This Mafia Fall In You [ ဒီမာ...

By _ShoYo_61

488K 39.9K 2.8K

ရုတ်ရင့်ကြမ်းတမ်းတဲ့ Mafia တစ်ယောက် အချစ်မှာ နစ်မြောသွားတဲ့အခါ ...( OC မဟုတ်ပါ OTP fiction ပါ ) Warning - Sex... More

စာအမြည်း
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄ [ Adult ]
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၉ ( Adult )
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃ ( Adult )
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈ [ Adult ]
Bonus ( Gifts )
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁ [ Adult ]
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁ [ Final ]
Book Announcement 1

အပိုင်း ၈

13.5K 1.3K 56
By _ShoYo_61

အပိုင်း ၈ [ Unicode Version ]

Chanyeol oversea သွားနေတဲ့ 2 ရက်မှာ Baekhyun ရဲ့တစ်နေ့တာ လုပ်ငန်းဆောင်တာတွေက သာမန်ရိုးကျစွာ တစ်ယောက်တည်း ဖြစ်လို့နေတယ် ။ ဒါက ပတ်ဝန်းကျင်က မြင်နိုင်တဲ့အမြင်ပေါ့ ။

ဒုံဒယ်မွန် စျေးတန်းအပြင်ဘက်က သစ်သီးဆိုင်တွေမှာ Baekhyun လိမ္မော်သီး အနည်းငယ် ရွေးယူနေရာကနေ မသက်မသာ သက်ပြင်းမောလေး ချလိုက်မိပါရဲ့ ။

" သူတို့ အဲ့လိုပုန်းကွယ်ပြီး လိုက်နေလည်း တကယ်ငါမရိပ်မိလောက်ဘူးလို့ထင်နေတာများလား "

Baekhyun ဟာ တစ်ယောက်တည်း တိုးတိုးလေး ရေရွတ်လိုက်ပြီး နောက်ကနေ နေရာမျိုးစုံမှာ ကွယ်ဝှက်ပုန်းလို့ စုံလျှောက်လိုက်နေတဲ့ ကတုံးတစ်အုပ်ကို လျစ်လျူရှုထားလိုက်တယ် ။

သူအဝေးရောက်နေချိန်တိုင်း ခုလိုစိတ်မချပဲ သူ့လူတွေ အုပ်လိုက်ကြီးကို Baekhyun နောက် လျှောက်လိုက်ခိုင်းထားမယ်ဆိုရင်တော့ သူကိုယ်တိုင် Baekhyun အနားရှိနေတာကပဲ ပိုကောင်းပါတယ်လေ ။ Baekhyun ဒီနှစ်ရက် မြန်မြန်ကုန်ပြီး Chanyeol သူ့အနားကို ပြန်ရောက်လာဖို့ ဆုတောင်းမိတယ် ။

Baekhyun ငွေရှင်းပြီးတဲ့နောက် လိမ္မော်သီးအိတ်လေးကို ဆွဲပြီးပြန်လှည့်လိုက်တော့ ရုတ်တရက်မို့ ချောင်းနေတာပေါ်သွားတဲ့ ကတုံးတစ်ကောင်ဟာ မလုံမလဲနဲ့ ဘေးက တွေ့တဲ့ကလေးကို သွားချော့မြှူနေတော့တာပဲ ။

4 နှစ်အရွယ်လောက်ရှိတဲ့ ကလေးလေးကတော့ အာတာပူစီတစ်လုံးကို လက်ကကိုင်ထားရင်း သူ့ကို လူဆိုးကြီးဖမ်းသွားတော့မယ် အထင်နဲ့ အမေ့ဆီငိုပြီး ပြေးတိုင်တော့တယ် ။

Baekhyun ရယ်ရ အခက် ၊ ငိုရအခက် ဖြစ်သွားရတယ် ။ အရင်ဆုံး သူ့နောက်က ခိုးပြီး နောက်ယောင်ခံလိုက်မယ်ဆို အဲ့ Suit တွေရယ် ၊ နောက်ပြီး သူတို့ ကတုံးပေါ်ထက်ကို တစ်ခုခု ဆောင်းလာသင့်တာမဟုတ်ဘူးလား ။

တိုက်ဖို့ ခိုက်ဖို့ကလွဲပြီး ဒီလိုကိစ္စတွေမှာ ဥာဏ်နည်းလွန်းတဲ့ မာဖီးယား ဂိုဏ်းသားကြီးတွေကို Baekhyun ဘာပြောရမယ်မှန်းတောင် မသိဘူး ။ သူမသိချင်ယောင်ဆောင်ပေးထားဖို့ပဲ ရှိတော့တယ် ။ ဘယ်လိုပဲဖြစ်ဖြစ် နည်းနည်း အနေကျဥ်းကျပ်တာ မှန်ပေမယ့် နောက်က လိုက်နေတဲ့အဖော်တွေ ရှိတယ်ဆိုတဲ့စိတ်က သက်သာရာတော့ ရစေတယ်လေ ။

Aghh... အဲ့ဒီအစား ပေါ်တင်လိုက်လာပြီး သူ့လက်ထဲက အထုပ်တွေကို ကူဆွဲပေးပါတော့လား !

ဒီနေ့ တစ်ပတ်စာ ဟင်းထွက်ဝယ်တဲ့နေ့မို့ Baekhyun လက်ထဲမှာ အထုတ်တွေ အများအပြားနဲ့ ။

_________________________________

ဆေးကျောင်း Canteen ဆိုတဲ့အတွက် နာမည်နဲ့လိုက်အောင်ကို Baekhyun ရဲ့ နေ့လည်စာတွေက အချိုးကျပြီး ငြီးငွေ့စရာ ကျန်းမာရေး ဓာတ်စာတွေနဲ့ ပြည့်လို့နေတယ် ။ ထမင်းဖြူဖြူထက်က ကုလားပဲကြော်အဝါတွေရယ် ၊ နောက်ပြီး Salad ဆိုတဲ့ ခေါင်းစဥ်အောက်က ဂေါ်ဖီရွက်တွေနဲ့ baby tomatoes တွေ ။ ပဲပင်ပေါက် ရေနွေးဖျောတွေနဲ့ ၊ အသားဟင်းအနည်းငယ် ။

ဒီနေ့လည်စာထဲ သူကြိုက်တာဆိုလို့ ပဲပေါင်မုန့်ရယ် ၊ နွားနို့ဘူးလေးရယ်ပဲ ရှိတယ် ။ အနည်းငယ်နောက်ကျပြီးမှ ရောက်လာတဲ့ Yixing နေ့လည်စာတစ်ဗန်းနဲ့ မျက်နှာချင်းဆိုင်ခုံကို လာဝင်ထိုင်တဲ့အချိန် Baekhyun က စာကြည့်မျက်မှန်ဝိုင်းလေးတပ်လို့ ဖတ်စာအုပ်တစ်အုပ်ကို ပေါင်မုန့်စားရင်း ကြည့်နေပြီ ။

" ခုမှ ရောက်လာတာလား "

" အင်း..စာကြည့်တိုက်ကို စာအုပ်တွေ သွားအပ်နေရလို့ ၊
စာကြည့်တိုက်မှူးကလည်း တနေ့တခြား အပေါက်ဆိုးလာတာပဲကွာ"

စာအုပ်တစ်အုပ်ကို လက်တစ်ဖက်နဲ့ ကိုင်ထောင်ထားရင်း ဖတ်နေတဲ့ Baekhyun က ရှုံ့မဲ့နေတဲ့ Yixing ဆီကို အကြည့်တစ်ချက်ပို့ရင်း ရယ်တယ် ။

Yixing ဗိုက်ဆာနေတာကြောင့် နေ့လည်စာကိုအရင် အမြန်သွပ်ဖို့ ဇွန်းကောက်ကိုင်လိုက်ပေမယ့် ခေါင်းထဲ ဖြတ်ခနဲ ဝင်လာတဲ့ အတွေးကြောင့် Baekhyun ကို ပြန်မော့ကြည့်မိသွားတယ် ။

ခု Baekhyun က Canteen ဘေးဘက် မှန်တံခါးတွေက ဝင်လာတဲ့ အလင်းရောင်ကောင်းကောင်းကြောင့် မျက်နှာလေးကြည်ရှင်းနေတဲ့အပြင် ဂျူတီကုတ် အဖြူလေးကိုလည်း ဝတ်ထားတယ် ။ စာကြည့်မျက်မှန်ဝိုင်းလေးနဲ့ စာအုပ်တစ်အုပ်ကို လက်တစ်ဖက်က ကိုင်ထောင်ထားရင်း ဖတ်နေသလို ပေါင်မုန့်တွေဝါးနေတာကြောင့် ဖောင်းနေတဲ့ ပါးလေးတစ်ဖက်နဲ့ ၊ ပြီးတော့ နွားနို့ဘူးလေးက်ိုလည်း လက်တစ်ဖက်က ကိုင်ပြီး ပိုက်နဲ့စုပ်သောက်နေသေးတယ် ။

ဒီလိုပုံကိုသာ Boss ကို ရိုက်ပြီးပို့လိုက်ရင် သူ လကုန်ကျ Bonus တွေ ဝင်လာနိုင်ချေ ရှိတာမဟုတ်ဘူးလား ။

Yixing ဟာ ထမင်းစားဖို့ကိုင်ထားတဲ့ ဇွန်းကို ပြန်ချထားလိုက်ပြီး ဘေးက ဖုန်းကို ကောက်ကိုင်လို့ သူ့အာရုံနဲ့သူ ဖြစ်နေတဲ့ Baekhyun ကို သေချာချိန်ပြီး ပုံတစ်ပုံ ရိုက်ယူလိုက်တယ်။

ချလပ် !

အသံထွက်လာတော့ Baekhyun က သူ့ကို ပြူးကြောင်ကြောင်လေးနဲ့ လှည့်ကြည့်လာပြီးနောက် နွားနို့ဘူးကို ချထားလိုက်ပြီး လက်ဝါးတစ်ဖက်နဲ့ ကာတော့တာပဲ ။

" တော်ပါတော့ xing ရာ ၊
ရုတ်တရက်ကြီး ဘာထလုပ်နေတာလဲ "

" မင်းချောနေလို့ စေတနာနဲ့ ရိုက်ပေးထားတာကွ ၊
နောက်မှ ငါပို့ပေးလိုက်မယ် ကြည့်လိုက် "

Baekhyun ကတော့ ခပ်ဖွဖွရယ်လို့ ခေါင်းခါရင်း စာကိုပဲ ပြန်အာရုံစိုက်ဖတ်နေလိုက်တော့တယ် ။

___________________________________

လက်နက်ရောင်းဝယ်ရေးနဲ့ ပတ်သတ်တဲ့ ဟောင်ကောင်က အလုပ်ကိစ္စအကုန် ညှိနှိုင်းပြီးတဲ့အချိန် Chanyeol မိမိပိုင်တဲ့ Hotel ကို ပြန်ရောက်တော့ ည 6 နာရီတိတိဖြစ်လို့နေပြီ ။

တင်းကျပ်နေတဲ့ necktie ကို လက်တစ်ဖက်နဲ့ဆွဲဖြုတ်လို့ ဖြေလျှော့အပြီး Chanyeol အပေါ်ကုတ်ကိုပါ ချွတ်လို့ ကုတင်ပေါ်တင်ထားလိုက်တယ် ။ ပိတ်လှောင်ထားတဲ့ အင်္ကျီလည်ပင်းကြယ်သီးတွေကိုပါ သုံးလုံးလောက် ဖြုတ်ပြီးတဲ့အချိန်မှာတော့ Chanyeol အတွက် သူ့ တစ်ခုတည်းသော privacy လေးကို စစ်ဆေးရမယ့်အချိန်တန်ပြီလေ ။

အသံလေးကြားချင်လို့ ဖုန်းအရင်ဆက်မယ်ပြင်လိုက်ပေမယ့် ဖုန်းဖွင့်ဖွင့်ချင်းဝင်လာတဲ့ photo message တစ်စောင်ကြောင့် Chanyeol အရင်ဝင်စစ်လိုက်တယ် ။

ရင်အေးစေတဲ့ အဖြူထည်လေးက သူ့အလွမ်းတွေကို နင့်နင့်နဲနဲကို တိုးလာစေတော့တာပဲ ။ Chanyeol ဟာ ဖုန်း screen ထဲက သူ့ ကြင်နာသူလေးကို မျက်လုံးမှိတ်ပြီး နမ်းရှိုက်လိုက်မိတယ် ။ ပြီးတာနဲ့ သူ့လက်တွေဟာ မရည်ရွယ်ထားတဲ့ အခြား contact ကိုပဲ ပြောင်းနှိပ်မိလိုက်တော့တယ် ။

" ခုပဲ ညတွင်းချင်း Korea ကိုပြန်မယ်
Private jet ​ပြင်လိုက်တော့ "

လက်အောက်ငယ်သား တစ်ယောက်ကို ညွှန်ကြားပြီးတဲ့နောက်မှာ Chanyeol ဟာ Message တစ်ခုကို အကြောင်းပြန်လိုက်ရသေးတယ် ။

' Baekhyun ပုံတွေအကုန်လုံးကို ငါ့ကိုပို့ပြီးတာနဲ့ မင်းဖုန်းထဲကနေ ဖျက်လိုက် '

ဟောင်ကောင်ကနေ ကိုရီးယားကို ပြန်ဖို့ကြာချ်ိန် 3 နာရီနဲ့ မိနစ် 30 အတွင်း သူ့အလွမ်းတွေကို ဖိနှိပ်ထားနိုင်ကောင်းရဲ့ ။

__________________________________

Baekhyun ကို ရုတ်တရက်ကြီး ဂိုဏ်းကလူတွေ ကားနဲ့လာကြိုတဲ့အချိန်က ည 10 နာရီတီးလုနီးပါးဖြစ်နေပြီ ။ Boss ခိုင်းလိုက်လို့ပါ ဆိုတဲ့ စကားနဲ့လာခေါ်တော့လည်း Baekhyun မှာ ပြင်ဆင်ချိန်တောင်မရပဲ အိမ်နေရင်း တီရှပ်လေးရယ် ချည်သားဘောင်းဘီရှည်လေးရယ်နဲ့ လိုက်လာခဲ့ရတယ် ။

85 ဧကကျယ်ဝန်းတဲ့ ခြံကြီးထဲကို Baekhyun ကိုလာကြိုတဲ့ ကားသုံးစီး ရှေ့ဆင့်နောက်ဆင့် ဝင်လာတဲ့အချိန် ပင်မစံအိမ်ကို ရောက်ဖို့အတွက် ဘေးနှစ်ဖက်မှာ ဂေါက်ကွင်းကျယ်ကြီး ကာရံထားတဲ့ လမ်းကနေ မောင်းလာခဲ့ကြရတယ် ။

ရောက်ဖူးပေမယ့် ဒီ ဒုတိယအကြိမ်မြောက်မှာလည်း Baekhyun အရှိန်အဝါတွေအောက် သေးသိမ်သွားရစမြဲပဲ ။ ဒါပေမယ့် ခါတိုင်းလို မြင့်မားစွာ တည်ဆောက်ထားတဲ့ အိမ်ကြီးထဲကို မဝင်ပဲ ဘေးဘက်လမ်းကနေ ကွေ့ပတ်ကျော်သွားတာမို့ Baekhyun မျက်တောင်လေးတွေ ပုတ်ခတ်ခတ် ဖြစ်သွားရတယ် ။

" ဟို.. အိမ်ကို လာတာမဟုတ်ဘူးလားဟင် "

" Ah...Boss က နောက်ဘက် ရိုးရာစံအိမ်မှာမို့ပါ သခင်လေး ! သူခရီးပန်းပြီး ပြန်ရောက်လာရင် ဒုတိယထပ်ကို လှေကားတွေက တက်ရမှာ ပင်ပန်းလို့တဲ့ ၊ အမြဲ ရိုးရာစံအိမ်ကိုပဲ မောင်းခိုင်းလေ့ရှိတယ် ။ ဒီနေ့ညလည်း ဟောင်ကောင်ကနေ အလုပ်ပြီးပြီးချင်း private flight နဲ့ပဲ ပြန်လာတာလေ ။ သခင်လေးကို မြန်မြန်တွေ့ချင်လို့ဖြစ်မယ် "

Driver ရဲ့ စကားအဆုံးမှာ Baekhyun ပါးလေးတွေဟာ ပူနွေးမှုတစ်ခုနဲ့အတူ ရဲတက်သွားသလို နှုတ်ခမ်းပါးလေးတွေကလည်း ခပ်ဖွဖွပြုံးမိသွားရတယ် ။ စဥ်းစားကြည့်တော့မှ သူအပြစ်ရှိသလိုတောင် ခံစားရပါရဲ့ ။

Chan က အလုပ်တွေနဲ့ပင်ပန်းနေတာတောင် မနားပဲ သူ့ကိုတွေ့ဖို့ ညတွင်းချင်းပြန်လာတယ် ။ အမှန်အတိုင်း ဝန်ခံရရင် သူ့ဘက်က အဲ့လောက်ထိ လွမ်းမနေခဲ့ဘူးလေ။ တစ်ခါတစ်ရံမှာ ဒီ Mafia ကြီးရဲ့ အချစ်က သူ့အတွက် တအားထူးဆန်းလွန်းနေတယ် ။ သူ့မှာ ဘာမက်မောစရာတွေများ ရှိနေလို့လဲ။

ကားထိုးရပ်သွားတာက ခေတ်အပြင်အဆင်နဲ့ တည်ရှိတဲ့ ဋ္ဌာနချုပ်အိမ်ကြီးရဲ့ နောက်ဘက်မှာ ထပ်ဆင့်တည်ရှိနေတဲ့ ရိုးရာစံအိမ်တော် အကြီးကြီး ရှေ့တည့်တည့်မှာ ။ ကြီးမားတဲ့ စံအိမ်ကြီးက တစ်ခုတည်းထီးထီးကြီး တည်ရှိနေတာမျိုးမဟုတ်ပဲ ဘေးဘက်နဲ့ နောက်ဘက်တွေမှာ အရံရိုးရာစံအိမ်တွေပါ ရှိသေးတာမို့ တကယ်ကို နန်းတော်တစ်ခုနဲ့တောင် တူတယ်လို့ပြောရင် ပိုမှန်မယ် ။

ကားပေါ်ထက်က Baekhyun ခြေချလိုက်တဲ့အချိန်ထိ Baekhyun မျက်ဝန်းလေးတွေဟာ အံ့သြမှုကြောင့် ဝိုင်းစက်နေတုန်းပဲ ၊ ညအချိန်မှာတောင် ခမ်းနားလိုက်တာ ။

" ဒီကိုပါ သခင်လေး "

သူ့ရှေ့ကနေ ရိုရိုသေသေ ခါးညွှတ်ပြီး လမ်းပြပေးတဲ့ ဂိုဏ်းသားတွေကြောင့် Baekhyun ခေါင်းလေး ရိုရိုကျိုးကျိုး ညိတ်ပြပြီး မြေညီ စံအိမ်ထဲကို ဝင်လာလိုက်တယ် ။

အဝါရောင် ရိုးရာမီးအိမ်တစ်ခုကိုပဲ ခပ်မှိန်မှိန်ထွန်းထားတဲ့အခန်းထဲမှာ သူ့ချစ်သူ မာဖီးယားကြီးတစ်ယောက်တည်း ရှိနေမှာ သေချာတာမို့ Baekhyun ခါတိုင်းအချိန်တွေထက် လေးငါးဆလောက် ပိုရင်တုန်နေမိရဲ့ ။

လိုက်ပို့တဲ့ ဂိုဏ်းသားတွေလည်း Baekhyun ကို အခန်းတံခါးဖွင့်ပေးကာ ဝင်စေပြီး ပြန်ပိတ်ပြီးတာနဲ့ အလျှိုလျှိုလှည့်ထွက်သွားကြတာမို့ ပတ်ဝန်းကျင်မှာ သက်ရှိဆိုလို့ သူတို့နှစ်ယောက်ကလွဲပြီး မကျန်တော့ဘူး ။

" လာလေ ဘေဘီ "

Baekhyun အခန်းထဲကို ဝင်ဝင်ချင်းမြင်လိုက်ရတာက ကျယ်ဝန်းလွန်းတဲ့အခန်းကြီးရဲ့ တစ်ဖက်ထောင့်ကုတင်ထက်မှာ ခြေချိတ် ထိုင်နေပြီး ဘီယာဖန်ခွက်တစ်ခုကိုလက်မှာကိုင်ထားတဲ့ Chanyeol ကိုပဲ ။

တစ်ခါတလေမှာ အလွမ်းဆိုတာမျိုးက လူကိုတွေ့ရမှ ပိုပီပြင်သွားတာမျိုးလည်း ရှိတယ်မလား ။ Baekhyun ရဲ့ အခြားအတွေးတွေဟာ ဒီလူမျက်နှာကို မြင်လိုက်ရတဲ့ ခဏမှာ အားလုံးလွင့်ပြယ်လို့ ခပ်သွက်သွက်လေး ပြေးသွားပြီး လက်တံသေးသေးတွေနဲ့ ပြေးဖက်လိုက်မိတယ် ။

နောက်ကိုတောင် နည်းနည်းလှုပ်ယိုင်သွားလောက်တဲ့အရှိန်နဲ့ ပြေးဖက်လာတဲ့ ကိုယ်လုံးသေးသေးလေးကို Chanyeol လက်တစ်ဖက်နဲ့ ခါးကနေ ပြန်လည်ဖက်တွယ်ရင်း ခပ်ဟဟ ရယ်မိလေရဲ့။ ပြီးတော့ ရေခဲအချို့တောင် အရည်မပျော်သေးတဲ့ လက်ထဲက အရက်ခွက်ကို ဘေးဘက်က စားပွဲပေါ်တင်ထားလိုက်တယ် ။

" ကိုယ် မျက်နှာလေးကို ကြည့်ပါရစေဦး "

သူ့ပုခုံးပေါ်ထက်ကနေ ပြန်လည်ဖယ်ခွာလာတဲ့ မျက်နှာလေးဟာ ခါတိုင်းလို ကြည်လင်ပြီး ဖောင်းအိနေတာမို့ Chanyeol လက်ဖဝါးတစ်ဖက်နဲ့ ခပ်ဖွဖွ အုပ်ကိုင် ပွတ်သပ်လိုက်မိတယ် ။

အဲ့ဒီထူထဲတဲ့ မျက်ခုံးတန်းတွေအောက်က မျက်ဝန်းတွေ သူ့ကိုရီဝေဝေ ကြည့်လာတိုင်း Baekhyun ထိတွေ့ချင်မိတာက ဘယ်ဖက်မျက်လုံးကို ကန့်လန့်ဖြတ်ထားတဲ့ အမာရွတ်ကိုပဲ ။ အခြားသူနဲ့ဆို ကြည့်ရဆိုးလောက်ပေမယ့် ချောမောတဲ့ မျက်နှာထက်ကို ရောက်ရှိသွားတော့ ပိုလို့တောင် အရှိန်အဝါ ပြည့်စုံသွားစေသလိုပဲ ။ Baekhyun ရင်ခုန်ရတယ် ။

တစ်ယောက်ကိုတစ်ယောက် မီးရောင်မှိန်မှိန်အောက်မှာ စေ့စေ့စပ်စပ် ငေးနေမိကြတဲ့အချိန် စတင်နမ်းရှိုက်မိတာတော့ Baekhyun ဘက်ကပဲ ။ အတတ်နိုင်ဆုံး နူးညံ့ပေးဖို့ပြင်နေတဲ့ Chanyeol ရဲ့ စိတ်ရိုင်းတွေဟာ ဒီလိုနည်းနဲ့ မီးစာညှိခံလိုက်ရတယ် ။

ခါးသိမ်သိမ်ကို ဖက်တွယ်မိတဲ့ ကြမ်းရှရှ လက်ဖဝါးကြီး တဖက်ဟာ ချက်ချင်းကို အိမ်နေရင်း တီရှပ်လေးအောက်က တိုးလျှိုးဝင်လာပြီး ကျောင်ပြင်တစ်လျှောက် ပွတ်သပ်လာတာမို့ Baekhyun ထိတ်လန့်မိသွားတယ် ။

ရမ္မက်ဆန်တဲ့ အနမ်းတွေကနေ ခဏရုန်းထွက်လို့ ချစ်ရသူရဲ့ မျက်နှာကို စိုးရိမ်စိတ်လေး ကိန်းဝပ်နေတဲ့ အကြည့်တွေနဲ့ ပြန်ကြည့်မိလိုက်တော့ အနည်းငယ် အရိုင်းဆန်သွားတဲ့ လှောင်ပြုံးရိပ်နဲ့ မျက်ဝန်းစူးစူးတွေကို မြင်လိုက်ရတော့တယ် ။

Baekhyun ရဲ့ ကိုယ်သေးသေးလေးဟာ ချက်ချင်း မွေ့ယာထူထူပေါ် ဆွဲလှဲခံလိုက်ရပြီး အဆမတန် ကြီးမားတဲ့ ကိုယ်ထည်ကြီးရဲ့ အုပ်မိုးခြင်းကို ခံလိုက်ရလေရဲ့ ။

လက်တစ်ဖက်က သူ့လက်ကောက်ဝတ်သေးသေးလေးကို ဖိလို့ ကျန်တစ်ဖက်က ရှပ်အင်္ကျီအဖြူရဲ့ ကျယ်သီးတွေကို ကိုယ်တိုင် ဖြုတ်နေတဲ့အချိန် ကျက်သီးထဖွယ် သြရှရှ အသံတစ်ခုကို Baekhyun ကြားလိုက်ရတော့တာပဲ ။

" မင်းသိပြီးသားမလား ဘေဘီ
ကိုယ်က လူကောင်းတစ်ယောက် မဟုတ်ဘူးဆိုတာကိုလေ "

လစ်ဟာသွားတဲ့ ခန္ဓာကိုယ်ပေါ်က လည်တိုင်ထက်မှာ ရစ်ခွေနေတဲ့ မြွေပုံတက်တူးကြီးဟာ အမှောင်ရိပ်ထဲမှာ အစွယ်ချွန်ချွန်တွေကို ဖြဲဟထားလို့ လျှာတလစ်လစ်ထုတ်ပြီး ပိုင်ရှင်ရဲ့ စိတ်ရိုင်းတွေကို ကိုယ်စားပြုပေးနေသလိုပဲ ။

ဖိကပ်လာတဲ့ အရိုင်းဆန်ဆန် နှုတ်ခမ်းတွေအောက် Baekhyun မျက်လုံးကိုပဲ တင်းတင်းမှိတ်ထားမိလိုက်တော့တယ် ။

_____________________________

As I said, this is just a strong romance story. Sex scenes in this story will be more hotter than the previous scenes I wrote in past. So, I apologize to you all if I make you annoy . 🙏

အပိုင္း ၈ [ Unicode Version ]

Chanyeol oversea သြားေနတဲ့ 2 ရက္မွာ Baekhyun ရဲ႕တစ္ေန႕တာ လုပ္ငန္းေဆာင္တာေတြက သာမန္ရိုးက်စြာ တစ္ေယာက္တည္း ျဖစ္လို႔ေနတယ္ ။ ဒါက ပတ္ဝန္းက်င္က ျမင္နိုင္တဲ့အျမင္ေပါ့ ။

ဒုံဒယ္မြန္ ေစ်းတန္းအျပင္ဘက္က သစ္သီးဆိုင္ေတြမွာ Baekhyun လိေမၼာ္သီး အနည္းငယ္ ေ႐ြးယူေနရာကေန မသက္မသာ သက္ျပင္းေမာေလး ခ်လိဳက္မိပါရဲ႕ ။

" သူတို႔ အဲ့လိုပုန္းကြယ္ၿပီး လိုက္ေနလည္း တကယ္ငါမရိပ္မိေလာက္ဘူးလို႔ထင္ေနတာမ်ားလား "

Baekhyun ဟာ တစ္ေယာက္တည္း တိုးတိုးေလး ေရ႐ြတ္လိုက္ၿပီး ေနာက္ကေန ေနရာမ်ိဳးစုံမွာ ကြယ္ဝွက္ပုန္းလို႔ စုံေလွ်ာက္လိုက္ေနတဲ့ ကတုံးတစ္အုပ္ကို လ်စ္လ်ဴရႈထားလိုက္တယ္ ။

သူအေဝးေရာက္ေနခ်ိန္တိုင္း ခုလိုစိတ္မခ်ပဲ သူ႕လူေတြ အုပ္လိုက္ႀကီးကို Baekhyun ေနာက္ ေလွ်ာက္လိုက္ခိုင္းထားမယ္ဆိုရင္ေတာ့ သူကိုယ္တိုင္ Baekhyun အနားရွိေနတာကပဲ ပိုေကာင္းပါတယ္ေလ ။ Baekhyun ဒီႏွစ္ရက္ ျမန္ျမန္ကုန္ၿပီး Chanyeol သူ႕အနားကို ျပန္ေရာက္လာဖို႔ ဆုေတာင္းမိတယ္ ။

Baekhyun ေငြရွင္းၿပီးတဲ့ေနာက္ လိေမၼာ္သီးအိတ္ေလးကို ဆြဲၿပီးျပန္လွည့္လိုက္ေတာ့ ႐ုတ္တရက္မို႔ ေခ်ာင္းေနတာေပၚသြားတဲ့ ကတုံးတစ္ေကာင္ဟာ မလုံမလဲနဲ႕ ေဘးက ေတြ႕တဲ့ကေလးကို သြားေခ်ာ့ျမႇူေနေတာ့တာပဲ ။

4 ႏွစ္အ႐ြယ္ေလာက္ရွိတဲ့ ကေလးေလးကေတာ့ အာတာပူစီတစ္လုံးကို လက္ကကိုင္ထားရင္း သူ႕ကို လူဆိုးႀကီးဖမ္းသြားေတာ့မယ္ အထင္နဲ႕ အေမ့ဆီငိုၿပီး ေျပးတိုင္ေတာ့တယ္ ။

Baekhyun ရယ္ရ အခက္ ၊ ငိုရအခက္ ျဖစ္သြားရတယ္ ။ အရင္ဆုံး သူ႕ေနာက္က ခိုးၿပီး ေနာက္ေယာင္ခံလိုက္မယ္ဆို အဲ့ Suit ေတြရယ္ ၊ ေနာက္ၿပီး သူတို႔ ကတုံးေပၚထက္ကို တစ္ခုခု ေဆာင္းလာသင့္တာမဟုတ္ဘူးလား ။

တိုက္ဖို႔ ခိုက္ဖို႔ကလြဲၿပီး ဒီလိုကိစၥေတြမွာ ဥာဏ္နည္းလြန္းတဲ့ မာဖီးယား ဂိုဏ္းသားႀကီးေတြကို Baekhyun ဘာေျပာရမယ္မွန္းေတာင္ မသိဘူး ။ သူမသိခ်င္ေယာင္ေဆာင္ေပးထားဖို႔ပဲ ရွိေတာ့တယ္ ။ ဘယ္လိုပဲျဖစ္ျဖစ္ နည္းနည္း အေနက်ဥ္းက်ပ္တာ မွန္ေပမယ့္ ေနာက္က လိုက္ေနတဲ့အေဖာ္ေတြ ရွိတယ္ဆိုတဲ့စိတ္က သက္သာရာေတာ့ ရေစတယ္ေလ ။

Aghh... အဲ့ဒီအစား ေပၚတင္လိုက္လာၿပီး သူ႕လက္ထဲက အထုပ္ေတြကို ကူဆြဲေပးပါေတာ့လား !

ဒီေန႕ တစ္ပတ္စာ ဟင္းထြက္ဝယ္တဲ့ေန႕မို႔ Baekhyun လက္ထဲမွာ အထုတ္ေတြ အမ်ားအျပားနဲ႕ ။

_________________________________

ေဆးေက်ာင္း Canteen ဆိုတဲ့အတြက္ နာမည္နဲ႕လိုက္ေအာင္ကို Baekhyun ရဲ႕ ေန႕လည္စာေတြက အခ်ိဳးက်ၿပီး ၿငီးေငြ႕စရာ က်န္းမာေရး ဓာတ္စာေတြနဲ႕ ျပည့္လို႔ေနတယ္ ။ ထမင္းျဖဴျဖဴထက္က ကုလားပဲေၾကာ္အဝါေတြရယ္ ၊ ေနာက္ၿပီး Salad ဆိုတဲ့ ေခါင္းစဥ္ေအာက္က ေဂၚဖီ႐ြက္ေတြနဲ႕ baby tomatoes ေတြ ။ ပဲပင္ေပါက္ ေရႏြေးေဖ်ာေတြနဲ႕ ၊ အသားဟင္းအနည္းငယ္ ။

ဒီေန႕လည္စာထဲ သူႀကိဳက္တာဆိုလို႔ ပဲေပါင္မုန့္ရယ္ ၊ ႏြားနို႔ဘူးေလးရယ္ပဲ ရွိတယ္ ။ အနည္းငယ္ေနာက္က်ၿပီးမွ ေရာက္လာတဲ့ Yixing ေန႕လည္စာတစ္ဗန္းနဲ႕ မ်က္ႏွာခ်င္းဆိုင္ခုံကို လာဝင္ထိုင္တဲ့အခ်ိန္ Baekhyun က စာၾကည့္မ်က္မွန္ဝိုင္းေလးတပ္လို႔ ဖတ္စာအုပ္တစ္အုပ္ကို ေပါင္မုန့္စားရင္း ၾကည့္ေနၿပီ ။

" ခုမွ ေရာက္လာတာလား "

" အင္း..စာၾကည့္တိုက္ကို စာအုပ္ေတြ သြားအပ္ေနရလို႔ ၊
စာၾကည့္တိုက္မႉးကလည္း တေန႕တျခား အေပါက္ဆိုးလာတာပဲကြာ"

စာအုပ္တစ္အုပ္ကို လက္တစ္ဖက္နဲ႕ ကိုင္ေထာင္ထားရင္း ဖတ္ေနတဲ့ Baekhyun က ရႈံ႕မဲ့ေနတဲ့ Yixing ဆီကို အၾကည့္တစ္ခ်က္ပို႔ရင္း ရယ္တယ္ ။

Yixing ဗိုက္ဆာေနတာေၾကာင့္ ေန႕လည္စာကိုအရင္ အျမန္သြပ္ဖို႔ ဇြန္းေကာက္ကိုင္လိုက္ေပမယ့္ ေခါင္းထဲ ျဖတ္ခနဲ ဝင္လာတဲ့ အေတြးေၾကာင့္ Baekhyun ကို ျပန္ေမာ့ၾကည့္မိသြားတယ္ ။

ခု Baekhyun က Canteen ေဘးဘက္ မွန္တံခါးေတြက ဝင္လာတဲ့ အလင္းေရာင္ေကာင္းေကာင္းေၾကာင့္ မ်က္ႏွာေလးၾကည္ရွင္းေနတဲ့အျပင္ ဂ်ဴတီကုတ္ အျဖဴေလးကိုလည္း ဝတ္ထားတယ္ ။ စာၾကည့္မ်က္မွန္ဝိုင္းေလးနဲ႕ စာအုပ္တစ္အုပ္ကို လက္တစ္ဖက္က ကိုင္ေထာင္ထားရင္း ဖတ္ေနသလို ေပါင္မုန့္ေတြဝါးေနတာေၾကာင့္ ေဖာင္းေနတဲ့ ပါးေလးတစ္ဖက္နဲ႕ ၊ ၿပီးေတာ့ ႏြားနို႔ဘူးေလးက္ိုလည္း လက္တစ္ဖက္က ကိုင္ၿပီး ပိုက္နဲ႕စုပ္ေသာက္ေနေသးတယ္ ။

ဒီလိုပုံကိုသာ Boss ကို ရိုက္ၿပီးပို႔လိုက္ရင္ သူ လကုန္က် Bonus ေတြ ဝင္လာနိုင္ေခ် ရွိတာမဟုတ္ဘူးလား ။

Yixing ဟာ ထမင္းစားဖို႔ကိုင္ထားတဲ့ ဇြန္းကို ျပန္ခ်ထားလိုက္ၿပီး ေဘးက ဖုန္းကို ေကာက္ကိုင္လို႔ သူ႕အာ႐ုံနဲ႕သူ ျဖစ္ေနတဲ့ Baekhyun ကို ေသခ်ာခ်ိန္ၿပီး ပုံတစ္ပုံ ရိုက္ယူလိုက္တယ္။

ခ်လပ္ !

အသံထြက္လာေတာ့ Baekhyun က သူ႕ကို ျပဴးေၾကာင္ေၾကာင္ေလးနဲ႕ လွည့္ၾကည့္လာၿပီးေနာက္ ႏြားနို႔ဘူးကို ခ်ထားလိုက္ၿပီး လက္ဝါးတစ္ဖက္နဲ႕ ကာေတာ့တာပဲ ။

" ေတာ္ပါေတာ့ xing ရာ ၊
႐ုတ္တရက္ႀကီး ဘာထလုပ္ေနတာလဲ "

" မင္းေခ်ာေနလို႔ ေစတနာနဲ႕ ရိုက္ေပးထားတာကြ ၊
ေနာက္မွ ငါပို႔ေပးလိုက္မယ္ ၾကည့္လိုက္ "

Baekhyun ကေတာ့ ခပ္ဖြဖြရယ္လို႔ ေခါင္းခါရင္း စာကိုပဲ ျပန္အာ႐ုံစိုက္ဖတ္ေနလိုက္ေတာ့တယ္ ။

___________________________________

လက္နက္ေရာင္းဝယ္ေရးနဲ႕ ပတ္သတ္တဲ့ ေဟာင္ေကာင္က အလုပ္ကိစၥအကုန္ ညွိႏွိုင္းၿပီးတဲ့အခ်ိန္ Chanyeol မိမိပိုင္တဲ့ Hotel ကို ျပန္ေရာက္ေတာ့ ည 6 နာရီတိတိျဖစ္လို႔ေနၿပီ ။

တင္းက်ပ္ေနတဲ့ necktie ကို လက္တစ္ဖက္နဲ႕ဆြဲျဖဳတ္လို႔ ေျဖေလွ်ာ့အၿပီး Chanyeol အေပၚကုတ္ကိုပါ ခြၽတ္လို႔ ကုတင္ေပၚတင္ထားလိုက္တယ္ ။ ပိတ္ေလွာင္ထားတဲ့ အကၤ်ီလည္ပင္းၾကယ္သီးေတြကိုပါ သုံးလုံးေလာက္ ျဖဳတ္ၿပီးတဲ့အခ်ိန္မွာေတာ့ Chanyeol အတြက္ သူ႕ တစ္ခုတည္းေသာ privacy ေလးကို စစ္ေဆးရမယ့္အခ်ိန္တန္ၿပီေလ ။

အသံေလးၾကားခ်င္လို႔ ဖုန္းအရင္ဆက္မယ္ျပင္လိုက္ေပမယ့္ ဖုန္းဖြင့္ဖြင့္ခ်င္းဝင္လာတဲ့ photo message တစ္ေစာင္ေၾကာင့္ Chanyeol အရင္ဝင္စစ္လိုက္တယ္ ။

ရင္ေအးေစတဲ့ အျဖဴထည္ေလးက သူ႕အလြမ္းေတြကို နင့္နင့္နဲနဲကို တိုးလာေစေတာ့တာပဲ ။ Chanyeol ဟာ ဖုန္း screen ထဲက သူ႕ ၾကင္နာသူေလးကို မ်က္လုံးမွိတ္ၿပီး နမ္းရွိုက္လိုက္မိတယ္ ။ ၿပီးတာနဲ႕ သူ႕လက္ေတြဟာ မရည္႐ြယ္ထားတဲ့ အျခား contact ကိုပဲ ေျပာင္းႏွိပ္မိလိုက္ေတာ့တယ္ ။

" ခုပဲ ညတြင္းခ်င္း Korea ကိုျပန္မယ္
Private jet ​ျပင္လိုက္ေတာ့ "

လက္ေအာက္ငယ္သား တစ္ေယာက္ကို ၫႊန္ၾကားၿပီးတဲ့ေနာက္မွာ Chanyeol ဟာ Message တစ္ခုကို အေၾကာင္းျပန္လိုက္ရေသးတယ္ ။

' Baekhyun ပုံေတြအကုန္လုံးကို ငါ့ကိုပို႔ၿပီးတာနဲ႕ မင္းဖုန္းထဲကေန ဖ်က္လိုက္ '

ေဟာင္ေကာင္ကေန ကိုရီးယားကို ျပန္ဖို႔ၾကာခ်္ိန္ 3 နာရီနဲ႕ မိနစ္ 30 အတြင္း သူ႕အလြမ္းေတြကို ဖိႏွိပ္ထားနိုင္ေကာင္းရဲ႕ ။

__________________________________

Baekhyun ကို ႐ုတ္တရက္ႀကီး ဂိုဏ္းကလူေတြ ကားနဲ႕လာႀကိဳတဲ့အခ်ိန္က ည 10 နာရီတီးလုနီးပါးျဖစ္ေနၿပီ ။ Boss ခိုင္းလိုက္လို႔ပါ ဆိုတဲ့ စကားနဲ႕လာေခၚေတာ့လည္း Baekhyun မွာ ျပင္ဆင္ခ်ိန္ေတာင္မရပဲ အိမ္ေနရင္း တီရွပ္ေလးရယ္ ခ်ည္သားေဘာင္းဘီရွည္ေလးရယ္နဲ႕ လိုက္လာခဲ့ရတယ္ ။

85 ဧကက်ယ္ဝန္းတဲ့ ၿခံႀကီးထဲကို Baekhyun ကိုလာႀကိဳတဲ့ ကားသုံးစီး ေရွ႕ဆင့္ေနာက္ဆင့္ ဝင္လာတဲ့အခ်ိန္ ပင္မစံအိမ္ကို ေရာက္ဖို႔အတြက္ ေဘးႏွစ္ဖက္မွာ ေဂါက္ကြင္းက်ယ္ႀကီး ကာရံထားတဲ့ လမ္းကေန ေမာင္းလာခဲ့ၾကရတယ္ ။

ေရာက္ဖူးေပမယ့္ ဒီ ဒုတိယအႀကိမ္ေျမာက္မွာလည္း Baekhyun အရွိန္အဝါေတြေအာက္ ေသးသိမ္သြားရစၿမဲပဲ ။ ဒါေပမယ့္ ခါတိုင္းလို ျမင့္မားစြာ တည္ေဆာက္ထားတဲ့ အိမ္ႀကီးထဲကို မဝင္ပဲ ေဘးဘက္လမ္းကေန ေကြ႕ပတ္ေက်ာ္သြားတာမို႔ Baekhyun မ်က္ေတာင္ေလးေတြ ပုတ္ခတ္ခတ္ ျဖစ္သြားရတယ္ ။

" ဟို.. အိမ္ကို လာတာမဟုတ္ဘူးလားဟင္ "

" Ah...Boss က ေနာက္ဘက္ ရိုးရာစံအိမ္မွာမို႔ပါ သခင္ေလး ! သူခရီးပန္းၿပီး ျပန္ေရာက္လာရင္ ဒုတိယထပ္ကို ေလွကားေတြက တက္ရမွာ ပင္ပန္းလို႔တဲ့ ၊ အၿမဲ ရိုးရာစံအိမ္ကိုပဲ ေမာင္းခိုင္းေလ့ရွိတယ္ ။ ဒီေန႕ညလည္း ေဟာင္ေကာင္ကေန အလုပ္ၿပီးၿပီးခ်င္း private flight နဲ႕ပဲ ျပန္လာတာေလ ။ သခင္ေလးကို ျမန္ျမန္ေတြ႕ခ်င္လို႔ျဖစ္မယ္ "

Driver ရဲ႕ စကားအဆုံးမွာ Baekhyun ပါးေလးေတြဟာ ပူႏြေးမႈတစ္ခုနဲ႕အတူ ရဲတက္သြားသလို ႏႈတ္ခမ္းပါးေလးေတြကလည္း ခပ္ဖြဖြၿပဳံးမိသြားရတယ္ ။ စဥ္းစားၾကည့္ေတာ့မွ သူအျပစ္ရွိသလိုေတာင္ ခံစားရပါရဲ႕ ။

Chan က အလုပ္ေတြနဲ႕ပင္ပန္းေနတာေတာင္ မနားပဲ သူ႕ကိုေတြ႕ဖို႔ ညတြင္းခ်င္းျပန္လာတယ္ ။ အမွန္အတိုင္း ဝန္ခံရရင္ သူ႕ဘက္က အဲ့ေလာက္ထိ လြမ္းမေနခဲ့ဘူးေလ။ တစ္ခါတစ္ရံမွာ ဒီ Mafia ႀကီးရဲ႕ အခ်စ္က သူ႕အတြက္ တအားထူးဆန္းလြန္းေနတယ္ ။ သူ႕မွာ ဘာမက္ေမာစရာေတြမ်ား ရွိေနလို႔လဲ။

ကားထိုးရပ္သြားတာက ေခတ္အျပင္အဆင္နဲ႕ တည္ရွိတဲ့ ႒ာနခ်ဳပ္အိမ္ႀကီးရဲ႕ ေနာက္ဘက္မွာ ထပ္ဆင့္တည္ရွိေနတဲ့ ရိုးရာစံအိမ္ေတာ္ အႀကီးႀကီး ေရွ႕တည့္တည့္မွာ ။ ႀကီးမားတဲ့ စံအိမ္ႀကီးက တစ္ခုတည္းထီးထီးႀကီး တည္ရွိေနတာမ်ိဳးမဟုတ္ပဲ ေဘးဘက္နဲ႕ ေနာက္ဘက္ေတြမွာ အရံရိုးရာစံအိမ္ေတြပါ ရွိေသးတာမို႔ တကယ္ကို နန္းေတာ္တစ္ခုနဲ႕ေတာင္ တူတယ္လို႔ေျပာရင္ ပိုမွန္မယ္ ။

ကားေပၚထက္က Baekhyun ေျခခ်လိဳက္တဲ့အခ်ိန္ထိ Baekhyun မ်က္ဝန္းေလးေတြဟာ အံ့ၾသမႈေၾကာင့္ ဝိုင္းစက္ေနတုန္းပဲ ၊ ညအခ်ိန္မွာေတာင္ ခမ္းနားလိုက္တာ ။

" ဒီကိုပါ သခင္ေလး "

သူ႕ေရွ႕ကေန ရိုရိုေသေသ ခါးၫႊတ္ၿပီး လမ္းျပေပးတဲ့ ဂိုဏ္းသားေတြေၾကာင့္ Baekhyun ေခါင္းေလး ရိုရိုက်ိဳးက်ိဳး ညိတ္ျပၿပီး ေျမညီ စံအိမ္ထဲကို ဝင္လာလိုက္တယ္ ။

အဝါေရာင္ ရိုးရာမီးအိမ္တစ္ခုကိုပဲ ခပ္မွိန္မွိန္ထြန္းထားတဲ့အခန္းထဲမွာ သူ႕ခ်စ္သူ မာဖီးယားႀကီးတစ္ေယာက္တည္း ရွိေနမွာ ေသခ်ာတာမို႔ Baekhyun ခါတိုင္းအခ်ိန္ေတြထက္ ေလးငါးဆေလာက္ ပိုရင္တုန္ေနမိရဲ႕ ။

လိုက္ပို႔တဲ့ ဂိုဏ္းသားေတြလည္း Baekhyun ကို အခန္းတံခါးဖြင့္ေပးကာ ဝင္ေစၿပီး ျပန္ပိတ္ၿပီးတာနဲ႕ အလွ်ိုလွ်ိုလွည့္ထြက္သြားၾကတာမို႔ ပတ္ဝန္းက်င္မွာ သက္ရွိဆိုလို႔ သူတို႔ႏွစ္ေယာက္ကလြဲၿပီး မက်န္ေတာ့ဘူး ။

" လာေလ ေဘဘီ "

Baekhyun အခန္းထဲကို ဝင္ဝင္ခ်င္းျမင္လိုက္ရတာက က်ယ္ဝန္းလြန္းတဲ့အခန္းႀကီးရဲ႕ တစ္ဖက္ေထာင့္ကုတင္ထက္မွာ ေျခခ်ိတ္ ထိုင္ေနၿပီး ဘီယာဖန္ခြက္တစ္ခုကိုလက္မွာကိုင္ထားတဲ့ Chanyeol ကိုပဲ ။

တစ္ခါတေလမွာ အလြမ္းဆိုတာမ်ိဳးက လူကိုေတြ႕ရမွ ပိုပီျပင္သြားတာမ်ိဳးလည္း ရွိတယ္မလား ။ Baekhyun ရဲ႕ အျခားအေတြးေတြဟာ ဒီလူမ်က္ႏွာကို ျမင္လိုက္ရတဲ့ ခဏမွာ အားလုံးလြင့္ျပယ္လို႔ ခပ္သြက္သြက္ေလး ေျပးသြားၿပီး လက္တံေသးေသးေတြနဲ႕ ေျပးဖက္လိုက္မိတယ္ ။

ေနာက္ကိုေတာင္ နည္းနည္းလႈပ္ယိုင္သြားေလာက္တဲ့အရွိန္နဲ႕ ေျပးဖက္လာတဲ့ ကိုယ္လုံးေသးေသးေလးကို Chanyeol လက္တစ္ဖက္နဲ႕ ခါးကေန ျပန္လည္ဖက္တြယ္ရင္း ခပ္ဟဟ ရယ္မိေလရဲ႕။ ၿပီးေတာ့ ေရခဲအခ်ိဳ႕ေတာင္ အရည္မေပ်ာ္ေသးတဲ့ လက္ထဲက အရက္ခြက္ကို ေဘးဘက္က စားပြဲေပၚတင္ထားလိုက္တယ္ ။

" ကိုယ္ မ်က္ႏွာေလးကို ၾကည့္ပါရေစဦး "

သူ႕ပုခုံးေပၚထက္ကေန ျပန္လည္ဖယ္ခြာလာတဲ့ မ်က္ႏွာေလးဟာ ခါတိုင္းလို ၾကည္လင္ၿပီး ေဖာင္းအိေနတာမို႔ Chanyeol လက္ဖဝါးတစ္ဖက္နဲ႕ ခပ္ဖြဖြ အုပ္ကိုင္ ပြတ္သပ္လိုက္မိတယ္ ။

အဲ့ဒီထူထဲတဲ့ မ်က္ခုံးတန္းေတြေအာက္က မ်က္ဝန္းေတြ သူ႕ကိုရီေဝေဝ ၾကည့္လာတိုင္း Baekhyun ထိေတြ႕ခ်င္မိတာက ဘယ္ဖက္မ်က္လုံးကို ကန့္လန့္ျဖတ္ထားတဲ့ အမာ႐ြတ္ကိုပဲ ။ အျခားသူနဲ႕ဆို ၾကည့္ရဆိုးေလာက္ေပမယ့္ ေခ်ာေမာတဲ့ မ်က္ႏွာထက္ကို ေရာက္ရွိသြားေတာ့ ပိုလို႔ေတာင္ အရွိန္အဝါ ျပည့္စုံသြားေစသလိုပဲ ။ Baekhyun ရင္ခုန္ရတယ္ ။

တစ္ေယာက္ကိုတစ္ေယာက္ မီးေရာင္မွိန္မွိန္ေအာက္မွာ ေစ့ေစ့စပ္စပ္ ေငးေနမိၾကတဲ့အခ်ိန္ စတင္နမ္းရွိုက္မိတာေတာ့ Baekhyun ဘက္ကပဲ ။ အတတ္နိုင္ဆုံး ႏူးညံ့ေပးဖို႔ျပင္ေနတဲ့ Chanyeol ရဲ႕ စိတ္ရိုင္းေတြဟာ ဒီလိုနည္းနဲ႕ မီးစာညွိခံလိုက္ရတယ္ ။

ခါးသိမ္သိမ္ကို ဖက္တြယ္မိတဲ့ ၾကမ္းရွရွ လက္ဖဝါးႀကီး တဖက္ဟာ ခ်က္ခ်င္းကို အိမ္ေနရင္း တီရွပ္ေလးေအာက္က တိုးလွ်ိုးဝင္လာၿပီး ေက်ာင္ျပင္တစ္ေလွ်ာက္ ပြတ္သပ္လာတာမို႔ Baekhyun ထိတ္လန့္မိသြားတယ္ ။

ရမၼက္ဆန္တဲ့ အနမ္းေတြကေန ခဏ႐ုန္းထြက္လို႔ ခ်စ္ရသူရဲ႕ မ်က္ႏွာကို စိုးရိမ္စိတ္ေလး ကိန္းဝပ္ေနတဲ့ အၾကည့္ေတြနဲ႕ ျပန္ၾကည့္မိလိုက္ေတာ့ အနည္းငယ္ အရိုင္းဆန္သြားတဲ့ ေလွာင္ၿပဳံးရိပ္နဲ႕ မ်က္ဝန္းစူးစူးေတြကို ျမင္လိုက္ရေတာ့တယ္ ။

Baekhyun ရဲ႕ ကိုယ္ေသးေသးေလးဟာ ခ်က္ခ်င္း ေမြ႕ယာထူထူေပၚ ဆြဲလွဲခံလိုက္ရၿပီး အဆမတန္ ႀကီးမားတဲ့ ကိုယ္ထည္ႀကီးရဲ႕ အုပ္မိုးျခင္းကို ခံလိုက္ရေလရဲ႕ ။

လက္တစ္ဖက္က သူ႕လက္ေကာက္ဝတ္ေသးေသးေလးကို ဖိလို႔ က်န္တစ္ဖက္က ရွပ္အကၤ်ီအျဖဴရဲ႕ က်ယ္သီးေတြကို ကိုယ္တိုင္ ျဖဳတ္ေနတဲ့အခ်ိန္ က်က္သီးထဖြယ္ ၾသရွရွ အသံတစ္ခုကို Baekhyun ၾကားလိုက္ရေတာ့တာပဲ ။

" မင္းသိၿပီးသားမလား ေဘဘီ
ကိုယ္က လူေကာင္းတစ္ေယာက္ မဟုတ္ဘူးဆိုတာကိုေလ "

လစ္ဟာသြားတဲ့ ခႏၶာကိုယ္ေပၚက လည္တိုင္ထက္မွာ ရစ္ေခြေနတဲ့ ေႁမြပုံတက္တူးႀကီးဟာ အေမွာင္ရိပ္ထဲမွာ အစြယ္ခြၽန္ခြၽန္ေတြကို ၿဖဲဟထားလို႔ လွ်ာတလစ္လစ္ထုတ္ၿပီး ပိုင္ရွင္ရဲ႕ စိတ္ရိုင္းေတြကို ကိုယ္စားျပဳေပးေနသလိုပဲ ။

ဖိကပ္လာတဲ့ အရိုင္းဆန္ဆန္ ႏႈတ္ခမ္းေတြေအာက္ Baekhyun မ်က္လုံးကိုပဲ တင္းတင္းမွိတ္ထားမိလိုက္ေတာ့တယ္ ။

_____________________________

As I said, this is just a strong romance story. Sex scenes in this story will be more hotter than the previous scenes I wrote in past. So, I apologize to you all if I make you annoy . 🙏

Continue Reading

You'll Also Like

25K 905 5
လိုနေချိန်တိုင်းရှိနေပေးမှာပါ ကိုကို ကိုကို ကျွန်တော့်ကိုမလိုအပ်တော့တဲ့တစ်နေ့ရောက်လာခဲ့ရင်တော့ အလိုက်တသိ ထွက်သွားပေးမှာပါ
46.2K 2.8K 31
❌❌Not translation plz don't put in wrong RL Not manga❌❌ (*Own creation) Unicode~~Zawgyi~~(Completed story) *"ရွက်​ကြွေ" အချစ်ဆိုတာ တစ်သက်မှာတစ်ခါဘ...
80.9K 11K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...
43.6K 4.6K 42
💚 MarkHyuck [ Unicode + Zawgyi ] I Belonged To You ( Season 2 )