Book-1 (မှော်ဆေးဧကရာဇ်၊ သိုင်...

By Xiaosuwang

69.7K 6K 21

ကိုယ်တိုင်ရေးမဟုတ်ပါ။ ဖတ်ချင်လို့saveထားတာပါ။ မှော်ဆေးဧကရာဇ် ၊ သိုင်းနတ်ဘုရား ချင်းမင် ချင်းမင်သည် ဆေးနတ်ဘုရာ... More

စာစဥ် ၁၊အပိုင်း၁
စာစဥ် ၁၊အပိုင်း၂
စာစဥ် ၁၊အပိုင်း၃
စာစဥ် ၁၊အပိုင်း၄
စာစဥ် ၁၊အပိုင်း၅
စာစဥ် ၁၊အပိုင်း၆
စာစဥ် ၁၊အပိုင်း၇
စာစဥ် ၁၊အပိုင်း၈
အပိုင်း-9
အပိုင်း-10
အပိုင်း-11
အပိုင်း-12
အပိုင်း-13
အပိုင်း-14
အပိုင်း-15
အပိုင်း-16
အပိုင်း-17
အပိုင်း-18
အပိုင်း-19
အပိုင်း-20
စာစဥ်-2၊ အပိုင်း-21
အပိုင်း-22
အပိုင်း-23
အပိုင်း-24
အပိုင်း-25
အပိုင်း-26
အပိုင်း-27
အပိုင်း- 28
အပိုင်း-29
အပိုင်း-30
အပိုင်း-31
အပိုင်း-32
အပိုင်း-33
အပိုင်း-34
အပိုင်း-35
အပိုင်း-36
အပိုင်း-37
အပိုင်း-38
အပိုင်း-39
အပိုင်း-40
စာစဥ်-3၊ အပိုင်း-41
အပိုင်း-42
အပိုင်း-43
အပိုင်း-44
အပိုင်း-45
အပိုင်း-46
အပိုင်း-47
အပိုင်း-48
အပိုင်း-49
အပိုင်း-50
အပိုင်း-51
အပိုင်း-52
အပိုင်း-53
အပိုင်း-54
အပိုင်း-55
အပိုင်း-56
အပိုင်း-57
အပိုင်း-58
အပိုင်း-59
အပိုင်း-60
စာစဥ်-4 ၊ အပိုင်း-61
အပိုင်း-62
အပိုင်း-63
အပိုင်း-64
အပိုင်း-65
အပိုင်း-66
အပိုင်း-67
အပိုင်း-68
အပိုင်း-69
အပိုင်း-70
အပိုင်း-71
အပိုင်း-72
အပိုင်း-73
အပိုင်း-74
အပိုင်း-75
အပိုင်း-76
အပိုင်း-77
အပိုင်း-78
အပိုင်း-80
အပိုင်း-81
အပိုင်း-82
အပိုင်း-83
အပိုင်း-84
အပိုင်း-85
အပိုင်း-86
အပိုင်း-87
အပိုင်း-88
အပိုင်း-89
အပိုင်း-90
စာစဥ်-5၊ အပိုင်း-91
အပိုင်း-92
အပိုင်း-93
အပိုင်း-94
အပိုင်း-95
အပိုင်း-96
အပိုင်း-97
အပိုင်း-98
အပိုင်း-99
အပိုင်း-100
စာစဥ်-6၊အပိုင်း-101
အပိုင်း-102
အပိုင်း-103
အပိုင်း-104
အပိုင်း-105
အပိုင်း-106
အပိုင်း-107
အပိုင်း-108
အပိုင်း-109
အပိုင်း-110
အပိုင်း-111
အပိုင်း-112
အပိုင်း-113
အပိုင်း-114
အပိုင်း-115
အပိုင်း-116
အပိုင်း-117
အပိုင်း-118
အပိုင်း-119
အပိုင်း-120
စာစဥ်-7၊ အပိုင်း-121
အပိုင်း-122
အပိုင်း-123
အပိုင်း-124
အပိုင်း-125
အပိုင်း-126
အပိုင်း-127
အပိုင်း-128
အပိုင်း-129
အပိုင်း-130
အပိုင်း-131
အပိုင်း-132
အပိုင်း-133
အပိုင်း-134
အပိုင်း-135
အပိုင်း-136
အပိုင်း-137
အပိုင်း-138
အပိုင်း-139
အပိုင်း-140
စာစဥ်-8၊ အပိုင်း-141
အပိုင်း-142
အပိုင်း-143
အပိုင်း-144
အပိုင်း-145
အပိုင်း-146
အပိုင်း-147
အပိုင်း-148
အပိုင်း-149
အပိုင်း-150
အပိုင်း-151
အပိုင်း-152
အပိုင်း-153
အပိုင်း-154
အပိုင်း-155
အပိုင်း-156
အပိုင်း-157
အပိုင်း-158
အပိုင်း-159
အပိုင်း-160
စာစဥ်-9၊ အပိုင်း-161
အပိုင်း-162
အပိုင်း-163
အပိုင်း-164
အပိုင်း-165
အပိုင်း-166
အပိုင်း-167
အပိုင်း-168
အပိုင်း-169
အပိုင်း-170
အပိုင်း-171
အပိုင်း-172
အပိုင်း-173
အပ်ုင်း-174
အပိုင်း-175
အပိုင်း-176
အပိုင်း-177
အပိုင်း-178
အပိုင်း-179
အပိုင်း-180
စာစဥ်-10၊ အပိုင်း-181
အပိုင်း-182
အပိုင်း-183
အပိုင်း-184
အပိုင်း-185
အပိုင်း-186
အပိုင်း-187
အပိုင်း-188
အပိုင်း-189
အပိုင်း-190
အပိုင်း-191
အပိုင်း-192
အပိုင်း-193
အပိုင်း-194
အပိုင်း-195
အပိုင်း-196
အပိုင်း-197
အပိုင်း-198
အပိုင်း-199
အပိုင်း-200

အပိုင်း-79

335 23 0
By Xiaosuwang

မှော်ဆေးဧကရာဇ် ၊ သိုင်းနတ်ဘုရား ချင်းမင်

စာစဉ် - 4

အပိုင်း - 79

ချင်းမင်က သူ့အခန်းထဲတွင် တင်ပျဉ်ခွေထိုင်ကာ လေ့ကျင့်နေလေသည်။ စိတ်ဝိညာဉ်ချီများက သူ့ခန္ဓာကိုယ်တစ်ခုလုံးအား ဖုံးလွှမ်းထား၏။

သူ့အဖေနှင့် ဆွေးနွေးတိုင်ပင်ပြီးနောက် သူ့အခန်းသို့ ပြန်ခဲ့ကာ လေ့ကျင့်နေခြင်းဖြစ်သည်။ ကျင့်ကြံခြင်းကား သူ၏ နေ့စဉ်လုပ်ရမည့် အလုပ်ထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။

သူက ကျိဝူကဲ့သို့ ဘာမဟုတ်သည့် လက်ထောက်မှော်ဆေးပညာရှင်လေးတစ်ယောက်ကို အနိုင်ယူလိုက်နိုင်ရုံမျှနှင့် ကျေနပ်အားရခြင်း မရှိပေ။

သူ၏ ရည်မှန်းချက်က သိုင်းနတ်ဘုရားအဆင့်သို့ ရောက်ရှိရန် မဟုတ်ပါလား။ သူ့ရည်မှန်းချက်သို့ ရောက်ရှိရန်အတွက် အချိန်ကိုအကျိုးရှိရှိ အသုံးချကာ လေ့ကျင့်နေသည်က အကောင်းဆုံး ဖြစ်သည်။

ချင်းမင် ကျင့်ကြံနေစဉ်တွင် ပုံရိပ် ၂ ခုက ချင်းမင်၏ နတ်ဘုရားစိတ်အာရုံအတွင်းသို့ ဝင်ရောက်လာကြသည်။

သူ့လို ဆေးနတ်ဘုရားတစ်ပါးအတွက် ရန်သူများက သူ့ နတ်ဘုရားအာရုံအတွင်းမှ လွတ်မြောက်သွားဖို့ဆိုသည်မှာ အိပ်မက်မက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

တစ်ချိန်တည်းတွင် သူ့ဘေးတွင် ရပ်နေသည့် အကြီးအကဲချင်ကလည်း ရန်သူများ ရောက်ရှိလာသည်ကို အာရုံခံမိလိုက်သည်။

" ဘယ်သူလဲ.."

အကြီးအကဲချင်က အော်မေးလိုက်၏။

ယခုအချိန်သည် ချင်းမင် လေ့ကျင့်နေခြင်း၌ အထွတ်အထိပ်သို့ ရောက်ရှိနေသည့် အချိန်ဖြစ်လေသည်။ ထို့ကြောင့် တစ်စုံတစ်ခု မှားယွင်းသွားခဲ့ပါက ယနေ့ ချင်းမင် ကြိုးစားထားသမျှ အလကား ဖြစ်သွားပေလိမ့်မည်။

ချင်းမင်က ထိုလူ ၂ ယောက်၏ အရှိန်အဝါများကို စစ်ဆေးကြည့်ပြီးလျှင် သက်ပြင်းတစ်ချက် ချလိုက်သည်။ ရန်သူများက အခုမှ သိုင်းအရှင် အဆင့်တွင်သာ ရှိနေသေးသည် မဟုတ်ပါလား။

သိုင်းအရှင်အဆင့်လောက်ကိုတော့ သူ အေးအေးဆေးဆေး ကိုင်တွယ်ဖြေရှင်းနိုင်လေသည်။

" သေစမ်း.၊ ငါတို့ကို တွေ့သွားပြီ.."

အနက်ရောင်ဝတ်စုံနှင့် လူ ၂ ယောက်က တစ်ခဏမျှ ထိတ်လန့်အံ့အားသင့်သွားပြီး ချက်ချင်းဆိုသလို ပုန်းလျှိုးကွယ်လျှိုး သွားလာနေရာမှ လူလုံးထွက်ပြလိုက်ကြသည်။

သူတို့ ၂ ယောက်က အကြီးအကဲချင်အား မြင်လျှင် သရော်တော်တော် ပြုံးလိုက်ကြသည်။

အစက သူတို့က ချင်းမိသားစုအား စုံစမ်းထောက်လှမ်းရန် ရောက်လာကြခြင်း ဖြစ်လေသည်။ သို့သော် သူတို့၏ ပစ်မှတ်က ချင်းမိသားစု ဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြ။ သူတို့အမြင်တွင် ချင်းမိသားစုသည် သူတို့ ၂ ယောက်အတွက် အန္တရာယ် မရှိနိုင်ဟု သတ်မှတ်ထားကြလေသည်။

ထိုလူနှစ်ယောက်၏ သရော်ပြုံးများကိုမြင်လျှင် အကြီးအကဲချင်က တစ်စုံတစ်ခုကို နားလည်သွား၏။

၎င်းတို့၏ ပစ်မှတ်က သူ ဖြစ်နေသည် မဟုတ်ပါလား။

" အဲ့ဒီ ငါ့ရဲ့ ခွေးလိုတပည့်က မင်းတို့ကို လွှတ်လိုက်တာလား.."

အကြီးအကဲချင်က အော်မေးလိုက်သည်။

ထိုအခိုက်တွင် ချင်းမိသားစု ခြံဝင်းတစ်ခုလုံးမှာလည်း မီးတုတ်များ၏ အလင်းရောင်ကြောင့် လင်းထိန်သွားသည်။

ထိုခဏ၌ လူတိုင်းက လက်နက်များကိုယ်စီ ဆွဲကိုင်ကာ အခန်းများထဲမှ အလျှိုလျှို ထွက်လာကြတော့သည်။

ချင်းယွမ်ကလည်း ဓါးတစ်လက်ကို ကိုင်ဆွဲကာ သူ့အခန်းဆီမှ ထွက်လာခဲ့သည်။

အနက်ရောင်ဝတ်စုံနှင့် လူ ၂ ယောက်အား မြင်လျှင် သူ့ရင်ထဲတွင် တုန်လှုပ်သွား၏။ ချင်းယွမ်က ချင်းမိသားစုမှ လူများကို ကျယ်လောင်စွာ အော်ဟစ် အမိန့်ပေးလိုက်သည်။

" အားလုံး ကိုယ့်အခန်းကိုယ် ပြန်ကြတော့..၊ ငါ့အမိန့်မရဘဲ ဘယ်သူမှ အပြင်မထွက်ခဲ့ကြနဲ့.."

ရန်သူ ၂ ယောက်လုံးက သိုင်းအရှင်အဆင့် ပညာရှင်များ ဖြစ်နေကြရာ သူတို့ဖက်က သိုင်းသခင်အဆင့် ပညာရှင် အများအပြား ရှိနေလျှင်ပင် ဘာမျှ အသုံးဝင်လိမ့်မည် မဟုတ်ချေ။

အခြေအနေက အလွန်အန္တရာယ်ရှိနေလေရာ ချင်းမိသားစုမှ လူများကို အထဲသို့ ပြန်ဝင်နေဖို့သာ ချင်းယွမ် အမိန့်ပေးနိုင်တော့သည်။ သိုင်းအရှင်များ၏ တိုက်ပွဲကြောင့် လူပေါင်းများစွာ ထိခိုက်ဒဏ်ရာရသွားနိုင်သည် မဟုတ်ပါလား။

ထိုအခါကျမှ ချင်းယွမ်တစ်ယောက် ချင်းမင်ပြောခဲ့သည့် ချင်းမိသားစု၏ အားနည်းချက်များကို နားလည်သွားတော့သည်။

အန္တရာယ်တစ်စုံတစ်ခုပေါ်ပေါက်လာပါက သူတို့ဖက်က အကူအညီပေးနိုင်သည့်လူ တစ်ယောက်မှ ရှိမနေတော့ချေ။

ကံကောင်းစွာဖြင့် အနည်းဆုံးတော့ အကြီးအကဲချင်က ထို သူခိုး ၂ ဦးကို တားဆီးထားနိုင်လေသည်။ မဟုတ်ပါက ဖြစ်လာမည့် အကျိုးဆက်များက မတွေးဝံ့စရာပင်။

အကယ်၍ ထိုလူ ၂ ယောက်ကသာ ချင်းမင်အား သတ်ချင်သည်ဆိုပါက အသံတစ်ချက်မထွက်ဘဲ သတ်ဖြတ်သွားနိုင်လေသည်။ ထိုသို့သာ ဖြစ်လာခဲ့ပါက ချင်းမိသားစုမှာ ဖြေမဆည်နိုင်လောက်အောင် ကြီးမားသည့် ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရပေလိမ့်မည်။ ပို၍ဆိုးလျှင် ချင်းမိသားစုတစ်ခုလုံး အဆုံးသတ်သွားနိုင်လေသည်။

သို့သော် ချင်းယွမ် မသိသည်မှာ အကယ်၍ ဤလူ ၂ ယောက်ကသာ ချင်းမင်၏ အခန်းဆီသို့ ရောက်သွားပါက အသံတစ်ချက်ပင် ထွက်လာနိုင်ကြမည်မဟုတ် ဆိုသည်ကိုပင်။

" သူက ငါတို့ရှာနေတဲ့လူဆိုတာ သေချာတယ်..၊ သတ်ကြစို့.."

အနက်ဝတ်နှင့် လူတစ်ယောက်က အကြီးအကဲချင်အား ဂရုတစိုက် စစ်ဆေးကြည့်လိုက်ပြီး တိကျခိုင်မာသည့် လေသံနှင့် ပြောလိုက်သည်။

စကားသံဆုံးသည်နှင့် အနက်ဝတ် လူ ၂ ယောက်က အကြီးအကဲချင်ထံသို့ တရှိန်ထိုး ပြေးဝင်သွားကြ၏။

ချင်းယွမ်ကလည်း သေချာပေါက် ထိုသို့အဖြစ်ခံလိမ့်မည် မဟုတ်ပေ။ သူက အကြီးအကဲချင်၏ ရှေ့သို့ ပြေးသွားလိုက်ပြီး ရန်သူ ၂ ဦးအား ထိပ်တိုက် ရင်ဆိုင်ရန် ပြင်လိုက်သည်။

ဘန်း....။

ဓါးဝင့်လိုက်သည့်အခါ အလင်းတန်း ၂ ခုထွက်ပေါ်လာပြီး ပေါက်ကွဲသွားကြ၏။ ထက်ရှလှသည့် ဓါးတစ်လက်အား ချင်းယွမ်၏ လက်ထဲတွင် ဆုပ်ကိုင်ထားသည်။ သို့သော် ဓါး၏ ကိုယ်ထည်ပေါ်တွင်တော့ သေးငယ်သည့် အက်ကြောင်းရာလေးတစ်ခု ကျန်ရစ်ခဲ့သည်ကို တွေ့နိုင်လေသည်။

" ဂရုစိုက်.."

အကြီးအကဲချင်က အော်ဟစ်လိုက်သည်။ သူကိုယ်တိုင်ကလည်း သိုလှောင်လက်စွပ်ထဲမှ ရတနာဓါးတစ်လက်အား ထုတ်ယူလိုက်ပြီး အနက်ဝတ် ရန်သူ ၂ ဦးဆီသို့ ထိုးသွင်းလိုက်သည်။

အနက်ဝတ် ရန်သူ ၂ ယောက်က အကြီးအကဲချင်နှင့် ရင်ဆိုင်ရင် ပြင်လိုက်ကြသည်။ သို့သော် အကြီးအကဲချင် ထုတ်သုံးလိုက်သည့် ဓါးသိုင်းက လှည့်ကွက်များစွာ ပါဝင်နေလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြချေ။ အကြီးအကဲချင်၏ ဓါးချက်ကြောင့် အနက်ဝတ် ရန်သူ ၂ ယောက် နောက်ဆုတ်လိုက်ရသည်။

" သူက ဝိညာဉ်ချီ မသုံးနိုင်တော့ဘူး...၊ အားစိုက်ပြီး တိုက်လိုက်ရအောင်.."

အနက်ဝတ် ရန်သူ ၂ ယောက်မှာ အကြီးအကဲချင်နှင့် တစ်ကြိမ်တိုက်ခိုက်လိုက်ရုံနှင့် အကြီးအကဲချင်၏ ပျော့ကွက်ကို ရှာတွေ့သွားကြသည်။

အမှန်တကယ်တွင်လည်း အကြီးအကဲချင်၏ ဒန်တျန်က ပျက်စီးနေပြီ ဖြစ်လေသည်။ ထို့ကြောင့် တိုက်ပွဲအတွင်း ဝိညာဉ်ချီစွမ်းအင်များကို အသုံးမပြုနိုင်တော့ပေ။

ချင်ယန်၏ သိုင်းဘုရင်အဆင့် ဝိညာဉ်ချီစွမ်းအင်များမှာ သူ့ခန္ဓာကိုယ်ထဲမှ အဆိပ်အား ဖိနှိပ်ရန် အသုံးပြုထားရသည်ဖြစ်ရာ အကြီးအကဲချင် အနေနှင့်လည်း လက်လွတ်စပယ် မသုံးရဲချေ။

" အကြီးအကဲချင်...၊ ကျနော် ကူပေးမယ်.."

ထိုအခိုက်တွင် ချင်းယွမ်က သူ့လက်ထဲမှ ဓါးအား လွှင့်ပစ်လိုက်ပြီး လက်ဗလာနှင့် စတင်တိုက်ခိုက်လိုက်သည်။

ချင်းယွမ်၏ လက်သီးသိုင်းက ဓါးသိုင်းလောက် ကောင်းမွန်ခြင်း မရှိသော်လည်း အလွန်အစွမ်းထက်သည်ကိုကား ဝန်ခံရပေမည်။ သို့နှင့် ချင်းယွမ်နှင့် အကြီးအကဲချင်တို့ နှစ်ယောက် ပူးပေါင်းလိုက်သည်တွင် အနက်ဝတ် ရန်သူ ၂ ဦး၏ တိုက်ခိုက်မှုအား ကာကွယ် ဟန့်တားနိုင်သွား၏။

Translated by  E=mc²

Continue Reading

You'll Also Like

76.3K 7.5K 101
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
215K 22.4K 104
ဘာသာပြန်သူ - စွဲညို့အသင်း
574K 67K 187
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...
685K 77.8K 200
ဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး...