အပိုင်း ၁၂ [ Unicode Version ]
Baekhyun သက်တမ်းတစ်လျှောက် ကိုယ့်အိမ်ရဲ့ ဧည့်ခန်းထဲမှာ ဒီလောက် နေရကျဥ်းကျပ်တဲ့ ဧည့်ခံမှုမျိုး ရှိလာမယ်လို့ တွေးတောင် မတွေးခဲ့ဖူးဘူး ။ အတန်အသင့်ကျယ်ဝန်းတဲ့ အိမ်အောက်ထပ် ဧည့်ခန်းလေးထဲမှာ စားပွဲခုံ တစ်လုံးရယ် မျက်နှာချင်းဆိုင် နေရာချထားတဲ့ ဆိုဖာရှည် နှစ်ခုရယ်ပဲ ရှိတယ် ။
တစ်ဖက်မှာ အိမ်သားတွေ ဖြစ်တဲ့ Baekhyun ရယ် ၊ အဒေါ်ရယ် ၊ ဦးလေးဖြစ်သူရယ် ထိုင်နေကြတဲ့အချိန် ကျန်ဆိုဖာ တစ်ခုံမှာက မာဖီးယားလေးယောက် ကျပ်သိပ်ပြီး ထိုင်နေရရှာတယ် ။
ကတုံးသုံးကောင်အတွက်တော့ သူတို့ Boss ကို အလယ်မှာထားပြီး ဆိုဖာတစ်ခုတည်း အတူထိုင်နေရတာက ဂုဏ်ယူစရာထက် လည်ပင်းပေါ် ဓားတင်ထားရသလို ချွေးပြိုက်ပြိုက်ကျချင်စရာပဲ ။ သူတို့ဟာ မြန်မြန်ပဲ ဒီအနေအထားကနေ ကိုယ်လွန်ရုန်းဖို့ အကြံထုတ်နေကြတယ်။
ခဏအကြာ အပေါ်ထပ်ကနေ သူ့အရုပ်တွေ သွားယူပြီး ဆင်းလာတဲ့ Haru လေးက ဘေးနားက ကြမ်းပြင်မှာ ဆော့ဖို့လာထိုင်တာမို့ ကတုံးတွေ အတွက်တော့ ကယ်တင်ရှင် ရှာတွေ့သွားသလိုပဲ ။
" ကလေးက ချစ်စရာလေးနော် "
" ဟုတ်တယ် ကလေး ၊ ဦးဦးတို့နဲ့ အတူ ကစားရအောင် "
တစ်ပြိုင်တည်း ဆိုဖာပေါ်က ထသွားကြတဲ့ ကတုံးတွေဟာ အရုပ်တွေနဲ့ ဆော့နေတဲ့ Haru လေးဘေးမှာ တင်ပျဥ်ခွေ ဝိုင်းထိုင်လိုက်ကြပြီး တစ်သက်နဲ့တစ်ကိုယ် မကြုံဖူးတဲ့ ကလေးထိန်း အလုပ်ကို လုပ်နေလိုက်ရတော့တယ် ။
အဲ့တော့မှ သက်တောင့်သက်သာ ဖြစ်သွားရတဲ့ မာဖီးယားကြီးခမျာ လေပူတွေကို ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်ပြီး အပြုံးတစ်ခု ကြိုးစားလို့ ပြုံးပြလိုက်တယ် ။
" အဲ့တော့.. ဒီလူငယ်လေးက ဘယ်လောက်အကြာများ နေဖို့ စဥ်းစားထားသလဲ မသိဘူးနော် "
Baekhyun ဟာ လုပ်ချင်ရာ ဇွတ်လုပ်ချလာတဲ့ မာဖီးယားကြီးနဲ့ မိသားစုဝင်တွေအကြား တကယ်အကြံအိုက်နေရပြီ ။ ပြီးတော့ တစ်ဖက်လူရဲ့ အလိုလို ထွက်ပေါ်နေတဲ့ အရှိန်အဝါအောက်မှာ သူ့ဦးလေးနဲ့ အဒေါ်က ဒီလိုမျိုး ရိုကျိုးနေရတာကိုလည်း သူသိပ်မနှစ်မြို့မိဘူး ။ အမူအယာကို မထိန်းနိုင်တဲ့ မျက်နှာလေးက သိသိသာသာကို စိတ်မချမ်းမြေ့တဲ့ပုံလေး ပေါ်လွင်နေတာမို့ Chanyeol မျက်ခုံးတွေကိုတောင် ခဏ တွန့်ချိုးမိသွားရဲ့ ။
" ဒီနေ့ တစ်ရက်တည်းပါ ။ ပြီးတော့ လာတာကလည်း ကျွန်တော် ညှိနှိုင်းပေးမလို့ပါ ။ မနက်ဖြန်ပြန်ရင် Baekhyun ကိုပါ တစ်ခါတည်း ပြန်ခေါ်သွားဖို့ စဥ်းစားထားပါတယ် "
Baekhyun ရဲ့ အဒေါ်နဲ့ ဦးလေးမျက်နှာဟာ ချက်ချင်းကို ပျက်ယွင်း သွားပြီး စိုးရိမ်မကင်းတဲ့ ဟန်လေးတွေနဲ့ Baekhyun ကို ပြန်ကြည့်လာကြတယ် ။ Baekhyun ဟာ ဦးလေးနဲ့ အဒေါ်ရဲ့ မျက်နှာတွေကို ပြန်ကြည့်ရင်း ကို့ရို့ကားယားနဲ့ပဲ ဖြေရှင်းချက် ထုတ်ပေးရတော့တယ် ။
" Hy..Hyung.. အဲ့တာက ဘာ..စကားများလဲ ။
ကျွန်တော် ပြန်လိုက်လို့ မဖြစ်ဘူးလေ "
Chanyeol ဟာ ဒီကောင်လေး အခက်တွေ့နေမှာကို သေချာပေါက် သိပေမယ့် မတတ်နိုင် ။ ကြာကြာခွဲနေဖို့ အဆင်မပြေတဲ့အတွက်တော့ သူလုပ်သင့်တာကို လုပ်ရမယ် ။
" ကျွန်တော် ဒီလိုပြောရတာတော့ အားနာပါတယ် ။ ဒါပေမယ့် ကူဖို့လူမရှိတာကြောင့် Baekhyun ကို ခေါ်ထားမှရမယ်ဆိုရင်တော့ စိတ်မပူပါနဲ့ ။ ကျွန်တော် အလုပ်သမား ငှားပေးခဲ့ပါမယ် ။ ဒီမြို့မှာ လစာကောင်းကောင်းပေးရင် အလုပ်ကူပေးမယ့်သူတွေ ရှိတယ်မလား ။ ဘယ်နှစ်ယောက်ပဲလိုလို ကျွန်တော် ငှားပေးခဲ့ပါမယ် "
Baekhyun ဟာ စိတ်ထဲမှာ ဖျင်းခနဲ ခံစားလိုက်ရတယ် ။ ချက်ချင်းတည်သွားတဲ့ မျက်နှာအမူအယာက ထိန်းလို့တောင် မရလိုက်ဘူး ။ ဆိုဖာပေါ် အေးဆေးထိုင်နေရကနေ ဆတ်ခနဲ ထရပ်မိသွားတဲ့အထိပဲ ။ Chanyeol ကတော့ ဒီလိုတုန့်ပြန်မှုမျိုး ရမယ်ဆိုတာ ကြိုသိထားတာမို့ သ်ိပ်မတုန်လှုပ်မိဘူး ။
" ကျွန်တော်တို့ ခဏ စကားပြောရအောင် "
ဒီစကားလုံးက Chanyeol ကြားဖူးသမျှ Baekhyun ရဲ့ လေသံတွေထဲမှာ အမာဆုံးပဲ ။ ပြောပြီးချက်ချင်း ရှေ့ကဦးဆောင်ပြီး အိမ်ထဲက ထွက်သွားတဲ့ကောင်လေးကြောင့် Chanyeol ဦးလေးနဲ့ အဒေါ်ဖြစ်သူကို တစ်ချက် မျက်လွှာချ ဦးညွှတ်ခဲ့ရင်း နောက်ကနေ ထလိုက်လာခဲ့တော့တယ် ။
ကြမ်းပေါ်မှာ ထိုင်နေရာကနေ မော့ကြည့်ကျန်နေခဲ့တဲ့ ကတုံးသုံးကောင်ကတော့ ရင်တထိတ်ထိတ်ပဲ ။ သူတို့ Boss နဲ့ သခင်လေးက ဒီလိုအခြေအနေမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူးမလား ။ သူတို့ဟာ တစ်ယောက်ကို တစ်ယောက်ကြားရုံ လေသံတိုးတိုးလေးနဲ့ ပြောလိုက်မိကြတယ် ။
" ငါတို့ မလိုက်သွားသင့်ဘူးမလား ? "
" သေချာပေါက်ပဲ "
___________________________________
Baekhyun မရပ်နား တဆတ်ဆတ်လျှောက်လာမိတာက ယာခင်းရဲ့ ဟိုးအကျော်လွန်ဘက် ။ အိမ်နဲ့အတော်ဝေးပြီး အဒေါ်တို့လှမ်းမမြင်လောက်ရတဲ့ နေရာ ၊ စကားသံကို မကြားနိုင်လောက်တဲ့ နေရာမှာ Baekhyun ခြေလှမ်းတွေကို ရပ်တန့်လိုက်ပြီး နောက်ပြန်လှည့်လိုက်တယ် ။ နေမြင့်နေပြီမို့ နည်းနည်း ပိုပူလာတဲ့ နေပူရှိန်ကိုလည်း သူအာရုံမစိုက်မိဘူး ။
သူ့နောက်ကနေ လိုက်လာတဲ့ မာဖီးယားကြီးရဲ့ မျက်နှာဟာ သူ့နည်းတူ မလျှော့ဘဲ ခပ်တည်တည် အနေအထားနဲ့ ရှိနေတာက သူ့ဘက်ကလည်း လွယ်လွယ် အလျှော့မပေးနိုင်ဘူးဆိုတဲ့ သဘောကို သက်ရောက်နေတယ် ။
Baekhyun ရှေ့ ခြေစုံရပ်ပြီးတဲ့နောက်မှာ ဘောင်းဘီအိတ်နှစ်ဖက်ထဲ လက်နှိုက်လို့ အပေါ်စီးကနေ ငုံ့ကြည့်လာတယ် ။
" ဘာပြောမလို့လဲ ဘေဘီ "
Baekhyun ဟာ အမြဲကြည်လင်နေတတ်တဲ့ မျက်လုံးလေးတွေကို ဒီတစ်ခါတော့ မာန်လေးအနည်းငယ်ထည့်လို့ အဲ့ဒီမျက်ခုံးထူထူအောက်က အကြည့်စူးစူးတွေနဲ့ ထိပ်တိုက်တွေ့ပစ်လိုက်တယ် ။
" Chan ဘာသဘောနဲ့ ဒီလိုထင်တိုင်း လျှောက်လုပ်နေတာလဲ "
Chanyeol ဟာ မျက်ခုံးထူထူတစ်ဖက်ကို ပင့်မြှောက်လိုက်ပြီး အငြင်းမပွားလိုတဲ့ ဟန်နဲ့ Baekhyun ဆီက အကြည့်တွေကို ဘေးလွှဲပို့လိုက်တယ် ။
" ဘာသဘောနဲ့လည်း ဆိုတာကို မေးနေစရာတောင် မလိုဘူး ။ ကိုယ်မင်းနဲ့ ခွဲမနေနိုင်ဘူးဆိုတာက အဖြေပဲ ၊ လောလောဆယ် ကိုယ်က မင်းနဲ့ အတူရှိမပေးနိုင်တဲ့အခြေအနေမို့ မင်းက က်ိုယ်နဲ့ အတူရှိပေးနေရမယ် "
ဒီတစ်ခေါက် Baekhyun မျက်တောင်ဖျားတွေ လှုပ်ခတ်ကုန်တာက အံ့အားသင့်မှုကြောင့်ပဲ ဖြစ်ရမယ် ။ သူထင်တာထက် ဒီလူဟာ အတ္တကြီးလိုက်လေခြင်း ။
Baekhyun ဟာ ဆက်မော့မကြည့်လိုတဲ့ မျက်နှာကို ရှောင်ဖယ်ဖို့ ခေါင်းကိုပြန်ငုံ့လိုက်ပြီး မြေပြင်ပေါ်ကိုပဲ အကြည့်တွေကို ပို့ထားလိုက်တယ် ။
" ကျွန်တော့်ဘက်ကလည်း ရှင်းပါတယ် ၊ ကျွန်တော် Chan နဲ့ လုံးဝပြန်မလိုက်နိုင်ပါဘူး ၊ ဒါကျွန်တော် တာဝန်ယူရမယ့် ကျွန်တော့်မိသားစုပါ ၊ သူစိမ်းတွေနဲ့ပိုက်ဆံပေးပြီး ပစ်ထားခဲ့လို့ မရဘူး "
ဒီတစ်ခါတော့ Chanyeol ရဲ့ မျက်ဝန်းတွေဟာ ခေါင်းငုံ့ပြီး အကြည့်လွှဲထားတဲ့ Baekhyun ရဲ့ မျက်နှာလေးဆီကို ပြန်လည်ဦးတည်လို့လာတယ် ။
" မင်း တကယ်ပဲ ကိုယ့်စကားကို အေးဆေးနားထောင်လို့ မရဘူးလား ၊ ကိုယ်နဲ့ အငြင်းပွားနေတာက မင်းအတွက် အကျိုးမရှိဘူးဆိုတာကို မင်းသိပါတယ် "
ပြန်မော့ကြည့်လာတဲ့ Baekhyun ရဲ့ မျက်ဝန်း တွေထဲမှာ ရစ်ဝဲနေတဲ့ အရည်ကြည်အချို့နဲ့ အမုန်းတရား ပါးပါးလေးကို မြင်လိုက်ရတော့ Chanyeol လက်သီးတွေကို ကျစ်ခနဲ ဆုပ်မိသွားတယ်။
" ကျွန်တော်က ခများပိုင်တဲ့ ပစ္စည်းလား !
ကစားစရာလား ! "
" ကျစ် ! "
Chanyeol ဟာ စုတ်သပ်လို့ အကြည့်တွေကို စိတ်ပျက်လက်ပျက် လွှဲလိုက်မိတယ် ။ ဘာလို့ စကားလမ်းကြောင်းက လွဲလာရတာလဲ ။
" ဘာလဲ ကျွန်တော်တို့ မိသားစုက ဆင်းရဲနေတာနဲ့ပဲ ခင်များပုံပေးသမျှ ပိုက်ဆံကို ယူလိုက်ပြီး ထားရာနေ စေရာသွားပေးရမှာလား ! ခင်များ ကျွန်တော့်ကို လိုချင်တဲ့ပုံစံက အဲ့လိုလား "
" ဘေဘီ ! ကိုယ့်စကားကို နားထောင် !
ကိုယ်မင်းကို အဲ့လို မသတ်မှတ်ထားဘူး "
Baekhyun စိတ်ထဲမှာ ခုနကပဲ နိမ့်ကျနေတဲ့ မိမိအိမ်နေရာနဲ့ ရိုကျိုးနေတဲ့ ဦးလေးနဲ့အဒေါ်ပုံစံကို မြင်နေရတာ လုံးဝ အဆင်မပြေခဲ့ဘူး ။ ခံစားချက်တွေက စကားလေး တစ်ခွန်း နှစ်ခွန်းနဲ့တင် အကုန်ပေါက်ကွဲထွက်လာတော့တာပဲ ။ သူ့မာနကို ထိခိုက်တယ် ။
ပြီးတော့....
သူရှက်တယ် ။
" ခင်များရဲ့ စိတ်ထဲမှာ ကျွန်တော်က
ဘယ်လိုအဆင့်မျိုးရှိနေတာလဲ "
ဒီအမေးတစ်ခွန်းမှာတော့ Baekhyun ရဲ့ လေသံတွေ ဖျော့ကျသွားတယ် ။ သူဟာ ရစ်သိုင်းလာတဲ့ မျက်ရည်တွေကို မထိန်းထားနိုင်တော့ဘူး ။ မျက်ရည်တစ်ပေါက်က ပါးပေါ်ကို လိမ့်ဆင်းကျလာရဲ့ ။ အတွေးတွေနဲ့ ခံစားချက်တွေ ရောထွေးကုန်တဲ့ အချိန်မှာတော့ Baekhyun သူ့မျက်စိရှေ့က ရင်အုပ်ကျယ်ကြီး လက်သီးနဲ့ စထုရိုက်မိတော့တာပဲ ။
" ခင်များက ကျွန်တော့်ကို ဘယ်လိုသတ်မှတ်ထားတာလဲ !!
ဘယ်လိုလဲ !! "
မာတောင့်နေတဲ့ ရင်အုပ်ပေါ်ထက်ကို လက်သီးချက်တွေ ကျရောက်လာတိုင်း တဒုန်းဒုန်း ထွက်ပေါ်လာတဲ့ အသံတွေက Baekhyun ဘယ်လောက်ထိ စိတ်လွတ်ပြီး အားထည့်ထားသလဲဆိုတာကို သိနိုင်တယ် ။
ခေတ္တအသ်ိလွတ်သွားတဲ့ အခိုက်မှာ Baekhyun ယောကျ်ားလေး တစ်ယောက်အားနဲ့ စိတ်လွတ်လက်လွတ်ထုရိုက်နေမိတာက လက်ကောက်ဝတ်တွေကို ဖြတ်ခနဲ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ခံလိုက်ရတဲ့အခါမှ သတ်ိပြန်ဝင်လာတယ် ။
ကျန်လက်ဖဝါးကြီး တစ်ဖက်နဲ့ပါ လက်မောင်းဘေးကို ခပ်တင်းတင်း ဆုတ်ကိုင်ခံလိုက်ရတဲ့အချိန် ဆတ်ခနဲ တုန်ယင်သွားတဲ့ ကိုယ်လေးနဲ့အတူ Baekhyun မျက်လုံးလေးတွေဟာ ထိတ်လန့်မှုကြောင့် ဝိုင်းစက်ကုန်တယ် ။ သူ... သူဘာတွေ လျှောက်လုပ်မိနေတာလဲ ။
ဘယ်လို သတ္တိနဲ့များ မာဖီးယားတစ်ယောက်ကို စိတ်ရှိလက်ရှိ သွားထုရိုက်နေမိတာလဲ ။
Baekhyun ဟာ ခုချိန် ဘယ်လောက်ထိ ဒေါသထွက်နေမလဲဆိုတဲ့ Chanyeol ရဲ့ မျက်နှာကိုတောင် မော့မကြည့်ရဲဘူး ။ သူ့လက်ကောက်ဝတ်တွေကို ဆုတ်ကိုင်ထားတဲ့ အားနဲ့တင်သိနိုင်တယ်။
စကားလုံး ဒါမှမဟုတ် အပြုအမူတစ်ခုခုနဲ့ တုန့်ပြန်လာမှာ သေချာတာမို့ သတ္တိမရှိဘူးဘဲ ပြောပြော Baekhyun မျက်ဝန်းတွေကို စုံမှိတ်ချထားလိုက်မိတယ် ။
ဒါပေမယ့် သူ့လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်တဲ့အချိန်မှာတော့ Baekhyun ရဲ့တစ်ကိုယ်လုံးဟာ ခေါင်းကနေစပြီး Coat အင်္ကျီအနက်တစ်ထည်နဲ့ လွှမ်းအုပ်ပေးတာခံလိုက်ရလေရဲ့ ။
" နေပူတယ် ကလေးလေး ၊ အပူလျှပ််မယ် !
ဒေါသထွက်ရင်လည်း အရ်ိပ်ထဲရောက်မှ ဆက်ရိုက် "
တင်းတင်းမှိတ်ထားတဲ့ Baekhyun ရဲ့ မျက်လုံးတွေ ပြန်ပွင့်ဟလာတဲ့ အချိန် မျက်တောင်တစ်ချက် နှစ်ချက်ပုတ်ခတ်မိသွားပြီး ဇဝေဇဝါ အကြည့်လေးတွေနဲ့ ဆတ်ခနဲ ခေါင်းလေးပြန်မော့ကြည့်မိလိုက်တယ် ။
နေပူရှိန်ကို မျက်နှာချင်းဆိုင်ထားရတဲ့ မာဖီးယားကြီးရဲ့ မျက်ခုံးတွေဟာ တွန့်ချိုးလို့ နဖူးစပ်မှာ ချွေးအနည်းငယ်တောင် စို့ချင်လာပြီ ။
" Chan.. "
Baekhyun ရုတ်တရက် ဇဝေဇဝါနဲ့ ပါးစပ်ကနေ လွှတ်ခနဲ ခေါ်မိသွားတော့ ဆက်မပြောစေလိုတဲ့ ဟန်နဲ့ နှုတ်ခမ်းပါးတွေဟာ ငုံ့နမ်းခံလိုက်ရတယ် ။ Baekhyun မျက်ဝန်းတွေဟာ ကြောင်တောင်တောင်နဲ့ ဝိုင်းစက်နေတုန်းပဲ ။
" ကိုယ်သိပြီ ၊ ကိုယ်မှားတယ် ၊ ဟုတ်ပြီလား ။
ခု အိမ်ကိုပြန်သွားကြရအောင် အနေအတော်ပူနေပြီ ။
ကိုယ့်စကားကို ဒီလောက်တော့ နားထောင်ပေးနော် ။ "
Baekhyun ဟာ အချိန်အတော်အကြာထိ ဆုံမှတ်တစ်ခုကနေ မျက်ဝန်းအိမ်တွေကို မလှုပ်ရှားမိပဲ ငြိမ်သက်နေခဲ့မိတယ် ။ နွေးထွေးတဲ့ လက်ဖဝါးကြီးတစ်ဖက်က သူ့လက်ဖဝါး သေးသေးတစ်ဖက်ကို ဆွဲကိုင်ပြီး ရှေ့က ဦးဆောင်သွားနေတဲ့နောက်ကို ခပ်ဖြည်းဖြည်းချင်း လိုက်လာခဲ့မိပေမယ့် ခုထိ သူ့ခေါင်းထဲ ဗလာဖြစ်နေတုန်းပဲ ။
သူ့ခေါင်းပေါ် ခြုံအုပ်ပေးထားတဲ့ ကုတ်အင်္ကျီအနက်အောက်ကနေ Baekhyun ရှေ့ကို ကြည့်လိုက်တော့ ရှပ်အင်္ကျီအဖြူတစ်ထပ်ပဲ ကျန်နေခဲ့တဲ့ ကျောပြင်ကျယ်ကြီးကို မြင်လိုက်ရတယ် ။
အဲ့ဒီနေ့က ခင်များ ကျွန်တော့်ကို ဘယ်လိုသတ်မှတ်ထားတာလဲ ဆိုတဲ့စကားရဲ့ အဖြေကို Baekhyun နားကနေ မကြားခဲ့ရပေမယ့် နှလုံးသားထဲကတော့ ကြားခဲ့ရတယ် ။
ဒီလိုနဲ့ ကျွန်တော် ခင်များကို လက်မလွှတ်နိုင်ဖြစ်လာရင် ဘယ်လိုလုပ်ကြတော့မလဲ ။
__________________________________
Baekhyun ရဲ့အဒေါ်ဟာ မိမိရှေ့မှာလာပြီး ဦးညွှတ်နေတဲ့
ဧည့်သည်တော်ကြောင့် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေရတယ် ။
" တောင်းပန်ပါတယ် ၊
ကျွန်တော် ရိုင်းပြမိသွားတယ် "
" ဟို...ရ..ရပါတယ် ၊ အားနာစရာကြီးဖြစ်အောင် ဒီလိုမလုပ်ပါနဲ့ "
ဘေးက ရပ်ကြည့်နေရတဲ့ Baekhyun လည်း အတော်မျက်နှာပူလာပြီမို့ Chanyeol လက်မောင်းတစ်ဖက်ကို သွားဆွဲကိုင်ထိန်းပြီး အဒေါ်ကို စကားလမ်းကြောင်းလွှဲမေးလိုက်ရတယ် ။
" ကျွန်တော် ခရမ်းချဥ်သီးတွေ ဆက်ခူးရဦးမှာမလား ဒေါ်လေး ၊ ဘယ်ကိုသွားပို့ပေးရမှာလဲ "
ဒေါ်လေးရဲ့ မျက်နှာထက်မှာ ထပ်ပြီး အကျပ်ရိုက်သွားတဲ့ပုံ ပေါ်တာမို့ Baekhyun မျက်ခုံးလေး နှစ်ဖက်ပင့်ပြပြီး အမေး အမူအယာလေး လုပ်ပြလိုက်တယ် ။
" ဟို မင်းရဲ့ ဝမ်းကွဲညီတွေ ခုယာခင်းထဲမှာ "
" ဗျာ ? "
Baekhyun မျက်လုံးလေး ပိုဝိုင်းစက်သွားရတော့တယ် ။
_________________________________
Baekhyun အမြန်ပဲ သွက်သွက်လေး အပြင်ကိုထွက်ကြည့်လိုက်တော့ ဦးလေးရဲ့ စွပ်ကျယ်နဲ့ ကမ်းခြေဆင်အပွင့်ဘောင်းဘီတိုတွေ ကိုယ်စီဝတ်လို့ တစ်ယောက်တစ်နေရာစီ အလုပ်ရှုပ်နေကြတဲ့ ကတုံးသုံးကောင်ကို တွေ့လိုက်ရတော့တာပဲ ။
နှစ်ယောက်က ယာခင်းထဲမှာ တစ်ယောက် တစ်တန်းစီ တာဝန်ယူ ခရမ်းချဥ်သီးခူးနေပြီး နောက်တစ်ယောက်ကတော့ ခူးထားတဲ့ ခရမ်းချဥ်သီးတွေကို အော်ဒါသွားပို့ဖို့ အဆင်သင့် စက္ကူပုံးထဲ စီထည့်နေလေရဲ့ ။
အရည်ရွှမ်းတဲ့ ခရမ်းချဥ်သီးကြီးတွေကို မထိခိုက်အောင် ဂရုတစိုက် အညှာကို ဖြတ်ယူနေတဲ့ ကတုံးတစ်ကောင်ဟာ နောက်က ဖြည်းဖြည်းချင်းချည်းကပ်လာတဲ့ Haru ကို သတိမထားမိရှာဘူး ။
ကြိုးကြိုးစားစား ဖမ်းလာတဲ့ ပိုးပေါက်ဖတ် အစိမ်းကောင်လေးကို Haru ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ကတုံးရဲ့လက်ဖျံပေါ်ထက် တင်ပေးလိုက်တော့တယ် ။
" ဦးဦးအတွက် လက်ဆောင် "
" Ahhhhhhhhh... ပိုးကောင်ကြီး Ahh Ahh Ahh "
ချက်ချင်းကို ထွန့်ထွန့်လူးပြီး ခါချလာတဲ့ ကတုံးဟာ ပထမဆုံးအကြိမ် အကြောက်တရားကြောင့် နှလုံးတွေတောင် ရပ်တော့မလိုပဲ ။ ဒဏ်ရာကို အစိမ်းချုပ်ရရင်တောင် မျက်နှာတစ်ချက်မတွန့်ခဲ့တဲ့ မာဖီးယားပေမယ့် အဲ့အစိမ်းကောင်ပျော့အိအိကိုတော့ ဘယ်လိုမှ မခံစားနိုင် ။ Boss ထက်ကြောက်တယ် ။
တွေးနေတုန်းရှိသေး သူ့ကတုံးဆံတောက်ခေါင်းဟာ နောက်စေ့ကနေ ဖြန်းခနဲ ပိတ်ရိုက်တာကို ခံလိုက်ရတယ် ။ လက်သည်က ရက်စက်လှတဲ့ သူ့ Boss ။
"မင်း လူမိုက်လုပ်နေပြီး ပိုးကောင်လေးတစ်ကောင်ကြောင့် ကမ္ဘာပျက်နေရသလား ! "
" ဟားဟားဟားဟား .. "
မျက်နှာကြီး မှုန်ကုပ်ပြီး ကိုယ့်တပည့်ကိုယ် ဆူနေတုန်းမှာ နောက်ကနေ ကျယ်လောင်စွာ ကြားလိုက်ရတဲ့ ရွှင်မြူးမြူးရယ်သံကြောင့် Chanyeol လှည့်ကြည့်လိုက်တော့ မျက်ရည်ထွက်မတတ် ဗိုက်ကိုလက်နဲ့ပိုက်ပြီး ရယ်နေတဲ့ ကောင်လေးကို တွေ့လိုက်ရတယ် ။
အပြုံးတွေက သူ့ဆီကို ချက်ချင်းကူးစက်လာလေရဲ့ ။
သူဟာ ကတုံးဘက်ကို ချက်ချင်းပြန်လှည့်ပြီး ပုခုံးတစ်ဖက်ကို ပုတ်ပေးလိုက်တယ် ။
" တော်တယ် ၊ လကုန်ရင် Bonus ယူ "
ကတုံးဟာ ဘောင်းဘီအိတ်ထဲလက်နှိုက်ရင်း သူ့ကိုပြန်ကျောခိုင်းထွက်သွားတဲ့ Boss ကို ကြည့်ရင်း တကယ်နားမလည်နိုင်တော့ဘူး ။ လူ့စိတ်က အဲ့လောက်ပဲ အပြောင်းအလဲ မြန်နိုင်သလား ။
Chanyeol အနားကို ပြန်လျှောက်လာပြီး ခေါင်းလုံးလုံးလေးကို ဖွပေးတဲ့အထိ ကောင်လေးဟာ အရယ်မရပ်နိုင်ရှာသေးဘူး ။ သူဟာ တခိခိရယ်နေရင်းနဲ့ပဲ ခုံပေါ်မှာ အသင့်ထည့်ထားတဲ့ ခရမ်းချဥ်သီးပုံးတွေကို သွားမ. ယူနေတယ် ။
" ဒါတွေ သွားပို့ရမှာလား "
Chanyeol မေးလိုက်တော့ အရယ်လေးကို မနည်းရပ်ရင်း ရွှင်မြူးမြူးလေးနဲ့ ပြန်ဖြေလာတယ် ။
" ဟုတ်တယ် "
" ဒါဆို သွားရအောင် ၊ ကိုယ်လည်းလိုက်ခဲ့မယ် "
" ဗျာ ? ကျွန်တော်က Scooter နဲ့သွားမှာလေ
နောက်မှာ ခရမ်းချဥ်သီးပုံးတွေ တင်သွားရမှာ "
" ကိုယ်နောက်ကနေ ကိုင်ယူပေးမယ် "
စားပွဲပေါ်က Scooter ဦးထုပ်လေးကိုပါ ယူဆောင်းနေပြီမို့ Baekhyun ဘယ်လိုမှ မတတ်နိုင်တော့ဘူး ။
အိမ်ကနေ အဝါရောင် Scooter သေးသေးလေး မောင်းထွက်လာတဲ့အချိန် ရှေ့မှာမောင်းနေတာက တီရှပ်လေးရယ် ဘောင်းဘီတိုလေးရယ်နဲ့ ဖြူဖြူသေးသေး ကောင်ကလေးဖြစ်ပြီး နောက်က ထိုင်လိုက်လာတာကတော့ စက္ကူပုံးနှစ်ပုံးကို ဘေးဘက်ကနေ လက်တစ်ဖက်နဲ့ပိုက်ထားတဲ့ Suit နဲ့ မာဖီးယားကြီးပါပဲ ။
လေတဖြူးဖြူးတိုက်ခတ်နေတဲ့ အဝေးပြေးလမ်းမကြီးထက်မှာ နှစ်ယောက်လုံးရဲ့ အပြုံးတွေဟာ တောက်ပသည်ထက် ပိုပြီးတောက်ပလို့ ရယ်မောနေကြတယ် ။
ခါးသေးသေးလေးကို နောက်ကနေ လက်မောင်းကြီးတစ်ဖက်နဲ့ ပွေ့ဖက်ပြီး ပုခုံးသေးသေးလေးပေါ် မေးတင်ခံလိုက်ရတော့ Baekhyun မျက်နှာမှာ ပိုလို့ရွှင်မြူးရိပ်လေး ထင်ဟပ်သွားလေရဲ့ ။ သူ့ပုခုံးအရင်းနားလေးဟာ ဆက်တိုက်နမ်းရှိုက်ခံနေရတာကို Baekhyun သိနိုင်တယ် ။
" ခဏကြာ မြို့ထဲရောက်တော့မှာနော် "
" အင်းပါ "
လူမမြင်စေလိုကြောင်း သတိပေးတဲ့ ကောင်လေးကို Chanyeol အသာတကြည်ပဲ လက်ခံလိုက်တော့တယ် ။ သူရှုံးတာ မရှုံးတာတွေ ထားလိုက်ပါတော့ ။ ဒီအပြုံးလေးကို မြင်နေရရင်ပဲ သူဟာ သဘောထားတိုင်းကို ခေါင်းငြှိမ့်ပြဖို့ အသင့်ဖြစ်နေပါပြီ ။
____________________________________
ဖတ်ရတာ အဆင်ပြေကြရဲ့လား ။ plot မပါတော့ ရေးရတဲ့သူတောင် ပျင်းနေပြီ ။
အပိုင္း ၁၂ [ Unicode Version ]
Baekhyun သက္တမ္းတစ္ေလွ်ာက္ ကိုယ့္အိမ္ရဲ႕ ဧည့္ခန္းထဲမွာ ဒီေလာက္ ေနရက်ဥ္းက်ပ္တဲ့ ဧည့္ခံမႈမ်ိဳး ရွိလာမယ္လို႔ ေတြးေတာင္ မေတြးခဲ့ဖူးဘူး ။ အတန္အသင့္က်ယ္ဝန္းတဲ့ အိမ္ေအာက္ထပ္ ဧည့္ခန္းေလးထဲမွာ စားပြဲခုံ တစ္လုံးရယ္ မ်က္ႏွာခ်င္းဆိုင္ ေနရာခ်ထားတဲ့ ဆိုဖာရွည္ ႏွစ္ခုရယ္ပဲ ရွိတယ္ ။
တစ္ဖက္မွာ အိမ္သားေတြ ျဖစ္တဲ့ Baekhyun ရယ္ ၊ အေဒၚရယ္ ၊ ဦးေလးျဖစ္သူရယ္ ထိုင္ေနၾကတဲ့အခ်ိန္ က်န္ဆိုဖာ တစ္ခုံမွာက မာဖီးယားေလးေယာက္ က်ပ္သိပ္ၿပီး ထိုင္ေနရရွာတယ္ ။
ကတုံးသုံးေကာင္အတြက္ေတာ့ သူတို႔ Boss ကို အလယ္မွာထားၿပီး ဆိုဖာတစ္ခုတည္း အတူထိုင္ေနရတာက ဂုဏ္ယူစရာထက္ လည္ပင္းေပၚ ဓားတင္ထားရသလို ေခြၽးၿပိဳက္ၿပိဳက္က်ခ်င္စရာပဲ ။ သူတို႔ဟာ ျမန္ျမန္ပဲ ဒီအေနအထားကေန ကိုယ္လြန္႐ုန္းဖို႔ အႀကံထုတ္ေနၾကတယ္။
ခဏအၾကာ အေပၚထပ္ကေန သူ႕အ႐ုပ္ေတြ သြားယူၿပီး ဆင္းလာတဲ့ Haru ေလးက ေဘးနားက ၾကမ္းျပင္မွာ ေဆာ့ဖို႔လာထိုင္တာမို႔ ကတုံးေတြ အတြက္ေတာ့ ကယ္တင္ရွင္ ရွာေတြ႕သြားသလိုပဲ ။
" ကေလးက ခ်စ္စရာေလးေနာ္ "
" ဟုတ္တယ္ ကေလး ၊ ဦးဦးတို႔နဲ႕ အတူ ကစားရေအာင္ "
တစ္ၿပိဳင္တည္း ဆိုဖာေပၚက ထသြားၾကတဲ့ ကတုံးေတြဟာ အ႐ုပ္ေတြနဲ႕ ေဆာ့ေနတဲ့ Haru ေလးေဘးမွာ တင္ပ်ဥ္ေခြ ဝိုင္းထိုင္လိုက္ၾကၿပီး တစ္သက္နဲ႕တစ္ကိုယ္ မႀကဳံဖူးတဲ့ ကေလးထိန္း အလုပ္ကို လုပ္ေနလိုက္ရေတာ့တယ္ ။
အဲ့ေတာ့မွ သက္ေတာင့္သက္သာ ျဖစ္သြားရတဲ့ မာဖီးယားႀကီးခမ်ာ ေလပူေတြကို ျဖည္းျဖည္းခ်င္း မႈတ္ထုတ္လိုက္ၿပီး အၿပဳံးတစ္ခု ႀကိဳးစားလို႔ ၿပဳံးျပလိုက္တယ္ ။
" အဲ့ေတာ့.. ဒီလူငယ္ေလးက ဘယ္ေလာက္အၾကာမ်ား ေနဖို႔ စဥ္းစားထားသလဲ မသိဘူးေနာ္ "
Baekhyun ဟာ လုပ္ခ်င္ရာ ဇြတ္လုပ္ခ်လာတဲ့ မာဖီးယားႀကီးနဲ႕ မိသားစုဝင္ေတြအၾကား တကယ္အႀကံအိုက္ေနရၿပီ ။ ၿပီးေတာ့ တစ္ဖက္လူရဲ႕ အလိုလို ထြက္ေပၚေနတဲ့ အရွိန္အဝါေအာက္မွာ သူ႕ဦးေလးနဲ႕ အေဒၚက ဒီလိုမ်ိဳး ရိုက်ိဳးေနရတာကိုလည္း သူသိပ္မႏွစ္ၿမိဳ႕မိဘူး ။ အမူအယာကို မထိန္းနိုင္တဲ့ မ်က္ႏွာေလးက သိသိသာသာကို စိတ္မခ်မ္းေျမ့တဲ့ပုံေလး ေပၚလြင္ေနတာမို႔ Chanyeol မ်က္ခုံးေတြကိုေတာင္ ခဏ တြန့္ခ်ိဳးမိသြားရဲ႕ ။
" ဒီေန႕ တစ္ရက္တည္းပါ ။ ၿပီးေတာ့ လာတာကလည္း ကြၽန္ေတာ္ ညွိႏွိုင္းေပးမလို႔ပါ ။ မနက္ျဖန္ျပန္ရင္ Baekhyun ကိုပါ တစ္ခါတည္း ျပန္ေခၚသြားဖို႔ စဥ္းစားထားပါတယ္ "
Baekhyun ရဲ႕ အေဒၚနဲ႕ ဦးေလးမ်က္ႏွာဟာ ခ်က္ခ်င္းကို ပ်က္ယြင္း သြားၿပီး စိုးရိမ္မကင္းတဲ့ ဟန္ေလးေတြနဲ႕ Baekhyun ကို ျပန္ၾကည့္လာၾကတယ္ ။ Baekhyun ဟာ ဦးေလးနဲ႕ အေဒၚရဲ႕ မ်က္ႏွာေတြကို ျပန္ၾကည့္ရင္း ကို႔ရို႔ကားယားနဲ႕ပဲ ေျဖရွင္းခ်က္ ထုတ္ေပးရေတာ့တယ္ ။
" Hy..Hyung.. အဲ့တာက ဘာ..စကားမ်ားလဲ ။
ကြၽန္ေတာ္ ျပန္လိုက္လို႔ မျဖစ္ဘူးေလ "
Chanyeol ဟာ ဒီေကာင္ေလး အခက္ေတြ႕ေနမွာကို ေသခ်ာေပါက္ သိေပမယ့္ မတတ္နိုင္ ။ ၾကာၾကာခြဲေနဖို႔ အဆင္မေျပတဲ့အတြက္ေတာ့ သူလုပ္သင့္တာကို လုပ္ရမယ္ ။
" ကြၽန္ေတာ္ ဒီလိုေျပာရတာေတာ့ အားနာပါတယ္ ။ ဒါေပမယ့္ ကူဖို႔လူမရွိတာေၾကာင့္ Baekhyun ကို ေခၚထားမွရမယ္ဆိုရင္ေတာ့ စိတ္မပူပါနဲ႕ ။ ကြၽန္ေတာ္ အလုပ္သမား ငွားေပးခဲ့ပါမယ္ ။ ဒီၿမိဳ႕မွာ လစာေကာင္းေကာင္းေပးရင္ အလုပ္ကူေပးမယ့္သူေတြ ရွိတယ္မလား ။ ဘယ္ႏွစ္ေယာက္ပဲလိုလို ကြၽန္ေတာ္ ငွားေပးခဲ့ပါမယ္ "
Baekhyun ဟာ စိတ္ထဲမွာ ဖ်င္းခနဲ ခံစားလိုက္ရတယ္ ။ ခ်က္ခ်င္းတည္သြားတဲ့ မ်က္ႏွာအမူအယာက ထိန္းလို႔ေတာင္ မရလိုက္ဘူး ။ ဆိုဖာေပၚ ေအးေဆးထိုင္ေနရကေန ဆတ္ခနဲ ထရပ္မိသြားတဲ့အထိပဲ ။ Chanyeol ကေတာ့ ဒီလိုတုန့္ျပန္မႈမ်ိဳး ရမယ္ဆိုတာ ႀကိဳသိထားတာမို႔ သ္ိပ္မတုန္လႈပ္မိဘူး ။
" ကြၽန္ေတာ္တို႔ ခဏ စကားေျပာရေအာင္ "
ဒီစကားလုံးက Chanyeol ၾကားဖူးသမွ် Baekhyun ရဲ႕ ေလသံေတြထဲမွာ အမာဆုံးပဲ ။ ေျပာၿပီးခ်က္ခ်င္း ေရွ႕ကဦးေဆာင္ၿပီး အိမ္ထဲက ထြက္သြားတဲ့ေကာင္ေလးေၾကာင့္ Chanyeol ဦးေလးနဲ႕ အေဒၚျဖစ္သူကို တစ္ခ်က္ မ်က္လႊာခ် ဦးၫႊတ္ခဲ့ရင္း ေနာက္ကေန ထလိုက္လာခဲ့ေတာ့တယ္ ။
ၾကမ္းေပၚမွာ ထိုင္ေနရာကေန ေမာ့ၾကည့္က်န္ေနခဲ့တဲ့ ကတုံးသုံးေကာင္ကေတာ့ ရင္တထိတ္ထိတ္ပဲ ။ သူတို႔ Boss နဲ႕ သခင္ေလးက ဒီလိုအေျခအေနမ်ိဳး တစ္ခါမွ မရွိခဲ့ဖူးဘူးမလား ။ သူတို႔ဟာ တစ္ေယာက္ကို တစ္ေယာက္ၾကား႐ုံ ေလသံတိုးတိုးေလးနဲ႕ ေျပာလိုက္မိၾကတယ္ ။
" ငါတို႔ မလိုက္သြားသင့္ဘူးမလား ? "
" ေသခ်ာေပါက္ပဲ "
___________________________________
Baekhyun မရပ္နား တဆတ္ဆတ္ေလွ်ာက္လာမိတာက ယာခင္းရဲ႕ ဟိုးအေက်ာ္လြန္ဘက္ ။ အိမ္နဲ႕အေတာ္ေဝးၿပီး အေဒၚတို႔လွမ္းမျမင္ေလာက္ရတဲ့ ေနရာ ၊ စကားသံကို မၾကားနိုင္ေလာက္တဲ့ ေနရာမွာ Baekhyun ေျခလွမ္းေတြကို ရပ္တန့္လိုက္ၿပီး ေနာက္ျပန္လွည့္လိုက္တယ္ ။ ေနျမင့္ေနၿပီမို႔ နည္းနည္း ပိုပူလာတဲ့ ေနပူရွိန္ကိုလည္း သူအာ႐ုံမစိုက္မိဘူး ။
သူ႕ေနာက္ကေန လိုက္လာတဲ့ မာဖီးယားႀကီးရဲ႕ မ်က္ႏွာဟာ သူ႕နည္းတူ မေလွ်ာ့ဘဲ ခပ္တည္တည္ အေနအထားနဲ႕ ရွိေနတာက သူ႕ဘက္ကလည္း လြယ္လြယ္ အေလွ်ာ့မေပးနိုင္ဘူးဆိုတဲ့ သေဘာကို သက္ေရာက္ေနတယ္ ။
Baekhyun ေရွ႕ ေျခစုံရပ္ၿပီးတဲ့ေနာက္မွာ ေဘာင္းဘီအိတ္ႏွစ္ဖက္ထဲ လက္ႏွိုက္လို႔ အေပၚစီးကေန ငုံ႕ၾကည့္လာတယ္ ။
" ဘာေျပာမလို႔လဲ ေဘဘီ "
Baekhyun ဟာ အၿမဲၾကည္လင္ေနတတ္တဲ့ မ်က္လုံးေလးေတြကို ဒီတစ္ခါေတာ့ မာန္ေလးအနည္းငယ္ထည့္လို႔ အဲ့ဒီမ်က္ခုံးထူထူေအာက္က အၾကည့္စူးစူးေတြနဲ႕ ထိပ္တိုက္ေတြ႕ပစ္လိုက္တယ္ ။
" Chan ဘာသေဘာနဲ႕ ဒီလိုထင္တိုင္း ေလွ်ာက္လုပ္ေနတာလဲ "
Chanyeol ဟာ မ်က္ခုံးထူထူတစ္ဖက္ကို ပင့္ျမႇောက္လိုက္ၿပီး အျငင္းမပြားလိုတဲ့ ဟန္နဲ႕ Baekhyun ဆီက အၾကည့္ေတြကို ေဘးလႊဲပို႔လိုက္တယ္ ။
" ဘာသေဘာနဲ႕လည္း ဆိုတာကို ေမးေနစရာေတာင္ မလိုဘူး ။ ကိုယ္မင္းနဲ႕ ခြဲမေနနိုင္ဘူးဆိုတာက အေျဖပဲ ၊ ေလာေလာဆယ္ ကိုယ္က မင္းနဲ႕ အတူရွိမေပးနိုင္တဲ့အေျခအေနမို႔ မင္းက က္ိုယ္နဲ႕ အတူရွိေပးေနရမယ္ "
ဒီတစ္ေခါက္ Baekhyun မ်က္ေတာင္ဖ်ားေတြ လႈပ္ခတ္ကုန္တာက အံ့အားသင့္မႈေၾကာင့္ပဲ ျဖစ္ရမယ္ ။ သူထင္တာထက္ ဒီလူဟာ အတၱႀကီးလိုက္ေလျခင္း ။
Baekhyun ဟာ ဆက္ေမာ့မၾကည့္လိုတဲ့ မ်က္ႏွာကို ေရွာင္ဖယ္ဖို႔ ေခါင္းကိုျပန္ငုံ႕လိုက္ၿပီး ေျမျပင္ေပၚကိုပဲ အၾကည့္ေတြကို ပို႔ထားလိုက္တယ္ ။
" ကြၽန္ေတာ့္ဘက္ကလည္း ရွင္းပါတယ္ ၊ ကြၽန္ေတာ္ Chan နဲ႕ လုံးဝျပန္မလိုက္နိုင္ပါဘူး ၊ ဒါကြၽန္ေတာ္ တာဝန္ယူရမယ့္ ကြၽန္ေတာ့္မိသားစုပါ ၊ သူစိမ္းေတြနဲ႕ပိုက္ဆံေပးၿပီး ပစ္ထားခဲ့လို႔ မရဘူး "
ဒီတစ္ခါေတာ့ Chanyeol ရဲ႕ မ်က္ဝန္းေတြဟာ ေခါင္းငုံ႕ၿပီး အၾကည့္လႊဲထားတဲ့ Baekhyun ရဲ႕ မ်က္ႏွာေလးဆီကို ျပန္လည္ဦးတည္လို႔လာတယ္ ။
" မင္း တကယ္ပဲ ကိုယ့္စကားကို ေအးေဆးနားေထာင္လို႔ မရဘူးလား ၊ ကိုယ္နဲ႕ အျငင္းပြားေနတာက မင္းအတြက္ အက်ိဳးမရွိဘူးဆိုတာကို မင္းသိပါတယ္ "
ျပန္ေမာ့ၾကည့္လာတဲ့ Baekhyun ရဲ႕ မ်က္ဝန္း ေတြထဲမွာ ရစ္ဝဲေနတဲ့ အရည္ၾကည္အခ်ိဳ႕နဲ႕ အမုန္းတရား ပါးပါးေလးကို ျမင္လိုက္ရေတာ့ Chanyeol လက္သီးေတြကို က်စ္ခနဲ ဆုပ္မိသြားတယ္။
" ကြၽန္ေတာ္က ခမ်ားပိုင္တဲ့ ပစၥည္းလား !
ကစားစရာလား ! "
" က်စ္ ! "
Chanyeol ဟာ စုတ္သပ္လို႔ အၾကည့္ေတြကို စိတ္ပ်က္လက္ပ်က္ လႊဲလိုက္မိတယ္ ။ ဘာလို႔ စကားလမ္းေၾကာင္းက လြဲလာရတာလဲ ။
" ဘာလဲ ကြၽန္ေတာ္တို႔ မိသားစုက ဆင္းရဲေနတာနဲ႕ပဲ ခင္မ်ားပုံေပးသမွ် ပိုက္ဆံကို ယူလိုက္ၿပီး ထားရာေန ေစရာသြားေပးရမွာလား ! ခင္မ်ား ကြၽန္ေတာ့္ကို လိုခ်င္တဲ့ပုံစံက အဲ့လိုလား "
" ေဘဘီ ! ကိုယ့္စကားကို နားေထာင္ !
ကိုယ္မင္းကို အဲ့လို မသတ္မွတ္ထားဘူး "
Baekhyun စိတ္ထဲမွာ ခုနကပဲ နိမ့္က်ေနတဲ့ မိမိအိမ္ေနရာနဲ႕ ရိုက်ိဳးေနတဲ့ ဦးေလးနဲ႕အေဒၚပုံစံကို ျမင္ေနရတာ လုံးဝ အဆင္မေျပခဲ့ဘူး ။ ခံစားခ်က္ေတြက စကားေလး တစ္ခြန္း ႏွစ္ခြန္းနဲ႕တင္ အကုန္ေပါက္ကြဲထြက္လာေတာ့တာပဲ ။ သူ႕မာနကို ထိခိုက္တယ္ ။
ၿပီးေတာ့....
သူရွက္တယ္ ။
" ခင္မ်ားရဲ႕ စိတ္ထဲမွာ ကြၽန္ေတာ္က
ဘယ္လိုအဆင့္မ်ိဳးရွိေနတာလဲ "
ဒီအေမးတစ္ခြန္းမွာေတာ့ Baekhyun ရဲ႕ ေလသံေတြ ေဖ်ာ့က်သြားတယ္ ။ သူဟာ ရစ္သိုင္းလာတဲ့ မ်က္ရည္ေတြကို မထိန္းထားနိုင္ေတာ့ဘူး ။ မ်က္ရည္တစ္ေပါက္က ပါးေပၚကို လိမ့္ဆင္းက်လာရဲ႕ ။ အေတြးေတြနဲ႕ ခံစားခ်က္ေတြ ေရာေထြးကုန္တဲ့ အခ်ိန္မွာေတာ့ Baekhyun သူ႕မ်က္စိေရွ႕က ရင္အုပ္က်ယ္ႀကီး လက္သီးနဲ႕ စထုရိုက္မိေတာ့တာပဲ ။
" ခင္မ်ားက ကြၽန္ေတာ့္ကို ဘယ္လိုသတ္မွတ္ထားတာလဲ !!
ဘယ္လိုလဲ !! "
မာေတာင့္ေနတဲ့ ရင္အုပ္ေပၚထက္ကို လက္သီးခ်က္ေတြ က်ေရာက္လာတိုင္း တဒုန္းဒုန္း ထြက္ေပၚလာတဲ့ အသံေတြက Baekhyun ဘယ္ေလာက္ထိ စိတ္လြတ္ၿပီး အားထည့္ထားသလဲဆိုတာကို သိနိုင္တယ္ ။
ေခတၱအသ္ိလြတ္သြားတဲ့ အခိုက္မွာ Baekhyun ေယာက်္ားေလး တစ္ေယာက္အားနဲ႕ စိတ္လြတ္လက္လြတ္ထုရိုက္ေနမိတာက လက္ေကာက္ဝတ္ေတြကို ျဖတ္ခနဲ တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္ခံလိုက္ရတဲ့အခါမွ သတ္ိျပန္ဝင္လာတယ္ ။
က်န္လက္ဖဝါးႀကီး တစ္ဖက္နဲ႕ပါ လက္ေမာင္းေဘးကို ခပ္တင္းတင္း ဆုတ္ကိုင္ခံလိုက္ရတဲ့အခ်ိန္ ဆတ္ခနဲ တုန္ယင္သြားတဲ့ ကိုယ္ေလးနဲ႕အတူ Baekhyun မ်က္လုံးေလးေတြဟာ ထိတ္လန့္မႈေၾကာင့္ ဝိုင္းစက္ကုန္တယ္ ။ သူ... သူဘာေတြ ေလွ်ာက္လုပ္မိေနတာလဲ ။
ဘယ္လို သတၱိနဲ႕မ်ား မာဖီးယားတစ္ေယာက္ကို စိတ္ရွိလက္ရွိ သြားထုရိုက္ေနမိတာလဲ ။
Baekhyun ဟာ ခုခ်ိန္ ဘယ္ေလာက္ထိ ေဒါသထြက္ေနမလဲဆိုတဲ့ Chanyeol ရဲ႕ မ်က္ႏွာကိုေတာင္ ေမာ့မၾကည့္ရဲဘူး ။ သူ႕လက္ေကာက္ဝတ္ေတြကို ဆုတ္ကိုင္ထားတဲ့ အားနဲ႕တင္သိနိုင္တယ္။
စကားလုံး ဒါမွမဟုတ္ အျပဳအမူတစ္ခုခုနဲ႕ တုန့္ျပန္လာမွာ ေသခ်ာတာမို႔ သတၱိမရွိဘူးဘဲ ေျပာေျပာ Baekhyun မ်က္ဝန္းေတြကို စုံမွိတ္ခ်ထားလိုက္မိတယ္ ။
ဒါေပမယ့္ သူ႕လက္ေကာက္ဝတ္ကို လႊတ္ေပးလိုက္တဲ့အခ်ိန္မွာေတာ့ Baekhyun ရဲ႕တစ္ကိုယ္လုံးဟာ ေခါင္းကေနစၿပီး Coat အကၤ်ီအနက္တစ္ထည္နဲ႕ လႊမ္းအုပ္ေပးတာခံလိုက္ရေလရဲ႕ ။
" ေနပူတယ္ ကေလးေလး ၊ အပူလွ်ပ္္မယ္ !
ေဒါသထြက္ရင္လည္း အရ္ိပ္ထဲေရာက္မွ ဆက္ရိုက္ "
တင္းတင္းမွိတ္ထားတဲ့ Baekhyun ရဲ႕ မ်က္လုံးေတြ ျပန္ပြင့္ဟလာတဲ့ အခ်ိန္ မ်က္ေတာင္တစ္ခ်က္ ႏွစ္ခ်က္ပုတ္ခတ္မိသြားၿပီး ဇေဝဇဝါ အၾကည့္ေလးေတြနဲ႕ ဆတ္ခနဲ ေခါင္းေလးျပန္ေမာ့ၾကည့္မိလိုက္တယ္ ။
ေနပူရွိန္ကို မ်က္ႏွာခ်င္းဆိုင္ထားရတဲ့ မာဖီးယားႀကီးရဲ႕ မ်က္ခုံးေတြဟာ တြန့္ခ်ိဳးလို႔ နဖူးစပ္မွာ ေခြၽးအနည္းငယ္ေတာင္ စို႔ခ်င္လာၿပီ ။
" Chan.. "
Baekhyun ႐ုတ္တရက္ ဇေဝဇဝါနဲ႕ ပါးစပ္ကေန လႊတ္ခနဲ ေခၚမိသြားေတာ့ ဆက္မေျပာေစလိုတဲ့ ဟန္နဲ႕ ႏႈတ္ခမ္းပါးေတြဟာ ငုံ႕နမ္းခံလိုက္ရတယ္ ။ Baekhyun မ်က္ဝန္းေတြဟာ ေၾကာင္ေတာင္ေတာင္နဲ႕ ဝိုင္းစက္ေနတုန္းပဲ ။
" ကိုယ္သိၿပီ ၊ ကိုယ္မွားတယ္ ၊ ဟုတ္ၿပီလား ။
ခု အိမ္ကိုျပန္သြားၾကရေအာင္ အေနအေတာ္ပူေနၿပီ ။
ကိုယ့္စကားကို ဒီေလာက္ေတာ့ နားေထာင္ေပးေနာ္ ။ "
Baekhyun ဟာ အခ်ိန္အေတာ္အၾကာထိ ဆုံမွတ္တစ္ခုကေန မ်က္ဝန္းအိမ္ေတြကို မလႈပ္ရွားမိပဲ ၿငိမ္သက္ေနခဲ့မိတယ္ ။ ႏြေးေထြးတဲ့ လက္ဖဝါးႀကီးတစ္ဖက္က သူ႕လက္ဖဝါး ေသးေသးတစ္ဖက္ကို ဆြဲကိုင္ၿပီး ေရွ႕က ဦးေဆာင္သြားေနတဲ့ေနာက္ကို ခပ္ျဖည္းျဖည္းခ်င္း လိုက္လာခဲ့မိေပမယ့္ ခုထိ သူ႕ေခါင္းထဲ ဗလာျဖစ္ေနတုန္းပဲ ။
သူ႕ေခါင္းေပၚ ၿခဳံအုပ္ေပးထားတဲ့ ကုတ္အကၤ်ီအနက္ေအာက္ကေန Baekhyun ေရွ႕ကို ၾကည့္လိုက္ေတာ့ ရွပ္အကၤ်ီအျဖဴတစ္ထပ္ပဲ က်န္ေနခဲ့တဲ့ ေက်ာျပင္က်ယ္ႀကီးကို ျမင္လိုက္ရတယ္ ။
အဲ့ဒီေန႕က ခင္မ်ား ကြၽန္ေတာ့္ကို ဘယ္လိုသတ္မွတ္ထားတာလဲ ဆိုတဲ့စကားရဲ႕ အေျဖကို Baekhyun နားကေန မၾကားခဲ့ရေပမယ့္ ႏွလုံးသားထဲကေတာ့ ၾကားခဲ့ရတယ္ ။
ဒီလိုနဲ႕ ကြၽန္ေတာ္ ခင္မ်ားကို လက္မလႊတ္နိုင္ျဖစ္လာရင္ ဘယ္လိုလုပ္ၾကေတာ့မလဲ ။
__________________________________
Baekhyun ရဲ႕အေဒၚဟာ မိမိေရွ႕မွာလာၿပီး ဦးၫႊတ္ေနတဲ့
ဧည့္သည္ေတာ္ေၾကာင့္ ေျခမကိုင္မိ လက္မကိုင္မိ ျဖစ္ေနရတယ္ ။
" ေတာင္းပန္ပါတယ္ ၊
ကြၽန္ေတာ္ ရိုင္းျပမိသြားတယ္ "
" ဟို...ရ..ရပါတယ္ ၊ အားနာစရာႀကီးျဖစ္ေအာင္ ဒီလိုမလုပ္ပါနဲ႕ "
ေဘးက ရပ္ၾကည့္ေနရတဲ့ Baekhyun လည္း အေတာ္မ်က္ႏွာပူလာၿပီမို႔ Chanyeol လက္ေမာင္းတစ္ဖက္ကို သြားဆြဲကိုင္ထိန္းၿပီး အေဒၚကို စကားလမ္းေၾကာင္းလႊဲေမးလိုက္ရတယ္ ။
" ကြၽန္ေတာ္ ခရမ္းခ်ဥ္သီးေတြ ဆက္ခူးရဦးမွာမလား ေဒၚေလး ၊ ဘယ္ကိုသြားပို႔ေပးရမွာလဲ "
ေဒၚေလးရဲ႕ မ်က္ႏွာထက္မွာ ထပ္ၿပီး အက်ပ္ရိုက္သြားတဲ့ပုံ ေပၚတာမို႔ Baekhyun မ်က္ခုံးေလး ႏွစ္ဖက္ပင့္ျပၿပီး အေမး အမူအယာေလး လုပ္ျပလိုက္တယ္ ။
" ဟို မင္းရဲ႕ ဝမ္းကြဲညီေတြ ခုယာခင္းထဲမွာ "
" ဗ်ာ ? "
Baekhyun မ်က္လုံးေလး ပိုဝိုင္းစက္သြားရေတာ့တယ္ ။
_________________________________
Baekhyun အျမန္ပဲ သြက္သြက္ေလး အျပင္ကိုထြက္ၾကည့္လိုက္ေတာ့ ဦးေလးရဲ႕ စြပ္က်ယ္နဲ႕ ကမ္းေျခဆင္အပြင့္ေဘာင္းဘီတိုေတြ ကိုယ္စီဝတ္လို႔ တစ္ေယာက္တစ္ေနရာစီ အလုပ္ရႈပ္ေနၾကတဲ့ ကတုံးသုံးေကာင္ကို ေတြ႕လိုက္ရေတာ့တာပဲ ။
ႏွစ္ေယာက္က ယာခင္းထဲမွာ တစ္ေယာက္ တစ္တန္းစီ တာဝန္ယူ ခရမ္းခ်ဥ္သီးခူးေနၿပီး ေနာက္တစ္ေယာက္ကေတာ့ ခူးထားတဲ့ ခရမ္းခ်ဥ္သီးေတြကို ေအာ္ဒါသြားပို႔ဖို႔ အဆင္သင့္ စကၠဴပုံးထဲ စီထည့္ေနေလရဲ႕ ။
အရည္႐ႊမ္းတဲ့ ခရမ္းခ်ဥ္သီးႀကီးေတြကို မထိခိုက္ေအာင္ ဂ႐ုတစိုက္ အညွာကို ျဖတ္ယူေနတဲ့ ကတုံးတစ္ေကာင္ဟာ ေနာက္က ျဖည္းျဖည္းခ်င္းခ်ည္းကပ္လာတဲ့ Haru ကို သတိမထားမိရွာဘူး ။
ႀကိဳးႀကိဳးစားစား ဖမ္းလာတဲ့ ပိုးေပါက္ဖတ္ အစိမ္းေကာင္ေလးကို Haru ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႕ပဲ ကတုံးရဲ႕လက္ဖ်ံေပၚထက္ တင္ေပးလိုက္ေတာ့တယ္ ။
" ဦးဦးအတြက္ လက္ေဆာင္ "
" Ahhhhhhhhh... ပိုးေကာင္ႀကီး Ahh Ahh Ahh "
ခ်က္ခ်င္းကို ထြန့္ထြန့္လူးၿပီး ခါခ်လာတဲ့ ကတုံးဟာ ပထမဆုံးအႀကိမ္ အေၾကာက္တရားေၾကာင့္ ႏွလုံးေတြေတာင္ ရပ္ေတာ့မလိုပဲ ။ ဒဏ္ရာကို အစိမ္းခ်ဳပ္ရရင္ေတာင္ မ်က္ႏွာတစ္ခ်က္မတြန့္ခဲ့တဲ့ မာဖီးယားေပမယ့္ အဲ့အစိမ္းေကာင္ေပ်ာ့အိအိကိုေတာ့ ဘယ္လိုမွ မခံစားနိုင္ ။ Boss ထက္ေၾကာက္တယ္ ။
ေတြးေနတုန္းရွိေသး သူ႕ကတုံးဆံေတာက္ေခါင္းဟာ ေနာက္ေစ့ကေန ျဖန္းခနဲ ပိတ္ရိုက္တာကို ခံလိုက္ရတယ္ ။ လက္သည္က ရက္စက္လွတဲ့ သူ႕ Boss ။
"မင္း လူမိုက္လုပ္ေနၿပီး ပိုးေကာင္ေလးတစ္ေကာင္ေၾကာင့္ ကမၻာပ်က္ေနရသလား ! "
" ဟားဟားဟားဟား .. "
မ်က္ႏွာႀကီး မႈန္ကုပ္ၿပီး ကိုယ့္တပည့္ကိုယ္ ဆူေနတုန္းမွာ ေနာက္ကေန က်ယ္ေလာင္စြာ ၾကားလိုက္ရတဲ့ ႐ႊင္ျမဴးျမဴးရယ္သံေၾကာင့္ Chanyeol လွည့္ၾကည့္လိုက္ေတာ့ မ်က္ရည္ထြက္မတတ္ ဗိုက္ကိုလက္နဲ႕ပိုက္ၿပီး ရယ္ေနတဲ့ ေကာင္ေလးကို ေတြ႕လိုက္ရတယ္ ။
အၿပဳံးေတြက သူ႕ဆီကို ခ်က္ခ်င္းကူးစက္လာေလရဲ႕ ။
သူဟာ ကတုံးဘက္ကို ခ်က္ခ်င္းျပန္လွည့္ၿပီး ပုခုံးတစ္ဖက္ကို ပုတ္ေပးလိုက္တယ္ ။
" ေတာ္တယ္ ၊ လကုန္ရင္ Bonus ယူ "
ကတုံးဟာ ေဘာင္းဘီအိတ္ထဲလက္ႏွိုက္ရင္း သူ႕ကိုျပန္ေက်ာခိုင္းထြက္သြားတဲ့ Boss ကို ၾကည့္ရင္း တကယ္နားမလည္နိုင္ေတာ့ဘူး ။ လူ႕စိတ္က အဲ့ေလာက္ပဲ အေျပာင္းအလဲ ျမန္နိုင္သလား ။
Chanyeol အနားကို ျပန္ေလွ်ာက္လာၿပီး ေခါင္းလုံးလုံးေလးကို ဖြေပးတဲ့အထိ ေကာင္ေလးဟာ အရယ္မရပ္နိုင္ရွာေသးဘူး ။ သူဟာ တခိခိရယ္ေနရင္းနဲ႕ပဲ ခုံေပၚမွာ အသင့္ထည့္ထားတဲ့ ခရမ္းခ်ဥ္သီးပုံးေတြကို သြားမ. ယူေနတယ္ ။
" ဒါေတြ သြားပို႔ရမွာလား "
Chanyeol ေမးလိုက္ေတာ့ အရယ္ေလးကို မနည္းရပ္ရင္း ႐ႊင္ျမဴးျမဴးေလးနဲ႕ ျပန္ေျဖလာတယ္ ။
" ဟုတ္တယ္ "
" ဒါဆို သြားရေအာင္ ၊ ကိုယ္လည္းလိုက္ခဲ့မယ္ "
" ဗ်ာ ? ကြၽန္ေတာ္က Scooter နဲ႕သြားမွာေလ
ေနာက္မွာ ခရမ္းခ်ဥ္သီးပုံးေတြ တင္သြားရမွာ "
" ကိုယ္ေနာက္ကေန ကိုင္ယူေပးမယ္ "
စားပြဲေပၚက Scooter ဦးထုပ္ေလးကိုပါ ယူေဆာင္းေနၿပီမို႔ Baekhyun ဘယ္လိုမွ မတတ္နိုင္ေတာ့ဘူး ။
အိမ္ကေန အဝါေရာင္ Scooter ေသးေသးေလး ေမာင္းထြက္လာတဲ့အခ်ိန္ ေရွ႕မွာေမာင္းေနတာက တီရွပ္ေလးရယ္ ေဘာင္းဘီတိုေလးရယ္နဲ႕ ျဖဴျဖဴေသးေသး ေကာင္ကေလးျဖစ္ၿပီး ေနာက္က ထိုင္လိုက္လာတာကေတာ့ စကၠဴပုံးႏွစ္ပုံးကို ေဘးဘက္ကေန လက္တစ္ဖက္နဲ႕ပိုက္ထားတဲ့ Suit နဲ႕ မာဖီးယားႀကီးပါပဲ ။
ေလတျဖဴးျဖဴးတိုက္ခတ္ေနတဲ့ အေဝးေျပးလမ္းမႀကီးထက္မွာ ႏွစ္ေယာက္လုံးရဲ႕ အၿပဳံးေတြဟာ ေတာက္ပသည္ထက္ ပိုၿပီးေတာက္ပလို႔ ရယ္ေမာေနၾကတယ္ ။
ခါးေသးေသးေလးကို ေနာက္ကေန လက္ေမာင္းႀကီးတစ္ဖက္နဲ႕ ေပြ႕ဖက္ၿပီး ပုခုံးေသးေသးေလးေပၚ ေမးတင္ခံလိုက္ရေတာ့ Baekhyun မ်က္ႏွာမွာ ပိုလို႔႐ႊင္ျမဴးရိပ္ေလး ထင္ဟပ္သြားေလရဲ႕ ။ သူ႕ပုခုံးအရင္းနားေလးဟာ ဆက္တိုက္နမ္းရွိုက္ခံေနရတာကို Baekhyun သိနိုင္တယ္ ။
" ခဏၾကာ ၿမိဳ႕ထဲေရာက္ေတာ့မွာေနာ္ "
" အင္းပါ "
လူမျမင္ေစလိုေၾကာင္း သတိေပးတဲ့ ေကာင္ေလးကို Chanyeol အသာတၾကည္ပဲ လက္ခံလိုက္ေတာ့တယ္ ။ သူရႈံးတာ မရႈံးတာေတြ ထားလိုက္ပါေတာ့ ။ ဒီအၿပဳံးေလးကို ျမင္ေနရရင္ပဲ သူဟာ သေဘာထားတိုင္းကို ေခါင္းျငႇိမ့္ျပဖို႔ အသင့္ျဖစ္ေနပါၿပီ ။
____________________________________
ဖတ္ရတာ အဆင္ေျပၾကရဲ႕လား ။ plot မပါေတာ့ ေရးရတဲ့သူေတာင္ ပ်င္းေနၿပီ ။