အပိုင်း (၂၃)
နေဗီပြာကမ္ဘာကို နှုတ်ဆက်ခြင်း
နွေးနေခြည်နုနုဟာ အိမ်၀န်းကလေးထဲသို့ အတားအဆီးမဲ့စွာပင် လွတ်လွတ်လပ်လပ် ဖြာကျလျက်ရှိသည်။ ဒီနေ့ ဂျီမင်းတစ်ယောက် စောစောစီးစီးပင် အိပ်ရာနိုးနေကာ နိုးနိုးချင်း ရင်ခုန်စိတ်လှုပ်ရှားစွာပင် ပြုံးလိုက်မိသည်။
အိပ်ရာထက်မှာ ဂဏှာမငြိမ်ဘဲ လှုပ်စိလှုပ်စိဖြစ်နေတဲ့ ဂျီမင်းကြောင့် အိပ်ရေးဆတ်တဲ့ တီမိုသီတစ်ယောက် လူးလူးလွန့်လွန့်နဲ့ပဲ နိုးသွားရသည်။
"အစောကြီး နိုးနေတာလား"
"အင်း ရင်ခုန်နေလို့"
တီမိုသီသည် ကောင်းစွာ မျက်လုံးမပွင့်သေးသည့်တိုင် အမှန်တကယ် စိတ်လှုပ်ရှားနေသည့် ဂျီမင်းကြောင့် ရယ်လိုက်မိသည်။ ထို့နောက် မပြောမဆိုပင် ဂျီမင်းအား ရင်ခွင်ထဲ ဆွဲသွင်းကာ ခေါင်းလုံးလုံးလေးအား တစ်ချက်နမ်းလိုက်သည်။
"အိပ်ပါဦး"
"ငါ အိပ်မရတော့ဘူး။ ဘယ်လိုလုပ်မလဲ"
ရင်ခွင်ထဲကနေ လှုပ်စိလှုပ်စိဖြစ်နေသည့် လူသားလေးကို နဂိုထက် နှစ်ဆလောက်မြှင့်ကာ သိမ်းကျုံးပြီး အားရပါးရပင် ဖက်ပစ်လိုက်သည်။
"လွှတ်ဦး။ ငါ သေတော့မယ် တီမိုသီ"
အတင်းအကျပ်ဖက်လိုက်တော့ ရုန်းထွက်လာတာမို့ ခိုးပြုံးလိုက်ပြီး အင်နဲ့အားနဲ့ ထွေးဖက်ထားသည့် လက်တွေကို စိတ်ချမ်းသာသွားအောင် အသာဖြေလျော့ပေးလိုက်သည်။
တီမိုသီရဲ့လက်တွေထဲက လွတ်မြောက်သွားသည့် ဂျီမင်းက ခေါင်းထက်တွင် အနည်းငယ် ပွစတက်နေသည့် ဆံပင်နက်နက်လေးများနှင့်အတူ ကုန်းရုန်းထလိုက်ပြီး ငုတ်တုတ်ထထိုင်သည်။ ထို့နောက် လဲလျောင်းနေဆဲဖြစ်သည့် တီမိုသီ့ကိုယ်ပေါ်ကနေ ကျော်ခွကာ ကုတင်အောက်ကို ဆင်းသွားသည်။
"တီမိုသီ အပြင်မှာ မိုးလင်းနေပြီ"
ပြတင်းတံခါးဆီက လိုက်ကာတွေကို ခွာကြည့်ပြီးနောက် ပြန်အိပ်ဖို့ပြင်နေသည့် တီမိုသီအား လှည့်ပြောလာသည်။
"စောသေးတယ်"
"တကယ်လား"
"အင်း"
တီမိုသီက လှဲအိပ်နေရင်းကနေ လက်လှမ်းလာတာမို့ ကမ်းပေးလာသည့် လက်ဖဝါးကြီးထဲ ဂျီမင်းက သူ့လက်ကလေးတစ်ဖက် ထည့်လိုက်ကာ ကုတင်ပေါ်ကို ပထမတုန်းကလိုပဲ တီမိုသီ့ကိုယ်ကြီးအား ကျော်ခွကာ ပြန်တက်လာသည်။
တီမိုသီသည် သဘောကျလွန်းသွားတာမို့ အသံထွက်အောင်ပင် ရယ်မောလိုက်မိသည်။ ပြီးသည်နှင့် ဂျီမင်းကိုယ်လေးအား ဆွဲချလိုက်ပြီး သူ့နံဘေးမှာ ပြန်ပြီးအိပ်စက်စေသည်။ သို့သော် ဂျီမင်းက အိပ်ရေး၀နေသည့် ကလေးတစ်ယောက်လို မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ တော်တော်နှင့် ပြန်မအိပ်။
"အဲ့လောက် စိတ်လှုပ်ရှားလား"
"အင်း အရမ်းပဲ"
တီမိုသီသည် ခန္ဓာကိုယ်အား မှောက်လျက်အနေအထားသို့ ပြောင်းလိုက်ပြီး မိမိနံဘေးမှ အငြိမ်မနေချင်သည့် ဂျီမင်းကိုသာ အကြည့်မလွှဲတမ်း ဆက်တိုက်ဆိုသလို ငေးစိုက်ကြည့်နေခဲ့သည်။ ထို့နောက် တီမိုသီ၏ နှုတ်ခမ်းပါးတို့ဆီမှာ အပြုံးရိပ်များ ထင်ဟပ်လာခဲ့သည်။
ပါးပြင်တစ်ဖက်က နွေးခနဲဖြစ်သွားတာမို့ နဂိုကတည်းက အခုန်မြန်နေသည့် ရင်ခုန်သံတွေကြား တီမိုသီအား မျက်လုံးစွေကာ ကြည့်လိုက်မိသည်။ ပါးပြင်ဆီကနေ ကူးပြောင်းသွားသည့် အနွေးဓာတ်ကလေးက လည်တိုင်ဆီ ရောက်သွားရသည်။
ဂျီမင်းသည် မနေတတ်သလို ဖြစ်သွားရကာ ယားသလိုလည်း ရှိတာကြောင့် နွေးနွေးထွေးထွေး ရှိနေသည့် အခန်းလေးထဲ ရယ်သံလွင်လွင်လေးတစ်ခုက ထွက်ကျလာခဲ့သည်။
"တီမိုသီလို့~"
အသံနောက်တွင် လည်တိုင်ကြားထဲ နစ်မြှုပ်နေသည့် မျက်နှာတစ်ခုက ပြန်ပြီး ပေါ်ထွက်လာခဲ့သည်။ ဂျီမင်းသည် အကြည့်ချင်းတွေ ဘာတွေ ဆုံတဲ့အချိန်ထိ မစောင့်တော့ဘဲ မြန်မြန်ဆန်ဆန်ပင် ခေါင်းထောင်ကာ တီမိုသီ့နှုတ်ခမ်းတွေကို လှစ်ခနဲပင် နမ်းပစ်လိုက်သည်။
စက္ကန့်ပိုင်းလေးသာ ကြာလိုက်ပြီး ပြန်ခွာကာ မျက်၀န်းအိမ်တို့ ပိုမိုမှေးကျဉ်းသွားသည်အထိ ပြုံးရယ်လိုက်သည်။ သို့သော် လမ်းတ၀က်မှာပင် အရယ်အပြုံးတို့ ရပ်သွားကာ ဂျီမင်းရဲ့ မျက်နှာလေးဟာလည်း တီမိုသီ၏ လက်နှစ်ဖက်နှင့် တစ်ဖက်တစ်ချက်စီ ညှပ်ယူခံလိုက်ရသည်။
"ငါ မင်းကို ချစ်လိုက်တာ ဂျီမင်း"
ပြောပြီးသည်နှင့် နီးကပ်ကျလာသည့် မျက်နှာကြောင့် အလိုလိုပင် မျက်လုံးတွေကို မှိတ်လိုက်မိသည်။ သူ့မျက်နှာအနှံ့ နေရာလွတ်မရှိအောင် ကြဲချနေသော အကြင်နာတွေဟာ နူးနူးညံ့ညံ့ရှိလွန်းလှသည်။ တဆက်တည်းမှာပဲ နွေးထွေးကာ သဘောကျဖို့ ကောင်းလွန်းနေပြန်သည်။
နေရာမလပ် ရွာချပေးနေသော အကြင်နာတွေ အရှိန်ရပ်တန့်သွားသည့်အခါ ဂျီမင်းကလည်း ပြောလိုက်သည်။
"ငါလည်း မင်းကို ချစ်လိုက်တာ တီမိုသီ"
အိပ်ရာမထခင် နောက်ဆုံးအကြိမ် နှုတ်ခမ်းတွေချင်း ထိကပ်လိုက်ပြီးနောက် ဂျီမင်းသည် တီမိုသီ့လက်ကို ဆွဲကာ မျက်နှာသစ်ဖို့အတွက် ရေချိုးခန်းဆီ ဆွဲခေါ်ခဲ့တော့သည်။
"တီမိုသီ အပျင်းမကြီးနဲ့လို့"
ရေချိုးခန်းတံခါးကို မှီကာ အိပ်ချင်ယောင်ဆောင်နေသော တီမိုသီဟာ ငါတို့အရင်က သိထားခဲ့တဲ့ ကောင်းကင်တမန်တော်ကြီးမှ ဟုတ်ပါစ။ ဂျီမင်းက ဘယ်လောက်ပဲ တွန်းလွှတ်နေနေ ပြုံးစိစိမျက်နှာထားနှင့်အတူ မျက်လုံးမဖွင့်ဘဲ တောက်တဲ့တစ်ကောင်လို အခန်းပေါက်မှာ မပြောင်းမလဲ မတ်တပ်ကြီး။
တီမိုသီရဲ့ အလေ့အကျင့်တွေထဲမှာ ဂျီမင်းကို စနောက်ရတာ သဘောကျတတ်ကြောင်း အသစ်ထည့်ရေးပေးပြီး ပြင်ဆင်ဖို့တော့ လိုနေပြီထင်တယ်။
"သွားပါဆို"
ပြောမရသည့်အဆုံး ဂျီမင်းသည် အိပ်ရာပေါ်ကို ခပ်သွက်သွက်ပင် ပြန်တက်သွားခဲ့သည်။ ပြန်အိပ်ဖို့တော့ မဟုတ်ပါ။ ခေါင်းအုံးယူကာ တီမိုသီအား ရိုက်ပစ်ဖို့ဖြစ်သည်။
"တော်ပြီ။ တော်ပြီ မစတော့ဘူး"
ကုတင်ပေါ်ကနေ ခေါင်းအုံးကြီးကိုင်ထားသည့် ဂျီမင်းကို အသာလက်ကာပြကာ တီမိုသီက ပြောလာသည်။
"သွားလေ"
"သွားနေတယ်"
တီမိုသီ ကျောလှည့်သွားသည်နှင့် ဂျီမင်းသည် လက်ထဲက ခေါင်းအုံးပစ်ချလိုက်သည်။ ထို့နောက် ကုတင်အစွန်းကနေ တီမိုသီ့ကျောပေါ်ကို ခုန်တက်လိုက်တော့သည်။ ကျောပေါ်ရောက်သွားသည့်အခါ လက်တွေက အလိုအလျောက် ထိန်းပေးပြီးသား။
ဂျီမင်းကို ကျောပိုးလျက် အနေအထားနဲ့ပဲ ရေချိုးခန်းထဲကို ၀င်ခဲ့ပြီး သွားတိုက်ခဲ့ကြသည်။ လက်တစ်ဖက်က သွားတိုက်နေပြီး ကျန်လက်တစ်ဖက်က ကျောပေါ်က ဂျီမင်းကို ထိန်းထားသည်မှာ ပေါ့ပေါ့ပါးပါးပင်။
ငါတို့ရဲ့ တီမိုသီက ထင်ထားတာထက်ပိုပြီး ဂျီမင်းကို အလိုလိုက်သတဲ့လေ။ ဂျီမင်းက သူ့အတွက် တစ်သက်တာ ထွေးပွေ့ထားချင်စရာ ပြာလွင်ကောင်းကင်အောက်က သက်ရှိကလေးပေမို့။
"မနက်စာ ရပါပြီ"
ထမင်းစား,စားပွဲမှာ ထိုင်နေသည့်လူရှေ့ အငွေ့တထောင်းထောင်းထနေသည့် မနက်စာကို ချပေးလိုက်တော့ မျက်၀န်းတွေက လက်ခနဲ။
"မင်းက ဒီလောက် ဟင်းချက်တော်တာကို မသိဘဲ ငါက ချက်ကျွေးခဲ့မိသေးတယ်"
ဂျီမင်းက တီမိုသီပြင်ဆင်ပေးထားသည့် မနက်စာကို အားရပါးရ စားနေရင်းက တစ်ခါက ရှက်ဖွယ် အကြောင်းအရာကို တူးဆွလိုက်သည်။ မိုးဖွဲမနက်ခင်းတစ်ခုရဲ့ ငံတူးနေသော သီးစုံကြက်ဥချောင်းကြက်ဥမွှေကြော်။
"အဲ့တုန်းက တော်တော်လေး ငံနေခဲ့တာ"
"အဲ့ဒါကို မပြောဘဲ ကြိတ်စားတယ်"
တီမိုသီက ရယ်ရယ်မောမောပင် ပြန်ပြောပြနေသည်။ မနက်စာစားနေသည့် ဂျီမင်းရဲ့ ပန်းကန်ထဲသို့ အသားတွေ ပိုထည့်ပေးဖို့လည်း မမေ့မလျော့ရှိကာ မပျက်ကွက်ခဲ့။
"ဘာပဲဖြစ်ဖြစ် ခု မင်းက ငါ့အတွက် စားဖိုမှူးဖြစ်သွားပြီ"
ကောင်းကင်တမန်တော်ကနေ ဂျီမင်းရဲ့ သီးသန့်စားဖိုမှူးအဖြစ် တရား၀င် ရာထူးတက်သွားပြီမို့ အခမ်းအနားလေး ဘာလေးများ ကျင်းပဖို့ လိုလိမ့်ဦးမလား။
"ကျန်တာ ကံမကောင်းပေမဲ့ ငါက ယောကျာ်းရတော့ ကံကောင်းတယ်မလား"
ဂျီမင်းက သူ့ဘာသူပြောပြီး သူ့ဘာသူ သဘောကျသွားကာ ခုံကို တစ်ချက်ရိုက်လိုက်ပြီး အကျယ်ကြီး အော်ရယ်လိုက်သည်။ ဒါက သူတို့ အတူတူနေပြီးနောက် ပေါ်လာတတ်တဲ့ ဂျီမင်းရဲ့ အကျင့်တစ်ခု။
"ဟုတ်တယ်မလား"
တီမိုသီက ဂျီမင်းကိုကြည့်ပြီး ပြုံးတုံ့တုံ့လုပ်ကာ ခေါင်းတစ်ချက် ငြိမ့်ပြသည်။
"ငါကတော့ ဘာမှမလုပ်တတ်ဘူး ဟီးဟီး"
ပြောတာ စောနေသေးတယ်လို့ စနောက်လိုက်ချင်ပေမဲ့ မနက်စာကို အားပါးတရ စားနေသည့် ပုံရိပ်လေးကို အသာငေးရင်း ဒီအတိုင်းလေး ပြုံးပြီး ကြည့်နေလိုက်တော့သည်။
ဒီနေ့အတွက် TMIကတော့ ဂျီမင်းရဲ့ လျှော်ပြီးသား အ၀တ်အစားတွေကို ထုတ်လှန်းတာကအစ တီမိုသီကပဲ လုပ်ပေးတယ်ဆိုတာပါပဲ။
အမှန်ပဲ။ မင်းတို့ ထင်ထားသလို ဂျီမင်းက နေဗီပြာရဲ့တစ်ဖက်ခြမ်းမှာ ကောင်းကင်တမန်တော်ကြီးဆီကနေ ရက်ရက်စက်စက် အချစ်ခံနေရတယ်။ တစ်လောကလုံး မနာလိုရလောက်တဲ့အထိ။ ဒီအကြောင်းကို ဖတ်နေတဲ့သူတွေ သွေးတက်လောက်တဲ့အထိ။
"သွားကြစို့"
နှစ်ခါပင် ပြောစရာမလို၊ စကားမဆုံးခင်မှာပဲ ဂျီမင်းက အိမ်ကလေးရဲ့ အရှေ့ကို ရောက်သွားကာ ဂျစ်ကားစိမ်းလေးပေါ် တက်ထိုင်ပြီးသား။
ဂျစ်ကားစိမ်းလေးရဲ့ ဦးတည်ရာက လေယာဉ်ကွင်းဖြစ်သည်။ သွားနေသည့် တလျှောက်လုံး ဂျီမင်းဟာ စိတ်လှုပ်ရှားလို့နေကာ ရင်တွေလည်း အဆက်မပြတ် အခုန်မြန်နေခဲ့သည်။ ဒီနေ့က သူ့အတွက် တခြားရက်တွေနဲ့ မတူညီသော စံချိန်တင် နေ့ရက်ကလေး တစ်ရက်ပါပဲ။
လေယာဉ်ကွင်းလေးထဲ မောင်း၀င်လာသည့် ဂျစ်ကားစိမ်းလေး စက်ရပ်သွားသည်နှင့် ဂျီမင်းက အလျင်အမြန်ပင် ကားပေါ်က ဆင်းခဲ့လိုက်သည်။ ပြီးနောက် လေယာဉ်ပြေးလမ်းပေါ်မှာ ရပ်ထားသည့် နေဗီပြာရောင် တိုက်လေယာဉ်ကြီးကို အသေအချာ မော့ကြည့်နေမိသည်။
သူ တကယ်ပဲ တီမိုသီနဲ့အတူ ပျံသန်းခွင့်ရတော့မယ်!
တိုက်လေယာဉ်ကြီးကို တမေ့တမော ငေးကြည့်နေတုန်းမှာပဲ တီမိုသီက သူ့ကို ဦးထုပ်ဆောင်းပေးလာသည်။ မပျံသန်းခင် တီမိုသီပြောပြထားသည့် အကြောင်းအရာများနှင့် အနေအထားများကိုလည်း စိတ်က ပြန်ပြန်ပြီး မှတ်သားနေမိသည်။
"ဂျီမင်း"
"ဟင်"
အပြာရောင် ကောင်းကင်တမန်တော်၀တ်စုံကို ၀တ်ဆင်ထားသည့် တီမိုသီက ဂျီမင်းရဲ့ လက်တစ်ဖက်ကို အသာထွေးဆုပ်ကိုင်လာသည်။ ထို့နောက် မျက်နှာချင်းဆိုင်စေသည်။
"အတူပျံသန်းကြရအောင်"
လေးလေးနက်နက် ပြောလာသည့် တီမိုသီ၏ စကားနောက်တွင် အပြုံးတွေကြားက မရေမတွက်နိုင်အောင် ခေါင်းငြိမ့်ပြမိသည်။ ငါတို့ အတူပျံသန်းကြမယ် တီမိုသီ။
အပြန်အလှန် ဆုပ်ကိုင်ထားသည့် လက်တစ်ဖက်ကို မလွှတ်တမ်း ဆွဲကိုင်ထားရင်းက နေဗီပြာရောင် တိုက်လေယာဉ်ကြီးဆီကို ဦးတည်ခဲ့ကြသည်။ ထပ်တူကျနေသော ခြေလှမ်းနှစ်စုံရယ်၊ နှလုံးသားနှစ်ခုရယ်၊ နေဗီပြာချစ်ခြင်းများရယ် ပြည့်စုံစွာ…။
စက်သံကျယ်ကျယ်ကြား ထွက်ခွာလာခဲ့သည့် နေဗီပြာရောင် တိုက်လေယာဉ်တစ်စီးသည် အရှိန်ရလာခဲ့ပြီး အဆုံးတွင် လေယာဉ်ပြေးလမ်းကို စွန့်ခွာကာ ကောင်းကင်ဆီသို့ ထိုးတက်သွားခဲ့သည်။
မြင်နေရသည့် ကမ္ဘာမြေကြီးဟာ သေးငယ်သွားခဲ့သည်။ ထူးခြားဆန်းသစ်နေမှုဟာ နေ့ဘက်မှာ ကြယ်တွေကြွေသလို ခံစားချက်မျိုး။ အရာအားလုံးဟာ ရင်သပ်ရှုမောဖွယ်။ တိုက်လေယာဉ်ရဲ့ ခြေရာဖွေးဖွေးတို့ကလည်း အနောက်တွင် ထင်ထင်ရှားရှား။
လေယာဉ်မောင်းရာတွင် အတိမ်းအစောင်း ကျွမ်းကျင်သည့် ၁၉၅၈ခုနှစ်ရဲ့ ထူးချွန်လှသော ကောင်းကင်တမန်တော်ကြီးဟာ ဂျီမင်းဆိုသည့် သက်ရှိလေးနှင့် တွေ့တဲ့အခါ နှလုံးသားသည် တည့်တည့်၀င်တိုက်ခဲ့မိသည်။
ဒီနေ့ဟာ ဂျီမင်းနဲ့အတူ ပျံသန်းခွင့်ရခဲ့တဲ့ နေ့ရက်။ ဘယ်သောအခါမှ မေ့ပျောက်မသွားတော့မည့်၊ လေးရာသီပတ်လုံး စွဲထင်ကျန်နေမည့် သူ့နှလုံးသားနှင့်အတူ ပျံသန်းခဲ့ရသော နေ့ရက်။
ထပ်လောင်း ပြောရမည်ဆိုလျှင် ဤပျံသန်းမှုသည် နေဗီပြာကမ္ဘာမှာ တစ်သက်တာ အမှတ်ထင်ကျန်ရှိနေမည့် ဂန္တ၀င် ပျံသန်းမှုတစ်ခုပါ။ နှလုံးသားနဲ့ လွှတ်တင်လိုက်တဲ့ အပြာရောင် စွန်လေးဟာ ဝေဟင်ထက်တွင် လှလှပပ ဝေ့ကာဝဲကာ။
"ငါ့ ခြေထောက်တွေ မြေကြီးနဲ့တောင် မထိသလိုပဲ"
ဂျီမင်းသည် ရင်ဘတ်ကိုဖိကာ ခေါင်းမှ ဦးထုပ်ကို ချွတ်ပေးနေသည့် တီမိုသီအား တတွတ်တွတ် ပြောလျက်ရှိသည်။
"ဒီမှာ ကြည့်ဦး။ ငါ ရင်တွေ တအားခုန်နေတာ"
တီမိုသီရဲ့ လက်တစ်ဖက်ကို ဆွဲယူကာ ရင်ဘတ်ပေါ် တင်ပေးလိုက်ရင်း နှလုံးခုန်သံကို ခံစားကြည့်ခိုင်းလိုက်သည်။ အစကနေ အဆုံးအထိ အပြုံးတစ်ပွင့်ကို ချိတ်ဆွဲထားသည့် တီမိုသီရဲ့ နှုတ်ခမ်းတွေ ပိုပြီးကော့တက်သွားခဲ့သည်။
"ဂျီမင်း"
"အင်း"
အခုလေးတင် ပျံသန်းခဲ့ရသည့် အတွေ့အကြုံကြောင့် တစ်ယောက်တည်း ရင်တွေခုန်ကာ အလုပ်ရှုပ်နေတုန်း တီမိုသီက သူ့လက်တစ်ဖက်ကို မြှောက်ယူလိုက်ပြီး ဘောင်းဘီအိတ်ကပ်ထဲမှ တစ်စုံတစ်ရာကို ထုတ်ယူလာသည်။
"ထာ၀ရ အတူတူပျံသန်းကြမယ်မလား"
ငွေရောင် လက်စွပ်ကလေးက တီမိုသီ့လက်ထဲမှာ ဂျီမင်းကို ပြုံးပြလို့နေသည်။ ဂျီမင်းသည် ဘာပြောရမှန်းမသိအောင် ဖြစ်သွားရကာ မျက်ရည်တွေပင် ဝဲတက်လာရပြီး ပါးစပ်ကို ကျန်လက်တစ်ဖက်နှင့် အုပ်လိုက်မိသည်။
ဘုရားရေ တီမိုသီက သူ့ကို လက်ထပ်ခွင့်တောင်းနေပြီ!
"ကိုယ့် တစ်သက်တာလုံး မင်းနဲ့အတူ ပျံသန်းပါရစေ ဂျီမင်း"
ဂျီမင်းသည် ပြိုကျလာသည့် မျက်ရည်များနှင့်အတူ နေဗီပြာရောင် တိုက်လေယာဉ်ဘေးတွင် ခေါင်းကို ဆက်တိုက်ငြိမ့်လိုက်မိသည်။ ငွေရောင် လက်စွပ်ကလေးဟာလည်း လက်သူကြွယ်ထက်မှာ လှလှပပလေး နေရာယူလျက်။
မျက်ရည်တွေကြားက လက်စွပ်ကလေးကို ကြည့်နေမိသည့် ဂျီမင်းရဲ့ နဖူးပြင်ထက်ဆီသို့ ကောင်းကင်တမန်တော်ဟာ အကြင်နာလှလှတစ်ပွင့်ကို အနူးညံ့ဆုံး ခြွေချလိုက်သည်။ ထာ၀ရအတွက် မင်းဆီမှာ ပုံအပ်မဲ့ ငါ့မြတ်နိုးရခြင်းတွေပါ ဂျီမင်း။
ထာ၀ရအတွက်
မင်းက ငါ့ရဲ့ ဝေဟင်ပြာ။
ပြာလွင်ကောင်းကင်အောက်က နေဗီပြာရောင် တိုက်လေယာဉ်ဘေးတွင် အကြင်နာအနမ်းတို့ အထပ်ထပ်အခါခါ ပွင့်လန်းရသည်။ ထာ၀ရအတွက် မင်းဆီမှာ အခြေချမဲ့ ငါ့ချစ်ခြင်းတွေပါ တီမိုသီ။
ထာ၀ရအတွက်
မင်းက ငါ့ရဲ့ ကောင်းကင်တမန်တော်။
အချစ်တို့ ထုံမွှမ်းသော ပြီးပြည့်စုံတဲ့ ကမ္ဘာတစ်ခု အဖြစ် ထာ၀ရ ပေါင်းစည်းသွားစေဖို့ ကျန်ရှိ ကမ္ဘာတစ်ခြမ်းရဲ့ ကြိုးစားအားထုတ်မှုကို အတူကြည့်လိုက်ကြရအောင်။
"ဘရီယန်"
ဂျောင်ကုသည် သေချာသွားအောင် မျက်လုံးတွေကို နှစ်ခါပင် ပွတ်ကြည့်လိုက်သည်။ မြင်တွေ့နေရတာက အမှန်တကယ်ပင် ဖြစ်နေတာမို့ အမြန် တံခါးဖွင့်ပေးလိုက်သည်။
"၀င်…၀င်ပါ"
ထစ်အစွာ ပြိုဆင်းလာသည့် စကားသံတွေကို ဘရီယန်က ဂရုမစိုက်စွာပင် အိမ်ကလေးထဲကို ၀င်လာခဲ့သည်။ ခွေးကလေးကူပီနဲ့ ကြောင်ညိုလေးရှာရှာက ဘရီယန်ကိုမြင်တော့ အနားကို အပြေးရောက်လာကြပြီး ပွတ်သီကပ်သီ လုပ်လို့နေသည်။
ငါလည်း မင်းတို့ကို လွမ်းနေတာပါကွာ။
"ဘာမှ မပြောင်းလဲဘူးပဲ"
တီးတိုးရေရွတ်ကာ ဂျောင်ကုရှိရာဘက်ကို ပြန်လှည့်လိုက်သည်။ အပြာရောင် လည်စည်းပုဝါ တစ်ထည်နှင့် ဘရီယန်က မသဲမကွဲ အပြုံးတစ်ပွင့်နှင့်အတူ ဂျောင်ကုကို ကြည့်လို့နေသည်။
"ငါ လက်ဖွဲ့လာယူတာ"
ပြုံးပြုံးကလေး ပြောလာသည့် ဘရီယန့်စကားအဆုံးတွင် ဂျောင်ကုသည် အတတ်နိုင်ဆုံး မျက်နှာမပျက်အောင် ထိန်းလိုက်ရင်းက ခေါင်းငြိမ့်ပြသည်။
စက်တင်ဘာ တစ်ရက်နေ့။
ဒီနေ့ကလေးတွင် ဘရီယန်က လက်ထပ်မည်ဟု သူ့ကို ပြောခဲ့ကာ ပွဲကိုလည်း ဖိတ်ခဲ့သည်။ သို့သော် သိထားပြီးတဲ့အတိုင်း သူ မတက်ရောက်နိုင်ခဲ့ပါ။ အိမ်ကလေးထဲမှာပဲ အသုံးမ၀င်တဲ့ လူပိုတစ်ယောက်လို ကိုယ့်ကိုယ်ကိုယ် ပိတ်နေမိပြီး လောကကြီးနဲ့ အဆက်အသွယ်ဖြတ်ကာ နေခဲ့သည်။
အခုတော့ ပို့ဖို့ ပြင်ဆင်ထားပြီးဖြစ်တဲ့ လက်ဖွဲ့ကို ဘရီယန်က ကိုယ်တိုင် လာယူနေချေပြီ။ ဂျောင်ကုသည် စကားတစ်ခုခုပြောလိုက်သည်နှင့် ပြိုလဲနေသည့် သူ့ပုံစံကို ဘရီယန်တွေ့သွားမှာ စိုးတာကြောင့် နှုတ်ဆိတ်ရင်း လက်ဖွဲ့ရှိရာကို လျှောက်ခဲ့လိုက်သည်။
"ဒါလား"
ခေါင်းငြိမ့်ပြလိုက်သည်။
"ငါ ဒီမှာပဲ ဖွင့်ကြည့်လို့ ဖြစ်တယ်မလား"
ဒုတိယအကြိမ် ခေါင်းငြိမ့်ပြပြီး ဂျောင်ကုက မျက်နှာလွှဲသွားသည်။ ဘရီယန်သည် စက္ကူအထပ်ထပ်ပတ်ထားသည့် လက်ဖွဲ့ကို ဖွင့်ကြည့်ဖို့ ပြင်လိုက်တော့သည်။
မဟုတ်လောက်ပါဘူးလို့ စိတ်ထဲက တွေးနေမိခဲ့ပေမဲ့ တကယ်တမ်း ကိုယ်တိုင် မြင်လိုက်ရတော့ မျက်တောင်ဖျားလေးတွေ တုန်ရီသွားရသည်။ လက်ရာမြောက် ပုံတူပန်းချီကားချပ်ကြီးထဲတွင် သူက ရယ်မောနေခဲ့သည်ပင်။
"တောင်းပန်ပါတယ်"
ဂျောင်ကုဆီက အသံထွက်လာတာမို့ ပန်းချီကားချပ်အား ထိတွေ့နေမိသည့် လက်တွေကို ပြန်ရုတ်သိမ်းလိုက်ရင်းက နောက်ကို လှည့်ကြည့်လိုက်သည်။
"ခင်ဗျားမသိဘဲ ဆွဲခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်။ ဒီ့အတွက် ခင်ဗျား စိတ်မဆိုးဖို့ မျှော်လင့်ပါတယ်"
ဘရီယန် လက်ထပ်သွားသည့်အခါ ဒီပန်းချီကားချပ်ကို ဘရီယန်မသိဘဲ တိတ်တဆိတ်လည်း မသိမ်းထားချင်တာမို့ လက်ဖွဲ့အဖြစ်သာ ပေးလိုက်ဖို့ ဆုံးဖြတ်ခဲ့သည်။ အကယ်၍ ဘရီယန်စိတ်ဆိုးပြီး ဖျက်ဆီးပစ်မယ်ဆိုရင်လည်း သူလက်ခံပြီးသားပါ။ သူ့မှာ ဘာမှ အတွန့်တက်စရာမရှိပါ။ အတွန့်တက်ပိုင်ခွင့်လည်း ရှိမနေခဲ့။
"ဒီနေ့က မင်းမွေးနေ့မလား"
ဘရီယန်က မည်သိုမျှမတုံ့ပြန်ဘဲ စကားလမ်းကြောင်း လွှဲသွားခဲ့သည်။ ထို့နောက် ရုတ်တရက်ကြီး သူ့မွေးနေ့အကြောင်း ပြောလာသည်။
"မင်းမွေးနေ့မှာ ပါစတာလုပ်ကျွေးမယ်လို့ ငါ ကတိပေးခဲ့ဖူးတယ်မလား"
"ဘရီယန်က မှတ်မိတယ်လား"
ဂျောင်ကုက အံ့အားသင့်သွားကာ မေးလိုက်တော့ ဘရီယန်က လှစ်ခနဲ တစ်ချက်ပြုံးသည်။ ကြာချိန်က ခဏလေး တကယ်ကိုမှ ခဏလေး။ ဒါပေမဲ့ သူ သေချာပေါက် မြင်လိုက်ရတာ။
"ငါပေးခဲ့တဲ့ ကတိကို ငါမှတ်မိတာပေါ့"
ဘရီယန်က ပြောပြောဆိုဆိုပင် မီးဖိုခန်းထဲကို ၀င်ချသွားသည်။ ထိုအခါ ကျန်နေသည့် တစ်ယောက်နဲ့ နှစ်ကောင်လည်း ဘရီယန့်နောက်ကို လိုက်ခဲ့ကြသည်။
"ခင်ဗျား တကယ် ပါစတာလုပ်ကျွေးမှာလား"
"ငါ့ပုံစံက စနောက်နေတာနဲ့တူလို့လား"
"အဲ့လို မဟုတ်ပါဘူး"
"စားပွဲမှာ သွားထိုင်နေ"
ယောင်နန ခေါင်းငြိမ့်ပြလိုက်ပြီး စားပွဲမှာ ထိုင်နေလိုက်သည်။ ပေါ့ပေါ့ပါးပါးကလေး ပါစတာချက်နေတဲ့ ဘရီယန်ရဲ့ နောက်ကျောကို မျက်တောင်မခတ်တမ်း ငေးကြည့်နေမိသည်။ ဒီအချိန်လေးမှာတော့ စက္ကန့်တိုင်းက အရေးကြီးလွန်းတာမို့ မျက်တောင်ခတ်ရမှာကိုပင် နှမြောမိသည်။
ရသလောက် အချိန်လေးမှာတော့ သူ ဘရီယန့်ကို တ၀ကြီး ငေးကြည့်ချင်မိတာမို့။ တကယ် စိတ်ရင်းနဲ့ပါ။ သူ ဒီအတိုင်း ငေးနေရလည်း အဆင်ပြေမှာပါ။ အဆင်ပြေသွားမှာ။ ၀မ်းမနည်းနဲ့တော့ ငါ့နှလုံးသားလေး။
"ငါ့အခန်းထဲမှာ မင်းမွေးနေ့အတွက် အ၀တ်အစားတွေ ရှိတယ်။ သွားလဲလိုက်"
"ဗျာ"
ကျောပေးထားသည့် ဘရီယန်က သူရှိရာကို လှည့်မကြည့်ဘဲ ပြောလာသည်။ ဘာလဲဆိုတာကို ရေရေရာရာ နားမလည်သေးပေမဲ့ ဘရီယန်ပြောသည့်အတိုင်း လုပ်ဖို့အတွက် အပေါ်ထပ်က အခန်းဆီကို တက်ခဲ့သည်။
ချလောက်ဆိုသော အသံနဲ့အတူ ဘရီယန် နေခဲ့ဖူးသည့် အခန်းလေးက အငွေ့အသက်အပြည့်နဲ့ သူ့ကို ကြိုဆိုသည်။ အိမ်ကလေးကနေ ဘရီယန် ထွက်သွားပြီးနောက်ပိုင်း သူ ဒီအခန်းကို မ၀င်ဖြစ်ခဲ့ပါ။ မ၀င်နိုင်တာဆိုရင် ပိုမှန်ပါလိမ့်မယ်။
ဘရီယန်ရဲ့ အငွေ့အသက်တွေ၊ ပုံရိပ်တွေနဲ့ ပြည့်နေသည့် ဒီအခန်းလေးထဲကို ၀င်ရဲလောက်သည်အထိ သူရဲဘောကြောင်တယ်ပြောပြော သူ့မှာ အင်အားအလုံအလောက် ရှိမနေခဲ့ပါ။ ဘရီယန်ကသာ ပိုင်ရှင်ဟု သတ်မှတ်ထားပြီးတာမို့ ပိုင်ရှင်မရှိသည့် အခန်းလေးထဲ ခြေတစ်လှမ်းတောင် မချဖြစ်ခဲ့။
"မင်း ကြိုက်ရာကို ရွေး၀တ်ခဲ့"
အခန်းထောင့်မှာ လဲလျောင်းနေသည့် အ၀တ်အစားအိတ်လေးတွေကို ယူကာ ပြန်ဆင်းလာတော့ ဘရီယန်က ကြိုက်တာ၀တ်ဖို့ ထပ်ပြောလာသည်။ ဘရီယန်က ပြောလာရင် ငြင်းဆန်လေ့မရှိတဲ့ သူပဲမို့ ချက်ချင်းပဲ အခန်းထဲ၀င်ကာ လဲလှယ်၀တ်ဆင်လိုက်သည်။
ဒီဟာက ဝူယောင်းအတွက်ဆိုပြီး ၀ယ်ပေးခဲ့တာတွေ မဟုတ်ဘူးလား။ ဂျောင်ကုသည် ရုတ်တရက် တွေးမိသွားကာ ၀မ်းသာမိတော့မလို ဖြစ်သွားရသည်။ သို့သော် ဘရီယန်က ဒီနေ့ပဲ လက်ထပ်ခဲ့ပြီးတာကို သတိရလိုက်တော့ ကိုယ့်ပါးကိုယ် ပြန်ချလိုက်မိသည်။
စိတ်နဲ့တောင် မပစ်မှားစမ်းနဲ့ ဂျောင်ကု။
"ဟို ပါစတာ ရပြီလား"
"အင်း ရတော့မှာ"
ဘရီယန်က သူ ရွေး၀တ်လာသည့် သစ်လွင်သော အင်္ကျီနှင့် ဘောင်းဘီကြောင့် စားပွဲကိုမှီပြီး လက်ပိုက်ထားရာမှ ခြေဆုံးခေါင်းဆုံးကြည့်လို့နေသည်။
သိပ်မကြာခင် အချိန်အတွင်းမှာပဲ ဘရီယန် ပြင်ဆင်ပေးထားသည့် ပါစတာပွဲလေးက ဂျောင်ကုရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။ ပူပူနွေးနွေးရှိနေဆဲ ပါစတာတစ်ပွဲဟာ သူ့မွေးနေ့အတွက် ဘရီယန်က ပြင်ဆင်ပေးခဲ့တာ။
"ကျေးဇူးတင်ပါတယ်"
"ကောင်းကောင်းစား"
ခက်ရင်းကို အသာကိုင်လိုက်ရင်း ပါစတာပွဲလေးကို ကြည့်ကာ နှမြောနေမိသည်။ ဘရီယန်က နေရာက ရှောင်ထွက်သွားခဲ့ပြီး ပန်းချီကားချပ်ကြီးဆီကို ထပ်မံပြီး ရောက်ရှိသွားခဲ့သည်။
"စားလို့ကောင်းရဲ့လား"
ဘရီယန်သည် ပန်းချီကားထက်က မိမိုကိုယ်ကိုယ် အသာအယာ လက်ဖြင့် လိုက်ထိနေမိရင်းက မေးလိုက်သည်။
"ကောင်း…တယ် ဘရီယန်"
ဂျောင်ကုသည် ထိန်းထားသည့်ကြားမှ ရှိုက်သံတစ်ချက် ထွက်ကျသွားသည်။ ကျေးဇူးပြုပြီး ဘရီယန် သတိမထားမိပါစေနဲ့။ မျက်ရည်တစ်စက်က မနာခံစွာပင် စားပွဲပေါ်ကို ခုန်ဆင်းသွားခဲ့သည်။
"ဂျောင်ကု"
ဆိတ်ဆိတ်နေခြင်းဟာ ဘရီယန်ပြောသမျှကို သူ နားထောင်နေပါတယ်ဆိုတဲ့ အဓိပ္ပါယ်။
"ငါ မင်းကို လုပ်ပေးတဲ့ ပါစတာက ဘာအမျိုးအစားလဲသိလား"
ဘရီယန်က အနားမှာ တအီအီလာလုပ်နေသည့် ကြောင်ညိုလုံးလေးကို ကောက်ပွေ့လိုက်ရင်းက မေးလိုက်ပြန်သည်။
"ကျွန်တော်…မသိဘူး ဘရီယန်"
မငိုမိအောင် ထိန်းရင်း ပြောလိုက်တဲ့ အသံကြောင့် ဘရီယန်က ရှာရှာ့ကို ပွတ်သပ်ပေးနေရင်းက ပြုံးလိုက်သည်။
"Carbonara Pasta လို့ ခေါ်တယ်။ ငါ မင်းကို ပြင်ပေးထားတဲ့ အဲ့ဒီပါစတာနာမည်"
ဘရီယန် မြင်သလား၊ မမြင်သလား သူမသိ။ ခေါင်းပဲ ငြိမ့်ပြမိသည်။ ဘရီယန်သည် ရှာရှာ့ကို ပွေ့ထားရင်းက မှန်ပြင်ကြီးဆီကို တိုးကပ်သွားခဲ့သည်။ ကြောင်ညိုလုံးလေးကို သေသေချာချာ ပွတ်သပ်ပေးနေသည့် ဘရီယန့်ရဲ့ လက်တွေကို ကြည့်ခြင်းအားဖြင့် တစ်ခုခုကို အားယူနေဟန်လည်း ပေါ်လွင်လှသည်။
"Carbonara Pasta တစ်ပွဲရဲ့ အဓိပ္ပာယ်က ငါ မင်းကို ချစ်မိနေပြီတဲ့"
ချလွင်!
ဂျောင်ကု လက်ထဲက ခက်ရင်းလေးသည် လွတ်ကျသွားကာ စားပွဲအစွန်းနှင့် တိုက်မိကာ ကြမ်းပြင်ပေါ်သို့ ပစ်စလက်ခတ် ကျသွားခဲ့သည်။ ဂျောင်ကုရဲ့ မျက်လုံးတွေက ပြာခနဲ တစ်ချက်ဖြစ်သွားရပြီး မျက်စိရှေ့က ကာရစ်ဘိုနာရာ ပါစတာ ပွဲကိုသာ စိုက်ကြည့်နေခဲ့မိသည်။
"ဘရီယန်…"
ချက်ချင်းဆိုသလို နေရာမှထကာ ဘရီယန်ရှိရာ အရပ်ကို မျက်နှာလှည့်လိုက်တော့ မှန်ပြင်ကနေ အပြင်လောကကို ငေးကြည့်နေသည့် ဘရီယန်ကို ရှာရှာအား ထွေးပွေ့ထားရင်းက တွေ့လိုက်ရသည်။
"ဂျောင်ကု"
လက်ထဲက ကြောင်ညိုလုံးလေးကို အောက်သို့ ပြန်ချပေးလိုက်ရင်းက ဘရီယန်က အခေါ်ရှိသည်။ ဂျောင်ကုကား နေရာမှာ တောင့်ခဲနေမိတုန်း။
"ငါလည်း မင်းကို ချစ်မိသွားတယ်"
ဘရီယန်ဟာ သူ့မျက်၀န်းတွေကို တည့်တည့်ကြည့်လျက် ရဲရဲဝံ့ဝံ့ပင် ဆိုလာသည်။ ကြားလိုက်ရသည့် စကားအဆုံး ပွင့်ဟသွားသော နှုတ်ခမ်းပါးများနှင့် ဂျောင်ကုသည် လိပ်ပြာလွင့်မတတ်။
"ဘရီယန်…"
ဂျောင်ကုသည် မြန်ဆန်သော ခြေလှမ်းများနှင့်အတူ ဘရီယန့်နာမည်ကို ခေါ်လျက် အပြေးအလွှားပင် ချစ်ရတဲ့ ဘရီယန့်ကို ပွေ့ဖက်ပစ်လိုက်တော့သည်။ လွှတ်ထွက်သွားမှာ စိုးသည့်အလား၊ တစ်ယောက်ယောက်က ခွဲထုတ်ပစ်မှာ စိုးသည့်အလား တင်းကျပ်နေအောင်ပင် ပွေ့ဖက်ထားခဲ့မိတာ။
ဂျောင်ကု ငိုမိသည်။ ပျော်လွန်းတာမို့ သူ ငိုမိသည်။ ဘရီယန်က သူ့ကို ချစ်တယ်တဲ့။ ချစ်ပါတယ်တဲ့လေ။ တစ်လောကလုံး သိသွားအောင် ဘရီယန်က ကျွန်တော့်ကို ချစ်ပါတယ်လို့ အော်ဟစ်ပစ်လိုက်ချင်တဲ့အထိကို သူပျော်လွန်းလို့ ငိုမိတာ။
ဂျောင်ကုရဲ့ မျက်ရည်တွေက ဘရီယန့်လည်တိုင်ဆီက ပုဝါပြာလေးကိုပင် စိုစွတ်သွားစေခဲ့သည်။
"ငါ စဉ်းစားမိခဲ့တယ် ဂျောင်ကု"
ဘရီယန်က သူ့ကို ပြန်လည်ပွေ့ဖက်လာရင်းက ခပ်တိုးတိုးဆိုသည်။
"ငါ့အနားမှာ မင်း မရှိလည်း ဖြစ်တယ်ဆိုပေမဲ့ မင်း ရှိနေတဲ့အခါ ပိုကောင်းမှာပဲလို့"
မျက်လုံးနှစ်ဖက်လုံးကို စုံမှိတ်လိုက်တော့ မျက်ရည်တွေက လှိမ့်ခနဲ စီးဆင်းသွားသည်။
"ကျေးဇူးတင်ပါတယ် ကျွန်တော့်ကို ရွေးချယ်ပေးခဲ့လို့"
ကလေးတစ်ယောက်ကို သည်းသည်းထန်ထန် ငိုနေတဲ့ ကောင်လေးရဲ့ ကျောပြင်ကို အသာဖွဖွ ပုတ်ပေးရင်းက ပြုံးနေမိသည်။
ဘရီယန်…သူ အများကြီး စဉ်းစားခဲ့ပြီးပြီ။ သူ ဂျောင်ကုအပေါ်ကို ချက်ချင်းကြီး မဟုတ်ပါဘဲ ခပ်ဖြည်းဖြည်းချင်း သဘောကျနေခဲ့မိတာကို ရိပ်မိလာတာမို့ ချက်ချင်း ခွာပစ်ခဲ့သည်။ သူ ထိန်းချုပ်ခဲ့သည်။ သူ့ကိုယ်သူရော သူ့ရင်ထဲက ခံစားချက်တွေကိုရော။
ဒါပေမယ့်လည်း… ဒါပေမယ့်လည်း လူဆိုးလေးရယ် မင်းက ငါ့ကို လွတ်လမ်းမရှိအောင် အဆုံးထိ ချည်နှောင်ထားခဲ့တယ်လေ။
"မင်းက သိပ်ဆိုးတာပဲ ဂျောင်ကု"
ဘရီယန်က ဘာအဓိပ္ပာယ်နဲ့ ပြောလိုက်သလဲဆိုတာ သေချာမသိပေမဲ့ သူ့အနေနဲ့ မကောင်းသည့်အရာတော့ မဖြစ်နိုင်။
"ကျွန်တော် ခင်ဗျားကို ရူးအောင် ချစ်မိနေခဲ့တာ ဘရီယန်"
ရယ်သံဖွဖွတစ်ခုက ဘရီယန့်ဆီမှ ထွက်ကျလာခဲ့သည်။ ဘယ်အချိန်ထိ တွယ်ဖက်ထားမယ်မသိတဲ့ လက်တွေကြား ဘရီယန်က မရုန်းခဲ့ပါ။ ဘယ်တော့မှလည်း ရုန်းထွက်မှာ မဟုတ်တော့ဘူး။
အတန်ကြာပြီးသည့် နောက်တွင်တော့ ငိုလို့၀သွားသည့် ဂျောင်ကုသည် ဘရီယန့်ကို ပွေ့ဖက်ထားရာမှာ လွှတ်ပေးလိုက်ပြီး မျက်နှာချင်းဆိုင်လာခဲ့သည်။ နီရဲနေသည့် မျက်၀န်းများနှင့် ချယ်ရီသီးလို နှာခေါင်းထိပ်လေးဟာ အတော်လေးငိုထားမှန်း သိသာစေလှသည်။
ဂျောင်ကုဟာ ဘရီယန်ကို ပျောက်သွားမှာစိုးသည့် ကြွေရုပ်လေးအလား မျက်နှာအစိတ်အပိုင်းတိုင်းကို မျက်တောင်မခတ်တမ်း လိုက်ကြည့်နေသည်။
"ဒီ မှဲ့လေးကို ကျွန်တော် နမ်းလို့ရမလား"
ညာဘက် ပါးပြင်ရိုးဆီက မှဲ့ကလေးကို အသာအယာ ထိတွေ့လိုက်ရင်းက ဂျောင်ကုက မရဲတရဲဖြင့် ခွင့်တောင်းလာသည်။ ဘရီယန်က မျက်တောင်တစ်ချက်ခတ်ကာ ခွင့်ပြုလိုက်သည်နှင့် အင်အားအပြည့်နှင့် ထိုမှဲ့ကလေးအား နှုတ်ခမ်းပါးများနှင့် ထိကပ်ကာ နမ်းလိုက်တော့သည်။
ရိုးရိုးလေး။ တကယ်ကို ခပ်ရိုးရိုးလေး ပေးမိတဲ့ သူ့ကမ္ဘာကြီးရဲ့ အဦးဆုံးသော အနမ်း။ နေဗီပြာရဲ့ ကမ္ဘာဦးအနမ်းဟာ ဘရီယန့် ပါးပြင်ရိုးထက်က ထိုမှဲ့နက်ကလေးကနေ စတင်ခဲ့တယ်။
"ကျွန်တော် ခင်ဗျားကို သိပ်ချစ်တယ် ဘရီယန်"
မှန်ပြင်မှာ ထိကပ်သွားသည့် ဘရီယန့်ကျောပြင်နောက်တွင် မွတ်သိပ်သည့် အနမ်းများက မျက်ရည်တွေ ခြောက်သွေ့သွားသည်အထိ ခရီးရှည်ခဲ့ကြသည်။
အပြာရောင် လည်စည်းပုဝါတစ်ထည်က အခုတော့လည်း ဘရီယန့်လက်တွေကို ဖိကိုင်ထားသည့် ဂျောင်ကုရဲ့ လက်ချောင်းတွေထဲမှာ ရှိလို့နေပြီး အဝေးကို ထွက်ပြေးခွင့်မရခဲ့။
ပြီးပြည့်စုံသွားခဲ့ပြီဖြစ်တဲ့ သူ့ရဲ့ကမ္ဘာ။
ပြီးပြည့်စုံသွားခဲ့ပြီဖြစ်တဲ့ လူလေးယောက်ရဲ့ နေဗီပြာရောင်ခြယ်သည့် ကမ္ဘာ။
လွဲမှားခြင်းတို့ ကင်းဝေး
ချစ်ခြင်းတွေသာ ထုံသင်းလျက်
နေဗီပြာ ကောင်းကင်အောက်က
လည်စည်းပုဝါလေးရယ်
တိုက်လေယာဉ်တွေရယ်
အကြင်နာ လှလှတွေရယ်
နောက်ပြီး…
Carbonara ပါစတာ တစ်ပွဲရယ်။
__________________
ကာရစ်ဘိုနာရာ ပါစတာတစ်ပွဲရဲ့ အဓိပ္ပာယ်က I am in love with you ပါတဲ့။
တကယ်တော့ ဘရီယန်အတွက် ဂျောင်ကုကို လက်ခံပေးလိုက်တာက မဟာစွန့်စားမှုကြီးပါ။ သူက တီမိုသီနဲ့ ရုပ်ချင်းတူနေတာမို့ မကြိုက်ဘူး မချစ်ဘူး မကြိုက်ရဘူး မချစ်ရဘူးဆိုပြီး သူ့ကိုယ်သူ ပြန်ကန်နေခဲ့တာပါ။
ပြီးတော့ နည်းနည်းထပ်ရှို့ရရင် တီမိုသီက ဂျောင်ကုထက် လက်သွက်ပါတယ်😂 ယူတို့ ကောင်းကင်တမန်တော်ကြီးက ထင်ထားတာထက် ခရီးပိုရောက်ပါတယ်နော်။ ပြောချင်တာက ဘာဘာညာညာပေါ့နော်။ အဟိဟိ
(အက်ဒရစ်ကို ငြင်းလိုက်တာရယ် ဝူယောင်းကို ငြင်းလိုက်တာရယ်ကို မထည့်တော့ပါဘူး။ မထည့်လည်း နားလည်ကြမယ်ထင်လို့ပါ)
ဝှက်ဖဲ အကြီးကြီးကို ထုတ်ပြရရင် ဘရီယန်က ဒီဘက် ကမ္ဘာမှာ ခြေထောက်တွေကို အကောင်းအတိုင်း ပြန်ရခဲ့ပါတယ်။ ဒါက နောက်ကျ ဂျောင်ကုက စဉ်းစားမိရင်း သိသွားကြမှာပါ။ ဆွဲကြိုးလေးကတော့ အဖိုးဆီမှာပဲ ဆက်သိမ်းထားမှာပါ။ ဘယ်သူ့ကိုမှ ပေးမသိတော့ဘဲ ထာ၀ရ သိမ်းဆည်းခံရတော့မှာပါ။
ပြီး တိုက်လေယာဉ်က နှစ်ယောက်စီးလို့ရပါတယ်။ အရှေ့ကတစ်ယောက် နောက်ကတစ်ယောက်ပေါ့။ ရှာကြည့်ပြီးမှ ထည့်တာပါ။
ကဲကဲ နှုတ်ဆက်ပါတယ်နော်
တိုက်လေယာဉ်ဘေးကနေ တာ့တာ့ပြနေတဲ့ သူက မာမိတ်ပါ။ နောက်ပြီး ဂျောင်ကုစားလက်စ ပါစတာစားရင်း တာ့တာပြနေတာလည်း မာမိတ်ပါပဲ။
အတူဖတ်ရှုပေးသူတိုင်းကို
ကျေးဇူးအထူးတင်ပါတယ်။
အပိုင္း (၂၃)
ေနဗီျပာကမာၻကို ႏႈတ္ဆက္ျခင္း
ေႏြးေနျခည္ႏုႏုဟာ အိမ္၀န္းကေလးထဲသို႔ အတားအဆီးမဲ့စြာပင္ လြတ္လြတ္လပ္လပ္ ျဖာက်လ်က္ရွိသည္။ ဒီေန႔ ဂ်ီမင္းတစ္ေယာက္ ေစာေစာစီးစီးပင္ အိပ္ရာႏိုးေနကာ ႏိုးႏိုးခ်င္း ရင္ခုန္စိတ္လႈပ္ရွားစြာပင္ ၿပဳံးလိုက္မိသည္။
အိပ္ရာထက္မွာ ဂဏွာမၿငိမ္ဘဲ လႈပ္စိလႈပ္စိျဖစ္ေနတဲ့ ဂ်ီမင္းေၾကာင့္ အိပ္ေရးဆတ္တဲ့ တီမိုသီတစ္ေယာက္ လူးလူးလြန႔္လြန႔္နဲ႔ပဲ ႏိုးသြားရသည္။
"အေစာႀကီး ႏိုးေနတာလား"
"အင္း ရင္ခုန္ေနလို႔"
တီမိုသီသည္ ေကာင္းစြာ မ်က္လုံးမပြင့္ေသးသည့္တိုင္ အမွန္တကယ္ စိတ္လႈပ္ရွားေနသည့္ ဂ်ီမင္းေၾကာင့္ ရယ္လိုက္မိသည္။ ထို႔ေနာက္ မေျပာမဆိုပင္ ဂ်ီမင္းအား ရင္ခြင္ထဲ ဆြဲသြင္းကာ ေခါင္းလုံးလုံးေလးအား တစ္ခ်က္နမ္းလိုက္သည္။
"အိပ္ပါဦး"
"ငါ အိပ္မရေတာ့ဘူး။ ဘယ္လိုလုပ္မလဲ"
ရင္ခြင္ထဲကေန လႈပ္စိလႈပ္စိျဖစ္ေနသည့္ လူသားေလးကို နဂိုထက္ ႏွစ္ဆေလာက္ျမႇင့္ကာ သိမ္းက်ဳံးၿပီး အားရပါးရပင္ ဖက္ပစ္လိုက္သည္။
"လႊတ္ဦး။ ငါ ေသေတာ့မယ္ တီမိုသီ"
အတင္းအက်ပ္ဖက္လိုက္ေတာ့ ႐ုန္းထြက္လာတာမို႔ ခိုးၿပဳံးလိုက္ၿပီး အင္နဲ႔အားနဲ႔ ေထြးဖက္ထားသည့္ လက္ေတြကို စိတ္ခ်မ္းသာသြားေအာင္ အသာေျဖေလ်ာ့ေပးလိုက္သည္။
တီမိုသီရဲ႕လက္ေတြထဲက လြတ္ေျမာက္သြားသည့္ ဂ်ီမင္းက ေခါင္းထက္တြင္ အနည္းငယ္ ပြစတက္ေနသည့္ ဆံပင္နက္နက္ေလးမ်ားႏွင့္အတူ ကုန္း႐ုန္းထလိုက္ၿပီး ငုတ္တုတ္ထထိုင္သည္။ ထို႔ေနာက္ လဲေလ်ာင္းေနဆဲျဖစ္သည့္ တီမိုသီ့ကိုယ္ေပၚကေန ေက်ာ္ခြကာ ကုတင္ေအာက္ကို ဆင္းသြားသည္။
"တီမိုသီ အျပင္မွာ မိုးလင္းေနၿပီ"
ျပတင္းတံခါးဆီက လိုက္ကာေတြကို ခြာၾကည့္ၿပီးေနာက္ ျပန္အိပ္ဖို႔ျပင္ေနသည့္ တီမိုသီအား လွည့္ေျပာလာသည္။
"ေစာေသးတယ္"
"တကယ္လား"
"အင္း"
တီမိုသီက လွဲအိပ္ေနရင္းကေန လက္လွမ္းလာတာမို႔ ကမ္းေပးလာသည့္ လက္ဖဝါးႀကီးထဲ ဂ်ီမင္းက သူ႔လက္ကေလးတစ္ဖက္ ထည့္လိုက္ကာ ကုတင္ေပၚကို ပထမတုန္းကလိုပဲ တီမိုသီ့ကိုယ္ႀကီးအား ေက်ာ္ခြကာ ျပန္တက္လာသည္။
တီမိုသီသည္ သေဘာက်လြန္းသြားတာမို႔ အသံထြက္ေအာင္ပင္ ရယ္ေမာလိုက္မိသည္။ ၿပီးသည္ႏွင့္ ဂ်ီမင္းကိုယ္ေလးအား ဆြဲခ်လိုက္ၿပီး သူ႔နံေဘးမွာ ျပန္ၿပီးအိပ္စက္ေစသည္။ သို႔ေသာ္ ဂ်ီမင္းက အိပ္ေရး၀ေနသည့္ ကေလးတစ္ေယာက္လို မ်က္ေတာင္ေလး ပုတ္ခတ္ပုတ္ခတ္လုပ္ကာ ေတာ္ေတာ္ႏွင့္ ျပန္မအိပ္။
"အဲ့ေလာက္ စိတ္လႈပ္ရွားလား"
"အင္း အရမ္းပဲ"
တီမိုသီသည္ ခႏၶာကိုယ္အား ေမွာက္လ်က္အေနအထားသို႔ ေျပာင္းလိုက္ၿပီး မိမိနံေဘးမွ အၿငိမ္မေနခ်င္သည့္ ဂ်ီမင္းကိုသာ အၾကည့္မလႊဲတမ္း ဆက္တိုက္ဆိုသလို ေငးစိုက္ၾကည့္ေနခဲ့သည္။ ထို႔ေနာက္ တီမိုသီ၏ ႏႈတ္ခမ္းပါးတို႔ဆီမွာ အၿပဳံးရိပ္မ်ား ထင္ဟပ္လာခဲ့သည္။
ပါးျပင္တစ္ဖက္က ေႏြးခနဲျဖစ္သြားတာမို႔ နဂိုကတည္းက အခုန္ျမန္ေနသည့္ ရင္ခုန္သံေတြၾကား တီမိုသီအား မ်က္လုံးေစြကာ ၾကည့္လိုက္မိသည္။ ပါးျပင္ဆီကေန ကူးေျပာင္းသြားသည့္ အေႏြးဓာတ္ကေလးက လည္တိုင္ဆီ ေရာက္သြားရသည္။
ဂ်ီမင္းသည္ မေနတတ္သလို ျဖစ္သြားရကာ ယားသလိုလည္း ရွိတာေၾကာင့္ ေႏြးေႏြးေထြးေထြး ရွိေနသည့္ အခန္းေလးထဲ ရယ္သံလြင္လြင္ေလးတစ္ခုက ထြက္က်လာခဲ့သည္။
"တီမိုသီလို႔~"
အသံေနာက္တြင္ လည္တိုင္ၾကားထဲ နစ္ျမႇဳပ္ေနသည့္ မ်က္ႏွာတစ္ခုက ျပန္ၿပီး ေပၚထြက္လာခဲ့သည္။ ဂ်ီမင္းသည္ အၾကည့္ခ်င္းေတြ ဘာေတြ ဆုံတဲ့အခ်ိန္ထိ မေစာင့္ေတာ့ဘဲ ျမန္ျမန္ဆန္ဆန္ပင္ ေခါင္းေထာင္ကာ တီမိုသီ့ႏႈတ္ခမ္းေတြကို လွစ္ခနဲပင္ နမ္းပစ္လိုက္သည္။
စကၠန႔္ပိုင္းေလးသာ ၾကာလိုက္ၿပီး ျပန္ခြာကာ မ်က္၀န္းအိမ္တို႔ ပိုမိုေမွးက်ဥ္းသြားသည္အထိ ၿပဳံးရယ္လိုက္သည္။ သို႔ေသာ္ လမ္းတ၀က္မွာပင္ အရယ္အၿပဳံးတို႔ ရပ္သြားကာ ဂ်ီမင္းရဲ႕ မ်က္ႏွာေလးဟာလည္း တီမိုသီ၏ လက္ႏွစ္ဖက္ႏွင့္ တစ္ဖက္တစ္ခ်က္စီ ညႇပ္ယူခံလိုက္ရသည္။
"ငါ မင္းကို ခ်စ္လိုက္တာ ဂ်ီမင္း"
ေျပာၿပီးသည္ႏွင့္ နီးကပ္က်လာသည့္ မ်က္ႏွာေၾကာင့္ အလိုလိုပင္ မ်က္လုံးေတြကို မွိတ္လိုက္မိသည္။ သူ႔မ်က္ႏွာအႏွံ႔ ေနရာလြတ္မရွိေအာင္ ႀကဲခ်ေနေသာ အၾကင္နာေတြဟာ ႏူးႏူးညံ့ညံ့ရွိလြန္းလွသည္။ တဆက္တည္းမွာပဲ ေႏြးေထြးကာ သေဘာက်ဖို႔ ေကာင္းလြန္းေနျပန္သည္။
ေနရာမလပ္ ႐ြာခ်ေပးေနေသာ အၾကင္နာေတြ အရွိန္ရပ္တန႔္သြားသည့္အခါ ဂ်ီမင္းကလည္း ေျပာလိုက္သည္။
"ငါလည္း မင္းကို ခ်စ္လိုက္တာ တီမိုသီ"
အိပ္ရာမထခင္ ေနာက္ဆုံးအႀကိမ္ ႏႈတ္ခမ္းေတြခ်င္း ထိကပ္လိုက္ၿပီးေနာက္ ဂ်ီမင္းသည္ တီမိုသီ့လက္ကို ဆြဲကာ မ်က္ႏွာသစ္ဖို႔အတြက္ ေရခ်ိဳးခန္းဆီ ဆြဲေခၚခဲ့ေတာ့သည္။
"တီမိုသီ အပ်င္းမႀကီးနဲ႔လို႔"
ေရခ်ိဳးခန္းတံခါးကို မွီကာ အိပ္ခ်င္ေယာင္ေဆာင္ေနေသာ တီမိုသီဟာ ငါတို႔အရင္က သိထားခဲ့တဲ့ ေကာင္းကင္တမန္ေတာ္ႀကီးမွ ဟုတ္ပါစ။ ဂ်ီမင္းက ဘယ္ေလာက္ပဲ တြန္းလႊတ္ေနေန ၿပဳံးစိစိမ်က္ႏွာထားႏွင့္အတူ မ်က္လုံးမဖြင့္ဘဲ ေတာက္တဲ့တစ္ေကာင္လို အခန္းေပါက္မွာ မေျပာင္းမလဲ မတ္တပ္ႀကီး။
တီမိုသီရဲ႕ အေလ့အက်င့္ေတြထဲမွာ ဂ်ီမင္းကို စေနာက္ရတာ သေဘာက်တတ္ေၾကာင္း အသစ္ထည့္ေရးေပးၿပီး ျပင္ဆင္ဖို႔ေတာ့ လိုေနၿပီထင္တယ္။
"သြားပါဆို"
ေျပာမရသည့္အဆုံး ဂ်ီမင္းသည္ အိပ္ရာေပၚကို ခပ္သြက္သြက္ပင္ ျပန္တက္သြားခဲ့သည္။ ျပန္အိပ္ဖို႔ေတာ့ မဟုတ္ပါ။ ေခါင္းအုံးယူကာ တီမိုသီအား ႐ိုက္ပစ္ဖို႔ျဖစ္သည္။
"ေတာ္ၿပီ။ ေတာ္ၿပီ မစေတာ့ဘူး"
ကုတင္ေပၚကေန ေခါင္းအုံးႀကီးကိုင္ထားသည့္ ဂ်ီမင္းကို အသာလက္ကာျပကာ တီမိုသီက ေျပာလာသည္။
"သြားေလ"
"သြားေနတယ္"
တီမိုသီ ေက်ာလွည့္သြားသည္ႏွင့္ ဂ်ီမင္းသည္ လက္ထဲက ေခါင္းအုံးပစ္ခ်လိုက္သည္။ ထို႔ေနာက္ ကုတင္အစြန္းကေန တီမိုသီ့ေက်ာေပၚကို ခုန္တက္လိုက္ေတာ့သည္။ ေက်ာေပၚေရာက္သြားသည့္အခါ လက္ေတြက အလိုအေလ်ာက္ ထိန္းေပးၿပီးသား။
ဂ်ီမင္းကို ေက်ာပိုးလ်က္ အေနအထားနဲ႔ပဲ ေရခ်ိဳးခန္းထဲကို ၀င္ခဲ့ၿပီး သြားတိုက္ခဲ့ၾကသည္။ လက္တစ္ဖက္က သြားတိုက္ေနၿပီး က်န္လက္တစ္ဖက္က ေက်ာေပၚက ဂ်ီမင္းကို ထိန္းထားသည္မွာ ေပါ့ေပါ့ပါးပါးပင္။
ငါတို႔ရဲ႕ တီမိုသီက ထင္ထားတာထက္ပိုၿပီး ဂ်ီမင္းကို အလိုလိုက္သတဲ့ေလ။ ဂ်ီမင္းက သူ႔အတြက္ တစ္သက္တာ ေထြးေပြ႕ထားခ်င္စရာ ျပာလြင္ေကာင္းကင္ေအာက္က သက္ရွိကေလးေပမို႔။
"မနက္စာ ရပါၿပီ"
ထမင္းစား,စားပြဲမွာ ထိုင္ေနသည့္လူေရွ႕ အေငြ႕တေထာင္းေထာင္းထေနသည့္ မနက္စာကို ခ်ေပးလိုက္ေတာ့ မ်က္၀န္းေတြက လက္ခနဲ။
"မင္းက ဒီေလာက္ ဟင္းခ်က္ေတာ္တာကို မသိဘဲ ငါက ခ်က္ေကြၽးခဲ့မိေသးတယ္"
ဂ်ီမင္းက တီမိုသီျပင္ဆင္ေပးထားသည့္ မနက္စာကို အားရပါးရ စားေနရင္းက တစ္ခါက ရွက္ဖြယ္ အေၾကာင္းအရာကို တူးဆြလိုက္သည္။ မိုးဖြဲမနက္ခင္းတစ္ခုရဲ႕ ငံတူးေနေသာ သီးစုံၾကက္ဥေခ်ာင္းၾကက္ဥေမႊေၾကာ္။
"အဲ့တုန္းက ေတာ္ေတာ္ေလး ငံေနခဲ့တာ"
"အဲ့ဒါကို မေျပာဘဲ ႀကိတ္စားတယ္"
တီမိုသီက ရယ္ရယ္ေမာေမာပင္ ျပန္ေျပာျပေနသည္။ မနက္စာစားေနသည့္ ဂ်ီမင္းရဲ႕ ပန္းကန္ထဲသို႔ အသားေတြ ပိုထည့္ေပးဖို႔လည္း မေမ့မေလ်ာ့ရွိကာ မပ်က္ကြက္ခဲ့။
"ဘာပဲျဖစ္ျဖစ္ ခု မင္းက ငါ့အတြက္ စားဖိုမႉးျဖစ္သြားၿပီ"
ေကာင္းကင္တမန္ေတာ္ကေန ဂ်ီမင္းရဲ႕ သီးသန႔္စားဖိုမႉးအျဖစ္ တရား၀င္ ရာထူးတက္သြားၿပီမို႔ အခမ္းအနားေလး ဘာေလးမ်ား က်င္းပဖို႔ လိုလိမ့္ဦးမလား။
"က်န္တာ ကံမေကာင္းေပမဲ့ ငါက ေယာက်ာ္းရေတာ့ ကံေကာင္းတယ္မလား"
ဂ်ီမင္းက သူ႔ဘာသူေျပာၿပီး သူ႔ဘာသူ သေဘာက်သြားကာ ခုံကို တစ္ခ်က္႐ိုက္လိုက္ၿပီး အက်ယ္ႀကီး ေအာ္ရယ္လိုက္သည္။ ဒါက သူတို႔ အတူတူေနၿပီးေနာက္ ေပၚလာတတ္တဲ့ ဂ်ီမင္းရဲ႕ အက်င့္တစ္ခု။
"ဟုတ္တယ္မလား"
တီမိုသီက ဂ်ီမင္းကိုၾကည့္ၿပီး ၿပဳံးတုံ႔တုံ႔လုပ္ကာ ေခါင္းတစ္ခ်က္ ၿငိမ့္ျပသည္။
"ငါကေတာ့ ဘာမွမလုပ္တတ္ဘူး ဟီးဟီး"
ေျပာတာ ေစာေနေသးတယ္လို႔ စေနာက္လိုက္ခ်င္ေပမဲ့ မနက္စာကို အားပါးတရ စားေနသည့္ ပုံရိပ္ေလးကို အသာေငးရင္း ဒီအတိုင္းေလး ၿပဳံးၿပီး ၾကည့္ေနလိုက္ေတာ့သည္။
ဒီေန႔အတြက္ TMIကေတာ့ ဂ်ီမင္းရဲ႕ ေလွ်ာ္ၿပီးသား အ၀တ္အစားေတြကို ထုတ္လွန္းတာကအစ တီမိုသီကပဲ လုပ္ေပးတယ္ဆိုတာပါပဲ။
အမွန္ပဲ။ မင္းတို႔ ထင္ထားသလို ဂ်ီမင္းက ေနဗီျပာရဲ႕တစ္ဖက္ျခမ္းမွာ ေကာင္းကင္တမန္ေတာ္ႀကီးဆီကေန ရက္ရက္စက္စက္ အခ်စ္ခံေနရတယ္။ တစ္ေလာကလုံး မနာလိုရေလာက္တဲ့အထိ။ ဒီအေၾကာင္းကို ဖတ္ေနတဲ့သူေတြ ေသြးတက္ေလာက္တဲ့အထိ။
"သြားၾကစို႔"
ႏွစ္ခါပင္ ေျပာစရာမလို၊ စကားမဆုံးခင္မွာပဲ ဂ်ီမင္းက အိမ္ကေလးရဲ႕ အေရွ႕ကို ေရာက္သြားကာ ဂ်စ္ကားစိမ္းေလးေပၚ တက္ထိုင္ၿပီးသား။
ဂ်စ္ကားစိမ္းေလးရဲ႕ ဦးတည္ရာက ေလယာဥ္ကြင္းျဖစ္သည္။ သြားေနသည့္ တေလွ်ာက္လုံး ဂ်ီမင္းဟာ စိတ္လႈပ္ရွားလို႔ေနကာ ရင္ေတြလည္း အဆက္မျပတ္ အခုန္ျမန္ေနခဲ့သည္။ ဒီေန႔က သူ႔အတြက္ တျခားရက္ေတြနဲ႔ မတူညီေသာ စံခ်ိန္တင္ ေန႔ရက္ကေလး တစ္ရက္ပါပဲ။
ေလယာဥ္ကြင္းေလးထဲ ေမာင္း၀င္လာသည့္ ဂ်စ္ကားစိမ္းေလး စက္ရပ္သြားသည္ႏွင့္ ဂ်ီမင္းက အလ်င္အျမန္ပင္ ကားေပၚက ဆင္းခဲ့လိုက္သည္။ ၿပီးေနာက္ ေလယာဥ္ေျပးလမ္းေပၚမွာ ရပ္ထားသည့္ ေနဗီျပာေရာင္ တိုက္ေလယာဥ္ႀကီးကို အေသအခ်ာ ေမာ့ၾကည့္ေနမိသည္။
သူ တကယ္ပဲ တီမိုသီနဲ႔အတူ ပ်ံသန္းခြင့္ရေတာ့မယ္!
တိုက္ေလယာဥ္ႀကီးကို တေမ့တေမာ ေငးၾကည့္ေနတုန္းမွာပဲ တီမိုသီက သူ႔ကို ဦးထုပ္ေဆာင္းေပးလာသည္။ မပ်ံသန္းခင္ တီမိုသီေျပာျပထားသည့္ အေၾကာင္းအရာမ်ားႏွင့္ အေနအထားမ်ားကိုလည္း စိတ္က ျပန္ျပန္ၿပီး မွတ္သားေနမိသည္။
"ဂ်ီမင္း"
"ဟင္"
အျပာေရာင္ ေကာင္းကင္တမန္ေတာ္၀တ္စုံကို ၀တ္ဆင္ထားသည့္ တီမိုသီက ဂ်ီမင္းရဲ႕ လက္တစ္ဖက္ကို အသာေထြးဆုပ္ကိုင္လာသည္။ ထို႔ေနာက္ မ်က္ႏွာခ်င္းဆိုင္ေစသည္။
"အတူပ်ံသန္းၾကရေအာင္"
ေလးေလးနက္နက္ ေျပာလာသည့္ တီမိုသီ၏ စကားေနာက္တြင္ အၿပဳံးေတြၾကားက မေရမတြက္ႏိုင္ေအာင္ ေခါင္းၿငိမ့္ျပမိသည္။ ငါတို႔ အတူပ်ံသန္းၾကမယ္ တီမိုသီ။
အျပန္အလွန္ ဆုပ္ကိုင္ထားသည့္ လက္တစ္ဖက္ကို မလႊတ္တမ္း ဆြဲကိုင္ထားရင္းက ေနဗီျပာေရာင္ တိုက္ေလယာဥ္ႀကီးဆီကို ဦးတည္ခဲ့ၾကသည္။ ထပ္တူက်ေနေသာ ေျခလွမ္းႏွစ္စုံရယ္၊ ႏွလုံးသားႏွစ္ခုရယ္၊ ေနဗီျပာခ်စ္ျခင္းမ်ားရယ္ ျပည့္စုံစြာ…။
စက္သံက်ယ္က်ယ္ၾကား ထြက္ခြာလာခဲ့သည့္ ေနဗီျပာေရာင္ တိုက္ေလယာဥ္တစ္စီးသည္ အရွိန္ရလာခဲ့ၿပီး အဆုံးတြင္ ေလယာဥ္ေျပးလမ္းကို စြန႔္ခြာကာ ေကာင္းကင္ဆီသို႔ ထိုးတက္သြားခဲ့သည္။
ျမင္ေနရသည့္ ကမာၻေျမႀကီးဟာ ေသးငယ္သြားခဲ့သည္။ ထူးျခားဆန္းသစ္ေနမႈဟာ ေန႔ဘက္မွာ ၾကယ္ေတြေႂကြသလို ခံစားခ်က္မ်ိဳး။ အရာအားလုံးဟာ ရင္သပ္ရႈေမာဖြယ္။ တိုက္ေလယာဥ္ရဲ႕ ေျခရာေဖြးေဖြးတို႔ကလည္း အေနာက္တြင္ ထင္ထင္ရွားရွား။
ေလယာဥ္ေမာင္းရာတြင္ အတိမ္းအေစာင္း ကြၽမ္းက်င္သည့္ ၁၉၅၈ခုႏွစ္ရဲ႕ ထူးခြၽန္လွေသာ ေကာင္းကင္တမန္ေတာ္ႀကီးဟာ ဂ်ီမင္းဆိုသည့္ သက္ရွိေလးႏွင့္ ေတြ႕တဲ့အခါ ႏွလုံးသားသည္ တည့္တည့္၀င္တိုက္ခဲ့မိသည္။
ဒီေန႔ဟာ ဂ်ီမင္းနဲ႔အတူ ပ်ံသန္းခြင့္ရခဲ့တဲ့ ေန႔ရက္။ ဘယ္ေသာအခါမွ ေမ့ေပ်ာက္မသြားေတာ့မည့္၊ ေလးရာသီပတ္လုံး စြဲထင္က်န္ေနမည့္ သူ႔ႏွလုံးသားႏွင့္အတူ ပ်ံသန္းခဲ့ရေသာ ေန႔ရက္။
ထပ္ေလာင္း ေျပာရမည္ဆိုလွ်င္ ဤပ်ံသန္းမႈသည္ ေနဗီျပာကမာၻမွာ တစ္သက္တာ အမွတ္ထင္က်န္ရွိေနမည့္ ဂႏၲ၀င္ ပ်ံသန္းမႈတစ္ခုပါ။ ႏွလုံးသားနဲ႔ လႊတ္တင္လိုက္တဲ့ အျပာေရာင္ စြန္ေလးဟာ ေဝဟင္ထက္တြင္ လွလွပပ ေဝ့ကာဝဲကာ။
"ငါ့ ေျခေထာက္ေတြ ေျမႀကီးနဲ႔ေတာင္ မထိသလိုပဲ"
ဂ်ီမင္းသည္ ရင္ဘတ္ကိုဖိကာ ေခါင္းမွ ဦးထုပ္ကို ခြၽတ္ေပးေနသည့္ တီမိုသီအား တတြတ္တြတ္ ေျပာလ်က္ရွိသည္။
"ဒီမွာ ၾကည့္ဦး။ ငါ ရင္ေတြ တအားခုန္ေနတာ"
တီမိုသီရဲ႕ လက္တစ္ဖက္ကို ဆြဲယူကာ ရင္ဘတ္ေပၚ တင္ေပးလိုက္ရင္း ႏွလုံးခုန္သံကို ခံစားၾကည့္ခိုင္းလိုက္သည္။ အစကေန အဆုံးအထိ အၿပဳံးတစ္ပြင့္ကို ခ်ိတ္ဆြဲထားသည့္ တီမိုသီရဲ႕ ႏႈတ္ခမ္းေတြ ပိုၿပီးေကာ့တက္သြားခဲ့သည္။
"ဂ်ီမင္း"
"အင္း"
အခုေလးတင္ ပ်ံသန္းခဲ့ရသည့္ အေတြ႕အႀကဳံေၾကာင့္ တစ္ေယာက္တည္း ရင္ေတြခုန္ကာ အလုပ္ရႈပ္ေနတုန္း တီမိုသီက သူ႔လက္တစ္ဖက္ကို ေျမႇာက္ယူလိုက္ၿပီး ေဘာင္းဘီအိတ္ကပ္ထဲမွ တစ္စုံတစ္ရာကို ထုတ္ယူလာသည္။
"ထာ၀ရ အတူတူပ်ံသန္းၾကမယ္မလား"
ေငြေရာင္ လက္စြပ္ကေလးက တီမိုသီ့လက္ထဲမွာ ဂ်ီမင္းကို ၿပဳံးျပလို႔ေနသည္။ ဂ်ီမင္းသည္ ဘာေျပာရမွန္းမသိေအာင္ ျဖစ္သြားရကာ မ်က္ရည္ေတြပင္ ဝဲတက္လာရၿပီး ပါးစပ္ကို က်န္လက္တစ္ဖက္ႏွင့္ အုပ္လိုက္မိသည္။
ဘုရားေရ တီမိုသီက သူ႔ကို လက္ထပ္ခြင့္ေတာင္းေနၿပီ!
"ကိုယ့္ တစ္သက္တာလုံး မင္းနဲ႔အတူ ပ်ံသန္းပါရေစ ဂ်ီမင္း"
ဂ်ီမင္းသည္ ၿပိဳက်လာသည့္ မ်က္ရည္မ်ားႏွင့္အတူ ေနဗီျပာေရာင္ တိုက္ေလယာဥ္ေဘးတြင္ ေခါင္းကို ဆက္တိုက္ၿငိမ့္လိုက္မိသည္။ ေငြေရာင္ လက္စြပ္ကေလးဟာလည္း လက္သူႂကြယ္ထက္မွာ လွလွပပေလး ေနရာယူလ်က္။
မ်က္ရည္ေတြၾကားက လက္စြပ္ကေလးကို ၾကည့္ေနမိသည့္ ဂ်ီမင္းရဲ႕ နဖူးျပင္ထက္ဆီသို႔ ေကာင္းကင္တမန္ေတာ္ဟာ အၾကင္နာလွလွတစ္ပြင့္ကို အႏူးညံ့ဆုံး ေႁခြခ်လိုက္သည္။ ထာ၀ရအတြက္ မင္းဆီမွာ ပုံအပ္မဲ့ ငါ့ျမတ္ႏိုးရျခင္းေတြပါ ဂ်ီမင္း။
ထာ၀ရအတြက္
မင္းက ငါ့ရဲ႕ ေဝဟင္ျပာ။
ျပာလြင္ေကာင္းကင္ေအာက္က ေနဗီျပာေရာင္ တိုက္ေလယာဥ္ေဘးတြင္ အၾကင္နာအနမ္းတို႔ အထပ္ထပ္အခါခါ ပြင့္လန္းရသည္။ ထာ၀ရအတြက္ မင္းဆီမွာ အေျခခ်မဲ့ ငါ့ခ်စ္ျခင္းေတြပါ တီမိုသီ။
ထာ၀ရအတြက္
မင္းက ငါ့ရဲ႕ ေကာင္းကင္တမန္ေတာ္။
အခ်စ္တို႔ ထုံမႊမ္းေသာ ၿပီးျပည့္စုံတဲ့ ကမာၻတစ္ခု အျဖစ္ ထာ၀ရ ေပါင္းစည္းသြားေစဖို႔ က်န္ရွိ ကမာၻတစ္ျခမ္းရဲ႕ ႀကိဳးစားအားထုတ္မႈကို အတူၾကည့္လိုက္ၾကရေအာင္။
"ဘရီယန္"
ေဂ်ာင္ကုသည္ ေသခ်ာသြားေအာင္ မ်က္လုံးေတြကို ႏွစ္ခါပင္ ပြတ္ၾကည့္လိုက္သည္။ ျမင္ေတြ႕ေနရတာက အမွန္တကယ္ပင္ ျဖစ္ေနတာမို႔ အျမန္ တံခါးဖြင့္ေပးလိုက္သည္။
"၀င္…၀င္ပါ"
ထစ္အစြာ ၿပိဳဆင္းလာသည့္ စကားသံေတြကို ဘရီယန္က ဂ႐ုမစိုက္စြာပင္ အိမ္ကေလးထဲကို ၀င္လာခဲ့သည္။ ေခြးကေလးကူပီနဲ႔ ေၾကာင္ညိဳေလးရွာရွာက ဘရီယန္ကိုျမင္ေတာ့ အနားကို အေျပးေရာက္လာၾကၿပီး ပြတ္သီကပ္သီ လုပ္လို႔ေနသည္။
ငါလည္း မင္းတို႔ကို လြမ္းေနတာပါကြာ။
"ဘာမွ မေျပာင္းလဲဘူးပဲ"
တီးတိုးေရ႐ြတ္ကာ ေဂ်ာင္ကုရွိရာဘက္ကို ျပန္လွည့္လိုက္သည္။ အျပာေရာင္ လည္စည္းပုဝါ တစ္ထည္ႏွင့္ ဘရီယန္က မသဲမကြဲ အၿပဳံးတစ္ပြင့္ႏွင့္အတူ ေဂ်ာင္ကုကို ၾကည့္လို႔ေနသည္။
"ငါ လက္ဖြဲ႕လာယူတာ"
ၿပဳံးၿပဳံးကေလး ေျပာလာသည့္ ဘရီယန႔္စကားအဆုံးတြင္ ေဂ်ာင္ကုသည္ အတတ္ႏိုင္ဆုံး မ်က္ႏွာမပ်က္ေအာင္ ထိန္းလိုက္ရင္းက ေခါင္းၿငိမ့္ျပသည္။
စက္တင္ဘာ တစ္ရက္ေန႔။
ဒီေန႔ကေလးတြင္ ဘရီယန္က လက္ထပ္မည္ဟု သူ႔ကို ေျပာခဲ့ကာ ပြဲကိုလည္း ဖိတ္ခဲ့သည္။ သို႔ေသာ္ သိထားၿပီးတဲ့အတိုင္း သူ မတက္ေရာက္ႏိုင္ခဲ့ပါ။ အိမ္ကေလးထဲမွာပဲ အသုံးမ၀င္တဲ့ လူပိုတစ္ေယာက္လို ကိုယ့္ကိုယ္ကိုယ္ ပိတ္ေနမိၿပီး ေလာကႀကီးနဲ႔ အဆက္အသြယ္ျဖတ္ကာ ေနခဲ့သည္။
အခုေတာ့ ပို႔ဖို႔ ျပင္ဆင္ထားၿပီးျဖစ္တဲ့ လက္ဖြဲ႕ကို ဘရီယန္က ကိုယ္တိုင္ လာယူေနေခ်ၿပီ။ ေဂ်ာင္ကုသည္ စကားတစ္ခုခုေျပာလိုက္သည္ႏွင့္ ၿပိဳလဲေနသည့္ သူ႔ပုံစံကို ဘရီယန္ေတြ႕သြားမွာ စိုးတာေၾကာင့္ ႏႈတ္ဆိတ္ရင္း လက္ဖြဲ႕ရွိရာကို ေလွ်ာက္ခဲ့လိုက္သည္။
"ဒါလား"
ေခါင္းၿငိမ့္ျပလိုက္သည္။
"ငါ ဒီမွာပဲ ဖြင့္ၾကည့္လို႔ ျဖစ္တယ္မလား"
ဒုတိယအႀကိမ္ ေခါင္းၿငိမ့္ျပၿပီး ေဂ်ာင္ကုက မ်က္ႏွာလႊဲသြားသည္။ ဘရီယန္သည္ စကၠဴအထပ္ထပ္ပတ္ထားသည့္ လက္ဖြဲ႕ကို ဖြင့္ၾကည့္ဖို႔ ျပင္လိုက္ေတာ့သည္။
မဟုတ္ေလာက္ပါဘူးလို႔ စိတ္ထဲက ေတြးေနမိခဲ့ေပမဲ့ တကယ္တမ္း ကိုယ္တိုင္ ျမင္လိုက္ရေတာ့ မ်က္ေတာင္ဖ်ားေလးေတြ တုန္ရီသြားရသည္။ လက္ရာေျမာက္ ပုံတူပန္းခ်ီကားခ်ပ္ႀကီးထဲတြင္ သူက ရယ္ေမာေနခဲ့သည္ပင္။
"ေတာင္းပန္ပါတယ္"
ေဂ်ာင္ကုဆီက အသံထြက္လာတာမို႔ ပန္းခ်ီကားခ်ပ္အား ထိေတြ႕ေနမိသည့္ လက္ေတြကို ျပန္႐ုတ္သိမ္းလိုက္ရင္းက ေနာက္ကို လွည့္ၾကည့္လိုက္သည္။
"ခင္ဗ်ားမသိဘဲ ဆြဲခဲ့မိတဲ့အတြက္ ေတာင္းပန္ပါတယ္။ ဒီ့အတြက္ ခင္ဗ်ား စိတ္မဆိုးဖို႔ ေမွ်ာ္လင့္ပါတယ္"
ဘရီယန္ လက္ထပ္သြားသည့္အခါ ဒီပန္းခ်ီကားခ်ပ္ကို ဘရီယန္မသိဘဲ တိတ္တဆိတ္လည္း မသိမ္းထားခ်င္တာမို႔ လက္ဖြဲ႕အျဖစ္သာ ေပးလိုက္ဖို႔ ဆုံးျဖတ္ခဲ့သည္။ အကယ္၍ ဘရီယန္စိတ္ဆိုးၿပီး ဖ်က္ဆီးပစ္မယ္ဆိုရင္လည္း သူလက္ခံၿပီးသားပါ။ သူ႔မွာ ဘာမွ အတြန႔္တက္စရာမရွိပါ။ အတြန႔္တက္ပိုင္ခြင့္လည္း ရွိမေနခဲ့။
"ဒီေန႔က မင္းေမြးေန႔မလား"
ဘရီယန္က မည္သိုမွ်မတုံ႔ျပန္ဘဲ စကားလမ္းေၾကာင္း လႊဲသြားခဲ့သည္။ ထို႔ေနာက္ ႐ုတ္တရက္ႀကီး သူ႔ေမြးေန႔အေၾကာင္း ေျပာလာသည္။
"မင္းေမြးေန႔မွာ ပါစတာလုပ္ေကြၽးမယ္လို႔ ငါ ကတိေပးခဲ့ဖူးတယ္မလား"
"ဘရီယန္က မွတ္မိတယ္လား"
ေဂ်ာင္ကုက အံ့အားသင့္သြားကာ ေမးလိုက္ေတာ့ ဘရီယန္က လွစ္ခနဲ တစ္ခ်က္ၿပဳံးသည္။ ၾကာခ်ိန္က ခဏေလး တကယ္ကိုမွ ခဏေလး။ ဒါေပမဲ့ သူ ေသခ်ာေပါက္ ျမင္လိုက္ရတာ။
"ငါေပးခဲ့တဲ့ ကတိကို ငါမွတ္မိတာေပါ့"
ဘရီယန္က ေျပာေျပာဆိုဆိုပင္ မီးဖိုခန္းထဲကို ၀င္ခ်သြားသည္။ ထိုအခါ က်န္ေနသည့္ တစ္ေယာက္နဲ႔ ႏွစ္ေကာင္လည္း ဘရီယန႔္ေနာက္ကို လိုက္ခဲ့ၾကသည္။
"ခင္ဗ်ား တကယ္ ပါစတာလုပ္ေကြၽးမွာလား"
"ငါ့ပုံစံက စေနာက္ေနတာနဲ႔တူလို႔လား"
"အဲ့လို မဟုတ္ပါဘူး"
"စားပြဲမွာ သြားထိုင္ေန"
ေယာင္နန ေခါင္းၿငိမ့္ျပလိုက္ၿပီး စားပြဲမွာ ထိုင္ေနလိုက္သည္။ ေပါ့ေပါ့ပါးပါးကေလး ပါစတာခ်က္ေနတဲ့ ဘရီယန္ရဲ႕ ေနာက္ေက်ာကို မ်က္ေတာင္မခတ္တမ္း ေငးၾကည့္ေနမိသည္။ ဒီအခ်ိန္ေလးမွာေတာ့ စကၠန႔္တိုင္းက အေရးႀကီးလြန္းတာမို႔ မ်က္ေတာင္ခတ္ရမွာကိုပင္ ႏွေျမာမိသည္။
ရသေလာက္ အခ်ိန္ေလးမွာေတာ့ သူ ဘရီယန႔္ကို တ၀ႀကီး ေငးၾကည့္ခ်င္မိတာမို႔။ တကယ္ စိတ္ရင္းနဲ႔ပါ။ သူ ဒီအတိုင္း ေငးေနရလည္း အဆင္ေျပမွာပါ။ အဆင္ေျပသြားမွာ။ ၀မ္းမနည္းနဲ႔ေတာ့ ငါ့ႏွလုံးသားေလး။
"ငါ့အခန္းထဲမွာ မင္းေမြးေန႔အတြက္ အ၀တ္အစားေတြ ရွိတယ္။ သြားလဲလိုက္"
"ဗ်ာ"
ေက်ာေပးထားသည့္ ဘရီယန္က သူရွိရာကို လွည့္မၾကည့္ဘဲ ေျပာလာသည္။ ဘာလဲဆိုတာကို ေရေရရာရာ နားမလည္ေသးေပမဲ့ ဘရီယန္ေျပာသည့္အတိုင္း လုပ္ဖို႔အတြက္ အေပၚထပ္က အခန္းဆီကို တက္ခဲ့သည္။
ခ်ေလာက္ဆိုေသာ အသံနဲ႔အတူ ဘရီယန္ ေနခဲ့ဖူးသည့္ အခန္းေလးက အေငြ႕အသက္အျပည့္နဲ႔ သူ႔ကို ႀကိဳဆိုသည္။ အိမ္ကေလးကေန ဘရီယန္ ထြက္သြားၿပီးေနာက္ပိုင္း သူ ဒီအခန္းကို မ၀င္ျဖစ္ခဲ့ပါ။ မ၀င္ႏိုင္တာဆိုရင္ ပိုမွန္ပါလိမ့္မယ္။
ဘရီယန္ရဲ႕ အေငြ႕အသက္ေတြ၊ ပုံရိပ္ေတြနဲ႔ ျပည့္ေနသည့္ ဒီအခန္းေလးထဲကို ၀င္ရဲေလာက္သည္အထိ သူရဲေဘာေၾကာင္တယ္ေျပာေျပာ သူ႔မွာ အင္အားအလုံအေလာက္ ရွိမေနခဲ့ပါ။ ဘရီယန္ကသာ ပိုင္ရွင္ဟု သတ္မွတ္ထားၿပီးတာမို႔ ပိုင္ရွင္မရွိသည့္ အခန္းေလးထဲ ေျခတစ္လွမ္းေတာင္ မခ်ျဖစ္ခဲ့။
"မင္း ႀကိဳက္ရာကို ေ႐ြး၀တ္ခဲ့"
အခန္းေထာင့္မွာ လဲေလ်ာင္းေနသည့္ အ၀တ္အစားအိတ္ေလးေတြကို ယူကာ ျပန္ဆင္းလာေတာ့ ဘရီယန္က ႀကိဳက္တာ၀တ္ဖို႔ ထပ္ေျပာလာသည္။ ဘရီယန္က ေျပာလာရင္ ျငင္းဆန္ေလ့မရွိတဲ့ သူပဲမို႔ ခ်က္ခ်င္းပဲ အခန္းထဲ၀င္ကာ လဲလွယ္၀တ္ဆင္လိုက္သည္။
ဒီဟာက ဝူေယာင္းအတြက္ဆိုၿပီး ၀ယ္ေပးခဲ့တာေတြ မဟုတ္ဘူးလား။ ေဂ်ာင္ကုသည္ ႐ုတ္တရက္ ေတြးမိသြားကာ ၀မ္းသာမိေတာ့မလို ျဖစ္သြားရသည္။ သို႔ေသာ္ ဘရီယန္က ဒီေန႔ပဲ လက္ထပ္ခဲ့ၿပီးတာကို သတိရလိုက္ေတာ့ ကိုယ့္ပါးကိုယ္ ျပန္ခ်လိုက္မိသည္။
စိတ္နဲ႔ေတာင္ မပစ္မွားစမ္းနဲ႔ ေဂ်ာင္ကု။
"ဟို ပါစတာ ရၿပီလား"
"အင္း ရေတာ့မွာ"
ဘရီယန္က သူ ေ႐ြး၀တ္လာသည့္ သစ္လြင္ေသာ အက်ႌႏွင့္ ေဘာင္းဘီေၾကာင့္ စားပြဲကိုမွီၿပီး လက္ပိုက္ထားရာမွ ေျခဆုံးေခါင္းဆုံးၾကည့္လို႔ေနသည္။
သိပ္မၾကာခင္ အခ်ိန္အတြင္းမွာပဲ ဘရီယန္ ျပင္ဆင္ေပးထားသည့္ ပါစတာပြဲေလးက ေဂ်ာင္ကုေရွ႕ကို ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ေရာက္လာခဲ့သည္။ ပူပူေႏြးေႏြးရွိေနဆဲ ပါစတာတစ္ပြဲဟာ သူ႔ေမြးေန႔အတြက္ ဘရီယန္က ျပင္ဆင္ေပးခဲ့တာ။
"ေက်းဇူးတင္ပါတယ္"
"ေကာင္းေကာင္းစား"
ခက္ရင္းကို အသာကိုင္လိုက္ရင္း ပါစတာပြဲေလးကို ၾကည့္ကာ ႏွေျမာေနမိသည္။ ဘရီယန္က ေနရာက ေရွာင္ထြက္သြားခဲ့ၿပီး ပန္းခ်ီကားခ်ပ္ႀကီးဆီကို ထပ္မံၿပီး ေရာက္ရွိသြားခဲ့သည္။
"စားလို႔ေကာင္းရဲ႕လား"
ဘရီယန္သည္ ပန္းခ်ီကားထက္က မိမိုကိုယ္ကိုယ္ အသာအယာ လက္ျဖင့္ လိုက္ထိေနမိရင္းက ေမးလိုက္သည္။
"ေကာင္း…တယ္ ဘရီယန္"
ေဂ်ာင္ကုသည္ ထိန္းထားသည့္ၾကားမွ ရႈိက္သံတစ္ခ်က္ ထြက္က်သြားသည္။ ေက်းဇူးျပဳၿပီး ဘရီယန္ သတိမထားမိပါေစနဲ႔။ မ်က္ရည္တစ္စက္က မနာခံစြာပင္ စားပြဲေပၚကို ခုန္ဆင္းသြားခဲ့သည္။
"ေဂ်ာင္ကု"
ဆိတ္ဆိတ္ေနျခင္းဟာ ဘရီယန္ေျပာသမွ်ကို သူ နားေထာင္ေနပါတယ္ဆိုတဲ့ အဓိပၸါယ္။
"ငါ မင္းကို လုပ္ေပးတဲ့ ပါစတာက ဘာအမ်ိဳးအစားလဲသိလား"
ဘရီယန္က အနားမွာ တအီအီလာလုပ္ေနသည့္ ေၾကာင္ညိဳလုံးေလးကို ေကာက္ေပြ႕လိုက္ရင္းက ေမးလိုက္ျပန္သည္။
"ကြၽန္ေတာ္…မသိဘူး ဘရီယန္"
မငိုမိေအာင္ ထိန္းရင္း ေျပာလိုက္တဲ့ အသံေၾကာင့္ ဘရီယန္က ရွာရွာ့ကို ပြတ္သပ္ေပးေနရင္းက ၿပဳံးလိုက္သည္။
"Carbonara Pasta လို႔ ေခၚတယ္။ ငါ မင္းကို ျပင္ေပးထားတဲ့ အဲ့ဒီပါစတာနာမည္"
ဘရီယန္ ျမင္သလား၊ မျမင္သလား သူမသိ။ ေခါင္းပဲ ၿငိမ့္ျပမိသည္။ ဘရီယန္သည္ ရွာရွာ့ကို ေပြ႕ထားရင္းက မွန္ျပင္ႀကီးဆီကို တိုးကပ္သြားခဲ့သည္။ ေၾကာင္ညိဳလုံးေလးကို ေသေသခ်ာခ်ာ ပြတ္သပ္ေပးေနသည့္ ဘရီယန႔္ရဲ႕ လက္ေတြကို ၾကည့္ျခင္းအားျဖင့္ တစ္ခုခုကို အားယူေနဟန္လည္း ေပၚလြင္လွသည္။
"Carbonara Pasta တစ္ပြဲရဲ႕ အဓိပၸာယ္က ငါ မင္းကို ခ်စ္မိေနၿပီတဲ့"
ခ်လြင္!
ေဂ်ာင္ကု လက္ထဲက ခက္ရင္းေလးသည္ လြတ္က်သြားကာ စားပြဲအစြန္းႏွင့္ တိုက္မိကာ ၾကမ္းျပင္ေပၚသို႔ ပစ္စလက္ခတ္ က်သြားခဲ့သည္။ ေဂ်ာင္ကုရဲ႕ မ်က္လုံးေတြက ျပာခနဲ တစ္ခ်က္ျဖစ္သြားရၿပီး မ်က္စိေရွ႕က ကာရစ္ဘိုနာရာ ပါစတာ ပြဲကိုသာ စိုက္ၾကည့္ေနခဲ့မိသည္။
"ဘရီယန္…"
ခ်က္ခ်င္းဆိုသလို ေနရာမွထကာ ဘရီယန္ရွိရာ အရပ္ကို မ်က္ႏွာလွည့္လိုက္ေတာ့ မွန္ျပင္ကေန အျပင္ေလာကကို ေငးၾကည့္ေနသည့္ ဘရီယန္ကို ရွာရွာအား ေထြးေပြ႕ထားရင္းက ေတြ႕လိုက္ရသည္။
"ေဂ်ာင္ကု"
လက္ထဲက ေၾကာင္ညိဳလုံးေလးကို ေအာက္သို႔ ျပန္ခ်ေပးလိုက္ရင္းက ဘရီယန္က အေခၚရွိသည္။ ေဂ်ာင္ကုကား ေနရာမွာ ေတာင့္ခဲေနမိတုန္း။
"ငါလည္း မင္းကို ခ်စ္မိသြားတယ္"
ဘရီယန္ဟာ သူ႔မ်က္၀န္းေတြကို တည့္တည့္ၾကည့္လ်က္ ရဲရဲဝံ့ဝံ့ပင္ ဆိုလာသည္။ ၾကားလိုက္ရသည့္ စကားအဆုံး ပြင့္ဟသြားေသာ ႏႈတ္ခမ္းပါးမ်ားႏွင့္ ေဂ်ာင္ကုသည္ လိပ္ျပာလြင့္မတတ္။
"ဘရီယန္…"
ေဂ်ာင္ကုသည္ ျမန္ဆန္ေသာ ေျခလွမ္းမ်ားႏွင့္အတူ ဘရီယန႔္နာမည္ကို ေခၚလ်က္ အေျပးအလႊားပင္ ခ်စ္ရတဲ့ ဘရီယန႔္ကို ေပြ႕ဖက္ပစ္လိုက္ေတာ့သည္။ လႊတ္ထြက္သြားမွာ စိုးသည့္အလား၊ တစ္ေယာက္ေယာက္က ခြဲထုတ္ပစ္မွာ စိုးသည့္အလား တင္းက်ပ္ေနေအာင္ပင္ ေပြ႕ဖက္ထားခဲ့မိတာ။
ေဂ်ာင္ကု ငိုမိသည္။ ေပ်ာ္လြန္းတာမို႔ သူ ငိုမိသည္။ ဘရီယန္က သူ႔ကို ခ်စ္တယ္တဲ့။ ခ်စ္ပါတယ္တဲ့ေလ။ တစ္ေလာကလုံး သိသြားေအာင္ ဘရီယန္က ကြၽန္ေတာ့္ကို ခ်စ္ပါတယ္လို႔ ေအာ္ဟစ္ပစ္လိုက္ခ်င္တဲ့အထိကို သူေပ်ာ္လြန္းလို႔ ငိုမိတာ။
ေဂ်ာင္ကုရဲ႕ မ်က္ရည္ေတြက ဘရီယန႔္လည္တိုင္ဆီက ပုဝါျပာေလးကိုပင္ စိုစြတ္သြားေစခဲ့သည္။
"ငါ စဥ္းစားမိခဲ့တယ္ ေဂ်ာင္ကု"
ဘရီယန္က သူ႔ကို ျပန္လည္ေပြ႕ဖက္လာရင္းက ခပ္တိုးတိုးဆိုသည္။
"ငါ့အနားမွာ မင္း မရွိလည္း ျဖစ္တယ္ဆိုေပမဲ့ မင္း ရွိေနတဲ့အခါ ပိုေကာင္းမွာပဲလို႔"
မ်က္လုံးႏွစ္ဖက္လုံးကို စုံမွိတ္လိုက္ေတာ့ မ်က္ရည္ေတြက လွိမ့္ခနဲ စီးဆင္းသြားသည္။
"ေက်းဇူးတင္ပါတယ္ ကြၽန္ေတာ့္ကို ေ႐ြးခ်ယ္ေပးခဲ့လို႔"
ကေလးတစ္ေယာက္ကို သည္းသည္းထန္ထန္ ငိုေနတဲ့ ေကာင္ေလးရဲ႕ ေက်ာျပင္ကို အသာဖြဖြ ပုတ္ေပးရင္းက ၿပဳံးေနမိသည္။
ဘရီယန္…သူ အမ်ားႀကီး စဥ္းစားခဲ့ၿပီးၿပီ။ သူ ေဂ်ာင္ကုအေပၚကို ခ်က္ခ်င္းႀကီး မဟုတ္ပါဘဲ ခပ္ျဖည္းျဖည္းခ်င္း သေဘာက်ေနခဲ့မိတာကို ရိပ္မိလာတာမို႔ ခ်က္ခ်င္း ခြာပစ္ခဲ့သည္။ သူ ထိန္းခ်ဳပ္ခဲ့သည္။ သူ႔ကိုယ္သူေရာ သူ႔ရင္ထဲက ခံစားခ်က္ေတြကိုေရာ။
ဒါေပမယ့္လည္း… ဒါေပမယ့္လည္း လူဆိုးေလးရယ္ မင္းက ငါ့ကို လြတ္လမ္းမရွိေအာင္ အဆုံးထိ ခ်ည္ေႏွာင္ထားခဲ့တယ္ေလ။
"မင္းက သိပ္ဆိုးတာပဲ ေဂ်ာင္ကု"
ဘရီယန္က ဘာအဓိပၸာယ္နဲ႔ ေျပာလိုက္သလဲဆိုတာ ေသခ်ာမသိေပမဲ့ သူ႔အေနနဲ႔ မေကာင္းသည့္အရာေတာ့ မျဖစ္ႏိုင္။
"ကြၽန္ေတာ္ ခင္ဗ်ားကို ႐ူးေအာင္ ခ်စ္မိေနခဲ့တာ ဘရီယန္"
ရယ္သံဖြဖြတစ္ခုက ဘရီယန႔္ဆီမွ ထြက္က်လာခဲ့သည္။ ဘယ္အခ်ိန္ထိ တြယ္ဖက္ထားမယ္မသိတဲ့ လက္ေတြၾကား ဘရီယန္က မ႐ုန္းခဲ့ပါ။ ဘယ္ေတာ့မွလည္း ႐ုန္းထြက္မွာ မဟုတ္ေတာ့ဘူး။
အတန္ၾကာၿပီးသည့္ ေနာက္တြင္ေတာ့ ငိုလို႔၀သြားသည့္ ေဂ်ာင္ကုသည္ ဘရီယန႔္ကို ေပြ႕ဖက္ထားရာမွာ လႊတ္ေပးလိုက္ၿပီး မ်က္ႏွာခ်င္းဆိုင္လာခဲ့သည္။ နီရဲေနသည့္ မ်က္၀န္းမ်ားႏွင့္ ခ်ယ္ရီသီးလို ႏွာေခါင္းထိပ္ေလးဟာ အေတာ္ေလးငိုထားမွန္း သိသာေစလွသည္။
ေဂ်ာင္ကုဟာ ဘရီယန္ကို ေပ်ာက္သြားမွာစိုးသည့္ ေႂကြ႐ုပ္ေလးအလား မ်က္ႏွာအစိတ္အပိုင္းတိုင္းကို မ်က္ေတာင္မခတ္တမ္း လိုက္ၾကည့္ေနသည္။
"ဒီ မွဲ႔ေလးကို ကြၽန္ေတာ္ နမ္းလို႔ရမလား"
ညာဘက္ ပါးျပင္႐ိုးဆီက မွဲ႔ကေလးကို အသာအယာ ထိေတြ႕လိုက္ရင္းက ေဂ်ာင္ကုက မရဲတရဲျဖင့္ ခြင့္ေတာင္းလာသည္။ ဘရီယန္က မ်က္ေတာင္တစ္ခ်က္ခတ္ကာ ခြင့္ျပဳလိုက္သည္ႏွင့္ အင္အားအျပည့္ႏွင့္ ထိုမွဲ႔ကေလးအား ႏႈတ္ခမ္းပါးမ်ားႏွင့္ ထိကပ္ကာ နမ္းလိုက္ေတာ့သည္။
႐ိုး႐ိုးေလး။ တကယ္ကို ခပ္႐ိုး႐ိုးေလး ေပးမိတဲ့ သူ႔ကမာၻႀကီးရဲ႕ အဦးဆုံးေသာ အနမ္း။ ေနဗီျပာရဲ႕ ကမာၻဦးအနမ္းဟာ ဘရီယန႔္ ပါးျပင္႐ိုးထက္က ထိုမွဲ႔နက္ကေလးကေန စတင္ခဲ့တယ္။
"ကြၽန္ေတာ္ ခင္ဗ်ားကို သိပ္ခ်စ္တယ္ ဘရီယန္"
မွန္ျပင္မွာ ထိကပ္သြားသည့္ ဘရီယန႔္ေက်ာျပင္ေနာက္တြင္ မြတ္သိပ္သည့္ အနမ္းမ်ားက မ်က္ရည္ေတြ ေျခာက္ေသြ႕သြားသည္အထိ ခရီးရွည္ခဲ့ၾကသည္။
အျပာေရာင္ လည္စည္းပုဝါတစ္ထည္က အခုေတာ့လည္း ဘရီယန႔္လက္ေတြကို ဖိကိုင္ထားသည့္ ေဂ်ာင္ကုရဲ႕ လက္ေခ်ာင္းေတြထဲမွာ ရွိလို႔ေနၿပီး အေဝးကို ထြက္ေျပးခြင့္မရခဲ့။
ၿပီးျပည့္စုံသြားခဲ့ၿပီျဖစ္တဲ့ သူ႔ရဲ႕ကမာၻ။
ၿပီးျပည့္စုံသြားခဲ့ၿပီျဖစ္တဲ့ လူေလးေယာက္ရဲ႕ ေနဗီျပာေရာင္ျခယ္သည့္ ကမာၻ။
လြဲမွားျခင္းတို႔ ကင္းေဝး
ခ်စ္ျခင္းေတြသာ ထုံသင္းလ်က္
ေနဗီျပာ ေကာင္းကင္ေအာက္က
လည္စည္းပုဝါေလးရယ္
တိုက္ေလယာဥ္ေတြရယ္
အၾကင္နာ လွလွေတြရယ္
ေနာက္ၿပီး…
Carbonara ပါစတာ တစ္ပြဲရယ္။
__________________
ကာရစ္ဘိုနာရာ ပါစတာတစ္ပြဲရဲ႕ အဓိပၸာယ္က I am in love with you ပါတဲ့။
တကယ္ေတာ့ ဘရီယန္အတြက္ ေဂ်ာင္ကုကို လက္ခံေပးလိုက္တာက မဟာစြန႔္စားမႈႀကီးပါ။ သူက တီမိုသီနဲ႔ ႐ုပ္ခ်င္းတူေနတာမို႔ မႀကိဳက္ဘူး မခ်စ္ဘူး မႀကိဳက္ရဘူး မခ်စ္ရဘူးဆိုၿပီး သူ႔ကိုယ္သူ ျပန္ကန္ေနခဲ့တာပါ။
ၿပီးေတာ့ နည္းနည္းထပ္ရႈိ႕ရရင္ တီမိုသီက ေဂ်ာင္ကုထက္ လက္သြက္ပါတယ္😂 ယူတို႔ ေကာင္းကင္တမန္ေတာ္ႀကီးက ထင္ထားတာထက္ ခရီးပိုေရာက္ပါတယ္ေနာ္။ ေျပာခ်င္တာက ဘာဘာညာညာေပါ့ေနာ္။ အဟိဟိ
(အက္ဒရစ္ကို ျငင္းလိုက္တာရယ္ ဝူေယာင္းကို ျငင္းလိုက္တာရယ္ကို မထည့္ေတာ့ပါဘူး။ မထည့္လည္း နားလည္ၾကမယ္ထင္လို႔ပါ)
ဝွက္ဖဲ အႀကီးႀကီးကို ထုတ္ျပရရင္ ဘရီယန္က ဒီဘက္ ကမာၻမွာ ေျခေထာက္ေတြကို အေကာင္းအတိုင္း ျပန္ရခဲ့ပါတယ္။ ဒါက ေနာက္က် ေဂ်ာင္ကုက စဥ္းစားမိရင္း သိသြားၾကမွာပါ။ ဆြဲႀကိဳးေလးကေတာ့ အဖိုးဆီမွာပဲ ဆက္သိမ္းထားမွာပါ။ ဘယ္သူ႔ကိုမွ ေပးမသိေတာ့ဘဲ ထာ၀ရ သိမ္းဆည္းခံရေတာ့မွာပါ။
ၿပီး တိုက္ေလယာဥ္က ႏွစ္ေယာက္စီးလို႔ရပါတယ္။ အေရွ႕ကတစ္ေယာက္ ေနာက္ကတစ္ေယာက္ေပါ့။ ရွာၾကည့္ၿပီးမွ ထည့္တာပါ။
ကဲကဲ ႏႈတ္ဆက္ပါတယ္ေနာ္
တိုက္ေလယာဥ္ေဘးကေန တာ့တာ့ျပေနတဲ့ သူက မာမိတ္ပါ။ ေနာက္ၿပီး ေဂ်ာင္ကုစားလက္စ ပါစတာစားရင္း တာ့တာျပေနတာလည္း မာမိတ္ပါပဲ။
အတူဖတ္ရႈေပးသူတိုင္းကို
ေက်းဇူးအထူးတင္ပါတယ္။