LOVE ME,OK![Complete]

By M-O-N-E

189K 17.6K 2.3K

ZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 XiaoZhan is a IQ160 having student.Bo Bo is a normal student.This stor... More

Episode-1
Episode-2
Episode-3
Episode-4
Episode-5
Episode-6
Episode-7
Episode-8
Episode-9
Episode-10
Episode-11
Episode-12
Episode-14
Episode-15
Episode-16
Episode-17
Episode-18
Episode-19
Episode-20
Episode-21
Episode-22
Episode-23
Episode-24
Episode-25
Episode-26
Episode-27
Episode-28
Episode-29
Episode-30
Episode-31
Episode-32
Episode-33
Episode-34
Episode-35
Episode-36
Episode-37
Episode-38
Episode-39
Episode-40
Episode-Final

Episode-13

4.4K 503 54
By M-O-N-E

♡Unicode version♡

"ဖေရှီး!!!...ဖေရှီးရား!..."

သူငယ်ချင်းဖြစ်သူအားအသံတဆာဆာနဲ့အော်ခေါ်ရင်းခရီးဆောင်ကျောပိုးအိပ်လေးတရမ်းရမ်းနဲ့ကျောင်းပေါက်ဝအပြေးလေးသွားသည့်ကောင်လေးကိုကြည့်ရင်းရှောင်းကျန့်ကနှစ်လိုဖွယ်ပြုံးမိသွားပေမဲ့ကျောင်းကားနဘေးရပ်နေသည့်ဖေရှီးကိုမြင်တော့ဖန်းဝေကမျက်နှာအပျက်ပျက်နှင့်ပင်။ခရီးသွားအသင်းတစ်သင်းတည်းဖြစ်နေတာကြောင့်ရှောင်နေလို့လဲမရ။ပိုဆိုးတာက ဖေရှီးကရိပေါ်အချစ်ဆုံးသူငယ်ချင်း။ရိပေါ်သွားရာဖန်းဝေရှိချင်သလို ဖေရှီးကလည်းရိပေါ်အနားကခွာမည့်ပုံမပေါ်။

"ရိပေါ်!...ကိုယ်တို့နဲ့ပဲတကားတည်းစီးလိုက်ပါလား..."

"ဟုတ်!..."

ခရီးသွားအသင်းကပထမနှစ်ကနေနောက်ဆုံးနှစ်ထိစုပေါင်းခရီးထွက်ရပေမဲ့လူသိပ်မများတာမို့expectကားနှစ်စီးဆိုရင်ပဲခရီးထွက်ဖို့လုံလောက်သည်။ရှောင်းကျန့်ကရိပေါ်ကိုခေါ်ပြီးကားပေါ်အရင်တက်သွားတာမို့ဖန်းဝေနဲ့ဖေရှီးလည်းနောက်ကလိုက်တက်လာလိုက်တယ်။အခုချိန်ထိမျက်နှာချင်းမဆိုင်ရသေးသည့်နှစ်ယောက်ကရှက်ကြောက်နေသည်လား စိတ်ဆိုးနေသည်လားမသဲကွဲ။

ဖေရှီးကားပေါ်အရောက် အနောက်ဘက်ကျကျနှစ်ခုံတွဲထိုင်ခုံမှာနေရာယူထားပြီဖြစ်သည့်ရှောင်းကျန့်နဲ့ရိပေါ်ကြောင့်လူကနည်းနည်းတော့အိုးတိုးအမ်းတန်းဖြစ်သွားရတယ်။အမှန်ဆို ရိပေါ်နဲ့ထိုင်ခုံနေရာယူသင့်တာသူမဟုတ်ဘူးလား။ရိပေါ်ကိုကြည့်တော့လဲရှောင်းကျန့်ကောနဲ့ကားမှန်တွေကြားထိုင်ရင်းခေါင်းငုပ်ပြီးငြိမ်နေတာမို့စောဒကတက်မနေတော့ပဲလွတ်နေသည့်ဘေးကခုံမှာသာဝင်ထိုင်လိုက်တယ်။

"မင်းကျောပိုးအိပ်ဖယ်ပေးဦး!..."

ရင်းနှီးနေသည့်အသံကြောင့်မျက်လုံးတွေမှိတ်ထားရာမှဖွင့်ကြည့်မိတော့ထိုင်ခုံမရသေး၍လျှောက်လမ်းကျဥ်းကျဥ်းမှာမတ်တပ်ဖြစ်နေသည့်ဖန်းဝေ။ကိုယ်တခြမ်းကြွပြီးတခြားနေရာလွတ်တွေလျှောက်ကြည့်ပေမဲ့တကယ်လည်းလူပြည့်နေတာကြောင့်ထိုင်ခုံပေါ်တင်ထားသည့်ကျောပိုးအိပ်ကိုဖယ်ပေးလိုက်တယ်။ဟိုတနေ့ကကိစ္စကို အစပြန်ဖော်မလာဖို့မျှော်လင့်ရတာပဲ။

ဖန်းဝေနေရာဝင်ယူလိုက်တာနဲ့ဖေရှီးခန္ဓာကိုယ်ပါတချက်လှုပ်သွားပြီးထိုင်ခုံကသိမ့်ခနဲ။မကြာလိုက် ငြိမ့်ခနဲမောင်းထွက်လိုက်သည့်ကားကြောင့်ဖန်းဝေကျောပိုးအိပ်ထဲကမျက်နှာသစ်ဆေးဗူးလိုlotionဗူးသေးလေးကားကြမ်းပြင်ပေါ်ခလောက်ခနဲ။ဖန်းဝေရမသိလိုက်ပေမဲ့ဖေရှီးရှေ့တွင်ပြုတ်ကျသွားတာမြင်တာမို့ရှေ့ဘက်ထိုင်ခုံအောက်ရောက်နေသည့်ဗူးလေးကိုလှမ်းကောက်လိုက်တယ်။

"ခများဟာ!..."

လူကိုမကြည့်ပဲထိုးပေးလာသည့်ပစ္စည်းကြောင့်ဖန်းဝေမိမိအိပ်ထဲတချက်စစ်လိုက်မိသေး။ဟုတ်နေတာမို့ဆက်ခနဲဆွဲယူလိုက်မိတော့တချက်လှည့်ကြည့်လာပြီးဘာမှမဖြစ်သလိုရှေ့ပြန်လှည့်သွားသည့်ဖေရှီး။ဘာလဲ ဒီကောင်စုတ်လေး နေ့ချင်းညချင်းငါ့ကိုမကြိုက်တော့တာများလား။ကိုယ့်ဘာကိုယ် ဘာတွေးလိုက်မိသလဲသတိမထားမိသည့်ဖန်းဝေကထိုအတွေးကြောင့်ပဲရင်ဘတ်ထဲဂယက်အနည်းငယ်ထသွားရတယ်။

___


ခရီးမစခင်ကတည်းကပင်လယ်ဘက်သွားရမှာမို့တက်ကြွနေသည့်ကောင်လေး။ခုတော့ဖြင့်ကားစထွက်တာနဲ့မျက်လုံးတွေမှေးစင်းပြီးအိပ်ဖို့တာဆူနေတာကြောင့်ရှောင်းကျန့်ခေါင်းရမ်းရင်းသာဖွဖွရယ်နေမိတယ်။ဒီတခါတော့ မျက်ကပ်မှန်မဟုတ်ပဲ ခါတိုင်းလိုမျက်မှန်ဝိုင်းလေးသာတပ်ထားသည့်ရိပေါ်ကြောင့်ဘေးတစောင်းအနေအထားကနေ အရည်ရွှန်းပြီးစိုလဲ့နေသည့်အညိုရောက်မျက်ဝန်းတွေကိုရှောင်းကျန့်ကောင်းကောင်းမြင်နေနိုင်တယ်။ရိပေါ်ပုံစံကတအားအိပ်ချင်နေပုံ။မျက်ခမ်းဆက်မှာအရည်ကြည်လေးတွေတောင်ရစ်တွဲနေပြီမို့။

"အင့်!...အာ!..."

ငိုက်မြှည်းရင်းရှောင်းကျန့်ပုခုံးကိုနှဖူးစောင်းနဲ့တိုက်မိသွားတာကြောင့်ရိပေါ်ကခေါင်းလေးကုတ်ပြီးကိုယ်လေးမရမကပြန်မတ်တယ်။စာအုပ်တစ်အုပ်ကိုဟန်ပါပါကိုင်ထားပေမဲ့ရှောင်းကျန့်စိတ်အာရုံကတော့ပုခုံးထက်မိမိရရမှီနွဲ့လာမယ့်ခေါင်းလုံးလေးကိုမျှော်လင့်နေရင်း။ငိုက်မြှီးကျလာသည့်တိုင်သတိရှိနေတာကြောင့်ပြန်ပြန်မတ်သွားခြင်းကိုလဲစိတ်မရှည်ချင်သလို။

ခဏအကြာ ခရီးမပေါက်ခင်မှာပဲပုခုံးထက်လုံးလုံးလျှားလျှားပစ်မှီလာသည့်ရိပေါ်ကြောင့်ရှောင်းကျန့်ပီပီပြင်ပြင်ပြုံးလိုက်ရင်းလက်ထဲကစာအုပ်ကိုချကာ ရိပေါ်သက်တောင့်သက်သာရှိစေရန် အနေအထားအနည်းငယ်ပြင်ယူလိုက်တယ်။ခပ်လှမ်းလှမ်းအရှေ့နားကဖန်းဝေတို့စီအကြည့်ဝေ့မိတော့တခြားကျောင်းသားတွေလိုအိပ်နေတာမဟုတ်ပဲတယောက်နဲ့တယောက်ခပ်ခွာခွာနဲ့သာငြိမ်နေကြပုံကတိတ်ဆိတ်တာထက်ကိုပိုလွန်းနေသည်။

ပုခုံးတစ်ဖက်ကိုမှီထားရာမှနှာခေါင်းလုံးလုံးလေးနဲ့ပါတိုးဝှေ့လာသည့်ရိပေါ်စီအကြည့်ပြန်ပို့တော့နေရောင်ခနေသည့်ပါးပြင်ဥဥကကုန်းကိုက်ချင်စရာကောင်းအောင်ဖွေးနုနေတယ်။ပေါင်ပေါ်တင်ထားသည့်ကျောပိုးအိပ်လေးကိုဖက်လျှက်အိပ်နေသည့်ရိပေါ်ပုံကပကတိဖြူဖြူစင်စင်။

မနေနိုင်စွာထိုပါးပြင်နုနုလေးကိုလက်မနဲ့ပွတ်သပ်ရင်းခိုးကြောင်ခိုးဝှက်ထိတွေ့မိသည့်ရှောင်းကျန့်။ဒီကောင်လေးကိုသူစွဲလမ်းခဲ့ရတာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ။အမှတ်မဲ့တွေ့ဆုံမှုလေးမှာ ခဏတွင်းချင်းရင်ထဲအပြည့်နေရာယူထားသည့်ဒီကောင်လေး။သူ့အိမ်မက်ထဲအထိလှလှပပလေးလွှမ်းမိုးနေသည့်ဒီကောင်လေး။အချိန်ကသုံးနှစ် တလျှောက်လုံးတမ်းတစေမိတာက မိနစ်အနည်းငယ်တဒဂ်လေးအတွင်း။မျက်လှည့်ဆန်သလို ဒီရင်ခွင်မှာလည်းမြတ်နိုးခြင်းဆန်စွာ ကောင်လေးကသူ၏ ချစ်လှစွာသောအဖြစ်နေရာယူထားပါသည်။

ပေကျင်းroyal analysisမှာအထက်တန်းနောက်ဆုံးနှစ်တက်နေတုန်းမြို့ထဲကအထက်တန်းကျောင်းတစ်ခုအားစာအုပ်တွေသွားလှူဖြစ်သည့်ရှောင်းကျန့်။တယောက်တည်းသင်ပုန်းရှေ့ရပ်ကာစာလုပ်နေသည့်ကောင်လေးဟာ သူ့မျက်လုံးထဲချိုချဥ်လုံးလေးလိုပဲ။စိတ်ဝင်စားမှုမြင့်တက်ခဲ့သည့်အခါရှောင်းကျန့်ခြေလှမ်းတွေဟာ ကောင်လေးနောက်သို့တကောက်ကောက်။ကောင်လေးမေ့ကျန်ခဲ့သည့်ရေဗူးလေးအားထီးအဝါလေးနှင့်တဖက်လှည့်လှဲလှယ်ယူခဲ့မိတယ်။

မနက်ဖြန်တိုင်းမှာမျှော်လင့်ချက်တွေနဲ့သွားရှာခဲ့ပေမဲ့ကောင်လေးဟာထိုစာသင်ခန်းလေးထဲထပ်ပေါ်မလာတော့ဘူး။စိတ်ဓာတ်ကျသွားမိပေမဲ့ မျှော်လင့်ချက်ကတော့ရှင်သန်ဆဲ။သူကောင်လေးကိုပြန်ရှာမယ် ကောင်လေးနဲ့သူပြန်ဆုံတဲ့အခါ သေချာတဲ့ဆက်နွယ်မှုတစ်ခုတည်ဆောက်ဖို့လည်းရည်ရွယ်ထားတယ်။

မားဆန္ဒကြောင့်နယူးယော့ခ်မှာကျောင်းသွားတက်ပြီးဆုံးခန်းမတိုင်ခင်မှာပဲ မိသားစုအရေးကြောင့်ရှောင်းကျန့်chinaပြန်အရောက်။လွတ်လွတ်လပ်လပ်ယူနီဆက်တက်ရန်ရွေးခဲ့မိတော့ကံကောင်းထောက်မစွာ သူ့ချိုချဥ်လုံးလေးကိုပြန်ကောက်ရတဲ့အဖြစ်။တသက်လုံးငုံထားဖို့တွေးလိုက်မိတော့သူလေးငြိုငြင်မှာစိုးစိတ်နဲ့ရှောင်းကျန့်ဟာအချိန်ခါကောင်းကိုစောင့်ဆိုင်းနေရုန်မျှသာ။

"အဟင်း!..."

အတွေးနဲ့သဘောတကျရယ်လိုက်မိရင်းချိုချဥ်လုံးလေးအားအပေါ်ထပ်ကုဒ်ချွတ်ပြီးခြုံပေးလိုက်တယ်။မင်းကသာမသိတာ ကိုယ့်ပစ္စုပ္ပန်နဲ့အတိတ်တွေမှာ မင်းရယ် ပြီးတော့ မင်းပဲမင်းမှူနေတာကောင်လေးရ။

___

"မျက်လုံးတွေနာနေရော့မယ်...မပွတ်နေနဲ့တော့..."

ကားပေါ်ကဆင်းဆင်းချင်းအိပ်မှုန်စုန်ဝါးမျက်လုံးတွေပွတ်သပ်နေသည့်ရိပေါ်ကိုရှောင်းကျန့်ဘက်ကအလေးပေးစိတ်ပူနေပုံကြောင့်ဖန်းဝေကမျက်မှောင်ကျုံ့မိသလိုဖေရှီးကတော့တခွန်းဝင်မပြော။

"ကယ်!...အားလုံးပဲ ကိုယ့်အဖွဲ့နဲ့ကိုယ်နေမစောင်းခင်ရွက်ဖျင်တဲတွေအပြီးထိုးရမယ်...ခရီးပန်းလာတာဆိုတော့ဒီညတော့နားလိုက်ကြဦး..."

ဆရာတစ်ယောက်၏ဆော်သြသံကြောင့်ကျောင်းသားအားလုံးရွက်ဖျင်တဲထိုးဖို့ဟိုဟိုဒီဒီနေရာရှာနေကြတယ်။ကားရပ်ထားသည့်နေရာကပင်လယ်နဲ့အတော်လှမ်းသေးပေမဲ့လှိုင်းပုတ်သံသဲ့သဲ့ကြားရပြီးရေပြင်ကျယ်ကြီးကိုလည်းလှမ်းမြင်နေရတယ်။

"ရိပေါ်!...အကိုနဲ့..."

"ရိပေါ်ကရှောင်းကျန့်ကောနဲ့တခန်းတည်းနေနေကျဆိုတော့ရှောင်းကျန့်ကောနဲ့ပဲတတဲတည်းနေလိုက်ပေါ့...ဒီကအကိုကြီးနဲ့ကျွန်တော်ကရွက်ဖျင်တဲတစ်ခုပေါ့..."

"ဘာ!!!..."

ရိပေါ်ကိုမစည်းရုန်းရသေးခင်တလွဲplanချလိုက်သည့်ဖေရှီးကြောင့်ဖန်းဝေဒေါသထောင်းခနဲ။ဒီ ဒီကောင် ဘာသောက်ချိုးချိုးပြန်တာလဲ။

ရှောင်းကျန့်ကတော့ဖေရှီးအပြောကိုလက်ခံသလိုခေါင်းတချက်ငြိမ့်တယ်။ရွက်ဖျင်တဲထိုးလို့ရမည့်သစ်ပင်တွေရှိရာစီသွားဖို့လုပ်တော့ဖေရှီးနားကပ်ရပ်နေဆဲကောင်လေးကြောင့်မျက်ခုံးထပ်ပင့်ပြရင်း။

"သွားမယ်လေ!...လာ..."

"ဗျာ!...ဟုတ် လာ လာပြီအကို..."

ရှောင်းကျန့်နဲ့အတူရိပေါ်ထွက်သွားတော့မှဖေရှီးကျောပိုးအိပ်တွေခဏအောက်ချပြီးရွက်ဖျင်တဲထိုးဖို့ပြင်ရတယ်။ရိပေါ်ကမမြင်ပေမဲ့ သူမြင်နေရသည့်စီနီယာရှောင်းကျန့်၏စိတ်သဘောကိုဖေရှီးသတိထားမိတာကြောင့်ဤကဲ့သို့စီစဥ်လိုက်ခြင်း။သူ့လုပ်ရပ်ကရိပေါ်ကောင်းစားဖို့ပေမဲ့ ဖန်းဝေဆိုသည့်အကိုကြီးကတော့သူ့အပြင်ရှောင်းကျန့်ကောကိုလည်းကြည့်မရတော့သည့်အနေအထားမှာရှိတယ်။

"မင်းအကြံဒါအကုန်ပဲလား!..."

"နေမစောင်းခင်ရွက်ဖျင်တဲဆောက်ပြီးဖို့ စီနီယာ့အကူညီလိုတယ်နော်...နဘေးကရန်တွေ့နေလို့ပြီးသွားမှာမဟုတ်ဘူး..."

"ကျစ်!...မင်းတော့လား နေနှင့်ဦးပေါ့ကွာ..."

ကြိမ်းဝါးရင်းလက်ထဲကရွက်ဖျင်တဲအမိုးစကိုဆွဲယူပြီးကပြတ်ကချော်ဖြန့်ထုတ်နေသည့်ဖန်းဝေကြောင့် ဖေရှီးကြိတ်ရယ်ရယ်လိုက်မိတယ်။ဖန်းဝေပုံက ဖေရှီးအမြင်မှာ ချိုချဥ်မရလို့စိတ်ကောက်နေသည့်သုံးနှစ်သားလေးလိုပဲ။

"အဟင်း!...စီနီယာပြောင်းပြန်ကြီးဖြစ်နေပြီ!..."

"ဘာ!..."

"ရွက်ဖျင်အမိုးကိုပြောတာ!..."

"သိတယ်!!!...မင်းဆရာလာမလုပ်နဲ့!!!..."

ဖေရှီးအသံထွက်မရယ်မိဖို့အတော်ကြီးအောင့်အီးနေလိုက်ရတယ်။

___

"ဒီလောက်ဆိုအဆင်ပြေပြီ!..."

"ဟုတ်!..."

စနပ်တကျတည်ဆောက်ပြီးစီးသည့်ရွက်ဖျင်တဲကိုကျေနပ်သလိုကြည့်ရင်းရိပေါ်အသံကတက်ကြွနေလျှက်။ကားပေါ်မှာတလမ်းလုံးအိပ်လာတော့ အင်အားတွေပြည့်နေသည်ထင်။

"အာ့!..."

"အကို!..."

လေကြမ်းတချက်အဝှေ့မျက်လုံးကိုလာစင်သည့်သဲမှုန်တချို့ကြောင့်ရှောင်းကျန့်မျက်လုံးနှစ်ဖက်လုံးလုံးစပ်ဖျင်းဖျင်းဖြစ်သွားရတယ်။အတင်းပွတ်ထုတ်ဖို့လုပ်နေသည့်ရှောင်းကျန့်လက်တွေကိုလှမ်းကိုင်လိုက်ရင်းရိပေါ်မှာစိုးရိမ်စိတ်​ကြောင့်သူတို့စီအာရုံရောက်နေသည့်ကျောင်းသူတချို့ကိုပင်သတိမမူနိုင်။

"ခဏ ခဏလေးအကို...မပွတ်လိုက်နဲ့...ကျွန်တော်ဖြည်းဖြည်းမှုတ်ပေးမယ်...မျက်လုံးဖွင့်ထားနော်!..."

"အင်း!..."

အရပ်မညီညာမှုကြောင့်ရှောင်းကျန့်ရှေ့ရိပေါ်ခြေဖျားလေးထောက်ပြီးတဖူးဖူးလေယူလေသိမ်းလုပ်ပေးနေမိတယ်။ရှောင်းကျန့်ကတော့မျက်လုံးရှေ့ကနှုတ်ခမ်းရဲရဲထော်ထော်လေးကိုအာရုံစုစည်းထားရင်း။

"အွတ်!..."

"ဟင်!..."

"ဟယ်!..."

ရုတ်ချည်းဆွဲငုံခံလိုက်ရသည့်နှုတ်ခမ်းအစုံကြောင့်ရိပေါ်မျက်လုံးတွေပြူးကျယ်ကုန်တယ်။ပတ်ဝန်းကျင်ကအာမေဋိတ်သံတွေပလုံစီအောင်ထွက်ကျနေတယ်။တကယ်ပဲ လူပုံအလယ်မှာ သူအနမ်းခံနေရတာလား။တ​ခြားသူမဟုတ်ပဲ အကို့စီမှာလေ...

To be continue......
26/9/2021(Sunday)
Thank for your reading.♥

N:ကျန်းမာရေးဂရုစိုက်ကြပါနော်။

♡Zawgyi version♡

"ေဖရွီး!!!...ေဖရွီးရား!..."

သူငယ္ခ်င္းျဖစ္သူအားအသံတဆာဆာနဲ႕ေအာ္ေခၚရင္းခရီးေဆာင္ေက်ာပိုးအိပ္ေလးတရမ္းရမ္းနဲ႕ေက်ာင္းေပါက္ဝအေျပးေလးသြားသည့္ေကာင္ေလးကိုၾကည့္ရင္းေရွာင္းက်န့္ကႏွစ္လိုဖြယ္ၿပဳံးမိသြားေပမဲ့ေက်ာင္းကားနေဘးရပ္ေနသည့္ေဖရွီးကိုျမင္ေတာ့ဖန္းေဝကမ်က္ႏွာအပ်က္ပ်က္ႏွင့္ပင္။ခရီးသြားအသင္းတစ္သင္းတည္းျဖစ္ေနတာေၾကာင့္ေရွာင္ေနလို႔လဲမရ။ပိုဆိုးတာက ေဖရွီးကရိေပၚအခ်စ္ဆုံးသူငယ္ခ်င္း။ရိေပၚသြားရာဖန္းေဝရွိခ်င္သလို ေဖရွီးကလည္းရိေပၚအနားကခြာမည့္ပုံမေပၚ။

"ရိေပၚ!...ကိုယ္တို႔နဲ႕ပဲတကားတည္းစီးလိုက္ပါလား..."

"ဟုတ္!..."

ခရီးသြားအသင္းကပထမႏွစ္ကေနေနာက္ဆုံးႏွစ္ထိစုေပါင္းခရီးထြက္ရေပမဲ့လူသိပ္မမ်ားတာမို႔expectကားႏွစ္စီးဆိုရင္ပဲခရီးထြက္ဖို႔လုံေလာက္သည္။ေရွာင္းက်န့္ကရိေပၚကိုေခၚၿပီးကားေပၚအရင္တက္သြားတာမို႔ဖန္းေဝနဲ႕ေဖရွီးလည္းေနာက္ကလိုက္တက္လာလိုက္တယ္။အခုခ်ိန္ထိမ်က္ႏွာခ်င္းမဆိုင္ရေသးသည့္ႏွစ္ေယာက္ကရွက္ေၾကာက္ေနသည္လား စိတ္ဆိုးေနသည္လားမသဲကြဲ။

ေဖရွီးကားေပၚအေရာက္ အေနာက္ဘက္က်က်ႏွစ္ခုံတြဲထိုင္ခုံမွာေနရာယူထားၿပီျဖစ္သည့္ေရွာင္းက်န့္နဲ႕ရိေပၚေၾကာင့္လူကနည္းနည္းေတာ့အိုးတိုးအမ္းတန္းျဖစ္သြားရတယ္။အမွန္ဆို ရိေပၚနဲ႕ထိုင္ခုံေနရာယူသင့္တာသူမဟုတ္ဘူးလား။ရိေပၚကိုၾကည့္ေတာ့လဲေရွာင္းက်န့္ေကာနဲ႕ကားမွန္ေတြၾကားထိုင္ရင္းေခါင္းငုပ္ၿပီးၿငိမ္ေနတာမို႔ေစာဒကတက္မေနေတာ့ပဲလြတ္ေနသည့္ေဘးကခုံမွာသာဝင္ထိုင္လိုက္တယ္။

"မင္းေက်ာပိုးအိပ္ဖယ္ေပးဦး!..."

ရင္းႏွီးေနသည့္အသံေၾကာင့္မ်က္လုံးေတြမွိတ္ထားရာမွဖြင့္ၾကည့္မိေတာ့ထိုင္ခုံမရေသး၍ေလွ်ာက္လမ္းက်ဥ္းက်ဥ္းမွာမတ္တပ္ျဖစ္ေနသည့္ဖန္းေဝ။ကိုယ္တျခမ္းႂကြၿပီးတျခားေနရာလြတ္ေတြေလွ်ာက္ၾကည့္ေပမဲ့တကယ္လည္းလူျပည့္ေနတာေၾကာင့္ထိုင္ခုံေပၚတင္ထားသည့္ေက်ာပိုးအိပ္ကိုဖယ္ေပးလိုက္တယ္။ဟိုတေန႕ကကိစၥကို အစျပန္ေဖာ္မလာဖို႔ေမွ်ာ္လင့္ရတာပဲ။

ဖန္းေဝေနရာဝင္ယူလိုက္တာနဲ႕ေဖရွီးခႏၶာကိုယ္ပါတခ်က္လႈပ္သြားၿပီးထိုင္ခုံကသိမ့္ခနဲ။မၾကာလိုက္ ၿငိမ့္ခနဲေမာင္းထြက္လိုက္သည့္ကားေၾကာင့္ဖန္းေဝေက်ာပိုးအိပ္ထဲကမ်က္ႏွာသစ္ေဆးဗူးလိုlotionဗူးေသးေလးကားၾကမ္းျပင္ေပၚခေလာက္ခနဲ။ဖန္းေဝရမသိလိုက္ေပမဲ့ေဖရွီးေရွ႕တြင္ျပဳတ္က်သြားတာျမင္တာမို႔ေရွ႕ဘက္ထိုင္ခုံေအာက္ေရာက္ေနသည့္ဗူးေလးကိုလွမ္းေကာက္လိုက္တယ္။

"ခမ်ားဟာ!..."

လူကိုမၾကည့္ပဲထိုးေပးလာသည့္ပစၥည္းေၾကာင့္ဖန္းေဝမိမိအိပ္ထဲတခ်က္စစ္လိုက္မိေသး။ဟုတ္ေနတာမို႔ဆက္ခနဲဆြဲယူလိုက္မိေတာ့တခ်က္လွည့္ၾကည့္လာၿပီးဘာမွမျဖစ္သလိုေရွ႕ျပန္လွည့္သြားသည့္ေဖရွီး။ဘာလဲ ဒီေကာင္စုတ္ေလး ေန႕ခ်င္းညခ်င္းငါ့ကိုမႀကိဳက္ေတာ့တာမ်ားလား။ကိုယ့္ဘာကိုယ္ ဘာေတြးလိုက္မိသလဲသတိမထားမိသည့္ဖန္းေဝကထိုအေတြးေၾကာင့္ပဲရင္ဘတ္ထဲဂယက္အနည္းငယ္ထသြားရတယ္။

___


ခရီးမစခင္ကတည္းကပင္လယ္ဘက္သြားရမွာမို႔တက္ႂကြေနသည့္ေကာင္ေလး။ခုေတာ့ျဖင့္ကားစထြက္တာနဲ႕မ်က္လုံးေတြေမွးစင္းၿပီးအိပ္ဖို႔တာဆူေနတာေၾကာင့္ေရွာင္းက်န့္ေခါင္းရမ္းရင္းသာဖြဖြရယ္ေနမိတယ္။ဒီတခါေတာ့ မ်က္ကပ္မွန္မဟုတ္ပဲ ခါတိုင္းလိုမ်က္မွန္ဝိုင္ေလးသာတပ္ထားသည့္ရိေပၚေၾကာင့္ေဘးတေစာင္းအေနအထားကေန အရည္႐ႊန္းၿပီးစိုလဲ့ေနသည့္အညိုေရာက္မ်က္ဝန္းေတြကိုေရွာင္းက်န့္ေကာင္းေကာင္းျမင္ေနနိုင္တယ္။ရိေပၚပုံစံကတအားအိပ္ခ်င္ေနပုံ။မ်က္ခမ္းဆက္မွာအရည္ၾကည္ေလးေတြေတာင္ရစ္တြဲေနၿပီမို႔။

"အင့္!...အာ!..."

ငိုက္ျမႇည္းရင္းေရွာင္းက်န့္ပုခုံးကိုႏွဖူးေစာင္းနဲ႕တိုက္မိသြားတာေၾကာင့္ရိေပၚကေခါင္းေလးကုတ္ၿပီးကိုယ္ေလးမရမကျပန္မတ္တယ္။စာအုပ္တစ္အုပ္ကိုဟန္ပါပါကိုင္ထားေပမဲ့ေရွာင္းက်န့္စိတ္အာ႐ုံကေတာ့ပုခုံးထက္မိမိရရမွီႏြဲ႕လာမယ့္ေခါင္းလုံးေလးကိုေမွ်ာ္လင့္ေနရင္း။ငိုက္ျမႇီးက်လာသည့္တိုင္သတိရွိေနတာေၾကာင့္ျပန္ျပန္မတ္သြားျခင္းကိုလဲစိတ္မရွည္ခ်င္သလို။

ခဏအၾကာ ခရီးမေပါက္ခင္မွာပဲပုခုံးထက္လုံးလုံးလွ်ားလွ်ားပစ္မွီလာသည့္ရိေပၚေၾကာင့္ေရွာင္းက်န့္ပီပီျပင္ျပင္ၿပဳံးလိုက္ရင္းလက္ထဲကစာအုပ္ကိုခ်ကာ ရိေပၚသက္ေတာင့္သက္သာရွိေစရန္ အေနအထားအနည္းငယ္ျပင္ယူလိုက္တယ္။ခပ္လွမ္းလွမ္းအေရွ႕နားကဖန္းေဝတို႔စီအၾကည့္ေဝ့မိေတာ့တျခားေက်ာင္းသားေတြလိုအိပ္ေနတာမဟုတ္ပဲတေယာက္နဲ႕တေယာက္ခပ္ခြာခြာနဲ႕သာၿငိမ္ေနၾကပုံကတိတ္ဆိတ္တာထက္ကိုပိုလြန္းေနသည္။

ပုခုံးတစ္ဖက္ကိုမွီထားရာမွႏွာေခါင္းလုံးလုံးေလးနဲ႕ပါတိုးေဝွ႕လာသည့္ရိေပၚစီအၾကည့္ျပန္ပို႔ေတာ့ေနေရာင္ခေနသည့္ပါးျပင္ဥဥကကုန္းေကာက္ခ်င္စရာေကာင္းေအာင္ေဖြးႏုေနတယ္။ေပါင္ေပၚတင္ထားသည့္ေက်ာပိုးအိပ္ေလးကိုဖက္လွ်က္အိပ္ေနသည့္ရိေပၚပုံကပကတိျဖဴျဖဴစင္စင္။

မေနနိုင္စြာထိုပါးျပင္ႏုႏုေလးကိုလက္မနဲ႕ပြတ္သပ္ရင္းခိုးေၾကာင္ခိုးဝွက္ထိေတြ႕မိသည့္ေရွာင္းက်န့္။ဒီေကာင္ေလးကိုသူစြဲလမ္းခဲ့ရတာ ဘယ္ေလာက္ေတာင္ၾကာခဲ့ၿပီလဲ။အမွတ္မဲ့ေတြ႕ဆုံမႈေလးမွာ ခဏတြင္းခ်င္းရင္ထဲအျပည့္ေနရာယူထားသည့္ဒီေကာင္ေလး။သူ႕အိမ္မက္ထဲအထိလွလွပပေလးလႊမ္းမိုးေနသည့္ဒီေကာင္ေလး။အခ်ိန္ကသုံးႏွစ္ တေလွ်ာက္လုံးတမ္းတေစမိတာက မိနစ္အနည္းငယ္တဒဂ္ေလးအတြင္း။မ်က္လွည့္ဆန္သလို ဒီရင္ခြင္မွာလည္းျမတ္နိုးျခင္းဆန္စြာ ေကာင္ေလးကသူ၏ ခ်စ္လွစြာေသာအျဖစ္ေနရာယူထားပါသည္။

ေပက်င္းroyal analysisမွာအထက္တန္းေနာက္ဆုံးႏွစ္တက္ေနတုန္းၿမိဳ႕ထဲကအထက္တန္းေက်ာင္းတစ္ခုအားစာအုပ္ေတြသြားလႉျဖစ္သည့္ေရွာင္းက်န့္။တေယာက္တည္းသင္ပုန္းေရွ႕ရပ္ကာစာလုပ္ေနသည့္ေကာင္ေလးဟာ သူ႕မ်က္လုံးထဲခ်ိဳခ်ဥ္လုံးေလးလိုပဲ။စိတ္ဝင္စားမႈျမင့္တက္ခဲ့သည့္အခါေရွာင္းက်န့္ေျခလွမ္းေတြဟာ ေကာင္ေလးေနာက္သို႔တေကာက္ေကာက္။ေကာင္ေလးေမ့က်န္ခဲ့သည့္ေရဗူးေလးအားထီးအဝါေလးႏွင့္တဖက္လွည့္လွဲလွယ္ယူခဲ့မိတယ္။

မနက္ျဖန္တိုင္းမွာေမွ်ာ္လင့္ခ်က္ေတြနဲ႕သြားရွာခဲ့ေပမဲ့ေကာင္ေလးဟာထိုစာသင္ခန္းေလးထဲထပ္ေပၚမလာေတာ့ဘူး။စိတ္ဓာတ္က်သြားမိေပမဲ့ ေမွ်ာ္လင့္ခ်က္ကေတာ့ရွင္သန္ဆဲ။သူေကာင္ေလးကိုျပန္ရွာမယ္ ေကာင္ေလးနဲ႕သူျပန္ဆုံတဲ့အခါ ေသခ်ာတဲ့ဆက္ႏြယ္မႈတစ္ခုတည္ေဆာက္ဖို႔လည္းရည္႐ြယ္ထားတယ္။

မားဆႏၵေၾကာင့္နယူးေယာ့ခ္မွာေက်ာင္းသြားတက္ၿပီးဆုံးခန္းမတိုင္ခင္မွာပဲ မိသားစုအေရးေၾကာင့္ေရွာင္းက်န့္chinaျပန္အေရာက္။လြတ္လြတ္လပ္လပ္ယူနီဆက္တက္ရန္ေ႐ြးခဲ့မိေတာ့ကံေကာင္းေထာက္မစြာ သူ႕ခ်ိဳခ်ဥ္လုံးေလးကိုျပန္ေကာက္ရတဲ့အျဖစ္။တသက္လုံးငုံထားဖို႔ေတြးလိုက္မိေတာ့သူေလးၿငိဳျငင္မွာစိုးစိတ္နဲ႕ေရွာင္းက်န့္ဟာအခ်ိန္ခါေကာင္းကိုေစာင့္ဆိုင္းေန႐ုန္မွ်သာ။

"အဟင္း!..."

အေတြးနဲ႕သေဘာတက်ရယ္လိုက္မိရင္းခ်ိဳခ်ဥ္လုံးေလးအားအေပၚထပ္ကုဒ္ခြၽတ္ၿပီးၿခဳံေပးလိုက္တယ္။မင္းကသာမသိတာ ကိုယ့္ပစၥဳပၸန္နဲ႕အတိတ္ေတြမွာ မင္းရယ္ ၿပီးေတာ့ မင္းပဲမင္းမႉေနတာေကာင္ေလးရ။

___

"မ်က္လုံးေတြနာေနေရာ့မယ္...မပြတ္ေနနဲ႕ေတာ့..."

ကားေပၚကဆင္းဆင္းခ်င္းအိပ္မႈန္စုန္ဝါးမ်က္လုံးေတြပြတ္သပ္ေနသည့္ရိေပၚကိုေရွာင္းက်န့္ဘက္ကအေလးေပးစိတ္ပူေနပုံေၾကာင့္ဖန္းေဝကမ်က္ေမွာင္က်ဳံ႕မိသလိုေဖရွီးကေတာ့တခြန္းဝင္မေျပာ။

"ကယ္!...အားလုံးပဲ ကိုယ့္အဖြဲ႕နဲ႕ကိုယ္ေနမေစာင္းခင္႐ြက္ဖ်င္တဲေတြအၿပီးထိုးရမယ္...ခရီးပန္းလာတာဆိုေတာ့ဒီညေတာ့နားလိုက္ၾကဦး..."

ဆရာတစ္ေယာက္၏ေဆာ္ၾသသံေၾကာင့္ေက်ာင္းသားအားလုံး႐ြက္ဖ်င္တဲထိုးဖို႔ဟိုဟိုဒီဒီေနရာရွာေနၾကတယ္။ကားရပ္ထားသည့္ေနရာကပင္လယ္နဲ႕အေတာ္လွမ္းေသးေပမဲ့လွိုင္းပုတ္သံသဲ့သဲ့ၾကားရၿပီးေရျပင္က်ယ္ႀကီးကိုလည္းလွမ္းျမင္ေနရတယ္။

"ရိေပၚ!...အကိုနဲ႕..."

"ရိေပၚကေရွာင္းက်န့္ေကာနဲ႕တခန္းတည္းေနေနက်ဆိဳေတာ့ေရွာင္းက်န့္ေကာနဲ႕ပဲတတဲတည္းေနလိုက္ေပါ့...ဒီကအကိုႀကီးနဲ႕ကြၽန္ေတာ္က႐ြက္ဖ်င္တဲတစ္ခုေပါ့..."

"ဘာ!!!..."

ရိေပၚကိုမစည္း႐ုန္းရေသးခင္တလြဲplanခ်လိဳက္သည့္ေဖရွီးေၾကာင့္ဖန္းေဝေဒါသေထာင္းခနဲ။ဒီ ဒီေကာင္ ဘာေသာက္ခ်ိဳးခ်ိဳးျပန္တာလဲ။

ေရွာင္းက်န့္ကေတာ့ေဖရွီးအေျပာကိုလက္ခံသလိုေခါင္းတခ်က္ၿငိမ့္တယ္။႐ြက္ဖ်င္တဲထိုးလို႔ရမည့္သစ္ပင္ေတြရွိရာစီသြားဖို႔လုပ္ေတာ့ေဖရွီးနားကပ္ရပ္ေနဆဲေကာင္ေလးေၾကာင့္မ်က္ခုံးထပ္ပင့္ျပရင္း။

"သြားမယ္ေလ!...လာ..."

"ဗ်ာ!...ဟုတ္ လာ လာၿပီအကို..."

ေရွာင္းက်န့္နဲ႕အတူရိေပၚထြက္သြားေတာ့မွေဖရွီးေက်ာပိုးအိပ္ေတြခဏေအာက္ခ်ၿပီး႐ြက္ဖ်င္တဲထိုးဖို႔ျပင္ရတယ္။ရိေပၚကမျမင္ေပမဲ့ သူျမင္ေနရသည့္စီနီယာေရွာင္းက်န့္၏စိတ္သေဘာကိုေဖရွီးသတိထားမိတာေၾကာင့္ဤကဲ့သို႔စီစဥ္လိုက္ျခင္း။သူ႕လုပ္ရပ္ကရိေပၚေကာင္းစားဖို႔ေပမဲ့ ဖန္းေဝဆိုသည့္အကိုႀကီးကေတာ့သူ႕အျပင္ေရွာင္းက်န့္ေကာကိုလည္းၾကည့္မရေတာ့သည့္အေနအထားမွာရွိတယ္။

"မင္းအႀကံဒါအကုန္ပဲလား!..."

"ေနမေစာင္းခင္႐ြက္ဖ်င္တဲေဆာက္ၿပီးဖို႔ စီနီယာ့အကူညီလိုတယ္ေနာ္...နေဘးကရန္ေတြ႕ေနလို႔ၿပီးသြားမွာမဟုတ္ဘူး..."

"က်စ္!...မင္းေတာ့လား ေနႏွင့္ဦးေပါ့ကြာ..."

ႀကိမ္းဝါးရင္းလက္ထဲက႐ြက္ဖ်င္တဲအမိုးစကိုဆြဲယူၿပီးကျပတ္ကေခ်ာ္ျဖန့္ထုတ္ေနသည့္ဖန္းေဝေၾကာင့္ ေဖရွီးႀကိတ္ရယ္ရယ္လိုက္မိတယ္။ဖန္းေဝပုံက ေဖရွီးအျမင္မွာ ခ်ိဳခ်ဥ္မရလို႔စိတ္ေကာက္ေနသည့္သုံးႏွစ္သားေလးလိုပဲ။

"အဟင္း!...စီနီယာေျပာင္းျပန္ႀကီးျဖစ္ေနၿပီ!..."

"ဘာ!..."

"႐ြက္ဖ်င္အမိုးကိုေျပာတာ!..."

"သိတယ္!!!...မင္းဆရာလာမလုပ္နဲ႕!!!..."

ေဖရွီးအသံထြက္မရယ္မိဖို႔အေတာ္ႀကီးေအာင့္အီးေနလိုက္ရတယ္။

___

"ဒီေလာက္ဆိုအဆင္ေျပၿပီ!..."

"ဟုတ္!..."

စနပ္တက်တည္ေဆာက္ၿပီးစီးသည့္႐ြက္ဖ်င္တဲကိုေက်နပ္သလိုၾကည့္ရင္းရိေပၚအသံကတက္ႂကြေနလွ်က္။ကားေပၚမွာတလမ္းလုံးအိပ္လာေတာ့ အင္အားေတြျပည့္ေနသည္ထင္။

"အာ့!..."

"အကို!..."

ေလၾကမ္းတခ်က္အေဝွ႕မ်က္လုံးကိုလာစင္သည့္သဲမႈန္တခ်ိဳ႕ေၾကာင့္ေရွာင္းက်န့္မ်က္လုံးႏွစ္ဖက္လုံးလုံးစပ္ဖ်င္းဖ်င္းျဖစ္သြားရတယ္။အတင္းပြတ္ထုတ္ဖို႔လုပ္ေနသည့္ေရွာင္းက်န့္လက္ေတြကိုလွမ္းကိုင္လိုက္ရင္းရိေပၚမွာစိုးရိမ္စိတ္​ေၾကာင့္သူတို႔စီအာ႐ုံေရာက္ေနသည့္ေက်ာင္းသူတခ်ိဳ႕ကိုပင္သတိမမူနိုင္။

"ခဏ ခဏေလးအကို...မပြတ္လိုက္နဲ႕...ကြၽန္ေတာ္ျဖည္းျဖည္းမႈတ္ေပးမယ္...မ်က္လုံးဖြင့္ထားေနာ္!..."

"အင္း!..."

အရပ္မညီညာမႈေၾကာင့္ေရွာင္းက်န့္ေရွ႕ရိေပၚေျခဖ်ားေလးေထာက္ၿပီးတဖူးဖူးေလယူေလသိမ္းလုပ္ေပးေနမိတယ္။ေရွာင္းက်န့္ကေတာ့မ်က္လုံးေရွ႕ကႏႈတ္ခမ္းရဲရဲေထာ္ေထာ္ေလးကိုအာ႐ုံစုစည္းထားရင္း။

"အြတ္!..."

"ဟင္!..."

"ဟယ္!..."

႐ုတ္ခ်ည္းဆြဲငုံခံလိုက္ရသည့္ႏႈတ္ခမ္းအစုံေၾကာင့္ရိေပၚမ်က္လုံးေတြျပဴးက်ယ္ကုန္တယ္။ပတ္ဝန္းက်င္ကအာေမဋိတ္သံေတြပလုံစီေအာင္ထြက္က်ေနတယ္။တကယ္ပဲ လူပုံအလယ္မွာ သူအနမ္းခံေနရတာလား။တ​ျခားသူမဟုတ္ပဲ အကို႔စီမွာေလ...

To be continue......
26/9/2021(Sunday)
Thank for your reading.♥

N:က်န္းမာေရးဂ႐ုစိုက္ၾကပါေနာ္။

Continue Reading

You'll Also Like

139K 5K 39
There's no way you're hitting on me right now. ━ Lando Norris x Fem!OC © KissLeclerc , April 2024
606K 30.5K 23
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...
903K 48.8K 34
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Jungkook's ) daughter Mishel...
341K 7.3K 34
In wich a one night stand turns out to be a lot more than that.