This Mafia Fall In You [ ဒီမာ...

By _ShoYo_61

485K 39.8K 2.8K

ရုတ်ရင့်ကြမ်းတမ်းတဲ့ Mafia တစ်ယောက် အချစ်မှာ နစ်မြောသွားတဲ့အခါ ...( OC မဟုတ်ပါ OTP fiction ပါ ) Warning - Sex... More

စာအမြည်း
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄ [ Adult ]
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၈
အပိုင်း ၉ ( Adult )
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃ ( Adult )
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈ [ Adult ]
Bonus ( Gifts )
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁ [ Adult ]
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁ [ Final ]
Book Announcement 1

အပိုင်း ၇

13.1K 1.4K 148
By _ShoYo_61

အပိုင်း ၇ [ Unicode Version ]

Yixing နဲ့ Hotpot အတူစားပြီး Baekhyun အိမ်ပြန်လာတဲ့အချိန်က ညနေ 5 နာရီခွဲကျော်နေပြီ ။ ကျောင်းမှာလည်း တစ်နေကုန်စာလေ့လာရတဲ့အပြင် ဗိုက်လည်းတင်းသွားပြီမို့ အိမ်ပြန်ရောက်တဲ့ အချိန်မှာတော့ Baekhyun လက်ချောင်းလေးတစ်ချောင်းတောင် လှုပ်ချင်စိတ် မရှိတော့ဘူး ။

ရေကိုလည်း ညမှောင်မှ ချိုးတော့မယ်လို့ စဥ်းစားထားတဲ့ Baekhyun ဟာ ဒီညနေကိုတော့ အပြည့်အဝ အနားယူဖို့ ဆုံးဖြတ်လိုက်ပြီး ခေါင်းအုံးတစ်အုံးနဲ့ အိမ်ရှေ့ဟင်းလင်းပြင်မှာ လှဲအိပ်လိုက်တယ် ။ ချက်ချင်းတော့ အိပ်မပျော်သေးတာမို့ ဘာရယ်မဟုတ် လှဲနေရင်း ဖုန်းကို ဖွင့်ကြည့်လိုက်မိတယ် ။

ဖုန်းဆက်လိုက်ရင် ကောင်းမလား ။

Baekhyun အတွေးထဲဝင်လာမိပေမယ့် လက်က contact ကို ထောက်ဖို့တော့ အများကြီး တွန့်ဆုတ်နေမိတယ် ။ နောက်ဆုံးတော့ လက်လျှော့ပြီး contact နား ရစ်သီရစ်သီ ဖြစ်နေတဲ့ လက်လေးကို ပြန်ရုတ်လို့ လက်မလက်သည်းခွံလေးကို တတိတိကိုက်နေတော့တာပဲ ။ အမှန်တကယ်ပြောရရင် Baekhyun အတွက် Mafia တစ်ယောက်ကို ကိုယ့်ချစ်သူလို့ သဘောထားဖို့ နည်းနည်းတော့ ခက်ခဲနေသေးတာအမှန်ပဲလေ ။

ခုလို သတိရနေတာမျိုးကို အလွမ်းလို့ ခေါင်းစဥ်တပ်လို့ ရသလားတော့မသိပေမယ့် ပြင်းပြင်းထန်ထန်ကြီးတော့မဟုတ် ။ တွေ့ချင်ပေမယ့် မတွေ့ရလည်း ဖြစ်တယ်ဆိုတဲ့ အနေအထားမျိုး  ။

နောက်ဆုံးတော့ စိတ်ရှုပ်ရှုပ်နဲ့ပဲ ဖုန်းကို ဘေးဘက် ပြန်ချထားလိုက်ပြီး မျက်လုံးတွေကို မှိတ်ဖို့ ပြင်လိုက်တဲ့ Baekhyun ဟာ ရုန်းရင်းဆန်ခတ် အသံအချို့ကို ပတ်ဝန်းကျင်ကနေ ကြားလိုက်ရလေရဲ့ ။ လူအများကြီးက တစ်ခုခုကို အားကြိုးမာန်တက် အားစိုက်လုပ်နေရသလို အသံမျိုး ။

စပ်စုချင်စိတ်လေး အခံရှိတဲ့ Baekhyun ဟာ ချက်ချင်းကို ငေါက်ခနဲ ခေါင်းလေးထောင်လာပြီး အိမ်ပေါ်ကနေ ခြေတွဲလဲချလို့ ဆင်းလိုက်တယ် ။ အိမ်နီးချင်းတွေများ တစ်ခုခုလုပ်နေကြသလားဆိုတဲ့ အတွေးလေးနဲ့ပေါ့ ။

ဒါပေမယ့် တဖြတ်ဖြတ်ပြေးပြီး ခြံတံခါးအပြာလေးကို ဆွဲဖွင့်လိုက်တာနဲ့ မျက်စိရှေ့တည့်တည့်ပေါ်လာတဲ့ ရင်အုပ်ကျယ်ကြီးကြောင့် Baekhyun မျက်ဝန်းလေးတွေမှာ အနည်းငယ် ထိတ်လန့်မှုလေး ဖြတ်ပြေးလို့ ကိုယ်လေး နောက်ကိုတွန့်သွားမိတော့တာပဲ ။

" ဟော... ဘေဘီ ..
ခဏလေး.. ခဏလေး လမ်းအရင်ဖယ်ပေးလိုက်ဦး "

သူ့ကိုတွေ့တာနဲ့ အပြုံးတစ်ခု ဖြစ်တည်သွားတဲ့ သူ့ချစ်သူ အသစ်စက်စက်ကြီးဟာ ရုတ်တရက်ကြီး ပေါ်လာရတဲ့ အကြောင်းအရင်းကို အရင် မပြောပဲနဲ့ ကိုယ်သေးသေးလေးကို နောက်ကနေ ရင်ဘတ်ပေါ် လက်ကန့်လန့်ဖြတ်တင်ကာ ထိန်းလို့ နောက်ကို ဆုတ်ခိုင်းလိုက်တယ် ။

မိမိကို တံခါးဝကနေ လမ်းဖယ်ခိုင်းသလို ပြုမူလိုက်တာကို Baekhyun ကြောင်တောင်တောင် မျက်ဝန်းလေးတွေနဲ့ နားမလည်နိုင် ဖြစ်နေချိန်မှာပဲ သူ့အရပ်တောင်ကျော်တဲ့ ဧရာမစက္ကူပုံးကြီးကို ဝိုင်းမပြီး ခြံတံခါး ကျဥ်းကျဥ်းလေးကနေ ခက်ခက်ခဲခဲ ဝင်လာတဲ့ ကတုံးတို့အုပ်စုကို တွေ့လိုက်ရတော့တာပဲ ။

" ဒါ..ဒါက ဘာကြီးလဲ "

Baekhyun ဟာ ဆိုင်းမဆင့် ဗုံမဆင့် မိမိအိမ်ကို မာဖီးယားတွေ အုပ်စုလိုက်ကြီး သယ်ယူလာတဲ့ ပစ္စည်းပုံးကြီးကို ငေးကြည့်ရင်း တောင့်တောင့်ကြီး ရပ်လို့ မေးလိုက်မိတယ် ။

" ရေခဲသေတ္တာလေ..
ဘေဘီ့အိမ်က တစ်ခုက အရမ်းသေးလို့ "

Baekhyun ဟာ ရုတ်တရက်ကြီး ဆွံ့အလို့ ငိုရမလို ရယ်ရမလို ဖြစ်သွားတယ် ။ ဒီ သူ့အရပ်ထက်တောင် မြင့်မယ့် ရေခဲသေတ္တာကြီးကတော့ ဟုတ်ပါပြီ ။ ပုစွန်နှာခေါင်းပေါက်လောက်ပဲ ရှိတဲ့ သူ့မီးဖိုခန်းလေးထဲမှာ ဒါကြီးက ဘယ်လောက်ထိ နေရာယူနေမှာတဲ့လဲ။

" ကိုယ်မနေ့က မင်းရေခဲသေတ္တာထဲမှာ ဘာမှထွေထွေထူးထူးမရှိတာ တွေ့ခဲ့လို့ ..ဒီနေ့ အလုပ်ပြီးတော့ မုန့်နည်းနည်း သွားဝယ်ခဲ့တာ ။ "

ထို နည်းနည်းဆိုသော မုန့်များကိုလည်း Baekhyun မျက်ခုံးခပ်လှုပ်လှုပ် ။

" အဲ့တာ မင်းရေခဲသေတ္တာနဲ့ဆို ဆံ့မယ်မထင်လို့ ။
ရေခဲသေတ္တာပါ အကြီးတစ်ခု ဝင်ဝယ်လာခဲ့တယ် "

" ခဏ..ခဏ ။
ခဏလေး နေကြပါဦး "

Baekhyun ဟာ အနေရခက်နေတဲ့ မျက်နှာလေးနဲ့ပဲ သူ့အိမ်ပေါ်ထက်ကို ကြိုးစားပမ်းစား တင်ပေးဖို့ လုပ်နေကြတဲ့ မာဖီးယားအုပ်ကြီးရှေ့မှာ သွားပြေးရပ်ပြီး တားလိုက်ရတယ် ။

Baekhyun တားတော့ အားလုံးသူဟာ ချက်ချင်းရပ်လို့ သူတို့ Boss ရှိရာထံ မယောင်မလည်နဲ့ ပြန်ကြည့်ကြတယ် ။ နည်းနည်း မျက်နှာတည်သွားတဲ့ Chanyeol ဟာ သူ့တပည့်တွေကို ခဏ ရပ်ထားလိုက်ဖို့ မျက်နှာရိပ် မျက်နှာကဲပြပြီး Baekhyun ဆီကို လျှောက်လာလေရဲ့ ။

" ဘာဖြစ်တာလဲ ဘေဘီ ။
အားနာတာမျိုး ကိုယ်မကြိုက်ဘူးနော် "

Baekhyun ဟာ နည်းနည်း စိတ်ညစ်ပုံပေါက်နေတဲ့ မျက်နှာလေးနဲ့ပဲ Chanyeol ရဲ့ လက်မောင်းတစ်ဖက်ကို ဆွဲလို့ ခြံအပြင်ဘက်ကို ခေါ်လာခဲ့ရတယ် ။

ကတုံးတို့ အုပ်စုကတော့ Long coat ကြီးနဲ့ မိမိုက်နေတဲ့ သူတို့ Boss ဟာ ရည်းစားသေးသေးလေးက လက်ဆွဲခေါ်သွားတော့လည်း မတတ်သာပဲ ကိုယ်ထည်အကြီးကြီးနဲ့ လိုက်သွားရတဲ့ ပုံကိုကြည့်ပြီး နည်းနည်းတောင် စိတ်ဓာတ်တွေ ကျသွားရတယ် ။

သခင်လေးကတော့ တကယ့်ကို သခင်လေးဖြစ်နေပြီပဲ ။

" ဘာတွေ မသက်မသာဖြစ်နေရတာလဲ
ကိုယ့်ကိုပြော "

Baekhyun ဟာ ကြောက်စိတ်အခံလေးလည်း ရှိတာမို့ Mafia ကြီးရဲ့ လက်ဖဝါး အကြီးကြီးတစ်ဖက်ကို သူလက်သေးသေး ဖြူဖြူလေး နှစ်ဖက်နဲ့ ဆုပ်ကိုင်ရင်း အနည်းငယ် ချော့မော့ နားချဖို့ ကြိုးစားလိုက်တယ် ။

" ဒီလို လုပ်လို့ အဆင်မပြေဘူးလေ Chan ရယ် "

Mafia ကြီးကတော့ Baekhyun သူ့စေတနာတွေကို ငြင်းဆန်နေတဲ့ အချက်နဲ့တင် တွန့်ချိုးနေတဲ့ မျက်ခုံးထူထူတွေက ပြန်ပြေလျော့မလာဘူး ။

" ကျွန်တော့် အိမ်သေးသေးလေးက အဲ့လို ပရိဘောဂ အကြီးကြီးတွေနဲ့ဆို အဆင်မပြေဘူးလေ ။ ပြီးတော့ ကျွန်တော် တစ်ယောက်တည်းမို့ ပိုလွန်းနေတဲ့အပြင် ဝန်ထိုးဝန်ပိုးပါ ဖြစ်ရဦးမှာ။ ကျွန်တော့်စကားကို နားထောင်ပါဗျာ...နော် "

ဒီကောင်လေးဟာ စကားကို ဘယ်လိုချိုသာသာ နူးနူးညံ့ညံ့လေးနဲ့ ပြောပြီး တစ်ဖက်လူရဲ့ အသည်းကို ချုပ်ကိုင်ရမလဲဆိုတာကို တအား သိနားလည်တဲ့ပုံပေါ်တယ် ။ Chanyeol အတွက်ကတော့ တကယ် လွန်ဆန်ဖို့ ခက်ခဲတဲ့ တံတိုင်းတစ်ခု ၊ ဒါမှမဟုတ် သူ့ကို အရည်ဖျော်ပစ်မယ့် နေရောင်ချည်လေးဆိုတာ မလွဲမသေပဲ ။

" ကျွန်တော်က Chan ရဲ့ စေတနာတွေကို ငြင်းပယ်နေတာမျိုး မဟုတ်ပါဘူး ။ မုန့်တွေကိုတော့ ယူမယ်လေ "

ဒီတစ်ခါတော့ Chanyeol ဟက်ခနဲတောင် မရယ်မိပဲ မနေနိုင်တော့ဘူး ။ မုန့်တော့ ယူမတဲ့ ။ သူ့ဘဝက တကယ်ကို ကလေး မုန့်ပေးကြိုက်နေရတဲ့ဘဝ အစစ်ပါပဲလား ။

Chanyeol ဟာ မျက်စိရှေ့က ခေါင်းလုံးလုံးလေးကို လက်ချောင်းတွေနဲ့ ထိုးဖွပစ်ရင်း နှာခေါင်းထိပ်လေးကို မနာအောင် ဖွဖွလေး လိမ်ဆွဲပစ်လိုက်တယ် ။

အဲ့ဒီနောက်မှာတော့ ကိုယ်လုံးသေးသေးလေးကို ပုခုံးနောက်နေ ပွေ့ဖက်လို့ ခြံထဲ ပြန်ဝင်လာခဲ့တော့တယ် ။

" ရေခဲသေတ္တာကို ကားပေါ်ပြန်သယ်သွားတော့ ။
ပြီးတော့ မုန့်ထုတ်တွေ သယ်လာခဲ့ "

ထိပ်ဆုံးတန်းမှာ ရှိတဲ့ Baekhyun အိမ်ကနေ ဟိုအောက်ဘက်လမ်းမှာ ရှိတဲ့ ကားတွေအထိ ကျောက်လှေကားထစ်တွေကို ဖြတ်လို့ အတက်အဆင်း လုပ်ရတာက လွယ်တယ်လို့များ သူတို့ Boss ကြီး ထင်နေသလားမသိပါ ။

သတ်ဖြတ် ထိုးကြိတ်ပြီး သေဘေးနဲ့ကျောချင်းကပ်လို့ နေခဲ့ရစဥ်ကတောင် ဂိုဏ်းထဲနေပျော်ခဲ့တဲ့ မာဖီးယား ကတုံးအုပ်စုဟာ သူတို့ Boss ရည်းစားရတော့မှပဲ ဂိုဏ်းကနေ ထွက်ပြေးချင်စိတ်ပေါက်လာတော့တယ်။

ဒါပေမယ့် Boss ဆိုတော့လည်း ဘာမှ မတတ်နိုင်ရှာဘူး ။ ခဏအကြာမှာပဲ ကတုံးဆံတောက်ကေ ကိုယ်စီ ၊ Suit အပြည့်အစုံနဲ့ မာဖီးယားဂိုဏ်းသားတွေဟာ မုန့်ထုပ်မျိုးစုံ အပြည့်ထည့်ထားတဲ့ ပလတ်စတစ်အိတ်ကြီး နှစ်ထုပ်စီ လက်တစ်ဖက်တစ်ချက်မှာ ဆွဲကိုင်လို့ ကျောက်သားလှေကားထစ်တွေကနေ ပြန်တက်လာကြတော့တယ် ။

________________________________

" ဟုတ်ပြီ .. ဒီမှာ ချထားခဲ့ ။
ပြီးရင် ကားထဲကနေ သွားထိုင်စောင့်နေ "

" ခဏနေကြပါဦး "

Chanyeol သူ့တပည့်တွေကို ခပ်တည်တည်နဲ့ အမိန့်ပေးနေတုန်းမှာပဲ အခန်းထဲကနေ ပန်ကာပုလေး မ'လို့ ထွက်လာတဲ့ Baekhyun က ဝင်တားတယ် ။

" ရေခဲသေတ္တာအလေးကြီးကိုမပြီး အတက်အဆင်းလုပ်ရတာ ပင်ပန်းနေမှာပေါ့ ။ ဒီမှာ ခဏ နားနားနေနေ ထိုင်သွားကြပါဦး "

သူတို့ သဘောမနောကောင်း သခင်လေးရဲ့ စေတနာကို နားလည်ပေမယ့် ကတုံးတို့ အုပ်စုဟာ အကြောက်အကန်ပဲ ခြေတွေလက်တွေခါပြီး ငြင်းလိုက်ကြတယ်။

" ကျွန်တော်တို့က Boss နဲ့အတူတူ ဘယ်လိုလုပ် ထိုင်ရဲမှာလဲ ။ ရပါတယ် သခင်လေး ၊ မလိုပါဘူး "

Baekhyun ဟာ သူ့အာဏာသိပ်မသက်ရောက်မှန်း သိတော့ Chanyeol မျက်နှာကို စစ်ကူတောင်းသလိုလေး မော့ကြည့်လိုက်တယ် ။ အဲ့မျက်ဝန်း ကြည်ကြည်လေးတွေကို Chanyeol ဘယ်လို တွန်းလှန်နိုင်မလဲ ။

" ထိုင်လိုက် "

Chanyeol စကား တစ်ခွန်းဟာတစ်ခွန်းပဲ ။ ပလပ်လေးထိုးထားပြီး ဘယ်ညာဖြည်းဖြည်းလေး စောင်းလှည့်လို့ လည်ပတ်နေတဲ့ ပန်ကာလေး အေးအေးလေး ရှေ့မှာ ကတုံးတို့အုပ်စုဟာ ခြေတွဲချလို့ ဘေးချင်းကပ်တန်းစီ ထိုင်ပြီး ခါးကို တည့်တည့်မတ်ထားကြတယ်။

ရေခဲသေတ္တာထဲမှာ မုန့်ထုတ်လေးတွေ ဆန့်သလောက် တစ်ခုပြီးတစ်ခု စီထည့်နေတဲ့ Baekhyun ဟာ ခဏနေတော့ အအေးဘူးလေး ငါးဘူး ကိုင်လို့ အိမ်ရှေ့ကို ပြန်ထွက်လာခဲ့တယ် ။

" အမောပြေသွားအောင် ဒါလေးသောက်လိုက်ကြနော် "

အအေးဘူးတစ်ဘူးစီကို အားလုံးသူ လက်ထဲ ဝေထည့်ပေးပြီးတဲ့နောက် Baekhyun ဟာ ပိုလျှံလွန်းနေတဲ့ မုန့်ထုပ်တွေစုထည့်ထားတဲ့ အိတ်တစ်ခုကိုပါ အနားဆွဲကပ်ပေးလိုက်တယ် ။

" မုန့်လည်း ယူစားကြပါ ။
ကျွန်တော် စားကုန်မယ်မထင်ဘူး "

Mafia ကြီးကတော့ သူ့ကိုပစ်ထားပြီး ဧည့်ဝတ်ကျေတဲ့ ချစ်သူလေးကြောင့် မျက်နှာထား ပိုတင်းလာတာတော့ အမှန်ပဲ ။ တော်သေးတာက ဧည့်ဝတ်ကျေပြီးတာနဲ့ သူ့ဘေးမှာ ကုပ်ကုပ်လေး ခြေတွဲလဲချ လာဝင်ထိုင်တာကြောင့်သာ စိတ်မဆိုးမိလိုက်ခြင်း ။

" တစ်နေကုန် မတွေ့ရတာ မင်းကိုယ့်ကို မလွမ်းဘူးလား "

အနားကို ကိုယ်သေးသေး ရောက်လာတာနဲ့ လက်ပွန်းတတီး နေရတာကို ကြိုက်တဲ့ Chanyeol ကတော့ ဘာကိုမှ အာရုံမထားနေပဲ နှာခေါင်းထိပ်ချင်း အသာထိပြီး ပါးလေးကို နမ်းလို့ မေးတယ် ။

ကြားထဲမှာ တိုင်တစ်တိုင်ကွယ်နေပေမယ့် အနီးအနားမှာ လူရှိတာမို့ ရှက်သွားရတဲ့ Baekhyun ကတော့ ပါးလေးတွေ ရဲတက်သွားတာ ဖြန်းခနဲပဲ ။ သူဟာ တစ်ဖက်က ငတုံးငါးယောက် မကြားအောင် အသံတိုးတိုးလေးနဲ့ Mafia ကြီးရဲ့ နားနားကပ်ပြီး လက်လေးနဲ့ကာလို့ ပြန်ဖြေပေးလိုက်တယ် ။

" လွမ်းတာပေါ့ "

ဂျွတ် ~ ဂျွတ် ~ ဂျွတ် ( အာလူး​ကြော်ဝါးသံ )

Chanyeol ဟာ နေရင်းထိုင်ရင်း စကားရိုးရိုးတန်းလေး ပြောတာတောင် ချစ်စရာကောင်းနေတဲ့ ကောင်လေးကြောင့် ပါးလေးကိုတင် မက နှုတ်ခမ်းလေးကို ခပ်ဖွဖွ ဖိကပ်ပြီး နမ်းလိုက်တယ် ။

" မနက်ဖြန် ကိုယ် Oversea သွားစရာရှိတယ် ။
2 ရက်လောက် ကြာမယ်ထင်တယ် "

Baekhyun ဟာ ခပ်ဖွဖွလေး ပြုံးပြလို့ နားလည်သဘောပေါက်တဲ့ ဟန်လေးနဲ့ ခေါင်းလေးတစ်ချက် ငြှိမ့်ပြလိုက်တယ် ။

" ကိုယ်တော့ လွမ်းနေတော့မှာ "

ဂျွတ် ~ ဂျွတ် ~ ဂျွတ် ( အာလူးကြော်ဝါးသံ )

" ကျွန်တော် ရောပဲ "

Chanyeol နီးနီးကပ်ကပ် ရှိနေတဲ့ မျက်နှာလေး ထက်က ဆံမျှင်အိအိလေးတွေကို လက်နဲ့ အသာသပ်တင်ပေးရင်း မျက်လုံးလေးကို ရွှန်းရွှန်းစားစားကြည့်လိုက်တယ် ။

" ဒါဆို ကိုယ့်အတွက် နှုတ်ဆက်လက်ဆောင်လေး
ဖူလုံအောင် မထည့်ပေးလိုက်ချင်ဘူးလား ? "

ဂျွတ် ~ ဂျွတ် ~

" ​ဟေ့ကောင် အာလူးကြော်ကို အသံမထွက်အောင်
မဝါးနိုင်ဘူးလား !!!!! "

ရုတ်တရက်ကြီး ထွက်ပေါ်လာတဲ့ Chanyeol ရဲ့ ဒေါသတကြီး အော်သံမာမာကြီး အောက်မှာ မလှမ်းမကမ်းက ကတုံးတစ်ကောင်ဟာ ဝါးလက်စ အာလူးကြော်လေးကို ဆက်ဝါးဖို့တောင် ပါးစပ်မလှုပ်ရဲတော့ဘဲ တောင့်တောင့်ကြီး ချက်ချင်းရပ်သွားရှာတယ် ။

Chanyeol တော့ စိတ်ပျက်လွန်းလို့ မျက်ရိုးတွေနဲ့ လက်နဲ့ဖိနှိပ်မိတော့တာပဲ ။ အဲ့တာပြီး အသံကို ပြန် လျှော့လို့အမိန့်ပေးလိုက်တယ်

" သွား သွား ။ ကားထဲက သွားစောင့်တော့ ။
ငါ ခုပဲ လိုက်လာခဲ့မယ် "

ခပ်သုပ်သုပ် ခြံထဲကနေ ထွက်သွားကြတဲ့ ကတုံးတို့အုပ်စု မျက်စိရှေ့ကနေ ပျောက်သွားတော့မှ Chanyeol စိတ်ပျက်လက်ပျက် သက်ပြင်းချပြီး ထရပ်မိလိုက်လေရဲ့ ။

ပြုံးစိစိလေး ဖြစ်နေရှာတဲ့ Baekhyun ကတော့ Chanyeol နည်းတူ ထရပ်လိုက်ပြီး မိမိထက် အများကြီး အရပ်မြင့်တဲ့သူကို မော့ကြည့်နေလိုက်တယ် ။ Chanyeol ရဲ့ လက်နှစ်ဖက်ဟာ Baekhyun ရဲ့ လက်နှစ်ဖက်ကို လွှတ်မပေးပဲ ဆုပ်ကိုင်ထားတုန်း။

" ကဲ ဘေဘီ.. ကိုယ်လည်းပြန်ရတော့မယ်
ကိုယ်မရှိတဲ့ 2 ရက်အတွင်း ကိုယ့်ကိုယ်ကို ဂရုစိုက်နော် "

လေးလေးနက်နက် ကြည့်ပြီးမှာလာတဲ့ ချစ်သူကို Baekhyun ခေါင်းတဆတ်ဆတ် ငြှိမ့်ပြလိုက်တော့ သဘောတကျ ပြုံးရင်း ခေါင်းလုံးလုံးလေးကို လက်ဖဝါးနဲ့အုပ်ပြီး ပွတ်ပေးလာတယ်။

" ဖုန်းဆက်ဖို့တော့ မမှာတော့ဘူး ။
ကိုယ့်ဘက်က ဆက်မှာမို့ ကိုယ်ဆက်တဲ့အချိန်ပဲ ကိုင်ဖြစ်အောင် ကိုင်ပေးနော် ၊ မဟုတ်ရင် ကိုယ်စိတ်ပူနေရမှာ "

" ဟုတ် "

လက်ခံစကားလေး ကြားပြီးရတဲ့ နောက်မှာ Mafia ကြီးဟာ ခဏကြာ ဝေးကွာနေရမယ့် မျက်နှာလေးကို အသေးစိတ် နဖူးပြင်လေးကစလို့ မေးဖျားအဆုံးလေးအထိ ငေးမိတယ် ။ ခပ်တန်းတန်း မျက်ခုံးမထူမပါးလေးတွေရယ် ၊ ဖြောင့်စင်းပြီး ဆွဲညှစ်လို့ကောင်းတဲ့ နှာထိပ်ဖျားလုံးလုံးလေးရယ် ၊ နောက်ပြီး သူသဘောကျတဲ့ မျက်တောင်တိုစိပ်စိပ်လေးတွေနဲ့ မျက်ဝန်းကြည်ကြည်လေးတွေ ၊ ဖောင်းအိနေတဲ့ ပါးလေးနှစ်ဖက် ၊ နီရဲနေတဲ့ နှုတ်ခမ်းပါးလေး ၊ အရာအားလုံးက သူ့အတွက်တော့ မူးယစ်စေတဲ့ ဆေးအပြင်းစားလေးတွေပဲ ။

နှုတ်ခမ်းဖျား ရဲရဲလေးကို ငုံ့နမ်းတဲ့အခါ Chanyeol ကိုယ်ကို အများကြီး နှိမ့်ချပြီး ခေါင်းကို စောင်းငဲ့လိုက်ရတယ် ။ မျက်နှာသေးသေးလေးဟာ သူ့လက်ဖဝါး အကြီးကြီးထဲမှာ နစ်မြုပ်လို့ နှုတ်ခမ်းပိစိလေးတွေကတော့ ရမ္မက်ဆန်တဲ့ သူ့အနမ်းတွေကို ခက်ခက်ခဲခဲ အမှီလိုက်နေရရှာတယ် ။

ကြမ်းရမ်းပစ်လိုက်ရင် ကြွေကျသွားမယ့် ပန်းပွင့်ဖြူလေးလို ဖြစ်နေပေမယ့် Chanyeol ကတော့ အများကြီး မနူးညံ့ပေးတတ်ဘူး ။ ခုလိုအထိအတွေ့နဲ့ ပတ်သတ်တဲ့ ကိစ္စတွေဆို ပိုဆိုးတယ် ။ သူဟာ ယုန်ဖြူလေးကို အမဲဖျက်တော့မယ် ဝံပုလွေတစ်ကောင်လိုပဲ ။

နှုတ်ခမ်းသေးသေးလေး တစ်ခုလုံး စိုရွှဲသွားအောင်အထိ နမ်းပြီးတဲ့နောက်မှာတော့ Chanyeol အောက်နှုတ်ခမ်းလေးကို ခပ်ဖွဖွ ကျီစယ်ဖိကိုက်ပြီး လွှတ်ပေးလိုက်တယ် ။

Baekhyun ကတော့ အားမရှိသလို ဖြစ်သွားတဲ့ ခန္ဓာကိုယ်ကြောင့် ဒူးတွေဟာ တုန်ယင်နေတုန်းပဲ ။ Mafia ကြီးရဲ့အနမ်းတွေက ကော်ဖီးခါးခါး အပြင်းစား တစ်ခွက်ထက်တောင် သူ့ကို ရင်တုန်စေတယ်။

ချစ်တယ်ဆိုတဲ့ ခံစားချက်ကို နားမလည်သေးပေမယ့် Baekhyun ဒီလူကိုတော့ ပိုပိုပြီး သဘောကျလာမိတော့တာပဲ ။

__________________________________

Note - မနေ့က Review တွေ ၊ appreciation တွေ အများကြီးကို လက်ခံရရှိခဲ့ပါတယ် ။ ပျော်ရပေမယ့် စိုးရိမ်စိတ်လေး ရှိနေတုန်းပဲ ။ Review ကြောင့် လာဖတ်တဲ့သူတွေ စိတ်ထဲမှာ ထင်သလောက် ကျေနပ်မှု မရမှာစိုးပါတယ် ။ အဲ့ဒါမို့ ကိုယ်ပိုကောင်းအောင် ဆက်ကြိုးစားပါ့မယ် 💚


အပိုင္း ၇ [ Unicode Version ]

Yixing နဲ႕ Hotpot အတူစားၿပီး Baekhyun အိမ္ျပန္လာတဲ့အခ်ိန္က ညေန 5 နာရီခြဲေက်ာ္ေနၿပီ ။ ေက်ာင္းမွာလည္း တစ္ေနကုန္စာေလ့လာရတဲ့အျပင္ ဗိုက္လည္းတင္းသြားၿပီမို႔ အိမ္ျပန္ေရာက္တဲ့ အခ်ိန္မွာေတာ့ Baekhyun လက္ေခ်ာင္းေလးတစ္ေခ်ာင္းေတာင္ လႈပ္ခ်င္စိတ္ မရွိေတာ့ဘူး ။

ေရကိုလည္း ညေမွာင္မွ ခ်ိဳးေတာ့မယ္လို႔ စဥ္းစားထားတဲ့ Baekhyun ဟာ ဒီညေနကိုေတာ့ အျပည့္အဝ အနားယူဖို႔ ဆုံးျဖတ္လိုက္ၿပီး ေခါင္းအုံးတစ္အုံးနဲ႕ အိမ္ေရွ႕ဟင္းလင္းျပင္မွာ လွဲအိပ္လိုက္တယ္ ။ ခ်က္ခ်င္းေတာ့ အိပ္မေပ်ာ္ေသးတာမို႔ ဘာရယ္မဟုတ္ လွဲေနရင္း ဖုန္းကို ဖြင့္ၾကည့္လိုက္မိတယ္ ။

ဖုန္းဆက္လိုက္ရင္ ေကာင္းမလား ။

Baekhyun အေတြးထဲဝင္လာမိေပမယ့္ လက္က contact ကို ေထာက္ဖို႔ေတာ့ အမ်ားႀကီး တြန့္ဆုတ္ေနမိတယ္ ။ ေနာက္ဆုံးေတာ့ လက္ေလွ်ာ့ၿပီး contact နား ရစ္သီရစ္သီ ျဖစ္ေနတဲ့ လက္ေလးကို ျပန္႐ုတ္လို႔ လက္မလက္သည္းခြံေလးကို တတိတိကိုက္ေနေတာ့တာပဲ ။ အမွန္တကယ္ေျပာရရင္ Baekhyun အတြက္ Mafia တစ္ေယာက္ကို ကိုယ့္ခ်စ္သူလို႔ သေဘာထားဖို႔ နည္းနည္းေတာ့ ခက္ခဲေနေသးတာအမွန္ပဲေလ ။

ခုလို သတိရေနတာမ်ိဳးကို အလြမ္းလို႔ ေခါင္းစဥ္တပ္လို႔ ရသလားေတာ့မသိေပမယ့္ ျပင္းျပင္းထန္ထန္ႀကီးေတာ့မဟုတ္ ။ ေတြ႕ခ်င္ေပမယ့္ မေတြ႕ရလည္း ျဖစ္တယ္ဆိုတဲ့ အေနအထားမ်ိဳး  ။

ေနာက္ဆုံးေတာ့ စိတ္ရႈပ္ရႈပ္နဲ႕ပဲ ဖုန္းကို ေဘးဘက္ ျပန္ခ်ထားလိုက္ၿပီး မ်က္လုံးေတြကို မွိတ္ဖို႔ ျပင္လိုက္တဲ့ Baekhyun ဟာ ႐ုန္းရင္းဆန္ခတ္ အသံအခ်ိဳ႕ကို ပတ္ဝန္းက်င္ကေန ၾကားလိုက္ရေလရဲ႕ ။ လူအမ်ားႀကီးက တစ္ခုခုကို အားႀကိဳးမာန္တက္ အားစိုက္လုပ္ေနရသလို အသံမ်ိဳး ။

စပ္စုခ်င္စိတ္ေလး အခံရွိတဲ့ Baekhyun ဟာ ခ်က္ခ်င္းကို ေငါက္ခနဲ ေခါင္းေလးေထာင္လာၿပီး အိမ္ေပၚကေန ေျခတြဲလဲခ်လိဳ႕ ဆင္းလိုက္တယ္ ။ အိမ္နီးခ်င္းေတြမ်ား တစ္ခုခုလုပ္ေနၾကသလားဆိုတဲ့ အေတြးေလးနဲ႕ေပါ့ ။

ဒါေပမယ့္ တျဖတ္ျဖတ္ေျပးၿပီး ၿခံတံခါးအျပာေလးကို ဆြဲဖြင့္လိုက္တာနဲ႕ မ်က္စိေရွ႕တည့္တည့္ေပၚလာတဲ့ ရင္အုပ္က်ယ္ႀကီးေၾကာင့္ Baekhyun မ်က္ဝန္းေလးေတြမွာ အနည္းငယ္ ထိတ္လန့္မႈေလး ျဖတ္ေျပးလို႔ ကိုယ္ေလး ေနာက္ကိုတြန့္သြားမိေတာ့တာပဲ ။

" ေဟာ... ေဘဘီ ..
ခဏေလး.. ခဏေလး လမ္းအရင္ဖယ္ေပးလိုက္ဦး "

သူ႕ကိုေတြ႕တာနဲ႕ အၿပဳံးတစ္ခု ျဖစ္တည္သြားတဲ့ သူ႕ခ်စ္သူ အသစ္စက္စက္ႀကီးဟာ ႐ုတ္တရက္ႀကီး ေပၚလာရတဲ့ အေၾကာင္းအရင္းကို အရင္ မေျပာပဲနဲ႕ ကိုယ္ေသးေသးေလးကို ေနာက္ကေန ရင္ဘတ္ေပၚ လက္ကန့္လန့္ျဖတ္တင္ကာ ထိန္းလို႔ ေနာက္ကို ဆုတ္ခိုင္းလိုက္တယ္ ။

မိမိကို တံခါးဝကေန လမ္းဖယ္ခိုင္းသလို ျပဳမူလိုက္တာကို Baekhyun ေၾကာင္ေတာင္ေတာင္ မ်က္ဝန္းေလးေတြနဲ႕ နားမလည္နိုင္ ျဖစ္ေနခ်ိန္မွာပဲ သူ႕အရပ္ေတာင္ေက်ာ္တဲ့ ဧရာမစကၠဴပုံးႀကီးကို ဝိုင္းမၿပီး ၿခံတံခါး က်ဥ္းက်ဥ္းေလးကေန ခက္ခက္ခဲခဲ ဝင္လာတဲ့ ကတုံးတို႔အုပ္စုကို ေတြ႕လိုက္ရေတာ့တာပဲ ။

" ဒါ..ဒါက ဘာႀကီးလဲ "

Baekhyun ဟာ ဆိုင္းမဆင့္ ဗုံမဆင့္ မိမိအိမ္ကို မာဖီးယားေတြ အုပ္စုလိုက္ႀကီး သယ္ယူလာတဲ့ ပစၥည္းပုံးႀကီးကို ေငးၾကည့္ရင္း ေတာင့္ေတာင့္ႀကီး ရပ္လို႔ ေမးလိုက္မိတယ္ ။

" ေရခဲေသတၱာေလ..
ေဘဘီ့အိမ္က တစ္ခုက အရမ္းေသးလို႔ "

Baekhyun ဟာ ႐ုတ္တရက္ႀကီး ဆြံ႕အလို႔ ငိုရမလို ရယ္ရမလို ျဖစ္သြားတယ္ ။ ဒီ သူ႕အရပ္ထက္ေတာင္ ျမင့္မယ့္ ေရခဲေသတၱာႀကီးကေတာ့ ဟုတ္ပါၿပီ ။ ပုစြန္ႏွာေခါင္းေပါက္ေလာက္ပဲ ရွိတဲ့ သူ႕မီးဖိုခန္းေလးထဲမွာ ဒါႀကီးက ဘယ္ေလာက္ထိ ေနရာယူေနမွာတဲ့လဲ။

" ကိုယ္မေန႕က မင္းေရခဲေသတၱာထဲမွာ ဘာမွေထြေထြထူးထူးမရွိတာ ေတြ႕ခဲ့လို႔ ..ဒီေန႕ အလုပ္ၿပီးေတာ့ မုန့္နည္းနည္း သြားဝယ္ခဲ့တာ ။ "

ထို နည္းနည္းဆိုေသာ မုန့္မ်ားကိုလည္း Baekhyun မ်က္ခုံးခပ္လႈပ္လႈပ္ ။

" အဲ့တာ မင္းေရခဲေသတၱာနဲ႕ဆို ဆံ့မယ္မထင္လို႔ ။
ေရခဲေသတၱာပါ အႀကီးတစ္ခု ဝင္ဝယ္လာခဲ့တယ္ "

" ခဏ..ခဏ ။
ခဏေလး ေနၾကပါဦး "

Baekhyun ဟာ အေနရခက္ေနတဲ့ မ်က္ႏွာေလးနဲ႕ပဲ သူ႕အိမ္ေပၚထက္ကို ႀကိဳးစားပမ္းစား တင္ေပးဖို႔ လုပ္ေနၾကတဲ့ မာဖီးယားအုပ္ႀကီးေရွ႕မွာ သြားေျပးရပ္ၿပီး တားလိုက္ရတယ္ ။

Baekhyun တားေတာ့ အားလုံးသူဟာ ခ်က္ခ်င္းရပ္လို႔ သူတို႔ Boss ရွိရာထံ မေယာင္မလည္နဲ႕ ျပန္ၾကည့္ၾကတယ္ ။ နည္းနည္း မ်က္ႏွာတည္သြားတဲ့ Chanyeol ဟာ သူ႕တပည့္ေတြကို ခဏ ရပ္ထားလိုက္ဖို႔ မ်က္ႏွာရိပ္ မ်က္ႏွာကဲျပၿပီး Baekhyun ဆီကို ေလွ်ာက္လာေလရဲ႕ ။

" ဘာျဖစ္တာလဲ ေဘဘီ ။
အားနာတာမ်ိဳး ကိုယ္မႀကိဳက္ဘူးေနာ္ "

Baekhyun ဟာ နည္းနည္း စိတ္ညစ္ပုံေပါက္ေနတဲ့ မ်က္ႏွာေလးနဲ႕ပဲ Chanyeol ရဲ႕ လက္ေမာင္းတစ္ဖက္ကို ဆြဲလို႔ ၿခံအျပင္ဘက္ကို ေခၚလာခဲ့ရတယ္ ။

ကတုံးတို႔ အုပ္စုကေတာ့ Long coat ႀကီးနဲ႕ မိမိုက္ေနတဲ့ သူတို႔ Boss ဟာ ရည္းစားေသးေသးေလးက လက္ဆြဲေခၚသြားေတာ့လည္း မတတ္သာပဲ ကိုယ္ထည္အႀကီးႀကီးနဲ႕ လိုက္သြားရတဲ့ ပုံကိုၾကည့္ၿပီး နည္းနည္းေတာင္ စိတ္ဓာတ္ေတြ က်သြားရတယ္ ။

သခင္ေလးကေတာ့ တကယ့္ကို သခင္ေလးျဖစ္ေနၿပီပဲ ။

" ဘာေတြ မသက္မသာျဖစ္ေနရတာလဲ
ကိုယ့္ကိုေျပာ "

Baekhyun ဟာ ေၾကာက္စိတ္အခံေလးလည္း ရွိတာမို႔ Mafia ႀကီးရဲ႕ လက္ဖဝါး အႀကီးႀကီးတစ္ဖက္ကို သူလက္ေသးေသး ျဖဴျဖဴေလး ႏွစ္ဖက္နဲ႕ ဆုပ္ကိုင္ရင္း အနည္းငယ္ ေခ်ာ့ေမာ့ နားခ်ဖိဳ႕ ႀကိဳးစားလိုက္တယ္ ။

" ဒီလို လုပ္လို႔ အဆင္မေျပဘူးေလ Chan ရယ္ "

Mafia ႀကီးကေတာ့ Baekhyun သူ႕ေစတနာေတြကို ျငင္းဆန္ေနတဲ့ အခ်က္နဲ႕တင္ တြန့္ခ်ိဳးေနတဲ့ မ်က္ခုံးထူထူေတြက ျပန္ေျပေလ်ာ့မလာဘူး ။

" ကြၽန္ေတာ့္ အိမ္ေသးေသးေလးက အဲ့လို ပရိေဘာဂ အႀကီးႀကီးေတြနဲ႕ဆို အဆင္မေျပဘူးေလ ။ ၿပီးေတာ့ ကြၽန္ေတာ္ တစ္ေယာက္တည္းမို႔ ပိုလြန္းေနတဲ့အျပင္ ဝန္ထိုးဝန္ပိုးပါ ျဖစ္ရဦးမွာ။ ကြၽန္ေတာ့္စကားကို နားေထာင္ပါဗ်ာ...ေနာ္ "

ဒီေကာင္ေလးဟာ စကားကို ဘယ္လိုခ်ိဳသာသာ ႏူးႏူးညံ့ညံ့ေလးနဲ႕ ေျပာၿပီး တစ္ဖက္လူရဲ႕ အသည္းကို ခ်ဳပ္ကိုင္ရမလဲဆိုတာကို တအား သိနားလည္တဲ့ပုံေပၚတယ္ ။ Chanyeol အတြက္ကေတာ့ တကယ္ လြန္ဆန္ဖို႔ ခက္ခဲတဲ့ တံတိုင္းတစ္ခု ၊ ဒါမွမဟုတ္ သူ႕ကို အရည္ေဖ်ာ္ပစ္မယ့္ ေနေရာင္ခ်ည္ေလးဆိုတာ မလြဲမေသပဲ ။

" ကြၽန္ေတာ္က Chan ရဲ႕ ေစတနာေတြကို ျငင္းပယ္ေနတာမ်ိဳး မဟုတ္ပါဘူး ။ မုန့္ေတြကိုေတာ့ ယူမယ္ေလ "

ဒီတစ္ခါေတာ့ Chanyeol ဟက္ခနဲေတာင္ မရယ္မိပဲ မေနနိုင္ေတာ့ဘူး ။ မုန့္ေတာ့ ယူမတဲ့ ။ သူ႕ဘဝက တကယ္ကို ကေလး မုန့္ေပးႀကိဳက္ေနရတဲ့ဘဝ အစစ္ပါပဲလား ။

Chanyeol ဟာ မ်က္စိေရွ႕က ေခါင္းလုံးလုံးေလးကို လက္ေခ်ာင္းေတြနဲ႕ ထိုးဖြပစ္ရင္း ႏွာေခါင္းထိပ္ေလးကို မနာေအာင္ ဖြဖြေလး လိမ္ဆြဲပစ္လိုက္တယ္ ။

အဲ့ဒီေနာက္မွာေတာ့ ကိုယ္လုံးေသးေသးေလးကို ပုခုံးေနာက္ေန ေပြ႕ဖက္လို႔ ၿခံထဲ ျပန္ဝင္လာခဲ့ေတာ့တယ္ ။

" ေရခဲေသတၱာကို ကားေပၚျပန္သယ္သြားေတာ့ ။
ၿပီးေတာ့ မုန့္ထုတ္ေတြ သယ္လာခဲ့ "

ထိပ္ဆုံးတန္းမွာ ရွိတဲ့ Baekhyun အိမ္ကေန ဟိုေအာက္ဘက္လမ္းမွာ ရွိတဲ့ ကားေတြအထိ ေက်ာက္ေလွကားထစ္ေတြကို ျဖတ္လို႔ အတက္အဆင္း လုပ္ရတာက လြယ္တယ္လို႔မ်ား သူတို႔ Boss ႀကီး ထင္ေနသလားမသိပါ ။

သတ္ျဖတ္ ထိုးႀကိတ္ၿပီး ေသေဘးနဲ႕ေက်ာခ်င္းကပ္လို႔ ေနခဲ့ရစဥ္ကေတာင္ ဂိုဏ္းထဲေနေပ်ာ္ခဲ့တဲ့ မာဖီးယား ကတုံးအုပ္စုဟာ သူတို႔ Boss ရည္းစားရေတာ့မွပဲ ဂိုဏ္းကေန ထြက္ေျပးခ်င္စိတ္ေပါက္လာေတာ့တယ္။

ဒါေပမယ့္ Boss ဆိုေတာ့လည္း ဘာမွ မတတ္နိုင္ရွာဘူး ။ ခဏအၾကာမွာပဲ ကတုံးဆံေတာက္ေက ကိုယ္စီ ၊ Suit အျပည့္အစုံနဲ႕ မာဖီးယားဂိုဏ္းသားေတြဟာ မုန့္ထုပ္မ်ိဳးစုံ အျပည့္ထည့္ထားတဲ့ ပလတ္စတစ္အိတ္ႀကီး ႏွစ္ထုပ္စီ လက္တစ္ဖက္တစ္ခ်က္မွာ ဆြဲကိုင္လို႔ ေက်ာက္သားေလွကားထစ္ေတြကေန ျပန္တက္လာၾကေတာ့တယ္ ။

________________________________

" ဟုတ္ၿပီ .. ဒီမွာ ခ်ထားခဲ့ ။
ၿပီးရင္ ကားထဲကေန သြားထိုင္ေစာင့္ေန "

" ခဏေနၾကပါဦး "

Chanyeol သူ႕တပည့္ေတြကို ခပ္တည္တည္နဲ႕ အမိန့္ေပးေနတုန္းမွာပဲ အခန္းထဲကေန ပန္ကာပုေလး မ'လို႔ ထြက္လာတဲ့ Baekhyun က ဝင္တားတယ္ ။

" ေရခဲေသတၱာအေလးႀကီးကိုမၿပီး အတက္အဆင္းလုပ္ရတာ ပင္ပန္းေနမွာေပါ့ ။ ဒီမွာ ခဏ နားနားေနေန ထိုင္သြားၾကပါဦး "

သူတို႔ သေဘာမေနာေကာင္း သခင္ေလးရဲ႕ ေစတနာကို နားလည္ေပမယ့္ ကတုံးတို႔ အုပ္စုဟာ အေၾကာက္အကန္ပဲ ေျခေတြလက္ေတြခါၿပီး ျငင္းလိုက္ၾကတယ္။

" ကြၽန္ေတာ္တို႔က Boss နဲ႕အတူတူ ဘယ္လိုလုပ္ ထိုင္ရဲမွာလဲ ။ ရပါတယ္ သခင္ေလး ၊ မလိုပါဘူး "

Baekhyun ဟာ သူ႕အာဏာသိပ္မသက္ေရာက္မွန္း သိေတာ့ Chanyeol မ်က္ႏွာကို စစ္ကူေတာင္းသလိုေလး ေမာ့ၾကည့္လိုက္တယ္ ။ အဲ့မ်က္ဝန္း ၾကည္ၾကည္ေလးေတြကို Chanyeol ဘယ္လို တြန္းလွန္နိုင္မလဲ ။

" ထိုင္လိုက္ "

Chanyeol စကား တစ္ခြန္းဟာတစ္ခြန္းပဲ ။ ပလပ္ေလးထိုးထားၿပီး ဘယ္ညာျဖည္းျဖည္းေလး ေစာင္းလွည့္လို႔ လည္ပတ္ေနတဲ့ ပန္ကာေလး ေအးေအးေလး ေရွ႕မွာ ကတုံးတို႔အုပ္စုဟာ ေျခတြဲခ်လိဳ႕ ေဘးခ်င္းကပ္တန္းစီ ထိုင္ၿပီး ခါးကို တည့္တည့္မတ္ထားၾကတယ္။

ေရခဲေသတၱာထဲမွာ မုန့္ထုတ္ေလးေတြ ဆန့္သေလာက္ တစ္ခုၿပီးတစ္ခု စီထည့္ေနတဲ့ Baekhyun ဟာ ခဏေနေတာ့ အေအးဘူးေလး ငါးဘူး ကိုင္လို႔ အိမ္ေရွ႕ကို ျပန္ထြက္လာခဲ့တယ္ ။

" အေမာေျပသြားေအာင္ ဒါေလးေသာက္လိုက္ၾကေနာ္ "

အေအးဘူးတစ္ဘူးစီကို အားလုံးသူ လက္ထဲ ေဝထည့္ေပးၿပီးတဲ့ေနာက္ Baekhyun ဟာ ပိုလွ်ံလြန္းေနတဲ့ မုန့္ထုပ္ေတြစုထည့္ထားတဲ့ အိတ္တစ္ခုကိုပါ အနားဆြဲကပ္ေပးလိုက္တယ္ ။

" မုန့္လည္း ယူစားၾကပါ ။
ကြၽန္ေတာ္ စားကုန္မယ္မထင္ဘူး "

Mafia ႀကီးကေတာ့ သူ႕ကိုပစ္ထားၿပီး ဧည့္ဝတ္ေက်တဲ့ ခ်စ္သူေလးေၾကာင့္ မ်က္ႏွာထား ပိုတင္းလာတာေတာ့ အမွန္ပဲ ။ ေတာ္ေသးတာက ဧည့္ဝတ္ေက်ၿပီးတာနဲ႕ သူ႕ေဘးမွာ ကုပ္ကုပ္ေလး ေျခတြဲလဲခ် လာဝင္ထိုင္တာေၾကာင့္သာ စိတ္မဆိုးမိလိုက္ျခင္း ။

" တစ္ေနကုန္ မေတြ႕ရတာ မင္းကိုယ့္ကို မလြမ္းဘူးလား "

အနားကို ကိုယ္ေသးေသး ေရာက္လာတာနဲ႕ လက္ပြန္းတတီး ေနရတာကို ႀကိဳက္တဲ့ Chanyeol ကေတာ့ ဘာကိုမွ အာ႐ုံမထားေနပဲ ႏွာေခါင္းထိပ္ခ်င္း အသာထိၿပီး ပါးေလးကို နမ္းလို႔ ေမးတယ္ ။

ၾကားထဲမွာ တိုင္တစ္တိုင္ကြယ္ေနေပမယ့္ အနီးအနားမွာ လူရွိတာမို႔ ရွက္သြားရတဲ့ Baekhyun ကေတာ့ ပါးေလးေတြ ရဲတက္သြားတာ ျဖန္းခနဲပဲ ။ သူဟာ တစ္ဖက္က ငတုံးငါးေယာက္ မၾကားေအာင္ အသံတိုးတိုးေလးနဲ႕ Mafia ႀကီးရဲ႕ နားနားကပ္ၿပီး လက္ေလးနဲ႕ကာလို႔ ျပန္ေျဖေပးလိုက္တယ္ ။

" လြမ္းတာေပါ့ "

ဂြၽတ္ ~ ဂြၽတ္ ~ ဂြၽတ္ ( အာလူး​ေၾကာ္ဝါးသံ )

Chanyeol ဟာ ေနရင္းထိုင္ရင္း စကားရိုးရိုးတန္းေလး ေျပာတာေတာင္ ခ်စ္စရာေကာင္းေနတဲ့ ေကာင္ေလးေၾကာင့္ ပါးေလးကိုတင္ မက ႏႈတ္ခမ္းေလးကို ခပ္ဖြဖြ ဖိကပ္ၿပီး နမ္းလိုက္တယ္ ။

" မနက္ျဖန္ ကိုယ္ Oversea သြားစရာရွိတယ္ ။
2 ရက္ေလာက္ ၾကာမယ္ထင္တယ္ "

Baekhyun ဟာ ခပ္ဖြဖြေလး ၿပဳံးျပလို႔ နားလည္သေဘာေပါက္တဲ့ ဟန္ေလးနဲ႕ ေခါင္းေလးတစ္ခ်က္ ျငႇိမ့္ျပလိုက္တယ္ ။

" ကိုယ္ေတာ့ လြမ္းေနေတာ့မွာ "

ဂြၽတ္ ~ ဂြၽတ္ ~ ဂြၽတ္ ( အာလူးေၾကာ္ဝါးသံ )

" ကြၽန္ေတာ္ ေရာပဲ "

Chanyeol နီးနီးကပ္ကပ္ ရွိေနတဲ့ မ်က္ႏွာေလး ထက္က ဆံမွ်င္အိအိေလးေတြကို လက္နဲ႕ အသာသပ္တင္ေပးရင္း မ်က္လုံးေလးကို ႐ႊန္း႐ႊန္းစားစားၾကည့္လိုက္တယ္ ။

" ဒါဆို ကိုယ့္အတြက္ ႏႈတ္ဆက္လက္ေဆာင္ေလး
ဖူလုံေအာင္ မထည့္ေပးလိုက္ခ်င္ဘူးလား ? "

ဂြၽတ္ ~ ဂြၽတ္ ~

" ​ေဟ့ေကာင္ အာလူးေၾကာ္ကို အသံမထြက္ေအာင္
မဝါးနိုင္ဘူးလား !!!!! "

႐ုတ္တရက္ႀကီး ထြက္ေပၚလာတဲ့ Chanyeol ရဲ႕ ေဒါသတႀကီး ေအာ္သံမာမာႀကီး ေအာက္မွာ မလွမ္းမကမ္းက ကတုံးတစ္ေကာင္ဟာ ဝါးလက္စ အာလူးေၾကာ္ေလးကို ဆက္ဝါးဖို႔ေတာင္ ပါးစပ္မလႈပ္ရဲေတာ့ဘဲ ေတာင့္ေတာင့္ႀကီး ခ်က္ခ်င္းရပ္သြားရွာတယ္ ။

Chanyeol ေတာ့ စိတ္ပ်က္လြန္းလို႔ မ်က္ရိုးေတြနဲ႕ လက္နဲ႕ဖိႏွိပ္မိေတာ့တာပဲ ။ အဲ့တာၿပီး အသံကို ျပန္ ေလွ်ာ့လို႔အမိန့္ေပးလိုက္တယ္

" သြား သြား ။ ကားထဲက သြားေစာင့္ေတာ့ ။
ငါ ခုပဲ လိုက္လာခဲ့မယ္ "

ခပ္သုပ္သုပ္ ၿခံထဲကေန ထြက္သြားၾကတဲ့ ကတုံးတို႔အုပ္စု မ်က္စိေရွ႕ကေန ေပ်ာက္သြားေတာ့မွ Chanyeol စိတ္ပ်က္လက္ပ်က္ သက္ျပင္းခ်ၿပီး ထရပ္မိလိုက္ေလရဲ႕ ။

ၿပဳံးစိစိေလး ျဖစ္ေနရွာတဲ့ Baekhyun ကေတာ့ Chanyeol နည္းတူ ထရပ္လိုက္ၿပီး မိမိထက္ အမ်ားႀကီး အရပ္ျမင့္တဲ့သူကို ေမာ့ၾကည့္ေနလိုက္တယ္ ။ Chanyeol ရဲ႕ လက္ႏွစ္ဖက္ဟာ Baekhyun ရဲ႕ လက္ႏွစ္ဖက္ကို လႊတ္မေပးပဲ ဆုပ္ကိုင္ထားတုန္း။

" ကဲ ေဘဘီ.. ကိုယ္လည္းျပန္ရေတာ့မယ္
ကိုယ္မရွိတဲ့ 2 ရက္အတြင္း ကိုယ့္ကိုယ္ကို ဂ႐ုစိုက္ေနာ္ "

ေလးေလးနက္နက္ ၾကည့္ၿပီးမွာလာတဲ့ ခ်စ္သူကို Baekhyun ေခါင္းတဆတ္ဆတ္ ျငႇိမ့္ျပလိုက္ေတာ့ သေဘာတက် ၿပဳံးရင္း ေခါင္းလုံးလုံးေလးကို လက္ဖဝါးနဲ႕အုပ္ၿပီး ပြတ္ေပးလာတယ္။

" ဖုန္းဆက္ဖို႔ေတာ့ မမွာေတာ့ဘူး ။
ကိုယ့္ဘက္က ဆက္မွာမို႔ ကိုယ္ဆက္တဲ့အခ်ိန္ပဲ ကိုင္ျဖစ္ေအာင္ ကိုင္ေပးေနာ္ ၊ မဟုတ္ရင္ ကိုယ္စိတ္ပူေနရမွာ "

" ဟုတ္ "

လက္ခံစကားေလး ၾကားၿပီးရတဲ့ ေနာက္မွာ Mafia ႀကီးဟာ ခဏၾကာ ေဝးကြာေနရမယ့္ မ်က္ႏွာေလးကို အေသးစိတ္ နဖူးျပင္ေလးကစလို႔ ေမးဖ်ားအဆုံးေလးအထိ ေငးမိတယ္ ။ ခပ္တန္းတန္း မ်က္ခုံးမထူမပါးေလးေတြရယ္ ၊ ေျဖာင့္စင္းၿပီး ဆြဲညွစ္လို႔ေကာင္းတဲ့ ႏွာထိပ္ဖ်ားလုံးလုံးေလးရယ္ ၊ ေနာက္ၿပီး သူသေဘာက်တဲ့ မ်က္ေတာင္တိုစိပ္စိပ္ေလးေတြနဲ႕ မ်က္ဝန္းၾကည္ၾကည္ေလးေတြ ၊ ေဖာင္းအိေနတဲ့ ပါးေလးႏွစ္ဖက္ ၊ နီရဲေနတဲ့ ႏႈတ္ခမ္းပါးေလး ၊ အရာအားလုံးက သူ႕အတြက္ေတာ့ မူးယစ္ေစတဲ့ ေဆးအျပင္းစားေလးေတြပဲ ။

ႏႈတ္ခမ္းဖ်ား ရဲရဲေလးကို ငုံ႕နမ္းတဲ့အခါ Chanyeol ကိုယ္ကို အမ်ားႀကီး ႏွိမ့္ခ်ၿပီး ေခါင္းကို ေစာင္းငဲ့လိုက္ရတယ္ ။ မ်က္ႏွာေသးေသးေလးဟာ သူ႕လက္ဖဝါး အႀကီးႀကီးထဲမွာ နစ္ျမဳပ္လို႔ ႏႈတ္ခမ္းပိစိေလးေတြကေတာ့ ရမၼက္ဆန္တဲ့ သူ႕အနမ္းေတြကို ခက္ခက္ခဲခဲ အမွီလိုက္ေနရရွာတယ္ ။

ၾကမ္းရမ္းပစ္လိုက္ရင္ ေႂကြက်သြားမယ့္ ပန္းပြင့္ျဖဴေလးလို ျဖစ္ေနေပမယ့္ Chanyeol ကေတာ့ အမ်ားႀကီး မႏူးညံ့ေပးတတ္ဘူး ။ ခုလိုအထိအေတြ႕နဲ႕ ပတ္သတ္တဲ့ ကိစၥေတြဆို ပိုဆိုးတယ္ ။ သူဟာ ယုန္ျဖဴေလးကို အမဲဖ်က္ေတာ့မယ္ ဝံပုေလြတစ္ေကာင္လိုပဲ ။

ႏႈတ္ခမ္းေသးေသးေလး တစ္ခုလုံး စို႐ႊဲသြားေအာင္အထိ နမ္းၿပီးတဲ့ေနာက္မွာေတာ့ Chanyeol ေအာက္ႏႈတ္ခမ္းေလးကို ခပ္ဖြဖြ က်ီစယ္ဖိကိုက္ၿပီး လႊတ္ေပးလိုက္တယ္ ။

Baekhyun ကေတာ့ အားမရွိသလို ျဖစ္သြားတဲ့ ခႏၶာကိုယ္ေၾကာင့္ ဒူးေတြဟာ တုန္ယင္ေနတုန္းပဲ ။ Mafia ႀကီးရဲ႕အနမ္းေတြက ေကာ္ဖီးခါးခါး အျပင္းစား တစ္ခြက္ထက္ေတာင္ သူ႕ကို ရင္တုန္ေစတယ္။

ခ်စ္တယ္ဆိုတဲ့ ခံစားခ်က္ကို နားမလည္ေသးေပမယ့္ Baekhyun ဒီလူကိုေတာ့ ပိုပိုၿပီး သေဘာက်လာမိေတာ့တာပဲ ။

__________________________________

Note - မေန႕က Review ေတြ ၊ appreciation ေတြ အမ်ားႀကီးကို လက္ခံရရွိခဲ့ပါတယ္ ။ ေပ်ာ္ရေပမယ့္ စိုးရိမ္စိတ္ေလး ရွိေနတုန္းပဲ ။ Review ေၾကာင့္ လာဖတ္တဲ့သူေတြ စိတ္ထဲမွာ ထင္သေလာက္ ေက်နပ္မႈ မရမွာစိုးပါတယ္ ။ အဲ့ဒါမို႔ ကိုယ္ပိုေကာင္းေအာင္ ဆက္ႀကိဳးစားပါ့မယ္ 💚

Continue Reading

You'll Also Like

46K 2.8K 31
❌❌Not translation plz don't put in wrong RL Not manga❌❌ (*Own creation) Unicode~~Zawgyi~~(Completed story) *"ရွက်​ကြွေ" အချစ်ဆိုတာ တစ်သက်မှာတစ်ခါဘ...
3.5M 284K 89
|| Zaw & Uni || မေမ်ွာ္လင့္ထားေသာ အခ်စ္.... ဒါက fantasy အမိ်ဳးအစားေလးပါ။ Title မွာလိုမ်ိဳး ' မာနႀကီးတဲ့ကြၽန္ေတာ့္ ေယာက်ာ္းရဲ႕ကိုယ္ဝန္ရိွေနတယ္တဲ့ ' bl...
129K 8K 29
ကိုယ္​့အတြက္​ မင္​းရဲ႕ျဖစ္​တည္​မႈက အခ်စ္​ဆိုတာ ​ေသခ်ာကတည္​းက ကိုယ္​ဟာမင္​းနဲ႔ပတ္​သက္​သမ်ွ ကိစၥတိုင္​းမွာ ႐ွံုးနိမ့္​​ေနျ​ပီးသား!! ကိုယ့်​အတွက်​မင်...