LOVE ME,OK![Complete]

By M-O-N-E

189K 17.6K 2.3K

ZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 XiaoZhan is a IQ160 having student.Bo Bo is a normal student.This stor... More

Episode-1
Episode-2
Episode-3
Episode-4
Episode-5
Episode-6
Episode-7
Episode-8
Episode-9
Episode-10
Episode-11
Episode-12
Episode-13
Episode-14
Episode-16
Episode-17
Episode-18
Episode-19
Episode-20
Episode-21
Episode-22
Episode-23
Episode-24
Episode-25
Episode-26
Episode-27
Episode-28
Episode-29
Episode-30
Episode-31
Episode-32
Episode-33
Episode-34
Episode-35
Episode-36
Episode-37
Episode-38
Episode-39
Episode-40
Episode-Final

Episode-15

4.8K 472 34
By M-O-N-E

♡Unicode version♡

နေ့လည်ခင်းသောင်ခုံထက် အရိပ်ရသည့်နေရာတွေမှာခရီးသွားအသင်းကကျောင်းသားတွေဟာသူ့အဖွဲ့နဲ့သူဟိုတစုဒီတစုနေ့လည်ဆာစားနေကြပြီး တချို့ကတော့ကမ်းစပ်မှာရေကစားနေကြတယ်။ရှောင်းကျန့်တို့အဖွဲ့လည်းရွက်ဖျင်တဲလေးနဘေးမှာပဲအခင်းတွေခင်းပြီးနေ့လည်ဆာဝိုင်းဖွဲ့နေကြတယ်။

"အသားများများထည့်စား!..."

"ဟုတ်!..."

ဟိုတယ်ကလာပို့သည့်lunch boxတွေကိုအလည်မှာထားပြီးနေ့လည်ဆာစားနေသည့်တလျှောက်လုံးရိပေါ်ပန်းကန်ထဲအသားတွေတူနဲ့ညှပ်ထည့်ပေးနေသည့်ရှောင်းကျန့်။အကြောင်းသိသည့်ဖေရှီးကသူဘာသာနေ့လည်ဆာဆက်စားနိုင်နေပေမဲ့ဖန်းဝေတစ်ယောက်ကတော့အကဲပိုနေသည့်ရှောင်းကျန့်ကိုတလှည့်ကျေနပ်ဟန်ခေါင်းလေးငုပ်ပြီးနေ့လည်ဆာစားနေသည့်ရိပေါ်ကိုတလှည့်ကြည့်ပြီးမျက်ခုံးတန်းတွေတွန့်ကွေးကုန်သည်အထိအလိုတော်မကျဖြစ်နေရတယ်။ရိပေါ်စီမကြာခဏပို့လွှတ်နေတဲ့နူးညံ့လွန်းသည့်ရှောင်းကျန့်အကြည့်တွေကပဲဖန်းဝေရင်ထဲအစိုင်အခဲတခုလိုအခဲမကြေချင်။

"ရိပေါ် အသားတွေချည်းစားမနေနဲ့လေ...ရော့!...အရွက်ကြော်လေးစားကြည့်..."

"ကျေးဇူးပါဖန်းဝေကော!..."

မတင်မကျဖြစ်နေမှုကိုမသိမသာခြေဖျက်သည့်ဖန်းဝေ။ရှောင်းကျန့်ကစားနေတာရပ်ပြီးဖန်းဝေကိုအသာကြည့်လာတယ်။ရိပေါ်ကတော့ပန်းကန်ထဲပုံထားသည့်ဟင်းတွေကိုဟိုတို့စိဒီတို့စိနဲ့ဆက်စားနေတုန်း။ဖေရှီးကစားပြီးလို့သူတို့သုံးယောက်ကိုကျောပေးလျှက်ပင်လယ်ကိုငေးရင်းအအေးဗူးဖောက်သောက်နေတယ်။

"အအေးသောက်မလား..."

"ဟအင်း!...ရိုးရိုးရေပဲ..."

ရှောင်းကျန့်ကမေးပြီးတဲအတွင်းဝင်သွားတယ်။ပြန်ထွက်လာတဲ့အချိန်ရိပေါ်လက်ထဲထည့်ပေးလာသည်ကအစိမ်းရောင်ရေဗူးလေး။အကိုပြောပြထားလို့သိထားနှင့်ပေမဲ့ခုချိန်ထိမပျောက်မပျက်အကိုသုံးနေကျရေဗူးလေးကမိမိနဲ့သက်ဆိုင်သည့်အမှတ်တရပစ္စည်းလေးမှန်းသိရတော့အကို့မြတ်နိုးခြင်းတစကိုမြင်လိုက်ရသလိုရင်ထဲနွေးခနဲ။ရေတငုံသောက်လိုက်ပြီးအကို့စီရေဗူးလေးပြန်ကမ်းတော့တစ်ရှူးခေါက်လေးနဲ့အသင့်စည်းကြိုနေပြန်သည့်အကို။ထိန်းမနိုင်အောင်ပြုံးလိုက်မိသည့်ရိပေါ်ကြောင့်ဖန်းဝေမျက်နှာကနေ့ခင်းကြောင်တောင်မဲမှောင်လျှက်။

*ပီ!!!!!...*

စည်ခနဲပျံလွင့်လာသည့်ဝီစီသံကြောင့်ကျောင်းသားတွေအသံလာရာပင်လယ်ဘက်အကြည့်ပို့မိကြတယ်။တယောက်နဲ့တယောက်လက်တို့ပြီးအလျှိုလျှိုလူစုနေကြတာတွေ့နေရတာမို့ရှောင်းကျန့်တို့အဖွဲ့လည်းlunch boxတွေသိမ်းပြီးထိုနေရာစီလျှောက်သွားလိုက်ကြတယ်။

"ကယ်!...မနက်ဖြန်ပြန်ကြရတော့မှာဆိုတော့ ခုနေအစာကြေအောင်ပျော်စရာဂိမ်းလေးတွေကစားရအောင်..."

အမြဲတမ်းဦးဆောင်သည့်နေရာမှာဆရာကျသည့်လုမေကဆော်အောတော့ကျောင်းသားအားလုံးလူငယ်ပီပီတပျော်တပါးပဲထောက်ခံလာကြတယ်။အကိုပြောပြထားလို့စီနီယာလုမေကစာတမ်းအတူပြုစုရသည့်သူငယ်ချင်းသာဖြစ်ကြောင်းရိပေါ်သိထားပြီးပြီမလို့ထူးထွေပြီးဘာမှခံစားမနေရ။အကိုနဲ့သူ့အကြောင်းပါသိနေတယ်ဆိုလာတော့မှရိပေါ်အနည်းငယ်မျက်နှာပူလာမိသည့်အဖြစ်ရယ်ပါ။

ကစားဖို့နေရာပြင်ဆင်ပြီးတဲ့အချိန်မှာတော့ရှည်လျှားသည့်ပြေးလမ်းကြီးကသဲမြေနုနုပေါ်မှာနေရာယူထားပြီးကျောင်းသားအားလုံးကထိုနေရာကိုအဝိုင်းကြီးကြီးစုဝိုင်းထားကြတယ်။နေ့လည်ခင်းအရိပ်မရှိရှင်းလင်းနေပေမဲ့နေကျဲတာမို့သူတို့ဆော့ကစားဖို့အဆင်ပြေသည့်အနေအထားပင်။

ကစားပွဲဟာနှစ်ယောက်တစ်တွဲဆော့ရမှာဖြစ်သလိုတစ်ယောက်ကိုကျန်တစ်ယောက်ကကုန်းပိုးလျှက်သတ်မှတ်ထားသည့်လျှောက်လမ်းဆုံးအောင်တဖက်လူတွေနဲ့အပြိုင်ယှဥ်ပြေးရမှာ။စည်းမျဥ်းအရလမ်းဆုံးရောက်သည်အထိကုန်းပိုးထားသူကိုကျောပိုးလျှက်ပန်းဝင်နိုင်ရမှာဖြစ်ပြီးပြိုင်ပွဲဝင်သူတိုင်းcaupleသော့တွဲလေးတွေရကြတယ်။ပထမဆုံးပန်းဝင်သည့်အတွဲအတွက်တော့ချိုချဥ်ဝိုင်းတုတ်ချောင်းအကြီးကြီးတခုလက်ဆောင်အဖြစ်သီးသန့်ရှိနေခဲ့တယ်။

လျှောက်လမ်းအကျယ်အဝန်းအရတကြိမ်လျှင်ငါးတွဲယှဥ်ပြိုင်ကြရပြီးအခုဆိုလျှင်အခေါက်ပေါင်းမနည်းတော့၍မပြိုင်ပဲရပ်ကြည့်နေသည့်ကျောင်းသားအနည်းအကျဥ်းသာကျန်တော့သည်။ရှောင်းကျန့်ပြိုင်ပွဲကိုလက်ပိုက်ကြည့်နေရင်းနဘေးကအသံတိတ်နေသည့်ကောင်လေးစီအကြည့်ပို့မိတော့မီးခိုးရောင်မျက်လုံးတောက်တောက်လေးတွေကလုမေလက်ထဲကိုင်ထားသည့်အဝါရောင်ဖဲကြိုးစည်းချိုချဥ်ဝိုင်းကြီးစီမှာ။

မိုးပြာရောင်အောက်ခံပေါ်မှာကာတွန်းရုပ်ကလေးတွေပါသည့်ရှပ်လွင်လွင်လေးကိုဒူးအထက်ဘောင်းဘီပွပွအနက်ကလေးနဲ့တွဲဝတ်ထားသည့်ကောင်လေးကရှောင်းကျန့်မျက်လုံးထဲကလေးလေးလိုပဲ။သူ့ကိုပူဆာမလာပေမဲ့ချိုချဥ်ဝိုင်းကြီးစီခဏခဏကြည့်နေတတ်သူလေးဂျီကျမည်ကိုအဆန်းတကြယ်မြင်ဖူးချင်နေသေးသည်။

"ချိုချဥ်စားချင်လို့လား..."

"ဟင်!...အင်း!..."

နားနားတိုးတိုးကပ်မေးတော့အယောင်ယောင်အမှားမှားခေါင်းငြိမ့်ပြရှာတယ်။လက်ခုပ်တီးတဝေးဝေးတဝါးဝါးနဲ့ကစားပွဲကိုအားပေးနေကြသည့်လူတွေကိုတိုးဝှေ့ကာကောင်လေးလက်ကိုတွဲပြီးလျှောက်လမ်းတဖက်ကတာထွက်ရမည့်နေရာမှာသွားရပ်လိုက်တယ်။ဘာရယ်မဟုတ်ရှောင်းကျန့်တို့နှစ်ယောက်အနားဖန်းဝေနဲ့ဖေရှီးကလည်းတကောက်ကောက်ကပ်ပါလာကြတယ်။

"အကိုဘာလုပ်မလို့လဲဟင်..."

"ဝင်ပြိုင်မယ်လေ...မင်းလေးပဲချိုချဥ်စားချင်တယ်ဆို..."

မကြာခင်ကမှစတင်သည့်ကစားပွဲအပြီးကိုစောင့်ရင်းဆူညံ့နေသည့်လူတွေကြားတိုးတိုးကပ်မေးတော့ကိုယ်အနည်းငယ်ကိုင်းပေးပြီးပြန်ဖြေရတယ်။လက်ခံသလိုကောင်လေးခေါင်းငြိမ့်ပြီးရှပ်အက်ျီအနားစလေးကိုစုတ်ချေနေသည်မှာလာမည့်ယှဥ်ပြိုင်ခြင်းအတွက်စိတ်လှုပ်ရှားနေဟန်။

*ပီ!!!!!...*

ပထမဝီစီသံအချက်ပြတာနဲ့ရှောင်းကျန့် ရိပေါ်ကိုကုန်းပိုးပြီးတာထွက်ဖို့အသင့်အနေအထား။တချို့ကရှောင်းကျန့်ဝင်ပြိုင်တာမြင်တော့ဖုန်းတွေထုတ်vedioရိုက်ဖို့ပြင်ကြဆင်ကြနှင့်ယောပင်ယက်ခတ်ကုန်တယ်။

"ကိုယ့်ကိုသေချာတွယ်ထားနော်!...အဲ့ဒီနောက်ဆုံးချိုချဥ်ကိုကောင်လေးအတွက်ကိုယ်ယူပေးမယ်..."

"ဟုတ်!..."

နှစ်ယောက်လုံးပြုံးနေမိတာပတ်ဝန်းကျင်ကိုမေ့သွားတဲ့အထိပဲ။ဒုတိယအကြိမ်ဝီစီသံကြားလိုက်တဲ့အခါမှာတော့ရှောင်းကျန့်ခြေလှမ်းတွေဟာရိပေါ်ကိုကုန်းပိုးထားလျှက်ပေါ့ပါးစွာပြေးထွက်ခဲ့မိတယ်။စစချင်းမသိမသာပေမဲ့ခြေတံရှည်လွန်းလှသည့်ရှောင်းကျန့်ကိုမယှဥ်နိုင်စွာတခြားပြိုင်ပွဲဝင်တွေမှာပြေးလမ်းတဝက်မှာတင်နောက်ကောက်ကျန်ခဲ့တော့တာပဲ။ဒါကိုပဲသဘောတကျလွင်လွင်ရယ်နေသည့်ကျောပေါ်ကကောင်လေးကြောင့်ရှောင်းကျန့်မှာမောလို့မောရမှန်းပင်မသိ ချိုချဥ်ရဖို့လုံးပမ်းရင်းသာ ပြုံးလိုက်မိတယ်။လက်ခုပ်သံ အားပေးသံတွေ ဖုံးနေသည့်ဝန်းကျင်မှာရှောင်းကျန့်နားထဲရယ်သံအစ်အစ်လေးကိုသာကွက်ကြားနေရတာ အကြားအာရုံချို့ယွင်းနေလို့များလား။

"ဂုဏ်ယူပါတယ်...နောက်ဆုံးချိုချဥ်ကိုရှောင်းကျန့်နဲ့ရိပေါ်တို့အတွဲကရရှိသွားပါတယ်..."

ချွေးစိုနေသည့်နှဖူးကိုလက်ခုံနဲ့ဖိသုတ်ပြီးနောက်လုမေလာပေးသည့်capleသော့တွဲလေးနဲ့ချိုချဥ်တုတ်ကြီးကရှောင်းကျန့်လက်နှစ်ဖက်စလုံးမှာတဖက်စီနေရာယူထားလေပြီ။ကစားပွဲကတော့တစုံတယောက်ရဲ့ကမောက်ကမဖြစ်အင်ကြောင့်ယခုချိန်ထိမပြီးဆုံးသေးပေ။

"ရားးးး!...(ကျန်း)ဖေရှီး...ခုချက်ချင်းအောက်ချစမ်း!..."

အသံလာရာကွင်းလယ်မှာတော့ပုစင်းရင်ကွဲလိုအော်ဟစ်နေသည့်ဖန်းဝေနှင့်ဖန်းဝေအားကုန်းပိုးထားသည့်ဖေရှီးတို့မှာအပြေးပြိုင်ခြင်းမှနဗန်းသတ်ခြင်းကူးပြောင်းတော့မည့်အနေအထားမှာရှိလေသည်။ပွဲကြည့်ပရိသတ်ကျောင်းသားကျောင်းသူတွေမှာတော့၎င်းဖြစ်အင်ကြောင့်ရယ်သံမစဲတသဲသဲပင်။

___

"ရော့!...ခများဖို့တခု..."

"ဘာလဲ!..."

"နေ့လည်ကစားကြတုန်းကရတဲ့သော့တွဲလေ..."

ဘုနဲ့ဘောက်ဆိုသလိုဖန်းဝေနဲ့ဖေရှီးမှာတဲတစ်ခုတည်းအတူရှိနေတာတောင်မျက်နှာကြောကမတည့်ချင်။စကားသံတို့ကအချိန်အခါမရွေးဘောက်ဆက်ဆက်။

"မလိုချင်ပါဘူး!...ကလေးကလားနဲ့..."

"မရဘူး...တယောက်တခုရတာ ယူဗျာ...ရော့!..."

"မင်းပဲယူထားလိုက်!..."

ဒီတိုင်းပေးလျှင်လက်မခံတာမို့ဖေရှီးလက်ထဲကpokemonအရုပ်key chainလေးအားဖန်းဝေကျောပိုးအိပ်မှာကောက်တွဲထားပေးလိုက်တယ်။အလကား ဘဝင်မြင့်နေတဲ့crushစုတ်။

"ရှောင်းကျန့်နဲ့ရိပေါ်ကိုမင်းသတိထားမိလား..."

တဲအပြင်ပြန်ထွက်ဖို့လုပ်နေတုန်းဖန်းဝေအမေးကြောင့်ဖေရှီးလည်ပြန်ငဲ့ကြည့်လိုက်မိတယ်။မျက်နှာပေါ်မှာစိုးထိတ်မှုအရိပ်တချို့နဲ့စိတ်ရှုပ်နေဟန်ရှိသည့်ထိုလူ့ပုံစံကသူ့ကိုပါကူးစက်ပြီးမရွှင်မပျဖြစ်စေပြန်တယ်။

"ဟအင်း!...ရိပေါ်ကဘာမှမပြောတော့ကျွန်တော်လည်းသေချာမသိဘူး..."

"အာ!...အင်း..."

ခပ်မှိုင်မှိုင်ဖြစ်နေသည့်ဖန်းဝေကြောင့်ဖေရှီးရင်ထဲမချိသလို သိထားသည့်တချို့တလေကိုတောင်ပြောမထွက်။ဒီလူနာကျင်လျှင် သူနာသလို ဒီလူပျော်မှလည်းသူပြုံးနိုင်မည်လေ။အများကြီးမတွေးပဲ ခများကိုချစ်တဲ့ကျွန်တော်တစ်ယောက်လုံးအနားမှာရှိနေတာ သတိရစမ်းပါခများရာ။

___

"ချိုချဥ်ရပြီဆိုတော့ ကျေနပ်ပြီလား!..."

"ဟုတ်!...ကျွန်တော့်အတွက်နိုင်အောင်ပြိုင်ပေးလို့ကျေးဇူးတင်ပါတယ်အကို..."

"လိုလို့လား...ကိုယ်ကကောင်လေးတသမျှအကုန်ဖြည့်ဆည်းပေးရမယ့်သူပဲမဟုတ်လား ဟင်..."

ဆံပင်အုပ်အုပ်လေးကိုအသာဖွရင်းပြောတော့လက်တစ်ဖက်ချိုချဥ်တုတ်ကိုကျစ်ကျစ်စုတ်ရင်းမျက်လုံးတွေမှိတ်ကျအောင်ပြုံးပြလာတယ်။ညနေစောင်းမို့ရောင်နီသန်းနေသည့်နေမင်းကြီးနဲ့ပင်လယ်ပြင်ကျယ်ကျယ်ကသဲပြင်ထက်ယှဥ်ထိုင်နေသည့်ကောင်လေးနှစ်ယောက်ရှေ့မှာပန်းချီကားတစ်ချပ်နှယ် ခန့််ခန့်ထည်ထည်။

"အာ!...ဒီမှာကျန်သေးတာပဲ..."

ပြောရင်းဘောင်းဘီအိပ်ကပ်ထဲကcauple key chainလေးတွေထုတ်ယူလိုက်သည့်ရှောင်းကျန့်။ပြိုင်ပွဲဝင်သည့်အတွဲတိုင်းရသည့်key chainလေးတွေပေမဲ့ပုံစံလေးတွေကတမျိုးစီကွဲပြားကြတယ်။ရှောင်းကျန့်နဲ့ရိပေါ်အတွက်ကဖန်းဝေတို့အတွဲလိုpokemonအရုပ်သော့တွဲလေးတွေလည်းမဟုတ် တခြားသူတွေနဲ့လည်းမတူသည့် ဖန်စီkey chainလေးနှစ်ခု။


"တယောက်တခု..."

"ကျွန်တော်ကအကိုနဲ့တူတဲ့တိမ်စိုင်ကလေးယူမယ်...အကိုကYစာလုံးထွင်းထားတဲ့တခုယူ..."

"သဘောရှိပါခမျာ!..."

အလိုလိုက်အကြိုက်ဆောင်တော့ရယ်နေလိုက်တာများအသည်းတွေယားလာသည်အထိ။သူ့လက်ထဲkey chainတစ်ခုထည့်ပေးပြီးချိုချဥ်တုတ်နဲ့တိမ်စိုင်သော့တွဲလေးကိုကောင်လေးကအရိပ်တကြည့်ကြည့်။

"ချိုချဥ်စားချင်တာဆို...ဖောက်မစားဘူးလား..."

ယခုအချိန်ထိဖဲကြိုးမဖြေရသေးသည့်ချိုချဥ်ကကောင်လေးလက်ထဲမှာပုံစံမပျက်ရှိနေသေးတာကြောင့်ရှောင်းကျန့်မေးလိုက်မိခြင်း။

"ဟအင်း!...အစကတော့စားမလို့ပဲ အခု အကိုပင်ပမ်းထားတာသိတော့နှမြောဝါးလို့..."

"ကိုယ်ကကောင်လေးကိုစားစေချင်လို့အပင်ပမ်းခံတာလေ...ဘာလဲ မစားပဲသိမ်းထားမှာတော့မဟုတ်ဘူးမလား..."

"ဟုတ်...သိမ်းထားချင်လို့..."

"ဟာ!...တကယ့်ငဂျစ်လေးကွာ...အဟင်း!..."

ရယ်ရင်းမောရင်းအနည်းငယ်ကွာဟနေသည့်အနေအထားကနေကောင်လေးကိုရင်ခွင်ထဲဆွဲသွင်းပလိုက်တယ်။အများစုကပင်လယ်ထဲရေဆော့နေကြပေမဲ့ကုန်းပေါ်တချို့တလေကျန်သေးတာမို့ကောင်လေးကမလုံမလဲဟိုဟိုဒီဒီမျက်လုံးကစားနေသေးတယ်။

"ဟို!...အကို မြင်ကုန်ရင်..."

"ဒီနားပိုတိုး မမြင်ရအောင်..."

"အာ!..."

ရင်ခွင်ထဲမြုပ်ဝင်မတက်တိုးဖက်လိုက်ရင်းဆံသားအိအိတွေကိုနှာခေါင်းချွန်ချွန်နဲ့ထိုးဖွနေမိတယ်။တခါတခါမော့ကြည့်လာတော့လည်း ပါးအိအိတွေကိုရွှတ်ခနဲရွှတ်ခနဲမြည်အောင်ပင်ဖိနမ်းပစ်တဲ့အထိယုယမိတော့တာပဲ။

လက်ဖဝါးချင်းထပ်လျှက်ထွေးစုတ်ထားရင်းမြတ်နိုးခြင်းတံတိုင်းကြီးကိုအနမ်းနုနုတို့နဲ့ကာရံမိတာလဲအထပ်ထပ်။အကိုဆိုကာသတိပေးသံပြုတဲ့အခါမတင်းတိမ်နိုင်ခြင်းကြောင့်ကောင်လေးရာ ဆိုပြီးချွေသိပ်ခဲ့ရပေါင်းမနည်း။နောင်အခါများဒီနေရာလေးကိုလာဖြစ်ခဲ့ရင် သဲအိမ်လှလှလေးအတူဆောက်ကြဖို့ကောင်လေးအားအဖော်ညှိပါဦးမယ်။

To be continue........
28/9/2021(Tuesday)
Thank for your reading.♥

Good night, sweet dream__🍭

♡Zawgyi version♡

ေန႕လည္ခင္းေသာင္ခုံထက္ အရိပ္ရသည့္ေနရာေတြမွာခရီးသြားအသင္းကေက်ာင္းသားေတြဟာသူ႕အဖြဲ႕နဲ႕သူဟိုတစုဒီတစုေန႕လည္ဆာစားေနၾကၿပီး တခ်ိဳ႕ကေတာ့ကမ္းစပ္မွာေရကစားေနၾကတယ္။ေရွာင္းက်န့္တို႔အဖြဲ႕လည္း႐ြက္ဖ်င္တဲေလးနေဘးမွာပဲအခင္းေတြခင္းၿပီးေန႕လည္ဆာဝိုင္းဖြဲ႕ေနၾကတယ္။

"အသားမ်ားမ်ားထည့္စား!..."

"ဟုတ္!..."

ဟိုတယ္ကလာပို႔သည့္lunch boxေတြကိုအလည္မွာထားၿပီးေန႕လည္ဆာစားေနသည့္တေလွ်ာက္လုံးရိေပၚပန္းကန္ထဲအသားေတြတူနဲ႕ညွပ္ထည့္ေပးေနသည့္ေရွာင္းက်န့္။အေၾကာင္းသိသည့္ေဖရွီးကသူဘာသာေန႕လည္ဆာဆက္စားနိုင္ေနေပမဲ့ဖန္းေဝတစ္ေယာက္ကေတာ့အကဲပိုေနသည့္ေရွာင္းက်န့္ကိုတလွည့္ေက်နပ္ဟန္ေခါင္းေလးငုပ္ၿပီးေန႕လည္ဆာစားေနသည့္ရိေပၚကိုတလွည့္ၾကည့္ၿပီးမ်က္ခုံးတန္းေတြတြန့္ေကြးကုန္သည္အထိအလိုေတာ္မက်ျဖစ္ေနရတယ္။ရိေပၚစီမၾကာခဏပို႔လႊတ္ေနတဲ့ႏူးညံ့လြန္းသည့္ေရွာင္းက်န့္အၾကည့္ေတြကပဲဖန္းေဝ ရင္ထဲအစိုင္အခဲတခုလိုအခဲမေၾကခ်င္။

"ရိေပၚ အသားေတြခ်ည္းစားမေနနဲ႕ေလ...ေရာ့!...အ႐ြက္ေၾကာ္ေလးစားၾကည့္..."

"ေက်းဇူးပါဖန္းေဝေကာ!..."

မတင္မက်ျဖစ္ေနမႈကိုမသိမသာေျခဖ်က္သည့္ဖန္းေဝ။ေရွာင္းက်န့္ကစားေနတာရပ္ၿပီးဖန္းေဝကိုအသာၾကည့္လာတယ္။ရိေပၚကေတာ့ပန္းကန္ထဲပုံထားသည့္ဟင္းေတြကိုဟိုတို႔စိဒီတို႔စိနဲ႕ဆက္စားေနတုန္း။ေဖရွီးကစားၿပီးလို႔သူတို႔သုံးေယာက္ကိုေက်ာေပးလွ်က္ပင္လယ္ကိုေငးရင္းအေအးဗူးေဖာက္ေသာက္ေနတယ္။

"အေအးေသာက္မလား..."

"ဟအင္း!...ရိုးရိုးေရပဲ..."

ေရွာင္းက်န့္ကေမးၿပီးတဲအတြင္းဝင္သြားတယ္။ျပန္ထြက္လာတဲ့အခ်ိန္ရိေပၚလက္ထဲထည့္ေပးလာသည္ကအစိမ္းေရာင္ေရဗူးေလး။အကိုေျပာျပထားလို႔သိထားႏွင့္ေပမဲ့ခုခ်ိန္ထိမေပ်ာက္မပ်က္အကိုသုံးေနက်ေရဗူးေလးကမိမိနဲ႕သက္ဆိုင္သည့္အမွတ္တရပစၥည္းေလးမွန္းသိရေတာ့အကို႔ျမတ္နိုးျခင္းတစကိုျမင္လိုက္ရသလိုရင္ထဲေႏြးခနဲ။ေရတငုံေသာက္လိုက္ၿပီးအကို႔စီေရဗူးေလးျပန္ကမ္းေတာ့တစ္ရႉးေခါက္ေလးနဲ႕အသင့္စည္းႀကိဳေနျပန္သည့္အကို။ထိန္းမနိုင္ေအာင္ၿပဳံးလိုက္မိသည့္ရိေပၚေၾကာင့္ဖန္းေဝမ်က္ႏွာကေန႕ခင္းေၾကာင္ေတာင္မဲေမွာင္လွ်က္။

*ပီ!!!!!...*

စည္ခနဲပ်ံလြင့္လာသည့္ဝီစီသံေၾကာင့္ေက်ာင္းသားေတြအသံလာရာပင္လယ္ဘက္အၾကည့္ပို႔မိၾကတယ္။တေယာက္နဲ႕တေယာက္လက္တို႔ၿပီးအလွ်ိုလွ်ိုလူစုေနၾကတာေတြ႕ေနရတာမို႔ေရွာင္းက်န့္တို႔အဖြဲ႕လည္းlunch boxေတြသိမ္းၿပီးထိုေနရာစီေလွ်ာက္သြားလိုက္ၾကတယ္။

"ကယ္!...မနက္ျဖန္ျပန္ၾကရေတာ့မွာဆိုေတာ့ ခုေနအစာေၾကေအာင္ေပ်ာ္စရာဂိမ္းေလးေတြကစားရေအာင္..."

အၿမဲတမ္းဦးေဆာင္သည့္ေနရာမွာဆရာက်သည့္လုေမကေဆာ္ေအာေတာ့ေက်ာင္းသားအားလုံးလူငယ္ပီပီတေပ်ာ္တပါးပဲေထာက္ခံလာၾကတယ္။အကိုေျပာျပထားလို႔စီနီယာလုေမကစာတမ္းအတူျပဳစုရသည့္သူငယ္ခ်င္းသာျဖစ္ေၾကာင္းရိေပၚသိထားၿပီးၿပီမလို႔ထူးေထြၿပီးဘာမွခံစားမေနရ။အကိုနဲ႕သူ႕အေၾကာင္းပါသိေနတယ္ဆိုလာေတာ့မွရိေပၚအနည္းငယ္မ်က္ႏွာပူလာမိသည့္အျဖစ္ရယ္ပါ။

ကစားဖို႔ေနရာျပင္ဆင္ၿပီးတဲ့အခ်ိန္မွာေတာ့ရွည္လွ်ားသည့္ေျပးလမ္းႀကီးကသဲေျမႏုႏုေပၚမွာေနရာယူထားၿပီးေက်ာင္းသားအားလုံးကထိုေနရာကိုအဝိုင္းႀကီးႀကီးစုဝိုင္းထားၾကတယ္။ေန႕လည္ခင္းအရိပ္မရွိရွင္းလင္းေနေပမဲ့ေနက်ဲတာမို႔သူတို႔ေဆာ့ကစားဖို႔အဆင္ေျပသည့္အေနအထားပင္။

ကစားပြဲဟာႏွစ္ေယာက္တစ္တြဲေဆာ့ရမွာျဖစ္သလိုတစ္ေယာက္ကိုက်န္တစ္ေယာက္ကကုန္းပိုးလွ်က္သတ္မွတ္ထားသည့္ေလွ်ာက္လမ္းဆုံးေအာင္တဖက္လူေတြနဲ႕အၿပိဳင္ယွဥ္ေျပးရမွာ။စည္းမ်ဥ္းအရလမ္းဆုံးေရာက္သည္အထိကုန္းပိုးထားသူကိုေက်ာပိုးလွ်က္ပန္းဝင္နိုင္ရမွာျဖစ္ၿပီးၿပိဳင္ပြဲဝင္သူတိုင္းcaupleေသာ့တြဲေလးေတြရၾကတယ္။ပထမဆုံးပန္းဝင္သည့္အတြဲအတြက္ေတာ့ခ်ိဳခ်ဥ္ဝိုင္းတုတ္ေခ်ာင္းအႀကီးႀကီးတခုလက္ေဆာင္အျဖစ္သီးသန့္ရွိေနခဲ့တယ္။

ေလွ်ာက္လမ္းအက်ယ္အဝန္းအရတႀကိမ္လွ်င္ငါးတြဲယွဥ္ၿပိဳင္ၾကရၿပီးအခုဆိုလွ်င္အေခါက္ေပါင္းမနည္းေတာ့၍မၿပိဳင္ပဲရပ္ၾကည့္ေနသည့္ေက်ာင္းစားအနည္းအက်ဥ္းသာက်န္ေတာ့သည္။ေရွာင္းက်န့္ၿပိဳင္ပြဲကိုလက္ပိုက္ၾကည့္ေနရင္းနေဘးကအသံတိတ္ေနသည့္ေကာင္ေလးစီအၾကည့္ပို႔မိေတာ့မီးခိုးေရာင္မ်က္လုံးေတာက္ေတာက္ေလးေတြကလုေမလက္ထဲကိုင္ထားသည့္အဝါေရာင္ဖဲႀကိဳးစည္းခ်ိဳခ်ဥ္ဝိုင္းႀကီးစီမွာ။

မိုးျပာေရာင္ေအာက္ခံေပၚမွာကာတြန္း႐ုပ္ကေလးေတြပါသည့္ရွပ္လြင္လြင္ေလးကိုဒူးအထက္ေဘာင္းဘီပြပြအနက္ကေလးနဲ႕တြဲဝတ္ထားသည့္ေကာင္ေလးကေရွာင္းက်န့္မ်က္လုံးထဲကေလးေလးလိုပဲ။သူ႕ကိုပူဆာမလာေပမဲ့ခ်ိဳခ်ဥ္ဝိုင္းႀကီးစီခဏခဏၾကည့္ေနတတ္သူေလးဂ်ီက်မည္ကိုအဆန္းတၾကယ္ျမင္ဖူးခ်င္ေနေသးသည္။

"ခ်ိဳခ်ဥ္စားခ်င္လို႔လား..."

"ဟင္!...အင္း!..."

နားနားတိုးတိုးကပ္ေမးေတာ့အေယာင္ေယာင္အမွားမွားေခါင္းၿငိမ့္ျပရွာတယ္။လက္ခုပ္တီးတေဝးေဝးတဝါးဝါးနဲ႕ကစားပြဲကိုအားေပးေနၾကသည့္လူေတြကိုတိုးေဝွ႕ကာေကာင္ေလးလက္ကိုတြဲၿပီးေလွ်ာက္လမ္းတဖက္ကတာထြက္ရမည့္ေနရာမွာသြားရပ္လိုက္တယ္။ဘာရယ္မဟုတ္ေရွာင္းက်န့္တို႔ႏွစ္ေယာက္အနားဖန္းေဝနဲ႕ေဖရွီးကလည္းတေကာက္ေကာက္ကပ္ပါလာၾကတယ္။

"အကိုဘာလုပ္မလို႔လဲဟင္..."

"ဝင္ၿပိဳင္မယ္ေလ...မင္းေလးပဲခ်ိဳခ်ဥ္စားခ်င္တယ္ဆို..."

မၾကာခင္ကမွစတင္သည့္ကစားပြဲအၿပီးကိုေစာင့္ရင္းဆူညံ့ေနသည့္လူေတြၾကားတိုးတိုးကပ္ေမးေတာ့ကိုယ္အနည္းငယ္ကိုင္းေပးၿပီးျပန္ေျဖရတယ္။လက္ခံသလိုေကာင္ေလးေခါင္းၿငိမ့္ၿပီးရွပ္အက္်ီအနားစေလးကိုစုတ္ေခ်ေနသည္မွာလာမည့္ယွဥ္ၿပိဳင္ျခင္းအတြက္စိတ္လႈပ္ရွားေနဟန္။

*ပီ!!!!!...*

ပထမဝီစီသံအခ်က္ျပတာနဲ႕ေရွာင္းက်န့္ ရိေပၚကိုကုန္းပိုးၿပီးတာထြက္ဖို႔အသင့္အေနအထား။တခ်ိဳ႕ကေရွာင္းက်န့္ဝင္ၿပိဳင္တာျမင္ေတာ့ဖုန္းေတြထုတ္vedioရိုက္ဖို႔ျပင္ၾကဆင္ၾကႏွင့္ေယာင္ယက္ခတ္ကုန္တယ္။

"ကိုယ့္ကိုေသခ်ာတြယ္ထားေနာ္!...အဲ့ဒီေနာက္ဆုံးခ်ိဳခ်ဥ္ကိုေကာင္ေလးအတြက္ကိုယ္ယူေပးမယ္..."

"ဟုတ္!..."

ႏွစ္ေယာက္လုံးၿပဳံးေနမိတာပတ္ဝန္းက်င္ကိုေမ့သြားတဲ့အထိပဲ။ဒုတိယအႀကိမ္ဝီစီသံၾကားလိုက္တဲ့အခါမွာေတာ့ေရွာင္းက်န့္ေျခလွမ္းေတြဟာရိေပၚကိုကုန္းပိုးထားလွ်က္ေပါ့ပါးစြာေျပးထြက္ခဲ့မိတယ္။စစခ်င္းမသိမသာေပမဲ့ေျခတံရွည္လြန္းလွသည့္ေရွာင္းက်န့္ကိုမယွဥ္နိုင္စြာတျခားၿပိဳင္ပြဲဝင္ေတြမွာေျပးလမ္းတဝက္မွာတင္ေနာက္ေကာက္က်န္ခဲ့ေတာ့တာပဲ။ဒါကိုပဲသေဘာတက်လြင္လြင္ရယ္ေနသည့္ေက်ာေပၚကေကာင္ေလးေၾကာင့္ေရွာင္းက်န့္မွာေမာလို႔ေမာရမွန္းပင္မသိ ခ်ိဳခ်ဥ္ရဖို႔လုံးပမ္းရင္းသာ ၿပဳံးလိုက္မိတယ္။လက္ခုပ္သံ အားေပးသံေတြ ဖုံးေနသည့္ဝန္းက်င္မွာေရွာင္းက်န့္နားထဲရယ္သံအစ္အစ္ေလးကိုသာကြက္ၾကားေနရတာ အၾကားအာ႐ုံခ်ိဳ႕ယြင္းေနလို႔မ်ားလား။

"ဂုဏ္ယူပါတယ္...ေနာက္ဆုံးခ်ိဳခ်ဥ္ကိုေရွာင္းက်န့္နဲ႕ရိေပၚတို႔အတြဲကရရွိသြားပါတယ္..."

ေခြၽးစိုေနသည့္ႏွဖူးကိုလက္ခုံနဲ႕ဖိသုတ္ၿပီးေနာက္လုေမလာေပးသည့္capleေသာ့တြဲေလးနဲ႕ခ်ိဳခ်ဥ္တုတ္ႀကီးကေရွာင္းက်န့္လက္ႏွစ္ဖက္စလုံးမွာတဖက္စီေနရာယူထားေလၿပီ။ကစားပြဲကေတာ့တစုံတေယာက္ရဲ႕ကေမာက္ကမျဖစ္အင္ေၾကာင့္ယခုခ်ိန္ထိမၿပီးဆုံးေသးေပ။

"ရားးးး!...(က်န္း)ေဖရွီး...ခုခ်က္ခ်င္းေအာက္ခ်စမ္း!..."

အသံလာရာကြင္းလယ္မွာေတာ့ပုစင္းရင္ကြဲလိုေအာ္ဟစ္ေနသည့္ဖန္းေဝႏွင့္ဖန္းေဝအားကုန္းပိုးထားသည့္ေဖရွီးတို႔မွာအေျပးၿပိဳင္ျခင္းမွနဗန္းသတ္ျခင္းကူးေျပာင္းေတာ့မည့္အေနအထားမွာရွိေလသည္။ပြဲၾကည့္ပရိသတ္ေက်ာင္းသားေက်ာင္းသူေတြမွာေတာ့၎ျဖစ္အင္ေၾကာင့္ရယ္သံမစဲတသဲသဲပင္။

___

"ေရာ့!...ခမ်ားဖို႔တခု..."

"ဘာလဲ!..."

"ေန႕လည္ကစားၾကတုန္းကရတဲ့ေသာ့တြဲေလ..."

ဘုနဲ႕ေဘာက္ဆိုသလိုဖန္းေဝနဲ႕ေဖရွီးမွာတဲတစ္ခုတည္းအတူရွိေနတာေတာင္မ်က္ႏွာေၾကာကမတည့္ခ်င္။စကားသံတို႔ကအခ်ိန္အခါမေ႐ြးေဘာက္ဆက္ဆက္။

"မလိုခ်င္ပါဘူး!...ကေလးကလားနဲ႕..."

"မရဘူး...တေယာက္တခုရတာ ယူဗ်ာ...ေရာ့!..."

"မင္းပဲယူထားလိုက္!..."

ဒီတိုင္းေပးလွ်င္လက္မခံတာမို႔ေဖရွီးလက္ထဲကpokemonအ႐ုပ္key chainေလးအားဖန္းေဝေက်ာပိုးအိပ္မွာေကာက္တြဲထားေပးလိုက္တယ္။အလကား ဘဝင္ျမင့္ေနတဲ့crushစုတ္။

"ေရွာင္းက်န့္နဲ႕ရိေပၚကိုမင္းသတိထားမိလား..."

တဲအျပင္ျပန္ထြက္ဖို႔လုပ္ေနတုန္းဖန္းေဝအေမးေၾကာင့္ေဖရွီးလည္ျပန္ငဲ့ၾကည့္လိုက္မိတယ္။မ်က္ႏွာေပၚမွာစိုးထိတ္မႈအရိပ္တခ်ိဳ႕နဲ႕စိတ္ရႈပ္ေနဟန္ရွိသည့္ထိုလူ႕ပုံစံကသူ႕ကိုပါကူးစက္ၿပီးမ႐ႊင္မပ်ျဖစ္ေစျပန္တယ္။

"ဟအင္း!...ရိေပၚကဘာမွမေျပာေတာ့ကြၽန္ေတာ္လည္းေသခ်ာမသိဘူး..."

"အာ!...အင္း..."

ခပ္မွိုင္မွိုင္ျဖစ္ေနသည့္ဖန္းေဝေၾကာင့္ေဖရွီးရင္ထဲမခ်ိသလို သိထားသည့္တခ်ိဳ႕တေလကိုေတာင္ေျပာမထြက္။ဒီလူနာက်င္လွ်င္ သူနာသလို ဒီလူေပ်ာ္မွလည္းသူၿပဳံးနိုင္မည္ေလ။အမ်ားႀကီးမေတြးပဲ ခမ်ားကိုခ်စ္တဲ့ကြၽန္ေတာ္တစ္ေယာက္လုံးအနားမွာရွိေနတာ သတိရစမ္းပါခမ်ားရာ။

___

"ခ်ိဳခ်ဥ္ရၿပီဆိုေတာ့ ေက်နပ္ၿပီလား!..."

"ဟုတ္!...ကြၽန္ေတာ့္အတြက္နိုင္ေအာင္ၿပိဳင္ေပးလို႔ေက်းဇူးတင္ပါတယ္အကို..."

"လိုလို႔လား...ကိုယ္ကေကာင္ေလးတသမွ်အကုန္ျဖည့္ဆည္းေပးရမယ့္သူပဲမဟုတ္လား ဟင္..."

ဆံပင္အုပ္အုပ္ေလးကိုအသာဖြရင္းေျပာေတာ့လက္တစ္ဖက္ခ်ိဳခ်ဥ္တုတ္ကိုက်စ္က်စ္စုတ္ရင္းမ်က္လုံးေတြမွိတ္က်ေအာင္ၿပဳံးျပလာတယ္။ညေနေစာင္းမို႔ေရာင္နီသန္းေနသည့္ေနမင္းႀကီးနဲ႕ပင္လယ္ျပင္က်ယ္က်ယ္ကသဲျပင္ထက္ယွဥ္ထိုင္ေနသည့္ေကာင္ေလးႏွစ္ေယာက္ေရွ႕မွာပန္းခ်ီကားတစ္ခ်ပ္ႏွယ္ ခန့္္ခန့္ထည္ထည္။

"အာ!...ဒီမွာက်န္ေသးတာပဲ..."

ေျပာရင္းေဘာင္းဘီအိပ္ကပ္ထဲကcauple key chainေလးေတြထုတ္ယူလိုက္သည့္ေရွာင္းက်န့္။ၿပိဳင္ပြဲဝင္သည့္အတြဲတိုင္းရသည့္key chainေလးေတြေပမဲ့ပုံစံေလးေတြကတမ်ိဳးစီကြဲျပားၾကတယ္။ေရွာင္းက်န့္နဲ႕ရိေပၚအတြက္ကဖန္းေဝတို႔အတြဲလိုpokemonအ႐ုပ္ေသာ့တြဲေလးေတြလည္းမဟုတ္ တျခားသူေတြနဲ႕လည္းမတူသည့္ ဖန္စီkey chainေလးႏွစ္ခု။


"တေယာက္တခု..."

"ကြၽန္ေတာ္ကအကိုနဲ႕တူတဲ့တိမ္စိုင္ကေလးယူမယ္...အကိုကYစာလုံးထြင္းထားတဲ့တခုယူ..."

"သေဘာရွိပါခမ်ာ!..."

အလိုလိုက္အႀကိဳက္ေဆာင္ေတာ့ရယ္ေနလိုက္တာမ်ားအသည္းေတြယားလာသည္အထိ။သူ႕လက္ထဲkey chainတစ္ခုထည့္ေပးၿပီးခ်ိဳခ်ဥ္တုတ္နဲ႕တိမ္စိုင္ေသာ့တြဲေလးကိုေကာင္ေလးကအရိပ္တၾကည့္ၾကည့္။

"ခ်ိဳခ်ဥ္စားခ်င္တာဆို...ေဖာက္မစားဘူးလား..."

ယခုအခ်ိန္ထိဖဲႀကိဳးမေျဖရေသးသည့္ခ်ိဳခ်ဥ္ကေကာင္ေလးလက္ထဲမွာပုံစံမပ်က္ရွိေနေသးတာေၾကာင့္ေရွာင္းက်န့္ေမးလိုက္မိျခင္း။

"ဟအင္း!...အစကေတာ့စားမလို႔ပဲ အခု အကိုပင္ပမ္းထားတာသိေတာ့ႏွေျမာဝါးလို႔..."

"ကိုယ္ကေကာင္ေလးကိုစားေစခ်င္လို႔အပင္ပမ္းခံတာေလ...ဘာလဲ မစားပဲသိမ္းထားမွာေတာ့မဟုတ္ဘူးမလား..."

"ဟုတ္...သိမ္းထားခ်င္လို႔..."

"ဟာ!...တကယ့္ငဂ်စ္ေလးကြာ...အဟင္း!..."

ရယ္ရင္းေမာရင္းအနည္းငယ္ကြာဟေနသည့္အေနအထားကေနေကာင္ေလးကိုရင္ခြင္ထဲဆြဲသြင္းပလိုက္တယ္။အမ်ားစုကပင္လယ္ထဲေရေဆာ့ေနၾကေပမဲ့ကုန္းေပၚတခ်ိဳ႕တေလက်န္ေသးတာမို႔ေကာင္ေလးကမလုံမလဲဟိုဟိုဒီဒီမ်က္လုံးကစားေနေသးတယ္။

"ဟို!...အကို ျမင္ကုန္ရင္..."

"ဒီနားပိုတိုး မျမင္ရေအာင္..."

"အာ!..."

ရင္ခြင္ထဲျမဳပ္ဝင္မတက္တိုးဖက္လိုက္ရင္းဆံသားအိအိေတြကိုႏွာေခါင္းခြၽန္ခြၽန္နဲ႕ထိုးဖြေနမိတယ္။တခါတခါေမာ့ၾကည့္လာေတာ့လည္း ပါးအိအိေတြကို႐ႊတ္ခနဲ႐ႊတ္ခနဲျမည္ေအာင္ပင္ဖိနမ္းပစ္တဲ့အထိယုယမိေတာ့တာပဲ။

လက္ဖဝါးခ်င္းထပ္လွ်က္ေထြးစုတ္ထားရင္းျမတ္နိုးျခင္းတံတိုင္းႀကီးကိုအနမ္းႏုႏုတို႔နဲ႕ကာရံမိတာလဲအထပ္ထပ္။အကိုဆိုကာသတိေပးသံျပဳတဲ့အခါမတင္းတိမ္နိုင္ျခင္းေၾကာင့္ေကာင္ေလးရာ ဆိုၿပီးေခြၽသိပ္ခဲ့ရေပါင္းမနည္း။ေနာင္အခါမ်ားဒီေနရာေလးကိုလာျဖစ္ခဲ့ရင္ သဲအိမ္လွလွေလးအတူေဆာက္ၾကဖို႔ေကာင္ေလးအားအေဖာ္ညွိပါဦးမယ္။

To be continue........
28/9/2021(Tuesday)
Thank for your reading.♥

Good night, sweet dream__🍭

Continue Reading

You'll Also Like

302K 12.5K 60
╰┈➤ *⋆❝ 𝐢'𝐝 𝐫𝐚𝐭𝐡𝐞𝐫 𝐧𝐨𝐭 𝐥𝐨𝐬𝐞 𝐦𝐲 𝐜𝐨𝐟𝐟𝐞𝐞 𝐭𝐚𝐛𝐥𝐞 𝐚𝐬 𝐚 𝐫𝐞𝐬𝐮𝐥𝐭 𝐨𝐟 𝐲𝐨𝐮 𝐩𝐢𝐬𝐬𝐢𝐧𝐠 𝐨𝐟𝐟 𝐭𝐡𝐚𝐭 𝐭𝐢𝐦𝐞-𝐛...
874K 40.5K 173
𝒊𝒏 𝒘𝒉𝒊𝒄𝒉 the boy who lived falls for the girl who had no one
979K 32.5K 60
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
609K 30.6K 23
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...