ငယ်ချစ်တည်စေM-preg(Completed)

By MaHninNge

428K 31.8K 1.2K

ဇွတ်အတင်း အဖြောင့်ဟု အော်နေသော ဦးတည်(ခေါ်)ကမ္ဘာတည်စေ ချစ်ရသူ...ချစ်ဦးသူကို ချစ်ခွင့်ရရုံ ငေးကြည့်နေရုံသာ ကျ... More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉(Warning)🔞🚨🚨🚨
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅(Final)
Extra 1
Extra 2
Extra 3

အပိုင်း ၃

15.6K 1.3K 178
By MaHninNge

Uni

ကျောင်းပြန်ဖွင့်ရက်။

ဒီနေ့တော့အကြံကြီးကြံကာ ကဲကဲ ကျောင်းကိုအစောသွားလိုက်သည်..။

ဆရာကြီးမလာခင် အရင်ရောက်အောင်သွားရမည်..။

ဒါမှသာ ကဲကဲရဲ့crushဖြစ်သည့် ဟိုလူကြီးကို မြင်ရငမ်းရမည်မဟုတ်လား..။

ဒီတစ်ခါတော့ဖုန်းနံပါတ်ဖြစ်စေ နာမည်ဖြစ်စေ သိအောင်လုပ်ရမည်..။

ငယ်ချစ်ကဲပိုရဲ့ ဘဲလိုက်ရေး ပလန် စပါပြီ..။

ကျောင်းရောက်တော့ကျောင်းတံခါးတွေဖွင့်ပြီးကလေးများနှင့်အတူကျောင်း၀န်းသန့်ရှင်းရေး အခန်းသန့်ရှင်းရေးတို့အားလုပ်နေလိုက်၏..။

လူခန္ဓာကိုယ်ကသာလုပ်နေပေမယ့်အကြည့်တို့ကကျောင်းပေါက်၀ဆီတ၀ဲလည်လည်..။

ခဏနေတော့ဆရာကြီးရောက်လာပြီမို့တံမျက်စည်းလှဲနေရာမှမျက်လုံးအသာစွေပြီးခိုးကြည့်မိ၏..။

ကားရှေ့မှန်မှတဆင့်မြင်နေရသည့် မျက်၀န်းနွေးနွေးအားလွမ်းလွမ်းဖျဖျငေးကြည့်နေစဥ် ဆရာကြီးကကားပေါ်မှဆင်းလာပြီးနှုတ်ဆက်လာသည်..။

"ဟေ...ဖိုးချစ် အစောကြီးပါလား..."

ဆရာကြီး၏လက်ဆွဲအိတ်အားကူဆွဲဖို့ယူလိုက်ရင်းအကြည့်တို့ကကားထဲဆီထပ်မံ၀ဲကြည့်မိပြန်သည်..။

"ဟုတ်ကဲ့ဆရာကြီး အားနေတော့ ထွက်လာခဲ့လိုက်တာ.. မောနင်းပါ.."

"အေးအေး..မောနင်းပါ...ခဏလေး....မိတ်ဆက်ပေးရအုံးမယ်ကွ...တည်စေ ဆင်းခဲ့အုံး.."

ကားတံခါးကိုခေါက်ကာ ကားထဲမှာဖုန်းပြောနေသူအားထွက်လာဖို့လက်ဟန်ပြလိုက်ပြီး ကဲကဲ၏ရှေ့ဆီဆွဲခေါ်လာ၏။

"သူက ဆရာကြီးတူအရင်း ကမ္ဘာတည်စေတဲ့...တည်စေ ဒါက အသစ်ရောက်လာတဲ့ဆရာ ငယ်ချစ်ကဲပိုတဲ့..."

"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်..."

ကမ်းပေးလိုက်သည့်လက်အားစူးကနဲကြည့်ရင်းခေါင်းတစ်ချက်ငြိမ့်ပြလာ၏။

"အင်း..ကိုယ်ရောပဲ...ခွင့်ပြုအုံး ဦးငယ်..ချိန်းထားတာလေးရှိလို့..."

၀ဋ်ကျေတမ်းကျေတစ်ခွန်းတည်းသောစကားကိုသာပြန်ပြောပြီး လက်ကနာရီကို ခဏခဏငုံ့ကြည့်ကာ နှူတ်ဆက်ထွက်သွားသူက တစ်ချက်မျှပင်လှည့်မကြည့်ပဲကားထဲ၀င်သွားကာမောင်းထွက်သွား၏။

ကဲကဲမှာတော့ ကမ်းထားသောလက်ကလေးအသာသိမ်းရင်း ကားနောက်ကိုငေးကြည့်နေမိသည်..။

ဦးတည်က ကဲနဲ့ရင်းနှီးချင်စိတ်မရှိဘူးပဲ...။

"အလုပ်တွေများနေတယ်ထင်တယ်...ဒီအသက်အရွယ်ရောက်ပြီအိမ်ထောင်ပြုဖို့လည်း တိုက်တွန်းမရဘူး သားရယ်...မိန်းကလေးတွေဝိုင်းဝိုင်းလည်နေရဲ့သားနဲ့..."

ဆရာကြီးက ကဲကဲငေးကြည့်နေသည့်ကားနောက်မှီးအားလှမ်းကြည့်ရင်းဆိုလာ၏။

"ဪ..အသက်က ဘယ်လောက်လဲ ဆရာကြီး.."

သိချင်စိတ်ဖြင့်စပ်စပ်စုစုမေးတော့ ဆရာကြီးကအားရပါးရရယ်ရင်းဖြေလာ၏။

"၃၀ပြည့်ပြီ ဖိုးချစ်ရေ..လူပျိူကြီး.. လူပျိူကြီး..မိန်းမရအောင် မြှောက်ပေးလိုက်စမ်းပါကွာ..."

အသက်ကို ကြားလိုက်တော့ ကဲကဲ မျက်လုံးပြူးသွားမိသည်..။

ဦးတည်က ကဲကဲထက် ၁၀နှစ်ကြီးများတောင် ကြီးတာလား..။

အမလေး မထင်ထားဘူး...။

ကြီးရင်တောင် လေးငါးနှစ်လို့ထင်ထားတာ..။

အရွယ်တင်ချက်...။

တွေးနေတုန်းကျောင်းတက်ခေါင်းလောင်းထိုးသံကြောင့် အတန်းဝင်စာသင်ဖို့ပြင်လိုက်သည်..။

စိတ်ထဲမှာတော့ခံစားရတာမကောင်းပေ....။

ဟိုတစ်နေ့ကပဲ ဖော်ဖော်ရွေရွေဆက်ဆံနေပြီး ဒီနေ့မှတော့ ကဲကဲ ကိုတမင်ရှောင်နေသလိုလို..။

ဘာဖြစ်သွားလို့ပါလိမ့်...။

ကိုယ်ပဲစိတ်ထင်လို့များလားဆိုသည့်အတွေးဖြင့်
ညနေထပ်ကြိုးစားကြည့်ဖို့ဆုံးဖြတ်ထားလိုက်၏။

သို့ပေမယ့်ဆရာကြီးအားညနေကျောင်းလာကြိုတော့လည်း ကျောင်းထဲအထိမဝင်စောင့်တော့ပဲ ကျောင်းပေါက်၀မှာသာဖုန်းပြောရင်းစောင့်နေလေသည်...။

ထို့အပြင်ကဲကဲထံသို့ယောင်ယောင်မျှမကြည့်မိအောင်တမင်လွှဲဖယ်နေသည့်အကြည့်တို့ကြောင့် မိမိအားတကယ်ရှောင်နေတာပဲဆိုတာကဲကဲရိပ်မိလိုက်သည်....။

တည်စေ ဟိုတစ်နေ့ပြန်ရောက်ကတည်းက ပုလင်းဖင်မျက်နှာလေးပဲမြင်ယောင်နေမိတာမို့ ကိုယ့်စိတ်ကို ပြန်ထိန်းနေရသည်..။

သူကယောကျ်ားလေးတစ်ယောက်ကို စိတ်မဝင်စားတဲ့လုံးဝအဖြောင့်ကြီးပါ..။

ဒါလုံးဝသေချာသည်..။

ဒါကြောင့် အခုရက်တွေအတွင်း ထိုကလေးကိုတမင်ရှောင်နေလိုက်၏..။

ထို့အပြင်ကိုယ့်စိတ်ကိုသေသေချာချာစမ်းသပ်ဖို့ အတွက်ဒီနေ့ညမှာလည်း မိန်းကလေးတစ်ယောက်နှင့်Blind Date လုပ်ဖို့ ချိန်းဆိုထားလိုက်သည်..။

ကျောင်းကပြန်ရောက်ကတည်းက မကြည်သာသည့်စိတ်ကြောင့် ကဲကဲ အိပ်ယာပေါ်တက်ခွေနေမိသည်...။

ဦးတည် သူ့ကိုရှောင်နေတာ သေချာသည်..။

ကဲကဲလည်း ဘာအမှားမှလုပ်မထားမိပါဘူး..။

ဘာမှာလဲဆန်းစစ်နေမိပေမယ့်ပေါ်မလာသည့်အဆုံးစိတ်ညစ်ညစ်နှင့်ဆိုင်ကယ်ခွကာ Infinity ice cream ဆိုင်ဘက်ဆီထွက်လာခဲ့သည်..။

ညဦးအစောပိုင်းမို့ ဆိုင်မှာ လူစည်လို့နေ၏..။

ဆိုင်ကယ်ရပ်ကာအထဲဝင်ဖို့လုပ်တော့ မြင်လိုက်ရသောမြင်ကွင်းကြောင့် ကဲကဲ ခြေလှမ်းတွေက တုံ့ခနဲရပ်သွားရသည်...။

ဦးတည်ကမိန်းကလေးတစ်ယောက်နဲ့ Dateနေတာပဲ..။

ရယ်နေပြုံးနေလိုက်တာများညနေကမျက်နှာထားနဲ့လားလားမှမသက်ဆိုင်ပေ...။

ကိုယ့်အပေါ်ကိုပဲတစိမ်းလိုဆက်ဆံခံရတာသိတော့ရင်ထဲကနာသလိုလို...။

ဆရာကြီးပြောတော့ကောင်မလေးမရှိဘူးဆို..။ဒါပေမယ့်ဦးတည်ကောင်မလေးအကြောင်းဆရာကြီးမသိတာလည်း ဖြစ်နိုင်သည်လေ..။

ကဲကဲ ဧည့်ကြိုလေးကို တစ်ချက်ပြုံးပြလိုက်ပြီးခြေလှမ်းတို့နောက်ဆုတ်လိုက်၏။

"အာ..ညီမလေး အကို တစ်ခုလုပ်ဖို့မေ့နေလို့ပြီးမှပြန်လာတော့မယ်..."

"ဟုတ်ကဲ့..ရပါတယ်ရှင့်"

အမြန်ဆုံးခြေလှမ်းတို့ဖြင့်လှည့်ထွက်လာခဲ့လိုက်သည်..။

ကဲကဲ အဖြစ်က အပိုင်း ၁မှာတင် ဇာတ်သိမ်းသွားလေပြီ..။

အေးလေ ဖြစ်တက်ပါတယ်..။

ယောကျ်ားတစ်ယောက်ကို ဦးတည်က ဘယ်သဘောကျပါ့မလဲ...။

စိတ်ပြေလက်ပျောက်အနေဖြင့် မြို့ဦးစေတီဘက်ဆီထွက်လာခဲ့ပြီး အချိန်ဖြုန်းနေလိုက်သည်..။

ထို့နောက်တကိုယ်တည်းလင်းထိန်နေသည့်လမင်းကြီးအားငေးရင်းတစ်ယောက်တည်းအထီးကျန်နေရတာချင်းတူနေသည်မို့အားပေးသည့်အနေဖြင့်လမင်း၀ိုင်း၀ိုင်းအားဓာတ်ပုံရိုက်လိုက်ပြီးFacebookမှာ Post တစ်ခုကောက်တင်လိုက်သည်...။

ဒီလိုတိတ်တိတ်လေးပဲ ဆက်ချစ်ရတာပေါ့..။

တည်စေ Blind Date လုပ်သာနေတာစကားမပြောဖြစ်ပဲ နှစ်ယောက်သား Facebookထိုင်သုံးနေကြတာဆို ပိုမှန်မည်..။

တစ်ချက်တစ်ချက်ရယ်စရာပိုစ့်တစ်ခုကိုတွေ့ရင် မိမိမျက်စိရှေ့လာပြသည့်မိန်းကလေးကြောင့် ရယ်တော့ရယ်ဖြစ်နေ၏...။

တစ်စုံတစ်ခုကိုသတိရစိတ်ကြောင့် မနေ့က ရိုက်ရှာထားတဲ့Accလေးထဲဝင်ကြည့်နေစဥ် Postတစ်ခုတက်လာသည်..။

ကိုယ့်ဘဝက ကောင်းကင်က လမင်းလိုပဲ...တစ်ယောက်တည်းတဲ့...။

ထိုCaptionလေးနဲ့အတူခြေထောက်လေးသာရိုက်ထားသော သီးသန့်ပုံလေးတင်ထား၏..။

ထိုကလေး ဘာဖြစ်နေပါလိမ့်...။

Commentတွေ ဝင်ဖတ်ကြည့်တော့ တည်စေ၏မျက်လုံးတို့ပြူးသွားရသည်..။

ရတနာဆိုတဲ့မိန်းကလေးတစ်ယောက်၏အမေးကို ငယ်ချစ်ကဲပိုဖြေထားသည်က သူအသည်းကွဲနေလို့ဟူ၍..။

တည်စေ ရင်ထဲက ဆစ်ကနဲ..။

ဒီတိုင်း...ဒီတိုင်း...သနားမိလို့ပါ...။

နည်းနည်းလေးပဲ စိတ်မကောင်းဖြစ်မိလို့ပါ..။

ဟူး......

ထိုဘာလိုလိုခံစားချက်ကြောင့်ဘာကြောင့်ရယ်မသိ ခပ်လေးလေးသက်ပြင်းတစ်ချက်လိုက်မိသည်က တည်စေတစ်ယောက်ပင်..။
.......
ဒီဇင်ဘာကျောင်းပိတ်ရက်သည်မနက်ဖြန်ကနေစပိတ်ပြီမို့ ကဲကဲ ဦးတည်အားအဝေးကပင်ငေးခွင့်တောင်မရှိနိုင်တော့..။

ထို့ကြောင့် ကဲကဲ ဒီနေ့ တစ်စုံတစ်ခုကိုလုပ်ဖို့ဆုံးဖြတ်ထား၏..။

ဦးတည်ကို ချစ်နေကြောင်းဖွင့်ပြောတော့မည်..။

ရင်မဖွင့်လိုက်ရပဲ ခံစားနေရတာထက် ဦးတည်ကို ဖွင့်ပြောပြကာ အမုန်းခံလိုက်ချင်သည်..။

ဖွင့်ပြောဖို့က ကဲကဲတာဝန်..လက်ခံတာမခံတာက ဦးတည်အပိုင်း..။

ထို့ကြောင့်ကျောင်းကို အစောလာကာ ကျောင်းအပြင်ကနေရပ်စောင့်နေလိုက်သည်..။

ဦးတည် ကဲကဲ ကို စရှောင်ကတည်းက ဆရာကြီးကို ကျောင်းထဲအထိလိုက်မပို့တော့..။ကျောင်းရှေ့သာ ချပြီးပြန်သွားတက်သည်မို့ ယခုလိုအပြင်ထွက်စောင့်နေရခြင်းသာ..။

ခပ်စိမ့်စိမ့်ဆောင်းလေအေးအေးကိုအံတုရင်း လာရာလမ်းကိုငေးကာ ကဲကဲ မျှော်တော်ယောင်လုပ်နေမိသည်...။

ဟော...လာပြီ...။

ကားအဖြူလေးကမိမိရှေ့ထိုးရပ်လာတော့ မောင်းသူနေရာကလူကြီးကို ကဲကဲမျက်လုံးမလွဲတမ်းစိုက်ကြည့်နေမိတော့ တစ်ချက်သာ၀င့်ကြည့်လာပြီး ဘာဖုန်မှမရှိသည့် ဒက်ရှ်ဘုတ်ပေါ်ကိုလက်ဖြင့်ခါနေသူကြောင့်ပြုံးလိုက်မိသည်..။

အသက်၃၀အရွယ်လူကြီးက ရှက်နေတာတဲ့လားကွယ်...။

ဆရာကြီးကကားပေါ်ကဆင်းလာပြီးမျက်ခုံးပင့်ပြကာမေးလာ၏။

"ဖိုးချစ်ရေ အပြင်ဘက်ကြီးမှာ ဘာလုပ်နေတာလဲ"

"အာ..ဆရာကြီး မောနင်းပါ..ကျွန်တော် ဦးတည်စေနဲ့စကားခဏပြောစရာရှိလို့.."

ကားထဲကလူအားလက်ညိုးထိုးပြရင်းပြောတော့ဆရာကြီးကပြုံးစစဖြင့်ကြည့်လာ၏။

"ဪ..အေး..အေး..ပြောပြော...ဆရာကြီးဝင်နှင့်မယ်..."

"ဟုတ်.."

ဆရာကြီးအထဲဝင်သွားသည်နှင့်ကားမှန်ကို လက်ဖြင့်အသာခေါက်လိုက်တော့မှန်ချပေးလာ၏။

"ဘာလို့လဲ ငယ်ချစ်ကဲပို"

"အာ..ပြောစရာရှိလို့..ကားထဲခဏဝင်လာလို့ရမလား...."

မျက်နှာအားအကဲခတ်ဟန်ဖြင့်အကြည့်မလွှဲပဲမေးတော့ ခဏစဥ်းစားသလိုလုပ်နေပြီး သက်ပြင်းလေးအသာချကာ ကားတံခါးလှပ်ပေးလာသည်..။

ထို့ကြောင့် ကဲကဲ ဘေးခုံမှာဝင်ထိုင်လိုက်ပြီးလက်နှစ်ဖက်ကိုခပ်တင်းတင်းဆုပ်ရင်းအားယူကာစမေးလိုက်၏။

"ဦးတည် ကဲကဲ ကို ဘာလို့ရှောင်နေတာလဲ..."

"ဟမ်..ငါလား..မရှောင်ပါဘူး..."

ကဲကဲကိုလည်းမကြည့်လာပဲ အတင်းမျက်နှာလွှဲပြီးခေါင်းတစ်ခါခါယမ်းနေသူကမလုံမလဲဟန်အပြည့်..။

သူမဟုတ်ရင် ဘာလို့ ကဲကို မကြည့်ရဲတာလဲလို့...။

လူလိမ်..။

"ဪ...အင်းပေါ့...မရှောင်ဘူးဆိုတော့လည်း မရှောင်ဘူးပေါ့..အဟင်း.."

ခပ်ဖွဖွပြုံးရင်းခနဲ့စကားပြောတော့သက်ပြင်းချကာမေးလာ၏။

"​ပြော..ဘာပြောစရာရှိလို့လဲ"

"အာ...အခုပြောမယ့်စကားကို ကြားရရုံသာနားထောင်ပေးပါ အဖြေပြန်ပေးစရာမလိုပါဘူး..ဦးတည်သိစေချင်တဲ့စိတ်လေးနဲ့ ဖွင့်ပြောတာမို့ စိတ်ထဲတအားမထားပါနဲ့..."

စကားပလ္လင်ခံရသေးသည်..။

"ပြောမှာသာပြောပါ.."

"ကျွန်တော် ဦးတည်ကို ချစ်သူတစ်ယောက်လို ချစ်နေမိလို့ပါ..."

ငြိမ်သက်သွားသည်က ကားထဲမှာလှည့်ပတ်မွှေနှောက်နေသည့်လေထုရော လူနှစ်ယောက်၏အသက်ရှုသံတို့ရော..။

"ဘာ...မင်း...မင်း..က Gayလား...ငါက..ငါကအဖြောင့် ယောက်ျားတွေမကြိုက်ဘူး.."

ခေါင်းတစ်ခါခါလည်တစ်ခါခါဖြင့်အသည်းအသန်အထိတ်တလန့်ငြင်းနေသူကြောင့် ဖွင့်ပြောမိတာ ကဲ နောင်တရချင်လာသည်..။

အဲ့လောက်တောင်ခါးခါးသီးသီးတဲ့လား..။

တည်စေ လန့်သွားရသည်..။

ဒီကလေး သူ့ကို ရည်းစားစကားပြောနေတာလား..။

ဒီကလေးက Gay ပေါ့..။

ကဲကဲ မျက်လုံးပြူးကြည့်နေသူအားလှည့်ကြည့်လိုက်ပြီးပြုံးပြလိုက်၏။

"ဒါလေးပဲ ပြောချင်တာပါ...ပြန်ချစ်ဖို့မလိုပါဘူး..ကဲကဲ ဖွင့်ပြောလိုက်မှ စိတ်သက်သာရာ ရမှာမလို့ပါ...စိတ်ထဲ တင်းထားခဲ့တာ ၂လ ကျော်နေပြီလေ..ကောင်းကောင်းသွားပါ...နားထောင်ပေးလို့ကျေးဇူးတင်ပါတယ်...ကဲကဲက ဆက်ချစ်နေမှာမို့ စိတ်ရှူပ်ခဲ့ရင်တောင် သည်းခံပေးဖို့ တောင်းဆိုပါတယ်..."

ကားတံခါးဖွင့်ကာ ဆင်းသွားတဲ့ကလေးက ကျောင်းထဲရောက်လို့ စာစသင်နေပြီ ။

တည်စေမှာတော့ အခုထိ ကြောင်အနေမိတုန်း..။

ဒီကလေးသူ့ကိုကြိုက်နေတာ ၂လကျော်နေပြီဆိုတော့ရောက်ကတည်းက ကြိုက်နေတယ်လို့ ဆိုလိုချင်တာလား..။

တည်စေကတော့ ပြန်မကြိုက်နိုင်ပါ...။

ကိုယ်ကမိန်းမပဲယူမယ့်ယောကျ်ားစစ်စစ်တစ်ယောက်မို့ ထိုကလေးအပေါ် အားနာမိပါရဲ့...။

ကိုယ်က ဖြောင့်ပြီးရင်းဖြောင့်သည့်အဖြောင့်မဟုတ်လား..။

ထိုသို့ကိုယ့်ကိုကိုယ့်အားပေးရင်း ကားကိုမောင်းထွက်ခဲ့လိုက်သည်..။

ထိုနေ့တစ်နေ့လုံး တည်စေအလုပ်မှာ အာရုံစိုက်မရခဲ့..။

ထိုကလေး၏အသံကိုသာနားထဲမှာထပ်ကာထပ်ကာ ကြားယောင်မိနေသည်ကဆိုးလှပေသည်..။

ဒီဇင်ဘာကျောင်းပိတ်ရက် ၁၀ရက်ပိတ်တော့ ထိုကလေး ပြန်သွားသည်ထင်မတွေ့ရ..။

သို့ပေမယ့် တည်စေ ထိုကလေး၏Fb accထဲတော့ ခဏခဏဝင်ကြည့်ဖြစ်သည်..။

Fri Add ချင်ပေမယ့် ကိုယ်ကစAddရမှာလည်း ရှက်သလိုလို..။

ကိုယ့်ကို ချစ်ပါတယ်လို့ဖွင့်ပြောထားပြီး အဲ့ဒီကလေးရဲ့အချစ်ကိုကိုယ်က ငြင်းပယ်ထားခဲ့သူမဟုတ်လား..။

ဘာကြောင့်များ အဲ့လိုမျက်နှာပြောင်ပြောင်နဲ့သူ့စိတ်ကထိုကလေးအပေါ်ရင်းနှီးချင်နေသေးပါလိမ့်..။
......

ကျောင်းတွေပြန်ဖွင့်တော့ပုံမှန်လည်ပတ်ချိန်ပြန်ရောက်လာသည်မို့ တည်စေအားအမြဲငေးကြည့်နေတက်သည့်မျက်လုံးရိုင်းလေးဖြင့်ပြန်ဆုံတွေ့ရတော့သည်..။

ထုံးစံအတိုင်း ထိုကလေးကတည်စေကို ချစ်ရည်ရွှန်းတဲ့မျက်ဝန်းတွေဖြင့် ကြည့်နေဆဲ...ငေးနေဆဲ...။

တစ်ညမှာတော့ ငယ်ချစ်ကဲပို ဆိုသည့် Fb accလေးက တည်စေaccကို fri requestလာပို့သည်အတွက်ကြောင့် တည်စေ မှာ ထခုန်မိတဲ့အထိပျော်မိသွားရသည်..။

ကိုယ်နဲ့ ခင်နေတာကြာပြီဖြစ်တဲ့ကလေးက စလာအပ်တာ ပျော်သင့်တယ်မလား..။

အဲ့စိတ်လေးနဲ့ပါ..။

ရိုးရိုးသားသားပါပဲ..။

ကျွန်တော်ကမ္ဘာတည်စေကအမြဲရိုးသားပါတယ်...။

ကိုယ်ကအဖြောင့်လေသိတယ်မလား..။

ချက်ချင်းဆိုသလိုမဆိုင်းမတွလက်ခံလိုက်ပြီးမှ တမျိုးထင်သွားမှာလည်းစိတ်ပူသွားရသည်...။

ကလေးကိုမျှော်လင့်ချက်ပေးဖို့မဟုတ်ပါဘူး..။

ညီအစ်ကိုလိုခင်ချင်ရုံပါ...။

ထိုနေ့fri ဖြစ်ကတည်းကစပြီး မနက်လင်းသည်နှင့် မောနင်း...နေ့လည်ပိုင်းမှာ ထမင်းစားပြီးပြီလား..ညပိုင်း Good night ချစ်တယ်...စသည်ဖြင့် တစ်ရက်မှ မပျက်အောင်ပို့ကာချစ်စကားဆိုနေသူက တည်စေအားအရည်ပျော်အောင်မီးမြိုက်နေလေတော့သည်...။

အပြင်ပန်းအရအတင်းမာကျောထားပေမယ့်တည်စေ စိတ်ထဲမှာတော့ကျေနပ်မိသလိုလို..။

ဒါပေမယ့် သူအခုထိမကွေးသေးပါဘူး..။

ဖြောင့်နေဆဲပါပဲ..။

ဒီကလေးကို တည်စေ ချစ်မိမှာမဟုတ်တာတော့ သေချာ၏..။

အာမလည်းခံ၏...။

ဒီလိုနှင့်နွေရာသီကျောင်းပိတ်ရက်ရောက်ခါနီးလာလေပြီ..။

လွန်ခဲ့တဲ့တစ်လလောက်ကတည်းကစာမေးပွဲကိစ္စတွေနဲ့အလုပ်များနေသူကတည်စေလာရင်တောင်အကြည့်လေးသာ၀ဲနိုင်ပြီး အရင်လိုငေးမကြည့်တော့...။

ညနေကျောင်းဆင်းချိန်တိုင်း ပင်ပန်းနေသည့်မျက်နှာလေးဖြင့်ပြန်သွားတာကိုမြင်ရတော့ စိတ်ပူမိသည်...။

ဒါဟာညီလေးတစ်ယောက်လိုသံယောဇဥ်ဖြစ်မိသူလေးအနားတယုတယဂရုစိုက်ပေးချင်သည်က တည်စေရဲ့စိတ်ရင်းအမှန်ပင်...။

ထို့နောက်စာမေးပွဲတွေပြီးလို့ ကျောင်းပိတ်တော့ ဦးတည် ကျွန်တော်ပြန်ပြီဆိုတဲ့စာတစ်ကြောင်းက လွဲရင်တစ်ပတ်လောက်ထိ ဘာစာမှရောက်မလာတော့..တည်စေမှာ ထိုင်မရ ထမရ..။

အလုပ်တွေလည်းအာရုံစိုက်မရ..။

သူ စိတ်ပူနေမိလို့ပါ..။

နေမကောင်းဖြစ်နေတာလား မသိနိုင်ဘူးလေ....။

ဖုန်းနံပါတ်မရှိ အိမ်လိပ်စာမသိမို့ မျောက်မီးခဲကိုင်မိသလိုဖြစ်နေရသည်..။

ဦးငယ်ဆီကအချက်အလက်တောင်းလို့ရပေမယ့် တည်စေ မတောင်းချင်..။

တမျိူးထင်သွားနိုင်၏..။

Ring!!

ဖုန်းဝင်လာတာမို့အတွေးတို့လွင့်ကာ ဖုန်းscreenဆီ ကြည့်လိုက်တော့ ပိုထွန်းသာ ဆောက်လုပ်ရေးကုမ္ပဏီမှCEO ဦးချစ်ထွန်းသာ၏ဖုန်းဖြစ်နေတာကြောင့်အမြန်ကိုင်လိုက်မိ၏။

"ဟလို ဦးထွန်း..."

"အေး..ကမ္ဘာရေ...ဦးထွန်း တိုင်ပင်စရာလေး ရှိလို့ အိမ်ခဏလာတွေ့ပါ့လားကွာ..."

တရင်းတနှီးတောင်းဆိုလာတိုင်း ကမ္ဘာအပြေးသွားကူနေကြပင်..။

"ဟုတ်ကဲ့..ဦးထွန်း အခုမန္တလေးရောက်နေတာ လိပ်စာပို့ပေးလေ ကျွန်တော်လာခဲ့လိုက်မယ်..."

"အေးအေး..ဦးထွန်းစောင့်နေမယ်..."

ဖုန်းချသွားသည်နှင့် ရုံးခန်းက ထွက်လာခဲ့လိုက်သည်..။

ကားပေါ်တက်ထိုင်တုန်း စာဝင်လာသည်မို့ ကြည့်လိုက်တော့ဦးထွန်းဆီမှအိမ်လိပ်စာရောက်လာတာဖြစ်၏..။

66လမ်းပေါ်မှာမို့ တည်စေ အခုရှိသောနေရာနှင့်သိပ်မဝေးတာကြောင့်ခပ်ဖြေးဖြေးသာ မောင်းလာခဲ့သည်..။

စိတ်ထဲမှာတော့ အဆတ်အသွယ်မရတဲ့ ပုလင်းဖင်လေးကို စိတ်ပူနေဆဲ..စိုးရိမ်မိနေဆဲ...ပြီးတော့ သတိရနေဆဲ။

ပြန်ရောက်ရင်တော့ ဦးငယ်ဆီက ဖုန်းနံပါတ်လှမ်းတောင်းပြီးဆက်ကြည့်ရမည်...။

ထိုကလေး၏အသံလေးဖြစ်ဖြစ်ကြားရမှ သူစိတ်အေးနိုင်လိမ့်မည်..။

တည်စေ အခုထိမကွေးသေးပါဘူး..။

ကိုယ့်တူလေးလို ကိုယ့်ညီလေးလို စိုးရိမ်နေမိလို့ပါ..။

တကယ်ပြောတာရယ်..။

ကျွန်တော်က အဖြောင့်ကြီးပါဗျ...။
.......
kwaypu
ဖတ်ရတာအဆင်ပြေလားရှင်...
Edit...18.3.22


Zaw

ေက်ာင္းျပန္ဖြင့္ရက္။

ဒီေန့ေတာ့အႀကံၾကီးႀကံကာ ကဲကဲ ေက်ာင္းကိုအေစာသြားလိုက္သည္..။

ဆရာႀကီးမလာခင္ အရင္ေရာက္ေအာင္သြားရမည္..။

ဒါမွသာ ကဲကဲရဲ့crushျဖစ္သည့္ ဟိုလူႀကီးကို ျမင္ရငမ္းရမည္မဟုတ္လား..။

ဒီတစ္ခါေတာ့ဖုန္းနံပါတ္ျဖစ္ေစ နာမည္ျဖစ္ေစ သိေအာင္လုပ္ရမည္..။

ငယ္ခ်စ္ကဲပိုရဲ့ ဘဲလိုက္ေရး ပလန္ စပါၿပီ..။

ေက်ာင္းေရာက္ေတာ့ေက်ာင္းတံခါးေတြဖြင့္ၿပီးကေလးမ်ားႏွင့္အတူေက်ာင္း၀န္းသန္႔ရွင္းေရး အခန္းသန္႔ရွင္းေရးတို႔အားလုပ္ေနလိုက္၏..။

လူခႏၶာကိုယ္ကသာလုပ္ေနေပမယ့္အၾကည့္တို႔ကေက်ာင္းေပါက္၀ဆီတဝဲလည္လည္..။

ခဏေနေတာ့ဆရာႀကီးေရာက္လာၿပီမို႔တံမ်က္စည္းလွဲေနရာမွမ်က္လံုးအသာေစြၿပီးခိုးၾကည့္မိ၏..။

ကားေရ႔ွမွန္မွတဆင့္ျမင္ေနရသည့္ မ်က္၀န္းေနြးေနြးအားလြမ္းလြမ္းဖ်ဖ်ေငးၾကည့္ေနစဥ္ ဆရာႀကီးကကားေပၚမွဆင္းလာၿပီးႏႈတ္ဆက္လာသည္..။

"ေဟ...ဖိုးခ်စ္ အေစာႀကီးပါလား..."

ဆရာႀကီး၏လက္ဆြဲအိတ္အားကူဆြဲဖို႔ယူလိုက္ရင္းအၾကည့္တို႔ကကားထဲဆီထပ္မံဝဲၾကည့္မိျပန္သည္..။

"ဟုတ္ကဲ့ဆရာႀကီး အားေနေတာ့ ထြက္လာခဲ့လိုက္တာ.. ေမာနင္းပါ.."

"ေအးေအး..ေမာနင္းပါ...ခဏေလး....မိတ္ဆက္ေပးရအံုးမယ္ကြ...တည္ေစ ဆင္းခဲ့အံုး.."

ကားတံခါးကိုေခါက္ကာ ကားထဲမွာဖုန္းေျပာေနသူအားထြက္လာဖို႔လက္ဟန္ျပလိုက္ၿပီး ကဲကဲ၏ေရ႔ွဆီဆြဲေခၚလာ၏။

"သူက ဆရာႀကီးတူအရင္း ကမ႓ာတည္ေစတဲ့...တည္ေစ ဒါက အသစ္ေရာက္လာတဲ့ဆရာ ငယ္ခ်စ္ကဲပိုတဲ့..."

"ဟုတ္ကဲ့ ေတြ့ရတာဝမ္းသာပါတယ္..."

ကမ္းေပးလိုက္သည့္လက္အားစူးကနဲၾကည့္ရင္းေခါင္းတစ္ခ်က္ၿငိမ့္ျပလာ၏။

"အင္း..ကိုယ္ေရာပဲ...ခြင့္ျပဳအံုး ၪီးငယ္..ခ်ိန္းထားတာေလးရိွလို႔..."

၀ဋ္ေက်တမ္းေက်တစ္ခြန္းတည္းေသာစကားကိုသာျပန္ေျပာၿပီး လက္ကနာရီကို ခဏခဏငံု႔ၾကည့္ကာ ႏႉတ္ဆက္ထြက္သြားသူက တစ္ခ်က္မ်ွပင္လွည့္မၾကည့္ပဲကားထဲ၀င္သြားကာေမာင္းထြက္သြား၏။

ကဲကဲမွာေတာ့ ကမ္းထားေသာလက္ကေလးအသာသိမ္းရင္း ကားေနာက္ကိုေငးၾကည့္ေနမိသည္..။

ၪီးတည္က ကဲနဲ႔ရင္းႏွီးခ်င္စိတ္မရိွဘူးပဲ...။

"အလုပ္ေတြမ်ားေနတယ္ထင္တယ္...ဒီအသက္အရြယ္ေရာက္ၿပီအိမ္ေထာင္ျပဳဖို႔လည္း တိုက္တြန္းမရဘူး သားရယ္...မိန္းကေလးေတြဝိုင္းဝိုင္းလည္ေနရဲ့သားနဲ႔..."

ဆရာႀကီးက ကဲကဲေငးၾကည့္ေနသည့္ကားေနာက္မွီးအားလွမ္းၾကည့္ရင္းဆိုလာ၏။

"ဪ..အသက္က ဘယ္ေလာက္လဲ ဆရာႀကီး.."

သိခ်င္စိတ္ျဖင့္စပ္စပ္စုစုေမးေတာ့ ဆရာႀကီးကအားရပါးရရယ္ရင္းေျဖလာ၏။

"၃၀ျပည့္ၿပီ ဖိုးခ်စ္ေရ..လူပ်ိူႀကီး.. လူပ်ိူႀကီး..မိန္းမရေအာင္ ေျမႇာက္ေပးလိုက္စမ္းပါကြာ..."

အသက္ကို ၾကားလိုက္ေတာ့ ကဲကဲ မ်က္လံုးျပဴးသြားမိသည္..။

ၪီးတည္က ကဲကဲထက္ ၁၀ႏွစ္ႀကီးမ်ားေတာင္ ႀကီးတာလား..။

အမေလး မထင္ထားဘူး...။

ႀကီးရင္ေတာင္ ေလးငါးႏွစ္လို႔ထင္ထားတာ..။

အရြယ္တင္ခ်က္...။

ေတြးေနတုန္းေက်ာင္းတက္ေခါင္းေလာင္းထိုးသံေၾကာင့္ အတန္းဝင္စာသင္ဖို႔ျပင္လိုက္သည္..။

စိတ္ထဲမွာေတာ့ခံစားရတာမေကာင္းေပ....။

ဟိုတစ္ေန့ကပဲ ေဖာ္ေဖာ္ေရြေရြဆက္ဆံေနၿပီး ဒီေန့မွေတာ့ ကဲကဲ ကိုတမင္ေရွာင္ေနသလိုလို..။

ဘာျဖစ္သြားလို႔ပါလိမ့္...။

ကိုယ္ပဲစိတ္ထင္လို႔မ်ားလားဆိုသည့္အေတြးျဖင့္
ညေနထပ္ႀကိဳးစားၾကည့္ဖို႔ဆံုးျဖတ္ထားလိုက္၏။

သို႔ေပမယ့္ဆရာႀကီးအားညေနေက်ာင္းလာႀကိဳေတာ့လည္း ေက်ာင္းထဲအထိမဝင္ေစာင့္ေတာ့ပဲ ေက်ာင္းေပါက္၀မွာသာဖုန္းေျပာရင္းေစာင့္ေနေလသည္...။

ထို႔အျပင္ကဲကဲထံသို႔ေယာင္ေယာင္မ်ွမၾကည့္မိေအာင္တမင္လႊဲဖယ္ေနသည့္အၾကည့္တို႔ေၾကာင့္ မိမိအားတကယ္ေရွာင္ေနတာပဲဆိုတာကဲကဲရိပ္မိလိုက္သည္....။

တည္ေစ ဟိုတစ္ေန့ျပန္ေရာက္ကတည္းက ပုလင္းဖင္မ်က္ႏွာေလးပဲျမင္ေယာင္ေနမိတာမို႔ ကိုယ့္စိတ္ကို ျပန္ထိန္းေနရသည္..။

သူကေယာက်္ားေလးတစ္ေယာက္ကို စိတ္မဝင္စားတဲ့လံုးဝအေျဖာင့္ႀကီးပါ..။

ဒါလံုးဝေသခ်ာသည္..။

ဒါေၾကာင့္ အခုရက္ေတြအတြင္း ထိုကေလးကိုတမင္ေရွာင္ေနလိုက္၏..။

ထို႔အျပင္ကိုယ့္စိတ္ကိုေသေသခ်ာခ်ာစမ္းသပ္ဖို႔ အတြက္ဒီေန့ညမွာလည္း မိန္းကေလးတစ္ေယာက္ႏွင့္Blind Date လုပ္ဖို႔ ခ်ိန္းဆိုထားလိုက္သည္..။

ေက်ာင္းကျပန္ေရာက္ကတည္းက မၾကည္သာသည့္စိတ္ေၾကာင့္ ကဲကဲ အိပ္ယာေပၚတက္ေခြေနမိသည္...။

ၪီးတည္ သူ႔ကိုေရွာင္ေနတာ ေသခ်ာသည္..။

ကဲကဲလည္း ဘာအမွားမွလုပ္မထားမိပါဘူး..။

ဘာမွာလဲဆန္းစစ္ေနမိေပမယ့္ေပၚမလာသည့္အဆံုးစိတ္ညစ္ညစ္ႏွင့္ဆိုင္ကယ္ခြကာ Infinity ice cream ဆိုင္ဘက္ဆီထြက္လာခဲ့သည္..။

ညၪီးအေစာပိုင္းမို႔ ဆိုင္မွာ လူစည္လို႔ေန၏..။

ဆိုင္ကယ္ရပ္ကာအထဲဝင္ဖို႔လုပ္ေတာ့ ျမင္လိုက္ရေသာျမင္ကြင္းေၾကာင့္ ကဲကဲ ေျခလွမ္းေတြက တံု႔ခနဲရပ္သြားရသည္...။

ၪီးတည္ကမိန္းကေလးတစ္ေယာက္နဲ႔ Dateေနတာပဲ..။

ရယ္ေနၿပံဳးေနလိုက္တာမ်ားညေနကမ်က္ႏွာထားနဲ႔လားလားမွမသက္ဆိုင္ေပ...။

ကိုယ့္အေပၚကိုပဲတစိမ္းလိုဆက္ဆံခံရတာသိေတာ့ရင္ထဲကနာသလိုလို...။

ဆရာႀကီးေျပာေတာ့ေကာင္မေလးမရိွဘူးဆို..။ဒါေပမယ့္ဦးတည္ေကာင္မေလးအေၾကာင္းဆရာႀကီးမသိတာလည္း ျဖစ္ႏိုင္သည္ေလ..။

ကဲကဲ ဧည့္ႀကိဳေလးကို တစ္ခ်က္ၿပံဳးျပလိုက္ၿပီးေျခလွမ္းတို႔ေနာက္ဆုတ္လိုက္၏။

"အာ..ညီမေလး အကို တစ္ခုလုပ္ဖို႔ေမ့ေနလို႔ၿပီးမျွပန္လာေတာ့မယ္..."

"ဟုတ္ကဲ့..ရပါတယ္ရွင့္"

အျမန္ဆံုးေျခလွမ္းတို႔ျဖင့္လွည့္ထြက္လာခဲ့လိုက္သည္..။

ကဲကဲ အျဖစ္က အပိုင္း ၁မွာတင္ ဇာတ္သိမ္းသြားေလၿပီ..။

ေအးေလ ျဖစ္တက္ပါတယ္..။

ေယာက်္ားတစ္ေယာက္ကို ၪီးတည္က ဘယ္သေဘာက်ပါ့မလဲ...။

စိတ္ေျပလက္ေပ်ာက္အေနျဖင့္ ၿမိဳ႔ၪီးေစတီဘက္ဆီထြက္လာခဲ့ၿပီး အခ်ိန္ျဖဳန္းေနလိုက္သည္..။

ထို႔ေနာက္တကိုယ္တည္းလင္းထိန္ေနသည့္လမင္းႀကီးအားေငးရင္းတစ္ေယာက္တည္းအထီးက်န္ေနရတာခ်င္းတူေနသည္မို႔အားေပးသည့္အေနျဖင့္လမင္းဝိုင္းဝိုင္းအားဓာတ္ပံုရိုက္လိုက္ၿပီးFacebookမွာ Post တစ္ခုေကာက္တင္လိုက္သည္...။

ဒီလိုတိတ္တိတ္ေလးပဲ ဆက္ခ်စ္ရတာေပါ့..။

တည္ေစ Blind Date လုပ္သာေနတာစကားမေျပာျဖစ္ပဲ ႏွစ္ေယာက္သား Facebookထိုင္သံုးေနၾကတာဆို ပိုမွန္မည္..။

တစ္ခ်က္တစ္ခ်က္ရယ္စရာပိုစ့္တစ္ခုကိုေတြ့ရင္ မိမိမ်က္စိေရ႔ွလာျပသည့္မိန္းကေလးေၾကာင့္ ရယ္ေတာ့ရယ္ျဖစ္ေန၏...။

တစ္စံုတစ္ခုကိုသတိရစိတ္ေၾကာင့္ မေန့က ရိုက္ရွာထားတဲ့Accေလးထဲဝင္ၾကည့္ေနစဥ္ Postတစ္ခုတက္လာသည္..။

ကိုယ့္ဘဝက ေကာင္းကင္က လမင္းလိုပဲ...တစ္ေယာက္တည္းတဲ့...။

ထိုCaptionေလးနဲ႔အတူေျခေထာက္ေလးသာရိုက္ထားေသာ သီးသန္႔ပံုေလးတင္ထား၏..။

ထိုကေလး ဘာျဖစ္ေနပါလိမ့္...။

Commentေတြ ဝင္ဖတ္ၾကည့္ေတာ့ တည္ေစ၏မ်က္လံုးတို႔ျပဴးသြားရသည္..။

ရတနာဆိုတဲ့မိန္းကေလးတစ္ေယာက္၏အေမးကို ငယ္ခ်စ္ကဲပိုေျဖထားသည္က သူအသည္းကြဲေနလို႔ဟူ၍..။

တည္ေစ ရင္ထဲက ဆစ္ကနဲ..။

ဒီတိုင္း...ဒီတိုင္း...သနားမိလို႔ပါ...။

နည္းနည္းေလးပဲ စိတ္မေကာင္းျဖစ္မိလို႔ပါ..။

ဟူး......

ထိုဘာလိုလိုခံစားခ်က္ေၾကာင့္ဘာေၾကာင့္ရယ္မသိ ခပ္ေလးေလးသက္ျပင္းတစ္ခ်က္လိုက္မိသည္က တည္ေစတစ္ေယာက္ပင္..။
.......
ဒီဇင္ဘာေက်ာင္းပိတ္ရက္သည္မနက္ျဖန္ကေနစပိတ္ၿပီမို႔ ကဲကဲ ဦးတည္အားအေဝးကပင္ေငးခြင့္ေတာင္မရိွႏိုင္ေတာ့..။

ထို႔ေၾကာင့္ ကဲကဲ ဒီေန့ တစ္စံုတစ္ခုကိုလုပ္ဖို႔ဆံုးျဖတ္ထား၏..။

ၪီးတည္ကို ခ်စ္ေနေၾကာင္းဖြင့္ေျပာေတာ့မည္..။

ရင္မဖြင့္လိုက္ရပဲ ခံစားေနရတာထက္ ၪီးတည္ကို ဖြင့္ေျပာျပကာ အမုန္းခံလိုက္ခ်င္သည္..။

ဖြင့္ေျပာဖို႔က ကဲကဲတာဝန္..လက္ခံတာမခံတာက ၪီးတည္အပိုင္း..။

ထို႔ေၾကာင့္ေက်ာင္းကို အေစာလာကာ ေက်ာင္းအျပင္ကေနရပ္ေစာင့္ေနလိုက္သည္..။

ၪီးတည္ ကဲကဲ ကို စေရွာင္ကတည္းက ဆရာႀကီးကို ေက်ာင္းထဲအထိလိုက္မပို႔ေတာ့..။ေက်ာင္းေရ႔ွသာ ခ်ၿပီးျပန္သြားတက္သည္မို႔ ယခုလိုအျပင္ထြက္ေစာင့္ေနရျခင္းသာ..။

ခပ္စိမ့္စိမ့္ေဆာင္းေလေအးေအးကိုအံတုရင္း လာရာလမ္းကိုေငးကာ ကဲကဲ ေမ်ွာ္ေတာ္ေယာင္လုပ္ေနမိသည္...။

ေဟာ...လာၿပီ...။

ကားအျဖဴေလးကမိမိေရ႔ွထိုးရပ္လာေတာ့ ေမာင္းသူေနရာကလူႀကီးကို ကဲကဲမ်က္လံုးမလြဲတမ္းစိုက္ၾကည့္ေနမိေတာ့ တစ္ခ်က္သာ၀င့္ၾကည့္လာၿပီး ဘာဖုန္မွမရိွသည့္ ဒက္ရွ္ဘုတ္ေပၚကိုလက္ျဖင့္ခါေနသူေၾကာင့္ၿပံဳးလိုက္မိသည္..။

အသက္၃၀အရြယ္လူႀကီးက ရွက္ေနတာတဲ့လားကြယ္...။

ဆရာႀကီးကကားေပၚကဆင္းလာၿပီးမ်က္ခံုးပင့္ျပကာေမးလာ၏။

"ဖိုးခ်စ္ေရ အျပင္ဘက္ႀကီးမွာ ဘာလုပ္ေနတာလဲ"

"အာ..ဆရာႀကီး ေမာနင္းပါ..ကြၽန္ေတာ္ ၪီးတည္ေစနဲ႔စကားခဏေျပာစရာရိွလို႔.."

ကားထဲကလူအားလက္ညိုးထိုးျပရင္းေျပာေတာ့ဆရာႀကီးကၿပံဳးစစျဖင့္ၾကည့္လာ၏။

"ဪ..ေအး..ေအး..ေျပာေျပာ...ဆရာႀကီးဝင္ႏွင့္မယ္..."

"ဟုတ္.."

ဆရာႀကီးအထဲဝင္သြားသည္ႏွင့္ကားမွန္ကို လက္ျဖင့္အသာေခါက္လိုက္ေတာ့မွန္ခ်ေပးလာ၏။

"ဘာလို႔လဲ ငယ္ခ်စ္ကဲပို"

"အာ..ေျပာစရာရိွလို႔..ကားထဲခဏဝင္လာလို႔ရမလား...."

မ်က္ႏွာအားအကဲခတ္ဟန္ျဖင့္အၾကည့္မလႊဲပဲေမးေတာ့ ခဏစဥ္းစားသလိုလုပ္ေနၿပီး သက္ျပင္းေလးအသာခ်ကာ ကားတံခါးလွပ္ေပးလာသည္..။

ထို႔ေၾကာင့္ ကဲကဲ ေဘးခံုမွာဝင္ထိုင္လိုက္ၿပီးလက္ႏွစ္ဖက္ကိုခပ္တင္းတင္းဆုပ္ရင္းအားယူကာစေမးလိုက္၏။

"ၪီးတည္ ကဲကဲ ကို ဘာလို႔ေရွာင္ေနတာလဲ..."

"ဟမ္..ငါလား..မေရွာင္ပါဘူး..."

ကဲကဲကိုလည္းမၾကည့္လာပဲ အတင္းမ်က္ႏွာလႊဲၿပီးေခါင္းတစ္ခါခါယမ္းေနသူကမလံုမလဲဟန္အျပည့္..။

သူမဟုတ္ရင္ ဘာလို႔ ကဲကို မၾကည့္ရဲတာလဲလို႔...။

လူလိမ္..။

"ဪ...အင္းေပါ့...မေရွာင္ဘူးဆိုေတာ့လည္း မေရွာင္ဘူးေပါ့..အဟင္း.."

ခပ္ဖြဖြၿပံဳးရင္းခနဲ႔စကားေျပာေတာ့သက္ျပင္းခ်ကာေမးလာ၏။

"​ေျပာ..ဘာေျပာစရာရိွလို႔လဲ"

"အာ...အခုေျပာမယ့္စကားကို ၾကားရရံုသာနားေထာင္ေပးပါ အေျဖျပန္ေပးစရာမလိုပါဘူး..ၪီးတည္သိေစခ်င္တဲ့စိတ္ေလးနဲ႔ ဖြင့္ေျပာတာမို႔ စိတ္ထဲတအားမထားပါနဲ႔..."

စကားပလႅင္ခံရေသးသည္..။

"ေျပာမွာသာေျပာပါ.."

"ကြၽန္ေတာ္ ၪီးတည္ကို ခ်စ္သူတစ္ေယာက္လို ခ်စ္ေနမိလို႔ပါ..."

ၿငိမ္သက္သြားသည္က ကားထဲမွာလွည့္ပတ္ေမႊေနွာက္ေနသည့္ေလထုေရာ လူႏွစ္ေယာက္၏အသက္ရႈသံတို႔ေရာ..။

"ဘာ...မင္း...မင္း..က Gayလား...ငါက..ငါကအေျဖာင့္ ေယာက္်ားေတြမႀကိဳက္ဘူး.."

ေခါင္းတစ္ခါခါလည္တစ္ခါခါျဖင့္အသည္းအသန္အထိတ္တလန္႔ျငင္းေနသူေၾကာင့္ ဖြင့္ေျပာမိတာ ကဲ ေနာင္တရခ်င္လာသည္..။

အဲ့ေလာက္ေတာင္ခါးခါးသီးသီးတဲ့လား..။

တည္ေစ လန္႔သြားရသည္..။

ဒီကေလး သူ႔ကို ရည္းစားစကားေျပာေနတာလား..။

ဒီကေလးက Gay ေပါ့..။

ကဲကဲ မ်က္လံုးျပဴးၾကည့္ေနသူအားလွည့္ၾကည့္လိုက္ၿပီးၿပံဳးျပလိုက္၏။

"ဒါေလးပဲ ေျပာခ်င္တာပါ...ျပန္ခ်စ္ဖို႔မလိုပါဘူး..ကဲကဲ ဖြင့္ေျပာလိုက္မွ စိတ္သက္သာရာ ရမွာမလို႔ပါ...စိတ္ထဲ တင္းထားခဲ့တာ ၂လ ေက်ာ္ေနၿပီေလ..ေကာင္းေကာင္းသြားပါ...နားေထာင္ေပးလို႔ေက်းဇူးတင္ပါတယ္...ကဲကဲက ဆက္ခ်စ္ေနမွာမို႔ စိတ္ရႉပ္ခဲ့ရင္ေတာင္ သည္းခံေပးဖို႔ ေတာင္းဆိုပါတယ္..."

ကားတံခါးဖြင့္ကာ ဆင္းသြားတဲ့ကေလးက ေက်ာင္းထဲေရာက္လို႔ စာစသင္ေနၿပီ ။

တည္ေစမွာေတာ့ အခုထိ ေၾကာင္အေနမိတုန္း..။

ဒီကေလးသူ႔ကိုႀကိဳက္ေနတာ ၂လေက်ာ္ေနၿပီဆိုေတာ့ေရာက္ကတည္းက ႀကိဳက္ေနတယ္လို႔ ဆိုလိုခ်င္တာလား..။

တည္ေစကေတာ့ ျပန္မႀကိဳက္ႏိုင္ပါ...။

ကိုယ္ကမိန္းမပဲယူမယ့္ေယာက်္ားစစ္စစ္တစ္ေယာက္မို႔ ထိုကေလးအေပၚ အားနာမိပါရဲ့...။

ကိုယ္က ေျဖာင့္ၿပီးရင္းေျဖာင့္သည့္အေျဖာင့္မဟုတ္လား..။

ထိုသို႔ကိုယ့္ကိုကိုယ့္အားေပးရင္း ကားကိုေမာင္းထြက္ခဲ့လိုက္သည္..။

ထိုေန့တစ္ေန့လံုး တည္ေစအလုပ္မွာ အာရံုစိုက္မရခဲ့..။

ထိုကေလး၏အသံကိုသာနားထဲမွာထပ္ကာထပ္ကာ ၾကားေယာင္မိေနသည္ကဆိုးလွေပသည္..။

ဒီဇင္ဘာေက်ာင္းပိတ္ရက္ ၁၀ရက္ပိတ္ေတာ့ ထိုကေလး ျပန္သြားသည္ထင္မေတြ့ရ..။

သို႔ေပမယ့္ တည္ေစ ထိုကေလး၏Fb accထဲေတာ့ ခဏခဏဝင္ၾကည့္ျဖစ္သည္..။

Fri Add ခ်င္ေပမယ့္ ကိုယ္ကစAddရမွာလည္း ရွက္သလိုလို..။

ကိုယ့္ကို ခ်စ္ပါတယ္လို႔ဖြင့္ေျပာထားၿပီး အဲ့ဒီကေလးရဲ့အခ်စ္ကိုကိုယ္က ျငင္းပယ္ထားခဲ့သူမဟုတ္လား..။

ဘာေၾကာင့္မ်ား အဲ့လိုမ်က္ႏွာေျပာင္ေျပာင္နဲ႔သူ႔စိတ္ကထိုကေလးအေပၚရင္းႏွီးခ်င္ေနေသးပါလိမ့္..။
......

ေက်ာင္းေတျြပန္ဖြင့္ေတာ့ပံုမွန္လည္ပတ္ခ်ိန္ျပန္ေရာက္လာသည္မို႔ တည္ေစအားအၿမဲေငးၾကည့္ေနတက္သည့္မ်က္လံုးရိုင္းေလးျဖင့္ျပန္ဆံုေတြ့ရေတာ့သည္..။

ထံုးစံအတိုင္း ထိုကေလးကတည္ေစကို ခ်စ္ရည္ရႊန္းတဲ့မ်က္ဝန္းေတျြဖင့္ ၾကည့္ေနဆဲ...ေငးေနဆဲ...။

တစ္ညမွာေတာ့ ငယ္ခ်စ္ကဲပို ဆိုသည့္ Fb accေလးက တည္ေစaccကို fri requestလာပို႔သည္အတြက္ေၾကာင့္ တည္ေစ မွာ ထခုန္မိတဲ့အထိေပ်ာ္မိသြားရသည္..။

ကိုယ္နဲ႔ ခင္ေနတာၾကာၿပီျဖစ္တဲ့ကေလးက စလာအပ္တာ ေပ်ာ္သင့္တယ္မလား..။

အဲ့စိတ္ေလးနဲ႔ပါ..။

ရိုးရိုးသားသားပါပဲ..။

ကြၽန္ေတာ္ကမ႓ာတည္ေစကအၿမဲရိုးသားပါတယ္...။

ကိုယ္ကအေျဖာင့္ေလသိတယ္မလား..။

ခ်က္ခ်င္းဆိုသလိုမဆိုင္းမတြလက္ခံလိုက္ၿပီးမွ တမ်ိဳးထင္သြားမွာလည္းစိတ္ပူသြားရသည္...။

ကေလးကိုေမ်ွာ္လင့္ခ်က္ေပးဖို႔မဟုတ္ပါဘူး..။

ညီအစ္ကိုလိုခင္ခ်င္ရံုပါ...။

ထိုေန့fri ျဖစ္ကတည္းကစၿပီး မနက္လင္းသည္ႏွင့္ ေမာနင္း...ေန့လည္ပိုင္းမွာ ထမင္းစားၿပီးၿပီလား..ညပိုင္း Good night ခ်စ္တယ္...စသည္ျဖင့္ တစ္ရက္မွ မပ်က္ေအာင္ပို႔ကာခ်စ္စကားဆိုေနသူက တည္ေစအားအရည္ေပ်ာ္ေအာင္မီးၿမိဳက္ေနေလေတာ့သည္...။

အျပင္ပန္းအရအတင္းမာေက်ာထားေပမယ့္တည္ေစ စိတ္ထဲမွာေတာ့ေက်နပ္မိသလိုလို..။

ဒါေပမယ့္ သူအခုထိမေကြးေသးပါဘူး..။

ေျဖာင့္ေနဆဲပါပဲ..။

ဒီကေလးကို တည္ေစ ခ်စ္မိမွာမဟုတ္တာေတာ့ ေသခ်ာ၏..။

အာမလည္းခံ၏...။

ဒီလိုႏွင့္ေနြရာသီေက်ာင္းပိတ္ရက္ေရာက္ခါနီးလာေလၿပီ..။

လြန္ခဲ့တဲ့တစ္လေလာက္ကတည္းကစာေမးပြဲကိစၥေတြနဲ႔အလုပ္မ်ားေနသူကတည္ေစလာရင္ေတာင္အၾကည့္ေလးသာဝဲႏိုင္ၿပီး အရင္လိုေငးမၾကည့္ေတာ့...။

ညေနေက်ာင္းဆင္းခ်ိန္တိုင္း ပင္ပန္းေနသည့္မ်က္ႏွာေလးျဖင့္ျပန္သြားတာကိုျမင္ရေတာ့ စိတ္ပူမိသည္...။

ဒါဟာညီေလးတစ္ေယာက္လိုသံေယာဇဥ္ျဖစ္မိသူေလးအနားတယုတယဂရုစိုက္ေပးခ်င္သည္က တည္ေစရဲ့စိတ္ရင္းအမွန္ပင္...။

ထို႔ေနာက္စာေမးပြဲေတြၿပီးလို႔ ေက်ာင္းပိတ္ေတာ့ ၪီးတည္ ကြၽန္ေတာ္ျပန္ၿပီဆိုတဲ့စာတစ္ေၾကာင္းက လြဲရင္တစ္ပတ္ေလာက္ထိ ဘာစာမွေရာက္မလာေတာ့..တည္ေစမွာ ထိုင္မရ ထမရ..။

အလုပ္ေတြလည္းအာရံုစိုက္မရ..။

သူ စိတ္ပူေနမိလို႔ပါ..။

ေနမေကာင္းျဖစ္ေနတာလား မသိႏိုင္ဘူးေလ....။

ဖုန္းနံပါတ္မရိွ အိမ္လိပ္စာမသိမို႔ ေမ်ာက္မီးခဲကိုင္မိသလိုျဖစ္ေနရသည္..။

ၪီးငယ္ဆီကအခ်က္အလက္ေတာင္းလို႔ရေပမယ့္ တည္ေစ မေတာင္းခ်င္..။

တမ်ိူးထင္သြားႏိုင္၏..။

Ring!!

ဖုန္းဝင္လာတာမို႔အေတြးတို႔လြင့္ကာ ဖုန္းscreenဆီ ၾကည့္လိုက္ေတာ့ ပိုထြန္းသာ ေဆာက္လုပ္ေရးကုမၸဏီမွCEO ၪီးခ်စ္ထြန္းသာ၏ဖုန္းျဖစ္ေနတာေၾကာင့္အျမန္ကိုင္လိုက္မိ၏။

"ဟလို ၪီးထြန္း..."

"ေအး..ကမ႓ာေရ...ၪီးထြန္း တိုင္ပင္စရာေလး ရိွလို႔ အိမ္ခဏလာေတြ့ပါ့လားကြာ..."

တရင္းတႏွီးေတာင္းဆိုလာတိုင္း ကမ႓ာအေျပးသြားကူေနၾကပင္..။

"ဟုတ္ကဲ့..ၪီးထြန္း အခုမႏၲေလးေရာက္ေနတာ လိပ္စာပို႔ေပးေလ ကြၽန္ေတာ္လာခဲ့လိုက္မယ္..."

"ေအးေအး..ၪီးထြန္းေစာင့္ေနမယ္..."

ဖုန္းခ်သြားသည္ႏွင့္ ရံုးခန္းက ထြက္လာခဲ့လိုက္သည္..။

ကားေပၚတက္ထိုင္တုန္း စာဝင္လာသည္မို႔ ၾကည့္လိုက္ေတာ့ဦးထြန္းဆီမွအိမ္လိပ္စာေရာက္လာတာျဖစ္၏..။

66လမ္းေပၚမွာမို႔ တည္ေစ အခုရိွေသာေနရာႏွင့္သိပ္မေဝးတာေၾကာင့္ခပ္ေျဖးေျဖးသာ ေမာင္းလာခဲ့သည္..။

စိတ္ထဲမွာေတာ့ အဆတ္အသြယ္မရတဲ့ ပုလင္းဖင္ေလးကို စိတ္ပူေနဆဲ..စိုးရိမ္မိေနဆဲ...ၿပီးေတာ့ သတိရေနဆဲ။

ျပန္ေရာက္ရင္ေတာ့ ၪီးငယ္ဆီက ဖုန္းနံပါတ္လွမ္းေတာင္းၿပီးဆက္ၾကည့္ရမည္...။

ထိုကေလး၏အသံေလးျဖစ္ျဖစ္ၾကားရမွ သူစိတ္ေအးႏိုင္လိမ့္မည္..။

တည္ေစ အခုထိမေကြးေသးပါဘူး..။

ကိုယ့္တူေလးလို ကိုယ့္ညီေလးလို စိုးရိမ္ေနမိလို႔ပါ..။

တကယ္ေျပာတာရယ္..။

ကြၽန္ေတာ္က အေျဖာင့္ႀကီးပါဗ်...။
.......
kwaypu
ဖတ္ရတာအဆင္ေျပလားရွင္...
Edit...18.3.22

Continue Reading

You'll Also Like

235K 10.1K 32
Forced marriage လေးပါ
319K 28.6K 64
ကိုယ့်ရဲ့ ဖြစ်တည်မှုကို နောင်တမရ။အကြင်သူကို တစိမ့်စိမ့်မြတ်နိုးရခြင်းကိုသာ ခုံမင်သည်။ ကိုယ့္ရဲ့ ျဖစ္တည္မႈကို ေနာင္တမရ။အၾကင္သူကို တစိမ့္စိမ့္ျမတ္ႏိုးရ...
14.5K 899 84
ကိုဗစ် ၊ အရောင်အသွေးစုံသော အချစ်နဲ့ သူတို့်အိမ်ကလေး #Unicode ကိုဗစ္ ၊ အေရာင္အေသြးစုံေသာ အခ်စ္နဲ႕သူတို့္အိမ္ကေလး #Zawgyi Start Date - 4.10.2022 End...
310K 7.5K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်