UNICODE
ရှောင်ရွှမ်းရဲ့မျက်နှာက ရုတ်တရက်နီရဲလာတယ်။ သူကသူ့ကိုကြောက်လို့ထွက်ပြေးတာနဲ့တူတယ်။ သူ့လက်တွေကအတင်းဆွဲထားလျှက်ပဲ
"ဆရာ, အနည်းဆုံးတော့ကျွန်တော့်ကိုရှင်းပြခွင့်လေးပေးသင့်တယ်မထင်ဘူးလား?
ဘာလို့လဲဆိုတော့ချန်ဇီကကျွန်တော့်ရဲ့ အခင်ဆုံးသူငယ်ချင်းမို့သူ့ကိုကျွန်တော်တို့ရဲ့ဆက်ဆံရေးအကြောင်းပြောပြချင်တယ်, ဆရာကြားလိုက်ရတာကကနောက်လိုက်တဲ့ဟာ ကျွန်တော်ဆရာ့ကိုတကယ်ကြိုက်တာပါ...."
အူးယမ် ကသူ့ကိုကြည့်တောင်မကြည့်ဘူး၊ စိတ်ပျက်စွာနဲ့ပြောတော့တယ်။
" မင်းပြန်လိုက်တော့ ! အခုငါ့ကိုလာလိမ်မနေနဲ့တော့ မင်းဘာပြောပြောငါမယုံတော့ဘူး"
"ဆရာ!!"
ရှောင်ရွှမ်းရဲ့ မျက်နှာက ပို၍ နီရဲလာတယ်။ နဖူးရှိသွေးကြောတွေတင်းလာပြီး အနည်းငယ်ထစ်အ, စွာပြောလိုက်တယ်။
"တောင်းပန်ပါတယ်ဆရာ, ကျွန်တော်မှားသွားတယ် ချန်ဇီ နဲ့ကျွန်တော် ပထမတော့ဆရာနဲ့ ကစားဖို့စီစဉ်ခဲ့တာ ,အဲ့တာကြောင့်ကျွန်တော်, ဆရာ့ကိုလိမ်ခဲ့တာ ... "
အူးယမ်က ဒီအကြောင်းကို တိတ်တိတ်လေး အကြိမ်ကြိမ်စဉ်းစားခဲ့ဖူးပေမဲ့ ခုအသေချာပြောနေတာကိုကြားလိုက်ရတော့ သူတော်တော်လေးထိန်းမထားနိုင်တော့ဘူး။ သူမျက်ရည်တွေစီးကျလျက် ထိုင်ချလိုက်တယ်။အဲ့ဒီနောက် ခေါင်းကိုငုံ့ကာ မြေကြီးပေါ်ရှိခရမ်းချဉ်သီးများကိုကောက်ပြီး အိတ်ထဲသို့ဂရုမစိုက်ဘဲပစ်ထည့်လိုက်တယ်။
"ဆရာ!"
ရှောင်ရွှမ်းက သူ့ကိုဖက်လိုက်ပြီး ,
"ဒါပေမယ့် ကျွန်တော်တကယ်ပဲ ဆရ့ာကိုကြိုက်သွားတာပါ,
နောက်ပိုင်းတွေက ဟန်ဆောင်တာတွေလုံး၀မဟုတ်ရပါဘူး!"
အူးယမ်က သူ့ကိုကြည့်တောင်မကြည့်ပဲ ခေါင်းကိုငုံ့လျှက်သာ ပစ္စည်းတွေကိုမြန်မြန်ကောက်ထည့်နေတယ်။
"ချန်ဇီကိုဒီလိုပြောရတာကလည်း ကျွန်တော့်ရှက်လွန်းလို့ဝန်ခံရတာပါ မျက်နှာပျက်ရမှာစိုးရိမ်လို့ .. " [*မျက်နှာပျက်တယ်လို့ ဒီမှာသုံးထားတာက အရှက်ခွဲခံရမယ်လို့ပြောတာနေမယ်]
"ငါ့လို အသက်ကြီးတဲ့သူတစ် ယောက်နဲ့ ချိန်းတွေ့ရတာက မင်းကိုအရှက်ရစေတယ်မလား? "
အူးယမ် ဒေါသအလွန်ထွက်ပြီး ပစ္စည်းတွေကိုကောက်ယူကာ မတ်တပ်ရပ်လိုက်တယ်။ တုန်တုန်ရီရီနဲ့ ပဲ ခြေလှမ်းနှစ်လှမ်းလောက်လှမ်း လိုက်ပြီးတဖန်ရပ်လိုက်ကာ သူ့မျက်နှာကိုကြည့်ပြောလိုက်တယ်။
"မင်း စိုးရိမ်မနေနဲ့တော့, ငါတို့အခု တူတူရှိနေစရာမလိုတော့ဘူးလေ မင်းလဲ အဆင်ပြေမယ့် တစ်ယောက်နဲ့ လွတ်လွတ်လပ်လပ်တွဲပေါ့ ငါတို့ကတော့ ဘာအကြောင်းကြောင်းပဲရှိရှိနောက် ထပ်မတွေ့ကြရအောင်......"
"ကျွန်တော်ဆိုလိုတာက အဲ့တာမဟုတ်ဘူးလေ"
ရှောင်ရွှမ်း ကအူးယမ်ကို ကမန်းကတန်းဖတ်လိုက်တယ်။
"ဆရာ!!"
အူးယမ်ရဲ့ နှာခေါင်းတောင်နီရဲနေပြီ ။ သူက သူ့ကို မကြင်နာနိုင်တော့ဘူး ။ ကန်တယ်၊ ရိုက်တယ် အချိန်အတော်ကြာ ထုရိုက်ပေမယ့် မကျေနပ်သေးဘူး။ ဒေါသတကြီးနဲ့လက်ကိုမြှောက်လိုက်ပြီး သူ့မျက်နှာကိုမညှာမတာ ရိုက်ချလိုက်တယ်။
အူးယမ် ဒီလောက်စိတ်လှုပ်ရှားနေတာကိုသူတစ်ခါမှမမြင်ဖူးဘူး။ရှောင်ရွှမ်း ထိတ်လန့်သွားတယ်။သူတချိန်လုံးထုရိုက်ခံနေရတာတောင်မှ သူ မရှောင်နိုင်တော့ဘူး။
"ဆရာ, ဒီလိုမျိုးမဟုတ်ဘူး! ကျွန်တော်တကယ်ဆရာ့ကိုကြိုက်တာပါ...."
"မင်းငါ့ကို အရူးလို့ထင်နေတုန်းလား?"
အူးယမ် မျက်လုံးနဲ့ နှာခေါင်းထိပ်တွေ နီရဲနေပြီး မျက်ရည်နှင့် နှပ်ချေးရောတွေ ရှုပ်ပွနေတယ်။
ဒါပေမယ့် ရှောင်ရွှမ်းရဲ့ မျက်လုံးထဲမှာ ချစ်စရာကောင်းတယ်လို့ခံစားနေရတယ်။အဲ့တာဘာလို့လဲဆိုတာတော့သူလဲမသိဘူး။
"ကျွန်တော်တကယ်ပြောတာပါ ထပ်မလိမ်တော့ပါဘူး"
"ငါ့ကိုအရူးတစ်ယောက်လိုလာမဆက်ဆံနဲ့! !"
အူးယမ် စိတ်လှုပ်ရှားစွာနဲ့ အော်လိုက်ပြီး သူ့ကို မသိကျေးကျွန်ပြုကာ လှည့်ထွက်လာခဲ့တယ်။
ရှက်ရွှံစွာ နှာခေါင်းရှုံ့လိုက်ပြီး လှေကားထစ်အတိုင်းတက်လာကာ တံခါးဖွင့်ဝင်လိုက်တယ်။
အဲ့ဒီနောက်သူတံခါးပိတ်ပြီး အထဲမှာ ခနလောက်မောပန်းနေတယ်။
ရှောင်ရွှမ်း ကသူတံခါးပိတ်လိုက်တဲ့အချိန်မှာ တံခါးကြားထဲ ညာဖက်လက်ကို ထိုးခံလိုက်တယ်။ နာကျင်မှုကို လျစ်လျုရှုရင်းပေါ့။ပြီးတော့ ညှိနှိုင်းတဲ့လေသံနဲ့ ပြောလိုက်တယ်။
"ဆရာ...."
ဘာပဲဖြစ်ဖြစ်အူးယမ်က တံခါးကိုပိတ်ဖို့မသည်းခံနိုင်တော့ဘူး. ။သူ့လက်ကိုဆွဲထုတ်ဖို့အတွက် တံခါးကိုနည်းနည်းလေးဟလိုက်တယ်။
ရှောင်ရွှမ်းက အားသုံးပြီးတံခါးကိုအတင်းဖွင့်မှာကိုသူမလိုလားဘူး။ သူစိုးရိမ်ပြီး သူ့အားတွေအကုန်စုကာတံခါးကိုတွန်းထားတယ်။ ပြီးတော့ သူ့လက်တွေကိုလည်းတံခါးပေါ်မှာ အတင်းအကျပ်ဖိထားတယ်။
ရှောင်ရွှမ်းရဲ့ဆို့နင့်စွာ ငိုတဲ့အသံကိုကြားရတဲ့ အခါ အူးယမ်လန့်ဖျတ်သွားတယ်။နာကျင်မှုကြောင့်ခါးကိုကွေးလျှက်နေရတဲ့ လူငယ်ကိုကူညီဖို့ တံခါးကိုအလျှင်အမြန်ဆွဲဖွင့်လိုက်တယ်။
"ရှောင်,ရှောင်ရွှမ်း"
"....."
"မင်းအဆင်ပြေရဲ့လား?"
ရှောင်ရွှမ်းက အချိန်ခဏလောက်စကားမပြောနိုင်ပဲ လက်ကိုခါကာ ပြင်းပြင်ထန်ထန်အသက်ရှုနေရတယ်။
အူးယမ်ဘာမှမစိုးရိမ်နိုင်တော့ပဲ ကမန်းကတန်း တရွတ်တိုက်ဆွဲလိုက်မလိုက် ပဲသူ့ကို အထဲကိုဆွဲသွင်းလိုက်တယ်။
"ခနလေးနော် ငါဆေးရှာလိုက်ဦးမယ်"
ရှောင်ရွှမ်းကတော့ နာကျင်နေတာထင်ရှားတယ်။ သွားတွေကြိတ်ပြီး အသက်ကိုရှုလိုက်ထုတ်လိုက်လုပ်နေရတယ်။
အူးယမ်က သူ့မျက်နှာပေါ်မှာ လက်ဝါးရာရှိနေသေးပြီး သူ့လက်ချောင်းလေးချောင်းလုံးမှာအစိမ်းရောင်အမှတ်သားပုံစံ အပြင်းအထန်ဖူးယောင်နေကာ အရေပြားတွေတောင်ပျက်စီးနေတာကိုတွေ့ရတယ်။။
သူပထမခံစားနေရတဲ့ စိတ်ဆိုးတာနဲ့ ဝမ်းနည်းမှုအစား ချက်ချင်းပဲ အထိတ်တလန့်ဖြစ်ခြင်းနဲ့ အပြစ်ရှိတဲ့စိတ်သာဖြစ်လာတယ်။
" ဘယ်လိုဖြစ်ရတာလဲ ?မင်းအရိုးတွေရောထိသွားသေးလား?"
သူ့လက်တွေ အမှန်တကယ်ကျိုးသွားမှာကိုအူးယမ်က ကြောက်လန့်နေတယ်။အိုင်အိုဒင်း*နဲ့ ရေခဲတုံးကိုကိုင်ထားလျှက်ပဲ မလှုပ်ရဲဘူး။
" မင်း လှုပ်နိုင်ရဲ့လား? ငါ ဆရာဝန် ခေါ်, ခေါ်သင့်တယ်ထင်တယ်"
[ *ဒီမှာ ကိုယ်ထင်တာက အိုင်အိုဒင်းဆိုတာ ပိုးသတ်ဆေးအစားသုံးတာလားမသိဘူး?]
ရှောင်ရွှမ်းက အတင်းပြုံးပြီးပြောတယ်။
" အဆင်ပြေပါတယ်! ကျွန်တော်အဆင်ပြေတယ်"
သူက ပျက်စီးနေတဲ့အရေပြားပေါ်မှာအိုင်အိုဒင်းကို သိပ်ထည့်လိုက်ပြီး အဝတ်စအေးအေးလေးနဲ့ဖိထားလိုက်တယ်။
ရှောင်ရွှမ်းရဲ့ မူလက ဖြူဖျော့နေတဲ့ မျက်နှာဟာ ဖြည်းဖြည်းချင်း ပြန်ကောင်းလာတယ်။ သူကနာကျင်နေတာတောင်မှ သူ့ပုံစံကြည့်ရတာ ပိုပြီးသက်သောင့်သက်သာဖြစ်နေသလိုပဲ။
အူးယမ်သူ ရေခဲလဲတာကိုကူညီဖို့အတွက်သူ့အနားမှာ ထိုင်ချလိုက်တယ်။အူးယမ် ကခေါင်းငုံ့လျက် သူ့မျက်နှာကိုမကြည့်ဘဲ အကုန်လုပ်ပေးလိုက်တယ်။
"သက်သာရဲ့လား?"
"ဟုတ်ကဲ့"
အူးယမ်ကမေးလိုက်တဲ့အခါ ရှောင်ရွှမ်းက ချက်ချင်းပြန်ဖြေတယ်။
"ပိုကောင်းလာပြီ"
"တကယ်လို့ မင်းသက်သာတယ်ဆိုရင် ဘာလို့မပြန်သေးလဲ?"
"ဆရာ...."
အူးယမ်ကရှောင်ရွှမ်းလက်မှာရှိတဲ့ အဝတ်စကို ပြန်ယူလိုက်တယ်။ သူ့ခေါင်းကငုံ့သထက်ငုံံ့နေပေမယ့် နှာခေါင်းထိပ်ကတော့ နီရဲနေဆဲဖြစ်တယ်။ သူကနှာခေါင်းရှုံ့တုန့်တုန့် နဲ့ပြောလိုက်တယ်။
" မင်း င့ါကိုဘယ်တော့မှလာရှာဖို့မလိုတော့ဘူး"
"ဆရာ !!"
ရှောင်ရွှမ်းက အဆောတလျှင်ပြောလိုက်တယ်။
" ကျွန်တော့်ကိုမမောင်းထုတ်လိုက်ပါနဲ့ ,တကယ်လို့ ကျွန်တော့်ကို ဆရာ,မကျေနပ်သေးဘူးဆိုရင်လေ ကျွန်တော့်လက်ကိုအခုရိုက်ချိုးလိုက်ပါ"
အူးယမ်က လက်နဲ့နှာခေါင်းကိုပွတ်လိုက်ပြီး ပုံစံက ငိုချတော့မယ့်ပုံစံပေါက်နေတယ်။
"မင်းဒါကိုပဲပြောနေမယ်ဆိုရင် .."
"ဆရာ့ကိုကျွန်တော်ကြိုက်တယ် "
" နောက်နေတာကိုရပ်လိုက်တော့! "
ZAWGYI
ေ႐ွာင္႐ႊမ္းရဲ႕မ်က္ႏွာက ႐ုတ္တရက္နီရဲလာတယ္။ သူကသူ႕ကိုေၾကာက္လို႔ထြက္ေျပးတာနဲ႔တူတယ္။ သူ႕လက္ေတြကအတင္းဆြဲထားလွ်က္ပဲ
"ဆရာ, အနည္းဆုံးေတာ့ကြၽန္ေတာ့္ကို႐ွင္းျပခြင့္ေလးေပးသင့္တယ္မထင္ဘူးလား?
ဘာလို႔လဲဆိုေတာ့ခ်န္ဇီကကြၽန္ေတာ့္ရဲ႕ အခင္ဆုံးသူငယ္ခ်င္းမို႔သူ႕ကိုကြၽန္ေတာ္တို႔ရဲ႕ဆက္ဆံေရးအေၾကာင္းေျပာျပခ်င္တယ္, ဆရာၾကားလိုက္ရတာကကေနာက္လိုက္တဲ့ဟာ ကြၽန္ေတာ္ဆရာ့ကိုတကယ္ႀကိဳက္တာပါ...."
အူးယမ္ ကသူ႕ကိုၾကည့္ေတာင္မၾကည့္ဘူး၊ စိတ္ပ်က္စြာနဲ႔ေျပာေတာ့တယ္။
" မင္းျပန္လိုက္ေတာ့ ! အခုငါ့ကိုလာလိမ္မေနနဲ႔ေတာ့ မင္းဘာေျပာေျပာငါမယုံေတာ့ဘူး"
"ဆရာ!!"
ေ႐ွာင္႐ႊမ္းရဲ႕ မ်က္ႏွာက ပို၍ နီရဲလာတယ္။ နဖူး႐ွိေသြးေၾကာေတြတင္းလာၿပီး အနည္းငယ္ထစ္အ, စြာေျပာလိုက္တယ္။
"ေတာင္းပန္ပါတယ္ဆရာ, ကြၽန္ေတာ္မွားသြားတယ္ ခ်န္ဇီ နဲ႔ကြၽန္ေတာ္ ပထမေတာ့ဆရာနဲ႔ ကစားဖို႔စီစဥ္ခဲ့တာ ,အဲ့တာေၾကာင့္ကြၽန္ေတာ္, ဆရာ့ကိုလိမ္ခဲ့တာ ... "
အူးယမ္က ဒီအေၾကာင္းကို တိတ္တိတ္ေလး အႀကိမ္ႀကိမ္စဥ္းစားခဲ့ဖူးေပမဲ့ ခုအေသခ်ာေျပာေနတာကိုၾကားလိုက္ရေတာ့ သူေတာ္ေတာ္ေလးထိန္းမထားႏိုင္ေတာ့ဘူး။ သူမ်က္ရည္ေတြစီးက်လ်က္ ထိုင္ခ်လိုက္တယ္။အဲ့ဒီေနာက္ ေခါင္းကိုငုံ႔ကာ ေျမႀကီးေပၚ႐ွိခရမ္းခ်ဥ္သီးမ်ားကိုေကာက္ၿပီး အိတ္ထဲသို႔ဂ႐ုမစိုက္ဘဲပစ္ထည့္လိုက္တယ္။
"ဆရာ!"
ေ႐ွာင္႐ႊမ္းက သူ႕ကိုဖက္လိုက္ၿပီး ,
"ဒါေပမယ့္ ကြၽန္ေတာ္တကယ္ပဲ ဆရာ့ကိုႀကိဳက္သြားတာပါ,
ေနာက္ပိုင္းေတြက ဟန္ေဆာင္တာေတြလုံး၀မဟုတ္ရပါဘူး!"
အူးယမ္က သူ႕ကိုၾကည့္ေတာင္မၾကည့္ပဲ ေခါင္းကိုငုံ႔လွ်က္သာ ပစၥည္းေတြကိုျမန္ျမန္ေကာက္ထည့္ေနတယ္။
"ခ်န္ဇီကိုဒီလိုေျပာရတာကလည္း ကြၽန္ေတာ့္႐ွက္လြန္းလို႔ဝန္ခံရတာပါ မ်က္ႏွာပ်က္ရမွာစိုးရိမ္လို႔ .. " [*မ်က္ႏွာပ်က္တယ္လို႔ ဒီမွာသုံးထားတာက အ႐ွက္ခြဲခံရမယ္လို႔ေျပာတာေနမယ္]
"ငါ့လို အသက္ႀကီးတဲ့သူတစ္ ေယာက္နဲ႔ ခ်ိန္းေတြ႕ရတာက မင္းကိုအ႐ွက္ရေစတယ္မလား? "
အူးယမ္ ေဒါသအလြန္ထြက္ၿပီး ပစၥည္းေတြကိုေကာက္ယူကာ မတ္တပ္ရပ္လိုက္တယ္။ တုန္တုန္ရီရီနဲ႔ ပဲ ေျခလွမ္းႏွစ္လွမ္းေလာက္လွမ္း လိုက္ၿပီးတဖန္ရပ္လိုက္ကာ သူ႕မ်က္ႏွာကိုၾကည့္ေျပာလိုက္တယ္။
"မင္း စိုးရိမ္မေနနဲ႔ေတာ့, ငါတို႔အခု တူတူ႐ွိေနစရာမလိုေတာ့ဘူးေလ မင္းလဲ အဆင္ေျပမယ့္ တစ္ေယာက္နဲ႔ လြတ္လြတ္လပ္လပ္တြဲေပါ့ ငါတို႔ကေတာ့ ဘာအေၾကာင္းေၾကာင္းပဲ႐ွိ႐ွိေနာက္ ထပ္မေတြ႕ၾကရေအာင္......"
"ကြၽန္ေတာ္ဆိုလိုတာက အဲ့တာမဟုတ္ဘူးေလ"
ေ႐ွာင္႐ႊမ္း ကအူးယမ္ကို ကမန္းကတန္းဖတ္လိုက္တယ္။
"ဆရာ!!"
အူးယမ္ရဲ႕ ႏွာေခါင္းေတာင္နီရဲေနၿပီ ။ သူက သူ႕ကို မၾကင္နာႏိုင္ေတာ့ဘူး ။ ကန္တယ္၊ ႐ိုက္တယ္ အခ်ိန္အေတာ္ၾကာ ထု႐ိုက္ေပမယ့္ မေက်နပ္ေသးဘူး။ ေဒါသတႀကီးနဲ႔လက္ကိုေျမႇာက္လိုက္ၿပီး သူ႕မ်က္ႏွာကိုမညႇာမတာ ႐ိုက္ခ်လိုက္တယ္။
အူးယမ္ ဒီေလာက္စိတ္လႈပ္႐ွားေနတာကိုသူတစ္ခါမွမျမင္ဖူးဘူး။ေ႐ွာင္႐ႊမ္း ထိတ္လန္႔သြားတယ္။သူတခ်ိန္လုံးထု႐ိုက္ခံေနရတာေတာင္မွ သူ မေ႐ွာင္ႏိုင္ေတာ့ဘူး။
"ဆရာ, ဒီလိုမ်ိဳးမဟုတ္ဘူး! ကြၽန္ေတာ္တကယ္ဆရာ့ကိုႀကိဳက္တာပါ...."
"မင္းငါ့ကို အ႐ူးလို႔ထင္ေနတုန္းလား?"
အူးယမ္ မ်က္လုံးနဲ႔ ႏွာေခါင္းထိပ္ေတြ နီရဲေနၿပီး မ်က္ရည္ႏွင့္ ႏွပ္ေခ်းေရာေတြ ႐ႈပ္ပြေနတယ္။
ဒါေပမယ့္ ေ႐ွာင္႐ႊမ္းရဲ႕ မ်က္လုံးထဲမွာ ခ်စ္စရာေကာင္းတယ္လို႔ခံစားေနရတယ္။အဲ့တာဘာလို႔လဲဆိုတာေတာ့သူလဲမသိဘူး။
"ကြၽန္ေတာ္တကယ္ေျပာတာပါ ထပ္မလိမ္ေတာ့ပါဘူး"
"ငါ့ကိုအ႐ူးတစ္ေယာက္လိုလာမဆက္ဆံနဲ႔! !"
အူးယမ္ စိတ္လႈပ္႐ွားစြာနဲ႔ ေအာ္လိုက္ၿပီး သူ႕ကို မသိေက်းကြၽန္ျပဳကာ လွည့္ထြက္လာခဲ့တယ္။
႐ွက္႐ႊံစြာ ႏွာေခါင္း႐ႈံ႕လိုက္ၿပီး ေလွကားထစ္အတိုင္းတက္လာကာ တံခါးဖြင့္ဝင္လိုက္တယ္။
အဲ့ဒီေနာက္သူတံခါးပိတ္ၿပီး အထဲမွာ ခနေလာက္ေမာပန္းေနတယ္။
ေ႐ွာင္႐ႊမ္း ကသူတံခါးပိတ္လိုက္တဲ့အခ်ိန္မွာ တံခါးၾကားထဲ ညာဖက္လက္ကို ထိုးခံလိုက္တယ္။ နာက်င္မႈကို လ်စ္လ်ဳ႐ႈရင္းေပါ့။ၿပီးေတာ့ ညႇိႏိႈင္းတဲ့ေလသံနဲ႔ ေျပာလိုက္တယ္။
"ဆရာ...."
ဘာပဲျဖစ္ျဖစ္အူးယမ္က တံခါးကိုပိတ္ဖို႔မသည္းခံႏိုင္ေတာ့ဘူး. ။သူ႕လက္ကိုဆြဲထုတ္ဖို႔အတြက္ တံခါးကိုနည္းနည္းေလးဟလိုက္တယ္။
ေ႐ွာင္႐ႊမ္းက အားသုံးၿပီးတံခါးကိုအတင္းဖြင့္မွာကိုသူမလိုလားဘူး။ သူစိုးရိမ္ၿပီး သူ႕အားေတြအကုန္စုကာတံခါးကိုတြန္းထားတယ္။ ၿပီးေတာ့ သူ႕လက္ေတြကိုလည္းတံခါးေပၚမွာ အတင္းအက်ပ္ဖိထားတယ္။
ေ႐ွာင္႐ႊမ္းရဲ႕ဆို႔နင့္စြာ ငိုတဲ့အသံကိုၾကားရတဲ့ အခါ အူးယမ္လန္႔ဖ်တ္သြားတယ္။နာက်င္မႈေၾကာင့္ခါးကိုေကြးလွ်က္ေနရတဲ့ လူငယ္ကိုကူညီဖို႔ တံခါးကိုအလွ်င္အျမန္ဆြဲဖြင့္လိုက္တယ္။
"ေ႐ွာင္,ေ႐ွာင္႐ႊမ္း"
"....."
"မင္းအဆင္ေျပရဲ႕လား?"
ေ႐ွာင္႐ႊမ္းက အခ်ိန္ခဏေလာက္စကားမေျပာႏိုင္ပဲ လက္ကိုခါကာ ျပင္းျပင္ထန္ထန္အသက္႐ႈေနရတယ္။
အူးယမ္ဘာမွမစိုးရိမ္ႏိုင္ေတာ့ပဲ ကမန္းကတန္း တ႐ြတ္တိုက္ဆြဲလိုက္မလိုက္ ပဲသူ႕ကို အထဲကိုဆြဲသြင္းလိုက္တယ္။
"ခနေလးေနာ္ ငါေဆး႐ွာလိုက္ဦးမယ္"
ေ႐ွာင္႐ႊမ္းကေတာ့ နာက်င္ေနတာထင္႐ွားတယ္။ သြားေတြႀကိတ္ၿပီး အသက္ကို႐ႈလိုက္ထုတ္လိုက္လုပ္ေနရတယ္။
အူးယမ္က သူ႕မ်က္ႏွာေပၚမွာ လက္ဝါးရာ႐ွိေနေသးၿပီး သူ႕လက္ေခ်ာင္းေလးေခ်ာင္းလုံးမွာအစိမ္းေရာင္အမွတ္သားပုံစံ အျပင္းအထန္ဖူးေယာင္ေနကာ အေရျပားေတြေတာင္ပ်က္စီးေနတာကိုေတြ႕ရတယ္။။
သူပထမခံစားေနရတဲ့ စိတ္ဆိုးတာနဲ႔ ဝမ္းနည္းမႈအစား ခ်က္ခ်င္းပဲ အထိတ္တလန္႔ျဖစ္ျခင္းနဲ႔ အျပစ္႐ွိတဲ့စိတ္သာျဖစ္လာတယ္။
" ဘယ္လိုျဖစ္ရတာလဲ ?မင္းအ႐ိုးေတြေရာထိသြားေသးလား?"
သူ႕လက္ေတြ အမွန္တကယ္က်ိဳးသြားမွာကိုအူးယမ္က ေၾကာက္လန္႔ေနတယ္။အိုင္အိုဒင္း*နဲ႔ ေရခဲတုံးကိုကိုင္ထားလွ်က္ပဲ မလႈပ္ရဲဘူး။
" မင္း လႈပ္ႏိုင္ရဲ႕လား? ငါ ဆရာဝန္ ေခၚ, ေခၚသင့္တယ္ထင္တယ္"
[ *ဒီမွာ ကိုယ္ထင္တာက အိုင္အိုဒင္းဆိုတာ ပိုးသတ္ေဆးအစားသုံးတာလားမသိဘူး?]
ေ႐ွာင္႐ႊမ္းက အတင္းျပဳံးၿပီးေျပာတယ္။
" အဆင္ေျပပါတယ္! ကြၽန္ေတာ္အဆင္ေျပတယ္"
သူက ပ်က္စီးေနတဲ့အေရျပားေပၚမွာအိုင္အိုဒင္းကို သိပ္ထည့္လိုက္ၿပီး အဝတ္စေအးေအးေလးနဲ႔ဖိထားလိုက္တယ္။
ေ႐ွာင္႐ႊမ္းရဲ႕ မူလက ျဖဴေဖ်ာ့ေနတဲ့ မ်က္ႏွာဟာ ျဖည္းျဖည္းခ်င္း ျပန္ေကာင္းလာတယ္။ သူကနာက်င္ေနတာေတာင္မွ သူ႕ပုံစံၾကည့္ရတာ ပိုၿပီးသက္ေသာင့္သက္သာျဖစ္ေနသလိုပဲ။
အူးယမ္သူ ေရခဲလဲတာကိုကူညီဖို႔အတြက္သူ႕အနားမွာ ထိုင္ခ်လိုက္တယ္။အူးယမ္ ကေခါင္းငုံ႔လ်က္ သူ႕မ်က္ႏွာကိုမၾကည့္ဘဲ အကုန္လုပ္ေပးလိုက္တယ္။
"သက္သာရဲ႕လား?"
"ဟုတ္ကဲ့"
အူးယမ္ကေမးလိုက္တဲ့အခါ ေ႐ွာင္႐ႊမ္းက ခ်က္ခ်င္းျပန္ေျဖတယ္။
"ပိုေကာင္းလာၿပီ"
"တကယ္လို႔ မင္းသက္သာတယ္ဆိုရင္ ဘာလို႔မျပန္ေသးလဲ?"
"ဆရာ...."
အူးယမ္ကေ႐ွာင္႐ႊမ္းလက္မွာ႐ွိတဲ့ အဝတ္စကို ျပန္ယူလိုက္တယ္။ သူ႕ေခါင္းကငုံ႔သထက္ငုံံ႕ေနေပမယ့္ ႏွာေခါင္းထိပ္ကေတာ့ နီရဲေနဆဲျဖစ္တယ္။ သူကႏွာေခါင္း႐ႈံ႕တုန္႔တုန္႔ နဲ႔ေျပာလိုက္တယ္။
" မင္း င့ါကိုဘယ္ေတာ့မွလာ႐ွာဖို႔မလိုေတာ့ဘူး"
"ဆရာ !!"
ေ႐ွာင္႐ႊမ္းက အေဆာတလွ်င္ေျပာလိုက္တယ္။
" ကြၽန္ေတာ့္ကိုမေမာင္းထုတ္လိုက္ပါနဲ႔ ,တကယ္လို႔ ကြၽန္ေတာ့္ကို ဆရာ,မေက်နပ္ေသးဘူးဆိုရင္ေလ ကြၽန္ေတာ့္လက္ကိုအခု႐ိုက္ခ်ိဳးလိုက္ပါ"
အူးယမ္က လက္နဲ႔ႏွာေခါင္းကိုပြတ္လိုက္ၿပီး ပုံစံက ငိုခ်ေတာ့မယ့္ပုံစံေပါက္ေနတယ္။
"မင္းဒါကိုပဲေျပာေနမယ္ဆိုရင္ .."
"ဆရာ့ကိုကြၽန္ေတာ္ႀကိဳက္တယ္ "
" ေနာက္ေနတာကိုရပ္လိုက္ေတာ့! "