This Mafia Fall In You [ ဒီမာ...

By _ShoYo_61

486K 39.8K 2.8K

ရုတ်ရင့်ကြမ်းတမ်းတဲ့ Mafia တစ်ယောက် အချစ်မှာ နစ်မြောသွားတဲ့အခါ ...( OC မဟုတ်ပါ OTP fiction ပါ ) Warning - Sex... More

စာအမြည်း
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄ [ Adult ]
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉ ( Adult )
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃ ( Adult )
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈ [ Adult ]
Bonus ( Gifts )
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁ [ Adult ]
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁ [ Final ]
Book Announcement 1

အပိုင်း ၁၀

13.7K 1.1K 39
By _ShoYo_61

အပိုင်း ၁၀ [ Unicode Version ]

ရှင်းလင်းနေတဲ့ စားပွဲအဖြူထက်က စားချင့်စဖွယ် အပြင်အဆင်နဲ့ အချိုပွဲတစ်ပွဲကို Baekhyun မျက်လုံးတောက်တောက်လေးတွေနဲ့ ကြည့်ရင်း ဇွန်းဖျားလေးနဲ့ တို့ကြည့်မိလိုက်တယ် ။

ကျယ်ပြန့်တဲ့ ကြွေပန်းကန်ဖြူအလယ်မှာ တည်ရှိနေတဲ့ Velvet cake လေးက အမြင်နဲ့တင် နူးညံ့လွန်းလို့ ပျော်ကျသွားမတတ်ဖြစ်နေပြီး ရောင်စုံဂျယ်လီလုံးလေးတွေ ၊ သစ်သီးလေးတွေ ၊ ပူတင်းလေးတွေနဲ့ ၊ jam အချို့ကာရံပြီး luxury ဆန်လွန်းတယ် ။ Baekhyun သွားရေ တောက်တောက်ကျမတတ် ဖြစ်နေပေမယ့် စားရမှာ ရှိန်နေတုန်းပဲ။

" ထိုင်ကြည့်ပြီး ဘာလုပ်နေတာလဲ ဘေဘီ..
မြည်းကြည့်လေ "

အနက်ရောင် သန်းနေတဲ့ ကော်ဖီသေးသေးတစ်ခွက်ကို လျှာဖျားမှာ အရသာတင်ရုံ ဖြည်းဖြည်းချင်း သောက်နေတဲ့ မာဖီးယားကြီးက သူ့ကို မေးဆတ်ပြရင်း ပြောလာတော့ Baekhyun မျက်လုံးလေး တစ်ချက်လှန်ကြည့်လိုက်ပြီး လက်ထဲက ဇွန်းနဲ့ cake လေးကို ဖဲ့ယူလိုက်တယ် ။

ပါးစပ်ထဲ ပျော်ဝင်သွားတဲ့အရသာက ချိုချိုအေးအေးလေးနဲ့ အရာသာရှိလွန်းတဲ့အပြင် ရနံ့သင်းသင်းလေးကိုပါ စိတ်ကြည်ဖွယ် ရနိုင်သေးတယ် ။ သူစားဖူးသမျှ cake တွေထဲ အကောင်းဆုံးအရသာပဲ ။

" ဘယ်လိုလဲ မကြိုက်ဘူးလား ?
မုန့်ဖတ်ဆရာ ပြောင်းလိုက်ရမလား "

Baekhyun ဟာ ပြူးကြောင်ကြောင် မျက်ဝန်းလေးတွေနဲ့ ဆံပင်လေးတွေ ဝဲခါသွားအောင်အထိ အလျင်စလို ခေါင်းခါပြလိုက်တယ်။

" မဟုတ်ဘူး ။ တကယ် အရသာရှိလွန်းတယ် ။
ကျွန်တော်စားဖူးသမျှ cake တွေထဲ အကောင်းဆုံးပဲ "

တက်ကြွလွန်းတဲ့ မျက်နှာအမူအယာလေးကို မြင်လိုက်ရတော့ Chanyeol သတိမထားမိခင်မှာပဲ ငေးကြည့်နေရင်း အလိုလို အပြုံးတွေ ကူးစက်လာလေရဲ့ ။ ကိုယ်ဟာကိုယ် ပြန်သတိထားမိလိုက်တော့ Chanyeol မဆိုသလောက် ရှက်ရွံစိတ်လေးနဲ့ မျက်ခုံးတွေကို လက်ညှိုးတစ်ဖက်နဲ့ ကုပ်ပြီး ဟက်ခနဲ ရယ်မိတယ်။ မြင်မကောင်းအောင်ကို သူအချစ်ရူးနေမိတာပဲ ။

" ဒါတစ်ပွဲ ဘယ်လောက်လောက် ရှိမယ်ထင်လဲဟင် ?
Hotel တွေမှာ စားရင် စျေးအသေကြီးလောက်တယ်မလား ? "

စားနေရင်း ခန္ဓာကိုယ်လေးကို ရှေ့တိုးလို့ သူ့ကို လာအဖော်ညှိပြီး ဝေဖန်လေကန်​ရေးလုပ်ချင်နေပုံပေါ်တဲ့ အကောင်ပေါက်လေးကြောင့် Chanyeol စားပွဲပေါ်ထက် တံတောင်နှစ်ဖက် ထောက်တင်လို့ လက်ချောင်းတွေကို ယှက်သွယ်ထားလိုက်တယ် ။

" ထင်သလောက် စျေးမကြီးပါဘူး ။
cake မုန့်လေးပဲကို "

မယုံသလို မျက်လုံးလေးမှေးကြည့်လာပေမယ့် ကြာကြာမခံဘူး ။ Cake ကို ပြန်အာရုံရောက်သွားပြီး တစ်ဇွန်းပြီး တစ်ဇွန်း မျက်စိမှိတ်အရသာခံလို့ ပျော်ပျော်ကြီး စားနေရှာတယ် ။

အခု သူတို့တည်ရှိနေတာက ခြံဝန်းထဲက ဂေါက်ကွင်းကျယ်ကြီးရဲ့ အစပ်မှာ နားနေဆောင်သဖွယ် ပတ်ပတ်လည် မှန်အကြည်တွေ အပြည့်နဲ့ ကာရံတည်ဆောက်ထားတဲ့ အဆောင်လေးထဲမှာ ။

အဆောင်လေးလို့ သုံးနှုန်းထားပေမယ့် အမှန်တကယ်က အတော်ကိုကျယ်ဝန်းတဲ့ မှန်လုံအိမ်တစ်ခု ဖြစ်ပြီး မနက်စာစားဖို့ စားပွဲရယ် ဘေးဘက်မှာ Buffet သဖွယ် ဟင်းပွဲတွေကို ခင်းကျင်းထားတာတွေ ရှိတယ်။ အားလုံးက နာမည်ကြီး chef တွေကိုယ်တိုင် အသေးစိပ် စီစဥ်ပေးထားတာဖြစ်ပြီး ခုနက သူစားတဲ့ အချိုပွဲတစ်ပွဲကို လုပ်ဖို့ သီးသန့်ငှားထားရတဲ့ မုန့်ဖုတ်ဆရာရဲ့ တစ်မနက်စာ အခကြေးငွေပမာဏ ကို သိရင် ဒီဆေးကျောင်းသားလေး စားဝင်နိုင်တော့မှာတောင် မဟုတ်ဘူး ။

ပိုက်ဆံကို လိုတာထက်ပိုပြီး ဖြုန်းနေမိတာ မှန်ပေမယ့် Chanyeol တစ်သက် ဒီလောက်ပျော်ရွှင်ရတဲ့ ငွေသုံးစွဲမှုမျိုး မရှိခဲ့ဘူး ။ သူတစ်သက်တာ အလကားသက်သက် ရှာဖွေလာခဲ့တဲ့ စည်းစိမ်တွေက ခုမှ သုံးဖို့နေရာမှန်ကို ရှာတွေ့သွားသလိုပဲ ။

" မြင်းစီးချင်လား ? "

" ဗျာ ? "

ကြောင်တောင်တောင် မျက်ဝန်းလေးတွေနဲ့ ပြန်မေးလာတဲ့ ကောင်လေးရဲ့ နှုတ်ခမ်းထောင့်စွန်းလေးမှာ အနည်းငယ်ပေနေတဲ့ cream လေးတွေကို Chanyeol တစ်သျှူးစလေးနဲ့ ခပ်ဖွဖွ တို့ထိသုတ်ပေးရင်း ပြန်ဖြေလိုက်တယ် ။

" ဟိုး ခြံရဲ့ ဘယ်ဘက် လိမ္မော်ခင်းတွေ အကျော်မှာ မြင်းစခန်းရှိတယ် ၊ သွားကြည့်ချင်လား "

Baekhyun ဟာ ပထမက စိတ်ဝင်စားမှုကြောင့် မျက်လုံးလေးတွေ တောက်သွားပေမယ့် နောက်တော့ တစ်စုံတစ်ခုကို ဖြတ်ခနဲ သတိရသွားတာမို့ ပါးလေးတွေရဲသွားတဲ့အပြင် မျက်ခုံးလေးတွေကပါ မကျေမနပ်လေး စုကြုံ့သွားရတယ် ။

" ညက အတူနေပြီးတာကို ကျွန်တော်က ခုမြင်းစီးနိုင်ဦးမယ် ထင်နေတာလား "

" အာ..Sorry.. ကိုယ်.. "

Chanyeol ဟာ ရုတ်တရက် သူတကယ်ကြီးမေ့နေခဲ့တာ ဖြစ်ကြောင်း သတိရသွားပြီးနောက် နဖူးကိုလက်ထောက်ရင်း တဟားဟား ရယ်မိတော့တာပဲ ။

" ဟားဟားဟား.. တကယ် Sorry ကွာ
ကိုယ် ဘယ်လိုမေ့သွားမှန်း မသိဘူး ၊ တကယ်ပဲ
ဟား "

Baekhyun ဟာ ရှက်စိတ်လေးကို ကာရံဖို့ မျက်နှာကို မှုန်ကုပ်ကုပ်လေး လုပ်ထားရုံကလွဲပြီး မတတ်နိုင်တော့ဘူး ။ ဘာတွေက အဲ့လောက် ရယ်စရာ ကောင်းနေလို့လဲ ။

စိတ်တိုင်းကျ ရယ်မောပြီးတဲ့နောက် မာဖီးယားကြီးဟာ ထိုင်ခုံနောက်မှီပေါ် ပြန်မှီသွားပြီး သူ့ကြီးမားတဲ့ ကိုယ်ထည်ကြောင့် အထက်စီးက ဖြစ်နေတဲ့ အကြည့်တွေနဲ့ Baekhyun ကို ပြုံးရင်း စူးစူးစိုက်စိုက်ကြည့်နေတယ် ။ လှောင်ပြုံးလည်း မမြည်တဲ့ အပြုံးတွေက ကြင်နာနေတဲ့ ဟန်ပန်မျိုးလည်း မဟုတ်ပဲ ခပ်ထေ့ထေ့ပုံစံမျိုး ။ အဲ့တာက Baekhyun ကို စိတ်လှုပ်ရှားစေတယ် ။

" ကြိုက်တယ် "

" ဗျာ ? "

ရုတ်တရက်ကြီး အဆက်အစပ်မရှိ ထပြောလာသူကြောင့် Baekhyun မျက်ခုံးတန်းတန်းလေးတွေကို ပင့်လို့ ကြောင်တောင်တောင်လေး ပြန်မေးမိလိုက်တယ် ။

" ဘေဘီ့ရဲ့ ခုနကလို ကိုယ့်ကို စိတ်ဆိုးနေတဲ့ပုံလေး ၊
ကိုယ် အရမ်းကြိုက်တယ် ။ ချစ်စရာလေး "

Barkhyun ဟာ နေရခက်ခက်နဲ့ မျက်တောင်တွေ တဖြတ်ဖြတ်ခတ်မိသွားပြီးတဲ့နောက် ယောင်ယမ်းပြီး ဇွန်းကို ကောက်ကိုင်လိုက်ပေမယ့် စားစရာ ကိတ်မုန့်က ကုန်နေပြီ ။

Chanyeol ဟာ ချောင်ပိတ်ခံထားရတဲ့ ဟမ်းစတားလေး တစ်ကောင်လို အပြုအမူလေးကို ကြည့်ရင်း သနားလာတာမို့ ထပ်မစဖို့ ဆုံးဖြတ်လိုက်ပြီး တံခါးဝနားက ကတုံးတစ်ကောင်ကို လက်ဖျောက်တီးပြီး ခေါ်လိုက်တယ် ။

" Steak တွေ စားပွဲပေါ်မှာ လာချပေးတော့ "

" ဟုတ်ကဲ့ Boss "

ဒီလိုနဲ့ မနက်စာ အတူစားပြီးတဲ့ နောက်မှာတော့ အိမ်ပြန်ပြီး စာလုပ်လိုတဲ့ ကောင်လေးကြောင့် Chanyeol အရောက်ပြန်ပို့ပေးလိုက်ရတယ် ။ ချစ်သူလေးက ဆေးကျောင်းသားလေး ဖြစ်နေတော့လည်း သူအချိန်တွေအများကြီး ဖဲ့ယူလို့မရဘူး ။

အတူလာနေဖို့ ပြောတာမျိုး ၊ အနီးအနားက တိုက်ခန်း ၊ လုံးချင်းအိမ် ဝယ်ပေးဖို့ ပြောတာမျိုးဆိုရင်လည်း အလိုမကျသဖွယ် ညှိုးငယ်သွားတဲ့ မျက်နှာလေးနဲ့ ငြင်းဆန်တာမို့ Chanyeol အောင့်သက်သက်နဲ့ပဲ နာခံရတယ် ။ ဒီကောင်လေးရဲ့ ခံစားချက်နဲ့ မာန တစ်စွန်းတစ်စကိုလည်း သူလေးစားပေးရမယ်လေ ။ အရာအားလုံးကို သူ့စိတ်တိုင်းကျ အာဏာရှင် တစ်ယောက်လို ပြုမူနေလို့မရဘူးဆိုတာ သူသိတယ် ။

ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့အတွက်တော့ ပိုမိုထပ်တင်းကျပ်သွားတဲ့ သွေးသားနှောင်ကြိုးလေးကြောင့် Chanyeol စိတ်တွေ ကြည်နေမိတာ အမှန်ပဲ ။

___________________________________

ညနေဆည်းဆာနဲ့ အရောင်တောက်တောက် ကောင်းကင်အောက်မှာ တည်ရှိနေတဲ့ ဂေါက်ကွင်းကြီးဟာ အစိမ်းနုရောင် မြက်ခင်းတွေ တမျှော်တခေါ်နဲ့ လှပလွန်းတယ် ။

ရှပ်အင်္ကျီ လက်ရှည်ကို တံတောင်ဆစ်ထိခေါက်တင်ထားတာမို့ လက်ဖျံတစ်လျှောက်က သွေးကြောတွေ ပေါ်လွင်နေတဲ့ လက်တွေဟာ လက်အိတ်အထူတွေကို ဝတ်ဆက်ပြီး ဂေါက်တံကို ကိုင်လို့ ကိုယ်နေဟန်ထား မှန်မှန်နဲ့ သေချာချိန်ဆနေတယ် ။

ကြီးမားလွန်းတဲ့ ရင်အုပ်ကြီးကြောင့် အမြဲတင်းကျပ်နေတတ်တဲ့ ရှပ်အင်္ကျီ တွေဟာ ဒီတစ်ခါလည်း လည်ပင်းကြယ်သီး နှစ်လုံးလောက် အဖြုတ်ခံထားရတာမို့ လည်တိုင်းစောင်းဆီက ထိတ်လန့်ဖွယ် မြွေခေါင်းကြီးက လှစ်ဟနေတယ် ။

ထူထဲ နက်မှောင်နေတဲ့ မျက်ခုံးတန်းတွေဟာ ရှေ့က ဂေါက်သီးကို သေချာအာရုံစူးစိုက်ကြည့်ပြီး ချိန်လို့ ကိုယ်နေဟန်ထား အမှန်နဲ့ ရိုက်လိုက်ပြီးတဲ့ နောက်မှာတော့ ဂေါက်သီးအဖြူဟာ ဟိုးအဝေးကြီးကို လှလှပပ လွင့်ထွက်သွားတော့တယ် ။

ဘေးနားက ထွက်ပေါ်လာတဲ့ လက်ခုပ်သံဟာ သူ့ထက် အနည်းငယ်ပဲ အရပ်ပိုနိမ့်တဲ့ အမျိုးသမီးငယ် တစ်ဦးဆီက ။

မျက်နှာက ပြုံးသည်လည်းမဟုတ် ၊ ရယ်သည်လည်းမဟုတ် တည်တည်ငြိမ်ငြိမ် တည်ရှိနေတဲ့ မိန်းမငယ်လေးဟာ အပိုစကား မဆိုပဲ သူ့အလှည့်ကျပြီမို့ ရှေ့က ဂေါက်သီးကို ချိန်လိုက်တယ် ။

သေသပ်တဲ့ ရိုက်ချက်က Chanyeol ထက်တော့ မလှပပေမယ့် မိန်းကလေးတစ်ယောက် အနေနဲ့ အရည်အချင်း ရှိတာကို မငြင်းနိုင်ဘူး ။ Chanyeol လက်ခုပ်တစ်ချက် နှစ်ချက် တီးပေးပြီး အသိအမှတ်ပြုလိုက်တယ် ။

" လက်ရည်တက်လာတာပဲ "

" Compamy က ရှယ်ရာရှင်တွေနဲ့ ခဏ ခဏ လိုက်ရိုက်ဖြစ်တယ်.. အဲ့တာမို့ "

မိန်းကလေးပေမယ့် မိန်းကလေးလို့ မဆိုသာတဲ့ သူမဟာ Chanyeol နည်းတူ ရှပ်အင်္ကျီအဖြူကို ဘောင်းဘီရှည်အနက်ထဲ ခါးမြှုပ်ဝတ်ထားပြီး နက်မှောင်တဲ့ ဆံပင်ရှည်တွေကိုလည်း နောက်မှာ စုစည်းထားတယ် ။

သူမ လှုပ်ရှားလိုက်တိုင်းမှာ ယိမ်းခါသွားတဲ့ ဆံပင်တွေနဲ့ တည်ငြိမ်တဲ့ ဟန်ပန်တွေက သူမဟာ ထက်မြက်တဲ့ မိန်းမတစ်ဦးဖြစ်မှန်း လူတိုင်းကို ပြသနေသလိုပဲ ။

လက်ရှိ Chanyeol နောက်ကွယ်ကနေ မာဖီးဂိုဏ်းအနေနဲ့ ချယ်လှယ်နေတဲ့ Company တွေရဲ့ တစ်ဆင့်လက်အောက်ခံ ချုပ်ကိုင်သူ အမျိုးသမီး CEO ။

" ဟိုတစ်ခေါက်က ရှယ်ယာစျေး ကိစ္စတွေရော ပြန်အဆင်ပြေသွားပြီလား ? "

" တစ်ဖက် Company ကို သတင်းခိုးရောင်းနေတဲ့သူတွေ ရှိတယ်လေ ။ ကောင်းကောင်း ကိုင်တွယ် လိုက်နိုင်ပါတယ် "

29 နှစ်အရွယ် သူမရဲ့ လုပ်ဆောင်ချက်တွေကတော့ အရွယ်နဲ့ မလိုက်အောင် အံ့မခန်းပဲ ။

Chanyeol နဲ့ အမျိုးသမီးငယ်ဟာ တစ်ယောက်မျက်နှာကို တစ်ယောက်မကြည့်ပဲ ဂေါက်ရိုက်ခြင်းကိုသာ အာရုံစိုက်လို့ အလုပ်ကိစ္စတွေ ဆွေးနွေးနေကြပြီး အချိန်ခဏကြာတဲ့အခါ သူတို့နားကို တပည့် ဂိုဏ်းသားတစ်ဦးရောက်လာတယ် ။

" Boss... သတင်းပေးစရာ တစ်ခုရှိပါတယ် "

ရောက်ရောက်ချင်း ဦးညွှတ်ပြီး အရေးတကြီး ပြောလာတဲ့ ဂိုဏ်းသားတစ်ယောက်ကြောင့် Chanyeol ဂေါက်သီးကို ချိန်နေတာကို ရပ်လို့ နောက်ကို လှည့်ပြီး နားထောင်ပေးလိုက်တယ် ။ ဘေးဘက်က အမျိုးသမီးငယ်ကတော့ သူမနဲ့ မဆိုင်သလိုနေရင်း ဂေါက်ပဲ ဆက်ရိုက်နေတယ် ။

" ဆောက်လုပ်ရေးစာချုပ် ရောင်းဝယ်မှုမှာ ကျွန်တော်တို့ပေးလိုက်တဲ့ စိန်တွေ လဲလှယ်ခံလိုက်ရတယ်လို့ သိရှိရပါတယ် "

Chanyeol ရဲ့မျက်ခုံးထူထူတွေဟာ ချက်ချင်း စုကြုံ့လို့ မျက်နှာက အလိုမကျဖြစ်သွားတယ် ။

တာဝန်သိတဲ့ ဂိုဏ်းသားဟာ ချက်းချင်းပဲ မြေပြင်ပေါ်က်ို ဒူးတိတိပပ ထောက်ချလာပြီး ခေါင်းငုံ့လို့ အပြစ်ကို ဝန်ခံတယ်။

" တောင်းပန်ပါတယ် Boss
ကျွန်တော့် ပေါ့ဆ မှုကြောင့်ပါ..
Driver အယောင်ဆောင်ထားတဲ့ လူကို သေချာမစစ်ဆေးမိပဲ.."

ဖောင်း !!!!

ထိုဂိုဏ်းသားဟာ စကားဆုံးအောင် ပြောခွင့်မရခင်မှာပဲ ပါးစောင်တစ်ဖက်ကို ဂေါက်တံနဲ့ အရှိန်ပြင်းစွာ ရိုက်ခံလိုက်ရတယ် ။ ဖွာထွက်သွားတဲ့ သွေးစက်တွေဟာ မြက်ခင်းစိမ်းထက်က အပင်ဖျားလေးတွေထက်မှာ အကုန်စွန်းပေ ကုန်တယ် ။

ပါးတစ်ဖက်ဟာ ချက်ချင်းကို ယောင်ကိုင်းသွားပြီး နှုတ်ခမ်းထောင့်စွန်းက သွေးတွေ စက်လက်စီးကျနေပေမယ့် ထိုဂိုဏ်းသားဟာ မျက်နှာတစ်ချက်မပျက်ပဲ ပျက်ယွင်းသွားတဲ့ ခန္ဓာကိုယ်အနေအထားကို ပြန်ပြုပြင်လို့ မတ်မတ် ပြန်ထိုင်တယ် ။

" တောင်းပန်ပါတယ် Boss "

Chanyeol ဟာ စိတ်အလိုမကျ ဖြစ်နေပေမယ့် ဒေါသတွေက မျက်နှာပေါ်ထက် မပေါ်လွင်ဘူး ။ အေးဆေးစွာပဲ ဂေါက်တံကို ဘေးက အိတ်ထဲ ပြန်ထောင်ထည့်လိုက်ပြီး လက်အိတ်ထူတွေကို ချွတ်ရင်း ခပ်အေးအေး မေးလိုက်တယ် ။

" အစားထိုးစိန်တွေ ပြန်ရဖို့ ဘယ်လောက်စောင့်ရမလဲ "

ဒီတစ်ခါတော့ သူ့အမေးကို ဖြေလာတာက ဘေးဘက်မှာ ဂေါက်အေးအေးဆေးဆေး ဆက်ရိုက်နေတဲ့ အမျိုးသမီးငယ်ဆီကပဲ ။

" အာဖရိကဘက်က ပြန်မှာဖို့ဆို အနည်းဆုံး တစ်လနီးပါးတော့ အချိန်ယူရမယ် "

Chanyeol ဟာ ခေါင်းညိတ်ရင်း မြေပြင်ပေါ် ဒူးထောက်နေဆဲ ဂိုဏ်းသားကို ပြန်ညွှန်ကြားလိုက်တယ် ။

" စာချုပ်ကို မပျက်စေနဲ့ !
သူတို့ ရည်ရွယ်ချက်က စိန်ကိုလိုချင်တာ မဟုတ်ဘဲ စာချုပ်ကို ပျက်စေချင်တာ ။ တစ်ဖက် သူဋ္ဌေးကို အကြောင်းပြန်ထားလိုက် ။ ငါ စိန်တွေကို အစားထိုးပြန်ပေးမှာမို့ အခြားလူနဲ့သာ စာချုပ်ပြောင်းလဲ ချုပ်ဆိုရင် သူ့ဘက်ကလည်း အဖိုးအခပြန်ပေးရမယ်လို့ "

" ဟုတ်ကဲ့ပါ Boss "

Chanyeol အတွက်တော့ ဒီညနေဟာ စိတ်ကြည်ကြည်လင်လင်နဲ့ ဂေါက်ဆက်ရိုက်နိုင်တော့မှာ မဟုတ်ဘူး ။ သူဘောင်းဘီအိတ်တွေထဲ လက်ထည့်ထားရင်း စံအိမ်တွေ ဘက်ကိုပဲ ပြန်လျှောက်လာခဲ့တော့တယ် ။

_________________________________

အပိုင္း ၁၀ [ Unicode Version ]

ရွင္းလင္းေနတဲ့ စားပြဲအျဖဴထက္က စားခ်င့္စဖြယ္ အျပင္အဆင္နဲ႕ အခ်ိဳပြဲတစ္ပြဲကို Baekhyun မ်က္လုံးေတာက္ေတာက္ေလးေတြနဲ႕ ၾကည့္ရင္း ဇြန္းဖ်ားေလးနဲ႕ တို႔ၾကည့္မိလိုက္တယ္ ။

က်ယ္ျပန့္တဲ့ ေႂကြပန္းကန္ျဖဴအလယ္မွာ တည္ရွိေနတဲ့ Velvet cake ေလးက အျမင္နဲ႕တင္ ႏူးညံ့လြန္းလို႔ ေပ်ာ္က်သြားမတတ္ျဖစ္ေနၿပီး ေရာင္စုံဂ်ယ္လီလုံးေလးေတြ ၊ သစ္သီးေလးေတြ ၊ ပူတင္းေလးေတြနဲ႕ ၊ jam အခ်ိဳ႕ကာရံၿပီး luxury ဆန္လြန္းတယ္ ။ Baekhyun သြားေရ ေတာက္ေတာက္က်မတတ္ ျဖစ္ေနေပမယ့္ စားရမွာ ရွိန္ေနတုန္းပဲ။

" ထိုင္ၾကည့္ၿပီး ဘာလုပ္ေနတာလဲ ေဘဘီ..
ျမည္းၾကည့္ေလ "

အနက္ေရာင္ သန္းေနတဲ့ ေကာ္ဖီေသးေသးတစ္ခြက္ကို လွ်ာဖ်ားမွာ အရသာတင္႐ုံ ျဖည္းျဖည္းခ်င္း ေသာက္ေနတဲ့ မာဖီးယားႀကီးက သူ႕ကို ေမးဆတ္ျပရင္း ေျပာလာေတာ့ Baekhyun မ်က္လုံးေလး တစ္ခ်က္လွန္ၾကည့္လိုက္ၿပီး လက္ထဲက ဇြန္းနဲ႕ cake ေလးကို ဖဲ့ယူလိုက္တယ္ ။

ပါးစပ္ထဲ ေပ်ာ္ဝင္သြားတဲ့အရသာက ခ်ိဳခ်ိဳေအးေအးေလးနဲ႕ အရာသာရွိလြန္းတဲ့အျပင္ ရနံ႕သင္းသင္းေလးကိုပါ စိတ္ၾကည္ဖြယ္ ရနိုင္ေသးတယ္ ။ သူစားဖူးသမွ် cake ေတြထဲ အေကာင္းဆုံးအရသာပဲ ။

" ဘယ္လိုလဲ မႀကိဳက္ဘူးလား ?
မုန့္ဖတ္ဆရာ ေျပာင္းလိုက္ရမလား "

Baekhyun ဟာ ျပဴးေၾကာင္ေၾကာင္ မ်က္ဝန္းေလးေတြနဲ႕ ဆံပင္ေလးေတြ ဝဲခါသြားေအာင္အထိ အလ်င္စလို ေခါင္းခါျပလိုက္တယ္။

" မဟုတ္ဘူး ။ တကယ္ အရသာရွိလြန္းတယ္ ။
ကြၽန္ေတာ္စားဖူးသမွ် cake ေတြထဲ အေကာင္းဆုံးပဲ "

တက္ႂကြလြန္းတဲ့ မ်က္ႏွာအမူအယာေလးကို ျမင္လိုက္ရေတာ့ Chanyeol သတိမထားမိခင္မွာပဲ ေငးၾကည့္ေနရင္း အလိုလို အၿပဳံးေတြ ကူးစက္လာေလရဲ႕ ။ ကိုယ္ဟာကိုယ္ ျပန္သတိထားမိလိုက္ေတာ့ Chanyeol မဆိုသေလာက္ ရွက္႐ြံစိတ္ေလးနဲ႕ မ်က္ခုံးေတြကို လက္ညွိုးတစ္ဖက္နဲ႕ ကုပ္ၿပီး ဟက္ခနဲ ရယ္မိတယ္။ ျမင္မေကာင္းေအာင္ကို သူအခ်စ္႐ူးေနမိတာပဲ ။

" ဒါတစ္ပြဲ ဘယ္ေလာက္ေလာက္ ရွိမယ္ထင္လဲဟင္ ?
Hotel ေတြမွာ စားရင္ ေစ်းအေသႀကီးေလာက္တယ္မလား ? "

စားေနရင္း ခႏၶာကိုယ္ေလးကို ေရွ႕တိုးလို႔ သူ႕ကို လာအေဖာ္ညွိၿပီး ေဝဖန္ေလကန္​ေရးလုပ္ခ်င္ေနပုံေပၚတဲ့ အေကာင္ေပါက္ေလးေၾကာင့္ Chanyeol စားပြဲေပၚထက္ တံေတာင္ႏွစ္ဖက္ ေထာက္တင္လို႔ လက္ေခ်ာင္းေတြကို ယွက္သြယ္ထားလိုက္တယ္ ။

" ထင္သေလာက္ ေစ်းမႀကီးပါဘူး ။
cake မုန့္ေလးပဲကို "

မယုံသလို မ်က္လုံးေလးေမွးၾကည့္လာေပမယ့္ ၾကာၾကာမခံဘူး ။ Cake ကို ျပန္အာ႐ုံေရာက္သြားၿပီး တစ္ဇြန္းၿပီး တစ္ဇြန္း မ်က္စိမွိတ္အရသာခံလို႔ ေပ်ာ္ေပ်ာ္ႀကီး စားေနရွာတယ္ ။

အခု သူတို႔တည္ရွိေနတာက ၿခံဝန္းထဲက ေဂါက္ကြင္းက်ယ္ႀကီးရဲ႕ အစပ္မွာ နားေနေဆာင္သဖြယ္ ပတ္ပတ္လည္ မွန္အၾကည္ေတြ အျပည့္နဲ႕ ကာရံတည္ေဆာက္ထားတဲ့ အေဆာင္ေလးထဲမွာ ။

အေဆာင္ေလးလို႔ သုံးႏႈန္းထားေပမယ့္ အမွန္တကယ္က အေတာ္ကိုက်ယ္ဝန္းတဲ့ မွန္လုံအိမ္တစ္ခု ျဖစ္ၿပီး မနက္စာစားဖို႔ စားပြဲရယ္ ေဘးဘက္မွာ Buffet သဖြယ္ ဟင္းပြဲေတြကို ခင္းက်င္းထားတာေတြ ရွိတယ္။ အားလုံးက နာမည္ႀကီး chef ေတြကိုယ္တိုင္ အေသးစိပ္ စီစဥ္ေပးထားတာျဖစ္ၿပီး ခုနက သူစားတဲ့ အခ်ိဳပြဲတစ္ပြဲကို လုပ္ဖို႔ သီးသန့္ငွားထားရတဲ့ မုန့္ဖုတ္ဆရာရဲ႕ တစ္မနက္စာ အခေၾကးေငြပမာဏ ကို သိရင္ ဒီေဆးေက်ာင္းသားေလး စားဝင္နိုင္ေတာ့မွာေတာင္ မဟုတ္ဘူး ။

ပိုက္ဆံကို လိုတာထက္ပိုၿပီး ျဖဳန္းေနမိတာ မွန္ေပမယ့္ Chanyeol တစ္သက္ ဒီေလာက္ေပ်ာ္႐ႊင္ရတဲ့ ေငြသုံးစြဲမႈမ်ိဳး မရွိခဲ့ဘူး ။ သူတစ္သက္တာ အလကားသက္သက္ ရွာေဖြလာခဲ့တဲ့ စည္းစိမ္ေတြက ခုမွ သုံးဖို႔ေနရာမွန္ကို ရွာေတြ႕သြားသလိုပဲ ။

" ျမင္းစီးခ်င္လား ? "

" ဗ်ာ ? "

ေၾကာင္ေတာင္ေတာင္ မ်က္ဝန္းေလးေတြနဲ႕ ျပန္ေမးလာတဲ့ ေကာင္ေလးရဲ႕ ႏႈတ္ခမ္းေထာင့္စြန္းေလးမွာ အနည္းငယ္ေပေနတဲ့ cream ေလးေတြကို Chanyeol တစ္သ်ႉးစေလးနဲ႕ ခပ္ဖြဖြ တို႔ထိသုတ္ေပးရင္း ျပန္ေျဖလိုက္တယ္ ။

" ဟိုး ၿခံရဲ႕ ဘယ္ဘက္ လိေမၼာ္ခင္းေတြ အေက်ာ္မွာ ျမင္းစခန္းရွိတယ္ ၊ သြားၾကည့္ခ်င္လား "

Baekhyun ဟာ ပထမက စိတ္ဝင္စားမႈေၾကာင့္ မ်က္လုံးေလးေတြ ေတာက္သြားေပမယ့္ ေနာက္ေတာ့ တစ္စုံတစ္ခုကို ျဖတ္ခနဲ သတိရသြားတာမို႔ ပါးေလးေတြရဲသြားတဲ့အျပင္ မ်က္ခုံးေလးေတြကပါ မေက်မနပ္ေလး စုႀကဳံ႕သြားရတယ္ ။

" ညက အတူေနၿပီးတာကို ကြၽန္ေတာ္က ခုျမင္းစီးနိုင္ဦးမယ္ ထင္ေနတာလား "

" အာ..Sorry.. ကိုယ္.. "

Chanyeol ဟာ ႐ုတ္တရက္ သူတကယ္ႀကီးေမ့ေနခဲ့တာ ျဖစ္ေၾကာင္း သတိရသြားၿပီးေနာက္ နဖူးကိုလက္ေထာက္ရင္း တဟားဟား ရယ္မိေတာ့တာပဲ ။

" ဟားဟားဟား.. တကယ္ Sorry ကြာ
ကိုယ္ ဘယ္လိုေမ့သြားမွန္း မသိဘူး ၊ တကယ္ပဲ
ဟား "

Baekhyun ဟာ ရွက္စိတ္ေလးကို ကာရံဖို႔ မ်က္ႏွာကို မႈန္ကုပ္ကုပ္ေလး လုပ္ထား႐ုံကလြဲၿပီး မတတ္နိုင္ေတာ့ဘူး ။ ဘာေတြက အဲ့ေလာက္ ရယ္စရာ ေကာင္းေနလို႔လဲ ။

စိတ္တိုင္းက် ရယ္ေမာၿပီးတဲ့ေနာက္ မာဖီးယားႀကီးဟာ ထိုင္ခုံေနာက္မွီေပၚ ျပန္မွီသြားၿပီး သူ႕ႀကီးမားတဲ့ ကိုယ္ထည္ေၾကာင့္ အထက္စီးက ျဖစ္ေနတဲ့ အၾကည့္ေတြနဲ႕ Baekhyun ကို ၿပဳံးရင္း စူးစူးစိုက္စိုက္ၾကည့္ေနတယ္ ။ ေလွာင္ၿပဳံးလည္း မျမည္တဲ့ အၿပဳံးေတြက ၾကင္နာေနတဲ့ ဟန္ပန္မ်ိဳးလည္း မဟုတ္ပဲ ခပ္ေထ့ေထ့ပုံစံမ်ိဳး ။ အဲ့တာက Baekhyun ကို စိတ္လႈပ္ရွားေစတယ္ ။

" ႀကိဳက္တယ္ "

" ဗ်ာ ? "

႐ုတ္တရက္ႀကီး အဆက္အစပ္မရွိ ထေျပာလာသူေၾကာင့္ Baekhyun မ်က္ခုံးတန္းတန္းေလးေတြကို ပင့္လို႔ ေၾကာင္ေတာင္ေတာင္ေလး ျပန္ေမးမိလိုက္တယ္ ။

" ေဘဘီ့ရဲ႕ ခုနကလို ကိုယ့္ကို စိတ္ဆိုးေနတဲ့ပုံေလး ၊
ကိုယ္ အရမ္းႀကိဳက္တယ္ ။ ခ်စ္စရာေလး "

Barkhyun ဟာ ေနရခက္ခက္နဲ႕ မ်က္ေတာင္ေတြ တျဖတ္ျဖတ္ခတ္မိသြားၿပီးတဲ့ေနာက္ ေယာင္ယမ္းၿပီး ဇြန္းကို ေကာက္ကိုင္လိုက္ေပမယ့္ စားစရာ ကိတ္မုန့္က ကုန္ေနၿပီ ။

Chanyeol ဟာ ေခ်ာင္ပိတ္ခံထားရတဲ့ ဟမ္းစတားေလး တစ္ေကာင္လို အျပဳအမူေလးကို ၾကည့္ရင္း သနားလာတာမို႔ ထပ္မစဖို႔ ဆုံးျဖတ္လိုက္ၿပီး တံခါးဝနားက ကတုံးတစ္ေကာင္ကို လက္ေဖ်ာက္တီးၿပီး ေခၚလိုက္တယ္ ။

" Steak ေတြ စားပြဲေပၚမွာ လာခ်ေပးေတာ့ "

" ဟုတ္ကဲ့ Boss "

ဒီလိုနဲ႕ မနက္စာ အတူစားၿပီးတဲ့ ေနာက္မွာေတာ့ အိမ္ျပန္ၿပီး စာလုပ္လိုတဲ့ ေကာင္ေလးေၾကာင့္ Chanyeol အေရာက္ျပန္ပို႔ေပးလိုက္ရတယ္ ။ ခ်စ္သူေလးက ေဆးေက်ာင္းသားေလး ျဖစ္ေနေတာ့လည္း သူအခ်ိန္ေတြအမ်ားႀကီး ဖဲ့ယူလို႔မရဘူး ။

အတူလာေနဖို႔ ေျပာတာမ်ိဳး ၊ အနီးအနားက တိုက္ခန္း ၊ လုံးခ်င္းအိမ္ ဝယ္ေပးဖို႔ ေျပာတာမ်ိဳးဆိုရင္လည္း အလိုမက်သဖြယ္ ညွိုးငယ္သြားတဲ့ မ်က္ႏွာေလးနဲ႕ ျငင္းဆန္တာမို႔ Chanyeol ေအာင့္သက္သက္နဲ႕ပဲ နာခံရတယ္ ။ ဒီေကာင္ေလးရဲ႕ ခံစားခ်က္နဲ႕ မာန တစ္စြန္းတစ္စကိုလည္း သူေလးစားေပးရမယ္ေလ ။ အရာအားလုံးကို သူ႕စိတ္တိုင္းက် အာဏာရွင္ တစ္ေယာက္လို ျပဳမူေနလို႔မရဘူးဆိုတာ သူသိတယ္ ။

ဘယ္လိုပဲျဖစ္ျဖစ္ ဒီေန႕အတြက္ေတာ့ ပိုမိုထပ္တင္းက်ပ္သြားတဲ့ ေသြးသားႏွောင္ႀကိဳးေလးေၾကာင့္ Chanyeol စိတ္ေတြ ၾကည္ေနမိတာ အမွန္ပဲ ။

___________________________________

ညေနဆည္းဆာနဲ႕ အေရာင္ေတာက္ေတာက္ ေကာင္းကင္ေအာက္မွာ တည္ရွိေနတဲ့ ေဂါက္ကြင္းႀကီးဟာ အစိမ္းႏုေရာင္ ျမက္ခင္းေတြ တေမွ်ာ္တေခၚနဲ႕ လွပလြန္းတယ္ ။

ရွပ္အကၤ်ီ လက္ရွည္ကို တံေတာင္ဆစ္ထိေခါက္တင္ထားတာမို႔ လက္ဖ်ံတစ္ေလွ်ာက္က ေသြးေၾကာေတြ ေပၚလြင္ေနတဲ့ လက္ေတြဟာ လက္အိတ္အထူေတြကို ဝတ္ဆက္ၿပီး ေဂါက္တံကို ကိုင္လို႔ ကိုယ္ေနဟန္ထား မွန္မွန္နဲ႕ ေသခ်ာခ်ိန္ဆေနတယ္ ။

ႀကီးမားလြန္းတဲ့ ရင္အုပ္ႀကီးေၾကာင့္ အၿမဲတင္းက်ပ္ေနတတ္တဲ့ ရွပ္အကၤ်ီ ေတြဟာ ဒီတစ္ခါလည္း လည္ပင္းၾကယ္သီး ႏွစ္လုံးေလာက္ အျဖဳတ္ခံထားရတာမို႔ လည္တိုင္းေစာင္းဆီက ထိတ္လန့္ဖြယ္ ေႁမြေခါင္းႀကီးက လွစ္ဟေနတယ္ ။

ထူထဲ နက္ေမွာင္ေနတဲ့ မ်က္ခုံးတန္းေတြဟာ ေရွ႕က ေဂါက္သီးကို ေသခ်ာအာ႐ုံစူးစိုက္ၾကည့္ၿပီး ခ်ိန္လို႔ ကိုယ္ေနဟန္ထား အမွန္နဲ႕ ရိုက္လိုက္ၿပီးတဲ့ ေနာက္မွာေတာ့ ေဂါက္သီးအျဖဴဟာ ဟိုးအေဝးႀကီးကို လွလွပပ လြင့္ထြက္သြားေတာ့တယ္ ။

ေဘးနားက ထြက္ေပၚလာတဲ့ လက္ခုပ္သံဟာ သူ႕ထက္ အနည္းငယ္ပဲ အရပ္ပိုနိမ့္တဲ့ အမ်ိဳးသမီးငယ္ တစ္ဦးဆီက ။

မ်က္ႏွာက ၿပဳံးသည္လည္းမဟုတ္ ၊ ရယ္သည္လည္းမဟုတ္ တည္တည္ၿငိမ္ၿငိမ္ တည္ရွိေနတဲ့ မိန္းမငယ္ေလးဟာ အပိုစကား မဆိုပဲ သူ႕အလွည့္က်ၿပီမို႔ ေရွ႕က ေဂါက္သီးကို ခ်ိန္လိုက္တယ္ ။

ေသသပ္တဲ့ ရိုက္ခ်က္က Chanyeol ထက္ေတာ့ မလွပေပမယ့္ မိန္းကေလးတစ္ေယာက္ အေနနဲ႕ အရည္အခ်င္း ရွိတာကို မျငင္းနိုင္ဘူး ။ Chanyeol လက္ခုပ္တစ္ခ်က္ ႏွစ္ခ်က္ တီးေပးၿပီး အသိအမွတ္ျပဳလိုက္တယ္ ။

" လက္ရည္တက္လာတာပဲ "

" Compamy က ရွယ္ရာရွင္ေတြနဲ႕ ခဏ ခဏ လိုက္ရိုက္ျဖစ္တယ္.. အဲ့တာမို႔ "

မိန္းကေလးေပမယ့္ မိန္းကေလးလို႔ မဆိုသာတဲ့ သူမဟာ Chanyeol နည္းတူ ရွပ္အကၤ်ီအျဖဴကို ေဘာင္းဘီရွည္အနက္ထဲ ခါးျမႇုပ္ဝတ္ထားၿပီး နက္ေမွာင္တဲ့ ဆံပင္ရွည္ေတြကိုလည္း ေနာက္မွာ စုစည္းထားတယ္ ။

သူမ လႈပ္ရွားလိုက္တိုင္းမွာ ယိမ္းခါသြားတဲ့ ဆံပင္ေတြနဲ႕ တည္ၿငိမ္တဲ့ ဟန္ပန္ေတြက သူမဟာ ထက္ျမက္တဲ့ မိန္းမတစ္ဦးျဖစ္မွန္း လူတိုင္းကို ျပသေနသလိုပဲ ။

လက္ရွိ Chanyeol ေနာက္ကြယ္ကေန မာဖီးဂိုဏ္းအေနနဲ႕ ခ်ယ္လွယ္ေနတဲ့ Company ေတြရဲ႕ တစ္ဆင့္လက္ေအာက္ခံ ခ်ဳပ္ကိုင္သူ အမ်ိဳးသမီး CEO ။

" ဟိုတစ္ေခါက္က ရွယ္ယာေစ်း ကိစၥေတြေရာ ျပန္အဆင္ေျပသြားၿပီလား ? "

" တစ္ဖက္ Company ကို သတင္းခိုးေရာင္းေနတဲ့သူေတြ ရွိတယ္ေလ ။ ေကာင္းေကာင္း ကိုင္တြယ္ လိုက္နိုင္ပါတယ္ "

29 ႏွစ္အ႐ြယ္ သူမရဲ႕ လုပ္ေဆာင္ခ်က္ေတြကေတာ့ အ႐ြယ္နဲ႕ မလိုက္ေအာင္ အံ့မခန္းပဲ ။

Chanyeol နဲ႕ အမ်ိဳးသမီးငယ္ဟာ တစ္ေယာက္မ်က္ႏွာကို တစ္ေယာက္မၾကည့္ပဲ ေဂါက္ရိုက္ျခင္းကိုသာ အာ႐ုံစိုက္လို႔ အလုပ္ကိစၥေတြ ေဆြးႏြေးေနၾကၿပီး အခ်ိန္ခဏၾကာတဲ့အခါ သူတို႔နားကို တပည့္ ဂိုဏ္းသားတစ္ဦးေရာက္လာတယ္ ။

" Boss... သတင္းေပးစရာ တစ္ခုရွိပါတယ္ "

ေရာက္ေရာက္ခ်င္း ဦးၫႊတ္ၿပီး အေရးတႀကီး ေျပာလာတဲ့ ဂိုဏ္းသားတစ္ေယာက္ေၾကာင့္ Chanyeol ေဂါက္သီးကို ခ်ိန္ေနတာကို ရပ္လို႔ ေနာက္ကို လွည့္ၿပီး နားေထာင္ေပးလိုက္တယ္ ။ ေဘးဘက္က အမ်ိဳးသမီးငယ္ကေတာ့ သူမနဲ႕ မဆိုင္သလိုေနရင္း ေဂါက္ပဲ ဆက္ရိုက္ေနတယ္ ။

" ေဆာက္လုပ္ေရးစာခ်ဳပ္ ေရာင္းဝယ္မႈမွာ ကြၽန္ေတာ္တို႔ေပးလိုက္တဲ့ စိန္ေတြ လဲလွယ္ခံလိုက္ရတယ္လို႔ သိရွိရပါတယ္ "

Chanyeol ရဲ႕မ်က္ခုံးထူထူေတြဟာ ခ်က္ခ်င္း စုႀကဳံ႕လို႔ မ်က္ႏွာက အလိုမက်ျဖစ္သြားတယ္ ။

တာဝန္သိတဲ့ ဂိုဏ္းသားဟာ ခ်က္းခ်င္းပဲ ေျမျပင္ေပၚက္ို ဒူးတိတိပပ ေထာက္ခ်လာၿပီး ေခါင္းငုံ႕လို႔ အျပစ္ကို ဝန္ခံတယ္။

" ေတာင္းပန္ပါတယ္ Boss
ကြၽန္ေတာ့္ ေပါ့ဆ မႈေၾကာင့္ပါ..
Driver အေယာင္ေဆာင္ထားတဲ့ လူကို ေသခ်ာမစစ္ေဆးမိပဲ.."

ေဖာင္း !!!!

ထိုဂိုဏ္းသားဟာ စကားဆုံးေအာင္ ေျပာခြင့္မရခင္မွာပဲ ပါးေစာင္တစ္ဖက္ကို ေဂါက္တံနဲ႕ အရွိန္ျပင္းစြာ ရိုက္ခံလိုက္ရတယ္ ။ ဖြာထြက္သြားတဲ့ ေသြးစက္ေတြဟာ ျမက္ခင္းစိမ္းထက္က အပင္ဖ်ားေလးေတြထက္မွာ အကုန္စြန္းေပ ကုန္တယ္ ။

ပါးတစ္ဖက္ဟာ ခ်က္ခ်င္းကို ေယာင္ကိုင္းသြားၿပီး ႏႈတ္ခမ္းေထာင့္စြန္းက ေသြးေတြ စက္လက္စီးက်ေနေပမယ့္ ထိုဂိုဏ္းသားဟာ မ်က္ႏွာတစ္ခ်က္မပ်က္ပဲ ပ်က္ယြင္းသြားတဲ့ ခႏၶာကိုယ္အေနအထားကို ျပန္ျပဳျပင္လို႔ မတ္မတ္ ျပန္ထိုင္တယ္ ။

" ေတာင္းပန္ပါတယ္ Boss "

Chanyeol ဟာ စိတ္အလိုမက် ျဖစ္ေနေပမယ့္ ေဒါသေတြက မ်က္ႏွာေပၚထက္ မေပၚလြင္ဘူး ။ ေအးေဆးစြာပဲ ေဂါက္တံကို ေဘးက အိတ္ထဲ ျပန္ေထာင္ထည့္လိုက္ၿပီး လက္အိတ္ထူေတြကို ခြၽတ္ရင္း ခပ္ေအးေအး ေမးလိုက္တယ္ ။

" အစားထိုးစိန္ေတြ ျပန္ရဖို႔ ဘယ္ေလာက္ေစာင့္ရမလဲ "

ဒီတစ္ခါေတာ့ သူ႕အေမးကို ေျဖလာတာက ေဘးဘက္မွာ ေဂါက္ေအးေအးေဆးေဆး ဆက္ရိုက္ေနတဲ့ အမ်ိဳးသမီးငယ္ဆီကပဲ ။

" အာဖရိကဘက္က ျပန္မွာဖို႔ဆို အနည္းဆုံး တစ္လနီးပါးေတာ့ အခ်ိန္ယူရမယ္ "

Chanyeol ဟာ ေခါင္းညိတ္ရင္း ေျမျပင္ေပၚ ဒူးေထာက္ေနဆဲ ဂိုဏ္းသားကို ျပန္ၫႊန္ၾကားလိုက္တယ္ ။

" စာခ်ဳပ္ကို မပ်က္ေစနဲ႕ !
သူတို႔ ရည္႐ြယ္ခ်က္က စိန္ကိုလိုခ်င္တာ မဟုတ္ဘဲ စာခ်ဳပ္ကို ပ်က္ေစခ်င္တာ ။ တစ္ဖက္ သူ႒ေးကို အေၾကာင္းျပန္ထားလိုက္ ။ ငါ စိန္ေတြကို အစားထိုးျပန္ေပးမွာမို႔ အျခားလူနဲ႕သာ စာခ်ဳပ္ေျပာင္းလဲ ခ်ဳပ္ဆိုရင္ သူ႕ဘက္ကလည္း အဖိုးအချပန္ေပးရမယ္လို႔ "

" ဟုတ္ကဲ့ပါ Boss "

Chanyeol အတြက္ေတာ့ ဒီညေနဟာ စိတ္ၾကည္ၾကည္လင္လင္နဲ႕ ေဂါက္ဆက္ရိုက္နိုင္ေတာ့မွာ မဟုတ္ဘူး ။ သူေဘာင္းဘီအိတ္ေတြထဲ လက္ထည့္ထားရင္း စံအိမ္ေတြ ဘက္ကိုပဲ ျပန္ေလွ်ာက္လာခဲ့ေတာ့တယ္ ။

_________________________________

Continue Reading

You'll Also Like

251K 40.3K 103
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
821K 69.5K 38
Title - သူကြီးကတော် Type - တောရွာ။ Start date - 12 January 2021 End date - 8 September 2021 Unicode and Zawgyi
46.1K 2.8K 31
❌❌Not translation plz don't put in wrong RL Not manga❌❌ (*Own creation) Unicode~~Zawgyi~~(Completed story) *"ရွက်​ကြွေ" အချစ်ဆိုတာ တစ်သက်မှာတစ်ခါဘ...
60.3K 9.2K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...