Part - 8
မာန၏ အျခားတစ္ဖက္
🌟🌟🌟🌟🌟🌟
ဒီေန႔ေတာ့ လႊမ္း တစ္ေယာက္ ရန္ကုန္ ကိုျပန္ေရာက္ၿပီး ပထမဦးဆံုး အလုပ္ျပန္ဆင္းမဲ့ေန႔ ။ အလုပ္ထြက္လိုက္ၿပီလို႔ေျပာၿပီးေတာ့ အိမ္ကလည္း ျပန္လာေရာ ခ်က္ခ်င္း အလုပ္ျပန္ဆင္းဖို႔ျပင္ေနတဲ့
လႊမ္း ကို အကို က ဘာအဆင္မေျပလို႔လဲ ။ဘာအ
ခက္အခဲ ႐ွိလို႔လဲ ေမးေပမဲ့ လႊမ္း က ဘာမွမျဖစ္ပါဘူး။ အဆင္ေျပပါတယ္လို႔ပဲ ေျပာခဲ့လိုက္တယ္။
တကယ္ဆို ေဖေဖ ေနမေကာင္းျဖစ္ေနတဲ့အခ်ိန္
ကုမၼဏီကလည္း ဆက္ၿပီးလည္ပတ္ဖို႔ အခက္အခဲ
ေတြျဖစ္သြားေတာ့ လႊမ္း ေက်ာင္းစရိတ္ကို ခါတိုင္းလိုအိမ္ကေတာင္းဖို႔အတြက္ အားနာေနမိတယ္
ေလ။
ဘာပျဲဖစ္ျဖစ္ ကိုယ့္ေက်ာင္းစရိတ္ကို ကိုယ္ရွာျပီး
တက္သင့္တဲ့ အခ်ိန္မို္႔လား ။ ေလာေလာဆယ္
အျခားမွာအလုပ္႐ွာရရင္လဲ ေက်ာင္းခ်ိန္နဲ႔ အဆင္မေျပႏိုင္ဘူး။ သူေဌး ကိုယ္တိုင္ကလည္း ေဖေဖ့ကိစၥကိုကူညီေပးထားေတာ့ ကိုယ့္အေနနဲ႔ သူ႔ဆီမွာအလုပ္ျပန္ဆင္းတာက အေကာင္းဆံုးျဖစ္မယ္လို႔ပဲ ေတြးလိုက္မိတယ္။
သူေဌး က အေျပာမေကာင္းေပမဲ့ စိတ္ရင္းကေတာ့မဆိုး႐ွာဘူးထင္ပါရဲ႕။ ဒါေပမဲ့ သူ႔စိတ္ထဲ မထင္ရင္မထင္သလိုမ်ိဳး ဘယ္အခ်ိန္ထၿပီး ဘုနဲေဘာက္ ေျပာဦးမယ္မသိ။ သူေျပာလဲ ကိုယ္က သည္းခံရေတာ့မယ္။
ဒီေန႔ေတာ့ မနက္ေက်ာင္းမသြားခင္ထဲက အကို႔ ကို ရိပ္ၿငိမ္ နဲ႔အတူတူ ညစာလိုက္ေကြၽးမယ္လို႔ ေျပာထားခဲ့တယ္။ ရိပ္ၿငိမ္ ကိုေတာ့ ေက်ာင္းေရာက္မွ
ေျပာရမယ္။ေမြးေန႔တုန္းက ညစာေကြၽးမယ္ေျပာၿပီး ေကြၽးလဲမေကြၽးျဖစ္ပဲ ကိုယ့္အပူေတြကိုပါ သူတို႔ကိုေပးသလိုျဖစ္သြားလို႔ အားလည္းနာရတယ္။
ေက်ာင္းေရာက္ေရာက္ခ်င္း ရိပ္ၿငိမ္ နဲ႔ေတြ႔တယ္ဆိုရင္ပဲ -----
" လႊမ္း! !! မင္း ေဖေဖ သက္သာသြားၿပီလား "
" ေအး !!! သက္သာသြားၿပီ .... အနားေတာ့ယူေနရတာေပါ့ .... ဒါနဲ႔ မင္းညေနက်အားလား .... အကို နဲ႔ မင္းကို ညစာလိုက္ေကြၽးခ်င္လို႔ .... အကို႔ ကိုေတာ့
ေျပာထားၿပီးၿပီ "
" လိုက္ေကြၽးမဲ့သူက အဆင္သင့္႐ွိေနတာကို .... ငါကျငင္းရင္ .... လူမိုက္ျဖစ္သြားမွာေပါ့ စားမယ္ "
" ဟုတ္ၿပီ ... ညေနက်ရင္ ငါအလုပ္မဆင္းေသးလဲ
.... ဆိုင္ကေနေစာင့္ေနာ္ ဘယ္ဆိုင္မွာစားခ်င္လဲ "
" ဘယ္ဆိုင္ျဖစ္ျဖစ္ရပါတယ္ .... ငါကအစံုစား
တယ္ေလ"
" အဲဒါဆိုလဲ .... အကို႔ ကိုပဲ ဆိုင္ေရြးခိုင္းလိုက္မယ္ "
" ေအးပါကြာ .... အဆင္ေျပသလိုသာ လုပ္ပါ "
တစ္မနက္လံုး အတန္းတက္ၿပီး ေန႔လည္ေလာက္
က်ေတာ့ အတန္းၿပီးတာနဲ႔ အလုပ္ကိုသြားလိုက္တယ္။
ဆိုင္ေ႐ွ႕ကိုေရာက္တာနဲ႔ ေျခလွမ္းေတြကအလိုလို
ရပ္သြားေရာ။ အလုပ္ထြက္တုန္းက သူေဌးကို
ျပန္ေျပာထားခဲ့တာက က္ိုယ္ေလ။ ခုေတာ့ ဒီ
အလုပ္ကို ျပန္လာေနရၿပီ။စိတ္ညစ္ညစ္နဲ႔ ကိုယ့္ဘာ
သာ ေခါင္းကဆံပင္ေတြကို ဆြဲဖြလိုက္ရင္း -----
" မင္းေတာ့ ..... ေသလိုက္ပါလား လႊမ္း ရယ္ "
ကိုယ့္ဘာသာကိုယ္ ျပန္က်ိန္ဆဲမိေနေတာ့တယ္။
မတက္ႏိုင္ဘူးေလ ဆိုင္ေ႐ွ႕ေရာက္ၿပီးကာမွ ျပန္
လွည့္လို႔လည္းမျဖစ္ေတာ့ဘူး။ သူေဌးကို ေဆးဖိုး
ပိုက္ဆံလည္း ျပန္ေပးရဦးမယ္။ ၿပီးေတာ့ သူေဌးကဆိုင္ကိုေန႔တိုင္းလာတာမွမဟုတ္တာ။ဒီေန႔လည္း ဆိုင္မွာ ႐ွိခ်င္မွ႐ွိမွာေပါ့ဆိုတဲ့ အေတြးနဲ႔ ကိုယ့္ကို
ကိုယ္ အားေပးရင္း ဆိုင္ထဲကို ဝင္လာလိုက္တယ္။
ကုသိုလ္ကံေကာင္းလိုက္ပံုမ်ား ဆိုင္ထဲဝင္လာလာခ်င္း ေတြ႔လိုက္ရတာက သူေဌးကိုပဲ ။ ခါတိုင္းဆိုရင္ ဆိုင္မွာ႐ွိေနရင္ေတာင္ သူ႔ရံုးခန္းထဲမွာပဲေနတဲ့
သူေဌးက ဒီေန႔ေတာ့အျပင္က စားပြဲမွာ။ သူ႔ေဘးမွာလည္း ကိုယ္ဆိုင္ကထြက္တဲ႔ေန႔တုန္းက ပါလာတဲ့အမ်ိဳးသမီး ။ ကိုယ့္ကိုေတြ႔တယ္ဆိုရင္ပဲ စားေတာ့ဝါးေတာ့မလိုမ်က္ႏွာနဲ႔------
" နင္ ဟိုတေလာက .... အလုပ္ထြက္သြားတဲ့တစ္ေယာက္မို႔လား ..... ခုဘာလာလုပ္တာလဲ "
လႊမ္း ဘာျပန္ေျပာရမွန္းမသိပဲ ဒီတိုင္းရပ္ေနမိတဲ့
အခ်ိန္ သူေဌးက ေနာက္ကိုလွည့္ၾကည့္လာတယ္။
" ႐ွင္လႊမ္းေနခ.... မင္းေရာက္ေတာင္လာၿပီလား .... ဒီေန႔ေစာသားပဲ .... ကိုယ္က ညေနေလာက္မွ လာမယ္ထင္တာ ..... ရံုးခန္းထဲမွာ စာရင္းလုပ္လက္စေတြ႐ွိတယ္ .... မင္းလုပ္ေနက်စာရင္းေတြပဲ ... ဆက္
ၿပီး လုပ္လိုက္ေနာ္ "
သူေဌးရဲ႕စကားအဆံုးမွာ ေဘးကမိန္းမက -----
" သူကအလုပ္ထြက္သြားၿပီမို႔လား မာန္ .... ဘာလို႔ အလုပ္ကိုျပန္လာတာလဲ .... အဲတစ္ေယာက္က အရမ္းလဲ႐ိုင္းတာေနာ္ ....အဆင့္အတန္းကိုမ႐ွိဘူး .... သူ႔လိုလူမ်ိဳးကို အလုပ္မခန္႔သင့္တာ "
ကိုယ့္ကိုေ႐ွ႕ထားၿပီး ရစရာမ႐ွိေအာင္ေျပာေနတဲ့
မိန္မကို လႊမ္း တစ္ခုခုျပန္ေျပာဖို႔ ျပင္လိုက္တဲ့အခ်ိန္
------
" သဒၵါ .... သူ႐ိုင္းခ်င္းမ႐ိုင္းခ်င္း မင္းဆံုးျဖတ္စရာမလိုဘူး .... ငါ့အလုပ္ကိစၥေတြက မင္းနဲ႔ဘာဆိုင္လို႔
ဝင္ေျပာေနရတာလဲ ..... ငါ့ကိစၥေတြကိုဝင္ပါတာ
မႀကိဳက္ဘူးေနာ္ .... တစ္ခါထဲေျပာထားမယ္ ေနာင္
ကို ဘာမွဝင္ပါစရာမလိုဘူး "
" စိုးရိမ္လို႔ေျပာတာပါ .... မာန္ က မႀကိဳက္ဘူး
ဆိုေတာ့လည္း .... ေနာက္ကိုဝင္မေျပာရံုပဲေပါ့ .....
သဒၵါ ျပန္ေတာ့မယ္ .... လိုက္ပို႔ေပးစရာမလိုဘူး "
ေျပာလည္းေျပာ ထျပီး ထြက္သြားတဲ့အခ်ိန္ လႊမ္း
ပခံုးတဖက္ကိုလည္း ဝင္တိုက္သြားေသးတာ ။
" Sorry !!! ႐ွင္လႊမ္းေနခ .... အလုပ္သြားလုပ္ေတာ့ေလ .... စိတ္ထဲထားမေနနဲ႔ "
" ဟုတ္ကဲ့သူေဌး "
ေျပာၿပီးတာနဲ႔ လႊမ္း တစ္ေယာက္ ရံုးခန္းထဲဝင္လာ
ျပီး စာရင္းေတြလုပ္ေနလိုက္တယ္။ အခ်ိန္ေတြ
ဘယ္ေလာက္ေတာင္ ကုန္သြားလဲမသိေပမဲ့
သတိရလို႕ လွည္ၾကည့္မိေတာ့ လႊမ္း ထိုင္ေနတဲ့ ခုံေပၚကို လက္ေထာက္ၿပီး စာရင္းစာရြက္ေတြကို
ၾကည့္ေနတဲ့ သူေဌး ။
လႊမ္း လွည့္ၾကည့္လိုက္တဲ့အခ်ိန္ သူ႔မ်က္ႏွာက
ကိုယ့္မ်က္ႏွာနဲ႔ နီးနီးကပ္ကပ္။ ခ်က္ခ်င္းပဲခႏၶာကိုယ္ကို ေ႐ွ႕ကိုတိုးလိုက္ေပမဲ့ သူ႔လက္ေတြက ေ႐ွ႕ကစားပြဲေတြဆီ ေျပာင္းေထာက္လိုက္တာမို႔ မသိရင္
ကိုယ္က သူ႔ရင္ခြင္ထဲ ေရာက္ေနေတာ့သလိုလို။
႐ွက္တာလား ဘာျဖစ္မွန္းမသိဘဲ ရင္ထဲေတြမွာ
တဒုန္းဒုန္းခုန္လာတဲ့အသံကို သူေဌးၾကားသြားမွာစိုးရိမ္ေနရတယ္။သူေဌးကေတာ့ ဘာမွမျဖစ္သလို
လက္ေထာက္ထားရင္း စာရင္းစာရြက္ေတြကိုလွန္
ၾကည့္ေနရာကေန ----
" လႊမ္းငယ္ က.... စာရင္းလုပ္တာေတာ့ အရမ္းေတာ္တာပဲ ..... ေသေသသပ္သပ္႐ွိတယ္ "
မထင္မွတ္ဘဲ ေခၚလိုက္တဲ့ နာမည္ေၾကာင့္ လႊမ္း
ၾကက္သီးေတြထလာရင္း ----
" သူေဌး ဟိုေလ "
လႊမ္းစကား မစရေသးခင္ပဲ သူေဌးက လြမ္းႏႈတ္ခမ္း
ေလးေတြကို သူ႔လက္ညႇိဳးနဲ႔ လာပိတ္လိုက္ကာ -----
" ကိုယ္ေျပာရဦးမယ္ .... ေနာက္ဆို ကိုယ္နဲ႔ႏွစ္ေယာက္ထဲ ႐ွိတဲ့အခ်ိန္မ်ိဳးမွာ .... သူေဌးလို႔မေခၚပါနဲ႔ အျခား နာမ္စားတစ္ခုခုသံုးၾကည့္ပါလား .... လႊမ္းငယ္ နဲ႔ကိုယ္က ဆယ္ႏွစ္ေတာင္ကြာတာ ကိုယ္သိထားၿပီ ..... ဦးမာန္လို႔ ေခၚခ်င္လား ..... ကိုယ္ကေတာ့ လႊမ္းငယ္လို႔ပဲေခၚေတာ့မွာ "
" အဲလိုေခၚဖို႔က .... မသင့္ေတာ္ဘူးထင္ပါတယ္ .... သူေဌး"
" မသင့္ေတာ္ရေအာင္ .... ဘာေတြမ်ားမဟုတ္တာလုပ္ေနလို႔လဲ .... ဦးမာန္ လို႔ေခၚယံုပဲဟာ .... အျခားသူေတြေ႐ွ႕မွာ ေခၚခိုင္းတာလဲမဟုတ္ဘူး ..... ကိုယ္
တို႔ႏွစ္ေယာက္ထဲ ႐ွိေနတဲ့အခ်ိန္ပဲ .... ေခၚခိုင္းတာ
ေလ .... ကိုယ္ ဒါေလးေတာင္းဆိုတာ .... အရမ္းမ်ား လြန္သြားလို႔လား "
တစ္ခါမွမၾကားဖူးတဲ့ေလသံနဲ႔ ေတာင္းဆိုေနတဲ့
စကားေၾကာင့္ ကိုယ့္မွာသူေဌးကို ျပန္အားနာသလို
ျဖစ္လာၿပီး -----
" ဟုတ္ကဲ့ပါသူေဌး .... ကြၽန္ေတာ္ႀကိဳးစားၿပီး ေခၚ
ၾကည့္ပါ့မယ္ "
" ေခၚၾကည့္မယ္ဆိုလဲ .... ခုထဲကစမ္းေခၚၾကည့္ပါလား .... ကိုယ္နားေထာင္ခ်င္လို႔ "
" ဟိုေလ!!!! ခုခ်က္ခ်င္းႀကီးက်ေတာ့ "
" တစ္ခါပဲေခၚၾကည့္ခိုင္းတာပါ .... အစမ္းအေနနဲ႔
ကိုယ္နားေထာင္ခ်င္လို႔ .... ေခၚလိုက္ပါေနာ္ "
အတင္းကို ဦးမာန္ လို႔ ေခၚခိုင္းေနတဲ့ သူေဌးက
မေခၚမခ်င္း အနားကသြားမဲ့ပံုမေပၚ။ ကိုယ္က
ခုခ်ိန္ထိ သူ႔ရင္ခြင္ထဲမွာ႐ွိေနတုန္းမို္႔ ျမန္ျမန္ေခၚ
လိုက္မွ ေအးမယ္လို႔ ေတြးလိုက္ရင္း စိတ္ကိုအား
တင္းၿပီး ေခၚလိုက္ရတယ္။
" ဦးမာန္ "
" ကိုယ္မၾကားလိုက္လို႔ .... ေနာက္တစ္ေခါက္ထပ္ေခၚပါဦး"
ဒီလူေတာ့ရစ္ၿပီဆိုတာသိေနေပမဲ့ မေခၚလို႔မရဘူးဆိုတာသိေနေတာ့ ----
" ဦးမာန္ ....... ဦးမာန္ "
" အား !!!! နားေထာင္ေကာင္းလိုက္တာ .... ကိုယ့္ရဲ႕
လႊမ္းငယ္ေလးက အေတာ္ဆံုးပဲ "
" ကြၽန္ေတာ့္ကို .....ဘယ္လိုေခၚလိုက္တယ္ "
" လႊမ္းငယ္ေလးလို႔ ေခၚတာေလ.... မင္းကိုဒီေန႔ကစၿပီး လႊမ္းငယ္.... လႊမ္းငယ္ေလး.... အဲလိုမ်ိဳး ကိုယ္စိတ္ထဲ႐ွိသလိုပဲ ေခၚေတာ့မွာ "
ေျပာၿပီးတာနဲ႔ လွည့္ထြက္သြားတဲ့အခ်ိန္ လႊမ္း ရဲ႕
နားရြက္ဖ်ားေလးဆီကို သူ႔ႏႈတ္ခမ္းနဲ႔ မထိတထိ
အနမ္းေလးေပးသြားေသးတယ္။ မဟုတ္ပါဘူး
သူေဌးပံုစံကဘယ္လိုျဖစ္လို႔ ေန႔ခ်င္းညခ်င္း
ေျပာင္းသြားရတာလဲ။
ၿပီးေတာ့ လႊမ္း ကိုယ္တိုင္ေရာ ဘာျဖစ္ေနတာလဲ။
အကို႔ ကို သေဘာက်တဲ့စိတ္နဲ႔ တစ္မိုးေအာက္ထဲ
အတူတူေနရတာေတာင္ ခုလိုမ်ိဳး ရင္ေတြကြဲထြက္
မတက္ မခုန္ခဲ့ဘူး ။ သူေဌးနဲ႔ၾကမွ ရင္ထဲကႏွလံုး
ခုန္သံကို နားထဲကေန ျပန္ၾကားရေလာက္ေအာင္ ထိမ္းမရျဖစ္ေနတာ။
" ဘာလဲကြာ !!!ငါေတာ့ ဒီသူေဌးေၾကာင့္႐ူးေတာ့မယ္ "
<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>
ဆိုင္ထဲကိုဝင္လိုက္တယ္ဆိုရင္ပဲ ရိပ္ၿငိမ္ မ်က္လံုးက တစ္ဆိုင္လံုးကို ေဝ့ၾကည့္လိုက္တယ္။ လႊမ္း ကေတာ့ ဒီဆိုင္လို႔ေျပာလိုက္တာပဲ ။မွားေတာ့မမွားေလာက္ပါဘူး။
ဟိုဟိုဒီဒီၾကည့္ရင္းနဲ႔ အတြင္းဘက္ကခံုဝိုင္းမွာ
တစ္ေယာက္ထဲထိုင္ေနရင္း ဖုန္းသံုးေနတဲ့ ေဒါက္
တာ့ကို ေတြ႔လိုက္ရတယ္။ လႊမ္း မေရာက္ေသးတာေနမယ္။
" ကြၽန္ေတာ့္ကို ....ထိုင္ခြင့္ျပဳပါေနာ္ "
ေဘးနားကေန လာေျပာလိုက္တဲ့အသံေၾကာင့္
ေမာ့ၾကည့္လိုက္ေတာ့ လႊမ္း သူငယ္ခ်င္းေကာင္ေလး။
" ထိုင္ေလ ရိပ္ၿငိမ္ .... လႊမ္း ေတာ့မလာေသးဘူး "
" ဟုတ္ကဲ့!!! လႊမ္း က ... ခဏေနရင္ ထြက္လာေတာ့မယ္လို္႔ ေျပာပါတယ္.... ေဒါက္တာက ကြၽန္ေတာ့နာမည္ကိုမွတ္မိတယ္ေနာ္ "
" လႊမ္း ရဲ႕အခ်စ္ဆံုးသူငယ္ခ်င္းပဲဟာ ... မွတ္မိရမွာေပါ့ .... ၿပီးေတာ့ကိုယ္က ဥာဏ္ေကာင္း
တယ္ေလ "
ေဒါက္တာ့ေျပာစကားေၾကာင့္ ရိပ္ၿငိမ္ ရီလိုက္မိတယ္။ ဘာေၾကာင့္မွန္းမသိေပမဲ့ လႊမ္း ရဲ႕ ေဖေဖ ကိစၥတုန္းက ပထမဦးဆံုးေတြ႔ဖူးတဲ့ ေဒါက္တာ့ကို ျပန္ေတြ႔ခ်င္ေနတာေတာ့အမွန္ပဲ။
ခုလိုျပန္ေတြ႔ရေတာ့ လက္ဖ်ားေတြေအးစက္လာတဲ့အထိ ေပ်ာ္ေနမိတယ္။ေဒါက္တာကေလ ကြၽန္ေတာ္
ျမင္ဖူးသမ်ွလူေတြထဲမွာ မွတ္မွတ္ရရအျဖစ္ဆံုးလူတစ္ေယာက္။ ေခ်ာလိုက္တာဆိုတာထက္ကို
ပိုၿပီးျပည့္စံုတဲ့လူ။
သူ႔ရဲ႕စကားေျပာပံုေလးကလည္း တစ္ဖက္လူကို ေအးခ်မ္းမႈရေစတာမ်ိဳး ။ေဒါက္တာနဲ႔ကုရတဲ့လူနာေတြကေတာ့ ေဆးမထိုးရပဲ ေရာဂါတဝက္ သက္သာမွာေသခ်ာတယ္။
ထည္ဝါ ကေတာ့ စကားေျပာလိုက္တိုင္း မ်က္ႏွာေပၚက မ်က္လံုးေလးေပ်ာက္တဲ့အထိ ျပံဳးေနတက္
တဲ့ ေကာင္ေလးကို သေဘာေတြက်ေနမိတယ္။
လႊမ္း သူငယ္ခ်င္းေလးကလည္း လႊမ္း လိုပဲ ခ်စ္စရာေကာင္းသား။
" ရိပ္ၿငိမ္ နဲ႔ လႊမ္း က.... ေနတဲ့ၿမိဳ႕လဲမတူဘဲ ....ဘယ္လို သူငယ္ခ်င္းျဖစ္သြားတာလဲဟင္ "
ေဒါက္တာေမးလိုက္တဲ့ စကားအဆံုးမွာ ----
" လႊမ္း တို႔ၿမိဳ႕မွာက ... ကြၽန္ေတာ့္ ဖိုးဖိုးႀကီးနဲ႔ဖြားဖြား
ေနတာေလ ... ငယ္ငယ္ထဲက မိသားစုေတြ ႏွစ္
တိုင္းသြားလည္ၾကေတာ့ .... အိမ္ခ်င္းကပ္ရပ္က
လႊမ္း နဲ႔ .... ကစားရင္းခင္သြားၾကတာ .... ခုေနာက္ပိုင္းေတာ့ .... ဖိုးဖိုးႀကီးေရာ ဖြားဖြားပါမ႐ွိေတာ့လို႔ ..... သြားမလည္ျဖစ္တာ သံုးႏွစ္ေလာက္႐ွိၿပီ ..... ဒါေပမဲ့လည္း လႊမ္း နဲ႔က အဆက္အသြယ္မပ်က္ဘူး .... လႊမ္း ေက်ာင္းလာတက္ေတာ့လဲ .... ကြၽန္ေတာ္နဲ႔ေမဂ်ာတူေတာ့ .....ခုေနာက္ပိုင္း
ပိုၿပီးတြျဲဖစ္လာတယ္ "
" ဟုတ္ပါၿပီကြာ !!! ကိုယ္ကဆရာဝန္ဆိုေတာ့ ....
အကူအညီလိုရင္ ေျပာပါလို႔ ... ေျပာရတာမေကာင္းေပမဲ့ .... မိသားစုက်န္းမာေရးပျဲဖစ္ျဖစ္ ....အျခားသူေတြအတြက္ပဲျဖစ္ျဖစ္ .... လိုအပ္တာကိုေျပာပါ ...ကိုယ္တက္ႏိုင္သေလာက္ ကူညီပါ့မယ္ .....
ကိုယ့္ဖုန္းနံပါတ္မွတ္ထားေလ "
ေျပာလည္းေျပာ သူ႔ဖုန္းနံပါတ္လဲေပးေနတာမို႔ ဖုန္းထဲက Contact ထဲမွတ္ထားလိုက္တယ္။တဆက္ထဲ ဖုန္းျပန္ေခၚလိုက္ရင္း -----
" အဲဒါကြၽန္ေတာ့္ ဖုန္းနံပါတ္ပါေဒါက္တာ ....ဘာမွအမ်ားႀကီးကူညီႏိုင္မဲ့သူမဟုတ္ေပမဲ့ ...ကြၽန္ေတာ္
ကူညီႏိုင္တာမ်ိဳး႐ွိရင္လဲ ....အခ်ိန္မေရြးေျပာလို႔ရပါတယ္ "
" ဟုတ္ၿပီ !!!ကိုယ္မွတ္ထားလိုက္မယ္ေနာ္.... ၿပီးေတာ့ ကိုယ့္ကိုေဒါက္တာလို႔မေခၚပါနဲ႔လား .... လႊမ္း ေခၚသလိုအကို လို႔ပဲေခၚပါ .... လႊမ္း သူငယ္ခ်င္းဆိုေတာ့ ...ညကိုယ့္ညီေလးပဲေလ "
" အဲလိုေခၚလို႔ရတယ္ေပါ့ "
" ရတာေပါ့ကြ ဘာမရစရာ႐ွိလို႔လဲ "
" ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ အကို "
" ဘာေတြေက်းဇူးတင္ေနလို႔ ....ငါေရာက္လာေတာင္ .... မျမင္ရတာတုန္း "
"လႊမ္း .... ေရာက္လာၿပီလား .... အကို တို႔က လႊမ္း ကိုေစာင့္ေနတာ "
" Sorry ပါဗ်ာ .... နည္းနည္းေနာက္က်သြားလို႔ ...
ခုေလာက္ဆိုရင္ေတာ့ .... အကို နဲ႔ ရိပ္ၿငိမ္ ကို ....
မိတ္ဆက္ေပးစရာ မလိုေတာ့ဘူးထင္တယ္ ....
မိတ္ဆက္ၿပီးေလာက္ေရာေပါ့ "
" ဟုတ္တယ္ ....ငါတို႔မင္းကိုေစာင့္ရင္း မိတ္ဆက္ၿပီးသြားၿပီ .... အခုစားဖို႔ပဲ႐ွိေတာ့တယ္ "
လႊန္း လဲေနာက္က်သြားလို႔ အကို ကိုေရာ ရိပ္ၿငိမ္
ကိုပါ အားနာတာနဲ႔ စားစရာေတြမွာၿပီး စားေနတုန္း႐ွိ
ေသးတယ္။ မ်က္ႏွာခ်င္းဆိုင္ဝိုင္းမွာ သူေဌး ကို သဒၵါ ဆိုတဲ့အမ်ိဳးသမီးနဲ႔ အတူတူထိုင္ေနတာ
ေတြ႔လိုက္ရတယ္။
ေနပါဦး ဘယ္လိုျဖစ္လို႔ သူေဌးကို ေနရာတိုင္းမွာ
ေတြ႔ေနရပါလိမ့္။ ညေနထဲက ဆိုင္မွာမေတြ႔ရတဲ့
သူေဌးက သူ႔ေကာင္မေလးကို ညေနစာေကြၽးရင္း
လာေခ်ာ့တာမ်ားလား ။ ခုထိလဲဘာမွ မွာထားတာ
မေတြ႔ေသးပါဘူး။ လႊမ္း ေတြးေနတုန္း႐ွိေသး
သူေဌးက လႊမ္း ကိုျမင္သြားျပီး သူ႔ေ႐ွ႕ကေကာင္
မေလးကို ဘာေျပာလိုက္တယ္မသိေပမဲ့ သဒၵါ ဆိုတဲ့အမ်ိဳးသမီးက စိတ္ဆိုးတဲ့ပံုစံနဲ႔ ထထြက္သြားပါတယ္။
သူေဌးတစ္ေယာက္ ထလာတာျမင္တာနဲ႔ ငါတို႔ဝိုင္းကို
မလာပါေစနဲ႔လို႔ဆုေတာင္းေနေပမဲ့ ဆုေတာင္းကမျပည့္ပါဘူး။ သူထိုင္ေနတဲ့ေနရာကေနထလာၿပီး
လႊမ္း ေလးနားမွာ လာရပ္ကာ---/
" လႊမ္းငယ္! !!! သူငယ္ခ်င္းေတြနဲ႔ ညစာလာစားတာလား "
" ဟုတ္ကဲ့သူေဌး ....သူေဌးလဲ ညစာလာစားတာ
ထင္တယ္ "
" ဟုတ္တယ္!!! ကိုယ့္အသိတစ္ေယာက္နဲ႔လာတာ
.... သူက အလုပ္႐ွိလို႔ဆိုၿပီး .... ျပန္သြားလို႔ ကိုယ္
တစ္ေယာက္ထဲ ျဖစ္ေနတာေလ "
ဒီသူေဌးေတာ့ညာျပန္ၿပီ။ သူတစ္ခုခုေျပာလိုက္လို႔
ဟိုကစိတ္ဆိုးၿပီး ထျပန္သြားတာ ကိုယ္ျမင္လိုက္တဲ့ဟာ။
" လႊမ္း !!!! သူေဌးကို ထိုင္ခိုင္းလိုက္ဦးေလ "
အကို႔ ရဲ႕စကားကိုၾကားမွ -----
" ေအာ္ !!! ဟုတ္သားပဲ .... အဆင္ေျပရင္ဒီမွာဝင္စားလိုက္ပါလား .... ကြၽန္ေတာ့္ေမြးေန႔က ဘာမွမေကြၽးျဖစ္လိုက္လို႔ .... ေမြးေန႔အမွတ္တရေကြၽးတာမို႔ပါ "
" ကိုယ္လာလို႔ ... အေႏွာက္အယွက္ေတာ့ မျဖစ္ပါဘူးေနာ္ "
"အာ !!!! မျဖစ္ပါဘူးသူေဌး ထိုင္ပါ "
သူေဌးက လႊမ္း ေဘးနားမွာ ဝင္ထိုင္းရင္း စားစရာေတြမွာေနတဲ့အခ်ိန္ အကို ကေတာ့ လႊမ္း သူေဌးကိုပဲ
အကဲခတ္ေနမိတယ္။ ခုနကစိုစိုေျပေျပ႐ွိခဲ့တဲ့ စားပြဲဝိုင္း
ေလးက ခ်က္ခ်င္းတိတ္ဆိတ္သြားေတာ့သလိုပဲ။
ျပန္ခါနီးေတာ့ သူေဌးက -----
" ေမြးေန႔ကေက်ာ္သြားၿပီဆိုေပမဲ့ ...ဆုေတာင္းေပးလို႔႔ေတာ့ ရတယ္မို႔လား .... ခုခ်ိန္ကေနစၿပီး တစ္ဘဝလံုး ..... စိတ္ခ်မ္းသာစရာေတြနဲ႔ပဲ ၾကံဳရပါေစလို႔ .... ဦးမာန္ ကဆုေတာင္းေပးတယ္ေနာ္ လႊမ္းငယ္ေလး "
ေျပာလည္းေျပာ လႊမ္း ပါးေလးတဖက္ကို ခပ္ဖြဖြေလးဆြဲလိုက္တာေၾကာင့္ လႊမ္း ေရာ က်န္တဲ့သူေတြပါ အံ့ၾသကုန္ၾကတယ္။ ဒီလူဟာ က်န္တဲ့သူေတြကို
ဂ႐ုမစိုက္ဘဲ သူစိတ္ထဲ႐ွိတိုင္း လုပ္တက္တာပါလား။
အဲေန႔ကအိမ္အျပန္လမ္းမွာ အကို ကေတာ့
တိတ္ဆိတ္လို႔ ။
#Phoenix
Waiting for Part -9
Thank you.
9.9.2021
Thank you.
<<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>
Part - 8
မာန၏ အခြားတစ်ဖက်
🌟🌟🌟🌟🌟🌟
ဒီနေ့တော့ လွှမ်း တစ်ယောက် ရန်ကုန် ကိုပြန်ရောက်ပြီး ပထမဦးဆုံး အလုပ်ပြန်ဆင်းမဲ့နေ့ ။ အလုပ်ထွက်လိုက်ပြီလို့ပြောပြီးတော့ အိမ်ကလည်း ပြန်လာရော ချက်ချင်း အလုပ်ပြန်ဆင်းဖို့ပြင်နေတဲ့
လွှမ်း ကို အကို က ဘာအဆင်မပြေလို့လဲ ။ဘာအ
ခက်အခဲ ရှိလို့လဲ မေးပေမဲ့ လွှမ်း က ဘာမှမဖြစ်ပါဘူး။ အဆင်ပြေပါတယ်လို့ပဲ ပြောခဲ့လိုက်တယ်။
တကယ်ဆို ဖေဖေ နေမကောင်းဖြစ်နေတဲ့အချိန်
ကုမ္မဏီကလည်း ဆက်ပြီးလည်ပတ်ဖို့ အခက်အခဲ
တွေဖြစ်သွားတော့ လွှမ်း ကျောင်းစရိတ်ကို ခါတိုင်းလိုအိမ်ကတောင်းဖို့အတွက် အားနာနေမိတယ်
လေ။
ဘာပြဲဖစ်ဖြစ် ကိုယ့်ကျောင်းစရိတ်ကို ကိုယ်ရှာပြီး
တက်သင့်တဲ့ အချိန်မို့်လား ။ လောလောဆယ်
အခြားမှာအလုပ်ရှာရရင်လဲ ကျောင်းချိန်နဲ့ အဆင်မပြေနိုင်ဘူး။ သူဌေး ကိုယ်တိုင်ကလည်း ဖေဖေ့ကိစ္စကိုကူညီပေးထားတော့ ကိုယ့်အနေနဲ့ သူ့ဆီမှာအလုပ်ပြန်ဆင်းတာက အကောင်းဆုံးဖြစ်မယ်လို့ပဲ တွေးလိုက်မိတယ်။
သူဌေး က အပြောမကောင်းပေမဲ့ စိတ်ရင်းကတော့မဆိုးရှာဘူးထင်ပါရဲ့။ ဒါပေမဲ့ သူ့စိတ်ထဲ မထင်ရင်မထင်သလိုမျိုး ဘယ်အချိန်ထပြီး ဘုနဲဘောက် ပြောဦးမယ်မသိ။ သူပြောလဲ ကိုယ်က သည်းခံရတော့မယ်။
ဒီနေ့တော့ မနက်ကျောင်းမသွားခင်ထဲက အကို့ ကို ရိပ်ငြိမ် နဲ့အတူတူ ညစာလိုက်ကျွေးမယ်လို့ ပြောထားခဲ့တယ်။ ရိပ်ငြိမ် ကိုတော့ ကျောင်းရောက်မှ
ပြောရမယ်။မွေးနေ့တုန်းက ညစာကျွေးမယ်ပြောပြီး ကျွေးလဲမကျွေးဖြစ်ပဲ ကိုယ့်အပူတွေကိုပါ သူတို့ကိုပေးသလိုဖြစ်သွားလို့ အားလည်းနာရတယ်။
ကျောင်းရောက်ရောက်ချင်း ရိပ်ငြိမ် နဲ့တွေ့တယ်ဆိုရင်ပဲ -----
" လွှမ်း! !! မင်း ဖေဖေ သက်သာသွားပြီလား "
" အေး !!! သက်သာသွားပြီ .... အနားတော့ယူနေရတာပေါ့ .... ဒါနဲ့ မင်းညနေကျအားလား .... အကို နဲ့ မင်းကို ညစာလိုက်ကျွေးချင်လို့ .... အကို့ ကိုတော့
ပြောထားပြီးပြီ "
" လိုက်ကျွေးမဲ့သူက အဆင်သင့်ရှိနေတာကို .... ငါကငြင်းရင် .... လူမိုက်ဖြစ်သွားမှာပေါ့ စားမယ် "
" ဟုတ်ပြီ ... ညနေကျရင် ငါအလုပ်မဆင်းသေးလဲ
.... ဆိုင်ကနေစောင့်နော် ဘယ်ဆိုင်မှာစားချင်လဲ "
" ဘယ်ဆိုင်ဖြစ်ဖြစ်ရပါတယ် .... ငါကအစုံစား
တယ်လေ"
" အဲဒါဆိုလဲ .... အကို့ ကိုပဲ ဆိုင်ရွေးခိုင်းလိုက်မယ် "
" အေးပါကွာ .... အဆင်ပြေသလိုသာ လုပ်ပါ "
တစ်မနက်လုံး အတန်းတက်ပြီး နေ့လည်လောက်
ကျတော့ အတန်းပြီးတာနဲ့ အလုပ်ကိုသွားလိုက်တယ်။
ဆိုင်ရှေ့ကိုရောက်တာနဲ့ ခြေလှမ်းတွေကအလိုလို
ရပ်သွားရော။ အလုပ်ထွက်တုန်းက သူဌေးကို
ပြန်ပြောထားခဲ့တာက ကိုယ်လေ။ ခုတော့ ဒီ
အလုပ်ကို ပြန်လာနေရပြီ။စိတ်ညစ်ညစ်နဲ့ ကိုယ့်ဘာ
သာ ခေါင်းကဆံပင်တွေကို ဆွဲဖွလိုက်ရင်း -----
" မင်းတော့ ..... သေလိုက်ပါလား လွှမ်း ရယ်
ကိုယ့်ဘာသာကိုယ် ပြန်ကျိန်ဆဲမိနေတော့တယ်။
မတက်နိုင်ဘူးလေ ဆိုင်ရှေ့ရောက်ပြီးကာမှ ပြန်
လှည့်လို့လည်းမဖြစ်တော့ဘူး။ သူဌေးကို ဆေးဖိုး
ပိုက်ဆံလည်း ပြန်ပေးရဦးမယ်။ ပြီးတော့ သူဌေးကဆိုင်ကိုနေ့တိုင်းလာတာမှမဟုတ်တာ။ဒီနေ့လည်း ဆိုင်မှာ ရှိချင်မှရှိမှာပေါ့ဆိုတဲ့ အတွေးနဲ့ ကိုယ့်ကို
ကိုယ် အားပေးရင်း ဆိုင်ထဲကို ဝင်လာလိုက်တယ်။
ကုသိုလ်ကံကောင်းလိုက်ပုံများ ဆိုင်ထဲဝင်လာလာချင်း တွေ့လိုက်ရတာက သူဌေးကိုပဲ ။ ခါတိုင်းဆိုရင် ဆိုင်မှာရှိနေရင်တောင် သူ့ရုံးခန်းထဲမှာပဲနေတဲ့
သူဌေးက ဒီနေ့တော့အပြင်က စားပွဲမှာ။ သူ့ဘေးမှာလည်း ကိုယ်ဆိုင်ကထွက်တဲ့နေ့တုန်းက ပါလာတဲ့အမျိုးသမီး ။ ကိုယ့်ကိုတွေ့တယ်ဆိုရင်ပဲ စားတော့ဝါးတော့မလိုမျက်နှာနဲ့------
" နင် ဟိုတလောက .... အလုပ်ထွက်သွားတဲ့တစ်ယောက်မို့လား ..... ခုဘာလာလုပ်တာလဲ "
လွှမ်း ဘာပြန်ပြောရမှန်းမသိပဲ ဒီတိုင်းရပ်နေမိတဲ့
အချိန် သူဌေးက နောက်ကိုလှည့်ကြည့်လာတယ်။
" ရှင်လွှမ်းနေခ.... မင်းရောက်တောင်လာပြီလား .... ဒီနေ့စောသားပဲ .... ကိုယ်က ညနေလောက်မှ လာမယ်ထင်တာ ..... ရုံးခန်းထဲမှာ စာရင်းလုပ်လက်စတွေရှိတယ် .... မင်းလုပ်နေကျစာရင်းတွေပဲ ... ဆက်
ပြီး လုပ်လိုက်နော် "
သူဌေးရဲ့စကားအဆုံးမှာ ဘေးကမိန်းမက -----
" သူကအလုပ်ထွက်သွားပြီမို့လား မာန် .... ဘာလို့ အလုပ်ကိုပြန်လာတာလဲ .... အဲတစ်ယောက်က အရမ်းလဲရိုင်းတာနော် ....အဆင့်အတန်းကိုမရှိဘူး .... သူ့လိုလူမျိုးကို အလုပ်မခန့်သင့်တာ "
ကိုယ့်ကိုရှေ့ထားပြီး ရစရာမရှိအောင်ပြောနေတဲ့
မိန်မကို လွှမ်း တစ်ခုခုပြန်ပြောဖို့ ပြင်လိုက်တဲ့အချိန်
------
" သဒ္ဒါ .... သူရိုင်းချင်းမရိုင်းချင်း မင်းဆုံးဖြတ်စရာမလိုဘူး .... ငါ့အလုပ်ကိစ္စတွေက မင်းနဲ့ဘာဆိုင်လို့
ဝင်ပြောနေရတာလဲ ..... ငါ့ကိစ္စတွေကိုဝင်ပါတာ
မကြိုက်ဘူးနော် .... တစ်ခါထဲပြောထားမယ် နောင်
ကို ဘာမှဝင်ပါစရာမလိုဘူး "
" စိုးရိမ်လို့ပြောတာပါ .... မာန် က မကြိုက်ဘူး
ဆိုတော့လည်း .... နောက်ကိုဝင်မပြောရုံပဲပေါ့ .....
သဒ္ဒါ ပြန်တော့မယ် .... လိုက်ပို့ပေးစရာမလိုဘူး "
ပြောလည်းပြော ထပြီး ထွက်သွားတဲ့အချိန် လွှမ်း
ပခုံးတဖက်ကိုလည်း ဝင်တိုက်သွားသေးတာ ။
" Sorry !!! ရှင်လွှမ်းနေခ .... အလုပ်သွားလုပ်တော့လေ .... စိတ်ထဲထားမနေနဲ့ "
" ဟုတ်ကဲ့သူဌေး "
ပြောပြီးတာနဲ့ လွှမ်း တစ်ယောက် ရုံးခန်းထဲဝင်လာ
ပြီး စာရင်းတွေလုပ်နေလိုက်တယ်။ အချိန်တွေ
ဘယ်လောက်တောင် ကုန်သွားလဲမသိပေမဲ့
သတိရလို့ လှည်ကြည့်မိတော့ လွှမ်း ထိုင်နေတဲ့ ခုံပေါ်ကို လက်ထောက်ပြီး စာရင်းစာရွက်တွေကို
ကြည့်နေတဲ့ သူဌေး ။
လွှမ်း လှည့်ကြည့်လိုက်တဲ့အချိန် သူ့မျက်နှာက
ကိုယ့်မျက်နှာနဲ့ နီးနီးကပ်ကပ်။ ချက်ချင်းပဲခန္ဓာကိုယ်ကို ရှေ့ကိုတိုးလိုက်ပေမဲ့ သူ့လက်တွေက ရှေ့ကစားပွဲတွေဆီ ပြောင်းထောက်လိုက်တာမို့ မသိရင်
ကိုယ်က သူ့ရင်ခွင်ထဲ ရောက်နေတော့သလိုလို။
ရှက်တာလား ဘာဖြစ်မှန်းမသိဘဲ ရင်ထဲတွေမှာ
တဒုန်းဒုန်းခုန်လာတဲ့အသံကို သူဌေးကြားသွားမှာစိုးရိမ်နေရတယ်။သူဌေးကတော့ ဘာမှမဖြစ်သလို
လက်ထောက်ထားရင်း စာရင်းစာရွက်တွေကိုလှန်
ကြည့်နေရာကနေ ----
" လွှမ်းငယ် က.... စာရင်းလုပ်တာတော့ အရမ်းတော်တာပဲ ..... သေသေသပ်သပ်ရှိတယ် "
မထင်မှတ်ဘဲ ခေါ်လိုက်တဲ့ နာမည်ကြောင့် လွှမ်း
ကြက်သီးတွေထလာရင်း ----
" သူဌေး ဟိုလေ "
လွှမ်းစကား မစရသေးခင်ပဲ သူဌေးက လွမ်းနှုတ်ခမ်း
လေးတွေကို သူ့လက်ညှိုးနဲ့ လာပိတ်လိုက်ကာ -----
" ကိုယ်ပြောရဦးမယ် .... နောက်ဆို ကိုယ်နဲ့နှစ်ယောက်ထဲ ရှိတဲ့အချိန်မျိုးမှာ .... သူဌေးလို့မခေါ်ပါနဲ့ အခြား နာမ်စားတစ်ခုခုသုံးကြည့်ပါလား .... လွှမ်းငယ် နဲ့ကိုယ်က ဆယ်နှစ်တောင်ကွာတာ ကိုယ်သိထားပြီ ..... ဦးမာန်လို့ ခေါ်ချင်လား ..... ကိုယ်ကတော့ လွှမ်းငယ်လို့ပဲခေါ်တော့မှာ "
" အဲလိုခေါ်ဖို့က .... မသင့်တော်ဘူးထင်ပါတယ် .... သူဌေး"
" မသင့်တော်ရအောင် .... ဘာတွေများမဟုတ်တာလုပ်နေလို့လဲ .... ဦးမာန် လို့ခေါ်ယုံပဲဟာ .... အခြားသူတွေရှေ့မှာ ခေါ်ခိုင်းတာလဲမဟုတ်ဘူး ..... ကိုယ်
တို့နှစ်ယောက်ထဲ ရှိနေတဲ့အချိန်ပဲ .... ခေါ်ခိုင်းတာ
လေ .... ကိုယ် ဒါလေးတောင်းဆိုတာ .... အရမ်းများ လွန်သွားလို့လား "
တစ်ခါမှမကြားဖူးတဲ့လေသံနဲ့ တောင်းဆိုနေတဲ့
စကားကြောင့် ကိုယ့်မှာသူဌေးကို ပြန်အားနာသလို
ဖြစ်လာပြီး -----
" ဟုတ်ကဲ့ပါသူဌေး .... ကျွန်တော်ကြိုးစားပြီး ခေါ်
ကြည့်ပါ့မယ် "
" ခေါ်ကြည့်မယ်ဆိုလဲ .... ခုထဲကစမ်းခေါ်ကြည့်ပါလား .... ကိုယ်နားထောင်ချင်လို့ "
" ဟိုလေ!!!! ခုချက်ချင်းကြီးကျတော့ "
" တစ်ခါပဲခေါ်ကြည့်ခိုင်းတာပါ .... အစမ်းအနေနဲ့
ကိုယ်နားထောင်ချင်လို့ .... ခေါ်လိုက်ပါနော် "
အတင်းကို ဦးမာန် လို့ ခေါ်ခိုင်းနေတဲ့ သူဌေးက
မခေါ်မချင်း အနားကသွားမဲ့ပုံမပေါ်။ ကိုယ်က
ခုချိန်ထိ သူ့ရင်ခွင်ထဲမှာရှိနေတုန်းမို့် မြန်မြန်ခေါ်
လိုက်မှ အေးမယ်လို့ တွေးလိုက်ရင်း စိတ်ကိုအား
တင်းပြီး ခေါ်လိုက်ရတယ်။
" ဦးမာန် "
" ကိုယ်မကြားလိုက်လို့ .... နောက်တစ်ခေါက်ထပ်ခေါ်ပါဦး"
ဒီလူတော့ရစ်ပြီဆိုတာသိနေပေမဲ့ မခေါ်လို့မရဘူးဆိုတာသိနေတော့ ----
" ဦးမာန် ....... ဦးမာန် "
" အား !!!! နားထောင်ကောင်းလိုက်တာ .... ကိုယ့်ရဲ့
လွှမ်းငယ်လေးက အတော်ဆုံးပဲ "
" ကျွန်တော့်ကို .....ဘယ်လိုခေါ်လိုက်တယ် "
" လွှမ်းငယ်လေးလို့ ခေါ်တာလေ.... မင်းကိုဒီနေ့ကစပြီး လွှမ်းငယ်.... လွှမ်းငယ်လေး.... အဲလိုမျိုး ကိုယ်စိတ်ထဲရှိသလိုပဲ ခေါ်တော့မှာ "
ပြောပြီးတာနဲ့ လှည့်ထွက်သွားတဲ့အချိန် လွှမ်း ရဲ့
နားရွက်ဖျားလေးဆီကို သူ့နှုတ်ခမ်းနဲ့ မထိတထိ
အနမ်းလေးပေးသွားသေးတယ်။ မဟုတ်ပါဘူး
သူဌေးပုံစံကဘယ်လိုဖြစ်လို့ နေ့ချင်းညချင်း
ပြောင်းသွားရတာလဲ။
ပြီးတော့ လွှမ်း ကိုယ်တိုင်ရော ဘာဖြစ်နေတာလဲ။
အကို့ ကို သဘောကျတဲ့စိတ်နဲ့ တစ်မိုးအောက်ထဲ
အတူတူနေရတာတောင် ခုလိုမျိုး ရင်တွေကွဲထွက်
မတက် မခုန်ခဲ့ဘူး ။ သူဌေးနဲ့ကြမှ ရင်ထဲကနှလုံး
ခုန်သံကို နားထဲကနေ ပြန်ကြားရလောက်အောင် ထိမ်းမရဖြစ်နေတာ။
" ဘာလဲကွာ !!!ငါတော့ ဒီသူဌေးကြောင့်ရူးတော့မယ် "
<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>
ဆိုင်ထဲကိုဝင်လိုက်တယ်ဆိုရင်ပဲ ရိပ်ငြိမ် မျက်လုံးက တစ်ဆိုင်လုံးကို ဝေ့ကြည့်လိုက်တယ်။ လွှမ်း ကတော့ ဒီဆိုင်လို့ပြောလိုက်တာပဲ ။မှားတော့မမှားလောက်ပါဘူး။
ဟိုဟိုဒီဒီကြည့်ရင်းနဲ့ အတွင်းဘက်ကခုံဝိုင်းမှာ
တစ်ယောက်ထဲထိုင်နေရင်း ဖုန်းသုံးနေတဲ့ ဒေါက်
တာ့ကို တွေ့လိုက်ရတယ်။ လွှမ်း မရောက်သေးတာနေမယ်။
" ကျွန်တော့်ကို ....ထိုင်ခွင့်ပြုပါနော် "
ဘေးနားကနေ လာပြောလိုက်တဲ့အသံကြောင့်
မော့ကြည့်လိုက်တော့ လွှမ်း သူငယ်ချင်းကောင်လေး။
" ထိုင်လေ ရိပ်ငြိမ် .... လွှမ်း တော့မလာသေးဘူး "
" ဟုတ်ကဲ့!!! လွှမ်း က ... ခဏနေရင် ထွက်လာတော့မယ်လို့် ပြောပါတယ်.... ဒေါက်တာက ကျွန်တော့နာမည်ကိုမှတ်မိတယ်နော် "
" လွှမ်း ရဲ့အချစ်ဆုံးသူငယ်ချင်းပဲဟာ ... မှတ်မိရမှာပေါ့ .... ပြီးတော့ကိုယ်က ဉာဏ်ကောင်း
တယ်လေ "
ဒေါက်တာ့ပြောစကားကြောင့် ရိပ်ငြိမ် ရီလိုက်မိတယ်။ ဘာကြောင့်မှန်းမသိပေမဲ့ လွှမ်း ရဲ့ ဖေဖေ ကိစ္စတုန်းက ပထမဦးဆုံးတွေ့ဖူးတဲ့ ဒေါက်တာ့ကို ပြန်တွေ့ချင်နေတာတော့အမှန်ပဲ။
ခုလိုပြန်တွေ့ရတော့ လက်ဖျားတွေအေးစက်လာတဲ့အထိ ပျော်နေမိတယ်။ဒေါက်တာကလေ ကျွန်တော်
မြင်ဖူးသမျှလူတွေထဲမှာ မှတ်မှတ်ရရအဖြစ်ဆုံးလူတစ်ယောက်။ ချောလိုက်တာဆိုတာထက်ကို
ပိုပြီးပြည့်စုံတဲ့လူ။
သူ့ရဲ့စကားပြောပုံလေးကလည်း တစ်ဖက်လူကို အေးချမ်းမှုရစေတာမျိုး ။ဒေါက်တာနဲ့ကုရတဲ့လူနာတွေကတော့ ဆေးမထိုးရပဲ ရောဂါတဝက် သက်သာမှာသေချာတယ်။
ထည်ဝါ ကတော့ စကားပြောလိုက်တိုင်း မျက်နှာပေါ်က မျက်လုံးလေးပျောက်တဲ့အထိ ပြုံးနေတက်
တဲ့ ကောင်လေးကို သဘောတွေကျနေမိတယ်။
လွှမ်း သူငယ်ချင်းလေးကလည်း လွှမ်း လိုပဲ ချစ်စရာကောင်းသား။
" ရိပ်ငြိမ် နဲ့ လွှမ်း က.... နေတဲ့မြို့လဲမတူဘဲ ....ဘယ်လို သူငယ်ချင်းဖြစ်သွားတာလဲဟင် "
ဒေါက်တာမေးလိုက်တဲ့ စကားအဆုံးမှာ ----
" လွှမ်း တို့မြို့မှာက ... ကျွန်တော့် ဖိုးဖိုးကြီးနဲ့ဖွားဖွား
နေတာလေ ... ငယ်ငယ်ထဲက မိသားစုတွေ နှစ်
တိုင်းသွားလည်ကြတော့ .... အိမ်ချင်းကပ်ရပ်က
လွှမ်း နဲ့ .... ကစားရင်းခင်သွားကြတာ .... ခုနောက်ပိုင်းတော့ .... ဖိုးဖိုးကြီးရော ဖွားဖွားပါမရှိတော့လို့ ..... သွားမလည်ဖြစ်တာ သုံးနှစ်လောက်ရှိပြီ ..... ဒါပေမဲ့လည်း လွှမ်း နဲ့က အဆက်အသွယ်မပျက်ဘူး .... လွှမ်း ကျောင်းလာတက်တော့လဲ .... ကျွန်တော်နဲ့မေဂျာတူတော့ .....ခုနောက်ပိုင်း
ပိုပြီးတွြဲဖစ်လာတယ် "
" ဟုတ်ပါပြီကွာ !!! ကိုယ်ကဆရာဝန်ဆိုတော့ ....
အကူအညီလိုရင် ပြောပါလို့ ... ပြောရတာမကောင်းပေမဲ့ .... မိသားစုကျန်းမာရေးပြဲဖစ်ဖြစ် ....အခြားသူတွေအတွက်ပဲဖြစ်ဖြစ် .... လိုအပ်တာကိုပြောပါ ...ကိုယ်တက်နိုင်သလောက် ကူညီပါ့မယ် .....
ကိုယ့်ဖုန်းနံပါတ်မှတ်ထားလေ "
ပြောလည်းပြော သူ့ဖုန်းနံပါတ်လဲပေးနေတာမို့ ဖုန်းထဲက Contact ထဲမှတ်ထားလိုက်တယ်။တဆက်ထဲ ဖုန်းပြန်ခေါ်လိုက်ရင်း -----
" အဲဒါကျွန်တော့် ဖုန်းနံပါတ်ပါဒေါက်တာ ....ဘာမှအများကြီးကူညီနိုင်မဲ့သူမဟုတ်ပေမဲ့ ...ကျွန်တော်
ကူညီနိုင်တာမျိုးရှိရင်လဲ ....အချိန်မရွေးပြောလို့ရပါတယ် "
" ဟုတ်ပြီ !!!ကိုယ်မှတ်ထားလိုက်မယ်နော်.... ပြီးတော့ ကိုယ့်ကိုဒေါက်တာလို့မခေါ်ပါနဲ့လား .... လွှမ်း ခေါ်သလိုအကို လို့ပဲခေါ်ပါ .... လွှမ်း သူငယ်ချင်းဆိုတော့ ...ညကိုယ့်ညီလေးပဲလေ "
" အဲလိုခေါ်လို့ရတယ်ပေါ့ "
" ရတာပေါ့ကွ ဘာမရစရာရှိလို့လဲ "
" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အကို "
" ဘာတွေကျေးဇူးတင်နေလို့ ....ငါရောက်လာတောင် .... မမြင်ရတာတုန်း "
"လွှမ်း .... ရောက်လာပြီလား .... အကို တို့က လွှမ်း ကိုစောင့်နေတာ "
" Sorry ပါဗျာ .... နည်းနည်းနောက်ကျသွားလို့ ...
ခုလောက်ဆိုရင်တော့ .... အကို နဲ့ ရိပ်ငြိမ် ကို ....
မိတ်ဆက်ပေးစရာ မလိုတော့ဘူးထင်တယ် ....
မိတ်ဆက်ပြီးလောက်ရောပေါ့ "
" ဟုတ်တယ် ....ငါတို့မင်းကိုစောင့်ရင်း မိတ်ဆက်ပြီးသွားပြီ .... အခုစားဖို့ပဲရှိတော့တယ် "
လွှန်း လဲနောက်ကျသွားလို့ အကို ကိုရော ရိပ်ငြိမ်
ကိုပါ အားနာတာနဲ့ စားစရာတွေမှာပြီး စားနေတုန်းရှိ
သေးတယ်။ မျက်နှာချင်းဆိုင်ဝိုင်းမှာ သူဌေး ကို သဒ္ဒါ ဆိုတဲ့အမျိုးသမီးနဲ့ အတူတူထိုင်နေတာ
တွေ့လိုက်ရတယ်။
နေပါဦး ဘယ်လိုဖြစ်လို့ သူဌေးကို နေရာတိုင်းမှာ
တွေ့နေရပါလိမ့်။ ညနေထဲက ဆိုင်မှာမတွေ့ရတဲ့
သူဌေးက သူ့ကောင်မလေးကို ညနေစာကျွေးရင်း
လာချော့တာများလား ။ ခုထိလဲဘာမှ မှာထားတာ
မတွေ့သေးပါဘူး။ လွှမ်း တွေးနေတုန်းရှိသေး
သူဌေးက လွှမ်း ကိုမြင်သွားပြီး သူ့ရှေ့ကကောင်
မလေးကို ဘာပြောလိုက်တယ်မသိပေမဲ့ သဒ္ဒါ ဆိုတဲ့အမျိုးသမီးက စိတ်ဆိုးတဲ့ပုံစံနဲ့ ထထွက်သွားပါတယ်။
သူဌေးတစ်ယောက် ထလာတာမြင်တာနဲ့ ငါတို့ဝိုင်းကို
မလာပါစေနဲ့လို့ဆုတောင်းနေပေမဲ့ ဆုတောင်းကမပြည့်ပါဘူး။ သူထိုင်နေတဲ့နေရာကနေထလာပြီး
လွှမ်း လေးနားမှာ လာရပ်ကာ---/
" လွှမ်းငယ်! !!! သူငယ်ချင်းတွေနဲ့ ညစာလာစားတာလား "
" ဟုတ်ကဲ့သူဌေး ....သူဌေးလဲ ညစာလာစားတာ
ထင်တယ် "
" ဟုတ်တယ်!!! ကိုယ့်အသိတစ်ယောက်နဲ့လာတာ
.... သူက အလုပ်ရှိလို့ဆိုပြီး .... ပြန်သွားလို့ ကိုယ်
တစ်ယောက်ထဲ ဖြစ်နေတာလေ "
ဒီသူဌေးတော့ညာပြန်ပြီ။ သူတစ်ခုခုပြောလိုက်လို့
ဟိုကစိတ်ဆိုးပြီး ထပြန်သွားတာ ကိုယ်မြင်လိုက်တဲ့ဟာ။
" လွှမ်း !!!! သူဌေးကို ထိုင်ခိုင်းလိုက်ဦးလေ "
အကို့ ရဲ့စကားကိုကြားမှ -----
" အော် !!! ဟုတ်သားပဲ .... အဆင်ပြေရင်ဒီမှာဝင်စားလိုက်ပါလား .... ကျွန်တော့်မွေးနေ့က ဘာမှမကျွေးဖြစ်လိုက်လို့ .... မွေးနေ့အမှတ်တရကျွေးတာမို့ပါ "
" ကိုယ်လာလို့ ... အနှောက်အယှက်တော့ မဖြစ်ပါဘူးနော် "
"အာ !!!! မဖြစ်ပါဘူးသူဌေး ထိုင်ပါ "
သူဌေးက လွှမ်း ဘေးနားမှာ ဝင်ထိုင်းရင်း စားစရာတွေမှာနေတဲ့အချိန် အကို ကတော့ လွှမ်း သူဌေးကိုပဲ
အကဲခတ်နေမိတယ်။ ခုနကစိုစိုပြေပြေရှိခဲ့တဲ့ စားပွဲဝိုင်း
လေးက ချက်ချင်းတိတ်ဆိတ်သွားတော့သလိုပဲ။
ပြန်ခါနီးတော့ သူဌေးက -----
" မွေးနေ့ကကျော်သွားပြီဆိုပေမဲ့ ...ဆုတောင်းပေးလို့တော့ ရတယ်မို့လား .... ခုချိန်ကနေစပြီး တစ်ဘဝလုံး ..... စိတ်ချမ်းသာစရာတွေနဲ့ပဲ ကြုံရပါစေလို့ .... ဦးမာန် ကဆုတောင်းပေးတယ်နော် လွှမ်းငယ်လေး "
ပြောလည်းပြော လွှမ်း ပါးလေးတဖက်ကို ခပ်ဖွဖွလေးဆွဲလိုက်တာကြောင့် လွှမ်း ရော ကျန်တဲ့သူတွေပါ အံ့သြကုန်ကြတယ်။ ဒီလူဟာ ကျန်တဲ့သူတွေကို
ဂရုမစိုက်ဘဲ သူစိတ်ထဲရှိတိုင်း လုပ်တက်တာပါလား။
အဲနေ့ကအိမ်အပြန်လမ်းမှာ အကို ကတော့
တိတ်ဆိတ်လို့ ။
#Phoenix
Waiting for Part -9
Thank you.
9.9.2021
Thank you.