Zawgyicode
''သွားကြစို့ Yoon...''
_ Offered
Hand _
''အကို...''
''Okay...သွားကြမယ်...''
''အယ်...ကားကြီး...''
''အကို...''
''ကောင်းရဲ့လား...''
''အဟွတ် အဟွတ်...''
''ဟီးးး မဟုတ်ရပါဘူး...''
_ Offered
Hand _
''ဘာလို့လဲ Yoon...''
''ဘာ..ဘာမှမဟုတ်ဘူး အကို...''
"Yoon...''
''အာ့!...''
ဘုန်းးး
ဒုန်း!
''အင့်...''
''အွတ်...အဟွတ်...''
''ရပ်စမ်း!!!"
ရုတ်တရက် မြောက်တက်သွားတဲ့ ကိုယ်ငယ်ကြောင့် ရှိသလောက်အားနဲ့ သူအကို့အင်္ကျီစကို ကုပ်ထားလိုက်မိသည်...အကိုဟာ သူ့ရဲ့ အားကိုးရာ...သူ့ရဲ့ဘဝ...
''Yoonရာ...''
နေ့လည်စာ အတူလာစားနေကြဖြစ်တဲ့ ကားထဲသို့ဝင်ရင်း အကိုက စိတ်မသက်သာသလို ခေါ်ယူနေကျ နာမ်စားအား တီးတိုးရေရွတ်သည်...
_ Offered
Hand _
''အရှင်!..."
Offered Hand_____________________________
Offered Hand_____________________________
Unicode
ခေါင်းပြုတ်ကျမတတ် ငုံ့ထားမိတဲ့ ကောင်လေးဟာ နှုတ်ခမ်းပါးလေးလဲ တဆက်ဆက် တုန်ယင်နေရင်း...
သူကြောက်သည်...သူချစ်တဲ့သူတွေ သူ့ကို ထားသွားမှာ သေလောက်အောင် ကြောက်ပါသည်...
အထူးသဖြင့် သူ့ဘဝရဲ့ ပထမဆုံးသော အလင်းတန်း ဖြစ်လာပေးတဲ့ အကိုထားသွားမှာကို ပို၍ကြောက်ရပါရဲ့...
''အာ...ညီမှားနေပြီနော်...ကိုယ်တော့မထင်ပါဘူး...''
ရုတ်တရက်...ရုတ်တရက် ဖမ်းဆွဲခံလိုက်ရတဲ့ သူ့ရဲ့လက်...အကိုကပြုံးလို့ တဖက်လူအား အေးဆေးစွာဆိုသည်...
သူရင်မောစွာ ပင့်သက်တို့ကို ရှိုက်ထုတ်ပစ်မိသည်...အကိုက သူ့ဘက်ကို ပြန်လှည့်လာ၏...ထို့နောက် ပြုံးပြပြန်လေကာ...
''မကြောက်နဲ့နော်...ကိုယ်ရှိတယ်...''
သူ့ရင်ထဲမှာ နွေးခနဲ...အကိုက ထင်ထားတာထက်ပိုအောင် လူတယောက်ကို ညှို့ယူနိုင်လွန်းပါသည်...သူ့နှလုံးသားလေး တဆက်ဆက်ခါအောင်လဲ အကိုပဲ လုပ်နိုင်ခဲ့တာ...
''သွားကြစို့ Yoon...''
သူ့ရဲ့လက်ကို ဆွဲထားလျက်ပဲ အကိုက သူ့အခန်းရှိရာကို လိုက်၏...Maskတပ်ထားတာတောင် တချို့ဟာ အကို့ကို စူးစိုက်ကြည့်လို့ မိမိတို့ ထင်သူများ ဖြစ်နေမလား အကဲခတ်ကြသေးရဲ့....
''နေ့တိုင်း ကိုယ်လိုက်ပို့ပေးမယ်...ပြန်ရင်လဲ ကိုယ်လာကြိုမှ ပြန်ရမယ်နော်...အတန်းထဲမှာပဲစောင့်နေ...''
အကိုဟာ မျက်ခုံးလေးတွန့်လို့ သူ့ကို ကလေးလေးတယောက်လို ပြောပါသည်...စိတ်ထဲမှာ ကျေနပ်နေပေမဲ့ အပြင်လောကမှာတော့ သူနှုတ်ခမ်းကိုဆူရင်း...
''အကိုနော်...ကျွန်တော်ကလေးမဟုတ်ဘူး...''
''ကိုယ့်အတွက်တော့ Yoonက ကလေးလေးပဲ...စကားနားထောင်...''
သေချာဖြီးသပ်လာခဲ့တဲ့ ဆံစတွေဟာ အကို့ရဲ့ ဆွဲဖွမှုကြောင့် လွင့်ခနဲ...သူပြုံးရပါ၏...အကို့ရဲ့ အပြောအဆို အပြုအမူအားလုံးဟာ သူ့အပေါ် သိပ်လွှမ်းမိုးနိုင်လွန်းသည်...
ပြေးထွက်သွားပြီဖြစ်တဲ့ အကို့ကို ငေးကြည့်ရင်း သူပြုံးပြီး အခန်းထဲသို့ ဝင်ခဲ့လိုက်တော့သည်...အကြည့်ပေါင်းစုံကိုတော့ လျစ်လျူသာ ရှုထားမိပါရဲ့လေ...
_ Offered
Hand _
သူအခန်းထဲမှာ ထိုင်နေရင်းကပဲ အခန်းဝကို လှမ်းလှမ်းကြည့်မိသည်...အကိုပြောထားခဲ့တဲ့အတိုင်း သူဒီမှာပဲ စောင့်နေရမည်လေ....
နေ့လည်စာစားချိန် ရောက်နေပြီမို့ သူအကိုအလာကို မျှော်နေမိ၏...ဟော...အခန်းရှေ့ ရောက်လာတဲ့ အနက်ရောင် အရိပ်လေး...
Maskနဲ့ ဦးထုပ်ကြားက မျက်လုံးဝိုင်းလေးတွေ မှေးသွားချက်အရ အကိုသူ့အား ပြုံးပြနေတာ အတတ်သိနေရသည်လေ...သူလဲ မြူးထူးစွာပြုံးရင်း ခပ်မြန်မြန် ပြေးထွက်လိုက်သည်...
''အကို...''
''Yoon...ကိုယ်နဲ့လိုက်ခဲ့မလား...''
လက်လေးတဖက်ကမ်းပြီး မေးလာသည့် အကိုကြောင့် သူကြောင်အစွာကြည့်လို့ ခေါင်းငြိမ့်ပြီး ထိုလက်ကို ဆုပ်ကိုင်လိုက်သည်...
''အကိုခေါ်ရင် လိုက်မှာပေါ့...''
''Okay...သွားကြမယ်...''
တက်ကြွစွာ ရှေ့ကထွက်သွားသူ အကို့ရဲ့နောက်သို့လိုက်ရင်း သူတိတ်တခိုး ပြုံးရပါ၏...အခုလိုလေး နှစ်ယောက်အတူ နေရတာ ဘယ်လောက်တောင် ပျော်ဖို့ကောင်းလိုက်လဲ...
''အယ်...ကားကြီး...''
ကျောင်းအပြင်ဘက်က ခပ်ရှည်ရှည် အနက်ရောင် ကားတစီးပေါ်သို့ ဝင်ထိုင်ခိုင်းသူ အကိုကြောင့် သူကြောင်အစွာ ဝင်ထိုင်ရပြန်သည်...
''အကို...''
''ဟူးးး ခုမှပဲ အသက်ရှူဝတော့တယ်...''
သူနဲ့မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်သည့် အကိုက Maskနဲ့ ဦးထုပ်ကိုချွတ်ရင်း သက်ပြင်းမောကြီးချလို့ ရင်ဘတ်ကိုဖိသည်...
''အကိုတချိန်လုံး ဒီအတိုင်းကြီး နေတာလား...''
''ဒီလိုပဲ နေရတာပေါ့ Yoonရယ်...အနုပညာသမားဆိုတော့လည်း မလွယ်ဘူး...အဲ့ဒါကြောင့် Canteenမှာ ထမင်းမစားပဲ Yoonနဲ့ ဒီမှာစားမလို့...''
ပြောပြောဆိုဆိုနဲ့ ရှေ့ခန်းက ထမင်းဘူးနှစ်ဘူးကိုယူပြီး အကိုက အဖုံးလှပ်နေသည်...သူအကို့အား ကြည့်နေလျက် သက်ပြင်းချလိုက်သည်...
''အကို့ဘဝကလည်း မလွယ်လိုက်တာ...''
သူပြောလိုက်တော့ အကိုက မျက်လုံးလှန်ကြည့်လာ၏...ထို့နောက် အဖုံးလှပ်ပြီးသွားတဲ့ ထမင်းတစ်ဘူးကို သူ့ဆီ ပေးလာပြီး...
''ဒါပေမဲ့လည်း ပျော်တယ်လေ...ကိုယ်ဝါသနာပါတာကို Yoonရ...စားနော်...ဒါကိုယ့်မန်နေဂျာကိုယ်တိုင် ချက်ထားပေးတာ...သူကဟင်းချက် အရမ်းကောင်းတယ်...''
ထမင်းဖြူပေါ် ပုံထားတဲ့ ကြက်ဥကြော်လေး...ဘေးအကန့်က ကင်မ်ချီနဲ့ ငရုတ်သီးကြော်ဟာ သူ့ရဲ့ အစာစားချင်စိတ်ကို ဘာရယ်မဟုတ် တိုးမြင့်သွားစေသည်...
ပါးစပ်ထဲထည့်ပြီး တစ်မြုပ်လောက်ဝါးတော့ အရသာဟာ ဘာနဲ့မှမတူအောင်ကို ထူးလွန်းနေသည်အား သတိပြုမိပါရဲ့...
ဘယ်လောက်ထိ သဘောကျတယ်ဆိုတာ သူ၏မျက်လုံးလေးတွေ ဝိုင်းသွားတာကို ကြည့်ခြင်းဖြင့်ပင် သိနိုင်ပါလေ၏...
''ကောင်းရဲ့လား...''
''အွန်း...အရမ်းအရမ်း ကောင်းတယ်အကို...''
ပြောပြီး သူထပ်၍ စားလိုက်သည်...လျှာပေါ်သို့ အီစိမ့်သွားစေအောင်ထိ ခံစားချက်ကို ပေးနိုင်သော ထိုအရသာသည် သူတခါမှ မရရှိခဲ့ဖူးတဲ့ အာဟာရ...
''ဖြည်းဖြည်းစားလေ Yoonရဲ့...နင်နေဦးမယ်...''
အကိုက စိတ်ပူသလို ပြောတာမို့ သူပလုတ်ပလောင်း ဝါးနေရင်းက ခေါင်းငြိမ့်ပြလိုက်သည်...အကိုက စကားဆက်၏...
''အဟမ်း...ဒါပေမဲ့ ကိုယ်ချက်တာ ပိုကောင်းပါတယ်နော်...နောက်နေ့ကျမှ ကိုယ်ကိုယ်တိုင် ချက်ကျွေးမယ်...''
''အဟွတ် အဟွတ်...''
''ပြောတယ်...ဖြည်းဖြည်းစားပါဆို...ရော့ ရေသောက်...''
အကို့လက်ထဲက ရေဘူးလေးကိုယူရင်း သူခပ်မြန်မြန် မော့သောက်လိုက်ရသည်...သူနင်သွားတာ အစားငမ်းလွန်းလို့ မဟုတ်တာတော့ သူပဲသိနိုင်ပါ၏...
အကိုက ထမင်းချက်ကျွေးဦးမယ်တဲ့လား...ပျော်လွန်းလို့ လဲသေကြေးဆို သူတော့ သေလို့ ဘဝပေါင်းတစ်ရာ ကူးနေလောက်ပြီဖြစ်သည်...
''Aigoo...အရမ်းတွေ ချစ်ဖို့ကောင်းနေတာ...''
အကို့အား ပြူးကြောင်ကြောင် ငေးကြည့်နေတုန်း သူ့ရဲ့အတန်ငယ် ဖောင်းနေတဲ့ ပါးနှစ်ဖက်ကို လက်နဲ့ခပ်ဆက်ဆက် ပုတ်ပြီး အကိုကပြော၏...
နာကျင်သွားတဲ့ ပါးနှစ်ဖက်ကို လက်နဲ့အုပ်ကိုင်လျက် သူအကို့အား စူပုပ်စွာ ကြည့်လိုက်သည်...
''အကိုက ကျွန်တော့်ဆို တခုပြီးတခု လုပ်နေတော့တာ...အရင်ဘဝက အငြှိုးတွေ ထားခဲ့လို့လား...''
''ဟီးးး မဟုတ်ရပါဘူး...''
ထပ်မလုပ်ဘူးလို့တော့ အကိုဟာ မပြောခဲ့ပါ...သူကိုယ်တိုင်ကလဲ အဲ့လိုအပြုအမူလေးတွေကိုမှ သဘောကျနေတော့ ထပ်မလုပ်ပါနဲ့လို့ မတောင်းဆိုမိပါလေ...
_ Offered
Hand _
ကျောင်းသွားချိန်တိုင်း အကိုနဲ့အတူတူ...ကျောင်းဆင်းချိန်တိုင်း အကိုနဲ့အတူတူ...Min Yoongiဆိုသည့် သူ့ဘဝမှာ အင်မတန်ကို သာသာယာယာပါပဲ...
ထူးဆန်းသည်...သိပ်ကိုထူးဆန်းသည့် အကြောင်းအရင်း တစ်ခုက သူနဲ့အကို့ကြားမှာ ရှိနေသည်...
အရင်ကဆို သူနဲ့လူတယောက် ရင်းနှီးသွားပြီဆိုတိုင်း ထိုလူဒုက္ခရောက်တတ်ပေမဲ့ အကိုဟာတော့ အခုထိ ခြစ်ရာလေးတစ်ခုတောင် မရသေးပါ...
ထို့ကြောင့်လဲ လူတွေဘာပြောပြော အကိုက သူ့အနားမှာ ခုထိရှိနေပေးတာ...ဒါလဲ ကောင်းတာပါပဲ...သူ့အတွက်ကတော့ အကောင်းဆုံးပေါ့...
''Yoon...ကိုယ်ဒီတပတ်ပြီးရင် သင်ခန်းစာတွေကို အိမ်ကပဲ လေ့လာတော့မှာ...''
အတူတူ လမ်းလျှောက်နေရင်းက ပြောလာသည့် အကိုကြောင့် သူလမ်းလျှောက်နေရာက ရပ်သွားရသည်...
''ဘာလို့လဲ Yoon...''
''ဘာ..ဘာမှမဟုတ်ဘူး အကို...''
ပျက်ယွင်းနေတဲ့ မျက်နှာကိုထိန်းလို့ သူလမ်းဆက်လျှောက်လိုက်သည်...ကိုယ့်ကိုယ်ကိုလဲ သတိပေးရ၏...
ဘာဖြစ်နေတာလဲ Min Yoongi...အရင်ကလဲ တယောက်တည်း နေလာကြကို...
''ဟေ့...အခန်းတောင် ရောက်နေပြီလေ...''
အကို့ရဲ့ ထိတို့မှုကြောင့် သူဆက်ခနဲတုန်ရင်း သတိပြန်ဝင်လာရသည်...အကို့ကို ပြာယာပြာယာ ပြုံးပြရင်းသာ သူအခန်းထဲသို့ အပြေးဝင်ခဲ့လိုက်တော့၏.....
"Yoon...''
နောက်ပါးမှ အကို့ခေါ်သံအား သူဂရုမစိုက်ဖြစ်...စိတ်ပျက်ဖို့ကောင်းလိုက်တာ...ရူးလိုက်တာ...စွဲလန်းလိုက်တာ Min Yoongiရယ်...
ကိုယ့်ခေါင်းကိုထုရင်း သူစားပွဲပေါ် မျက်နှာမှောက်ချလိုက်သည်...အင်းလေ...အကိုလဲ အသက်ရှူကြပ်မှာပေါ့...
Artistတယောက်မှန်း လူမသိအောင် ပုန်းလျှိုးကွယ်လျှိုး ကျောင်းတက်နေရရှာတာ...ကြည့်ရသည်မှာ အကို့ကို တချို့တလေ သတိထားမိသွားလို့ပဲ ဖြစ်ပါလိမ့်မည်...
ဒါဟာ မကောင်းပါ...အကိုက သူနဲ့တတွဲတွဲဆိုတော့ အကိုမှန်းသာ လူတွေသိသွားရင် သူပါ မီဒီယာတွေဆီ ရောက်သွားနိုင်သည်လေ....
''ဟိတ် မကောင်းဆိုးဝါးလေး...''
''အာ့!...''
စားပွဲမှာ အပ်ထားတဲ့ မျက်နှာအား ဆံပင်ထိပ်ကို စုဆွဲလို့ မော့စေသည့် စီနီယာတွေကြောင့် သူနာကျင်သွားရသည်...
''မင်းက အားကိုးရှိလို့ အသံကောင်း ဟစ်နေတာလား...ကောင်လေးကို မြူစွယ်ထားတာပဲ...မင်းက ကဝေထက်ဆိုးတယ်...''
သူနာကျင်စွာ စီနီယာတွေအား စိုက်ကြည့်မိပါသည်....သူ့ကို နှိပ်စက်လို့ မဝကြသေးဘူးလား...အထက်တန်းကတည်းက...အခုချိန်ထိလေ...
''မင်းကိုပညာပေးမှ ဖြစ်တော့မယ်...''
ဘုန်းးး
ဆံပင်ကနေ စောင့်ဆွဲလို့သာ အောက်ကိုတွန်းလွှတ်လိုက်တာမို့ သူ့မျက်နှာက ခုံစောင်းနဲ့ ရိုက်ခတ်သွားရသည်...
နာကျင်ပေမဲ့ သူအသံမထွက်အောင် အံကြိတ်ဆဲ...သူ့မှာလည်း မာနနဲ့ပါ...သူလည်းလူလေ...အသွေးအသားနဲ့ တည်ဆောက်ထားတဲ့ လူတယောက်...
''မင်းလိုကောင်က မွေးဖွားမလာသင့်ဘူး...''
ဒုန်း!
ဘေးကခုံကို ကန်လိုက်တာကြောင့် သူ့ခန္ဓာကိုယ်က ဆက်ခနဲ တုန်သွားရသည်...သူပြုံးလိုက်ပါ၏...အဲ့ဒီစကားက အပြောခံရနေကျမို့လားမသိ...ထုံနေပြီလေ...
''ဒီကောင့်ကို သိပ်ကြကွာ...''
မကြာခင် ကျရောက်လာတော့မဲ့ ကန်ချက်တွေအကြောင်းကို သိနေပြီမို့ သူမျက်လုံးသာ မှိတ်ချလိုက်တော့သည်...
''အင့်...''
ကျောကတဆင့် ရင်ဘတ်အတွင်းထဲထိ အောင့်တက်လာပေမဲ့ သူဟာ ကြိတ်မှိတ်ခံနေရဆဲ...ရုန်းရင်လည်း လွတ်မှမလွတ်ပါဘဲ...
''အွတ်...အဟွတ်...''
များပြားစွာ ထွက်ကျလာသည့် သွေးစက်တွေကိုကြည့်ရင်း ပါးပြင်ပေါ်သို့ မျက်ရည်စီးကြောင်း တစ်ခုက ဖြတ်စီးသွားသည်...
အရိုက်ခံရတာ သိပ်နာတာပဲ...အကန်ခံရတာလဲ သေမတတ် နာသည်...ဝဋ်ကြွေးတွေ...ဒါဟာ ဝဋ်ကြွေးတွေ...
''ရပ်စမ်း!!!"
ဟိန်းခနဲ ထွက်လာသည့် အော်သံကြောင့် သူ့မျက်လုံးတွေ အရောင်လက်သွားခဲ့ရသည်...သို့သော် ထိုအရောင်တွေကို မပြသနိုင်အောင်ထိ သူ့မျက်လုံးတွေက မှေးမှိန်ချင်နေပါပြီ....
''မင်းတို့လူတွေ မဟုတ်ဘူးလား!..."
နောက်ထပ် ကြားလိုက်ရသည့် အော်သံဟာ တဖြည်းဖြည်း သူ့အနားသို့ နီးကပ်လာသည်...ဒီအသံက မလွဲမသွေ သူသိပ်ချစ်ရတဲ့ သူ့အကိုရဲ့ အသံပါ...
''Tsk!..နောက်တခါ Yoonကိုထိရင် အကုန်လုံး ပြာဖြစ်မယ်မှတ်ထား!...''
ရုတ်တရက် မြောက်တက်သွားတဲ့ ကိုယ်ငယ်ကြောင့် ရှိသလောက်အားနဲ့ သူအကို့အကျႌစကို ကုပ်ထားလိုက်မိသည်...အကိုဟာ သူ့ရဲ့ အားကိုးရာ...သူ့ရဲ့ဘဝ...
''Yoonရာ...''
နေ့လည်စာ အတူလာစားနေကြဖြစ်တဲ့ ကားထဲသု့ိဝင်ရင်း အကိုက စိတ်မသက်သာသလို ခေါ်ယူနေကျ နာမ်စားအား တီးတိုးရေရွတ်သည်...
''Hello...ဟုတ်...ကျွန်တော်...ဒီကိုလာခဲ့ဦး...''
တစုံတယောက်နဲ့ စကားပြောနေတဲ့ အကို့ရဲ့အသံ...သိပ်မကြာခင်မှာ ရလိုက်တဲ့ တခြားသော ကိုယ်သင်းနံ့...သူစီးနေရာကား စတင်ရွေ့လျားခြင်းနှင့်အတူ အကို့လည်တိုင်မှာ မျက်နှာအပ်ရင်းသာ သူဟာ အနားယူလို့ လိုက်ပါလာရတော့ရဲ့...
_ Offered
Hand _
သွေးသံရဲရဲနဲ့ ရှေ့က လူသေအလောင်းကိုကြည့်လို့ ဓားကိုင်ထားသူဟာ ပြုံးသည်...
မထိပြုံး...ကလိပြုံး...တလောကလုံး သူ့အပိုင်ဆိုတဲ့ တံဆိပ်နှိပ်ထားသူလို မာန်ထောင်နေသော မြွေဇိုးအပြုံး...
''အရှင်အရမ်း ရက်စက်တာပဲ...''
နာနာကျည်းကျည်း စိုက်ကြည့်ပြီး ရေရွတ်သည့် မိန်းမငယ်ဟာ ထိုသေဆုံးသူ၏ အလောင်းကို ထွေးပွေ့လိုက်သည်....
''ကျွန်တော်မျိုးမနဲ့ ခင်မင်မှုကိုတောင် မထောက်...ဖခင်ကို ရက်စက်စွာ စီရင်ချက် ချတယ်ပေါ့လေ...''
ခပ်ကြိတ်ကြိတ် စကားသံတွေ တလုံးချင်းစီကြား နာကျည်းမှုတွေဟာ ပြည့်နှက်နေလျက်...မိန်းမပျိုသာ နဂါးတကောင်ဖြစ်ကြည့်...အကြည့်ခံရသူတို့ ပြာဖြစ်သွားနိုင်သည်...
သို့ရာတွင် သုံးလောကအရှင် ထိုဘုရင်ကတော့ မဲ့ပြုံးဖြင့်သာ မိန်းမပျို လည်တိုင်ကျော့ကျော့ထက် ဓားတင်လျက်...
''ဒါပေါ့...ကိုယ်တော်သတ်ချင်ရင် မင်းလို ဘာမဟုတ်တဲ့ မျိုးရိုးနိမ့် မိတ်ဆွေကိုတောင် သတ်ပစ်လို့ ရနိုင်တာပဲ...''
''အရှင်!..."
အလန့်တကြား အော်သံတခု ထွက်လာသည့်နောက်မှာ ဘုရင်ဆိုသူ၏ အေးစက်စက် အကြည့်တို့ဟာ ရုတ်သိမ်းသွားရသလို အသားစိုင်ထဲ နစ်စေတော့မဲ့ ဓားဟာလဲ အတန်ငယ် လျော့ရဲသွား၏...
''မသင့်တော်ကြောင်းပါ...အပြစ်မရှိတဲ့ ကိုယ်လုပ်တော် တယောက်ကို...ခင်မင်မှုအတွက်ပါ ထောက်ဆလို့ လွှတ်ပေးသင့်ပါတယ် အရှင်...''
ဓားကိုင်ထားသူ၏ လက်တွေဟာ ပြန်ရုတ်သွားသည်...ဒူးထောက်နေတဲ့ ကိုယ်ရံတော်ကိုကြည့်လို့ ခေါင်းငြိမ့်လေပြီး...
''ကိုယ်တော်နားလည်ပါတယ်...အားလုံး နန်းရင်ပြင်က စွန့်ခွာလို့ရပြီ...''
အရှင့်ရဲ့ လက်ကာထုတ်ပြမှုအဆုံး အသီးသီး အရိုအသေပေးရင်း ထွက်သွားကြလေပြီ...
အရှင်သေချာပေါက် မြင်ခဲ့မှာပါ...
အပြင်ရောက်လို့ ရင်ပြင်တံခါး ပိတ်သည်အထိ စူးစူးရဲရဲ ကြည့်သွားတဲ့ ထိုကိုယ်လုပ်တော် မိန်းမပျိုရဲ့ အကြည့်တွေကိုပေါ့...
''အားးး ပင်ပန်းလွန်းတယ်...''
ဘယ်သူမှ မရှိတော့တဲ့ ရင်ပြင်အလယ်...သွေးကွက်တစွန်းနှင့်...အစောကထိ ဒူးထောက်နေခဲ့သော ကိုယ်ရံတော်က သက်ပြင်းချလို့ မတ်တပ်ထရပ်သည်...
သူ၏ခြေလှမ်းတွေကတော့ ပလ္လင်ပေါ်မှာ ထိုင်နေသော ရက်စက်ပေ့ဆိုသည့် သူ၏အရှင်ဆီသို့ ဦးတည်နေ၏...
''အရှင်...သိပ်ဆိုးလွန်းနေတာပဲ...''
မျက်နှာဖွေးဖွေးနားသို့ တိုးကပ်ပြောတော့ အရှင်က ပြုံးလေသည်...ထိုကိုယ်ရံတော်ကိုပါ ဆွဲချလို့ ပလ္လင်ပေါ်ဝယ် အတူထိုင်စေသော အရှင်က ထိုသူ့အနားသို့ တိုးကပ်ရင်း ပြောပါလေရဲ့...
''မင်းကိုချစ်လွန်းလို့ပါ Jeon...''
Offered Hand_____________________________
အဆင်ရော ပြေရဲ့လား...ကိုယ်တိုင်က ရေးချင်လွန်းပေမဲ့ သိပ်အားမရဘူး😌...Bogunie...အရင်ခေတ်တွေပါ ထည့်ပစ်လိုက်မိတယ်လို့😞...ဗျတ်လေးကို လွမ်းကြတယ်ဆိုလို့လေ...Love you all💜
Offered Hand_____________________________