အပိုင်း - ၂၃ ( Uni + Zaw )

95 6 2
                                    

ဧကတို့ ဂျေဒိုက်စံအိမ်ကို နေ့လည်ခန့်မှာပင် ပြန်ရောက်ကြသည် ။
ဧကနှင့်ထွေးတို့ မလာခင်အလုပ်များကိုအပြတ်ဖြတ်ခဲ့သော်လဲ ပြန်ရောက်သည်နှင့် များစွာသော အလုပ်များကစီးကြိုနေလေသည်။ ထိူ့ကြောင့်ပင် ခရီးကပြန်ရောက်ရောက်ချင်း မနားနေနိုင်ဘဲ ကိုယ်စီအလုပ်ကိုပြေးကြရတော့သည် ။
‌ဖေဖေနှင့်မေမေကတော့ ဧကဝယ်လာပေးသည့် ရှီးပုတီးအား ဆေးစိမ်ကာသုံးကြည့်ပြီးနောက် ကျေနပ်သွားကြသည် ။ ရှီးပုတီးသည် ဆေးပညာတွင် အစွမ်းထက်လွန်းသော ဆေးပင်မဟုတ်ပါလော ။

ဧက ‌ရုံးရောက်သည်နှင့် မှာထားသောကျောက်များကို လာကြည့်ကြသော လူကုံထံများနှင့် ပြောဆိုကာ ရောင်းဝယ်ရသည်။
နှောင်းဝေကတော့ ဦးစိုင်းနှင့်ပါသွားကာ ရောက်ကတည်းက အမြှီးပင်ပေါ်မလာပါတော့ချေ ။ ယုံကြည်ရသော အတွင်းရေးမှူးတယောက်ကျန်သေး၍သာ ကံကောင်းသည်ဟု ဆိုရမည်ပင် ။

ရောက်ကတည်းက ဇယ်စက်ကာလုပ်ရပါသောအလုပ်သည် ထမင်းစားချိန်သာကျော်သွားသည် မပြီးဆုံးသေးချေ ။ အလုပ်နှင့်အတူ ကချင်ပြည်နယ်တွင်ကျန်ခဲ့ပါသော ချစ်ရသူအားလွမ်းနေခြင်းကြောင့် လူသည် ပင်ပန်းလွန်းလှနေလေပြီ ။ နားခွင့်မရသေး ။
သို့သော် ဗိုက်ကတော့ဆာလှပြီမို့ အတွင်းရေးမှူးကို ထမင်းမှာခိုင်းရတော့သည် ။ မကြာခင်မှာပဲ တံခါးခေါက်သံနှင့်အတူ ဧကရှေ့ရောက်လာပါသော ထမင်းဖြူနှင့်
ဝက်ကချင်ချက် ။ အင်း အတွင်းရေးမှူးသည် အလိုက်မသိလေစွ ။ အလွမ်းကိုပိုတိုးအောင်လုပ်သည့်နေရာတွင် သူသည်အလွန်တော်ပုံရလေသည် ။

ထမင်းစားပြီးသည်နှင့် အနားတွင်ရှိသော ဖုန်းအားကိုင်ကာ ဆက်သွယ်မိသည် ။ချစ်ရသူအား ကချင်ပြည်နယ်နှင့်ပတ်သက်၍ တခုခုသိလိုပါက ဆက်သွယ်ရန်ဟု အကြောင်းပြကာ ဖုန်းနံပါတ်တောင်းထားသည်ပင် ။

• ကိုယ့်ရဲ့ဂျိန်းဖောကောင်လေး • ဟုမှတ်ထားသော contact လေးအားနှိပ်လိုက်သည်နှင့် တဖက်တွင် ။

♪ဂျိန်းဖောသူ.... ဂျိန်းဖောသူ
ရိုးတဲ့စကားတွေဆိုလဲ ဆန်းတယ်ထင်နေ...♪

" ဟယ်လို "

ရဂွန်းခြံထဲမှာ ရေလောင်းနေရင်း သီချင်းသံကျယ်ကျယ်ကြောင့် အိမ်ထဲအပြေးဝင်လာမိသည် ။
‌ကိုင်လိုက်သည်နှင့် တဖက်မှကြားလိုက်ရသော ဩရှရှအသံ အမိန့်သဲဆန်နေသော်လဲ ထူးဆန်းစွာချိုသာနေသေးပြန်သည် ။

Witnessing To The MaNaw Land_မနောမြေအား သက်သေတည်လျက်_Completeحيث تعيش القصص. اكتشف الآن