Extra 2

11.9K 926 47
                                    

Uni

Sky လည်ပင်းကနေတဆစ်ဆစ်ထိုးနာလာတာကြောင့် အသာနှိပ်ရင်း မျက်လုံးဖွင့်ကြည့်လိုက်သည်..။

စိမ်းပြာရောင်သုတ်ထားတဲ့နံရံကြောင့် သူနေရာစိမ်းရောက်နေတာမှန်းသိလိုက်၏..။

မနေ့က သူငယ်ချင်းတစ်ယောက် ရဲ့ ဘက်ချက်လာည မို့ ကလပ်မှာလာကဲကြတာပင်....။

အထဲမှာနေရတာ မွန်းကြပ်လာလို့ အပြင်ကိုခဏထွက်လာတော့ သူလည်ပင်းကိုလူနှစ်ယောက်က အုပ်ထည့်လိုက်တာကိုမှတ်မိလိုက်သည်..။

ဘယ်ခွေးဝဲစားက ရိုက်တာလဲကွ..။

အခန်းထဲမျက်လုံးဝေ့ကြည့်တော့ ဘယ်သူမှမရှိ..။

ထိုစဥ်...ဂျောက်ကနဲတံခါးဖွင့်သံကြောင့် ကုတင်ဘေးက မီးအိမ်ကိုကောက်ကိုင်ကာ တံခါးထောင့်နားဆီပြေးကပ်လိုက်သည်..။

ဟင်း...သတ်လို့သေရင်တောင် မနေ့က အရိုက်ခံရတာကို လက်စားချေပြန်တွယ်ပြီးမှသေမယ်..။

ခုထိနာနေတုန်း..လက်ဆပြင်းလိုက်တာဆိုတာ..။

ရိုင်း အခန်းထဲဝင်လိုက်တော့ ကုတင်ပေါ်မှာ ကော်ရုပ်လေးကိုမတွေ့တော့..။

ဘယ်ထောင့်ပုန်းနေတာလဲမသိ..။

ထွက်ပြေးလို့မရတာတော့သေချာသည်..။ပြတင်းပေါက်ဘက် ခြေတန်းလန်းချမိရင်တောင် တစ်တိုက်လုံးက ခေါင်းလောင်းAlam တွေမြည်လာရမည်လေ..။

ကုတင်နားရပ်ကာနာရီကိုကြည့်လိုက်ရင်းကျောဘက်ဆီကအရိပ်လေးကြောင့်ပြုံးလိုက်မိသည်..။

လက်ထဲမှာမီးအိမ်ကြီးကိုင်လို့ နာရီမှန်ထဲက မြင်နေရသည်..။

ရိုက်မလို့ထင်ပါရဲ့..။ရိုက်စမ်းပါစေ..။

"ကဲဟာ...ငါ့ကို ညက လည်ပင်းရိုက်ချင်အုံး..."

"ဒုန်း..ဖျောင်း..ခွမ်း..."

Sky ရှိသမျှအားနဲ့ ကျောပြင်ကျယ်ကိုလှမ်းရိုက်ထည့်လိုက်သည်..။သူမှီတာ အဲ့ကျောပဲမှီတာလေ..။မီးအိမ်သာတစ်စဆီဖြစ်သွားတာ..ထိုလူက ခေါင်းပင်ကိုက်ပုံမပေါ်..။

ဆတ်ကနဲလှည့်ကြည့်လာတာမို့ငုတ်တုတ်ထိုင်ချကာမျက်လုံးစုံမှိတ်အော်ပစ်လိုက်၏။

ငယ်ချစ်တည်စေM-preg(Completed)Where stories live. Discover now