Witnessing To The MaNaw Land_...
By DiDi_0410
6.3K 460 188
မနောတိုင်များအား သက်သေတည်ပါတယ်... ချစ်ရသူအနား ခစားခွင့်ပြုပေးပါ... မေနာတိုင္မ်ားအား သက္ေသတည္ပါတယ္... ခ်စ္ရသူအ... More
Intro ( Uni )
အပိုင်း - ၁ ( Uni + Zaw )
Intro ( Zaw )
အပိုင်း - ၂ ( uni )
အပိုင်း - ၂ ( Zaw )
အပိုင်း -၃ ( Uni )
အပိုင်း -၃ ( Zaw )
အပိုင်း - ၄ ( uni )
အပိုင်း - ၄ ( Zaw )
အပိုင်း - ၅ ( uni )
အပိုင်း - ၅ ( Zaw )
အပိုင်း - ၆ ( uni )
အပိုင်း - ၆ ( Zaw )
အပိုင်း - ၇ ( uni )
အပိုင်း - ၇ ( Zaw )
အပိုင်း - ၈ ( uni )
အပိုင်း - ၈ ( Zaw )
အပိုင်း - ၉ ( uni )
အပိုင်း - ၉ ( Zawgyi )
Please Read ‼️
အပိုင်း ၁၀ ( uni )
အပိုင်း - ၁၀ ( Zawgyi )
အပိုင်း - ၁၁ ( Uni )
အပိုင်း - ၁၁ ( Zaw )
အပိုင်း - ၁၂ ( Uni )
အပိုင်း - ၁၂ ( Zaw )
အပိုင်း - ၁၃ ( Uni )
အပိုင်း - ၁၃ ( Zaw )
အပိုင်း - ၁၄ ( Uni + Zaw )
အပိုင်း - ၁၅ ( Uni + Zaw )
အပိုင်း - ၁၆ ( Uni + Zaw )
အပိုင်း - ၁၈ ( Uni + Zaw )
‼️ D Day ‼️
အပိုင်း - ၁၉ ( Uni + Zaw )
အပိုင်း - ၂၀ ( Uni + Zaw )
အပိုင်း - ၂၁ ( Uni + Zaw )
အပိုင်း - ၂၂ ( Uni + Zaw )
Happy Birthday to Me \(๑╹◡╹๑)ノ♬
အပိုင်း - ၂၃ ( Uni + Zaw )
အပိုင်း - ၂၄ ( Uni + Zaw )
အပိုင်း - ၂၅ ( Uni + Zaw )
Happy Thadingyut Everyone🎉✨
အပိုင်း - ၂၆« ဇာတ်သိမ်းပိုင်း »( Uni + Zaw )
ကျေးဇူးတင်လွှာ { ေက်းဇူးတင္လႊာ }
Extra for Christmas {{ Wedding Ceremony }}
Please
အပိုင်း - ၁၇ ( Uni + Zaw )
75 9 0
By DiDi_0410
သံယောဇဉ်ကြိုးတံတားမှ ထွက်ပြီးနောက် ဦးတည်ရာကာ မြစ်ကြီးနား၏ နာမည်ကျော်ညဈေး ။
စုံလင်သော အစားအသောက်များနှင့် ကချင်ရိုးရာစားစရာများကိုအကြိုက်စားသောက်နိုင်သည်မို့ လူစည်လှသည် ။ ထို့ပြင် အဝတ်အထည် ၊ အခွေများနှင့် အိမ်သုံးပစ္စည်းများ စသည်ဖြင့် စုံလင်လှပေသည် ။
ညဈေးသည် မြို့ကြီးများကဲ့သို့ မကြီးမားသော်လဲ သူနေရာနှင့်သူစည်ကားလှသည် ။
အလယ်တွင် ယာဉ်များသွားရန်လမ်းအား ဖယ်ထားကာ ဈေးသည်များက လမ်းဘေးနှစ်ဖက်တွင်သာ ကပ်လျက်ရောင်းကြသည် ။ တိုးဝှေ့နေခြင်း ၊ လူဖိနေခြင်းများမရှိသဖြင့် မြစ်ကြီးနားညဈေးသည် မြို့ကြီးများကဲ့သို့ ပိတ်ညပ်မနေဘဲ သေသပ်ကာသန့်ရှင်းပေသည် ။
ညဈေးအားပတ်ကာကြည့်မိပြန်တော့ အဝတ်အထည်ရောင်းဝယ်နေသော ဈေးသည်တို့၏ စကားသံ ၊ ဈေးရောင်းဈေးဝယ်ပြုနေကြသော ဒေသခံနှင့်ဧည့်သည်များ၏ အသံမှအပ ငြိမ်သက်လှသည် ။
မီးစက်သံ တဂျက်ဂျက်နှင့် မြစ်ကြီးနားညဈေးသည် မဟူရာညအမှောင်၏အအေးဓာတ်အား အံတုကာ အမှောင်ယံအား ဂရုမထားလျက် လင်းလက်ကာစည်ကားနေကြပေသည် ။
ညဈေးတွင်နာမည်အကြီးဆုံးမှာက
ကြက်ဥကစော်ပင် ။ ကြက်ဥက‌ဇော်ဟုသောဆိုင်းဘုတ်အပြာနှင့် ဆိုင်လေးသည် လူစည်ကားလှသည် ။
သာမာန်အရသာနဲ့မတူပဲ ထူးကဲလှသည်မို့ လူကြိုက်များလှပေသည် ။
လူများစွာ တိုးဝှေ့စီကာဝယ်ယူကြရသည်။ ထို့အတူ ဆိုင်ပိုင်ရှင်သည်လဲ လက်မလည်ပါချေ ။
ဦးစိုင်းတယောက်လူကြားထဲတိူးပြီး ၁၀ မိနစ်ခန့်ကြာပြီးနောက်မှာတော့ လက်ထဲမှာပါလာတဲ့ ခွက်လေးတွေကို ဧကတို့‌ခွဲဝေယူလိုက်ကြသည် ။ ပုံမှန်ဆိုလျှင် ကြွတ်ကြွတ်အိတ်နှင့်သာထည့်ပေးသော်လဲ ဦးစိုင်းကမူ အနီးရှိစတိုးဆိုင်မှ ကော်ခွက်လေးများအား သွားဝယ်ကာ ထည့်စေသည် ။
လက်ထဲတွင်ပါ‌လာသော ကြက်ဥကစော်၏အနံ့သည် သင်းလှပေသည် ။ ချဉ်စူးစူးဖြစ်နေသဖြင့် လှော်စာ ( အရက်သေစာ ) ပါသည်ဟုထင်ရနိုင်သော်လဲ ကစော်သည် လှော်စာလုံးဝမပါဝင်ပါချေ ။
ကြက်ဥကစော်တွင် မုန့်လုံးရေပေါ် ၊ ကောက်ညှင်း ၊ ထောပတ် ၊ ကြက်ဥ ၊ ဆား ၊ သကြား ၊ နွားနို့ (သို့) ရေ သာပါဝင်သည် ။ အချိုကြိုက်နှစ်သက်ပါကလဲ နို့ခဲခြောက် ၊ ကွေကာအုပ် ၊ ကြံသကာ ၊ အုန်းသီးဖက် စသည်များကို ထည့်ကာစားသောက်နိုင်ပေသည် ။
ကြက်ဥကစော်သည် ချိုမြိန်လှသော မြစ်ကြီးနား၏ ချိုမြသောစားဖွယ်တခုပင်ဖြစ်ချေသည် ။
ကြက်ဥကစော်လုပ်ရန် ပထမဦးစွာ ကောက်ညှင်းဆန်အား ရေသိပ်ရသည် ။ တရက်သိပ်ပြီးနောက်တွင်တော့ ပေါင်းကာ ရေအေးနှင့်ဆေးချရသည် ။ ထို့နောက် ရေစစ်ကာတဆေးမှုန့်ဖြူးလျက် အဝတ်စနှင့်အုပ်ကာ ကစော်ဖောက်ရပါသည် ။ အဝတ်စနှင့်အုပ်ရာတွင် လေဝင်စေရန် အပေါက်ငယ်တပေါက်ထားပေးရသည် ။ သုံးလေးရက်ခန့်ထားပြီးနောက်တွင်တော့ ကစော်ရလေပြီ ။ ကစော်အား ထောပတ်ဆီနှင့်ကြော်ကာ ရေ(သို့)နွားနို့အား သင့်တော်သလောက်ထည့်ကာ ဆား ၊ သကြားသင့်တော်သလို ထည့်နိုင်ပါသည် ။ ထို့နောက်တွင်တော့ မုန့်လုံးရေပေါ်ကဲ့သို့ မုန့်သားအား သေးသေးလုံးလျက် ရေဆူအိုးထဲတွင်ပြုတ်ရသည် ။ ပြီးနောက်မှာတော့ တပွဲစာအတွက်ကြက်ဥနှစ်လုံးနှုန်းနှင့်ထည့်ကာ ကြက်ဥကျတ်စေရန် အဖုံးပိတ်ထားရပါမည် ။ ထို့နောက်တွင်တော့ အခြားအချိုစားသောက်ကုန်များဖြစ်သည့် အုန်းသီးဖက် ၊ နှမ်းနက် ၊ နို့ခဲခြောက် ၊ ကြံသကာ ၊ ကွေကာအုပ် စသည်တို့အားထည့်ကာ ပူပူနွေးနွေးကြက်ဥကစော်အား ချိုမြစွာသုံးဆောင်နိုင်ပြီဖြစ်ပါသည် ။
ချိုမြလှသော ကြက်ဥကစော်၏အရသာသည် ရဂွန်း၏ခံတွင်းထဲတွင် ကူးလူးနေပေသည် ။ မည်မျှစားသည်ဖြစ်စေ မရိုးနိုင်သော
အရသာကြောင့် ရဂွန်းသည် ကြက်ဥကစော်အား နှစ်သက်လှသည် ။ အချိူကြိုက်သူဖြစ်၍လဲ ပါချေလိမ့်မည် ။
ဧကနှင့်ထွေးတို့သည်လဲ ကြက်ဥကစော်အား မြည်းစမ်းနေကြသည် ။ နှောင်းဝေကမူ ယခင်ဧကအစားလာ‌ရောက်ကတည်းက ကြက်ဥကစော်အား မြည်းစမ်းဖူးပြီးပြီဖြစ်၍ အေးအေးသာသာပင် ။ နှောင်းဝေသည် အချိုကိုသိပ်မကြိုက်လှပါချေ ။ အချိုနှင့်ပြောင်းပြန်အစပ်အရသာကိုမူ‌ နှစ်သက်လွန်းလှသည် ။ ဦးစိုင်းသည်လဲ နှောင်းဝေကဲ့သို့ အချိုအရသာအား သဘောမကျ၍ နှစ်‌ယောက်တစ်ပွဲသာစားသုံးကြသည်။
သို့သော် ကြက်ဥကစော်တပွဲအား လက်တွင်ကိုင်လျက်ချစ်ရသူ၏လက်အားဆွဲ၍ တောင်တန်းဒေသ၏ အအေးဒဏ်အားအံတုကာ အမှောင်ထုအားဂရုမပြုလျက် လမ်းမထက်တွင်လျှောက်လှမ်းရသည်ကိုမူ နှောင်းဝေသဘောကျလှပါသည် ။
အေးစိမ့်သော အအေးဒဏ်သည် တစတစတိုးဝင်လာနေသည် ။ မြစ်ကြီးနားသည်နှင်းမကျသော်လဲ အအေးဒဏ်ကမူထူးကဲလှသည် ။ အထူးသဖြင့် အပူပိုင်းဒေသကဲ့သို့ဖြစ်နေသော နေပြည်တော်၏အပူချိန်တွင်နေသားကျနေသော ဧကတို့အတွက် ပို၍ပင် အအေးစူးလှသည် ။
ခြေလှမ်းများက ခပ်သွက်သွက် အအေးဒဏ်အားအံတုနိုင်စေရန် ခြေလှမ်းများအား သွက်လက်စွာလှမ်းနေကြသည် ။ အရှေ့တည့်တည့်တွင်မြင်နေရသည်မှာကား မြစ်ဧရာဝတီ ။
ခေတ်အဆက်ဆက်စီးဆင်းခဲ့ပါသော ၊ သမိုင်းကြောင်းကြီးလှသောဧရာဝတီ ။
သမိုင်းအားဖော်ညွှန်းဆိုရာတွင် မရှိမဖြစ်ဧရာဝတီ ။
မြန်မာနိုင်ငံ၏ သမိုင်းအဆက်ဆက်အား ဖော်‌ပြနိုင်ပါသော ဧရာဝတီ ။
မြန်မာသမိုင်း၏ မြင့်မြတ်မှုတို့အား ဖော်ညွှန်းပါလေသော ဧရာဝတီ ။
မြန်မာပြည်သူတို့ချစ်သော ဧရာဝတီ ။
ဆိုးရွားလှတဲ့သမိုင်းကြောင်းတွေ ၊ တောက်ပတဲ့ရွှေခေတ်တွေအား ကျော်ဖြတ်ကာ စီးဆင်းခဲ့ပါသော ဧရာဝတီ ။
ဧရာဝတီသည် မြန်မာနိုင်ငံ၏သမိုင်းများအား ဖော်ညွှန်းနိုင်သော အလှပဆုံးသော သမိုင်းသုတေသီတစ်ဦး ၊
ဧရာဝတီသည် မြန်မာနိုင်ငံ၏ အလှအပများအားစုစည်းစေသော ပြုပြင်သူ ၊
ဧရာဝတီသည် ရာစုနှစ်အဆက်ဆက် ထောင်စုနှစ်အဆက်ဆက်ပြောင်းလဲခဲ့ပါသော်လဲ မပြောင်းလဲနိုင်ပါသော သမိုင်းအလှတရားတို့၏ မူလပိုင်ရှင် ၊
ဧရာဝတီသည် ပျူ ၊ ပုဂံ ၊ အင်းဝ ၊ ညောင်ရမ်း ၊ ကုန်းဘောင် ၊ ကိုလိုနီ ၊ ဆိုရှယ်လစ် စသော ခေတ်အဆက်ဆက်တို့အား မှီခဲ့ပါသော သမိုင်းစာအုပ်တအုပ်ကဲ့သို့ပင် ။
ကျွန်တော်တို့ဟာ ဒီတိုင်းကြည့်လိုက်ရုံနဲ့ ဧရာဝတီရဲ့အလှတရားတွေကိုမြင်နိုင်ပေမယ့်
အနက်ရှိုင်းဆုံးထိတူးဆွလိုက်တဲ့အခါ ဧရာဝတီရဲ့သမိုင်းဟာ မြန်မာပြည်သမိုင်းဖြစ်လာခဲ့လေတယ် ။
အိုး ဧရာဝတီ ၊
ခေတ်အဆက်ဆက်ရှင်သန်မှုအား
အမှီပြုလျက်
ငါတို့တိုင်းပြည် ၊ ငါ့တိုင်းပြည်ဟု
လက်ကိုင်စွဲလျက်
သမိုင်းကြောင်းအား
ဖော်ထုတ်ပြလေ ။
အိုး ဧရာဝတီ ၊
ဆုံဆည်းခဲ့သော
သမိုင်းဆက်ဆက်
ရာဇဝင်တွင်သော
အလှပဆုံးသော
သမိုင်းတို့၏ ဆုံမှတ်ဖြစ်စေ ။
အိုး ဧရာဝတီ ၊
နှောင်းလူလက်ထက်
ပြည်နာသော်လဲ
ဦးမော့နိုင်ရန်
မြစ်ဧရာမှ
တဖန်စ‌လေ
ဧရာသမိုင်း မရိုင်းနိုင်အောင်
နှောင်းသူပြည်သား ‌ဆောင်ကြလေ။
ဧရာသည် ကျော့ရှင်းသော မိန်းမငယ်တစ်ဦးသဖွယ် လှပသည် ။ ဧရာသည် ရဲရင့်သော စစ်သည်သမာ မျိုးချစ်အားမာန်အပြည့်ဖြင့် ။
ဧရာသည် ဘုရင်ပမာ ဩဇာအပြည့်ဖြင့် ။
ဪ ဧရာသည်ကျတ်သ‌ရေရှိစွာလှပလေစွတကား ။
========°°°°°=========
* မနောမြေအား သက်သေတည်လျက် *
နောက်ကျနေတာတောင်းပန်ပါတယ်နော် ။
ဒီတပိုင်းမှာက ကြက်ဥကစော်နဲ့ ဧရာဝတီအကြောင်းနဲ့ပဲပြီးသွားတယ် ဟီး ။
စာချိုးလေးက အပြင်မှာတကယ်မရှိပါဘူးနော် ။
စိတ်ကူး‌နဲ့ဖန်တီးတဲ့ လက်ရာမို့လို့ ပြင်ပမှာ တိုက်ဆိုင်မှုတွေရှိရင် crd ပေးပါတယ်
#vote and comments ><
~~TBC
{{ Zawgyi }}