အပိုင်း ၂၁

13.5K 1K 54
                                    

Uni

Ring!!...

အရက်ဘားမှာထိုင်ကာသောက်နေတုန်း ဖုန်းဝင်လာသည်မို့တည်စေထုတ်ကြည့်လိုက်တော့ ယောက္ခထီးဖြစ်သူ ဦးထွန်းဆက်လာသည်မို့ကိုင်လိုက်သည်..။

"ဟလို..ဦးထွန်း.."

"မောင်တည်စေ...အိမ်ကိုအမြန်လာပါ...သားငယ်လေး မရှိတော့ဘူး အိမ်ကထွက်သွားပြီထင်တယ်..."

"ဗျာ.."

ဆက်နားမထောင်တော့ပဲကားသော့ဆွဲကာပြေးထွက်လာခဲ့သည်..။

ချစ်ငယ်အိမ်ကနေထွက်သွားသည်တဲ့..။

မဖြစ်နိုင်ဘူး.. ။ကလေးက အဲ့လိုမလုပ်လောက်ပါဘူး..။

ရှိသမျှမီးပွိုင့်ကိုအမှီဖြတ်ကာ မောင်းချလာလိုက်၏..။

အိမ်ရှေ့ကားထိုးရပ်လိုက်ပြီးကားတံခါးတောင်မပိတ်နိုင်တော့ပဲအိမ်ထဲပြေးဝင်လာခဲ့သည်..။

"ဦးထွန်း..ဘယ်လိုဖြစ်တာလဲ..."

"မသိဘူး..သားရယ်...တောင်းပန်ပါတယ်ဆိုတဲ့စာတစ်ကြောင်းပဲ ရေးပြီးဧည့်ခန်းထဲက စားပွဲပေါ်တင်ခဲ့တာ...အန်တီသားလေးဘာလို့ထွက်သွားရတာလဲ..."

တည်စေအန်တီရှေ့ဒူးထောက်လိုက်၏။

"ကျွန်တော်နဲ့ပြဿနာတက်ထားတာ ၁ပတ်လောက်ရှိနေပြီ...စိတ်ဆိုးပြီးထွက်သွားတာဖြစ်မယ်..."

"ဟင့်အင်း...စိတ်ဆိုးရုံနဲ့ထွက်မသွားဘူး..ကိုတည်စေ..ကဲလေးနဲ့ဖြစ်တဲ့ပြဿနာက ဘယ်လောက်ကြီးလို့လဲ..ပြောပြလို့ရရင်ပြောပြ..."

အိမ်ထဲဝင်လာရင်းမေးလာသည့်သူရွှန်းပို၏မျက်နှာကို မော့ကြည့်ရင်းပြောလိုက်၏။

"ပြောပြလို့ရပါတယ်...ပြောပြပါ့မယ်..."

တည်စေ ပြဿနာအရင်းအမြစ်ကို အစအဆုံးရှင်းပြလိုက်သည်..။

"ကိုတည်စေက...ကဲလေးထက် မခမ်းစကားကို ပိုယုံတာပဲ...ရှင်းပြခွင့်တောင်မပေးတော့ ရှင်အတော်လွန်တယ်..နောင်မပတ်သက်ပါနဲ့..ကျွန်မမောင်လေးက ရှင်ပြောချင်သလို ပြောလို့ရတဲ့လူမဟုတ်ဘူး...ပါး..မား..ဒီလူကို နောင် ဒီအိမ်ရိပ်ကိုတောင်မနင်းပါစေနဲ့...သမီးသွားရှာမယ်..."

ငယ်ချစ်တည်စေM-preg(Completed)Where stories live. Discover now