မာန၏ အျခားတစ္ဖက္ 🌟 မာန၏ အခြာ...

By phounix12

637K 41.5K 1.3K

ခ်စ္ျခင္းေမတၱာအေၾကာင္းေျပာတဲ့အခါ မာနေတြကို ထားခဲ့ပါ ။ ချစ်ခြင်းမေတ္တာအကြောင်းပြောတဲ့အခါ မာနတွေကို ထားခဲ့ပါ ။ More

မာန၏ အျခားတစ္ဖက္ 🌟 Intro
မာန၏ အျခားတစ္ဖက္ 🌟 Part - 1
မာန၏ အျခားတစ္ဖက္ 🌟 Part - 2
မာန၏ အျခားတစ္ဖက္ 🌟 Part - 3
မာန၏ အျခားတစ္ဖက္ ✨ Part - 5
မာန၏ အျခားတစ္ဖက္ ✨ Part - 6
မာန၏ အျခားတစ္ဖက္ ✨ Part - 7
မာန၏ အျခားတစ္ဖက္ 🌟 Part -8
မာန၏ အျခားတစ္ဖက္ 🌟 Part - 9
မာန၏ အျခားတစ္ဖက္ 🌟 Part -10
မာန၏ အျခားတစ္ဖက္ 🌟 Part -11
မာန၏ အျခားတစ္ဖက္ 🌟 Part - 12
မာန၏ အျခားတစ္ဖက္ 🌟 Part - 13
မာန၏ အျခားတစ္ဖက္ 🌟Part - 14 ❗
မာန၏ အျခားတစ္ဖက္ 🌟 Part - 15
မာန၏ အျခားတစ္ဖက္ 🌟 Part - 16
မာန၏ အျခားတစ္ဖက္ 🌟 Part - 17
မာန၏ အျခားတစ္ဖက္ 🌟 Part -18
မာန၏ အျခားတစ္ဖက္ 🌟 Part - 19 🚨
မာန၏ အျခားတစ္ဖက္ 🌟 Part - 20
မာန၏ အျခားတစ္ဖက္ 🌟 Part - 21 🚨
မာန၏ အျခားတစ္ဖက္ 🌟 Part -22
မာန၏ အျခားတစ္ဖက္ 🌟 Part - 23
မာန၏ အျခားတစ္ဖက္ 🌟 Part - 24
မာန၏ အျခားတစ္ဖက္ 🌟 Part - 25
မာန၏ အျခားတစ္ဖက္ 🌟 Part -26 🚨
မာန၏ အျခားတစ္ဖက္ 🌟 Part -27
မာန၏ အျခားတစ္ဖက္ 🌟Part -28
မာန၏ အျခားတစ္ဖက္ 🌟 Part -29
မာန၏ အျခားတစ္ဖက္ 🌟 Part - 30
မာန၏ အျခားတစ္ဖက္ 🌟 Part -31
မာန၏ အျခားတစ္ဖက္ 🌟 Part -32🚨
မာန၏ အျခားတစ္ဖက္ 🌟 Part -33
မာန၏ အျခားတစ္ဖက္ 🌟 Part - 34
မာန၏ အျခားတစ္ဖက္ 🌟 Part - 35
မာန၏ အျခားတစ္ဖက္ 🌟 Part - 36
မာန၏ အျခားတစ္ဖက္ 🌟 Part -37
မာန၏ အျခားတစ္ဖက္ 🌟 Part - 38
မာန၏ အျခားတစ္ဖက္ 🌟 Part - 39
မာန၏ အျခားတစ္ဖက္ 🌟 Part - 40
မာန၏ အျခားတစ္ဖက္ 🌟 Part - 41
မာန၏ အျခားတစ္ဖက္ 🌟 Part - 42
မာန၏ အျခားတစ္ဖက္ 🌟 Part - 43
မာန၏ အျခားတစ္ဖက္ 🌟 Part - 44
မာန၏ အျခားတစ္ဖက္ 🌟 Part - 45
မာန၏ အျခားတစ္ဖက္ 🌟 Part - 46
မာန၏ အျခားတစ္ဖက္ # မာန၏ အခြားတစ်ဖက် (Extra)
bl

မာန၏ အျခားတစ္ဖက္ ✨ Part - 4

12.7K 948 28
By phounix12

Part -4

                   မာန၏ အျခားတစ္ဖက္

                      ✨✨✨✨✨✨

လႊမ္း တစ္ေယာက္ ညေနေက်ာင္းကေန အတန္းၿပီးတာနဲ ့အလုပ္ကို တန္းလာလိုက္တယ္ ။ ဘယ္လိုပဲ
ျဖစ္ျဖစ္ ကိုယ္က စာခ်ဳပ္ ခ်ဳပ္ထားမိၿပီမို႔ တစ္ႏွစ္ေတာ့ အဆင္ေျပေအာင္ လုပ္ရမွာပဲ ။ အစထဲက ဒီလူကို ၾကည့္မရပါဘူးဆိုေနမွ တိုက္တိုက္ဆိုင္ဆိုင္ သူက ကိုယ့္အလုပ္႐ွင္လာျဖစ္ေနေသးတယ္ ။
ေကာင္းလိုက္တဲ့ ကုသ္ိုလ္ကံေလး ။

ျမင္ရတဲ့ပံုက အခ်ိဳးမေျပရတဲ့ၾကားထဲ လက္ရဲဇာတ္
ရဲကလည္း ႏိုင္ေသးတာ ။ ဒီလိုပံုစံနဲ႔လူက ဆိုင္ပိုင္
႐ွင္သူေဌးဆိုပဲ ။ မိဘပိုက္ဆံ႐ွိလို႔ ထင္ရာစိုင္းေန
တဲ့ ေရေပၚဆီ သူေဌးအမည္ခံေနမွာေပါ့ ။

အစထဲက အျမင္မၾကည္တဲ့သူမို႔ လႊမ္း ကေတာ့
မေကာင္းတဲ့ဘက္ကေနပဲ အားရပါးရေတြးလိုက္
တယ္ ။ ေတြးရင္းနဲ႔ ဆိုင္ထဲေရာက္တယ္ဆိုရင္ပဲ uniform လဲ ၿပီး စားပြဲထိုးေပးေနတဲ့အခ်ိန္
အခ်ိန္ေတြ ေတာ္ေတာ္ၾကာသြားေတာ့ မန္ေနဂ်ာ
အကိုက -----

" ႐ွင္လႊမ္း ေရ .... သူေဌးက သူ႔အခန္းထဲလာခဲ့ပါတဲ့ ..... လုပ္လက္စအလုပ္ေတြ႐ွိရင္လည္း ထားခဲ့လိုက္ေလ"

" ဟုတ္ကဲ့ပါ အကို ....ကြၽန္ေတာ္သြားလိုက္ပါ့မယ္ "

ရံုးခန္းတံခါးကို ဖြင့္ဝင္လိုက္တယ္ဆိုရင္ပဲ အထဲမွာ အေ႐ွ႕က အလုပ္စားပြဲေပၚ ေျခေထာက္ႏွစ္ေခ်ာင္း
စလံုးတင္ၿပီး ထိုင္ေနတဲ့ သူေဌးအ႐ိုင္းေကာင္ကိုေတြ႔လိုက္ရတယ္ ။ ဘယ္အခ်ိန္ ဘယ္ေနရာကေန
ၾကည့္ၾကည့္ တစက္မွကိုအခ်ိဳးမေျပတဲ့ သူေဌးပါလားေနာ္ ။ သတိထားၿပီး မ်က္ႏွာကို အတက္ႏိုင္
ဆံုး ပံုမွန္အတိုင္းျဖစ္ေအာင္ ျပင္ဆင္လိုက္ရင္း -----

" သူေဌး !!!! ကြၽန္ေတာ့္ကို ေခၚတယ္ဆိုလို႔ပါ "

" ဟုတ္တယ္ !!! ဝင္လာခဲ့ေလ "

လႊမ္း သူ႔စားပြဲနား ေရာက္တယ္ဆိုရင္ပဲ ----

" ကိုယ္ မင္းကိုေျပာခဲ့တယ္ေနာ္ ...ကိုယ္မႏိုင္တဲ့ စာရင္းေတြကို ..... မင္းဝိုင္းၿပီးကူလုပ္ေပးရမယ္လို႔ "

" ဟုတ္ကဲ့!!!  ေျပာခဲ့ပါတယ္ သူေဌး "

" ေနာက္ရက္ေတြက်ရင္ .... အလုပ္ကို ေရာက္တာနဲ႔ .... ရံုးခန္းထဲကိုအရင္လာပါ .... ဒီမွာစာရင္းလုပ္
စရာမ႐ွိမွ အျပင္ကိုသြားကူေပါ့ .... ခုေလာေလာ
ဆယ္ေတာ့ .... ဒီဆိုင္ရဲ႕စာရင္းတစ္ခုပဲ အရင္လုပ္ရမွာပါ .... ေနာင္လုပ္ငန္းကြၽမ္းက်င္သြားရင္ .... ကိုယ္
ရဲ႕ အျခားလုပ္ငန္းက စာရင္းေလးေတြပါ ကူေပးရ
မယ္ "

" ဟုတ္ကဲ့ပါ သူေဌး "

ေအာင္မေလး လူၾကည့္ေတာ့ လမ္းသရဲပံုစံနဲ႔ အ႐ိုင္းအစိုင္းသူေဌးက အလုပ္ေတြဘယ္ေလာက္ေတာင္
လုပ္ေနပါလိမ့္လို႔ ေတြးမိေပမဲ့ ျပန္ေျပာလိုက္ရတာကေတာ့ ဟုတ္ကဲ့ပါေပါ့ ။ သူက သူေဌး ကိုယ္က အလုပ္သမားေလ ။

" ကဲ !!! ဒါဆို မင္းကို လခ်ဳပ္စာရင္း လုပ္တာေတြျပ
မယ္ .... အျခားဟာေတြေရာပဲ .... အဲမွာထိုင္လိုက္
ေလ "

သူေဌး ၫႊန္ျပတဲ့ ခံုမွာ လႊမ္း, ဝင္ျပီးထိုင္လိုက္ေတာ့ သူေဌးကလည္း စာရင္းစာအုပ္တထပ္ႀကီးနဲ႔ အနားကိုေရာက္လာၿပီး ဝင္ထိုင္လိုက္တယ္ ။ ကိုယ္ကေတာ့ သူ႐ွင္းျပေနတဲ့ စာရင္းေတြကို ေသေသခ်ာခ်ာလိုက္မွတ္ေနလိုက္ရင္း အလုပ္ကိုပဲအာရံုစိုက္ထားလိုက္တယ္။ ေတာ္ၾကာ ကိုယ္လုပ္တာမွားရင္ ဒီေလာက္ေတာင္အသံုးမက်ဘူးလားလို႔ အေျပာမခံခ်င္ဘူးေလ ။ အစထဲက သူေဌးအ႐ိုင္းအစိုင္းက ကိုယ့္ဆို ေျပာခ်င္ဆိုခ်င္ေနတာ ။

<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>

ကိုယ္သင္ေပးသမ်ွကို စိတ္ပါလက္ပါ လိုက္မွတ္ရင္း ဂ႐ုတစိုက္နဲ႔ စာရင္းေတြလုပ္ေနတဲ့ ေကာင္ေလးကို
မာန္  ေငးၾကည့္ေနမိတယ္ ။ တကၠသိုလ္ပထမႏွစ္
ဆိုေတာ့ ကိုယ္ထက္ေတာင္ အမ်ားႀကီးငယ္ဦးမွာ
ေပါ့ ။ လူေလးကလည္း တကယ္ကို ေသးေသး
ပါးပါးေလးပါ ။

ကိုယ္နဲ႔စကားမ်ားတိုင္း ဘယ္ေတာ့မွအေလ်ွာ့မေပးတက္တဲ့ ေကာင္ေလးက အျခားသူေတြနဲ႔ဆို ခ်စ္စ
ဖြယ္ေကာင္းေအာင္ အျမဲျပံဳးေနတာကို ေတြ႔ေနရ
တယ္ ။

အခုလိုအနီးကပ္ၾကည့္ေတာ့မွ လွလိုက္တဲ့ အသားအေရေလး ။ မိန္းကေလးေတြမွာေတာင္ ျမင္ရဖို႔မလြယ္တဲ့ အသားအေရမ်ိဳး ။ စိမ္းညႇိဳ႕ေနတဲ့ မ်က္ခံုးထူထူေလးေအာက္မွာ မ်က္ေတာင္ အ႐ွည္ႀကီးေတြက ေကာ႔တက္ေနၿပီး မ်က္ဝန္းေလးေတြကလည္း
ဝိုင္စက္ၾကည္လင္ေနတာ ။ ထူးထူးဆန္းဆန္း မ်က္
ဆန္ေလးေတြက အညိဳေရာင္သန္းလို႔ ။ ေနာက္ၿပီး
ႏွာတန္းေလးကလည္း ေျဖာင္းစင္းေနေလေရာ ။
အလွဆံုးကေတာ့ ေယာက်္ားေလးေတြမွာ ျမင္ရ
ခဲတဲ့ ထူထူျပည့္ျပည့္ႏႈတ္ခမ္းေလးပါပဲ ။ မိန္းကေလး
ေတြလ္ုိ ႏႈတ္ခမ္းဆိုးေဆးေတြ ဆိုးစရာမလိုပါပဲ နီရဲ
အိေထြးေနေတာ့တာ ။

စကားေျပာလိုက္တိုင္းေပၚလာတက္တဲ့ သြားစြယ္
ေလးနဲ႔ ရီလိုက္တိုင္းေပၚလာတဲ့ ပါးခ်ိဳင့္ခြက္ခြက္ေလးကေတာ့ ဘုရားက သူ႔အလွအတြက္ အပိုဖန္ဆင္းေပးခဲ့တဲ့ လက္ေဆာင္ေတြထင္ပါရဲ႕ ။ အားလံုး
ေပါင္းလိုက္ရင္ ဒီေကာင္ေလးဟာ ေခ်ာလိုက္တာ ဆိုတာထက္ကို ပိုၿပီးျပည့္စံုတဲ့ ေကာင္ငယ္ေလး
ေပါ့ ။

မာန္ တစ္ေယာက္ ေကာင္ေလးရဲ႕ မ်က္ႏွာေလးကို
ၾကည့္ေနရင္း အမွတ္တမဲ့ သူ႔စာရင္းလုပ္ေနတဲ့
အခ်ိန္ တစ္ေယာက္ထဲ စာရင္းေတြကို အသံထြက္
ၿပီးဖတ္ေနတာေၾကာင့္ ရီမိလိုက္ပါတယ္ ။

ကိုယ့္ရီသံေၾကာင့္ လႊမ္း က ဘာျဖစ္ေနတာလဲ ဆို
တဲ့ပံုစံနဲ႔ၾကည့္လိုက္တာေၾကာင့္ -----

" ငါ မင္း စာရင္းလုပ္ေနတာကို သေဘာက်လို႔ ရီလိုက္မိတာပါ ..... မင္း စားရင္းေတြကို အသံထြက္ေအာင္ ဖတ္ေနရေအာင္ ကေလးေလးလား .... ႏႈတ္
ခမ္းဆိုတာ ခြၽန္ေနေရာပဲ "

ကိုယ္ေျပာလိုက္တဲ့စကားေၾကာင့္ စိတ္႐ႈပ္သြားသလို မ်က္ေမွာင္ၾကဳတ္ျပီး ၾကည့္ေနတဲ့ေကာင္ေလးက -----

" ဘယ္လိုပဲလုပ္လုပ္ ..... သူေဌး စာရင္းေတြၿပီးမွန္
ဖို႔က အဓိကမို႔လား "

" ဟုတ္ပါတယ္ .... ဒါေပမယ့္ ငါက မင္းပံုစံေလးကို
ရီခ်င္လို႔ပါ .... ကေလးပိစိေလးက်ေနတာပဲ ....တစ္
မ်ိဳးမထင္ပါနဲ႔ .... မင္း ႏႈတ္ခမ္းေလးေတြက အသဲယားၿပီး ခ်စ္စရာေကာင္းလြန္းလို႔ ....စလိုက္မိတာ
.... မင္းႏႈတ္ခမ္းေလးေတြက သူမ်ားႏႈတ္ခမ္း ေတြနဲ႔မွ မတူတာ "

" ဒါကေတာ့ သူေဌးက ကြၽန္႔ေတာ့္ကို အျခားလူ
ေတြကို ျမင္ေပးသလို မျမင္ေပးႏိုင္လို႔ ေနမွာေပါ့ "

ေျပာၿပီးတာနဲ႔ သူ႔အလုပ္ကိုဆက္လုပ္ေနတဲ့ ေကာင္
ေလးကို မာန္ ျပံဳးၿပီးပဲ ၾကည့္ေနမိေတာ့တယ္ ။ သူအေႏွာက္အယွက္ျဖစ္မွာစိုးတာနဲ႔ပဲ ကိုယ့္အလုပ္စားပြဲမွာ သြားထိုင္ေနလိုက္တဲ့အခ်ိန္ ေကာင္ေလးရဲ႕
ဖုန္းျမည္သံေၾကာင့္ မသိမသာနားစြန္႔မိေတာ့ ----

" Hello !!! အကို.... ကြၽန္ေတာ္အလုပ္ၿပီးေတာ့မယ္
.... အကို လာႀကိဳ ဖို႔လား "

" ------------------- "

" အဲဒါဆို ဆိုင္ျပင္မွာပဲ ေစာင့္ေနေနာ္ "

" -------------------- "

" အကို စားခ်င္တဲ့ ဆိုင္ကိုပဲ ေရြးထားပါ .... ကြၽန္
ေတာ္က အကို နဲ႔ ဆို ဘယ္ဆိုင္မွာပဲစားရစားရပါ
.... ဒါဆို ေနာက္နာရီဝက္ေလာက္က်ရင္ ေတြ႔မယ္
ေနာ္"

ေျပာၿပီးဖုန္းခ်သြားတဲ့ ေကာင္ေလးကိုၾကည့္ရင္း
မာန္ ျပံဳးလိုက္မိတယ္ ။ ကိုယ့္ကိုဆို အျမဲတစ္ခြန္း
မက်န္ျပန္ၿပီးရန္လိုေနတဲ့ ေကာင္ေလးက အျခားသူနဲ႔ က်ေတာ့ အသံကအစ ခ်ိဳသာေနပါေရာလား ။ ေတြ႔က်ေသးတာေပါ့  ႐ွင္လႊမ္းေနခ ရယ္ ။

" သူေဌး !!! ကြၽန္ေတာ္ စာရင္းေတြၿပီးပါၿပီ.... ျပန္
လို႔ရၿပီလား မသိဘူး "

" မရေသးဘူး .... မင္းလုပ္ထားတဲ့ စာရင္းေတြကို....
ငါစစ္ရဦးမယ္ ... စာရင္းေတြဒီမွာတင္ထားၿပီး ....
မင္းထိုင္ေစာင့္ေနဦး "

ၾကားလိုက္ရတဲ့ စကားေၾကာင့္ လႊမ္း စိတ္ေတာ္ေတာ္ညစ္သြားပါၿပီ ။ ခုေလာက္ဆို ဆိုင္ေ႐ွ႕မွာ
အကို ကေရာက္ေနေလာက္ၿပီ ။ ဒီသူေဌးက ဘယ္ေတာ့မွ ျပန္လႊတ္မယ္မသိ။ စိတ္ညစ္ညစ္နဲ႔ပဲ ထိုင္ေနမိေတာ့တယ္ ။

နာရီေတြ တေရြ႔ေရြ႔ကုန္ဆံုးသြားၿပီး ဆိုင္ကအလုပ္
သမားေတြေတာင္ ျပန္ကုန္လို႔ တစ္ဆိုင္လံုးကိုယ္နဲ႔ သူေဌး ႏွစ္ေယာက္ထဲ ႐ွိေတာ့တာ ။ ဒီေလာက္
စာရင္းေလးကို အခ်ိန္အၾကာႀကီးစစ္ေနတာ ပံုစံ
မက်ေပမဲ့ သြားေျပာရေအာင္လည္း သူကသူေဌး ။

ေစာင့္ေနရတဲ့ အကို လည္း ခုေလာက္ဆို ဗိုက္ဆာလို႔ ျပန္သြားေလာက္ေရာေပါ့ ။ ေတြးေနရင္း ဗိုက္ထဲကလည္းေတာ္ေတာ္ဆာလာတာမို႔ လႊမ္း တစ္ေယာက္စိတ္ပ်က္လက္ပ်က္ပဲ ထိုင္ေနမိေတာ့တယ္ ။

"  ျပန္မယ္ဆို ျပန္လို႔ရပါၿပီ "

သူေဌးဆီက စကားသံထြက္လာတယ္ဆိုရင္ပဲ
လႊမ္း ျမန္ျမန္ထလိုက္ၿပီး ----

" ဟုတ္ကဲ့!!! ေက်းဇူးတင္ပါတယ္သူေဌး ...  ခြင့္ျပဳပါဦး "

ေျပာလည္းေျပာ ဆိုင္အျပင္ကို အျမန္ေျပးထြက္ခဲ့ပါတယ္ ။ ဆိုင္ျပင္ေရာက္တယ္ဆိုရင္ပဲ အကို ကို ကားေဘးမွာရပ္ေနတာ ေတြ႔လိုက္ရတာမို႔ လႊမ္း
အနားကို ျမန္ျမန္ေလ်ွာက္သြားလိုက္ရင္း ----

" အကို !!! ခုထိမျပန္ေသးဘူးလား .... ကြၽန္ေတာ္
ေတာင္းပန္ပါတယ္ေနာ္ .... အလုပ္က မၿပီးျဖစ္သြားလို္႔ပါ ..... အကို ေတာ့ ဗိုက္ဆာလို႔ ျပန္သြားၿပီေတာင္မွတ္ေနတာ "

" မျပန္ပါဘူး လႊမ္းေလး ရယ္.... အကို ကေစာင့္မယ္လို႔ေျပာထားတာပဲဟာ .... ေသခ်ာေပါက္ေစာင့္ေနရမွာေပါ့ .... အခုေတာ့ ဆိုင္သြားဖို္႔လည္း အဆင္
မေျပေလာက္ေတာ့ဘူး .... အိမ္ပဲ ျပန္က်ရေအာင္ "

" အိမ္ေရာက္ရင္ ကြၽန္ေတာ္ အကို႔ ကို.... ေခါက္ဆြဲ
ျပဳတ္ေကြၽးမယ္ေနာ္ "

" လႊမ္းေလး က ... ေခါက္ဆြဲေရာ ျပဳတ္တက္လို႔
လား "

" အိမ္ေရာက္မွပဲ စားၾကည့္ေပါ့ .... ခုေတာ႔မေျပာ
ျပႏိုင္ပါဘူး "

" ဟုတ္ပါၿပီဗ်ာ!!!! ဟုတ္ပါၿပီ! !! ကဲကားေပၚတက္
သြားၾကမယ္ "

ေမာင္းထြက္သြားတဲ့ ကားကိုေတာ့ ဆိုင္ထဲက မွန္ျပတင္းေပါက္ကေနတဆင့္ မာန္ တစ္ေယာက္ရပ္ၾကည့္ေနတာကိုေတာ့ ဘယ္သူမွ မသိလိုက္ပါဘူး ။

" မင္းခုအခ်ိန္ေလး ေပ်ာ္ထားလိုက္ဦး ႐ွင္လႊမ္းေနခ
..... ဘယ္ေလာက္ေပ်ာ္ႏိုင္မလဲ .... ေစာင့္ၾကည့္ၾကရေအာင္ "

                    ✨✨✨✨✨✨

လႊမ္း တစ္ေယာက္ အိမ္ျပန္ေရာက္ေတာ့ ေရအျမန္ခ်ိဳး ေခါက္ဆြျဲပဳတ္ၿပီး အကို နဲ႔အတူတူ စားၾကတဲ့အခ်ိန္ -----

" လႊမ္းေလး က တကယ္ေတာ္တာပဲ ... ေခါက္ဆြဲျပဳတ္တာအရမ္းစားေကာင္းတယ္....  ေနာင္က်ရင္
ေခါက္ဆြဲဆိုင္ဖြင့္ပါလား .... အကို ေန႔တိုင္းလာစားမယ္ "

" စားေကာင္းတယ္ဆိုလို႔ ဝမ္းသာပါတယ္ အကို ရယ္ .... ဒါေပမယ္႔ အရမ္းမေျမႇာက္ပါနဲ႔ .... ကြၽန္
ေတာ္ကဒီတစ္ခါပဲ ျပဳတ္ေကြၽးမွာ "

လႊမ္း စကားေၾကာင့္ အကို က ရီလိုက္ရင္း ----

" မေျမႇာက္ပါဘူး လႊမ္းေလး ရယ္ ... တကယ္ေကာင္းလို႔ေကာင္းတယ္ေျပာတာပါ ... ေနာက္တစ္ခါဆို
လႊမ္းေလး ကို မျပဳတ္ခိုင္းေတာ့ပါဘူး .... အကိုက ခ်က္ေကြၽးမယ္ .... ဟုတ္ၿပီလား "

" အကို တကယ္ေျပာတာေနာ္ "

" တကယ္ေျပာတာပါဗ်ာ .... ကဲ !!! စားေတာ့ "

ဘာပဲေျပာေျပာ အကို နဲ႔ ခုလိုေလးေနရရင္ လႊမ္း
စိတ္ထဲ ေအးခ်မ္းတယ္လို္ခံစားရတယ္ ။ အကို႔ မွာ
လူတစ္ဖက္သားကို ေအးခ်မ္းေစတဲ့ အၾကည္ဓာတ္ေလး႐ွိတယ္ထင္ပါရဲ႕ ။ Good Night လို႔ ႏႈတ္ဆက္ၿပီး အိပ္ရာဝင္ခဲ့ရတဲ့ ဒီလိုညတိုင္းဟာ လႊမ္း
အတြက္ေတာ့ ရက္ရာဇာျဖစ္ေနမွာပါ ။

                    ✨✨✨✨✨✨

ဒီေန႔ေတာ့ ေက်ာင္းကေန႔တဝက္ပဲ အတန္းခ်ိန္႐ွိတာနဲ႔ အလုပ္ကို ေစာေစာလာလိုက္တယ္။ အလုပ္ကိုေရာက္တာနဲ႔ အလုပ္ထဲက မန္ေနဂ်ာအကိုက
----

" ႐ွင္လႊမ္း ေရ !!! ဒီေန႔သူေဌးက အလုပ္ကိုမလာအားလို႔ ... သူအိမ္မွာ စာရင္းေတြလာယူပါတဲ့ .....
သူ႔ဆီကိုဖုန္းဆက္ၿပီး .... အိမ္လိပ္စာေမးလိုက္
ေနာ္ "

" ဟုတ္ကဲ့ !!! ဟုတ္ကဲ့ .... ကြၽန္ေတာ္ေမးလိုက္မယ္
ေနာ္ "

ေမးလိုက္မယ္ေျပာလိုက္ေပမယ့္ အရင္ဆံုး စာရင္း
စာအုပ္ေတြယူဖို႔ တကၠစီငွါးကာ သူေဌးအိမ္ကို
သြားဖို႔ျပင္ရတယ္ ။ လမ္းကိုေရာက္မွ အိမ္
လိမ္စာကို လွမ္းေမးေတာ့ နာမည္ႀကီးကြန္ဒိုတစ္ခု
ျဖစ္ေနလို႔ ႐ွာရလြယ္သြားတယ္ ။

သူေဌးအခန္းေ႐ွ႕ေရာက္တာနဲ႔ ေရာက္ေနၿပီဆိုတဲ့အေၾကာင္းဖုန္းထက္ဆက္လိုက္ေတာ့ တံခါးလာ
ဖြင့္ေပးတာကအမ်ိဳးသမီးတေယာက္ ။ အဝတ္အ
စားကလည္း မလံုမျခံဳျဖစ္ေနတာနဲ႔ အခန္းမ်ားမွားလာတာလားဆိုတဲ့ စိတ္နဲ႔ မဝင္ရဲပဲ ရပ္ေနမိတုန္း
------

" မင္း အဲအခန္းဝမွာပဲ ရပ္ေနမွာလား ...... အထဲ
ဝင္ေလ "

အသံၾကားလို႔ အထဲကိုလွမ္းၾကည့္မိေတာ့ သူေဌး
က ခါးမွာ တပတ္တထည္ကိုပတ္ထားၿပီး
အေပၚပိုင္းက ဘာအဝတ္အစားမွမ႐ွိဘူး ။ လႊမ္း
ေခါင္းကိုငံုၿပီး အခန္းထဲဝင္လိုက္တယ္ဆိုရင္ပဲ ခုနက တံခါး လာဖြင့္ေပးတဲ့ အမ်ိဳးသမီးက သူေဌးကို သြားနမ္းေန ျပန္တယ္ ။

လႊမ္း ကိုေ႐ွ႕ထားၿပီး နမ္းေနတာ သူတို႔ကဘာမွမျဖစ္ေပမဲ့ ကိုယ္ က ႐ွက္လြန္းလို႔ အေငြ႔ေတာင္ပ်ံခ်င္
သလို ျဖစ္လာတာ ။ နမ္းၿပီးတာနဲ႔ အမ်ိဳးသမီးက
အခန္းအျပင္ထြက္သြားေတာ့မွ သက္ျပင္းခ်လိုက္
ရင္း -----

" ကြၽန္ေတာ္ စာရင္းစာအုပ္ေတြ .... လာယူတာပါသူေဌး "

" OKay ....  ခဏေစာင့္ဦး "

ေျပာၿပီးအခန္းထဲဝင္သြားတဲ့အထိ လႊမ္း မတ္တပ္
ရပ္ေနမိတုန္း ။ သူေဌးျပန္ထြက္လာေတာ့ သူ႔လက္
ထဲမွာ စာရင္းစာအုပ္ေတြနဲ႔ ။ လႊမ္း ကိုစာအုပ္ေတြ လွမ္းေပးရင္း -----

" ဘယ္လို႔ျဖစ္လို႔ မထိုင္တာလဲ "

" ကြၽန္ေတာ္အခုျပန္ေတာ့မွာ မို႔လို႔ပါ "

" ေနပါဦး .... ငါ့အခန္းက မင္းအတြက္ေၾကာက္စရာေတြေကာင္းေနလို္႔ .... ထိုင္ေတာင္မထိုင္ရဲတာလား "

" မဟုတ္ပါဘူး သူေဌး .... ကြၽန္ေတာ့္ကိုျပန္ခြင့္ျပဳပါဦး "

" ခနေနဦး "

ေျပာလဲေျပာ သူေဌးက လႊမ္း လက္ကိုလွမ္းဆြဲ
လိုက္တာမို႔ မသိစိတ္က သတိေပးမႈေၾကာင့္ ဆက္
ခနဲ ခါထုတ္လိုက္မိတယ္ ။

" ႐ွင္လႊမ္းေနခ! !!  မင္းငါ့ကို ဘယ္လိုေတြဆက္
ဆံေနတာလဲ ..... ငါ့ထိတာေတာင္ မခံခ်င္ရေအာင္
.....  ငါကရြံစရာေကာင္းေနလို္လား "

" ေတာင္းပန္ပါတယ္သူေဌး .... အမွတ္တမဲ့မို႔ ကြၽန္ေတာ္ လန္႔သြားလို႔ပါ ..... ဒါေပမဲ့ တစ္ခုေလာက္ေျပာခ်င္လို႔ .... ရမလားမသိဘူး "

" ေျပာၾကည့္ေလ "

" ေစာေစာ အျပဳအမူမ်ိဳး .... ဝန္ထမ္းေတြေ႐ွ႕မွာေတာ့ ေ႐ွာင္သင့္တယ္ထင္ပါတယ္ ..... သူေဌးတစ္ေယာက္ထဲ ႐ွိတဲ့အခ်ိန္ဆိုရင္ေတာ့ .... အေၾကာင္းမဟုတ္ေပမဲ့ "

လႊမ္း စကားမဆံုးေသးခင္ပဲ သူေဌးက လက္ကာျပ
လာရင္း ----

" ေနပါဦး ..... ငါ့အခန္းထဲမွာ ငါေနခ်င္သလိုေနမွာေပါ့ .... ဘယ္သူ႔ခြင့္ျပဳခ်က္ယူရဦးမွာလဲ ....  ေယာက်္ားတစ္ေယာက္နဲ႔ မိန္းမတစ္ေယာက္နမ္းတာ
..... အရမ္းထူးဆန္းတာပါလို႔လား ..... နမ္းတာေလာက္ကို ႐ွက္ေနရေအာင္ ..... မင္းက တစ္ခါမွ
မနမ္းဘူးတဲ့သူလား ..... မင္းလည္းအရြယ္ေရာက္ၿပီးသား ေယာက်္ားတစ္ေယာက္ပဲ ..... အနည္းဆံုးေတာ့ .... မင္းရည္းစားဦးနဲ႔ အတူတူေနခဲ့ဖူးေလာက္ေရာေပါ့ .... လံုးဝမေနဖူးဘူး နမ္းေတာင္မနမ္းဖူးပါဘူး
ဆိုရင္ .... အဲအေတြ႔အၾကံဳအတြက္ ငါကူညီေပးရမ
လား .... ငါက အဲဒီလိုေနရာေတြအတြက္ ဆရာအဆင့္ပဲ.... မင္းစိတ္ေၾကနပ္မွာပါ "

" သူေဌး !!!!ခင္ဗ်ား ဗ်ာ .... ခင္ဗ်ား....  ေတာ္ၿပီမ
ေျပာေတာ့ဘူး .... ခင္ဗ်ားေနခ်င္သလိုသာ ေနေပေတာ့ ..... လူတိုင္းကိုေတာ့ ခင္ဗ်ားစိတ္ ခင္ဗ်ားအ
က်င့္နဲ႔ .... လိုက္ႏိႈင္းမေနနဲ႔ "

လႊမ္း ေျပာၿပီးၿပီးခ်င္းလွည့္ထြက္ခဲ့ေပမဲ့ ႐ုတ္တရက္
လက္တဖက္ကို ေစာင့္ဆြဲတာခံလိုက္ရၿပီး သူေဌးရဲ႕
သိုင္းဖက္ျခင္းကို ခံလိုက္ရတယ္ ။ မထင္မွတ္ထားတဲ့အေျခအေနမို႔ လႊမ္း ေၾကာင္ၿပီး ေမာ့ၾကည့္လိုက္တယ္ဆိုရင္ပဲ လႊမ္း ရဲ႕ ႏႈတ္ခမ္းေတြကို ဆြဲယူ
နမ္း႐ႈိက္လိုက္တာခံလိုက္ရတာ ။

လႊမ္း အတင္း႐ုန္းေပမဲ့ လႊတ္မေပးတဲ့အျပင္ ေခါင္း
ကိုပါ သူလက္ေတြနဲ႔ ထိန္းထားၿပီး ႏႈတ္ခမ္းေတြကို
အေပၚေအာက္တလွည့္ စုပ္ယူနမ္း႐ႈိက္လို႔ ။

အခ်ိန္ေတြ ဘယ္ေလာက္ၾကာလည္းမသိေပမယ့္
လႊမ္းကေတာ့ ႐ုန္းထြက္မရေလ သူ႔ရင္ဘက္ကို
ေဒါသနဲ႔ ထု႐ိုက္မိေလ ။ ႏႈတ္ခမ္းသားေတြလည္း နာက်င္လာၿပီေလ ။ သူနမ္းတာကို ရပ္လိုက္တဲ့
အခါ ဘာစကားမွမေျပာႏိုင္ေသးပဲ အသက္ကို
သာ အတင္းလု႐ွဴေနရတာ -----

" ေတာင္းပန္ပါတယ္ လႊမ္း ....  မင္းက အရမ္းခ်စ္
စရာေကာင္းေနလို႔ .... ငါ စိတ္မထိန္းႏိုင္ျဖစ္သြားတယ္ ..... ေနာက္တစ္ခါဆို မင္းကို ငါ့အခန္းကိုေခၚတဲ့အခါ .... ဘယ္သူမွမ႐ွိတဲ့အခ်ိန္ ေခၚပါ့မယ္ .... မင္းစကားကို နားေထာင္ေသာအားျဖင့္ေပါ့ "

ေျပာလည္းေျပာ လႊမ္း ႏႈတ္ခမ္းေတြဆီ သူ႔လက္မနဲ႔
အသာပြတ္ဆြဲလာတာမို႔ လက္ကို႐ိုက္ထုတ္လိုက္ၿပီး
အခန္းအျပင္ကိုသာ ေျပးထြက္ခဲ့မိပါေတာ့တယ္ ။  ႐ွက္လြန္းလို႔ ဘာစကားမွလည္း ျပန္ေျပာႏိုင္စိတ္
မ႐ွ္ိေတာ့ပါဘူး ။ ခဏေလာက္ပျဲဖစ္ျဖစ္ အေငြ႔အျဖစ္ေပ်ာက္ကြယ္သြားပါရေစေတာ့ ။

အခန္းထဲမွာက်န္ခဲ့တဲ့ မာန္ ကေတာ့ သေဘာက်
သလိုျပံဳးေနရင္း

" မဆိုးပါဘူး ႐ွင္လႊမ္းေနခ ေရ ..... မင္းႏႈတ္ခမ္းေလးက .....ႏူးညံံ့ၿပီး ခ်ိဳေနေရာပဲ ...... ငါတကယ္သေဘာက်ပါတယ္ "

             #Phoenix

Waiting for Part - 5
Thank you.

5.9.2021
A.M - 7:55

<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>

Part -4

                   မာန၏ အခြားတစ်ဖက်

                      ✨✨✨✨✨✨

လွှမ်း တစ်ယောက် ညနေကျောင်းကနေ အတန်းပြီးတာနဲ့အလုပ်ကို တန်းလာလိုက်တယ် ။ ဘယ်လိုပဲ
ဖြစ်ဖြစ် ကိုယ်က စာချုပ် ချုပ်ထားမိပြီမို့ တစ်နှစ်တော့ အဆင်ပြေအောင် လုပ်ရမှာပဲ ။ အစထဲက ဒီလူကို ကြည့်မရပါဘူးဆိုနေမှ တိုက်တိုက်ဆိုင်ဆိုင် သူက ကိုယ့်အလုပ်ရှင်လာဖြစ်နေသေးတယ် ။
ကောင်းလိုက်တဲ့ ကုသိုလ်ကံလေး ။

မြင်ရတဲ့ပုံက အချိုးမပြေရတဲ့ကြားထဲ လက်ရဲဇာတ်
ရဲကလည်း နိုင်သေးတာ ။ ဒီလိုပုံစံနဲ့လူက ဆိုင်ပိုင်
ရှင်သူဌေးဆိုပဲ ။ မိဘပိုက်ဆံရှိလို့ ထင်ရာစိုင်းနေ
တဲ့ ရေပေါ်ဆီ သူဌေးအမည်ခံနေမှာပေါ့ ။

အစထဲက အမြင်မကြည်တဲ့သူမို့ လွှမ်း ကတော့
မကောင်းတဲ့ဘက်ကနေပဲ အားရပါးရတွေးလိုက်
တယ် ။ တွေးရင်းနဲ့ ဆိုင်ထဲရောက်တယ်ဆိုရင်ပဲ uniform လဲ ပြီး စားပွဲထိုးပေးနေတဲ့အချိန်
အချိန်တွေ တော်တော်ကြာသွားတော့ မန်နေဂျာ
အကိုက -----

" ရှင်လွှမ်း ရေ .... သူဌေးက သူ့အခန်းထဲလာခဲ့ပါတဲ့ ..... လုပ်လက်စအလုပ်တွေရှိရင်လည်း ထားခဲ့လိုက်လေ"

" ဟုတ်ကဲ့ပါ အကို ....ကျွန်တော်သွားလိုက်ပါ့မယ် "

ရုံးခန်းတံခါးကို ဖွင့်ဝင်လိုက်တယ်ဆိုရင်ပဲ အထဲမှာ အရှေ့က အလုပ်စားပွဲပေါ် ခြေထောက်နှစ်ချောင်း
စလုံးတင်ပြီး ထိုင်နေတဲ့ သူဌေးအရိုင်းကောင်ကိုတွေ့လိုက်ရတယ် ။ ဘယ်အချိန် ဘယ်နေရာကနေ
ကြည့်ကြည့် တစက်မှကိုအချိုးမပြေတဲ့ သူဌေးပါလားနော် ။ သတိထားပြီး မျက်နှာကို အတက်နိုင်
ဆုံး ပုံမှန်အတိုင်းဖြစ်အောင် ပြင်ဆင်လိုက်ရင်း -----

" သူဌေး !!!! ကျွန်တော့်ကို ခေါ်တယ်ဆိုလို့ပါ "

" ဟုတ်တယ် !!! ဝင်လာခဲ့လေ "

လွှမ်း သူ့စားပွဲနား ရောက်တယ်ဆိုရင်ပဲ ----

" ကိုယ် မင်းကိုပြောခဲ့တယ်နော် ...ကိုယ်မနိုင်တဲ့ စာရင်းတွေကို ..... မင်းဝိုင်းပြီးကူလုပ်ပေးရမယ်လို့ "

" ဟုတ်ကဲ့!!!  ပြောခဲ့ပါတယ် သူဌေး "

" နောက်ရက်တွေကျရင် .... အလုပ်ကို ရောက်တာနဲ့ .... ရုံးခန်းထဲကိုအရင်လာပါ .... ဒီမှာစာရင်းလုပ်
စရာမရှိမှ အပြင်ကိုသွားကူပေါ့ .... ခုလောလော
ဆယ်တော့ .... ဒီဆိုင်ရဲ့စာရင်းတစ်ခုပဲ အရင်လုပ်ရမှာပါ .... နောင်လုပ်ငန်းကျွမ်းကျင်သွားရင် .... ကိုယ်
ရဲ့ အခြားလုပ်ငန်းက စာရင်းလေးတွေပါ ကူပေးရ
မယ် "

" ဟုတ်ကဲ့ပါ သူဌေး "

အောင်မလေး လူကြည့်တော့ လမ်းသရဲပုံစံနဲ့ အရိုင်းအစိုင်းသူဌေးက အလုပ်တွေဘယ်လောက်တောင်
လုပ်နေပါလိမ့်လို့ တွေးမိပေမဲ့ ပြန်ပြောလိုက်ရတာကတော့ ဟုတ်ကဲ့ပါပေါ့ ။ သူက သူဌေး ကိုယ်က အလုပ်သမားလေ ။

" ကဲ !!! ဒါဆို မင်းကို လချုပ်စာရင်း လုပ်တာတွေပြ
မယ် .... အခြားဟာတွေရောပဲ .... အဲမှာထိုင်လိုက်
လေ "

သူဌေး ညွှန်ပြတဲ့ ခုံမှာ လွှမ်း, ဝင်ပြီးထိုင်လိုက်တော့ သူဌေးကလည်း စာရင်းစာအုပ်တထပ်ကြီးနဲ့ အနားကိုရောက်လာပြီး ဝင်ထိုင်လိုက်တယ် ။ ကိုယ်ကတော့ သူရှင်းပြနေတဲ့ စာရင်းတွေကို သေသေချာချာလိုက်မှတ်နေလိုက်ရင်း အလုပ်ကိုပဲအာရုံစိုက်ထားလိုက်တယ်။ တော်ကြာ ကိုယ်လုပ်တာမှားရင် ဒီလောက်တောင်အသုံးမကျဘူးလားလို့ အပြောမခံချင်ဘူးလေ ။ အစထဲက သူဌေးအရိုင်းအစိုင်းက ကိုယ့်ဆို ပြောချင်ဆိုချင်နေတာ ။

<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>

ကိုယ်သင်ပေးသမျှကို စိတ်ပါလက်ပါ လိုက်မှတ်ရင်း ဂရုတစိုက်နဲ့ စာရင်းတွေလုပ်နေတဲ့ ကောင်လေးကို
မာန်  ငေးကြည့်နေမိတယ် ။ တက္ကသိုလ်ပထမနှစ်
ဆိုတော့ ကိုယ်ထက်တောင် အများကြီးငယ်ဦးမှာ
ပေါ့ ။ လူလေးကလည်း တကယ်ကို သေးသေး
ပါးပါးလေးပါ ။

ကိုယ်နဲ့စကားများတိုင်း ဘယ်တော့မှအလျှော့မပေးတက်တဲ့ ကောင်လေးက အခြားသူတွေနဲ့ဆို ချစ်စ
ဖွယ်ကောင်းအောင် အမြဲပြုံးနေတာကို တွေ့နေရ
တယ် ။

အခုလိုအနီးကပ်ကြည့်တော့မှ လှလိုက်တဲ့ အသားအရေလေး ။ မိန်းကလေးတွေမှာတောင် မြင်ရဖို့မလွယ်တဲ့ အသားအရေမျိုး ။ စိမ်းညှို့နေတဲ့ မျက်ခုံးထူထူလေးအောက်မှာ မျက်တောင် အရှည်ကြီးတွေက ကော့တက်နေပြီး မျက်ဝန်းလေးတွေကလည်း
ဝိုင်စက်ကြည်လင်နေတာ ။ ထူးထူးဆန်းဆန်း မျက်
ဆန်လေးတွေက အညိုရောင်သန်းလို့ ။ နောက်ပြီး
နှာတန်းလေးကလည်း ဖြောင်းစင်းနေလေရော ။
အလှဆုံးကတော့ ယောကျ်ားလေးတွေမှာ မြင်ရ
ခဲတဲ့ ထူထူပြည့်ပြည့်နှုတ်ခမ်းလေးပါပဲ ။ မိန်းကလေး
တွေလို နှုတ်ခမ်းဆိုးဆေးတွေ ဆိုးစရာမလိုပါပဲ နီရဲ
အိထွေးနေတော့တာ ။

စကားပြောလိုက်တိုင်းပေါ်လာတက်တဲ့ သွားစွယ်
လေးနဲ့ ရီလိုက်တိုင်းပေါ်လာတဲ့ ပါးချိုင့်ခွက်ခွက်လေးကတော့ ဘုရားက သူ့အလှအတွက် အပိုဖန်ဆင်းပေးခဲ့တဲ့ လက်ဆောင်တွေထင်ပါရဲ့ ။ အားလုံး
ပေါင်းလိုက်ရင် ဒီကောင်လေးဟာ ချောလိုက်တာ ဆိုတာထက်ကို ပိုပြီးပြည့်စုံတဲ့ ကောင်ငယ်လေး
ပေါ့ ။

မာန် တစ်ယောက် ကောင်လေးရဲ့ မျက်နှာလေးကို
ကြည့်နေရင်း အမှတ်တမဲ့ သူ့စာရင်းလုပ်နေတဲ့
အချိန် တစ်ယောက်ထဲ စာရင်းတွေကို အသံထွက်
ပြီးဖတ်နေတာကြောင့် ရီမိလိုက်ပါတယ် ။

ကိုယ့်ရီသံကြောင့် လွှမ်း က ဘာဖြစ်နေတာလဲ ဆို
တဲ့ပုံစံနဲ့ကြည့်လိုက်တာကြောင့် -----

" ငါ မင်း စာရင်းလုပ်နေတာကို သဘောကျလို့ ရီလိုက်မိတာပါ ..... မင်း စားရင်းတွေကို အသံထွက်အောင် ဖတ်နေရအောင် ကလေးလေးလား .... နှုတ်
ခမ်းဆိုတာ ချွန်နေရောပဲ "

ကိုယ်ပြောလိုက်တဲ့စကားကြောင့် စိတ်ရှုပ်သွားသလို မျက်မှောင်ကြုတ်ပြီး ကြည့်နေတဲ့ကောင်လေးက -----

" ဘယ်လိုပဲလုပ်လုပ် ..... သူဌေး စာရင်းတွေပြီးမှန်
ဖို့က အဓိကမို့လား "

" ဟုတ်ပါတယ် .... ဒါပေမယ့် ငါက မင်းပုံစံလေးကို
ရီချင်လို့ပါ .... ကလေးပိစိလေးကျနေတာပဲ ....တစ်
မျိုးမထင်ပါနဲ့ .... မင်း နှုတ်ခမ်းလေးတွေက အသဲယားပြီး ချစ်စရာကောင်းလွန်းလို့ ....စလိုက်မိတာ
.... မင်းနှုတ်ခမ်းလေးတွေက သူများနှုတ်ခမ်း တွေနဲ့မှ မတူတာ "

" ဒါကတော့ သူဌေးက ကျွန့်တော့်ကို အခြားလူ
တွေကို မြင်ပေးသလို မမြင်ပေးနိုင်လို့ နေမှာပေါ့ "

ပြောပြီးတာနဲ့ သူ့အလုပ်ကိုဆက်လုပ်နေတဲ့ ကောင်
လေးကို မာန် ပြုံးပြီးပဲ ကြည့်နေမိတော့တယ် ။ သူအနှောက်အယှက်ဖြစ်မှာစိုးတာနဲ့ပဲ ကိုယ့်အလုပ်စားပွဲမှာ သွားထိုင်နေလိုက်တဲ့အချိန် ကောင်လေးရဲ့
ဖုန်းမြည်သံကြောင့် မသိမသာနားစွန့်မိတော့ ----

" Hello !!! အကို.... ကျွန်တော်အလုပ်ပြီးတော့မယ်
.... အကို လာကြို ဖို့လား "

" ------------------- "

" အဲဒါဆို ဆိုင်ပြင်မှာပဲ စောင့်နေနော် "

" -------------------- "

" အကို စားချင်တဲ့ ဆိုင်ကိုပဲ ရွေးထားပါ .... ကျွန်
တော်က အကို နဲ့ ဆို ဘယ်ဆိုင်မှာပဲစားရစားရပါ
.... ဒါဆို နောက်နာရီဝက်လောက်ကျရင် တွေ့မယ်
နော်"

ပြောပြီးဖုန်းချသွားတဲ့ ကောင်လေးကိုကြည့်ရင်း
မာန် ပြုံးလိုက်မိတယ် ။ ကိုယ့်ကိုဆို အမြဲတစ်ခွန်း
မကျန်ပြန်ပြီးရန်လိုနေတဲ့ ကောင်လေးက အခြားသူနဲ့ ကျတော့ အသံကအစ ချိုသာနေပါရောလား ။ တွေ့ကျသေးတာပေါ့  ရှင်လွှမ်းနေခ ရယ် ။

" သူဌေး !!! ကျွန်တော် စာရင်းတွေပြီးပါပြီ.... ပြန်
လို့ရပြီလား မသိဘူး "

" မရသေးဘူး .... မင်းလုပ်ထားတဲ့ စာရင်းတွေကို....
ငါစစ်ရဦးမယ် ... စာရင်းတွေဒီမှာတင်ထားပြီး ....
မင်းထိုင်စောင့်နေဦး "

ကြားလိုက်ရတဲ့ စကားကြောင့် လွှမ်း စိတ်တော်တော်ညစ်သွားပါပြီ ။ ခုလောက်ဆို ဆိုင်ရှေ့မှာ
အကို ကရောက်နေလောက်ပြီ ။ ဒီသူဌေးက ဘယ်တော့မှ ပြန်လွှတ်မယ်မသိ။ စိတ်ညစ်ညစ်နဲ့ပဲ ထိုင်နေမိတော့တယ် ။

နာရီတွေ တရွေ့ရွေ့ကုန်ဆုံးသွားပြီး ဆိုင်ကအလုပ်
သမားတွေတောင် ပြန်ကုန်လို့ တစ်ဆိုင်လုံးကိုယ်နဲ့ သူဌေး နှစ်ယောက်ထဲ ရှိတော့တာ ။ ဒီလောက်
စာရင်းလေးကို အချိန်အကြာကြီးစစ်နေတာ ပုံစံ
မကျပေမဲ့ သွားပြောရအောင်လည်း သူကသူဌေး ။

စောင့်နေရတဲ့ အကို လည်း ခုလောက်ဆို ဗိုက်ဆာလို့ ပြန်သွားလောက်ရောပေါ့ ။ တွေးနေရင်း ဗိုက်ထဲကလည်းတော်တော်ဆာလာတာမို့ လွှမ်း တစ်ယောက်စိတ်ပျက်လက်ပျက်ပဲ ထိုင်နေမိတော့တယ် ။

"  ပြန်မယ်ဆို ပြန်လို့ရပါပြီ "

သူဌေးဆီက စကားသံထွက်လာတယ်ဆိုရင်ပဲ
လွှမ်း မြန်မြန်ထလိုက်ပြီး ----

" ဟုတ်ကဲ့!!! ကျေးဇူးတင်ပါတယ်သူဌေး ...  ခွင့်ပြုပါဦး "

ပြောလည်းပြော ဆိုင်အပြင်ကို အမြန်ပြေးထွက်ခဲ့ပါတယ် ။ ဆိုင်ပြင်ရောက်တယ်ဆိုရင်ပဲ အကို ကို ကားဘေးမှာရပ်နေတာ တွေ့လိုက်ရတာမို့ လွှမ်း
အနားကို မြန်မြန်လျှောက်သွားလိုက်ရင်း ----

" အကို !!! ခုထိမပြန်သေးဘူးလား .... ကျွန်တော်
တောင်းပန်ပါတယ်နော် .... အလုပ်က မပြီးဖြစ်သွားလို့်ပါ ..... အကို တော့ ဗိုက်ဆာလို့ ပြန်သွားပြီတောင်မှတ်နေတာ "

" မပြန်ပါဘူး လွှမ်းလေး ရယ်.... အကို ကစောင့်မယ်လို့ပြောထားတာပဲဟာ .... သေချာပေါက်စောင့်နေရမှာပေါ့ .... အခုတော့ ဆိုင်သွားဖို့်လည်း အဆင်
မပြေလောက်တော့ဘူး .... အိမ်ပဲ ပြန်ကျရအောင် "

" အိမ်ရောက်ရင် ကျွန်တော် အကို့ ကို.... ခေါက်ဆွဲ
ပြုတ်ကျွေးမယ်နော် "

" လွှမ်းလေး က ... ခေါက်ဆွဲရော ပြုတ်တက်လို့
လား "

" အိမ်ရောက်မှပဲ စားကြည့်ပေါ့ .... ခုတော့မပြော
ပြနိုင်ပါဘူး "

" ဟုတ်ပါပြီဗျာ!!!! ဟုတ်ပါပြီ! !! ကဲကားပေါ်တက်
သွားကြမယ် "

မောင်းထွက်သွားတဲ့ ကားကိုတော့ ဆိုင်ထဲက မှန်ပြတင်းပေါက်ကနေတဆင့် မာန် တစ်ယောက်ရပ်ကြည့်နေတာကိုတော့ ဘယ်သူမှ မသိလိုက်ပါဘူး ။

" မင်းခုအချိန်လေး ပျော်ထားလိုက်ဦး ရှင်လွှမ်းနေခ
..... ဘယ်လောက်ပျော်နိုင်မလဲ .... စောင့်ကြည့်ကြရအောင် "

                    ✨✨✨✨✨✨

လွှမ်း တစ်ယောက် အိမ်ပြန်ရောက်တော့ ရေအမြန်ချိုး ခေါက်ဆွြဲပုတ်ပြီး အကို နဲ့အတူတူ စားကြတဲ့အချိန် -----

" လွှမ်းလေး က တကယ်တော်တာပဲ ... ခေါက်ဆွဲပြုတ်တာအရမ်းစားကောင်းတယ်....  နောင်ကျရင်
ခေါက်ဆွဲဆိုင်ဖွင့်ပါလား .... အကို နေ့တိုင်းလာစားမယ် "

" စားကောင်းတယ်ဆိုလို့ ဝမ်းသာပါတယ် အကို ရယ် .... ဒါပေမယ့် အရမ်းမမြှောက်ပါနဲ့ .... ကျွန်
တော်ကဒီတစ်ခါပဲ ပြုတ်ကျွေးမှာ "

လွှမ်း စကားကြောင့် အကို က ရီလိုက်ရင်း ----

" မမြှောက်ပါဘူး လွှမ်းလေး ရယ် ... တကယ်ကောင်းလို့ကောင်းတယ်ပြောတာပါ ... နောက်တစ်ခါဆို
လွှမ်းလေး ကို မပြုတ်ခိုင်းတော့ပါဘူး .... အကိုက ချက်ကျွေးမယ် .... ဟုတ်ပြီလား "

" အကို တကယ်ပြောတာနော် "

" တကယ်ပြောတာပါဗျာ .... ကဲ !!! စားတော့ "

ဘာပဲပြောပြော အကို နဲ့ ခုလိုလေးနေရရင် လွှမ်း
စိတ်ထဲ အေးချမ်းတယ်လိုခံစားရတယ် ။ အကို့ မှာ
လူတစ်ဖက်သားကို အေးချမ်းစေတဲ့ အကြည်ဓာတ်လေးရှိတယ်ထင်ပါရဲ့ ။ Good Night လို့ နှုတ်ဆက်ပြီး အိပ်ရာဝင်ခဲ့ရတဲ့ ဒီလိုညတိုင်းဟာ လွှမ်း
အတွက်တော့ ရက်ရာဇာဖြစ်နေမှာပါ ။

                    ✨✨✨✨✨✨

ဒီနေ့တော့ ကျောင်းကနေ့တဝက်ပဲ အတန်းချိန်ရှိတာနဲ့ အလုပ်ကို စောစောလာလိုက်တယ်။ အလုပ်ကိုရောက်တာနဲ့ အလုပ်ထဲက မန်နေဂျာအကိုက
----

" ရှင်လွှမ်း ရေ !!! ဒီနေ့သူဌေးက အလုပ်ကိုမလာအားလို့ ... သူအိမ်မှာ စာရင်းတွေလာယူပါတဲ့ .....
သူ့ဆီကိုဖုန်းဆက်ပြီး .... အိမ်လိပ်စာမေးလိုက်
နော် "

" ဟုတ်ကဲ့ !!! ဟုတ်ကဲ့ .... ကျွန်တော်မေးလိုက်မယ်
နော် "

မေးလိုက်မယ်ပြောလိုက်ပေမယ့် အရင်ဆုံး စာရင်း
စာအုပ်တွေယူဖို့ တက္ကစီငှါးကာ သူဌေးအိမ်ကို
သွားဖို့ပြင်ရတယ် ။ လမ်းကိုရောက်မှ အိမ်
လိမ်စာကို လှမ်းမေးတော့ နာမည်ကြီးကွန်ဒိုတစ်ခု
ဖြစ်နေလို့ ရှာရလွယ်သွားတယ် ။

သူဌေးအခန်းရှေ့ရောက်တာနဲ့ ရောက်နေပြီဆိုတဲ့အကြောင်းဖုန်းထက်ဆက်လိုက်တော့ တံခါးလာ
ဖွင့်ပေးတာကအမျိုးသမီးတယောက် ။ အဝတ်အ
စားကလည်း မလုံမခြုံဖြစ်နေတာနဲ့ အခန်းများမှားလာတာလားဆိုတဲ့ စိတ်နဲ့ မဝင်ရဲပဲ ရပ်နေမိတုန်း
------

" မင်း အဲအခန်းဝမှာပဲ ရပ်နေမှာလား ...... အထဲ
ဝင်လေ "

အသံကြားလို့ အထဲကိုလှမ်းကြည့်မိတော့ သူဌေး
က ခါးမှာ တပတ်တထည်ကိုပတ်ထားပြီး
အပေါ်ပိုင်းက ဘာအဝတ်အစားမှမရှိဘူး ။ လွှမ်း
ခေါင်းကိုငုံပြီး အခန်းထဲဝင်လိုက်တယ်ဆိုရင်ပဲ ခုနက တံခါး လာဖွင့်ပေးတဲ့ အမျိုးသမီးက သူဌေးကို သွားနမ်းနေ ပြန်တယ် ။

လွှမ်း ကိုရှေ့ထားပြီး နမ်းနေတာ သူတို့ကဘာမှမဖြစ်ပေမဲ့ ကိုယ် က ရှက်လွန်းလို့ အငွေ့တောင်ပျံချင်
သလို ဖြစ်လာတာ ။ နမ်းပြီးတာနဲ့ အမျိုးသမီးက
အခန်းအပြင်ထွက်သွားတော့မှ သက်ပြင်းချလိုက်
ရင်း -----

" ကျွန်တော် စာရင်းစာအုပ်တွေ .... လာယူတာပါသူဌေး "

" OKay ....  ခဏစောင့်ဦး "

ပြောပြီးအခန်းထဲဝင်သွားတဲ့အထိ လွှမ်း မတ်တပ်
ရပ်နေမိတုန်း ။ သူဌေးပြန်ထွက်လာတော့ သူ့လက်
ထဲမှာ စာရင်းစာအုပ်တွေနဲ့ ။ လွှမ်း ကိုစာအုပ်တွေ လှမ်းပေးရင်း -----

" ဘယ်လို့ဖြစ်လို့ မထိုင်တာလဲ "

" ကျွန်တော်အခုပြန်တော့မှာ မို့လို့ပါ "

" နေပါဦး .... ငါ့အခန်းက မင်းအတွက်ကြောက်စရာတွေကောင်းနေလို့် .... ထိုင်တောင်မထိုင်ရဲတာလား "

" မဟုတ်ပါဘူး သူဌေး .... ကျွန်တော့်ကိုပြန်ခွင့်ပြုပါဦး "

" ခနနေဦး "

ပြောလဲပြော သူဌေးက လွှမ်း လက်ကိုလှမ်းဆွဲ
လိုက်တာမို့ မသိစိတ်က သတိပေးမှုကြောင့် ဆက်
ခနဲ ခါထုတ်လိုက်မိတယ် ။

" ရှင်လွှမ်းနေခ! !!  မင်းငါ့ကို ဘယ်လိုတွေဆက်
ဆံနေတာလဲ ..... ငါ့ထိတာတောင် မခံချင်ရအောင်
.....  ငါကရွံစရာကောင်းနေလိုလား "

" တောင်းပန်ပါတယ်သူဌေး .... အမှတ်တမဲ့မို့ ကျွန်တော် လန့်သွားလို့ပါ ..... ဒါပေမဲ့ တစ်ခုလောက်ပြောချင်လို့ .... ရမလားမသိဘူး "

" ပြောကြည့်လေ "

" စောစော အပြုအမူမျိုး .... ဝန်ထမ်းတွေရှေ့မှာတော့ ရှောင်သင့်တယ်ထင်ပါတယ် ..... သူဌေးတစ်ယောက်ထဲ ရှိတဲ့အချိန်ဆိုရင်တော့ .... အကြောင်းမဟုတ်ပေမဲ့ "

လွှမ်း စကားမဆုံးသေးခင်ပဲ သူဌေးက လက်ကာပြ
လာရင်း ----

" နေပါဦး ..... ငါ့အခန်းထဲမှာ ငါနေချင်သလိုနေမှာပေါ့ .... ဘယ်သူ့ခွင့်ပြုချက်ယူရဦးမှာလဲ ....  ယောကျ်ားတစ်ယောက်နဲ့ မိန်းမတစ်ယောက်နမ်းတာ
..... အရမ်းထူးဆန်းတာပါလို့လား ..... နမ်းတာလောက်ကို ရှက်နေရအောင် ..... မင်းက တစ်ခါမှ
မနမ်းဘူးတဲ့သူလား ..... မင်းလည်းအရွယ်ရောက်ပြီးသား ယောကျ်ားတစ်ယောက်ပဲ ..... အနည်းဆုံးတော့ .... မင်းရည်းစားဦးနဲ့ အတူတူနေခဲ့ဖူးလောက်ရောပေါ့ .... လုံးဝမနေဖူးဘူး နမ်းတောင်မနမ်းဖူးပါဘူး
ဆိုရင် .... အဲအတွေ့အကြုံအတွက် ငါကူညီပေးရမ
လား .... ငါက အဲဒီလိုနေရာတွေအတွက် ဆရာအဆင့်ပဲ.... မင်းစိတ်ကြေနပ်မှာပါ "

" သူဌေး !!!!ခင်ဗျား ဗျာ .... ခင်ဗျား....  တော်ပြီမ
ပြောတော့ဘူး .... ခင်ဗျားနေချင်သလိုသာ နေပေတော့ ..... လူတိုင်းကိုတော့ ခင်ဗျားစိတ် ခင်ဗျားအ
ကျင့်နဲ့ .... လိုက်နှိုင်းမနေနဲ့ "

လွှမ်း ပြောပြီးပြီးချင်းလှည့်ထွက်ခဲ့ပေမဲ့ ရုတ်တရက်
လက်တဖက်ကို စောင့်ဆွဲတာခံလိုက်ရပြီး သူဌေးရဲ့
သိုင်းဖက်ခြင်းကို ခံလိုက်ရတယ် ။ မထင်မှတ်ထားတဲ့အခြေအနေမို့ လွှမ်း ကြောင်ပြီး မော့ကြည့်လိုက်တယ်ဆိုရင်ပဲ လွှမ်း ရဲ့ နှုတ်ခမ်းတွေကို ဆွဲယူ
နမ်းရှိုက်လိုက်တာခံလိုက်ရတာ ။

လွှမ်း အတင်းရုန်းပေမဲ့ လွှတ်မပေးတဲ့အပြင် ခေါင်း
ကိုပါ သူလက်တွေနဲ့ ထိန်းထားပြီး နှုတ်ခမ်းတွေကို
အပေါ်အောက်တလှည့် စုပ်ယူနမ်းရှိုက်လို့ ။

အချိန်တွေ ဘယ်လောက်ကြာလည်းမသိပေမယ့်
လွှမ်းကတော့ ရုန်းထွက်မရလေ သူ့ရင်ဘက်ကို
ဒေါသနဲ့ ထုရိုက်မိလေ ။ နှုတ်ခမ်းသားတွေလည်း နာကျင်လာပြီလေ ။ သူနမ်းတာကို ရပ်လိုက်တဲ့
အခါ ဘာစကားမှမပြောနိုင်သေးပဲ အသက်ကို
သာ အတင်းလုရှူနေရတာ -----

" တောင်းပန်ပါတယ် လွှမ်း ....  မင်းက အရမ်းချစ်
စရာကောင်းနေလို့ .... ငါ စိတ်မထိန်းနိုင်ဖြစ်သွားတယ် ..... နောက်တစ်ခါဆို မင်းကို ငါ့အခန်းကိုခေါ်တဲ့အခါ .... ဘယ်သူမှမရှိတဲ့အချိန် ခေါ်ပါ့မယ် .... မင်းစကားကို နားထောင်သောအားဖြင့်ပေါ့ "

ပြောလည်းပြော လွှမ်း နှုတ်ခမ်းတွေဆီ သူ့လက်မနဲ့
အသာပွတ်ဆွဲလာတာမို့ လက်ကိုရိုက်ထုတ်လိုက်ပြီး
အခန်းအပြင်ကိုသာ ပြေးထွက်ခဲ့မိပါတော့တယ် ။  ရှက်လွန်းလို့ ဘာစကားမှလည်း ပြန်ပြောနိုင်စိတ်
မရှိတော့ပါဘူး ။ ခဏလောက်ပြဲဖစ်ဖြစ် အငွေ့အဖြစ်ပျောက်ကွယ်သွားပါရစေတော့ ။

အခန်းထဲမှာကျန်ခဲ့တဲ့ မာန် ကတော့ သဘောကျ
သလိုပြုံးနေရင်း

" မဆိုးပါဘူး ရှင်လွှမ်းနေခ ရေ ..... မင်းနှုတ်ခမ်းလေးက .....နူးညံံ့ပြီး ချိုနေရောပဲ ...... ငါတကယ်သဘောကျပါတယ် "

             #Phoenix

Waiting for Part - 5
Thank you.

5.9.2021
A.M - 7:55

Continue Reading

You'll Also Like

668K 23.2K 38
🚨🔞 warning fic 🔞🚨 မည်သူ တဦးတယောက်ကိုမှ ထိခိုက်လိုစိတ်မရှိတာကြောင့် မကြိုက်ရင် မဖတ်ပါနဲ့လို့ပြောချင်ပါတယ် ရှင့်
271K 56.2K 76
නිරූ .....සදාකාලික ආදරයක් තියන හාදුවකින් පුලුවන්ලු.....මැරුනත් ආපහු පන පොවන්න.....!!
537K 31.8K 64
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
46.3K 12.4K 45
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥