အပိုင်း ၁၇

10.9K 954 45
                                    

Uni

၁၁လပိုင်းအအေးဓာတ်ကတစိမ့်စိမ့်အေးလှသည်..။

မနက်အစော လေ့ကျင့်ခန်းအနေဖြင့်အိမ်ရှေ့ကနေ မနော်ဟရီပန်းခြံထိပြေးနေကျမို့ အားကစားဝတ်စုံဝတ်ကာ ကဲကဲထွက်လာခဲ့၏..။

တပတ်လည်ပြေးပြီးပြန်ရောက်တော့အချိန်ကစောသေးသည်မို့ မနက်စာကိုတစ်ယောက်တည်းသာစားရ၏..။

ပါးနဲ့မားကလည်း လမ်းလျှောက်ထွက်သွားတာပြန်မလာသေးသလိုမမကြီးကလည်း သူ့အခန်းထဲမှာ Workoutလုပ်ပြီးလို့ ရေချိူးနေလိမ့်မည်..။

၁၁လပိုင်း၁၁ရက်ဖြစ်သော ဒီနေ့က မမကြီး၏မွေးနေ့..။

ကဲကဲမွေးနေ့ကတော့ ၁၂လပိုင်း ၂၅ရက် မို့ခရစ္စမက်နေ့မှာလူဖြစ်ခဲ့သူလေး..။

ထို့ကြောင့်နောက်လ၁၅ရက်နေ့ဆိုရင် ကဲအသက်၂၆ပြည့်တော့မည်..။

အဲ့တော့ လင်ယူရမယ့်အရွယ်ရောက်လေပြီ..။

အသက်၂၅ကျော်လို့မှလင်တစ်ယောက်တောင်ရအောင်မယူနိုင်ရင် ကိုယ့်ကိုကိုယ် လင်မရှိလူတန်းစား...လင်မရလူတန်းစားလို့တွေးပြီးအားငယ်သင့်၏..။

အခုထိမရတဲ့သူတွေအားငယ်ဖို့လိုနေပြီဆိုတာပြောပြတာပါ..အဟင်း...။

မမကြီးက ပါရဂူဘွဲ့ယူဖို့ကျောင်းသွားတက်ရာကလည်း ပြန်ရောက်လာပြီမို့ ဒီနေ့ည မိသားစုတွေအတူတူဆုံကာစားသောက်ကြမည်..။

ထို့အပြင် ကဲ မသိလိုက်ရသောဘယ်ချိန်ကတည်းကရသွားသည့် မမကြီး၏ချစ်သူပါခေါ်လာမည်ဆိုသည်ကြောင့် ကဲကဲပျော်နေမိ၏..။

မမကြီးအသက်ကမငယ်တော့..။ဒီနေ့ပဲ ၃၁နှစ်ပြည့်ပြီမဟုတ်လား..။

ကျောင်းတက်ရင်းသာ အချိန်ကုန်နေသောမမက ချစ်သူခေါ်လာမည်ဆိုတော့ ကဲမှာ အံ့သြနေရသေးသည်..။

စားပွဲသောက်ပွဲအတွက်လိုအပ်တာတွေဝယ်ဖို့ ကိုယ်တိုင်ကားမောင်းပြီး ထွက်လာခဲ့၏...။

ကိုကိုက လိုက်ပို့မယ်ပြောပေမယ့်အလုပ်မအားတာသိသည်မို့ ရုံးတက်ဖို့သာချော့မော့ကာလွှတ်လိုက်ရသည်..။

ကိုယ်တွေကလင်ရှိလူတန်းစားဆိုတော့ချော့စရာလင်ရှိသည်လေ...ဟင်း..ဟင်း...။

ငယ်ချစ်တည်စေM-preg(Completed)Where stories live. Discover now