မာန၏ အျခားတစ္ဖက္ 🌟 မာန၏ အခြာ...

By phounix12

635K 41.5K 1.3K

ခ်စ္ျခင္းေမတၱာအေၾကာင္းေျပာတဲ့အခါ မာနေတြကို ထားခဲ့ပါ ။ ချစ်ခြင်းမေတ္တာအကြောင်းပြောတဲ့အခါ မာနတွေကို ထားခဲ့ပါ ။ More

မာန၏ အျခားတစ္ဖက္ 🌟 Intro
မာန၏ အျခားတစ္ဖက္ 🌟 Part - 1
မာန၏ အျခားတစ္ဖက္ 🌟 Part - 2
မာန၏ အျခားတစ္ဖက္ 🌟 Part - 3
မာန၏ အျခားတစ္ဖက္ ✨ Part - 4
မာန၏ အျခားတစ္ဖက္ ✨ Part - 5
မာန၏ အျခားတစ္ဖက္ ✨ Part - 6
မာန၏ အျခားတစ္ဖက္ ✨ Part - 7
မာန၏ အျခားတစ္ဖက္ 🌟 Part -8
မာန၏ အျခားတစ္ဖက္ 🌟 Part - 9
မာန၏ အျခားတစ္ဖက္ 🌟 Part -10
မာန၏ အျခားတစ္ဖက္ 🌟 Part -11
မာန၏ အျခားတစ္ဖက္ 🌟 Part - 12
မာန၏ အျခားတစ္ဖက္ 🌟 Part - 13
မာန၏ အျခားတစ္ဖက္ 🌟Part - 14 ❗
မာန၏ အျခားတစ္ဖက္ 🌟 Part - 15
မာန၏ အျခားတစ္ဖက္ 🌟 Part - 16
မာန၏ အျခားတစ္ဖက္ 🌟 Part - 17
မာန၏ အျခားတစ္ဖက္ 🌟 Part -18
မာန၏ အျခားတစ္ဖက္ 🌟 Part - 19 🚨
မာန၏ အျခားတစ္ဖက္ 🌟 Part - 21 🚨
မာန၏ အျခားတစ္ဖက္ 🌟 Part -22
မာန၏ အျခားတစ္ဖက္ 🌟 Part - 23
မာန၏ အျခားတစ္ဖက္ 🌟 Part - 24
မာန၏ အျခားတစ္ဖက္ 🌟 Part - 25
မာန၏ အျခားတစ္ဖက္ 🌟 Part -26 🚨
မာန၏ အျခားတစ္ဖက္ 🌟 Part -27
မာန၏ အျခားတစ္ဖက္ 🌟Part -28
မာန၏ အျခားတစ္ဖက္ 🌟 Part -29
မာန၏ အျခားတစ္ဖက္ 🌟 Part - 30
မာန၏ အျခားတစ္ဖက္ 🌟 Part -31
မာန၏ အျခားတစ္ဖက္ 🌟 Part -32🚨
မာန၏ အျခားတစ္ဖက္ 🌟 Part -33
မာန၏ အျခားတစ္ဖက္ 🌟 Part - 34
မာန၏ အျခားတစ္ဖက္ 🌟 Part - 35
မာန၏ အျခားတစ္ဖက္ 🌟 Part - 36
မာန၏ အျခားတစ္ဖက္ 🌟 Part -37
မာန၏ အျခားတစ္ဖက္ 🌟 Part - 38
မာန၏ အျခားတစ္ဖက္ 🌟 Part - 39
မာန၏ အျခားတစ္ဖက္ 🌟 Part - 40
မာန၏ အျခားတစ္ဖက္ 🌟 Part - 41
မာန၏ အျခားတစ္ဖက္ 🌟 Part - 42
မာန၏ အျခားတစ္ဖက္ 🌟 Part - 43
မာန၏ အျခားတစ္ဖက္ 🌟 Part - 44
မာန၏ အျခားတစ္ဖက္ 🌟 Part - 45
မာန၏ အျခားတစ္ဖက္ 🌟 Part - 46
မာန၏ အျခားတစ္ဖက္ # မာန၏ အခြားတစ်ဖက် (Extra)
bl

မာန၏ အျခားတစ္ဖက္ 🌟 Part - 20

11.9K 804 16
By phounix12

Part - 20

                   မာန၏ အျခားတစ္ဖက္

                    🌟🌟🌟🌟🌟🌟

ေနာက္ဆံုးဆိုတဲ့အရာကို အႀကိမ္ႀကိမ္ရယူၿပီး
ကိုယ့္ရင္ခြင္ထဲမွာ ေမာေမာပန္းပန္းနဲ႔ မွိန္းေနတဲ့
ေကာင္ေလးကို ေရခ်ိဳးခန္းထဲေပြ႔ခ်ီသြားၿပီး သန္႔
႐ွင္းေရး ကိုယ္တိုင္လုပ္ေပးေနတဲ့အခ်ိန္ လႊမ္းငယ္
တစ္ကိုယ္လံုးမွာ ကိုယ္ေပးထားတဲ့အခ်စ္အမွတ္
အသားေတြကအျပည့္ ။

ေနာက္ဆံုး အိပ္ရာခင္းေတြကအစ အသစ္လဲၿပီး
အိပ္ရာထဲ ခ်သိပ္လိုက္ေတာ့ ကေလးတစ္ေယာက္လို ကိုယ့္ရင္ခြင္ထဲ အတင္းတိုးဝင္ေန႐ွာတယ္ ။
လႊမ္းငယ္မသိေသးတာက သူ႔ကိုယ္ေခၚလာတဲ့
Hotel ကို ကိုယ္ပိုင္တဲ့ Hotel ဆိုတာကိုပဲ ။

အမွန္ေတာ့ လႊမ္းငယ္ အရမ္းပင္ပန္ၿပီး အိပ္ေပ်ာ္
ေတာ့မွာ ။ ေအးစက္ေနတဲ့ လႊမ္းရဲ႕ ခႏၶာကိုယ္
ေႏြးသြားေအာင္ ရင္ခြင္ထဲဆြဲသြင္းၿပီး ဖက္ထား
လိုက္ပါတယ္ ။

ေစာင္တစ္ထည္ကို အတူတူျခံဳၿပီး အိပ္ဖို႔ျပင္ေတာ့
လႊမ္းငယ္ လက္ေတြက ကိုယ့္ခါးကိုလာဖက္ရက္
သား ။ မာန္ ေက်ေက်နပ္နပ္ျပံဳးလိုက္မိပါတယ္ ။
လႊမ္းငယ္သာျမင္ရင္ လူယုတ္မာအျပံဳးလို႔ ေသခ်ာ
ေပါက္ေျပာမယ္ထင္ပါရဲ႕ ။

<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>

စားပြဲခံုေပၚမွာတင္ထားတဲ့ နာရီကေနထြက္လာတဲ့ အသံေၾကာင့္ ထည္ဝါ တစ္ေယာက္ လက္႐ွိအ
ခ်ိန္ကို အသိစိတ္ျပန္ဝင္လာတယ္ ။ နာရီကိုၾကည့္လိုက္ေတာ့ ညကိုးနာရီ ။ ညေနထဲက လႊမ္းေလး
အခန္းထဲက ကုတင္မွာလာထိုင္ေနမိတာပါလား ။

ေဆးရံုကေန အိမ္ျပန္လာတဲ႔အခ်ိန္ လႊမ္းေလး ကိုမေတြ႔ရလို႔ ဖုန္းဆက္ေပမဲ့ တစ္ဖက္က မကိုင္ဘူး ။ လမ္းမွာမ်ား တစ္ခုခုျဖစ္လို႔လားဆိုတဲ့စိတ္နဲ႔ ေက်ာင္းလမ္းတစ္ေလ်ွာက္ ကားနဲ႔လိုက္ေမာင္း႐ွာၾကည့္
ေပမဲ့လည္း ဘာမွမထူးျခား ။

အေၾကာင္းတစ္ခုခုမ်ား႐ွိလို႔ေနာက္က်ေနတာလားဆိုၿပီးေစာင့္ေနတာ ညခုႏွစ္နာရီထိုးတဲ့အထိပဲ ။
ဒီၾကားထဲ အခ်ိန္အခါမဟုတ္ရြာလာတဲ့မိုးေၾကာင့္
လႊမ္းေလးကို ပိုၿပီး စိတ္ပူလာပါတယ္ ။

ညေနထဲက ရိပ္ၿငိမ္ဆီကို ဖုန္းဆက္ေမးေတာ့လည္း ဘာမွမသိခဲ့ရျပန္ဘူး ။ ဒီလိုနဲ႔ ေစာင့္ေနရင္းကေန
ဖုန္းထဲကို လႊမ္း ဖုန္းနံပါတ္နဲ႔ဝင္လာတဲ့ Message ေၾကာင့္ စိုးရိမ္စိတ္နဲ႔ ဖြင့္ၾကည့္လိုက္တဲ့အခ်ိန္ -----

📝 ဒီညကြၽန္ေတာ့ျ္ပန္မလာျဖစ္ေတာ့ဘူးေနာ္

                     လႊမ္း 📝

ဆိုတဲ့စာေလးနဲ႔အတူတူ ဓာတ္ပံုတစ္ပံု ။ ၾကည့္
လိုက္ေတာ့ အေပၚပိုင္းမွာ အဝတ္အစားမ႐ွိဘဲ ခါး
ေအာက္ပိုင္းမွာ ေစာင္တစ္ထည္ကို ျဖစ္သလိုတင္ထားတဲ့ လႊမ္း ရဲ႕ပံု ။ လႊမ္းေလး အိပ္ေပ်ာ္ေနတာကို တစ္ေယာက္ေယာက္က ဓာတ္ပံု႐ိုက္ၿပီး ပို႔လိုက္တာ ။  လႊမ္းေလး တစ္ေယာက္ေယာက္ရဲ႕ ဒုကၡ
ၡေပးတာခံေနရၿပီဆိုတာကို ထည္ဝါ့စိတ္ထဲ ေသခ်ာ
သိေနတာ ။

တစ္ညလံုး ဘယ္သူနဲ႔႐ွိေနမွာလည္း ။ ဘယ္မွာ႐ွ္ိ
ေနတာလဲ ဆိုတဲ့ စိတ္နဲ႔ ဖုန္းေခၚလိုက္တဲ့အခ်ိန္ 
တဖက္က လာကိုင္တဲ့သူက လႊမ္း မဟုတ္ဘူး ။

"ဘယ္သူလဲ "

ၾသ႐ွ႐ွအသံပိုင္႐ွင္ေၾကာင့္ ထည္ဝါ စိတ္ကို အ
တက္ႏိုင္ဆံုး တည္ၿငိမ္ေအာင္ စိတ္ကိုထိန္းလိုက္
ရင္း -----

" လႊမ္း နဲ႔ စကားေျပာခ်င္လို႔ပါ "

" လႊမ္းငယ္ က အခုအိပ္ေပ်ာ္ေနတယ္ .... ႏိုးလာ
မွေျပာလိုက္မယ္ "

" ကြၽန္ေတာ္သူနဲ႔ အခုေျပာရမွျဖစ္ -----"

" တီ!!!! တီ! !!! တီ! !!! "

ကိုယ့္စကားမဆံုးေသးခင္ ျပတ္ေတာက္သြားတဲ့
ဖုန္းလိုင္း ။ ျပန္ေခၚၾကည့္ေတာ့ စက္ပိတ္ထားပါ
သည္တဲ့ ။

ရလိုရျငား အ႐ူးတစ္ေယာက္က္ို အႀကိမ္ေပါင္းမ်ားစြာ ဖုန္းျပန္ေခၚေပမဲ့ ဖုန္းက လံုးဝစက္ဖြင့္မလာ
ေတာ့ပါဘူး ။ ဒီလိုနဲ႔ပဲ တစ္ညလံုး ကုန္ဆံုးသြား
ရပါေတာ့တယ္ ။

တစ္ညလံုးအခ်ိန္ေတြ အတူတူကုန္ဆံုးရေအာင္
လႊမ္း က သူ႔ခ်စ္သူနဲ႔အတူတူ ႐ွိေနတာလား ။ မျဖစ္
ႏိုင္ပါဘူး ။ လႊမ္း မွာသာ ခ်စ္သူ႐ွိေနရင္ ကိုယ့္ကို
ခဏေတာ့ေစာင့္ေပးပါ ။ စဥ္းစားပါရာ့ေစဆိုတဲ့
စကားမ်ိဳး လႊမ္းေလးက ေျပာခဲ့မွာမဟုတ္ ။
ဒါဆို လႊမ္း နဲ႔အခု႐ွိေနတာ ဘယ္သူလဲ ။ အဲအ
ေတြးနဲ႔ပဲ တစ္ညလံုး ပူေလာင္ေနၿပီး မိုးလင္းသြားတာေတာင္ သတိမထားခဲ့မိေတာ့တဲ့အထိ ။

အစထဲက ပိုင္ဆိုင္ရဖို႔ကို အမ်ားႀကီးမေမ်ွာ္လင့္ခဲ့
ေပမဲ့ အခုလိုမ်ိဳးအေျခအေနႀကီး လက္ခံလိုက္ရတဲ့အခါက်ေတာ့ တကယ္႐ူးသြားမေလာက္ပါပဲ ။

" ကိုယ္အရမ္းခ်စ္ခဲ့တာေလ လႊမ္းေလး ရယ္ ....
ကိုယ့္ဘဝရဲ႕ပထမဦးဆံုးအခ်စ္ပါ ....  ျငင္းခ်င္ရင္
ေတာင္ လႊမ္း ကိုယ္တိုင္ ျငင္းရမွာမဟုတ္ဘူးလား ... အခုဟာက ဘယ္လိုေတြျဖစ္ကုန္တာလဲ ... ကိုယ္တို႔ေတြ မေန႔ကအထိ အဆင္ေျပေနက်
ေသးတဲ့ဟာကို "

ေဆာက္တည္ရာမရတဲ့စိတ္နဲ႔ ဘာလုပ္လို႔ လုပ္ရ
မွန္းမသိတဲ့အခ်ိန္ တစ္စံုတစ္ေယာက္ကို သတိရမိသြားပါတယ္ ။ ရိပ္ျငိမ္ !!! ဟုတ္တယ္ ....  ကိုယ္
မင္းကိုရင္ဖြင့္ခ်င္လိုက္တာ .... ဒီတိုင္းတစ္
ေယာက္ထဲဆို ကိုယ္႐ူးသြားမွာေၾကာက္ေနမိတယ္ ။

စိတ္ထဲေပၚလာတဲ့အတိုင္း ဖုန္းကိုဖြင့္ၿပီး ရိပ္ၿငိမ္
ကို ဖုန္းေခၚလိုက္မိတဲ့အခ်ိန္ ----

" Hello အကို .... အေစာႀကီး ဖုန္းေတြဘာေတြ
ဆက္လို႔ .... ဘာျဖစ္လို႔လဲဟင္ "

" ရိပ္ၿငိမ္ .... ကိုယ္ မင္းဆီလာခ်င္လို႔ .... အဲဒါလာလို႔ရမလားဟင္ "

" အကို ... ဘာေတြျဖစ္ေနတာလဲ ...ညက
လႊမ္း ျပန္မလာဘူးလား "

" ကိုယ့္ကို က်န္တာေတြမေမးေသးပါနဲ႔လား ရိပ္ၿငိမ္
ရယ္ ....  ကိုယ္မင္းဆီလာခ်င္လို႔ပါ .... ကိုယ္တစ္
ေယာက္ထဲေနေနရတာ ႐ူးေတာ့မလို ျဖစ္ေနၿပီ "

" အကို! !! စိတ္ေအးေအးထားေနာ္ .... ကြၽန္ေတာ္
အကို႔ ဆီလာခဲ့မယ္ .... အခုက မိုးေတြလဲရြာေန
တယ္ေလ .... အကို႔ အသံကိုနားေထာင္ရတာနဲ႔
တင္ အဆင္မေျပမွန္း ကြၽန္ေတာ္သိေနတယ္ ....
ဒီအခ်ိန္ ကားေမာင္းၿပီး အျပင္ကိုမထြက္သင့္ဘူး
.... ခဏပဲေစာင့္ေနာ္ ....  ကြၽန္ေတာ္အခုပဲလာခဲ့
မွာမို႔ .... တကယ္ခဏေလးပဲေစာင့္ရမွာ "

ေျပာၿပီးတာနဲ႔ခ်က္ခ်င္းျပတ္ေတာက္သြားတဲ့ ဖုန္းသံေၾကာင့္ သိပ္မၾကာခင္ ရိပ္ၿငိမ္ သူ႔ဆီေရာက္
လာေတာ့မယ္ဆိုတာကို ထည္ဝါ့ စိတ္ထဲက
သိေနပါေတာ့တယ္ ။

<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>

မနက္ေစာေစာ ကားလမ္းေပၚမွာေျပးေနတဲ့ ရိပ္ၿငိမ္
ရဲ႕ကားေလးဟာ ခါတိုင္းေမာင္းေနက်အ႐ွိန္ထက္
ပိုတင္ၿပီးေမာင္းေနတာေတာင္ စိတ္ထဲမွာ ေႏွး
လိုက္တာလို႔ထင္ေနမိတယ္ ။

အကို နဲ႔ လႊမ္း ဘာမ်ားျဖစ္လို႔လဲ။ အဆင္မေျပက်ဘူးလား ။ တကယ္ဆို အကို ကေပ်ာ္ရႊင္ေနတဲ့ပံု
ေလးနဲ႔သာလိုက္ဖက္တဲ့ လူသားေလးပါ ။ အျမဲ
တမ္းျပံဳးေပ်ာ္ေနတာမ်ိဳးပဲ ျမင္ခ်င္ခဲ့တာေလ ။
အခုဘယ္လိုျဖစ္လို႔ ဝမ္းနည္းေနတဲ့အသံမ်ိဳးကို
ၾကားေနရတာလဲ ။ အဲလိုေတြၾကားရတာတကယ္အဆင္မေျပဘူး အကို ရယ္ ။ ကြၽန္ေတာ္ခ်စ္ရတဲ့သူကို ဘာအေၾကာင္းနဲ႔မွ မခံစားရေစခ်င္ဘူးဗ်ာ။

အေတြး ေတြနဲ႔ေမာင္းလာတဲ့ကားဟာ အကို တို႔
အိမ္ေ႐ွ႕ေရာက္လို႔ရပ္လိုက္တယ္ဆိုရင္ပဲ အိမ္ေ႐ွ႕
တံခါးဝ မိုးေရထဲမွာထိုင္ေနတဲ့ အကို ။ လူတစ္
ကိုယ္လံုးလဲ မိုးေရေတြရႊဲစိုလို႔ ။ ရိပ္ၿငိမ္ ကားထဲမွ
အဆင္သင့္ေဆာင္ထားတဲ့ ထီးကိုယူေဆာင္းလိုက္
ရင္း အကို႔ ဆီ အေျပးလာခဲ့မိပါေတာ့တယ္ ။

" အကို! !! ဘာျဖစ္လို႔လဲ .... ဘာလို္႔ မိုးေရထဲထြက္
ထိုင္ေနရတာလဲ ... ေနမေကာင္းျဖစ္ေတာ့မွာပဲ
ဗ်ာ .... လႊမ္း ေရာ!!! လႊမ္း က ဘယ္ေရာက္ေနတာလဲ .... အိမ္ျပန္သြားတာလား "

ရိပ္ၿငိမ္ က အဆက္မျပတ္ေမးေနေပမဲ့ အကို႔ ရဲ႕ပံုစံက အသိမဝင္တဲ့လူတစ္ေယာက္လို တိတ္ဆိတ္
လို႔ ။ ရိပ္ၿငိမ္ အကို႔ ရဲ႕ပခံုးကိုအသာအယာ ကိုင္
လိုက္ရင္း -----

" အကို! !! ကြၽန္ေတာ္ေမးတာကို ေျဖဦးေလ ....
အဲလိုႀကီးတိတ္ဆိတ္ေနရင္ ကြၽန္ေတာ္စိတ္ပူ
တယ္ .... ဘာပဲျဖစ္ျဖစ္ ဘယ္လိုအေၾကာင္းကိုမဆို ကြၽန္ေတာ့္ကို ေျပာလို႔ရတယ္ဆိုတာ သိတယ္မို႔
လား .... အဲဒါေၾကာင့္ ေျပာျပေနာ္ .... အခု အိမ္ထဲ
ဝင္ရေအာင္ .... အကို႔ ႏႈတ္ခမ္းေတြျပာေနၿပီ .... မိုး
ေရထဲထြက္ထိုင္ေနတာ .... ဘယ္ေလာက္ေတာင္
ၾကာေနၿပီလဲမသိ "

ရိပ္ၿငိမ္က အိမ္ထဲကိုဝင္ဖို႔ အကို႔ကို ဆြဲထူလိုက္တဲ့အခ်ိန္ ----

" ရိပ္ၿငိမ္! !!!"

" အကို! !!! အိမ္ထဲအရင္ဝင္ရေအာင္လို႔ .... ၿပီးမွ
ေျပာခ်င္တာေတြအကုန္ေျပာေလ .... ကြၽန္ေတာ္
နားေထာင္ေပးမယ္ေနာ္ "

" ကိုယ့္ကိုေလ ....  ကိုယ့္ကို လႊမ္းေလး က ျငင္း
လိုက္ၿပီထင္တယ္ "

ရိပ္ၿငိမ္ ဘာပဲေျပာေျပာ အကိုက မၾကားသလိုပံုစံ
နဲ႔ သူေျပာခ်င္တာကိုသာ အ႐ူးတစ္ေယာက္လို
ေျပာေနပါတယ္ ။

" အကို႔ စကားက ဘယ္လိုႀကီးတုန္း .... လႊမ္း ကဘာေျပာလို႔လဲ "

ကိုယ္ရဲ႕ေမးလိုက္တဲ့စကားဆံုးတယ္ဆိုရင္ပဲ အကို က အိမ္ထဲကို ဝင္ဖို႔ ထလာပါတယ္ ။ စိုရႊဲေနတဲ့
ခႏၶာကိုယ္နဲ႔ အိမ္ထဲဝင္လာျပီး ဧည့္ခန္းက ခံုေပၚမွာ
တင္ထားတဲ့ သူ႔ဖုန္းကို ဖြင့္ျပလာလို႔ ၾကည့္လိုက္
မိေတာ့ ဖုန္းထဲမွာ လႊမ္း ပို႔ထားတဲ့ စာတိုတစ္
ေစာင္ ။

" လႊမ္း ညကဘယ္မွာအိပ္လို႔လဲ .... ၿပီးေတာ့ အကို႔
ကိုေရာ ဘာေတြထပ္ေျပာေသးလဲ "

" ကိုယ္ဖုန္းဆက္ေပမဲ့ သူမဟုတ္တဲ့ အျခားတစ္
ေယာက္လာကိုင္တယ္ .... ကိုယ္တကယ္အျငင္း
ခံလိုက္ရၿပီထင္ပါတယ္ "

အကိုက ေျပာၿပီးတာနဲ႔ ၾကမ္းျပင္ေပၚထိုင္ခ်လိုက္
ကာ မ်က္ရည္ေတြက်လာပါေတာ့တယ္ ။ အကို႔ ရဲ႕
အခုလိုပံုစံကိုျမင္လိုက္ရတာဟာ ရိပ္ၿငိမ္အတြက္
ေတာ့ ကမၻာပ်က္သြားသလိုပါပဲ ။ အကို႔ေဘးနား
မွာ ဝင္ထိုင္လိုက္ရင္း ----

" အကို !!!! စိတ္ကို နည္းနည္းေလ်ွာ့ထားေနာ္ ...
ကြၽန္ေတာ္သိသေလာက္ကေတာ့ ... လႊမ္း မွာတြဲ
ေနတဲ့သူမ႐ွိပါဘူး ..... ကြၽန္ေတာ့္ကိုအသိမေပးတာလားဆိုတာေတာ့ မသိဘူးေပါ့ေလ .... ဘာပဲ ျဖစ္
ျဖစ္ .... ခုေလာေလာဆယ္ေတာ့ အကို နားလိုက္
ပါေနာ္ .... ဘာမွလည္းမစားရေသးဘူးမို႔လား ....
ကြၽန္ေတာ္တစ္ခုခု လုပ္ေပးမယ္ .... ကိုယ္လက္
သန္႔စင္ၿပီး အဝတ္ထူထူေလးဝတ္ထား .... အဲဒါမွ
ေႏြးသြားမွာေလ "

" ကိုယ္ ဘာမွလုပ္ခ်င္စိတ္မ႐ွိေသးဘူး ရိပ္ၿငိမ္ "

" မလုပ္ခ်င္လို႔မရဘူး .... ကဲ !!! ထပါ အကို ရယ္... လိမၼာတယ္ေနာ္ .... အဝတ္အစားေတာ့လဲၿပီး ေခါင္း
ေရေျခာက္ေအာင္သုတ္ရမယ္ေလ "

ရိပ္ၿငိမ္ ဆြဲထူလိုက္မွ အကို ကသူ႔အခန္းဆီ ခပ္ေလးေလး ေလ်ွာက္သြားပါတယ္။အကို သူ႔အခန္း
ထဲဝင္သြားတာကို ေစာင့္ၾကည့္ၿပီးမွ ရိပ္ၿငိမ္ တစ္
ေယာက္ မီးဖိုခန္းထဲဝင္ ၾကက္ဥေၾကာ္ ၊ ေခါက္ဆြဲ
ျပဳတ္ေပးလိုက္တယ္ ။

အဝတ္အစားလဲ ေခါင္းေရသုတ္ၿပီးမွ အကိုက
ထမင္းစားခန္းထဲလာတာမို႔ မနက္စာအတူတူစား ၊
ၿပီးတာနဲ႔ အကို႔ကို ခဏေလာက္အိပ္လိုက္ပါ ၊ မျပန္
ပဲ ေစာင့္ေပးပါ့မယ္ဆိုၿပီး အိပ္ခိုင္းလိုက္ရတယ္ ။
အကို အိပ္ေပ်ာ္ခ်ိန္ေလာက္က်မွ လႊမ္း ဖုန္းကို ေခၚလိုက္တဲ့အခ်ိန္ ----- ။

" Hello "

" လႊမ္း! !!!မင္းအခု ဘယ္မွာလဲ "

" ႐ွင္လႊမ္းေနခ က အိပ္ေနတုန္း .... ဘာေျပာစရာ
႐ွိလို႔လဲ "

တဖက္က ျပန္ေျဖလာတာက သူစိမ္းတစ္ေယာက္
ျဖစ္ေနတာေၾကာင့္ ----

" ကြၽန္ေတာ္ သူ႔သူငယ္ခ်င္းပါ .... လႊမ္း ညက ျပန္
မလာလို႔ စိတ္ပူလို႔ပါ ... အခုသူနဲ႔ ဖုန္းေျပာလို႔ရ
မလား ခင္ဗ်ာ "

" မရဘူး "

" ကြၽန္ေတာ္ခဏပဲေျပာမွာ ---"

တဖက္က ရိပ္ၿငိမ္ စကားမဆံုးေသးခင္ျပတ္ေတာက္
သြားတဲ့ဖုန္းသံေၾကာင့္ ေနာက္တစ္ႀကိမ္ျပန္ေခၚ
ၾကည့္ေတာ့ ဖုန္းမကိုင္ေတာ့ပါဘူး ။

႐ုတ္တရက္ျပတ္ေတာက္သြားတဲ့ ဖုန္းသံေၾကာင့္
ရိပ္ၿငိမ္ သက္ျပင္းသာခ်ေနမိပါေတာ့တယ္ ။

" မင္းနဲ႔ အကို ၾကားမွာ ငါ႐ူးခ်င္တယ္ လႊမ္း ရယ္ "

                   #Phoenix

Waiting for Part - 21
Thank you.

21.9.2021
A.M - 8:00  

<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>

    Part - 20

                   မာန၏ အခြားတစ်ဖက်

                    🌟🌟🌟🌟🌟🌟

နောက်ဆုံးဆိုတဲ့အရာကို အကြိမ်ကြိမ်ရယူပြီး
ကိုယ့်ရင်ခွင်ထဲမှာ မောမောပန်းပန်းနဲ့ မှိန်းနေတဲ့
ကောင်လေးကို ရေချိုးခန်းထဲပွေ့ချီသွားပြီး သန့်
ရှင်းရေး ကိုယ်တိုင်လုပ်ပေးနေတဲ့အချိန် လွှမ်းငယ်
တစ်ကိုယ်လုံးမှာ ကိုယ်ပေးထားတဲ့အချစ်အမှတ်
အသားတွေကအပြည့် ။

နောက်ဆုံး အိပ်ရာခင်းတွေကအစ အသစ်လဲပြီး
အိပ်ရာထဲ ချသိပ်လိုက်တော့ ကလေးတစ်ယောက်လို ကိုယ့်ရင်ခွင်ထဲ အတင်းတိုးဝင်နေရှာတယ် ။
လွှမ်းငယ်မသိသေးတာက သူ့ကိုယ်ခေါ်လာတဲ့
Hotel ကို ကိုယ်ပိုင်တဲ့ Hotel ဆိုတာကိုပဲ ။

အမှန်တော့ လွှမ်းငယ် အရမ်းပင်ပန်ပြီး အိပ်ပျော်
တော့မှာ ။ အေးစက်နေတဲ့ လွှမ်းရဲ့ ခန္ဓာကိုယ်
နွေးသွားအောင် ရင်ခွင်ထဲဆွဲသွင်းပြီး ဖက်ထား
လိုက်ပါတယ် ။

စောင်တစ်ထည်ကို အတူတူခြုံပြီး အိပ်ဖို့ပြင်တော့
လွှမ်းငယ် လက်တွေက ကိုယ့်ခါးကိုလာဖက်ရက်
သား ။ မာန် ကျေကျေနပ်နပ်ပြုံးလိုက်မိပါတယ် ။
လွှမ်းငယ်သာမြင်ရင် လူယုတ်မာအပြုံးလို့ သေချာ
ပေါက်ပြောမယ်ထင်ပါရဲ့ ။

<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>

စားပွဲခုံပေါ်မှာတင်ထားတဲ့ နာရီကနေထွက်လာတဲ့ အသံကြောင့် ထည်ဝါ တစ်ယောက် လက်ရှိအ
ချိန်ကို အသိစိတ်ပြန်ဝင်လာတယ် ။ နာရီကိုကြည့်လိုက်တော့ ညကိုးနာရီ ။ ညနေထဲက လွှမ်းလေး
အခန်းထဲက ကုတင်မှာလာထိုင်နေမိတာပါလား ။

ဆေးရုံကနေ အိမ်ပြန်လာတဲ့အချိန် လွှမ်းလေး ကိုမတွေ့ရလို့ ဖုန်းဆက်ပေမဲ့ တစ်ဖက်က မကိုင်ဘူး ။ လမ်းမှာများ တစ်ခုခုဖြစ်လို့လားဆိုတဲ့စိတ်နဲ့ ကျောင်းလမ်းတစ်လျှောက် ကားနဲ့လိုက်မောင်းရှာကြည့်
ပေမဲ့လည်း ဘာမှမထူးခြား ။

အကြောင်းတစ်ခုခုများရှိလို့နောက်ကျနေတာလားဆိုပြီးစောင့်နေတာ ညခုနှစ်နာရီထိုးတဲ့အထိပဲ ။
ဒီကြားထဲ အချိန်အခါမဟုတ်ရွာလာတဲ့မိုးကြောင့်
လွှမ်းလေးကို ပိုပြီး စိတ်ပူလာပါတယ် ။

ညနေထဲက ရိပ်ငြိမ်ဆီကို ဖုန်းဆက်မေးတော့လည်း ဘာမှမသိခဲ့ရပြန်ဘူး ။ ဒီလိုနဲ့ စောင့်နေရင်းကနေ
ဖုန်းထဲကို လွှမ်း ဖုန်းနံပါတ်နဲ့ဝင်လာတဲ့ Message ကြောင့် စိုးရိမ်စိတ်နဲ့ ဖွင့်ကြည့်လိုက်တဲ့အချိန် -----

📝 ဒီညကျွန်တော့ြ်ပန်မလာဖြစ်တော့ဘူးနော်

                     လွှမ်း 📝

ဆိုတဲ့စာလေးနဲ့အတူတူ ဓာတ်ပုံတစ်ပုံ ။ ကြည့်
လိုက်တော့ အပေါ်ပိုင်းမှာ အဝတ်အစားမရှိဘဲ ခါး
အောက်ပိုင်းမှာ စောင်တစ်ထည်ကို ဖြစ်သလိုတင်ထားတဲ့ လွှမ်း ရဲ့ပုံ ။ လွှမ်းလေး အိပ်ပျော်နေတာကို တစ်ယောက်ယောက်က ဓာတ်ပုံရိုက်ပြီး ပို့လိုက်တာ ။  လွှမ်းလေး တစ်ယောက်ယောက်ရဲ့ ဒုက္ခ
္ခပေးတာခံနေရပြီဆိုတာကို ထည်ဝါ့စိတ်ထဲ သေချာ
သိနေတာ ။

တစ်ညလုံး ဘယ်သူနဲ့ရှိနေမှာလည်း ။ ဘယ်မှာရှိ
နေတာလဲ ဆိုတဲ့ စိတ်နဲ့ ဖုန်းခေါ်လိုက်တဲ့အချိန် 
တဖက်က လာကိုင်တဲ့သူက လွှမ်း မဟုတ်ဘူး ။

"ဘယ်သူလဲ "

သြရှရှအသံပိုင်ရှင်ကြောင့် ထည်ဝါ စိတ်ကို အ
တက်နိုင်ဆုံး တည်ငြိမ်အောင် စိတ်ကိုထိန်းလိုက်
ရင်း -----

" လွှမ်း နဲ့ စကားပြောချင်လို့ပါ "

" လွှမ်းငယ် က အခုအိပ်ပျော်နေတယ် .... နိုးလာ
မှပြောလိုက်မယ် "

" ကျွန်တော်သူနဲ့ အခုပြောရမှဖြစ် -----"

" တီ!!!! တီ! !!! တီ! !!! "

ကိုယ့်စကားမဆုံးသေးခင် ပြတ်တောက်သွားတဲ့
ဖုန်းလိုင်း ။ ပြန်ခေါ်ကြည့်တော့ စက်ပိတ်ထားပါ
သည်တဲ့ ။

ရလိုရငြား အရူးတစ်ယောက်ကို အကြိမ်ပေါင်းများစွာ ဖုန်းပြန်ခေါ်ပေမဲ့ ဖုန်းက လုံးဝစက်ဖွင့်မလာ
တော့ပါဘူး ။ ဒီလိုနဲ့ပဲ တစ်ညလုံး ကုန်ဆုံးသွား
ရပါတော့တယ် ။

တစ်ညလုံးအချိန်တွေ အတူတူကုန်ဆုံးရအောင်
လွှမ်း က သူ့ချစ်သူနဲ့အတူတူ ရှိနေတာလား ။ မဖြစ်
နိုင်ပါဘူး ။ လွှမ်း မှာသာ ချစ်သူရှိနေရင် ကိုယ့်ကို
ခဏတော့စောင့်ပေးပါ ။ စဉ်းစားပါရာ့စေဆိုတဲ့
စကားမျိုး လွှမ်းလေးက ပြောခဲ့မှာမဟုတ် ။
ဒါဆို လွှမ်း နဲ့အခုရှိနေတာ ဘယ်သူလဲ ။ အဲအ
တွေးနဲ့ပဲ တစ်ညလုံး ပူလောင်နေပြီး မိုးလင်းသွားတာတောင် သတိမထားခဲ့မိတော့တဲ့အထိ ။

အစထဲက ပိုင်ဆိုင်ရဖို့ကို အများကြီးမမျှော်လင့်ခဲ့
ပေမဲ့ အခုလိုမျိုးအခြေအနေကြီး လက်ခံလိုက်ရတဲ့အခါကျတော့ တကယ်ရူးသွားမလောက်ပါပဲ ။

" ကိုယ်အရမ်းချစ်ခဲ့တာလေ လွှမ်းလေး ရယ် ....
ကိုယ့်ဘဝရဲ့ပထမဦးဆုံးအချစ်ပါ ....  ငြင်းချင်ရင်
တောင် လွှမ်း ကိုယ်တိုင် ငြင်းရမှာမဟုတ်ဘူးလား ... အခုဟာက ဘယ်လိုတွေဖြစ်ကုန်တာလဲ ... ကိုယ်တို့တွေ မနေ့ကအထိ အဆင်ပြေနေကျ
သေးတဲ့ဟာကို "

ဆောက်တည်ရာမရတဲ့စိတ်နဲ့ ဘာလုပ်လို့ လုပ်ရ
မှန်းမသိတဲ့အချိန် တစ်စုံတစ်ယောက်ကို သတိရမိသွားပါတယ် ။ ရိပ်ငြိမ် !!! ဟုတ်တယ် ....  ကိုယ်
မင်းကိုရင်ဖွင့်ချင်လိုက်တာ .... ဒီတိုင်းတစ်
ယောက်ထဲဆို ကိုယ်ရူးသွားမှာကြောက်နေမိတယ် ။

စိတ်ထဲပေါ်လာတဲ့အတိုင်း ဖုန်းကိုဖွင့်ပြီး ရိပ်ငြိမ်
ကို ဖုန်းခေါ်လိုက်မိတဲ့အချိန် ----

" Hello အကို .... အစောကြီး ဖုန်းတွေဘာတွေ
ဆက်လို့ .... ဘာဖြစ်လို့လဲဟင် "

" ရိပ်ငြိမ် .... ကိုယ် မင်းဆီလာချင်လို့ .... အဲဒါလာလို့ရမလားဟင် "

" အကို ... ဘာတွေဖြစ်နေတာလဲ ...ညက
လွှမ်း ပြန်မလာဘူးလား "

" ကိုယ့်ကို ကျန်တာတွေမမေးသေးပါနဲ့လား ရိပ်ငြိမ်
ရယ် ....  ကိုယ်မင်းဆီလာချင်လို့ပါ .... ကိုယ်တစ်
ယောက်ထဲနေနေရတာ ရူးတော့မလို ဖြစ်နေပြီ "

" အကို! !! စိတ်အေးအေးထားနော် .... ကျွန်တော်
အကို့ ဆီလာခဲ့မယ် .... အခုက မိုးတွေလဲရွာနေ
တယ်လေ .... အကို့ အသံကိုနားထောင်ရတာနဲ့
တင် အဆင်မပြေမှန်း ကျွန်တော်သိနေတယ် ....
ဒီအချိန် ကားမောင်းပြီး အပြင်ကိုမထွက်သင့်ဘူး
.... ခဏပဲစောင့်နော် ....  ကျွန်တော်အခုပဲလာခဲ့
မှာမို့ .... တကယ်ခဏလေးပဲစောင့်ရမှာ "

ပြောပြီးတာနဲ့ချက်ချင်းပြတ်တောက်သွားတဲ့ ဖုန်းသံကြောင့် သိပ်မကြာခင် ရိပ်ငြိမ် သူ့ဆီရောက်
လာတော့မယ်ဆိုတာကို ထည်ဝါ့ စိတ်ထဲက
သိနေပါတော့တယ် ။

<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>

မနက်စောစော ကားလမ်းပေါ်မှာပြေးနေတဲ့ ရိပ်ငြိမ်
ရဲ့ကားလေးဟာ ခါတိုင်းမောင်းနေကျအရှိန်ထက်
ပိုတင်ပြီးမောင်းနေတာတောင် စိတ်ထဲမှာ နှေး
လိုက်တာလို့ထင်နေမိတယ် ။

အကို နဲ့ လွှမ်း ဘာများဖြစ်လို့လဲ။ အဆင်မပြေကျဘူးလား ။ တကယ်ဆို အကို ကပျော်ရွှင်နေတဲ့ပုံ
လေးနဲ့သာလိုက်ဖက်တဲ့ လူသားလေးပါ ။ အမြဲ
တမ်းပြုံးပျော်နေတာမျိုးပဲ မြင်ချင်ခဲ့တာလေ ။
အခုဘယ်လိုဖြစ်လို့ ဝမ်းနည်းနေတဲ့အသံမျိုးကို
ကြားနေရတာလဲ ။ အဲလိုတွေကြားရတာတကယ်အဆင်မပြေဘူး အကို ရယ် ။ ကျွန်တော်ချစ်ရတဲ့သူကို ဘာအကြောင်းနဲ့မှ မခံစားရစေချင်ဘူးဗျာ။

အတွေး တွေနဲ့မောင်းလာတဲ့ကားဟာ အကို တို့
အိမ်ရှေ့ရောက်လို့ရပ်လိုက်တယ်ဆိုရင်ပဲ အိမ်ရှေ့
တံခါးဝ မိုးရေထဲမှာထိုင်နေတဲ့ အကို ။ လူတစ်
ကိုယ်လုံးလဲ မိုးရေတွေရွှဲစိုလို့ ။ ရိပ်ငြိမ် ကားထဲမှ
အဆင်သင့်ဆောင်ထားတဲ့ ထီးကိုယူဆောင်းလိုက်
ရင်း အကို့ ဆီ အပြေးလာခဲ့မိပါတော့တယ် ။

" အကို! !! ဘာဖြစ်လို့လဲ .... ဘာလို့် မိုးရေထဲထွက်
ထိုင်နေရတာလဲ ... နေမကောင်းဖြစ်တော့မှာပဲ
ဗျာ .... လွှမ်း ရော!!! လွှမ်း က ဘယ်ရောက်နေတာလဲ .... အိမ်ပြန်သွားတာလား "

ရိပ်ငြိမ် က အဆက်မပြတ်မေးနေပေမဲ့ အကို့ ရဲ့ပုံစံက အသိမဝင်တဲ့လူတစ်ယောက်လို တိတ်ဆိတ်
လို့ ။ ရိပ်ငြိမ် အကို့ ရဲ့ပခုံးကိုအသာအယာ ကိုင်
လိုက်ရင်း -----

" အကို! !! ကျွန်တော်မေးတာကို ဖြေဦးလေ ....
အဲလိုကြီးတိတ်ဆိတ်နေရင် ကျွန်တော်စိတ်ပူ
တယ် .... ဘာပဲဖြစ်ဖြစ် ဘယ်လိုအကြောင်းကိုမဆို ကျွန်တော့်ကို ပြောလို့ရတယ်ဆိုတာ သိတယ်မို့
လား .... အဲဒါကြောင့် ပြောပြနော် .... အခု အိမ်ထဲ
ဝင်ရအောင် .... အကို့ နှုတ်ခမ်းတွေပြာနေပြီ .... မိုး
ရေထဲထွက်ထိုင်နေတာ .... ဘယ်လောက်တောင်
ကြာနေပြီလဲမသိ "

ရိပ်ငြိမ်က အိမ်ထဲကိုဝင်ဖို့ အကို့ကို ဆွဲထူလိုက်တဲ့အချိန် ----

" ရိပ်ငြိမ်! !!!"

" အကို! !!! အိမ်ထဲအရင်ဝင်ရအောင်လို့ .... ပြီးမှ
ပြောချင်တာတွေအကုန်ပြောလေ .... ကျွန်တော်
နားထောင်ပေးမယ်နော် "

" ကိုယ့်ကိုလေ ....  ကိုယ့်ကို လွှမ်းလေး က ငြင်း
လိုက်ပြီထင်တယ် "

ရိပ်ငြိမ် ဘာပဲပြောပြော အကိုက မကြားသလိုပုံစံ
နဲ့ သူပြောချင်တာကိုသာ အရူးတစ်ယောက်လို
ပြောနေပါတယ် ။

" အကို့ စကားက ဘယ်လိုကြီးတုန်း .... လွှမ်း ကဘာပြောလို့လဲ "

ကိုယ်ရဲ့မေးလိုက်တဲ့စကားဆုံးတယ်ဆိုရင်ပဲ အကို က အိမ်ထဲကို ဝင်ဖို့ ထလာပါတယ် ။ စိုရွှဲနေတဲ့
ခန္ဓာကိုယ်နဲ့ အိမ်ထဲဝင်လာပြီး ဧည့်ခန်းက ခုံပေါ်မှာ
တင်ထားတဲ့ သူ့ဖုန်းကို ဖွင့်ပြလာလို့ ကြည့်လိုက်
မိတော့ ဖုန်းထဲမှာ လွှမ်း ပို့ထားတဲ့ စာတိုတစ်
စောင် ။

" လွှမ်း ညကဘယ်မှာအိပ်လို့လဲ .... ပြီးတော့ အကို့
ကိုရော ဘာတွေထပ်ပြောသေးလဲ "

" ကိုယ်ဖုန်းဆက်ပေမဲ့ သူမဟုတ်တဲ့ အခြားတစ်
ယောက်လာကိုင်တယ် .... ကိုယ်တကယ်အငြင်း
ခံလိုက်ရပြီထင်ပါတယ် "

အကိုက ပြောပြီးတာနဲ့ ကြမ်းပြင်ပေါ်ထိုင်ချလိုက်
ကာ မျက်ရည်တွေကျလာပါတော့တယ် ။ အကို့ ရဲ့
အခုလိုပုံစံကိုမြင်လိုက်ရတာဟာ ရိပ်ငြိမ်အတွက်
တော့ ကမ္ဘာပျက်သွားသလိုပါပဲ ။ အကို့ဘေးနား
မှာ ဝင်ထိုင်လိုက်ရင်း ----

" အကို !!!! စိတ်ကို နည်းနည်းလျှော့ထားနော် ...
ကျွန်တော်သိသလောက်ကတော့ ... လွှမ်း မှာတွဲ
နေတဲ့သူမရှိပါဘူး ..... ကျွန်တော့်ကိုအသိမပေးတာလားဆိုတာတော့ မသိဘူးပေါ့လေ .... ဘာပဲ ဖြစ်
ဖြစ် .... ခုလောလောဆယ်တော့ အကို နားလိုက်
ပါနော် .... ဘာမှလည်းမစားရသေးဘူးမို့လား ....
ကျွန်တော်တစ်ခုခု လုပ်ပေးမယ် .... ကိုယ်လက်
သန့်စင်ပြီး အဝတ်ထူထူလေးဝတ်ထား .... အဲဒါမှ
နွေးသွားမှာလေ "

" ကိုယ် ဘာမှလုပ်ချင်စိတ်မရှိသေးဘူး ရိပ်ငြိမ် "

" မလုပ်ချင်လို့မရဘူး .... ကဲ !!! ထပါ အကို ရယ်... လိမ္မာတယ်နော် .... အဝတ်အစားတော့လဲပြီး ခေါင်း
ရေခြောက်အောင်သုတ်ရမယ်လေ "

ရိပ်ငြိမ် ဆွဲထူလိုက်မှ အကို ကသူ့အခန်းဆီ ခပ်လေးလေး လျှောက်သွားပါတယ်။အကို သူ့အခန်း
ထဲဝင်သွားတာကို စောင့်ကြည့်ပြီးမှ ရိပ်ငြိမ် တစ်
ယောက် မီးဖိုခန်းထဲဝင် ကြက်ဥကြော် ၊ ခေါက်ဆွဲ
ပြုတ်ပေးလိုက်တယ် ။

အဝတ်အစားလဲ ခေါင်းရေသုတ်ပြီးမှ အကိုက
ထမင်းစားခန်းထဲလာတာမို့ မနက်စာအတူတူစား ၊
ပြီးတာနဲ့ အကို့ကို ခဏလောက်အိပ်လိုက်ပါ ၊ မပြန်
ပဲ စောင့်ပေးပါ့မယ်ဆိုပြီး အိပ်ခိုင်းလိုက်ရတယ် ။
အကို အိပ်ပျော်ချိန်လောက်ကျမှ လွှမ်း ဖုန်းကို ခေါ်လိုက်တဲ့အချိန် ----- ။

" Hello "

" လွှမ်း! !!!မင်းအခု ဘယ်မှာလဲ "

" ရှင်လွှမ်းနေခ က အိပ်နေတုန်း .... ဘာပြောစရာ
ရှိလို့လဲ "

တဖက်က ပြန်ဖြေလာတာက သူစိမ်းတစ်ယောက်
ဖြစ်နေတာကြောင့် ----

" ကျွန်တော် သူ့သူငယ်ချင်းပါ .... လွှမ်း ညက ပြန်
မလာလို့ စိတ်ပူလို့ပါ ... အခုသူနဲ့ ဖုန်းပြောလို့ရ
မလား ခင်ဗျာ "

" မရဘူး "

" ကျွန်တော်ခဏပဲပြောမှာ ---"

တဖက်က ရိပ်ငြိမ် စကားမဆုံးသေးခင်ပြတ်တောက်
သွားတဲ့ဖုန်းသံကြောင့် နောက်တစ်ကြိမ်ပြန်ခေါ်
ကြည့်တော့ ဖုန်းမကိုင်တော့ပါဘူး ။

ရုတ်တရက်ပြတ်တောက်သွားတဲ့ ဖုန်းသံကြောင့်
ရိပ်ငြိမ် သက်ပြင်းသာချနေမိပါတော့တယ် ။

" မင်းနဲ့ အကို ကြားမှာ ငါရူးချင်တယ် လွှမ်း ရယ် "

                   #Phoenix

Waiting for Part - 21
Thank you.

21.9.2021
A.M - 8:00      

Continue Reading

You'll Also Like

529K 104K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!
330K 21.4K 62
စီးပွားရေး လောက မှာကော မူးယစ်ဂိုဏ်း လောက မှာ ပါ DEVIL အဖြစ် နာမည်ကျော်ကြားတဲ့ XIAO ZHAN... ငယ်ငယ်ကထဲက ရှာနေသူလေးကို စတွေ့တဲ့ အချိန်မှာပဲ အရက်စက်ဆုံး...
26.5K 6.1K 37
tk sinhala
51.1K 7.1K 29
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...