ငါတို့တစ်မိသားစုလုံးက ဗီလိန်...

By Kay_Wine

1.3M 203K 6.4K

Title - My Whole Family Are Villain (我们一家都是反派) Author - 咸鱼老人 Total Chapter - 100 Chapters + 2 extras Genre... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17.1
Chapter 17.2
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46.1
Chapter 46.2
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Extra - 1
Extra - 2

Chapter 94

9.2K 1.6K 37
By Kay_Wine


MWFV Ch 94

I'm Serious

Zawgyi Version

လင္းေရွာက္ခ်ီ သူ႔ဘ၀မွာ ဒီလိုထိတ္ထိတ္ပ်ာပ်ာျဖစ္သြားရတဲ့အျဖစ္မ်ိဳး တစ္ခါမွမျဖစ္ခဲ့ဖူးဘူး။ သူ႔သူငယ္ခ်င္းရဲ႕စကားေတြက ေနာက္ဆုံးေတာ့ သူ႔ရဲ႕ႏွစ္ရွည္လမ်ား စြဲလမ္းမႈက‌ေန လြတ္ေျမာက္ရာလမ္းကို ရွာေတြ႕သြားသလိုမ်ိဳး ႐ုတ္တရက္ သူ႔မ်က္စိေတြကို ပြင့္သြားေစခဲ့တယ္။

တစ္ညလုံးလုံး လင္းေရွာက္ခ်ီတစ္ေယာက္ သူ႔ခံစားခ်က္ေတြကို စုေပထံ ဘယ္လိုဖြင့္ဟဝန္ခံရမလဲဆိုတာကိုသာ ေတြးေတာေနခဲ့တယ္။ ပုံမွန္စကားေျပာတာကေနပဲ သူ စလိုက္သင့္လား? ဒါမွမဟုတ္ ၿပီးခဲ့တဲ့ေလးႏွစ္ကတည္းက သူ႔ခံစားခ်က္ေတြကိုပဲ တိုက္႐ိုက္ေျပာလိုက္ရမလား? ေနာက္ဆုံးေတာ့, ေနာက္တစ္ေန႔မွာ, လင္းေရွာက္ခ်ီ စုေပကို ဖုန္းေခၚလိုက္ေတာ့တယ္။

အခုခ်ိန္မွာ လင္းေရွာက္ခ်ီရဲ႕ခံစားခ်က္ေတြက—စိတ္ပင္ပန္းမႈ၊ ေမွ်ာ္လင့္ခ်က္၊ စိုးရိမ္ပူပန္မႈနဲ႔ သဘာဝအေလ်ာက္ စိတ္လႈပ္ရွားမႈတို႔ ေရာေထြးေန‌‌တယ္—အဲ့ဒါက ဘယ္လိုခံစားရသလဲဆိုတာကိုေတာ့ သူတစ္ေယာက္တည္းကပဲ ေျပာျပႏိုင္လိမ့္မယ္။

သို႔ေသာ္ သူ ေနာက္ဆုံးေတာ့ အဆင္သင့္ျဖစ္ေနခ်ိန္မွာ စု‌ေပက ဖုန္းမကိုင္ခဲ့ဘူး။ တစ္ခါျမည္၊ ႏွစ္ခါျမည္... အဆုံးမွာ‌ေတာ့ 'ဖုန္းလက္ခံေျဖၾကားျခင္းမရွိပါ' ဟူ၍သာ ဖုန္းေပၚမွာေပၚလာခဲ့တယ္။

လင္းေရွာက္ခ်ီ မသိလိုက္မသိဘာသာနဲ႔ မ်က္ေမွာင္ၾကဳတ္လိုက္မိတယ္ : ဒီအခ်ိန္ထိ စုေပအိပ္ေနတုန္းပဲေတာ့ မဟုတ္ေလာက္ဘူး။ ေနာက္ၿပီး သူဖုန္းေခၚတာကို သူမ ျပန္မေျဖတာမ်ိဳးက ရွားတယ္ေလ။

လင္းေရွာက္ခ်ီ တတိယအႀကိမ္ဖုန္းေခၚလိုက္ခ်ိန္မွာ ေနာက္ဆုံး‌ေတာ့ ခ်ိတ္ဆက္မိသြားခဲ့တယ္။

"ေရွာင္ေပ?"

"ခ်င္ယြဲ႕ကိုရွာေနတာပါလားရွင္?" ဖုန္းထဲက‌ေန အမ်ိဳးသမီးအသံတစ္သံထြက္လာခဲ့‌ေပမဲ့ အဲ့ဒါက စုေပေတာ့မဟုတ္ခဲ့ဘူး။

"ဟုတ္ပါတယ္, မင္းက ဘယ္သူပါလဲ?" လင္းေရွာက္ခ်ီ တည္ၾကည္တဲ့ေလသံနဲ႔ ျပန္ေမးလိုက္တယ္။

"ညီမက သူ႔အခန္းေဖာ္ပါ။ ခ်င္ယြဲ႕ရဲ႕မိုဘိုင္းဖုန္းက အခု ညီမဆီမွာမို႔လို႔ပါ" လီေဖး ရွင္းျပလိုက္တယ္။ အဝင္ဖုန္းေခၚဆိုမႈမွာ [လင္းေရွာက္ခ်ီ] ဆိုတဲ့နာမည္ကို သူမ ျမင္လိုက္ရခ်ိန္မွာ လီေဖးတစ္ေယာက္ ေခၚဆိုသူရဲ႕ identity ကို ခ်က္ခ်င္း မွန္းဆမိလိုက္တယ္။

Wow, ဒ႑ာရီလာ လင္း Group ရဲ႕ဥကၠ႒ဆီမွာ တကယ္ႀကီး ဒီေလာက္ေကာင္းတဲ့အသံမ်ိဳးရွိတယ္ေပါ့။

လီေဖးတို႔ဘက္မွာ တအားဆူညံ‌ေနခဲ့တယ္။ လင္းေရွာက္ခ်ီ receiver ကေန ရဲကားအခ်က္ေပးဥဩသံကို ၾကားလိုက္ရၿပီး မေကာင္းတဲ့စိတ္ထင့္မႈတစ္ခုက ႐ုတ္ျခည္းဆိုသလို သူ႔စိတ္ကို ႐ိုက္ခတ္လာခဲ့တယ္။

"ဘာေတြျဖစ္ေနတာလဲ? ေရွာင္ေပေရာ ဘယ္မွာလဲ?" လင္းေရွာက္ခ်ီ စိုးရိမ္တႀကီး ေမးလိုက္တယ္။

လီေဖး : "ညီမတို႔ ဒီမွာကားမေတာ္တဆမႈတစ္ခုျဖစ္သြားလို႔, အခုေလးတင္..."

လီေဖးတစ္ေယာက္ သူ႔စကားေတြက လင္းေရွာက္ခ်ီကို ဘယ္ေလာက္ေရွာ့ခ္ရသြားေစခဲ့သလဲဆိုတာ မသိခဲ့ဘူး။

"ဘယ္မွာလဲ?"

လင္းေရွာက္ခ်ီရဲ႕ေလသံကိုၾကားလိုက္ရေတာ့ လီေဖး တခဏမွ် ၾကက္ေသ,ေသေနခဲ့တယ္။ "Uh, ခ်န္းက်င္းလမ္းမႀကီးမွာပါ။ ညီမတို႔—" သူ႔စကားမဆုံးေသးခင္မွာဘဲ ဖုန္းခ်သြားၿပီျဖစ္တာေၾကာင့္ လီေဖးခမ်ာ screen ကိုသာ ေၾကာင္အစြာ စိုက္ၾကည့္ေနမိတယ္။

---

ထိုစဥ္ လင္း Group ၏႐ုံးခ်ဳပ္၌။

လင္းေရွာက္ခ်ီတစ္ေယာက္ သူ႔႐ုံးခန္းကေန႐ုတ္တရက္ ေျပးထြက္သြားတာကိုျမင္လိုက္ရေတာ့ သူ႔ဝန္ထမ္းေတြအားလုံးက ထိတ္လန႔္သြားခဲ့ၾကတယ္။ အဲ့ဒါက သူ႔ပုံရိပ္ ဓာတ္ေလွကားထဲ ဝင္ေရာက္ေပ်ာက္ကြယ္မသြားေသးခင္ တစ္စုံတစ္ေယာက္မွ ေနာက္ဆုံး‌တုံ႔ျပန္လာခ်ိန္အထိျဖစ္တယ္။

"Mr.လင္း, ဥကၠ႒လင္းက ဘာျဖစ္လို႔လဲ?"

"ဘာေတြျဖစ္ေနတာလဲ?"

လူတိုင္း ဝိုင္း‌ေမးတာကိုခံ‌ေနရတဲ့ လက္ေထာက္လင္းလည္း အံ့ၾသသြားရသလို—ဘာ‌ေတြျဖစ္ေနသလဲဆိုတာကို သူလည္း မသိေလဘူး။

လက္ေထာက္လင္းက လင္းေရွာက္ခ်ီေနာက္လိုက္လာတာ ႏွစ္ေပါင္းမ်ားစြာၾကာၿပီျဖစ္တဲ့အျပင္ ဒါက သူတို႔ရဲ႕ဥကၠ႒ေလး ဒီေလာက္အထိန္းအခ်ဳပ္မဲ့တဲ့ပုံစံကိုျမင္ရတာ သူ႔ရဲ႕ပထမဆုံးအႀကိမ္ပဲျဖစ္တယ္။ လင္းေရွာက္ခ်ီရဲ႕ပင္ကိုစ႐ိုက္ကိုက မ်ိဳသိပ္ထားတတ္သူမ်ိဳးျဖစ္ၿပီး ပုံမွန္အေျခအေနေတြမွာဆိုရင္ သူ႔ရဲ႕စိတ္ခံစားခ်က္ေတြကို ဘယ္ေတာ့မွ အလြယ္တကူ ထုတ္ျပေလ့မရွိ‌ဘူး။ ဟိုးအရင္က လင္း Group မွာ ႀကီးမားတဲ့ ေငြအရင္းအႏွီးျပႆနာနဲ႔ ရင္ဆိုင္ရခ်ိန္မွာ‌ေတာင္ လင္းေရွာက္ခ်ီက ခပ္မႈိင္းမႈိင္းမ်က္ႏွာထားတစ္ခုသာ ရွိပုံရၿပီး ေသခ်ာေပါက္ ေစာနကလို ထိတ္ထိတ္ပ်ာပ်ာျဖစ္တဲ့အမူအရာမ်ိဳး လုံးဝမျဖစ္ခဲ့ဘူး...

---

အခုခ်ိန္မွာ လင္းေရွာက္ခ်ီ သူ႔ကားကို ခ်န္က်င္းလမ္းမႀကီးဆီသို႔ ေမာင္းႏွင္လာခဲ့ၿပီျဖစ္ကာ လမ္းတစ္ေလွ်ာက္ ယာဥ္စည္းကမ္းေျမာက္မ်ားစြာကို လ်စ္လ်ဴရႈခဲ့တယ္။

ခ်န္က်င္းလမ္းဆုံ၌ လြန္ခဲ့တဲ့နာရီဝက္က ယာဥ္မေတာ္တဆမႈႀကီးတစ္ခု ျဖစ္ပြားခဲ့တယ္။ ကုန္တင္ကားႀကီးတစ္စီးက လမ္းဆုံသို႔ ထိန္းမႏိုင္သိမ္းမရ ေျပးထြက္လာခဲ့တယ္။ ကားေပါင္းေျမာက္မ်ားစြာကို ဆက္တိုက္ဆိုသလို တိုက္မိၿပီးတဲ့ေနာက္ ေဘးကိုေခ်ာ္ထြက္သြားကာ မူႀကိဳေက်ာင္းဘတ္စ္ကားတစ္စီးကိုပါ တိုက္မိသြားခဲ့တယ္။

လင္းေရွာက္ခ်ီ ေရာက္လာတဲ့အခ်ိန္မွာ မေတာ္တဆမႈျဖစ္ပြားရာေနရာကို ရဲလိုင္းမ်ားျဖင့္ ပိတ္ဆို႔ထားခဲ့ၿပီး ၎ေနရာက ရဲမ်ား၊ ေဆးဘက္ဆိုင္ရာ၀န္ထမ္းမ်ား၊ ဒဏ္ရာရသူမ်ားႏွင့္ လမ္းသြားလမ္းလာမ်ားအပါအ၀င္ လူမ်ားစြာျဖင့္ ျပည့္က်ပ္ေနခဲ့တယ္။

လင္းေရွာက္ခ်ီ ကားေပၚကဆင္းလိုက္တယ္။ သူ႔နဖူးနဲ႔ လက္ေတြမွာ ေခြၽးေတြနဲ႔ လုံးဝကိုစို႐ႊဲေနခဲ့တယ္။ ဒယီးဒယိုင္ေျခလွမ္းေတြနဲ႔ အလ်င္စလို သူေလွ်ာက္လာခဲ့တယ္။ သူ႔ဘဝတစ္ေလွ်ာက္လုံးမွာ လင္းေရွာက္ခ်ီ တစ္ခါမွ ဒီေလာက္ထိ မထိတ္လန္႔ခဲ့ဖူးဘူး။ သူ႔ႏွလုံးသားက ထိန္းမႏိုင္သိမ္းမရ ခုန္လႈပ္ေနေပမဲ့ သူ႔ခႏၶာကိုယ္ကေတာ့ ထုံထိုင္းေနတယ္လို႔ထင္ရတယ္။

လင္းေရွာက္ခ်ီ ဒဏ္ရာရသူေတြၾကားထဲမွာ စုေပကို စိုးရိမ္တႀကီး ရွာေဖြ‌ေနမိတယ္။ ေနာက္ဆုံးေတာ့ သူ႔မ်က္လုံးေတြက ေကာင္မေလးတစ္ေယာက္ရဲ႕ေသးသြယ္တဲ့ပုံရိပ္ေလးကို ဖမ္းမိသြားခဲ့တယ္။

"ေရွာင္ေပ့!"

တစ္ေယာက္ေယာက္က သူမရဲ႕နာမည္ကိုေခၚလိုက္တာကိုၾကားရေတာ့ စုေပ လွည့္ၾကည့္လိုက္တယ္။ "အစ္ကို—"

သူမရဲ႕စကားလုံးေတြ အျပည့္အဝ ထြက္ခြင့္မရလိုက္ခင္မွာဘဲ စုေပတစ္ေယာက္ တင္းၾကပ္တဲ့ေပြ႕ဖက္မႈအတြင္းသို႔ က်‌ေရာက္သြားေတာ့တယ္။

"မင္း ဘာမွမျဖစ္ဘူးဘဲ" လင္းေရွာက္ခ်ီ ေျပာလာတယ္။ သူ႔ေလသံထဲမွာ လ်စ္လ်ဴရႈရန္ခက္ေလာက္ေအာင္ ျမင္သာတဲ့တုန္လႈပ္မႈတစ္ခုရွိေနခဲ့တယ္။

"ကံေကာင္းလို႔, မင္း ဘာမွမျဖစ္တာ" လင္းေရွာက္ခ်ီ ေကာင္မေလးကို တင္းက်ပ္စြာ ေပြ႕ဖက္ထားၿပီး ထပ္ခါထပ္ခါ တီးတိုးေရ႐ြတ္ေနခဲ့တယ္။ သူခံစားလိုက္ရတဲ့ အေၾကာက္တရားနဲ႔ ေနာက္ဆက္တြဲ စိတ္သက္သာရာရမႈက ဒီအခိုက္အတန႔္မွာ လင္းေရွာက္ခ်ီကို တည္ၿငိမ္ဟန္ေဆာင္ဖို႔ ခဲယဥ္းေစခဲ့တယ္—ကုမၸဏီကေန ဒီေနရာအထိ လမ္းတစ္ေလွ်ာက္ သူဘယ္လိုေျပးလာခဲ့သလဲဆိုတာကိုေတာင္ သူ မမွတ္မိေတာ့ဘူး။ စုေပကို သူျမင္လိုက္ရတဲ့ အခိုက္အတန္႔မွာ လင္းေရွာက္ခ်ီ ေနာက္ဆုံး နားလည္သြားခဲ့တာက ဒီေကာင္မေလးက သူထင္ထားတာထက္ အမ်ားႀကီး ပိုအေရးပါတယ္ဆိုတာပါပဲ။

လင္းေရွာက္ခ်ီရဲ႕လက္ေမာင္းေတြထဲမွာ တင္းတင္းၾကပ္ၾကပ္ ေပြ႕ဖက္ခံထားရရင္း စုေပတစ္‌‌ေယာက္ ကနဦးထိတ္လန႔္တုန္လႈပ္မႈကေန ျပန္လည္သက္သာလာဖို႔ အခ်ိန္ေတာ္ေတာ္ယူလိုက္ရတယ္။

"ကိုႀကီးလင္း?" စုေပ တိုးတိုးေလးေခၚလိုက္တယ္။ သူမ လင္းေရွာက္ခ်ီရဲ႕တရစပ္ခုန္ေနတဲ့ ႏွလုံးခုန္သံကို ရွင္းရွင္းလင္းလင္းႀကီး ၾကားေနရတယ္။ သူမ ကားမေတာ္တဆမႈျဖစ္တယ္ထင္ၿပီး သူ အထင္လြဲ‌ေနတာမ်ားလား?

"ကိုႀကီးလင္း, ဘာမွမျဖစ္ပါဘူး။ ညီမေလး အဆင္ေျပပါတယ္" စုေပ ႏူးညံ့စြာ ေျပာလိုက္တယ္။ သူမရဲ႕‌ေလသံက လင္းေရွာက္ခ်ီအေပၚ စိတ္‌ေအးသြားေစတဲ့ ေမွာ္ဆန္တဲ့ အက်ိဳးသက္ေရာက္မႈတစ္ခုကို ေဆာင္ယူေပးလာခဲ့တယ္။

စုေပတို႔တကၠသိုလ္က ယခုအပတ္ စေန၊ တနဂၤေႏြအားလပ္ရက္မွာ လူမႈေရးသုေတသနလႈပ္ရွားမႈအတြက္ ျပင္ဆင္ေနၾကတာျဖစ္တယ္။ သူမႏွင့္ သူမ၏အခန္းေဖာ္ လီေဖးကလည္း ၎တို႔၏တာဝန္ကို ထမ္းေဆာင္ရန္အတြက္ ဤေနရာသို႔ ေရာက္လာခဲ့ၾကတယ္။ ရလဒ္‌အေနႏွင့္ ႏွစ္ေယာက္သား‌ေရာက္လာတဲ့အခ်ိန္မွာ ယာဥ္မေတာ္တဆမႈတစ္ခုႏွင့္ ႀကဳံေတြ႕လိုက္ရတာျဖစ္တယ္။

အခင္းျဖစ္ပြားရာေနရာက ပရမ္းပတာျဖစ္‌ေနၿပီး ထိခိုက္ဒဏ္ရာရသူမ်ားစြာ ရွိေနခဲ့တာေၾကာင့္ ဒဏ္ရာမရရွိၾကတဲ့ လမ္းသြားလမ္းလာမ်ားက ၫႊန္ၾကားခ်က္မ်ားကို နာခံၿပီး ကူညီကယ္ဆယ္ေရးမ်ားကို အလိုအေလ်ာက္ စတင္လုပ္ေဆာင္ေနခဲ့ၾကတယ္။ လင္းေရွာက္ခ်ီ ဖုန္းေခၚတဲ့အခ်ိန္မွာ လီေဖးက ဒဏ္ရာရရွိသူမ်ား၏မိသားစုကို ကူညီဆက္သြယ္ေပးေနခဲ့ၿပီး စုေပက ေက်ာင္းဘတ္စ္ကားေပၚရွိကေလးမ်ားအား ႏွစ္သိမ့္ေပးေနကာ ျပင္းျပင္းထန္ထန္ ဒဏ္ရာမရရွိၾကတဲ့ကေလးမ်ားအား ေဘးဘက္သို႔ ကူညီေခၚေဆာင္ေပးေနခဲ့တယ္။

"... ျဖစ္ပုံက အဲ့တာပါပဲ" စုေပ လင္းေရွာက္ခ်ီအား အက်ဥ္းခ်ဳံး ရွင္းျပလိုက္တယ္။

အခ်ိန္အေတာ္ၾကာၿပီးမွ လင္းေရွာက္ခ်ီ ေနာက္ဆုံးေတာ့ ေျပာလာခဲ့တယ္။ "မင္း ဘာမွမျဖစ္ဘူးဆိုရင္ ၿပီးတာပါပဲ"

လူငယ္ေလးရဲ႕တိုးဖြၿပီး အနည္းငယ္ ဆြဲေဆာင္မႈရွိတဲ့‌ေလသံက စုေပရဲ႕နားဆီ တိုးဝင္လာၿပီး သူမရဲ႕နားေတြကို အနည္းငယ္ ယားက်ိက်ိျဖစ္သြားေစခဲ့တယ္။

စုေပ လင္းေရွာက္ခ်ီရဲ႕လက္ေမာင္းေတြထဲက ႐ုန္းထြက္လိုက္တယ္။ "ညီမေလး အဆင္ေျပပါတယ္။ အစ္ကိုလင္း ညီမကို အရင္လႊတ္ေပးပါဦး" လင္းေရွာက္ခ်ီ သူမကို တအား တင္းတင္းၾကပ္ၾကပ္ႀကီးကို ေပြ႕ဖက္ထားခဲ့တာေၾကာင့္ စုေပခမ်ာ သူ႔ေၾကာင့္ အ႐ိုးေတြက်ိဳးေၾကကုန္ေတာ့မယ္လို႔ ခံစားရလုမတတ္ပင္။

ထို႔အျပင္ အဲ့ဒါက စုေပတစ္ေယာက္ Mr.ခ်င္နဲ႔ စုေရွာင္ေပါင္တို႔ကလြဲၿပီး ဆန႔္က်င္ဘက္လိင္နဲ႔ ဒီလိုနီးနီးကပ္ကပ္ရွိခဲ့တဲ့ ပထမဆုံးအႀကိမ္ပဲျဖစ္တယ္။ အရင္က သူမတို႔အိမ္ကေယာက္်ားေတြကလြဲၿပီး အျပင္ကသူေတြနဲ႔ ဒီေလာက္နီးကပ္တဲ့ထိ‌ေတြ႕မႈမ်ိဳး တစ္ခါမွမရွိဖူးဘူး။ စုေပ ဒီလူ႔ကို အစ္ကိုႀကီးတစ္ေယာက္လိုပဲ အၿမဲတေစ ဆက္ဆံခဲ့တယ္ဆိုေသာ္ျငား သူတို႔ရဲ႕လြန္ကဲစြာနီးကပ္ေနတဲ့အကြာ‌အေဝးက သူမကို အေတာ္ေလး ေျခမကိုင္မိ လက္မကိုင္မိျဖစ္ေစတယ္။

စုေပရဲ႕ရွင္းျပခ်က္က လင္းေရွာက္ခ်ီကို စိတ္ေအးသြားေစခဲ့ေပမဲ့ သူ႔ႏွလုံးသားထဲက ခံစားခ်က္ေတြကေတာ့ ဝ႐ုန္းသုန္းကားျဖစ္‌ေနဆဲပင္။ ဒီအခိုက္အတန႔္မွာ သူ စုေပကိုလႊတ္ေပးလိုက္ဖို႔ ဝန္ေလးေနမိခဲ့တယ္။

လင္းေရွာက္ခ်ီရဲ႕လက္ေမာင္းေတြ အားေလ်ာ့သြားတာကို ခံစားမိေတာ့ စုေပ သူ႔ရင္ခြင္ထဲကေန ႐ုန္းထြက္ၿပီး သူ႔ကိုၾကည့္လိုက္တယ္။ "အစ္ကိုလင္း, ညီမေလး ဒီမွာရွိမွန္း အစ္ကိုဘယ္လိုလုပ္သိလဲ?"

"အစ္ကို ညီမကိုဖုန္းေခၚလိုက္တာ" လင္းေရွာက္ခ်ီရဲ႕အသံက အနည္းငယ္အက္ရွေနဆဲပင္။

စုေပ : "အယ္?"

အဲ့ဒီအခ်ိန္မွာပဲ လီေဖးေရာက္လာၿပီး ဖုန္းကို စုေပထံ ျပန္ေပးလိုက္တယ္။ စုေပ မ်က္ႏွာျပင္ကို တစ္ခ်က္ၾကည့္လိုက္တယ္။ ေသခ်ာတာေပါ့, အဲ့ဒီမွာ missed call ႏွစ္ခုရွိေနခဲ့တယ္။ ႏွစ္ခုစလုံးက လင္းေရွာက္ခ်ီထံမွျဖစ္တယ္။

"ဥကၠ႒လင္းက နင့္ကို ဖုန္းေတြဆက္တိုက္ေခၚေနတာ။ တစ္ခုခုအေရးေပၚျဖစ္‌ေနတယ္ထင္လို႔ ငါ နင့္အတြက္ယူလာေပးတာ" လီေဖး ရွင္းျပလိုက္တယ္။

စု‌ေပ သူမထံ သကၤာမကင္းစြာ ၾကည့္လာတယ္။ လီေဖး ပခုံးတြန္႔လိုက္ရင္း "ငါ့ကိုအျပစ္မတင္နဲ႔ေလ။ ငါရွင္းျပမယ္လုပ္တုန္း ဖုန္းကက်သြားတဲ့ဟာကို"

လီေဖးက သူတို႔ေတြ မေတာ္တဆမႈျဖစ္တဲ့‌ေနရာမွာရွိတယ္လို႔ ေျပာၿပီးတဲ့ေနာက္ သူမနဲ႔ စုေပတို႔က ဒီတိုင္း သြားကူညီေပးေနတာလို႔ ေျပာဖို႔အခ်ိန္မရလိုက္ခင္မွာဘဲ လင္းေရွာက္ခ်ီက ဖုန္းကိုခ်လိုက္ၿပီး ေျပးထြက္သြားႏွင့္ေနၿပီျဖစ္တယ္။

"အဲ့တာဆို နင္တို႔ဆက္ေျပာႏွင့္ၾကေနာ္။ ငါသြားကူညီေပးလိုက္ဦးမယ္" လီေဖး လင္းေရွာက္ခ်ီကို ဖ်တ္ခနဲၾကည့္ၿပီးမွ စုေပကို မ်က္စိမွိတ္ျပလိုက္တယ္။

လီေဖး လင္းေရွာက္ခ်ီေရာက္လာတာကို အစကတည္းက သတိထားမိခဲ့တယ္။ မျဖစ္ႏိုင္လိုက္တာ, ဘယ္သူကမ်ား ႀကီးျမတ္တဲ့ ဥကၠ႒လင္းကို ႐ုပ္ရည္နဲ႔ အရွိန္အဝါမွာပါ တအားေပၚလြင္ထင္ရွားေနေအာင္ ေမြးထုတ္ထားတာပါလိမ့္? သူမ သတိမထားမိဖို႔အတြက္ မတရားခဲယဥ္းေနတယ္ေလ။

သူဖုန္းခ်ၿပီး မိနစ္အနည္းငယ္အၾကာမွာပဲ လင္းေရွာက္ခ်ီတစ္ေယာက္ ဒီေနရာကိုေရာက္လာခဲ့တာႀကီးက လီေဖးကို အံ့အားသင့္သြားေစခဲ့တယ္။ ပိုၿပီး‌ေရွာ့ခ္ရသြားေစခဲ့တာကေတာ့ စုေပအေပၚထားတဲ့ လင္းေရွာက္ခ်ီရဲ႕သေဘာထားကို ျမင္လိုက္ရတာပါပဲ။

အစ္ကိုႀကီးဆိုတဲ့ပုံရိပ္ကို သူမ လုံးဝမယုံဘူး။ လင္းေရွာက္ခ်ီရဲ႕ေၾကာက္စိတ္က အဲ့ထက္ေတာင္ပိုေနေသးတယ္။ ဒါ့အျပင္ စုေပကိုၾကည့္တဲ့အခ်ိန္ သူ႔မ်က္ဝန္းထဲက အၾကည့္ေတြက TV series ထဲက ဇာတ္လိုက္မင္းသားရဲ႕အၾကည့္နဲ႔ တစ္ထပ္တည္းတူေနတယ္ဆိုတာ အရွင္းႀကီးပဲေလ။ မဟုတ္ဘူး, အဲ့ထက္ေတာင္ပိုၿပီး တယုတယျဖစ္ေနေသးတယ္!

အရင္က လီေဖးတစ္ေယာက္ လင္းေရွာက္ခ်ီနဲ႔ စုေပကို CP ေကာင္းတစ္တြဲလို႔ ခံစားမိခဲ့ေပမဲ့ အခုခ်ိန္မွာေတာ့ သူတို႔ရဲ႕ CP အတြက္ သူမ ေအာ္ဟစ္ေနရၿပီေလ။

---

လီေဖး ထြက္သြားၿပီးေနာက္ စုေပ လင္းေရွာက္ခ်ီကိုၾကည့္ၿပီး ရွက္႐ြံ႕စြာ ၿပဳံးျပလိုက္တယ္။ "ေတာင္းပန္ပါတယ္ေနာ္။ အထင္လြဲၿပီးေတာ့ ဘာမွလည္းမဟုတ္ဘဲနဲ႔ အစ္ကိုလင္းကို သက္သက္မဲ့ ေျပးလာေစမိၿပီ"

လင္းေရွာက္ခ်ီက ရွပ္အက်ႌတစ္ထည္တည္းသာ ဝတ္ထားတယ္ဆိုတာကို စုေပ သတိထားမိလိုက္တယ္။ ျဖစ္ႏိုင္တာက သူ ဒီကို အေလာတႀကီး ေျပးလာခဲ့တာေၾကာင့္ ကုတ္အက်ႌဝတ္ဖို႔ ေမ့သြားတာပဲျဖစ္မယ္။

ဒီအခိုက္အတန႔္မွာ လင္းေရွာက္ခ်ီရဲ႕မ်က္လုံး‌ေတြက နီရဲေနခဲ့တယ္။ သူ စုေပကို ဘာမွမေျပာဘဲ စိုက္ၾကည့္ေနခဲ့တယ္။ သူ မေန႔က တစ္ညလုံး 'ဝန္ခံစကားေတြ' ကို ျပင္ဆင္ထားခဲ့တယ္, ဒါေပမဲ့ ဒီအေႏွာင့္အယွက္ေၾကာင့္ သူ႔စိတ္က လုံးဝကို ေျဗာင္းဆန္သြားခဲ့ရၿပီး သူ႔ခမ်ာ ဘာကိုစေျပာရမယ္၊ ဘယ္လိုစလုပ္ရမလဲဆိုတာကိုေတာင္ မသိေတာ့ဘူး။

"ကိုယ္..." လင္းေရွာက္ခ်ီရဲ႕အသံက ေျခာက္ကပ္‌ကပ္ႀကီးျဖစ္ေနခဲ့တယ္။

"အယ္?"

"ေနာက္တစ္ခါ ဒီလိုအျဖစ္မ်ိဳးႀကဳံလာရင္ မင္းရဲ႕လုံၿခဳံေရးကို ဦးစားေပးကာကြယ္ရမယ္, ေနာက္ၿပီး မဆင္မျခင္မလုပ္ရဘူးေနာ္" ဒီတစ္ေခါက္က အထင္လြဲ႐ုံသက္သက္ပဲ။ ဒါေပမဲ့ သူ ေနာက္တစ္ႀကိမ္ စု‌ေပ တကယ္ႀကီး အနည္းအက်ဥ္းထိခိုက္သြားတယ္ဆိုတဲ့အေၾကာင္း ၾကားမ်ားၾကားခဲ့ရင္ သူသည္းခံႏိုင္ပါ့မလားဆိုတာကို လင္းေရွာက္ခ်ီလည္း မသိေတာ့ဘူး။

"ေကာင္းပါ—"

လင္းေရွာက္ခ်ီ စုေပကို ၾကားျဖတ္ေျပာလိုက္တယ္။ "ကိုယ့္ကိုစိတ္ပူရေအာင္မလုပ္ပါနဲ႔" သူ႔ခံစားခ်က္ေတြကို တမင္သက္သက္ႀကီး ဖုံးကြယ္မထားေတာ့ဘူး။ "မင္းသိလား, ကိုယ္ 'ကားမေတာ္တဆျဖစ္တယ္' ဆိုတဲ့စကားကို ၾကားလိုက္တာနဲ႔ ကိုယ္လန္႔ေသေတာ့မလို႔။ မင္း ဒဏ္ရာရသြားၿပီလို႔ ကိုယ္ထင္လိုက္မိတာ"

လင္းေရွာက္ခ်ီက နည္းနည္းခ်ဲ႕ကားလြန္းတယ္လို႔ စုေပ ခံစားမိတယ္။ သို႔ေပမဲ့ သူ စကားေျပာေနတဲ့အခ်ိန္မွာ သူ႔မ်က္ႏွာထားက လုံးဝကို ဟာသလုပ္ေနတာနဲ႔မတူဘဲ အလြန္အမင္း ေလးနက္ေနခဲ့တယ္။ သူမႏွလုံးသားထဲက ထူးဆန္းတဲ့ခံစားခ်က္ကို ဖိႏွိပ္ထားရင္း စုေပ စိတ္ေအးသက္သာစြာ ၿပဳံးလိုက္တယ္။ "ဘာမွမျဖစ္ေတာ့ပါဘူး။ ညီမေလး အဆင္ေျပပါတယ္"

"ေနာက္ၿပီး အစ္ကိုလင္းက တအားပုံႀကီးခ်ဲ႕လြန္း‌ေနပါၿပီ။ လူတစ္ေယာက္က လန႔္ၿပီးေသတယ္ဆိုတာမ်ိဳး ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ?" စုေပ လင္းေရွာက္ခ်ီထံ စိုက္ၾကည့္ရင္း ဟာသေႏွာၿပီး ျပန္ေျဖလိုက္တယ္။

ေကာင္မေလးရဲ႕အၿပဳံးတစ္ပြင့္ကေန ကူးစက္ခံလိုက္ရသလိုမ်ိဳး လင္းေရွာက္ခ်ီ ေနာက္ဆုံးေတာ့ အနည္းငယ္ ၿပဳံးလာခဲ့ေပမဲ့ သူ႔အၾကည့္ေတြကေတာ့ စုေပရဲ႕မ်က္ႏွာ‌ေပၚကမခြာဘဲ တရစ္ဝဲဝဲျဖစ္ေနခဲ့တယ္။ "ဒါေပမဲ့ ကိုယ့္အတြက္ကေတာ့ ေရွာင္ေပက ကိုယ့္ဘဝနဲ႔ထပ္တူပါပဲ။ မင္းက ကိုယ့္မွာရွိတဲ့အရာတိုင္းထက္ ပိုတန္ဖိုးရွိတဲ့သူတစ္‌ေယာက္ပါ"

လင္းေရွာက္ခ်ီရဲ႕စကားေတြက စုေပကို လုံးဝ ၾကက္ေသ‌,ေသသြားေစခဲ့တယ္။ သူ႔ကိုၾကည့္ေနတဲ့ သူမရဲ႕မ်က္လုံးေတြ အနည္းငယ္ ျပဴးက်ယ္လာရင္း "အစ္ကိုလင္း, အစ္ကို..." သူမ ဘာလို႔ ဒါႀကီးကို အရမ္းရင္းႏွီးေနတယ္လို႔ ခံစားေနရတာပါလိမ့္? ဒီဟာက လင္းေရွာက္ခ်ီ ပုံမွန္ေျပာေနက် အထူးသျဖင့္ သူမထံ ေျပာေနက်ပုံစံမ်ိဳးနဲ႔မတူဘူး။

"ကိုႀကီးလင္း‌ေရ, ကိုႀကီး အဲ့လိုစကားေတြကို ဒီေလာက္လြယ္လြယ္ႀကီး ထုတ္မေျပာရဘူး‌ေလ" စုေပ ႐ႊတ္ေနာက္ေနာက္ၿပဳံးရင္း မတိုးသာမဆုတ္သာအ‌ေျခအေနႀကီးကို ခ်ိဳးဖ်က္ဖို႔ ႀကိဳးစားေနမိတယ္။

"ၿပီးေတာ့ ဒီဟာသႀကီးကလည္း နည္းနည္းေလးမွ ရယ္စရာမ‌ေကာင္းဘူးေနာ့္" သူမ ဘယ္လိုတုံ႔ျပန္ရမလဲဆိုတာ မသိေတာ့ဘူး။

"ေနာက္ေနတာမဟုတ္ဘူး" လင္းေရွာက္ခ်ီ စုေပထံ ေျပာလာတယ္။ ခဏရပ္ၿပီးေနာက္ သူေျပာလိုက္တယ္။ "ကိုယ္အတည္ေျပာေနတာ"

[Author's Note :

ယ္လိုဖြင့္‌ေျပာမွန္းသိဘူးလား? ငါင့္ကိုကူညီ‌မွာေပါ့, ဟားဟား~

PS : ဇာတ္လိုက္က ေသခ်ာေပါက္င္းေရွာက္ခ်ီပါပဲ။ ေရွာင္ေပက တစ္ျခားကမာၻစ္ခုမွာ ႏွစ္ေခဲ့တာပါ။ အမွန္ေတာ့, တစ္ခ်ိဳ႕ရႈေထာင့္ေတြမွာဆိုင္, သူမရဲ႕စိတ္ပိုင္းဆိုင္ရာအသက္က တကယ္မ္းေတာ့ ၁၈ ႏွစ္နားကို ကပ္‌ေပါၿပီအဲ့တာေၾကာင့္ သူတို႔ ပထမဆုံးစ‌ေတြ႕တဲ့ခ်ိန္မွာ အသက္ ၂၀ ရွိေနၿပီျစ္တဲ့င္းေရွာက္ခ်ီကိုနာက္ဆုံးေတာ့ ဆြဲ‌ေဆာင္ႏိုင္ခဲ့ယ္ဆိုတာမ်ိဳးက သူမတြက္ေတာ့ ပုံမွန္ပါပဲ

စိတ္ပညာပိုင္းအရ ရွဲ႕မင္႐ႊမ္းက ေရွာင္ေပထက္ အေတာ္ေလးယ္ေနတယ္ဆိုေပမဲ့ ရႈရွီေကေတာ့စ္ကိုကီးစ္ေယာက္အ‌ေနဲ႔ေရာ၊ ေဘာ္ဒါေကာင္းစ္ေယာက္အေနဲ႔ပါ ပိုတူပါယ္]

5.10.2021

Tuesday



___________________________________


MWFV Ch 94

I'm Serious

Unicode Version

လင်းရှောက်ချီ သူ့ဘ၀မှာ ဒီလိုထိတ်ထိတ်ပျာပျာဖြစ်သွားရတဲ့အဖြစ်မျိုး တစ်ခါမှမဖြစ်ခဲ့ဖူးဘူး။ သူ့သူငယ်ချင်းရဲ့စကားတွေက နောက်ဆုံးတော့ သူ့ရဲ့နှစ်ရှည်လများ စွဲလမ်းမှုက‌နေ လွတ်မြောက်ရာလမ်းကို ရှာတွေ့သွားသလိုမျိုး ရုတ်တရက် သူ့မျက်စိတွေကို ပွင့်သွားစေခဲ့တယ်။

တစ်ညလုံးလုံး လင်းရှောက်ချီတစ်ယောက် သူ့ခံစားချက်တွေကို စုပေထံ ဘယ်လိုဖွင့်ဟဝန်ခံရမလဲဆိုတာကိုသာ တွေးတောနေခဲ့တယ်။ ပုံမှန်စကားပြောတာကနေပဲ သူ စလိုက်သင့်လား? ဒါမှမဟုတ် ပြီးခဲ့တဲ့လေးနှစ်ကတည်းက သူ့ခံစားချက်တွေကိုပဲ တိုက်ရိုက်ပြောလိုက်ရမလား? နောက်ဆုံးတော့, နောက်တစ်နေ့မှာ, လင်းရှောက်ချီ စုပေကို ဖုန်းခေါ်လိုက်တော့တယ်။

အခုချိန်မှာ လင်းရှောက်ချီရဲ့ခံစားချက်တွေက—စိတ်ပင်ပန်းမှု၊ မျှော်လင့်ချက်၊ စိုးရိမ်ပူပန်မှုနဲ့ သဘာဝအလျောက် စိတ်လှုပ်ရှားမှုတို့ ရောထွေးနေ‌‌တယ်—အဲ့ဒါက ဘယ်လိုခံစားရသလဲဆိုတာကိုတော့ သူတစ်ယောက်တည်းကပဲ ပြောပြနိုင်လိမ့်မယ်။

သို့သော် သူ နောက်ဆုံးတော့ အဆင်သင့်ဖြစ်နေချိန်မှာ စု‌ပေက ဖုန်းမကိုင်ခဲ့ဘူး။ တစ်ခါမြည်၊ နှစ်ခါမြည်... အဆုံးမှာ‌တော့ 'ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ' ဟူ၍သာ ဖုန်းပေါ်မှာပေါ်လာခဲ့တယ်။

လင်းရှောက်ချီ မသိလိုက်မသိဘာသာနဲ့ မျက်မှောင်ကြုတ်လိုက်မိတယ် : ဒီအချိန်ထိ စုပေအိပ်နေတုန်းပဲတော့ မဟုတ်လောက်ဘူး။ နောက်ပြီး သူဖုန်းခေါ်တာကို သူမ ပြန်မဖြေတာမျိုးက ရှားတယ်လေ။

လင်းရှောက်ချီ တတိယအကြိမ်ဖုန်းခေါ်လိုက်ချိန်မှာ နောက်ဆုံး‌တော့ ချိတ်ဆက်မိသွားခဲ့တယ်။

"ရှောင်ပေ?"

"ချင်ယွဲ့ကိုရှာနေတာပါလားရှင်?" ဖုန်းထဲက‌နေ အမျိုးသမီးအသံတစ်သံထွက်လာခဲ့‌ပေမဲ့ အဲ့ဒါက စုပေတော့မဟုတ်ခဲ့ဘူး။

"ဟုတ်ပါတယ်, မင်းက ဘယ်သူပါလဲ?" လင်းရှောက်ချီ တည်ကြည်တဲ့လေသံနဲ့ ပြန်မေးလိုက်တယ်။

"ညီမက သူ့အခန်းဖော်ပါ။ ချင်ယွဲ့ရဲ့မိုဘိုင်းဖုန်းက အခု ညီမဆီမှာမို့လို့ပါ" လီဖေး ရှင်းပြလိုက်တယ်။ အဝင်ဖုန်းခေါ်ဆိုမှုမှာ [လင်းရှောက်ချီ] ဆိုတဲ့နာမည်ကို သူမ မြင်လိုက်ရချိန်မှာ လီဖေးတစ်ယောက် ခေါ်ဆိုသူရဲ့ identity ကို ချက်ချင်း မှန်းဆမိလိုက်တယ်။

Wow, ဒဏ္ဍာရီလာ လင်း Group ရဲ့ဥက္ကဋ္ဌဆီမှာ တကယ်ကြီး ဒီလောက်ကောင်းတဲ့အသံမျိုးရှိတယ်ပေါ့။

လီဖေးတို့ဘက်မှာ တအားဆူညံ‌နေခဲ့တယ်။ လင်းရှောက်ချီ receiver ကနေ ရဲကားအချက်ပေးဥဩသံကို ကြားလိုက်ရပြီး မကောင်းတဲ့စိတ်ထင့်မှုတစ်ခုက ရုတ်ခြည်းဆိုသလို သူ့စိတ်ကို ရိုက်ခတ်လာခဲ့တယ်။

"ဘာတွေဖြစ်နေတာလဲ? ရှောင်ပေရော ဘယ်မှာလဲ?" လင်းရှောက်ချီ စိုးရိမ်တကြီး မေးလိုက်တယ်။

လီဖေး : "ညီမတို့ ဒီမှာကားမတော်တဆမှုတစ်ခုဖြစ်သွားလို့, အခုလေးတင်..."

လီဖေးတစ်ယောက် သူ့စကားတွေက လင်းရှောက်ချီကို ဘယ်လောက်ရှော့ခ်ရသွားစေခဲ့သလဲဆိုတာ မသိခဲ့ဘူး။

"ဘယ်မှာလဲ?"

လင်းရှောက်ချီရဲ့လေသံကိုကြားလိုက်ရတော့ လီဖေး တခဏမျှ ကြက်သေ,သေနေခဲ့တယ်။ "Uh, ချန်းကျင်းလမ်းမကြီးမှာပါ။ ညီမတို့—" သူ့စကားမဆုံးသေးခင်မှာဘဲ ဖုန်းချသွားပြီဖြစ်တာကြောင့် လီဖေးခမျာ screen ကိုသာ ကြောင်အစွာ စိုက်ကြည့်နေမိတယ်။

---

ထိုစဥ် လင်း Group ၏ရုံးချုပ်၌။

လင်းရှောက်ချီတစ်ယောက် သူ့ရုံးခန်းကနေရုတ်တရက် ပြေးထွက်သွားတာကိုမြင်လိုက်ရတော့ သူ့ဝန်ထမ်းတွေအားလုံးက ထိတ်လန့်သွားခဲ့ကြတယ်။ အဲ့ဒါက သူ့ပုံရိပ် ဓာတ်လှေကားထဲ ဝင်ရောက်ပျောက်ကွယ်မသွားသေးခင် တစ်စုံတစ်ယောက်မှ နောက်ဆုံး‌တုံ့ပြန်လာချိန်အထိဖြစ်တယ်။

"Mr.လင်း, ဥက္ကဋ္ဌလင်းက ဘာဖြစ်လို့လဲ?"

"ဘာတွေဖြစ်နေတာလဲ?"

လူတိုင်း ဝိုင်း‌မေးတာကိုခံ‌နေရတဲ့ လက်ထောက်လင်းလည်း အံ့သြသွားရသလို—ဘာ‌တွေဖြစ်နေသလဲဆိုတာကို သူလည်း မသိလေဘူး။

လက်ထောက်လင်းက လင်းရှောက်ချီနောက်လိုက်လာတာ နှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့အပြင် ဒါက သူတို့ရဲ့ဥက္ကဋ္ဌလေး ဒီလောက်အထိန်းအချုပ်မဲ့တဲ့ပုံစံကိုမြင်ရတာ သူ့ရဲ့ပထမဆုံးအကြိမ်ပဲဖြစ်တယ်။ လင်းရှောက်ချီရဲ့ပင်ကိုစရိုက်ကိုက မျိုသိပ်ထားတတ်သူမျိုးဖြစ်ပြီး ပုံမှန်အခြေအနေတွေမှာဆိုရင် သူ့ရဲ့စိတ်ခံစားချက်တွေကို ဘယ်တော့မှ အလွယ်တကူ ထုတ်ပြလေ့မရှိ‌ဘူး။ ဟိုးအရင်က လင်း Group မှာ ကြီးမားတဲ့ ငွေအရင်းအနှီးပြဿနာနဲ့ ရင်ဆိုင်ရချိန်မှာ‌တောင် လင်းရှောက်ချီက ခပ်မှိုင်းမှိုင်းမျက်နှာထားတစ်ခုသာ ရှိပုံရပြီး သေချာပေါက် စောနကလို ထိတ်ထိတ်ပျာပျာဖြစ်တဲ့အမူအရာမျိုး လုံးဝမဖြစ်ခဲ့ဘူး...

---

အခုချိန်မှာ လင်းရှောက်ချီ သူ့ကားကို ချန်ကျင်းလမ်းမကြီးဆီသို့ မောင်းနှင်လာခဲ့ပြီဖြစ်ကာ လမ်းတစ်လျှောက် ယာဉ်စည်းကမ်းမြောက်များစွာကို လျစ်လျူရှုခဲ့တယ်။

ချန်ကျင်းလမ်းဆုံ၌ လွန်ခဲ့တဲ့နာရီဝက်က ယာဉ်မတော်တဆမှုကြီးတစ်ခု ဖြစ်ပွားခဲ့တယ်။ ကုန်တင်ကားကြီးတစ်စီးက လမ်းဆုံသို့ ထိန်းမနိုင်သိမ်းမရ ပြေးထွက်လာခဲ့တယ်။ ကားပေါင်းမြောက်များစွာကို ဆက်တိုက်ဆိုသလို တိုက်မိပြီးတဲ့နောက် ဘေးကိုချော်ထွက်သွားကာ မူကြိုကျောင်းဘတ်စ်ကားတစ်စီးကိုပါ တိုက်မိသွားခဲ့တယ်။

လင်းရှောက်ချီ ရောက်လာတဲ့အချိန်မှာ မတော်တဆမှုဖြစ်ပွားရာနေရာကို ရဲလိုင်းများဖြင့် ပိတ်ဆို့ထားခဲ့ပြီး ၎င်းနေရာက ရဲများ၊ ဆေးဘက်ဆိုင်ရာ၀န်ထမ်းများ၊ ဒဏ်ရာရသူများနှင့် လမ်းသွားလမ်းလာများအပါအ၀င် လူများစွာဖြင့် ပြည့်ကျပ်နေခဲ့တယ်။

လင်းရှောက်ချီ ကားပေါ်ကဆင်းလိုက်တယ်။ သူ့နဖူးနဲ့ လက်တွေမှာ ချွေးတွေနဲ့ လုံးဝကိုစိုရွှဲနေခဲ့တယ်။ ဒယီးဒယိုင်ခြေလှမ်းတွေနဲ့ အလျင်စလို သူလျှောက်လာခဲ့တယ်။ သူ့ဘဝတစ်လျှောက်လုံးမှာ လင်းရှောက်ချီ တစ်ခါမှ ဒီလောက်ထိ မထိတ်လန့်ခဲ့ဖူးဘူး။ သူ့နှလုံးသားက ထိန်းမနိုင်သိမ်းမရ ခုန်လှုပ်နေပေမဲ့ သူ့ခန္ဓာကိုယ်ကတော့ ထုံထိုင်းနေတယ်လို့ထင်ရတယ်။

လင်းရှောက်ချီ ဒဏ်ရာရသူတွေကြားထဲမှာ စုပေကို စိုးရိမ်တကြီး ရှာဖွေ‌နေမိတယ်။ နောက်ဆုံးတော့ သူ့မျက်လုံးတွေက ကောင်မလေးတစ်ယောက်ရဲ့သေးသွယ်တဲ့ပုံရိပ်လေးကို ဖမ်းမိသွားခဲ့တယ်။

"ရှောင်ပေ့!"

တစ်ယောက်ယောက်က သူမရဲ့နာမည်ကိုခေါ်လိုက်တာကိုကြားရတော့ စုပေ လှည့်ကြည့်လိုက်တယ်။ "အစ်ကို—"

သူမရဲ့စကားလုံးတွေ အပြည့်အဝ ထွက်ခွင့်မရလိုက်ခင်မှာဘဲ စုပေတစ်ယောက် တင်းကြပ်တဲ့ပွေ့ဖက်မှုအတွင်းသို့ ကျ‌ရောက်သွားတော့တယ်။

"မင်း ဘာမှမဖြစ်ဘူးဘဲ" လင်းရှောက်ချီ ပြောလာတယ်။ သူ့လေသံထဲမှာ လျစ်လျူရှုရန်ခက်လောက်အောင် မြင်သာတဲ့တုန်လှုပ်မှုတစ်ခုရှိနေခဲ့တယ်။

"ကံကောင်းလို့, မင်း ဘာမှမဖြစ်တာ" လင်းရှောက်ချီ ကောင်မလေးကို တင်းကျပ်စွာ ပွေ့ဖက်ထားပြီး ထပ်ခါထပ်ခါ တီးတိုးရေရွတ်နေခဲ့တယ်။ သူခံစားလိုက်ရတဲ့ အကြောက်တရားနဲ့ နောက်ဆက်တွဲ စိတ်သက်သာရာရမှုက ဒီအခိုက်အတန့်မှာ လင်းရှောက်ချီကို တည်ငြိမ်ဟန်ဆောင်ဖို့ ခဲယဉ်းစေခဲ့တယ်—ကုမ္ပဏီကနေ ဒီနေရာအထိ လမ်းတစ်လျှောက် သူဘယ်လိုပြေးလာခဲ့သလဲဆိုတာကိုတောင် သူ မမှတ်မိတော့ဘူး။ စုပေကို သူမြင်လိုက်ရတဲ့ အခိုက်အတန့်မှာ လင်းရှောက်ချီ နောက်ဆုံး နားလည်သွားခဲ့တာက ဒီကောင်မလေးက သူထင်ထားတာထက် အများကြီး ပိုအရေးပါတယ်ဆိုတာပါပဲ။

လင်းရှောက်ချီရဲ့လက်မောင်းတွေထဲမှာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ခံထားရရင်း စုပေတစ်‌‌ယောက် ကနဦးထိတ်လန့်တုန်လှုပ်မှုကနေ ပြန်လည်သက်သာလာဖို့ အချိန်တော်တော်ယူလိုက်ရတယ်။

"ကိုကြီးလင်း?" စုပေ တိုးတိုးလေးခေါ်လိုက်တယ်။ သူမ လင်းရှောက်ချီရဲ့တရစပ်ခုန်နေတဲ့ နှလုံးခုန်သံကို ရှင်းရှင်းလင်းလင်းကြီး ကြားနေရတယ်။ သူမ ကားမတော်တဆမှုဖြစ်တယ်ထင်ပြီး သူ အထင်လွဲ‌နေတာများလား?

"ကိုကြီးလင်း, ဘာမှမဖြစ်ပါဘူး။ ညီမလေး အဆင်ပြေပါတယ်" စုပေ နူးညံ့စွာ ပြောလိုက်တယ်။ သူမရဲ့‌လေသံက လင်းရှောက်ချီအပေါ် စိတ်‌အေးသွားစေတဲ့ မှော်ဆန်တဲ့ အကျိုးသက်ရောက်မှုတစ်ခုကို ဆောင်ယူပေးလာခဲ့တယ်။

စုပေတို့တက္ကသိုလ်က ယခုအပတ် စနေ၊ တနင်္ဂနွေအားလပ်ရက်မှာ လူမှုရေးသုတေသနလှုပ်ရှားမှုအတွက် ပြင်ဆင်နေကြတာဖြစ်တယ်။ သူမနှင့် သူမ၏အခန်းဖော် လီဖေးကလည်း ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရန်အတွက် ဤနေရာသို့ ရောက်လာခဲ့ကြတယ်။ ရလဒ်‌အနေနှင့် နှစ်ယောက်သား‌ရောက်လာတဲ့အချိန်မှာ ယာဉ်မတော်တဆမှုတစ်ခုနှင့် ကြုံတွေ့လိုက်ရတာဖြစ်တယ်။

အခင်းဖြစ်ပွားရာနေရာက ပရမ်းပတာဖြစ်‌နေပြီး ထိခိုက်ဒဏ်ရာရသူများစွာ ရှိနေခဲ့တာကြောင့် ဒဏ်ရာမရရှိကြတဲ့ လမ်းသွားလမ်းလာများက ညွှန်ကြားချက်များကို နာခံပြီး ကူညီကယ်ဆယ်ရေးများကို အလိုအလျောက် စတင်လုပ်ဆောင်နေခဲ့ကြတယ်။ လင်းရှောက်ချီ ဖုန်းခေါ်တဲ့အချိန်မှာ လီဖေးက ဒဏ်ရာရရှိသူများ၏မိသားစုကို ကူညီဆက်သွယ်ပေးနေခဲ့ပြီး စုပေက ကျောင်းဘတ်စ်ကားပေါ်ရှိကလေးများအား နှစ်သိမ့်ပေးနေကာ ပြင်းပြင်းထန်ထန် ဒဏ်ရာမရရှိကြတဲ့ကလေးများအား ဘေးဘက်သို့ ကူညီခေါ်ဆောင်ပေးနေခဲ့တယ်။

"... ဖြစ်ပုံက အဲ့တာပါပဲ" စုပေ လင်းရှောက်ချီအား အကျဉ်းချုံး ရှင်းပြလိုက်တယ်။

အချိန်အတော်ကြာပြီးမှ လင်းရှောက်ချီ နောက်ဆုံးတော့ ပြောလာခဲ့တယ်။ "မင်း ဘာမှမဖြစ်ဘူးဆိုရင် ပြီးတာပါပဲ"

လူငယ်လေးရဲ့တိုးဖွပြီး အနည်းငယ် ဆွဲဆောင်မှုရှိတဲ့‌လေသံက စုပေရဲ့နားဆီ တိုးဝင်လာပြီး သူမရဲ့နားတွေကို အနည်းငယ် ယားကျိကျိဖြစ်သွားစေခဲ့တယ်။

စုပေ လင်းရှောက်ချီရဲ့လက်မောင်းတွေထဲက ရုန်းထွက်လိုက်တယ်။ "ညီမလေး အဆင်ပြေပါတယ်။ အစ်ကိုလင်း ညီမကို အရင်လွှတ်ပေးပါဦး" လင်းရှောက်ချီ သူမကို တအား တင်းတင်းကြပ်ကြပ်ကြီးကို ပွေ့ဖက်ထားခဲ့တာကြောင့် စုပေခမျာ သူ့ကြောင့် အရိုးတွေကျိုးကြေကုန်တော့မယ်လို့ ခံစားရလုမတတ်ပင်။

ထို့အပြင် အဲ့ဒါက စုပေတစ်ယောက် Mr.ချင်နဲ့ စုရှောင်ပေါင်တို့ကလွဲပြီး ဆန့်ကျင်ဘက်လိင်နဲ့ ဒီလိုနီးနီးကပ်ကပ်ရှိခဲ့တဲ့ ပထမဆုံးအကြိမ်ပဲဖြစ်တယ်။ အရင်က သူမတို့အိမ်ကယောက်ျားတွေကလွဲပြီး အပြင်ကသူတွေနဲ့ ဒီလောက်နီးကပ်တဲ့ထိ‌တွေ့မှုမျိုး တစ်ခါမှမရှိဖူးဘူး။ စုပေ ဒီလူ့ကို အစ်ကိုကြီးတစ်ယောက်လိုပဲ အမြဲတစေ ဆက်ဆံခဲ့တယ်ဆိုသော်ငြား သူတို့ရဲ့လွန်ကဲစွာနီးကပ်နေတဲ့အကွာ‌အဝေးက သူမကို အတော်လေး ခြေမကိုင်မိ လက်မကိုင်မိဖြစ်စေတယ်။

စုပေရဲ့ရှင်းပြချက်က လင်းရှောက်ချီကို စိတ်အေးသွားစေခဲ့ပေမဲ့ သူ့နှလုံးသားထဲက ခံစားချက်တွေကတော့ ဝရုန်းသုန်းကားဖြစ်‌နေဆဲပင်။ ဒီအခိုက်အတန့်မှာ သူ စုပေကိုလွှတ်ပေးလိုက်ဖို့ ဝန်လေးနေမိခဲ့တယ်။

လင်းရှောက်ချီရဲ့လက်မောင်းတွေ အားလျော့သွားတာကို ခံစားမိတော့ စုပေ သူ့ရင်ခွင်ထဲကနေ ရုန်းထွက်ပြီး သူ့ကိုကြည့်လိုက်တယ်။ "အစ်ကိုလင်း, ညီမလေး ဒီမှာရှိမှန်း အစ်ကိုဘယ်လိုလုပ်သိလဲ?"

"အစ်ကို ညီမကိုဖုန်းခေါ်လိုက်တာ" လင်းရှောက်ချီရဲ့အသံက အနည်းငယ်အက်ရှနေဆဲပင်။

စုပေ : "အယ်?"

အဲ့ဒီအချိန်မှာပဲ လီဖေးရောက်လာပြီး ဖုန်းကို စုပေထံ ပြန်ပေးလိုက်တယ်။ စုပေ မျက်နှာပြင်ကို တစ်ချက်ကြည့်လိုက်တယ်။ သေချာတာပေါ့, အဲ့ဒီမှာ missed call နှစ်ခုရှိနေခဲ့တယ်။ နှစ်ခုစလုံးက လင်းရှောက်ချီထံမှဖြစ်တယ်။

"ဥက္ကဋ္ဌလင်းက နင့်ကို ဖုန်းတွေဆက်တိုက်ခေါ်နေတာ။ တစ်ခုခုအရေးပေါ်ဖြစ်‌နေတယ်ထင်လို့ ငါ နင့်အတွက်ယူလာပေးတာ" လီဖေး ရှင်းပြလိုက်တယ်။

စု‌ပေ သူမထံ သင်္ကာမကင်းစွာ ကြည့်လာတယ်။ လီဖေး ပခုံးတွန့်လိုက်ရင်း "ငါ့ကိုအပြစ်မတင်နဲ့လေ။ ငါရှင်းပြမယ်လုပ်တုန်း ဖုန်းကကျသွားတဲ့ဟာကို"

လီဖေးက သူတို့တွေ မတော်တဆမှုဖြစ်တဲ့‌နေရာမှာရှိတယ်လို့ ပြောပြီးတဲ့နောက် သူမနဲ့ စုပေတို့က ဒီတိုင်း သွားကူညီပေးနေတာလို့ ပြောဖို့အချိန်မရလိုက်ခင်မှာဘဲ လင်းရှောက်ချီက ဖုန်းကိုချလိုက်ပြီး ပြေးထွက်သွားနှင့်နေပြီဖြစ်တယ်။

"အဲ့တာဆို နင်တို့ဆက်ပြောနှင့်ကြနော်။ ငါသွားကူညီပေးလိုက်ဦးမယ်" လီဖေး လင်းရှောက်ချီကို ဖျတ်ခနဲကြည့်ပြီးမှ စုပေကို မျက်စိမှိတ်ပြလိုက်တယ်။

လီဖေး လင်းရှောက်ချီရောက်လာတာကို အစကတည်းက သတိထားမိခဲ့တယ်။ မဖြစ်နိုင်လိုက်တာ, ဘယ်သူကများ ကြီးမြတ်တဲ့ ဥက္ကဋ္ဌလင်းကို ရုပ်ရည်နဲ့ အရှိန်အဝါမှာပါ တအားပေါ်လွင်ထင်ရှားနေအောင် မွေးထုတ်ထားတာပါလိမ့်? သူမ သတိမထားမိဖို့အတွက် မတရားခဲယဥ်းနေတယ်လေ။

သူဖုန်းချပြီး မိနစ်အနည်းငယ်အကြာမှာပဲ လင်းရှောက်ချီတစ်ယောက် ဒီနေရာကိုရောက်လာခဲ့တာကြီးက လီဖေးကို အံ့အားသင့်သွားစေခဲ့တယ်။ ပိုပြီး‌ရှော့ခ်ရသွားစေခဲ့တာကတော့ စုပေအပေါ်ထားတဲ့ လင်းရှောက်ချီရဲ့သဘောထားကို မြင်လိုက်ရတာပါပဲ။

အစ်ကိုကြီးဆိုတဲ့ပုံရိပ်ကို သူမ လုံးဝမယုံဘူး။ လင်းရှောက်ချီရဲ့ကြောက်စိတ်က အဲ့ထက်တောင်ပိုနေသေးတယ်။ ဒါ့အပြင် စုပေကိုကြည့်တဲ့အချိန် သူ့မျက်ဝန်းထဲက အကြည့်တွေက TV series ထဲက ဇာတ်လိုက်မင်းသားရဲ့အကြည့်နဲ့ တစ်ထပ်တည်းတူနေတယ်ဆိုတာ အရှင်းကြီးပဲလေ။ မဟုတ်ဘူး, အဲ့ထက်တောင်ပိုပြီး တယုတယဖြစ်နေသေးတယ်!

အရင်က လီဖေးတစ်ယောက် လင်းရှောက်ချီနဲ့ စုပေကို CP ကောင်းတစ်တွဲလို့ ခံစားမိခဲ့ပေမဲ့ အခုချိန်မှာတော့ သူတို့ရဲ့ CP အတွက် သူမ အော်ဟစ်နေရပြီလေ။

---

လီဖေး ထွက်သွားပြီးနောက် စုပေ လင်းရှောက်ချီကိုကြည့်ပြီး ရှက်ရွံ့စွာ ပြုံးပြလိုက်တယ်။ "တောင်းပန်ပါတယ်နော်။ အထင်လွဲပြီးတော့ ဘာမှလည်းမဟုတ်ဘဲနဲ့ အစ်ကိုလင်းကို သက်သက်မဲ့ ပြေးလာစေမိပြီ"

လင်းရှောက်ချီက ရှပ်အင်္ကျီတစ်ထည်တည်းသာ ဝတ်ထားတယ်ဆိုတာကို စုပေ သတိထားမိလိုက်တယ်။ ဖြစ်နိုင်တာက သူ ဒီကို အလောတကြီး ပြေးလာခဲ့တာကြောင့် ကုတ်အင်္ကျီဝတ်ဖို့ မေ့သွားတာပဲဖြစ်မယ်။

ဒီအခိုက်အတန့်မှာ လင်းရှောက်ချီရဲ့မျက်လုံး‌တွေက နီရဲနေခဲ့တယ်။ သူ စုပေကို ဘာမှမပြောဘဲ စိုက်ကြည့်နေခဲ့တယ်။ သူ မနေ့က တစ်ညလုံး 'ဝန်ခံစကားတွေ' ကို ပြင်ဆင်ထားခဲ့တယ်, ဒါပေမဲ့ ဒီအနှောင့်အယှက်ကြောင့် သူ့စိတ်က လုံးဝကို ဗြောင်းဆန်သွားခဲ့ရပြီး သူ့ခမျာ ဘာကိုစပြောရမယ်၊ ဘယ်လိုစလုပ်ရမလဲဆိုတာကိုတောင် မသိတော့ဘူး။

"ကိုယ်..." လင်းရှောက်ချီရဲ့အသံက ခြောက်ကပ်‌ကပ်ကြီးဖြစ်နေခဲ့တယ်။

"အယ်?"

"နောက်တစ်ခါ ဒီလိုအဖြစ်မျိုးကြုံလာရင် မင်းရဲ့လုံခြုံရေးကို ဦးစားပေးကာကွယ်ရမယ်, နောက်ပြီး မဆင်မခြင်မလုပ်ရဘူးနော်" ဒီတစ်ခေါက်က အထင်လွဲရုံသက်သက်ပဲ။ ဒါပေမဲ့ သူ နောက်တစ်ကြိမ် စု‌ပေ တကယ်ကြီး အနည်းအကျဉ်းထိခိုက်သွားတယ်ဆိုတဲ့အကြောင်း ကြားများကြားခဲ့ရင် သူသည်းခံနိုင်ပါ့မလားဆိုတာကို လင်းရှောက်ချီလည်း မသိတော့ဘူး။

"ကောင်းပါ—"

လင်းရှောက်ချီ စုပေကို ကြားဖြတ်ပြောလိုက်တယ်။ "ကိုယ့်ကိုစိတ်ပူရအောင်မလုပ်ပါနဲ့" သူ့ခံစားချက်တွေကို တမင်သက်သက်ကြီး ဖုံးကွယ်မထားတော့ဘူး။ "မင်းသိလား, ကိုယ် 'ကားမတော်တဆဖြစ်တယ်' ဆိုတဲ့စကားကို ကြားလိုက်တာနဲ့ ကိုယ်လန့်သေတော့မလို့။ မင်း ဒဏ်ရာရသွားပြီလို့ ကိုယ်ထင်လိုက်မိတာ"

လင်းရှောက်ချီက နည်းနည်းချဲ့ကားလွန်းတယ်လို့ စုပေ ခံစားမိတယ်။ သို့ပေမဲ့ သူ စကားပြောနေတဲ့အချိန်မှာ သူ့မျက်နှာထားက လုံးဝကို ဟာသလုပ်နေတာနဲ့မတူဘဲ အလွန်အမင်း လေးနက်နေခဲ့တယ်။ သူမနှလုံးသားထဲက ထူးဆန်းတဲ့ခံစားချက်ကို ဖိနှိပ်ထားရင်း စုပေ စိတ်အေးသက်သာစွာ ပြုံးလိုက်တယ်။ "ဘာမှမဖြစ်တော့ပါဘူး။ ညီမလေး အဆင်ပြေပါတယ်"

"နောက်ပြီး အစ်ကိုလင်းက တအားပုံကြီးချဲ့လွန်း‌နေပါပြီ။ လူတစ်ယောက်က လန့်ပြီးသေတယ်ဆိုတာမျိုး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?" စုပေ လင်းရှောက်ချီထံ စိုက်ကြည့်ရင်း ဟာသနှောပြီး ပြန်ဖြေလိုက်တယ်။

ကောင်မလေးရဲ့အပြုံးတစ်ပွင့်ကနေ ကူးစက်ခံလိုက်ရသလိုမျိုး လင်းရှောက်ချီ နောက်ဆုံးတော့ အနည်းငယ် ပြုံးလာခဲ့ပေမဲ့ သူ့အကြည့်တွေကတော့ စုပေရဲ့မျက်နှာ‌ပေါ်ကမခွာဘဲ တရစ်ဝဲဝဲဖြစ်နေခဲ့တယ်။ "ဒါပေမဲ့ ကိုယ့်အတွက်ကတော့ ရှောင်ပေက ကိုယ့်ဘဝနဲ့ထပ်တူပါပဲ။ မင်းက ကိုယ့်မှာရှိတဲ့အရာတိုင်းထက် ပိုတန်ဖိုးရှိတဲ့သူတစ်‌ယောက်ပါ"

လင်းရှောက်ချီရဲ့စကားတွေက စုပေကို လုံးဝ ကြက်သေ‌,သေသွားစေခဲ့တယ်။ သူ့ကိုကြည့်နေတဲ့ သူမရဲ့မျက်လုံးတွေ အနည်းငယ် ပြူးကျယ်လာရင်း "အစ်ကိုလင်း, အစ်ကို..." သူမ ဘာလို့ ဒါကြီးကို အရမ်းရင်းနှီးနေတယ်လို့ ခံစားနေရတာပါလိမ့်? ဒီဟာက လင်းရှောက်ချီ ပုံမှန်ပြောနေကျ အထူးသဖြင့် သူမထံ ပြောနေကျပုံစံမျိုးနဲ့မတူဘူး။

"ကိုကြီးလင်း‌ရေ, ကိုကြီး အဲ့လိုစကားတွေကို ဒီလောက်လွယ်လွယ်ကြီး ထုတ်မပြောရဘူး‌လေ" စုပေ ရွှတ်နောက်နောက်ပြုံးရင်း မတိုးသာမဆုတ်သာအ‌ခြေအနေကြီးကို ချိုးဖျက်ဖို့ ကြိုးစားနေမိတယ်။

"ပြီးတော့ ဒီဟာသကြီးကလည်း နည်းနည်းလေးမှ ရယ်စရာမ‌ကောင်းဘူးနော့်" သူမ ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ မသိတော့ဘူး။

"နောက်နေတာမဟုတ်ဘူး" လင်းရှောက်ချီ စုပေထံ ပြောလာတယ်။ ခဏရပ်ပြီးနောက် သူပြောလိုက်တယ်။ "ကိုယ်အတည်ပြောနေတာ"

[Author's Note :

ဘယ်လိုဖွင့်‌ပြောရမှန်း မသိဘူးလား? ငါ နင့်ကိုကူညီ‌မှာပေါ့, ဟားဟား~

PS : ဇာတ်လိုက်က သေချာပေါက် လင်းရှောက်ချီပါပဲ။ ရှောင်ပေက တစ်ခြားကမ္ဘာတစ်ခုမှာ ၄ နှစ်နေခဲ့တာပါ။ အမှန်တော့, တစ်ချို့ရှုထောင့်တွေမှာဆိုရင်, သူမရဲ့စိတ်ပိုင်းဆိုင်ရာအသက်က တကယ်တမ်းတော့ ၁၈ နှစ်နားကို ကပ်‌နေပါပြီ။ အဲ့တာကြောင့် သူတို့ ပထမဆုံးစ‌တွေ့တဲ့အချိန်မှာ အသက် ၂၀ ရှိနေပြီဖြစ်တဲ့ လင်းရှောက်ချီကို နောက်ဆုံးတော့ ဆွဲ‌ဆောင်နိုင်ခဲ့တယ်ဆိုတာမျိုးက သူမအတွက်တော့ ပုံမှန်ပါပဲ။

စိတ်ပညာပိုင်းအရ ရှဲ့မင်ရွှမ်းက ရှောင်ပေထက် အတော်လေး ငယ်နေတယ်ဆိုပေမဲ့ ရှုရှီဝေကတော့ အစ်ကိုကြီးတစ်ယောက်အ‌နေနဲ့ရောဘော်ဒါကောင်းတစ်ယောက်အနေနဲ့ပါ ပိုတူပါတယ်]

5.10.2021

Tuesday


_____


Thanks 🌹



Continue Reading

You'll Also Like

36.7K 5.1K 19
[Unicode + Zawgyi code] Name: ဗီလိန်ဖေဖေ၅ယောက်က ငါ့ကိုအလိုလိုက်ဖို့ ရန်ဖြစ်နေကြတယ် Summary >> Ye sang ရဲ့ အဖေငါးယောက်ဟာ ဒီကမ္ဘာမှာ မကောင်းမှုတွေကို လ...
114K 9.7K 160
ပေါက်ကရလေးဆယ်အပျော်တမ်းဘာသာပြန်ထားတာဖြစ်ပါတယ်
227K 34.4K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
1.1M 61.1K 49
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...