အပိုင်း - ၁၆ ( Uni + Zaw )

93 7 0
                                    

အံတော်ရှင်စေတီမှတစ်ဆင့် မြစ်ကြီးနားမြို့နှင့် ကချင်ပြည်နယ်၏ အထင်ကရဖြစ်သော မြစ်ဆုံဒေသသို့ခရီးဆက်ခဲ့ကြသည် ။

မြစ်ဆုံဒေသသည် မြစ်ကြီးနားမြို့၏မြောက်ဘက် တန်ဖဲရွာအနီးတွင်တည်ရှိပြီး ၂၈ မိုင်ကွာဝေးကာ ကားဖြင့် တစ်နာရီခွဲခန့်မောင်းရလေသည် ။

ကားငယ်လေးသည် စိမ်းစိုလှပနေသော တောတောင်များနှင့် သဘာဝတရားတို့အား ခြံရံလျက် လမ်းထက်တွင် အလျင်အမြန်ပြေးလွှားနေလေသည် ။

ကားပေါ်တွင်တော့ ကားမောင်းနေသည့်ဦးစိုင်းနှင့် နှောင်းဝေမှအပ ကျန်သူများသည် တရေးအိပ်စက်နေကြလေသည် ။

" ဦးစိုင်း.... "

" ဗျာ "

" ကျွန်တော်တို့ နေပြည်တော်ကိုပြန်တဲ့အခါကျ ဦးစိုင်းလိုက်မှာလားဟင်..."

" လိုက်ခဲ့မှာပေါ့ မာရဲ့... "

ကားမောင်းနေသည့် လက်တဖက်အားလွှတ်ရင်း နှောင်းဝေ၏ဆံနွယ်များအားပွတ်သပ်ပေးနေသည့် ချစ်ရသူ၏လက်သည် နူးညံ့လှနေပေသည် ။ ဘဝကြမ်းမှလာခဲ့၍ဖြစ်မည်ထင် ဦးစိုင်း၏လက်သည် အနည်းငယ်ကြမ်းရှရှနိုင်သော်လဲ ထိုလက်နှင့် ဆံနွယ်များအား ပွတ်သပ်ပေးသည်ကို ငြိမ်ခံရခြင်းအား နှောင်းဝေစွဲလမ်းနေလေပြီ ။

ကြီးမားလှသော ဦးစိုင်း၏လက်ဖဝါးကြီးနှင့်ယှဉ်လျှင် နှောင်းဝေ၏ လက်ကလေးသည် သေးသွယ်လှသည် ။ ကိုယ်ရံတော် ၊ လူယုံတယောက်ဖြစ်သလို အတိုက်အခိုက်တွင်‌ မခေသော်လဲ နှောင်းဝေ၏လက်သည် ထူးခြားစွာ ကြမ်းရှမနေ အလုပ်မလုပ်ရသော မိန်းကလေးတစ်ယောက်၏ လက်ကဲ့သို့ပင် နူးညံ့ကာ သေးသွယ်လှသည် ။

" မာ... ကိုယ့်ကို ဦးစိုင်းလို့ခေါ်ရတာ တခြားသူနဲ့မရောဘူးလား..."

" အင်... ဦးစိုင်းကမခေါ်စေချင်ဘူးလား.... အဲ့တာဆို ဘယ်လိုခေါ်ရမလဲဟင် ..."

" ‌မခေါ်စေချင်တာမဟုတ်ပေမယ့် ကိုယ့်ရဲ့ချစ်သူလေးက ကိုယ့်ကိုခေါ်တဲ့သီးသန့်အခေါ်အဝေါ်လေးတော့ လိုချင်တာပေါ့ မာ ရယ်..."

" အင်း... အဲ့တာဆို..... amor ( အာမိုလ် ) လို့ခေါ်မယ်လေ "

" amor? အဲ့တာဘာအဓိပ္ပါယ်လဲ မာ ရဲ့ "

Witnessing To The MaNaw Land_မနောမြေအား သက်သေတည်လျက်_CompleteWhere stories live. Discover now