Witnessing To The MaNaw Land_...

By DiDi_0410

6.7K 477 188

မနောတိုင်များအား သက်သေတည်ပါတယ်... ချစ်ရသူအနား ခစားခွင့်ပြုပေးပါ... မေနာတိုင္မ်ားအား သက္ေသတည္ပါတယ္... ခ်စ္ရသူအ... More

Intro ( Uni )
အပိုင်း - ၁ ( Uni + Zaw )
Intro ( Zaw )
အပိုင်း - ၂ ( uni )
အပိုင်း - ၂ ( Zaw )
အပိုင်း -၃ ( Uni )
အပိုင်း -၃ ( Zaw )
အပိုင်း - ၄ ( uni )
အပိုင်း - ၄ ( Zaw )
အပိုင်း - ၅ ( uni )
အပိုင်း - ၅ ( Zaw )
အပိုင်း - ၆ ( uni )
အပိုင်း - ၆ ( Zaw )
အပိုင်း - ၇ ( uni )
အပိုင်း - ၇ ( Zaw )
အပိုင်း - ၈ ( uni )
အပိုင်း - ၈ ( Zaw )
အပိုင်း - ၉ ( uni )
အပိုင်း - ၉ ( Zawgyi )
Please Read ‼️
အပိုင်း ၁၀ ( uni )
အပိုင်း - ၁၀ ( Zawgyi )
အပိုင်း - ၁၁ ( Uni )
အပိုင်း - ၁၁ ( Zaw )
အပိုင်း - ၁၂ ( Uni )
အပိုင်း - ၁၂ ( Zaw )
အပိုင်း - ၁၃ ( Uni )
အပိုင်း - ၁၃ ( Zaw )
အပိုင်း - ၁၄ ( Uni + Zaw )
အပိုင်း - ၁၅ ( Uni + Zaw )
အပိုင်း - ၁၆ ( Uni + Zaw )
အပိုင်း - ၁၇ ( Uni + Zaw )
အပိုင်း - ၁၈ ( Uni + Zaw )
‼️ D Day ‼️
အပိုင်း - ၁၉ ( Uni + Zaw )
အပိုင်း - ၂၁ ( Uni + Zaw )
အပိုင်း - ၂၂ ( Uni + Zaw )
Happy Birthday to Me \(๑╹◡╹๑)ノ♬
အပိုင်း - ၂၃ ( Uni + Zaw )
အပိုင်း - ၂၄ ( Uni + Zaw )
အပိုင်း - ၂၅ ( Uni + Zaw )
Happy Thadingyut Everyone🎉✨
အပိုင်း - ၂၆« ဇာတ်သိမ်းပိုင်း »( Uni + Zaw )
ကျေးဇူးတင်လွှာ { ေက်းဇူးတင္လႊာ }
Extra for Christmas {{ Wedding Ceremony }}
Please

အပိုင်း - ၂၀ ( Uni + Zaw )

83 6 0
By DiDi_0410

ကောင်းမှုလုံဘုရားကြီးသည် ရွှေရောင်တဝင်းဝင်းနှင့်သပ္ပာယ်လျက်ရှိသည် ။ ကောင်းမှုလုံဘုရားကြီးသည် အဝေးမှကြည့်ပါက သေးငယ်သော စေတီငယ်ဟုထင်ရသော်လဲ သေချာအနီးသို့သွားလျှင် ကျယ်ဝန်းလှသော စေတီရင်ပြင်တော်နှင့်အတူ မြင့်မားသော ဉာဏ်တော်အမြင့်ကိုပါ အံ့ဩဖွယ်သိရှိနိုင်မည်ဖြစ်သည် ။

ကောင်းမှုလုံစေတီသည် ပူတာအိုခရိုင် မချမ်းဘောမြို့နယ်တွင်တည်ရှိသည် ။
ကောင်းမှုလုံစေတီသို့ရောက်သောအခါ ဘုရားရင်ပြင်တော်ပေါ်လျှောက်ပတ်ကြသည် ။ ထွေးနှင့်နှောင်းဝေက ဘုရားရှိခိုးနေကာ ဦးစိုင်းက အနားတွင်ထိုင်လျက် နှောင်းဝေ၏တည်ငြိမ်အေးချမ်းနေသော ပုံလေးအား ကြည်နူးစွာထိုင်ကြည့်နေလေသည် ။

ရဂွန်းကမူ သူ၏မွေးနံထောင့်ဖြစ်သည့် သောကြာထောင့်တွင်ရေသပ္ပါယ်နေသည် ။ ရဂွန်း၏အနူးသည် ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး အဝါးကမူ ခရစ်ယာန်ဘာသာဝင်တယောက်ဖြစ်သည် ။ အဝါးက ရဂွန်းအားမည်သည်ကိုကိုးကွယ်ရမည် ။ မည်သည်ကိုယုံကြည်ရမည်ဟု မကန့်သတ်ထားပေ ။ ရဂွန်း၏စိတ်ထဲမှ အမှန်တရားလို့ထင်တာမှန်သမျှကို ချင့်ချိန်ပြီးယုံကြည်ပါ လို့ပြောခဲ့သည် ။ အနူးကလဲ ရဂွန်းအားသူရှိနေစဉ်မှာ မကန့်သတ်ခဲ့ပေ ။

ထို့ကြောင့် ရဂွန်းသည် ခရစ်စမတ်ဆိုလျှင် ချက်ကျောင်းထဲမှာ ကျေးဇူးတော်သီချင်း‌တွေသီဆိုခဲ့ဖူးသည် ။ မာသာတို့နှင့်လဲ ယေရှုဘုရားရှင်ထံ အတူတူဆုတောင်းဖူးသည် ။
ဝါဆို ၊ သီတင်းကျွတ်ဆိုလျှင်လဲ လူကြီးသူမတွေလိုက်ကန်တော့ခဲ့သည် ။ ကဆုန်လပြည့်ဆိုလျှင်လဲ ညောင်ရေသွန်းလောင်းဖူးသည် ။

ရဂွန်း၏ဘဝသည် မခက်ခဲခဲ့ပါ ။ သို့အတူ လွယ်ကူခဲ့သည်လဲမဟုတ်ပေ ။ အဝါး၏လျှို့ဝှက်ချက်သည် ရဂွန်းဘဝအတွက် အကြီးမားဆုံးအမှားဖြစ်ခဲ့သည်။ အဆိုးဝါးဆုံးအမှတ်တရတခုဖြစ်သွားခဲ့သည်။

ဧက ဟူ့အားကြည့်နေသည်မှာကြာလေပြီ ။ ဟူသည်ဘုရားအားရေသပ္ပါယ်နေသော်လဲ စိတ်ကမူ ထိုအရာထဲတွင်မနှစ်မြုပ်ထားမှန်းသိသာလှစွာပင် ခွက်ငယ်ထဲမှရေကုန်သွားသည်ကိုပင် ထိုအတိုင်းကိုင်လျက် ရပ်နေဆဲ ။
တဖြေးဖြေးတုန်ရီလာသော ခွက်ကိုင်ထားသည့်လက်ဖျားသွယ်သွယ်တို့ကြောင့် ဧက ဟူ့နားကပ်ကာ ခါးအားဖက်လိုက်မိသည်။

ချစ်ရသူသည် အတွေးများခွင့်ရှိသည် ။သို့သော် ဝမ်းနည်းခွင့်ကိုမူ မပေးနိုင်ပါချေ ။

တုန်တက်သွားသော ခန္ဓာကိုယ်လေးသည် ယခုမှသတိဝင်လာသည်ကို ဖော်ပြနေသည် ။
ဟူသည် ကော့စင်းသောမျက်တောင်များအား တဖြတ်ဖြတ်ခတ်လျက် မျက်ဝန်းညိုတို့က ဧကအားငေးကြောင်လျက် မော့ကြည့်လေသည် ။

မျက်ဝန်းညိုတို့ထံစွဲဆောင်ခံလိုက်ရသော ဧက သည် မျက်ဝန်းညိုတို့၏ညို့ငင်မှုစက်ကွင်းမှ မလွတ်ပါတော့ချေ ။ သူသည် လုံးလုံးလျားလျားပင် ကျဆုံးသွားတော့သည် ။ ဟူ၏ မျက်ဝန်းညိုတို့သည် လှပလွန်းသည်။ မျက်ဝန်းညိုထဲတွင် နဂါးငွေ့တန်းရစ်ဖွဲ့နေသည့်သဖွယ် ကြယ်ရောင်စုံတို့စုဝေးနေသည့်သဖွယ် တလက်လက်ဖြင့် ။

မသိလိုက်ပါဘဲ နီးကပ်သွားသော မျက်နှာနှစ်ခု ။ ထပ်တူကျလာသောရင်ခုန်သံ ။ ဦးတည်မှု မပြောင်းလဲသွားပါသော မျက်ဝန်းနှစ်စုံတို့သည် မကြာခင်အချစ်အားဖော်ပြသော တစုံတရာအားဖြစ်ပေါ်ရန် အကြောင်းဖန်နေကြလေပြီ ။

သို့သော် ထိုအခြေအနေအား ဟူ မှအရင် သတိဝင်ကာ ရုန်းထွက်လိုက်သည် ။ ဖယ်ခွာသွားသည့်အကြည့်တို့ကြောင့် ဧက လဲသတိဝင်ကာ ဟူ့ အားလွှတ်ပေးလိုက်သည် ။

နွေးထွေးလုအခြေအနေသည် ပြန်လည်အေးစက်သွားသည်မှာ ပူတာအို၏ရေခဲတောင်များကဲ့သို့ပင် ။ သို့သော် မျက်ဝန်းညိုတို့၌ နူးညံ့မှု တစွန်းတစကို ရိပ်ရိပ်မျှမြင်လိုက်ရသဖြင့် ဧက ကျေနပ်သွားသည် ။

ဧက သည် ဟူ့အားလွှတ်ပေးလိုက်သော်လဲ လက်များမှာမူ အပိုင်သဖွယ်ကိုင်ဆွဲထားဆဲပင် ။ ဟူ သည်ဧက၏လက်အား အနည်းငယ်ရုန်းလိုက်ပြီးနောက် ရင်ပြင်တော်ကျောက်ပြားပေါ်၌ ထိုင်ချလိုက်ကာ ဘုရားရှိခိုးသည် ။

ဧကသည်လဲငြိမ်းချမ်းလှသော ချစ်ရသူလေးအားကြည့်ကာ ဖုန်းထုတ်လျက် ဓာတ်ပုံတပုံအားရိုက်ကာ Instagram ပေါ်တင်လိုက်သည်။

Caption # Mi novio hizo las paces  #

Facebook ကိုတောင် မကြာသေးခင်ကမှ အသုံးပြုသူများလာခြင်းဖြစ်တဲ့အတွက် Instagram သုံးသူကလဲ အလွန်နည်းလေသည်။ သို့သော် ဧက ၏ခန့်ညားလှသောမျက်နှာကြောင့် follower သည် K ကျော်ရှိသည် ။

လိင်တူချစ်ကြိုက်မှုအား ထောက်ခံသူသည်နည်းလှသည့်အပြင် အကြောင်းကြောင်းကြောင့် caption အား စပိန်စကားဖြင့်ရိုက်တင်လိုက်သည် ။ လုပ်ငန်းကြီးကို နိုင်ငံများစွာဖြင့် ဆက်သွယ်လုပ်ကိုင်နေသည့် ဧက အတွက် ဘာသာစကားသည်မခက်ခဲပေ ။

အချိန်တခဏကြာပြီးနောက်တွင်တော့ ဟူ သည်ဘုရားရှိခိုး၍ပြီးသွားလေပြီ ။
ဧက သည်ဟူ့လက်အားဆွဲလျက် ရင်ပြင်တော်ပေါ်ရှိ ဇရပ်တခုတွင်ဝင်ထိုင်လေသည် ။
ခဏတွင်းချင်းပင် ထွေးနှင့်အတူ ဦးစိုင်းတို့ပါရောက်လာလေသည် ။

ဟူ သည်ချောင်းဟန့်လျက် သူ၏တာဝန်အရ ဘုရားသမိုင်းအကြောင်းကိုပြောရန် စကားစတော့သည် ။

" ကောင်းမှုလုံဘုရားကြီးကို သမိုင်း‌ကြောင်းကြောင့် ရွှေဆတ်မင်းဘုရားလိူ့လဲခေါ်ကြတယ်။ ဘုရားကြီးကို တည်ထားခဲ့တာ နှစ် 2000 လောက်ရှ်ိခဲ့ပြီဗျ ။

ဘုရားကြီးရဲ့သမိုင်းဟာလဲ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ် ။ဟိုးအရင် ဂေါတမမြတ် စွာဘုရားနုစဉ် ရွှေဆတ်မင်းဖြစ်ချိန်မှာ မိန်းခမ်းတီ အခုအ‌ခေါ်အဝေါ်အရ ပူတာအိုဒေသဟာ ဟိမဝန္တာတောနှင့် ဆက်စပ်ပြီး တောကြီးမျက်မည်းဖြစ်ခဲ့တယ်တဲ့ ။

ကပ္ပါလရွှေဆတ်မင်းဟာ ဆတ်အပေါင်းရှစ်သောင်းခြံရံပြီး နမ့်ကျို အခုအ‌ခေါ် မလိခနဲ့
နမ့်ပလပ်ချောင်းဆုံရာ ငွန်းလုန် ဟုခေါ်တဲ့ အရပ်မှာ အခြေချနေထိုင်ခဲ့တယ်တဲ့ ။

အဲ့နေရာကို နန်းတော်ကြီးလိုမျိုး သဘောထားပြီး ဆတ်မအပေါင်းနဲ့ ပျော်ရွှင်စွာ ဘဝကိုဖြတ်သန်းပြီး နေထိုင်ကျက်စားခဲ့တယ် ။

တနေ့မှာတော့ ရှေးပါရမီအဟုန်ရဲ့ စေ့ဆော်တိုက်တွန်းမှုကြောင့် ရေအိုင် ငယ်လေးရဲ့ ဘေးတစ်နေရာမှာ မြက်စားနေရာက‌
ဆတ်မများလာရောက် တွန်းခွေ့ကျီစားနေလို့ ဆတ်မင်းကြီးမှာ စားချင်တိုင်းကောင်းကောင်းမစားရဘဲ ဖြစ်နေပြီး စိတ်လည်းမဆိုးရက်ဘဲ ရှိတယ် ။

နောက်တစ်နေ့ ရေသောက်ဆင်းမယ်လုပ်တဲ့အခါကျပြန်တော့လဲ အရိပ်အခြေမသိတဲ့ ဆတ်ငယ်ကလေးတွေ့ ချောင်းအထက်မှာ ဆင်းသက်ပျော်မြူးနေကြလို့ ရေကြည်ရေသန့်ကို မသောက်ရဘဲ ဖြစ်နေခဲ့ရပြန်တယ်။

ဒါကြောင့် ရွှေဆတ်မင်းဟာ စားချင်တိုင်းကောင်းကောင်းမစားရ ၊ သောက်ချင်တိုင်းလည်းကောင်းကောင်း မသောက်ရဘဲ ဖြစ်နေခဲ့ တဲ့ဘဝဟာ မိမိအား ဝန်းရံနေကြသော ဗိုလ်ပါပရိတ်သတ်ကြောင့် ဖြစ်ရကြောင်းသံဝေဂဉာဏ်များ ဖြစ်ပေါ်လာတော့တယ် ။

မိမိရဲ့ အသက်အရွယ် တဖြေးဖြေး ကြီးရင့်လာရခြင်းကိုလည်း သံဝေဂဥဏ်များဖြစ်ပေါ်လာခဲ့ပြီး ရှေးအတိတ် ဘဝကို ပြန်လည်အမှတ်ရသော ဇာတိဿရဉာဏ်များ ဖြစ်ပေါ်လာတဲ့အခါမှာတော့ ရှေးကတည်ဆောက်ခဲ့ဖူးတဲ့ သီလသိက္ခာပုဒ်ကို အမှတ်ရခဲ့လို့၊ ထိုသီလတန်ခိုးအကျိုးတို့ကြောင့် ဖြစ်တည်ရဘဝမှာ သူတကာတို့ထက် ကြီးမြတ်လာခဲ့ရပုံကိုလည်း သိမြင်သွားခဲ့တယ် ။

အဲ့ဒါကြောင့် အခြံအရံများကို ပစ်ထားခဲ့ပြီး တစ်ကိုယ်တည်း ဥပုသ်သီလဆောက်တည်ဖို့အတွက် နေရာတစ်ခုကိုရှာဖွေဖို့ နမ့်ပလပ်ချောင်းအတိုင်းအထက်ကို ဆန်တက်ပြီး
အခု မန်စေကျေးရွာအုပ်စု ၊ ဖန်ခိုင်(၁) ဒေသကိုရောက်တဲ့အချိန်မှာ စမ်းချောင်းငယ်လေးတစ်ခုကို တွေ့ပြီး ဆန်တက် လာချိန်  တောင်ကုန်းတစ်ခုကိုတွေ့ပြီး ထိုတောင်ကုန်းဟာ ရှစ်ပါးသီလဆောက်တည်ရန် အထူးသင့်တော်သည်မို့ သွားနေစဉ်၊ လာနေစဉ်၊ ထိုင်နေစဉ်၊ အိုင်အတွင်း ဝပ်ကျင်းမှာ ဝပ်ကျင်းဝပ်၍နေစဉ် စသည်တို့မှာသတိထား ပြီး ပြုမူနေထိုင် သွားလာခဲ့တာကြောင့်ရွှေဆတ်မင်းရဲ့ သီလဟာအထူးစင်ကြယ်ပြီး တောစောင့်နတ် တောင်စောင့် နတ်များကလည်း အလောင်းတော်ရွှေဆတ်မင်းအား အထူးပင်ကြည်ညိုကြတယ်လို့ ဆိုကြတယ်။

အဲ့နေရာမှပဲ တစ်ကိုယ်တည်းဥပုသ် သီတင်းသီလ ဆောက်တည်လာခဲ့တာ (၈)နှစ်တိုင်ခဲ့ပြီး (၉)နှစ်မြောက် ဝါတွင်းမှာ အသက်အရွယ်ကြီးရင့် အိုမင်းလာခဲ့လို့ တောင်ခြေရှိစမ်းချောင်းငယ်နံဘေးမှာ ရေသောက်ရင်းနားနေရမှ သေဆုံး သွားပါတော့လေတယ် ။

တောတောင်စောင့်နတ် အပေါင်းတို့ကလည်း ဝမ်းနည်းကာ ရွှေဆတ်မင်းအလောင်းကို နောက်ဆုံးသင်္ဂြိုလ်သောအနေနဲ့ ကုန်းမြေအပေါ်မှာ ရေကြီးစေခဲ့ပြီး စမ်းချောင်းငယ်လေးအတိုင်း မျှောချပေးလိုက်ပါတော့တယ်။

ရွှေဆတ်မင်းရုပ်အလောင်းမျှောချရာ စမ်းချောင်းငယ်လေးကို အခုအချိန်ထိ ဟွေ့ကန်ခေ (ဆတ်သေချောင်း) လို့ခေါ်နေကြဆဲပဲဗျ ။

တစ်လကျော်အကြာမှာတော့ ကောင်းမှုလုံစေတီ တည်ထားရာဖြစ်တဲ့ ငွန်းဗြစ် (ဟင်္သာကုန်း)မှာ အလောင်းတော်ဟာ သောင်တင်ပြီးပုပ်သိုးဆွေးမြေ့ကာ အရိုးတော်ပဲကျန်ရစ်ခဲ့တော့တယ် ။

ဘီစီ (၃၀၀)ခန့်မှာ မိန်းခမ်းတီဒေသကို
"စောဝ့်လုမ်းလုန်မင်းကြီး" က အုပ်ချုပ်နေစဉ်မှာပဲ မဇ္ဈိမတိုင်း ပါတဋလိပုတ်ပြည် မှာ
"သီရိမ္မာအာသောကမင်းကြီး" က ပစ္စည်းလေးပါးဒါယိကာပြုပြီး သံဃာ့ရာဇာဖြစ်တဲ့ "အရှင်မဟာမောဂ္လိပုတ္တိဿ မထေရ်" ကို အကြီးအမှုးပြုကာ တတိယသင်္ဂါယနာကို တင်တော်မူခဲ့တယ် ။ ပြီးနောက်မှာတော့ ဂေါတမမြတ်စွာဘုရားရဲ့ ဓာတ်တော်မွေတော်တွေကိုအစုပေါင်း (၈၄၀၀၀)ခွဲပြီး ၊ ကိုးတိုင်းကိုးဌာနအရပ်ဒေသသို့ စေတီတော်ပေါင်း (၈၄၀၀၀)ကို တည်ထားစေခဲ့သည့် အချိန်နဲ့လဲ တူညီတယ်။

အာသောကမင်းကြီး စေလွှတ်ခဲ့တဲ့ သာသနာပြုအဖွဲ့ဟာ ရွှေဖောင်ပေါ်မှာ မြတ်စွာဘုရားရဲ့ ဓာတ်တော်ကြုတ်တွေကို တင်ယူပင့်ဆောင်လာခဲ့ကြရင်း ဧရာဝတီမြစ် ကမ်းနံဘေးဝဲယာအထင်ကရ နေရာတွေမှာစေတီတော်‌တွေတည်လာရင်းကနေနောက်ဆုံးလက်ကျန်ဖြစ်တဲ့ ဓာတ်တော်ကြုတ် ငါးဆူကို အခုမြစ်ကြီးနားမြို့ အောက်ဖက် ရွှေခေါင်ဖူးအရပ်မှာ မြစ်ကမ်းနံဘေး မြတ်စွာဘုရား ငါးမင်းဖြစ်တော်မူစဉ်ဘဝက ပါရမီဖြည့်ဆည်းခဲ့ရာ ကျောက်ဖျာပေါ်မှာ ဌာပနာ ထည့်သွင်းပြီး စေတီတော်တည်ထားဖို့ ဆောင်ရွက်ကာတည်ထားခဲ့ကြတယ်။

ညပိုင်းမှာ ဓာတ်တော်ကြုတ်ငါးဆူကို ထည့်သွင်းပြီး ဌာပနာတိုက်ကိုပိတ်လိုက် ပေမယ့်လဲ နံနက်ပိုင်းရောက်တဲ့အချိန်မှာတော့ ဓာတ်တော်ကြုတ် ငါးဆူထဲက သုံးဆူဟာ ဌာပနာ တိုက်အပြင်ဖက်မှာ တင့်တယ်စွာ စံပယ်နေတာကြောင့် တန်ခိုးအဘိဉာဏ်ဖြင့်ပြည့်စုံသော ရဟန္တာအရှင်သူမြတ်များ က တန်ခိုးဖြင့်ဆင်ခြင်ကြည့်ချိန်မှာ မြစ်ဖျားပိုင်းမှာ အထင်ကရ မြေမြတ်နေရာ တစ်နေရာကျန်ရှိနေသေးကြောင်းကို တွေ့ရှိတဲ့အတွက် ထိုနေရာမှာ ဓာတ်တော်ကြုတ် သုံးဆူကို စေတီတည်လိုက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။

ဒါပေမယ့်လဲ ရွှေဖောင်တော်နဲ့ ဆန်တက်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် အခက်အခဲတွေ့နေတုန်းမှာ စတုမဟာရာဇ် အောက်နတ်အနွယ်ဝင်ဖြစ်တဲ့ တန်ခိုးဣဒ္ဓိပါဒ်နဲ့ ပြည့်စုံတဲ့
"ငေ့ခိုင်ခမ်း " အမည်ရမိကျောင်းကြီးဟာထိုမြေမြတ်နေရာထိရောက်အောင် ဓာတ်တော်ကြုတ်များကို ပင့်ဆောင်သယ်ယူခွင့်ပေးဖို့ မထေရ်များကို ပန်ကြားခဲ့ပြီး ရဟန်းတော်များကလဲ ခွင့်ပြုပေးခဲ့တယ် ။

ထေရ်ကြီးရဟန်းတွေက ဒီဒေသမှာ ဗုဒ္ဓသာသနာ ပြန့်ပွားဖို့အတွက် "အရှင်မဟာယဿတိဿ" အမည်ရ ရဟန်းမထေရ်ကြီးကို ဦးဆောင်စေပြီး သူ့ရဲ့ နောက်လိုက်ရဟန်းတော်တော် (၃)ပါးကို တာဝန်ပေးအပ်ကာ ကောင်းကင်ဈာန်ခရီးဖြင့် မိန်းခမ်းတီဒေသသို့ ကြွချီလာခဲ့တယ် ။

"ငေ့ခိုင်ခမ်း" နှင့် မိကျောင်းအုပ်ကြီးဟာ မြစ်ကြောင်းအတိုင်းဆန်တက်လာပြီး ယခုကောင်းမှုလုံစေတီတည်ရှိရာသို့ ရောက်တဲ့အချိန်မှာ ဦးခေါင်းကိုဖော်၍ (၃)ကြိမ်တိုင်တိုင် အသံနက်ကြီးဖြင့်ကျူးရင့် ချိန်မှာ
"မိန်းခမ်းတီဘုရင်စောဝ်လုမ်းလုန်င်းကြီ " ကိုယ်တိုင် အသံနက်ကြီးကိုကြားလိုက်ပြီး  တိုင်းသူပြည်သားတွေက စိုးရိမ်ထိတ်လန့်ကုန်ကြတယ် ။

အဲ့အချိန်မှာပဲ ကောင်းကင်ပြင်မှာ အဝါရောင်ဆင်မြန်းထားတဲ့ ရဟန္တာ(၄)ပါးက ဈာန်ဖြင့်ကြွချီလာတာကို မြင်ကြ‌တဲ့အခါ မကြုံစဖူးထူးကဲလှတဲ့အတွက် ငေးမောကြည့်နေစဥ်မှာပဲ ရဟန္တာလေးပါးကနန်းရင်ပြင်မှာဆင်းသက်ခဲ့ကြတယ် ။

ဘုရင်ကြီးဟာလည်း ဈာန်နဲ့ ကြွချီလာတဲ့ ရဟန်းတွေကို လူထူးဆန်းများအဖြစ်မှတ်ယူပြီး အထင်ကြီးကာ နေရာထိုင်ခင်းပေး၍ အကြောင်းစုံကိုမေး မြန်းခဲ့တယ်။

ရဟန်းတော််တို့က မိမိတို့ဟာ အတုမရှိတန်ခိုးတော်နဲ့ ပြည့်စုံတော်မူသော ဂေါတမမြတ်စွာဘုရားရဲ့ သားတော် တပည့်ရဟန်းတွေဖြစ်ကြောင်း ပြောပြခဲ့ကြတယ် ။
မင်းကြီးဟာလဲ သူ၏ တပည့်များသည်ပင် ဤမျှတန်ခိုး ကြီးနေပါက မြတ်စွာဘုရားရှင်ကိုယ်တိုင်မှာမူ တုနှိုင်းဖွယ်ရာမရှိဟူသော အတွေးဖြင့် သရဏဂုံတည်ကာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာခဲ့တယ် ။

အဲ့နောက်မှာတော့ မင်းကြီးကအသံနက်ကြီး အကြောင်းမေးမြန်းချိန်မှာ မထေရ်ရဟန်းတို့က စိုးရိမ်ထိတ်လန့်စရာမလိုဘဲ ဂေါတမမြတ်စွာဘုရားရှင် ဓာတ်တော်ကြုတ်များကို သယ်ဆောင်လာခဲ့တဲ့ မိကျောင်းကြီးများဖြစ်ကြပြီး လူတို့အားအန္တာရယ်မရှိကြောင်း ပြန်ရှင်းပြခဲ့တယ် ။

ဂေါတမမြတ်စွာဘုရားရှင်ရဲ့ ဓာတ်တော်ကြုတ်(၃)ဆူကိုလည်း မြတ်စွာဘုရားအလောင်းတော်ဘဝက အရိုးတော်မြေကျခဲ့တဲ့နေရာဖြစ်တဲ့ ငွန်းဗြစ် လို့ခေါ်တဲ့ ဟင်္သာကုန်းနေရာမှာ  ဌာပနာထည့် သွင်းပြီးစေတီတစ်ဆူတည်ပြီး ကောင်းမှုလုံဘုရား ( ရွှေဆတ်မင်းဘုရား ) လို့ခေါ်တွင်စေခဲ့တယ်။

ဒါကတော့ ပူတာအိုရဲ့အထင်ကရ ကောင်းမှုလုံစေတီရဲ့ သမိုင်းကြောင်းပေါ့ဗျာ ။ "

ရှည်လျားပြီး ဗဟုသုတရဖွယ်ရာ သမိုင်းကြောင်းကြောင့် ဧက တို့အားလုံးဟာ ငြိမ်သက်လျက်နားထောင်နေကြသည်မှာ မိခင်တစ်ဦးဟာ ကလေးတသိုက်ကို အိပ်ရာဝင် ပုံပြင်ပြောပြနေသည့်အလားပင် ။

တောင်တန်းများကြားမှ တဖြတ်ဖြတ်တိုက်ခတ်နေသော လေနုအေးတို့သည် အသည်းထိခိုက်အောင် အေးချမ်းစေနိုင်လေသည် ။ အေးမြသော တောင်တန်းတောင်စွယ်တို့ကြား ခေါင်းလောင်းသံ တချွင်ချွင်နှင့် အေးချမ်းလှသော စေတီ‌ပေါ်၌ ချစ်ရသူအားငေးမျှော်ကြည့်နေသူတစ်ဦးလဲရှိနေပါသေးသည် ။

အကယ်၍ ဆုတောင်းတိုင်းပြည့်မည်ဆိုပါက တခုတည်းသာ ဆုတောင်းပါရစေ ။
ဘဝဆက်တိုင်းချစ်ရသူ၏ပါရမီဖြည့်ဘက်ဖြစ်ပါစေ အရှင်ဘုရား ။

* မနောမြေအား သက်သေတည်လျက် *

ဘုရားသမိုင်းနဲ့တင် တော်တော့်ကိုရှည်သွားပါတယ် ။ အရင်ကလို ရက်ခြားမတင်နိုင်ပေမယ့် အနည်းဆုံး တပါတ်တပိုင်းတော့အမြဲပုံမှန်တင်ပေးပါ့မယ်နော် ။
အပေါ်က စပိန်စကားရဲ့အဓိပ္ပါယ်က ကိုယ့်ချစ်သူကငြိမ်းချမ်းလိုက်တာ လို့ပြောတာပါရှင့် ။

ဘုရားသမိုင်းအား " ကောင်းမှုလုံစေတီတော်သမိုင်း " စာအုပ်မှ ကောက်နုတ်ပါသည်။

#Vote And Comments ><
~~TBC

« Zawgyi »

ေကာင္းမႈလုံဘုရားႀကီးသည္ ေ႐ႊေရာင္တဝင္းဝင္းႏွင့္သပၸာယ္လ်က္ရွိသည္ ။ ေကာင္းမႈလုံဘုရားႀကီးသည္ အေဝးမွၾကည့္ပါက ေသးငယ္ေသာ ေစတီငယ္ဟုထင္ရေသာ္လဲ ေသခ်ာအနီးသို႔သြားလွ်င္ က်ယ္ဝန္းလွေသာ ေစတီရင္ျပင္ေတာ္ႏွင့္အတူ ျမင့္မားေသာ ဉာဏ္ေတာ္အျမင့္ကိုပါ အံ့ဩဖြယ္သိရွိနိုင္မည္ျဖစ္သည္ ။

ေကာင္းမႈလုံေစတီသည္ ပူတာအိုခရိုင္ မခ်မ္းေဘာၿမိဳ႕နယ္တြင္တည္ရွိသည္ ။
ေကာင္းမႈလုံေစတီသို႔ေရာက္ေသာအခါ ဘုရားရင္ျပင္ေတာ္ေပၚေလွ်ာက္ပတ္ၾကသည္ ။ ေထြးႏွင့္ေႏွာင္းေဝက ဘုရားရွိခိုးေနကာ ဦးစိုင္းက အနားတြင္ထိုင္လ်က္ ေႏွာင္းေဝ၏တည္ၿငိမ္ေအးခ်မ္းေနေသာ ပုံေလးအား ၾကည္ႏူးစြာထိုင္ၾကည့္ေနေလသည္ ။

ရဂြန္းကမူ သူ၏ေမြးနံေထာင့္ျဖစ္သည့္ ေသာၾကာေထာင့္တြင္ေရသပၸါယ္ေနသည္ ။ ရဂြန္း၏အႏူးသည္ ဗုဒၶဘာသာဝင္ျဖစ္ၿပီး အဝါးကမူ ခရစ္ယာန္ဘာသာဝင္တေယာက္ျဖစ္သည္ ။ အဝါးက ရဂြန္းအားမည္သည္ကိုကိုးကြယ္ရမည္ ။ မည္သည္ကိုယုံၾကည္ရမည္ဟု မကန႔္သတ္ထားေပ ။ ရဂြန္း၏စိတ္ထဲမွ အမွန္တရားလို႔ထင္တာမွန္သမွ်ကို ခ်င့္ခ်ိန္ၿပီးယုံၾကည္ပါ လို႔ေျပာခဲ့သည္ ။ အႏူးကလဲ ရဂြန္းအားသူရွိေနစဥ္မွာ မကန႔္သတ္ခဲ့ေပ ။

ထို႔ေၾကာင့္ ရဂြန္းသည္ ခရစ္စမတ္ဆိုလွ်င္ ခ်က္ေက်ာင္းထဲမွာ ေက်းဇူးေတာ္သီခ်င္း‌ေတြသီဆိုခဲ့ဖူးသည္ ။ မာသာတို႔ႏွင့္လဲ ေယရႈဘုရားရွင္ထံ အတူတူဆုေတာင္းဖူးသည္ ။
ဝါဆို ၊ သီတင္းကြၽတ္ဆိုလွ်င္လဲ လူႀကီးသူမေတြလိုက္ကန္ေတာ့ခဲ့သည္ ။ ကဆုန္လျပည့္ဆိုလွ်င္လဲ ေညာင္ေရသြန္းေလာင္းဖူးသည္ ။

ရဂြန္း၏ဘဝသည္ မခက္ခဲခဲ့ပါ ။ သို႔အတူ လြယ္ကူခဲ့သည္လဲမဟုတ္ေပ ။ အဝါး၏လွ်ို႔ဝွက္ခ်က္သည္ ရဂြန္းဘဝအတြက္ အႀကီးမားဆုံးအမွားျဖစ္ခဲ့သည္။ အဆိုးဝါးဆုံးအမွတ္တရတခုျဖစ္သြားခဲ့သည္။

ဧက ဟူ႕အားၾကည့္ေနသည္မွာၾကာေလၿပီ ။ ဟူသည္ဘုရားအားေရသပၸါယ္ေနေသာ္လဲ စိတ္ကမူ ထိုအရာထဲတြင္မႏွစ္ျမဳပ္ထားမွန္းသိသာလွစြာပင္ ခြက္ငယ္ထဲမွေရကုန္သြားသည္ကိုပင္ ထိုအတိုင္းကိုင္လ်က္ ရပ္ေနဆဲ ။
တေျဖးေျဖးတုန္ရီလာေသာ ခြက္ကိုင္ထားသည့္လက္ဖ်ားသြယ္သြယ္တို႔ေၾကာင့္ ဧက ဟူ႕နားကပ္ကာ ခါးအားဖက္လိုက္မိသည္။

ခ်စ္ရသူသည္ အေတြးမ်ားခြင့္ရွိသည္ ။သို႔ေသာ္ ဝမ္းနည္းခြင့္ကိုမူ မေပးနိုင္ပါေခ် ။

တုန္တက္သြားေသာ ခႏၶာကိုယ္ေလးသည္ ယခုမွသတိဝင္လာသည္ကို ေဖာ္ျပေနသည္ ။
ဟူသည္ ေကာ့စင္းေသာမ်က္ေတာင္မ်ားအား တျဖတ္ျဖတ္ခတ္လ်က္ မ်က္ဝန္းညိုတို႔က ဧကအားေငးေၾကာင္လ်က္ ေမာ့ၾကည့္ေလသည္ ။

မ်က္ဝန္းညိုတို႔ထံစြဲေဆာင္ခံလိုက္ရေသာ ဧက သည္ မ်က္ဝန္းညိုတို႔၏ညို႔ငင္မႈစက္ကြင္းမွ မလြတ္ပါေတာ့ေခ် ။ သူသည္ လုံးလုံးလ်ားလ်ားပင္ က်ဆဳံးသြားေတာ့သည္ ။ ဟူ၏ မ်က္ဝန္းညိုတို႔သည္ လွပလြန္းသည္။ မ်က္ဝန္းညိုထဲတြင္ နဂါးေငြ႕တန္းရစ္ဖြဲ႕ေနသည့္သဖြယ္ ၾကယ္ေရာင္စုံတို႔စုေဝးေနသည့္သဖြယ္ တလက္လက္ျဖင့္ ။

မသိလိုက္ပါဘဲ နီးကပ္သြားေသာ မ်က္ႏွာႏွစ္ခု ။ ထပ္တူက်လာေသာရင္ခုန္သံ ။ ဦးတည္မႈ မေျပာင္းလဲသြားပါေသာ မ်က္ဝန္းႏွစ္စုံတို႔သည္ မၾကာခင္အခ်စ္အားေဖာ္ျပေသာ တစုံတရာအားျဖစ္ေပၚရန္ အေၾကာင္းဖန္ေနၾကေလၿပီ ။

သို႔ေသာ္ ထိုအေျခအေနအား ဟူ မွအရင္ သတိဝင္ကာ ႐ုန္းထြက္လိုက္သည္ ။ ဖယ္ခြာသြားသည့္အၾကည့္တို႔ေၾကာင့္ ဧက လဲသတိဝင္ကာ ဟူ႕ အားလႊတ္ေပးလိုက္သည္ ။

ေႏြးေထြးလုအေျခအေနသည္ ျပန္လည္ေအးစက္သြားသည္မွာ ပူတာအို၏ေရခဲေတာင္မ်ားကဲ့သို႔ပင္ ။ သို႔ေသာ္ မ်က္ဝန္းညိုတို႔၌ ႏူးညံ့မႈ တစြန္းတစကို ရိပ္ရိပ္မွ်ျမင္လိုက္ရသျဖင့္ ဧက ေက်နပ္သြားသည္ ။

ဧက သည္ ဟူ႕အားလႊတ္ေပးလိုက္ေသာ္လဲ လက္မ်ားမွာမူ အပိုင္သဖြယ္ကိုင္ဆြဲထားဆဲပင္ ။ ဟူ သည္ဧက၏လက္အား အနည္းငယ္႐ုန္းလိုက္ၿပီးေနာက္ ရင္ျပင္ေတာ္ေက်ာက္ျပားေပၚ၌ ထိုင္ခ်လိဳက္ကာ ဘုရားရွိခိုးသည္ ။

ဧကသည္လဲၿငိမ္းခ်မ္းလွေသာ ခ်စ္ရသူေလးအားၾကည့္ကာ ဖုန္းထုတ္လ်က္ ဓာတ္ပုံတပုံအားရိုက္ကာ Instagram ေပၚတင္လိုက္သည္။

Caption # Mi novio hizo las paces  #

Facebook ကိုေတာင္ မၾကာေသးခင္ကမွ အသုံးျပဳသူမ်ားလာျခင္းျဖစ္တဲ့အတြက္ Instagram သုံးသူကလဲ အလြန္နည္းေလသည္။ သို႔ေသာ္ ဧက ၏ခန႔္ညားလွေသာမ်က္ႏွာေၾကာင့္ follower သည္ K ေက်ာ္ရွိသည္ ။

လိင္တူခ်စ္ႀကိဳက္မႈအား ေထာက္ခံသူသည္နည္းလွသည့္အျပင္ အေၾကာင္းေၾကာင္းေၾကာင့္ caption အား စပိန္စကားျဖင့္ရိုက္တင္လိုက္သည္ ။ လုပ္ငန္းႀကီးကို နိုင္ငံမ်ားစြာျဖင့္ ဆက္သြယ္လုပ္ကိုင္ေနသည့္ ဧက အတြက္ ဘာသာစကားသည္မခက္ခဲေပ ။

အခ်ိန္တခဏၾကာၿပီးေနာက္တြင္ေတာ့ ဟူ သည္ဘုရားရွိခိုး၍ၿပီးသြားေလၿပီ ။
ဧက သည္ဟူ႕လက္အားဆြဲလ်က္ ရင္ျပင္ေတာ္ေပၚရွိ ဇရပ္တခုတြင္ဝင္ထိုင္ေလသည္ ။
ခဏတြင္းခ်င္းပင္ ေထြးႏွင့္အတူ ဦးစိုင္းတို႔ပါေရာက္လာေလသည္ ။

ဟူ သည္ေခ်ာင္းဟန႔္လ်က္ သူ၏တာဝန္အရ ဘုရားသမိုင္းအေၾကာင္းကိုေျပာရန္ စကားစေတာ့သည္ ။

" ေကာင္းမႈလုံဘုရားႀကီးကို သမိုင္း‌ေၾကာင္းေၾကာင့္ ေ႐ႊဆတ္မင္းဘုရားလိူ႕လဲေခၚၾကတယ္။ ဘုရားႀကီးကို တည္ထားခဲ့တာ ႏွစ္ 2000 ေလာက္ရွ္ိခဲ့ၿပီဗ် ။

ဘုရားႀကီးရဲ႕သမိုင္းဟာလဲ အရမ္းစိတ္ဝင္စားဖို႔ေကာင္းတယ္ ။ဟိုးအရင္ ေဂါတမျမတ္ စြာဘုရားႏုစဥ္ ေ႐ႊဆတ္မင္းျဖစ္ခ်ိန္မွာ မိန္းခမ္းတီ အခုအ‌ေခၚအေဝၚအရ ပူတာအိုေဒသဟာ ဟိမဝႏၲာေတာႏွင့္ ဆက္စပ္ၿပီး ေတာႀကီးမ်က္မည္းျဖစ္ခဲ့တယ္တဲ့ ။

ကပၸါလေ႐ႊဆတ္မင္းဟာ ဆတ္အေပါင္းရွစ္ေသာင္းၿခံရံၿပီး နမ့္က်ိဳ အခုအ‌ေခၚ မလိခနဲ႕
နမ့္ပလပ္ေခ်ာင္းဆုံရာ ငြန္းလုန္ ဟုေခၚတဲ့ အရပ္မွာ အေျခခ်ေနထိုင္ခဲ့တယ္တဲ့ ။

အဲ့ေနရာကို နန္းေတာ္ႀကီးလိုမ်ိဳး သေဘာထားၿပီး ဆတ္မအေပါင္းနဲ႕ ေပ်ာ္႐ႊင္စြာ ဘဝကိုျဖတ္သန္းၿပီး ေနထိုင္က်က္စားခဲ့တယ္ ။

တေန႕မွာေတာ့ ေရွးပါရမီအဟုန္ရဲ႕ ေစ့ေဆာ္တိုက္တြန္းမႈေၾကာင့္ ေရအိုင္ ငယ္ေလးရဲ႕ ေဘးတစ္ေနရာမွာ ျမက္စားေနရာက‌
ဆတ္မမ်ားလာေရာက္ တြန္းေခြ႕က်ီစားေနလို႔ ဆတ္မင္းႀကီးမွာ စားခ်င္တိုင္းေကာင္းေကာင္းမစားရဘဲ ျဖစ္ေနၿပီး စိတ္လည္းမဆိုးရက္ဘဲ ရွိတယ္ ။

ေနာက္တစ္ေန႕ ေရေသာက္ဆင္းမယ္လုပ္တဲ့အခါက်ျပန္ေတာ့လဲ အရိပ္အေျခမသိတဲ့ ဆတ္ငယ္ကေလးေတြ႕ ေခ်ာင္းအထက္မွာ ဆင္းသက္ေပ်ာ္ျမဴးေနၾကလို႔ ေရၾကည္ေရသန႔္ကို မေသာက္ရဘဲ ျဖစ္ေနခဲ့ရျပန္တယ္။

ဒါေၾကာင့္ ေ႐ႊဆတ္မင္းဟာ စားခ်င္တိုင္းေကာင္းေကာင္းမစားရ ၊ ေသာက္ခ်င္တိုင္းလည္းေကာင္းေကာင္း မေသာက္ရဘဲ ျဖစ္ေနခဲ့ တဲ့ဘဝဟာ မိမိအား ဝန္းရံေနၾကေသာ ဗိုလ္ပါပရိတ္သတ္ေၾကာင့္ ျဖစ္ရေၾကာင္းသံေဝဂဉာဏ္မ်ား ျဖစ္ေပၚလာေတာ့တယ္ ။

မိမိရဲ႕ အသက္အ႐ြယ္ တေျဖးေျဖး ႀကီးရင့္လာရျခင္းကိုလည္း သံေဝဂဥဏ္မ်ားျဖစ္ေပၚလာခဲ့ၿပီး ေရွးအတိတ္ ဘဝကို ျပန္လည္အမွတ္ရေသာ ဇာတိႆရဉာဏ္မ်ား ျဖစ္ေပၚလာတဲ့အခါမွာေတာ့ ေရွးကတည္ေဆာက္ခဲ့ဖူးတဲ့ သီလသိကၡာပုဒ္ကို အမွတ္ရခဲ့လို႔၊ ထိုသီလတန္ခိုးအက်ိဳးတို႔ေၾကာင့္ ျဖစ္တည္ရဘဝမွာ သူတကာတို႔ထက္ ႀကီးျမတ္လာခဲ့ရပုံကိုလည္း သိျမင္သြားခဲ့တယ္ ။

အဲ့ဒါေၾကာင့္ အၿခံအရံမ်ားကို ပစ္ထားခဲ့ၿပီး တစ္ကိုယ္တည္း ဥပုသ္သီလေဆာက္တည္ဖို႔အတြက္ ေနရာတစ္ခုကိုရွာေဖြဖို႔ နမ့္ပလပ္ေခ်ာင္းအတိုင္းအထက္ကို ဆန္တက္ၿပီး
အခု မန္ေစေက်း႐ြာအုပ္စု ၊ ဖန္ခိုင္(၁) ေဒသကိုေရာက္တဲ့အခ်ိန္မွာ စမ္းေခ်ာင္းငယ္ေလးတစ္ခုကို ေတြ႕ၿပီး ဆန္တက္ လာခ်ိန္  ေတာင္ကုန္းတစ္ခုကိုေတြ႕ၿပီး ထိုေတာင္ကုန္းဟာ ရွစ္ပါးသီလေဆာက္တည္ရန္ အထူးသင့္ေတာ္သည္မို႔ သြားေနစဥ္၊ လာေနစဥ္၊ ထိုင္ေနစဥ္၊ အိုင္အတြင္း ဝပ္က်င္းမွာ ဝပ္က်င္းဝပ္၍ေနစဥ္ စသည္တို႔မွာသတိထား ၿပီး ျပဳမူေနထိုင္ သြားလာခဲ့တာေၾကာင့္ေ႐ႊဆတ္မင္းရဲ႕ သီလဟာအထူးစင္ၾကယ္ၿပီး ေတာေစာင့္နတ္ ေတာင္ေစာင့္ နတ္မ်ားကလည္း အေလာင္းေတာ္ေ႐ႊဆတ္မင္းအား အထူးပင္ၾကည္ညိုၾကတယ္လို႔ ဆိုၾကတယ္။

အဲ့ေနရာမွပဲ တစ္ကိုယ္တည္းဥပုသ္ သီတင္းသီလ ေဆာက္တည္လာခဲ့တာ (၈)ႏွစ္တိုင္ခဲ့ၿပီး (၉)ႏွစ္ေျမာက္ ဝါတြင္းမွာ အသက္အ႐ြယ္ႀကီးရင့္ အိုမင္းလာခဲ့လို႔ ေတာင္ေျခရွိစမ္းေခ်ာင္းငယ္နံေဘးမွာ ေရေသာက္ရင္းနားေနရမွ ေသဆုံး သြားပါေတာ့ေလတယ္ ။

ေတာေတာင္ေစာင့္နတ္ အေပါင္းတို႔ကလည္း ဝမ္းနည္းကာ ေ႐ႊဆတ္မင္းအေလာင္းကို ေနာက္ဆုံးသျဂၤိုလ္ေသာအေနနဲ႕ ကုန္းေျမအေပၚမွာ ေရႀကီးေစခဲ့ၿပီး စမ္းေခ်ာင္းငယ္ေလးအတိုင္း ေမွ်ာခ်ေပးလိုက္ပါေတာ့တယ္။

ေ႐ႊဆတ္မင္း႐ုပ္အေလာင္းေမွ်ာခ်ရာ စမ္းေခ်ာင္းငယ္ေလးကို အခုအခ်ိန္ထိ ေဟြ႕ကန္ေခ (ဆတ္ေသေခ်ာင္း) လို႔ေခၚေနၾကဆဲပဲဗ် ။

တစ္လေက်ာ္အၾကာမွာေတာ့ ေကာင္းမႈလုံေစတီ တည္ထားရာျဖစ္တဲ့ ငြန္းျဗစ္ (ဟသၤာကုန္း)မွာ အေလာင္းေတာ္ဟာ ေသာင္တင္ၿပီးပုပ္သိုးေဆြးေျမ့ကာ အရိုးေတာ္ပဲက်န္ရစ္ခဲ့ေတာ့တယ္ ။

ဘီစီ (၃၀၀)ခန႔္မွာ မိန္းခမ္းတီေဒသကို
"ေစာဝ့္လုမ္းလုန္မင္းႀကီး" က အုပ္ခ်ဳပ္ေနစဥ္မွာပဲ မဇၩိမတိုင္း ပါတဋလိပုတ္ျပည္ မွာ
"သီရိဓမၼာအာေသာကမင္းႀကီး" က ပစၥည္းေလးပါးဒါယိကာျပဳၿပီး သံဃာ့ရာဇာျဖစ္တဲ့ "အရွင္မဟာေမာဂၢလိပုတၱတိႆ မေထရ္" ကို အႀကီးအမႈးျပဳကာ တတိယသဂၤါယနာကို တင္ေတာ္မူခဲ့တယ္ ။ ၿပီးေနာက္မွာေတာ့ ေဂါတမျမတ္စြာဘုရားရဲ႕ ဓာတ္ေတာ္ေမြေတာ္ေတြကိုအစုေပါင္း (၈၄၀၀၀)ခြဲၿပီး ၊ ကိုးတိုင္းကိုးဌာနအရပ္ေဒသသို႔ ေစတီေတာ္ေပါင္း (၈၄၀၀၀)ကို တည္ထားေစခဲ့သည့္ အခ်ိန္နဲ႕လဲ တူညီတယ္။

အာေသာကမင္းႀကီး ေစလႊတ္ခဲ့တဲ့ သာသနာျပဳအဖြဲ႕ဟာ ေ႐ႊေဖာင္ေပၚမွာ ျမတ္စြာဘုရားရဲ႕ ဓာတ္ေတာ္ၾကဳတ္ေတြကို တင္ယူပင့္ေဆာင္လာခဲ့ၾကရင္း ဧရာဝတီျမစ္ ကမ္းနံေဘးဝဲယာအထင္ကရ ေနရာေတြမွာေစတီေတာ္‌ေတြတည္လာရင္းကေနေနာက္ဆုံးလက္က်န္ျဖစ္တဲ့ ဓာတ္ေတာ္ၾကဳတ္ ငါးဆူကို အခုျမစ္ႀကီးနားၿမိဳ႕ ေအာက္ဖက္ ေ႐ႊေခါင္ဖူးအရပ္မွာ ျမစ္ကမ္းနံေဘး ျမတ္စြာဘုရား ငါးမင္းျဖစ္ေတာ္မူစဥ္ဘဝက ပါရမီျဖည့္ဆည္းခဲ့ရာ ေက်ာက္ဖ်ာေပၚမွာ ဌာပနာ ထည့္သြင္းၿပီး ေစတီေတာ္တည္ထားဖို႔ ေဆာင္႐ြက္ကာတည္ထားခဲ့ၾကတယ္။

ညပိုင္းမွာ ဓာတ္ေတာ္ၾကဳတ္ငါးဆူကို ထည့္သြင္းၿပီး ဌာပနာတိုက္ကိုပိတ္လိုက္ ေပမယ့္လဲ နံနက္ပိုင္းေရာက္တဲ့အခ်ိန္မွာေတာ့ ဓာတ္ေတာ္ၾကဳတ္ ငါးဆူထဲက သုံးဆူဟာ ဌာပနာ တိုက္အျပင္ဖက္မွာ တင့္တယ္စြာ စံပယ္ေနတာေၾကာင့္ တန္ခိုးအဘိဉာဏ္ျဖင့္ျပည့္စုံေသာ ရဟႏၲာအရွင္သူျမတ္မ်ား က တန္ခိုးျဖင့္ဆင္ျခင္ၾကည့္ခ်ိန္မွာ ျမစ္ဖ်ားပိုင္းမွာ အထင္ကရ ေျမျမတ္ေနရာ တစ္ေနရာက်န္ရွိေနေသးေၾကာင္းကို ေတြ႕ရွိတဲ့အတြက္ ထိုေနရာမွာ ဓာတ္ေတာ္ၾကဳတ္ သုံးဆူကို ေစတီတည္လိုက္ဖို႔ ဆုံးျဖတ္လိုက္ၾကတယ္။

ဒါေပမယ့္လဲ ေ႐ႊေဖာင္ေတာ္နဲ႕ ဆန္တက္ဖို႔ မျဖစ္နိုင္ေတာ့တဲ့အတြက္ အခက္အခဲေတြ႕ေနတုန္းမွာ စတုမဟာရာဇ္ ေအာက္နတ္အႏြယ္ဝင္ျဖစ္တဲ့ တန္ခိုးဣဒၶိပါဒ္နဲ႕ ျပည့္စုံတဲ့
"ေင့ခိုင္ခမ္း " အမည္ရမိေက်ာင္းႀကီးဟာထိုေျမျမတ္ေနရာထိေရာက္ေအာင္ ဓာတ္ေတာ္ၾကဳတ္မ်ားကို ပင့္ေဆာင္သယ္ယူခြင့္ေပးဖို႔ မေထရ္မ်ားကို ပန္ၾကားခဲ့ၿပီး ရဟန္းေတာ္မ်ားကလဲ ခြင့္ျပဳေပးခဲ့တယ္ ။

ေထရ္ႀကီးရဟန္းေတြက ဒီေဒသမွာ ဗုဒၶသာသနာ ျပန႔္ပြားဖို႔အတြက္ "အရွင္မဟာယႆတိႆ" အမည္ရ ရဟန္းမေထရ္ႀကီးကို ဦးေဆာင္ေစၿပီး သူ႕ရဲ႕ ေနာက္လိုက္ရဟန္းေတာ္ေတာ္ (၃)ပါးကို တာဝန္ေပးအပ္ကာ ေကာင္းကင္ဈာန္ခရီးျဖင့္ မိန္းခမ္းတီေဒသသို႔ ႂကြခ်ီလာခဲ့တယ္ ။

"ေင့ခိုင္ခမ္း" ႏွင့္ မိေက်ာင္းအုပ္ႀကီးဟာ ျမစ္ေၾကာင္းအတိုင္းဆန္တက္လာၿပီး ယခုေကာင္းမႈလုံေစတီတည္ရွိရာသို႔ ေရာက္တဲ့အခ်ိန္မွာ ဦးေခါင္းကိုေဖာ္၍ (၃)ႀကိမ္တိုင္တိုင္ အသံနက္ႀကီးျဖင့္က်ဴးရင့္ ခ်ိန္မွာ
"မိန္းခမ္းတီဘုရင္ေစာဝ္လုမ္းလုန္မင္းႀကီး " ကိုယ္တိုင္ အသံနက္ႀကီးကိုၾကားလိုက္ၿပီး  တိုင္းသူျပည္သားေတြက စိုးရိမ္ထိတ္လန႔္ကုန္ၾကတယ္ ။

အဲ့အခ်ိန္မွာပဲ ေကာင္းကင္ျပင္မွာ အဝါေရာင္ဆင္ျမန္းထားတဲ့ ရဟႏၲာ(၄)ပါးက ဈာန္ျဖင့္ႂကြခ်ီလာတာကို ျမင္ၾက‌တဲ့အခါ မႀကဳံစဖူးထူးကဲလွတဲ့အတြက္ ေငးေမာၾကည့္ေနစဥ္မွာပဲ ရဟႏၲာေလးပါးကနန္းရင္ျပင္မွာဆင္းသက္ခဲ့ၾကတယ္ ။

ဘုရင္ႀကီးဟာလည္း ဈာန္နဲ႕ ႂကြခ်ီလာတဲ့ ရဟန္းေတြကို လူထူးဆန္းမ်ားအျဖစ္မွတ္ယူၿပီး အထင္ႀကီးကာ ေနရာထိုင္ခင္းေပး၍ အေၾကာင္းစုံကိုေမး ျမန္းခဲ့တယ္။

ရဟန္းေတာ္္တို႔က မိမိတို႔ဟာ အတုမရွိတန္ခိုးေတာ္နဲ႕ ျပည့္စုံေတာ္မူေသာ ေဂါတမျမတ္စြာဘုရားရဲ႕ သားေတာ္ တပည့္ရဟန္းေတြျဖစ္ေၾကာင္း ေျပာျပခဲ့ၾကတယ္ ။
မင္းႀကီးဟာလဲ သူ၏ တပည့္မ်ားသည္ပင္ ဤမွ်တန္ခိုး ႀကီးေနပါက ျမတ္စြာဘုရားရွင္ကိုယ္တိုင္မွာမူ တုႏွိုင္းဖြယ္ရာမရွိဟူေသာ အေတြးျဖင့္ သရဏဂုံတည္ကာ ဗုဒၶဘာသာကို သက္ဝင္ယုံၾကည္လာခဲ့တယ္ ။

အဲ့ေနာက္မွာေတာ့ မင္းႀကီးကအသံနက္ႀကီး အေၾကာင္းေမးျမန္းခ်ိန္မွာ မေထရ္ရဟန္းတို႔က စိုးရိမ္ထိတ္လန႔္စရာမလိုဘဲ ေဂါတမျမတ္စြာဘုရားရွင္ ဓာတ္ေတာ္ၾကဳတ္မ်ားကို သယ္ေဆာင္လာခဲ့တဲ့ မိေက်ာင္းႀကီးမ်ားျဖစ္ၾကၿပီး လူတို႔အားအႏၲာရယ္မရွိေၾကာင္း ျပန္ရွင္းျပခဲ့တယ္ ။

ေဂါတမျမတ္စြာဘုရားရွင္ရဲ႕ ဓာတ္ေတာ္ၾကဳတ္(၃)ဆူကိုလည္း ျမတ္စြာဘုရားအေလာင္းေတာ္ဘဝက အရိုးေတာ္ေျမက်ခဲ့တဲ့ေနရာျဖစ္တဲ့ ငြန္းျဗစ္ လို႔ေခၚတဲ့ ဟသၤာကုန္းေနရာမွာ  ဌာပနာထည့္ သြင္းၿပီးေစတီတစ္ဆူတည္ၿပီး ေကာင္းမႈလုံဘုရား ( ေ႐ႊဆတ္မင္းဘုရား ) လို႔ေခၚတြင္ေစခဲ့တယ္။

ဒါကေတာ့ ပူတာအိုရဲ႕အထင္ကရ ေကာင္းမႈလုံေစတီရဲ႕ သမိုင္းေၾကာင္းေပါ့ဗ်ာ ။ "

ရွည္လ်ားၿပီး ဗဟုသုတရဖြယ္ရာ သမိုင္းေၾကာင္းေၾကာင့္ ဧက တို႔အားလုံးဟာ ၿငိမ္သက္လ်က္နားေထာင္ေနၾကသည္မွာ မိခင္တစ္ဦးဟာ ကေလးတသိုက္ကို အိပ္ရာဝင္ ပုံျပင္ေျပာျပေနသည့္အလားပင္ ။

ေတာင္တန္းမ်ားၾကားမွ တျဖတ္ျဖတ္တိုက္ခတ္ေနေသာ ေလႏုေအးတို႔သည္ အသည္းထိခိုက္ေအာင္ ေအးခ်မ္းေစနိုင္ေလသည္ ။ ေအးျမေသာ ေတာင္တန္းေတာင္စြယ္တို႔ၾကား ေခါင္းေလာင္းသံ တခြၽင္ခြၽင္ႏွင့္ ေအးခ်မ္းလွေသာ ေစတီ‌ေပၚ၌ ခ်စ္ရသူအားေငးေမွ်ာ္ၾကည့္ေနသူတစ္ဦးလဲရွိေနပါေသးသည္ ။

အကယ္၍ ဆုေတာင္းတိုင္းျပည့္မည္ဆိုပါက တခုတည္းသာ ဆုေတာင္းပါရေစ ။
ဘဝဆက္တိုင္းခ်စ္ရသူ၏ပါရမီျဖည့္ဘက္ျဖစ္ပါေစ အရွင္ဘုရား ။

* မေနာေျမအား သက္ေသတည္လ်က္ *

ဘုရားသမိုင္းနဲ႕တင္ ေတာ္ေတာ့္ကိုရွည္သြားပါတယ္ ။ အရင္ကလို ရက္ျခားမတင္နိုင္ေပမယ့္ အနည္းဆုံး တပါတ္တပိုင္းေတာ့အၿမဲပုံမွန္တင္ေပးပါ့မယ္ေနာ္ ။
အေပၚက စပိန္စကားရဲ႕အဓိပၸါယ္က ကိုယ့္ခ်စ္သူကၿငိမ္းခ်မ္းလိုက္တာ လို႔ေျပာတာပါရွင့္ ။

ဘုရားသမိုင္းအား " ေကာင္းမႈလုံေစတီေတာ္သမိုင္း " စာအုပ္မွ ေကာက္ႏုတ္ပါသည္။

#Vote And Comments ><
~~TBC

Continue Reading

You'll Also Like

114K 5.9K 36
"အခု ကိုယ်တော်က ပြည့်ရှင်မင်းကြီး တော့ပါဘူး အဲလက်ရယ်။အချစ်မှာ လဲမဟုတ်ကျနေတဲ့ သာမန်လူတယောက် ဖြစ်နေပါပြီ ။အရှင်လို့ မခေါ်ပါနဲ့တော့လား" "ကျွန်တော့်အတွက်...
229K 12.6K 41
Omegaverseမို့ Male pregပါ.... 10ပုဒ်မြောက်ဖန်တီးချက်... ရေးပြီးသမျှ...ရေးနေဆဲစတဲ့ficတွေအကုန်လုံးမှာလိုအပ်ချက်လေးတွေရှိနေရင် သည်းခံပေးပါရှင်
3M 187K 58
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...
2.1M 202K 69
BL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေပေးတယ်။ တစ်နေ့...