Going Against The Wind (Myanm...
By Eri1485EXOL
292K 37.5K 1.6K
This is just a translation. Original work is 逆风而行 by Author 蓝淋. So, I own neither the content nor the cover. ... More
Summary
Chapter-1 (Part 1)
Chapter -1 (Part 2)
Chapter-2 (Part 1)
Chapter-2 (Part 2)
Chapter-3 (Part 1)
Chapter-3 (Part 2)
Chapter-4 (Part 1)
Chapter -4 (Part 2)
Chapter-5 (Part 1)
Chapter-5 (Part 2)
Chapter - 6 (Part 1)
Chapter - 6 (Part 2)
Chapter - 7 (Part 1)
Chapter -7 (Part 2)
Chapter - 8 (Part 1)
Chapter - 8 (Part 2)
Chapter - 9 (Part 1)
Chapter - 9 (Part 2)
Chapter - 9 (Part 3)
Chapter - 9 (Part 4)
Chapter - 10 (Part 1)
Chapter - 10 (Part 2)
Chapter - 10 (Part 3)
Chapter - 10 (Part 4)
Chapter-11 ( Part 1)
Chapter-11 (Part 2)
Chapter-11 ( Part 3)
Chapter-11 (Part 4)
Chapter-12 (Part 1)
Chapter-12 (Part 2)
Chapter-12 (Part 3)
Chapter-13 (Part 1)
Chapter-13 (Part 2)
Chapter-13 (Part 3)
Chapter -14 (Part 1)
Chapter -14 (Part 2)
Chapter-14 (Part 3)
Volume 2 Summary
Chapter -15 (Part 1)
Chapter -15 (Part 2)
Chapter -15 (Part 3)
Chapter - 16 (Part 1)
Chapter - 16 (Part 2)
Chapter -16 (Part 3)
Chapter - 17 (Part 1)
Chapter - 17 (Part 2)
Chapter - 17 (Part 3)
Chapter - 18 (Part 1)
Chapter - 18 (Part 2)
Chapter - 18 (Part 3)
Chapter -18 (Part 4)
Chapter - 19 (Part 1)
Chapter - 19 (Part 2)
Chapter - 19 (Part 3)
Chpater - 19 (Part 4)
Chapter - 20 (Part 1)
Chapter - 20 (Part 2)
Chapter - 20 (Part 3)
Chapter - 20 (Part 4)
Chapter - 21 (Part 1)
Chapter - 21 (Part 2)
Chapter - 21 (Part 3)
Chapter - 21 (Part 4)
Chapter - 22 (Part 1)
Chapter - 22 (Part 2)
Chapter - 22 (Part 3)
Chapter - 22 (Part 4)
Chapter - 22 (Part 5)
Chapter - 23 (Part 1)
Chapter - 23 (Part 2)
Chapter - 23 (Part 3)
Chapter - 23 (Part 4) Final
Extra - 1 (Part 1)
Extra - 1 (Part 2)
Extra - 2 (Part 1)
Extra - 2 (Part 2)
Extra - 2 (Part 3)
Afterwords
Just Announcement!
Survivorship Bias
Chapter -13 (Part 4)
2.4K 402 16
By Eri1485EXOL
UNICODE
ရှောင်ထျန်းကသူနဲ့ ရှောင်ရွှမ်း ကြားအကွာအဝေးကိုနားလည်စေချင်တယ်။ သူတို့က နီးနီးကပ်ကပ်ရှိနေပေမယ့် ရှောင်ရွှမ်းရဲ့ အဆင့်အတန်းက သူ၏ခေါင်းထိပ်ထက်တောင်မှအများကြီးပိုမြင့်နေတယ်။
"ဆရာ, ကျွန်တော့်အကိုကို သွားတွေ့လာခဲ့တာလား?"
သူ ရှောင်ရွှမ်း နှင့်ပြန်တွေ့တဲ့အခါ အနည်းငယ်မျက်မှောင်ကြုတ်နေတဲ့ လူငယ်လေးက အခန်းထဲကို
၀ င်လာတယ်။ သူ ပြောတဲ့ ပထမဆုံးစကားကပင် ပြတ်ပြတ်သားသားနှင့်ထိထိရောက်ရောက်ရှိနေခဲ့တယ်။ "အင်း..အမှန်ပဲ"
အူးယမ် ကသူ့အတွက်အချိုရည်အနည်းငယ်ထည့်ပြီးပြုံးရင်းပြောတယ်။
"ငါတို့မင်းရဲ့ ရည်မှန်းချက်ပုံစံအကြောင်းကိုပြောခဲ့တာ"
"ဘယ်သူကဆရာ့ ကိုအခြားသူတွေရဲ့စီးပွားရေးကိုစိတ်ထဲထားဖို့ပြောလို့လဲ?"
အူးယမ် လက်ကလေထဲတွင် ခနလောက်အေးခဲသွားတယ်။ ဒေါသထွက်နေတဲ့ ပုံစံနဲ့ ရှောင်ရွှမ်း ကစိတ်မရှည်စွာပြောတယ်။
"ကျွန်တော်ကိစ္စတွေကို ကျွန်တော်ကိုင်တွယ်နိုင်တယ်...ဘာလို့ဝင်ပါရတာလဲ?"
အူးယမ် ကဘာပြောရမှန်းမသိဘဲ
"ငါထင်တာက ... "
"ဆရာ ဒီအခြေအနေတွေကိုလုံး ၀ နားမလည်ဘူး ... အမှားတွေပဲလုပ်မိလိမ့်မယ်..ဒါမှမဟုတ်ကျွန်တော့်ထက်ပိုကောင်းအောင်လုပ်နိုင်မယ်လို့ထင်လား?"
အူးယမ် စကားမပြောနိုင်ဘဲခြေလှမ်းနှစ်လှမ်းဆုတ်လိုက်တယ်။
."ကျွန်တော့် အိမ်ကို သွားဖို့ ကျွန်တော်မပြောခဲ့ဘူးလေ.. ဘာလို့ ဆရာက အကုန်လုံးသိနေသလိုလုပ်နေရတာလဲ?"
"ငါက .. "
"မေ့လိုက်တော့ , ဘာပြောချင်သေးလဲ? ကျွန်တော်တို့ရဲ့ဆက်ဆံရေးကိုဖွင့်ပြောဖို့လုံလောက်တဲ့မိုက်မဲမှုတော့မရှိဘူးမဟုတ်လား?"
အူးယမ်အရင်ဦးဆုံးနားမလည်မီ အချိန်တော်တော်ကြာအံ့သြမှင်တက်သွားတယ်။
"ငါမပြောခဲ့ဘူး"
"ကောင်းတယ်.."
ရှောင်ရွှမ်းက အလွန်စိတ်လှုပ်ရှားနေဆဲဖြစ်တယ်။
"အနာဂတ်မှာကျွန်တော့်မိသားစုနဲ့ဝေးဝေးနေပါ "
အူးယမ် ကအံ့သြစွာဖြင့် "အာ" လို့အသံထွက်လိုက်သော်လည်း အဆုံးတွင်မူသူဘာမှမပြောတော့ဘဲဖျော်ရည်ကိုသာချလိုက်တယ်။
ပြီးနောက် အနည်းငယ်စွန်းထင်းနေတဲ့ စာပွဲကို သုတ်လိုက်တယ်။ မိနစ်အတော်ကြာတော့ဘယ်သူမှစကားမပြောကြဘူး။
အူးယမ်ကစားပွဲခုံကိုသုတ်ပြီးတာနဲ့ ခဏမတ်တပ်ရပ်နေတယ်။ပြီးတော့ စာအုပ်ဖတ်ဖို့ထိုင်လိုက်ပြီးခေါင်းကိုငုံ့ထားကာတိတ်ဆိတ်နေခဲ့တယ်။
ရှောင်ရွှမ်းက ဘေးချင်းယှဉ်ထိုင်လျက်သူ့ကိုသုန်မှုန်သောမျက်နှာဖြင့်စိုက်ကြည့်နေတယ်။ အခန်းသည်အလူးအလဲတိတ်ဆိတ်လျှက်ရှိတယ်။
"ဆရာ "
ရှောင်ရွှမ်း မျက်နှာရှိကြွက်သားများရုတ်တရက်ပြေလျော့သွားပြီး သူ၏လေးနက်ပြီးအေးစက်​နေတဲ့ အမူအရာက ကွေးညွတ်သောမျက်လုံးများဖြင့်ချစ်စရာကောင်းတဲ့ အသွင်သို့ပြန်ပြောင်းသွားတယ်။
"ဆရာ....စိတ်ဆိုးနေလား"
အူးယမ် ကသူ့ကိုအံ့သြစွာကြည့်လိုက်ပြီးခေါင်းခါကာပြုံးလိုက်တယ်။
"ကျွန်တော် နောက်နေတာဆရာ....မကြောက်ဘူးလား?ကျွန်တော်ကလူကြီးတစ်ယောက်လိုဟန်ဆောင်နေတာ,အဲဒါကတူတယ်မဟုတ်လားဟင်?"
သူ၏အသွင်အပြင်က တကယ့်ကိုရင်းနှီးကျွမ်းဝင်ပြီးချိုမြိန်ကာချစ်စရာကောင်းတယ်။သူ့အစ်ကိုနှင့်တူတဲ့ အေးစက်မှုက အခုတော့ တကယ့်ကိုဟာသတစ်ခုသာဖြစ်နေတော့တယ်။ အူးယမ်ကသူ့ကိုပွေ့ဖက်လိုက်ပြီး ပွတ်ပေးလိုက်တော့နည်းနည်းသက်သာသွားပြီးပြုံးစပြုလာတယ်။
ရှောင်ရွှမ်းက ပွေ့ဖက်နမ်းရှုံ့လိုက်ပြီးနောက် လုံးဝကွဲပြားခြားနားသောလူတစ်ယောက်ကဲ့သို့ချစ်စရာကောင်းအောင် သူ့ခြေထောက်တွေပေါ်တင်ရန်အခွင့်အရေးယူခဲ့တယ်။
"ကောင်းပြီ,ဆရာ..... ဆရာက ကျွန်တော့်မိသားစုအခြေအနေကိုမသိဘူး.... ဒါဆိုရင်ယေဘူယျတော့ကျွန်တော်ပြောပြမယ်..ဒါအဆင်ပြေမလား? "
အူးယမ် က "ကောင်းပြီ" ဟုပြောလိုက်သော်လည်း သူ့ခန္ဓာကိုယ်က အနည်းငယ်အေးစက်နေဆဲဖြစ်တယ်။ ရှောင်ရွှမ်းသူ့ရဲ့ နွေးထွေးတဲ့ ခန္ဓာကိုယ်နဲ့ ပွတ်တိုက်နေသော်လည်းသူမနွေးထွေးနိုင်သေးပေ။
"ကျွန်တော့ အကိုကြီးကအခုအသက်သုံးဆယ်ကျော်နေပြီ...ကျွန်တော့် တူနဲ့တူမသုံးယောက်လုံးကငယ်ငယ်လေးတွေရှိသေးတယ်, အကြီးဆုံးကအခုမှဆယ်နှစ် ....အငယ်ဆုံးကအမွှာ,ကောင်လေးနဲ့ကောင်မလေး ....သူတို့ကခု ,နှစ်နှစ်စွန်းစွန်းပဲရှိသေးတယ် အကိုကြီးက ကျွန်တော့်ကို ညီတစ်ယောက်လိုရော သားတစ်ယောက်လိုရော စောင့်ရှောက်တာ"
ရှောင်ရွှမ်း ကခေါင်းကိုသူ့ခါးနှင့်ပွတ်လိုက်တယ်။
"ကျွန်တော့်မှာ ဒုတိယအစ်ကိုရှိတယ်... ဒါပေမယ့်သူက ကျွန်တော့် အဖေရဲ့ ပြည်ပကချစ်သူတစ်ယောက်ရဲ့သား...အဲ့တာမို့ ကျွန်တော့် အကိုကြီးနဲ့အမေက အရမ်းဒေါသထွက်တယ်၊​​ပြီးတော့ သူတို့က ဒုတိယအစ်ကိုနဲ့အဒေါ်ကို အိမ်မှာနေဖို့ အမြဲငြင်းဆန်တယ်... ဒါပေမယ့်ဒီနှစ်တွေမှာအဖေ သူတို့ကိုဒီကိုခေါ်လာဖို့အတင်းအကြပ်ပြောတာကြောင့် ဒီအိမ်မှာနေနေတယ်... အဖေကဒုတိယအစ်ကို ကိုတကယ်ချစ်တာ... ဒါကြောင့်လူတိုင်းနဲ့ဆက်ဆံရေးကို ပိုဆိုးလာစေတယ်"
" အမှန်တကယ်တော့ ကျွန်တော့ဒုတိယအစ်ကို က မဆိုးပါဘူး....သူက အပြောဆိုးပေမယ့် တကယ့်ကို ကျွမ်းကျင်ပိုင်နိုင်တဲ့လူကောင်းတစ်ယောက်ပါ... အခုအချိန်မှာ အကိုကြီးက မိသားစုစီးပွားရေးကို သူတစ်ယောက်ထဲ ဦး ဆောင်နေရတာ.... ဒါကအရမ်းစိတ်ဖိစီးမှုများတယ်; တကယ်လို့ ဒုတိယအကိုသာကူညီရင် ပိုကောင်းတာပေါ့, ဒါပေမယ့် အမေနဲ့ အကိုကြီးက သူ့ကို Xiao Group မှာ လုံး၀ဝင်မပါစေချင်ဘူး; သူတို့က ကျွန်တော့်ကို နောက်ပိုင်းမှာ ဝင်ဖို့အတွက်စောင့်နေကြတာ...."
"ဒုတိယအစ်ကိုရဲ့ပင်ကိုယ်စရိုက်ကသူတို့နှစ်ယောက်နဲ့မကိုက်ညီဘူး.... မကြာသေးခင်တုန်းက သူ့ကhomosexual တစ်ယောက်ဖြစ်ပြီး သူ့မှာချစ်သူရှိတယ်လို့ရိုးရိုးသားသားဝန်ခံခဲ့တယ်...ဒါ့ကြောင့်မို့ သူစီစဉ်တဲ့အိမ်ထောင်ရေးက ဘယ်လိုမှပါ ၀င်လို့မဖြစ်နိုင်တော့ဘူး... သားသမီးလည်းမရှိတော့ အဖေကအရမ်းစိတ်ပျက်သွားတယ်၊ အဲ့တာကြောင့် အစ်ကိုကြီးကစိတ်ပိုသက်သာလာတာ"
အူးယမ်ကသူ့ကိုကြည့်ပြီး "ဒါဆိုမင်းကောဘယ်လိုလဲ?"
"ဟမ်?"
"မင်းကလိင်တူချစ်သူတစ်ယောက်နဲ့ချိန်းတွေ့နေတယ် ...တကယ်လို့ မင်းအိမ်ထောင်မပြုရင်ကလေးလည်းရှိမှာမဟုတ်ဘူး...ဒါဆို မင်းအဖေက ... "
ရှောင်ရွှမ်းပြုံးလိုက်တယ်။
" ကျွန်တော်ကအရွယ်မရောက်သေးဘူးလေ ဘယ်သူက ကျွန်တော့်ကို ဒါတွေမေးမှာလဲ?အဝေးကြီး..."
အူးယမ် ကခေါင်းကိုငုံ့ပြီးကုတင်ကိုသပ်ရပ်စွာရှင်းလိုက်တယ်။
"အိုး"
သူက "ကျွန်တော်,ဆရာ နဲ့တစ်သက်လုံးနေချင်တယ်" ဆိုတဲ့စကားမျိုးမပြောနိုင်ဘူးပဲ။
ဆယ့်ခြောက်နှစ်အရွယ်ကောင်လေးတစ်ယောက်နဲ့တစ်ဘ၀လုံးစာအကြောင်းပြောဖို့ဆိုတာ သူကလက်တွေ့မဆန်ဘူးလို့ခံစားရတယ်။
ရှေ့တွင်ကြိုတင်မသိနိုင်တဲ့ အချိန်တွေကရှည်လျားပေတယ်။ သူကအနာဂတ်အတွက် အလေးအနက် အစီစဉ်ဆွဲထားပြီးသားဖြစ်တယ်။ ဒါပေမယ့် အခုနားလည်လိုက်တာက အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာကို ကြိုတင်ခန့်မှန်းထားလို့မရဘူးဆိုတာပဲ။
"ဆရာ?"
အူးယမ်က သူ့အားပွေ့ဖက်နေတဲ့ လူငယ်ကိုကြည့်ရင်းသတိပြန်ရလာတယ်။
"ဆရာ,အဲ့တာကို ဒီညလုပ်ချင်လား?"
ရှောင်ရွှမ်းက သူ့အားတင်းတင်းကျပ်ကျပ်ဖက်ထားပြီး ချစ်စဖွယ်ပြုံးပြတယ်။
"ကျွန်တော်အသစ်ထုတ်ထားတဲ့ကွန်ဒုံးတွေကို၀ ယ်ခဲ့တယ် ... "
အူးယမ် က သူ့ကိုပွေ့ဖက်ကာ အ ၀ တ်တွေ သူ့ဘောင်းဘီကိုချွတ်လို့ အနောက်ကနေဝင်ခွင့်ပြုလိုက်တယ်။
T/N- Chapter 13 end
နောက်တစ်ပိုင်းမှတွေ့ကြမယ် 
ZAWGYI
"ငါထင်တာက ... "
"ငါက .. "
"ငါမပြောခဲ့ဘူး"
"ကောင်းတယ်.."
"ဆရာ "
"ဆရာ....စိတ်ဆိုးနေလား"
"ဟမ်?"
"အိုး"
"ဆရာ?"
T/N- Chapter 13 end
Continue Reading
You'll Also Like
180K 4.4K 71
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
359K 42K 199
Title : SAYE Author : WU ZHE, YUAN DIAN GEZI MANHUA, ZUOER CONG DONG Gener : Shounen Ai/ Drama/ Psychological/ Romance/ School life/ Slice of Life St...
1M 78.5K 107
This is Book 1 and book2 is on my reading list You can read description in first episode oK Category-Fantasy,modern,boy's love Author-岛上 project So...
1.5M 201K 108
Myanmar translation of light novel "Application for Divorce" Original Author - 云间 [Yun Jian] Novel status - completed(104 chapters + 17 extras) Genre...