Zawgyicode
Knock Knock
''အကို...''
''ရော့...Yoonအတွက်...''
''Yoon...စားလေ...''
''ချစ်ဖို့ကောင်းနေတာ...''
အင်း...အရသာရှိနေရော...
''ချောလိုက်တာ...''
''ဟင်?...''
ချလောက်!
အကိုက ပြောလာတာကြောင့် သူခေါင်းငုံ့ထားရာက လှမ်းကြည့်လိုက်တော့ ဗီရိုကိုဖွင့်၍ အင်္ကျီရှာနေသည့် အကိုဟာ အောက်ပိုင်းတပတ်တထည်နဲ့...
''ကျွန်..ကျွန်တော်အဆင်ပြေပါတယ်..အကိုအင်္ကျီလဲနှင့်နော်...ကျွန်တော်အောက်ကပဲ စောင့်တော့မယ်...''
''အင်း...ဒါဆို...''
ဂျိမ်း...
''အားးး''
''အမေ့..''
''Omo!...''
''လှလိုက်တာ အကိုရယ်...''
"Yoonက လှနေလိုက်တာ...''
''အကို..ဘာဖြစ်လို့လဲ...''
''အာ..ရပါတယ် အကိုရဲ့...''
''ဟုတ်လား...ဟာ...အတူတူပေါ့...''
''အွန်း...''
''Yoonသဘောပါ...''
''ဟီးဟီး...''
''Jeon...''
''အာ့...''
"ဟင်းးးးး"
_ Offered
Hand _
''အကိုရေ....''
''ဟာ...Yoon...စောလှချည်လား...''
''ဟီးဟီး...''
''ခနနော်...ခနလေးစောင့်...''
''Let's Go Yoon...''
''ဟုတ် အကို...''
''Yoon...ရှေ့မှာကား...''
''ဗျာ?!''
''ဟာ...အကို!..."
''အကို...ဘာကို...''
''ဘာကိုပြောချင်တာလဲ...''
Offered Hand_____________________________
Offered Hand_____________________________
Unicode
မှန်ရှေ့မှာ ရပ်နေရင်းက Yoongi မိမိခေါင်းထက်က ဆံနွယ်တို့အား ဘီးနဲ့ထပ်ပြီး ဖီးသပ်လိုက်သည်...
ဒီနေ့အကိုက အိမ်လည်ဖို့ လာခေါ်မှာဖြစ်သည်...ထို့ကြောင့် သူပြင်ဆင်နေခြင်း...
''ဟူးးးကြည့်လို့ကောင်းပါ့မလား...''
Knock Knock
''သခင်လေး...အပြင်မှာ သခင်လေး သူငယ်ချင်း ရောက်နေပါပြီ...''
အပြင်က ခေါ်သံကို ကြားလိုက်ရပြီမို့ သူရင်ဘတ်ကို လက်နဲ့ဖိပြီး အောက်သို့ဆင်းခဲ့လိုက်သည်...ဧည့်ခန်းကိုရောက်တော့ ထိုင်နေတဲ့ အကို့ကို တွေ့လိုက်ရသည်...
အယ်~အကိုက အိပ်မှုန်စုတ်ဖွားလေးနဲ့ရယ်...
''အကို...''
''အွန်း...လာ Yoon...ကိုယ့်အိမ်သွားမယ်...''
အိပ်ချင်မူးတူး ထလာပြီး သူ့လက်ကို ဆွဲလာတာကြောင့် သူ့မျက်လုံးတွေ ပြူးပြာသွားရသည်...
ကိုယ့်Idolတယောက်နဲ့ ခုလိုရင်းရင်းနှီးနှီး နေရတာက သိပ်ရင်ခုန်စရာ ကောင်းလွန်းပါရဲ့လေ...
''Wow...အကို့အိမ်က တထပ်တည်းဆိုပေမဲ့ အရမ်းလှတယ်...''
အိမ်ပတ်ပတ်လည် ပန်းပင်လေးတွေနဲ့ အရမ်းကို လှပလွန်းတာကြောင့် မနေနိုင်စွာ ချီးမွမ်းလိုက်တော့ အကိုက လှည့်ကြည့်၍ ပြုံးပြသည်...
''Yoon...ထိုင်ဦး...ကိုယ်မနက်စာ ပြင်ပေးမယ်...''
အကို့စကားကြောင့် သူ့ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရသည်...တစုံတယောက်က သူ့အတွက် ရည်ရွယ်ပြီး မနက်စာပြင်ပေးမည်ဆိုတာ ဒါပထမဆုံး ကြုံဖူးတာပင်...
''Yoon...ပေါင်မုန့်ကြက်ဥကြော် ကြိုက်ရဲ့လား...''
''ဗျာ...ဟို...ကျွန်တော်က ဆီကြော်မုန့်တွေ စားလို့မရဘူး...ခေါင်းနောက်တတ်လို့...''
''ဟုတ်လား..ဒါဆို ကိုယ်ပေါင်မုန့်နို့စမ်းပဲ လုပ်ပေးမယ်နော်...''
သွားပေါ်အောင် ပြုံးပြပြီး ပြောသည့် အကိုကြောင့် သူလဲပြန်ပြုံးပြပြီး ခေါင်းငြိမ့်ပြလိုက်သည်...
''လာလေ Yoon...ဧည့်ခန်းထဲမှာ မထိုင်နဲ့...ဒီကိုဝင်ခဲ့...''
ခနအကြာမှာ အကိုက မီးဖိုချောင်ထဲက ခေါင်းပြူထွက်လာပြီး ခေါ်လာတာမို့ သူလဲ အပြေးသွားလိုက်မိ၏...
''ရော့...Yoonအတွက်...''
သူ့ရှေ့သို့ ချပေးလာသည့် ပေါင်မုန့်နို့စမ်း ပန်းကန်လေးကိုကြည့်ကာ လူက မျက်ရည်တောင် ဝဲလာရသည်....
''Yoon...စားလေ...''
''ဟုတ်ကဲ့ အကို...ကောင်းကောင်းစားပါ့မယ်...''
သူ့စကားအဆုံး အကိုဟာ ရယ်လေ၏...ထို့နောက် သူနဲ့မျက်နှာချင်းဆိုင်မှာ ထိုင်သည့် အကိုက ကိုယ်ကိုရှေ့သို့ညွတ်ပြီး သူ့နှာခေါင်းကို လှမ်းဆွဲလာသည်...
''ချစ်ဖို့ကောင်းနေတာ...''
ပူရှိန်းရှိန်းဖြစ်လာသည့် ခန္ဓာကိုယ် အပြောင်းအလဲကြောင့် သူဟိုဟိုဒီဒီ အကြည့်လွှဲရင်း ရှေ့ကမနက်စာ ဆိုသည်လေးအား ခရင်းနဲ့ ထိုးစွပြီး ပါးစပ်ထဲ အရောက်ပို့လိုက်သည်...
အင်း...အရသာရှိနေရော...
အကို့ကို မဝံ့မရဲ မော့ကြည့်လိုက်တော့ ပေါင်မုန့်နို့စမ်းကိုသာ အာရုံထားပြီး စားနေလေသည်...ထို့ကြောင့် သူလဲ ငြိမ်ရင်းသာ မုန့်ထိုင်စားနေလိုက်တော့သည်...
''Yoon...ကိုယ်ရေချိုးဦးမယ်...အခန်းထဲ လိုက်ခဲ့လေ...လာ...''
မုန့်စားပြီးတာနဲ့ သူ့လက်ကိုဆွဲ၍ ခေါ်ပြန်သော အကိုကြောင့် ငြင်းလိုက်ချင်ပေမဲ့ မငြင်းရသေးခင်မှာပင် အခန်းဆီသို့ ရောက်သွားခဲ့ပြီဖြစ်သည်...
''Yoon...ထိုင်နေနော်...ကိုယ်ရေသွားချိုးမလို့...''
ကုတင်ပေါ် ထိုင်စေသည့် အကို့အား ခေါင်းငြိမ့်ပြုံးပြရင်း သူငြိမ်ငြိမ်လေး ထိုင်နေခဲ့လိုက်သည်...
မျက်လုံးအကြည့်တို့ကို ကစားမိတော့ ကုတင်ထိပ်က နံရံမှာ ချိတ်ထားတဲ့ အကို့ရဲ့ ဓာတ်ပုံအကြီးကြီးဆီကို ဦးစွာရောက်သွားရရဲ့...
''ချောလိုက်တာ...''
ခပ်တည်တည် မျက်နှာထားနဲ့ ကျပြန်တော့လည်း အကိုက မိမိုက်လွန်းနေပါ၏...ရုတ်တရက် ဘေးစားပွဲပေါ်က ထောင်ထားတဲ့ ဓာတ်ပုံလေးကို တွေ့လိုက်ရတာမို့ သူယူကြည့်လိုက်သည်...
''ဟင်?...''
အကိုနဲ့ တခြားမိန်းကလေးတယောက်...အချင်းချင်း ဖက်ထားကြတာကြောင့် သူ့စိတ်မှာ အတွေးတော်တော်များများ ချာလပတ် လည်ကုန်ရသည်...
သူမက ဘယ်သူလဲ...အကိုနဲ့ ဘယ်လိုပတ်သက်တာလဲ...အကို့သူငယ်ချင်းလား...အကို့အသိလား...
ချလောက်!
''Yoon...အော်...ဓာတ်ပုံကြည့်နေတာလား...''
ရေချိုးခန်းထဲက ထွက်လာတဲ့ အကိုကြောင့် လန့်ဖြန့်သွားရပေမဲ့ ဓာတ်ပုံယူကြည့်သည်ကို အကိုက စိတ်ဆိုးဟန်မပြတာမို့ သူခေါင်းငြိမ့်ရင်း စားပွဲပေါ် ပြန်တင်ပေးလိုက်သည်...
''အဲ့ဒါ ကိုယ့်ရဲ့ သူငယ်ချင်းမလေးလေ...အရမ်းချစ်ဖို့ကောင်းတာ...နာမည်က Jae YuHarတဲ့...''
အကိုက ပြောလာတာကြောင့် သူခေါင်းငုံ့ထားရာက လှမ်းကြည့်လိုက်တော့ ဗီရိုကိုဖွင့်၍ အကျႌရှာနေသည့် အကိုဟာ အောက်ပိုင်းတပတ်တထည်နဲ့...
သူမျက်လုံးပြူးရချေပြီ...အစောက ဓာတ်ပုံကြည့်မိလို့ အကိုစိတ်ဆိုးမှာဆိုး၍ ပူထူနေမိတာနဲ့ သတိမထားမိခဲ့တာ...သူခပ်မြန်မြန် အကြည့်လွှဲပြီး ခေါင်းကိုအောက်သို့ ပြန်ငုံ့လိုက်သည်...
''Yoonမှာရော အဲ့လိုချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းတွေ မရှိဘူးလား...''
သူခေါင်းကို အတွင်တွင် ခါပြလိုက်သည်...ထိုစဉ် သူ့ရှေ့ရောက်လာသည့် ရင်အုပ်ကျယ်ကျယ်...
''Yoon!...ဘာလို့လဲ..နေမကောင်းဘူးလား!..''
အနီးကပ် မြင်နေရတဲ့ ရင်အုပ်ဖွေးဖွေးနဲ့ ကြွက်သားအမြောင်းလိုက်တွေကြောင့် သူနှာခေါင်းသွေးပါ လျှံချင်လာရသည်...မဟုတ်...
''Yoon!..နှာခေါင်းသွေးတွေ...''
သူ့နှုတ်ခမ်းထက် စီးကျလာတဲ့ သွေးစက်တွေကို ဖိသုတ်လာသည့် အကို့လက်အား ပုတ်ထုတ်ကာ မတ်တပ်ထရပ်လိုက်သည်...
''ကျွန်..ကျွန်တော်အဆင်ပြေပါတယ်..အကိုအကျႌလဲနှင့်နော်...ကျွန်တော်အောက်ကပဲ စောင့်တော့မယ်...''
''အင်း...ဒါဆို...''
ဂျိမ်း...
အကို့ဆီက အဖြေပင် မစောင့်အားပဲ သူအခန်းအပြင်သို့ အမြန်ထွက်ခဲ့ရသည်...ဘယ်လိုတောင် အရှက်ကွဲခဲ့တာပါလိမ့်...
''အားးး''
ပူကျစ်နေတဲ့ ပါးနှစ်ဖက်ကို လက်နဲ့ခပ်ဆက်ဆက် ပိတ်ရိုက်ရင်း သူခေါင်းခါလိုက်သည်...တကယ်ရင်ခုန်စရာကြီး...
''Yoon...လာ...ကိုယ်နဲ့ခြံထဲဆင်းမယ်...''
''အမေ့..''
ကိုယ့်ဘာသာ အတွေးများနေတုန်း အခန်းထဲက ထွက်လာသည့် အကိုကြောင့် ခန္ဓာကိုယ်မှာ ဆက်ခနဲတုန်လို့ အနောက်သို့ ခြေလှမ်းတို့ ဆုတ်သွားရလေသည်...
''ဘာလို့ဒီလောက် လန့်သွားရတာလဲ Yoonရဲ့...''
''ဗျာ?...ဘာ..ဘာမှမဟုတ်ဘူး အကို...အဟင်း...''
''ဘာမှမဟုတ်ဘူးဆိုလဲ ပြီးရော...ခြံထဲသွားကြမယ်နော်...''
ပြောပြီး ရှေ့ကထွက်သွားသူ အကို့နောက်သို့ သူခေါင်းတကုတ်ကုတ်နဲ့ လိုက်သွားမိသည်...အကိုက အိမ်အနောက်ဘက်ကို ခေါ်သွားတာဖြစ်၏...
''Omo!...''
တွေ့လိုက်ရတဲ့ ပန်းပင်တွေ သစ်ပင်တွေနဲ့ လိပ်ပြာလေးတွေကြောင့် သူ့မျက်လုံးတွေ ဝိုင်းစက်သွားရသည်...
''အမှန်ဆို ညဘက်ကို ခေါ်လာချင်တာ...ပိုးစုန်းကြူးလေးတွေနဲ့ ပိုလှတယ်လေ...''
''လှလိုက်တာ အကိုရယ်...''
ပြောလဲပြော အရိပ်ရသည့် မိုးမခပင်ကြီးအောက်ကို သူသွားထိုင်လိုက်သည်...မွှေးပျံ့နေတဲ့ ပန်းရနံ့ကြောင့် မျက်လုံးတို့ကို မှိတ်ချလို့ သူပြုံးမိလေရဲ့...
"Yoonက လှနေလိုက်တာ...''
အကို့အပြောကြောင့် သူ့မျက်လုံးတွေ ဆက်ခနဲ ပွင့်သွားရသည်...အကို့ကို မယုံနိုင်သလို ကြည့်လိုက်တော့ အကိုကလဲ မျက်မှောင်ကြုတ်ပြီး တစုံတခုကို အသဲအသန် စဉ်းစားနေ၏...
''အကို..ဘာဖြစ်လို့လဲ...''
''ဟင်...ဘာမှမဟုတ်ပါဘူး...ခုနက ပြောလိုက်မိတာ...စိတ်မဆိုးနဲ့နော်...ကိုယ်လွှတ်ခနဲ ထွက်သွားတာရယ်...''
''အာ..ရပါတယ် အကိုရဲ့...''
သူပြုံးရင်း ပြန်ပြောလိုက်မှ အကိုဟာ စိတ်သက်သာရာရစွာ သက်ပြင်းချပြီး သူ့အနားသို့ လာထိုင်သည်...
''Yoonက တက္ကသိုလ် ပထမနှစ်လား...''
''ဟုတ် အကို...အထက်တန်းတုန်းက အတန်းတစ်နှစ် နောက်ကျသွားလို့ ပထမနှစ်ပဲရှိသေးတာ...''
''အော်...Yoon ဘယ်တက္ကသိုလ်မှာ တက်တာလဲ...''
''ဆိုးလ်ပင်မတက္ကသိုလ်ကြီးမှာပဲ အကို...''
သူ့အဖြေအဆုံး အကို့မျက်လုံးဝိုင်းလေးတွေက အရောင်လက်သွားသည်....ထို့နောက် သူ့ဘက်သို့လှည့်လာပြီး...
''ကိုယ်လဲ အဲ့ဒီမှာတက်မှာပဲ Yoonရဲ့...ကိုယ်က နောက်ဆုံးနှစ်လေ...''
''ဟုတ်လား...ဟာ...အတူတူပေါ့...''
''အွန်း...''
သူတော်တော်လေး ပျော်သွားရသည်...အကိုနဲ့သူက တက္ကသိုလ်တခုထဲမှာ အတူတူတက်ရမှာတဲ့...
''ဒါဆို ကျောင်းသွားရင် Yoonအိမ်ကကားနဲ့ အတူသွားကြမယ်လေ...''
သူပြောတော့ အကိုက ခေါင်းခါသည်...သူမျက်မှောင်ကြုတ်မိ၏...ဘာလို့များပါလိမ့်...
''ကိုယ်ကျောင်းကို လမ်းလျှောက်သွားရတာပဲ ကြိုက်တယ်...အိမ်နဲ့လဲ အရမ်းမှ မဝေးတာ...ကားနဲ့သွားရတာထက် လမ်းလျှောက်ရတာက ပိုလွတ်လပ်ပါတယ်...''
အကို့စကားကြောင့် သူပြုံးလိုက်သည်...တဆက်တည်း နားလည်ခဲ့သည်မှာ အကိုဟာ ပကာသနတွေကို မက်မောသူတယောက်မဟုတ်...
''ဒါဆို Yoonလဲ အကိုနဲ့အတူ လမ်းလျှောက်မယ်...''
သူပြောလိုက်တော့ အကိုက မျက်လုံးဝိုင်းပြီး တအံ့တသြ ကြည့်လာသည်...သူခေါင်းတဆက်ဆက် ငြိမ့်ပြလိုက်၏...
''လုပ်ပါနော်...ကျွန်တော်လဲ အကို့လို လွတ်လပ်ကြည့်ချင်လို့ပါ...''
ထိုအခါ အကိုကပြုံးသည်...ထို့နောက် လေစုံလေဆန်ကြောင့် ဝေ့ဝဲနေတဲ့ သူ့ဆံစတို့အား ပွတ်သပ်လာရင်း...
''Yoonသဘောပါ...''
''ဟီးဟီး...''
သူရယ်ပြလိုက်သည်ကို အကိုက မျက်ခုံးတို့တွန့်ချိုးလို့ ကြည့်ပြီး နှာခေါင်းအား လက်နဲ့ဆွဲညှစ်လာပြန်သည်...
သူ့အပေါ် ပြုမူသမျှ အကို့ရဲ့ အပြုအမူတိုင်းဟာ အကိုကြီးတယောက်က ညီလေးကို ချစ်ပြသည့်ပုံ ပေါက်နေသော်လည်း ဒီအခွင့်အရေးလေး ရတာကိုပဲ သူ့အတွက် ကံကောင်းလွန်းနေပြီလေ...
''ဒါနဲ့ အကို့နာမည်အရင်းကလဲ Jungkookပဲလားဟင်...''
''မဟုတ်ဘူး...ကိုယ့်နာမည်အရင်းက Jeon JeongGuk...Jungkookက အနုပညာနာမည်လေ...''
''Aww...Jeon Jeong Guk...Jeon Jeong Guk...''
ထိုနာမည်ကို တလုံးချင်း ရေရွတ်နေရင်းက သူတချက်စဉ်းစားလိုက်မိသည်...သူ့အနေနဲ့ ရင်းနှီးနေသလားလို့လေ...
''Jeon...''
''အာ့...''
''အကို...အကိုဘာဖြစ်လို့လဲဟင်...''
ရုတ်တရက် ရင်ဘတ်ကို လက်နဲ့ဖိပြီး အာ့ခနဲ ညည်းတွားသည့် အကို့အား သူပြာပြာသလဲ မေးလိုက်သည်...
''ကိုယ်...ကိုယ်လဲမသိဘူး...ရင်ဘတ်က အရမ်းအောင့်လာလို့...''
''ရရဲ့လာဟင်...ကျွန်တော်ဆရာဝန်ခေါ်လိုက်မယ်လေ...''
''ရတယ် Yoon...အဲ့လောက်လဲ မဟုတ်ပါဘူး...ကိုယ်အဆင်ပြေတယ်နော်...''
ဝေ့တက်လာတဲ့ မျက်ရည်စတွေနဲ့အတူ မဲ့ကျသွားသည့် နှုတ်ခမ်းသား...အကိုနာကျင်တာ မြင်ရတော့ သူ့ရင်ထဲလဲ ဘာနဲ့မှမတူအောင် နာရပါသည်...
ဒါဟာ Fanboyဆိုသည့် အဓိပ္ပါယ်ထက် ကျော်လွန်နေပြီဖြစ်ကြောင်းကို ထောက်ပြနေသည်လား....
''Yoon...သွားကြရအောင်...ဒီနေရာက သစ်ပင်တွေနဲ့ဆိုတော့ လေအရမ်းတိုက်တယ်...ကြာရင် အအေးပတ်လိမ့်မယ်...''
ငိုမဲ့မဲ့ ဖြစ်နေသည့် သူ့အား အကိုက လက်တဖက်ကမ်းလို့ ပြောလာတာမို့ သူလဲ ခေါင်းငြိမ့်ပြလို့သာ အကိုကမ်းတဲ့လက်ကို ဆွဲကိုင်ရင်း မတ်တပ်ထရပ်လိုက်တော့သည်...
တဆိတ်!...ဒီလိုပုံစံ...ဒီလိုအဖြစ်အပျက်...သူလမ်းလျှောက်နေရင်းက အနောက်သို့ လှည့်ကြည့်လိုက်သည်...ဒီမိုးမခပင်...တနေရာရာမှာ ဖြစ်ခဲ့ဖူးသလိုမျိုး...
"ဟင်းးးးး"
သူခပ်တိုးတိုး သက်ပြင်းကိုချရင်း ခေါင်းခါလိုက်သည်...မဖြစ်နိုင်တာ...သူဆိုတာ ငယ်စဉ်ကတည်းက မည်သူတဦးတယောက်နှင့်မျှ မပတ်သက်ခဲ့ရတာဘဲလေ...
_ Offered
Hand _
''အကိုရေ....''
''ဟာ...Yoon...စောလှချည်လား...''
''ဟီးဟီး...''
အကိုနဲ့အတူ ကျောင်းသွားရမှာမို့ တက်ကြွနေတာလေ...ညက အိပ်မပျော်ပဲ ရင်ခုန်နေလို့ သူ့မှာ အိပ်ဆေးပင် သောက်ရသေးသည်...
''ခနနော်...ခနလေးစောင့်...''
''ဟုတ်...ဖြည်းဖြည်းလုပ်ပါ အကိုရဲ့...''
ဆိုဖာမှာ ထိုင်ခိုင်းပြီး အခန်းထဲ ပြေးဝင်သွားသည့် အကို့ကို ငေးကြည့်ရင်း သူပြုံးလိုက်သည်...
ထိုအခန်းတံခါးလေးကိုပဲ ငေးကြည့်နေမိတုန်းဝယ် သိပ်မကြာလိုက်...အကိုက ကျောပိုးအိတ်တလုံးနဲ့ ထွက်လာသည်...
အိတ်ကိုတစောင်းလွယ်ပြီး Black Maskနဲ့အတူ ဦးထုပ်ခပ်ငိုက်ငိုက် ဆောင်းထားသည့် အကိုဟာ လူငယ်ဆန်စွာ မိမိုက်နေပြန်သည်...
သူကိုယ့်ကိုယ်ကို ငုံ့ကြည့်လိုက်သည်...အင်း...သူလဲ သိပ်တော့မဆိုးပါဘူး...
ဆွယ်တာအဖြူနဲ့ Style Pantအနက်ရောင်ကို မလိုက်မဖက် တွဲဝတ်ထားသည် ဆိုသော်လည်းပေါ့...
''Let's Go Yoon...''
''ဟုတ် အကို...''
အကို့နောက်ကိုလိုက်ရင်း သူကျေနပ်စွာ ပြုံးမိသည်...ဒါဘယ်လောက်တောင် ပျော်ဖို့ကောင်းလိုက်လဲ...ကိုယ်ချစ်ရတဲ့သူနဲ့ အတူတူ နီးနီးကပ်ကပ် ရှိနေရသည်လေ...
''Yoonက အမြဲဒီလိုပဲ ဝတ်တာလား...''
လမ်းလျှောက်နေရင်းက သူ့ဘက်သို့လှည့်ပြီး မေးလာသည့် အကို့အား ရှက်ရှက်နဲ့ ခေါင်းငြိမ့်ပြလိုက်သည်...
''ဂျင်းဘောင်းဘီတို့ဘာတို့ ဝတ်လေ Yoonရဲ့...လူငယ်ဆန်ဆန်လေးဆို Yoonက ပိုချစ်ဖို့ကောင်းသွားမှာ...''
အကို့စကားကြောင့် သူခေါင်းငြိမ့်ပြလိုက်သည်...သို့ရာတွင် ခေါင်းကိုတော့ ပြန်မထောင်ခဲ့ပါ...
သူသာ ခေါင်းထောင်လိုက်ပါက သူ့မျက်နှာပေါ်က အနီရောင်ဆေးတွေကို အကိုမြင်သွားမည်ဖြစ်သည်လေ...
''Yoon...ရှေ့မှာကား...''
''ဗျာ?!''
သူအလန့်တကြား မျက်လုံးတို့မှိတ်လို့ အကို့နားသို့ကပ်ရင်း အကို့လက်မောင်းအား လှမ်းဖက်တွယ်လိုက်သည်...
''ဟားဟားဟား...စတာပါ Yoonရဲ့...Yoonက တချိန်လုံး ခေါင်းငုံ့ထားတာကို...''
''ဟာ...အကို!..."
သူအော်လိုက်တော့ အကိုဟာ အစောကထက် ပိုရယ်လာသည်...ဤသို့ဖြင့် အကိုကစလိုက်...သူကအော်လိုက်နဲ့...လမ်းမကြီးထက်မှာ သူတို့နှစ်ယောက်ရဲ့ အသံသာ လွှမ်းမိုးနေလျက်...
''ဝါးးး ပါမောက္ခက ကတိတည်သား...''
ကျောင်းထဲဝင်လိုက်တာနဲ့ အားလုံးက အဝေးကနေသာ ကွက်ကြည့်ကွက်ကြည့် လုပ်နေသည်ကို အကိုက ထိုသို့ပြောတာမို့ သူကြောင်သွားရသည်...
''အကို...ဘာကို...''
''ဟေးးး အသစ်လား...မင်းဒီကောင်လေးနဲ့ အတူမရှိသင့်ဘူးနော်...''
ရုတ်တရက် အနားသို့ ရောက်လာသည့် သူ့ကိုနှိပ်စက်နေကြ စီနီယာအဖွဲ့က လာပြောတာမို့ သူ့ရင်ထဲ အင်မတန်ကို စိုးထိတ်သွားရသည်...ဟင့်အင်း...မဖြစ်ဘူး...
''ဘာကိုပြောချင်တာလဲ...''
''မင်းမသိမှန်းထင်သား...ဒီကောင်က ကဝေထက်ဆိုးတယ်နော်...သူ့နဲ့ပတ်သတ်တဲ့သူ မှန်သမျှ ဒုက္ခရောက်ရတာချည်းပဲ...''
ထိုလူ့စကားအဆုံး အကိုက သူ့ဘက်သို့ စောင်းငဲ့ကြည့်လာတာကြောင့် သူအကို့ကို တောင်းပန်သလို တချက်ကြည့်ရင်းသာ ခေါင်းငုံ့ချလိုက်တော့သည်...
နောက်ဆုံးတော့ အကိုလဲ သူ့ကို ပစ်သွားတော့မှာပါလား...
Offered Hand_____________________________
God Of Heartကလေ...ခင်ဗျားတို့ မဖတ်ချင်ရင်တောင် ကိုယ်ကတင်မှာပါ...ကိုယ်နားထားရတဲ့ အကြောင်းက ကိုယ့်ရဲ့Own Storyလေးဖြစ်တာရယ်...ကိုယ်မြတ်နိုးတဲ့ OTP Yoonkookကို ရေးမှာဖြစ်တဲ့အတွက် အဲ့ဒီတပုဒ်ထဲကို သေချာလေး ပုံဖော်ချင်တာပါ...Ficတွေ အများကြီး ရေးတဲ့အချိန် ဟိုပြေးဒီပြေးနဲ့ အရမ်းခေါင်းကိုက်ရတော့ အားလုံးဟာ ပေါ့သွားနိုင်လို့ပါ...အဲ့ဒါကြောင့် GOD OF HEARTကို တာဝန်အားလုံးပြီးမှ တပုဒ်ထဲ ကိုယ်အချိန်ယူပြီး ရေးမှာပါလို့😸...Love you all💜
Offered Hand_____________________________