ငယ်ချစ်တည်စေM-preg(Completed)
By MaHninNge
417K 31.5K 1.2K
ဇွတ်အတင်း အဖြောင့်ဟု အော်နေသော ဦးတည်(ခေါ်)ကမ္ဘာတည်စေ ချစ်ရသူ...ချစ်ဦးသူကို ချစ်ခွင့်ရရုံ ငေးကြည့်နေရုံသာ ကျ... More
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉(Warning)🔞🚨🚨🚨
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅(Final)
Extra 1
Extra 2
Extra 3
အပိုင်း ၆
13K 1.2K 48
By MaHninNge
Uni
တည်စေ လက်ထဲက ဖုန်းကို ချလိုက် ကိုင်လိုက်နှင့်စိတ်မငြိမ်..။
မနက်လင်းကတည်းက ရောက်နေကျ စာလေးကို မျှော်နေမိတာ ဘယ်သူသိမလဲ..။
မနေ့ကငိုသွားတဲ့ကိစ္စကိုမေးဖို့ဖုန်းဆက်တော့လည်း ထိုကလေးကမကိုင်တော့ နေမရ ထိုင်မရဖြစ်ကာအပြေးသာသွားလိုက်ချင်သည်..။
Ring!!
ဖုန်းဝင်လာလို့ကြည့်လိုက်တော့ ခမ်းရဲ့ဖုန်း..။
"ဟလို..ခမ်း.."
"တည်စေ ဘာလုပ်နေလဲ...သင်္ကြန်ရေပတ်ခံဖို့ ငါတို့တွေစုံနေပြီ လာခေါ်မယ်..အဆင်သင့်ပြင်ထား.."
ပြောပြောဆိုဆို ဖုန်းချသွားသူကြောင့်ငြင်းဖို့အချိန်မရလိုက်..။
ကဲလေးရောဘယ်မှာကဲနေလဲမသိ..။
မနေ့ကလိုငိုနေအုံးမလား..။
တည်စေ စိတ်တွေကအချစ်တစ်ခုကို မသိမသာ လက်ခံလိုက်ချင်နေလေပြီ..။
တကယ်ဆို အရင်တစ်ခေါက် အပန်းဖြေခရီးထွက်သွားလို့ ကဲလေးနဲ့အဆက်အသွယ်မရကတည်းက တည်စေ ကိုယ့်ကိုကိုယ်ဘာဆိုတာရိပ်မိလိုက်၏..။
တည်စေ ကွေးသွားလေပြီ..။
ဒါဟာ ကဲကဲတစ်ယောက်တည်းအတွက်သာ ကွေးခြင်းပေ..။
အခြေအနေအမျိူးမျိူးနဲ့ သူ့ကိုယ်သူ စမ်းသပ်ခဲ့ဖူးသည်..။
မိန်းမနဲ့လည်း Dateခဲ့၏..။
Gay Bar လည်း သွားခဲ့၏..။
ဘယ်သွားသွား ဘာလုပ်လုပ် အတွေးထဲမှာ စိုးမိုးထားသူက ကဲလေးတစ်ယောက်သာ..။
ထို့ကြောင့်သူငယ်ချင်းတွေဆုံတော့ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ကာ ပြောပြခဲ့လိုက်၏..။
တည်စေ ဆုံးဖြတ်ချက်ကချက်ချင်း ကဲလေးကို အသည်းနင့်အောင်ချစ်နေမိကြောင်း ပြေးအသိပေးချင်သည်..။
သို့ပေမယ့်ခမ်းက အကြံတစ်ခုပေးသည်..။သူမနဲ့အယောင်ဆောင်တွဲပြပြီး ကဲလေးကို သဝန်တိုလားမတိုလား စမ်းသပ်စေလို၏..။
ထိုအကြံအားတည်စေ လက်ခံခဲ့သည်..။
မိမိတို့ရဲ့အသက်အရွယ်ကွာခြားချက်ကြောင့် ဆယ်ကျော်သက်အရွယ်ကလေးတစ်​ယောက်ရဲ့အချစ်က အပျော်ဆိုရင် တည်စေ ရင်ကွဲရမည်ပင်...။
ကဲလေးရဲ့အသက်က ၂၂..မိမိအသက်က ၃၂....။ထိုသို့ဆယ်စုနှစ်တစ်ခုစာ ကွာခြားလှသည်မို့ ကဲလေးအချစ်ကိုစမ်းသပ်ချင်ခဲ့၏..။
ခဏနေတော့ခမ်းတို့ရောက်လာတာကြောင့် ကားပေါ်တက်ကာရေကစားမဏ္ဍပ်ဆီ ထွက်လာခဲ့လိုက်သည်..။
လမ်းတိုင်းကရေပတ်ခံကားတွေနဲ့ပြည့်သိပ်နေ၏..။
တမြို့လုံးပတ်လာရင်း ဆေးတက္ကသိုလ် မဏ္ဍပ်ရှေ့အရောက် ထင်းရှင်းစွာ မြင်လိုက်ရသော မျက်နှာလေး...။
အစ်မဖြစ်သူ၏သူငယ်ချင်းအမြွှာ ညီအစ်မကြားမှာ ရုပ်သေကြီးနဲ့ရေပတ်နေသူက၀ိဉာဥ်လွင့်နေသလိုပင်။
ဘေးကနေ အစ်မဖြစ်သူ ခွံ့ကျွေးနေတာကို မစားချင်စားချင်နဲ့ မျက်နှာကြီးတည်ကာ တမြုံမြုံဝါးနေပုံက အဘိုးကြီးပေါက်စလေးလို..။
မျက်မှန်ပုလင်းဖင်နဲ့ တကယ်အဘိုးအိုလေးလိုပါပဲ..။
တည်စေ ထိုအဘိုးအိုလေးအားတစိမ့်စိမ့်ငေးကြည့်လို့မဝလိုက်ပုံများ...။
လည်ပင်းမှာ ဖုန်းလေးဆွဲထားတာမြင်လိုက်တာမို့ ဖုန်းခေါ်လိုက်သည်..။
ဖုန်းဝင်လာတော့ ရေပိုက်ကိုချကာကြည့်လိုက်ပြီး သူမှန်းသိပေမယ့်မကိုင်ပေ...။
တည်စေ ငေးကြည့်နေတုန်းလက်ထဲကဖုန်းကတုန်သွားတာမို့ဖုန်းကိုင်လိုက်တာကိုသိလိုက်သည်မို့နားနားကပ်ကာအော်ပြောလိုက်၏။
"ဟလို...ကဲလေး...ကိုယ်မဏ္ဍပ်ရှေ့မှာ...ဟလို.."
သီချင်းသံတွေနဲ့မကြားရ..။
နားတစ်ဖက်ကိုပိတ်ရင်း ဖုန်းကပ်ထားရာနားကိုအာရုံစိုက်နားထောင်နေတုန်းအော်ပြောလာသည့်အသံတစ်ခုကိုကြားလိုက်ရသည်...။
"ဘယ်သူလဲ...ကဲလေး...ဖုန်းလာနေတာလားလို့..."
ရွှန်း၏အမေးအားခေါင်းငြိမ့်ပြရင်းအော်ဖြေလေ၏။
"အင်း..သား လူကြီး..."
"ကိုတည်စေလား..."
"အင်း.."
"မကိုင်ဘူးလား..."
"ဟင့်အင်း...အဲ့လူကြီးကို စိတ်ကောက်နေသေးတယ်...ပစ်ထားလိုက်အုံးမယ်..."
"အပိုတွေ...ညညကျ ခိုးရိုက်ထားတဲ့ပုံကို နမ်းနမ်းနေပြီးတော့...ဟွန်း..."
"ချစ်တာကြီးကို..."
တည်စေ ဖုန်းကို နားနားကပ်ရင်း ကြည်နူးပီတိ ဂွမ်းဆီထိနေသည်..။
နောက်က လူတိုးတာကြောင့် ဖုန်းကိုင်လိုက်မိတာ မသိလိုက်ပုံပဲ..။
သူ့အတင်းတွေတုတ်နေလိုက်တာများ..။
တည်စေမှာတော့ သား လူကြီး ဆိုတဲ့အသံက နားထဲကမထွက်..။
သဘောတကျပြုံးကာ ဖုန်းချလိုက်ပြီး အမိုးဖွင့်ထားသောကားနောက်ပိုင်းမှာ တင်ပြင်ခွေထိုင်ရင်းထိုကလေးရဲ့လှုပ်ရှားမှုအသေးစိတ်ကို ငေးကြည့်နေလိုက်သည်..။
ပြုံးသွားတာ မျက်နှာတည်သွားတာ စသည့်မျက်နှာထားမျိုးစုံနဲ့မျက်နှာလေးက ဘယ်လိုကြည့်ကြည့် ပြေးနမ်းချင်စရာအတိ..။
အစ်မတွေဘက်လှည့်ကာ ရယ်လိုက် ရှေ့ပြန်လှည့်လာကာ မျက်နှာတည်လိုက် ထိုသို့တစ်ယောက်တည်းနဲ့ မျက်နှာနှစ်မျိူးလုပ်နေလေ၏..။
တည်စေတစ်ယောက် ကြည့်ရင်း အူတွေယား အသည်းတွေယားနေမိသည်...။
ရင်ထဲမှာ ပုရွက်ဆိတ်တက်နေသလို တရွစိစိ...။
ညနေပိုင်း ရောက်တော့တည်စေတို့တွေ ပြန်လာခဲ့လိုက်သည်..။
နောက်နေ့ တည်စေတစ်ယောက်ထိုမဏ္ဍပ်ဆီသာလှိမ့်တော့မည်မှာအသေအချာ..။
ချစ်မိသွားတော့ ချစ်ရသူလေးနား အမြဲကပ်နေချင်မိသည်မှာမဆန်း....။
ကဲကဲ အိမ်ပြန်ရောက်သည်နှင့် ရေချိူးကာ ကုတင်ပေါ် ပစ်လှဲလိုက်သည်..။
ဒီနေ့ ဦးတည်က ကဲဆီ ဖုန်းခေါ်လာ၏..။
ကဲ အမူပိုကာ မကိုင်ဘဲနေပစ်လိုက်သည်..။
ဦးတည်ချော့တာ ခံချင်နေပေမယ့်စိတ်ကမပြေသေး...။
ထိုနေ့ကအကြောင်းပြန်တွေးတိုင်းကောက်ပြီးရင်းကောက်ချင်နေတာတော့ ဘယ်လိုမှမတက်နိုင်...။
Ring!!
ringtoneသံကြောင့် ငဲ့ကြည့်မိတော့ ဖုန်းခေါ်လာသူက မျှော်နေမိသော တစ်ဦးတည်းသောသူ..။
နှူတ်ခမ်းလေးကိုခပ်ဖွဖွကိုက်ကာ ဖုန်းကိုင်လိုက်၏။
"ဟ...လို...အ..မိန့်..ရှိ...ပါ...ငယ်...ချစ်..ကဲ...ပို...စိတ်...ကောက်ရင်း.. ပြော..နေ...ပါ..တယ်..ဗျ.."
ထိုသို့စကားကိုတစ်လုံးချင်းဆီပြောလိုက်တော့ ခပ်တိုးတိုး ရယ်သံထွက်လာသည်..။
"မရယ်နဲ့..."
"ဘာလို့လဲ ကဲလေးရ"
ဘောက်ဆတ်ဆတ်တားမြစ်သံအားကြားတော့ရယ်သံစွတ်သောအမေးစကားဖြင့်မေးလာ၏။
"ဦးတည်ရယ်ဖို့အတွက် ကဲကလူရွှင်တော်မဟုတ်ဘူး...မရယ်နဲ့.."
တည်စေ စူပုပ်နေမယ့်မျက်နှာလေးကို မြင်ယောင်ရင်းတိတ်တခိုးသာပြုံးလိုက်မိသည်..။
အသံတော့ ထွက်မရယ်ဖြစ်..။ထပ်ကောက်သွားရင် မလွယ်...။
"ဒီနေ့ ဘယ်သွားလဲ ကဲလေး..."
"လင်ရှာ..."
ခပ်ရွဲ့ရွဲ့​အဖြေစကားကြောင့်မကြားဟန်ပြုကာထပ်မေးလိုက်၏။
"ဟမ်...ဘာရှာ.."
"လင်ရှာ သွားတယ်လေ...ဘာလို့လဲ.."
အသံကမကျေနပ်ဟန်အပြည့်။
"ရခဲ့လား...လင်က..."
"ဘယ်လိုထင်လဲ...ဦးတည်က.."
ရယ်သံဟဟဖြင့်တည်စေအမေးအားအမေးဖြင့်သာပြန်ပြောလာ၏။
"လင်ကရှိပြီးသားကို ရှာနေသေးတာလား..ကဲလေးရ..."
"မရှိပါဘူး...ဦးတည်သိတာလည်းမဟုတ်ပဲနဲ့..."
ချွဲနေပေမယ့် ထိုအသံကတည်စေနားထဲမှာချိုမြိန်နေ၏။
"မရှာပါနဲ့တော့..လင်ကရတော့မှာ..."
"ဦးတည် ရှာပေးမှာလား...ဟွန်း"
မေးရင်းနှာမှုတ်သံပြုနေလေ၏။
"ဒါပေါ့...လူကိုယ်တိုင်ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာစေရမယ်...ယောကျ်ားကြိုက်တော့ ဆိုက်ဆိုက်လာ...ကဲလေး ကြိုက်တော့ မျှော်ရတာတဲ့...ကဲလေးက မျှော်တဲ့အလုပ်ပဲလုပ်..ဆိုက်ဆိုက် ရောက်လာဖို့က ဦးတည် တာဝန်ထားလိုက်..."
တည်စေ အတင်းအာမခံပစ်လိုက်၏။
မျှော်သူကမမျှော်ရင်တောင် တည်စေခမျာ့ယခုပင်ဆိုက်ဆိုက်ရောက်ချင်နေလေပြီ။
"စကားကလည်း တက်လိုက်တာ..ဒါကြောင့် ချစ်သူကောင်မလေးချောချောလေး ရထားတာဖြစ်မယ်.."
မိမိအားစကားအစ်နေသောထိုကလေးကို တည်စေ ပြေးသာနမ်းလိုက်ချင်တော့သည်..။
"ဘယ်ကကောင်မလေးလဲ...ကိုယ့်ချစ်သူက ကောင်လေးပါ...ကဲလေးရဲ့"
ကဲလေး ဦးတည်စကားကြောင့် ရင်ထဲဒိန်းကနဲ..။
အခု ဦးတည်က သူ့ကို ဘာပြောလိုက်တာ..။
ချစ်သူက ကောင်လေး ဆိုပါလား..။
ကြားရတာနဲ့တင် ရင်တွေပန်းတွေတောင်တုန်တယ်...။
"ဦး..ဦးတည်...ဘာ..ဘာပြောလိုက်တာ..."
"အာ...ကဲလေး..ဒါပဲနော်..ကိုယ်အိပ်တော့မယ်..."
မေးတာမဖြေပဲ ဖုန်းချသွားသူကြောင့် ကဲကဲ ဘာလုပ်လို့ ဘာကိုင်ရမယ်မသိ..။
လူယုတ်မာကြီး လူကိုအိပ်မရအောင် လုပ်သွားတယ်..။
အိပ်မရအောင် လုပ်သွားတဲ့ဦးကမ္ဘာတည်စေ တစ်ယောက် ငယ်ချစ်ကဲပို နဲ့အမြန်ရပါစေတော် ကဲ ကျိန်စာ တိုက်ပစ်ပြီ..ဟွန့်...။
.......
သင်္ကြန်အကြတ်နေ့...မနက်။
ကဲကဲ အိပ်ယာက နိုးတော့ ခါးစပ်တဝိုက်က နာနေတာကြောင့် မျက်လုံးပြူးသွားရသည်..။
ဟိုဟာ ဖြစ်နေတာလား..။
"ဒေါက်...ဒေါက်...ကဲလေး..မမ ဝင်ခဲ့မယ်နော်..."
ရွှန်း တံခါးဖွင့်ကာ မောင်ဖြစ်သူအခန်းထဲ ဝင်လိုက်တော့ မျက်နှာလေးငယ်ကာ စောင်ကြားထဲ ကွေးနေသူကြောင့် အနားပြေးသွားလိုက်သည်....။
"ကဲလေး..ဘာဖြစ်...ဟင်.."
မော့ကြည့်လာတဲ့ မျက်နှာလေးက မျက်ရည်တွေပိုးပိုးပေါက်ပေါက် ကျလာတာကြောင့် တစ်စုံတစ်ခုကိုတွေးမိလိုက်၏..။
"ထ..ရေချိူးချေ....မမ အဆင်သင့် လုပ်ပေးထားမယ်...မငိုနဲ့တော့...ဒါဖြစ်တာ အရင်ကတည်းကပဲကို..စဖြစ်တိုင်း ငိုနေရတာ မပင်ပန်းသေးဘူးလား..ကဲလေးရဲ့..."
ရွှန်း bathrobe ကို ယူပေးလိုက်ပြီး ကဲလေး အဝတ်ခန်းထဲဝင်လာခဲ့သည်..။
အတွင်းခံဘောင်းဘီတစ်ထည်ထုတ်ကာ အဆင်သင့်ဖြစ်အောင်ပြင်ပေးလိုက်၏..။
ကဲလေးက ထူးခြားတဲ့ယောကျ်ားလေးဆိုတာ ထိုအခြေအနေကြောင့်ပင်..။
မွေးကတည်းက သားအိမ်ပါလာသူလေးမို့ လစဥ်လတိုင်း အမျိူးသမီးတွေလို ဓမ္မတာလာသည်..။
ရွှန်းကမှ နောက်ကျတာ စောတာမလာတာရှိသေးသည်..။ကဲလေးက တစ်လမှမလာတဲ့လမရှိ..။
မိန်းကလေးတွေလို သိမ်တဲ့ခါး...ဖြူနုတဲ့အသားအရေ...။
မိန်းကလေးတစ်ယောက်လို ထင်မှတ်မှားရလောက်တဲ့ ရုပ်ရည်လေး..။
ဆံပင်အတိုကြောင့်သာ ယောကျ်ားလေးလို့ ယုံကြည်ရသည်..။
ဆံပင်အရှည်နဲ့သာဆို မိန်းကလေးလို့ လူတကာ ထင်နိုင်သည်..။
မိန်းကလေးဖြစ်တဲ့ ရွှန်းတောင် ကဲလေးလောက် ချစ်စရာမကောင်းပေ..။
မောင်ဖြစ်သူကြောင့်သာ OG ဆရာဝန်ဘဝကို ရွှန်း ရွေးချယ်ခဲ့၏..။
ကဲလေး နာတာ ကျင်တာ..လိုအပ်တာ လုပ်ပေးချင်သည်..။
ရွှန်းက ကဲလေးကို နားလည်အပေးနိုင်ဆုံး လူသားတစ်ယောက်လည်းဖြစ်ချင်၏..။
အဲ့လိုပဲ အိမ်ထောင်ပြုချိန်ရောက်ရင်လည်းရွှန်းလို နားလည်ပေးနိုင်မယ့် လူရဲ့လက်ထဲကိုသာ ကဲလေးကို ထည့်ပေးချင်သည်..။
.......
kwaypu
Edit...18.3.22
Zaw
Ring!!
"ဟလို..ခမ်း.."
တည်စေ ကွေးသွားလေပြီ..။
အခြေအနေအမျိုးမျိုးနဲ့ သူ့ကိုယ်သူ စမ်းသပ်ခဲ့ဖူးသည်..။
Gay Bar လည်း သွားခဲ့၏..။
"အင်း..သား လူကြီး..."
"ကိုတည်စေလား..."
"အင်း.."
"မကိုင်ဘူးလား..."
"ချစ်တာကြီးကို..."
အစ်မတွေဘက်လှည့်ကာ ရယ်လိုက် ရြေှ့ပန်လှည့်လာကာ မျက်နှာတည်လိုက် ထိုသို့တစ်ယောက်တည်းနဲ့ မျက်နှာနှစ်မျိုးလုပ်နေလေ၏..။
ကဲကဲ အိမ်ပြန်ရောက်သည်နှင့် ရေချိုးကာ ကုတင်ပေါ် ပစ်လှဲလိုက်သည်..။
ဒီနေ့ ဉီးတည်က ကဲဆီ ဖုန်းခေါ်လာ၏..။
ဉီးတည်ချော့တာ ခံချင်နေပေမယ့်စိတ်ကမပြေသေး...။
Ring!!
ringtoneသံကြောင့် ငဲ့ကြည့်မိတော့ ဖုန်းခေါ်လာသူက မျှော်နေမိသော တစ်ဉီးတည်းသောသူ..။
"မရယ်နဲ့..."
"ဘာလို့လဲ ကဲလေးရ"
"ဉီးတည်ရယ်ဖို့အတွက် ကဲကလူရွှင်တော်မဟုတ်ဘူး...မရယ်နဲ့.."
"ဒီနေ့ ဘယ်သွားလဲ ကဲလေး..."
"လင်ရှာ..."
"ဟမ်...ဘာရှာ.."
"ရခဲ့လား...လင်က..."
"ဘယ်လိုထင်လဲ...ဉီးတည်က.."
"မရှိပါဘူး...ဉီးတည်သိတာလည်းမဟုတ်ပဲနဲ့..."
"ဉီးတည် ရှာပေးမှာလား...ဟွန်း"
"ဒါပေါ့...လူကိုယ်တိုင်ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာစေရမယ်...ယောက်ျားကြိုက်တော့ ဆိုက်ဆိုက်လာ...ကဲလေး ကြိုက်တော့ မျှော်ရတာတဲ့...ကဲလေးက မျှော်တဲ့အလုပ်ပဲလုပ်..ဆိုက်ဆိုက် ရောက်လာဖို့က ဉီးတည် တာဝန်ထားလိုက်..."
ကဲလေး ဉီးတည်စကားကြောင့် ရင်ထဲဒိန်းကနဲ..။
အခု ဉီးတည်က သူ့ကို ဘာပြောလိုက်တာ..။
"ဉီး..ဉီးတည်...ဘာ..ဘာပြောလိုက်တာ..."
အိပ်မရအောင် လုပ်သွားတဲ့ဉီးကမ္ဘာတည်စေ တစ်ယောက် ငယ်ချစ်ကဲပို နဲ့အမြန်ရပါစေတော် ကဲ ကျိန်စာ တိုက်ပစ်ပြီ..ဟွန့်...။
.......
ဟိုဟာ ဖြစ်နေတာလား..။
"ကဲလေး..ဘာဖြစ်...ဟင်.."
"ထ..ရေချိုးချေ....မမ အဆင်သင့် လုပ်ပေးထားမယ်...မငိုနဲ့တော့...ဒါဖြစ်တာ အရင်ကတည်းကပဲကို..စဖြစ်တိုင်း ငိုနေရတာ မပင်ပန်းသေးဘူးလား..ကဲလေးရဲ့..."
ကဲလေးက ထူးခြားတဲ့ယောက်ျားလေးဆိုတာ ထိုအခြေအနေကြောင့်ပင်..။
မွေးကတည်းက သားအိမ်ပါလာသူလေးမို့ လစဉ်လတိုင်း အမျိုးသမီးတွေလို ဓမ္မတာလာသည်..။
ဆံပင်အတိုကြောင့်သာ ယောက်ျားလေးလို့ ယုံကြည်ရသည်..။
.......
kwaypu
Edit...18.3.22
Continue Reading
You'll Also Like
22.7K 1.3K 25
ယမ်းငွေ့တွေနှင့် မှိုင်းနေသော ဌာနေပြည်နယ်ကြီးမှ မြူခိုးတွေ ဆိုင်းနေသော ရွှေ့ပြောင်း ပြည်နယ်ကြီးသို့ မြေစာပင်လေးတွေ စုစည်းရာကို စာသွားသင်ပေးလေရာမှ နှလ...
37.5K 3.1K 21
539K 60K 36
LOVE IS LIKE COFFEE S2
134K 11.2K 45
ဆာယာ ဆိုတာ အေးရိပ်တဲ့လေ ။ ကလေးတွေအတွက် အေးမြတဲ့အရိပ် ဖြစ်စေတဲ့ ဆာယာ ဆိုတဲ့ ဆရာ ။ ရာဇသဝဏ် ရဲ့ နှလုံးသား အေးရိပ်ကလေးပါ။ ဆာယာ တဲ့လေ။ ရာဇသဝဏ် + ဆာယာ