အပိုင်း - ၈ ( uni )

169 22 11
                                    

ယနေ့မနက်အစောပိုင်း...

မနေ့က နှောင်းဝေရဲ့စကားကြောင့် ဦးစိုင်းအိမ်တော်ဥယျာဉ်ကိုအစောကြီးရောက်နေခဲ့သည် ။ နှောင်းလေးကိုစောင့်ရသည်မှာလဲ စိတ်လှုပ်ရှားခြင်းတမျိုးပင်မဟုတ်ပါလား ။ နှောင်းလေးက အဖြေပြန်ပေးပြီဆိုတာနဲ့ ဧကတို့ဆီမှာ ' မာ 'ကိုပိုင်ဆိုင်ခွင့်တောင်းမယ် ။ မာနဲ့အတူ မြန်မာနိုင်ငံအနှံ့လျှောက်လည်မယ်...မာနဲ့လက်ထပ်တဲ့အခါ ပြည်ပမှာမင်္လာပွဲလုပ်မယ်.. မာ သာကလေးချစ်တယ်ဆိုရင် မာနဲ့တူတဲ့ ကလေးလေးတယောက်ကိုမွေးကြမယ်...အိုမင်းလာတဲ့အခါ ဒီမြို့လေးမှာပဲ အခြေချပြီး ဘဝသက်တမ်းကိုတူတူကုန်ဆုံးကြမယ်....။ အဖြေတောင်မရသေးပေမယ့် အတွေးများကတော့ လှပနေခဲ့ချေပြီ..။အရူးရင့်နေပြီဟုပြောရမလားပင် မသိပါတော့ချေ ။

( မှတ်ချက် ။ မာ = ကလေး )

နှောင်းဝေလဲ မနေကပေးခဲ့တဲ့ကတိကြောင့် ဉယျဉ်ထဲကိုလျှောက်လာခဲ့သည် ။ နှောင်းကိုယ့်ကိုကိုယ်အရိုးသားဆုံးဖြစ်အောင် မနေ့ကတညလုံးပြန်ဆန်းစစ်ခဲ့သည် ။ ပြန်လည်ရရှိလာသောအဖြေက ရိုးရှင်းစွာ.. ။

နှောင်းတဖြေးဖြေးဝင်ရောက်လာတော့ ကျယ်ပြန့်ခန့်ညားနေသော ကျောပြင်ကြီးကိုအရင်ဆုံးစီးတွေ့လိုက်ရသည် ။ နှောင်းဝေဝင်လာသည်ကိုခံစားမိ၍လားမသိ ဦးစိုင်းကနှောင်းဝေကိုလှည့်ကြည့်ပြီးပြုံးပြလာခဲ့သည် ။ နှောင်းဝေလဲဦးစိုင်းနားကိုသွားလိုက်ပြီး ဦးစိုင်းနဲ့ဘေးချင်းယှဉ်ရပ်လိုက်သသည် ။ ဘေးးတဖက်တချက်ဆီက နှင်းဆီရနံ့သင်းပျံ့ပျံ့က နှာဖျားမှာမွှေားပျံ့နေသည် ။ နှောင်းဝေကိုစိတ်ကိုလျော့ချလိုက်ပြီး အနည်းငယ်မြင့်နေသော ဦးစိုင်းကိုမော့ကြည့်လိုက်သည် ။

" ကျွန်တော်မနေ့ညက သေချာဆန်းစစ်ခဲ့တယ် ဦးစိုင်း... ကျွန်တော်... "

ဦးစိုင်းကနှောင်းဝရဲ့စကားလုံးတခုစီကို သေချာအာရုံစိုက်နေခဲ့သည် ။ မျက်နှာမှာ‌ောတ့ အနည်းငယ်စိုးထိတ်နေဟန်...။

" ကျွန်တ်ော ခင်ဗျားကိုမကြိုက်ဘူး ဦးစိုင်း "

ပြတ်သားသောအသံကြောင့် ဦးစိုင်းရင်ထဲဆူးတချောင်းထိုးစိုက်လိုက်သလို ... ဟုတ်ပါရဲ့လေ... မနေ့တနေ့မှတွေ့ဆုံကြပြီး ငယ်ရွယ်ကာတက်လမ်းပေါင်းများစွာနဲ့ကောင်လေးက သူ့ကိုကြိုက်ပါ့မလား.. သူ့ထပ်သာတဲ့သူတွေ ၊ သူ့ထပ်ပိုကောင်းတဲ့သူတွေကိုကြိုက်မှာပေါ့... ဟက်.. စိတ်ကူးယဉ်တာများသွားမိတယ် 'မာ' ရယ်...

Witnessing To The MaNaw Land_မနောမြေအား သက်သေတည်လျက်_Completeحيث تعيش القصص. اكتشف الآن