အပိုင်း ၃

15.4K 1.3K 177
                                    

Uni

ကျောင်းပြန်ဖွင့်ရက်။

ဒီနေ့တော့အကြံကြီးကြံကာ ကဲကဲ ကျောင်းကိုအစောသွားလိုက်သည်..။

ဆရာကြီးမလာခင် အရင်ရောက်အောင်သွားရမည်..။

ဒါမှသာ ကဲကဲရဲ့crushဖြစ်သည့် ဟိုလူကြီးကို မြင်ရငမ်းရမည်မဟုတ်လား..။

ဒီတစ်ခါတော့ဖုန်းနံပါတ်ဖြစ်စေ နာမည်ဖြစ်စေ သိအောင်လုပ်ရမည်..။

ငယ်ချစ်ကဲပိုရဲ့ ဘဲလိုက်ရေး ပလန် စပါပြီ..။

ကျောင်းရောက်တော့ကျောင်းတံခါးတွေဖွင့်ပြီးကလေးများနှင့်အတူကျောင်း၀န်းသန့်ရှင်းရေး အခန်းသန့်ရှင်းရေးတို့အားလုပ်နေလိုက်၏..။

လူခန္ဓာကိုယ်ကသာလုပ်နေပေမယ့်အကြည့်တို့ကကျောင်းပေါက်၀ဆီတ၀ဲလည်လည်..။

ခဏနေတော့ဆရာကြီးရောက်လာပြီမို့တံမျက်စည်းလှဲနေရာမှမျက်လုံးအသာစွေပြီးခိုးကြည့်မိ၏..။

ကားရှေ့မှန်မှတဆင့်မြင်နေရသည့် မျက်၀န်းနွေးနွေးအားလွမ်းလွမ်းဖျဖျငေးကြည့်နေစဥ် ဆရာကြီးကကားပေါ်မှဆင်းလာပြီးနှုတ်ဆက်လာသည်..။

"ဟေ...ဖိုးချစ် အစောကြီးပါလား..."

ဆရာကြီး၏လက်ဆွဲအိတ်အားကူဆွဲဖို့ယူလိုက်ရင်းအကြည့်တို့ကကားထဲဆီထပ်မံ၀ဲကြည့်မိပြန်သည်..။

"ဟုတ်ကဲ့ဆရာကြီး အားနေတော့ ထွက်လာခဲ့လိုက်တာ.. မောနင်းပါ.."

"အေးအေး..မောနင်းပါ...ခဏလေး....မိတ်ဆက်ပေးရအုံးမယ်ကွ...တည်စေ ဆင်းခဲ့အုံး.."

ကားတံခါးကိုခေါက်ကာ ကားထဲမှာဖုန်းပြောနေသူအားထွက်လာဖို့လက်ဟန်ပြလိုက်ပြီး ကဲကဲ၏ရှေ့ဆီဆွဲခေါ်လာ၏။

"သူက ဆရာကြီးတူအရင်း ကမ္ဘာတည်စေတဲ့...တည်စေ ဒါက အသစ်ရောက်လာတဲ့ဆရာ ငယ်ချစ်ကဲပိုတဲ့..."

"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်..."

ကမ်းပေးလိုက်သည့်လက်အားစူးကနဲကြည့်ရင်းခေါင်းတစ်ချက်ငြိမ့်ပြလာ၏။

"အင်း..ကိုယ်ရောပဲ...ခွင့်ပြုအုံး ဦးငယ်..ချိန်းထားတာလေးရှိလို့..."

ငယ်ချစ်တည်စေM-preg(Completed)Where stories live. Discover now