လရောင်ဖြာကျနေသော မြစ်ရေပြင် ၊
ငြိမ့်ညောင်းစွာ စီးဆင်းနေပါလေသော
ရေအလျင် ၊
မြစ်လည်ရှိ ငါးဖမ်းစက်လှေလေးမှ မီးပြပြအား လှမ်းမြင်နေရသေးသည်။
ကြယ်တွေစုံလင်လှပါသော မဟူရာကောင်းကင်ယံ၊
လဆန်းပိုင်းဖြစ်သော်လဲ အလှပဆုံးအလင်းရောင်တွေ ပေးဆပ်ဆဲ လခြမ်းငယ်၊
အဝတ်အစားတို့ တလူလူလွင့်သည်အထိ တိုတ်ခတ်နေဆဲ လေညှင်း ၊
လက်ထဲမှ ပူပူနွေးနွေးဖြစ်ဆဲ ကြက်ဥကစော်ခွက်လေး ၊ အနားတွင်ရပ်တည်နေပါလေသော ချစ်ရသူ ၊ ညချမ်းသည် လှပစွာပြည့်စုံသွားလေပြီ ။
အသင် ဧရာဝတီ ကျွန်တော့်ချစ်ရသူကိုပြောပြပေးပါလေ ။
သူ့အပေါ်ထားရှိတဲ့ မေတ္တာတရားတွေဟာ အလှပဆုံးသော အတ္တတွေဆိုတာ ။
ကမ်းနားစပ်လေးမှာ ဧကတို့ ဒီအတိုင်းသာ ထိုင်ချလိုက်မိသည် ။ ပကာသနတို့မပါဘဲ ၊ ဂုဏ်တွေမပါဘဲ ဒီအတိုင်းလေး ချစ်ရသူရယ် ၊ မိတ်ဆွေတွေရယ် လုံလောက်ပါပြီလေ ။
ဦးစိုင်းကတော့ နှောင်းဝေကို အချို့နေရာတွေထပ်လိုက်ပြနေပြီး ထွေးကလဲ အစားအသောက်အသစ်တွေကို ထပ်စားဖို့ဆိုကာ လိုက်သွားလေသည် ။
" ဟူ... "
" ဗျာ "
" ကိုယ်လေ ဟူ့ကိုသာဖွင့်ပြောထားတာ ဟူ့အကြောင်းလဲ မမေးမိဘူးနော် ။ ကိုယ့်ကို ဟူ့အကြောင်းလေးပြောပြပါလား ။ "
တိုးညှင်းစွာတောင်းဆိုမိတော့ ချစ်ရသူက နှင်းဆီရောင် နှုတ်ခမ်းစွန်းလေးညွန့်တက်သွားရုံ ပြုံးလေတယ် ။
" ကျွန်တော့်အကြောင်းက ရိုးရှင်းပါတယ် ။ အဝါးက ခြံစိုက်တယ် ။ အနူးကကျောင်းဆရာမ ။ ကျွန်တော်က တစ်ဦးတည်းသောသားလေ ။ ဒါပေမယ့် အနူးကကျွန်တော့်ကိုမွေးပြီး ခြောက်နှစ်ကြာတော့ နှလုံးသွေးကြောပိတ်ပြီးဆုံးခဲ့တာ။ ကျွန်တော်က ခရီးသွားရာသီတွေမှာ တိုးရစ်ဂိုက်လုပ်တယ် ။ ကျန်တဲ့အချိန် အဝါးခြံစိုက်ကူတယ် ။ ဒါပါပဲ ဘာမှထူးထူးခြားခြားမရှိပါဘူး ။ "
ထူးထူးခြားခြားမရှိပါဘူးဟုဆိုနေသော်လဲ ဟူ၏မျက်ဝန်းအတွင်းမှ ခံစားချက်များကိုမူ တွေ့မြင်နေရလေသည် ။ နာကျင်သော ၊ နာကျည်းသော ၊ ဝမ်းနည်းစိတ်ပျက်သော ခံစားချက်ပေါင်းစုံသည် မျက်ဝန်းညိုတို့အတွင်းမှာ ရောပွန်းနေလျက် ။ ချစ်ရသူသည် လိမ်ညာနေသော်လဲ မျက်ဝန်းများကမူ ရိုးသားလှလေသည် ။
ချစ်ရသူ၏အတိတ်သည် ရိုးရှင်းခဲ့ဟန်မရှိ ။ နာကျင်နာကျည်းနေသောခံစားချက်များသည် ပြင်းထန်နေသည်မှာ တစုံတခုကို အငြိုးမာန်ဖွဲ့နေသည့်အလားပင် ။
" တောင်းပန်ပါတယ်ဟူ .... ဟူ့အတိတ်တွေကိုနူးဆွမိသလိုဖြစ်သွားပြီထင်တယ် ။ "
" မလိုပါဘူး ။ အဲ့လိုဖြစ်တိုင်းတောင်းပန်နေရကြေးဆိုရင် လူတိုင်းကတောင်းပန်စကားကိုပါးစပ်ကချရမှာမဟုတ်ဘူးလေ ။ "
မထီမဲ့မြင်အပြုံးက နှင်းဆီရောင်နှုတ်ခမ်းပါးကို ကော့တက်သွားစေသည် ။ ငွေ့ရည်ဖွဲ့နေသော မျက်ဝန်းအိမ်များက ငွေစန္ဒာပြည့်ရွှန်းနေသည့်ဟန် ။
အင်း ဧက၏အသည်းသက်ညှာလေးသည် ဘာလုပ်လုပ်ကို အလှမပျက်ပါလား ။
" ဟူ က ဟူ့ဘဝအကြောင်းကိုပြောပြတော့ ကိုယ်ကလဲ ကိုယ့်အကြောင်းကိုပြောပြရမှာပေါ့ ။ ကိုယ့်ရဲ့အဖေက ဦးဧကမိုးနိုင် တဲ့ ။ ပင်စင်ယူထားတဲ့ဝန်ကြီးဟောင်းပေါ့ ။ မေမေကတော့ ဒေါ်ထွေးဧကရီလို့ခေါ်တယ် ။ မေမေကတော့ နေပြည်တော်ရဲ့အငြိမ်းစားယူလိုက်ပြီဖြစ်တဲ့ စာစစ်ဌာနမှူးဟောင်း ။ ကိုယ်က ကျောက်မြတ်ရတနာလုပ်ငန်းလုပ်တယ် ။ ထွေးကတော့ နေပြည်တော်ရဲ့ ရတနာပြခန်းပိုင်ရှင် ။ ကိုယ်တို့မှာက မိသားစုလေးယောက်တည်းရှိတာ ။ နောက်ကျရင်တော့ ငါးယောက်ဖြစ်တော့မယ်လေ ။ "
ရိသဲ့သဲ့စကားသံကြောင့် ဝမ်းနည်းသယောင်မျက်ဝန်းများက ရယ်မြူးဟန်ပြောင်းလဲသွားလေသည် ။ ထို့နောက်ဧကအားလှည့်ကြည့်ကာ မနိုင်သည့်ဟန်ခေါင်းကိုခါလေသည် ။
" ဟူ... ဧရာဝတီကလှတယ်နော် "
ဧက၏စကားသံကြောင့် ရဂွန်း၏မျက်ဝန်းများသည်လဲ လရောင်အောက်တွင် ငွေလှိုင်းများဖြင့် တလဲ့လဲ့စီးဆင်းနေသော ဧရာဝတီမြစ်ကြီးထံကို ရောက်ရှိသွားလေသည် ။
" အွန်း ဟုတ်တယ် ... ဧရာဝတီကလှတယ် ။ ကျွန်တော့်မှာအတွေးတခုရှိသေးတယ် ။ တနေ့နေ့မိသားစုဘဝတည်ထောင်ခဲ့လို့ သားသမီးရလာရင် ဧရာဝတီရဲ့နာမည်ပါအောင် နာမည်တွေကိုပေးမယ်လို့ ။ "
" အဲ့တာဆိုရင် သားလေးဆိုရင် ဆောင်းဧရာလှိုင်း ၊ သမီးလေးဆိုရင် ဆောင်းဝတီဝေ လို့ပေးလေ ။ လှတယ်မလား ။ "
" ခင်ဗျားက တကယ်မလွယ်တာပဲ ဧက "
ပြုံးယောင်သန်းသွားသောမျက်နှာလေးသည် လရောင်အောက်တွင် ကျော့ရှင်းနေလေသည် ။ ချစ်ရသူနှင့်အတူရှိသောစက္ကန့်တိုင်းသည်လှပသည် ။ ဤအချိန်များကို ကြာမြင့်ရန်စွဲထားစေချင်သော်လဲ အချိန်ဟူသည်အစိုးမရသော အရာပင်မဟုတ်ပါလော ။
ဧကတို့ မနက်ဖြန် ပူတာအိုကိုလည်ပြီးလျှင် သန်ဘက်ခါတွင်နေပြည်တော်အား ပြန်ရလေတော့မည် ။ ဧကသည် ဤခရီးအားနှလုံးတစ်စုံနှင့်လာခဲ့သော်လဲ အပြန်တွင်မူ ဤနှလုံးသားအား တစ်စုံတစ်ယောက်ထံ ပေးအပ်ခဲ့လေပြီ ။
ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ဖူးစာကို ဘယ်မှာလဲဆိုတာမသိနိုင်ဘူး ။ ကိုယ့်ဘေးကသူငယ်ချင်းတယောက်ဖြစ်နေနိုင်သလို ဝေးလံလှတဲ့ ကချင်ပြည်နယ်က တိုင်းရင်းသားလေးလဲဖြစ်နိုင်တယ်လေ ။
* မနောမြေအား သက်သေတည်လျက် *
#Vote and comments ><
~~TBC
{{ Zawgyi }}
လေရာင္ျဖာက်ေနေသာ ျမစ္ေရျပင္ ၊
ၿငိမ့္ေညာင္းစြာ စီးဆင္းေနပါေလေသာ
ေရအလ်င္ ၊
ျမစ္လည္ရွိ ငါးဖမ္းစက္ေလွေလးမွ မီးျပျပအား လွမ္းျမင္ေနရေသးသည္။
ၾကယ္ေတြစုံလင္လွပါေသာ မဟူရာေကာင္းကင္ယံ၊
လဆန္းပိုင္းျဖစ္ေသာ္လဲ အလွပဆုံးအလင္းေရာင္ေတြ ေပးဆပ္ဆဲ လျခမ္းငယ္၊
အဝတ္အစားတို႔ တလူလူလြင့္သည္အထိ တိုတ္ခတ္ေနဆဲ ေလညွင္း ၊
လက္ထဲမွ ပူပူေႏြးေႏြးျဖစ္ဆဲ ၾကက္ဥကေစာ္ခြက္ေလး ၊ အနားတြင္ရပ္တည္ေနပါေလေသာ ခ်စ္ရသူ ၊ ညခ်မ္းသည္ လွပစြာျပည့္စုံသြားေလၿပီ ။
အသင္ ဧရာဝတီ ကြၽန္ေတာ့္ခ်စ္ရသူကိုေျပာျပေပးပါေလ ။
သူ႕အေပၚထားရွိတဲ့ ေမတၱာတရားေတြဟာ အလွပဆုံးေသာ အတၱေတြဆိုတာ ။
ကမ္းနားစပ္ေလးမွာ ဧကတို႔ ဒီအတိုင္းသာ ထိုင္ခ်လိဳက္မိသည္ ။ ပကာသနတို႔မပါဘဲ ၊ ဂုဏ္ေတြမပါဘဲ ဒီအတိုင္းေလး ခ်စ္ရသူရယ္ ၊ မိတ္ေဆြေတြရယ္ လုံေလာက္ပါၿပီေလ ။
ဦးစိုင္းကေတာ့ ေႏွာင္းေဝကို အခ်ိဳ႕ေနရာေတြထပ္လိုက္ျပေနၿပီး ေထြးကလဲ အစားအေသာက္အသစ္ေတြကို ထပ္စားဖို႔ဆိုကာ လိုက္သြားေလသည္ ။
" ဟူ... "
" ဗ်ာ "
" ကိုယ္ေလ ဟူ႕ကိုသာဖြင့္ေျပာထားတာ ဟူ႕အေၾကာင္းလဲ မေမးမိဘူးေနာ္ ။ ကိုယ့္ကို ဟူ႕အေၾကာင္းေလးေျပာျပပါလား ။ "
တိုးညွင္းစြာေတာင္းဆိုမိေတာ့ ခ်စ္ရသူက ႏွင္းဆီေရာင္ ႏႈတ္ခမ္းစြန္းေလးၫြန႔္တက္သြား႐ုံ ၿပဳံးေလတယ္ ။
" ကြၽန္ေတာ့္အေၾကာင္းက ရိုးရွင္းပါတယ္ ။ အဝါးက ၿခံစိုက္တယ္ ။ အႏူးကေက်ာင္းဆရာမ ။ ကြၽန္ေတာ္က တစ္ဦးတည္းေသာသားေလ ။ ဒါေပမယ့္ အႏူးကကြၽန္ေတာ့္ကိုေမြးၿပီး ေျခာက္ႏွစ္ၾကာေတာ့ ႏွလုံးေသြးေၾကာပိတ္ၿပီးဆုံးခဲ့တာ။ ကြၽန္ေတာ္က ခရီးသြားရာသီေတြမွာ တိုးရစ္ဂိုက္လုပ္တယ္ ။ က်န္တဲ့အခ်ိန္ အဝါးၿခံစိုက္ကူတယ္ ။ ဒါပါပဲ ဘာမွထူးထူးျခားျခားမရွိပါဘူး ။ "
ထူးထူးျခားျခားမရွိပါဘူးဟုဆိုေနေသာ္လဲ ဟူ၏မ်က္ဝန္းအတြင္းမွ ခံစားခ်က္မ်ားကိုမူ ေတြ႕ျမင္ေနရေလသည္ ။ နာက်င္ေသာ ၊ နာက်ည္းေသာ ၊ ဝမ္းနည္းစိတ္ပ်က္ေသာ ခံစားခ်က္ေပါင္းစုံသည္ မ်က္ဝန္းညိုတို႔အတြင္းမွာ ေရာပြန္းေနလ်က္ ။ ခ်စ္ရသူသည္ လိမ္ညာေနေသာ္လဲ မ်က္ဝန္းမ်ားကမူ ရိုးသားလွေလသည္ ။
ခ်စ္ရသူ၏အတိတ္သည္ ရိုးရွင္းခဲ့ဟန္မရွိ ။ နာက်င္နာက်ည္းေနေသာခံစားခ်က္မ်ားသည္ ျပင္းထန္ေနသည္မွာ တစုံတခုကို အၿငိဳးမာန္ဖြဲ႕ေနသည့္အလားပင္ ။
" ေတာင္းပန္ပါတယ္ဟူ .... ဟူ႕အတိတ္ေတြကိုႏူးဆြမိသလိုျဖစ္သြားၿပီထင္တယ္ ။ "
" မလိုပါဘူး ။ အဲ့လိုျဖစ္တိုင္းေတာင္းပန္ေနရေၾကးဆိုရင္ လူတိုင္းကေတာင္းပန္စကားကိုပါးစပ္ကခ်ရမွာမဟုတ္ဘူးေလ ။ "
မထီမဲ့ျမင္အၿပဳံးက ႏွင္းဆီေရာင္ႏႈတ္ခမ္းပါးကို ေကာ့တက္သြားေစသည္ ။ ေငြ႕ရည္ဖြဲ႕ေနေသာ မ်က္ဝန္းအိမ္မ်ားက ေငြစႏၵာျပည့္႐ႊန္းေနသည့္ဟန္ ။
အင္း ဧက၏အသည္းသက္ညွာေလးသည္ ဘာလုပ္လုပ္ကို အလွမပ်က္ပါလား ။
" ဟူ က ဟူ႕ဘဝအေၾကာင္းကိုေျပာျပေတာ့ ကိုယ္ကလဲ ကိုယ့္အေၾကာင္းကိုေျပာျပရမွာေပါ့ ။ ကိုယ့္ရဲ႕အေဖက ဦးဧကမိုးနိုင္ တဲ့ ။ ပင္စင္ယူထားတဲ့ဝန္ႀကီးေဟာင္းေပါ့ ။ ေမေမကေတာ့ ေဒၚေထြးဧကရီလို႔ေခၚတယ္ ။ ေမေမကေတာ့ ေနျပည္ေတာ္ရဲ႕အၿငိမ္းစားယူလိုက္ၿပီျဖစ္တဲ့ စာစစ္ဌာနမႉးေဟာင္း ။ ကိုယ္က ေက်ာက္ျမတ္ရတနာလုပ္ငန္းလုပ္တယ္ ။ ေထြးကေတာ့ ေနျပည္ေတာ္ရဲ႕ ရတနာျပခန္းပိုင္ရွင္ ။ ကိုယ္တို႔မွာက မိသားစုေလးေယာက္တည္းရွိတာ ။ ေနာက္က်ရင္ေတာ့ ငါးေယာက္ျဖစ္ေတာ့မယ္ေလ ။ "
ရိသဲ့သဲ့စကားသံေၾကာင့္ ဝမ္းနည္းသေယာင္မ်က္ဝန္းမ်ားက ရယ္ျမဴးဟန္ေျပာင္းလဲသြားေလသည္ ။ ထို႔ေနာက္ဧကအားလွည့္ၾကည့္ကာ မနိုင္သည့္ဟန္ေခါင္းကိုခါေလသည္ ။
" ဟူ... ဧရာဝတီကလွတယ္ေနာ္ "
ဧက၏စကားသံေၾကာင့္ ရဂြန္း၏မ်က္ဝန္းမ်ားသည္လဲ လေရာင္ေအာက္တြင္ ေငြလွိုင္းမ်ားျဖင့္ တလဲ့လဲ့စီးဆင္းေနေသာ ဧရာဝတီျမစ္ႀကီးထံကို ေရာက္ရွိသြားေလသည္ ။
" အြန္း ဟုတ္တယ္ ... ဧရာဝတီကလွတယ္ ။ ကြၽန္ေတာ့္မွာအေတြးတခုရွိေသးတယ္ ။ တေန႕ေန႕မိသားစုဘဝတည္ေထာင္ခဲ့လို႔ သားသမီးရလာရင္ ဧရာဝတီရဲ႕နာမည္ပါေအာင္ နာမည္ေတြကိုေပးမယ္လို႔ ။ "
" အဲ့တာဆိုရင္ သားေလးဆိုရင္ ေဆာင္းဧရာလွိုင္း ၊ သမီးေလးဆိုရင္ ေဆာင္းဝတီေဝ လို႔ေပးေလ ။ လွတယ္မလား ။ "
" ခင္ဗ်ားက တကယ္မလြယ္တာပဲ ဧက "
ၿပဳံးေယာင္သန္းသြားေသာမ်က္ႏွာေလးသည္ လေရာင္ေအာက္တြင္ ေက်ာ့ရွင္းေနေလသည္ ။ ခ်စ္ရသူႏွင့္အတူရွိေသာစကၠန႔္တိုင္းသည္လွပသည္ ။ ဤအခ်ိန္မ်ားကို ၾကာျမင့္ရန္စြဲထားေစခ်င္ေသာ္လဲ အခ်ိန္ဟူသည္အစိုးမရေသာ အရာပင္မဟုတ္ပါေလာ ။
ဧကတို႔ မနက္ျဖန္ ပူတာအိုကိုလည္ၿပီးလွ်င္ သန္ဘက္ခါတြင္ေနျပည္ေတာ္အား ျပန္ရေလေတာ့မည္ ။ ဧကသည္ ဤခရီးအားႏွလုံးတစ္စုံႏွင့္လာခဲ့ေသာ္လဲ အျပန္တြင္မူ ဤႏွလုံးသားအား တစ္စုံတစ္ေယာက္ထံ ေပးအပ္ခဲ့ေလၿပီ ။
ကြၽန္ေတာ္တို႔ဟာ ကြၽန္ေတာ္တို႔ရဲ႕ဖူးစာကို ဘယ္မွာလဲဆိုတာမသိနိုင္ဘူး ။ ကိုယ့္ေဘးကသူငယ္ခ်င္းတေယာက္ျဖစ္ေနနိုင္သလို ေဝးလံလွတဲ့ ကခ်င္ျပည္နယ္က တိုင္းရင္းသားေလးလဲျဖစ္နိုင္တယ္ေလ ။
* မေနာေျမအား သက္ေသတည္လ်က္ *
#Vote and comments ><
~~TBC