နေ့ရက် ။ ခရစ်နှစ် ၂၇.၃.၂၀၁၇
မြန်မာသက္ကရာဇ် ၁၃၇၈ခုနှစ်
တပေါင်းလကွယ် ။ တနင်္လာနေ့ ။အချိန် ။ မနက် ၈ နာရီမှ နေ့လည် ၁၂ နာရီအထိ။
နေရာ ။ နေပြည်တော်ကျောက်မျက်ရတနာ
အရောင်းပြခန်း ၊ ဇမ္ဗူသီရိ ၊
နေပြည်တော်။နှစ်ဖက်မိဘများအားအမှူးထားလျက်
ဦးဧကမိုးနိုင် နှင့် ဒေါ်ထွေးဧကရီ တို့၏သားငယ် ၊ မဆောင်းဧကထွေး ၏မောင်ငယ်မောင်ဆောင်းဧကမိုး
နှင့်
ဦးဂွန်းရဝန် နှင့် ( ဒေါ်ဝေဟန်သာ ) တို့၏
တစ်ဦးတည်းသောသားရတနာမောင်ရဂွန်းဟူဝေ
တို့၏
ထိမ်းမြားမင်္ဂလာလက်ထပ်ပွဲကို ကြွရောက်ကြပါရင် ဝမ်းမြောက်သောစိတ်ထားဖြင့် ဖိတ်ကြားအပ်ပါသည် ။
••••••••••••••••••••••••••••••••••••••••••••••••နောက်ဆုံးကျန်တဲ့ဖိတ်စာကို ဝေပြီးချိန်တွင် ဧကလဲအတန်ငယ်ပင်ပန်းသွားချေပြီ ။ နေပြည်တော်၏ကျစ်ကျစ်တောက်ပူနေပါသော အပူချိန်အောက်တွင် လူကမီးကင်ခံထားရသည့်နှယ် ။
ကားပေါ်တက်လိုက်သည်နှင့် နံဘေးတွင်ထိုင်နေပါသော သည်းဦးရှင်က စီးကျနေသော ချွေးများကိုသုတ်ရန် လက်ကိုင်ပုဝါငယ်လေးအားထုတ်ပေးပြီး သုတ်စေသည် ။
အမောပြေသွားသည်နှင့် ချစ်ရသူအားကြည့်ကာ အတူတူပြုံးမိကြပြန်သည်။
ဧက ဖေဖေနှင့်မေမေ့ကိုဖွင့်ပြောပြီးနောက်နေ့မှာတင်ပဲ ဟူ့ရဲ့အဝါးကို ခေါ်စေကာ လက်ထပ်ပွဲကိုစီစဉ်ကြစေသည် ။မနက်ဖြန်သည် သူတို့၏မင်္ဂလာပွဲနေ့ ၊ ခွဲခွာနေစရာမလိုသောနေ့ ၊ တယောက်နှင့်တယောက်ပိုင်ဆိုင်ပါကြောင်း တရားဝင်ထုတ်ဖော်နိုင်သည့်နေ့ပင် ။
ဧကတို့၏ဖိတ်စာလေးသည် ရိုးရှင်းသည်။ ကချင်ရိုးရာချည်ပေါ်တွင် ဆေးတင်ရိုက်ထားခြင်းဖြစ်ကာ ပုရပိုက်ကဲ့သို့ချိတ်ပိတ်ထားသည် ။
ဖြန့်ချလိုက်သည်နှင့် ရွှေမှူန်များအသုံးပြုထားသော စာသားများကထင်းနေမည်ဖြစ်သလို
ပုရပိုက်၏နံဘေးတွင်ပါသော ကျစ်ကြိုးများနေရာတွင်သုံးထားပါသော ကျောက်စိမ်ကြိုးမျှင်မျှင်က ကိုင်လိုက်သည်နှင့် အေးမြမှုကို ပေးစွမ်းမည်ဖြစ်သည် ။
YOU ARE READING
Witnessing To The MaNaw Land_မနောမြေအား သက်သေတည်လျက်_Complete
Fantasyမနောတိုင်များအား သက်သေတည်ပါတယ်... ချစ်ရသူအနား ခစားခွင့်ပြုပေးပါ... မေနာတိုင္မ်ားအား သက်သေတည်ပါတယ်... ချစ်ရသူအနား ခစားခွင့်ပြုပေးပါ... Start writing - 23.6.2021 ( 6:35 PM ) Posted - 28.6.2021 ( 1:20 PM ) End - 1.11.2021 ( 5:16 PM )