အသွင်နဲ့ နှောင်းတို့နှစ်ယောက်သား ဇေဇေတို့အတွဲနှစ်တွဲနှင့်ချိန်းထားတဲ့ ဆိုင်သို့ရောက်ပြီး ဇေဇေတို့ဝိုင်းရှိရာကို ဦးတည်လိုက်သည်။
"မင်းတို့နှစ်ယောက်ကလဲ နောက်ကျလိုက်တာ..."
ဇေဇေလဲသူတို့ဆီလာနေသော အသွင်နဲ့နှောင်းကိုမြင်၍လှမ်းပြောလိုက်ခြင်း။
"ဘာမှနောက်မကျဘူး..မင်းတို့သာ တက်ကြွတဲ့ကြက်ဖတွေဖြစ်နေတာ...ငါတို့ကပုံမှန်အချိန်ဘဲ..."
ဇေဇေအပြောကို နှောင်းက ပြန်ချေပလိုက်လေသည်။နှောင်းပြောတာလဲ မမှားပေ။သူတို့တွေသာစောရောက်နေကြခြင်း။နှောင်းနှင့်အသွင်က စောလဲမရောက်သလို နောက်လဲမကျ ပုံမှန်သာ။
နှောင်းကပြောလိုက်တော့ ဇေဇေလဲဘာမှတော့ပြန်မပြောတော့ဘဲ "ထိုင်တော့"ဟူသည့်ပုံစံဖြင့် မျက်နှာထားလုပ်ပြလေသည်။
အသွင်လဲ ဇေဇေနဲ့နှောင်းနှစ်ယောက် ပြောတာကို ပြုံးရုံသာပြုံးပြီး ထိုင်ခုံပေါ်ထိုင်လိုက်သည်။အသွင်တို့နှစ်ယောက် ရောက်လာတော့ waiterကောင်လေးကဘေးသို့ရောက်လာသည်။ထို့စဉ် မီနူးကြည့်နေသော နှောင်းမှ
" Americano တစ်ခွက်...အသွင်ရော.."
နှောင်းလဲ မီနူးကြည့်ပြီး သူသောက်ဖို့မှာလို့ပြီးတော့ အသွင်ဘာမှမလဲဆိုပြီ အသွင်နားကပ်ပြီးမေးလိုက်လေသည်။ဒါကမြင်သော ခြူးတစ်ယောက်က ပြုံးဖြီးသွားရသည်။ထို့နောက် အသွင်က
"သံပုရာရည်တစ်ခွက်.."
"Americanoနဲ့ သံပုရာရည် တစ်ခွက်စီနော်...ဒါဘဲလားဗျ..."
waiterကောင်လေးက ပိုသေချာကောင်းအသွင်ဘက်သို့မေးလိုက်ခြင်း။အသွင်နှင့်နှောင်းက ဒီဆိုင်ကိုလာနေကျဖြစ်သည်။ဇေဇေတို့ခြူးတို့နဲ့ မဆုံဖြစ်ရင်တောင် ဒီဆိုင်ကိုအမြဲရောက်ဖြစ်နေပြီးဖြစ်သည့်အတွက် waiterကောင်လေးက အသွင်နှင့်နှောင်းကို မှတ်မိနေပြီ ဖြစ်သည်။ waiterကောင်လေးက ပိုသေချာမေးသည်မှာ မထူးဆန်းပေ။အသွင်ကဒီဆိုင်ရောက်လာရင် သံပုရာရည်တစ်ခွက်နဲ့မပြီးပေ။ကျန်တာတွေ ဟိုတစ်ပွဲဒီတစ်ပွဲနှင့် အနည်းဆုံး သုံး၊လေးပွဲတော့ မှာစားသည် ဒီနေ့မှ သံပုရာရည်တစ်ခွက်တည်းဆိုတော့ waiterက ထူးဆန်းလိုမေးလိုက်ခြင်း။
"ဟုတ်တယ်လေ...အဲ့တာဘဲ..."
waiterကောင်လေးရဲ့ အမေးကို အသွင်က ပြန်ဖြေလိုက်သည်။နှောင်းကတော့ waiterကောင်လေး ပြန်မေးခြင်း၏ဆိုလိုရင်းကို သဘောပေါက်သည်။အသွင်သာ ဘာမျှမသိ ဖြူစင်သန့်ရှင်း အပြစ်ကင်းတဲ့ ကလေးတစ်ယောက်လိုပင်။နှောင်းလဲ ဘေးကအသွင်ကို စက္ကန့်ပိုင်းလောက်တစ်စိမ့်စိမ့်ကြည့်နေမိလိုက်သည်။ထို့နောက် စိတ်ကမသန့်သလိုဖြစ်လာပြီး ခြူးနှင့်ချစ်ကြည်နူးသောဇေဇေဘက်သို့။
"ဇေဇေ..ခရီးကဘယ်တော့သွားမှာလဲ..."
"တဘက်ခါလေ..."
ဇေဇေလဲ ခြူးနဲ့ ဖုန်းကြည့်ပြီး ကြည်နူးသာယာနေရာကနေ နှောင်းဘက်ကိုလှည့်ပြီ..တိုတိုတုတ်တုတ်သာပြန်ဖြေလိုက်သည်။
"ဟင်...တဘက်ခါ...ဘာနဲ့သွားမှာလဲ..ကိုဇေ.."
အသွင်လဲ တဘက်ခါဆိုတော့ ကိုယ့်ကားနဲ့သာဆိုရင် သူကားကပြင်နေရသည်မို့လှမ်းမေးလိုက်သည်။
"ကားနဲ့လေ သုံးစီးမသွားချင်ရင် နှစ်စီးသွားမယ်လေ.."
"အသွင်ရဲ့ကားက..ပြင်ထားတယ်..ပြီးတော့ ခရီးမထွက်ဖူးဘူး.."
"အော်...အသွင်ကလဲ..နှောင်းကားနဲ့လိုက်ခဲ့ပေါ့..ဒီလိုလုပ် အသွင်နဲ့နှောင်းကတစ်စီးသွား..ကိုဇေတို့လေးယောက်ကတစ်စီးသွားမယ်..ဘာလိုဆိုရင်..ခြောက်ယောက်ဆိုလဲ တစ်စီးမလောက်ဘူးလေ.."
"အင်း...အဲ့တာအဆင်ပြေတယ်ဇေဇေ.."
ဇေဇေအပြောကို နှောင်းကဝင်ထောက်ခံလိုက်သည်။ခြူးကတော့ အသွင်နဲ့နှောင်းဆိုတော့ စိတ်ထဲတွင် ကြိတ်ရယ်လျှက်။သျှင်ယွန်းနှင့် စစ်မင်းကတော့ ခရီးရဲ့အစီအစဉ်တွေသိပြီးသားဆိုတော့ နှစ်ယောက်တမ္ဘာတည်ဆောက်လို့။ထို့နောက်ဇေဇေကဘဲ
"ပြီးတော့...ခြူးလေးနဲ့ မမသျှင်နဲ့က ဘန်ဂလိုတစ်လုံး...ငါတို့ယောကျာ်းလေးတွေကတစ်လုံး..ဘိုကင်ယူထားတယ်..အဆင်ပြေတယ်မလား.."
"အင်းပြေတယ်.."
"ပြေပါတယ်.."
အသွင်နဲ့နှောင်းလဲ ဇေဇေအမေးကိုပြန်ဖြေလိုက်သည်။ စစ်မင်းအိမ်၊သျှင်ယွန်းနှင့်ခြူးကတော့ အသွင်တို့မရောက်ခင်ကတည်းက သိနှင့်ပြီးသားဖြစ်သည်။
**********************************
အသွင်လဲ ခရီးအစီစဉ်သိပြီးတိုတော့ လေးလေးကိုခွင့်တောင်းရမည်။ခရီးအတွက်ပြင်ရဆင်ရအုံးမည်။စိတ်ကလဲ ပျော်တဝက် စိုးရိမ်တဝက်ဖြင့်။အသွင် လေးလေးကလွဲပြီး တခြားလူတွေနဲ့ခရီးမသွားဖူးသေးပေ။ထို့ကြောင့် လေးလေးခွင့်မပြုမှာတော့ စိုးရိမ်ရသည်။
အသွင်လဲ အိမ်ရောက်တော့ လေးလေးရှိတဲ့ စာကြည့်ခန်းထဲသို့တန်းသွားလိုက်သည်။ဒီနေ့ လေးလေး နားရက်ဆိုတော့ companyတော့ မသွားပေ။နားရက်သာပြောသည် လေးလေးကတော့ စာကြည့်ခန်းမှာပင် လချုပ်စာရင်းကိုစစ်နေလေသည်။
အသွင် စာကြည့်ခန်းထဲဝင်သွားတော့ လေးလေးက laptopကိုရှေ့မှာထား၊ဘေးမှာလဲ ကော်ဖီတသ်ခွက်ဖြင့်။အလုပ်အပေါ်အာရုံရနေပုံပေါ်သည်။အသွင်ဝင်လာတာကိုတောင် သတိမထားမိချေ။
"လေးလေး...နားရက်ဆိုရင်...အပြည့်အဝတော့နားပေါ့..လေးလေးရာ..."
ဟော သူတော်မောင်ကြီးတရားချတော့မည်။သူက ဦးလေးလား ကိုယ်က ဦးလေးလားမသည်းကွဲပေ။တူဖြစ်သူက ဂရုစိုက်ပြောနေခြင်းကြောင့် အနည်းငယ်တော့ ပီတိဖြစ်ရသည်။
"လချုပ်စာရင်းလေးပါဘဲ...သွင်လေးရာ..."
"လေးလေးကလေ....ပြောရင်အဲ့တိုင်းဘဲ...နောက်ဆိုရင်နားရက်ကလေးတော့ အပြည့်အဝနားလေ..."
အသွင်လဲလေးလေးကိုပြောလို့မရတော့ ငြီစူစူဖြင့် ကလေးကယောက်ကို ချော့တလှည့်ခြောက်တလှည့်ပြောနေသလိုယောင်။
"ဟုတ်ပါပြီကွာ....."
ဦးအောင်ခန့်လဲ တူတော်အလိုကျပြန်ပြောလိုက်သည်။သူဘဝမှာ အသွင်တစ်ယောက်သာ မိသားစုဝင်အဖြစ်ကျန်ခဲ့သူဖြစ်သည်။သူအခုလုပ်သမျှကအသွင်အတွက်ပင်ဖြစ်သည်။အကိုဖြစ်သူဆုံးပြီးနောက် အသွင်ကိုမျက်နှာမငယ်အောင် လိုလေသေးမရှိထားနိုင်ဖို့ သူကြိုးစားလုပ်ကိုင်ခဲ့သည်။အသွင်သည်ဦးအောင်ခန့်တွက်တော့ တူလိုသားလိုဖြစ်နေပြီဖြစ်သည်။
"လေးလေး...နောက်ဆို အသွင်ဝိုင်းကူညီပြီလေ ဘွဲ့ယူပြီးရင် လေးလေးကို ကောင်းကောင်းကူနိုင်တော့မယ်...အဲ့ခါကျရင် လေးလေးက အိမ်မှာကောင်းကောင်းအနားယူမယ့်အချိန်ရောက်ပြီး... "
"အဟက်....သိတတ်လိုက်တာကွာ..."
"လေးလေး...."
"အင်း....သွင်လေး..လေးလေးကိုပြောစရာရှိလို့လား..."
အသွင်မျက်နှာက အနည်းငယ်တော့ စိုးရိမ်တဲ့ပုံပေါက်နေသည်။လူအကဲခပ် မညံ့တဲ့ ဦးအောင်ခန့်လဲ သတိထားမိသည်မှာ သိမ့်တော့မဆန်း။
"ဟုတ်တယ်လေးလေး....အသွင်တို့ငွေဆောင်ခရီးထွက်မလိုလေ...လေးလေးကိုခွင့်လာတောင်းတာ.."
အသွင်စကားလဲကြားရော ဦးအောင့်ခန့်စိတ်ထဲကျေနပ်မိသည်။အသွင်က ဘာလုပ်လုပ် လေးလေးကို အမြဲခွင့်တောင်းနေကျဖြစ်သည်။ဒါပေမယ့် ငွေတောင်ခရီးကိုတော့ ဦးအောင့်ခန့်စိတ်မချပေ။အသွင်ကတခြားလူတွေနဲ့ခရီးထွက်ဖူးတလဲ မဟုတ်။စိတ်ချနိုင်မယ့်သူပါရင်တော့ တမျိုးစဉ်းစားရမည်။
" အသွင်တို့ဆိုတော့...ဘယ်သူတွေနဲ့လဲ...ဘယ်နှရက်လဲ..သွင်လေး.."
"ကိုနှောင်း၊ခြူး၊ကိုဇေရယ်မသျှင်နဲ့ကိုစစ်...အသွင်နဲ့ဆိုခြောက်ယောက်...တစ်ပတ်ခရီးသွားမှာလေးလေး..."
ဦးအောင့်ခန့်က ဒေါ်နုနုအေးသားနဲ့သမီးပါမည်ဆိုတော့ စိတ်မချပေ။နှောင်းသခေတ်လဲပါနေတယ်ဆိုတော့လဲ သူအနည်းငယ်စိတ်ချသွားသည်။ဒေါ်နုနုအေးသားနဲ့သမီးကလဲ တက္ကသိုလ်တက်နေနဲ့အတော်အတွင်းအသွင်နဲ့ ပြသာနာဖြစ်တယ်လို့ မကြာဖူးသေးတော့ သွားခွင့်ပေးဖို့ဆုံးဖြတ်လိုက်သည်။
" အင်...သွားလေ..သွင်လေး...ဒါပေမယ့်ခရီးမှာကိုယ့်ကိုကိုယ်ဂရုစိုက်ရမယ်နော်..စိတ်ချမယ်နော်.."
လေးလေးကခွင့်ပြုလိုက်တော့ အသွင်စိုးရိမ်နေတာတွေ ပျောက်သွားရသည်။
"ဟုတ်ကဲ့..လေးလေး...ဟီးဟီး.."
" အဲ့ဆို...ခရီးတွက်အဝတ်အစားသွားထည့်ပြီးမနော်...."
"ကောင်းပါပြီဗျာ.."
ဦးအောင်ခန့်ရှေ့ကအသွင်ကိုကြည့်ပြီ သူပါလိုက်ပြုံးမိသည်။ဒီတူတစ်ယောက်သာရှိသဖြင့် ချစ်ရပါသည်။သူအတွက်တော့ အသွင်ကတစ်ဦးတည်းသော မိသားစုဝင်၊သံယောဇဉ်ရှိသောသူတစ်ယောက်ပင်။အသွင်ပျော်တော့ သူလဲပျော်ရပါသည်။
ငွေဆောင် ကမ်းခြေဖြစ်သည့်အတွက် ပင်လယ်ခရီးထွက်ရတာကြိုက်တဲ့အသွင်အတွက်တော့ စိတ်လှုပ်ရှားစရာပင်။
အသွင်လဲစာကြည်ခန်းကထွက်လာခဲ့လိုက်သည်။စာကြည့်တိုက်မှ သူ၏အခန်းသို့အသွားမှာ ဒေါ်မြနဲ့တွေ့သည်။
"ဟဲ့..ဟယ်တော်...ဖြေဖြေသွားပါသွင်လေးရယ်...ဘာဖြစ်လို့ဒီလောက်ပြောနေတာတုန်း...ပြုံးဖြီးလို့..."
ဒေါ်မြလဲ အသွင်တစ်ယောက် စာကြည့်တိုက်က မပြေးရုံတမယ် ထွက်လာတာမြင်ပြီ သူအနားရောက်မြန်မြန်ရောက်လာသဖြင့် တိုက်မိမှာစိုးလို့ အထိတ်အလန့်တားပြီး မေးလိုက်သည်။
"ငွေဆောင်ခရီးလေ ကိုနှောင်းတို့နဲ့သွားဖို့လေ...အဲ့တာ..လေးလေးကိုခွင့်သွားတောင်တာ...ပေးသွားလို့...ဟီးဟီး"
"ဟမ်...ငွေဆောင်...ဘယ်တော့လဲ...ဘယ်နှရက်ခရီးလဲ...သွင်လေး.."
ဒေါ်မြမှာ လူကြီးပီပီ စိုးရိမ်ပူပန်ပြီ မေးမြန်းလိုက်ခြင်း။
"တဘက်ခါသွားမှာ...တစ်ပတ်ခရီးပါဘဲဒေါ်မြရာ...နားနားပြီးမေးပါဗျာ.."
"တဘက်ခါ..."
"ဟုတ်ပါတယ်..အဲ့တာ အဝတ်အစားတွေသွားထည့်ဖို့..."
"မဖြစ်ပါဘူး...ဒေါ်မြကိုယ်တိုင်ထည့်ပေးမယ်.."
"အသွင်ဘဲထည့်လိုက်ပါ့မယ်...နားနားနေနေ နေပါဒေါ်မြရာ..."
"...ကိုယ်တိုင်ထည့်ပေးမှစိတ်ချမယ်...ခရီးကသူများတွေနဲ့ထွက်ဖူးတာလဲမဟုတ်ဘူး..မဖြစ်သေးပါဘူးအေ..လာလာ.."
ဒေါ်မြလဲ ပြောပြီးချင်း အသွင်အခန်းသို့ အဝတ်အစားထည့်ဖို့ ဝင်သွားတော့သည်။
"ဆောင်းတွင်းရောက်နေပြီး...ဟိုရောက်လဲ..ကျန်းမာရေးလဲဂရုစိုက်အုံး...ဆေးယူသွာ..ပုစွန်ကစားမှာဘဲမလား..စားပြီးရင်သောက်လို့ရအောင်.."
အသွင်သည် ပုစွန်နဲ့သာမတည့်တာ ပုစွန်ကိုတော့အရမ်းကြိုက်သူဖြစ်သည်။ထို့အရာကိုသိသော ဒေါ်မြကမှားတန်းခြွေနေရခြင်း။တကယ်ပါ ဒေါ်မြ မျက်လုံးထဲ အသွင်ဟာ ဆယ်တန်းကျောင်းသားလေးအရွယ်အတိုင်း မပြောင်းလဲ။အသွင်က ဒေါ်မြရဲ့ အချစ်တော်လေးပင်။အသွင်က အိမ်ရဲ့ ဆည်းလည်လေဆိုလျှင်မမှား။
"သွင်လေး...ဒီမှာ ဘေးမှာချထားတယ်နော်..ကြိုက်တဲ့ဟာရွေးထည့်လိုက်တော့...င်္ပြးတော့ဒီမှာဆေး..မမေ့စေနဲ့...ဒေါ်မြညနေစာတွက်ချက်ဖို့သွားတော့မယ်.."
"ဟုတ်ကဲ့...."
ဒေါ်မြက ခရီးတောင်အိတ်ထဲထည့်ဖို့ အသွင်ရဲ့အဝန်အစားတွေကို အသွင်အကြိုက်ရွေးပြီးထည့်လို့ရအောင်ခရီးတောင်အိတ်ဘေးမှာပုံထားပေးငည်ကို အသုံးအဆောင်ယူနေသောအသွင်ဘက်သို့လှမ်းပြောပြီ ညနေစာချက်ဖို့ထွက်သွားလေတော့သည်။
အသွင်လဲ ဒေါ်မြပုံထားပေးတဲ့အင်္ကျီတွေထဲက ကြိုက်တဲ့အင်္ကျီတွေကိုထည့်နေလိုက်သည်။ထိုစဉ် နှောင်းသခေတ်ဆီမှာဖုန်းလာသည်။
"ဟယ်လို..ယောက်ဖ..ဘာတုန်း.."
"ဟောဗျာ...တဘက်ခါမနက်လာခေါ်မယ်ပြောမလို့ကို..."
"အင်းလေ...လာခေါ်မှရမှာဘဲလေ..."
အသွင်လဲ ဖုန်းကို အိပ်ရာပေါ်တင်ထားပြီး မှန်တင်ခုန်က အသုံးအဆောင်ထည့်ထားသည် အထုပ်ကလေးကိုသွားယူလိုက်ရင်းလှမ်းပြောလိုက်သည်။
"ဘာလုပ်နေတာလဲ...ဖုန်းနဲ့လူနဲ့မကပ်ရအောက် ဘာတွေအလုပ်ရှုပ်နေတာလဲ.."
"ခရီးတွက်ပြင်ဆင်နေတာလေ..."
"မနက်ဖြန်တစ်ရက်အချိန်ရနေတာဘဲကို..ဘာလို့လောနေတာလဲ.."
"မသိဘူးဗျို့..ပြင်မှာဘဲ.."
အသွင်ရဲ့အဖြစ်မှာ မနက်ဘက်ခရီးသွားမည်ဆိုရင် ညဘက်မအိပ်ဘဲ စိတ်လှုပ်ရှားစွာ မနက်ရောက်သည်ထိစောင့်မည့် ကလေးလိုပင်ဖြစ်နေသည်။
"သဘောဗျာ..အဲ့ဆိုဆက်လုပ်ဆက်လုပ်..ဖုန်းချလိုက်တော့မယ်..."
"ဟုတ်..ဟုတ်.."
အသွင်တစ်ယောက်လဲ အပျော်တွေလွန်ပြီဒီနေ့ညနဲ့မနက်ဖြန်ညတော့ ကောင်းကောင်းအိပ်ပျော်လိမ့်မည့်ပုံမပေါ်။စိတ်လှုပ်ရှားစွာဖြင့် ခရီးလေးကိုစောင့်မျှော်လျှက်။
***********************************
(AN-readersလေးတို့တော့ ပြန်upတာကြားသွားတယ်🥺 part 21ကိုရေးလို့ပြီးတော့မယ်ရယ် အဲ့တာ မှားဖြတ်မိလိုက်လို့ အသစ်ပြန်ရေးနေရလို့ပါ မှားဖြတ်တာ နှစ်ခါတောင်မှားဖြတ်မိတာ 😩
အစစအရာရာဂရုစိုက်ကြပါ။ကျန်းမာရေးအထူး ဂရုစိုက်ကြပါနော်💁♀️🤍
အချစ်များစွာဖြင့် မယ်ရင်ဒါ🤍)
~~~~~~~~~~~~~~~~~~~~~~~~~~~~~
အသြင္နဲ႔ ေႏွာင္းတို႔ႏွစ္ေယာက္သား ေဇေဇတို႔အတြဲႏွစ္တြဲႏွင့္ခ်ိန္းထားတဲ့ ဆိုင္သို႔ေရာက္ၿပီး ေဇေဇတို႔ဝိုင္းရွိရာကို ဦးတည္လိုက္သည္။
"မင္းတို႔ႏွစ္ေယာက္ကလဲ ေနာက္က်လိုက္တာ..."
ေဇေဇလဲသူတို႔ဆီလာေနေသာ အသြင္နဲ႔ေႏွာင္းကိုျမင္၍လွမ္းေျပာလိုက္ျခင္း။
"ဘာမွေနာက္မက်ဘူး..မင္းတို႔သာ တက္ႂကြတဲ့ၾကက္ဖေတြျဖစ္ေနတာ...ငါတို႔ကပုံမွန္အခ်ိန္ဘဲ..."
ေဇေဇအေျပာကို ေႏွာင္းက ျပန္ေခ်ပလိုက္ေလသည္။ေႏွာင္းေျပာတာလဲ မမွားေပ။သူတို႔ေတြသာေစာေရာက္ေနၾကျခင္း။ေႏွာင္းႏွင့္အသြင္က ေစာလဲမေရာက္သလို ေနာက္လဲမက် ပုံမွန္သာ။
ေႏွာင္းကေျပာလိုက္ေတာ့ ေဇေဇလဲဘာမွေတာ့ျပန္မေျပာေတာ့ဘဲ "ထိုင္ေတာ့"ဟူသည့္ပုံစံျဖင့္ မ်က္ႏွာထားလုပ္ျပေလသည္။
အသြင္လဲ ေဇေဇနဲ႔ေႏွာင္းႏွစ္ေယာက္ ေျပာတာကို ျပဳံး႐ုံသာျပဳံးၿပီး ထိုင္ခုံေပၚထိုင္လိုက္သည္။အသြင္တို႔ႏွစ္ေယာက္ ေရာက္လာေတာ့ waiterေကာင္ေလးကေဘးသို႔ေရာက္လာသည္။ထို႔စဥ္ မီႏူးၾကည့္ေနေသာ ေႏွာင္းမွ
" Americano တစ္ခြက္...အသြင္ေရာ.."
ေႏွာင္းလဲ မီႏူးၾကည့္ၿပီး သူေသာက္ဖို႔မွာလို႔ၿပီးေတာ့ အသြင္ဘာမွမလဲဆိုၿပီ အသြင္နားကပ္ၿပီးေမးလိုက္ေလသည္။ဒါကျမင္ေသာ ျခဴးတစ္ေယာက္က ျပဳံးၿဖီးသြားရသည္။ထို႔ေနာက္ အသြင္က
"သံပုရာရည္တစ္ခြက္.."
"Americanoနဲ႔ သံပုရာရည္ တစ္ခြက္စီေနာ္...ဒါဘဲလားဗ်..."
waiterေကာင္ေလးက ပိုေသခ်ာေကာင္းအသြင္ဘက္သို႔ေမးလိုက္ျခင္း။အသြင္ႏွင့္ေႏွာင္းက ဒီဆိုင္ကိုလာေနက်ျဖစ္သည္။ေဇေဇတို႔ျခဴးတို႔နဲ႔ မဆုံျဖစ္ရင္ေတာင္ ဒီဆိုင္ကိုအျမဲေရာက္ျဖစ္ေနၿပီးျဖစ္သည့္အတြက္ waiterေကာင္ေလးက အသြင္ႏွင့္ေႏွာင္းကို မွတ္မိေနၿပီ ျဖစ္သည္။ waiterေကာင္ေလးက ပိုေသခ်ာေမးသည္မွာ မထူးဆန္းေပ။အသြင္ကဒီဆိုင္ေရာက္လာရင္ သံပုရာရည္တစ္ခြက္နဲ႔မၿပီးေပ။က်န္တာေတြ ဟိုတစ္ပြဲဒီတစ္ပြဲႏွင့္ အနည္းဆုံး သုံး၊ေလးပြဲေတာ့ မွာစားသည္ ဒီေန႔မွ သံပုရာရည္တစ္ခြက္တည္းဆိုေတာ့ waiterက ထူးဆန္းလိုေမးလိုက္ျခင္း။
"ဟုတ္တယ္ေလ...အဲ့တာဘဲ..."
waiterေကာင္ေလးရဲ့ အေမးကို အသြင္က ျပန္ေျဖလိုက္သည္။ေႏွာင္းကေတာ့ waiterေကာင္ေလး ျပန္ေမးျခင္း၏ဆိုလိုရင္းကို သေဘာေပါက္သည္။အသြင္သာ ဘာမၽွမသိ ျဖဴစင္သန႔္ရွင္း အျပစ္ကင္းတဲ့ ကေလးတစ္ေယာက္လိုပင္။ေႏွာင္းလဲ ေဘးကအသြင္ကို စကၠန႔္ပိုင္းေလာက္တစ္စိမ့္စိမ့္ၾကည့္ေနမိလိုက္သည္။ထို႔ေနာက္ စိတ္ကမသန႔္သလိုျဖစ္လာၿပီး ျခဴးႏွင့္ခ်စ္ၾကည္ႏူးေသာေဇေဇဘက္သို႔။
"ေဇေဇ..ခရီးကဘယ္ေတာ့သြားမွာလဲ..."
"တဘက္ခါေလ..."
ေဇေဇလဲ ျခဴးနဲ႔ ဖုန္းၾကည့္ၿပီး ၾကည္ႏူးသာယာေနရာကေန ေႏွာင္းဘက္ကိုလွည့္ၿပီ..တိုတိုတုတ္တုတ္သာျပန္ေျဖလိုက္သည္။
"ဟင္...တဘက္ခါ...ဘာနဲ႔သြားမွာလဲ..ကိုေဇ.."
အသြင္လဲ တဘက္ခါဆိုေတာ့ ကိုယ့္ကားနဲ႔သာဆိုရင္ သူကားကျပင္ေနရသည္မို႔လွမ္းေမးလိုက္သည္။
"ကားနဲ႔ေလ သုံးစီးမသြားခ်င္ရင္ ႏွစ္စီးသြားမယ္ေလ.."
"အသြင္ရဲ့ကားက..ျပင္ထားတယ္..ၿပီးေတာ့ ခရီးမထြက္ဖူးဘူး.."
"ေအာ္...အသြင္ကလဲ..ေႏွာင္းကားနဲ႔လိုက္ခဲ့ေပါ့..ဒီလိုလုပ္ အသြင္နဲ႔ေႏွာင္းကတစ္စီးသြား..ကိုေဇတို႔ေလးေယာက္ကတစ္စီးသြားမယ္..ဘာလိုဆိုရင္..ေျခာက္ေယာက္ဆိုလဲ တစ္စီးမေလာက္ဘူးေလ.."
"အင္း...အဲ့တာအဆင္ေျပတယ္ေဇေဇ.."
ေဇေဇအေျပာကို ေႏွာင္းကဝင္ေထာက္ခံလိုက္သည္။ျခဴးကေတာ့ အသြင္နဲ႔ေႏွာင္းဆိုေတာ့ စိတ္ထဲတြင္ ႀကိတ္ရယ္လၽွက္။သၽွင္ယြန္းႏွင့္ စစ္မင္းကေတာ့ ခရီးရဲ့အစီအစဥ္ေတြသိၿပီးသားဆိုေတာ့ ႏွစ္ေယာက္တမၻာတည္ေဆာက္လို႔။ထို႔ေနာက္ေဇေဇကဘဲ
"ၿပီးေတာ့...ျခဴးေလးနဲ႔ မမသၽွင္နဲ႔က ဘန္ဂလိုတစ္လုံး...ငါတို႔ေယာက်ာ္းေလးေတြကတစ္လုံး..ဘိုကင္ယူထားတယ္..အဆင္ေျပတယ္မလား.."
"အင္းေျပတယ္.."
"ေျပပါတယ္.."
အသြင္နဲ႔ေႏွာင္းလဲ ေဇေဇအေမးကိုျပန္ေျဖလိုက္သည္။ စစ္မင္းအိမ္၊သၽွင္ယြန္းႏွင့္ျခဴးကေတာ့ အသြင္တို႔မေရာက္ခင္ကတည္းက သိႏွင့္ၿပီးသားျဖစ္သည္။
**********************************
အသြင္လဲ ခရီးအစီစဥ္သိၿပီးတိုေတာ့ ေလးေလးကိုခြင့္ေတာင္းရမည္။ခရီးအတြက္ျပင္ရဆင္ရအုံးမည္။စိတ္ကလဲ ေပ်ာ္တဝက္ စိုးရိမ္တဝက္ျဖင့္။အသြင္ ေလးေလးကလြဲၿပီး တျခားလူေတြနဲ႔ခရီးမသြားဖူးေသးေပ။ထို႔ေၾကာင့္ ေလးေလးခြင့္မျပဳမွာေတာ့ စိုးရိမ္ရသည္။
အသြင္လဲ အိမ္ေရာက္ေတာ့ ေလးေလးရွိတဲ့ စာၾကည့္ခန္းထဲသို႔တန္းသြားလိုက္သည္။ဒီေန႔ ေလးေလး နားရက္ဆိုေတာ့ companyေတာ့ မသြားေပ။နားရက္သာေျပာသည္ ေလးေလးကေတာ့ စာၾကည့္ခန္းမွာပင္ လခ်ဳပ္စာရင္းကိုစစ္ေနေလသည္။
အသြင္ စာၾကည့္ခန္းထဲဝင္သြားေတာ့ ေလးေလးက laptopကိုေရွ႕မွာထား၊ေဘးမွာလဲ ေကာ္ဖီတသ္ခြက္ျဖင့္။အလုပ္အေပၚအာ႐ုံရေနပုံေပၚသည္။အသြင္ဝင္လာတာကိုေတာင္ သတိမထားမိေခ်။
"ေလးေလး...နားရက္ဆိုရင္...အျပည့္အဝေတာ့နားေပါ့..ေလးေလးရာ..."
ေဟာ သူေတာ္ေမာင္ႀကီးတရားခ်ေတာ့မည္။သူက ဦးေလးလား ကိုယ္က ဦးေလးလားမသည္းကြဲေပ။တူျဖစ္သူက ဂ႐ုစိုက္ေျပာေနျခင္းေၾကာင့္ အနည္းငယ္ေတာ့ ပီတိျဖစ္ရသည္။
"လခ်ဳပ္စာရင္းေလးပါဘဲ...သြင္ေလးရာ..."
"ေလးေလးကေလ....ေျပာရင္အဲ့တိုင္းဘဲ...ေနာက္ဆိုရင္နားရက္ကေလးေတာ့ အျပည့္အဝနားေလ..."
အသြင္လဲေလးေလးကိုေျပာလို႔မရေတာ့ ၿငီစူစူျဖင့္ ကေလးကေယာက္ကို ေခ်ာ့တလွည့္ေျခာက္တလွည့္ေျပာေနသလိုေယာင္။
"ဟုတ္ပါၿပီကြာ....."
ဦးေအာင္ခန႔္လဲ တူေတာ္အလိုက်ျပန္ေျပာလိုက္သည္။သူဘဝမွာ အသြင္တစ္ေယာက္သာ မိသားစုဝင္အျဖစ္က်န္ခဲ့သူျဖစ္သည္။သူအခုလုပ္သမၽွကအသြင္အတြက္ပင္ျဖစ္သည္။အကိုျဖစ္သူဆုံးၿပီးေနာက္ အသြင္ကိုမ်က္ႏွာမငယ္ေအာင္ လိုေလေသးမရွိထားနိုင္ဖို႔ သူႀကိဳးစားလုပ္ကိုင္ခဲ့သည္။အသြင္သည္ဦးေအာင္ခန႔္တြက္ေတာ့ တူလိုသားလိုျဖစ္ေနၿပီျဖစ္သည္။
"ေလးေလး...ေနာက္ဆို အသြင္ဝိုင္းကူညီၿပီေလ ဘြဲ႕ယူၿပီးရင္ ေလးေလးကို ေကာင္းေကာင္းကူနိုင္ေတာ့မယ္...အဲ့ခါက်ရင္ ေလးေလးက အိမ္မွာေကာင္းေကာင္းအနားယူမယ့္အခ်ိန္ေရာက္ၿပီး... "
"အဟက္....သိတတ္လိုက္တာကြာ..."
"ေလးေလး...."
"အင္း....သြင္ေလး..ေလးေလးကိုေျပာစရာရွိလို႔လား..."
အသြင္မ်က္ႏွာက အနည္းငယ္ေတာ့ စိုးရိမ္တဲ့ပုံေပါက္ေနသည္။လူအကဲခပ္ မညံ့တဲ့ ဦးေအာင္ခန႔္လဲ သတိထားမိသည္မွာ သိမ့္ေတာ့မဆန္း။
"ဟုတ္တယ္ေလးေလး....အသြင္တို႔ေငြေဆာင္ခရီးထြက္မလိုေလ...ေလးေလးကိုခြင့္လာေတာင္းတာ.."
အသြင္စကားလဲၾကားေရာ ဦးေအာင့္ခန႔္စိတ္ထဲေက်နပ္မိသည္။အသြင္က ဘာလုပ္လုပ္ ေလးေလးကို အျမဲခြင့္ေတာင္းေနက်ျဖစ္သည္။ဒါေပမယ့္ ေငြေတာင္ခရီးကိုေတာ့ ဦးေအာင့္ခန႔္စိတ္မခ်ေပ။အသြင္ကတျခားလူေတြနဲ႔ခရီးထြက္ဖူးတလဲ မဟုတ္။စိတ္ခ်နိုင္မယ့္သူပါရင္ေတာ့ တမ်ိဳးစဥ္းစားရမည္။
" အသြင္တို႔ဆိုေတာ့...ဘယ္သူေတြနဲ႔လဲ...ဘယ္ႏွရက္လဲ..သြင္ေလး.."
"ကိုေႏွာင္း၊ျခဴး၊ကိုေဇရယ္မသၽွင္နဲ႔ကိုစစ္...အသြင္နဲ႔ဆိုေျခာက္ေယာက္...တစ္ပတ္ခရီးသြားမွာေလးေလး..."
ဦးေအာင့္ခန႔္က ေဒၚႏုႏုေအးသားနဲ႔သမီးပါမည္ဆိုေတာ့ စိတ္မခ်ေပ။ေႏွာင္းသေခတ္လဲပါေနတယ္ဆိုေတာ့လဲ သူအနည္းငယ္စိတ္ခ်သြားသည္။ေဒၚႏုႏုေအးသားနဲ႔သမီးကလဲ တကၠသိုလ္တက္ေနနဲ႔အေတာ္အတြင္းအသြင္နဲ႔ ျပသာနာျဖစ္တယ္လို႔ မၾကာဖူးေသးေတာ့ သြားခြင့္ေပးဖို႔ဆုံးျဖတ္လိုက္သည္။
" အင္...သြားေလ..သြင္ေလး...ဒါေပမယ့္ခရီးမွာကိုယ့္ကိုကိုယ္ဂ႐ုစိုက္ရမယ္ေနာ္..စိတ္ခ်မယ္ေနာ္.."
ေလးေလးကခြင့္ျပဳလိုက္ေတာ့ အသြင္စိုးရိမ္ေနတာေတြ ေပ်ာက္သြားရသည္။
"ဟုတ္ကဲ့..ေလးေလး...ဟီးဟီး.."
" အဲ့ဆို...ခရီးတြက္အဝတ္အစားသြားထည့္ၿပီးမေနာ္...."
"ေကာင္းပါၿပီဗ်ာ.."
ဦးေအာင္ခန႔္ေရွ႕ကအသြင္ကိုၾကည့္ၿပီ သူပါလိုက္ျပဳံးမိသည္။ဒီတူတစ္ေယာက္သာရွိသျဖင့္ ခ်စ္ရပါသည္။သူအတြက္ေတာ့ အသြင္ကတစ္ဦးတည္းေသာ မိသားစုဝင္၊သံေယာဇဥ္ရွိေသာသူတစ္ေယာက္ပင္။အသြင္ေပ်ာ္ေတာ့ သူလဲေပ်ာ္ရပါသည္။
ေငြေဆာင္ ကမ္းေျချဖစ္သည့္အတြက္ ပင္လယ္ခရီးထြက္ရတာႀကိဳက္တဲ့အသြင္အတြက္ေတာ့ စိတ္လွုပ္ရွားစရာပင္။
အသြင္လဲစာၾကည္ခန္းကထြက္လာခဲ့လိုက္သည္။စာၾကည့္တိုက္မွ သူ၏အခန္းသို႔အသြားမွာ ေဒၚျမနဲ႔ေတြ႕သည္။
"ဟဲ့..ဟယ္ေတာ္...ေျဖေျဖသြားပါသြင္ေလးရယ္...ဘာျဖစ္လို႔ဒီေလာက္ေျပာေနတာတုန္း...ျပဳံးၿဖီးလို႔..."
ေဒၚျမလဲ အသြင္တစ္ေယာက္ စာၾကည့္တိုက္က မေျပး႐ုံတမယ္ ထြက္လာတာျမင္ၿပီ သူအနားေရာက္ျမန္ျမန္ေရာက္လာသျဖင့္ တိုက္မိမွာစိုးလို႔ အထိတ္အလန႔္တားၿပီး ေမးလိုက္သည္။
"ေငြေဆာင္ခရီးေလ ကိုေႏွာင္းတို႔နဲ႔သြားဖို႔ေလ...အဲ့တာ..ေလးေလးကိုခြင့္သြားေတာင္တာ...ေပးသြားလို႔...ဟီးဟီး"
"ဟမ္...ေငြေဆာင္...ဘယ္ေတာ့လဲ...ဘယ္ႏွရက္ခရီးလဲ...သြင္ေလး.."
ေဒၚျမမွာ လူႀကီးပီပီ စိုးရိမ္ပူပန္ၿပီ ေမးျမန္းလိုက္ျခင္း။
"တဘက္ခါသြားမွာ...တစ္ပတ္ခရီးပါဘဲေဒၚျမရာ...နားနားၿပီးေမးပါဗ်ာ.."
"တဘက္ခါ..."
"ဟုတ္ပါတယ္..အဲ့တာ အဝတ္အစားေတြသြားထည့္ဖို႔..."
"မျဖစ္ပါဘူး...ေဒၚျမကိုယ္တိုင္ထည့္ေပးမယ္.."
"အသြင္ဘဲထည့္လိုက္ပါ့မယ္...နားနားေနေန ေနပါေဒၚျမရာ..."
"...ကိုယ္တိုင္ထည့္ေပးမွစိတ္ခ်မယ္...ခရီးကသူမ်ားေတြနဲ႔ထြက္ဖူးတာလဲမဟုတ္ဘူး..မျဖစ္ေသးပါဘူးေအ..လာလာ.."
ေဒၚျမလဲ ေျပာၿပီးခ်င္း အသြင္အခန္းသို႔ အဝတ္အစားထည့္ဖို႔ ဝင္သြားေတာ့သည္။
"ေဆာင္းတြင္းေရာက္ေနၿပီး...ဟိုေရာက္လဲ..က်န္းမာေရးလဲဂ႐ုစိုက္အုံး...ေဆးယူသြာ..ပုစြန္ကစားမွာဘဲမလား..စားၿပီးရင္ေသာက္လို႔ရေအာင္.."
အသြင္သည္ ပုစြန္နဲ႔သာမတည့္တာ ပုစြန္ကိုေတာ့အရမ္းႀကိဳက္သူျဖစ္သည္။ထို႔အရာကိုသိေသာ ေဒၚျမကမွားတန္းေႁခြေနရျခင္း။တကယ္ပါ ေဒၚၿမ မ်က္လုံးထဲ အသြင္ဟာ ဆယ္တန္းေက်ာင္းသားေလးအရြယ္အတိုင္း မေျပာင္းလဲ။အသြင္က ေဒၚျမရဲ့ အခ်စ္ေတာ္ေလးပင္။အသြင္က အိမ္ရဲ့ ဆည္းလည္ေလဆိုလၽွင္မမွား။
"သြင္ေလး...ဒီမွာ ေဘးမွာခ်ထားတယ္ေနာ္..ႀကိဳက္တဲ့ဟာေရြးထည့္လိုက္ေတာ့...ျပၤးေတာ့ဒီမွာေဆး..မေမ့ေစနဲ႔...ေဒၚျမညေနစာတြက္ခ်က္ဖို႔သြားေတာ့မယ္.."
"ဟုတ္ကဲ့...."
ေဒၚျမက ခရီးေတာင္အိတ္ထဲထည့္ဖို႔ အသြင္ရဲ့အဝန္အစားေတြကို အသြင္အႀကိဳက္ေရြးၿပီးထည့္လို႔ရေအာင္ခရီးေတာင္အိတ္ေဘးမွာပုံထားေပးငည္ကို အသုံးအေဆာင္ယူေနေသာအသြင္ဘက္သို႔လွမ္းေျပာၿပီ ညေနစာခ်က္ဖို႔ထြက္သြားေလေတာ့သည္။
အသြင္လဲ ေဒၚျမပုံထားေပးတဲ့အကၤ်ီေတြထဲက ႀကိဳက္တဲ့အကၤ်ီေတြကိုထည့္ေနလိုက္သည္။ထိုစဥ္ ေႏွာင္းသေခတ္ဆီမွာဖုန္းလာသည္။
"ဟယ္လို..ေယာက္ဖ..ဘာတုန္း.."
"ေဟာဗ်ာ...တဘက္ခါမနက္လာေခၚမယ္ေျပာမလို႔ကို..."
"အင္းေလ...လာေခၚမွရမွာဘဲေလ..."
အသြင္လဲ ဖုန္းကို အိပ္ရာေပၚတင္ထားၿပီး မွန္တင္ခုန္က အသုံးအေဆာင္ထည့္ထားသည္ အထုပ္ကေလးကိုသြားယူလိုက္ရင္းလွမ္းေျပာလိုက္သည္။
"ဘာလုပ္ေနတာလဲ...ဖုန္းနဲ႔လူနဲ႔မကပ္ရေအာက္ ဘာေတြအလုပ္ရွုပ္ေနတာလဲ.."
"ခရီးတြက္ျပင္ဆင္ေနတာေလ..."
"မနက္ျဖန္တစ္ရက္အခ်ိန္ရေနတာဘဲကို..ဘာလို႔ေလာေနတာလဲ.."
"မသိဘူးဗ်ိဳ႕..ျပင္မွာဘဲ.."
အသြင္ရဲ့အျဖစ္မွာ မနက္ဘက္ခရီးသြားမည္ဆိုရင္ ညဘက္မအိပ္ဘဲ စိတ္လွုပ္ရွားစြာ မနက္ေရာက္သည္ထိေစာင့္မည့္ ကေလးလိုပင္ျဖစ္ေနသည္။
"သေဘာဗ်ာ..အဲ့ဆိုဆက္လုပ္ဆက္လုပ္..ဖုန္းခ်လိုက္ေတာ့မယ္..."
"ဟုတ္..ဟုတ္.."
အသြင္တစ္ေယာက္လဲ အေပ်ာ္ေတြလြန္ၿပီဒီေန႔ညနဲ႔မနက္ျဖန္ညေတာ့ ေကာင္းေကာင္းအိပ္ေပ်ာ္လိမ့္မည့္ပုံမေပၚ။စိတ္လွုပ္ရွားစြာျဖင့္ ခရီးေလးကိုေစာင့္ေမၽွာ္လၽွက္။
***********************************
(AN-readersေလးတို႔ေတာ့ ျပန္upတာၾကားသြားတယ္🥺 part 21ကိုေရးလို႔ၿပီးေတာ့မယ္ရယ္ အဲ့တာ မွားျဖတ္မိလိုက္လို႔ အသစ္ျပန္ေရးေနရလို႔ပါ မွားျဖတ္တာ ႏွစ္ခါေတာင္မွားျဖတ္မိတာ 😩
အစစအရာရာဂ႐ုစိုက္ၾကပါ။က်န္းမာေရးအထူး ဂ႐ုစိုက္ၾကပါေနာ္💁♀️🤍
အခ်စ္မ်ားစြာျဖင့္ မယ္ရင္ဒါ🤍)