အပိုင်း - ၁၂ ( Uni )

111 14 0
                                    

အင်းတော်ကြီးအိုင်မှထွက်ခွာလာခသော ကားငယ်လေးသည် တောင်တန်းများနှင့် ရွာငယ်များကိုဖြတ်ကျော်လာခဲ့သည် ။ ဟိုပင်မြို့အရောက်မှာတော့ ကားကိုခနနားလိုက်ပြီး မြို့အထွက်နားရှိ စားသောက်ဆိုင်မှာ ခေတ္တနားကြသည် ။

ဟိုပင်မြို့ကထွက်လာပြီး မိုးကောင်းမြို့ထဲကို‌တဖြေးဖြေးဝင်ရောက်လာခဲ့သည် ။
မိုးကောင်းမြို့ထဲကိုဝင်လာတာနှင့် မိုးကောင်းမြို့ရဲ့မြို့ဝင်ဆိုင်းဘုတ်ကို လှပစွာတွေ့မြင်ရသည် ။ မြို့ဝင်ဆိုင်းဘုတ်ကိုကျော်ပြီးသည်နှင့် တံတားကိုကျော်ဖြတ်ကာ မြို့ထဲဝင်ရောက်လာခဲ့သည်။ မိုးကောင်းမြို့၏ သမိုင်းကြောင်းကို ရဂွန်းက ကားပေါ်မှာတင်ရှင်းပြပေးသည် ။

" မိုးကောင်းမြို့ရဲ့ နာမည်စစ်ကတော့ မိန်ကောင်းမြို့တဲ့ အဓိပ္ပာယ်ကတော့ အိုးစည်...။
ရှမ်းတို့ရဲ့အိုးစည်မြို့တော်ဖြစ်ခဲ့တာပေါ့ဗျာ ။

မိုးကောင်းမြို့ကို ဧရာဝတီမြစ်ထဲစီးဝင်ကြတဲ့ချောင်းနှစ်သွယ်ဖြစ်တဲ့ နန့်ကောင်းနဲ့နန့်ရင်းချောင်းတို့ဆုံရာ ဒေသမှာတည်ထားတယ် ။ ယခင်ကတော့ ရှမ်းစော်ဘွားတို့ နန်းစိုက်ရာ ထင်ရှားကျော်ကြားလှတဲ့မြို့တခုဖြစ်ခဲ့တာပေါ့... ။

မိုးကောင်းမြို့ကို ရှမ်းစော်ဘွားတွေကအရင်စအုပ်ချုပ်ခဲ့ပြီးတော့ နှစ်ကာလအတော်ကြာမှ မြန်မာမင်းတွေကပြောင်းလဲအုပ်ချုပ်ပြီး စော်ဘွားအုပ်ချုပ်ရေးကိုဖြုတ်ချပြီး ဝန်မင်းတွေနဲ့အုပ်ချုပ်ခဲ့ကြတယ် ။

မိုးကောင်းမြို့ကို (၄)ကြိမ် (၄)နေရာပြောင်း၍ တည်ခဲ့တယ်လို့ မှတ်တမ်း‌ေတွမှာမှတ်သားထားကြတယ် ။ပထမမိုးကောင်းတည်နေရာ ငရှမ်းဘာသာစကားနဲ့ ပူကမ်းမြို့လို့ခေါ်တဲ့ ကာမိုင်းမြို့ပဲ ။ ဒုတိယမိုးကောင်း တည်နေရာက‌ေတာ့ ကာမိုင်းမြို့အနီးက ဖက်လှော်နေရာပဲဖြစ်တယ် ။ တတိယ မိုးကောင်းတည်နေရာက‌ေတာ့ မြို့ဟောင်းနေရာဖြစ်ပြီး စော်ဘွား ကံခွန်ကောင်းဆိုင်းက တည်ခဲ့ခြင်းဖြစ်တယ် ။ အခုမိုးကောင်းမြို့ကတော့ မိုးကောင်းချောင်းရဲ့လက်ယာဘက်ကမ်းပေါ်မှာတည်ရှိတယ်။

Witnessing To The MaNaw Land_မနောမြေအား သက်သေတည်လျက်_CompleteWhere stories live. Discover now