႔ ေခါင္းေလးကို ရင္အုပ္ေပၚထက္ ျဖည္းျဖည္းေလး ေမွးမွီထားလိုက္ေစတယ္ ။

" ဒီေန႕ည ရွိတဲ့ Schedule ေတြ အကုန္ဖ်က္ထားလိုက္ေတာ့ "

ဘာေျပာမလဲဆိုတာ သိေနတာမို႔ တစ္ခါတည္း အမိန့္ေပးလိုက္ေတာ့ ေရွ႕က ဂိုဏ္းသားက ေခါင္းတစ္ခ်က္ ၿငိမ့္ျပလို႔ နာခံလာေလရဲ႕ ။ မာဖီးယားေခါင္းေဆာင္ႀကီးကေတာ့ ရင္ခြင္ထဲက မ်က္ႏွာေသးေသးေလးကလြဲ ဘာကိုမွ အာ႐ုံထဲမရွိေတာ့သလို ၿပဳံးၾကည့္ရင္း အိမ္ထဲခ်ီသယ္သြားေတာ့တယ္ ။

_______________________

အိပ္ယာေပၚကို ခပ္ျဖည္းျဖည္းေလးခ်ေပးတဲ့အခ်ိန္ အနည္းငယ္ လူးလြန့္လာတဲ့ ကိုယ္ေလးေၾကာင့္ Chanyeol အလွ်င္အျမန္ ရင္ဘတ္ေလးကိုပုတ္ေပးရင္း ကေလးေခ်ာ့သလို တကြၽတ္ကြၽတ္ ေခ်ာ့ရင္း သိပ္လိုက္တယ္ ။ ဒါေပမယ့္ အလုပ္မျဖစ္တဲ့ပုံပါပဲ ။ ေမွးက်ဥ္းက်ဥ္း မ်က္ဝန္းေလးေတြက ပြင့္ဟလာေတာ့တာမို႔ နိုးမွာမေၾကာက္ရေတာ့တဲ့အဆုံး Chanyeol အသည္းယားစိတ္ေတြကို ထိန္းခ်ဳပ္မထားေတာ့ဘဲ ပါးႏုႏုေလးထက္ကို ဖိနမ္းပစ္လိုက္ေလရဲ႕။

" အိပ္ခ်င္ရင္ တစ္ခါတည္းအိပ္လိုက္ေတာ့ ။
စာလုပ္ရမယ့္အခ်ိန္က် ကိုယ္ႏွိုးေပးမယ္ "

" ဟင့္အင္း ဒီေန႕စာမလုပ္ဘူး "

မေျပာစဖူး ေျပာလာတဲ့ စကားေလးေၾကာင့္ Chanyeol အထူးတဆန္ မ်က္ခုံးေတြကိုႀကဳံ႕လို႔ ၿပဳံးတုံ႕တုံ႕နဲ႕ နားထင္ေလးေတြကို တဖြဖြ ထပ္နမ္းလိုက္တယ္ ။

" ဘာလုပ္မွာလဲ ဒါဆို "

" ဒီတိုင္း Chan ရင္ခြင္ထဲမွာ အိပ္ခ်င္တာ ။
ဘာမွမေတြးဘဲ အၾကာႀကီး "

Chanyeol ဟာ ခပ္တိုးဖြဖြ ရယ္လိုက္ၿပီးတဲ့ေနာက္ ခါးကိုျပန္မတ္လိုက္ၿပီး မသက္သာေစတဲ့ ကုတ္အကၤ်ီေတြ ၊ necktie ေတြအျပင္ ၊ ရွပ္အကၤ်ီၾကယ္သီး သုံးလုံးေလာက္ကိုပါ ျဖဳတ္ၿပီး ေမြ႕ရာထက္ အတူဝင္လွဲလိုက္ေတာ့တယ္ ။ သူလွဲလိုက္တာနဲ႕ကို ရင္ခြင္ထဲ တလႈပ္လႈပ္နဲ႕ တိုးဝင္လာတဲ့ ေကာင္ေလးဟာ ေနရာခ်ေပးစရာ မလိုေအာင္ကို ရင္ခြင္ထဲမွာ ေကြးကုပ္ေနေလရဲ႕ ။

တစ္ရက္ေလးေတာ့ အျပည့္အဝနားပါေစေလဆိုတဲ့ စိတ္နဲ႕ Chanyeol လည္း အရင္လို စစေနာက္ေနာက္ စကားေတြ ေျပာမေနေတာ့ဘူး ။ ေက်ာေလးကို မွန္မွန္ေလး ပုတ္ေပးၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္စက္ေစလိုက္ေတာ့တယ္ ။

အႏုပညာဆိုတာ ဘာမွန္းမသိတဲ့ မာဖီးယားတစ္ေယာက္ရဲ႕ ႏႈတ္ဖ်ားကေန ေခါင္းစဥ္အတည္တက်မရွိတဲ့ သံစဥ္ေလးတစ္ခုကို လက္တန္းညည္းရင္းနဲ႕ေပါ့ ။

___________________________

" စီနီယာ "

ေန႕ခင္းဘက္ အတန္းတစ္ခ်ိန္ပ်က္ခံၿပီး ေရာက္လာတဲ့ Baekhyun က စီနီယာဟ်ိဳေဆာ့အခန္းထဲကို မဝင္ခင္ ထုံးစံအတိုင္း တံခါးကို ခပ္သာသာဟလို႔ အသံေပးလာတယ္ ။

" ၾသ - ေရာက္လာၿပီလား Baekhyun
လာထိုင္ေလ.. လာ "

အျခား စာတမ္းတစ္ခုကို စစ္ေနပုံေပၚတဲ့ စီနီယာက သူေရာက္လာေတာ့ အျခားအလုပ္ေတြကို ေဘးဖယ္ထားလိုက္ၿပီး သီးသန့္ဖယ္ထားတဲ့ စကၠဴအိတ္တစ္ခုကို စာရင္းစာအုပ္အထပ္ေပၚကေန လွမ္းယူလိုက္ေလရဲ႕ ။ ထိုင္ခုံေပၚမွာ ထိုင္ေနရေပမယ့္ Baekhyun ေျခဖ်ားေလးေတြက မသိမသာ တုန္ယင္ေနတုန္းပဲ ။

စာအိတ္ထဲကေန CT scan ကို ဆြဲထုတ္လိုက္ၿပီး မ်က္မွန္ကိုေအာက္ေလွ်ာလို႔ ၾကည့္လိုက္တဲ့ စီနီယာက Result ကို သိထားၿပီးေပမယ့္ Baekhyun ကိုရွင္းျပဖို႔ ျပင္ေနတဲ့ပုံပဲ ။ ဒီေလာက္နဲ႕တင္ Baekhyun အရိပ္အကဲ ဖမ္းမိပါတယ္ ။

" ကဲ - အႀကိတ္ကေတာ့ တကယ္တည္ေနတယ္ ။
အဲ့ေတာ့ ကုသဖို႔အေၾကာင္းပဲ ဆက္ေဆြးႏြေးရေတာ့မွာေပါ့ ။
အဲ့မွာ scan ကိုၾကည့္ၾကည့္ "

စီနီယာကမ္းေပးလာတဲ့ scan result ကို Baekhyun လွမ္းယူၿပီး ၾကည့္လိုက္ေတာ့ ဦးႏွောက္ ရဲ႕ ညာဘက္ျခမ္းမွာ အေတာ္အတန္အ႐ြယ္စားရွိတဲ့ အစိုင္အခဲျဖဴျဖဴတစ္ခုကို ေတြ႕လိုက္ရေလရဲ႕ ။

" အႀကိတ္က အေတာ္အသင့္ေတာ့ ႀကီးေနၿပီ ။ nerves ေတြအေပၚပိေနၿပီမို႔ မင္းေခါင္းခဏခဏ ကိုက္လာတာ ။ ေျပာရရင္ Brain tumor stage 2 ေလာက္ေတာ့ရွိမယ္ ။ အဲ့ေတာ့ နည္းလမ္းက တစ္ခုတည္းပဲ ။ ခြဲမယ္ ၊ ရက္ေ႐ြးလိုက္ "

စီနီယာဟ်ိဳေဆာ့ကေတာ့ ခပ္ျပတ္ျပတ္သမားပဲမို႔ လိုအပ္တာေတြကိုပဲ သြယ္ဝိုက္ေနျခင္း မရွိဘဲ တည့္တည့္ေျပာခ်လာတယ္ ။ ဒါေပမယ့္ Baekhyun ဘက္မွာေတာ့ အဲ့ေလာက္ မလြယ္ကူေသးတဲ့ အေျခအေနေတြ ရွိေနေသးတဲ့အတြက္ ခ်က္ခ်င္းဆုံးျဖတ္လို႔ မျဖစ္ေသးဘူး ။

" နည္းနည္းေနာက္ဆုတ္ထားလို႔ ရမလား စီနီယာ "

စီနီယာဟ်ိဳေဆာ့ကေတာ့ သူဘာကို ေတြးပူေနမွန္းသိတာမို႔ မတတ္သာသလို သက္ျပင္းခ်လာတယ္ ။

" စာေမးပြဲက ေျဖဖို႔သုံးလေတာင္လိုေသးတာေနာ္ "

" ကြၽန္ေတာ္သိပါတယ္ ။ ဒါေပမယ့္ ခြဲစိတ္မႈက ခ်က္ခ်င္းခြဲၿပီး ခ်က္ခ်င္းအဆင္ေျပသြားမွာမ်ိဳး မဟုတ္ဘူးေလ စီနီယာ ။ Side effect အေနနဲ႕ memory loss ေတြ ဘာေတြလည္း ျဖစ္နိုင္ေခ်ရွိေသးတယ္ ။ တစ္ႏွစ္လုံးႀကိဳးစားလာၿပီးမွ ေနာက္ဆုံးမွာ လြဲေခ်ာ္သြားတာမ်ိဳး ကြၽန္ေတာ္မျဖစ္ခ်င္ဘူး "

" မင္းနဲ႕လည္း တကယ္ခက္တယ္ Baekhyun ရာ "

မျဖစ္ ျဖစ္တဲ့နည္းနဲ႕ ေျဖာင့္ဖ်ခ်င္ေပမယ့္ Baekhyun ရဲ႕ ပူပန္စိတ္ေတြက အလကားမဟုတ္တာ သိေနတာမို႔ ဟ်ိဳေဆာ့ဘယ္လို တိုက္တြန္းရမလဲေတာင္ သိမေနဘူး ။ ေနာက္ဆုံးေတာ့ သူ႕ဘက္ကပဲ အေလွ်ာ့ေပးၿပီး အေကာင္းဆုံးျဖစ္ေအာင္ စီစဥ္ေပးရေတာ့တယ္ ။

" အႀကိတ္ဆိုတာက တျဖည္းျဖည္းႀကီးလာတတ္တာကို သိတယ္မလား "

" ကြၽန္ေတာ္ သိပါတယ္ "

" ေအး အခ်ိန္ဆြဲေလ ၊ အႀကိတ္ကပိုႀကီးလာၿပီး အႏၱရာယ္မ်ားေလပဲ ၊ ၿပီးေတာ့ cancer ဟုတ္လား မဟုတ္လားလည္း မသိရဘူး ၊ အႀကိတ္ကိုခြဲထုတ္ၿပီးမွ အသားစ စစ္ရမွာ ။ ရိုးရိုးအႀကိတ္ဆို ျပသနာမရွိေပမယ့္ cancer အႀကိတ္ဆို အျမစ္ျပန့္တာ ဘယ္ေလာက္ အႏၱရာယ္မ်ားသလဲ မင္းသိပါတယ္ "

" ဟုတ္ကဲ့ "

ဆုံးျဖတ္ခ်က္ကို ျပင္မယ့္ပုံမရတဲ့ Baekhyun ေၾကာင့္ ဟ်ိဳေဆာ့ လုံးလုံးလက္ေလွ်ာ့လိုက္ရေတာ့တာပါပဲ ။

" ေသာက္ေဆးေတြေပးလိုက္မယ္ ။ စာေမးပြဲၿပီးရင္ေတာ့ အခ်ိန္မဆြဲပဲ ခ်က္ခ်င္းလာခဲ့ ။ ေဆးကေတာ့ တစ္ပတ္စာစီ လာယူၿပီး ငါ့ကိုျပန္လာျပ ။ လကၡဏာေတြကေတာ့ မင္းသိတယ္မလား "

" ဟုတ္ ၊ သိပါတယ္ "

" ေနာက္ဆို ေအာ့အန္တာေတြ ၊ ေခါင္းကိုက္တာေတြ ပိုအႀကိမ္ေရ စိပ္လာလိမ့္မယ္ ။ အျမင္အာ႐ုံခ်ိဳ႕ယြင္းတာေရာ ၊ သတိလည္း ခဏခဏေမ့လိမ့္မယ္ ။ စိတ္အတက္အက် ျမန္မယ္ ။ နဂို personality ေတြေျပာင္းလာတာမ်ိဳးလည္း ျဖစ္ခ်င္ျဖစ္လိမ့္မယ္ ။ သတိထားၿပီးေန ။ တစ္ေယာက္တည္း မသြားမလာနဲ႕ ။ အေဖာ္ေခၚ "

" ဟုတ္ ကြၽန္ေတာ္နားလည္ပါတယ္ "

" ဒါဆိုေကာင္တာမွာ ေဆးထုတ္ၿပီး ေစာင့္ေနႏွင့္လိုက္ ။
ေက်ာင္းကို ငါလိုက္ပို႔မယ္ "

Baekhyun ေခါင္းေလးညိတ္ျပလို႔ၿပီးေတာ့ စီနီယာက ေသာက္ရမယ့္ေဆးနာမည္ေတြကို ခ်ေရးေပးေနေလရဲ႕ ။ Baekhyun အရိပ္အခ်ည္ကို ၾကည့္လို႔ ခပ္တိုးတိုးေလး ထပ္ေခၚလိုက္တယ္ ။

" စီနီယာ "

" အင္း "

" ဒီအေၾကာင္းကို Yixing ကိုမေျပာလို႔ျဖစ္မလား "

ဒီအခါမွာေတာ့ စီနီယာက သူ႕ကိုေမာ့ၾကည့္လာၿပီး ဆူပူေတာ့မလိုဟန္ျပင္ေတာ့တယ္ ။ ဆူပူခြင့္မရခင္မွာဘဲ Baekhyun အလ်င္စလိုနဲ႕ သင့္ေတာ္တဲ့ အေၾကာင္းျပခ်က္ကို ခပ္ျမန္ျမန္ ထုတ္ေျပာလိုက္ရရဲ႕ ။

" စာေမးပြဲနီးၿပီဆိုေတာ့ အာ႐ုံမမ်ားေစခ်င္လို႔ပါ "

သူ႕အေၾကာင္းျပခ်က္က သင့္ေတာ္ေနေတာ့လည္း စီနီယာခမ်ာ ဘာမွျပန္ေျပာခြင့္မရလိုက္ဘူး ။ အဲ့ဒီအစား Baekhyun ကိုပဲ မနိုင္သလိုၾကည့္ရင္း ေခါင္းယမ္းလို႔ သက္ျပင္းခ်လာေတာ့တယ္ ။

" မင္းက ဘယ္လိုေကာင္ေလးမွန္းေတာင္ မသိေတာ့ဘူး
အေၾကာက္အလန့္ ကင္းလြန္းတယ္ "

စိတ္မပါတဲ့ အၿပဳံးေလးကို အားတင္းၿပဳံးျပလိုက္ရတဲ့ Baekhyun ကေတာ့ ခုခ်ိန္ သူ႕ရင္ထဲမွာ ဘယ္ေလာက္လႈပ္ခတ္ေနသလဲဆိုတာကို သူပဲသိလိမ့္မယ္ ။ Chan ေရာ Yixing ေရာ သိရင္ သူ႕ဆုံးျဖတ္ခ်က္ကို ဘယ္သူမွ လက္မခံၾကမွာ သိတာမို႔ လွ်ို႔ဝွက္ထား႐ုံအျပင္ မရွိဘူး ။

အကယ္၍ အဲ့လို မပြင့္လင္းျခင္းေတြကပဲ အဖုအထစ္ေတြ ျဖစ္လာေစမယ္မွန္းသာ Baekhyun ႀကိဳသိခဲ့ရင္ေလ ။

___________________________________

စိတ္မေကာင္းစရာက Shoyo ကေလးမခ်စ္တတ္ပါဘူး  I'm sorry if I let you down. And forgive me if I have something wrong with my medical facts. Cause that's not my subject.

Continue Reading

You'll Also Like

43.6K 4.6K 42
💚 MarkHyuck [ Unicode + Zawgyi ] I Belonged To You ( Season 2 )
10.3K 349 7
ဒီဇာတ်လမ်းသည်စာရေးသူ၏စိတ်ကူးသာဖြစ်သည်။ ⚠warning⚠
484K 11.5K 89
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
192K 11.6K 27
........... စီနီယာအကိုႀကီးနဲ႔ ဂ်ဴနီယာ ညီငယ္​​ေလး ပယ္​သူက Uke ပယ္​သူက Seme လဲလို႔ ဖတ္​​ေပးၾကပါဦး