အပိုင်း ၂၀ [ Unicode Version ]
" အဖွား ၊ အသက်ကို ခပ်ပြင်းပြင်းလေးရှူပေးပါနော် "
ညင်သာလွန်းတဲ့ စကားသံလေးအဆုံးမှာ အိမ်ရှေ့ကွက်ပျစ်ပေါ်ထိုင်နေတဲ့ အဖွားက ကြိုးကြိုးစားစားနဲ့ အသက်ကို ပြင်းပြင်း ရှူသွင်းပေးလာတယ် ။ Baekhyun နားကြပ်လေးတပ်လို့ ဟိုဒီစမ်းပြီးတဲ့ အခါမှာတော့ ခပ်ဖွဖွလေး ပြုံးလိုက်မိပြီး နားကြပ်ကို ပြန်ချွတ်လို့ လည်ဂုတ်ပေါ်မှာ ပြန်ဆွဲထားလိုက်တယ် ။
" ဘာမှ အထွေအထူးမရှိပါဘူး ။
အဖွားက ကြံ့ခိုင်လိုက်တာ ဒီအသက်အရွယ် ရောက်နေတာတောင် "
အရေပြားတွေ လျော့တွဲကျနေတဲ့ အဖွားက သွားဖုံးတွေပဲ ခပ်ထင်းထင်းပေါ်နေတော့တဲ့ ပါးစပ်လေးနဲ့ သူ့ကို ရယ်ပြလာတော့ Baekhyun အတူလိုက်မရယ်မိဘဲကို မနေနိုင်ဘူး ။ ဘေးနားက အဖွားရဲ့ သမီးဖြစ်သူကတော့ Baekhyun ရဲ့ ညင်သာတဲ့ လုပ်ပုံကိုင်ပုံလေးတွေကို ကြည့်ပြီး ပြုံးနေတော့တာပဲ ။
" ကျွန်တော် အဖွားအတွက် အားဆေးပေးခဲ့မယ်နော်
ညမအိပ်ခင် တစ်ရက်တစ်လုံးစီ သောက်ပေးရင် ရပါပြီ "
" ဟုတ်ကဲ့ပါ ဒေါက်တာလေးရယ်
ကျေးဇူးတင်ပါတယ် "
" အဟား ၊ ဒေါက်တာမဟုတ်သေးပါဘူးဗျာ
ဆေးကျောင်းသားအဆင့်ပဲ ရှိသေးတာပါ "
ဘေးက အန်တီကတော့ သူ့ကိုပြုံးပြီး ကြည့်နေတုန်းပဲ ။
အရွှန်းဖောက်ပြီး ပြောတတ်တဲ့ ဒေါက်တာလေးက မျက်နှာလေးရော စကားလုံးလေးတွေကရော ချိုသာလွန်းနေတာမို့ သဘောမကျချင်စရာကို မရှိဘူး ။ သူမမှာ သမီးမိန်းကလေးရှိရင်တော့ တကယ် သမက်တော်လိုက်ချင်တယ် ။
" ဟေး Baekhyun ပြီးပြီလား "
ခြံဝကနေ လှမ်းအသံပေးလာတဲ့ Yixing ကြောင့် Baekhyun ခေါင်းငြိမ့်ပြပြီး ဆေးပစ္စည်းအိတ်လေးကို အမြန်ပဲ ယူသိမ်းလိုက်ရတယ် ။
" ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦး "
" ဟုတ်ကဲ့ ဒေါက်တာလေး "
ဂျူတီကုတ်အဖြူလေးနဲ့ ဆေးအိတ်အနက်လေးကို ဘေးတစ်ဖက်မှာလွယ် နားကြပ်လေးကို ဂုတ်မှာဆွဲရင်း Baekhyun ခြံထဲက ထွက်လာတော့ အသင့်စောင့်နေတဲ့ Xing က ရေဘူးတစ်ပုလင်း ကမ်းပေးလာတယ် ။
" နောက် ဝင်ရမယ့်အိမ်တွေ ရှိသေးလား "
" မရှိတော့ဘူး ၊ ဒါနောက်ဆုံးပဲ
ခု ဆေးပေးခန်းကို ပြန်မှာ "
Baekhyun ရေကို ပါးနှစ်ဖက်အပြည့် ငုံသောက်ရင်းကနေ ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်တယ် ။ အခုသူတို့က စီနီယာ ဒေါက်တာတွေရဲ့ ဆေးအဖွဲ့နဲ့အတူ လုပ်အားပေးဖို့ ကျေးလက်လေး တစ်ခုဆီကို ဆင်းလာခဲ့ရတာ ။ ဆေးထိုး ၊ ဆေးပေးလောက်က လုပ်နေနိုင်ပြီမို့ Volunteer အနေနဲ့ လိုက်လာခဲ့ရပြီး ရွာထဲက ဆေးပေးခန်းဖို့လာဖို့ ခက်ခဲတဲ့ သက်ကြီးရွယ်အိုတွေကို အခမဲ့ စစ်ဆေးမှုလေးတွေ လုပ်ပေးရတယ် ။
ဆေးပေးခန်းက ရွာရဲ့အစွန်ဘက်နားမှာ ရှိနေတာမို့ ပြန်တဲ့အခါ mini taxi လေးနဲ့ အလကားလိုက်ပို့ကြတယ် ။ ဆေးပေးခန်းရှေ့မှာ Camp လေးတွေထိုးပြီး အခမဲ့ စစ်ဆေးကုသမှုတွေ လက်ခံနေတာမို့ Baekhyun တို့ပြန်ရောက်တဲ့အချိန်ထိ လူတွေ တရုံးရုံးပဲ ။
" Baekhyun နဲ့ Yixing ပြန်ရောက်ပြီလား ၊
အဲ့မှာ အထဲဝင်ပြီး နေ့လည်စာအရင်စားလိုက်ကြဦး "
" ဟုတ်ကဲ့ စီနီယာ "
ဆေးစစ်ဖို့ သွေးထုတ်ယူပေးနေရင်းကနေ လှမ်းအော်ပြောလာတဲ့ စီနီယာက Baekhyun တို့ထက် သုံးနှစ်ကြီးပြီး house စဆင်းနေတာ တစ်နှစ်ရှိသွားပြီ ။ အဲ့ဒီ စီနီယာတွေတင်မကပါဘူး ။ pratical အမြဲဆင်းနေရတော့ ဆေးရုံက ဝါရင့်ဆရာဝန်အချို့နဲ့ပါ စီနီယာ ၊ ဂျူနီယာဆက်ဆံရေးမျိုး ရှိနေပြီ ။ Baekhyun ရော Xing ရော နှစ်ယောက်လုံးက အေးဆေးပြီး ၊ စကားနားထောင် ၊ အလုပ်ကြိုးစားတတ်တဲ့ ဆေးကျောင်းသားလေးတွေမို့ စီနီယာတွေက ချစ်ခင်ကြတယ် ။
" အလုပ်က ဘာမှမပင်ပန်းပေမယ်လည်း ရာသီဥတုက တကယ်ပူတာပဲကွ "
အသင့်စား ထမင်းဘူးအကြည်လေးတစ်ဘူးစီ ကိုယ်စီနဲ့ Camp ထဲက စားပွဲမှာ နေ့လည်စာထိုင်စားနေကြရင်း Yixing က ညည်းညူလာတယ် ။ အမှန်တကယ်လည်း ရာသီဥတုက သေလောက်အောင်ပူတာပဲ ။ ပြန်ရောက်တော့ ဂျူတီကုတ်တောင် မကပ်နိုင်ကြတော့ဘူး ။
" အမောပြေလေးလည်း မပါလာဘူးကွာ "
Jun Myeon ကို ရည်ရွယ်နေမှန်း သိတာမို့ Baekhyun က ကဲလှချည်ရဲ့ ဆိုတဲ့ပုံစံမျိုးနဲ့ မေးကိုမဲ့ပစ်လိုက်တယ် ။ သေချာပေါက်ကို သူ့မာဖီးယားကြီးလည်း ဒီလိုဂျစ်ကျနေမှာ ။ Volunteer အရ သွားရတဲ့အပြင် တစ်ရက်ပဲ နေရမှာမို့ ည 8 နာရီမတီးသရွေ့ ဖုန်းမဆက်ရဘူးလို့ Baekhyun အမိန့်ထုတ်ထားခဲ့တယ်လေ ။ သူက ကလေးလည်း မဟုတ်တာတောင် တစ်နာရီခြားတစ်ခါလောက် ဖုန်းတဂွမ်ဂွမ်ဆက်ပြီး အဆင်ပြေမပြေ စစ်ဆေးနေချင်သေးတယ် ။ အံ့သြပါ့နော် ။
" ညနေပိုင်းကျ တစ်ဖြတ် ဆေးပေးခန်းဖွင့်ဦးမယ်နဲ့တူတယ် "
" တစ်ရက်ပဲဆိုတော့ လူတွေက ကြိတ်ကြိတ်တိုးနေရောပဲ ။ ငါတို့ ဒီနေ့တော့ ညအထိနေရမယ်ထင်ရဲ့ "
ဘယ်လိုပဲဖြစ်ဖြစ် Baekhyun က ဒီလို ကျေးလက်ဘက်က လူတွေကို ဆေးကုသပေးရတာမျိုး ပိုသဘောကျတာမို့ နောက်လိုရင်လည်း Volunteer အနေနဲ့ လိုက်မိဦးမှာ အသေအချာပဲ ။
____________________________
ထင်ထားတဲ့အတိုင်း ညနေဘက်ရောက်တော့ Seoul ကနေ ကားနဲ့ ဆေးတွေ တစ်သုတ်ထပ်ရောက်တယ် ။ ဝန်ထမ်းတွေရော ၊ Male nurse တွေရောရှိပေမယ့် ဒီထဲမှာ ကိုယ်က အသက်အငယ်ဆုံးလို ဖြစ်နေတော့လည်း အရာရာကို တက်တက်ကြွကြွနဲ့ ကူလုပ်ပေးနေရတယ် ။
ကားနောက်ခန်းကနေ ဆေးပစ္စည်းတွေ ထည့်ထားတဲ့ စက္ကူပုံးတွေကို တနိုင်တပိုင် ဆေးပေးခန်းထဲ ကူသယ်နေတာမို့ စီနီယာတွေကတောင် တားယူနေရတဲ့အထိ ။
" ရပါတယ် ၊ လေးတာမှ မဟုတ်တာကို ။
ကျွန်တော် သယ်နိုင်.... အာ့ "
စကားတောင် လှည့်ပြောလို့ မဆုံးသေးဘူး ။ လမ်းကိုမမြင်ရတဲ့ အမှုနဲ့ Baekhyun ခလုတ်တိုက်ပြီး ချော်လဲတော့တာပဲ ။
" ဟေး ၊ ဟေး Baekhyun အဆင်ပြေရဲ့လား "
" အဲ့ဒါမို့ နားနားနေနေ ထိုင်ပါတော့လို့ ငါပြောနေတာကို "
စက္ကူပုံးတွေပါ တစ်ပြန့်တစ်ကြဲ ဖြစ်သွားတဲ့အခြေအနေက အနည်းငယ် ရုန်းရင်းဆန်ခတ်နိုင်သွားတာမို့ Baekhyun လဲတဲ့အနားကို စီနီယာတွေ ဝိုင်းလာပြီး ကူတဲ့သူကူ ၊ ဆူတဲ့သူ ဆူကြရော ။
Baekhyun ကုန်းရုန်းထဖို့ ကြိုးစားမိပေမယ့် သိသိသာသာ နာနေတဲ့ ခြေကျင်းဝတ် တစ်ဖက်ကြောင့် မျက်နှာက ရှုံ့တွသွားမိတော့တယ် ။ အဲ့ခြေကျင်းဝတ်တစ်ဖက်က နဂိုကတည်းက အထိအခိုက်မခံနာနေတာမို့ Baekhyun ဆေးပလာစတာ အမြဲ ကပ်နေရတဲ့ဘက် ။
" ခြေကျင်းဝတ်နာသွားပြီထင်တယ် ။
ကဲ...ကဲ လာ ၊ ကူတွဲပြီး Camp ထဲ ပို့ပေးကြ ။
ငါဆေးပတ်တီး စည်းပေးလိုက်မယ် "
အမှန်တကယ်လည်း နာနေတာမို့ Baekhyun ဘာမှတောင် ပြန်မပြောနိုင်တော့ဘဲ Yixing တွဲခေါ်ပေးတဲ့နောက်ကိုပဲ ထော့နဲ့ ထော့နဲ့ နဲ့ လိုက်ခဲ့ရတော့တယ် ။
_______________________________
" အာ့.. အား ၊ နာတယ် စီနီယာ "
နာနေပါတယ်ဆိုမှ ခြေကျင်းဝတ်ကို ကိုင်ပြီး လှည့်ကြည့်နေသေးတဲ့ စီနီယာကြောင့် Baekhyun ထုတ်အော်မိတော့ နဖူးကို လက်ဖနောင့်နဲ့ ဖတ်ခနဲ ရိုက်ခံလိုက်ရတယ် ။
" အာ့ ! "
" အဲ့ဒါမို့ ငါဘာပြောလဲ ။
တော်ရုံပဲ လုပ်ပါလို့ ။ "
နာရတဲ့ကြားထဲ ဆူခံနေရသေးတာမို့ Baekhyun စူပုတ်ပုတ်လေးနဲ့ ရိုက်ခံလိုက်ရတဲ့ နဖူးလေးကို ပွတ်နေမိလိုက်တယ် ။
" ခြေထောက်က နာနေတာကြာပြီမလား ။
ရောင်တက်လာပြီ ၊ မှတ်ထား... ဟေ့ကောင်လေး ။
ဆရာဝန်ဆိုတာ သူများကိုဂရုမစိုက်ခင် ကိုယ့်ကိုယ်ကို အရင်ဂရုစိုက်ရတယ် "
" ဟုတ်ကဲ့ "
Baekhyun စိတ်မပါ လက်မပါနဲ့ အသံရှည်ဆွဲပြောလိုက်တော့ သူ့ခြေထောက်ကို ဆေးလိမ်းပေးနေရင်းကနေ စီနီယာက ခပ်ဟဟ ရယ်လာတယ် ။
" ညဘက်ဆို စာဘယ်ချိန်ထိလုပ်လဲ "
" umm... 11 နာရီလောက်ရှိမလား 12 နာရီလောက် ရှိမလားမသိဘူး ။ ခုဆိုစာများလာတော့ ပိုပင်ပန်းတယ် "
" တစ်နှစ်ပဲ ကျန်တော့တာမလား ။
ဘွဲ့ရရင်ရော ၊ ငါတို့ဆေးရုံမှာပဲ လျှောက်မလား "
" အဲ့လိုပဲ စဥ်းစားထားတယ် ။
စီနီယာက နည်းနည်းကူပြောပေးပေါ့ "
" ငလည်လေး "
Baekhyun ကတော့ အားလုံးရဲ့ အချစ်တော်လေးပဲ ။ အမြဲမာထန်ပြီး တည်ကြည်နေတတ်တဲ့ ပါမောက္ခတောင် သူ့ကိုစကားပြောရင် နည်းနည်း လေသံပျော့တာကို အားလုံး သတိထားမိကြတယ် ။
" G.S ယူထားတော့ သီးသန့်ဝင်ချင်တဲ့ ဋ္ဌာနမျိုးရောရှိလား "
" အဲ့လိုတော့ မရှိပါဘူး ၊ အလုပ်သင် ဘဝမှာ နှိပ်စက်မယ့် စီနီယာမရှိတဲ့ ဋ္ဌာနမျိုးပဲ ဝင်ချင်တယ်ဗျာ "
" အေး ၊ လာလျှောက်ရင်တော့ ငါ့ဋ္ဌာနကို မရောက်ရောက်အောင် ခေါ်ပြီး ခိုင်းစားဦးမယ် "
တမင်စနေတဲ့ စီနီယာကြောင့် Baekhyun ရယ်ပဲ ရယ်နေလိုက်ပြီး ပတ်တီးစည်းပေးတာကို ငြိမ်ခံနေလိုက်တယ် ။ ဆေးအရှိန်နဲ့ နည်းနည်း ပူနွေးလာတာမို့ ခုနကလောက် မနာတော့တာတော့ အမှန်ပဲ ။
" နာရီဝက်လောက် ငြိမ်ငြိမ်လေး ထိုင်နေ ၊ ဟုတ်ပြီလား "
" ပျင်းစရာကြီး "
" အော် အေး အတော်ပဲ ၊ ပျင်းရင် ငါနဲ့ ဆောင်းပါးတစ်ပုဒ် ဆွေးနွေးပေး ။ လူနာမများသေးတော့ ရေသာခိုနေလို့ ရတယ်ကွ "
စီနီယာက ပြောရင်းနဲ့ ထသွားပြီး သူ့အိတ်ထဲကနေ စာအုပ်တစ်အုပ်သွား ထုတ်ယူလာတယ် ။ ဆေးစာအုပ်ပဲ ။ သုတေသန အကြောင်းတွေ ရေးထားတာဆိုတော့ စိတ်ဝင်စားဖို့တော့ ကောင်းမယ့်ပုံ ၊ Baekhyun လည်း တက်တက်ကြွကြွပဲ ကူဆွေးနွေးပေးလိုက်တယ် ။
15 mins လောက်ကုန်လွန်သွားပြီးတဲ့နောက်မှာတော့ Baekhyun ခေါင်းထဲကို အတွေးတစ်ခု ဖြတ်ခနဲ ဝင်လာတော့တာပဲ ။
" ဒီ စပိုင်ကောင် ! "
" ဟမ် ? "
ရုတ်တရက် ထအော်လာတဲ့ Baekhyun ကြောင့်ဘေးက စီနီယာက နားမလည်သလို ပြန်မေးတော့ Baekhyun အလျှင်အမြန်ပဲ ခေါင်းခါပြပြီး ထရပ်လိုက်ရတယ် ။
" ဘာမှမဟုတ်ဘူး ။ ခဏနော် ၊ စီနီယာ ခဏ !
ကျွန်တော် အပြင်ကို ခဏလောက်သွားမယ် "
" ဟေး ၊ ဟေး ။ ငါငြိမ်ငြိမ်နေရမယ်လို့ ပြောထားတယ်လေ "
" ခဏပဲ စီနီယာ "
လှမ်းအော်လိုက်တာတောင် မရတဲ့ Baekhyun ကတော့ ခြေတစ်ဖက် ထော့နင်းထော့နင်းနဲ့ ခုန်ဆွဆွလုပ်ရင်း Camp အပြင်ဘက် ရောက်သွားတော့တာပဲ ။
" Zhang Yixing ! Zhang Yixing "
" ငါ ဒီမှာ ! ဒီမှာ Baekhyun
ဘာဖြစ်လို့လဲ ၊ ခြေထောက်က အဆင်ပြေလား
တစ်ခုခု ဖြစ်သွားပြီလား "
ပျာပျာသလဲ နဲ့ Zhang Yixing တစ်ယောက် ဘေးနားကို ရောက်လာတော့ Baekhyun ပုခုံးတစ်ဖက်ကို ဆွဲဖက်ယူရင်း တိုးတိုးကြိတ်ကြိတ် ပြောလိုက်ရတယ် ။
" မင်း ဒီကိစ္စကို လုံးဝ Chan ကို ပြောမပြနဲ့နော် "
" ဟမ် ? အ - အမ် ? "
Yixing ပထမတော့ မျက်လုံးလေး ကလယ်လယ်နဲ့ Baekhyun ကို နားမလည်သလို ကြည့်နေပြီး ၊ ခဏအကြာမှာတော့ မျက်လုံး တဖြည်းဖြည်းပြူးလာပြီး ပါးစပ်ကို လက်တစ်ဖက်နဲ့ ပိတ်လိုက်တော့တာပဲ ။
" မင်း - မင်း ၊ ဘယ်လိုလုပ်ပြီး သိတာလဲ
မဟုတ်ဘူး ဘယ်ကတည်းက သိတာလဲ "
Baekhyun ကတော့ Yixing ကို တုံးလိုက် အလိုက်လေခြင်း ဆိုတဲ့ပုံစံနဲ့ သက်ပြင်းလေးချလို့ ကြည့်တယ် ။
" ငါက မသိဘဲ နေမလား ၊
ဖရဲသီးစားချင်လိုက်တာလို့ ဒီနေ့ကျောင်းမှာ မညည်းမိလိုက်နဲ့ အိမ်ရောက်ရင် ဖရဲသီးတွေက ဆိုင်ပြန်ဖွင့်လို့ရအောင် ရောက်နေပြီ ၊ ဘာတဲ့...ဟိုကတုံးအုပ်စုကလည်း ဖရဲခင်းပိုင်ရှင်က အကြွေးမပေးနိုင်လို့ သိမ်းလာတာဆိုလား ၊ ဟမ် ? အရမ်းတော်ကြတာပဲနော် ။ Boss ဆီက လစာကောင်းကောင်းမှ ရကြရဲ့လား "
" အ-အဟမ်း "
Yixing က မထုံတတ်တေးပုံလေးနဲ့ ချောင်းဟန့်လို့ ဘေးဘက်ကို လှည့်သွားရှာတယ် ။
" ငါလည်း မင်းစီးပွားရေးကို မနှောင့်ယှက်ချင်လို့ မသိချင်ယောင် ဆောင်ပေးထားတာပါကွာ ၊ ဒါပေမယ့် ဒီလိုကိစ္စတွေတော့ မပြောပါနဲ့ ၊ သိတယ်မလား သူဘယ်လောက် ကဲသည်းသလဲဆိုတာကို ၊ ခုမင်းဖုန်းဆက်ပြောလိုက်ရင်များ - "
" ဟိုလေ ၊ Baekhyun "
Baekhyun စကား မဆုံးသေးခင်မှာပဲ Yixing က မျက်နှာငယ်လေးနဲ့ ဖြတ်ပြောလာလေရဲ့ ။
" အမှန်တကယ်တော့ ဆက်ပြီးသွားပြီကွ
မင်းကို တွဲပို့ပြီးသွားကတည်းကပဲ "
" ဘာ ! ဟေ့ကောင် "
Baekhyun အမှန်တကယ်ကို ခေါင်းကိုက်သွားရပြီး ခါးကို လက်နှစ်ဖက်ထောက်လို့ Yixing ကို ဆူပူမယ်ပြင်နေတုန်းမှာပဲ နားထဲကို အသံတစ်ခုတိုးဝင်လာတယ် ။ တိုးတိုးလေးပေမယ့် အားပြင်းတဲ့ တဝီဝီ အသံမျိုး ။ ဘာသံကြီးလဲ ။
" Baek-Baekhyun ၊ ဟို - ဟိုမှာကြည့်စမ်း "
Yixing က ကျောက်ရုပ်ကြီးတစ်ရုပ်လို တောင့်ခဲကျသွားရင်း ကောင်းကင်ကို ငေးလို့ ပြောလာတာမို့ Baekhyun လည်း ထပ်တူလှည့်လို့ မော့ကြည့်လိုက်တယ် ။ နေရောင်စူးနေတာမို့ အစက သိပ်မမြင်ရပေမယ့် အမည်းစက်လေးက တဖြည်းဖြည်းကြီးလာလေ အသံကလည်း ပိုပီပြင်လာလေပဲ ။
" အဲ့ - အဲ့တာ Helicopter ကြီး မဟုတ်ဘူးလား "
Yixing ရဲ့ တောင့်ခဲခဲပြောသံကြီး အဆုံးမှာတော့ Baekhyun မျက်လုံးပြူးလို့ အသံတိတ်ဆဲရေးမိသွားပြီး ဘောင်းဘီအိတ်ထဲက ဖုန်းကို ထုတ်ပြီး flight mood ကို အမြန် off လို့ ဆက်ရတော့တာပဲ ။
" ဟယ်လို ကလေးလေး ! "
ချက်ချင်း ပြန်ဖြေလာတဲ့ဖုန်းက သူ့ဘက်က အခေါ်ကို စောင့်နေတဲ့အတိုင်း စိုးရိမ်စိတ်အပြည့်နဲ့ အလောတကြီးအသံ ထွက်ပေါ်လာတယ် ။
" Chan ! ဘာတွေလုပ်နေတာလဲ !
ခုချက်ချင်း အဲ့ Helicopter ကြီးကို နောက်ပြန်လှည့်ခိုင်းဗျာ ! မြေပေါ်မဆင်းစေနဲ့နော် ! ဆင်းတာနဲ့ ကျွန်တော် စိတ်ဆိုးပြီပဲ "
" မဟုတ်ဘူး ဘေဘီ !
ဘေဘီ့ ခြေထောက်က "
" ခုချက်ချင်းနော် ! ကျွန်တော် Chan ကို စကားလုံးဝ မပြောဘဲ နေပစ်လိုက်ရမလား "
" ကိုယ်သိပြီ ၊ ကိုယ်အခုပဲ နောက်ကြောင်း ပြန်လှည့်ခိုင်းလိုက်မယ် ၊ နော် ? ကလေးလေး.. ဖုန်းမချနဲ့ဦးနော် "
ဖုန်းထဲကနေ အမိန့်ပေးသံ ခပ်ရေးရေး ကြားလိုက်ရပြီးတဲ့နောက်မှာတော့ လူတွေအားလုံး တထူးတဆန်း မော့ငေးရလောက်တဲ့ထိ အကွာအဝေးကို ရောက်နေတဲ့ Helicopter က နောက်ကြောင်းပြန်လှည့်သွားတာကို မြင်လိုက်ရလေရဲ့ ။
အဲ့တော့မှပဲ Baekhyun သက်ပြင်းချနိုင်ပြီး ဖုန်းကို နားနားပြန်ကပ်လိုက်ရတယ် ။
" Chan တကယ်ပဲ လွန်တယ်နော် !
ကျွန်တော် အခုရှိနေတာ Medical team နဲ့ဆိုတာကိုရော သိသေးရဲ့လား ၊ ခြေကျင်းဝတ် အဆစ်လွဲတာလောက်ကိုပဲ "
" မဟုတ်ဘူး ဘေဘီ ၊ မင်းသူငယ်ချင်းပြောတော့ အတော်ထိသွားတာဆို ။ အရိုးတွေ ဘာတွေကျိုးမှာတောင် စိုးရတယ်ဆိုလို့ ကိုယ်လည်း စိတ်ပူပြီး အမြန်လွှတ်လိုက်တာလေ "
Baekhyun ဘေးက Yixing ကို ဆတ်ခနဲ မျက်စောင်းထိုး ကြည့်လိုက်တော့ သူမဟုတ်သလိုပဲ လည်ပင်းကိုကုတ်ရင်း လှည့်ထွက်သွားတော့တာပဲ ။
" ဘယ်လောက်ပဲ စိုးရိမ်ရိမ်ပေါ့ ၊ ကျွန်တော့်ကို ဖုန်းအရင်ဆက်သင့်တယ်လေ ။ ခုလိုမပြောမဆိုဘဲ လုပ်တာကြီးက ကျွန်တော့်ကို အရှက်ခွဲသလို ဖြစ်မနေဘူးလား ။ Chan တို့ မာဖီးယားလောက အတွက်က ဘာမှမထူးဆန်းမှန်း သိပေမယ့် ခုလို Helicopter ကြီးကတော့ မဟုတ်သေးဘူးလေ "
" ဘေဘီ ၊ မင်းလွန်တယ်နော် "
Baekhyun ဘက်ကလည်း နည်းနည်းလေးတောင် မလျှော့ချင်တာမို့ ခပ်တင်းတင်းပဲ နှုတ်ခမ်းတွေကို ဖိကြိတ်ထားလိုက်တယ် ။
" ကိုယ်ဖုန်းဆက်တော့ မင်းဖုန်းက flight mood on ထားတယ် ။ မင်းခြေကျင်းဝတ်ကကျ အရိုးတောင် ကျိုးသွားမလားမသိဘူးဆိုလို့ ကိုယ်အမြန်ဆုံး ဖြစ်နိုင်တာနဲ့ သွားခေါ်ခိုင်းလိုက်တယ်ကွာ ။ မင်းကို ဘယ်လောက်ထိ စိတ်ပူနေလို့လဲဆိုတာကို သိရဲ့လား ။ မင်းကို အရှက်ခွဲတယ်ပြောတာကတော့ မဟုတ်သေးဘူး "
" ဘာမှာမဆို တဇွတ်ထိုးလုပ်နေလို့ ပြောတာ "
" အဲ့လို တဇွတ်ထိုးလုပ်နေတာတွေကလည်း မင်းကိုချစ်လို့လေ "
" ကျွန်တော့်ကို လာမအော်နဲ့နော် "
တစ်ဖက်က အသံတိတိပပ ရပ်သွားတာမို့ အတော်စိတ်တိုသွားပြီဆိုတာကို Baekhyun သိလိုက်ရတယ် ။ တစ်ခါမှလည်း ဒီလောက် အသံမာမာနဲ့ အပြောခံရဖူးတာမို့ Baekhyun ဒေါသထွက်သလို ဟန်ဆောင်နေပေမယ့် အမှန်တကယ်က ဝမ်းနည်းတဲ့ဘက်ကို ရောက်နေပြီ ။ မျက်တောင်တွေကို ပုတ်ခတ်ပြီး သိမ်းနေရတဲ့ မျက်ရည်စတွေက သက်သေပဲ ။
" တော်ပြီ ၊ Chan နဲ့ စကားဆက်ပြောချင်စိတ်မရှိတော့ဘူး ၊ ကျွန်တော့်ကိုလည်း ဖုန်းထပ်မဆက်နဲ့ ၊ မုန်းမိမှာ ဒါပဲ ! "
တီခနဲ ချက်ချင်းချပစ်လိုက်တဲ့ ဖုန်း call အဆုံးမှာ Baekhyun မျက်ရည်တွေကို မော့သိမ်းပစ်လိုက်တယ် ။ ပြီးတော့ ခြေထောက်နာနေတာကိုတောင် မေ့နေသလားမှတ်ရအောင် မာထန်ထန် ခြေလှမ်းတွေနဲ့ Camp ထဲ ဝင်သွားတော့တာပဲ ။
အဝေးက လှမ်းအကဲခတ်နေတဲ့ Yixing ကတော့ သွားချော့ရ ကောင်းနိုးနိုး ၊ လွှတ်ထားရ ကောင်းနိုးနိုးနဲ့ ကိုယ့်ခေါင်းကိုပဲ လက်နဲ့ဖိထုမိတော့တယ် ။
နည်းနည်းလောက် အိုဗာလုပ်ပြောလိုက်ရမှ ကျေနပ်တဲ့ အကျင့်ကလည်း တယ်ခက်ပါလားနော် ။
ဒီပါးစပ် ၊ ဒီပါးစပ်ကို အပြစ်ပေးသင့်တယ် ။
ခုတော့ အဖြတ်ခံရမယ့် လစာတွေကို တွေးရင်း Yixing ကိုယ့်ပါးစပ်ကို ဆက်တိုက်ရိုက်နေမိတော့တာပဲ ။
_________________________________
အပိုင္း ၂၀ [ Zawgyi Version ]
" အဖြား ၊ အသက္ကို ခပ္ျပင္းျပင္းေလးရႉေပးပါေနာ္ "
ညင္သာလြန္းတဲ့ စကားသံေလးအဆုံးမွာ အိမ္ေရွ႕ကြက္ပ်စ္ေပၚထိုင္ေနတဲ့ အဖြားက ႀကိဳးႀကိဳးစားစားနဲ႕ အသက္ကို ျပင္းျပင္း ရႉသြင္းေပးလာတယ္ ။ Baekhyun နားၾကပ္ေလးတပ္လို႔ ဟိုဒီစမ္းၿပီးတဲ့ အခါမွာေတာ့ ခပ္ဖြဖြေလး ၿပဳံးလိုက္မိၿပီး နားၾကပ္ကို ျပန္ခြၽတ္လို႔ လည္ဂုတ္ေပၚမွာ ျပန္ဆြဲထားလိုက္တယ္ ။
" ဘာမွ အေထြအထူးမရွိပါဘူး ။
အဖြားက ႀကံ့ခိုင္လိုက္တာ ဒီအသက္အ႐ြယ္ ေရာက္ေနတာေတာင္ "
အေရျပားေတြ ေလ်ာ့တြဲက်ေနတဲ့ အဖြားက သြားဖုံးေတြပဲ ခပ္ထင္းထင္းေပၚေနေတာ့တဲ့ ပါးစပ္ေလးနဲ႕ သူ႕ကို ရယ္ျပလာေတာ့ Baekhyun အတူလိုက္မရယ္မိဘဲကို မေနနိုင္ဘူး ။ ေဘးနားက အဖြားရဲ႕ သမီးျဖစ္သူကေတာ့ Baekhyun ရဲ႕ ညင္သာတဲ့ လုပ္ပုံကိုင္ပုံေလးေတြကို ၾကည့္ၿပီး ၿပဳံးေနေတာ့တာပဲ ။
" ကြၽန္ေတာ္ အဖြားအတြက္ အားေဆးေပးခဲ့မယ္ေနာ္
ညမအိပ္ခင္ တစ္ရက္တစ္လုံးစီ ေသာက္ေပးရင္ ရပါၿပီ "
" ဟုတ္ကဲ့ပါ ေဒါက္တာေလးရယ္
ေက်းဇူးတင္ပါတယ္ "
" အဟား ၊ ေဒါက္တာမဟုတ္ေသးပါဘူးဗ်ာ
ေဆးေက်ာင္းသားအဆင့္ပဲ ရွိေသးတာပါ "
ေဘးက အန္တီကေတာ့ သူ႕ကိုၿပဳံးၿပီး ၾကည့္ေနတုန္းပဲ ။
အ႐ႊန္းေဖာက္ၿပီး ေျပာတတ္တဲ့ ေဒါက္တာေလးက မ်က္ႏွာေလးေရာ စကားလုံးေလးေတြကေရာ ခ်ိဳသာလြန္းေနတာမို႔ သေဘာမက်ခ်င္စရာကို မရွိဘူး ။ သူမမွာ သမီးမိန္းကေလးရွိရင္ေတာ့ တကယ္ သမက္ေတာ္လိုက္ခ်င္တယ္ ။
" ေဟး Baekhyun ၿပီးၿပီလား "
ၿခံဝကေန လွမ္းအသံေပးလာတဲ့ Yixing ေၾကာင့္ Baekhyun ေခါင္းၿငိမ့္ျပၿပီး ေဆးပစၥည္းအိတ္ေလးကို အျမန္ပဲ ယူသိမ္းလိုက္ရတယ္ ။
" ဒါဆို ကြၽန္ေတာ့္ကို ခြင့္ျပဳပါဦး "
" ဟုတ္ကဲ့ ေဒါက္တာေလး "
ဂ်ဴတီကုတ္အျဖဴေလးနဲ႕ ေဆးအိတ္အနက္ေလးကို ေဘးတစ္ဖက္မွာလြယ္ နားၾကပ္ေလးကို ဂုတ္မွာဆြဲရင္း Baekhyun ၿခံထဲက ထြက္လာေတာ့ အသင့္ေစာင့္ေနတဲ့ Xing က ေရဘူးတစ္ပုလင္း ကမ္းေပးလာတယ္ ။
" ေနာက္ ဝင္ရမယ့္အိမ္ေတြ ရွိေသးလား "
" မရွိေတာ့ဘူး ၊ ဒါေနာက္ဆုံးပဲ
ခု ေဆးေပးခန္းကို ျပန္မွာ "
Baekhyun ေရကို ပါးႏွစ္ဖက္အျပည့္ ငုံေသာက္ရင္းကေန ေခါင္းတဆတ္ဆတ္ ညိတ္ျပလိုက္တယ္ ။ အခုသူတို႔က စီနီယာ ေဒါက္တာေတြရဲ႕ ေဆးအဖြဲ႕နဲ႕အတူ လုပ္အားေပးဖို႔ ေက်းလက္ေလး တစ္ခုဆီကို ဆင္းလာခဲ့ရတာ ။ ေဆးထိုး ၊ ေဆးေပးေလာက္က လုပ္ေနနိုင္ၿပီမို႔ Volunteer အေနနဲ႕ လိုက္လာခဲ့ရၿပီး ႐ြာထဲက ေဆးေပးခန္းဖို႔လာဖို႔ ခက္ခဲတဲ့ သက္ႀကီး႐ြယ္အိုေတြကို အခမဲ့ စစ္ေဆးမႈေလးေတြ လုပ္ေပးရတယ္ ။
ေဆးေပးခန္းက ႐ြာရဲ႕အစြန္ဘက္နားမွာ ရွိေနတာမို႔ ျပန္တဲ့အခါ mini taxi ေလးနဲ႕ အလကားလိုက္ပို႔ၾကတယ္ ။ ေဆးေပးခန္းေရွ႕မွာ Camp ေလးေတြထိုးၿပီး အခမဲ့ စစ္ေဆးကုသမႈေတြ လက္ခံေနတာမို႔ Baekhyun တို႔ျပန္ေရာက္တဲ့အခ်ိန္ထိ လူေတြ တ႐ုံး႐ုံးပဲ ။
" Baekhyun နဲ႕ Yixing ျပန္ေရာက္ၿပီလား ၊
အဲ့မွာ အထဲဝင္ၿပီး ေန႕လည္စာအရင္စားလိုက္ၾကဦး "
" ဟုတ္ကဲ့ စီနီယာ "
ေဆးစစ္ဖို႔ ေသြးထုတ္ယူေပးေနရင္းကေန လွမ္းေအာ္ေျပာလာတဲ့ စီနီယာက Baekhyun တို႔ထက္ သုံးႏွစ္ႀကီးၿပီး house စဆင္းေနတာ တစ္ႏွစ္ရွိသြားၿပီ ။ အဲ့ဒီ စီနီယာေတြတင္မကပါဘူး ။ pratical အၿမဲဆင္းေနရေတာ့ ေဆး႐ုံက ဝါရင့္ဆရာဝန္အခ်ိဳ႕နဲ႕ပါ စီနီယာ ၊ ဂ်ဴနီယာဆက္ဆံေရးမ်ိဳး ရွိေနၿပီ ။ Baekhyun ေရာ Xing ေရာ ႏွစ္ေယာက္လုံးက ေအးေဆးၿပီး ၊ စကားနားေထာင္ ၊ အလုပ္ႀကိဳးစားတတ္တဲ့ ေဆးေက်ာင္းသားေလးေတြမို႔ စီနီယာေတြက ခ်စ္ခင္ၾကတယ္ ။
" အလုပ္က ဘာမွမပင္ပန္းေပမယ္လည္း ရာသီဥတုက တကယ္ပူတာပဲကြ "
အသင့္စား ထမင္းဘူးအၾကည္ေလးတစ္ဘူးစီ ကိုယ္စီနဲ႕ Camp ထဲက စားပြဲမွာ ေန႕လည္စာထိုင္စားေနၾကရင္း Yixing က ညည္းၫူလာတယ္ ။ အမွန္တကယ္လည္း ရာသီဥတုက ေသေလာက္ေအာင္ပူတာပဲ ။ ျပန္ေရာက္ေတာ့ ဂ်ဴတီကုတ္ေတာင္ မကပ္နိုင္ၾကေတာ့ဘူး ။
" အေမာေျပေလးလည္း မပါလာဘူးကြာ "
Jun Myeon ကို ရည္႐ြယ္ေနမွန္း သိတာမို႔ Baekhyun က ကဲလွခ်ည္ရဲ႕ ဆိုတဲ့ပုံစံမ်ိဳးနဲ႕ ေမးကိုမဲ့ပစ္လိုက္တယ္ ။ ေသခ်ာေပါက္ကို သူ႕မာဖီးယားႀကီးလည္း ဒီလိုဂ်စ္က်ေနမွာ ။ Volunteer အရ သြားရတဲ့အျပင္ တစ္ရက္ပဲ ေနရမွာမို႔ ည 8 နာရီမတီးသေ႐ြ႕ ဖုန္းမဆက္ရဘူးလို႔ Baekhyun အမိန့္ထုတ္ထားခဲ့တယ္ေလ ။ သူက ကေလးလည္း မဟုတ္တာေတာင္ တစ္နာရီျခားတစ္ခါေလာက္ ဖုန္းတဂြမ္ဂြမ္ဆက္ၿပီး အဆင္ေျပမေျပ စစ္ေဆးေနခ်င္ေသးတယ္ ။ အံ့ၾသပါ့ေနာ္ ။
" ညေနပိုင္းက် တစ္ျဖတ္ ေဆးေပးခန္းဖြင့္ဦးမယ္နဲ႕တူတယ္ "
" တစ္ရက္ပဲဆိုေတာ့ လူေတြက ႀကိတ္ႀကိတ္တိုးေနေရာပဲ ။ ငါတို႔ ဒီေန႕ေတာ့ ညအထိေနရမယ္ထင္ရဲ႕ "
ဘယ္လိုပဲျဖစ္ျဖစ္ Baekhyun က ဒီလို ေက်းလက္ဘက္က လူေတြကို ေဆးကုသေပးရတာမ်ိဳး ပိုသေဘာက်တာမို႔ ေနာက္လိုရင္လည္း Volunteer အေနနဲ႕ လိုက္မိဦးမွာ အေသအခ်ာပဲ ။
____________________________
ထင္ထားတဲ့အတိုင္း ညေနဘက္ေရာက္ေတာ့ Seoul ကေန ကားနဲ႕ ေဆးေတြ တစ္သုတ္ထပ္ေရာက္တယ္ ။ ဝန္ထမ္းေတြေရာ ၊ Male nurse ေတြေရာရွိေပမယ့္ ဒီထဲမွာ ကိုယ္က အသက္အငယ္ဆုံးလို ျဖစ္ေနေတာ့လည္း အရာရာကို တက္တက္ႂကြႂကြနဲ႕ ကူလုပ္ေပးေနရတယ္ ။
ကားေနာက္ခန္းကေန ေဆးပစၥည္းေတြ ထည့္ထားတဲ့ စကၠဴပုံးေတြကို တနိုင္တပိုင္ ေဆးေပးခန္းထဲ ကူသယ္ေနတာမို႔ စီနီယာေတြကေတာင္ တားယူေနရတဲ့အထိ ။
" ရပါတယ္ ၊ ေလးတာမွ မဟုတ္တာကို ။
ကြၽန္ေတာ္ သယ္နိုင္.... အာ့ "
စကားေတာင္ လွည့္ေျပာလို႔ မဆုံးေသးဘူး ။ လမ္းကိုမျမင္ရတဲ့ အမႈနဲ႕ Baekhyun ခလုတ္တိုက္ၿပီး ေခ်ာ္လဲေတာ့တာပဲ ။
" ေဟး ၊ ေဟး Baekhyun အဆင္ေျပရဲ႕လား "
" အဲ့ဒါမို႔ နားနားေနေန ထိုင္ပါေတာ့လို႔ ငါေျပာေနတာကို "
စကၠဴပုံးေတြပါ တစ္ျပန့္တစ္ႀကဲ ျဖစ္သြားတဲ့အေျခအေနက အနည္းငယ္ ႐ုန္းရင္းဆန္ခတ္နိုင္သြားတာမို႔ Baekhyun လဲတဲ့အနားကို စီနီယာေတြ ဝိုင္းလာၿပီး ကူတဲ့သူကူ ၊ ဆူတဲ့သူ ဆူၾကေရာ ။
Baekhyun ကုန္း႐ုန္းထဖို႔ ႀကိဳးစားမိေပမယ့္ သိသိသာသာ နာေနတဲ့ ေျခက်င္းဝတ္ တစ္ဖက္ေၾကာင့္ မ်က္ႏွာက ရႈံ႕တြသြားမိေတာ့တယ္ ။ အဲ့ေျခက်င္းဝတ္တစ္ဖက္က နဂိုကတည္းက အထိအခိုက္မခံနာေနတာမို႔ Baekhyun ေဆးပလာစတာ အၿမဲ ကပ္ေနရတဲ့ဘက္ ။
" ေျခက်င္းဝတ္နာသြားၿပီထင္တယ္ ။
ကဲ...ကဲ လာ ၊ ကူတြဲၿပီး Camp ထဲ ပို႔ေပးၾက ။
ငါေဆးပတ္တီး စည္းေပးလိုက္မယ္ "
အမွန္တကယ္လည္း နာေနတာမို႔ Baekhyun ဘာမွေတာင္ ျပန္မေျပာနိုင္ေတာ့ဘဲ Yixing တြဲေခၚေပးတဲ့ေနာက္ကိုပဲ ေထာ့နဲ႕ ေထာ့နဲ႕ နဲ႕ လိုက္ခဲ့ရေတာ့တယ္ ။
_______________________________
" အာ့.. အား ၊ နာတယ္ စီနီယာ "
နာေနပါတယ္ဆိုမွ ေျခက်င္းဝတ္ကို ကိုင္ၿပီး လွည့္ၾကည့္ေနေသးတဲ့ စီနီယာေၾကာင့္ Baekhyun ထုတ္ေအာ္မိေတာ့ နဖူးကို လက္ဖေနာင့္နဲ႕ ဖတ္ခနဲ ရိုက္ခံလိုက္ရတယ္ ။
" အာ့ ! "
" အဲ့ဒါမို႔ ငါဘာေျပာလဲ ။
ေတာ္႐ုံပဲ လုပ္ပါလို႔ ။ "
နာရတဲ့ၾကားထဲ ဆူခံေနရေသးတာမို႔ Baekhyun စူပုတ္ပုတ္ေလးနဲ႕ ရိုက္ခံလိုက္ရတဲ့ နဖူးေလးကို ပြတ္ေနမိလိုက္တယ္ ။
" ေျခေထာက္က နာေနတာၾကာၿပီမလား ။
ေရာင္တက္လာၿပီ ၊ မွတ္ထား... ေဟ့ေကာင္ေလး ။
ဆရာဝန္ဆိုတာ သူမ်ားကိုဂ႐ုမစိုက္ခင္ ကိုယ့္ကိုယ္ကို အရင္ဂ႐ုစိုက္ရတယ္ "
" ဟုတ္ကဲ့ "
Baekhyun စိတ္မပါ လက္မပါနဲ႕ အသံရွည္ဆြဲေျပာလိုက္ေတာ့ သူ႕ေျခေထာက္ကို ေဆးလိမ္းေပးေနရင္းကေန စီနီယာက ခပ္ဟဟ ရယ္လာတယ္ ။
" ညဘက္ဆို စာဘယ္ခ်ိန္ထိလုပ္လဲ "
" umm... 11 နာရီေလာက္ရွိမလား 12 နာရီေလာက္ ရွိမလားမသိဘူး ။ ခုဆိုစာမ်ားလာေတာ့ ပိုပင္ပန္းတယ္ "
" တစ္ႏွစ္ပဲ က်န္ေတာ့တာမလား ။
ဘြဲ႕ရရင္ေရာ ၊ ငါတို႔ေဆး႐ုံမွာပဲ ေလွ်ာက္မလား "
" အဲ့လိုပဲ စဥ္းစားထားတယ္ ။
စီနီယာက နည္းနည္းကူေျပာေပးေပါ့ "
" ငလည္ေလး "
Baekhyun ကေတာ့ အားလုံးရဲ႕ အခ်စ္ေတာ္ေလးပဲ ။ အၿမဲမာထန္ၿပီး တည္ၾကည္ေနတတ္တဲ့ ပါေမာကၡေတာင္ သူ႕ကိုစကားေျပာရင္ နည္းနည္း ေလသံေပ်ာ့တာကို အားလုံး သတိထားမိၾကတယ္ ။
" G.S ယူထားေတာ့ သီးသန့္ဝင္ခ်င္တဲ့ ႒ာနမ်ိဳးေရာရွိလား "
" အဲ့လိုေတာ့ မရွိပါဘူး ၊ အလုပ္သင္ ဘဝမွာ ႏွိပ္စက္မယ့္ စီနီယာမရွိတဲ့ ႒ာနမ်ိဳးပဲ ဝင္ခ်င္တယ္ဗ်ာ "
" ေအး ၊ လာေလွ်ာက္ရင္ေတာ့ ငါ့႒ာနကို မေရာက္ေရာက္ေအာင္ ေခၚၿပီး ခိုင္းစားဦးမယ္ "
တမင္စေနတဲ့ စီနီယာေၾကာင့္ Baekhyun ရယ္ပဲ ရယ္ေနလိုက္ၿပီး ပတ္တီးစည္းေပးတာကို ၿငိမ္ခံေနလိုက္တယ္ ။ ေဆးအရွိန္နဲ႕ နည္းနည္း ပူႏြေးလာတာမို႔ ခုနကေလာက္ မနာေတာ့တာေတာ့ အမွန္ပဲ ။
" နာရီဝက္ေလာက္ ၿငိမ္ၿငိမ္ေလး ထိုင္ေန ၊ ဟုတ္ၿပီလား "
" ပ်င္းစရာႀကီး "
" ေအာ္ ေအး အေတာ္ပဲ ၊ ပ်င္းရင္ ငါနဲ႕ ေဆာင္းပါးတစ္ပုဒ္ ေဆြးႏြေးေပး ။ လူနာမမ်ားေသးေတာ့ ေရသာခိုေနလို႔ ရတယ္ကြ "
စီနီယာက ေျပာရင္းနဲ႕ ထသြားၿပီး သူ႕အိတ္ထဲကေန စာအုပ္တစ္အုပ္သြား ထုတ္ယူလာတယ္ ။ ေဆးစာအုပ္ပဲ ။ သုေတသန အေၾကာင္းေတြ ေရးထားတာဆိုေတာ့ စိတ္ဝင္စားဖို႔ေတာ့ ေကာင္းမယ့္ပုံ ၊ Baekhyun လည္း တက္တက္ႂကြႂကြပဲ ကူေဆြးႏြေးေပးလိုက္တယ္ ။
15 mins ေလာက္ကုန္လြန္သြားၿပီးတဲ့ေနာက္မွာေတာ့ Baekhyun ေခါင္းထဲကို အေတြးတစ္ခု ျဖတ္ခနဲ ဝင္လာေတာ့တာပဲ ။
" ဒီ စပိုင္ေကာင္ ! "
" ဟမ္ ? "
႐ုတ္တရက္ ထေအာ္လာတဲ့ Baekhyun ေၾကာင့္ေဘးက စီနီယာက နားမလည္သလို ျပန္ေမးေတာ့ Baekhyun အလွ်င္အျမန္ပဲ ေခါင္းခါျပၿပီး ထရပ္လိုက္ရတယ္ ။
" ဘာမွမဟုတ္ဘူး ။ ခဏေနာ္ ၊ စီနီယာ ခဏ !
ကြၽန္ေတာ္ အျပင္ကို ခဏေလာက္သြားမယ္ "
" ေဟး ၊ ေဟး ။ ငါၿငိမ္ၿငိမ္ေနရမယ္လို႔ ေျပာထားတယ္ေလ "
" ခဏပဲ စီနီယာ "
လွမ္းေအာ္လိုက္တာေတာင္ မရတဲ့ Baekhyun ကေတာ့ ေျခတစ္ဖက္ ေထာ့နင္းေထာ့နင္းနဲ႕ ခုန္ဆြဆြလုပ္ရင္း Camp အျပင္ဘက္ ေရာက္သြားေတာ့တာပဲ ။
" Zhang Yixing ! Zhang Yixing "
" ငါ ဒီမွာ ! ဒီမွာ Baekhyun
ဘာျဖစ္လို႔လဲ ၊ ေျခေထာက္က အဆင္ေျပလား
တစ္ခုခု ျဖစ္သြားၿပီလား "
ပ်ာပ်ာသလဲ နဲ႕ Zhang Yixing တစ္ေယာက္ ေဘးနားကို ေရာက္လာေတာ့ Baekhyun ပုခုံးတစ္ဖက္ကို ဆြဲဖက္ယူရင္း တိုးတိုးႀကိတ္ႀကိတ္ ေျပာလိုက္ရတယ္ ။
" မင္း ဒီကိစၥကို လုံးဝ Chan ကို ေျပာမျပနဲ႕ေနာ္ "
" ဟမ္ ? အ - အမ္ ? "
Yixing ပထမေတာ့ မ်က္လုံးေလး ကလယ္လယ္နဲ႕ Baekhyun ကို နားမလည္သလို ၾကည့္ေနၿပီး ၊ ခဏအၾကာမွာေတာ့ မ်က္လုံး တျဖည္းျဖည္းျပဴးလာၿပီး ပါးစပ္ကို လက္တစ္ဖက္နဲ႕ ပိတ္လိုက္ေတာ့တာပဲ ။
" မင္း - မင္း ၊ ဘယ္လိုလုပ္ၿပီး သိတာလဲ
မဟုတ္ဘူး ဘယ္ကတည္းက သိတာလဲ "
Baekhyun ကေတာ့ Yixing ကို တုံးလိုက္ အလိုက္ေလျခင္း ဆိုတဲ့ပုံစံနဲ႕ သက္ျပင္းေလးခ်လိဳ႕ ၾကည့္တယ္ ။
" ငါက မသိဘဲ ေနမလား ၊
ဖရဲသီးစားခ်င္လိုက္တာလို႔ ဒီေန႕ေက်ာင္းမွာ မညည္းမိလိုက္နဲ႕ အိမ္ေရာက္ရင္ ဖရဲသီးေတြက ဆိုင္ျပန္ဖြင့္လို႔ရေအာင္ ေရာက္ေနၿပီ ၊ ဘာတဲ့...ဟိုကတုံးအုပ္စုကလည္း ဖရဲခင္းပိုင္ရွင္က အေႂကြးမေပးနိုင္လို႔ သိမ္းလာတာဆိုလား ၊ ဟမ္ ? အရမ္းေတာ္ၾကတာပဲေနာ္ ။ Boss ဆီက လစာေကာင္းေကာင္းမွ ရၾကရဲ႕လား "
" အ-အဟမ္း "
Yixing က မထုံတတ္ေတးပုံေလးနဲ႕ ေခ်ာင္းဟန့္လို႔ ေဘးဘက္ကို လွည့္သြားရွာတယ္ ။
" ငါလည္း မင္းစီးပြားေရးကို မႏွောင့္ယွက္ခ်င္လို႔ မသိခ်င္ေယာင္ ေဆာင္ေပးထားတာပါကြာ ၊ ဒါေပမယ့္ ဒီလိုကိစၥေတြေတာ့ မေျပာပါနဲ႕ ၊ သိတယ္မလား သူဘယ္ေလာက္ ကဲသည္းသလဲဆိုတာကို ၊ ခုမင္းဖုန္းဆက္ေျပာလိုက္ရင္မ်ား - "
" ဟိုေလ ၊ Baekhyun "
Baekhyun စကား မဆုံးေသးခင္မွာပဲ Yixing က မ်က္ႏွာငယ္ေလးနဲ႕ ျဖတ္ေျပာလာေလရဲ႕ ။
" အမွန္တကယ္ေတာ့ ဆက္ၿပီးသြားၿပီကြ
မင္းကို တြဲပို႔ၿပီးသြားကတည္းကပဲ "
" ဘာ ! ေဟ့ေကာင္ "
Baekhyun အမွန္တကယ္ကို ေခါင္းကိုက္သြားရၿပီး ခါးကို လက္ႏွစ္ဖက္ေထာက္လို႔ Yixing ကို ဆူပူမယ္ျပင္ေနတုန္းမွာပဲ နားထဲကို အသံတစ္ခုတိုးဝင္လာတယ္ ။ တိုးတိုးေလးေပမယ့္ အားျပင္းတဲ့ တဝီဝီ အသံမ်ိဳး ။ ဘာသံႀကီးလဲ ။
" Baek-Baekhyun ၊ ဟို - ဟိုမွာၾကည့္စမ္း "
Yixing က ေက်ာက္႐ုပ္ႀကီးတစ္႐ုပ္လို ေတာင့္ခဲက်သြားရင္း ေကာင္းကင္ကို ေငးလို႔ ေျပာလာတာမို႔ Baekhyun လည္း ထပ္တူလွည့္လို႔ ေမာ့ၾကည့္လိုက္တယ္ ။ ေနေရာင္စူးေနတာမို႔ အစက သိပ္မျမင္ရေပမယ့္ အမည္းစက္ေလးက တျဖည္းျဖည္းႀကီးလာေလ အသံကလည္း ပိုပီျပင္လာေလပဲ ။
" အဲ့ - အဲ့တာ Helicopter ႀကီး မဟုတ္ဘူးလား "
Yixing ရဲ႕ ေတာင့္ခဲခဲေျပာသံႀကီး အဆုံးမွာေတာ့ Baekhyun မ်က္လုံးျပဴးလို႔ အသံတိတ္ဆဲေရးမိသြားၿပီး ေဘာင္းဘီအိတ္ထဲက ဖုန္းကို ထုတ္ၿပီး flight mood ကို အျမန္ off လို႔ ဆက္ရေတာ့တာပဲ ။
" ဟယ္လို ကေလးေလး ! "
ခ်က္ခ်င္း ျပန္ေျဖလာတဲ့ဖုန္းက သူ႕ဘက္က အေခၚကို ေစာင့္ေနတဲ့အတိုင္း စိုးရိမ္စိတ္အျပည့္နဲ႕ အေလာတႀကီးအသံ ထြက္ေပၚလာတယ္ ။
" Chan ! ဘာေတြလုပ္ေနတာလဲ !
ခုခ်က္ခ်င္း အဲ့ Helicopter ႀကီးကို ေနာက္ျပန္လွည့္ခိုင္းဗ်ာ ! ေျမေပၚမဆင္းေစနဲ႕ေနာ္ ! ဆင္းတာနဲ႕ ကြၽန္ေတာ္ စိတ္ဆိုးၿပီပဲ "
" မဟုတ္ဘူး ေဘဘီ !
ေဘဘီ့ ေျခေထာက္က "
" ခုခ်က္ခ်င္းေနာ္ ! ကြၽန္ေတာ္ Chan ကို စကားလုံးဝ မေျပာဘဲ ေနပစ္လိုက္ရမလား "
" ကိုယ္သိၿပီ ၊ ကိုယ္အခုပဲ ေနာက္ေၾကာင္း ျပန္လွည့္ခိုင္းလိုက္မယ္ ၊ ေနာ္ ? ကေလးေလး.. ဖုန္းမခ်နဲ႕ဦးေနာ္ "
ဖုန္းထဲကေန အမိန့္ေပးသံ ခပ္ေရးေရး ၾကားလိုက္ရၿပီးတဲ့ေနာက္မွာေတာ့ လူေတြအားလုံး တထူးတဆန္း ေမာ့ေငးရေလာက္တဲ့ထိ အကြာအေဝးကို ေရာက္ေနတဲ့ Helicopter က ေနာက္ေၾကာင္းျပန္လွည့္သြားတာကို ျမင္လိုက္ရေလရဲ႕ ။
အဲ့ေတာ့မွပဲ Baekhyun သက္ျပင္းခ်နိဳင္ၿပီး ဖုန္းကို နားနားျပန္ကပ္လိုက္ရတယ္ ။
" Chan တကယ္ပဲ လြန္တယ္ေနာ္ !
ကြၽန္ေတာ္ အခုရွိေနတာ Medical team နဲ႕ဆိုတာကိုေရာ သိေသးရဲ႕လား ၊ ေျခက်င္းဝတ္ အဆစ္လြဲတာေလာက္ကိုပဲ "
" မဟုတ္ဘူး ေဘဘီ ၊ မင္းသူငယ္ခ်င္းေျပာေတာ့ အေတာ္ထိသြားတာဆို ။ အရိုးေတြ ဘာေတြက်ိဳးမွာေတာင္ စိုးရတယ္ဆိုလို႔ ကိုယ္လည္း စိတ္ပူၿပီး အျမန္လႊတ္လိုက္တာေလ "
Baekhyun ေဘးက Yixing ကို ဆတ္ခနဲ မ်က္ေစာင္းထိုး ၾကည့္လိုက္ေတာ့ သူမဟုတ္သလိုပဲ လည္ပင္းကိုကုတ္ရင္း လွည့္ထြက္သြားေတာ့တာပဲ ။
" ဘယ္ေလာက္ပဲ စိုးရိမ္ရိမ္ေပါ့ ၊ ကြၽန္ေတာ့္ကို ဖုန္းအရင္ဆက္သင့္တယ္ေလ ။ ခုလိုမေျပာမဆိုဘဲ လုပ္တာႀကီးက ကြၽန္ေတာ့္ကို အရွက္ခြဲသလို ျဖစ္မေနဘူးလား ။ Chan တို႔ မာဖီးယားေလာက အတြက္က ဘာမွမထူးဆန္းမွန္း သိေပမယ့္ ခုလို Helicopter ႀကီးကေတာ့ မဟုတ္ေသးဘူးေလ "
" ေဘဘီ ၊ မင္းလြန္တယ္ေနာ္ "
Baekhyun ဘက္ကလည္း နည္းနည္းေလးေတာင္ မေလွ်ာ့ခ်င္တာမို႔ ခပ္တင္းတင္းပဲ ႏႈတ္ခမ္းေတြကို ဖိႀကိတ္ထားလိုက္တယ္ ။
" ကိုယ္ဖုန္းဆက္ေတာ့ မင္းဖုန္းက flight mood on ထားတယ္ ။ မင္းေျခက်င္းဝတ္ကက် အရိုးေတာင္ က်ိဳးသြားမလားမသိဘူးဆိုလို႔ ကိုယ္အျမန္ဆုံး ျဖစ္နိုင္တာနဲ႕ သြားေခၚခိုင္းလိုက္တယ္ကြာ ။ မင္းကို ဘယ္ေလာက္ထိ စိတ္ပူေနလို႔လဲဆိုတာကို သိရဲ႕လား ။ မင္းကို အရွက္ခြဲတယ္ေျပာတာကေတာ့ မဟုတ္ေသးဘူး "
" ဘာမွာမဆို တဇြတ္ထိုးလုပ္ေနလို႔ ေျပာတာ "
" အဲ့လို တဇြတ္ထိုးလုပ္ေနတာေတြကလည္း မင္းကိုခ်စ္လို႔ေလ "
" ကြၽန္ေတာ့္ကို လာမေအာ္နဲ႕ေနာ္ "
တစ္ဖက္က အသံတိတိပပ ရပ္သြားတာမို႔ အေတာ္စိတ္တိုသြားၿပီဆိုတာကို Baekhyun သိလိုက္ရတယ္ ။ တစ္ခါမွလည္း ဒီေလာက္ အသံမာမာနဲ႕ အေျပာခံရဖူးတာမို႔ Baekhyun ေဒါသထြက္သလို ဟန္ေဆာင္ေနေပမယ့္ အမွန္တကယ္က ဝမ္းနည္းတဲ့ဘက္ကို ေရာက္ေနၿပီ ။ မ်က္ေတာင္ေတြကို ပုတ္ခတ္ၿပီး သိမ္းေနရတဲ့ မ်က္ရည္စေတြက သက္ေသပဲ ။
" ေတာ္ၿပီ ၊ Chan နဲ႕ စကားဆက္ေျပာခ်င္စိတ္မရွိေတာ့ဘူး ၊ ကြၽန္ေတာ့္ကိုလည္း ဖုန္းထပ္မဆက္နဲ႕ ၊ မုန္းမိမွာ ဒါပဲ ! "
တီခနဲ ခ်က္ခ်င္းခ်ပစ္လိုက္တဲ့ ဖုန္း call အဆုံးမွာ Baekhyun မ်က္ရည္ေတြကို ေမာ့သိမ္းပစ္လိုက္တယ္ ။ ၿပီးေတာ့ ေျခေထာက္နာေနတာကိုေတာင္ ေမ့ေနသလားမွတ္ရေအာင္ မာထန္ထန္ ေျခလွမ္းေတြနဲ႕ Camp ထဲ ဝင္သြားေတာ့တာပဲ ။
အေဝးက လွမ္းအကဲခတ္ေနတဲ့ Yixing ကေတာ့ သြားေခ်ာ့ရ ေကာင္းနိုးနိုး ၊ လႊတ္ထားရ ေကာင္းနိုးနိုးနဲ႕ ကိုယ့္ေခါင္းကိုပဲ လက္နဲ႕ဖိထုမိေတာ့တယ္ ။
နည္းနည္းေလာက္ အိုဗာလုပ္ေျပာလိုက္ရမွ ေက်နပ္တဲ့ အက်င့္ကလည္း တယ္ခက္ပါလားေနာ္ ။
ဒီပါးစပ္ ၊ ဒီပါးစပ္ကို အျပစ္ေပးသင့္တယ္ ။
ခုေတာ့ အျဖတ္ခံရမယ့္ လစာေတြကို ေတြးရင္း Yixing ကိုယ့္ပါးစပ္ကို ဆက္တိုက္ရိုက္ေနမိေတာ့တာပဲ ။
_________________________________