အပိုင်း ၁၁ [ Unicode Version ]
စက္ကန့် နာရီတွေ နေ့ရက်တွေ အနည်းငယ် ထပ်ကုန်ဆုံးသွားပြီးတဲ့ နောက်မှာ Baekhyun ရဲ့ ဆေးတက္ကသိုလ် ပထမနှစ် နှစ်ဆုံးစာမေးပွဲတွေ ပြီးဆုံးသွားခဲ့ပြီ ။ Undergraduate 2 နှစ်မှာ ပထမနှစ်ကို ဖြတ်ကျော်နိုင်ခဲ့ပြီမို့ Baekhyun စိတ်တွေ သက်သာရာ ရသွားတာအမှန်ပဲ ။
သူကြိုးစားခဲ့တာ သူသိတာမို့ ရလာဒ်တွေ ဘာတွေ အတွက်ကတော့ တွေးပူနေစရာမလို ။ စာမေးပွဲ ပြီးပြီဆိုတာနဲ့ Baekhyun စိတ်တွေ လွတ်လပ်ပေါ့ပါးသွားတော့တာပဲ ။
အိမ်ကိုပြန်ရောက်လို့ အဝတ်အစားတွေ လဲပြီး အအေးဘူး တစ်ဘူးနဲ့အတူ အိမ်ရှေ့ကြမ်းပြင်မှာ ထိုင်မိတော့ Baekhyun သတိတရ phone အဝင် call လေးတွေကို စစ်လိုက်တယ် ။
မျှော်လင့်နေတဲ့ miss call လေးမရှိတော့ အနည်းငယ်တောင် မျက်နှာလေး ညှိုးကျသွားရပါရဲ့ ။ ညက ဖုန်းခဏ ပြောထားတာမို့ သူ ဒီနေ့ နေ့လည် အလုပ်ကိစ္စဆွေးနွေးစရာတွေ ရှိကြောင်း ၊ ပြီးတာနဲ့ Baekhyun ဆီကို ဆက်သွယ်မှာဖြစ်ကြောင်း ပြောထားတာတောင် Baekhyun စိတ်ထဲ အနည်းငယ် ဝမ်းနည်းမိသွားသေးတယ် ။
Baekhyun သူနဲ့ မတွေ့ရတာ ရက်ပိုင်းလောက်တောင် ရှိသွားပြီ ။ စာမေးပွဲနီးနေပြီမို့ စာလုပ်တာကို မနှောင့်ယှက်ချင်လို့ အလိုက်တသိ ခဏခွာနေပေးမှန်း သိပေမယ့် Baekhyun နည်းနည်း လွမ်းတတ်လာတယ်လို့ ထင်တယ် ။ အသံပဲ ကြားနေရတဲ့ ဘဝကို မကျေနပ်နိုင်ဘူး ။
အတွေးလွန်နေတုန်းမှာပဲ တုန်ခါလာတဲ့ ဖုန်းကြောင့် Baekhyun လှိုက်ခနဲ ဝမ်းသာမိမလို ဖြစ်သွားပေမယ့် ဖုန်းက မျှော်နေသူဆီက မဟုတ်ခဲ့ ။ ဒါပေမယ့် ကိုယ့်ကို သတိတရ ဆက်လာတဲ့ အဒေါ်ဖြစ်သူဆီကမို့ Baekhyun ခပ်ဖွဖွလေး ပြန်ပြုံးလိုက်ရင်း ဖုန်းကိုကိုင်လိုက်တယ် ။
" ဟုတ် ဒေါ်လေး "
" အင်း.. Baekhyun လေးလား ၊
ဘယ်လိုလဲ ကလေး ? စာမေးပွဲ ဖြေနိုင်တယ်မလား "
ထွက်ပေါ်လာတဲ့ စကားသံ ဝဲဝဲကြောင့် Baekhyun ပြုံးပြုံးရွှင်ရွှင်နဲ့ပဲ တက်တက်ကြွကြွလေး ပြန်ဖြေပေးလိုက်တယ် ။
" ဟုတ် ဒေါ်လေး ၊ ဖြေနိုင်ခဲ့တယ် ။
မအောင်မှာကို စိုးရိမ်စရာ မလိုဘူး "
" ဟုတ်လား ? အင်း အင်း ကောင်းတယ်
ဒေါ်လေး မင်းကို သတင်းလည်းမေးရင်း ပြောစရာရှိလို့ ဆက်လိုက်တာ "
" ဟုတ်ကဲ့ "
" မင်း ဦးလေးလေ ဟိုရက်ပိုင်းက ဆိုင်က အမှာတွေလိုက်ပို့ရင်း ဆိုင်ကယ်လဲလို့ ခြေသလုံး တစ်ဖက် ကျောက်ပတ်တီးကိုင်ထားရတယ် Baekhyun ရယ် "
Baekhyun မျက်လုံးလေးတွေဟာ ချက်ချင်း စိုးရိမ်သမှုလေးနဲ့ ပြူးကျယ်ကုန်တယ် ။
" ဗျာ ? အခြေအနေက တော်တော်ဆိုးတာလား ဒေါ်လေး "
" ဆရာဝန်ကတော့ အရိုးအက်ရုံပဲလို့ပြောတယ် ။
ချိုင်းထောက်နဲ့ သွားလာလို့ ရနေပေမယ့် အလုပ်က မဖြစ်ဘူးပေါ့။ ဆိုင်တစ်ဖက် ယာခင်းတစ်ဖက်နဲ့ဆိုတော့ ဒေါ်လေးလည်း ရှုပ်ပြီး မနိုင်မနင်းဖြစ်နေတာ ။ အဲ့တာ Baekhyun လေး စာမေးပွဲကို စိတ်ဖြောင့်ဖြောင့်နဲ့ ဖြေပါစေလေဆိုပြီး ခုမှပြောပြဖြစ်တယ် "
Baekhyun ဟာ စိတ်ထဲမှာ အတော်လေးကို မကောင်းပဲ အပြစ်ရှိသလို ခံစားသွားရတယ် ။ တကယ်ဆို အဲ့ယာခင်းတွေနဲ့ ၊ အသီးအရွက်ဆိုင်က Baekhyun အမေနဲ့အဖေ ချန်သွားတဲ့ အရာတွေမို့ Baekhyun တာဝန်ယူရမယ့် အရာတွေဖြစ်ပေမယ့် ခုတော့ လုံးဝ မျက်နှာလွှဲ ခဲပစ်လုပ်ထားသလို ခံစားရတယ် ။
" ကျွန်တော် ဒီနေ့ညနေပဲ အိမ်ကိုပြန်လာခဲ့မယ် ဒေါ်လေး ၊
နွေရာသီ ကျောင်းပိတ်ရက်ရှည်လည်း ရောက်နေပြီလေ "
" လာတာကတော့ လာဖို့ပဲ ဒေါ်လေးက ပြောပြတာပါကွယ် ။ ဒါပေမယ့် ဒီနေ့ချက်ချင်းကြီး လာစရာ မလိုပါဘူး ။ စာမေးပွဲ ဖြေပြီးပြီးချင်းနေ့ကို နားနားနေနေ နေပြီး မနက်ဖြန်လောက်မှ လာလို့ရပါတယ် "
Baekhyun ဟာ အသာအယာ ခေါင်းခါပြီး ငြင်းဆိုလိုက်တယ် ။
" ဒီနေ့ပဲ လာခဲ့ပါ့မယ် ။
ကျွန်တော် ထွေထွေထူးထူး ပင်ပန်းနေတာမှ မရှိတာ ။ တစ်ရက်ဆို တစ်ရက်အလျောက် ဒေါ်လေး ပင်ပန်းနေရမှာပဲ ။ Haru လေးလည်း ရှိသေးတယ်လေ "
" ဟုတ်ပါပြီ ၊ ဒါဆိုလည်း ဒေါ်လေး မင်းအတွက်ပါ ညစာထည့်ချက်ထားလိုက်မယ်နော် ။ နေအေးမှ လာခဲ့ "
" ဟုတ်ကဲ့ ဒေါ်လေး "
ဒေါ်လေးဆီက ဖုန်းချသွားပြီးတဲ့ အချိန် Baekhyun အားတင်းလို့ အသက်ပြင်းပြင်းလေးတစ်ချက် ရှူသွင်းလိုက်တယ် ။
Chan ကိုတော့ လွမ်းနေရတော့မှာပဲ ။
ရုတ်တရက် တွေးမိပြီးခါမှ Baekhyun ရှက်စိတ်လေးနဲ့ ပါးလေးတွေ ရဲသွားမိတယ် ။ ကြည့်ပါဦး တဖြည်းဖြည်း ငြိတွယ်လာလိုက်ပုံများ ။ ခုဆို သူ့ဘက်ကတောင် စပြီး နေမထိ နေမထိုင်သာတွေနဲ့ ဆက်သွယ်ချင်လာတတ်ပြီ ။
Baekhyun စိတ်လေးကို ကိုယ့်ဟာကိုယ်ပဲ ဖြည်းဖြည်းချင်းလေး ဖြေလျှော့ထားလိုက်တယ် ။ သူက အချစ်မှာ အရူးအမူးကြီး နစ်ဝင်နေလို့ မရတဲ့သူမျိုးလေ ။ သူ့မှာ တာဝန်ယူစရာတွေ ရှိတယ် ၊ ကြိုးစားစရာတွေရှိတယ် ။ ပြိုလဲရင် ပြန်ထဖို့ ခက်ခဲတဲ့ ဘဝမို့ တစ်စုံတစ်ယောက်အပေါ် မျက်စိမှိတ်ယုံပြီး ပစ်မှီလိုက်ဖို့က အန္တရာယ်များလွန်းတယ် ။
အဲ့တော့ Baekhyun အနာဂါတ်ထက် လက်ရှိကို ယုံဖို့ပဲ စဥ်းစားထားတယ် ။ သူဟာ စွန့်ပစ်ခံရခြင်းတွေ ၊ ခွဲခွာရခြင်းတွေ အတွက် အခုကတည်းက စိတ်ကို ပြင်ဆင်ထားနှင့်ပြီးပြီ ။
_____________________________________
Baekhyun ညနေဘက် ခရီးဆောင်အိတ်ကျောပိုးအိတ်လေးကို ပြင်ပြီးတဲ့အချိန်မှာတော့ မျှော်နေတဲ့ phone အဝင် call လေးကို လက်ခံရရှိလိုက်တယ် ။
" ဟယ်လို Chan "
" ဟယ်လို ဘေဘီ ၊ ဘယ်လိုလဲ
စာမေးပွဲ ဖြေနိုင်ရဲ့လား "
" ဟုတ် ၊ ဖြေနိုင်ပါတယ် "
တစ်ဖက်က စာရွက်လှန်သံတွေ ကြားနေရသေးတာမို့ Baekhyun အထင် အလုပ်တွေ လုံးဝမပြီးပြတ်သေးပဲ ခဏနားရင်း ဆက်တာထင်ပါရဲ့ ။
" ကိုယ်အခု အလုပ်တွေလက်စသတ်ပြီးတာနဲ့ မင်းကို လာခေါ်လှည့်မယ် ၊ ဒီည ကိုယ်တို့အတူအိပ်ကြတာပေါ့ ၊ မင်းရော ကိုယ့်ကို မလွမ်းဘူးလား "
ပွင့်လင်းမြင်သာတဲ့ စကားတွေကို ခုထိ Baekhyun ခံနိုင်ရည်မရှိသေးတာမို့ ပါးလေးတွေ ရဲတက်လာမိတုန်းပဲ ။ ဒါပေမယ့် အတူမရှိနိုင်ကြောင်း သတိရတော့ နည်းနည်း အားပျက်သွားမိတယ် ။
" လွမ်း..လွမ်းပါတယ် ။
ဒါပေမယ့် ကျွန်တော် ဒီနေ့ညနေပဲ နယ်ကို ပြန်ရတော့မယ်ထင်တယ် ။ ဦးလေး နေမကောင်းတာမို့လေ "
တစ်ဖက်က အလုပ်လုပ်နေသံတွေရော စကားသံရော ခဏတာ ရပ်တန့်ပြီး ငြိမ်ကျသွားတယ် ။ တိတ်ဆိတ်မှုကြား Baekhyun မျက်တောင်လေးကို ပုတ်ခတ်ခတ်လုပ်ရင်း ရင်ထိတ်စွာနဲ့ စောင့်နေမိလေရဲ့ ။ ခဏကြာတော့ သက်ပြင်းချသံ သဲ့သဲ့ကို ကြားလိုက်ရတယ် ။
" ဟင်း...ကိုယ်ကမင်းကို လွမ်းနေတာလေ "
" ဟို...ကျွန်တော် တောင်းပန်ပါတယ် "
" ဘေဘီ ဘာကိုမှ တောင်းပန်စရာမလိုပါဘူး ။
ကိုယ်နည်းနည်း စိတ်ပျက်မိသွားရုံလေးပဲ ။
အဲ့တော့ ဘယ်ချိန်သွားလဲ "
" အ..အခုပဲ "
" ဒါဆိုလည်း ကိုယ်ကားလွှတ်ပေးလိုက်မယ် "
ဒီတစ်ခါတော့ Baekhyun မငြင်းပဲ အလွယ်တကူ လက်ခံလိုက်တယ် ။ ခဏအကြာ Baekhyun ရပ်စောင့်နေတဲ့ ရပ်ကွက်လမ်းထိပ်လေးရှေ့မှာ ကြိုနေကျ ကားအနက်တစ်စီး ထိုးရပ်လာတယ် ။ Baekhyun အထဲမှာ တစ်စုံတစ်ယောက်သောသူပါ ပါလာဖို့ မျှော်လင့်နေခဲ့ပေမယ့် ကံမကောင်းစွာ နောက်ခန်းမှာ ဘယ်သူမှ ရှိမနေခဲ့ဘူး ။
" သခင်လေး ၊ တက်ပါ "
တရိုတသေ ဦးညွှတ်ပြီး ကားတံခါး ဖွင့်ပေးလာတဲ့ ဂိုဏ်းသားတစ်ယောက်ကို Baekhyun အားအင်မပါတဲ့ ခပ်နွမ်းနွမ်းအပြုံးလေး ပြုံးပြပြီး ကားပေါ် တက်လိုက်ရတော့တယ် ။
တရိပ်ရိပ် ဖြတ်သန်းလာခဲ့တဲ့ ကားလမ်းမဘေးတစ်လျှောက်ကို Baekhyun မှန်တံခါးအခြားကနေ ငေးနေမိရင်း သက်ပြင်း အထပ်ထပ် ချမိလေရဲ့ ။
တကယ် ဒီလောက်ငြိတွယ်မိသွားလို့ မဖြစ်တာကို ။
_________________________________
မြို့ရဲ့ အစွန်းနားရောက်တဲ့ အပိုင်းမှာ တည်ရှိတဲ့ နှစ်ထပ်အိမ်လေးဟာ Baekhyun အတွက်တော့ သက်တောင့်သက်သာ ဖြစ်ရာ ဇုန်လေးပဲ ။ အိမ်ပြန်ရောက်ပြီ ဆိုတဲ့အတွေးနဲ့တင် အခြားစိတ်ညစ်စရာတွေဟာ ခဏလွင့်ပြယ်လို့ Baekhyun တောက်တောက်ပပ ပြုံးရယ်လိုက်မိတယ် ။
" ကိုကြီး Baekhyun ပြန်လာပြီ !!
မေမေ... မေမေ ! ကိုကြီး ရောက်လာပြီ "
ရောက်တာနဲ့ ချက်ချင်း သူ့ဆီကို အသံစူးစူးလေးနဲ့ ပြေးဝင်လာတာက သူ့အသည်းကျော် ညီတစ်ဝမ်းကွဲလေး Haru ။ Baekhyun ဟာ ခါးကိုကိုင်းညွှတ်လို့ လက်နှစ်ဖက်ဆန့်တန်းကြိုပြီး ပြေးလာတဲ့ အကောင်ပေါက်လေးကို စွေ့ခနဲ ပွေ့ချီယူလိုက်တယ် ။
" Haru ကိုကြီးကို လွမ်းနေတာလား "
Baekhyun ချော့မြှူပြီး မေးလိုက်တော့ သူ့လည်ပင်းကို လက်တံသေးသေးလေးတွေနဲ့ ဖက်ပြီး တိုးဝင်ချွဲလာတဲ့ ကောင်လေးက ခေါင်းလေးညှိတ်ပြလာတယ် ။ Baekhyun ကတော့ အသည်းယားလွန်းလို့ တဟားဟားကို အော်ရယ်ပစ်မိတော့တာပဲ ။
" ကဲ အိမ်ထဲဝင်ပြီး ကိုကြီးမှာ Haru အတွက် ဘာတွေပါသလဲ ၊ ကြည့်ရအောင် "
အဲ့ဒီ တစ်ညနေမှာတော့ Baekhyun ဒေါ်လေးရယ် ၊ ဦးလေးရယ် ၊ Haru လေးရယ် ၊ နောက်ပြီး လာနှုတ်ဆက်တဲ့ အိမ်နီးချင်းတွေ အချို့နဲ့ပါ လက်ဆောင်တွေ ဝေမျှရင်း ၊ စကားတွေ ပြောဆိုရင်း အတွေးမများခဲ့ရဘူး ။
ညဘက် အိပ်ယာဝင်ချိန်ရောက်တော့ ဆက်သွယ်လာမယ့် ဖုန်းနံပါတ်လေးတစ်ခုကို Baekhyun တမျှော်မျှော်လုပ်နေခဲ့ပေမယ့် ရောက်မလာခဲ့ဘူး ။ အဲ့ညက Baekhyun ပထမဆုံး မျက်ရည်ဝဲမိတဲ့ ညပဲ ။ အိပ်ပျော်ဖို့လည်း ခက်ခဲခဲ့တယ် ။
_________________________________
ပြန်နိုးထလာတဲ့ နောက်တစ်နေ့မှာတော့ နေရောင်တွေ ဖြန့်ကျက်နေတဲ့ လတ်လတ်ဆတ်ဆတ် မနက်ခင်းစောစောမှာပဲ Baekhyun အကြောတွေ ဆန့်ထုတ်ရင်း ခြံထဲကို ဆင်းလာခဲ့တယ် ။
Baekhyun မိဘတွေ ရှိစဥ်အခါကပဲ ဒီယာခင်းတွေရယ် ၊ မြို့ထဲက အသီးအရွက်ဆိုင်လေးရယ်က Baekhyun ရဲ့ နေ့စဥ်ဖြတ်သန်းမှုလေးဖြစ်ခဲ့တာ ။
ခုလို မနက်ခင်းတွေမှာဆို အပင်တွေ ရေလောင်းသင့်တာ ရေလောင်း ခူးသင့်တာခူးရတယ် ။ ခုလောလောဆယ်တော့ အရည်ရွှမ်းတဲ့ ခရမ်းချဥ်သီးတွေက ရဲရဲတောက်ပြီး ယာခင်းထဲ ပြွတ်သိပ်နေရောပဲ ။
" ဒေါ်လေး ဒါတွေ ခုမနက်ခူးပြီး ဆိုင်တင်မှာမလား "
" ဟုတ်တယ် Baekhyun လေးရေ
မနေ့ကတည်းက အော်ဒါကြိုမှာထားတွေရှိလို့ တစ်ဖာစီ ဆိုင်ကယ်နဲ့ သွားပို့ရမယ် "
" ဟုတ် ဟုတ် ၊ ဒါဆို ကျွန်တော် ခူးလိုက်မယ်နော် "
မနက်စာပြင်ဖို့ အလုပ်ရှုပ်နေတဲ့ ဒေါ်လေးကို Baekhyun ယာခင်းထဲ အဝင်မခံတော့ဘဲ သူပဲ ဦးအောင် အသီးဆွတ်ကပ်ကြေးလေးကို ယူလို့ နီနီရဲရဲ ခရမ်းချဥ်သီးတွေရဲ့ အညှာကို တိခနဲ ဖြတ်ခူးနေတယ် ။
တစ်ခြင်းပြည့်သွားတိုင်းလည်း ယာခင်းအစပ်နားမှာရှိတဲ့ ရေဘုံဘိုင်နားသွား ချထားပြီး အသွားအပြန် အလုပ်ရှုပ်နေလေရဲ့ ။
သုံးခြင်းခန့် ခူးပြီးသွားလို့ နောက်တစ်ကြိမ် ခြင်းအလွတ်တစ်ခုကို ယူလို့ ယာခင်းထဲ သွားတိုးတဲ့ အချိန် သူ့နားထဲကို ရင်းနှီးတဲ့ ကားသံအချို့ ကြားလိုက်ရလေရဲ့ ။
Baekhyun ဟာ ခြင်းကိုခဏချထားလိုက်ပြီး ဆောင့်ကြောင့်ထိုင်နေရာကနေ လမ်းဘက်ကို ထရပ်လို့မျှော်ကြည့်လိုက်တယ် ။
မဟုတ်မှလွဲရော ၊ သူထင်နေသလိုတော့ မဟုတ်ပါဘူးနော် ။
ဒါပေမယ့် မကြာခင်မှာပဲ လမ်းဘက်ကနေ မိမိတို့အိမ်ဘက်ကို ထိုးဆင်းလာတဲ့ ကားအနက်သုံးစီးကြောင့် Baekhyun မျက်လုံးတွေ တဖြည်းဖြည်း ပြူးကျယ်သွားရတော့တာပဲ ။
Baekhyun ဟာ လုပ်လက်စ အလုပ်တွေကို မြန်မြန်ပစ်ချထားခဲ့ပြီး ကတိုက်ကရိုက် နဲ့ပဲ ယာခင်းအပြင်ဘက်ကို တိုးထွက်လာခဲ့ရတော့တယ် ။
သူထင်တဲ့အတိုင်း ကားထဲကနေ Suit အပြည့်နဲ့ ဘောင်းဘီအိတ်ထဲ လက်ထည့်ပြီး ထွက်လာတာက မှုန်ကုပ်နေတဲ့ သူ့မာဖီးယားကြီး ။
Baekhyun ကိုမမြင်သေးပဲ သူ့တပည့်တွေကို တစ်ခုခု လှမ်းဆူနေပုံပေါက်တယ် ။
" မင်းတို့ အုပ်စုလိုက်ကြီး လိုက်စောင့်ရှောက်နေစရာမလိုဘူးလို့ ငါပြောနေတယ်မဟုတ်ဘူးလား ! ခုဒီကိုလည်း ရောက်နေပြီ ! ငါ ဒေါသမထွက်ခင် မြန်မြန်ပြန်တော့ "
အသံမာမာအောက်မှာ နှစ်စီးက အင်တင်တင်နဲ့ မပြန်ချင်ပြန်ချင် ပြန်သွားကြပေမယ့် သူ့ကို အနီးကပ်စောင့်ရှောက်ရတဲ့ ကတုံးသုံးကောင်ကတော့ ပေကပ်နေတုန်းပဲ ။
" Boss ရယ် ကျွန်တော်တို့ ဒီတိုင်း အဝေးကပဲ
လိုက်စောင့်ကြည့်နေမယ်လေ ၊ Boss ကို တစ်ယောက်တည်း နယ်ဘက်မှာ အစောင့်မပါပဲ ထားခဲ့ဖို့ကျ... "
" Chan ! "
Chanyeol ဟာ ခေါင်းမာနေတဲ့ ကတုံးတွေကို တစ်ခါလောက် ကွဲအောင် ရိုက်ခွဲပစ်လိုက်ရမလားလို့ စဥ်းစားနေမိတုန်းပဲ ရင်အေးစေတဲ့ အသံလွင်လွင်လေးကို ကြားလိုက်ရလေရဲ့ ။
" ဘေဘီ "
Chanyeol ဟာ ခပ်ဝေးဝေးကနေ တီရှပ် သခွားစိမ်းရောင်လေးနဲ့ ဘောင်းဘီတိုလေးကို တွဲဝတ်ထားရင်း ပြေးလာတဲ့ ကိုယ်သေးသေးလေးကို လှိုက်လှိုက်လှဲလှဲပဲ ရယ်ပြရင်း လက်တွေကိုဆန့်တန်း ကြိုထားလိုက်တယ် ။
အနားရောက်လာနဲ့ အရှိန်လျှော့သွားတဲ့ ကောင်လေးက သူ့ရင်ခွင်ထဲကိုလည်း ပြေးမလာဘူး ။ အနားနီးလေးမှာ ရပ်သွားတာမို့ မာဖီးယားကြီး ရှက်ကိုးရှက်ကန်း နဲ့ ချောင်းဟန့်လို့ လက်ပြန်ရုတ်လိုက်ရတယ် ။
" ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ရောက်လာတာလဲ "
" မင်းကို လွမ်းလို့လေ ၊
ဒီနေ့မနက် လိုက်လာလို့ရအောင် ညကတစ်ညလုံး ကိစ္စတွေ အပြတ်ဖြတ်နေတာ "
Baekhyun ဟာ ပြသနာပဲဆိုတဲ့ အတွေးလေး တွေးမိနေပေမယ့် ပျော်တဲ့စိတ်က ပိုများပြီး ပြုံးရယ်ချင်နေတာကို သူ့ကိုယ်သူတောင် နားမလည်နိုင်တော့ဘူး ။
" ဧည့်သည်တွေလား Baekhyun လေး "
ရုတ်တရက် နောက်ကနေ ကြားလိုက်ရတဲ့ ဒေါ်လေးအသံကြောင့် Baekhyun လက်မွေးတွေတောင် ဖြန်းခနဲ ထောင်သွားရတယ်။ သူဟာ မပီမပြင် အပြုံးတစ်ခုကို ကို့ရို့ကားယားနဲ့ ဒေါ်လေးကို လှည့်ပြုံးပြရင်း ဘယ်လိုများ ရောချရမလဲဆိုတာ ကြံရာမရ ဖြစ်နေတော့တာပဲ ။
" မင်္ဂလာပါ "
သူကလွဲရင် အကုန်သူကို မျက်နှာကြောတင်းနေတတ်တဲ့ မာဖီးယားကြီးဆီက ဖော်ဖော်ရွေရွေ ခေါင်းအနည်းငယ် ညွှတ်ရင်း နှုတ်ဆက်သံကို ကြားလိုက်ရတော့ Baekhyun ကိုယ်လေး ပိုလို့တောင့်တင်းမိသွားတယ် ။
" အော်...အင်း - အင်း.. မ..မင်္ဂလာပါကွယ်
ဒါနဲ့... ဘယ်သူများ ? "
Baekhyun လိုပဲ ကို့ရို့ကားယားနဲ့ ပြန်ဦးညွှတ်နှုတ်ဆက်လာတဲ့ ဒေါ်လေးဟာ တစ်ဖက်လူ Chanyeol ရဲ့ ကြီးကျယ်လွန်းလှတဲ့ အရှိန်အဝါနဲ့ သွင်ပြင် လက္ခာဏာတွေကို မသ်ိမသာ အကဲခတ်လို့နေတယ် ။
Baekhyun ရဲ့နှစ်ပြန်စာလောက် ကြီးမားတဲ့ ကိုယ်ထည်ကြီးရယ် ၊ Suit အပြည့်ဝတ်ထားတဲ့ ရှပ်အင်္ကျီ လည်ပင်းအဟနားက သေချာပုံစံ မပေါ်တဲ့ တက်တူး တစ်ပိုင်းတစ်စရယ် ၊ နောက်ပြီး ဘယ်ဘက်မျက်လုံးကို ကန့်လန့်ဖြတ်ထားတဲ့ အမာရွတ်ရယ် ။
ဘုရား ၊ ဘုရား ! သူတို့ တူလေး Baekhyun ဟာ သူတို့မသိအောင်များ ချေးငွေတွေ ဘာတွေ ယူထားလို့ အိမ်အထိလိုက်တောင်း တာများလား !
Baekhyun ဟာ အဒေါ်ဖြစ်သူရဲ့ စိုးထိတ်နေတဲ့ အမူအယာကို နားလည်တာမို့ ကြားထဲကနေ ဘယ်လိုမိတ်ဆက်ပေးရမယ်မှန်းတောင် မသိဘူး ။
" ဟို...ဒေါ်လေး.. ဒါကလေ..
ကျွန်တော့်...ကျွန်တော့်ရဲ့... "
ပြောဖို့ ခက်ခဲနေပြီး အတော်ကြာဆွံ့အနေတဲ့ ကောင်လေးကို Chanyeol မျက်လုံးထောင့်စွန်းကနေ ငုံ့ကြည့်ပြီး ခပ်သာသာပြုံးလိုက်တယ် ။
" Baekhyun ရဲ့ အဒေါ်ဖြစ်မယ်နဲ့တူတယ်
ကျွန်တော်က Baekhyun ရဲ့ ရင်းနှီးတဲ့ အသိအစ်ကိုပါ "
ဖော်ဖော်ရွေရွေ အသံနဲ့ ထွက်ပေါ်လာတဲ့ နှုတ်ဆက်စကားကို ကြားလိုက်ရတဲ့အခိုက် Baekhyun ဟာ ဝိုင်းစက်စက် မျက်လုံးလေးတွေနဲ့ပဲ Chanyeol ကို မော့ကြည့်လိုက်မိတယ် ။
သူ့ကို ပြုံးစစနဲ့ စိုက်ကြည့်နေတဲ့ မျက်ဝန်းတွေက နားလည်မှုတွေ အပြည့်ကိန်းအောင်းနေလေရဲ့ ။ Baekhyun နှုတ်ခမ်းထောင့်စွန်းလေးတွေ အလိုလို ကော့တက်ကုန်ရတယ် ။
" အာ...Seoul ကလား ? "
" ဟုတ်ပါတယ် ၊ Baekhyun အပေါ် ကျေးဇူးကြွေးတင်နေတာတွေ ရှိလို့လေ ။ ခုလို မိသားစုအဆင်မပြေမှန်း သိရတော့ ကူဖို့ လိုက်လာခဲ့တာပါ "
Baekhyun အဒေါ်ဟာ နေရခက်နေတဲ့ ဟန်ဆောင်အပြုံးတုလေးနဲ့ပဲ အားနာနာပြုံးပြနေရင်း နောက်ဘက်က ကတုံးသုံးကောင်ဆီကိုပါ အကဲခတ်အကြည့်လေးတွေ ရောက်သွားတယ် ။
" ဒါနဲ့ သူတို့က ? "
Chanyeol ဟာ ဘယ်လိုဖြစ်ဖြစ် Baekhyun မိသားစုရှေ့မှာတော့ စိုးရိမ်စေရမယ့် မာဖီးယားဆိုတဲ့ စကားအသုံးအနှုန်းကို မထွက်ချင်ဘူး ။ သူဟာ ခပ်မြန်မြန်ပဲ လီဆယ်ပြီး ဖြေချပစ်လိုက်တယ် ။
" ကျွန်တော့် ဝမ်းကွဲညီတွေပါ "
Baekhyun ဟာ မလုံမလဲဖြစ်သွားတဲ့ မျက်ဝန်းလေးတွေနဲ့ ဇက်လေးကုပ်လို့ တံတွေးကြိတ်မြိုချလိုက်ရရှာတယ် ။ Baekhyun ရဲ့ဒေါ်လေးကတော့ ခုထိ ကြောင်တောင်တောင် ဖြစ်နေတုန်းပဲ ။
" သုံးယောက်လုံးလား ? "
" အာ...ဟုတ်ပါတယ် ။ ဒါက တစ်ဝမ်းကွဲညီ ၊ ဒါက နှစ်ဝမ်းကွဲညီ ၊ ဒီတစ်ယောက်ကတော့ သုံးဝမ်းကွဲညီပါ "
မာဖီးယားကြီးဟာ ဘေးမှာ အစဥ်လိုက်ရှိနေတဲ့ ကတုံးသုံးကောင်ကို တစ်ယောက်ပြီး တစ်ယောက် ညွှန်ပြရင်း ပြောလိုက်တယ် ။ Baekhyun အဒေါ်ကတော့ ရယ်ရခက် ငိုရခက် မျက်နှာပေးလေးကို ထိန်းထားရင်း ခပ်ဖျော့ဖျော့ ဝင်ထောက်လိုက်ရရှာတယ်။
" အော်...အမျိုး အတော်ကောင်းတာပဲ ၊
ဝင်ထိုင်ကြပါဦး... ပင်ပန်းလာမယ်ထင်တယ် "
Baekhyun လည်း ဒီကို့ရို့ကားယား စကားဝိုင်းကြီးကို မြန်မြန်ပဲ ရပ်ပစ်ချင်တာကြောင့် ရောနှောဝင်ရယ်ရင်း ဧည့်ဝတ်ပြုလိုက်တယ်။
" ဟုတ်တယ် ... အစ်ကိုတို့ ပင်ပန်းလာတယ်မလား
အရင်ဆုံး.. အိမ်ထဲ ဝင်ထိုင်ကြတာပေါ့ "
မာဖီးယားကြီးကတော့ Baekhyun ဆီက ပထမဆုံးကြားလိုက်ရတဲ့ Hyung ဆိုတဲ့ အခေါ်အဝေါ်ကြောင့် ပီတိပြုံးကြီး ထိန်းမရအောင် ပြုံးပြီး ပါသွားရှာတယ် ။
ကတုံး သုံးကောင်ကတော့ မျက်ရည်ဝဲမတတ်ဖြစ်ပြီး ဝိဥာဥ်လွင့်ကျန်ခဲ့တုန်းပဲ ။
အားလုံးပဲ ။ ကြားလိုက်ကြတယ်မလား ! Boss က ငါတို့ကို ညီအစ်ကိုတဲ့ကွ !!
_________________________________
ဒါကို Review သီးသန့်ကြောင့် သိပြီးလာဖတ်တဲ့ စာဖတ်သူတွေအတွက် ကိုယ့် acc ထဲမှာ Complete ပြီးသား CB Fic အရှည်တစ်ပုဒ် ရှိပါတယ် 💚 ရုတ်တရက် promote လုပ်ချင်လာလို့ ဖတ်ပေးကြပါဦး ။
အပိုင္း ၁၁ [ Unicode Version ]
စကၠန့္ နာရီေတြ ေန႕ရက္ေတြ အနည္းငယ္ ထပ္ကုန္ဆုံးသြားၿပီးတဲ့ ေနာက္မွာ Baekhyun ရဲ႕ ေဆးတကၠသိုလ္ ပထမႏွစ္ ႏွစ္ဆုံးစာေမးပြဲေတြ ၿပီးဆုံးသြားခဲ့ၿပီ ။ Undergraduate 2 ႏွစ္မွာ ပထမႏွစ္ကို ျဖတ္ေက်ာ္နိုင္ခဲ့ၿပီမို႔ Baekhyun စိတ္ေတြ သက္သာရာ ရသြားတာအမွန္ပဲ ။
သူႀကိဳးစားခဲ့တာ သူသိတာမို႔ ရလာဒ္ေတြ ဘာေတြ အတြက္ကေတာ့ ေတြးပူေနစရာမလို ။ စာေမးပြဲ ၿပီးၿပီဆိုတာနဲ႕ Baekhyun စိတ္ေတြ လြတ္လပ္ေပါ့ပါးသြားေတာ့တာပဲ ။
အိမ္ကိုျပန္ေရာက္လို႔ အဝတ္အစားေတြ လဲၿပီး အေအးဘူး တစ္ဘူးနဲ႕အတူ အိမ္ေရွ႕ၾကမ္းျပင္မွာ ထိုင္မိေတာ့ Baekhyun သတိတရ phone အဝင္ call ေလးေတြကို စစ္လိုက္တယ္ ။
ေမွ်ာ္လင့္ေနတဲ့ miss call ေလးမရွိေတာ့ အနည္းငယ္ေတာင္ မ်က္ႏွာေလး ညွိုးက်သြားရပါရဲ႕ ။ ညက ဖုန္းခဏ ေျပာထားတာမို႔ သူ ဒီေန႕ ေန႕လည္ အလုပ္ကိစၥေဆြးႏြေးစရာေတြ ရွိေၾကာင္း ၊ ၿပီးတာနဲ႕ Baekhyun ဆီကို ဆက္သြယ္မွာျဖစ္ေၾကာင္း ေျပာထားတာေတာင္ Baekhyun စိတ္ထဲ အနည္းငယ္ ဝမ္းနည္းမိသြားေသးတယ္ ။
Baekhyun သူနဲ႕ မေတြ႕ရတာ ရက္ပိုင္းေလာက္ေတာင္ ရွိသြားၿပီ ။ စာေမးပြဲနီးေနၿပီမို႔ စာလုပ္တာကို မႏွောင့္ယွက္ခ်င္လို႔ အလိုက္တသိ ခဏခြာေနေပးမွန္း သိေပမယ့္ Baekhyun နည္းနည္း လြမ္းတတ္လာတယ္လို႔ ထင္တယ္ ။ အသံပဲ ၾကားေနရတဲ့ ဘဝကို မေက်နပ္နိုင္ဘူး ။
အေတြးလြန္ေနတုန္းမွာပဲ တုန္ခါလာတဲ့ ဖုန္းေၾကာင့္ Baekhyun လွိုက္ခနဲ ဝမ္းသာမိမလို ျဖစ္သြားေပမယ့္ ဖုန္းက ေမွ်ာ္ေနသူဆီက မဟုတ္ခဲ့ ။ ဒါေပမယ့္ ကိုယ့္ကို သတိတရ ဆက္လာတဲ့ အေဒၚျဖစ္သူဆီကမို႔ Baekhyun ခပ္ဖြဖြေလး ျပန္ၿပဳံးလိုက္ရင္း ဖုန္းကိုကိုင္လိုက္တယ္ ။
" ဟုတ္ ေဒၚေလး "
" အင္း.. Baekhyun ေလးလား ၊
ဘယ္လိုလဲ ကေလး ? စာေမးပြဲ ေျဖနိုင္တယ္မလား "
ထြက္ေပၚလာတဲ့ စကားသံ ဝဲဝဲေၾကာင့္ Baekhyun ၿပဳံးၿပဳံး႐ႊင္႐ႊင္နဲ႕ပဲ တက္တက္ႂကြႂကြေလး ျပန္ေျဖေပးလိုက္တယ္ ။
" ဟုတ္ ေဒၚေလး ၊ ေျဖနိုင္ခဲ့တယ္ ။
မေအာင္မွာကို စိုးရိမ္စရာ မလိုဘူး "
" ဟုတ္လား ? အင္း အင္း ေကာင္းတယ္
ေဒၚေလး မင္းကို သတင္းလည္းေမးရင္း ေျပာစရာရွိလို႔ ဆက္လိုက္တာ "
" ဟုတ္ကဲ့ "
" မင္း ဦးေလးေလ ဟိုရက္ပိုင္းက ဆိုင္က အမွာေတြလိုက္ပို႔ရင္း ဆိုင္ကယ္လဲလို႔ ေျခသလုံး တစ္ဖက္ ေက်ာက္ပတ္တီးကိုင္ထားရတယ္ Baekhyun ရယ္ "
Baekhyun မ်က္လုံးေလးေတြဟာ ခ်က္ခ်င္း စိုးရိမ္သမႈေလးနဲ႕ ျပဴးက်ယ္ကုန္တယ္ ။
" ဗ်ာ ? အေျခအေနက ေတာ္ေတာ္ဆိုးတာလား ေဒၚေလး "
" ဆရာဝန္ကေတာ့ အရိုးအက္႐ုံပဲလို႔ေျပာတယ္ ။
ခ်ိဳင္းေထာက္နဲ႕ သြားလာလို႔ ရေနေပမယ့္ အလုပ္က မျဖစ္ဘူးေပါ့။ ဆိုင္တစ္ဖက္ ယာခင္းတစ္ဖက္နဲ႕ဆိုေတာ့ ေဒၚေလးလည္း ရႈပ္ၿပီး မနိုင္မနင္းျဖစ္ေနတာ ။ အဲ့တာ Baekhyun ေလး စာေမးပြဲကို စိတ္ေျဖာင့္ေျဖာင့္နဲ႕ ေျဖပါေစေလဆိုၿပီး ခုမွေျပာျပျဖစ္တယ္ "
Baekhyun ဟာ စိတ္ထဲမွာ အေတာ္ေလးကို မေကာင္းပဲ အျပစ္ရွိသလို ခံစားသြားရတယ္ ။ တကယ္ဆို အဲ့ယာခင္းေတြနဲ႕ ၊ အသီးအ႐ြက္ဆိုင္က Baekhyun အေမနဲ႕အေဖ ခ်န္သြားတဲ့ အရာေတြမို႔ Baekhyun တာဝန္ယူရမယ့္ အရာေတြျဖစ္ေပမယ့္ ခုေတာ့ လုံးဝ မ်က္ႏွာလႊဲ ခဲပစ္လုပ္ထားသလို ခံစားရတယ္ ။
" ကြၽန္ေတာ္ ဒီေန႕ညေနပဲ အိမ္ကိုျပန္လာခဲ့မယ္ ေဒၚေလး ၊
ႏြေရာသီ ေက်ာင္းပိတ္ရက္ရွည္လည္း ေရာက္ေနၿပီေလ "
" လာတာကေတာ့ လာဖို႔ပဲ ေဒၚေလးက ေျပာျပတာပါကြယ္ ။ ဒါေပမယ့္ ဒီေန႕ခ်က္ခ်င္းႀကီး လာစရာ မလိုပါဘူး ။ စာေမးပြဲ ေျဖၿပီးၿပီးခ်င္းေန႕ကို နားနားေနေန ေနၿပီး မနက္ျဖန္ေလာက္မွ လာလို႔ရပါတယ္ "
Baekhyun ဟာ အသာအယာ ေခါင္းခါၿပီး ျငင္းဆိုလိုက္တယ္ ။
" ဒီေန႕ပဲ လာခဲ့ပါ့မယ္ ။
ကြၽန္ေတာ္ ေထြေထြထူးထူး ပင္ပန္းေနတာမွ မရွိတာ ။ တစ္ရက္ဆို တစ္ရက္အေလ်ာက္ ေဒၚေလး ပင္ပန္းေနရမွာပဲ ။ Haru ေလးလည္း ရွိေသးတယ္ေလ "
" ဟုတ္ပါၿပီ ၊ ဒါဆိုလည္း ေဒၚေလး မင္းအတြက္ပါ ညစာထည့္ခ်က္ထားလိုက္မယ္ေနာ္ ။ ေနေအးမွ လာခဲ့ "
" ဟုတ္ကဲ့ ေဒၚေလး "
ေဒၚေလးဆီက ဖုန္းခ်သြားၿပီးတဲ့ အခ်ိန္ Baekhyun အားတင္းလို႔ အသက္ျပင္းျပင္းေလးတစ္ခ်က္ ရႉသြင္းလိုက္တယ္ ။
Chan ကိုေတာ့ လြမ္းေနရေတာ့မွာပဲ ။
႐ုတ္တရက္ ေတြးမိၿပီးခါမွ Baekhyun ရွက္စိတ္ေလးနဲ႕ ပါးေလးေတြ ရဲသြားမိတယ္ ။ ၾကည့္ပါဦး တျဖည္းျဖည္း ၿငိတြယ္လာလိုက္ပုံမ်ား ။ ခုဆို သူ႕ဘက္ကေတာင္ စၿပီး ေနမထိ ေနမထိုင္သာေတြနဲ႕ ဆက္သြယ္ခ်င္လာတတ္ၿပီ ။
Baekhyun စိတ္ေလးကို ကိုယ့္ဟာကိုယ္ပဲ ျဖည္းျဖည္းခ်င္းေလး ေျဖေလွ်ာ့ထားလိုက္တယ္ ။ သူက အခ်စ္မွာ အ႐ူးအမူးႀကီး နစ္ဝင္ေနလို႔ မရတဲ့သူမ်ိဳးေလ ။ သူ႕မွာ တာဝန္ယူစရာေတြ ရွိတယ္ ၊ ႀကိဳးစားစရာေတြရွိတယ္ ။ ၿပိဳလဲရင္ ျပန္ထဖို႔ ခက္ခဲတဲ့ ဘဝမို႔ တစ္စုံတစ္ေယာက္အေပၚ မ်က္စိမွိတ္ယုံၿပီး ပစ္မွီလိုက္ဖို႔က အႏၱရာယ္မ်ားလြန္းတယ္ ။
အဲ့ေတာ့ Baekhyun အနာဂါတ္ထက္ လက္ရွိကို ယုံဖို႔ပဲ စဥ္းစားထားတယ္ ။ သူဟာ စြန့္ပစ္ခံရျခင္းေတြ ၊ ခြဲခြာရျခင္းေတြ အတြက္ အခုကတည္းက စိတ္ကို ျပင္ဆင္ထားႏွင့္ၿပီးၿပီ ။
_____________________________________
Baekhyun ညေနဘက္ ခရီးေဆာင္အိတ္ေက်ာပိုးအိတ္ေလးကို ျပင္ၿပီးတဲ့အခ်ိန္မွာေတာ့ ေမွ်ာ္ေနတဲ့ phone အဝင္ call ေလးကို လက္ခံရရွိလိုက္တယ္ ။
" ဟယ္လို Chan "
" ဟယ္လို ေဘဘီ ၊ ဘယ္လိုလဲ
စာေမးပြဲ ေျဖနိုင္ရဲ႕လား "
" ဟုတ္ ၊ ေျဖနိုင္ပါတယ္ "
တစ္ဖက္က စာ႐ြက္လွန္သံေတြ ၾကားေနရေသးတာမို႔ Baekhyun အထင္ အလုပ္ေတြ လုံးဝမၿပီးျပတ္ေသးပဲ ခဏနားရင္း ဆက္တာထင္ပါရဲ႕ ။
" ကိုယ္အခု အလုပ္ေတြလက္စသတ္ၿပီးတာနဲ႕ မင္းကို လာေခၚလွည့္မယ္ ၊ ဒီည ကိုယ္တို႔အတူအိပ္ၾကတာေပါ့ ၊ မင္းေရာ ကိုယ့္ကို မလြမ္းဘူးလား "
ပြင့္လင္းျမင္သာတဲ့ စကားေတြကို ခုထိ Baekhyun ခံနိုင္ရည္မရွိေသးတာမို႔ ပါးေလးေတြ ရဲတက္လာမိတုန္းပဲ ။ ဒါေပမယ့္ အတူမရွိနိုင္ေၾကာင္း သတိရေတာ့ နည္းနည္း အားပ်က္သြားမိတယ္ ။
" လြမ္း..လြမ္းပါတယ္ ။
ဒါေပမယ့္ ကြၽန္ေတာ္ ဒီေန႕ညေနပဲ နယ္ကို ျပန္ရေတာ့မယ္ထင္တယ္ ။ ဦးေလး ေနမေကာင္းတာမို႔ေလ "
တစ္ဖက္က အလုပ္လုပ္ေနသံေတြေရာ စကားသံေရာ ခဏတာ ရပ္တန့္ၿပီး ၿငိမ္က်သြားတယ္ ။ တိတ္ဆိတ္မႈၾကား Baekhyun မ်က္ေတာင္ေလးကို ပုတ္ခတ္ခတ္လုပ္ရင္း ရင္ထိတ္စြာနဲ႕ ေစာင့္ေနမိေလရဲ႕ ။ ခဏၾကာေတာ့ သက္ျပင္းခ်သံ သဲ့သဲ့ကို ၾကားလိုက္ရတယ္ ။
" ဟင္း...ကိုယ္ကမင္းကို လြမ္းေနတာေလ "
" ဟို...ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ "
" ေဘဘီ ဘာကိုမွ ေတာင္းပန္စရာမလိုပါဘူး ။
ကိုယ္နည္းနည္း စိတ္ပ်က္မိသြား႐ုံေလးပဲ ။
အဲ့ေတာ့ ဘယ္ခ်ိန္သြားလဲ "
" အ..အခုပဲ "
" ဒါဆိုလည္း ကိုယ္ကားလႊတ္ေပးလိုက္မယ္ "
ဒီတစ္ခါေတာ့ Baekhyun မျငင္းပဲ အလြယ္တကူ လက္ခံလိုက္တယ္ ။ ခဏအၾကာ Baekhyun ရပ္ေစာင့္ေနတဲ့ ရပ္ကြက္လမ္းထိပ္ေလးေရွ႕မွာ ႀကိဳေနက် ကားအနက္တစ္စီး ထိုးရပ္လာတယ္ ။ Baekhyun အထဲမွာ တစ္စုံတစ္ေယာက္ေသာသူပါ ပါလာဖို႔ ေမွ်ာ္လင့္ေနခဲ့ေပမယ့္ ကံမေကာင္းစြာ ေနာက္ခန္းမွာ ဘယ္သူမွ ရွိမေနခဲ့ဘူး ။
" သခင္ေလး ၊ တက္ပါ "
တရိုတေသ ဦးၫႊတ္ၿပီး ကားတံခါး ဖြင့္ေပးလာတဲ့ ဂိုဏ္းသားတစ္ေယာက္ကို Baekhyun အားအင္မပါတဲ့ ခပ္ႏြမ္းႏြမ္းအၿပဳံးေလး ၿပဳံးျပၿပီး ကားေပၚ တက္လိုက္ရေတာ့တယ္ ။
တရိပ္ရိပ္ ျဖတ္သန္းလာခဲ့တဲ့ ကားလမ္းမေဘးတစ္ေလွ်ာက္ကို Baekhyun မွန္တံခါးအျခားကေန ေငးေနမိရင္း သက္ျပင္း အထပ္ထပ္ ခ်မိေလရဲ႕ ။
တကယ္ ဒီေလာက္ၿငိတြယ္မိသြားလို႔ မျဖစ္တာကို ။
_________________________________
ၿမိဳ႕ရဲ႕ အစြန္းနားေရာက္တဲ့ အပိုင္းမွာ တည္ရွိတဲ့ ႏွစ္ထပ္အိမ္ေလးဟာ Baekhyun အတြက္ေတာ့ သက္ေတာင့္သက္သာ ျဖစ္ရာ ဇုန္ေလးပဲ ။ အိမ္ျပန္ေရာက္ၿပီ ဆိုတဲ့အေတြးနဲ႕တင္ အျခားစိတ္ညစ္စရာေတြဟာ ခဏလြင့္ျပယ္လို႔ Baekhyun ေတာက္ေတာက္ပပ ၿပဳံးရယ္လိုက္မိတယ္ ။
" ကိုႀကီး Baekhyun ျပန္လာၿပီ !!
ေမေမ... ေမေမ ! ကိုႀကီး ေရာက္လာၿပီ "
ေရာက္တာနဲ႕ ခ်က္ခ်င္း သူ႕ဆီကို အသံစူးစူးေလးနဲ႕ ေျပးဝင္လာတာက သူ႕အသည္းေက်ာ္ ညီတစ္ဝမ္းကြဲေလး Haru ။ Baekhyun ဟာ ခါးကိုကိုင္းၫႊတ္လို႔ လက္ႏွစ္ဖက္ဆန့္တန္းႀကိဳၿပီး ေျပးလာတဲ့ အေကာင္ေပါက္ေလးကို ေစြ႕ခနဲ ေပြ႕ခ်ီယူလိုက္တယ္ ။
" Haru ကိုႀကီးကို လြမ္းေနတာလား "
Baekhyun ေခ်ာ့ျမႇူၿပီး ေမးလိုက္ေတာ့ သူ႕လည္ပင္းကို လက္တံေသးေသးေလးေတြနဲ႕ ဖက္ၿပီး တိုးဝင္ခြၽဲလာတဲ့ ေကာင္ေလးက ေခါင္းေလးညွိတ္ျပလာတယ္ ။ Baekhyun ကေတာ့ အသည္းယားလြန္းလို႔ တဟားဟားကို ေအာ္ရယ္ပစ္မိေတာ့တာပဲ ။
" ကဲ အိမ္ထဲဝင္ၿပီး ကိုႀကီးမွာ Haru အတြက္ ဘာေတြပါသလဲ ၊ ၾကည့္ရေအာင္ "
အဲ့ဒီ တစ္ညေနမွာေတာ့ Baekhyun ေဒၚေလးရယ္ ၊ ဦးေလးရယ္ ၊ Haru ေလးရယ္ ၊ ေနာက္ၿပီး လာႏႈတ္ဆက္တဲ့ အိမ္နီးခ်င္းေတြ အခ်ိဳ႕နဲ႕ပါ လက္ေဆာင္ေတြ ေဝမွ်ရင္း ၊ စကားေတြ ေျပာဆိုရင္း အေတြးမမ်ားခဲ့ရဘူး ။
ညဘက္ အိပ္ယာဝင္ခ်ိန္ေရာက္ေတာ့ ဆက္သြယ္လာမယ့္ ဖုန္းနံပါတ္ေလးတစ္ခုကို Baekhyun တေမွ်ာ္ေမွ်ာ္လုပ္ေနခဲ့ေပမယ့္ ေရာက္မလာခဲ့ဘူး ။ အဲ့ညက Baekhyun ပထမဆုံး မ်က္ရည္ဝဲမိတဲ့ ညပဲ ။ အိပ္ေပ်ာ္ဖို႔လည္း ခက္ခဲခဲ့တယ္ ။
_________________________________
ျပန္နိုးထလာတဲ့ ေနာက္တစ္ေန႕မွာေတာ့ ေနေရာင္ေတြ ျဖန့္က်က္ေနတဲ့ လတ္လတ္ဆတ္ဆတ္ မနက္ခင္းေစာေစာမွာပဲ Baekhyun အေၾကာေတြ ဆန့္ထုတ္ရင္း ၿခံထဲကို ဆင္းလာခဲ့တယ္ ။
Baekhyun မိဘေတြ ရွိစဥ္အခါကပဲ ဒီယာခင္းေတြရယ္ ၊ ၿမိဳ႕ထဲက အသီးအ႐ြက္ဆိုင္ေလးရယ္က Baekhyun ရဲ႕ ေန႕စဥ္ျဖတ္သန္းမႈေလးျဖစ္ခဲ့တာ ။
ခုလို မနက္ခင္းေတြမွာဆို အပင္ေတြ ေရေလာင္းသင့္တာ ေရေလာင္း ခူးသင့္တာခူးရတယ္ ။ ခုေလာေလာဆယ္ေတာ့ အရည္႐ႊမ္းတဲ့ ခရမ္းခ်ဥ္သီးေတြက ရဲရဲေတာက္ၿပီး ယာခင္းထဲ ႁပြတ္သိပ္ေနေရာပဲ ။
" ေဒၚေလး ဒါေတြ ခုမနက္ခူးၿပီး ဆိုင္တင္မွာမလား "
" ဟုတ္တယ္ Baekhyun ေလးေရ
မေန႕ကတည္းက ေအာ္ဒါႀကိဳမွာထားေတြရွိလို႔ တစ္ဖာစီ ဆိုင္ကယ္နဲ႕ သြားပို႔ရမယ္ "
" ဟုတ္ ဟုတ္ ၊ ဒါဆို ကြၽန္ေတာ္ ခူးလိုက္မယ္ေနာ္ "
မနက္စာျပင္ဖို႔ အလုပ္ရႈပ္ေနတဲ့ ေဒၚေလးကို Baekhyun ယာခင္းထဲ အဝင္မခံေတာ့ဘဲ သူပဲ ဦးေအာင္ အသီးဆြတ္ကပ္ေၾကးေလးကို ယူလို႔ နီနီရဲရဲ ခရမ္းခ်ဥ္သီးေတြရဲ႕ အညွာကို တိခနဲ ျဖတ္ခူးေနတယ္ ။
တစ္ျခင္းျပည့္သြားတိုင္းလည္း ယာခင္းအစပ္နားမွာရွိတဲ့ ေရဘုံဘိုင္နားသြား ခ်ထားၿပီး အသြားအျပန္ အလုပ္ရႈပ္ေနေလရဲ႕ ။
သုံးျခင္းခန့္ ခူးၿပီးသြားလို႔ ေနာက္တစ္ႀကိမ္ ျခင္းအလြတ္တစ္ခုကို ယူလို႔ ယာခင္းထဲ သြားတိုးတဲ့ အခ်ိန္ သူ႕နားထဲကို ရင္းႏွီးတဲ့ ကားသံအခ်ိဳ႕ ၾကားလိုက္ရေလရဲ႕ ။
Baekhyun ဟာ ျခင္းကိုခဏခ်ထားလိုက္ၿပီး ေဆာင့္ေၾကာင့္ထိုင္ေနရာကေန လမ္းဘက္ကို ထရပ္လို႔ေမွ်ာ္ၾကည့္လိုက္တယ္ ။
မဟုတ္မွလြဲေရာ ၊ သူထင္ေနသလိုေတာ့ မဟုတ္ပါဘူးေနာ္ ။
ဒါေပမယ့္ မၾကာခင္မွာပဲ လမ္းဘက္ကေန မိမိတို႔အိမ္ဘက္ကို ထိုးဆင္းလာတဲ့ ကားအနက္သုံးစီးေၾကာင့္ Baekhyun မ်က္လုံးေတြ တျဖည္းျဖည္း ျပဴးက်ယ္သြားရေတာ့တာပဲ ။
Baekhyun ဟာ လုပ္လက္စ အလုပ္ေတြကို ျမန္ျမန္ပစ္ခ်ထားခဲ့ၿပီး ကတိုက္ကရိုက္ နဲ႕ပဲ ယာခင္းအျပင္ဘက္ကို တိုးထြက္လာခဲ့ရေတာ့တယ္ ။
သူထင္တဲ့အတိုင္း ကားထဲကေန Suit အျပည့္နဲ႕ ေဘာင္းဘီအိတ္ထဲ လက္ထည့္ၿပီး ထြက္လာတာက မႈန္ကုပ္ေနတဲ့ သူ႕မာဖီးယားႀကီး ။
Baekhyun ကိုမျမင္ေသးပဲ သူ႕တပည့္ေတြကို တစ္ခုခု လွမ္းဆူေနပုံေပါက္တယ္ ။
" မင္းတို႔ အုပ္စုလိုက္ႀကီး လိုက္ေစာင့္ေရွာက္ေနစရာမလိုဘူးလို႔ ငါေျပာေနတယ္မဟုတ္ဘူးလား ! ခုဒီကိုလည္း ေရာက္ေနၿပီ ! ငါ ေဒါသမထြက္ခင္ ျမန္ျမန္ျပန္ေတာ့ "
အသံမာမာေအာက္မွာ ႏွစ္စီးက အင္တင္တင္နဲ႕ မျပန္ခ်င္ျပန္ခ်င္ ျပန္သြားၾကေပမယ့္ သူ႕ကို အနီးကပ္ေစာင့္ေရွာက္ရတဲ့ ကတုံးသုံးေကာင္ကေတာ့ ေပကပ္ေနတုန္းပဲ ။
" Boss ရယ္ ကြၽန္ေတာ္တို႔ ဒီတိုင္း အေဝးကပဲ
လိုက္ေစာင့္ၾကည့္ေနမယ္ေလ ၊ Boss ကို တစ္ေယာက္တည္း နယ္ဘက္မွာ အေစာင့္မပါပဲ ထားခဲ့ဖို႔က်... "
" Chan ! "
Chanyeol ဟာ ေခါင္းမာေနတဲ့ ကတုံးေတြကို တစ္ခါေလာက္ ကြဲေအာင္ ရိုက္ခြဲပစ္လိုက္ရမလားလို႔ စဥ္းစားေနမိတုန္းပဲ ရင္ေအးေစတဲ့ အသံလြင္လြင္ေလးကို ၾကားလိုက္ရေလရဲ႕ ။
" ေဘဘီ "
Chanyeol ဟာ ခပ္ေဝးေဝးကေန တီရွပ္ သခြားစိမ္းေရာင္ေလးနဲ႕ ေဘာင္းဘီတိုေလးကို တြဲဝတ္ထားရင္း ေျပးလာတဲ့ ကိုယ္ေသးေသးေလးကို လွိုက္လွိုက္လွဲလွဲပဲ ရယ္ျပရင္း လက္ေတြကိုဆန့္တန္း ႀကိဳထားလိုက္တယ္ ။
အနားေရာက္လာနဲ႕ အရွိန္ေလွ်ာ့သြားတဲ့ ေကာင္ေလးက သူ႕ရင္ခြင္ထဲကိုလည္း ေျပးမလာဘူး ။ အနားနီးေလးမွာ ရပ္သြားတာမို႔ မာဖီးယားႀကီး ရွက္ကိုးရွက္ကန္း နဲ႕ ေခ်ာင္းဟန့္လို႔ လက္ျပန္႐ုတ္လိုက္ရတယ္ ။
" ဘယ္လိုလုပ္ၿပီး ႐ုတ္တရက္ႀကီး ေရာက္လာတာလဲ "
" မင္းကို လြမ္းလို႔ေလ ၊
ဒီေန႕မနက္ လိုက္လာလို႔ရေအာင္ ညကတစ္ညလုံး ကိစၥေတြ အျပတ္ျဖတ္ေနတာ "
Baekhyun ဟာ ျပသနာပဲဆိုတဲ့ အေတြးေလး ေတြးမိေနေပမယ့္ ေပ်ာ္တဲ့စိတ္က ပိုမ်ားၿပီး ၿပဳံးရယ္ခ်င္ေနတာကို သူ႕ကိုယ္သူေတာင္ နားမလည္နိုင္ေတာ့ဘူး ။
" ဧည့္သည္ေတြလား Baekhyun ေလး "
႐ုတ္တရက္ ေနာက္ကေန ၾကားလိုက္ရတဲ့ ေဒၚေလးအသံေၾကာင့္ Baekhyun လက္ေမြးေတြေတာင္ ျဖန္းခနဲ ေထာင္သြားရတယ္။ သူဟာ မပီမျပင္ အၿပဳံးတစ္ခုကို ကို႔ရို႔ကားယားနဲ႕ ေဒၚေလးကို လွည့္ၿပဳံးျပရင္း ဘယ္လိုမ်ား ေရာခ်ရမလဲဆိုတာ ႀကံရာမရ ျဖစ္ေနေတာ့တာပဲ ။
" မဂၤလာပါ "
သူကလြဲရင္ အကုန္သူကို မ်က္ႏွာေၾကာတင္းေနတတ္တဲ့ မာဖီးယားႀကီးဆီက ေဖာ္ေဖာ္ေ႐ြေ႐ြ ေခါင္းအနည္းငယ္ ၫႊတ္ရင္း ႏႈတ္ဆက္သံကို ၾကားလိုက္ရေတာ့ Baekhyun ကိုယ္ေလး ပိုလို႔ေတာင့္တင္းမိသြားတယ္ ။
" ေအာ္...အင္း - အင္း.. မ..မဂၤလာပါကြယ္
ဒါနဲ႕... ဘယ္သူမ်ား ? "
Baekhyun လိုပဲ ကို႔ရို႔ကားယားနဲ႕ ျပန္ဦးၫႊတ္ႏႈတ္ဆက္လာတဲ့ ေဒၚေလးဟာ တစ္ဖက္လူ Chanyeol ရဲ႕ ႀကီးက်ယ္လြန္းလွတဲ့ အရွိန္အဝါနဲ႕ သြင္ျပင္ လကၡာဏာေတြကို မသ္ိမသာ အကဲခတ္လို႔ေနတယ္ ။
Baekhyun ရဲ႕ႏွစ္ျပန္စာေလာက္ ႀကီးမားတဲ့ ကိုယ္ထည္ႀကီးရယ္ ၊ Suit အျပည့္ဝတ္ထားတဲ့ ရွပ္အကၤ်ီ လည္ပင္းအဟနားက ေသခ်ာပုံစံ မေပၚတဲ့ တက္တူး တစ္ပိုင္းတစ္စရယ္ ၊ ေနာက္ၿပီး ဘယ္ဘက္မ်က္လုံးကို ကန့္လန့္ျဖတ္ထားတဲ့ အမာ႐ြတ္ရယ္ ။
ဘုရား ၊ ဘုရား ! သူတို႔ တူေလး Baekhyun ဟာ သူတို႔မသိေအာင္မ်ား ေခ်းေငြေတြ ဘာေတြ ယူထားလို႔ အိမ္အထိလိုက္ေတာင္း တာမ်ားလား !
Baekhyun ဟာ အေဒၚျဖစ္သူရဲ႕ စိုးထိတ္ေနတဲ့ အမူအယာကို နားလည္တာမို႔ ၾကားထဲကေန ဘယ္လိုမိတ္ဆက္ေပးရမယ္မွန္းေတာင္ မသိဘူး ။
" ဟို...ေဒၚေလး.. ဒါကေလ..
ကြၽန္ေတာ့္...ကြၽန္ေတာ့္ရဲ႕... "
ေျပာဖို႔ ခက္ခဲေနၿပီး အေတာ္ၾကာဆြံ႕အေနတဲ့ ေကာင္ေလးကို Chanyeol မ်က္လုံးေထာင့္စြန္းကေန ငုံ႕ၾကည့္ၿပီး ခပ္သာသာၿပဳံးလိုက္တယ္ ။
" Baekhyun ရဲ႕ အေဒၚျဖစ္မယ္နဲ႕တူတယ္
ကြၽန္ေတာ္က Baekhyun ရဲ႕ ရင္းႏွီးတဲ့ အသိအစ္ကိုပါ "
ေဖာ္ေဖာ္ေ႐ြေ႐ြ အသံနဲ႕ ထြက္ေပၚလာတဲ့ ႏႈတ္ဆက္စကားကို ၾကားလိုက္ရတဲ့အခိုက္ Baekhyun ဟာ ဝိုင္းစက္စက္ မ်က္လုံးေလးေတြနဲ႕ပဲ Chanyeol ကို ေမာ့ၾကည့္လိုက္မိတယ္ ။
သူ႕ကို ၿပဳံးစစနဲ႕ စိုက္ၾကည့္ေနတဲ့ မ်က္ဝန္းေတြက နားလည္မႈေတြ အျပည့္ကိန္းေအာင္းေနေလရဲ႕ ။ Baekhyun ႏႈတ္ခမ္းေထာင့္စြန္းေလးေတြ အလိုလို ေကာ့တက္ကုန္ရတယ္ ။
" အာ...Seoul ကလား ? "
" ဟုတ္ပါတယ္ ၊ Baekhyun အေပၚ ေက်းဇူးေႂကြးတင္ေနတာေတြ ရွိလို႔ေလ ။ ခုလို မိသားစုအဆင္မေျပမွန္း သိရေတာ့ ကူဖို႔ လိုက္လာခဲ့တာပါ "
Baekhyun အေဒၚဟာ ေနရခက္ေနတဲ့ ဟန္ေဆာင္အၿပဳံးတုေလးနဲ႕ပဲ အားနာနာၿပဳံးျပေနရင္း ေနာက္ဘက္က ကတုံးသုံးေကာင္ဆီကိုပါ အကဲခတ္အၾကည့္ေလးေတြ ေရာက္သြားတယ္ ။
" ဒါနဲ႕ သူတို႔က ? "
Chanyeol ဟာ ဘယ္လိုျဖစ္ျဖစ္ Baekhyun မိသားစုေရွ႕မွာေတာ့ စိုးရိမ္ေစရမယ့္ မာဖီးယားဆိုတဲ့ စကားအသုံးအႏႈန္းကို မထြက္ခ်င္ဘူး ။ သူဟာ ခပ္ျမန္ျမန္ပဲ လီဆယ္ၿပီး ေျဖခ်ပစ္လိုက္တယ္ ။
" ကြၽန္ေတာ့္ ဝမ္းကြဲညီေတြပါ "
Baekhyun ဟာ မလုံမလဲျဖစ္သြားတဲ့ မ်က္ဝန္းေလးေတြနဲ႕ ဇက္ေလးကုပ္လို႔ တံေတြးႀကိတ္ၿမိဳခ်လိဳက္ရရွာတယ္ ။ Baekhyun ရဲ႕ေဒၚေလးကေတာ့ ခုထိ ေၾကာင္ေတာင္ေတာင္ ျဖစ္ေနတုန္းပဲ ။
" သုံးေယာက္လုံးလား ? "
" အာ...ဟုတ္ပါတယ္ ။ ဒါက တစ္ဝမ္းကြဲညီ ၊ ဒါက ႏွစ္ဝမ္းကြဲညီ ၊ ဒီတစ္ေယာက္ကေတာ့ သုံးဝမ္းကြဲညီပါ "
မာဖီးယားႀကီးဟာ ေဘးမွာ အစဥ္လိုက္ရွိေနတဲ့ ကတုံးသုံးေကာင္ကို တစ္ေယာက္ၿပီး တစ္ေယာက္ ၫႊန္ျပရင္း ေျပာလိုက္တယ္ ။ Baekhyun အေဒၚကေတာ့ ရယ္ရခက္ ငိုရခက္ မ်က္ႏွာေပးေလးကို ထိန္းထားရင္း ခပ္ေဖ်ာ့ေဖ်ာ့ ဝင္ေထာက္လိုက္ရရွာတယ္။
" ေအာ္...အမ်ိဳး အေတာ္ေကာင္းတာပဲ ၊
ဝင္ထိုင္ၾကပါဦး... ပင္ပန္းလာမယ္ထင္တယ္ "
Baekhyun လည္း ဒီကို႔ရို႔ကားယား စကားဝိုင္းႀကီးကို ျမန္ျမန္ပဲ ရပ္ပစ္ခ်င္တာေၾကာင့္ ေရာႏွောဝင္ရယ္ရင္း ဧည့္ဝတ္ျပဳလိုက္တယ္။
" ဟုတ္တယ္ ... အစ္ကိုတို႔ ပင္ပန္းလာတယ္မလား
အရင္ဆုံး.. အိမ္ထဲ ဝင္ထိုင္ၾကတာေပါ့ "
မာဖီးယားႀကီးကေတာ့ Baekhyun ဆီက ပထမဆုံးၾကားလိုက္ရတဲ့ Hyung ဆိုတဲ့ အေခၚအေဝၚေၾကာင့္ ပီတိၿပဳံးႀကီး ထိန္းမရေအာင္ ၿပဳံးၿပီး ပါသြားရွာတယ္ ။
ကတုံး သုံးေကာင္ကေတာ့ မ်က္ရည္ဝဲမတတ္ျဖစ္ၿပီး ဝိဥာဥ္လြင့္က်န္ခဲ့တုန္းပဲ ။
အားလုံးပဲ ။ ၾကားလိုက္ၾကတယ္မလား ! Boss က ငါတို႔ကို ညီအစ္ကိုတဲ့ကြ !!
_________________________________
ဒါကို Review သီးသန့္ေၾကာင့္ သိၿပီးလာဖတ္တဲ့ စာဖတ္သူေတြအတြက္ ကိုယ့္ acc ထဲမွာ Complete ၿပီးသား CB Fic အရွည္တစ္ပုဒ္ ရွိပါတယ္ 💚 ႐ုတ္တရက္ promote လုပ္ခ်င္လာလို႔ ဖတ္ေပးၾကပါဦး ။