Uni
ဆေးရုံရောက်တော့ သားကိုChack Upလုပ်ပြီး မမကလာခေါ်သွားတာမို့ သားတို့နဲ့ သူ့ဒယ်ဒီ လိုက်သွားသည်..။
ဆေးဖိုးရှင်းရအုံးမှာမို့ ကဲနေခဲ့လိုက်ပြီး ကျသင့်ငွေရှင်းပြီးသည်နှင့် ဧည့်တွေ့ခုံမှာဝင်ထိုင်စောင့်နေလိုက်၏..။
စျေးဝယ်APKထဲဝင်မွှေနေရင်းလိုချင်တာရှိရင်ဝယ်လိုက်..ထပ်မွှေလိုက်နဲ့ ကဲ မအားနိုင်..။
သားတို့အတွက်ရော မိမိအတွက်ရော...တစ်ခုတစ်လေတော့ လင်ဖြစ်သူအတွက်ပါ ဝယ်ပေးလိုက်သည်..။
သူရှာထားတဲ့ငွေဖြုန်းပြီး သူ့အတွက်မပါရင်မကောင်းလို့ပါ..အဟင်း..။
ထိုစဥ်ဘေးခုံကိုလူတစ်ယောက်ဝင်ထိုင်လိုက်တာကို မျက်လုံးထောင့်က မြင်လိုက်သည်..။သို့ပေမယ့်ဖုန်းကလိမပျက် စျေးဝယ်မပျက်အောင်အာရုံစိုက်နေတုန်း အနားတဖြည်းဖြည်းထပ်ကပ်လာတာရိပ်ကနဲမြင်လိုက်ရသည့်အပြင် တစ်ယောက်ယောက်စိုက်ကြည့်နေသလိုခံစားနေရသည်မို့ မော့ကြည့်လိုက်တော့ အဖြူအစိမ်းဝတ်စုံနဲ့ကောင်လေးတစ်ယောက်က ကဲကို ပြုံးကြည့်နေတာတွေ့လိုက်ရသည်..။
ပါးမှာလည်း ညိုပုပ်နေပြီး နှူတ်ခမ်းထူထူတို့မှာ သွေးစတို့ကဟိုတစ်စဒီတစ်စ..။
ရန်ဖြစ်လာသည်ထင်ရဲ့...။ကဲ မော့ကြည့်လာတာမြင်တော့ လှစ်ကနဲပြုံးရင်းလက်ကလေးယမ်းပြလာ၏။
"Hi ကိုကို..."
လူကိုစိုက်ကြည့်ကာ နှူတ်ဆက်လာသူကြောင့်မျက်မှောင်တစ်ချက်ကြုပ်လိုက်၏။
"ဘာကြည့်နေတာလဲ...မင်းအကြည့်တွေသိမ်းစမ်း.."
"ကိုကိုက ချောလိုက်တာ...ဟင်နရီချစ်နေပြီရော.."
အပြုံးအပျက် ငမ်းတက်ဆိုသလို အကြည့်စူးစူးတွေနဲ့ကြည့်ကာ ချစ်စကားဆိုလာသည်..။
လူကြည့်တော့ဖြူဖြူသေးသေးလေးနဲ့ ကဲတစ်ခါကိုင်ပေါက်ရှိတာကို..။
"မင်းဘယ်သူလဲ..ရိုင်းလှချည်လား.."
"မောင့်နာမည်က ဟင်နရီထင်းသာ...၁၀တန်းကျောင်းသား..ကိုကို့ကို မြင်မြင်ချင်း ချစ်မိလို့...ပြန်ချစ်ပါလား.."
YOU ARE READING
ငယ်ချစ်တည်စေM-preg(Completed)
Romanceဇွတ်အတင်း အဖြောင့်ဟု အော်နေသော ဦးတည်(ခေါ်)ကမ္ဘာတည်စေ ချစ်ရသူ...ချစ်ဦးသူကို ချစ်ခွင့်ရရုံ ငေးကြည့်နေရုံသာ ကျေနပ်နေသော ကဲကဲ(ခေါ်)ငယ်ချစ်ကဲပို မကြွေရဲ့ ၆ပုဒ်မြောက်fic