Witnessing To The MaNaw Land_...

By DiDi_0410

6.3K 460 188

မနောတိုင်များအား သက်သေတည်ပါတယ်... ချစ်ရသူအနား ခစားခွင့်ပြုပေးပါ... မေနာတိုင္မ်ားအား သက္ေသတည္ပါတယ္... ခ်စ္ရသူအ... More

Intro ( Uni )
အပိုင်း - ၁ ( Uni + Zaw )
Intro ( Zaw )
အပိုင်း - ၂ ( uni )
အပိုင်း - ၂ ( Zaw )
အပိုင်း -၃ ( Uni )
အပိုင်း -၃ ( Zaw )
အပိုင်း - ၄ ( uni )
အပိုင်း - ၄ ( Zaw )
အပိုင်း - ၅ ( uni )
အပိုင်း - ၅ ( Zaw )
အပိုင်း - ၆ ( uni )
အပိုင်း - ၆ ( Zaw )
အပိုင်း - ၇ ( uni )
အပိုင်း - ၇ ( Zaw )
အပိုင်း - ၈ ( uni )
အပိုင်း - ၈ ( Zaw )
အပိုင်း - ၉ ( uni )
အပိုင်း - ၉ ( Zawgyi )
Please Read ‼️
အပိုင်း ၁၀ ( uni )
အပိုင်း - ၁၀ ( Zawgyi )
အပိုင်း - ၁၁ ( Uni )
အပိုင်း - ၁၁ ( Zaw )
အပိုင်း - ၁၂ ( Uni )
အပိုင်း - ၁၂ ( Zaw )
အပိုင်း - ၁၃ ( Uni )
အပိုင်း - ၁၃ ( Zaw )
အပိုင်း - ၁၄ ( Uni + Zaw )
အပိုင်း - ၁၆ ( Uni + Zaw )
အပိုင်း - ၁၇ ( Uni + Zaw )
အပိုင်း - ၁၈ ( Uni + Zaw )
‼️ D Day ‼️
အပိုင်း - ၁၉ ( Uni + Zaw )
အပိုင်း - ၂၀ ( Uni + Zaw )
အပိုင်း - ၂၁ ( Uni + Zaw )
အပိုင်း - ၂၂ ( Uni + Zaw )
Happy Birthday to Me \(๑╹◡╹๑)ノ♬
အပိုင်း - ၂၃ ( Uni + Zaw )
အပိုင်း - ၂၄ ( Uni + Zaw )
အပိုင်း - ၂၅ ( Uni + Zaw )
Happy Thadingyut Everyone🎉✨
အပိုင်း - ၂၆« ဇာတ်သိမ်းပိုင်း »( Uni + Zaw )
ကျေးဇူးတင်လွှာ { ေက်းဇူးတင္လႊာ }
Extra for Christmas {{ Wedding Ceremony }}
Please

အပိုင်း - ၁၅ ( Uni + Zaw )

95 10 0
By DiDi_0410

မကြာခင်မှာပဲ ကျယ်လောင်လှတဲ့ တေးသီချင်းသံကြောင့် ဧကတို့လဲစားသောက်ဆိုင်ငယ်လေးထဲက ထွက်လာခဲ့ကြသည် ။

ရိုးရာနတ်ပူဇော်ခြင်း ၊ ဆုတောင်းခြင်းများပြီးချိန်မှာတော့ အကြီးအကဲအချို့က အနီးအနားရှိ လာရောက်ဆင်နွှဲသူများအား ခေါင်ရည်နှင့် အမြည်းအား ကျွေးမွေးကြသည် ။ ကွင်းပြင်ကြီးအလည်တွင်လဲ ကချင်ရိုးရာဝတ်စုံများနှင့် ကချင်တိုင်းရင်းသူ ၊ တိုင်းရင်းသားတို့က မနောတိုင်အား လှည့်လည်လျက် လှပစည်းချက်ညီစွာ ကခုန်နေကြပေပြီ ။

ကချင်အမျိုးသမီးများက ရိုးရာဝတ်စုံနှင့် ယပ်‌တောင်ငယ်လေးများအား စွဲကိုင်လျက် စည်းချက်ညီစွာ လျှောက်လှမ်းလှည့်လည်နေကြသလို ကချင်အမျိုးသားများကလဲ ရိုးရာဝတ်စုံအားဝတ်ဆင်လျက် ဝတ်စုံနှင့်တွဲဖက်သောဓားအား လက်တွင်ကိုင်ဆောင်ကာ တွဲဖက်ညီညာစွာ လှည့်လည်နေကြသည်မှာ လူရာချီပင်ရှိလောက်ပေသည်။

လူတွဲကြီး၏ အရှေ့ဆုံးတွင်တော့ ရိုးရာနတ်ဆရာဝတ်စုံဆင်ယင်ထားသော အကြီးအကဲများက ဦးဆောင်နေကြသည် ။ အကြီးအကဲများသည် အနီ ၊ အဝါ ၊ အစိမ်းနှင့် အပြာစသော အရောင်တောက်နေသည့် ဝတ်စုံများအားဝတ်ဆင်ထားပြီး ခေါင်းပေါင်းတွင်မူ ဒေါင်းတောင်များအား စိုက်ထိုးထားသည် ။ လက်တွင်လဲ ပူဇော်ပစ္စည်းများအား ကိုင်ဆောင်ထားသေးသည် ။

( ဓားလား ၊ အမွှေးတိုင်တွေလား မကွဲလို့ ပူဇော်ပစ္စည်းလို့ပဲ သုံးလိုက်ပါတယ်(人 •͈ᴗ•͈) )

လှပစွာလှည့်လည်နေသော လူတန်းကြီးသည် အချိန်အတော်ကြာပြီးနောက်မှသာ အခမ်းအနားပြီးဆုံးပေတော့သည် ။ လာရောက်ကြတဲ့ လူပေါင်းများစွာသည် မနောတိုင်ရှေ့၌ အမှတ်တရဓာတ်ပုံများအားရိုက်ယူနေကြသည် ။ ဤသည်ကပင် ကချင်ပြည်နယ်အားရောက်ရှိကြောင်း ပြယုဒ်တခုလိုပင် မဟုတ်ပါလော ။

မနောတိုင်ကြီးများသည် နှစ်ဖက်လှများဖြစ်ကြသော်လဲ လူအများသည် မြင်နေရသော အရှေ့ဘက်တွင်သာ ရိုက်လေ့ရှိကြသောကြောင့် အနောက်ဘက်တွင်မူ လူအတော်ရှင်းပေသည် ။

ဧကတို့သည်လဲ မနောတိုင်အနောက်ဘက်သို့သွားရောက်ကာ အမှတ်တရဓာတ်ပုံများရိုက်ကြသည် ။ ထို့နောက် မနောတိုင်အောက် လှေကားထစ်များတွင်ထိုင်နေကြသည် ။

ဦးစိုင်းက နှောင်းဝေအား ကွင်းအတွင်း လိုက်လံပြသနေဆဲ ၊ ထွေးသည်လဲ ဓာတ်ပုံရိုက်လို့ ကောင်ဆဲဖြစ်သည်မို့ မနောတိုင်အောက်၌ ဧကနှင့်ရဂွန်းနှစ်ယောက်သာ ။

" ဟူ... ‌မနောတိုင်တွေက ဆုတောင်းပြည့်လားဟင် "

" ဗျာ... အဲ့တာတော့ ကျွန်တော်မသိဘူး ဧကရဲ့... တချို့တလေကတော့ မနောတိုင်ကို တိုင်တည်ပြီး ဆု‌တောင်းသစ္စာဆိုကြတာတွေတော့ရှိတယ်...."

ရဂွန်းရဲ့စကားအားကြားပြီးနောက် ဧကသည် မနောတိုင်များအားကျောပေးထိုင်နေသည့်ပုံစံမှ မနောတိုင်များဘက်သို့လှည့်ကာ

" ကျွန်တော် ဆောင်းဧကမိုး မနောတိုင်များအား သက်သေတည်ကာတိုင်တည်ပါသည် ။ ချစ်ရသူအနား ခစားခွင့်ပြုပေးပါ..."

မျက်လုံးမှိတ်ကာ တောင်းဆုပြုလိုက်သော အသံကြောင့် ရဂွန်းသည်ပင်လျှင် အံ့ဩသွားသယောင် ။ ဧကသည် ဤဒေသ၏ အချို့အလေ့အကျင့်များကိုတော့ သိသေးသည် ။ ဤဒေသတွင် မနောတိုင်များသည် အရေးပါလှသော ကဏ္ဍမှပါဝင်သလို မနောတိုင်များအား တိုင်တည်သက်သေပြုပြီးလျှင် သစ္စာဖောက်ဖျက်ပါက အပြစ်ခံရသည်ဟူသော အစွဲတခုလဲ ရှိသေးသည် ။ ထို့ကြောင့်သာ ဧက ဤသို့သက်သေပြုခဲ့ခြင်းပင် ။
( အဲ့အလေ့အကျင့်ကတော့ တကယ်ရှိလားမသိပေမယ့် ဒီဒီကတော့ ဇာတ်ကွက်အတွက်လိုအပ်‌လို့ထည့်လိုက်ရတာပါ ㆁωㆁ )

ဧက ဟူ့ဘက်ကိုပြန်လှည့်လာချိန်တွင်တော့ ဟူသည်သူ့အားကြည့်နေပေသည်။ ဟူ၏အကြည့်များထဲတွင် ဘာကြောင့်အဲ့လိုလုပ်တာလဲ ဟူသည့်မေးခွန်းအား အထင်းသားမြင်နေရပေသည်။

" ဟူပြောခဲ့တဲ့ နှစ်လဆိုတာ ဟူ့ကိုယ်တိုင်ပြန်ဆန်းစစ်ဖို့ထပ် ကိုယ့်ကိုအချိန်ပေးလိုက်မှန်းသိပါတယ် ။ ဒါကြောင့် ဟူယုံရတယ်ဆိုတဲ့အကြောင်းကို မနောတိုင်တွေကို သက်သေတည်လိုက်တာလေ ။ ဘယ်ပြောနိုင်မလဲ နောက်တခါမနောတိုင်တွေ့ရှေ့ရောက်တဲ့အခါ ဟူနဲ့ကိုယ်လဲ အကြင်ခင်ပွန်းတွေဖြစ်နေနိုင်တာပဲ။ "

ခပ်ပြုံးပြုံးပြောလာသော ဧက၏စကားကြောင့် ရဂွန်း၏ ဖြူဖွေးလှသော မျက်နှာလေးမှာ ပန်းရောင်သို့ပြောင်းလဲသွားပေသည် ။ ဧကလဲ ချစ်ရသူ၏ ရှက်သဲမှုအား ပြုံး၍ကြည့်နေမိလေသည် ။

ချစ်ရသူသည် ယောက်ျားပီသလှသလို ချစ်စရာ‌လဲကောင်းလှပေသည် ။ ကော့ညွှန့်သယောင်ဖြစ်လာသော အနီရောင် နှင်းဆီဖူးလေးသည် မည်သည့်အခါမှသာ အပြည့်အဝပွင့်လန်းမည်ကို ဧက မသိပါချေ ။ သို့သော် ထိုနှင်းဆီဖူးလေး အပြည့်အဝပွင့်လန်းနိုင်အောင် ဧက ကြိုးစားမည်ဖြစ်သည် ။ သူတစ်ယောက်တည်းအတွက် ပွင့်လန်းမှုပေါ့ ။

( နှင်းဆီဖူး = ရဂွန်းဟနှုတ်ခမ်း ကိုပြောခြင်းပါ စာဖတ်သူအပ်ဖုအေအပေါင်းတို့ ꈍᴗꈍ )

တ‌ခဏအကြာမှာတော့ ဦးစိုင်းတို့ရော ထွေးတို့ပါပြန်လာပြီဖြစ်သဖြင့် ခရီးဆက်လက်ဖို့ပြင်ကြသည် ။ ခရီးစဉ်အရ နေ့လည်ရောက်နေပြီဖြစ်၍ မြစ်ကြီးနား မြို့မဈေးအားသွားကြမည်ဖြစ်သည် ။ မြို့မဈေးအား ဈေး (၁) ၊ ဈေး (၂) ဟူခွဲခြားထားပြီး ဈေး(၁)တွင်လူသုံးကုန် ၊ အထည်အလိတ်များသာရောင်းချကြသည် ။ ဈေး(၂) တွင်မူစားသောက်ကုန်မများအားရောင်းချကြသည် ။

ဧကတို့ကတော့ ဈေး(၂) ကိုသာဝင်ကာ အိမ်ပြန်လက်ဆောင်များအနေနဲ့ ခေါပုတ် ၊ ကချင်ငပိထောင်း စသောရိုးရာစားသောက်ကုန်အခြောက်များအား ကြိုတင်ဝယ်ယူခဲ့ကြသည် ။ ထို့နောက် နေ့လည်စာအတွက်ဈေးရှေ့ရှိ စားသောက်ဆိုင်ငယ်ဘေးမှာ ဝင်ရောက်စားသောက်ကြသည် ။

နေ့လည်စာစားပြီးသည်နှင့် မြစ်ကြီးနားမြို့၏ အထင်ကရဘုရားစေတီများအား လှည့်လည်ဖူးမြော်ကြသည် ။ ပထမဦးစွာ အောင်ဇေရန်‌ေအာင် စေတီတော်နှင့် လောကအေးချမ်းစေတီအားဝင်ဖူးကြသည် ။ အောင်‌ေဇရန်‌အောင်စေတီသည် စေတီငယ်တစ်ဆူဖြစ်ပြီး အဝိုင်းပုံသဏ္ဍာန်ရှိကာ နောက်ပိုင်းလက်ရာပင်ဖြစ်သည် ။ စေတီရှေ့တွင် အနည်းငယ်ကြီးမားသော ဘုရားဆင်းတုတော်စံပယ်လျက်ရှိသည်။

လောကအေးချမ်းစေတီကမူ ပုဂံခေတ်လက်ရာသဏ္ဍာန်တည်ထားပြီး ထူးခြားသည်မှာတော့ ဘုရားရုပ်ပွားတော်ပေါင်းများစွာကို တည်ထားကြသည် ။ အနီးစပ်ဆုံးမြင်ရန်ပြောရပါက ဗောတိတစ်ထောင်ဘုရားများကဲ့သို့ပင် ။

ဘုရားများအားဖူးပြီးနောက် လောကအေးချမ်းစေတီ၏ဘုရားများကြားတွင် ဓာတ်ပုံအနည်းငယ်ရိုက်ကြပြီး ပြန်ထွက်လာကြသည် ။ ယခုကတော့ မြစ်ကြီးနားမြို့၏ ဆု‌‌ေတာင်းပြည့် လျောင်းတော်မူနှင့်ရပ်တော်မူဘုရားများထံ သွားကြမည်ဖြစ်သည် ။

ရပ်တော်မူဘူရားသည် မြတ်စွာဘုရားဒူးနားရှိသင်္ကန်းတော်စအား စွဲကိုင်ကာ ရပ်တော်မူနေသည့်သဏ္ဍာန်တည်ထားသည် ။ အောက်ခြေတွင်တော့ ကြီးမားလှသော ကြာပလ္လင်အား ခံထားပေသည် ။

လျောင်းတော်မူဘုရားကြီးသည်လဲ နောက်ပိုင်းခေတ်လက်ရာများသာဖြစ်ပြီး မြတ်စွာဘုရား၏တံတောင်တော်ထောက်ကာလျောင်းနေသည့်သဏ္ဍာန်တည်ထားသည် ။

ထို့နောက်တွင် အံတော်ရှင်စေတီအားလည်ပတ်ကြသည် ။ အံတော်ရှင်စေတီသည်လဲ အောင်ဇေရန်အောင်စေတီကဲ့သို့ပင် အဝိုင်းပုံသဏ္ဍာန်တည်ထားသည် ။ သို့သော် အောင်ဇေရန်အောင်စေတီတော်ထပ် ယောင်ယောင်မျှကြီးမားပေသည် ။

မြို့တွင်းနေရာများအားလည်ပတ်ပြီးနောက်တွင်တော့ မြို့ပြင်ရှိ မြစ်ဆုံ ၊ ကမ္ဘာလုံးစေတီ ၊ ရေကြည်ချောင်းနှင့်သံယောဇဉ်ကြိုးတံတား ၊ ဝါရှောင်ဆည် နှင့် ဗုဒ္ဓသာသနာငါးထောင်စံစေတီတို့အား ဖူးမြော်ရန် ထွက်ခွာလာကြပေတော့သည် ။

*မနောမြေအား သက်သေတည်လျက်*
ဖျတ်လိုက်ရေးလိုက်ဖြစ်နေလို့နည်းနည်းလေးနောက်ကျသွားတယ် ။

#Vote and Comments ><
~~TBC







{{ ZAWGYI }}

မၾကာခင္မွာပဲ က်ယ္ေလာင္လွတဲ့ ေတးသီခ်င္းသံေၾကာင့္ ဧကတို႔လဲစားေသာက္ဆိုင္ငယ္ေလးထဲက ထြက္လာခဲ့ၾကသည္ ။

ရိုးရာနတ္ပူေဇာ္ျခင္း ၊ ဆုေတာင္းျခင္းမ်ားၿပီးခ်ိန္မွာေတာ့ အႀကီးအကဲအခ်ိဳ႕က အနီးအနားရွိ လာေရာက္ဆင္ႏႊဲသူမ်ားအား ေခါင္ရည္ႏွင့္ အျမည္းအား ေကြၽးေမြးၾကသည္ ။ ကြင္းျပင္ႀကီးအလည္တြင္လဲ ကခ်င္ရိုးရာဝတ္စုံမ်ားႏွင့္ ကခ်င္တိုင္းရင္းသူ ၊ တိုင္းရင္းသားတို႔က မေနာတိုင္အား လွည့္လည္လ်က္ လွပစည္းခ်က္ညီစြာ ကခုန္ေနၾကေပၿပီ ။

ကခ်င္အမ်ိဳးသမီးမ်ားက ရိုးရာဝတ္စုံႏွင့္ ယပ္‌ေတာင္ငယ္ေလးမ်ားအား စြဲကိုင္လ်က္ စည္းခ်က္ညီစြာ ေလွ်ာက္လွမ္းလွည့္လည္ေနၾကသလို ကခ်င္အမ်ိဳးသားမ်ားကလဲ ရိုးရာဝတ္စုံအားဝတ္ဆင္လ်က္ ဝတ္စုံႏွင့္တြဲဖက္ေသာဓားအား လက္တြင္ကိုင္ေဆာင္ကာ တြဲဖက္ညီညာစြာ လွည့္လည္ေနၾကသည္မွာ လူရာခ်ီပင္ရွိေလာက္ေပသည္။

လူတြဲႀကီး၏ အေရွ႕ဆုံးတြင္ေတာ့ ရိုးရာနတ္ဆရာဝတ္စုံဆင္ယင္ထားေသာ အႀကီးအကဲမ်ားက ဦးေဆာင္ေနၾကသည္ ။ အႀကီးအကဲမ်ားသည္ အနီ ၊ အဝါ ၊ အစိမ္းႏွင့္ အျပာစေသာ အေရာင္ေတာက္ေနသည့္ ဝတ္စုံမ်ားအားဝတ္ဆင္ထားၿပီး ေခါင္းေပါင္းတြင္မူ ေဒါင္းေတာင္မ်ားအား စိုက္ထိုးထားသည္ ။ လက္တြင္လဲ ပူေဇာ္ပစၥည္းမ်ားအား ကိုင္ေဆာင္ထားေသးသည္ ။
( ဓားလား ၊ အေမႊးတိုင္ေတြလား မကြဲလို႔ ပူေဇာ္ပစၥည္းလို႔ပဲ သုံးလိုက္ပါတယ္(人 •͈ᴗ•͈) )

လွပစြာလွည့္လည္ေနေသာ လူတန္းႀကီးသည္ အခ်ိန္အေတာ္ၾကာၿပီးေနာက္မွသာ အခမ္းအနားၿပီးဆုံးေပေတာ့သည္ ။ လာေရာက္ၾကတဲ့ လူေပါင္းမ်ားစြာသည္ မေနာတိုင္ေရွ႕၌ အမွတ္တရဓာတ္ပုံမ်ားအားရိုက္ယူေနၾကသည္ ။ ဤသည္ကပင္ ကခ်င္ျပည္နယ္အားေရာက္ရွိေၾကာင္း ျပယုဒ္တခုလိုပင္ မဟုတ္ပါေလာ ။ မေနာတိုင္ႀကီးမ်ားသည္ ႏွစ္ဖက္လွမ်ားျဖစ္ၾကေသာ္လဲ လူအမ်ားသည္ ျမင္ေနရေသာ အေရွ႕ဘက္တြင္သာ ရိုက္ေလ့ရွိၾကေသာေၾကာင့္ အေနာက္ဘက္တြင္မူ လူအေတာ္ရွင္းေပသည္ ။

ဧကတို႔သည္လဲ မေနာတိုင္အေနာက္ဘက္သို႔သြားေရာက္ကာ အမွတ္တရဓာတ္ပုံမ်ားရိုက္ၾကသည္ ။ ထို႔ေနာက္ မေနာတိုင္ေအာက္ ေလွကားထစ္မ်ားတြင္ထိုင္ေနၾကသည္ ။ ဦးစိုင္းက ေႏွာင္းေဝအား ကြင္းအတြင္း လိုက္လံျပသေနဆဲ ၊ ေထြးသည္လဲ ဓာတ္ပုံရိုက္လို႔ ေကာင္ဆဲျဖစ္သည္မို႔ မေနာတိုင္ေအာက္၌ ဧကႏွင့္ရဂြန္းႏွစ္ေယာက္သာ ။

" ဟူ... ‌မေနာတိုင္ေတြက ဆုေတာင္းျပည့္လားဟင္ "

" ဗ်ာ... အဲ့တာေတာ့ ကြၽန္ေတာ္မသိဘူး ဧကရဲ႕... တခ်ိဳ႕တေလကေတာ့ မေနာတိုင္ကို တိုင္တည္ၿပီး ဆု‌ေတာင္းသစၥာဆိုၾကတာေတြေတာ့ရွိတယ္...."

ရဂြန္းရဲ႕စကားအားၾကားၿပီးေနာက္ ဧကသည္ မေနာတိုင္မ်ားအားေက်ာေပးထိုင္ေနသည့္ပုံစံမွ မေနာတိုင္မ်ားဘက္သို႔လွည့္ကာ

" ကြၽန္ေတာ္ ေဆာင္းဧကမိုး မေနာတိုင္မ်ားအား သက္ေသတည္ကာတိုင္တည္ပါသည္ ။ ခ်စ္ရသူအနား ခစားခြင့္ျပဳေပးပါ..."

မ်က္လုံးမွိတ္ကာ ေတာင္းဆုျပဳလိုက္ေသာ အသံေၾကာင့္ ရဂြန္းသည္ပင္လွ်င္ အံ့ဩသြားသေယာင္ ။ ဧကသည္ ဤေဒသ၏ အခ်ိဳ႕အေလ့အက်င့္မ်ားကိုေတာ့ သိေသးသည္ ။ ဤေဒသတြင္ မေနာတိုင္မ်ားသည္ အေရးပါလွေသာ က႑မွပါဝင္သလို မေနာတိုင္မ်ားအား တိုင္တည္သက္ေသျပဳၿပီးလွ်င္ သစၥာေဖာက္ဖ်က္ပါက အျပစ္ခံရသည္ဟူေသာ အစြဲတခုလဲ ရွိေသးသည္ ။ ထို႔ေၾကာင့္သာ ဧက ဤသို႔သက္ေသျပဳခဲ့ျခင္းပင္ ။
( အဲ့အေလ့အက်င့္ကေတာ့ တကယ္ရွိလားမသိေပမယ့္ ဒီဒီကေတာ့ ဇာတ္ကြက္အတြက္လိုအပ္‌လို႔ထည့္လိုက္ရတာပါ ㆁωㆁ )

ဧက ဟူ႕ဘက္ကိုျပန္လွည့္လာခ်ိန္တြင္ေတာ့ ဟူသည္သူ႕အားၾကည့္ေနေပသည္။ ဟူ၏အၾကည့္မ်ားထဲတြင္ ဘာေၾကာင့္အဲ့လိုလုပ္တာလဲ ဟူသည့္ေမးခြန္းအား အထင္းသားျမင္ေနရေပသည္။

" ဟူေျပာခဲ့တဲ့ ႏွစ္လဆိုတာ ဟူ႕ကိုယ္တိုင္ျပန္ဆန္းစစ္ဖို႔ထပ္ ကိုယ့္ကိုအခ်ိန္ေပးလိုက္မွန္းသိပါတယ္ ။ ဒါေၾကာင့္ ဟူယုံရတယ္ဆိုတဲ့အေၾကာင္းကို မေနာတိုင္ေတြကို သက္ေသတည္လိုက္တာေလ ။ ဘယ္ေျပာနိုင္မလဲ ေနာက္တခါမေနာတိုင္ေတြ႕ေရွ႕ေရာက္တဲ့အခါ ဟူနဲ႕ကိုယ္လဲ အၾကင္ခင္ပြန္းေတြျဖစ္ေနနိုင္တာပဲ။ "

ခပ္ၿပဳံးၿပဳံးေျပာလာေသာ ဧက၏စကားေၾကာင့္ ရဂြန္း၏ ျဖဴေဖြးလွေသာ မ်က္ႏွာေလးမွာ ပန္းေရာင္သို႔ေျပာင္းလဲသြားေပသည္ ။ ဧကလဲ ခ်စ္ရသူ၏ ရွက္သဲမႈအား ၿပဳံး၍ၾကည့္ေနမိေလသည္ ။

ခ်စ္ရသူသည္ ေယာက္်ားပီသလွသလို ခ်စ္စရာ‌လဲေကာင္းလွေပသည္ ။ ေကာ့ၫႊန႔္သေယာင္ျဖစ္လာေသာ အနီေရာင္ ႏွင္းဆီဖူးေလးသည္ မည္သည့္အခါမွသာ အျပည့္အဝပြင့္လန္းမည္ကို ဧက မသိပါေခ် ။ သို႔ေသာ္ ထိုႏွင္းဆီဖူးေလး အျပည့္အဝပြင့္လန္းနိုင္ေအာင္ ဧက ႀကိဳးစားမည္ျဖစ္သည္ ။ သူတစ္ေယာက္တည္းအတြက္ ပြင့္လန္းမႈေပါ့ ။

( ႏွင္းဆီဖူး = ရဂြန္းဟႏႈတ္ခမ္း ကိုေျပာျခင္းပါ စာဖတ္သူအပ္ဖုေအအေပါင္းတို႔ ꈍᴗꈍ )

တ‌ခဏအၾကာမွာေတာ့ ဦးစိုင္းတို႔ေရာ ေထြးတို႔ပါျပန္လာၿပီျဖစ္သျဖင့္ ခရီးဆက္လက္ဖို႔ျပင္ၾကသည္ ။ ခရီးစဥ္အရ ေန႕လည္ေရာက္ေနၿပီျဖစ္၍ ျမစ္ႀကီးနား ၿမိဳ႕မေဈးအားသြားၾကမည္ျဖစ္သည္ ။ ၿမိဳ႕မေဈးအား ေဈး (၁) ၊ ေဈး (၂) ဟူခြဲျခားထားၿပီး ေဈး(၁)တြင္လူသုံးကုန္ ၊ အထည္အလိတ္မ်ားသာေရာင္းခ်ၾကသည္ ။ ေဈး(၂) တြင္မူစားေသာက္ကုန္မမ်ားအားေရာင္းခ်ၾကသည္ ။

ဧကတို႔ကေတာ့ ေဈး(၂) ကိုသာဝင္ကာ အိမ္ျပန္လက္ေဆာင္မ်ားအေနနဲ႕ ေခါပုတ္ ၊ ကခ်င္ငပိေထာင္း စေသာရိုးရာစားေသာက္ကုန္အေျခာက္မ်ားအား ႀကိဳတင္ဝယ္ယူခဲ့ၾကသည္ ။ ထို႔ေနာက္ ေန႕လည္စာအတြက္ေဈးေရွ႕ရွိ စားေသာက္ဆိုင္ငယ္ေဘးမွာ ဝင္ေရာက္စားေသာက္ၾကသည္ ။

ေန႕လည္စာစားၿပီးသည္ႏွင့္ ျမစ္ႀကီးနားၿမိဳ႕၏ အထင္ကရဘုရားေစတီမ်ားအား လွည့္လည္ဖူးေျမာ္ၾကသည္ ။ ပထမဦးစြာ ေအာင္ေဇရန္‌ေအာင္ ေစတီေတာ္ႏွင့္ ေလာကေအးခ်မ္းေစတီအားဝင္ဖူးၾကသည္ ။ ေအာင္‌ေဇရန္‌ေအာင္ေစတီသည္ ေစတီငယ္တစ္ဆူျဖစ္ၿပီး အဝိုင္းပုံသ႑ာန္ရွိကာ ေနာက္ပိုင္းလက္ရာပင္ျဖစ္သည္ ။ ေစတီေရွ႕တြင္ အနည္းငယ္ႀကီးမားေသာ ဘုရားဆင္းတုေတာ္စံပယ္လ်က္ရွိသည္။
ေလာကေအးခ်မ္းေစတီကမူ ပုဂံေခတ္လက္ရာသ႑ာန္တည္ထားၿပီး ထူးျခားသည္မွာေတာ့ ဘုရား႐ုပ္ပြားေတာ္ေပါင္းမ်ားစြာကို တည္ထားၾကသည္ ။ အနီးစပ္ဆုံးျမင္ရန္ေျပာရပါက ေဗာတိတစ္ေထာင္ဘုရားမ်ားကဲ့သို႔ပင္ ။

ဘုရားမ်ားအားဖူးၿပီးေနာက္ ေလာကေအးခ်မ္းေစတီ၏ဘုရားမ်ားၾကားတြင္ ဓာတ္ပုံအနည္းငယ္ရိုက္ၾကၿပီး ျပန္ထြက္လာၾကသည္ ။ ယခုကေတာ့ ျမစ္ႀကီးနားၿမိဳ႕၏ ဆု‌‌ေတာင္းျပည့္ ေလ်ာင္းေတာ္မူႏွင့္ရပ္ေတာ္မူဘုရားမ်ားထံ သြားၾကမည္ျဖစ္သည္ ။

ရပ္ေတာ္မူဘူရားသည္ ျမတ္စြာဘုရားဒူးနားရွိသကၤန္းေတာ္စအား စြဲကိုင္ကာ ရပ္ေတာ္မူေနသည့္သ႑ာန္တည္ထားသည္ ။ ေအာက္ေျခတြင္ေတာ့ ႀကီးမားလွေသာ ၾကာပလႅင္အား ခံထားေပသည္ ။ ေလ်ာင္းေတာ္မူဘုရားႀကီးသည္လဲ ေနာက္ပိုင္းေခတ္လက္ရာမ်ားသာျဖစ္ၿပီး ျမတ္စြာဘုရား၏တံေတာင္ေတာ္ေထာက္ကာေလ်ာင္းေနသည့္သ႑ာန္တည္ထားသည္ ။

ထို႔ေနာက္တြင္ အံေတာ္ရွင္ေစတီအားလည္ပတ္ၾကသည္ ။ အံေတာ္ရွင္ေစတီသည္လဲ ေအာင္ေဇရန္ေအာင္ေစတီကဲ့သို႔ပင္ အဝိုင္းပုံသ႑ာန္တည္ထားသည္ ။ သို႔ေသာ္ ေအာင္ေဇရန္ေအာင္ေစတီေတာ္ထပ္ ေယာင္ေယာင္မွ်ႀကီးမားေပသည္ ။

ၿမိဳ႕တြင္းေနရာမ်ားအားလည္ပတ္ၿပီးေနာက္တြင္ေတာ့ ၿမိဳ႕ျပင္ရွိ ျမစ္ဆုံ ၊ ကမာၻလုံးေစတီ ၊ ေရၾကည္ေခ်ာင္းႏွင့္သံေယာဇဥ္ႀကိဳးတံတား ၊ ဝါေရွာင္ဆည္ ႏွင့္ ဗုဒၶသာသနာငါးေထာင္စံေစတီတို႔အား ဖူးေျမာ္ရန္ ထြက္ခြာလာၾကေပေတာ့သည္ ။

*မေနာေျမအား သက္ေသတည္လ်က္*
ဖ်တ္လိုက္ေရးလိုက္ျဖစ္ေနလို႔နည္းနည္းေလးေနာက္က်သြားတယ္ ။

#Vote and Comments ><
~~TBC

Continue Reading

You'll Also Like

45.6K 3.9K 62
အညာမြေ fic ကိုအရင်ဖတ်ပါလို့အကြံပြုပါတယ်။အညာေျမ fic ကိုအရင္ဖတ္ပါလို႔အၾကံျပဳပါတယ္။အညာေျမ fic ရဲ႕ book-2 ပါ။
183K 26.4K 51
အခ်စ္​ဟာသ​ေလးပါ အဆြိခ်ည္​းတစ္​လိုင္​း​ေပါ့❤
242K 27.5K 78
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
2.7M 75.2K 20
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...