ငါတို့တစ်မိသားစုလုံးက ဗီလိန်...

By Kay_Wine

1.3M 203K 6.4K

Title - My Whole Family Are Villain (我们一家都是反派) Author - 咸鱼老人 Total Chapter - 100 Chapters + 2 extras Genre... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17.1
Chapter 17.2
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46.1
Chapter 46.2
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Extra - 1
Extra - 2

Chapter 87

10.1K 1.8K 105
By Kay_Wine


MWFV Ch 88

Final

Zawgyi Version

ခ်င္မိသားစုရဲ႕အေဖနဲ႔ကေလးေတြက K ႏိုင္ငံမွာ တစ္ပတ္ခြဲခန္႔ အနားယူအပန္းေျဖခဲ့ၾကတယ္။ 'Red Hacker Challenge' ေၾကာင့္သာမဟုတ္ရင္ စုေပက အိမ္ကိုျပန္လာခ်င္ေသးတာမဟုတ္ဘူး။ အပန္းေျဖခရီးကေန ျပန္ေရာက္လာတဲ့အခါ Mr.ခ်င္နဲ႔ အမႊာႏွစ္ေယာက္က အသီးသီး စတင္အလုပ္မ်ားလာခဲ့ၾကတယ္။ စုေရွာင္ေပါင္က ဂိမ္းၿပိဳင္ပြဲနဲ႔ အလုပ္ရႈပ္ေနခဲ့တယ္။ လ်ိဳ႕ခိုင္ရဲ႕စကားေတြကိုသုံးရရင္ အမ်ိဳးသားအဆင့္ၿပိဳင္ပြဲမွာ သူတို႔ေတြ အရည္အခ်င္းမမွီလို႔ ရႈံးနိမ့္သြားခဲ့တယ္ဆိုရင္ေတာင္မွ ေဒသတြင္းၿပိဳင္ပြဲေတြမွာ မ်က္ႏွာမပ်က္ရဖို႔အတြက္ သူတို႔ေတြ အစြမ္းကုန္ႀကိဳးစားၾကရမယ္။

စုေပကေတာ့ 'Red Hacker Challenge' ရဲ႕ grand final ပြဲအတြက္ ျပင္ဆင္ရင္း အလုပ္မ်ားေနခဲ့တယ္။

အခ်ိန္အၾကာႀကီးပစ္ထားမိခဲ့တဲ့ official website ထဲသို႔ log in ဝင္ၿပီးသြားတဲ့ေနာက္ champion, runner-up နဲ႔ third-place ေနရာအား ယွဥ္ၿပိဳင္ရန္အတြက္ အသင္းေလးသင္းသာက်န္တဲ့အျပင္ ပါဝင္ယွဥ္ၿပိဳင္သူ စုစုေပါင္းအေယာက္ ၂၀ထက္နည္းေနတာကို စုေပျမင္ေတြ႕လိုက္ရတယ္။

သို႔ေသာ္ အခုခ်ိန္ ဖိုရမ္ထဲမွာလည္း စိတ္လႈပ္ရွားမႈေတြအျပည့္ျဖစ္ေနခဲ့တယ္။ လူအမ်ားစုက ဘယ္အသင္းဗိုလ္စြဲမယ္ဆိုတာကို ခန႔္မွန္းေဆြးေႏြးေနခဲ့ၾကတယ္။ ဒီအေၾကာင္းရင္းေၾကာင့္ပဲ ပြဲစီစဥ္သူက မွန္ကန္ေအာင္ ခန႔္မွန္းႏိုင္သူမ်ားအတြက္ ဆုလက္ေဆာင္တစ္ခုေပးရန္ online voting တစ္ခုကို သီးသန႔္ျပင္ဆင္ေပးခဲ့တယ္။

Final ပြဲစဥ္ေတြနဲ႔ပတ္သတ္ၿပီး ေျပာဆိုေနၾကတဲ့အျပင္ ဖိုရမ္ထဲ၌ ေရပန္းအစားဆုံးေခါင္းစဥ္မွာ "နတ္ဘုရား Q က လွလား၊ ႐ုပ္ဆိုးလား?" ဆိုတာပင္။

တစ္စုံတစ္ေယာက္က [Q] ဟာ ႐ုပ္ဆိုးတဲ့ အမ်ိဳးသမီးတစ္ေယာက္ျဖစ္တယ္ဆိုတဲ့ အတင္းအဖ်င္းကို ျဖန႔္ၿပီးတဲ့ေနာက္ လူအမ်ားစုက ၎ယူဆခ်က္ကို အေျခခံအားျဖင့္ လက္ခံခဲ့ၾကတယ္။ အဲဒါေၾကာင့္ #QIsVeryUgly ဆိုတဲ့ေခါင္းစဥ္က ျဖည္းျဖည္းခ်င္း အနည္ထိုင္လာခဲ့တယ္။ ေနာက္ပိုင္းမွာ ဖိုရမ္ထဲရွိ တစ္စုံတစ္ေယာက္က ႐ုတ္တရက္ ထေျပာလာခဲ့တယ္ : [Q က႐ုပ္ဆိုးတယ္လို႔ ဘယ္သူေျပာလဲ, သူက သိသိသာသာႀကီးကို အရမ္းလွတာပါဆို!]

ထို႔ေၾကာင့္ပင္ [Q] ရဲ႕မ်က္ႏွာအေၾကာင္းေခါင္းစဥ္က ေနာက္တစ္ႀကိမ္ hotspot ျပန္ျဖစ္လာခဲ့ေတာ့တယ္။

[ေနာက္ဆုံးအသင္းဆို နတ္ဘုရား Q နဲ႔ နတ္ဘုရား V ဆီေတာင္မေရာက္ခင္ ရႈံးသြားၾကတာ‌ေလ။ သူတို႔ခမ်ာ ႀကီးျမတ္တဲ့နတ္ဘုရားေတြကို ကိုယ္တိုင္ကိုယ္က် မေတြ႕လိုက္ရဘူး။ တစ္ခ်ိန္လုံး မင္းတို႔ေကာင္ေတြ အဲ့တာကိုပဲ မၿပီးႏိုင္မစီးႏိုင္ ျငင္းခုံေနၾကတုန္း, မင္းတို႔အားလုံးကို ႐ိုက္ခ်င္လြန္းလို႔ ငါယားလာၿပီေနာ္]

[အေပၚထပ္က ငါ့ေကာင္ေရ, ငါလည္းမင္းလိုပဲဟ။ ငါ့ရဲ႕စပ္စုခ်င္စိတ္ေတြက ႏွစ္သစ္နဲ႔အတူပါသြားၿပီကြ, ဟားဟား။ ေနာက္ဆုံးေတာ့ မီဒီယာေပၚမွာ တိုက္႐ိုက္ထုတ္လႊင့္ေတာ့မယ့္ grand final အခ်ိန္အခါ ေရာက္လာၿပီေလ။ ငါတို႔ေတြ ေနာက္ဆုံးေတာ့ ဘုန္းတန္ခိုးႀကီးမားၿပီး ျမင့္ျမတ္တဲ့နတ္ဘုရား Q ကို ေတြ႕ရေတာ့မယ္ေဟ့!]

[ငါကေတာ့ အရမ္းႀကီးေမွ်ာ္လင့္ခ်က္မထားရဲဘူး။ နတ္ဘုရား Q က ၾကည့္ေကာင္းတယ္လို႔ေျပာတဲ့ေကာင္က အုတ္ေအာ္ေသာင္းတင္းျဖစ္သြားေအာင္ လိမ္ေျပာတာဆိုရင္ေရာ ဘယ္လိုလုပ္မလဲ?]

[Q ရဲ႕အင္အားကိုေတာ့ ငါအျပည့္အဝယုံၾကည္တယ္။ သူ႔မ်က္ႏွာဆိုရင္ေတာ့...]

[နတ္ဘုရား Q က ၾကည့္မေကာင္းဘူးဆိုရင္ေတာင္ ငါ့ႏွလုံးသားထဲက သူ႔‌ေနရာကို လုံးဝသက္ေရာက္မႈရွိမွာ မဟုတ္ဘူး။ ငါတို႔ရဲ႕နတ္ဘုရား Q က သူ႔အသက္ရွင္ရပ္တည္မႈကရတဲ့ အင္အားေတြအေပၚမွာ မူတည္ေနတာဆိုေတာ့။ တစ္ျခားဟာ‌ေတြက အပိုဆာဒါးေတြပဲေလ...]

[ဟုတ္တယ္! Q ရဲ႕ေက်းဇူးေတာ္ေတြကို လိင္နဲ႔ေရာ မ်က္ႏွာနဲ႔ေရာ ခြဲျခားလိုက္လို႔မရဘူး။ လွသည္ျဖစ္ေစ၊ ႐ုပ္ဆိုးသည္ျဖစ္ေစ သူမက ႀကီးျမတ္တဲ့နတ္ဘုရားတစ္ပါးပဲ]

...

ဖိုရမ္မွာ သူမအေၾကာင္းနဲ႔ပတ္သတ္ၿပီး အတင္းတုတ္ေနၾကတဲ့ comment ေတြကိုဖတ္ၿပီး ခဏၾကာေတာ့ စုေပ ပ်င္းလာတာေၾကာင့္ final အတြက္ content ျပင္တဲ့ေနရာမွာပဲ သူမ အာ႐ုံစိုက္ထားလိုက္တယ္။

ေနာက္ဆုံးအဆင့္သတ္မွတ္ခ်က္အတြက္ မဲေပးျခင္းအျပင္ ဖိုရမ္မွာလည္း အသင္းတစ္သင္းခ်င္းစီႏွင့္ အသင္းသားတစ္ဦးခ်င္း၏စြမ္းရည္ႏွင့္ နည္းပညာပိုင္းဆိုင္ရာကြၽမ္းက်င္မႈေတြကို ခြဲျခမ္းစိတ္ျဖာမႈ လုပ္ေဆာင္ထားတဲ့ သီးျခားက႑တစ္ခုရွိတယ္။

စုေပ page က သူမအေၾကာင္းေရးထားတာကို ၾကည့္‌ေနခဲ့တယ္ : [Q] ၏ overall ranking မွာ တတိယျဖစ္ပါသည္။ တိုက္စစ္ကစားသမားတစ္ဦးျဖစ္ၿပီး 'ပါရမီရွင္' တစ္ေယာက္ဟူ၍ သတ္မွတ္ႏိုင္ပါသည္။ [Q] ၏တိုက္ခိုက္မႈမ်ားသည္ မ်ားေသာအားျဖင့္ လ်င္ျမန္၊ တိက်ၿပီး အညႇာအတာကင္းမဲ့လွသည္။ ခံစစ္အကာအရံမ်ားအား က်ဴး‌ေက်ာ္ရာတြင္ ကြၽမ္းက်င္လိမၼာသည္။ [Q] သည္ လမ္းေၾကာင္းမ်ိဳးစုံမွ တိုက္ခိုက္ရန္အတြက္ လမ္းၫႊန္ခ်က္မ်ားစြာကို တစ္ၿပိဳင္နက္တည္း ထိထိေရာက္ေရာက္အသုံးခ်ရျခင္းအား ႀကိဳက္ႏွစ္သက္သူျဖစ္သည္။ က်ယ္က်ယ္ျပန္႔ျပန္႔ ေလ့လာဆန္းစစ္ခ်က္အရ... [Q] ၏အားနည္းခ်က္မွာ ခုခံကာကြယ္မႈျဖစ္သည္။ ရန္လိုေသာတိုက္ခိုက္မႈမ်ားတြင္ ေယဘုယ်အားျဖင့္ ခုခံကာကြယ္မႈ၌ ႀကီးမားေသာလြတ္ေပါက္မ်ား ရွိတတ္သည္။

စုေပ အံ့ၾသမႈအရိပ္အေယာင္တစ္ခုကို ခံစားလိုက္ရတယ္။

[Q] : အခုေလးတင္ ဖိုရမ္မွာ ငါ့အေၾကာင္း ခြဲျခမ္းစိတ္ျဖာထားတာကို ငါဖတ္လိုက္ရတယ္။

[vvvv] : ဟားဟားဟား! ေဘဘီ, ဘယ္လိုခံစားရလဲ?

[Q] : နည္းနည္းေတာ့ အံ့ၾသသြားမိတယ္။ ၾကည့္ရတာက အဲ့ဒီလူေတြက ငါ့ကို ငါ့ထက္ပိုၿပီးသိ‌ေနၾကသလိုပဲ။

[vvvv] : ဟားဟားဟား, သူတို႔ေတြက ၾကက္ေတြမွမဟုတ္တာကိုး။

[vvvv] : ဒါေပမဲ့လည္း အရမ္းႀကီးစိတ္ပူမေနပါနဲ႔။ ဒီအသိုင္းအဝိုင္းက ထိပ္တန္းအဆင့္ရွိတဲ့ ဆရာႀကီးေတြထဲမွာ ဘယ္တစ္ေယာက္ကမ်ား လူသိရွင္ၾကား ေစ့ေစ့စပ္စပ္ အစစ္ေဆးမခံရဖူးလို႔လဲ? ခြဲျခမ္းစိတ္ျဖာမႈက ဘယ္ေလာက္ပဲစိစစ္ပါတယ္ဆိုဆို ပကတိအင္အားကပဲ ေအာင္ပြဲကို အဆုံးအျဖတ္ေပးတာေလ။

ရႈရွီေဝေျပာသလိုပဲ finals ကိုတက္ေရာက္ခြင့္ရရွိခဲ့ၾကတဲ့ ပါဝင္ယွဥ္ၿပိဳင္သူအားလုံးနီးပါးမွာ ဒီလိုတူညီတဲ့ ခြဲျခမ္းစိတ္ျဖာမႈတစ္ခုလုပ္ျခင္းမ်ိဳး ရွိေနခဲ့တာျဖစ္တယ္။ ေသခ်ာတာေပါ့, ႁခြင္းခ်က္ေတြလည္းရွိပါတယ္။ အဲ့ဒီစုန္းျပဴးေလးကေတာ့ ထုံးစံအတိုင္း ရႈယန္ယန္ပဲျဖစ္တယ္။ သူ႔အေၾကာင္း စာေၾကာင္းႏွစ္ေၾကာင္းသာ ေရးသားထားခဲ့တယ္ : [လူေခ်ာေလး ယန္] ၌ သူ႔အား final သို႔ဆြဲေခၚသြားမည့္ ေ႐ႊေပါင္လုံးႀကီးႏွစ္လုံးအား ဖက္တြယ္ထားႏိုင္သည့္ ကံေကာင္းမႈတစ္ခုတည္းသာရွိသည္။ သူ၏အင္အားသည္ သာမန္မွ်သာျဖစ္တာေၾကာင့္ မသိက်ိဳးကြၽန္ျပဳႏိုင္သည္။

စုေပႏွင့္အတူ သူ႔ညီေလးအား ဟားတိုက္ၿပီးတဲ့ေနာက္ ရႈရွီေဝတစ္ေယာက္ private message တစ္ေစာင္ ပို႔လာခဲ့တယ္။

[Q] : နည္းနည္းေလးေတာ့။

[Q] : ငါတို႔ေတြ ခ်န္ပီယံဆုကိုမရရင္ ဘာျဖစ္မွာလဲဟင္?

Final သို႔တက္‌ေရာက္ခြင့္ရရွိခဲ့ၾကတဲ့ အသင္းေလးသင္းစီမွ one-one battle ႏွစ္ပြဲစီ ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ေနာက္ဆုံးက်န္ရစ္တဲ့ အႏိုင္ရအသင္းႏွစ္သင္းက ခ်န္ပီယံႏွင့္ runner-up rank အတြက္ ယွဥ္ၿပိဳင္ၾကရမွာျဖစ္ကာ ရႈံးတဲ့အသင္းေတြကေတာ့ တတိယႏွင့္ စတုတၳေနရာမ်ားအတြက္ ယွဥ္ၿပိဳင္ၾကရမွာျဖစ္တယ္။

ဒီအဆင့္အထိ ေရာက္လာခဲ့ၾကတဲ့ အသင္းေလးသင္းစလုံးက အရမ္းကိုၾကမ္းၾကတယ္ဆိုတာက ယုံမွားသံသယျဖစ္စရာမရွိေခ်။ ခြဲျခမ္းစိတ္ျဖာမႈ ေကာက္ႏုတ္ခ်က္အရ စုေပ၏ overall ranking မွာ တတိယအဆင့္သာရွိႏိုင္တာျဖစ္တယ္။

သူမ နည္းနည္း‌ေတာ့ ေၾကာက္မိတယ္။ သူတို႔ရႈံးသြားတယ္ဆိုရင္ ဘာျဖစ္မလဲ?

[vvvv] : ဟားဟား, မပူပါနဲ႔ကြာ, ငါက မင္းကိုအရႈံးခံပါ့မလား။

[vvvv] : ငါတို႔အႏိုင္မရႏိုင္တဲ့အခြင့္အေရးက တစ္သန္းမွာတစ္ပုံေလာက္ရွိေနရင္ေတာင္ အဲ့တာက ရႈယန္ယန္ ငါတို႔ေတြကိုဆြဲခ်သြားလို႔ပဲျဖစ္မွာ‌‌, မင္းေၾကာင့္မဟုတ္ပါဘူး။

အစ္ကိုႀကီးရႈ၏ႏွစ္သိမ့္မႈေၾကာင့္ စုေပ ရယ္သံတစ္ခ်က္ထြက္သြားခဲ့တယ္။

အဲ့ဒီအခ်ိန္မွာပဲ Mr.ခ်င္ဆီက ဖုန္းဝင္လာခဲ့တယ္။ သူတို႔ အပန္းေျဖခရီးကေန ျပန္ေရာက္လာတဲ့အခ်ိန္ကတည္းက အိမ္မွာ Mr.ခ်င္က အလုပ္အမ်ားဆုံးျဖစ္ေနခဲ့တယ္။ ခ်န္တဲ့ဆီကေန စုေပၾကားမိတာက ကုမၸဏီမွာ စီမံကိန္းတစ္ခုလုပ္‌ေနပုံရေပမဲ့ အေသးစိတ္ကိုေတာ့ မသိရဘူး။ ရက္အေတာ္မ်ားမ်ား စုေပနဲ႔ စုေရွာင္ေပါင္တို႔ အိပ္ယာမဝင္ခင္ Mr.ခ်င္အိမ္ျပန္‌ေရာက္လာတာကို မေတြ႕ခဲ့ၾကဘူး။ ဒါေပမဲ့ ေန႔တိုင္း ဒီအခ်ိန္ေလာက္ဆို သူတို႔ကို အိပ္ယာဝင္ဖို႔ သတိေပးတဲ့အေနနဲ႔ သူဖုန္းတစ္ေကာလ္ေခၚေလ့ရွိတယ္။

"ေဖေဖ့" စုေပ ဖုန္းေခၚတာကိုျပန္ေျဖလိုက္တယ္။

"အိပ္ခ်ိန္ေရာက္ေနၿပီေနာ္" Mr.ခ်င္ရဲ႕အသံက receiver ကေန ထြက္ေပၚလာခဲ့တယ္။ ေသေသခ်ာခ်ာ နားေထာင္ၾကည့္ရင္ သူ႔ေလသံထဲက ပင္ပန္းႏြမ္းလ်မႈ အရိပ္အေယာင္တစ္ခုကို စုေပၾကားႏိုင္တယ္။

"ဟုတ္, သမီး အခုအိပ္ေတာ့မလို႔ပါ"

"ေဖေဖ ေန႔တိုင္း ဒီလိုအလုပ္ေတြရႈပ္ေနတာ ေဖေဖ့အတြက္ မေကာင္းဘူးေနာ္" စု‌ေပ မေနႏိုင္ေတာ့ဘဲ နည္းနည္းေလး မေက်မနပ္ေျပာလိုက္မိတယ္။ သူတို႔ေတြ အေဖနဲ႔မေတြ႕ျဖစ္တာ ရက္ေတာ္ေတာ္ၾကာေနၿပီ။ သူက သူတို႔ေတြကို မလိုခ်င္ေတာ့လို႔လား?

စုေပ မသိလိုက္တာက Mr.ခ်င္က မနက္တစ္နာရီ သို႔မဟုတ္ ႏွစ္နာရီအထိ ကုမၸဏီမွာ အလုပ္ေတြမ်ားေနခဲ့ေသာ္လည္း အိမ္ျပန္ေရာက္တာနဲ႔ အနားမယူခင္ ေမာင္ႏွမႏွစ္ေယာက္ရဲ႕အခန္းထဲကို သူ အၿမဲတမ္း အရင္သြားစစ္ေလ့ရွိတယ္ဆိုတာပါပဲ။

ဖုန္း၏အျခားတစ္ဖက္တြင္ ခ်င္ေရွာက္တစ္‌ေယာက္ သူ႔သမီးေလး၏စိုးရိမ္မႈမ်ားႏွင့္ မေက်မနပ္ေျပာဆိုမႈမ်ားေၾကာင့္ အံ့အားသင့္သြားမိတယ္။ သူ ရွင္းျပလိုက္ရေတာ့တယ္။ "ဒီတစ္ပတ္တည္းပါပဲ။ ေနာက္အပတ္ဆိုရင္ အေဖ ထပ္ၿပီးအလုပ္ရႈပ္ေတာ့မွာမဟုတ္ပါဘူး"

"အခု သြားအိပ္ေတာ့ေနာ္"

"ဟုတ္။ Good night ပါ ေဖေဖ, ေဖေဖလည္း ေစာေစာအနားယူသင့္တယ္ေနာ္"

သူ႔သားနဲ႔သမီးကို သူဖုန္းေခၚၿပီးသြားတဲ့‌ေနာက္ Mr.ခ်င္ရဲ႕ပင္ပန္းႏြမ္းလ်မႈ‌ေတြက ယူပစ္သလို ေပ်ာက္ကင္းသြားပုံရတယ္။ အားမာန္အသစ္ႏွင့္အတူ သူက လင္းေရွာက္ခ်ီႏွင့္ မ်က္ကြင္းတစ္ခုလုံး မည္းသည္းေနၾကတဲ့ သူ႔အဖြဲ႕ႏွင့္အတူ စီမံကိန္း၏ ေနာက္ဆုံးအေသးစိတ္အခ်က္အလက္ေတြကို ဆက္လက္အတည္ျပဳေပးေနခဲ့တယ္။

စုေပရဲ႕ final ပြဲစဥ္ မနက္ခင္းတြင္ စုေပနဲ႔ စုေရွာင္ေပါင္တို႔ ေနာက္ဆုံးေတာ့ Mr.ခ်င့္ကို တစ္ဖန္ ျပန္ျမင္ေတြ႕လိုက္ၾကရတယ္။ သူမ ေအာက္ထပ္ကိုဆင္းလာၿပီး Mr.ခ်င့္ကို ျမင္လိုက္ရခ်ိန္မွာ စုေပရဲ႕မ်က္ဝန္းေတြထဲမွာ အံ့အားသင့္မႈေတြ ဖ်တ္ခနဲေပၚလာခဲ့တယ္။

"ေဖေဖ့!"

"မနက္စာ အရင္စား။ ၿပီးရင္ အေဖ သမီးကို ပြဲက်င္းပတဲ့ေနရာကို လိုက္ပို႔ေပးမယ္"

"ဟုတ္"

စုေပက Mr.ခ်င္အတြက္ ၾကက္ဥျပဳတ္တစ္လုံးကို အခြံခြာၿပီး သူ႔ပန္းကန္လုံးထဲ ထည့္ေပးလိုက္တယ္။ သူမ မေနႏိုင္ေတာ့ဘဲ ေမးလိုက္မိတယ္။ "ေဖေဖ, သမီး ေဖေဖ့ကို တစ္ခုေလာက္ေမးခ်င္လို႔"

ခ်င္ေရွာက္ : "ဘာေမးမလို႔လဲ?"

"မေန႔က ေဖေဖ နားေရာနားရရဲ႕လား?" Mr.ခ်င္က မနက္အေစာႀကီးကို အလြန္တရာသပ္ရပ္‌စြာ ဝတ္စားထားခဲ့တယ္။ သူမ သံသယျဖစ္မိတာက သူ ကုမၸဏီမွာ ညလုံးေပါက္ အလုပ္လုပ္ခဲ့ၿပီး အခုေလးတင္မွ အိမ္ျပန္ေရာက္လာခဲ့တယ္လို႔ပဲ။

Mr.ခ်င္ အံ့အားသင့္သြားခဲ့တယ္။ ခဏအၾကာ သူ ခပ္ဟဟရယ္လိုက္တယ္။ "အေဖ မေန႔က အိမ္ကိုေစာေစာျပန္လာပါတယ္, သမီးတို႔ အိပ္ယာဝင္ၿပီး သိပ္မၾကာခင္ေလာက္ပဲ"

...

ပြဲက်င္းပရာေနရာသို႔သြားေနခ်ိန္မွာ စုေပ သူမဖုန္းကို စစ္ၾကည့္လိုက္ေတာ့ တုန႔္ဝိန္ခ်ီနဲ႔ ရွဲ႕မင္႐ႊမ္းတို႔ရဲ႕ group ကေန စာအိတ္နီေတြ အႁပြတ္လိုက္ လက္ခံရရွိခဲ့တယ္။ ထို႔ေနာက္ သူမရဲ႕အလုပ္ဖုန္းထံ လင္းေရွာက္ခ်ီရဲ႕ message တစ္ေစာင္ပါ ဝင္လာခဲ့တယ္။

[လင္းေရွာက္ခ်ီ] : စိတ္မလႈပ္ရွားနဲ႔ေနာ္။ ႏိုင္ႏိုင္ ရႈံးရႈံး မင္းက ငါတို႔ NST ရဲ႕အေတာ္ဆုံးနည္းပညာကြၽမ္းက်င္သူနဲ႔ အဓိကမ႑ိဳင္ပါပဲ။

ဒီ႐ိုးရွင္းတဲ့စာေၾကာင္းတစ္ေၾကာင္းက လူေတြကို ခ်က္ခ်င္း စိတ္ေအးလက္ေအးျဖစ္သြားေစတယ္။ စုေပ ရယ္ခ်င္သြားေအာင္ တကယ္လုပ္ႏိုင္ခဲ့တဲ့အရာက ဘာလဲဆိုေတာ့ : လြန္ခဲ့တဲ့မိနစ္ဝက္ေလးကတင္ Mr.ခ်င္ သူမထံ ေျပာလာခဲ့တဲ့ တစ္စုံတစ္ရာပင္ျဖစ္တယ္။ Mr.ခ်င္ရဲ႕မူရင္းစကားလုံးေတြက ဤသို႔ပင္။ "သမီး ဘာမွစိတ္လႈပ္ရွားေနစရာမလိုဘူး။ သမီးရဲ႕အဆင့္က ဘယ္ေလာက္ပဲျဖစ္ျဖစ္ NST က သမီးရဲ႕အလုပ္ကိုေတာ့ ဘယ္ေတာ့မွဆုံးရႈံးရမွာမဟုတ္ဘူး"

ခ်င္ Group က NST ကုမၸဏီ၏ရွယ္ယာ ၅၁% ကိုပိုင္ဆိုင္ၿပီး လင္း Group က က်န္ % ကို ပိုင္ဆိုင္ထားတာျဖစ္တယ္။ Big boss ႀကီးႏွစ္ဦး၏ အာမခံခ်က္မ်ားေၾကာင့္ စုေပ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈ ရွိသြားခဲ့တယ္။ 'Red Hacker Challenge' သို႔ဝင္ရတဲ့ သူမရဲ႕မူလရည္မွန္းခ်က္မွာ ဆု‌ေၾကးေငြ ယြမ္ ၃၀၀,၀၀၀ ရရွိရန္ျဖစ္တယ္။ မေမွ်ာ္လင့္ဘဲ သူမ NST ကုမၸဏီျဖစ္လာေအာင္ ဖန္တီးမယ့္လုပ္ငန္းစဥ္ထဲမွာ ကူညီျဖစ္သြားခဲ့တယ္။ ဒါေပမဲ့လည္း ယြမ္ ၃၀၀,၀၀၀ အတြက္ သူမ ပထမဆုရဖို႔ အျပင္းအထန္ႀကိဳးစားေနဦးမွာပဲ!

---

ခ်င္မိသားစုသုံးေယာက္သား ပြဲက်င္းပရာေနရာသို႔ ေရာက္ရွိလာခ်ိန္မွာ ရႈရွီေဝႏွင့္ ရႈယန္ယန္တို႔က ေရာက္ႏွင့္ေနၾကၿပီျဖစ္တယ္။ ယေန႔အတြက္ ရႈယန္ယန္၏အျပင္အဆင္ကိုၾကည့္ၿပီး စုေပ ရယ္ခ်င္စိတ္ကို ထိန္းမရေတာ့လုနီးပါးျဖစ္သြားခဲ့ရတယ္။

ရႈယန္ယန္ : "ဘယ္လိုလဲ? ငါ ဒီေန႔ေသာက္ရမ္းၾကည့္‌ေကာင္းေနတယ္မလား, ဟုတ္တယ္ဟုတ္?"

စုေပ : "ဘယ္နားကလဲ...?"

ရႈယန္ယန္ : "ငါ့ရဲ႕ battle ဝတ္စုံ‌ေလ, ဒီေန႔အတြက္ အထူးစပယ္ရွယ္ စိတ္ႀကိဳက္ေအာ္ဒါမွာထားတာ, ေသေလာက္ေအာင္မိုက္တာေနာ့္!"

စုေပ : "..." သူမ ဘာမွတ္ခ်က္ေပးရမွန္းမသိေတာ့ဘူး။

ရႈယန္ယန္ရဲ႕ေရာင္စုံ 'ဂ်က္ကတ္' ကိုၾကည့္ရင္း စုေပ အကဲျဖတ္ျခင္းကို သူမရဲ႕စိတ္ထဲမွာပဲ တိတ္တိတ္ေလး လုပ္ေနလိုက္တယ္ : မ်က္စိဆံပင္ေမႊးစူးေနတာကလြဲရင္ ဒါႀကီးကပါ သူ႔ကို ရယ္စရာပုံႀကီးျဖစ္ေအာင္ လုပ္ေနသလိုပဲ။

"မင့္မ်က္လုံးေတြကန္းေနလို႔သာ ဒါႀကီးကို ၾကည့္ေကာင္းတယ္ထင္ေနတာဟ" ရႈရွီေဝ သူ႔ညီေလးရဲ႕ေခါင္းကို ႐ိုက္ခ်လိုက္တယ္။ "ကြၽမ္းက်င္မႈလည္းမရွိ အင္အားလည္းမရွိဘဲနဲ႔ ဒီလိုဖန္စီဟာေတြကိုလုပ္ေနေတာ့ေရာ ဘာေသာက္သုံးက်မွာမို႔လို႔လဲ?"

"ကြၽန္ေတာ္လည္း အျပင္းအထန္ႀကိဳးစားခဲ့တာပဲ‌ေလ" ရႈယန္ယန္ခမ်ာ မတရားခံလိုက္ရတာျဖစ္တယ္။ ဒီအားလပ္ရက္မွာ ရွဲ႕မင္႐ႊမ္း သို႔မဟုတ္ စုေရွာင္ေပါင္တို႔အတြက္ ရံဖန္ရံခါ အစားထိုးကစားေပးတာကလြဲလို႔ ရႈယန္ယန္က သူ႔ရဲ႕က်န္ရွိတဲ့အခ်ိန္‌ေတြကို ေလ့က်င့္မႈအတြက္ လက္ေတြ႕က်က် အသုံးခ်ခဲ့တယ္။ သူ႔ level က အခုဆို အရင္ကထက္ အမ်ားႀကီးပိုျမင့္ေနၿပီျဖစ္တယ္။

"ၿပီးေတာ့ ဒါက ကင္မရာျမင္ကြင္းအတြက္ လိုေသးတယ္ေလ!"

ဒီတစ္ေခါက္လည္း သူက ႀကီးျမတ္တဲ့နတ္ဘုရား‌ေတြရဲ႕ေပါင္လုံးေတြကိုဖက္ၿပီး လဲေလ်ာင္းရင္း အႏိုင္ရဖို႔ မွီခိုေနရေသာ္ျငား ရႈယန္ယန္ တစ္ခါမွ ဒီေလာက္ထိစိတ္မလႈပ္ရွားမိဖူးဘူး။ သူက battle ဝတ္စုံ‌တစ္စုံ ေအာ္ဒါမွာ႐ုံသာမက အႏိုင္ရမိန႔္ခြန္းတစ္ခုကိုပါ ျပင္ဆင္ထားခဲ့တယ္။ အခုခ်ိန္မွာ အဲဒါေတြကို သူ႔ေဘာင္းဘီအိတ္ကပ္ထဲမွာ လုံလုံၿခဳံၿခဳံ သိမ္းဆည္းထားခဲ့တယ္, စုစုေပါင္း မိန႔္ခြန္းႏွစ္ခုျဖစ္တယ္ : တစ္ခုက ခ်န္ပီယံဆုရရွိျခင္းအတြက္ျဖစ္ၿပီး ေနာက္တစ္ခုက runner-up သို႔မဟုတ္ အဆင့္နိမ့္ဆုရရွိျခင္းအတြက္ျဖစ္တယ္။

[T/N : လဲေလ်ာင္းရင္းအႏိုင္ရဆိုတာက ဘာမွႀကိဳးစားအားထုတ္မႈမရွိဘဲ အႏိုင္ရတာကို ေျပာခ်င္တာပါ]

ရႈရွီေဝက အဲ့ဒီဦးေႏွာက္ပ်က္ေနတဲ့ညီငယ္‌ေလးကိုၾကည့္ဖို႔ေတာင္ အေတာ္ေလး စိတ္ပ်က္ေနမိတာေၾကာင့္ ေရာင္စုံေကာင္ေလးဆီကေန သူ႔အျမင္ကို လုံးလုံးကြယ္ထားလိုက္ေတာ့တယ္။

ရႈရွီေဝတစ္‌ေယာက္ ဒီေန႔ စုေပဝတ္လာတဲ့ဝတ္စုံကို သတိထားမိခဲ့တယ္။ အဲဒါက ဆရာႀကီးတစ္‌ေယာက္ရဲ႕ အလြန္ျပင္းထန္တဲ့အရွိန္အဝါနဲ႔အတူ ထက္ျမက္တဲ့စတိုင္လ္ရွိေပမဲ့ ဆယ္ေက်ာ္သက္မိန္းကေလးတစ္ေယာက္ရဲ႕ ခ်စ္စရာေကာင္းမႈ‌ေလးေတြကိုလည္း မေလ်ာ့ပါးေစဘူး။ ၿခဳံေျပာရရင္ေတာ့ အဲဒါကို စကားလုံးႏွစ္လုံးနဲ႔ အႏွစ္ခ်ဳပ္ႏိုင္တယ္ : အရမ္းလွတယ္!

သူ႔စိတ္ထဲမွာ ရႈရွီေဝတစ္‌ေယာက္ အ႐ူးအမူးဟားတိုက္ရယ္ေနမိတယ္။ သူက စိတ္ေက်နပ္ဖြယ္ရာ မ်က္ႏွာျဖတ္႐ိုက္ျခင္း အခိုက္အတန႔္တစ္ခုကို ေစာင့္ေမွ်ာ္ေနခဲ့တာေလ။

---

ၿပိဳင္ပြဲက စတင္ေတာ့မွာျဖစ္တယ္။ ပြဲၾကည့္ပရိသတ္အမ်ားစုလည္း ပြဲက်င္းပရာေနရာသို႔ ေရာက္ရွိေနၾကၿပီျဖစ္တယ္။ ၿပိဳင္ပြဲဝင္အသင္းရဲ႕အသင္းေဖာ္ေတြျဖစ္ၾကတဲ့ စုေပနဲ႔ ရႈညီအစ္ကိုေတြက ၎တို႔အသင္းအတြက္ သီးသန႔္ထားရွိတဲ့ျပင္ဆင္ခန္းထဲသို႔ ၀င္ေရာက္ခြင့္ရခဲ့ၾကတယ္။

Mr.ခ်င္နဲ႔ စုေရွာင္ေပါင္တို႔ VIP ထိုင္ခုံေတြရဲ႕ပထမအတန္းမွာ ထိုင္‌ေနခဲ့ၾကၿပီး ၎တို႔အေနာက္မွာေတာ့ စုေပရဲ႕ support team ရွိေနခဲ့တယ္။

"နတ္ဘုရား V နဲ႔ နတ္ဘုရား Q စင္ေပၚတက္လာရင္ ငါ နင္တို႔ေတြကိုအခ်က္ျပလိုက္မယ္, အဲ့က်ရင္ ငါတို႔ေတြရဲ႕ေဆာင္ပုဒ္ကို တို႔ေတြအတူတူေအာ္ၾကမယ္ေနာ္။ 'Q နဲ႔ V တို႔ ေနရာကိုလႊမ္းမိုးထား' ဆိုတာကေနစမယ္, တစ္ေၾကာင္းကိုႏွစ္ေခါက္စီေအာ္ရမယ္, နားလည္ၾကလား?"

"ငါတို႔မွာ လူမ်ားမ်ားစားစားမရွိဘူးလား?"

"ရွိတာေပါ့။ သူတို႔ေတြက supporter တီရွပ္‌ေတြမေလာက္ေတာ့လို႔ သြားယူေနၾကတာ"

"လူတိုင္း light board နဲ႔ light stick ေတြ ကိုယ္စီရွိၾကရဲ႕လား? နဖူးစည္းစာတန္း ဘယ္သူယူလာလဲ? ျမန္ျမန္လာခ်ိတ္ေလ"

"ဖိုရမ္နဲ႔ ဆိုရွယ္မီဒီယာအတြက္ ျပင္ဆင္တာေတြေတာ့ ၿပီးသြားၿပီ။ ေဟ်ာင့္ေတြ, အဲ့တာကိုေၾကာ္ျငာဖို႔မေမ့ၾကနဲ႔ဦး"

...

အေနာက္က စကားေျပာဆိုေနၾကတာေတြကိုနားေထာင္ရင္း Mr.ခ်င္နဲ႔ စုေရွာင္ေပါင္တို႔ ေခါင္းလွည့္ၿပီး တစ္ခ်က္ၾကည့္လိုက္ၾကတယ္ : ေသခ်ာတာေပါ့, အဲ့မွာ အရမ္းကိုတက္ႂကြေနၾကတယ္ေလ။

သူ႔ career နဲ႔ပဲ အလုပ္မ်ားေနခဲ့တဲ့ သက္လတ္ပိုင္းေယာက္်ားတစ္ေယာက္ျဖစ္တဲ့ Mr.ခ်င့္ဆီမွာ အရင္က ဒီလိုအိုင္ဒီယာမ်ိဳး တစ္ခါမွမရွိဖူးဘူး။ သူ ေစာေစာကသာသိခဲ့ရင္ အားလုံးထဲမွာ အခမ္းနားအႀကီးက်ယ္ဆုံး light board တစ္ခုျဖစ္ေအာင္ စိတ္တိုင္းက်ေအာ္ဒါမွာဖို႔ ခ်န္တဲ့ကို သူ ခိုင္းေတာင္ခိုင္းၿပီးေနေလာက္ၿပီ။

စုေရွာင္ေပါင္ Mr.ခ်င့္ကို အသာေလး တစ္ခ်က္ၾကည့္လိုက္ၿပီး သူ႔အိတ္ကပ္ထဲက light board အေသးေလးတစ္ခုကို ထုတ္လိုက္တယ္။

ခ်င္ေရွာက္ : "..."

"အေဖ့မွာ ဒါေတြျပင္ဆင္ဖို႔အခ်ိန္မရွိဘူးဆိုတာ ကြၽန္ေတာ္သိတယ္။ ကြၽန္ေတာ္ အေဖ့ကိုတစ္ခုငွားမယ္ေလ" စုေရွာင္ေပါင္ သူ႔အျခားအိတ္ကပ္ထဲက‌ေန ေနာက္ light board တစ္ခုကိုထုတ္ၿပီး Mr.ခ်င္ထံ လွမ္းေပးလိုက္တယ္။ "အေဖက ဘာလို႔ဒီေလာက္အလုပ္ရႈပ္ေနရတာလဲ..." ေကာင္ေလးက တိုးတိုးေလးညည္းညဴလိုက္တယ္။

Mr.ခ်င္က စကားတစ္ခြန္းမွမေျပာဘူး။ သူ အေပၚမွာ 'BEI' စာလုံးေရးထားတဲ့ light board အေသးေလးတစ္ခုကိုယူၿပီး တိတ္တဆိတ္ စူးစမ္းေနခဲ့တယ္။ အဲ့ဒီ light board ေတြကို စုေရွာင္ေပါင္နဲ႔ သူ႔ေဘာ္ဒါေတြက အင္တာနက္ကေန စိတ္ႀကိဳက္ေအာ္ဒါမွာယူထားခဲ့တာျဖစ္တယ္။ ေသခ်ာတာေပါ့, အဲ့ေကာင္ေတြလည္း ဒီေန႔ ပြဲက်င္းပရာေနရာကို ေရာက္လာၾကတယ္ေလ။ သို႔ေသာ္ အေရွ႕ခုံေတြက ေရာင္းခ်ထားၿပီးျဖစ္တာေၾကာင့္ ေဆြမ်ိဳးလည္းမဟုတ္၊ စပြန္ဆာလည္းမဟုတ္တဲ့ ရွဲ႕မင္႐ႊမ္းနဲ႔ သူ႔အဖြဲ႕က ေနာက္တန္းေတြမွာသာ ထိုင္ေနၾကရတာျဖစ္တယ္။

---

ေနာက္ဆုံးေတာ့ အခ်ိန္အခါက်ေရာက္လာၿပီျဖစ္တယ္။ ေဟာခန္းႀကီးေပၚရွိ မီးေတြမွိတ္က်သြားၿပီး စင္ျမင့္ထက္က မီး‌ေတြလင္းလာခဲ့တယ္။ MC တစ္ဦးနဲ႔ ထုတ္လႊင့္အစီရင္ခံသူတို႔ စင္ျမင့္ထက္သို႔ ေလွ်ာက္လာခဲ့ၾကတယ္။ 'ေ႐ႊအဆင့္ပံ့ပိုးသူ' အား ေက်းဇူးတင္စကားအနည္းငယ္ ေျပာၾကားၿပီးတဲ့ေနာက္ MC က အဓိကေခါင္းစဥ္ဆီ သြားလိုက္တယ္။ "အခုတစ္ဖန္, ယေန႔ final ပြဲစဥ္ရဲ႕ပထမအေက်ာ့ပြဲစဥ္မွာ ပါဝင္ယွဥ္ၿပိဳင္ၾကမယ့္ အသင္းႏွစ္သင္းကို ႀကိဳဆိုလိုက္ရေအာင္!"

"ပထမအသင္းက Team Rock ျဖစ္ၿပီးေတာ့ စုစုေပါင္းအဖြဲ႕ဝင္ေလးဦးပါဝင္ပါတယ္။ သူတို႔ေတြကေတာ့ Dboom၊ ပိုင္ပိုင္၊Taoနဲ႔ ဝမ္က်ိဳးက်ိဳးတို႔ပဲျဖစ္ပါတယ္"

"ဘယ္အသင္းက သူတို႔ရဲ႕ၿပိဳင္ဘက္ပါလဲဗ်ာ? ၾကည့္ရတာေတာ့ အားလုံးေစာင့္ေမွ်ာ္ေနၾကတဲ့ အသင္းတစ္သင္းျဖစ္မယ့္ပုံပါပဲ။ ႂကြေရာက္လာၾကတဲ့ ဂုဏ္သေရရွိဧည့္ပရိသတ္မ်ားခင္ဗ်ာ, လူႀကီးမင္းတို႔ရဲ႕ မိုဘိုင္းဖုန္း‌ေတြနဲ႔ ကင္မရာေတြ အသင့္ျဖစ္ပါၿပီလား!"

"Q&V?!" တစ္စုံတစ္ေယာက္က စုေပရဲ႕အသင္းနာမည္ကို ေအာ္ေခၚလိုက္တယ္။ တစ္ခ်ိန္တည္းမွာပဲ ေမာ္နီတာေပၚတြင္ logo အႀကီးႀကီးတစ္ခု ေပၚထြက္လာခဲ့တယ္။

"Q&V Team မွ Q, vvvv နဲ႔ လူေခ်ာေလးယန္တို႔ကို ႀကိဳဆိုလိုက္ရေအာင္"

MC ေၾကညာလို႔မၿပီးေသးခင္မွာဘဲ ပြဲၾကည့္ပရိတ္သတ္ေတြက က်ယ္ေလာင္တဲ့ အား‌ေပးေႂကြးေၾကာ္သံ‌ေတြ ေပါက္ကြဲထြက္လာၾကေတာ့တယ္။ Q&V က အႏိုင္ရရွိဖို႔ ေရပန္းအစားဆုံးအသင္းတစ္သင္းျဖစ္႐ုံသာမက အသိုင္းအဝိုင္းထဲမွာ hot အျဖစ္ဆုံး အတင္းအဖ်င္းေခါင္းစဥ္တစ္ခုလည္းျဖစ္တယ္။ ဒီအခိုက္အတန႔္မွာ ဟက္ကာကြၽမ္းက်င္သူမ်ားႏွင့္ အတင္းအဖ်င္းႀကိဳက္သူမ်ားက စိတ္လႈပ္ရွားမႈေၾကာင့္ ၎တို႔၏ေသြးေတြ ေလာင္ၿမိဳက္ေနၾကေတာ့တယ္။

3.9.2021

Friday


___________________________________

MWFV Ch 88

Final

Unicode Version

ချင်မိသားစုရဲ့အဖေနဲ့ကလေးတွေက K နိုင်ငံမှာ တစ်ပတ်ခွဲခန့် အနားယူအပန်းဖြေခဲ့ကြတယ်။ 'Red Hacker Challenge' ကြောင့်သာမဟုတ်ရင် စုပေက အိမ်ကိုပြန်လာချင်သေးတာမဟုတ်ဘူး။ အပန်းဖြေခရီးကနေ ပြန်ရောက်လာတဲ့အခါ Mr.ချင်နဲ့ အမွှာနှစ်ယောက်က အသီးသီး စတင်အလုပ်များလာခဲ့ကြတယ်။ စုရှောင်ပေါင်က ဂိမ်းပြိုင်ပွဲနဲ့ အလုပ်ရှုပ်နေခဲ့တယ်။ လျို့ခိုင်ရဲ့စကားတွေကိုသုံးရရင် အမျိုးသားအဆင့်ပြိုင်ပွဲမှာ သူတို့တွေ အရည်အချင်းမမှီလို့ ရှုံးနိမ့်သွားခဲ့တယ်ဆိုရင်တောင်မှ ဒေသတွင်းပြိုင်ပွဲတွေမှာ မျက်နှာမပျက်ရဖို့အတွက် သူတို့တွေ အစွမ်းကုန်ကြိုးစားကြရမယ်။

စုပေကတော့ 'Red Hacker Challenge' ရဲ့ grand final ပွဲအတွက် ပြင်ဆင်ရင်း အလုပ်များနေခဲ့တယ်။

အချိန်အကြာကြီးပစ်ထားမိခဲ့တဲ့ official website ထဲသို့ log in ဝင်ပြီးသွားတဲ့နောက် champion, runner-up နဲ့ third-place နေရာအား ယှဉ်ပြိုင်ရန်အတွက် အသင်းလေးသင်းသာကျန်တဲ့အပြင် ပါဝင်ယှဉ်ပြိုင်သူ စုစုပေါင်းအယောက် ၂၀ထက်နည်းနေတာကို စုပေမြင်တွေ့လိုက်ရတယ်။

သို့သော် အခုချိန် ဖိုရမ်ထဲမှာလည်း စိတ်လှုပ်ရှားမှုတွေအပြည့်ဖြစ်နေခဲ့တယ်။ လူအများစုက ဘယ်အသင်းဗိုလ်စွဲမယ်ဆိုတာကို ခန့်မှန်းဆွေးနွေးနေခဲ့ကြတယ်။ ဒီအကြောင်းရင်းကြောင့်ပဲ ပွဲစီစဉ်သူက မှန်ကန်အောင် ခန့်မှန်းနိုင်သူများအတွက် ဆုလက်ဆောင်တစ်ခုပေးရန် online voting တစ်ခုကို သီးသန့်ပြင်ဆင်ပေးခဲ့တယ်။

Final ပွဲစဥ်တွေနဲ့ပတ်သတ်ပြီး ပြောဆိုနေကြတဲ့အပြင် ဖိုရမ်ထဲ၌ ရေပန်းအစားဆုံးခေါင်းစဥ်မှာ "နတ်ဘုရား Q က လှလား၊ ရုပ်ဆိုးလား?" ဆိုတာပင်။

တစ်စုံတစ်ယောက်က [Q] ဟာ ရုပ်ဆိုးတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တယ်ဆိုတဲ့ အတင်းအဖျင်းကို ဖြန့်ပြီးတဲ့နောက် လူအများစုက ၎င်းယူဆချက်ကို အခြေခံအားဖြင့် လက်ခံခဲ့ကြတယ်။ အဲဒါကြောင့် #QIsVeryUgly ဆိုတဲ့ခေါင်းစဉ်က ဖြည်းဖြည်းချင်း အနည်ထိုင်လာခဲ့တယ်။ နောက်ပိုင်းမှာ ဖိုရမ်ထဲရှိ တစ်စုံတစ်ယောက်က ရုတ်တရက် ထပြောလာခဲ့တယ် : [Q ကရုပ်ဆိုးတယ်လို့ ဘယ်သူပြောလဲ, သူက သိသိသာသာကြီးကို အရမ်းလှတာပါဆို!]

ထို့ကြောင့်ပင် [Q] ရဲ့မျက်နှာအကြောင်းခေါင်းစဉ်က နောက်တစ်ကြိမ် hotspot ပြန်ဖြစ်လာခဲ့တော့တယ်။

[နောက်ဆုံးအသင်းဆို နတ်ဘုရား Q နဲ့ နတ်ဘုရား V ဆီတောင်မရောက်ခင် ရှုံးသွားကြတာ‌လေ။ သူတို့ခမျာ ကြီးမြတ်တဲ့နတ်ဘုရားတွေကို ကိုယ်တိုင်ကိုယ်ကျ မတွေ့လိုက်ရဘူး။ တစ်ချိန်လုံး မင်းတို့ကောင်တွေ အဲ့တာကိုပဲ မပြီးနိုင်မစီးနိုင် ငြင်းခုံနေကြတုန်း, မင်းတို့အားလုံးကို ရိုက်ချင်လွန်းလို့ ငါယားလာပြီနော်]

[အပေါ်ထပ်က ငါ့ကောင်ရေ, ငါလည်းမင်းလိုပဲဟ။ ငါ့ရဲ့စပ်စုချင်စိတ်တွေက နှစ်သစ်နဲ့အတူပါသွားပြီကွ, ဟားဟား။ နောက်ဆုံးတော့ မီဒီယာပေါ်မှာ တိုက်ရိုက်ထုတ်လွှင့်တော့မယ့် grand final အချိန်အခါ ရောက်လာပြီလေ။ ငါတို့တွေ နောက်ဆုံးတော့ ဘုန်းတန်ခိုးကြီးမားပြီး မြင့်မြတ်တဲ့နတ်ဘုရား Q ကို တွေ့ရတော့မယ်ဟေ့!]

[ငါကတော့ အရမ်းကြီးမျှော်လင့်ချက်မထားရဲဘူး။ နတ်ဘုရား Q က ကြည့်ကောင်းတယ်လို့ပြောတဲ့ကောင်က အုတ်အော်သောင်းတင်းဖြစ်သွားအောင် လိမ်ပြောတာဆိုရင်ရော ဘယ်လိုလုပ်မလဲ?]

[Q ရဲ့အင်အားကိုတော့ ငါအပြည့်အဝယုံကြည်တယ်။ သူ့မျက်နှာဆိုရင်တော့...]

[နတ်ဘုရား Q က ကြည့်မကောင်းဘူးဆိုရင်တောင် ငါ့နှလုံးသားထဲက သူ့‌နေရာကို လုံးဝသက်ရောက်မှုရှိမှာ မဟုတ်ဘူး။ ငါတို့ရဲ့နတ်ဘုရား Q က သူ့အသက်ရှင်ရပ်တည်မှုကရတဲ့ အင်အားတွေအပေါ်မှာ မူတည်နေတာဆိုတော့။ တစ်ခြားဟာ‌တွေက အပိုဆာဒါးတွေပဲလေ...]

[ဟုတ်တယ်! Q ရဲ့ကျေးဇူးတော်တွေကို လိင်နဲ့ရော မျက်နှာနဲ့ရော ခွဲခြားလိုက်လို့မရဘူး။ လှသည်ဖြစ်စေ၊ ရုပ်ဆိုးသည်ဖြစ်စေ သူမက ကြီးမြတ်တဲ့နတ်ဘုရားတစ်ပါးပဲ]

...

ဖိုရမ်မှာ သူမအကြောင်းနဲ့ပတ်သတ်ပြီး အတင်းတုတ်နေကြတဲ့ comment တွေကိုဖတ်ပြီး ခဏကြာတော့ စုပေ ပျင်းလာတာကြောင့် final အတွက် content ပြင်တဲ့နေရာမှာပဲ သူမ အာရုံစိုက်ထားလိုက်တယ်။

နောက်ဆုံးအဆင့်သတ်မှတ်ချက်အတွက် မဲပေးခြင်းအပြင် ဖိုရမ်မှာလည်း အသင်းတစ်သင်းချင်းစီနှင့် အသင်းသားတစ်ဦးချင်း၏စွမ်းရည်နှင့် နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေကို ခွဲခြမ်းစိတ်ဖြာမှု လုပ်ဆောင်ထားတဲ့ သီးခြားကဏ္ဍတစ်ခုရှိတယ်။

စုပေ page က သူမအကြောင်းရေးထားတာကို ကြည့်‌နေခဲ့တယ် : [Q] ၏ overall ranking မှာ တတိယဖြစ်ပါသည်။ တိုက်စစ်ကစားသမားတစ်ဦးဖြစ်ပြီး 'ပါရမီရှင်' တစ်ယောက်ဟူ၍ သတ်မှတ်နိုင်ပါသည်။ [Q] ၏တိုက်ခိုက်မှုများသည် များသောအားဖြင့် လျင်မြန်၊ တိကျပြီး အညှာအတာကင်းမဲ့လှသည်။ ခံစစ်အကာအရံများအား ကျူး‌ကျော်ရာတွင် ကျွမ်းကျင်လိမ္မာသည်။ [Q] သည် လမ်းကြောင်းမျိုးစုံမှ တိုက်ခိုက်ရန်အတွက် လမ်းညွှန်ချက်များစွာကို တစ်ပြိုင်နက်တည်း ထိထိရောက်ရောက်အသုံးချရခြင်းအား ကြိုက်နှစ်သက်သူဖြစ်သည်။ ကျယ်ကျယ်ပြန့်ပြန့် လေ့လာဆန်းစစ်ချက်အရ... [Q] ၏အားနည်းချက်မှာ ခုခံကာကွယ်မှုဖြစ်သည်။ ရန်လိုသောတိုက်ခိုက်မှုများတွင် ယေဘုယျအားဖြင့် ခုခံကာကွယ်မှု၌ ကြီးမားသောလွတ်ပေါက်များ ရှိတတ်သည်။

စုပေ အံ့သြမှုအရိပ်အယောင်တစ်ခုကို ခံစားလိုက်ရတယ်။

[Q] : အခုလေးတင် ဖိုရမ်မှာ ငါ့အကြောင်း ခွဲခြမ်းစိတ်ဖြာထားတာကို ငါဖတ်လိုက်ရတယ်။

[vvvv] : ဟားဟားဟား! ဘေဘီ, ဘယ်လိုခံစားရလဲ?

[Q] : နည်းနည်းတော့ အံ့သြသွားမိတယ်။ ကြည့်ရတာက အဲ့ဒီလူတွေက ငါ့ကို ငါ့ထက်ပိုပြီးသိ‌နေကြသလိုပဲ။

[vvvv] : ဟားဟားဟား, သူတို့တွေက ကြက်တွေမှမဟုတ်တာကိုး။

[vvvv] : ဒါပေမဲ့လည်း အရမ်းကြီးစိတ်ပူမနေပါနဲ့။ ဒီအသိုင်းအဝိုင်းက ထိပ်တန်းအဆင့်ရှိတဲ့ ဆရာကြီးတွေထဲမှာ ဘယ်တစ်ယောက်ကများ လူသိရှင်ကြား စေ့စေ့စပ်စပ် အစစ်ဆေးမခံရဖူးလို့လဲ? ခွဲခြမ်းစိတ်ဖြာမှုက ဘယ်လောက်ပဲစိစစ်ပါတယ်ဆိုဆို ပကတိအင်အားကပဲ အောင်ပွဲကို အဆုံးအဖြတ်ပေးတာလေ။

ရှုရှီဝေပြောသလိုပဲ finals ကိုတက်ရောက်ခွင့်ရရှိခဲ့ကြတဲ့ ပါဝင်ယှဉ်ပြိုင်သူအားလုံးနီးပါးမှာ ဒီလိုတူညီတဲ့ ခွဲခြမ်းစိတ်ဖြာမှုတစ်ခုလုပ်ခြင်းမျိုး ရှိနေခဲ့တာဖြစ်တယ်။ သေချာတာပေါ့, ခြွင်းချက်တွေလည်းရှိပါတယ်။ အဲ့ဒီစုန်းပြူးလေးကတော့ ထုံးစံအတိုင်း ရှုယန်ယန်ပဲဖြစ်တယ်။ သူ့အကြောင်း စာကြောင်းနှစ်ကြောင်းသာ ရေးသားထားခဲ့တယ် : [လူချောလေး ယန်] ၌ သူ့အား final သို့ဆွဲခေါ်သွားမည့် ရွှေပေါင်လုံးကြီးနှစ်လုံးအား ဖက်တွယ်ထားနိုင်သည့် ကံကောင်းမှုတစ်ခုတည်းသာရှိသည်။ သူ၏အင်အားသည် သာမန်မျှသာဖြစ်တာကြောင့် မသိကျိုးကျွန်ပြုနိုင်သည်။

စုပေနှင့်အတူ သူ့ညီလေးအား ဟားတိုက်ပြီးတဲ့နောက် ရှုရှီဝေတစ်ယောက် private message တစ်စောင် ပို့လာခဲ့တယ်။

[Q] : နည်းနည်းလေးတော့။

[Q] : ငါတို့တွေ ချန်ပီယံဆုကိုမရရင် ဘာဖြစ်မှာလဲဟင်?

Final သို့တက်‌ရောက်ခွင့်ရရှိခဲ့ကြတဲ့ အသင်းလေးသင်းစီမှ one-one battle နှစ်ပွဲစီ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နောက်ဆုံးကျန်ရစ်တဲ့ အနိုင်ရအသင်းနှစ်သင်းက ချန်ပီယံနှင့် runner-up rank အတွက် ယှဉ်ပြိုင်ကြရမှာဖြစ်ကာ ရှုံးတဲ့အသင်းတွေကတော့ တတိယနှင့် စတုတ္ထနေရာများအတွက် ယှဉ်ပြိုင်ကြရမှာဖြစ်တယ်။

ဒီအဆင့်အထိ ရောက်လာခဲ့ကြတဲ့ အသင်းလေးသင်းစလုံးက အရမ်းကိုကြမ်းကြတယ်ဆိုတာက ယုံမှားသံသယဖြစ်စရာမရှိချေ။ ခွဲခြမ်းစိတ်ဖြာမှု ကောက်နုတ်ချက်အရ စုပေ၏ overall ranking မှာ တတိယအဆင့်သာရှိနိုင်တာဖြစ်တယ်။

သူမ နည်းနည်း‌တော့ ကြောက်မိတယ်။ သူတို့ရှုံးသွားတယ်ဆိုရင် ဘာဖြစ်မလဲ?

[vvvv] : ဟားဟား, မပူပါနဲ့ကွာ, ငါက မင်းကိုအရှုံးခံပါ့မလား။

[vvvv] : ငါတို့အနိုင်မရနိုင်တဲ့အခွင့်အရေးက တစ်သန်းမှာတစ်ပုံလောက်ရှိနေရင်တောင် အဲ့တာက ရှုယန်ယန် ငါတို့တွေကိုဆွဲချသွားလို့ပဲဖြစ်မှာ‌‌, မင်းကြောင့်မဟုတ်ပါဘူး။

အစ်ကိုကြီးရှု၏နှစ်သိမ့်မှုကြောင့် စုပေ ရယ်သံတစ်ချက်ထွက်သွားခဲ့တယ်။

အဲ့ဒီအချိန်မှာပဲ Mr.ချင်ဆီက ဖုန်းဝင်လာခဲ့တယ်။ သူတို့ အပန်းဖြေခရီးကနေ ပြန်ရောက်လာတဲ့အချိန်ကတည်းက အိမ်မှာ Mr.ချင်က အလုပ်အများဆုံးဖြစ်နေခဲ့တယ်။ ချန်တဲ့ဆီကနေ စုပေကြားမိတာက ကုမ္ပဏီမှာ စီမံကိန်းတစ်ခုလုပ်‌နေပုံရပေမဲ့ အသေးစိတ်ကိုတော့ မသိရဘူး။ ရက်အတော်များများ စုပေနဲ့ စုရှောင်ပေါင်တို့ အိပ်ယာမဝင်ခင် Mr.ချင်အိမ်ပြန်‌ရောက်လာတာကို မတွေ့ခဲ့ကြဘူး။ ဒါပေမဲ့ နေ့တိုင်း ဒီအချိန်လောက်ဆို သူတို့ကို အိပ်ယာဝင်ဖို့ သတိပေးတဲ့အနေနဲ့ သူဖုန်းတစ်ကောလ်ခေါ်လေ့ရှိတယ်။

"ဖေဖေ့" စုပေ ဖုန်းခေါ်တာကိုပြန်ဖြေလိုက်တယ်။

"အိပ်ချိန်ရောက်နေပြီနော်" Mr.ချင်ရဲ့အသံက receiver ကနေ ထွက်ပေါ်လာခဲ့တယ်။ သေသေချာချာ နားထောင်ကြည့်ရင် သူ့လေသံထဲက ပင်ပန်းနွမ်းလျမှု အရိပ်အယောင်တစ်ခုကို စုပေကြားနိုင်တယ်။

"ဟုတ်, သမီး အခုအိပ်တော့မလို့ပါ"

"ဖေဖေ နေ့တိုင်း ဒီလိုအလုပ်တွေရှုပ်နေတာ ဖေဖေ့အတွက် မကောင်းဘူးနော်" စု‌ပေ မနေနိုင်တော့ဘဲ နည်းနည်းလေး မကျေမနပ်ပြောလိုက်မိတယ်။ သူတို့တွေ အဖေနဲ့မတွေ့ဖြစ်တာ ရက်တော်တော်ကြာနေပြီ။ သူက သူတို့တွေကို မလိုချင်တော့လို့လား?

စုပေ မသိလိုက်တာက Mr.ချင်က မနက်တစ်နာရီ သို့မဟုတ် နှစ်နာရီအထိ ကုမ္ပဏီမှာ အလုပ်တွေများနေခဲ့သော်လည်း အိမ်ပြန်ရောက်တာနဲ့ အနားမယူခင် မောင်နှမနှစ်ယောက်ရဲ့အခန်းထဲကို သူ အမြဲတမ်း အရင်သွားစစ်လေ့ရှိတယ်ဆိုတာပါပဲ။

ဖုန်း၏အခြားတစ်ဖက်တွင် ချင်ရှောက်တစ်‌ယောက် သူ့သမီးလေး၏စိုးရိမ်မှုများနှင့် မကျေမနပ်ပြောဆိုမှုများကြောင့် အံ့အားသင့်သွားမိတယ်။ သူ ရှင်းပြလိုက်ရတော့တယ်။ "ဒီတစ်ပတ်တည်းပါပဲ။ နောက်အပတ်ဆိုရင် အဖေ ထပ်ပြီးအလုပ်ရှုပ်တော့မှာမဟုတ်ပါဘူး"

"အခု သွားအိပ်တော့နော်"

"ဟုတ်။ Good night ပါ ဖေဖေ, ဖေဖေလည်း စောစောအနားယူသင့်တယ်နော်"

သူ့သားနဲ့သမီးကို သူဖုန်းခေါ်ပြီးသွားတဲ့‌နောက် Mr.ချင်ရဲ့ပင်ပန်းနွမ်းလျမှု‌တွေက ယူပစ်သလို ပျောက်ကင်းသွားပုံရတယ်။ အားမာန်အသစ်နှင့်အတူ သူက လင်းရှောက်ချီနှင့် မျက်ကွင်းတစ်ခုလုံး မည်းသည်းနေကြတဲ့ သူ့အဖွဲ့နှင့်အတူ စီမံကိန်း၏ နောက်ဆုံးအသေးစိတ်အချက်အလက်တွေကို ဆက်လက်အတည်ပြုပေးနေခဲ့တယ်။

စုပေရဲ့ final ပွဲစဥ် မနက်ခင်းတွင် စုပေနဲ့ စုရှောင်ပေါင်တို့ နောက်ဆုံးတော့ Mr.ချင့်ကို တစ်ဖန် ပြန်မြင်တွေ့လိုက်ကြရတယ်။ သူမ အောက်ထပ်ကိုဆင်းလာပြီး Mr.ချင့်ကို မြင်လိုက်ရချိန်မှာ စုပေရဲ့မျက်ဝန်းတွေထဲမှာ အံ့အားသင့်မှုတွေ ဖျတ်ခနဲပေါ်လာခဲ့တယ်။

"ဖေဖေ့!"

"မနက်စာ အရင်စား။ ပြီးရင် အဖေ သမီးကို ပွဲကျင်းပတဲ့နေရာကို လိုက်ပို့ပေးမယ်"

"ဟုတ်"

စုပေက Mr.ချင်အတွက် ကြက်ဥပြုတ်တစ်လုံးကို အခွံခွာပြီး သူ့ပန်းကန်လုံးထဲ ထည့်ပေးလိုက်တယ်။ သူမ မနေနိုင်တော့ဘဲ မေးလိုက်မိတယ်။ "ဖေဖေ, သမီး ဖေဖေ့ကို တစ်ခုလောက်မေးချင်လို့"

ချင်ရှောက် : "ဘာမေးမလို့လဲ?"

"မနေ့က ဖေဖေ နားရောနားရရဲ့လား?" Mr.ချင်က မနက်အစောကြီးကို အလွန်တရာသပ်ရပ်‌စွာ ဝတ်စားထားခဲ့တယ်။ သူမ သံသယဖြစ်မိတာက သူ ကုမ္ပဏီမှာ ညလုံးပေါက် အလုပ်လုပ်ခဲ့ပြီး အခုလေးတင်မှ အိမ်ပြန်ရောက်လာခဲ့တယ်လို့ပဲ။

Mr.ချင် အံ့အားသင့်သွားခဲ့တယ်။ ခဏအကြာ သူ ခပ်ဟဟရယ်လိုက်တယ်။ "အဖေ မနေ့က အိမ်ကိုစောစောပြန်လာပါတယ်, သမီးတို့ အိပ်ယာဝင်ပြီး သိပ်မကြာခင်လောက်ပဲ"

...

ပွဲကျင်းပရာနေရာသို့သွားနေချိန်မှာ စုပေ သူမဖုန်းကို စစ်ကြည့်လိုက်တော့ တုန့်ဝိန်ချီနဲ့ ရှဲ့မင်ရွှမ်းတို့ရဲ့ group ကနေ စာအိတ်နီတွေ အပြွတ်လိုက် လက်ခံရရှိခဲ့တယ်။ ထို့နောက် သူမရဲ့အလုပ်ဖုန်းထံ လင်းရှောက်ချီရဲ့ message တစ်စောင်ပါ ဝင်လာခဲ့တယ်။

[လင်းရှောက်ချီ] : စိတ်မလှုပ်ရှားနဲ့နော်။ နိုင်နိုင် ရှုံးရှုံး မင်းက ငါတို့ NST ရဲ့အတော်ဆုံးနည်းပညာကျွမ်းကျင်သူနဲ့ အဓိကမဏ္ဍိုင်ပါပဲ။

ဒီရိုးရှင်းတဲ့စာကြောင်းတစ်ကြောင်းက လူတွေကို ချက်ချင်း စိတ်အေးလက်အေးဖြစ်သွားစေတယ်။ စုပေ ရယ်ချင်သွားအောင် တကယ်လုပ်နိုင်ခဲ့တဲ့အရာက ဘာလဲဆိုတော့ : လွန်ခဲ့တဲ့မိနစ်ဝက်လေးကတင် Mr.ချင် သူမထံ ပြောလာခဲ့တဲ့ တစ်စုံတစ်ရာပင်ဖြစ်တယ်။ Mr.ချင်ရဲ့မူရင်းစကားလုံးတွေက ဤသို့ပင်။ "သမီး ဘာမှစိတ်လှုပ်ရှားနေစရာမလိုဘူး။ သမီးရဲ့အဆင့်က ဘယ်လောက်ပဲဖြစ်ဖြစ် NST က သမီးရဲ့အလုပ်ကိုတော့ ဘယ်တော့မှဆုံးရှုံးရမှာမဟုတ်ဘူး"

ချင် Group က NST ကုမ္ပဏီ၏ရှယ်ယာ ၅၁% ကိုပိုင်ဆိုင်ပြီး လင်း Group က ကျန် % ကို ပိုင်ဆိုင်ထားတာဖြစ်တယ်။ Big boss ကြီးနှစ်ဦး၏ အာမခံချက်များကြောင့် စုပေ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရှိသွားခဲ့တယ်။ 'Red Hacker Challenge' သို့ဝင်ရတဲ့ သူမရဲ့မူလရည်မှန်းချက်မှာ ဆု‌ကြေးငွေ ယွမ် ၃၀၀,၀၀၀ ရရှိရန်ဖြစ်တယ်။ မမျှော်လင့်ဘဲ သူမ NST ကုမ္ပဏီဖြစ်လာအောင် ဖန်တီးမယ့်လုပ်ငန်းစဉ်ထဲမှာ ကူညီဖြစ်သွားခဲ့တယ်။ ဒါပေမဲ့လည်း ယွမ် ၃၀၀,၀၀၀ အတွက် သူမ ပထမဆုရဖို့ အပြင်းအထန်ကြိုးစားနေဦးမှာပဲ!

---

ချင်မိသားစုသုံးယောက်သား ပွဲကျင်းပရာနေရာသို့ ရောက်ရှိလာချိန်မှာ ရှုရှီဝေနှင့် ရှုယန်ယန်တို့က ရောက်နှင့်နေကြပြီဖြစ်တယ်။ ယနေ့အတွက် ရှုယန်ယန်၏အပြင်အဆင်ကိုကြည့်ပြီး စုပေ ရယ်ချင်စိတ်ကို ထိန်းမရတော့လုနီးပါးဖြစ်သွားခဲ့ရတယ်။

ရှုယန်ယန် : "ဘယ်လိုလဲ? ငါ ဒီနေ့သောက်ရမ်းကြည့်‌ကောင်းနေတယ်မလား, ဟုတ်တယ်ဟုတ်?"

စုပေ : "ဘယ်နားကလဲ...?"

ရှုယန်ယန် : "ငါ့ရဲ့ battle ဝတ်စုံ‌လေ, ဒီနေ့အတွက် အထူးစပယ်ရှယ် စိတ်ကြိုက်အော်ဒါမှာထားတာ, သေလောက်အောင်မိုက်တာနော့်!"

စုပေ : "..." သူမ ဘာမှတ်ချက်ပေးရမှန်းမသိတော့ဘူး။

ရှုယန်ယန်ရဲ့ရောင်စုံ 'ဂျက်ကတ်' ကိုကြည့်ရင်း စုပေ အကဲဖြတ်ခြင်းကို သူမရဲ့စိတ်ထဲမှာပဲ တိတ်တိတ်လေး လုပ်နေလိုက်တယ် : မျက်စိဆံပင်မွှေးစူးနေတာကလွဲရင် ဒါကြီးကပါ သူ့ကို ရယ်စရာပုံကြီးဖြစ်အောင် လုပ်နေသလိုပဲ။

"မင့်မျက်လုံးတွေကန်းနေလို့သာ ဒါကြီးကို ကြည့်ကောင်းတယ်ထင်နေတာဟ" ရှုရှီဝေ သူ့ညီလေးရဲ့ခေါင်းကို ရိုက်ချလိုက်တယ်။ "ကျွမ်းကျင်မှုလည်းမရှိ အင်အားလည်းမရှိဘဲနဲ့ ဒီလိုဖန်စီဟာတွေကိုလုပ်နေတော့ရော ဘာသောက်သုံးကျမှာမို့လို့လဲ?"

"ကျွန်တော်လည်း အပြင်းအထန်ကြိုးစားခဲ့တာပဲ‌လေ" ရှုယန်ယန်ခမျာ မတရားခံလိုက်ရတာဖြစ်တယ်။ ဒီအားလပ်ရက်မှာ ရှဲ့မင်ရွှမ်း သို့မဟုတ် စုရှောင်ပေါင်တို့အတွက် ရံဖန်ရံခါ အစားထိုးကစားပေးတာကလွဲလို့ ရှုယန်ယန်က သူ့ရဲ့ကျန်ရှိတဲ့အချိန်‌တွေကို လေ့ကျင့်မှုအတွက် လက်တွေ့ကျကျ အသုံးချခဲ့တယ်။ သူ့ level က အခုဆို အရင်ကထက် အများကြီးပိုမြင့်နေပြီဖြစ်တယ်။

"ပြီးတော့ ဒါက ကင်မရာမြင်ကွင်းအတွက် လိုသေးတယ်လေ!"

ဒီတစ်ခေါက်လည်း သူက ကြီးမြတ်တဲ့နတ်ဘုရား‌တွေရဲ့ပေါင်လုံးတွေကိုဖက်ပြီး လဲလျောင်းရင်း အနိုင်ရဖို့ မှီခိုနေရသော်ငြား ရှုယန်ယန် တစ်ခါမှ ဒီလောက်ထိစိတ်မလှုပ်ရှားမိဖူးဘူး။ သူက battle ဝတ်စုံ‌တစ်စုံ အော်ဒါမှာရုံသာမက အနိုင်ရမိန့်ခွန်းတစ်ခုကိုပါ ပြင်ဆင်ထားခဲ့တယ်။ အခုချိန်မှာ အဲဒါတွေကို သူ့ဘောင်းဘီအိတ်ကပ်ထဲမှာ လုံလုံခြုံခြုံ သိမ်းဆည်းထားခဲ့တယ်, စုစုပေါင်း မိန့်ခွန်းနှစ်ခုဖြစ်တယ် : တစ်ခုက ချန်ပီယံဆုရရှိခြင်းအတွက်ဖြစ်ပြီး နောက်တစ်ခုက runner-up သို့မဟုတ် အဆင့်နိမ့်ဆုရရှိခြင်းအတွက်ဖြစ်တယ်။

[T/N : လဲလျောင်းရင်းအနိုင်ရဆိုတာက ဘာမှကြိုးစားအားထုတ်မှုမရှိဘဲ အနိုင်ရတာကို ပြောချင်တာပါ]

ရှုရှီဝေက အဲ့ဒီဦးနှောက်ပျက်နေတဲ့ညီငယ်‌လေးကိုကြည့်ဖို့တောင် အတော်လေး စိတ်ပျက်နေမိတာကြောင့် ရောင်စုံကောင်လေးဆီကနေ သူ့အမြင်ကို လုံးလုံးကွယ်ထားလိုက်တော့တယ်။

ရှုရှီဝေတစ်‌ယောက် ဒီနေ့ စုပေဝတ်လာတဲ့ဝတ်စုံကို သတိထားမိခဲ့တယ်။ အဲဒါက ဆရာကြီးတစ်‌ယောက်ရဲ့ အလွန်ပြင်းထန်တဲ့အရှိန်အဝါနဲ့အတူ ထက်မြက်တဲ့စတိုင်လ်ရှိပေမဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ရဲ့ ချစ်စရာကောင်းမှု‌လေးတွေကိုလည်း မလျော့ပါးစေဘူး။ ခြုံပြောရရင်တော့ အဲဒါကို စကားလုံးနှစ်လုံးနဲ့ အနှစ်ချုပ်နိုင်တယ် : အရမ်းလှတယ်!

သူ့စိတ်ထဲမှာ ရှုရှီဝေတစ်‌ယောက် အရူးအမူးဟားတိုက်ရယ်နေမိတယ်။ သူက စိတ်ကျေနပ်ဖွယ်ရာ မျက်နှာဖြတ်ရိုက်ခြင်း အခိုက်အတန့်တစ်ခုကို စောင့်မျှော်နေခဲ့တာလေ။

---

ပြိုင်ပွဲက စတင်တော့မှာဖြစ်တယ်။ ပွဲကြည့်ပရိသတ်အများစုလည်း ပွဲကျင်းပရာနေရာသို့ ရောက်ရှိနေကြပြီဖြစ်တယ်။ ပြိုင်ပွဲဝင်အသင်းရဲ့အသင်းဖော်တွေဖြစ်ကြတဲ့ စုပေနဲ့ ရှုညီအစ်ကိုတွေက ၎င်းတို့အသင်းအတွက် သီးသန့်ထားရှိတဲ့ပြင်ဆင်ခန်းထဲသို့ ၀င်ရောက်ခွင့်ရခဲ့ကြတယ်။

Mr.ချင်နဲ့ စုရှောင်ပေါင်တို့ VIP ထိုင်ခုံတွေရဲ့ပထမအတန်းမှာ ထိုင်‌နေခဲ့ကြပြီး ၎င်းတို့အနောက်မှာတော့ စုပေရဲ့ support team ရှိနေခဲ့တယ်။

"နတ်ဘုရား V နဲ့ နတ်ဘုရား Q စင်ပေါ်တက်လာရင် ငါ နင်တို့တွေကိုအချက်ပြလိုက်မယ်, အဲ့ကျရင် ငါတို့တွေရဲ့ဆောင်ပုဒ်ကို တို့တွေအတူတူအော်ကြမယ်နော်။ 'Q နဲ့ V တို့ နေရာကိုလွှမ်းမိုးထား' ဆိုတာကနေစမယ်, တစ်ကြောင်းကိုနှစ်ခေါက်စီအော်ရမယ်, နားလည်ကြလား?"

"ငါတို့မှာ လူများများစားစားမရှိဘူးလား?"

"ရှိတာပေါ့။ သူတို့တွေက supporter တီရှပ်‌တွေမလောက်တော့လို့ သွားယူနေကြတာ"

"လူတိုင်း light board နဲ့ light stick တွေ ကိုယ်စီရှိကြရဲ့လား? နဖူးစည်းစာတန်း ဘယ်သူယူလာလဲ? မြန်မြန်လာချိတ်လေ"

"ဖိုရမ်နဲ့ ဆိုရှယ်မီဒီယာအတွက် ပြင်ဆင်တာတွေတော့ ပြီးသွားပြီ။ ဟျောင့်တွေ, အဲ့တာကိုကြော်ငြာဖို့မမေ့ကြနဲ့ဦး"

...

အနောက်က စကားပြောဆိုနေကြတာတွေကိုနားထောင်ရင်း Mr.ချင်နဲ့ စုရှောင်ပေါင်တို့ ခေါင်းလှည့်ပြီး တစ်ချက်ကြည့်လိုက်ကြတယ် : သေချာတာပေါ့, အဲ့မှာ အရမ်းကိုတက်ကြွနေကြတယ်လေ။

သူ့ career နဲ့ပဲ အလုပ်များနေခဲ့တဲ့ သက်လတ်ပိုင်းယောက်ျားတစ်ယောက်ဖြစ်တဲ့ Mr.ချင့်ဆီမှာ အရင်က ဒီလိုအိုင်ဒီယာမျိုး တစ်ခါမှမရှိဖူးဘူး။ သူ စောစောကသာသိခဲ့ရင် အားလုံးထဲမှာ အခမ်းနားအကြီးကျယ်ဆုံး light board တစ်ခုဖြစ်အောင် စိတ်တိုင်းကျအော်ဒါမှာဖို့ ချန်တဲ့ကို သူ ခိုင်းတောင်ခိုင်းပြီးနေလောက်ပြီ။

စုရှောင်ပေါင် Mr.ချင့်ကို အသာလေး တစ်ချက်ကြည့်လိုက်ပြီး သူ့အိတ်ကပ်ထဲက light board အသေးလေးတစ်ခုကို ထုတ်လိုက်တယ်။

ချင်ရှောက် : "..."

"အဖေ့မှာ ဒါတွေပြင်ဆင်ဖို့အချိန်မရှိဘူးဆိုတာ ကျွန်တော်သိတယ်။ ကျွန်တော် အဖေ့ကိုတစ်ခုငှားမယ်လေ" စုရှောင်ပေါင် သူ့အခြားအိတ်ကပ်ထဲက‌နေ နောက် light board တစ်ခုကိုထုတ်ပြီး Mr.ချင်ထံ လှမ်းပေးလိုက်တယ်။ "အဖေက ဘာလို့ဒီလောက်အလုပ်ရှုပ်နေရတာလဲ..." ကောင်လေးက တိုးတိုးလေးညည်းညူလိုက်တယ်။

Mr.ချင်က စကားတစ်ခွန်းမှမပြောဘူး။ သူ အပေါ်မှာ 'BEI' စာလုံးရေးထားတဲ့ light board အသေးလေးတစ်ခုကိုယူပြီး တိတ်တဆိတ် စူးစမ်းနေခဲ့တယ်။ အဲ့ဒီ light board တွေကို စုရှောင်ပေါင်နဲ့ သူ့ဘော်ဒါတွေက အင်တာနက်ကနေ စိတ်ကြိုက်အော်ဒါမှာယူထားခဲ့တာဖြစ်တယ်။ သေချာတာပေါ့, အဲ့ကောင်တွေလည်း ဒီနေ့ ပွဲကျင်းပရာနေရာကို ရောက်လာကြတယ်လေ။ သို့သော် အရှေ့ခုံတွေက ရောင်းချထားပြီးဖြစ်တာကြောင့် ဆွေမျိုးလည်းမဟုတ်၊ စပွန်ဆာလည်းမဟုတ်တဲ့ ရှဲ့မင်ရွှမ်းနဲ့ သူ့အဖွဲ့က နောက်တန်းတွေမှာသာ ထိုင်နေကြရတာဖြစ်တယ်။

---

နောက်ဆုံးတော့ အချိန်အခါကျရောက်လာပြီဖြစ်တယ်။ ဟောခန်းကြီးပေါ်ရှိ မီးတွေမှိတ်ကျသွားပြီး စင်မြင့်ထက်က မီး‌တွေလင်းလာခဲ့တယ်။ MC တစ်ဦးနဲ့ ထုတ်လွှင့်အစီရင်ခံသူတို့ စင်မြင့်ထက်သို့ လျှောက်လာခဲ့ကြတယ်။ 'ရွှေအဆင့်ပံ့ပိုးသူ' အား ကျေးဇူးတင်စကားအနည်းငယ် ပြောကြားပြီးတဲ့နောက် MC က အဓိကခေါင်းစဉ်ဆီ သွားလိုက်တယ်။ "အခုတစ်ဖန်, ယနေ့ final ပွဲစဉ်ရဲ့ပထမအကျော့ပွဲစဥ်မှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် အသင်းနှစ်သင်းကို ကြိုဆိုလိုက်ရအောင်!"

"ပထမအသင်းက Team Rock ဖြစ်ပြီးတော့ စုစုပေါင်းအဖွဲ့ဝင်လေးဦးပါဝင်ပါတယ်။ သူတို့တွေကတော့ Dboom၊ ပိုင်ပိုင်၊Taoနဲ့ ဝမ်ကျိုးကျိုးတို့ပဲဖြစ်ပါတယ်"

"ဘယ်အသင်းက သူတို့ရဲ့ပြိုင်ဘက်ပါလဲဗျာ? ကြည့်ရတာတော့ အားလုံးစောင့်မျှော်နေကြတဲ့ အသင်းတစ်သင်းဖြစ်မယ့်ပုံပါပဲ။ ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိဧည့်ပရိသတ်များခင်ဗျာ, လူကြီးမင်းတို့ရဲ့ မိုဘိုင်းဖုန်း‌တွေနဲ့ ကင်မရာတွေ အသင့်ဖြစ်ပါပြီလား!"

"Q&V?!" တစ်စုံတစ်ယောက်က စုပေရဲ့အသင်းနာမည်ကို အော်ခေါ်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ မော်နီတာပေါ်တွင် logo အကြီးကြီးတစ်ခု ပေါ်ထွက်လာခဲ့တယ်။

"Q&V Team မှ Q, vvvv နဲ့ လူချောလေးယန်တို့ကို ကြိုဆိုလိုက်ရအောင်"

MC ကြေညာလို့မပြီးသေးခင်မှာဘဲ ပွဲကြည့်ပရိတ်သတ်တွေက ကျယ်လောင်တဲ့ အား‌ပေးကြွေးကြော်သံ‌တွေ ပေါက်ကွဲထွက်လာကြတော့တယ်။ Q&V က အနိုင်ရရှိဖို့ ရေပန်းအစားဆုံးအသင်းတစ်သင်းဖြစ်ရုံသာမက အသိုင်းအဝိုင်းထဲမှာ hot အဖြစ်ဆုံး အတင်းအဖျင်းခေါင်းစဉ်တစ်ခုလည်းဖြစ်တယ်။ ဒီအခိုက်အတန့်မှာ ဟက်ကာကျွမ်းကျင်သူများနှင့် အတင်းအဖျင်းကြိုက်သူများက စိတ်လှုပ်ရှားမှုကြောင့် ၎င်းတို့၏သွေးတွေ လောင်မြိုက်နေကြတော့တယ်။

3.9.2021

Friday

_____


Thanks 🌹


Continue Reading

You'll Also Like

47.8K 5K 184
Paid Groupဝင်ရန် m.me/swaefoxlove ရေးသူ စွဲ့ညို့
3.5M 360K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္
408K 9.9K 85
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
2.7M 74.3K 20
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...