BELOVED [ Completed ]
由 Bubble-Eri
6.7K 956 394
Kaihun Start Date - 10 . July . 2021 End Date - 23 . September . 2021 Bubble - Eri 😘😘 更多
♡ LOVE ♡
♡ 1 ♡
♡ 2 ♡
♡ 3 ♡
♡ 4 ♡
♡ 5 ♡
♡ 6 ♡
♡ 7 ♡
♡ 8 ♡
♡ 9 ♡
♡ 10 ♡
♡ 11 ♡
♡ 12 ♡
♡ 13 ♡
♡ 14 ♡
♡ 15 ♡
♡ 16 ♡
♡ Extra ♡ End
♡ Final ♡
516 47 24
由 Bubble-Eri
ကျောင်းပိတ်တဲ့နေ့ အပြင်လည်းလျှောက်မလည်ချင်တာမို့ ဦးအိမ်ကို လိုက်လည်မယ်လုပ်ထားပေမယ့်လည်း ဒိုဘယ်ပြောထားတဲ့ ချိန်းပွဲကိုသတိရသွားသည်ကြောင့် ဦးကိုနေ့ခင်းမှလာခေါ်ခိုင်းလိုက်ပြီး ဒိုဘယ်ကိုတော့ အခု phဆက်ကာလာခေါ်ခိုင်းလိုက်သည်။
" ဘယ်ကိုသွားမလို့လဲ ? "
" သွားပြီ "
" အခုလား အိမ်မှာလေ "
" ဟိုက် ရှားပါးးး ! "
" ဟမ် ! ဦးကဒီနားမှာလား "
" အင်း "
" ဦး ~~~ ! "
ကလေးကိုပြန်ဖက်ထားကာ
" 28 … 29 … 30 ကူးလို့ရပြီ "
" ဟုတ် "
" ဘာမေးမလို့လဲ ကလေး  "
နှာခေါင်းရှုံ့ကာ မျက်ခုံးကျုံ့ကာ ပြန်ပြောလာတဲ့ကလေး လေးက ဂျုံအင် ကလေးကိုအချစ်တွေပုံအပ်ပေးတာမမှားဘူးလို့ အတိအကျသိရှိလိုက်ရသလိုပင်။
" ဦး  ချစ်တယ် "
" ဦး ~~ ကလေးအနားလာအိပ် "
" အဲ့လိုရလို့လား "
" ရတာပေါ့ ကလေးရဲ့ "
" ဟုတ် မေမေ "
" သိပါတယ်ကွာ "
" အိမ်ပြန်မှာလား ? "
" ငါလည်းအတူတူပါဘဲကွာ "
" ပျော်လား ကလေး "
" ဦး ကလေးကိုချစ်လား ? "
ဂျုံအင် & ဆယ်ဟွန်း
~~~ THE END ~~~
***********************************
  23     .  9  .  2021
Bubble - Eri 😘😘
ကျောင်းပိတ်တဲ့နေ့ အပြင်လည်းလျှောက်မလည်ချင်တာမို့ ဦးအိမ်ကို လိုက်လည်မယ်လုပ်ထားပေမယ့်လည်း ဒိုဘယ်ပြောထားတဲ့ ချိန်းပွဲကိုသတိရသွားသည်ကြောင့် ဦးကိုနေ့ခင်းမှလာခေါ်ခိုင်းလိ်ုက်ပြီး ဒိုဘယ်ကိုတော့ အခု phဆက်ကာလာခေါ်ခိုင်းလိုက်သည်။
" မေမေ ဟွန်းငယ် ဒိုဘယ်နဲ့ အပြင်သွားလိုက်ဦးမယ်နော် "
" ဘယ်ကိုသွားမလို့လဲ ? "
" သွားပြီ "
ဆူဟိုပြောစကားကိုနားမထောင်တဲ့ ဟွန်းငယ်ကတော့ ထွက်သွားလေပြီဖြစ်သည်။ဆူဟိုလည်း ဂျုံအင်ဆီ phဆက်ပြောရသည်။ဟွန်းငယ်က ဂျုံအင်စကားဆိုနားထောင်သည်မလား။
" ဟုတ်ကဲ့ အစ်မဆူဟို ဟွန်းငယ်ကိုကျွန်တော်ပြောလိုက်ပါ့မယ် "
နေ့ခင်းလောက်က်ို လာခေါ်ပါလို့ ကလေးကပြောထားတာမို့ အိမ်မှာအဒေါ်ကြီးနဲ့အတူ ပြင်ဆင်နေရင်း အစ်မဆူဟိုက ကလေးအပြင်ထွက်သွားကြောင်းပြောလာသည်။ ဒိုဘယ်နဲ့အတူထွက်သွားတာဆိုတော့ ဂိမ်းကစားဖို့ကလွှဲဘာမှမဖြစ်နိုင်။
ph ဆက်သော်လည်းမကိုင် ။ဒီတစ်ခါလည်း ချိန်းပွဲဘဲလားမသိ။ ဂိမ်းချစ်သူလေးကို ဖမ်းဖို့ ဂျုံအင်လည်းကားသော့ဆွဲကာ ထွက်လာရတော့သည်။
ဒိုဘယ်ဆီ ph ခေါ်တော့လည်း မကိုင်ပြန်။ ကားမောင်းရင်းလည်း ကလေးဆီခေါ်နေပေမယ့်လည်း လူကြီးမင်းနဲ့သာတိုးနေသည်။ကလေးနဲ့စတွေ့တုန်းက  ဂိမ်းဆိုင်လေးကိုသတိရသွားသည်မို့ ထိုဂိမ်းဆိုင်ကိုသာ မောင်းရတော့သည်။
ဂိမ်းဆိုင်နားရောက်တော့ ကားထဲကနေ အပြင်ကြည့်မိတော့တွေ့ပါပြီ ။ ကလေးကိုရော ဒိုဘယ်ကိုရော ဘေးနားက ကောင်လေးတွေအုပ်စုနဲ့ ဘယ်ကိုသွားကြပြန်ဦးမလဲမသိ။
ကားထဲကနေကြည့်နေရင်း ကလေးကph ကိုထုတ်လိုက်သည်။ဂျုံအင်ခေါ်ထားသည်ကို မြင်သွားသည်ဖြစ်မည်။ဘေးကဒိုဘယ်လက်မောင်းကို ရိုက်ပြီး ပြောနေသည်။
Ph ဆက်နေသည်ပုံမြင်တာကြောင့် ph ကိုယူကာကြည့်လိုက်တော့ ကလေးကph ဆက်လာသည်။
" ဦး ! ကလေးဆီ ph ခေါ်ထားတာအများကြီးဘဲ ဘာလို့လဲဟင် ကလေးကိုလွမ်းလို့လား "
( ဒိုဘယ် - ပိုကိုပိုတယ် အတွဲတွေ
ဆယ်ဟွန်း - မင်းတိတ်တိတ်နေစမ်း )
အပြစ်လုပ်ထားတာကိုသိသည့်ကောင်လေးက စခေါ်တည်းက ဂျုံအင်ကိုစကားတွေနဲ့ချွဲနေတော့သည်။ဘေးနားကဒိုဘယ်နဲ့လည်းရန်ကောက်ဖြစ်လိုက်သေး။
" အင်း လွမ်းတာပေါ့ ကလေးအခုဘယ်မှာလဲ "
" အခုလား အိမ်မှာလေ "
"ဟုတ်လား ဦးလည်းအခု ကလေးအိမ်ရောက်နေတာ ကလေးကိုမတွေ့မိဘူးနော် "
" ဟိုက် ရှားပါးးး ! "
" ဂိမ်းသွားဆော့ပြန်ပြီဆို ကလေး "
" နည်းနည်းလေးဆော့တာပါဦးကလည်း "
" အခုရပ်နေတဲ့ နေရာမှာဘဲ ရပ်ပြီးစောင့်နေ ဦးလာခဲ့မယ် "
" ဟမ် ! ဦးကဒီနားမှာလား "
" အင်း "
Ph ချကာ ကားကိုရပ်ထားခဲ့င်္ပြး ကားပေါ်ကဆင်းကာကားရှင်းသည်အထိစောင့်ပြီး လမ်းကူးရသည်။
ဆယ်ဟွန်းကတော့ ph ချလိုက်တာနဲ့ လမ်းမဘက်ကြည့်ကာ ဦးကိုလိုက်ရှာရသည်။ဦး ကားကိုလည်းမတွေ့မိသလို။
" ဆယ်ဟွန်း ! ဟိုမှာမင်း ဦး "
ဒိုဘယ်လက်ညိုးထိုးပြရာနေရာကိုကြည့်လိုက်တော့ တစ်ဖက်လမ်းမှာ ဦးကကားရှင်းသည်အထိစောင့်ကာ ဆယ်ဟွန်းဆီကိုလည်းကြည့်လာသည်။ဒိုဘယ်ကတော့ ပြန်ပြီဆိုကာ ပြန်သွားလေပြီ။ဆယ်ဟွန်းလည်း လူကူးမျဉ်းကျားနားသွားကာ ဦးကိုစောင့်နေလိုက်သည်။
" ဦး ~~~ ! "
ဘေးလူတွေရှိလည်း ကလေးကဂရုမစိုက်ဘဲ ဂျုံအင်ကိုမြင်သည်နှင့် ခါးကိုဖက်လာသည်။ကလေးတောင် ဘေးပတ်ဝန်းကျင်ကိုလျစ်လျူရှူသေးတာ ဂျုံအင်ကလည်းဘာလို့ ဂရုစိုက်နေရတော့မှာလဲ။
ကလေးကိုပြန်ဖက်ထားကာ
" အဆိုးလေး ကစားလို့င်္ပြီးပြီပေါ့ "
" ပြီးပြီ ဦး သိလား ဒီနေ့လေ ကလေးဂိမ်းဆော့ကာ နိုင်လာတယ် ပိုက်ဆံတွေလည်းအများကြီးရလာတယ်သိလား ဦးကိုလက်ဆောင်ဝယ်ပေးမယ် "
( အဟင့် ငါလည်း ဦးလိုချင်တယ်လို့ 😭😭 အုပ်ကြီးရေ မိEri လေးကိုလာခိုးပါလားလို့ ရွှတ် )
" ဟုတ်ပါပြီဗျာ သွားကြရအောင် "
ကလေးလက်လေးကိုကိုင်ကာ လမ်းကူးလို့ရသည်အထိစောင့်နေလိုက်သည်။ကလေးကတော့ မီနီဘေးနားက နံပါတ်လေးတွေကိုရေတွက်နေလေသည်။
" 28 … 29 … 30 ကူးလို့ရပြီ "
သွားထက်လေးပေါ်သည်အထိ ပြုံးပြကာ ဂျုံအင်ဘက်လှည့်ကာပြောလာသည်ကလေးကို ခေါင်းငြိမ့်ပြကာ လက်လေးကို ဆုပ်ကိုင်ကာ လမ်းကူးရသည်။
ဆယ်ဟွန်းကတော့ လမ်းကူးနေရင်းဦးလက်ညိုညိုလေးကိုကြည့်ပြီး အရင်အချိန်ကိုပြန်မြင်ယောင်လာမိသည်။ဦးနဲ့စစတွေ့တုန်းကလည်း င်္ဒီနေရာမှာဘဲ ဆယ်ဟွန်းလက်ကိုတွဲပြီးလမ်းကူးခဲ့ဖူးသည်။အဲ့တုန်းက ဦးကသူ့လက်ကိုဆွဲပြီး ကူးတုန်းကရင်ခုန်ခဲ့ရသေးသည်။
( အပိုင်း 2 မှာဒီအကြောင်းပါ ပါတယ်နော် )
superman ကြီးက အခုထိလည်း ဆယ်ဟွန်းရဲ့ တစ်ဦးတည်းသော superman ကြီးပါဘဲလေ။
" တွေးနေငေးမနေနဲ့တော့ ကားပေါ်တက် "
" ဟုတ် "
ဂိမ်းနိုင်လာတဲ့ပိုက်ဆံနဲ့ အင်္ကျီဆိုင်တစ်ဆ်ိုင်ဝင်ကာ ဂျုံအင်အတွက် အင်္ကျီတစ်ထည်ဝယ်ပေးလေသည်။ဂျုံအင်က သိမ်းထားလို့ပြောသော်လည်း မရမကဝယ်ပေးသည်။
" ဦးကလည်း ကလေးတို့တွဲတာ ရက် 100 ပြည့်တော့မယ်လေ အဲ့ဒါကြောင့်ဝယ်ပေးတာ "
င်္ဒီလိုဆိုတော့လည်း ဂျုံအင်တို့မှာမငြင်းရက်တော့မှာ။အလုပ်များနေတာမို့ ဂျုံအင်လည်း ရက်မတွက်ထားမိပါ။ကလေးပြောမှသာ တွဲတာရက် 100 ပြည့်တော့မှာကိုသတ်ိရမိသည်။
ဂျုံအင်အိမ်ကိုရောက်တော့ ဗိုက်ဆာတယ်ဆိုကာ မီးဖိုချောင်ထဲတန်းပြေးသွားတာမို့ အနောက်ကအမှီလိုက်ရတော့သည်။ကလေးအကြိုက်တွေပြင်ပေးထားသည်မို့ ကလေးကတော့ ပျော်နေသည်။
စားပြီးတာနဲ့ ဂျုံအင်ပေါင်ပေါ်လှဲကာ ph နှိပ်တော့သည်။ဂျုံအင်လည်း ကလေးမျက်နှာလေးကိုတစိမ့်စိမ့်သာကြည့်နေမိသည်။ ph ကိုကြည့်လိုက် ဂျုံအင်မျက်နှာကိုမော့ကြည့်လိုက် လုပ်နေသည်မို့
" ဘာမေးမလို့လဲ ကလေး  "
" ဦး ~~ ဒါဘင်းဆိုတာ ဘယ်သူလဲဟင် "
" ကလေးက သူ့ကိုဘယ်လိုသိတာလဲ "
မျက်နှာတည်ကာ မေးလိုက်သည်မို့ ကလေးပခုံးလေးကကျုံ့သွားလေသည်။ဂျုံအင်လည်း မျက်နှာကြော ပြန်လျှော့ကာ ပြန်မေးရသည်။
" ဦး Company ကိုလိုက်တုန်းကလေ ဦးကအစည်းအဝေးရှိတယ်ဆိုလို့ ကလေးကအခန်းထဲကျန်နေခဲ့တုန်းကလေ … ဦး ph ကျန်ခဲ့တာ … ph မြည်သံကြားလို့ ကိုင်လိုက်တာ အဲ့ဒါဘင်းဆိုတဲ့တစ်ယောက်ကသူပြန်တော့မှာ နှုတ်ဆက်ပါတယ်ဆိုပြီး ph ဆက်လာတာ ကလေးလည်းဘာမှပြန်မပြောရသေးဘူး ကျသွားရော "
စကားတွေအများကြီးပြောလိုက်ရလို့ ထင်တယ်ကလေးကခုံပေါ်က အအေးခွက်ကို ကုန်အောင်သောက်လိုက်လေသည်။နောက်တော့ ဂျုံအင်ဘက်လှည့်ကာ ရှင်း ဆိုသောမျက်နှာထားဖြင့်ကြည့်နေလေသည်။
ဂျုံအင်လည်း ကလေးလက်လေးကိုဆုပ်ကိုင်ကာ
" သူက ဦးအရင်တုန်းက မှားယွင်းစွာ ပတ်သက်ခဲ့မိသူပါ … သူ့က ဦးဘဝရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့တယ် ဒါပေမယ့် ~~ ဦးက သူ့အတွက်တော့ ဖြတ်လျှောက်တစ်ယောက်သာသာဘဲဖြစ်ခဲ့တာပါ … သူနဲ့က အရာအားလုံးပြီးဆုံးသွားခဲ့တာကြာပါပြီ "
" ဦးတို့ ဘာလို့ လမ်းခွဲသွားကြတာလဲဟင် "
" ဦးထက် သာတဲ့သူကို တွေ့သွားလို့ ပြီးတော့ သူကိုယ်တိုင်ကလည်း ဦးကိုမချစ်တော့ဘူးလေ ဒါကြောင့်ပါဘဲ "
" ဦးလောက်ကောင်းတာ ဦးဘဲရှိတဲ့ဟာကို ဟွန့် "
နှာခေါင်းရှုံ့ကာ မျက်ခုံးကျုံ့ကာ ပြန်ပြောလာတဲ့ကလေး လေးက ဂျုံအင် ကလေးကိုအချစ်တွေပုံအပ်ပေးတာမမှားဘူးလိူ့ အတိအကျသိရှိလိုက်ရသလိုပင်။
" ဦးက အဲ့မမကို ချစ်သေးလားဟင် "
" ဟင့်အင်း အခုဦးအချစ်ဆုံးသောသူက ကလေးဘဲ ဒါကြောင့် တစ်ခြားစိတ်တွေမဝင်နဲ့နော် ဦးရဲ့ စိတ် နှလုံးသားကို ကလေးဆီအကုန်ပေးထားပြီးသား "
" ဦး  ချစ်တယ် "
" ဦးလည်း ကလေးကို ချစ်တယ် "
ရင်ခွင်ထဲတိုးဝင်လာသော ကလေးကိုပြန်ဖက်ထားပေးမိသည်။
အခုဆိုရင် ကလေးက တက္ကသိုလ် ပထမနှစ်စတက်နေပြီ။ကလေးသူငယ်ချင်း ဒိုဘယ်နဲ့ ကျောသ်းတူသော်လည်း မေဂျာမတူကြပါ။ အတန်းထဲမှာ သူငယ်ချင်းအသစ်တွေနဲ့လည်း တော်တော်ခင်နေပြီ။ဂျုံအင်ကိုလည်း ကလေးက လက်ထပ်မယ့်သူဆိ်ုပြီးမိတ်ဆက်ပေးသေးသည်။
ကလေးသူငယ်ချင်းတစ်ချို့ကလည်း သူနဲ့ကလေးတွဲနေသည်ကိုသိကြသည်။ဒါကလည်းမထူးဆန်းပါ ဂျုံအင်က လုပ်ငန်းရှင်တစ်ယောက်ဖြစ်တာမို့ သတင်းတွေမှာပါနေကြဖြစ်သည်။ဒါအပြင် လိင်တူကြိုက်နှစ်သက်ကာ တွဲနေသည်မို့ ကလေးနဲ့သူဟာ အနုပညာရှင်တွေလို သတင်းထဲအမြဲလိုလိုပါလာတတ်သည်။
ဒုတိယနှစ်မှာတော့ ကလေးဟာ ဂျုံအင်စကားကိုသ်ိပ်နားမထောင်တော့ပါ။ကလပ်ကိုသွားတယ် ဂျုံအင်နဲ့အိမ်ကိုမပြောဘဲ လျှောက်လျှောက်သွားတယ်အတန်းလည်းပြေးတတ်လာသည်။
" ဦးဂျုံအင်ရေ ဆယ်ဟွန်းကိုလာခေါ်ပါဦးဗျ သူတော်တော်မူးနေလို့ "
ညကြီးအချိန်မတော် ကလေးကမူးနေတယ်ဆိုကာ ph ဆက်လာသည်မို့ ဂျုံအင်မှာကားသော့ဆွဲကာ သွားခေါ်ရသည်။အိမ်ကိုပို့လို့မဖြစ်တာမို့ ဘက်ခ်ဟျွန်းင်္ဆီကို ph ဆက်ကာ သူ့အိမ်ခေါ်သွားဖို့ပြောရသည်။
" အေးအေး ခေါ်ထားလေ ယောက်ဖရှင်းသိရင်ပြဿနာတက်လိမ့်မယ် ငါအစ်မ ကိုကြည့်ကြပ်ပြောထားလိုက်မယ် "
အမူးသမားလေးဟာ မူးလာရင်သွေးဆိုးတတ်သည်။ရေချိုးခန်းထဲပို့ကာ ရေချိုးခိုင်းတော့လည်း ကန်ထဲအိပ်ပျော်နေသည်ကြောင့် နှိုးကာ ရေချိုးခိုင်းရသည်။အမူးပြေသွားမလား မှတ်သော်လည်း မပြေပါ။
" ဦး ~~ ကလေးအနားလာအိပ် "
ကုတင်ပေါ်တက်ကာ ရင်ခွင်ထဲထည့်သိပ်တော့လည်း ခါးကိုမဖက်ထားလို့ စောင်မခြုံပေးလို့ အိပ်ယာဝင်အနမ်းမပေးလို့ သူစကားပြောနေတာကို နားမထောင်ပေးလို့ စတဲ့စတဲ့ အကြောင်းတွေနဲ့ ဂျုံအင်ကိုတစ်ညလုံးအိပ်မရအောင် လုပ်တော့လေသည်။
တတိယနှစ်ရောက်တော့ အစ်ကိုရှင်းကအလုပ်ဝင်ခိုင်းလေသည်။အခုမှကျောင်းသားဘဝ အလုပ်မဝင်ချင်သေးဘူး အေးဆေးနေပြီးကျောင်းဘဲတက်မှာဆိုကာ ထမင်းမစားဘဲဆန္ဒပြတဲ့ကလေးကြောင့် ဂျုံအင်ဘဲ အိမ်သွားကာ အေးအေးဆေးဆေးနားချရသည်။
"  အဟင့် နောက်မှလုပ်မှာပေါ့ အခုမလုပ်ဘူး အဟင့် "
" အင်းပါ ကလေးမလုပ်ချင်ရင်မလုပ်နဲ့ ဒါပေမယ့် တစ်ပတ်တစ်ခါလောက်ဘဲသွားပြီးတော့ လေ့လာနော် "
" အဲ့လိုရလို့လား "
" ရတာပေါ့ ကလေးရဲ့ "
္ထနောက်ဆုံးနှစ်ရောက်တော့ ကလေးလည်းစာတွေနဲ့ရှုပ်နေပြီး။ဂျုံအင်လည်း ကလေးကိုလက်ထပ်ဖို့အတွက်ပြင်ဆင်ရသည်။ နှစ်ယောက်အတူနေဖို့ အိမ်လည်းဆောက်ပြီးပြီဖြစ်သည်။အဖေနဲ့အမေလည်း ဂျုံအင်လက်ထပ်ဖို့ ကိစ္စအတွက်ကူညီပေးဖို့ရောက်လာကြသည်။
မိဘတွေနဲ့ပေးတွေ့ဖို့ ကလေးကိုခေါ်လာတော့ ကလေးကစိတ်လှုပ်ရှားနေလေသည်။အစပိုင်းမှာသာ ကလေးကစိတ်လှုပ်ရှားနေသော်လည်း နောက်ပိုင်းမှာစကားစမြည်ပေးရင်း အမေတို့နဲ့ ပွဲကျနေတော့သည်။
" သားငယ်လေးက ချစ်စရာလေး  … နောက်ဆိုအန်တီကို မေမေလို့ဘဲခေါ်နော် အော် မကြာခင်လက်ထပ်တော့မှာဘဲ အခုတည်းကခေါ်ထားတော့ "
" ဟုတ် မေမေ "
ထိုအချိန်ကစလို့ အမေကတော့ဘကလေးကိုသားငယ်လေးဆိုကာ ပါးစပ်ထဲကမချတမ်းခေါ်တော့လေသည်။
ဒီနေ့ဟာ ဂျုံအင်နှင့်ကလေး နှစ်ယောက်အတူဘဝကိုစတည်ထောင်မည့်နေ့ဖြစ်သည်။ဂျုံအင်ကိုယ်တိုင်မက်မက်မောမောနဲ့စောင့်ဆိုင်းလာရတဲ့ နေ့လေးလည်းဖြစ်သည်။
ကြီးကြီးကျယ်ကျယ်မဟုတ်ဘဲ ဘုရားကျောင်းလေးမှာသာ အသိမိတ်ဆွေတစ်ချို့ကိုဖိတ်ပြီး ကျင်းပသည်။အတွင်းပိုင်းကို Lily ပန်းအဖြူလေးများနှင့်သာအလှဆင်ထားသည်။
Lily အဖြူလေးရဲ့ အဓိပ္ပာယ်က မင်းနဲ့အတူရှိတာကိုယ့်ဘဝရဲ့ကောင်းကင်ဘုံ လိုဘဲတဲ့လေ ။
ဆယ်ဟွန်းကတော့ အဝတ်အစားလဲကာ အသင့်စောင့်နေရသည်။မေမေကလည်း သူ့ကို မဆိုးဖို့ သေချာနေဖို့ ဦးကိုဂရုစိုက်ဖို့ လာပြောသွားသည်။ဖေဖေကလည်း စကားတွေအများကြီးပြောသွားသေးသည်။ ဦးငယ်ကတော့ သေသေချာချာနေ ဂျုံအင်ကိုအရမ်းမဆိုးနဲ့ဆိုပြီး ပြောသည်။
ဦးဦးချန်းယောလ်ကတော့ သတို့သားဝတ်စုံဝတ်ထားတဲ့ သူ့ကိုမြင်ပြီး ဟွန်းငယ်လေးဆိုကာ အော်ငိုပြီးအလွမ်းသယ်နေတာကြောင့် ဦးငယ်ကဘဲ အတင်းလာပြန်ဆွဲခေါ်သွားလေသည်။
" ဒီလိုဆိုတော့လည်း ချောသားဘဲမင်းက "
" ငါက မွေးတည်းကချောပြီးသား "
ဒိုဘယ်နဲ့စကားပြောနေရင်း ဦးကရောက်လာသည်။ဒိုဘယ်လည်း အလိုက်တသ်ိအပြင်ထွက်သွားလေသည်။
" စိတ်လှုပ်ရှားနေလား ကလေး "
" ဟင့်အင်း ကလေးကတော့ပျော်တယ် ဦးလည်းပျော်တယ်မလားဟင် "
" ပျော်တာပေါ့ အခုဆို ကလေးကဦးအပိုင်ဖြစ်တော့မှာလေ "
မင်္ဂလာအချိန်ရောက်လာပြီမို့ သတို့သားနှစ်ယောက်ဟာ ဖာသာအရှေ့ရပ်ကာ ကတိသစ္စာဆိုကာ တစ်ယောက်ကိုတစ်ယောက်လည်း ပြုံးပြလျှက်နှင့်ပင်။အနမ်းသက်သေထူပြီးနောက် ဘုရားကျောင်းအတွင်း လက်ခုပ်သံများနှင့်ပြည့်နှက်သွားလေသည်။
ဟန်နီးမွန်းခရီးစဉ်ကိုလည်း ပြည်နယ်အတွင်းသာရွေးထားသည်မို့ အသစ်စက်စက်သတို့သားနှစ်ယောက်ဟာ အဝတ်အစားများလဲပြီးသည်နောက် လူကြီးများကိုနှုတ်ဆက်နေကြလေသည်။
" ဟွန်းငယ် မေမေ့သားလေး ကောင်းကောင်းနေနော် "
" ဟုတ် မေမေလည်းကောင်းကောင်းနေနော် "
သားအမိနှစ်ယောက်ဖက်ကာ စကားပြောနေကြပုံကိုဘေးက ကြည့်နေသောရီရှင်းနဲ့ဘက်ခ်ဟျွန်းဟာလည်း ပြုံးကာကြည့်နေကြသည်။ဂျုံအင်ကလည်း ကားနားရပ်ကာ ကလေးကိုစောင့်နေသည်။
" ဂျုံအင် ဟွန်းငယ်လေးကိုသေချာဂရုစိုက်နော် "
" သိပါတယ်ကွာ "
" မင်ဂါဦးည အဆင်ပြေပါစေသားကြီး "
စပ်ဖြဲဖြဲနဲ့ ဖြစ်နေတဲ့ ချန်းယောလ်ကိုတစ်ချက်ရိုက်လိုက်ရသေးသည်။ကလေးအတွက် ကားတံခါးဖွင့်ပေးပြီးသည်နှင့် ဂျုံအင်လည်းကားပေါ်တက်ကာ မိသားစုကိုတာ့တာပြပြီး သွားရတော့သည်။
သတို့သားကားထွက်သွားသည်နှင့် မိသားစုများဟာလည်း အစုလိုက် အစုလိုက်စကားများကာ ထွက်သွားကြလေသည်။ဘုရားကျောင်းထဲ သိမ်းဆည်းနေသောဘက်ခ်ဟျွန်းကို ချန်းယောလ်လည်းဘေးနားကကူပေးနေလေသည်။
အကုန်ပြီးချိန် အမောဖြေနေတဲ့ ဘက်ခ်ဟျွန်းနား ချန်းယောလ်ဟာ အအေးဘူးလေးကိုင်ကာ ရောက်လို့လာသည်။
" အိမ်ပြန်မှာလား ? "
" မပြန်သေးဘူး ဒီမှာခဏနေဦးမှာ "
" ဟွန်းငယ်တောင် ဂျုံအင်နဲ့လက်ထပ်သွားပြီဘဲ … ချန်းယောလ်မင်းရော လက်ထပ်ဦးမှာလား "
" ဒီတစ်သက်တော့ လက်ထပ်ဖြစ်တော့မယ်မထင်ဘူး မင်းကရော "
" ငါလည်းအတူတူပါဘဲကွာ "
ဟန်နီးမွန်းနေရာသို့ ညဘက်ရောက်သွားတာမို့ ဆယ်ဟွန်းကတော့ရေချိုးပြီးတာနဲ့  မှန်ကနေ ညအလင်းရောင်များကိုကြည့်လို့နေသည်။ခါးပေါ်ကို ဖက်လာသောလက်ကိုပြန်ဖက်ထားရင်း
" ပျော်လား ကလေး "
" မသိဘူး တစ်မျိုးကြီးဘဲ ပျော်လည်းပျော်တယ် ငိုလည်းငိုချင်တယ် "
" ဦးကတော့ပျော်တယ် ကလေးကိုပိုင်ဆိုင်ရလို့ … "
ဆယ်ဟွန်း လည်းဦးဖက်ပြန်လှည့်ကာ ပါးလေးကိုတစ်ချက်နမ်းလိုက်သည်။
" ဦး ကလေးကိုချစ်လား ? "
" ဦးက ကလေးကို ပြောပြလို့မရအောင်ချစ်ပါသတဲ့ဗျာ "
ဆယ်ဟွန်းလည်ပင်းနားကို ကျီစယ်ကာစနေတဲ့ဦးကြောင့် ယားကာ ရယ်မိသလို ဦးကိုလည်း ဖွဖွလေးထုရိုက်နေမိသည်။ ကျီစယ်လို့ ဝသွားတဲ့ ဦးက ဆယ်ဟွန်း နဖူးကိုကြင်ကြင်နာနာအနမ်းခြွေပြီးနောက် နှုတ်ခမ်းပါးကို နမ်းလာသည်။
အနမ်း လှိုင်းလေးများကူးခတ်နေသော နှစ်ယောက်ဟာ ဖြစ်ပျက်နေသော အရာရာကို မသိတော့သလို ညအလင်းရောင်လေးများဟာလည်း မှိတ်တုတ်မှိတ်တုတ်ဖြင့် လင်းလက်နေကြသည်။
ဝရန်တာ မှန်မှမြင်နေရသော ခန်းစည်းစလေးဟာ ဖြေလျော့သွားပြီးနောက် အခန်းမီးလေးဟာလည်း အလင်းရောင်လျော့သွားလေသည်။အခန်းထဲမှ သတို့သားနှစ်ယောက်ဟာလည်း အလှပဆုံးနဲ့ အသာယာဆုံးသော အချစ်ညလေးကိုဖြစ်သန်းနေကြလေတော့သည်။
အချစ်ဟာ အသက်အရွယ်နဲ့မဆိုင်ပါဘူးတဲ့။
အချစ်ကိုတွေ့ရှိချိန်ဟာ ကမ္ဘာပေါ်ကအလှဆုံးသော အရာတစ်ခုကို ရရှိလိုက်သလိုပါဘဲတဲ့လေ။
ဒါကတော့ အချစ်ရဲ့ တန်ဖိုးကိုသိရှိသွားတဲ့ လူနှစ်ယောက်ရဲ့ ရင်ထဲကစကားနှစ်ခွန်းပင်ဖြစ်သည်။
ဂျုံအင် & ဆယ်ဟွန်း
တစ်ချို့သောဆေးသားများဟာ အဖြူရောင်ကတစ်ဆင့် အရောင်ပြောင်း သွားတတ်ကြပါတယ်။
အရောင်ပြောင်းသွားသည်ကို သိသော်လည်း တည်ရှိနေသော ခံစားချက်လေးပျောက်ဆုံးသွားမည်ဆိုးသောကြောင့် မသိသလိုသာနေလိုက်ရသည်။ 
ချန်းယောလ် & ဘက်ခ်ဟျွန်း
~~~ THE END ~~~
***********************************
  23     .  9  .  2021
Bubble - Eri 😘😘
နောက်ဆုံးတော့ပြီးသွားခဲ့ပါပြီ။ Final လေးကိုသဘောကျမယ်လို့ မျှော်လင့်ပါတယ်။
အစကနေ အဆုံးထိ ဖတ်ပေးတဲ့ ကလေးတွေအကုန်လုံးကိုကျေးဇူးတင်ပါတယ်။
နောက်သော Kaihun fic လေးတွေမှာ ထပ်တွေ့ကြမယ်နော် 💟
My friend is my husband ဆိုတဲ့ Kaihun အသစ်လေးကိုလည်း ဝင်ဖတ်ပေးကြပါဦးနော်။
ဖတ်ပေးတဲ့တစ်ယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်။
繼續閱讀
You'll Also Like
2.1M 125K 44
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
3.6M 230K 96
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
7.9K 721 8
မင်းနဲ့ကိုယ်နဲ့အချစ်ခရီးလမ်းမှာဘာဆူးညှောင့်မှမရှိစေရဘူး Birthday Present for @Reason_C ဂျိီးများသမျှနားထောင်ပြီးcoverလေးကိုအလှဆုံးလုပ်ပေးလို့ချစ်တယ်က...
1.2M 16K 52
NOT EDITED YET Gracie Owen's a headstrong journalist major rooms with her childhood best friend JJ Anderson for junior year, little does she know she...