ငါတို့တစ်မိသားစုလုံးက ဗီလိန်...

By Kay_Wine

1.3M 202K 6.4K

Title - My Whole Family Are Villain (我们一家都是反派) Author - 咸鱼老人 Total Chapter - 100 Chapters + 2 extras Genre... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17.1
Chapter 17.2
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46.1
Chapter 46.2
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Extra - 1
Extra - 2

Chapter 88

11K 1.9K 163
By Kay_Wine


MWFV Ch 88

Identity Revealed

Zawgyi Version

Spotlight ေအာက္ဝယ္ လူသုံးေယာက္က ဧရာမ 'Q&V' team logo ေအာက္ရွိ စင္ျမင့္ထက္ဆီသို႔ အံကိုက္ထြက္လာခဲ့ၾကတယ္။

ရႈရွီေဝက အရင္ဆုံးထြက္လာတဲ့သူျဖစ္တယ္။

"အရမ္းေခ်ာတာပဲ!" တစ္စုံတစ္ေယာက္က က်ယ္ေလာင္စြာ ေအာ္ဟစ္လိုက္တယ္။

သူ႔ေနာက္တြင္ မိန္းကေလးတစ္ေယာက္ရဲ႕ေသးသြယ္တဲ့ပုံရိပ္တစ္ခု စတင္ေပၚလာခဲ့တယ္။ လူအမ်ားစုက သူတို႔ရဲ႕အသက္ရႈသံေတြကို မသိမသာေလး ထိန္းခ်ဳပ္ထားၾကရင္း ေနာက္ဆုံးမွာ မိန္းကေလးတစ္ေယာက္ spotlight ေအာက္ေရာက္လာမယ့္အခ်ိန္ကို ေစာင့္ဆိုင္းေနၾကတယ္။ လူတိုင္း တခဏမွ် ေၾကာင္အသြားၾကပုံရၿပီး အဲ့ဒီေနာက္မွာေတာ့ ပြဲက်င္းပရာ‌ေနရာတစ္ခုလုံး အံ့အားသင့္တဲ့အသံ‌ေတြ၊ အာေမဋိတ္သံေတြနဲ႔အတူ ေပါက္ကြဲထြက္သြားခဲ့တယ္။

"အဲ-အဲဒါက တကယ္ႀကီး နတ္ဘုရား [Q] တဲ့လား?!"

"ဘုရားေရ! ေသာက္ရမ္းလွတယ္ဟ!" ဒဏၰာရီလာ နတ္ဘုရား [Q] က လုံးဝ ႐ုပ္ဆိုးမေနဘူး။ ဆန႔္က်င္ဘက္အေနနဲ႔ သူမက လူတိုင္းေမွ်ာ္လင့္ထားတာထက္ေတာင္ လွေနေသးတယ္!

--ဒီမင္းသမီးေလးက ေနရာမွားလာတာပဲ ျဖစ္ေကာင္းျဖစ္ႏိုင္လိမ့္မယ္?

လူတစ္ခ်ိဳ႕ ႐ုတ္တရက္ ဒီလိုသံသယေတြဝင္လာခဲ့ၾကတယ္။

"ဘုရားေရ, ဒါက နတ္ဘုရားမတစ္ပါးပဲ!"

"[Q] က႐ုပ္ဆိုးတယ္လို႔ ေျပာရဲေလာက္ေအာင္ ဘယ္ေကာင္က အလုံးေတြကန္းေနတာတုန္းဟ?! အဲ့ဟာေတြက မနာလိုျဖစ္‌ေနတာမို႔လို႔ ကန္းသြားတာပဲျဖစ္ရမယ္"

"Damn, ငါ အဲ့အ႐ူးေလးကို hack ခ်င္လိုက္တာ!"

"[Q] ကတအားငယ္တဲ့ပုံေပါက္ေနတယ္လို႔ ငါဘာလို႔ထင္ေနမိပါလိမ့္?"

"The f*ck? သူက အသက္မျပည့္‌ေသးဘူးလား?"

လူတိုင္းရဲ႕အာ႐ုံက စုေပရဲ႕လွပတဲ့မ်က္ႏွာကေန သူမရဲ႕အသက္ဆီ ႐ုတ္ခ်ည္း ေျပာင္းသြားခဲ့ၾကတယ္။

"အသက္မျပည့္‌ေသးတာေတာင္မွ ဒီေလာက္ဆရာက်ေနၿပီဆိုေတာ့? ဒါႀကီးက ျဖစ္‌ေရာျဖစ္ႏိုင္ပါ့မလား?

"သူ႔မွာ ကေလးမ်က္ႏွာေလးရွိလို႔ျဖစ္လိမ့္မယ္။ ကေလးမ်က္ႏွာနဲ႔ နတ္ဘုရားမေပါ့"

...

အဲ့ဒီေနာက္မွာေတာ့ MC ရဲ႕ေမးခြန္းက အဲ့ဒီသူေတြရဲ႕စိတ္ကူးယဥ္အေတြးေတြကို ႐ိုက္ခ်ိဳးပစ္လိုက္‌ေတာ့တယ္။

"Q ေရ, ၾကည့္ရတာ မင္းက final ပြဲစဥ္ကို စမၿပိဳင္ရေသးတာေတာင္မွ လူတိုင္းရဲ႕ပါးစပ္ဖ်ားမွာ ေရပန္းအစားဆုံးျဖစ္ေနၿပီေနာ့္" MC က ဟာသ‌ေႏွာၿပီး ေျပာဆိုလာခဲ့တယ္။

"လူတိုင္းက Q ရဲ႕ identity နဲ႔ပတ္သတ္ၿပီး အၿမဲသိခ်င္ေနၾကတာဆိုေတာ့ ဂိမ္းမစခင္ ခပ္သြက္သြက္ အင္တာဗ်ဴးတစ္ခုလုပ္ဖို႔ အခ်ိန္နည္းနည္းေလာက္ ယူလိုက္ၾကတာေပါ့" MC က ပထမဦးဆုံးေမးခြန္းကို ေမးလာတယ္။ "မင္းက တကယ့္ Q အစစ္လား?"

စုေပ ေခါင္းညိတ္လိုက္တယ္။ "ဟုတ္ပါတယ္," သူမကၿပဳံးရင္း ႐ႊတ္ေနာက္ေနာက္ဟန္ျဖင့္ "ငါက အတုပုံေပါက္ေနလို႔လား?"

MC : "လက္စြဲနာမည္ [Q] ဆိုတာမွာ သီးသန႔္အဓိပၸါယ္မ်ားရွိလား?"

စုေပ : "ငါ့အေဖရဲ႕မ်ိဳး႐ိုးနာမည္က ခ်င္ ေလ, ဒါနဲ႔တင္ သီးသန႔္ျဖစ္ဖို႔လုံေလာက္ေနၿပီမဟုတ္ဘူးလား?"

MC ကၿပဳံးၿပီး "God v ကေရာ? မင္းရဲ႕လက္စြဲနာမည္ေနာက္မွာ အဓိပၸာယ္တစ္ခုရွိလား?"

ရႈရွီေဝ : "ရွိတာေပါ့, ငါ့ကို အစတည္းက 4v လို႔ ေခၚၾကတာေလ။ ဟုတ္တယ္ေနာ့္, ေဘဘီ Q ေလး?"

အစီအစဥ္မႉး : "ဟားဟား, ၾကည့္ရတာေတာ့ နတ္ဘုရား V နဲ႔ Q တို႔က ႏွစ္ကိုယ္ၾကားမွာေတာင္ ဆက္ဆံေရးေကာင္းၾကတဲ့ပုံပဲ"

"ေသခ်ာတာေပါ့ဗ်ာ!" Daddy ခ်င္ရဲ႕သတ္လိုျဖတ္လိုတဲ့အၾကည့္စူးစူးေအာက္မွာ ရႈရွီေဝက စုေပရဲ႕ေခါင္းကို ခ်စ္ခင္ၾကင္နာစြာ ပုတ္ေပးေနခဲ့တယ္။ ထို႔ေနာက္ သူ ေဝခြဲမရျဖစ္ေနၾကတဲ့ ပြဲၾကည့္ပရိသတ္ေတြကို တစ္ခ်က္ျပန္ၾကည့္ၿပီး အားရေက်နပ္စြာ တိတ္တဆိတ္ ဟားတိုက္ရယ္ေနလိုက္တယ္။

အဲ့ဒီအခ်ိန္မွာပဲ ထုတ္လႊင့္အစီရင္ခံသူက ႐ုတ္တရက္ ၾကားျဖတ္ဝင္လာခဲ့တယ္။ "လူတိုင္း အရမ္းကိုသိခ်င္ေနၾကတဲ့ ေမးခြန္းတစ္ခုေလာက္ ကြၽန္ေတာ့္ကိုေမးခြင့္ျပဳပါ။ ဖိုရမ္ထဲက တစ္စုံတစ္ေယာက္ေျပာတာေတာ့ ကြၽန္ေတာ္တို႔ final ပြဲစဥ္ေတြရဲ႕ ပြဲက်င္းပတဲ့ပုံစံကို Q အတြက္ ေျပာင္းေပးလိုက္ရတာတဲ့, ေနာက္ၿပီး မင္းမွာ အရမ္းကိုၾသဇာႀကီးတဲ့ 'ပံ့ပိုးသူ' တစ္ေယာက္ရွိတယ္တဲ့။ အဲ့တာအမွန္ပဲလား?"

[Moon's Note : ဒီေနရာမွာသုံးထားတဲ့ 'ပံ့ပိုးသူ' ဆိုတာက အေရွ႕က 'ပံ့ပိုးသူ' နဲ႔မတူပါဘူး။ ဒီက 'ပံ့ပိုးသူ' ဆိုတာက အေကာင္ႀကီးႀကီး အျမႇီးရွည္ရွည္ စပြန္ဆာဒယ္ဒီကိုေျပာခ်င္တာပါ။ ေဘဘီ့ရဲ႕ဒယ္ဒီေပါ့]

ထုတ္လႊင့္အစီရင္ခံသူရဲ႕႐ိုင္းျပတဲ့ေမးခြန္းက Mr.ခ်င္၊ စုေရွာင္ေပါင္၊ ရႈရွီေဝနဲ႔ စုေပရဲ႕အျခားသူငယ္ခ်င္းေတြ မ်က္ႏွာကိုပါ မည္းေမွာင္သြားေစ႐ုံသာမက MC ကိုပါ ကသိကေအာက္အေနအထားတစ္ခုဆီ က်ေရာက္သြားေစခဲ့တယ္ : ဒီထုတ္လႊင့္အစီရင္ခံသူက အရင္က [Q] အေၾကာင္း ႐ုတ္႐ုတ္သဲသဲျဖစ္ေအာင္လုပ္ခဲ့တဲ့ ပါဝင္ယွဥ္ၿပိဳင္သူတစ္ေယာက္နဲ႔ အထူးတလည္ ေကာင္းမြန္တဲ့ဆက္ဆံေရးတစ္ခုရွိခဲ့တယ္။ သို႔ေပမဲ့ ဒီအခိုက္အတန႔္မွာ [Q] ကို တမင္သက္သက္ ပစ္မွတ္ထားတိုက္ခိုက္တာႀကီးက ေသခ်ာေပါက္ ပါးနပ္တဲ့လႈပ္ရွားမႈတစ္ခုေတာ့ မဟုတ္ဘူး။

သို႔ေပသိ ေမးခြန္းကိုထုတ္ေမးလိုက္ၿပီဆိုမွေတာ့ သူတို႔ေတြ အေျခအေနကို အဖတ္ဆယ္ဖို႔ပဲ ႀကိဳးစားႏိုင္‌ေတာ့မယ္။ MC က ကိုး႐ိုးကားရားႏိုင္စြာ ရယ္ေမာရင္း ေျပာလာတယ္။ "ဒီေမးခြန္းက မင္းရဲ႕ကိုယ္‌ေရးကိုယ္တာကို ခ်ိဳးေဖာက္ေနတယ္လို႔ထင္ရင္ မင္းေျဖစရာမလိုဘူးေနာ္"

"အဆင္ေျပပါတယ္" စုေပ ၿပဳံးလိုက္တယ္။ သူမရဲ႕အၾကည့္ေတြကို Mr.ခ်င္နဲ႔ စုေရွာင္ေပါင္တို႔ရဲ႕ထိုင္ခုံဆီ ဦးတည္ၿပီး ေျပာလိုက္‌ေတာ့တယ္။ "အမွန္ေတာ့, အဲ့တာက တစ္ဝက္ပဲမွန္တယ္"

"အယ္?" သူမ ဘာကိုဆိုလိုတာလဲ?

"ငါ့မွာ ငါ့အေဖအရင္းတစ္ေယာက္လည္းျဖစ္တဲ့ ဩဇာႀကီးတဲ့ 'ပံ့ပိုးသူ' တစ္ေယာက္ရွိတယ္ဆိုတာ အမွန္ပဲ"

စုေပရဲ႕စကားေတြက ပြဲၾကည့္ပရိတ္သတ္ေတြကို ေနာက္တစ္ႀကိမ္ ထပ္မံေပါက္ကြဲသြားေစခဲ့တယ္။ ပထမဦးဆုံးအႀကိမ္အျဖစ္ စုေပ သူမရဲ႕အေဖအေၾကာင္း ပြင့္ပြင့္လင္းလင္း ထုတ္ႂကြားခြင့္ရတဲ့ အရမ္းမိုက္တဲ့ခံစားခ်က္တစ္ခု ရွိေနခဲ့တယ္။

စင္ျမင့္ေအာက္ရွိထိုင္ခုံေနရာမွ Mr.ခ်င္ကလည္း သူ႔သမီးေလး ဂုဏ္ယူဝံ့ႂကြားေနတဲ့ပုံကိုၾကည့္ရင္း ၿပဳံးေနခဲ့တယ္။

MC က ခ်က္ခ်င္းဆိုသလို ေနာက္ဆုံးေမးခြန္းကို ေကာက္ေမးလိုက္တယ္။ "ေနာက္ဆုံးအေနနဲ႔ မင္းကိုေမးခ်င္တာကေတာ့။ ေဘဘီ Q ေလး, မင္းအသက္ဘယ္ေလာက္ရွိပါၿပီလဲ?"

စုေပ : "ဆယ့္ေလးႏွစ္ပါ, ဒါေပမဲ့ မၾကာခင္ ဆယ့္ငါးႏွစ္ျပည့္ေတာ့မွာပါ"

---

MC မွ ေမးခြန္းေျမာက္မ်ားစြာေမးၿပီးတဲ့ေနာက္ ပြဲၾကည့္ပရိသတ္ေတြက [Q] ရဲ႕အလွတရားေၾကာင့္ ေရွာ့ခ္ရသြားျခင္းကေန ျပန္လည္သက္သာလာခဲ့ၾကတယ္။ သို႔ေသာ္ သူမရဲ႕အသက္ကို သူတို႔သိသြားၾကတဲ့အခ်ိန္မွာေတာ့ လူအေတာ္မ်ားမ်ား ဒုတိယအႀကိမ္ ေရွာ့ခ္ရသြားၾကျပန္တယ္, အထူးသျဖင့္ ဒီၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ၾကသူမ်ားပင္ျဖစ္တယ္-- ေနာက္ၿပီး [Q] ကို အရႈံးေပးလိုက္ၾကရတဲ့သူမ်ားပင္။

"ဖာ့ခ္! သူက ဆယ့္ေလးႏွစ္ပဲရွိေသးတယ္!" သူတို႔ေတြ တကယ္ႀကီး ဆယ့္ေလးႏွစ္သမီး ကေလးမေလးတစ္ေယာက္ ႐ိုက္ခ်တာကိုခံလိုက္ရတာ‌ေပါ့!

"သူက ဘယ္လိုေတာင္ ‌ေသာက္က်ိဳးနည္း အ႐ြယ္ေရာက္လာတာတုန္းဟ? ကီးဘုတ္မ်ားစားထားလို႔လား?!" [Q] က ဆယ့္ေလးႏွစ္ပဲရွိေသးတာကို ဒီအဆင့္ေတာင္ေရာက္ေနၿပီ။ သူတို႔အားလုံးက ရွက္စရာေကာင္းတဲ့ အရႈံးသမားေတြပဲလို႔ ဆိုလိုေနတာမ်ားလား?

သို႔ေပသိ အဲ့ဒီလူေတြရဲ႕ထိတ္လန႔္တုန္လႈပ္မႈက တစ္စုံတစ္ေယာက္‌ေသာသူ လက္ခံရရွိလိုက္တဲ့ ျပင္းထန္တဲ့ေလေပြၾကမ္းတစ္ခုနဲ႔ ယွဥ္ေတာင္မယွဥ္ႏိုင္ခဲ့ဘူး--ထိုသူက‌‌ေတာ့ လင္းေရွာက္ခ်ီပင္။

လင္းေရွာက္ခ်ီက ပြဲစီစဥ္သူမ်ားႏွင့္ စပြန္ဆာမ်ားအတြက္ သီးသန႔္ထားရွိတဲ့ အထူးေနရာထိုင္ခင္းဧရိယာမွာ မတ္တပ္ရပ္ေနၿပီး စင္ျမင့္ေပၚက ေကာင္မေလးကို ေတာင့္ေတာင့္ႀကီး စိုက္ၾကည့္‌ေနေလတယ္။ ဒီအခိုက္အတန႔္မွာ, ႀကဳံဖူးခဲ့သမွ်ထဲက ပထမဆုံးအႀကိမ္အျဖစ္, လင္းေရွာက္ခ်ီ သူ႔မ်က္လုံးေတြကိုေတာင္ မယုံၾကည္ႏိုင္‌ေတာ့ဘဲ သူ အခုေလာေလာဆယ္ ျမင္‌လိုက္ရတဲ့ျမင္ကြင္းကို အသိအမွတ္ျပဳဖို႔ ျငင္းဆန္ခ်င္ခဲ့တယ္။

လင္းေရွာက္ခ်ီတစ္‌ေယာက္ [Q] က သြက္လက္တက္ႂကြတဲ့ မိန္းကေလးတစ္‌ေယာက္ ဒါမွမဟုတ္ လူမႈဆက္ဆံေရးဝင္ဆံ့တာကို သေဘာမက်တဲ့ ခပ္ေအးေအးေနတတ္တဲ့သူတစ္ေယာက္ ဒါမွမဟုတ္ ဒီတိုင္း သာမန္မိန္းကေလးတစ္ေယာက္ပဲ ျဖစ္ေကာင္းျဖစ္လိမ့္မယ္လို႔ သူ တစ္ခ်ိန္က စိတ္ကူးၾကည့္ခဲ့ဖူးတယ္။ တစ္ခါတစ္ေလက်ေတာ့ [Q] က တကယ္ႀကီး ရင့္က်က္တည္ၿငိမ္ၿပီး ထက္ျမက္တဲ့အမ်ိဳးသမီးတစ္ေယာက္လားလို႔ သူ ေတြးေနမိတယ္... ဒါ‌ေပမဲ့ [Q] က တကယ္ႀကီး Mr.ခ်င္ရဲ႕သမီးျဖစ္လိမ့္မယ္လို႔‌ေတာ့ သူ တစ္ခါဆိုတစ္ခါမွ ေတြးမထားခဲ့မိဘူး! ေနာက္ၿပီး သူမက အသက္ေတာင္မျပည့္ေသးတဲ့ ခ်င္ယြဲ႕တဲ့ေလ!

အခု ျပန္စဥ္းစားၾကည့္ရင္ တကယ့္ကို သဲလြန္စေတြ အမ်ားႀကီး ျပန႔္က်ဲေနခဲ့တာျဖစ္တယ္။ လင္းေရွာက္ခ်ီ [Q] နဲ႔ ဦးဆုံးအဆက္အသြယ္လုပ္တဲ့အခ်ိန္တုန္းက တစ္ဖက္လူက သူမ ယာယီေလာက္ေတာ့ တရားဝင္ အလုပ္ကမ္းလွမ္းတာမ်ိဳးကို လက္ခံေပးလို႔မရဘူးလို႔ ေျပာလာခဲ့တယ္။ [Q] အားတဲ့အခ်ိန္ကလည္း ေက်ာင္းသားေတြရဲ႕အခ်ိန္ဇယားေတြနဲ႔ တိုက္ဆိုင္ေနခဲ့တယ္။ အဲ့ဒီေန႔တုန္းက NST အစည္းအေဝးမွာ ေျပာခဲ့တုန္းကဆို မမေလးခ်င္က ဘယ္ေလာက္ကြၽမ္းက်င္သလဲဆိုတာကိုပါ လင္းေရွာက္ခ်ီ အမွတ္ရသြားခဲ့တယ္, အဲ့ဒါအျပင္ သူတို႔မေတြ႕ျဖစ္လိုက္တဲ့ K ႏိုင္ငံက အဲ့အပန္းေျဖခရီး...

ၾကည့္ရတာေတာ့ ဒီဟာရဲ႕ေနာက္ကြယ္မွာ က်ိဳးေၾကာင္းဆီေလ်ာ္တဲ့ ရွင္းျပခ်က္တစ္ခုရွိေနလိမ့္မယ္။

အဲ့လိုဆိုရင္ေတာင္မွ အမွန္တရားကိုရင္ဆိုင္ဖို႔ လင္းေရွာက္ခ်ီ သူ႔ကိုယ္သူ အခုထိ လက္မခံႏိုင္ေသးဘူး-- အကယ္၍မ်ား အျခားသူေတြက [Q] က ဒီေလာက္ငယ္ငယ္ေလးနဲ႔ အရမ္းကိုကြၽမ္း‌က်င္ေနၿပီဆိုတဲ့အခ်က္ကို လက္မခံႏိုင္ၾကဘူးလို႔ပဲထား, အဲ့ဒါဆို လင္းေရွာက္ခ်ီ လက္မခံႏိုင္တဲ့အခ်က္က သူ႔အသက္ႏွစ္ဆယ္ကာလအတြင္း ပထမဦးဆုံးအေနနဲ႔ သူ႔ႏွလုံးသားကို လႈပ္ခတ္သြားေစခဲ့တဲ့ မိန္းကေလးက တကယ္တမ္းက်ေတာ့ သူ ခ်စ္လို႔မရတဲ့သူတစ္ေယာက္ျဖစ္ေနလို႔ပဲ။

လင္းေရွာက္ခ်ီ သူ႔အိတ္ကပ္ထဲက လက္ေဆာင္ဘူးကို သူ႔လက္ဖဝါးေတြ စတင္နာက်င္လာရတဲ့အထိ အလြန္တရာတင္းက်ပ္စြာ ဆုပ္ကိုင္ထားခဲ့တယ္။ ဒီဟာက သူ႔အရင္ business trip တုန္းက သူဝယ္လာခဲ့တဲ့ လက္ေဆာင္တစ္ခုျဖစ္တယ္--ခရမ္းႏုေရာင္ဆြဲသီးပါ လည္ဆြဲတစ္ခုပင္။ အဲဒါက ေတာင့္တျခင္းနဲ႔... စြဲလမ္းတမ္းတရတဲ့အခ်စ္ဆိုတဲ့ အဓိပၸါယ္ေတြရွိေနခဲ့တယ္။ ဒါေပမဲ့ အခုခ်ိန္မွာေတာ့ ဒီလက္ေဆာင္က ဟာသတစ္ခုျဖစ္သြားခဲ့ရၿပီ။

---

စင္ျမင့္ထက္ရွိ စုေပက‌ေတာ့ ေသခ်ာေပါက္ လင္းေရွာက္ခ်ီရဲ႕စိတ္ထဲမွာ တိုက္ခတ္ေနတဲ့ ေလျပင္းမုန္တိုင္းနဲ႔ပတ္သတ္ၿပီး ဘာမွမသိေလဘူး။ MC နဲ႔အတူ မိနစ္အနည္းငယ္အၾကာ ရင္းရင္းႏွီးႏွီး စကားေျပာဆိုၿပီးတဲ့ေနာက္ အသင္းႏွစ္သင္းစလုံးက ၎တို႔ရဲ႕သတ္မွတ္ေနရာဆီ ျပန္သြားခဲ့ၾကတယ္။ စင္ျမင့္ေပၚက မီးေတြမွိန္သြားခ်ိန္မွာ ႏွစ္ဖက္အသင္းဧရိယာ‌ေတြမွာ မီးေတြလင္းထိန္လာခဲ့တယ္။ ဘယ္၊ ညာႏွစ္ဖက္ရွိ ႀကီးမားတဲ့ဖန္သားျပင္ေတြေပၚမွာ အသင္းတစ္သင္းခ်င္းစီရဲ႕ logo ေတြကိုျပသထားၿပီး အလယ္တစ္ခုက‌ေတာ့ ၿပိဳင္ဘက္အသင္းႏွစ္သင္းရဲ႕အေျခအေနေတြကို ျပသေပးေနခဲ့တယ္။

သူတို႔ေတြ ေနရာယူၿပီးၾကတဲ့ေနာက္ ရႈရွီေဝ စုေပကို စေနာက္ေနခဲ့တယ္။ "ဘယ္လိုလဲ? အပန္းေျဖခရီးထြက္တဲ့အခ်ိန္အတြင္း မင္းရဲ႕ skill‌ ေတြ သံေခ်းတက္ကုန္ၿပီလား?"

စုေပ ယုံၾကည္မႈရွိစြာ ၿပဳံးလိုက္ရင္း "ေသခ်ာေပါက္ မဟုတ္ဘူးေပါ့"

"ေကာင္းတယ္။ ပြဲစၿပီဆိုတာနဲ႔ မင္း အဲ့ဖက္ကိုတိုက္ခိုက္ဖို႔ကိုပဲ အာ႐ုံစိုက္ထားရမယ္။ က်န္တာ ငါ့တာဝန္ထား" ရႈရွီေဝၿပဳံးၿပီး စုေပရဲ႕ေခါင္းကိုပုတ္လိုက္တယ္။ တစ္စကၠန႔္အၾကာ သူ႔ရဲ႕ ႐ႊတ္ေနာက္ေနာက္ mode ကို ေဘးဖယ္ထားၿပီး သူ႔အာ႐ုံစူးစိုက္မႈ‌ေတြကို ဖြင့္ခ်လိုက္ေတာ့တယ္။

ဂိမ္းစတင္ၿပီးေနာက္ ႏွစ္ဖက္စလုံးက ခ်က္ခ်င္းဆိုသလို ျပင္းထန္တဲ့တိုက္ပြဲတစ္ပြဲျဖစ္သြားခဲ့ၾကတယ္။ အသင္းႏွစ္သင္းရဲ႕ဆရာႀကီးေတြၾကားက တိုက္ပြဲက သာမန္အတင္းအဖ်င္းေတြထက္ ပိုၿပီးစိတ္လႈပ္ရွားဖို႔ေကာင္းတယ္ဆိုတာ အေသအခ်ာပင္ျဖစ္တယ္။ သို႔ေပသိ စုေပရဲ႕အသင္းက ဒီေနရာမွာ အရမ္းႀကီးခက္ခဲမႈမရွိခဲ့ဘူး။ အဆုံးမွာေတာ့ စုေပက ၿပိဳင္ဘက္ရဲ႕လုံၿခဳံေရးအကာအရံကို ၂၄.၅ မိနစ္အတြင္းမွာပဲ ခ်ိဳးဖ်က္ႏိုင္သြားခဲ့တယ္။

သူတို႔ကိုေထာက္ခံအား‌ေပးတဲ့သူေတြဆီက စိတ္အားထက္သန္လွတဲ့ ေအာ္ဟစ္သံေတြၾကားမွာ 'Q&V' က လွလွပပႀကီး အႏိုင္ရရွိခဲ့တယ္။

လင္းေရွာက္ခ်ီတစ္‌ေယာက္ Mr.ခ်င့္ကို ႏႈတ္ဆက္ဖို႔ေရာက္လာခဲ့တယ္။ Mr.ခ်င္က ဘာေၾကာင့္ သူ႔ကို "တစ္ဖက္လူက အသက္မျပည့္ေသးတာလည္း ျဖစ္ႏိုင္တယ္" ဆိုၿပီး တစ္ခါေျပာခဲ့ဖူးတာကို သူ ေနာက္ဆုံးေတာ့ သေဘာေပါက္သြားခဲ့ၿပီျဖစ္တယ္။

"ေရွာင္ေပက အရမ္းေတာ္တယ္" လင္းေရွာက္ခ်ီ စုေပကို ခ်ီးက်ဴးလိုက္တယ္။ သူ ပုံမွန္ 'အစ္ကိုႀကီးတစ္‌ေယာက္' ေလသံျဖင့္ ဂုဏ္ျပဳစကားေျပာရန္ ႀကိဳးစားခဲ့ေပမဲ့ သူ႔ေလသံက အနည္းငယ္ မာဆတ္ဆတ္ျဖစ္‌ေနခဲ့တယ္။

"ကိုႀကီးလင္း, အရင္က ညီမေလးရဲ႕ identity ကို ဖုံးထားမိခဲ့တဲ့အတြက္ ေတာင္းပန္ပါတယ္ေနာ္" စုေပ Mr.ခ်င္ရဲ႕လက္ေမာင္းကိုကိုင္ထားရင္း သူမရဲ႕ခႏၶာကိုယ္တစ္ဝက္ကို အေနာက္မွာဖြက္ထားကာ လင္းေရွာက္ခ်ီအား ရွက္႐ြံ႕စြာ ေတာင္းပန္လိုက္တယ္။

လင္းေရွာက္ခ်ီက စုေပရဲ႕အေျခအေနကို သူနားလည္ေၾကာင္း ေဖာ္ျပလိုက္တယ္။ "ေရွာင္ေပ့ဘက္က ေတာင္းပန္စရာမလိုပါဘူး။ ကိုႀကီး မင္းကို ပထမဆုံးစသိတဲ့အခ်ိန္ကတည္းက မင္းရဲ႕ identity က [Q] ပဲေလ, ဟုတ္တယ္မလား?" လင္းေရွာက္ခ်ီ ႏူးညံ့တဲ့အၿပဳံးတစ္ပြင့္နဲ႔ ေျပာလိုက္တယ္။

သို႔ေပသိ စိတ္ထဲမွာေတာ့ လင္းေရွာက္ခ်ီရဲ႕ႏွလုံးသားက ဒီအခိုက္အတန႔္မွာ အလြန္တရာ ခ်ဥ္စုတ္ေနခဲ့တယ္။ [Q] က ပညာရွင္တစ္ေယာက္ရဲ႕ကြၽမ္းက်င္ပိုင္ႏိုင္မႈ အဆင့္အတန္းျမင့္ျမင့္ကို အၿမဲတေစ ျပသခဲ့တဲ့အျပင္ သူမနဲ႔ စကားေျပာရျခင္းက အၿမဲလိုလို အ႐ြယ္ေရာက္လူငယ္ပေရာ္ဖက္ရွင္နယ္အမ်ိဳးသမီးတစ္ဦးနဲ႔ စကားေျပာေနရသလိုမ်ိဳး ျဖစ္ေနခဲ့တယ္။ အဲဒါေၾကာင့္ လင္းေရွာက္ခ်ီက တစ္ဖက္လူက အသက္မျပည့္တဲ့သူတစ္ေယာက္ဆိုတဲ့ ျဖစ္ႏိုင္ေခ်နဲ႔ပတ္သတ္ၿပီး တစ္ခါမွမစဥ္းစားမိခဲ့တာျဖစ္တယ္။

ဒီခံစားခ်က္ေတြ ဘယ္တုန္းကစတင္ခဲ့တာလဲ? ၾကည့္ရတာ သူတို႔ရဲ႕အျပန္အလွန္ဆက္သြယ္မႈေတြကေန နည္းနည္းခ်င္းစီ စုပုံသြားတဲ့ပုံပဲ။ မူလက တစ္စက္ခ်င္းစီမွ်သာျဖစ္‌ေပမဲ့ အခုေတာ့ သူ႔ႏွလုံးသားထဲမွာ ပင္လယ္ႀကီး‌တစ္ခုအျဖစ္ တျဖည္းျဖည္းေျပာင္းလဲသြားခဲ့ၿပီျဖစ္တယ္။ ဒီအရာက အၿမဲတေစ တည္ၿငိမ္ေနခဲ့တဲ့ လင္းေရွာက္ခ်ီကို စိတ္လိုက္မာန္ပါအတိုင္း ျဖစ္ေတာင့္ျဖစ္ခဲ ဆုံးျဖတ္ခ်က္တစ္ခု ခ်မိသြားေစခဲ့တယ္။

သူခ်စ္တဲ့မိန္းကေလးကိုလိုက္ဖို႔ ဆုံးျဖတ္လိုက္တဲ့အခ်ိန္‌ေလးမွာတင္ တကယ့္လက္ေတြ႕က သူ႔ကို ႀကီးမားတဲ့ထိုးႏွက္ခ်က္တစ္ခု ေပးလာခဲ့တယ္--လင္းေရွာက္ခ်ီအတြက္ ဒီေရွာ့ခ္က လက္ထပ္ၿပီးသား အမ်ိဳးသမီးတစ္ေယာက္ျဖစ္ေနမွန္း သိလိုက္ရတာထက္ မေလ်ာ့ဘူး, အဲ့လိုျဖစ္ခဲ့ရင္‌ေတာင္မွ သူက မုန္းစရာေကာင္းတဲ့ တတိယလူအျဖစ္ခံလိုက္မွာျဖစ္တယ္။

ဘာပဲျဖစ္ခဲ့ျဖစ္ခဲ့ သူ႔ရဲ႕အ႐ိုင္းတကာ့အ႐ိုင္းဆုံး အိပ္မက္ထဲမွာေတာင္မွ [Q] က ဒီေလာက္ထိငယ္ေနလိမ့္မယ္လို႔ တစ္ႀကိမ္တစ္ခါေလးေတာင္ မေတြးမိခဲ့ဖူးဘူး။ သူ႔ရဲ႕ဆင္ျခင္ေတြးေခၚႏိုင္စြမ္းနဲ႔ ပဓာနအခ်က္က သူ႔ကို ဒီအေတြးေတြ ဆက္‌ေတြးခြင့္‌မျပဳခဲ့ဘူး။ မဟုတ္ရင္ သူ႔ကိုယ္သူ တိရစာၦန္တစ္‌ေကာင္ထက္ အဆင့္နိမ့္က်ေအာင္လုပ္မိလိမ့္မယ္။

လင္းေရွာက္ခ်ီ ခါးသီးစြာ ၿပဳံးလိုက္တယ္။ စိတ္ထဲမွာေတာ့ သူ႔ကိုယ္သူ ေလွာင္ရယ္ေနခဲ့တယ္ : မေမွ်ာ္လင့္ဘဲ, သူ႔ရဲ႕ပထမဆုံးအခ်စ္က စေတာင္မစရေသးခင္မွာဘဲ အဆုံးသတ္သြားခဲ့ရၿပီ။

စုေပကေတာ့ သူမရဲ႕ identity ျဖစ္တဲ့ [Q] က ဒီငယ္႐ြယ္ၿပီး အလားအလာရွိတဲ့ စီးပြားေရးသမားေလး လင္းေရွာက္ခ်ီအေပၚ ဘယ္ေလာက္မ်ားတဲ့ ထိတ္လန္႔တုန္လႈပ္မႈေတြနဲ႔ ေနာင္တ,တရားေတြ ေဆာင္ယူလာခဲ့သလဲဆိုတာကို မသိရွာဘူး။ သူမကို သူအျပစ္မတင္တဲ့အ‌ေၾကာင္း ၾကားသိလိုက္ရေတာ့ စုေပ ေနာက္ဆုံးေတာ့ စိတ္ေအးသြားရတယ္။ သူမ လင္းေရွာက္ခ်ီထံၿပဳံးရင္း ေျပာလိုက္တယ္။ "ခဏေနရင္ ညီမေလးတို႔ရဲ႕ grand final ပြဲၿပိဳင္ရေတာ့မွာေလ။ တကယ္လို႔ ကိုႀကီးလင္းအလုပ္မမ်ားဘူးဆိုရင္ နည္းနည္းၾကာၾကာေလးေနၿပီး ပြဲကိုအတူတူၾကည့္ၾကရင္ေရာ?"

လင္းေရွာက္ခ်ီ : "ေကာင္းၿပီေလ"

---

ဒုတိယဂိမ္းက က်န္အသင္းႏွစ္သင္းၾကားျဖစ္ၿပီး အဲ့ဒီေနာက္မွာေတာ့ တတိယေနရာနဲ႔ စတုတၳေနရာ အႏိုင္ရရွိသူမ်ားအား ဆုံးျဖတ္ရန္ ယခင္ဂိမ္းႏွစ္ပြဲတြင္ ရႈံးနိမ့္သြားၾကသူမ်ားအၾကား ၿပိဳင္ပြဲကို ဆက္လက္ယွဥ္ၿပိဳင္ၾကရမွာျဖစ္တယ္။

ေနာက္ဆုံးေတာ့ grand final ပြဲစဥ္ အခ်ိန္အခါေရာက္ရွိလာခဲ့ၿပီျဖစ္တယ္။

Grand final အတြက္ စုေပတို႔အသင္းရဲ႕ၿပိဳင္ဘက္က KTK ျဖစ္တယ္။ ရႈရွီေဝက ဒီရလဒ္ကို သိပ္ၿပီးအံ့ဩမေနခဲ့ဘူး။ ေနာက္ဆုံးေတာ့ ဒီအသင္းက တကယ့္ကို အရမ္းၾကမ္းတဲ့အသင္းတစ္သင္းပဲျဖစ္တယ္။ စိတ္ဝင္စားစရာ‌ေကာင္းတာက KTK ကလည္း 'Red Hacker Challenge' မွာ ရွားပါးတဲ့ သုံးေယာက္တြဲအသင္းတစ္သင္းျဖစ္တယ္။ ဒီ့မတိုင္ခင္က ရႈရွီေဝတစ္ေယာက္ red hacker ၿပိဳင္ပြဲမ်ိဳးစုံမွာ အႀကိမ္ေပါင္းေျမာက္မ်ားစြာ ပါဝင္ယွဥ္ၿပိဳင္ခဲ့တဲ့အျပင္ သူတို႔ေတြကို သူ႔ၿပိဳင္ဘက္အေနနဲ႔ ရင္ဆိုင္ေတြ႕ဖူးခဲ့တယ္။

"အစ္ကိုႀကီး ရႈံးခဲ့တယ္မလား?" ရႈယန္ယန္ ေမးလိုက္တယ္။

ရႈရွီေဝ သူ႔ညီငတုံးထံ ဖ်တ္ခနဲၾကည့္လိုက္ရင္း "ႏိုင္တစ္လွည့္ ရႈံးတစ္လွည့္ကြ"

"ဒါေပမဲ့ အပိုေတြေလွ်ာက္ေတြးမေနစမ္းပါနဲ႔။ ငါတို႔လုပ္ေနၾကအတိုင္းလုပ္႐ုံပဲ" ရႈရွီေဝ သူ႔အသင္းေဖာ္ေတြရဲ႕ပုခုံးကို ပုတ္လိုက္တယ္။

---

ဂိမ္းစတင္ၿပီျဖစ္တယ္။

ေသခ်ာတာကေတာ့, ၿပိဳင္ပြဲအစကတည္းက, စုေပမွာ အရင္ကမႀကဳံဖူးခဲ့တဲ့ ဖိအားတစ္ခုကို ခံစားလိုက္ရတယ္ : သူတို႔ေတြရဲ႕ၿပိဳင္ဘက္အားလုံးက ဆရာႀကီးအဆင့္ေတြခ်ည္းပဲဆိုတာမွန္တယ္, ဒါေပမဲ့ ဆယ္မိနစ္အတြင္းမွာတင္ KTK ေဆာက္ထားတဲ့ လုံၿခဳံေရးအကာအရံက ပေရာ္ဖက္ရွင္နယ္အဆင့္ကို ေရာက္ရွိသြားခဲ့တဲ့အျပင္ အခိုင္အခံ့ျဖစ္ေနဆဲျဖစ္တယ္။

"ေဘဘီ Q ေလး, မပ်ာသြားနဲ႔။ ပုံမွန္အတိုင္းပဲလုပ္"

"အင္း"

KTK ၏က႑ျဖန႔္ေဝမႈက ႐ိုးရွင္းလွတယ္ : အဓိကတိုက္ခိုက္‌မႈအတြက္ တစ္ဦး၊ အဓိကခုခံကာကြယ္မႈအတြက္ တစ္ဦးႏွင့္ လမ္းေၾကာင္းေပးသူ တစ္ဦးဟူ၍ပင္။ စုေပ၏တိုက္ခိုက္မႈမ်ားက အလြန္ျပင္းထန္ေၾကာင္း သတိထားမိၾကတဲ့ေနာက္ ၎တို႔၏နည္းဗ်ဴဟာကို အလ်င္အျမန္ ခ်ိန္ညႇိလိုက္ၿပီး တိုက္ခိုက္‌မႈအတြက္ တစ္ဦးႏွင့္ ခုခံကာကြယ္မႈအတြက္ တစ္ဦးသို႔ ေျပာင္းလဲျပင္ဆင္ေနစဥ္မွာ ေနာက္ဆုံးတစ္ဦးက စုေပအား တိုက္႐ိုက္ရင္ဆိုင္ၿပီး သူမကို အနီးကပ္ေစာင့္ၾကည့္ေနခဲ့တယ္။

---

စင္ျမင့္ေပၚက စုေပရဲ႕ခက္ထန္ၿပီး ေလးနက္ေနတဲ့မ်က္ႏွာက သူမတူထူးကဲစြာ ဖမ္းစားထားႏိုင္ခဲ့တယ္။ အခုအခ်ိန္မွာ သူမရဲ႕ႏုငယ္ပ်ိဳမ်စ္တဲ့မ်က္ႏွာမွာ အရွိန္အဟုန္အျပည့္ျဖစ္ေနခဲ့တယ္, လင္းေရွာက္ခ်ီသိကြၽမ္းခဲ့တဲ့ [Q] ရဲ႕ထက္ျမက္ၿပီး ရဲရင့္တဲ့ပုံစံနဲ႔ တစ္ထပ္တည္းပင္။

ခဏေလာက္အထိ လင္းေရွာက္ခ်ီ စုေပအား မွင္တက္စြာ စိုက္ၾကည့္ေနခဲ့တယ္။ သို႔ေသာ္ တစ္စကၠန႔္ၾကာၿပီး‌ေနာက္ သူ႔အေတြးေတြ ေခ်ာက္ခ်ားလာတာေၾကာင့္ သူ႔အၾကည့္ေတြကို ႐ုတ္သိမ္းဖို႔ သူ႔ကိုယ္သူ အတင္းအၾကပ္ ဖိအား‌ေပးခဲ့ရၿပီး သူ႔ႏွလုံးသားထဲက ဖ႐ိုဖရဲအေတြးေတြကို ကမန္းကတန္း ဖယ္ထုတ္လိုက္ရေတာ့တယ္။

Mr.ခ်င္ ပ်ာယာခတ္ေနတဲ့လူငယ္ေလးကို အသာေလး ဖ်တ္ခနဲၾကည့္လိုက္တယ္။ ေစာနက သူ႔သမီးေလးအေပၚ လင္းေရွာက္ခ်ီရဲ႕ 'အစ္ကိုႀကီး' သေဘာထားမ်ိဳးကို သူ အေတာ္ေလး ေက်နပ္မိတယ္။

"စီးပြားေရးလုပ္တဲ့အခါ မင္းအေနနဲ႔ ခက္ခဲတဲ့ေ႐ြးခ်ယ္မႈတစ္ခုလုပ္ဖို႔အတြက္ ေရွာင္လႊဲလို႔မရႏိုင္တဲ့အခ်ိန္ေတြ ရွိလာလိမ့္မယ္" ဘာကိုလုပ္သင့္တယ္၊ ဘာကိုမလုပ္သင့္ဘူးဆိုတာကို သူသိေနသေ႐ြ႕ေပါ့။

လင္းေရွာက္ခ်ီ : "Mr.ခ်င္ေျပာတာမွန္ပါတယ္"

---

ထိုစဥ္ စင္ျမင့္ထက္၌။

KTK က စုေပရဲ႕တိုက္ခိုက္နည္းေတြကို ေကာင္းေကာင္းႀကီး ေလ့လာထားတယ္ဆိုတာ အသိသာႀကီးပဲျဖစ္တယ္။ မူလက အေျခစိုက္စခန္းကို ကာကြယ္ေနၾကတဲ့ လူႏွစ္ေယာက္က သူတို႔ရဲ႕အာ႐ုံစူးစိုက္မႈေတြကို သူမ‌အေပၚ လ်င္ျမန္စြာ စတင္အာ႐ုံစိုက္လာခဲ့ၾကတယ္။

စုေပ တစ္ခ်က္လႈပ္ရွားလိုက္တာနဲ႔ သူတို႔ေတြက ခပ္ျမန္ျမန္ တန္ျပန္တိုက္ခိုက္မႈတစ္ခု ျပန္လုပ္လာခဲ့ၾကတယ္။

ရႈရွီေဝေတာင္မွ မဆဲဘဲမေနႏိုင္ေတာ့ေခ်။ "ဒီလူေတြက ေသာက္ရွက္ကိုမရွိေတာ့ဘူးပဲ!"

စုေပလည္း အနည္းငယ္ မ်က္ေမွာင္ၾကဳတ္‌‌ေနခဲ့တယ္။ တစ္ေယာက္ခ်င္းတိုက္ခိုက္တာက အဆင္ေျပေနေသးတယ္ဆိုေပမဲ့ သူမနဲ႔တန္းတူျဖစ္ေနတဲ့ လူႏွစ္ေယာက္ကို တစ္ၿပိဳင္နက္တည္း ရင္ဆိုင္ရတာက တကယ့္ကို သိသာထင္ရွားတဲ့ ထိခိုက္ေသဆုံးမႈကိုျဖစ္ေပၚေစႏိုင္တယ္။

႐ုတ္တရက္, ဖန္သားျပင္အလယ္မွာ အျဖဴေရာင္ [က်ဴးေက်ာ္မႈေအာင္ျမင္သည္] ဆိုတဲ့ prompt တစ္ခုေပၚလာခဲ့တယ္။ စုေပရဲ႕အသင္းက အနီအသင္းျဖစ္ကာ KTK ကေတာ့ အျဖဴအသင္းျဖစ္တယ္။ ဒီ prompt အဓိပၸါယ္က KTK ရဲ႕လုံၿခဳံေရးအကာအရံက ခ်ိဳးေဖာက္ခံလိုက္ရတာ‌ေၾကာင့္ ဂိမ္းၿပီးဆုံးသြားၿပီဟူ၍ပင္။

"ငါ-ငါတို႔ႏိုင္သြားတာလား?" ရႈယန္ယန္ ႐ုတ္တရက္ မတ္တပ္ထရပ္လိုက္ၿပီး မယုံၾကည္ႏိုင္စြာနဲ႔ ေမးလိုက္တယ္။

စုေပနဲ႔ ရႈရွီေဝအပါအဝင္ မည္သူမွထင္မထားမိၾကတာက ရႈယန္ယန္တစ္‌ေယာက္ KTK ရဲ႕လုံၿခဳံေရးအကာအရံထဲသို႔ တကယ္ႀကီး ခ်ိဳးေဖာက္ဝင္ႏိုင္သြားလိမ့္မယ္လို႔ပဲ!

"Damn! ငနာေကာင္ေလး, မင္းေကာင္းေကာင္းလုပ္ႏိုင္ခဲ့တာပဲ! မင္းဘယ္လိုလုပ္လိုက္တာတုန္းဟ?" ရႈရွီေဝ ရႈယန္ယန္ရဲ႕ေက်ာကို ျဖန္းခနဲျမည္ေအာင္ ႐ိုက္ခ်လိုက္တယ္။

"ကြၽန္ေတာ္, ကြၽန္ေတာ္လည္းမသိဘူး, ကြၽန္ေတာ္ ပုံမွန္အတိုင္းလႈပ္ရွားလိုက္တာပဲရွိတာ" ရႈယန္ယန္ နည္းနည္း‌ရွက္သြားခဲ့တယ္။

အစကတည္းက လူတိုင္းသိထားၾကတာက [လူေခ်ာေလး ယန္] က ဒီတိုင္း ေပါင္လုံးပဲဖက္တတ္တဲ့ ကံေကာင္းတဲ့ မ်ိဳးမစစ္ေကာင္တစ္ေကာင္လို႔ပဲ။ အဲဒါေၾကာင့္ KTK က ဘယ္သူမွ သူ႔ကို ဂ႐ုမစိုက္မိခဲ့ၾကတာျဖစ္တယ္။ နည္းဗ်ဴဟာေတြကို ေဆြးေႏြးၾကတဲ့အခ်ိန္မွာေတာင္ သူတို႔က စုေပရဲ႕အသင္းကို ႏွစ္ေယာက္တြဲ အသင္းတစ္သင္းလို႔ပဲ တိုက္႐ိုက္ သတ္မွတ္ခဲ့ၾကတယ္။

KTK က စုေပကိုပိတ္ဆို႔ဖို႔ အလုံးစုံအာ႐ုံစိုက္ထားၾကခ်ိန္မွာ ရႈယန္ယန္က သူတို႔ရဲ႕လုံၿခဳံေရးအကာအရံထဲကို အလြယ္တကူ ခိုးဝင္ႏိုင္သြားလိမ့္မယ္လို႔ ဘယ္သူကထင္မိမွာလဲ? အခု ေနာင္တတရားေတြေၾကာင့္ သူတို႔ရဲ႕အူေတြေတာင္ စိမ္းကုန္ၿပီ။

စင္ျမင့္ထက္မွာ ေရာင္စုံပန္းပြင့္ေလးေတြက မ်က္ႏွာက်က္ေပၚကေန က်ဆင္းလာခဲ့ၿပီး 'Q&V' team logo အား စင္ျမင့္အႏွံ႔ ေတာက္ပစြာ ‌ျပသထားခဲ့တယ္။ ဒီေအာင္ပြဲကို ရႈယန္ယန္က ေဆာင္က်ဥ္းေပးခဲ့တာေၾကာင့္ စုေပနဲ႔ ရႈရွီေဝတို႔က သူတို႔အသင္းကိုယ္စား သူ႔အား အႏိုင္ရမိန႔္ခြန္းကို လႈိက္လႈိက္လွဲလွဲ ေျပာၾကားခြင့္ေပးခဲ့တယ္။ ရလဒ္အေနနဲ႔ ရႈယန္ယန္တစ္ေယာက္ သူ႔ရဲ႕ battle ဝတ္စုံကိုဝတ္ဆင္ထားၿပီး 'အႏိုင္ရ' မိန႔္ခြန္း စာမူၾကမ္းကိုကိုင္ရင္း စင္ျမင့္ေပၚမွာ မတ္တပ္ရပ္ေနခ်ိန္မွာ သူ အလြန္အမင္း စိတ္လႈပ္ရွားေနခဲ့တာေၾကာင့္ သူ စတင္ငိုေႂကြးၿပီး အၾကာႀကီးေနမွ စကားတစ္ခြန္းသာ ေျပာထြက္လာခဲ့တယ္။ "ကြၽန္ေတာ္ အရမ္းေပ်ာ္ပါတယ္ဗ်ာ"

---

ၿပိဳင္ပြဲရလဒ္ကို အြန္လိုင္းေပၚတင္လိုက္တဲ့အခ်ိန္မွာ သူမရဲ႕ identity ျဖစ္တဲ့ [Q] ဆိုတာကို ေဖာ္ထုတ္လိုက္တဲ့ အက်ိဳးဆက္ေၾကာင့္ ခ်င္မိသားစုရဲ႕သခင္မ‌ေလးျဖစ္တဲ့ စုေပက လူထုရဲ႕မ်က္လုံးထဲ အျပည့္အဝ ဝင္ေရာက္သြားေတာ့တယ္။

[ခ်င္မိသားစုက သူတို႔ရဲ႕ကေလးေတြကို ဘယ္လိုမ်ားျပဳစုပ်ိဳးေထာင္ထားတာပါလိမ့္? သိပ္အံ့ဩစရာေကာင္းတာပဲ!]

[ငါ့‌ေဘဘီ Q ေလးကိုခ်ီးက်ဴးၾက!]

[ငါတို႔က ကမာၻတစ္ခုတည္းမွာ ေန,ေနၾကေပမဲ့ ငါတို႔နဲ႔ လူသားမ်ိဳးစိတ္ခ်င္းမတူဘူးပဲ, ဟမ္?]

[ပထမတန္းစားမိသားစု၊ ပထမတန္းစား ဆရာႀကီးအဆင့္ကြၽမ္းက်င္မႈ၊ ပထမတန္းစားအသြင္အျပင္နဲ႔ အေရးအႀကီးဆုံးကေတာ့ သူမက တအားငယ္‌‌ေနေသးတာပဲ! သခင္မေလးခ်င္က ဘာလို႔ ဒီေသမ်ိဳး‌ေလာကထဲမွာ ရွိေနရေသးတာလဲ?]

[ငါ ခ်င္ယြဲ႕လိုၾကမၼာေကာင္းရဲ႕တစ္ဝက္, မဟုတ္ဘူး, သုံးပုံတစ္ပုံေလာက္ပဲလိုခ်င္တယ္လို႔!]

......

အင္တာနက္ေပၚမွာ စုေပ၊ ခ်င္မိသားစုနဲ႔ 'Red Hacker Challenge' ရဲ႕ရလဒ္အေၾကာင္း ေဆြးေႏြးခ်က္မ်ိဳးစုံရွိေနခဲ့တယ္။ အဓိကအားျဖင့္ rainbow fart ေတြ မႈတ္ထုတ္ၾကတာျဖစ္‌ေပမဲ့ ေသခ်ာေပါက္ ဒီထဲမွာ ခ်ဥ္စုတ္ေနတဲ့ comment ေတြလည္း ေရာပါေနခဲ့တယ္, ေျပာၾကတာေတာ့ စုေပက plastic surgery လုပ္ထားတယ္ဆိုတာေတြ ဒါမွမဟုတ္ အဲ့ဒီဂိမ္းႀကီးက အႀကံအဖန္ႀကီးဆိုတာ‌ေတြ စသျဖင့္ပင္။ သို႔ေပသိ အဲ့ဒီစကားေတြက ဘာမည္မည္ရရ အက်ိဳးသက္ေရာက္မႈမွ မျဖစ္‌ေစဘူး။

ထိုစဥ္ ၿပီးခဲ့တဲ့ႏွစ္ရက္က လူအေတာ္မ်ားမ်ား အေျပာမ်ားတဲ့ေခါင္းစဥ္ျဖစ္လာခဲ့တဲ့ 'internet celebrity' ေလးက လက္ရွိမွာ ခ်င္ Group ႐ုံးခ်ဳပ္ရွိ ဥကၠဌ႐ုံးခန္းထဲမွာထိုင္‌ေနရင္း သူမဖခင္ရဲ႕အာ႐ုံစိုက္မႈကိုရရွိဖို႔ အသည္းအသန္ ႀကိဳးစားေနေလတယ္။

[Moon's Little Theatre : ]

လင္းေရွာက္ခ်ီ's karaoke : ရင္မွာခံစား...သူ မျမင္ႏိုင္တယ္...ငါ့ရဲ႕အသဲထဲက...(မိုက္ထိုးေပး)

5.9.2021

Sunday

___________________________________


MWFV Ch 88

Identity Revealed

Unicode Version

Spotlight အောက်ဝယ် လူသုံးယောက်က ဧရာမ 'Q&V' team logo အောက်ရှိ စင်မြင့်ထက်ဆီသို့ အံကိုက်ထွက်လာခဲ့ကြတယ်။

ရှုရှီဝေက အရင်ဆုံးထွက်လာတဲ့သူဖြစ်တယ်။

"အရမ်းချောတာပဲ!" တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်တယ်။

သူ့နောက်တွင် မိန်းကလေးတစ်ယောက်ရဲ့သေးသွယ်တဲ့ပုံရိပ်တစ်ခု စတင်ပေါ်လာခဲ့တယ်။ လူအများစုက သူတို့ရဲ့အသက်ရှုသံတွေကို မသိမသာလေး ထိန်းချုပ်ထားကြရင်း နောက်ဆုံးမှာ မိန်းကလေးတစ်ယောက် spotlight အောက်ရောက်လာမယ့်အချိန်ကို စောင့်ဆိုင်းနေကြတယ်။ လူတိုင်း တခဏမျှ ကြောင်အသွားကြပုံရပြီး အဲ့ဒီနောက်မှာတော့ ပွဲကျင်းပရာ‌နေရာတစ်ခုလုံး အံ့အားသင့်တဲ့အသံ‌တွေ၊ အာမေဋိတ်သံတွေနဲ့အတူ ပေါက်ကွဲထွက်သွားခဲ့တယ်။

"အဲ-အဲဒါက တကယ်ကြီး နတ်ဘုရား [Q] တဲ့လား?!"

"ဘုရားရေ! သောက်ရမ်းလှတယ်ဟ!" ဒဏ္ဏာရီလာ နတ်ဘုရား [Q] က လုံးဝ ရုပ်ဆိုးမနေဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သူမက လူတိုင်းမျှော်လင့်ထားတာထက်တောင် လှနေသေးတယ်!

--ဒီမင်းသမီးလေးက နေရာမှားလာတာပဲ ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်?

လူတစ်ချို့ ရုတ်တရက် ဒီလိုသံသယတွေဝင်လာခဲ့ကြတယ်။

"ဘုရားရေ, ဒါက နတ်ဘုရားမတစ်ပါးပဲ!"

"[Q] ကရုပ်ဆိုးတယ်လို့ ပြောရဲလောက်အောင် ဘယ်ကောင်က အလုံးတွေကန်းနေတာတုန်းဟ?! အဲ့ဟာတွေက မနာလိုဖြစ်‌နေတာမို့လို့ ကန်းသွားတာပဲဖြစ်ရမယ်"

"Damn, ငါ အဲ့အရူးလေးကို hack ချင်လိုက်တာ!"

"[Q] ကတအားငယ်တဲ့ပုံပေါက်နေတယ်လို့ ငါဘာလို့ထင်နေမိပါလိမ့်?"

"The f*ck? သူက အသက်မပြည့်‌သေးဘူးလား?"

လူတိုင်းရဲ့အာရုံက စုပေရဲ့လှပတဲ့မျက်နှာကနေ သူမရဲ့အသက်ဆီ ရုတ်ချည်း ပြောင်းသွားခဲ့ကြတယ်။

"အသက်မပြည့်‌သေးတာတောင်မှ ဒီလောက်ဆရာကျနေပြီဆိုတော့? ဒါကြီးက ဖြစ်‌ရောဖြစ်နိုင်ပါ့မလား?

"သူ့မှာ ကလေးမျက်နှာလေးရှိလို့ဖြစ်လိမ့်မယ်။ ကလေးမျက်နှာနဲ့ နတ်ဘုရားမပေါ့"

...

အဲ့ဒီနောက်မှာတော့ MC ရဲ့မေးခွန်းက အဲ့ဒီသူတွေရဲ့စိတ်ကူးယဉ်အတွေးတွေကို ရိုက်ချိုးပစ်လိုက်‌တော့တယ်။

"Q ရေ, ကြည့်ရတာ မင်းက final ပွဲစဥ်ကို စမပြိုင်ရသေးတာတောင်မှ လူတိုင်းရဲ့ပါးစပ်ဖျားမှာ ရေပန်းအစားဆုံးဖြစ်နေပြီနော့်" MC က ဟာသ‌နှောပြီး ပြောဆိုလာခဲ့တယ်။

"လူတိုင်းက Q ရဲ့ identity နဲ့ပတ်သတ်ပြီး အမြဲသိချင်နေကြတာဆိုတော့ ဂိမ်းမစခင် ခပ်သွက်သွက် အင်တာဗျူးတစ်ခုလုပ်ဖို့ အချိန်နည်းနည်းလောက် ယူလိုက်ကြတာပေါ့" MC က ပထမဦးဆုံးမေးခွန်းကို မေးလာတယ်။ "မင်းက တကယ့် Q အစစ်လား?"

စုပေ ခေါင်းညိတ်လိုက်တယ်။ "ဟုတ်ပါတယ်," သူမကပြုံးရင်း ရွှတ်နောက်နောက်ဟန်ဖြင့် "ငါက အတုပုံပေါက်နေလို့လား?"

MC : "လက်စွဲနာမည် [Q] ဆိုတာမှာ သီးသန့်အဓိပ္ပါယ်များရှိလား?"

စုပေ : "ငါ့အဖေရဲ့မျိုးရိုးနာမည်က ချင် လေ, ဒါနဲ့တင် သီးသန့်ဖြစ်ဖို့လုံလောက်နေပြီမဟုတ်ဘူးလား?"

MC ကပြုံးပြီး "God v ကရော? မင်းရဲ့လက်စွဲနာမည်နောက်မှာ အဓိပ္ပာယ်တစ်ခုရှိလား?"

ရှုရှီဝေ : "ရှိတာပေါ့, ငါ့ကို အစတည်းက 4v လို့ ခေါ်ကြတာလေ။ ဟုတ်တယ်နော့်, ဘေဘီ Q လေး?"

အစီအစဉ်မှူး : "ဟားဟား, ကြည့်ရတာတော့ နတ်ဘုရား V နဲ့ Q တို့က နှစ်ကိုယ်ကြားမှာတောင် ဆက်ဆံရေးကောင်းကြတဲ့ပုံပဲ"

"သေချာတာပေါ့ဗျာ!" Daddy ချင်ရဲ့သတ်လိုဖြတ်လိုတဲ့အကြည့်စူးစူးအောက်မှာ ရှုရှီဝေက စုပေရဲ့ခေါင်းကို ချစ်ခင်ကြင်နာစွာ ပုတ်ပေးနေခဲ့တယ်။ ထို့နောက် သူ ဝေခွဲမရဖြစ်နေကြတဲ့ ပွဲကြည့်ပရိသတ်တွေကို တစ်ချက်ပြန်ကြည့်ပြီး အားရကျေနပ်စွာ တိတ်တဆိတ် ဟားတိုက်ရယ်နေလိုက်တယ်။

အဲ့ဒီအချိန်မှာပဲ ထုတ်လွှင့်အစီရင်ခံသူက ရုတ်တရက် ကြားဖြတ်ဝင်လာခဲ့တယ်။ "လူတိုင်း အရမ်းကိုသိချင်နေကြတဲ့ မေးခွန်းတစ်ခုလောက် ကျွန်တော့်ကိုမေးခွင့်ပြုပါ။ ဖိုရမ်ထဲက တစ်စုံတစ်ယောက်ပြောတာတော့ ကျွန်တော်တို့ final ပွဲစဥ်တွေရဲ့ ပွဲကျင်းပတဲ့ပုံစံကို Q အတွက် ပြောင်းပေးလိုက်ရတာတဲ့, နောက်ပြီး မင်းမှာ အရမ်းကိုသြဇာကြီးတဲ့ 'ပံ့ပိုးသူ' တစ်ယောက်ရှိတယ်တဲ့။ အဲ့တာအမှန်ပဲလား?"

[Moon's Note : ဒီနေရာမှာသုံးထားတဲ့ 'ပံ့ပိုးသူ' ဆိုတာက အရှေ့က 'ပံ့ပိုးသူ' နဲ့မတူပါဘူး။ ဒီက 'ပံ့ပိုးသူ' ဆိုတာက အကောင်ကြီးကြီး အမြှီးရှည်ရှည် စပွန်ဆာဒယ်ဒီကိုပြောချင်တာပါ။ ဘေဘီ့ရဲ့ဒယ်ဒီပေါ့]

ထုတ်လွှင့်အစီရင်ခံသူရဲ့ရိုင်းပြတဲ့မေးခွန်းက Mr.ချင်၊ စုရှောင်ပေါင်၊ ရှုရှီဝေနဲ့ စုပေရဲ့အခြားသူငယ်ချင်းတွေ မျက်နှာကိုပါ မည်းမှောင်သွားစေရုံသာမက MC ကိုပါ ကသိကအောက်အနေအထားတစ်ခုဆီ ကျရောက်သွားစေခဲ့တယ် : ဒီထုတ်လွှင့်အစီရင်ခံသူက အရင်က [Q] အကြောင်း ရုတ်ရုတ်သဲသဲဖြစ်အောင်လုပ်ခဲ့တဲ့ ပါဝင်ယှဉ်ပြိုင်သူတစ်ယောက်နဲ့ အထူးတလည် ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုရှိခဲ့တယ်။ သို့ပေမဲ့ ဒီအခိုက်အတန့်မှာ [Q] ကို တမင်သက်သက် ပစ်မှတ်ထားတိုက်ခိုက်တာကြီးက သေချာပေါက် ပါးနပ်တဲ့လှုပ်ရှားမှုတစ်ခုတော့ မဟုတ်ဘူး။

သို့ပေသိ မေးခွန်းကိုထုတ်မေးလိုက်ပြီဆိုမှတော့ သူတို့တွေ အခြေအနေကို အဖတ်ဆယ်ဖို့ပဲ ကြိုးစားနိုင်‌တော့မယ်။ MC က ကိုးရိုးကားရားနိုင်စွာ ရယ်မောရင်း ပြောလာတယ်။ "ဒီမေးခွန်းက မင်းရဲ့ကိုယ်‌ရေးကိုယ်တာကို ချိုးဖောက်နေတယ်လို့ထင်ရင် မင်းဖြေစရာမလိုဘူးနော်"

"အဆင်ပြေပါတယ်" စုပေ ပြုံးလိုက်တယ်။ သူမရဲ့အကြည့်တွေကို Mr.ချင်နဲ့ စုရှောင်ပေါင်တို့ရဲ့ထိုင်ခုံဆီ ဦးတည်ပြီး ပြောလိုက်‌တော့တယ်။ "အမှန်တော့, အဲ့တာက တစ်ဝက်ပဲမှန်တယ်"

"အယ်?" သူမ ဘာကိုဆိုလိုတာလဲ?

"ငါ့မှာ ငါ့အဖေအရင်းတစ်ယောက်လည်းဖြစ်တဲ့ ဩဇာကြီးတဲ့ 'ပံ့ပိုးသူ' တစ်ယောက်ရှိတယ်ဆိုတာ အမှန်ပဲ"

စုပေရဲ့စကားတွေက ပွဲကြည့်ပရိတ်သတ်တွေကို နောက်တစ်ကြိမ် ထပ်မံပေါက်ကွဲသွားစေခဲ့တယ်။ ပထမဦးဆုံးအကြိမ်အဖြစ် စုပေ သူမရဲ့အဖေအကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ကြွားခွင့်ရတဲ့ အရမ်းမိုက်တဲ့ခံစားချက်တစ်ခု ရှိနေခဲ့တယ်။

စင်မြင့်အောက်ရှိထိုင်ခုံနေရာမှ Mr.ချင်ကလည်း သူ့သမီးလေး ဂုဏ်ယူဝံ့ကြွားနေတဲ့ပုံကိုကြည့်ရင်း ပြုံးနေခဲ့တယ်။

MC က ချက်ချင်းဆိုသလို နောက်ဆုံးမေးခွန်းကို ကောက်မေးလိုက်တယ်။ "နောက်ဆုံးအနေနဲ့ မင်းကိုမေးချင်တာကတော့။ ဘေဘီ Q လေး, မင်းအသက်ဘယ်လောက်ရှိပါပြီလဲ?"

စုပေ : "ဆယ့်လေးနှစ်ပါ, ဒါပေမဲ့ မကြာခင် ဆယ့်ငါးနှစ်ပြည့်တော့မှာပါ"

---

MC မှ မေးခွန်းမြောက်များစွာမေးပြီးတဲ့နောက် ပွဲကြည့်ပရိသတ်တွေက [Q] ရဲ့အလှတရားကြောင့် ရှော့ခ်ရသွားခြင်းကနေ ပြန်လည်သက်သာလာခဲ့ကြတယ်။ သို့သော် သူမရဲ့အသက်ကို သူတို့သိသွားကြတဲ့အချိန်မှာတော့ လူအတော်များများ ဒုတိယအကြိမ် ရှော့ခ်ရသွားကြပြန်တယ်, အထူးသဖြင့် ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြသူများပင်ဖြစ်တယ်-- နောက်ပြီး [Q] ကို အရှုံးပေးလိုက်ကြရတဲ့သူများပင်။

"ဖာ့ခ်! သူက ဆယ့်လေးနှစ်ပဲရှိသေးတယ်!" သူတို့တွေ တကယ်ကြီး ဆယ့်လေးနှစ်သမီး ကလေးမလေးတစ်ယောက် ရိုက်ချတာကိုခံလိုက်ရတာ‌ပေါ့!

"သူက ဘယ်လိုတောင် ‌သောက်ကျိုးနည်း အရွယ်ရောက်လာတာတုန်းဟ? ကီးဘုတ်များစားထားလို့လား?!" [Q] က ဆယ့်လေးနှစ်ပဲရှိသေးတာကို ဒီအဆင့်တောင်ရောက်နေပြီ။ သူတို့အားလုံးက ရှက်စရာကောင်းတဲ့ အရှုံးသမားတွေပဲလို့ ဆိုလိုနေတာများလား?

သို့ပေသိ အဲ့ဒီလူတွေရဲ့ထိတ်လန့်တုန်လှုပ်မှုက တစ်စုံတစ်ယောက်‌သောသူ လက်ခံရရှိလိုက်တဲ့ ပြင်းထန်တဲ့လေပွေကြမ်းတစ်ခုနဲ့ ယှဉ်တောင်မယှဉ်နိုင်ခဲ့ဘူး--ထိုသူက‌‌တော့ လင်းရှောက်ချီပင်။

လင်းရှောက်ချီက ပွဲစီစဉ်သူများနှင့် စပွန်ဆာများအတွက် သီးသန့်ထားရှိတဲ့ အထူးနေရာထိုင်ခင်းဧရိယာမှာ မတ်တပ်ရပ်နေပြီး စင်မြင့်ပေါ်က ကောင်မလေးကို တောင့်တောင့်ကြီး စိုက်ကြည့်‌နေလေတယ်။ ဒီအခိုက်အတန့်မှာ, ကြုံဖူးခဲ့သမျှထဲက ပထမဆုံးအကြိမ်အဖြစ်, လင်းရှောက်ချီ သူ့မျက်လုံးတွေကိုတောင် မယုံကြည်နိုင်‌တော့ဘဲ သူ အခုလောလောဆယ် မြင်‌လိုက်ရတဲ့မြင်ကွင်းကို အသိအမှတ်ပြုဖို့ ငြင်းဆန်ချင်ခဲ့တယ်။

လင်းရှောက်ချီတစ်‌ယောက် [Q] က သွက်လက်တက်ကြွတဲ့ မိန်းကလေးတစ်‌ယောက် ဒါမှမဟုတ် လူမှုဆက်ဆံရေးဝင်ဆံ့တာကို သဘောမကျတဲ့ ခပ်အေးအေးနေတတ်တဲ့သူတစ်ယောက် ဒါမှမဟုတ် ဒီတိုင်း သာမန်မိန်းကလေးတစ်ယောက်ပဲ ဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ သူ တစ်ချိန်က စိတ်ကူးကြည့်ခဲ့ဖူးတယ်။ တစ်ခါတစ်လေကျတော့ [Q] က တကယ်ကြီး ရင့်ကျက်တည်ငြိမ်ပြီး ထက်မြက်တဲ့အမျိုးသမီးတစ်ယောက်လားလို့ သူ တွေးနေမိတယ်... ဒါ‌ပေမဲ့ [Q] က တကယ်ကြီး Mr.ချင်ရဲ့သမီးဖြစ်လိမ့်မယ်လို့‌တော့ သူ တစ်ခါဆိုတစ်ခါမှ တွေးမထားခဲ့မိဘူး! နောက်ပြီး သူမက အသက်တောင်မပြည့်သေးတဲ့ ချင်ယွဲ့တဲ့လေ!

အခု ပြန်စဉ်းစားကြည့်ရင် တကယ့်ကို သဲလွန်စတွေ အများကြီး ပြန့်ကျဲနေခဲ့တာဖြစ်တယ်။ လင်းရှောက်ချီ [Q] နဲ့ ဦးဆုံးအဆက်အသွယ်လုပ်တဲ့အချိန်တုန်းက တစ်ဖက်လူက သူမ ယာယီလောက်တော့ တရားဝင် အလုပ်ကမ်းလှမ်းတာမျိုးကို လက်ခံပေးလို့မရဘူးလို့ ပြောလာခဲ့တယ်။ [Q] အားတဲ့အချိန်ကလည်း ကျောင်းသားတွေရဲ့အချိန်ဇယားတွေနဲ့ တိုက်ဆိုင်နေခဲ့တယ်။ အဲ့ဒီနေ့တုန်းက NST အစည်းအဝေးမှာ ပြောခဲ့တုန်းကဆို မမလေးချင်က ဘယ်လောက်ကျွမ်းကျင်သလဲဆိုတာကိုပါ လင်းရှောက်ချီ အမှတ်ရသွားခဲ့တယ်, အဲ့ဒါအပြင် သူတို့မတွေ့ဖြစ်လိုက်တဲ့ K နိုင်ငံက အဲ့အပန်းဖြေခရီး...

ကြည့်ရတာတော့ ဒီဟာရဲ့နောက်ကွယ်မှာ ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက်တစ်ခုရှိနေလိမ့်မယ်။

အဲ့လိုဆိုရင်တောင်မှ အမှန်တရားကိုရင်ဆိုင်ဖို့ လင်းရှောက်ချီ သူ့ကိုယ်သူ အခုထိ လက်မခံနိုင်သေးဘူး-- အကယ်၍များ အခြားသူတွေက [Q] က ဒီလောက်ငယ်ငယ်လေးနဲ့ အရမ်းကိုကျွမ်း‌ကျင်နေပြီဆိုတဲ့အချက်ကို လက်မခံနိုင်ကြဘူးလို့ပဲထား, အဲ့ဒါဆို လင်းရှောက်ချီ လက်မခံနိုင်တဲ့အချက်က သူ့အသက်နှစ်ဆယ်ကာလအတွင်း ပထမဦးဆုံးအနေနဲ့ သူ့နှလုံးသားကို လှုပ်ခတ်သွားစေခဲ့တဲ့ မိန်းကလေးက တကယ်တမ်းကျတော့ သူ ချစ်လို့မရတဲ့သူတစ်ယောက်ဖြစ်နေလို့ပဲ။

လင်းရှောက်ချီ သူ့အိတ်ကပ်ထဲက လက်ဆောင်ဘူးကို သူ့လက်ဖဝါးတွေ စတင်နာကျင်လာရတဲ့အထိ အလွန်တရာတင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့တယ်။ ဒီဟာက သူ့အရင် business trip တုန်းက သူဝယ်လာခဲ့တဲ့ လက်ဆောင်တစ်ခုဖြစ်တယ်--ခရမ်းနုရောင်ဆွဲသီးပါ လည်ဆွဲတစ်ခုပင်။ အဲဒါက တောင့်တခြင်းနဲ့... စွဲလမ်းတမ်းတရတဲ့အချစ်ဆိုတဲ့ အဓိပ္ပါယ်တွေရှိနေခဲ့တယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ဒီလက်ဆောင်က ဟာသတစ်ခုဖြစ်သွားခဲ့ရပြီ။

---

စင်မြင့်ထက်ရှိ စုပေက‌တော့ သေချာပေါက် လင်းရှောက်ချီရဲ့စိတ်ထဲမှာ တိုက်ခတ်နေတဲ့ လေပြင်းမုန်တိုင်းနဲ့ပတ်သတ်ပြီး ဘာမှမသိလေဘူး။ MC နဲ့အတူ မိနစ်အနည်းငယ်အကြာ ရင်းရင်းနှီးနှီး စကားပြောဆိုပြီးတဲ့နောက် အသင်းနှစ်သင်းစလုံးက ၎င်းတို့ရဲ့သတ်မှတ်နေရာဆီ ပြန်သွားခဲ့ကြတယ်။ စင်မြင့်ပေါ်က မီးတွေမှိန်သွားချိန်မှာ နှစ်ဖက်အသင်းဧရိယာ‌တွေမှာ မီးတွေလင်းထိန်လာခဲ့တယ်။ ဘယ်၊ ညာနှစ်ဖက်ရှိ ကြီးမားတဲ့ဖန်သားပြင်တွေပေါ်မှာ အသင်းတစ်သင်းချင်းစီရဲ့ logo တွေကိုပြသထားပြီး အလယ်တစ်ခုက‌တော့ ပြိုင်ဘက်အသင်းနှစ်သင်းရဲ့အခြေအနေတွေကို ပြသပေးနေခဲ့တယ်။

သူတို့တွေ နေရာယူပြီးကြတဲ့နောက် ရှုရှီဝေ စုပေကို စနောက်နေခဲ့တယ်။ "ဘယ်လိုလဲ? အပန်းဖြေခရီးထွက်တဲ့အချိန်အတွင်း မင်းရဲ့ skill‌ တွေ သံချေးတက်ကုန်ပြီလား?"

စုပေ ယုံကြည်မှုရှိစွာ ပြုံးလိုက်ရင်း "သေချာပေါက် မဟုတ်ဘူးပေါ့"

"ကောင်းတယ်။ ပွဲစပြီဆိုတာနဲ့ မင်း အဲ့ဖက်ကိုတိုက်ခိုက်ဖို့ကိုပဲ အာရုံစိုက်ထားရမယ်။ ကျန်တာ ငါ့တာဝန်ထား" ရှုရှီဝေပြုံးပြီး စုပေရဲ့ခေါင်းကိုပုတ်လိုက်တယ်။ တစ်စက္ကန့်အကြာ သူ့ရဲ့ ရွှတ်နောက်နောက် mode ကို ဘေးဖယ်ထားပြီး သူ့အာရုံစူးစိုက်မှု‌တွေကို ဖွင့်ချလိုက်တော့တယ်။

ဂိမ်းစတင်ပြီးနောက် နှစ်ဖက်စလုံးက ချက်ချင်းဆိုသလို ပြင်းထန်တဲ့တိုက်ပွဲတစ်ပွဲဖြစ်သွားခဲ့ကြတယ်။ အသင်းနှစ်သင်းရဲ့ဆရာကြီးတွေကြားက တိုက်ပွဲက သာမန်အတင်းအဖျင်းတွေထက် ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းတယ်ဆိုတာ အသေအချာပင်ဖြစ်တယ်။ သို့ပေသိ စုပေရဲ့အသင်းက ဒီနေရာမှာ အရမ်းကြီးခက်ခဲမှုမရှိခဲ့ဘူး။ အဆုံးမှာတော့ စုပေက ပြိုင်ဘက်ရဲ့လုံခြုံရေးအကာအရံကို ၂၄.၅ မိနစ်အတွင်းမှာပဲ ချိုးဖျက်နိုင်သွားခဲ့တယ်။

သူတို့ကိုထောက်ခံအား‌ပေးတဲ့သူတွေဆီက စိတ်အားထက်သန်လှတဲ့ အော်ဟစ်သံတွေကြားမှာ 'Q&V' က လှလှပပကြီး အနိုင်ရရှိခဲ့တယ်။

လင်းရှောက်ချီတစ်‌ယောက် Mr.ချင့်ကို နှုတ်ဆက်ဖို့ရောက်လာခဲ့တယ်။ Mr.ချင်က ဘာကြောင့် သူ့ကို "တစ်ဖက်လူက အသက်မပြည့်သေးတာလည်း ဖြစ်နိုင်တယ်" ဆိုပြီး တစ်ခါပြောခဲ့ဖူးတာကို သူ နောက်ဆုံးတော့ သဘောပေါက်သွားခဲ့ပြီဖြစ်တယ်။

"ရှောင်ပေက အရမ်းတော်တယ်" လင်းရှောက်ချီ စုပေကို ချီးကျူးလိုက်တယ်။ သူ ပုံမှန် 'အစ်ကိုကြီးတစ်‌ယောက်' လေသံဖြင့် ဂုဏ်ပြုစကားပြောရန် ကြိုးစားခဲ့ပေမဲ့ သူ့လေသံက အနည်းငယ် မာဆတ်ဆတ်ဖြစ်‌နေခဲ့တယ်။

"ကိုကြီးလင်း, အရင်က ညီမလေးရဲ့ identity ကို ဖုံးထားမိခဲ့တဲ့အတွက် တောင်းပန်ပါတယ်နော်" စုပေ Mr.ချင်ရဲ့လက်မောင်းကိုကိုင်ထားရင်း သူမရဲ့ခန္ဓာကိုယ်တစ်ဝက်ကို အနောက်မှာဖွက်ထားကာ လင်းရှောက်ချီအား ရှက်ရွံ့စွာ တောင်းပန်လိုက်တယ်။

လင်းရှောက်ချီက စုပေရဲ့အခြေအနေကို သူနားလည်ကြောင်း ဖော်ပြလိုက်တယ်။ "ရှောင်ပေ့ဘက်က တောင်းပန်စရာမလိုပါဘူး။ ကိုကြီး မင်းကို ပထမဆုံးစသိတဲ့အချိန်ကတည်းက မင်းရဲ့ identity က [Q] ပဲလေ, ဟုတ်တယ်မလား?" လင်းရှောက်ချီ နူးညံ့တဲ့အပြုံးတစ်ပွင့်နဲ့ ပြောလိုက်တယ်။

သို့ပေသိ စိတ်ထဲမှာတော့ လင်းရှောက်ချီရဲ့နှလုံးသားက ဒီအခိုက်အတန့်မှာ အလွန်တရာ ချဉ်စုတ်နေခဲ့တယ်။ [Q] က ပညာရှင်တစ်ယောက်ရဲ့ကျွမ်းကျင်ပိုင်နိုင်မှု အဆင့်အတန်းမြင့်မြင့်ကို အမြဲတစေ ပြသခဲ့တဲ့အပြင် သူမနဲ့ စကားပြောရခြင်းက အမြဲလိုလို အရွယ်ရောက်လူငယ်ပရော်ဖက်ရှင်နယ်အမျိုးသမီးတစ်ဦးနဲ့ စကားပြောနေရသလိုမျိုး ဖြစ်နေခဲ့တယ်။ အဲဒါကြောင့် လင်းရှောက်ချီက တစ်ဖက်လူက အသက်မပြည့်တဲ့သူတစ်ယောက်ဆိုတဲ့ ဖြစ်နိုင်ချေနဲ့ပတ်သတ်ပြီး တစ်ခါမှမစဉ်းစားမိခဲ့တာဖြစ်တယ်။

ဒီခံစားချက်တွေ ဘယ်တုန်းကစတင်ခဲ့တာလဲ? ကြည့်ရတာ သူတို့ရဲ့အပြန်အလှန်ဆက်သွယ်မှုတွေကနေ နည်းနည်းချင်းစီ စုပုံသွားတဲ့ပုံပဲ။ မူလက တစ်စက်ချင်းစီမျှသာဖြစ်‌ပေမဲ့ အခုတော့ သူ့နှလုံးသားထဲမှာ ပင်လယ်ကြီး‌တစ်ခုအဖြစ် တဖြည်းဖြည်းပြောင်းလဲသွားခဲ့ပြီဖြစ်တယ်။ ဒီအရာက အမြဲတစေ တည်ငြိမ်နေခဲ့တဲ့ လင်းရှောက်ချီကို စိတ်လိုက်မာန်ပါအတိုင်း ဖြစ်တောင့်ဖြစ်ခဲ ဆုံးဖြတ်ချက်တစ်ခု ချမိသွားစေခဲ့တယ်။

သူချစ်တဲ့မိန်းကလေးကိုလိုက်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်‌လေးမှာတင် တကယ့်လက်တွေ့က သူ့ကို ကြီးမားတဲ့ထိုးနှက်ချက်တစ်ခု ပေးလာခဲ့တယ်--လင်းရှောက်ချီအတွက် ဒီရှော့ခ်က လက်ထပ်ပြီးသား အမျိုးသမီးတစ်ယောက်ဖြစ်နေမှန်း သိလိုက်ရတာထက် မလျော့ဘူး, အဲ့လိုဖြစ်ခဲ့ရင်‌တောင်မှ သူက မုန်းစရာကောင်းတဲ့ တတိယလူအဖြစ်ခံလိုက်မှာဖြစ်တယ်။

ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ သူ့ရဲ့အရိုင်းတကာ့အရိုင်းဆုံး အိပ်မက်ထဲမှာတောင်မှ [Q] က ဒီလောက်ထိငယ်နေလိမ့်မယ်လို့ တစ်ကြိမ်တစ်ခါလေးတောင် မတွေးမိခဲ့ဖူးဘူး။ သူ့ရဲ့ဆင်ခြင်တွေးခေါ်နိုင်စွမ်းနဲ့ ပဓာနအချက်က သူ့ကို ဒီအတွေးတွေ ဆက်‌တွေးခွင့်‌မပြုခဲ့ဘူး။ မဟုတ်ရင် သူ့ကိုယ်သူ တိရစ္ဆာန်တစ်‌ကောင်ထက် အဆင့်နိမ့်ကျအောင်လုပ်မိလိမ့်မယ်။

လင်းရှောက်ချီ ခါးသီးစွာ ပြုံးလိုက်တယ်။ စိတ်ထဲမှာတော့ သူ့ကိုယ်သူ လှောင်ရယ်နေခဲ့တယ် : မမျှော်လင့်ဘဲ, သူ့ရဲ့ပထမဆုံးအချစ်က စတောင်မစရသေးခင်မှာဘဲ အဆုံးသတ်သွားခဲ့ရပြီ။

စုပေကတော့ သူမရဲ့ identity ဖြစ်တဲ့ [Q] က ဒီငယ်ရွယ်ပြီး အလားအလာရှိတဲ့ စီးပွားရေးသမားလေး လင်းရှောက်ချီအပေါ် ဘယ်လောက်များတဲ့ ထိတ်လန့်တုန်လှုပ်မှုတွေနဲ့ နောင်တ,တရားတွေ ဆောင်ယူလာခဲ့သလဲဆိုတာကို မသိရှာဘူး။ သူမကို သူအပြစ်မတင်တဲ့အ‌ကြောင်း ကြားသိလိုက်ရတော့ စုပေ နောက်ဆုံးတော့ စိတ်အေးသွားရတယ်။ သူမ လင်းရှောက်ချီထံပြုံးရင်း ပြောလိုက်တယ်။ "ခဏနေရင် ညီမလေးတို့ရဲ့ grand final ပွဲပြိုင်ရတော့မှာလေ။ တကယ်လို့ ကိုကြီးလင်းအလုပ်မများဘူးဆိုရင် နည်းနည်းကြာကြာလေးနေပြီး ပွဲကိုအတူတူကြည့်ကြရင်ရော?"

လင်းရှောက်ချီ : "ကောင်းပြီလေ"

---

ဒုတိယဂိမ်းက ကျန်အသင်းနှစ်သင်းကြားဖြစ်ပြီး အဲ့ဒီနောက်မှာတော့ တတိယနေရာနဲ့ စတုတ္ထနေရာ အနိုင်ရရှိသူများအား ဆုံးဖြတ်ရန် ယခင်ဂိမ်းနှစ်ပွဲတွင် ရှုံးနိမ့်သွားကြသူများအကြား ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ကြရမှာဖြစ်တယ်။

နောက်ဆုံးတော့ grand final ပွဲစဉ် အချိန်အခါရောက်ရှိလာခဲ့ပြီဖြစ်တယ်။

Grand final အတွက် စုပေတို့အသင်းရဲ့ပြိုင်ဘက်က KTK ဖြစ်တယ်။ ရှုရှီဝေက ဒီရလဒ်ကို သိပ်ပြီးအံ့ဩမနေခဲ့ဘူး။ နောက်ဆုံးတော့ ဒီအသင်းက တကယ့်ကို အရမ်းကြမ်းတဲ့အသင်းတစ်သင်းပဲဖြစ်တယ်။ စိတ်ဝင်စားစရာ‌ကောင်းတာက KTK ကလည်း 'Red Hacker Challenge' မှာ ရှားပါးတဲ့ သုံးယောက်တွဲအသင်းတစ်သင်းဖြစ်တယ်။ ဒီ့မတိုင်ခင်က ရှုရှီဝေတစ်ယောက် red hacker ပြိုင်ပွဲမျိုးစုံမှာ အကြိမ်ပေါင်းမြောက်များစွာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့အပြင် သူတို့တွေကို သူ့ပြိုင်ဘက်အနေနဲ့ ရင်ဆိုင်တွေ့ဖူးခဲ့တယ်။

"အစ်ကိုကြီး ရှုံးခဲ့တယ်မလား?" ရှုယန်ယန် မေးလိုက်တယ်။

ရှုရှီဝေ သူ့ညီငတုံးထံ ဖျတ်ခနဲကြည့်လိုက်ရင်း "နိုင်တစ်လှည့် ရှုံးတစ်လှည့်ကွ"

"ဒါပေမဲ့ အပိုတွေလျှောက်တွေးမနေစမ်းပါနဲ့။ ငါတို့လုပ်နေကြအတိုင်းလုပ်ရုံပဲ" ရှုရှီဝေ သူ့အသင်းဖော်တွေရဲ့ပုခုံးကို ပုတ်လိုက်တယ်။

---

ဂိမ်းစတင်ပြီဖြစ်တယ်။

သေချာတာကတော့, ပြိုင်ပွဲအစကတည်းက, စုပေမှာ အရင်ကမကြုံဖူးခဲ့တဲ့ ဖိအားတစ်ခုကို ခံစားလိုက်ရတယ် : သူတို့တွေရဲ့ပြိုင်ဘက်အားလုံးက ဆရာကြီးအဆင့်တွေချည်းပဲဆိုတာမှန်တယ်, ဒါပေမဲ့ ဆယ်မိနစ်အတွင်းမှာတင် KTK ဆောက်ထားတဲ့ လုံခြုံရေးအကာအရံက ပရော်ဖက်ရှင်နယ်အဆင့်ကို ရောက်ရှိသွားခဲ့တဲ့အပြင် အခိုင်အခံ့ဖြစ်နေဆဲဖြစ်တယ်။

"ဘေဘီ Q လေး, မပျာသွားနဲ့။ ပုံမှန်အတိုင်းပဲလုပ်"

"အင်း"

KTK ၏ကဏ္ဍဖြန့်ဝေမှုက ရိုးရှင်းလှတယ် : အဓိကတိုက်ခိုက်‌မှုအတွက် တစ်ဦး၊ အဓိကခုခံကာကွယ်မှုအတွက် တစ်ဦးနှင့် လမ်းကြောင်းပေးသူ တစ်ဦးဟူ၍ပင်။ စုပေ၏တိုက်ခိုက်မှုများက အလွန်ပြင်းထန်ကြောင်း သတိထားမိကြတဲ့နောက် ၎င်းတို့၏နည်းဗျူဟာကို အလျင်အမြန် ချိန်ညှိလိုက်ပြီး တိုက်ခိုက်‌မှုအတွက် တစ်ဦးနှင့် ခုခံကာကွယ်မှုအတွက် တစ်ဦးသို့ ပြောင်းလဲပြင်ဆင်နေစဥ်မှာ နောက်ဆုံးတစ်ဦးက စုပေအား တိုက်ရိုက်ရင်ဆိုင်ပြီး သူမကို အနီးကပ်စောင့်ကြည့်နေခဲ့တယ်။

---

စင်မြင့်ပေါ်က စုပေရဲ့ခက်ထန်ပြီး လေးနက်နေတဲ့မျက်နှာက သူမတူထူးကဲစွာ ဖမ်းစားထားနိုင်ခဲ့တယ်။ အခုအချိန်မှာ သူမရဲ့နုငယ်ပျိုမျစ်တဲ့မျက်နှာမှာ အရှိန်အဟုန်အပြည့်ဖြစ်နေခဲ့တယ်, လင်းရှောက်ချီသိကျွမ်းခဲ့တဲ့ [Q] ရဲ့ထက်မြက်ပြီး ရဲရင့်တဲ့ပုံစံနဲ့ တစ်ထပ်တည်းပင်။

ခဏလောက်အထိ လင်းရှောက်ချီ စုပေအား မှင်တက်စွာ စိုက်ကြည့်နေခဲ့တယ်။ သို့သော် တစ်စက္ကန့်ကြာပြီး‌နောက် သူ့အတွေးတွေ ချောက်ချားလာတာကြောင့် သူ့အကြည့်တွေကို ရုတ်သိမ်းဖို့ သူ့ကိုယ်သူ အတင်းအကြပ် ဖိအား‌ပေးခဲ့ရပြီး သူ့နှလုံးသားထဲက ဖရိုဖရဲအတွေးတွေကို ကမန်းကတန်း ဖယ်ထုတ်လိုက်ရတော့တယ်။

Mr.ချင် ပျာယာခတ်နေတဲ့လူငယ်လေးကို အသာလေး ဖျတ်ခနဲကြည့်လိုက်တယ်။ စောနက သူ့သမီးလေးအပေါ် လင်းရှောက်ချီရဲ့ 'အစ်ကိုကြီး' သဘောထားမျိုးကို သူ အတော်လေး ကျေနပ်မိတယ်။

"စီးပွားရေးလုပ်တဲ့အခါ မင်းအနေနဲ့ ခက်ခဲတဲ့ရွေးချယ်မှုတစ်ခုလုပ်ဖို့အတွက် ရှောင်လွှဲလို့မရနိုင်တဲ့အချိန်တွေ ရှိလာလိမ့်မယ်" ဘာကိုလုပ်သင့်တယ်၊ ဘာကိုမလုပ်သင့်ဘူးဆိုတာကို သူသိနေသရွေ့ပေါ့။

လင်းရှောက်ချီ : "Mr.ချင်ပြောတာမှန်ပါတယ်"

---

ထိုစဉ် စင်မြင့်ထက်၌။

KTK က စုပေရဲ့တိုက်ခိုက်နည်းတွေကို ကောင်းကောင်းကြီး လေ့လာထားတယ်ဆိုတာ အသိသာကြီးပဲဖြစ်တယ်။ မူလက အခြေစိုက်စခန်းကို ကာကွယ်နေကြတဲ့ လူနှစ်ယောက်က သူတို့ရဲ့အာရုံစူးစိုက်မှုတွေကို သူမ‌အပေါ် လျင်မြန်စွာ စတင်အာရုံစိုက်လာခဲ့ကြတယ်။

စုပေ တစ်ချက်လှုပ်ရှားလိုက်တာနဲ့ သူတို့တွေက ခပ်မြန်မြန် တန်ပြန်တိုက်ခိုက်မှုတစ်ခု ပြန်လုပ်လာခဲ့ကြတယ်။

ရှုရှီဝေတောင်မှ မဆဲဘဲမနေနိုင်တော့ချေ။ "ဒီလူတွေက သောက်ရှက်ကိုမရှိတော့ဘူးပဲ!"

စုပေလည်း အနည်းငယ် မျက်မှောင်ကြုတ်‌‌နေခဲ့တယ်။ တစ်ယောက်ချင်းတိုက်ခိုက်တာက အဆင်ပြေနေသေးတယ်ဆိုပေမဲ့ သူမနဲ့တန်းတူဖြစ်နေတဲ့ လူနှစ်ယောက်ကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရတာက တကယ့်ကို သိသာထင်ရှားတဲ့ ထိခိုက်သေဆုံးမှုကိုဖြစ်ပေါ်စေနိုင်တယ်။

ရုတ်တရက်, ဖန်သားပြင်အလယ်မှာ အဖြူရောင် [ကျူးကျော်မှုအောင်မြင်သည်] ဆိုတဲ့ prompt တစ်ခုပေါ်လာခဲ့တယ်။ စုပေရဲ့အသင်းက အနီအသင်းဖြစ်ကာ KTK ကတော့ အဖြူအသင်းဖြစ်တယ်။ ဒီ prompt အဓိပ္ပါယ်က KTK ရဲ့လုံခြုံရေးအကာအရံက ချိုးဖောက်ခံလိုက်ရတာ‌ကြောင့် ဂိမ်းပြီးဆုံးသွားပြီဟူ၍ပင်။

"ငါ-ငါတို့နိုင်သွားတာလား?" ရှုယန်ယန် ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး မယုံကြည်နိုင်စွာနဲ့ မေးလိုက်တယ်။

စုပေနဲ့ ရှုရှီဝေအပါအဝင် မည်သူမှထင်မထားမိကြတာက ရှုယန်ယန်တစ်‌ယောက် KTK ရဲ့လုံခြုံရေးအကာအရံထဲသို့ တကယ်ကြီး ချိုးဖောက်ဝင်နိုင်သွားလိမ့်မယ်လို့ပဲ!

"Damn! ငနာကောင်လေး, မင်းကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ! မင်းဘယ်လိုလုပ်လိုက်တာတုန်းဟ?" ရှုရှီဝေ ရှုယန်ယန်ရဲ့ကျောကို ဖြန်းခနဲမြည်အောင် ရိုက်ချလိုက်တယ်။

"ကျွန်တော်, ကျွန်တော်လည်းမသိဘူး, ကျွန်တော် ပုံမှန်အတိုင်းလှုပ်ရှားလိုက်တာပဲရှိတာ" ရှုယန်ယန် နည်းနည်း‌ရှက်သွားခဲ့တယ်။

အစကတည်းက လူတိုင်းသိထားကြတာက [လူချောလေး ယန်] က ဒီတိုင်း ပေါင်လုံးပဲဖက်တတ်တဲ့ ကံကောင်းတဲ့ မျိုးမစစ်ကောင်တစ်ကောင်လို့ပဲ။ အဲဒါကြောင့် KTK က ဘယ်သူမှ သူ့ကို ဂရုမစိုက်မိခဲ့ကြတာဖြစ်တယ်။ နည်းဗျူဟာတွေကို ဆွေးနွေးကြတဲ့အချိန်မှာတောင် သူတို့က စုပေရဲ့အသင်းကို နှစ်ယောက်တွဲ အသင်းတစ်သင်းလို့ပဲ တိုက်ရိုက် သတ်မှတ်ခဲ့ကြတယ်။

KTK က စုပေကိုပိတ်ဆို့ဖို့ အလုံးစုံအာရုံစိုက်ထားကြချိန်မှာ ရှုယန်ယန်က သူတို့ရဲ့လုံခြုံရေးအကာအရံထဲကို အလွယ်တကူ ခိုးဝင်နိုင်သွားလိမ့်မယ်လို့ ဘယ်သူကထင်မိမှာလဲ? အခု နောင်တတရားတွေကြောင့် သူတို့ရဲ့အူတွေတောင် စိမ်းကုန်ပြီ။

စင်မြင့်ထက်မှာ ရောင်စုံပန်းပွင့်လေးတွေက မျက်နှာကျက်ပေါ်ကနေ ကျဆင်းလာခဲ့ပြီး 'Q&V' team logo အား စင်မြင့်အနှံ့ တောက်ပစွာ ‌ပြသထားခဲ့တယ်။ ဒီအောင်ပွဲကို ရှုယန်ယန်က ဆောင်ကျဉ်းပေးခဲ့တာကြောင့် စုပေနဲ့ ရှုရှီဝေတို့က သူတို့အသင်းကိုယ်စား သူ့အား အနိုင်ရမိန့်ခွန်းကို လှိုက်လှိုက်လှဲလှဲ ပြောကြားခွင့်ပေးခဲ့တယ်။ ရလဒ်အနေနဲ့ ရှုယန်ယန်တစ်ယောက် သူ့ရဲ့ battle ဝတ်စုံကိုဝတ်ဆင်ထားပြီး 'အနိုင်ရ' မိန့်ခွန်း စာမူကြမ်းကိုကိုင်ရင်း စင်မြင့်ပေါ်မှာ မတ်တပ်ရပ်နေချိန်မှာ သူ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့တာကြောင့် သူ စတင်ငိုကြွေးပြီး အကြာကြီးနေမှ စကားတစ်ခွန်းသာ ပြောထွက်လာခဲ့တယ်။ "ကျွန်တော် အရမ်းပျော်ပါတယ်ဗျာ"

---

ပြိုင်ပွဲရလဒ်ကို အွန်လိုင်းပေါ်တင်လိုက်တဲ့အချိန်မှာ သူမရဲ့ identity ဖြစ်တဲ့ [Q] ဆိုတာကို ဖော်ထုတ်လိုက်တဲ့ အကျိုးဆက်ကြောင့် ချင်မိသားစုရဲ့သခင်မ‌လေးဖြစ်တဲ့ စုပေက လူထုရဲ့မျက်လုံးထဲ အပြည့်အဝ ဝင်ရောက်သွားတော့တယ်။

[ချင်မိသားစုက သူတို့ရဲ့ကလေးတွေကို ဘယ်လိုများပြုစုပျိုးထောင်ထားတာပါလိမ့်? သိပ်အံ့ဩစရာကောင်းတာပဲ!]

[ငါ့‌ဘေဘီ Q လေးကိုချီးကျူးကြ!]

[ငါတို့က ကမ္ဘာတစ်ခုတည်းမှာ နေ,နေကြပေမဲ့ ငါတို့နဲ့ လူသားမျိုးစိတ်ချင်းမတူဘူးပဲ, ဟမ်?]

[ပထမတန်းစားမိသားစု၊ ပထမတန်းစား ဆရာကြီးအဆင့်ကျွမ်းကျင်မှု၊ ပထမတန်းစားအသွင်အပြင်နဲ့ အရေးအကြီးဆုံးကတော့ သူမက တအားငယ်‌‌နေသေးတာပဲ! သခင်မလေးချင်က ဘာလို့ ဒီသေမျိုး‌လောကထဲမှာ ရှိနေရသေးတာလဲ?]

[ငါ ချင်ယွဲ့လိုကြမ္မာကောင်းရဲ့တစ်ဝက်, မဟုတ်ဘူး, သုံးပုံတစ်ပုံလောက်ပဲလိုချင်တယ်လို့!]

......

အင်တာနက်ပေါ်မှာ စုပေ၊ ချင်မိသားစုနဲ့ 'Red Hacker Challenge' ရဲ့ရလဒ်အကြောင်း ဆွေးနွေးချက်မျိုးစုံရှိနေခဲ့တယ်။ အဓိကအားဖြင့် rainbow fart တွေ မှုတ်ထုတ်ကြတာဖြစ်‌ပေမဲ့ သေချာပေါက် ဒီထဲမှာ ချဉ်စုတ်နေတဲ့ comment တွေလည်း ရောပါနေခဲ့တယ်, ပြောကြတာတော့ စုပေက plastic surgery လုပ်ထားတယ်ဆိုတာတွေ ဒါမှမဟုတ် အဲ့ဒီဂိမ်းကြီးက အကြံအဖန်ကြီးဆိုတာ‌တွေ စသဖြင့်ပင်။ သို့ပေသိ အဲ့ဒီစကားတွေက ဘာမည်မည်ရရ အကျိုးသက်ရောက်မှုမှ မဖြစ်‌စေဘူး။

ထိုစဉ် ပြီးခဲ့တဲ့နှစ်ရက်က လူအတော်များများ အပြောများတဲ့ခေါင်းစဉ်ဖြစ်လာခဲ့တဲ့ 'internet celebrity' လေးက လက်ရှိမှာ ချင် Group ရုံးချုပ်ရှိ ဥက္ကဌရုံးခန်းထဲမှာထိုင်‌နေရင်း သူမဖခင်ရဲ့အာရုံစိုက်မှုကိုရရှိဖို့ အသည်းအသန် ကြိုးစားနေလေတယ်။

[Moon's Little Theatre : ]

လင်းရှောက်ချီ's karaoke : ရင်မှာခံစား...သူ မမြင်နိုင်တယ်...ငါ့ရဲ့အသဲထဲက...(မိုက်ထိုးပေး)

5.9.2021

Sunday

_____


Thanks 🌹


Continue Reading

You'll Also Like

871K 108K 181
Story is available in both unicode and zawgi.This is not my own creation. I'm just having fun translation. I give full credit to original author and...
2.4M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
291K 7.3K 75
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...